ကိုယ် မင်းကို ဘယ်လိုဖွင့်ပြော...

By Azure5549

143K 15.6K 460

How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလ... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 2
3 - 4
5 - 6
7 - 8
9 - 10
11 - 12
13 - 14
15 - 16
17 - 18
19 - 20
21 - 22
23 - 24
25 - 26
27 - 28
29 - 30
31 - 32
33 - 34
35 - 36
37 - 38
39 - 40
41 - 42
43 - 44
45 - 46
47 - 48
49 - 50
51 - 52
53 - 54
55 - 56
57 - 58
59 - 60
61 - 62
63 - 64
65 - 66
67 - 68
69 - 70
71 - 72
73 - 74
75 - 76
77 - 78
79 - 80
81 - 82
83 - 84
85 - 86
87 - 88
89 - 90
91 - 92
93 - 94
95 - 96
97 - 98
paid အကြောင်း
99 - 100
101 - 102
103 - 104
105 - 106
IQ team က ဘာသာပြန်တဲ့ အသစ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါ
107 - 108
109 - 110
111 - 112
113 - 114
115 - 116
117 - 118
hello
119 - 120
😢
121 - 122
123 - 124
125 - 126
127 - 128
hello
129
Chapter 130
131
132
133
134
လက်ဆောင်
135 - 136
137
138
140
141
142
143 & 144
145 - 146
147🛑 - 148
149 & 150
151
152 & 153
154 & 155
156 - 158
159 - 160
161 - 162
163 & 164
165 & 166
167 & 168
169 & 170
171 - 172
173 - 175
176 - 177
178 - 180
181 - 185
186 - 190
191 - 193
194 - 195
196 - 197
198 - 199
200 - 202
203 - 205
206 - 208
209 - 211 (End )
Extra 1 & 2

139

1.2K 155 5
By Azure5549

Chapter 139
Sue Xing NwayApril 17, 2023

Chapter 139

"ပျောက်သွားပြီ ..."

ကျိမြန်က အောက်ခံမိတ်ကပ် လိမ်းပြီးနောက် ပြန်လည်ဖြူဝင်းသွားပြီဖြစ်သော လည်တိုင်လေးကို ခပ်သာသာကိုင်ကာ နှမြောတသဖြစ်စွာဖြင့် ပြောလိုက်သည်။

ရှောင်ကျားရှုက သူ့ကို ခပ်စူးစူး စိုက်ကြည့်လိုက်သည့်တိုင် စိတ်ထဲတွင်မူ ချော့မော့သည့်လေသံဖြင့် တီးတိုးပြောလိုက်မိဆဲဖြစ်သည်။

ပြန်ရောက်ကာကျမှ စိတ်ကြိုက် ပြန်လုပ်ခိုင်းမယ်လေ လုပ်ချင်သလောက်သာလုပ် ဟုတ်ပြီလား ...

ဒါက မင်းနှုတ်ခမ်းကနေ ဘာတွေ ပွစိပွစိ ပြောနေသလဲ ဆိုတာ ဖြစ်ရမယ် မင်းခန္ဓာကိုယ်ကတော့ ရိုးသားသားပဲ ...

