Never Again

By Precious_CY

1.2K 105 9

SeokSoo Fanfic (Uni+Zawgyi) More

Prologue
1
❄️☃️December Special❄️☃️

2

274 29 6
By Precious_CY

အစ်ကို နှင့် တွေ့ပြီးနောက်ပိုင်း Seokmin အတွက်
နေ့ရက်တိုင်းဟာ ပျော်ရွှင်စရာအတိ...

မနက်ဆိုလျှင်အစ်ကို့ အိမ်ကိုဝင်ခေါ်ပြီးမှ ရုံးသို့အတူသွားကာ တခါတလေ ဆိုင်တစ်ဆိုင်ဝင်၍
မနက်စာအတူစားကြသေးသည်။

ရုံးဆင်းချိန် ဆိုလဲ အိမ်ပြန်ချိန်နောက်ကျတတ်တဲ့
အစ်ကို့ ကိုစောင့်၍

ညစာကို ဆိုင်မှာဝင်စားတာဖြစ်ဖြစ်
ဝယ်သွားကာ အစ်ကို့ အိမ်မှာပဲ စားတာဖြစ်ဖြစ်
တခါတလေကျတော့လဲ အစ်ကို ချက်ကျွေးတာစားပြီးမှ
အိမ်ပြန်ကာ

ရုံးပိတ်ရက်ဆိုလဲ

" အစ်ကို Shopping သွားရအောင်‌လေ "

"အစ်ကို အိမ်မှာနေရတာမပျင်းဘူးလား
ဟန်မြစ်ကမ်း မှာ လမ်းသွားလျှောက်ရအောင် "

" အစ်ကို ××××× က ပြပွဲလုပ်မှာတဲ့
သွားကြည့်ကြမယ်နော်..."

" အစ်ကို ကြိုက်တဲ့ ××××× ကား ရုံတင်နေပြီတဲ့
Booking တင်ထားလိုက်မယ် "

××××××

××××××

××××××

Seokmin အတွက်တော့ ချစ်ရတဲ့ အစ်ကို နဲ့
အတူတူအလုပ်သွား အတူတူအိမ်ပြန်ရ

အစ်ကိုချက်‌ကျွေးတဲ့ အစ်ကို့လက်ရာ အစားအစာလဲ
စားရတဲ့အပြင်

Seokmin ပြောသမျှ ၊တောင်းဆိုသမျှ ၊ ဂျီကျသမျှ
အကုန်လိုက်လျောပေးတတ်သော အစ်ကို နှင့်အတူ
ရှိခွင့်ရသော အဖိုးတန်အချိန်လေးများအား
ဘာနဲ့မှတန်ဖိုးဖြတ်လို့မရနိုင်ပါ။

Seokmin ဘဝမှာ အစ်ကို က အချစ်ဦး လဲဖြစ်သလို
နောက်ထပ်ဘယ်သူ့ကိုမှ ထပ်ချစ်ဖို့မရှိတော့သည့်အတွက်
အချစ် ဆုံး လဲဖြစ်လေသည်။

ပထမတုန်းကတော့ ရုံးသွား/ရုံးပြန် အတူလိုက်ဖို့ကိစ္စအား အစ်ကို က လက်မခံခဲ့

" အပင်ပန်းခံလို့ Seokmin ရယ် ...
လာမခေါ်လဲရပါတယ်....

ကိုယ့်ဘာသာ သွားလို့အဆင်ပြေပါတယ် ..."

" မဟုတ်တာ အစ်ကို ကလဲ...အားနာစရာမလိုဘူး။
အစ်ကို က ဒီကလမ်းတွေနဲ့ စိမ်းသေးတော့
ကိုယ်တိုင်ကားမောင်းရင် အန္တရာယ်များတယ်။

ပြီးတော့...တကူးတကကြီးလာခေါ်ရတာလဲမဟုတ်...

ရုံးကိုသွားရင်း အစ်ကို့ အိမ်ဝင်ခေါ်ရတာလေးကို
ပင်ပန်းတာလဲမဟုတ်ပါဘူး...

