Dout !!
~~\\~~
“ wow !! ”
~~~~
7.12.2023
~~~~~~
Htan - ထန်
အပိုင်း ( ၁၃ )
အခန်းထဲပြန်၍ အဝတ်လဲမလို့လုပ်ခိုက်ဝယ် ထင်ရှားသည် ကုတင်ကို သတိထားမိတော့
မနက် သူအိပ်ယာထသည့်အတိုင်းပင်
ခေါင်းအုံးနှင့်စောင်ပုံတွေက သူနေရာနှင့်သူ
နေရာကျကျရှိနေသေးသည်ကြောင့်
ခက်ထန် ပြန်လာသေးသည်မဟုတ်။
သူမျက်ဝန်းကို အသာလေးမှိတ်ကာ ပင့်သက်ကိုရှိုက်ယူတော့ ခက်ထန်၏ကိုယ်အငွေ့အသက်များက သူ့နှာခေါင်းထဲ လမ်းမှားပြီးရောက်လာကြသည် ထင်ပါသည်။
သည်ရက်ပိုင်း ခက်ထန်၏အပြုအမူတွေက ထူးဆန်းနေမှန်း သူဘာရယ်ကြောင့် စဉ်းစား၍မရ။
သူ ခက်ထန်ကို သဘောကျမိနေသည်မျိုးလည်း မဟုတ်။ရုတ်တရက် သူ့အပေါ်စိမ်းကားနေသူကြီးကြောင့် သူနေရ၊ထိုင်ရသည်က မသက်မသာ ဖြစ်လွန်းရသည်။
“ အား... ”
Dout !!
တံခါးကို အားပြင်းပြင်းနှင့်ဆွဲဖွင့်လိုက်ခြင်းကြောင့် နံရံနှင့် ရိုက်မိကာ ပြန်လွင့်စင်လာသည့်အသံကို
သူ့နားထက်ဝယ်ကြားတော့ ထင်ရှား၏အကြည့်တွေက တံခါးဝ,ဆီရောက်လာ၏။
ခက်ထန် ပြန်လာသည်ထင်၍ သူ့လှည့်ကြည့်မိခြင်းပင်။
သစ်ရိပ်ဝါးရိပ်တွေကြားရှိနေသည့်အိမ်ဖြစ်သည်မို့
လေရူးလေသုန်တို့၏တိုက်ခတ်မှုကြောင့် ရိုက်ခတ်သွားမှန်း ဖြစ်ပါလိမ့်မည်။ထင်ရှားလှည့်ကြည့်မိသည့်အခါ မည်သူတစ်ယောက်မျှမရှိ။
အချိန်အားဖြင့် နံနက် ဆယ်နာရီ။
ထင်ရှား၏ခါးထက် နွေးထွေးစွာဝင်ရောက်လာသော လက်တစ်စုံကြောင့် အေးစက်နေသည့် ဆောင်းလေတွေက လွင့်စင့်လေပြီ။ Shirt ကို ဝတ်ထားကာမှ ဗိုက်သားထက် ကြယ်သီးတစ်လုံးသာ တပ်ရသေးသည်။
သို့ကြောင့် ရင်ခွင်တစ်ခုလုံး ဟ,နေသည်။
နောက် သူ့လည်ပင်းထက်ကို မျက်နှာအပ်လာသော တစ်စုံတစ်ယောက်က မည်သူများပါလေ။
“ ထင်ရှား.. ”
လေယူလေသိမ်းအရ သူအမိဖမ်းရလျှင် သည်အသံက ဇောင်မဖြစ်နိုင်တာ hundred percent။
သည်လိုမျိုး အပြုအမူတွေက ဇောင်သူ့ကို တစ်ခါမျှမလုပ်ဖူးပေ။
ဒါဆိုလျှင်။
“ မင်း... ?? ”
ထင်ရှားခေါ်ပြီးသည်နှင့် သူ့အသံယောင်နောက်ဝယ် ထပ်ဆင့်လိုက်လာသော ခက်ထန်၏လေသံကြောင့် သူအတည်ပြုလိုက်ပြီ။
“ ခင်များ ဘာလုပ်တာလဲ ကျွန်တော်အဝတ်လဲနေတယ်လေ ?? ”