ကျိမြန်က သူ၏ လုံးဝန်းနေသော နားသန်သီးများကို ဆိတ်ဆွဲကာ ခပ်ဟဟ ရယ်မောလိုက်သည်။

ရှုထျန်းယု၏ "လှပမှု" ကို ဖော်ပြနိုင်ရန် အလို့ငှာ ဇာတ်ညွှန်းထဲတွင် San Dui ကို အသုံးပြုထားပြီး ၎င်းမှာ တရားဝင် ဇာတ်ကောင်စရိုက် ဖြစ်လာတော့သည်။ စတိုင်လစ်က သူ့မျက်ခုံးကို နားထင်ရှိရာသို့ အလျားလိုက် ပျံသန်းနေသည့် ဓားတစ်လက်နှယ် တစ်ဖြောင့်တည်း ဆွဲပေးထားပြီး မျက်လုံးထောင့်စွန်းကို eyeliner ဖြင့် highlight လုပ်ပေးကာ  smoky color ကို ခပ်ဖျော့ဖျော့ ခြယ်သပေးလိုက်သည်။ နှုတ်ခမ်းတို့ကို ဂရိတ်ဖရုသီးရောင် ဆိုးပေးထားပြီး ဆံပင်ကို အနည်းငယ်ကောက်ကာ လက်ချောင်းများကို သုံးလျက် ပုံသွင်းပေးလိုက်သည့်အခါ အနည်းငယ် ပွ‌ယောင်းယောင်းနှင့် ဖရိုဖရဲ ဖြစ်နေသည့်တိုင် စတိုင်လည်း မိမိုက်သွား‌တော့သည်။

ထို့နောက် မိတ်ကပ်များ ပျက်မသွားရန် အလို့ငှာ loose powder တစ်လွှာ အုပ်ပေးလိုက်ပြီးကာမှ စတိုင်လစ်က နောက်အနည်းငယ် ဆုတ်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

"ဘယ်လိုလူကများ "pretty bitch" ဆိုတာနဲ့ ကိုက်ညီနိုင်မှာလဲလို့ တွေးခဲ့တာ အခု ရှောင်အာ့ရှောက်ကို မြင်မှပဲ သဘောပေါက်သွားတော့တယ် ..."

မှန်ထဲကို ကြည့်နေသည့် ရှောင်ကျားရှုမှာမူ အားလုံးက မှားယွင်းနေသည်ဟုသာ ခံစားလိုက်ရတော့သည်။

မျက်နှာက တအားကြီး ဖြူလွန်းမနေဘူးလား နှုတ်ခမ်းတွေကလည်း ကြည့်ပါဦး သွေးတွေလားကျလို့ နီရဲနေတာပဲ မျက်လုံးက အရင်ကတည်းကမှ ရှည်ရှည်ကျဉ်းကျဉ်းပါဆို eyeliner ဆွဲလိုက်တော့ မြေခွေးမျက်လုံးနဲ့တောင် တူနေပြီ နည်းနည်းတောင် နတ်ဆိုး‌ဆန်နေ‌သလိုပဲ မေးစေ့တွေ၊ နဖူးတွေ၊ နှာခေါင်းတွေပေါ်က ရွှေရောင်အမှုန့်တွေကရော ဘာကြီးလဲ မြင်ရတဲ့သူတိုင်း မျက်စိကန်းကုန်တော့မှာပဲ ...

ကျိမြန်ဘက်သို့ လှည့်ကြည့်လျက် မရေမရာဖြင့် မေးလိုက်သည်။

"ကျိကော ဒါက ကြည့်လို့ရော ကောင်းရဲ့လား အရမ်းကြီး အလွန်အကျွံ ဖြစ်မနေလွန်းဘူးလား ..."

ကျိမြန်က သူ့ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးကာမှ အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။

"ကိုယ်တောင် hard နေပြီ မင်းက အခုထိ ကြည့်ကောင်းပါတယ်ဆိုတာကို မယုံနိုင်သေးဘူးလား ..."

ကျိကောက ဒီမနက် နိုးလာကတည်းကကို ထူးဆန်းနေတာ ဘာလို့ သူပြောသမျှတိုင်းက ရှက်စရာကောင်းနေရတာလဲ မဟုတ်သေးဘူး မနေ့ကတည်းက ဒီလိုဖြစ်နေတာထင်တယ် ကြည့်ရတာ နောက်ဆုံးမှာ အတူတူ ရှိနိုင်ပြီဆိုပြီး ပုံစံ

ပုံစံအစစ်အမှန်တွေကို ထုတ်ပြလာတာများလား ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ မရိုးစင်းတဲ့ကျိကော ဖြစ်နေရင်တောင်မှ သူ့ကို အရမ်းအရမ်း ကြိုက်မိနေတုန်းပဲ ကျိကောက ဟိုးအရင်ကတည်းကကို ချောမောခန့်ညားပြီး ဆွဲဆောင်မှု ရှိခဲ့တာ ဆိုပေမယ့် အခုကျ ပိုပြီးတော့ကို ယစ်မူးရီဝေစရာ ကောင်းနေပြီ ...