ကျွန်တော် ပြောသလိုလုပ်လိုက်ရင် အဆင်ပြေပြီ ..."

"ဟုတ်ပါပြီ...ဟုတ်ပါပြီ

Seokmin အတွက်အဆင်ပြေတယ်ဆိုရင်ပြီးတာပါပဲ "

နောက်ဆုံးတော့လဲ နဂိုကတည်းကပင် အနေအေးသော အစ်ကို က

Seokmin ကို အရှုံးပေးလိုက်ကာ လက်ခံလိုက်ရလေသည်။

ရုံးမှာဆို အလုပ်လဲ သိပ်မရှုပ်တဲ့ Seokmin က
အားပြီဆိုတာနဲ့အစ်ကို့ ရုံးခန်းထဲသွား
စကားတွေပြော ဟိုရှုပ်ဒီရှုပ်လဲလုပ်တတ်သေးသည်။

အစ်ကို က တော်ရုံဘာမှမပြောပေမဲ့
တခါတလေကျရင်တော့ ဆူပူတတ်သည်။

" Lee Seokmin...ရေ
ဘာလာရှုပ်ပြန်တာတုန်းကွာ...

အလုပ်မရှိပြန်ဘူးလား?

Hangyeol Hyung ကိုပြောမှရတော့မယ်
အားလပ်ချိန်မရှိအောင်ကို အလုပ်‌,လုပ်ခိုင်းပါလို့..."

" ကျွန်တော် အပြင်ခဏသွားမှာမလို့
အစ်ကို ဘာမှာဦးမလဲ လာမေးတာပါ။

ခုပဲ သွားမှာ..."

သူ့ကို အဲ့လိုမျိုးပြောရလေခြင်း ဆိုတဲ့
မချိတင်ကဲ မျက်နှာနဲ့ ရန်လဲမတွေ့ရဲဘဲ
ဖြေရှင်းချက်မဟုတ်တဲ့ ဖြေရှင်းချက်ပေးသူ...

ဒီကောင်လေး ပြီးရင် မဟုတ်တာတွေတွေးပြီး
စိတ်အပင်ပန်းခံဦးမယ်။

Company မှာဆို Seokmin က အချစ်ခံလေး
ဘယ်သူ့ကိုမေးမေး မသိတဲ့သူမရှိအောင် ကို
အမြဲတမ်းဖော်ရွေပြုံးရွှင်‌နေတတ်ကာ

စိတ်ထားကနူးညံ့လွန်းပြီး တစ်ခုခုဆို သူ့မှာ
စိုးရိမ်ပူပန်နေတတ်သူ ဖြစ်သည်။

" ဘာမှ မမှာတော့ပါဘူး...
ရုံးကိုပြန်လာမှာမလား?

ရုံးဆင်းရင် ××××× သွားမလားလို့
ပြန်ခါနီးကျရင် ဖုန်းဆက်လိုက်..."

" အိုကေ 👌...

ဒါဆိုသွားပြီနော်..."

အဲဒီတော့မှ  ပြုံးရွှင်စွာဖြင့် ဖုန်းဆက်မယ် ဟူသော
Sign language လုပ်ပြကာ ထွက်သွားသော

Seokmin အားကြည့်ကာ Shua ပြုံးမိသည်။

**အဆိုးလေး**

Seokmin က အမြဲတမ်းလူကြီးဆန်ရင့်ကျက်တဲ့ပုံဖမ်းနေပေမဲ့
တကယ်တမ်းဆို ဂျီကျ ၊ ဂျစ်တိုက်တတ်ကာ
ကလေးဆန်လွန်းလှသည်။

သို့သော်လည်း Shua အပေါ်ဆို နွေးနွေးထွေးထွေး
ဆက်ဆံပေးကာ ပြုံးပျော်စေသူ...