“ မရဘူး.. ဖက်ထားအုံးမယ် ”
“ ခင်များဖက်ထားရင် ကျွန်တော်ဘယ်လို လဲရ
မလဲ ? ”
ပိုတိုးကျပ်စွာ ဖက်လာသော ခက်ထန်ကြောင့်
ထင်ရှား၏ခန္ဓာကိုယ်လေးက ခက်ထန်၏ရင်ခွင်အကြား တိုးဝှေ့နေလေသလား။
“ ခင်များ ကျွန်တော့်ခါးကို ဓားနဲ့ ထောက်ထားတာလား !! ”
သူမေးရမည်။အချိန်ကြာလာသည်နှင့်အမျှ ထင်ရှားနေရခက်လာပြီ။သူ့ခါးအပေါ်တွင် တစ်ခုခုထောက်နေမှန်း တဖြည်းဖြည်းသတိထားမိ၏။
“ ကိုယ်သာ မင်းကိုထောက်ချင်ရင် ဓားနဲ့မထောက်ဘူး တခြားတစ်ခုနဲ့ပဲ ထောက်မှာ ”
“ မင်း ဘာကိုဆိုလိုတာလဲ!! ”
ထိုအချိန်မှာပင်။သူ့လည်ပင်းထက်သို့ ရောက်လာသော ခပ်ဖွဖွအနမ်းလေးက သူ့စိတ်ထဲ ယားကျိကျိလို ဖြစ်လာသည်။
တစ်ကြိမ်ထဲနှင့်တင် မလုံလောက်သေး။
“ မင်း !! ”
ခက်ထန်၏အသက်ရှူသံပြင်းပြင်းတွေက သူ့စိတ်ထဲ ဝေခွဲမရဖြစ်အောင် လုပ်ဆောင်နေသည်။
ခါးကနေ ထင်ရှားကိုယ်ထည်ကို သိုင်း၍ဖက်တော့ ထင်ရှား၏ညာဖက်လက်က ခက်ထန်၏လည်ပင်းထက်သို့ လှမ်းဆွဲမိသည်။
နေ့ခင်းကြောင်တောင် ခက်ထန်၏ အပြုအမူတွေနှင့် စိတ်တွေကို ထင်ရှားနားမလည်တော့ပေ။သူဘာဖြစ်ချင်နေတာလဲ။
နောက်.. မလှမ်းမကမ်းက သစ်သားကုတင်ပေါ်သို့ချလိုက်ပြီးသည်နှင့် ထင်ရှားနှုတ်ခမ်းကို တရယ်ဆက် ဆွဲယူနမ်းရှိုက်တော့သည်။
မျက်မောင်းကြုတ်ကြည့်လာသော ထင်ရှား၏ အကြည့်တွေကြောင့်..
“ မျက်စိမှိတ်ထားလိုက် ကိုယ်လုပ်နေတာတွေကို အာရုံထဲမှာပြု !! ”
ခက်ထန်၏အဝင်အထွက်မှန်နေသော အသက်ရှူသံက ထင်ရှား၏ မျက်နှာကို ပူနွေးလာသလိုဖြစ်လာသည်။
အငမ်းမရ နမ်းယူနေသော ခက်ထန်၏ နှုတ်ခမ်းသားတွေက ထင်ရှား၏လျှာကိုပါ အလွတ်မပေး။သူနမ်းနေသည်က လူလို သူလိုမဟုတ်။အပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းကို ကစားနေပြီး ၊ ဟ,လိုက်လျှင် ထိုးထွက်လာသော
လျှာကလေးက ထင်ရှား၏နှုတ်ခမ်းတစ်ဝိုက်
အနှံ့။
လက်က အငြိမ်နေသည်မဟုတ်။ရင်အုံတစ်ခုလုံးဟ,နေသည်ကြောင့် ထိုးဝင်လာသော ခက်ထန်၏လက်ဖဝါးကြမ်းကြမ်းက ထင်ရှား၏
ရင်အုံများကို ထိုးညှစ်သည်။သီးနေသည်ကြောင့်
ခက်ထန်ညှစ်လျှင် သိသိသာသာ ပိုနာလာသည်။
အင့် !!