ကျိမြန်ကို အားနည်းဖျော့တော့စွာ လှည့်ကြည့်ပြီးနောက် မှန်ထဲတစ်ဖန် ပြန်ကြည့်လိုက်သည့်အခါတွင်မူ ပျော်ရွှင်သွားရတော့သည်။

ဒီပုံစံက တကယ် အဆင်ပြေလို့များလား ...

ကျောက်ချွမ်က သူ့ကို နှစ်ကြိမ်တိုင် လှည့်ပတ်ကြည့်ကာ ခေါင်းငြိမ့်လျက် ပြောလိုက်သည်။

"အိုကေ ဒီပုံစံက အရမ်းကောင်းတယ် မိတ်ကပ်က နည်းနည်းထူတယ် ဆိုပေမယ့် ငါတို့က မှောင်နေတဲ့ ဘားထဲမှာ ရိုက်ကူးရေး လုပ်ရတာလေ ခေါင်းပေါ်မှာလည်း မီးရောင်စုံတွေ အများကြီး တကယ်လို့ မိတ်ကပ်ကိုသာ ထူထူလိမ်းမထားရင် လိုချင်တဲ့ရလဒ် ထွက်လာမှာ မဟုတ်ဘူး နောက်ပိုင်းကျ ဘားမှာထိုင်တဲ့ပုံ နည်းနည်းလောက် ရိုက်လိုက်ဦး ငါထင်တယ် ဒီပုံတွေကို ပရိုမိုးရှင်းဆင်းတဲ့အချိန်မှာ အဓိကပိုစတာအဖြစ် သုံးလို့ရလောက်မယ် ..."

"အိုကေ ..."

ရှောင်ကျားရှုက မတ်တပ်ထရပ်မည် ပြင်လိုက်စဉ်မှာပင် ကျောက်ချွမ်က စိတ်ကိုပြောင်းကာ ပြောလိုက်သည်။

"မင်းနဲ့ ကျိကော အတူတူ တွဲရိုက်သင့်တယ် ဒါဆို ပိုပြီး ထိရောက်မယ်ထင်တယ် ရှောင်လျန် ကျိကောရဲ့ look အတွက် ဒီဇိုင်းထုတ်ပြီးပြီလား ..."

စတိုင်လစ်က တက်တူးပုံအပြည့်ဖြင့် စာအုပ်တစ်အုပ်ကို အလျင်အမြန် ထုတ်ပြကာ ပြောလိုက်သည်။

"အကုန် စီစဉ်ပြီးသားပါ အခုပဲ ဆွဲလိုက်ကြမလား ..."

"အခုပဲ ဆွဲလိုက် ‌သူတို့နှစ်ယောက်ကိုသာ တစ်ပုံတည်း တွဲရိုက်ပေးလိုက်ရင် တစ်ယောက်တည်း ရိုက်တာထက် အဆတစ်ရာလောက် ပိုပြီး ကောင်းသွားလိမ့်မယ် ..."

ကျောက်ချွမ်က အသေအချာ ပြောလိုက်သည်။ ထိုသူနှစ်ဦးမှာ မီတာအနည်းငယ်ခန့် ကွာဝေးနေသည့်တိုင် အကြည့်တို့က အဓိပ္ပါယ် သတ်မှတ်၍ မရသည့် ပူလောင်မှုနှင့် မရေရာလှသည့် အနက်အဓိပ္ပါယ်တို့ ရောယှက်နေကာ နှစ်‌ယောက်အတူတူ frame တစ်ခုတည်း ရှိလေတိုင်း လွန်စွာ chemistry မိမှုကို သိသိသာသာ ခံစားရပေသည်။