Shua အတွက်ဆို ဘာမဆိုလုပ်ပေးမည် ဆိုသည့်သူဖြစ်သည်။

တကယ်ဆို Shua က ခံစားချက်တွေကို
တော်ရုံဖော်ပြတတ်သူမဟုတ်ပေမဲ့

စိတ်ထဲရှိတဲ့အတိုင်း ဖော်ပြ ပြောဆို ဆက်ဆံခဲ့တာဆိုလို့
'သူ' ပြီးရင် Seokmin သာရှိသည်။

(A/N 'သူ' တစ်စုံတစ်ဦး ကိုရည်ညွှန်းပါသည်။)

ထို့ကြောင့်ပင် Seokmin နှင့်ပတ်သက်၍
Shua ၏ ခံစားချက်တို့အား အကြိမ်ကြိမ်အဖန်အဖန်ဆန်းစစ်နေမိသည်။

____________________

" အစ်ကို ...
Company နှစ်ပတ်လည်နေ့ Dinner တက်မှာမလား? "

" အင်း...အစက မတက်ဘူးလုပ်ထားတာ

Hangyeol Hyung က
မတက်မဖြစ်တက်ပေးပါဆိုလို့..."

" အဲဒီနေ့ကျရင် အပြန်နောက်ကျမှာ...

ပွဲလုပ်မဲ့နေရာနဲ့ အစ်ကို့ အိမ်ကဝေးတော့

ကျွန်တော့်အိမ်မှာပဲ အိပ်လိုက်ပြီး အိမ်ကနေပဲ
ရုံးသွားကြမလား? "

" အင်း...အဲ့လိုပဲ လုပ်လိုက်ကြမယ်လေ။

ဒီနေ့ နည်းနည်းပင်ပန်းနေလို့ ခဏအိပ်လိုက်ဦးမယ်..."

Seokmin ကားမောင်းရင်း ကြည့်မိတော့...

အစ်ကို က ဒီရက်တွေအတွင်း
အလုပ်ကြောင့်မဟုတ်ပဲ...

တစ်စုံတစ်ခုသောအကြောင်းကြောင့်
စိတ်ပင်ပန်းနေသည့်ပုံပင်...

Seokmin ချစ်ရတဲ့ အစ်ကို့ အတွက်
ဘာမှမလုပ်ပေးနိုင်တာ စိတ်မချမ်းသာပါ...

အစ်ကို့ ကို သူ ပျော်ရွှင်စေချင်သည်

အစ်ကို ပြုံးနေတာပဲ သူ အမြဲတွေ့ချင်သည်

အစ်ကို့ ကို သူ့အချစ်တွေနဲ့ အေးချမ်းစေချင်သည်

တကယ်ဆို... Seokmin ရဲ့စိတ်ကို
အစ်ကို ရိပ်မိသိရှိနေလောက်ပေမဲ့

သူ ဖွင့်ပြောဖို့မရဲပါ...

အစ်ကို က သူ့စိတ်ခံစားချက်ကို တော်ရုံတန်ရုံ
ဖော်ပြတတ်သူမဟုတ်‌တော့

ဘယ်‌လောက်ပဲ ခေတ်လူငယ်ဖြစ်ပါတယ်ပြောပြော

ယောက်ျားလေးနှစ်ယောက် ရဲ့ ချစ်ခြင်းအပေါ်
အစ်ကို့ ရဲ့ သဘောထားဘယ်လိုရှိလဲ သူ မသိရပါ။

Seokmin အနေနဲ့လဲ သူ့ဘဝတစ်လျှောက်မှာ

ဘယ်ယောက်ျားလေးကိုမှ ချစ်ခဲ့ဖူးခြင်းမရှိခဲ့ပဲ

သူချစ်မိတဲ့သူ က အစ်ကို ဖြစ်နေခဲ့ခြင်းအတွက်

သူ ဘယ်တော့မှ နောင်တ ရမည်မဟုတ်ကြောင်း

အစ်ကို သိအောင် ပြောပြချင်မိပါသည်။

TBC

A/N ' သူ ' က နောက်အပိုင်းမှာလာပါမယ်နော်

ဒီ fic လေးက ကိုယ် ပထမဆုံး Publish လုပ်ဖြစ်တဲ့
Fic လေးမို့ ‌ဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးအများကြီးတင်ပါတယ်ရှင် 😍😘