ခက်ထန်၏ ရင်အုံကို သုံးလေးချက် ဆက်တိုက်ရိုက်ပြီး တွန်းကန်ရုန်းတော့ ထင်ရှား၏နှုတ်ခမ်းကို ဆက်နမ်းခြင်းမပြုတော့ဘဲ ထင်ရှား၏ ရင်အုံဆီသို့ ရောက်ချလာသည်။သို့ကြောင့် ထင်ရှား တွန်း၍မရတော့။
“ ကိုယ့်ကို ရိုက်မနေစမ်းနဲ့ ကိုယ့်ကျောကုံးကိုသာ ကုတ်နေလိုက် !! ”
ထင်ရှား၏ရင်ဘတ်ကဟာကို ခက်ထန် ဆွဲစုပ်ယူတော့ တွန့်တက်သွားသော ထင်ရှား၏ခန္ဓာကိုယ်ကြောင့် ခက်ထန်သိလိုက်သည်။သို့ကြောင့် သူဆက်လုပ်မနေတော့ဘဲ ထင်ရှား၏ လည်ပင်းကိုသာ ခပ်ပြင်းပြင်း တစ်ချက်ဆွဲယူစုပ်တော့
အနီကွက်ကြီးက ထသွား၏။
သို့အခါမှ ထင်ရှားကိုယ်ပေါ်ကနေ ဖယ်လိုက်ကာ ဘေးနား ဝင်လှဲလိုက်သည်။
“ ဒီလောက်ဆို မင်းက ကိုယ့်အပိုင်ဆိုတာ စိတ်ချရပြီ ”
ကျေနပ်သွားသော ခက်ထန်က ဘေးတွင် လှဲလျက်အနားယူနေသော်လည်း အနာရှိန်ကြောင့် ရင်ဘတ်က အောင့်နေပြီး အောင့်အောင့်နှင့် အသက်က တရှူးရှူး မှုတ်ထုတ်ရင်း ရင်ဘတ်ဟ,လျက် သူသည်လည်း အိပ်မောကျသွားသည်။
“ ဆရာ အကိုခက်ထန်နဲ့ကောင်လေးတစ်ယောက် ကုတင်ပေါ်မှာ ပလူးနေကြတာ ကျွန်တော့်မျက်စိနဲ့ တိုက်ရိုက်မြင်ခဲ့တာပါ ”
ဦးမင်းခက်ထန်နှင့်တစ်ဝိုင်းထဲ အတူထိုင်နေပေမယ့် စားပွဲအထဲ ပြေးဝင်လာသော ငပြူးကြောင့်
ကြက်သားကို ခက်ရင်းနှင့် ဖဲ့နေသော မုဏ်းသည်
လက်ထဲက ခက်ရင်းကိုတောင် ဟန်ချက်မထိန်းနိုင်ခဲ့။
ခက်ရင်းနှင့်ပန်းကန်ကို ရိုက်ခတ်သွားသည့်အသံက အလွန်ကျယ်သည်ထင်၏။အကြည့်အားလုံးက
မုဏ်းဆီသို့ ကျရောက်လာပြီး နေရခက်သည်နှင့်မသိချင်ယောင်ဆောင်၍
“ အားလုံး အရသာရှိရှိသုံးဆောင်ကြပါရှင် ”