ကျိမြန်အနေဖြင့်လည်း ရှောင်ကျားရှုနှင့် ဓာတ်ပုံတွဲရိုက်ရန် လက်မခံနိုင်စရာအကြောင်းမရှိ။ ချက်ခြင်းပင် အင်္ကျီကိုချွတ်ကာ ကြံ့ခိုင်လှသည့် ခန္ဓာကိုယ်အပေါ်ပိုင်းကို လှစ်ဟပြလိုက်သည်။

တင်းကျင်းစုန့်မှာ ဂိုဏ်းခေါင်းဆောင် ဖြစ်သည့်အလျောက် သူ့ကို မိတ်ကပ်အထူကြီး လိမ်းပေးရန် မလိုအပ်၊ foundation အနည်းငယ် လိမ်းရုံမျှဖြင့်ပင် လုံလောက်ပေသည်။ ကျိမြန်၏ မူလရုပ်သွင်ကပင်လျှင် အေးစက်ရင့်ကျက်ကာ မျက်နှာအချိုးအစား ရှင်းလင်းပြီး ပန်းပုရုပ်ထုတစ်ခုနှယ် ချွန်ထက်ပြတ်သားလှရာ ဈေးကြီးသည့် အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်လျက် အရယ်အပြုံးမဲ့စွာ မတ်တပ်ရပ်နေရုံမျှဖြင့်ပင် သန်မာအားကောင်းလှသည့် အရှိန်အဝါတို့ကို ထုတ်လွှင့်မိလျက်သား ဖြစ်နေတော့သည်။

ဇာတ်ကောင်စရိုက်နှင့် မကိုက်ညီသည့်အရာဟူ၍ တက်တူးတစ်ခုသာ ရှိပေတော့သည်။ သူ့ကိုယ်ပေါ်တွင် တက်တူးတစ်ခုမှ မရှိ။ ဂိုဏ်းခေါင်းဆောင်တို့မည်သည် သူတို့ကို ကိုယ်စားပြုနိုင်သော ပြောင်‌မြောက်သည့်တက်တူးများကို ကိုယ်စီပိုင်ဆိုင်ထားရာ စတိုင်လစ်က သူ့ကိုယ်ပေါ်သို့ မင်ဖြင့် ဆွဲပေးလိုက်ရတော့သည်။

"မစ္စတာကျိ ဒါက ကျွန်တော်ဆွဲထားတဲ့ တက်တူးဒီဇိုင်းတွေပါ နည်းနည်းလောက် ရွေးချယ်ပေးပါဦး ..."

စတိုင်လစ်က ကျိမြန်၏ သေသပ်လှသည့် ဗိုက်ကြွက်သားရှစ်ခုနှင့် ဝိုးတဝါး မြင်နေရသော ရေသူမကောက်ကြောင်းတို့ကို သွားရည်တမြားမြား ကျနေသော အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။

ကျိမြန်က စာအုပ်ကို ကောက်ယူကာ လှန်လှောကြည့်လိုက်၏။ မူလကမူ ပုံအချို့ကို ကျပန်းရွေးချယ်လိုက်မည်ဟု တွေးထားခဲ့သော်ငြား သွေးကြောတို့ကြား ယှက်နွယ်နေသည့် သစ်ပင်ပုံကို တွေ့လိုက်ရသည့်အခါ ချက်ခြင်း အခိုင်အမာ ပြောလိုက်တော့သည်။

"ဒီဟာ ..."

ရှောင်ကျားရှုက အနားအထိ တိုးလာပြီး ကြည့်လိုက်ကာ အဓိပ္ပါယ်ကို သိလိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာတစ်ခုလုံး နီရဲသွားတော့၏။ ကျိကော၏ နောက်ကျောပေါ် မှီချကာ လက်တို့က လည်တိုင်ကို ချိတ်ဆွဲလျက် နှုတ်ခမ်းတို့ဖြင့် နားရွက်ကို ဖိကပ်ကာ ပြောလိုက်သည်။

"ဘာလို့ သစ်ပင်ကြီးလဲ နည်းနည်း ရုပ်ဆိုးသလိုကြီးကို ..."