ကလေးနှစ်ယောက်ကိုလဲ အတတ်နိုင်ဆုံး
သူတို့ရဲ့ အပြင် Character အတိုင်းပုံဖော်ထားပါတယ်။

တကယ်လို့များ
ပုံဖော်တဲ့နေရာမှာလိုအပ်တာတွေရှိသွားခဲ့ရင်

Plot အရ ဖန်တီးရတဲ့အခါ
စိတ်အခန့်မသင့်စရာများရှိသွားခဲ့ရင်

နားလည်ပေးကြပါလို့ပြောချင်ပါတယ်။

ကျန်းမာရေးကြောင့်ရော
စိတ်အခြေအနေမကောင်းတာကြောင့်ရော

ဒီအပိုင်းကို ရေးဖို့ အတော်လေးကြိုးစားလိုက်ရပါတယ်။

ဖတ်ပြီးတဲ့အခါ ဝေဖန်အကြံပြုပေးကြပါဦးရှင်

‌ချစ်တဲ့ 🧡

Zawgyi

အစ္ကို ႏွင့္ ေတြ႕ၿပီးေနာက္ပိုင္း Seokmin အတြက္
ေန႔ရက္တိုင္းဟာ ေပ်ာ္႐ႊင္စရာအတိ...

မနက္ဆိုလွ်င္အစ္ကို႔ အိမ္ကိုဝင္ေခၚၿပီးမွ ႐ုံးသို႔အတူသြားကာ တခါတေလ ဆိုင္တစ္ဆိုင္ဝင္၍
မနက္စာအတူစားၾကေသးသည္။

႐ုံးဆင္းခ်ိန္ ဆိုလဲ အိမ္ျပန္ခ်ိန္ေနာက္က်တတ္တဲ့
အစ္ကို႔ ကိုေစာင့္၍

ညစာကို ဆိုင္မွာဝင္စားတာျဖစ္ျဖစ္
ဝယ္သြားကာ အစ္ကို႔ အိမ္မွာပဲ စားတာျဖစ္ျဖစ္
တခါတေလက်ေတာ့လဲ အစ္ကို ခ်က္ေကြၽးတာစားၿပီးမွ
အိမ္ျပန္ကာ

႐ုံးပိတ္ရက္ဆိုလဲ

" အစ္ကို Shopping သြားရေအာင္‌ေလ "

"အစ္ကို အိမ္မွာေနရတာမပ်င္းဘူးလား
ဟန္ျမစ္ကမ္း မွာ လမ္းသြားေလွ်ာက္ရေအာင္ "

" အစ္ကို ××××× က ျပပြဲလုပ္မွာတဲ့
သြားၾကည့္ၾကမယ္ေနာ္..."

" အစ္ကို ႀကိဳက္တဲ့ ××××× ကား ႐ုံတင္ေနၿပီတဲ့
Booking တင္ထားလိုက္မယ္ "

××××××

××××××

××××××

Seokmin အတြက္ေတာ့ ခ်စ္ရတဲ့ အစ္ကို နဲ႔
အတူတူအလုပ္သြား အတူတူအိမ္ျပန္ရ

အစ္ကိုခ်က္‌ေကြၽးတဲ့ အစ္ကို႔လက္ရာ အစားအစာလဲ
စားရတဲ့အျပင္

Seokmin ေျပာသမွ် ၊ေတာင္းဆိုသမွ် ၊ ဂ်ီက်သမွ်
အကုန္လိုက္ေလ်ာေပးတတ္ေသာ အစ္ကို ႏွင့္အတူ
႐ွိခြင့္ရေသာ အဖိုးတန္အခ်ိန္ေလးမ်ားအား
ဘာနဲ႔မွတန္ဖိုးျဖတ္လို႔မရႏိုင္ပါ။

Seokmin ဘဝမွာ အစ္ကို က အခ်စ္ဦး လဲျဖစ္သလို
ေနာက္ထပ္ဘယ္သူ႕ကိုမွ ထပ္ခ်စ္ဖို႔မ႐ွိေတာ့သည့္အတြက္
အခ်စ္ ဆုံး လဲျဖစ္ေလသည္။

ပထမတုန္းကေတာ့ ႐ုံးသြား/႐ုံးျပန္ အတူလိုက္ဖို႔ကိစၥအား အစ္ကို က လက္မခံခဲ့

" အပင္ပန္းခံလို႔ Seokmin ရယ္ ...
လာမေခၚလဲရပါတယ္....