သူမ ပြောလိုက်မှသာ တယောသံစဉ်က ပြန်လည်ထွက်ပေါ်လာပြီး တယောသံကြောင့် ညိမ့်ညောင်းနေကာ လူအားလုံး ငြိမ်သက်နေပေမယ့်
သူမ ရင်ထဲတော့ မငြိမ်သက်နိုင်။
သူမဆီသို့ ကြည့်လာသော ဦးမင်းခက်ထန်၏ အကြည့်တွေကြား ဘာမျှမဖြစ်လိုက်၊မကြားလိုက်သလို ဟန်ဆောင်နေရသည့် ကိုယ့်ကိုယ်ကိုယ်သာ သိ၏။သူမ စိတ်ထဲ အော်ပစ်ချင်လောက်သည်အထိ။
သူမစိတ်ကိုသိနေသော မိခင်မားသားကြီးဖြစ်သူက လက်ကို ဖွဖွကလေး ဆုပ်ကိုင်လိုက်ရင်း ကြည့်လာသောအကြည့်များက သူ့ရင်ထဲ “ စိတ်လျော့နော် ” ဟု ပြောနေသည်ကြောင့် နေ့လည်စာ စားပွဲက မပျက်စီးသွားပေ။
“ ငပြူး နင် အမှန်အတိုင်း ငါ့မျက်နှာကို သေချာကြည့်ပြီးပြော နင်လူမှားပြီး မြင်ခဲ့တာပါလို့ ”
ငပြူးသည်လည်း ဦးမင်းခက်ထန်လက်ထဲ အဖေဖြစ်သူ တာဝန်ထမ်းဆောင်ကတည်းက နောက်လိုက် နောက်ပါဖြစ်ခဲ့သည်မို့ အဖေအတိုင်း
ဦးမင်းခက်ထန်၏ လူယုံဖြစ်နေသည်ကြောင့်
လိမ်ပြောသည်တော့ မဖြစ်နိုင်ဘူးဆိုတာ သေချာသည်။
“ မမမုဏ်း ကျွန်တော်အမှန်အတိုင်းပြောတာပါ ”
ခုံပေါ်မှ ပန်းအိုးကိုယူပြီး ပစ်ပေါက်ခွဲလိုက်သည့်အရှိန်နှင့် ပြန်စင်လာသော အိုးစအရှိန်ကြောင့် ငပြူး မျက်နှာ အနည်းငယ် ပွန်းခြစ်မိသွားသည်။
“ ငပြူး သွားတော့ သွား .. ”
မိညိုပြောတော့မှ ငပြူးအနားကနေ ထ,ထွက်သွားတော့သည်။
“ မမုဏ်းရယ် ငပြူး မျက်စိမှားတာ နေမှာပါ ”
“ ငါရှက်တယ် မိညို ငါရှက်တယ် !! ”
မိန်းမသားချင်း ကိုယ်ချင်းစာသော မိညိုတစ်ယောက် နှစ်သိမ့်ပေးတာကလွဲပြီး တခြားဘာမျှ မကူညီနိုင်သည့်အတွက် သူ့ရင်ထဲ စိတ်မကောင်းတော့ ဖြစ်သား။
~~\\~~
“ ဟိတ် .. ဟိတ် ခုနရပ်ပါအုံး.. ”
သျှားလွန်းဝေမောင် အသံကြောင့် မျက်မှောင်းကြုတ်ကာ..