"ရုပ်မဆိုးပါဘူး ..."

သူ၏ ဖြူဖွေးနူးညံ့နေသော မျက်နှာလေးကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည့် ကျိမြန်၏ အကြည့်တို့မှာ တောက်ပမှုတို့ ပြည့်လျှံနေသည်။

"သစ်ပင်ကို ရစ်ပတ်ထားတဲ့ သွေးကြောတွေ ... တောိတော်လေး စိတ်ကူးကောင်းတာပဲ ..."

ရှောင်ကျားရှုက သူ့လည်တိုင်အကြား ခေါင်းဝှက်ထားလျက် တိတ်တိတ်လေး ခိုးရယ်လိုက်သည်။

ဟုတ်တယ် သူ့ဘဝကြီးကို ကျိကောနဲ့ ရစ်ပတ်နှောင်ဖွဲ့လိုက်ပြီ သွေးကြောတွေကို ဆွဲထုတ်ပစ်တာမျိုး ဒါမှမဟုတ် သစ်ပင်ကို ခုတ်ပစ်တာမျိုး မလုပ်သရွေ့ သူတို့နှစ်ယောက်လုံး ဘယ်သူကမှ စွန့်ခွါချင်မှာ မဟုတ်ဘူး ...

ကျိမြန်က သူ့ကို နူးနူးညံ့ညံ့လေး စိုက်ကြည့်လိုက်ပြီးကာမှ စတိုင်လစ်ကို ပြောလိုက်သည်။

"ဒီတစ်ခုကို ယူမယ် ကျန်တာကတော့ မင်းစိတ်ကြိုက်သာ ဆွဲလိုက် ..."

တက်တူးတစ်ခုတည်းဖြင့်တော့ သေချာပေါက် လုံလောက်မည် မဟုတ်ချေ။ San Dui ၏ ဖော်ပြချက်အရ တင်းကျင်းစုန့်၏ တစ်ကိုယ်လုံး တက်တူးများဖြင့် ပြည့်နှက်နေကာ မြင်သူတိုင်းကို သွေးဆုတ်ဖြူလျော်သည်အထိ ကြောက်ရွံ့သွားအောင် စွမ်းဆောင်နိုင်သူဖြစ်သည်။

"ကောင်းပါပြီ ..."

စတိုင်လစ်က ခွေးစာတစ်လုပ်ကို အသံတိတ် မျိုချရင်း စုတ်တံကို ကောက်ကိုင်လျက် outline များကို ဆွဲလိုက်သည်။ အားလုံး ပြီးစီးသွားသည့်အခါ နောင်တစ်ချိန် ပြန်ဆွဲနိုင်ရန် အလို့ငှာ ကင်မရာဖြင့် ဓာတ်ပုံရိုက်ယူထားလိုက်၏။

ကျိမြန်က မတ်တပ်ရပ်ကာ သူ့ပုံကို မှန်ထဲမှတစ်ဆင့် ပြန်ကြည့်လိုက်သည်။ ယခင်ကတည်းက အရပ်ရှည်လျားလှသည့်အပြင် တစ်ကိုယ်လုံး ကြွက်သားတို့ဖြင့် ပြည့်နှက်နေရာ ရှုပ်ထွေးပွေလီကာ ကြောက်စရာကောင်းလှသည့် တက်တူးများပါ တွဲဖက်လိုက်သည့်အခါ အင်မတန် ထိတ်လန့်ဖွယ် ကောင်းသွားတော့၏။ အထူးသဖြင့် ခံစားချက်တို့ကို တမင်တကာ နက်ရှိုင်းကာ ရက်စက်သည့် အမူအယာကို ပြသလိုက်သည့်အခါ ခြိမ်းခြောက်သည့် ခံစားချက်တို့ ရုတ်ချည်း ရုန်းထွက်လာတော့သည်။

စတိုင်လစ်မှာ ချက်ခြင်းလက်ငင်းပင် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကာ စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်သည်။

မစ္စတာကျိက တကယ်ပဲ မြေအောက်လောကနဲ့ ဆက်စပ်နေတာလား သူ့အရှိန်အဝါက အရမ်းကို အင်အားကြီးတာပဲလို့ အမြဲတမ်း တွေးနေမိခဲ့တာ ...