ကိုယ့္ဘာသာ သြားလို႔အဆင္ေျပပါတယ္ ..."

" မဟုတ္တာ အစ္ကို ကလဲ...အားနာစရာမလိုဘူး။
အစ္ကို က ဒီကလမ္းေတြနဲ႔ စိမ္းေသးေတာ့
ကိုယ္တိုင္ကားေမာင္းရင္ အႏၲရာယ္မ်ားတယ္။

ၿပီးေတာ့...တကူးတကႀကီးလာေခၚရတာလဲမဟုတ္...

႐ုံးကိုသြားရင္း အစ္ကို႔ အိမ္ဝင္ေခၚရတာေလးကို
ပင္ပန္းတာလဲမဟုတ္ပါဘူး...

ကြၽန္ေတာ္ ေျပာသလိုလုပ္လိုက္ရင္ အဆင္ေျပၿပီ ..."

"ဟုတ္ပါၿပီ...ဟုတ္ပါၿပီ

Seokmin အတြက္အဆင္ေျပတယ္ဆိုရင္ၿပီးတာပါပဲ "

ေနာက္ဆုံးေတာ့လဲ နဂိုကတည္းကပင္ အေနေအးေသာ အစ္ကို က

Seokmin ကို အ႐ႈံးေပးလိုက္ကာ လက္ခံလိုက္ရေလသည္။

႐ုံးမွာဆို အလုပ္လဲ သိပ္မ႐ႈပ္တဲ့ Seokmin က
အားၿပီဆိုတာနဲ႔အစ္ကို႔ ႐ုံးခန္းထဲသြား
စကားေတြေျပာ ဟို႐ႈပ္ဒီ႐ႈပ္လဲလုပ္တတ္ေသးသည္။

အစ္ကို က ေတာ္႐ုံဘာမွမေျပာေပမဲ့
တခါတေလက်ရင္ေတာ့ ဆူပူတတ္သည္။

" Lee Seokmin...ေရ
ဘာလာ႐ႈပ္ျပန္တာတုန္းကြာ...

အလုပ္မ႐ွိျပန္ဘူးလား?

Hangyeol Hyung ကိုေျပာမွရေတာ့မယ္
အားလပ္ခ်ိန္မ႐ွိေအာင္ကို အလုပ္‌,လုပ္ခိုင္းပါလို႔..."

" ကြၽန္ေတာ္ အျပင္ခဏသြားမွာမလို႔
အစ္ကို ဘာမွာဦးမလဲ လာေမးတာပါ။

ခုပဲ သြားမွာ..."

သူ႕ကို အဲ့လိုမ်ိဳးေျပာရေလျခင္း ဆိုတဲ့
မခ်ိတင္ကဲ မ်က္ႏွာနဲ႔ ရန္လဲမေတြ႕ရဲဘဲ
ေျဖ႐ွင္းခ်က္မဟုတ္တဲ့ ေျဖ႐ွင္းခ်က္ေပးသူ...

ဒီေကာင္ေလး ၿပီးရင္ မဟုတ္တာေတြေတြးၿပီး
စိတ္အပင္ပန္းခံဦးမယ္။

Company မွာဆို Seokmin က အခ်စ္ခံေလး
ဘယ္သူ႕ကိုေမးေမး မသိတဲ့သူမ႐ွိေအာင္ ကို
အၿမဲတမ္းေဖာ္ေ႐ြျပဳံး႐ႊင္‌ေနတတ္ကာ

စိတ္ထားကႏူးညံ့လြန္းၿပီး တစ္ခုခုဆို သူ႕မွာ
စိုးရိမ္ပူပန္ေနတတ္သူ ျဖစ္သည္။

" ဘာမွ မမွာေတာ့ပါဘူး...
႐ုံးကိုျပန္လာမွာမလား?