“ ဘာလဲ.. ဘာပြောမို့လဲ ?? ”
“ စကားနည်းနည်းလောက် ပြောလို့ရမလား.. ”
စီးလာသော စက်ဘီးကို ညောင်ပင်အောက် အသာလေး ထိုးချထားရင်း သျှားလွန်းဝေမောင်ကားပေါ် အတင်းခေါ်စရာမလိုဘဲ ကြည်ကြည်ဖြူဖြူလိုက်သွားသော ကိုယ်တော်လေးကြောင့် လွန်းဝေမောင် မျက်စ တပြစ်ပြစ်။
“ ဒါနဲ့ ဘယ်ကို ခေါ်သွားမလို့လဲဟင် ”
“ မြို့ထဲကိုပေါ့ ?? ”
ဒေသခံရွာတစ်ရွာလိုဖြစ်နေပေမယ့် ရွာက သာမန်ရွာတွေလိုမျိုး မဟုတ်ဘဲ မြို့ထဲရောက်ဖို့ဆိုလျှင် တောထဲမှ ဖြတ်မောင်းရသည်။ရွာတစ်လုံးသည်လည်း တောကြီးအထဲသာ ရှိနေ၍ ရွာရှိနေမှန်းတောင် မြို့ထဲကလူ တစ်ယောက်မျှသိမည် မဟုတ်။
ရွာထဲက ရွာဆိုပေမယ့် အရမ်းကြီး ခေတ်ရှေ့ပြေးမနေသလို၊ အရမ်းကြီး ခေတ်နောက်ကျနေတာမျိုးမရှိဘဲ သဘာဝကျကျ ရှိနေခြင်းဖြစ်သည်။
“ ဆင်း !! ကိုယ်တို့ရောက်ပြီ ”
ကားတံခါးလာဖွင့်ပေးသော လွန်းဝေမောင်ကိုပင် သတိမထားမိဘဲ မြို့၏အလှအပကိုသာ ငေးကြည့်နေမိသည်။သျှားလွန်းဝေမောင်သည် ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် ဆေးရုံထိုင်ရသော ဆရာဝန်တစ်ယောက်မဟုတ်။ခက်ထန်၏ ကိုယ်ရေးကိုယ်တာ ကိုယ်ပိုင်ဆရာဝန်တစ်ယောက်ဟုဆိုရမည်။
တော်ဝင်ရှိုင်းစက်အဖို့ မြို့ထဲ ပထမဆုံးအကြိမ်ရောက်လာဖူးသည်ကြောင့် သဘာဝအထိအတွေ့၊ အပြုအမူ၊နေရာဒေသအကုန် ရွာကနှင့်မတူဘဲ အကုန်လုံးက ခေတ်ဆန်ဆန်။
ခက်ထန်အတွက် ဆေးပစ္စည်းအမြဲလာဝယ်ရသည့် လွန်းဝေမောင်အတွက်တော့ ပထမအကြိမ်မဟုတ်ပေမယ့် ရှိုင်းစက် အရမ်းပျော်နေတာကို မြင်တော့ သူ့ရင်ထဲဝယ် ကုလားဘုရားပွဲ ဖြစ်နေသလို။
“ wow !! ”
လွန်းဝေမောင် ရှိုင်းစက်နှင့်အတူ ဈေးအထဲလမ်းလျှောက်ဝင်လာရင်း သူ့မျက်စိအထဲ lisianthus ပန်းကိုမြင်တော့ အစည်းထဲမှ ပွင့်ချပ်တစ်ပွင့်ကို ဆိတ်ချိုးလိုက်ရင်း ရှိုင်းစက်နားထက်ဝယ် သူ ပန်ပေးတော့..
“ ဟင် ” ဆိုသည့် လေသံနှင့်အတူ
“ လှလား ” ဟု မေးသည်က စိတ်ကျေနပ်သည့်ပုံ။
“ အဒေါ် ကျွန်တော်ခုနက ပွင့်ဖတ်ချိုးထားတဲ့ အစည်း တစ်စည်းလောက် ကျွန်တော့်ကိုပေးပါလား ”
ရှိုင်းစက်ပန်းစည်းကို လက်ဝယ်ပိုက်ရင်း သူ၏နားထက် ပွင့်ဖတ်တစ်ချပ်က ဆံပင်တွေအကြား နေရာအပြည့်ယူထားသည်။
Lisianthus ကို မြန်မာလို ပဲပန်း ဟုခေါ်ပါသည်။
ပန်း၏အဓိပ္ပါယ်က “ ကိုယ်တို့အချိန်အကြာကြီးအမြဲတူတူရှိသွားကြရအောင် ” ဖြစ်ပြီး အထူးသဖြင့်
“ မင်းတစ်ယောက်ထဲသာ ”ဟု ရည်ညွှန်းထားသည့် ပန်းမို့ သည်ပန်းကို ရှိုင်းစက်၏ နားထက်ဝယ် ရှိုင်းစက်နှင့် အတူယှဉ်တွဲကာ မြင်ရသည်မို့ သူ့ရင်တစ်ခုလုံး အထိန်းချုပ်မဲ့စွာ လှုပ်ခတ်သွားရသည်။
“ ကိုယ် ဓာတ်ပုံရိုက်ချင်လို့ ခုနနော် ”
လွန်းဝေမောင်ပြောတော့ လွန်းဝေမောင်ကင်မရာထုတ်နေခိုက် သူဖာသာသူ ပန်းစည်းကို လက်ထဲသေချာပြင်ပိုက်ရင်း နားထက် ပန်းကလေးကို သေချာထိန်းကာ နှုတ်ခမ်းသားတစ်စုံက သွားတက်ကလေး ပေါ်အောင် ရှိုင်းစက်ပြုံးနေသည်။ထိုမြင်ကွင်းကိုမြင်တော့ သျှားလွန်းဝေမောင် လက်တုန်နေ၍ ပုံကောင်းကောင်းမထွက်မည်တောင် စိုးရမည်။
သူ,ရှိုင်းစက်ပုံလေးအား ကင်မရာထဲတွင်မဟုတ်ဘဲ သူ့ရင်ထဲ တစ်သက်တာ ရိုက်ထိုးထားချင်ပါတော့သည်။
“ ရိုက်ပြီးပြီးလား ”
သည်မြင်ကွင်းကို ကြည့်နေသော ပန်းသည်အဒေါ်ကြီးသည် သည်ကောင်လေးနှစ်ယောက်လေးက ထူးဆန်းနေသည်ဟု တွေးချင် တွေးနေလိမ့်မည်။
နှစ်ယောက်သား ဘာမျှဂရုမစိုက်ဘဲ ပန်းစည်းကိုပိုက်ရင်း အပြုံးပန်းများနှင့် ရှေ့ဆက် အနည်းငယ် ထပ်လျှောက်တော့ ဒိန်ချဉ်ဝင်သောက်ကြသည်။
ဒိန်ချဉ်နှစ်ခွက်မှာရင်း ကောင်တာ အကိုကြီးဆီမှ စကားသံကြောင့် ရှိုင်းစက်မျက်နှာက စပ်ဖြီးဖြီးဖြစ်သွားသည်။
“ ညီလေးတို့သိလား တစ်ခါတစ်လေ အချစ်က ဒိန်ချဉ်နဲ့တူတယ်ကွ ဒိန်ချဉ်ရဲ့အရသာကို သေချာခံပြီးသောက်ကြည့် ချိုမလိုနဲ့ချဉ် ချဉ်မလိုနဲ့ချိုတကယ်ကို ကိုးလိုးကန့်လန့်နိုင်တယ် ”
ဒိန်ချဉ်အကိုကြီးပြောသည်ကလည်း မှန်ပါသည်လေ။သူတို့ဘာမှ စကားဆက် မနေတော့ဘဲ သောက်လက်စ ဒိန်ချဉ်ကို အဆုံးသတ်ရင်း
လမ်းနည်းနည်း ထပ်လျှောက်ထွက်လာသည်။
“ ဗိုက်ဆာနေပြီလား.. ”
ရှိုင်းစက်၏မေးသံကြောင့် သူချက်ချင်းပြန်ဖြေသည်။
“ ရင်ထဲမှာ အချစ်အာဟာရတွေပြည့်နေတယ် ”
သျှားလွန်းဝေမောင်၏အဖြေကြောင့် ကြောင်တောင်တောင်နှင့် ပြန်လည်ကြည့်လာသော ကိုယ်တော်လေးကြောင့် တဟားဟားနှင့် ရယ်ချသည်။
ရာသီဥတုအခြေအနေက ဆောင်းဘက်ရောက်နေသည်ကြောင့် နေ့ဘက်ဆိုလျှင် နေပူနေသော်လည်း အအေးဒဏ်က အေးနေဆဲ။
သူရယ်နေခိုက်ဝယ်။
“ ဒါနဲ့ အကို့နာမည်က သျှားလွန်းဝေမောင် .. လွန်းဝေမောင်ဆိုလား သျှားလွန်းဝေမောင်ဆိုလား ရှည်လိုက်တာ ?? ”
“ ကိုယ့်ကို နာမည်ပေးထားတဲ့ ကိုယ့်အဖေနဲ့ အမေကို သွားပြောလေ ဒါမှမဟုတ် တစ်လုံးထဲ ခေါ်ချင်လည်းရတယ် ”
“ အကိုသျှား?? ”
မကျေမနပ်နှင့် မျက်မှောင်းကြုတ်ကာ ခေါင်းခါပြတော့ ..