႐ုံးဆင္းရင္ ××××× သြားမလားလို႔
ျပန္ခါနီးက်ရင္ ဖုန္းဆက္လိုက္..."

" အိုေက 👌...

ဒါဆိုသြားၿပီေနာ္..."

အဲဒီေတာ့မွ  ျပဳံး႐ႊင္စြာျဖင့္ ဖုန္းဆက္မယ္ ဟူေသာ
Sign language လုပ္ျပကာ ထြက္သြားေသာ

Seokmin အားၾကည့္ကာ Shua ျပဳံးမိသည္။

**အဆိုးေလး**

Seokmin က အၿမဲတမ္းလူႀကီးဆန္ရင့္က်က္တဲ့ပုံဖမ္းေနေပမဲ့
တကယ္တမ္းဆို ဂ်ီက် ၊ ဂ်စ္တိုက္တတ္ကာ
ကေလးဆန္လြန္းလွသည္။

သို႔ေသာ္လည္း Shua အေပၚဆို ေႏြးေႏြးေထြးေထြး
ဆက္ဆံေပးကာ ျပဳံးေပ်ာ္ေစသူ...

Shua အတြက္ဆို ဘာမဆိုလုပ္ေပးမည္ ဆိုသည့္သူျဖစ္သည္။

တကယ္ဆို Shua က ခံစားခ်က္ေတြကို
ေတာ္႐ုံေဖာ္ျပတတ္သူမဟုတ္ေပမဲ့

စိတ္ထဲ႐ွိတဲ့အတိုင္း ေဖာ္ျပ ေျပာဆို ဆက္ဆံခဲ့တာဆိုလို႔
'သူ' ၿပီးရင္ Seokmin သာ႐ွိသည္။

(A/N 'သူ' တစ္စုံတစ္ဦး ကိုရည္ၫႊန္းပါသည္။)

ထို႔ေၾကာင့္ပင္ Seokmin ႏွင့္ပတ္သက္၍
Shua ၏ ခံစားခ်က္တို႔အား အႀကိမ္ႀကိမ္အဖန္အဖန္ဆန္းစစ္ေနမိသည္။

____________________

" အစ္ကို ...
Company ႏွစ္ပတ္လည္ေန႔ Dinner တက္မွာမလား? "

" အင္း...အစက မတက္ဘူးလုပ္ထားတာ

Hangyeol Hyung က
မတက္မျဖစ္တက္ေပးပါဆိုလို႔..."

" အဲဒီေန႔က်ရင္ အျပန္ေနာက္က်မွာ...

ပြဲလုပ္မဲ့ေနရာနဲ႔ အစ္ကို႔ အိမ္ကေဝးေတာ့

ကြၽန္ေတာ့္အိမ္မွာပဲ အိပ္လိုက္ၿပီး အိမ္ကေနပဲ
႐ုံးသြားၾကမလား? "

" အင္း...အဲ့လိုပဲ လုပ္လိုက္ၾကမယ္ေလ။

ဒီေန႔ နည္းနည္းပင္ပန္းေနလို႔ ခဏအိပ္လိုက္ဦးမယ္..."

Seokmin ကားေမာင္းရင္း ၾကည့္မိေတာ့...

အစ္ကို က ဒီရက္ေတြအတြင္း
အလုပ္ေၾကာင့္မဟုတ္ပဲ...

တစ္စုံတစ္ခုေသာအေၾကာင္းေၾကာင့္
စိတ္ပင္ပန္းေနသည့္ပုံပင္...

Seokmin ခ်စ္ရတဲ့ အစ္ကို႔ အတြက္
ဘာမွမလုပ္ေပးႏိုင္တာ စိတ္မခ်မ္းသာပါ...