“ ဟမ် !! မသိတော့ဘူး?? ”
“ မောင် လို့ခေါ် ”
ဖြူးဖွေးအုနေသည့် မျက်နှာပြင်တစ်ခုက ချက်ချင်းကြီး နီသွားသည်ကို လွန်းဝေမောင် အရိပ်အကဲ ဖမ်းမိသည်။သူ့ကိုတောင် မျက်နှာချင်း မဆိုင်တော့ဘဲ သူ့အရှေ့ကို သုံး ,လေးလှမ်း ရှက်ကိုးရှက်ကန်းနှင့် ပြေးသွားသည့် ရှိုင်းစက်ကို ကြည့်ရင်း ..
“ မောင့်ကို စောင့်အုံးလေဗျာ ”
သျှားလွန်းဝေမောင်အတွက်ကတော့ ရှိုင်းစက်ဆီမှ အဖြေမရသေးပေမယ့် သည်နေ့က first date များ ဖြစ်သွားမလားလေ။
~~~~
“ အ့ !! ”
ခန္ဓာကိုယ်ကို ထိတွေ့နေသည့် အရာတွေကြောင့် အိပ်ယာထဲမှ နိုးလာခဲ့ပြီး မျက်တောင်ကော့လေး ဖွင့်ဟ ကြည့်မိရင်း သူ့ရင်ဘတ်ကို ဆေးထည့်ပေးနေသည့် ခက်ထန်ကိုတွေ့၏။
“ မင်း ဘာလုပ်တာလဲ !! ”
ထထိုင်မလို့လုပ်စဉ် ဖိထားသော ခက်ထန်၏လက်ကြောင့် သူထ၍မရ။ငြိမ်ငြိမ်လေးနှင့်သာ ခံနေရသည်။ခက်ထန်အားကို သူမယှဉ်နိုင်သည်ကြောင့် သူ ဆက်မရုန်းနေတော့။
“ နာသွားခဲ့တာမလား .. တကယ်လို့ ဆေးမထည့်ပေးရင် နောက်တစ်ခါ မပေးလုပ်ဘဲ နေမှာစိုးလို့ !! ”
ထင်ရှား၏စူနေသော ရင်အုံတစ်ခုက ခက်ထန်ကြောင့် ယောင်သွားသဖြင့် ပိုစူသွားသည်။ချွန်ထွက်နေသော ထိပ်လေးကို ဆေးဖြင့် သုတ်နေသည့် ခက်ထန်က လုပ်ကစားနေသလား ဆေးထည့်ပေးနေသလား။ထိုနေရာကိုသာ ခေါက်တုံ့ခေါက်ပြန်သုတ်၍ နေသည်ကြောင့်ပင်။
ဒိန်ချဉ်အကိုကြီးက သေချာပြောလိုက်သည်။ အချစ်ဆိုတာ ဒိန်ချဉ်လိုပဲတဲ့လေ။
7.12.2023