အစ္ကို႔ ကို သူ ေပ်ာ္႐ႊင္ေစခ်င္သည္

အစ္ကို ျပဳံးေနတာပဲ သူ အၿမဲေတြ႕ခ်င္သည္

အစ္ကို႔ ကို သူ႕အခ်စ္ေတြနဲ႔ ေအးခ်မ္းေစခ်င္သည္

တကယ္ဆို... Seokmin ရဲ႕စိတ္ကို
အစ္ကို ရိပ္မိသိ႐ွိေနေလာက္ေပမဲ့

သူ ဖြင့္ေျပာဖို႔မရဲပါ...

အစ္ကို က သူ႕စိတ္ခံစားခ်က္ကို ေတာ္႐ုံတန္႐ုံ
ေဖာ္ျပတတ္သူမဟုတ္‌ေတာ့

ဘယ္‌ေလာက္ပဲ ေခတ္လူငယ္ျဖစ္ပါတယ္ေျပာေျပာ

ေယာက်္ားေလးႏွစ္ေယာက္ ရဲ႕ ခ်စ္ျခင္းအေပၚ
အစ္ကို႔ ရဲ႕ သေဘာထားဘယ္လို႐ွိလဲ သူ မသိရပါ။

Seokmin အေနနဲ႔လဲ သူ႕ဘဝတစ္ေလွ်ာက္မွာ

ဘယ္ေယာက်္ားေလးကိုမွ ခ်စ္ခဲ့ဖူးျခင္းမ႐ွိခဲ့ပဲ

သူခ်စ္မိတဲ့သူ က အစ္ကို ျဖစ္ေနခဲ့ျခင္းအတြက္

သူ ဘယ္ေတာ့မွ ေနာင္တ ရမည္မဟုတ္ေၾကာင္း

အစ္ကို သိေအာင္ ေျပာျပခ်င္မိပါသည္။

TBC

A/N ' သူ ' က ေနာက္အပိုင္းမွာလာပါမယ္ေနာ္

ဒီ fic ေလးက ကိုယ္ ပထမဆုံး Publish လုပ္ျဖစ္တဲ့
Fic ေလးမို႔ ‌ဖတ္ေပးၾကတဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းကို
ေက်းဇူးအမ်ားႀကီးတင္ပါတယ္႐ွင္ 😍😘

ကေလးႏွစ္ေယာက္ကိုလဲ အတတ္ႏိုင္ဆုံး
သူတို႔ရဲ႕ အျပင္ Character အတိုင္းပုံေဖာ္ထားပါတယ္။

တကယ္လို႔မ်ား
ပုံေဖာ္တဲ့ေနရာမွာလိုအပ္တာေတြ႐ွိသြားခဲ့ရင္

Plot အရ ဖန္တီးရတဲ့အခါ
စိတ္အခန္႔မသင့္စရာမ်ား႐ွိသြားခဲ့ရင္

နားလည္ေပးၾကပါလို႔ေျပာခ်င္ပါတယ္။

က်န္းမာေရးေၾကာင့္ေရာ
စိတ္အေျခအေနမေကာင္းတာေၾကာင့္ေရာ

ဒီအပိုင္းကို ေရးဖို႔ အေတာ္ေလးႀကိဳးစားလိုက္ရပါတယ္။

ဖတ္ၿပီးတဲ့အခါ ေဝဖန္အၾကံျပဳေပးၾကပါဦး႐ွင္

‌ခ်စ္တဲ့ 🧡



Continue Reading

You'll Also Like

795K 29.5K 97
𝐀 𝐒𝐌𝐀𝐋𝐋 𝐅𝐀𝐂𝐓: you are going to die. does this worry you? ❪ tua s1 ⎯⎯⎯ 4 ❫ © 𝙵𝙸𝚅𝙴𝙷𝚇𝚁𝙶𝚁𝙴𝙴𝚅𝙴𝚂...
1.5M 26.5K 55
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
1M 33.7K 80
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
673K 22K 80
Follow the story of Cathy Potter as she and the entire school of Hogwarts sees what their future has in store for them... Best Rankings: #3 - Lily Ev...