ရှောင်ကျားရှု၏ နှလုံးခုန်သံမှာလည်း လုံးဝ မရပ်တန့်နိုင်တော့။ မသိလိုက်မသိဘာသာဖြင့်ပင် ကျိမြန်အနား ရောက်လာကာ ရင်ဘက်ကြွက်သားတို့ကို လက်ညှိုးဖြင့် တို့ကြည့်ရင်း ဝံ့ကြွားစွာ ရေရွတ်လိုက်သည်။

ငါ မတွေ့ဖူးသေးတဲ့ ကျိကောရဲ့ တစ်ဖက်ခြမ်းတွေ ဘယ်လောက်တောင် ရှိနေသေးတာလဲ ပြီးတော့ ဘာလို့ အားလုံးက ချောမောတဲ့အခြမ်းတွေပဲ ဖြစ်နေရတာလဲ ...

ကျိမြန်က သူ့လက်ချောင်းကို ဆုပ်ကိုင်ကာ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။

"ကိုယ့်ကို စာ‌နည်းနည်းလောက် ကူရေးပေးဦး ..."

"ဘာရေးပေးရမှာလဲ ..."

ရှောင်ကျားရှုက သူ့ကို ပွေ့ဖက်လိုက်ချင်သော်ငြား မင်များ ပျက်သွားမည်ကိုလည်း စိုးရိမ်မိပြန်သည်။

"XJS လို့ ရေးပေး ..."

ကျိမြန်က ဘယ်ဘက်ရင်အုံရှိ သွေးကြောတို့ဖြင့် ရစ်ပတ်ထားသော သစ်ပင်ပုံတက်တူးကို ညွှန်ပြလိုက်သည်။

"ဘယ်နားမှာ ရေးရမှာလဲ ဒီနားမှာလား ..."

ရှောင်ကျားရှုက ဘောပင်ကို ကောက်ကိုင်ကာ မရေမရာ ပြောလိုက်သည်။

"XJS ဆိုတာ ရှောင်ကျားရှုကို အတိုကောက်ရေးတာ မဟုတ်လား ..."

"ဟုတ်တယ် ..."

ကျိမြန်က ပြင်းပြင်းပြပြ ပြန်ဖြေလိုက်သည်။

"မင်းနာမည်ကို ကိုယ့်နှလုံးသားပေါ်မှာ ရေးပေး ပရိသတ်တွေ အကုန်လုံးကို မြင်စေချင်လို့ ..."

ဒီအိုင်ဒီယာက ရူးကြောင်ကြောင်နိုင်မလား သူ့အတွက်တော့ လုံးဝ မဟုတ်ဘူး သူ့အတွက်တော့ ဒါက ကျိုးကြောင်းဆီလျော်တဲ့ လိုအပ်ချက်တစ်ခုပဲ ...

ရှောင်ကျားရှုမှာ အတော်ကြာသည်အထိ ကြောင်အသွားကာ ထို့နောက်တွင်မှ ကျိမြန်၏ ခေါင်းကို ပွေ့ဖက်လျက် နှာခေါင်းနှင့် နှုတ်ခမ်းတို့ကို ခွေးပေါက်တစ်ကောင်နှယ် တဖွဖွ နမ်းနေလိုက်သည်။

ဒီတိုင်းသာ ဆက်သွားရင် ကျိကောကို ပိုပိုပြီး ချစ်လာလွန်းလို့ နှလုံးသားတစ်ခုလုံး ပေါက်ကွဲထွက်တော့မှာပဲ ...

ကျိမြန်က သူ့ကို တစ်ဖန် ပြန်နမ်းပြီးကာမှ ထပ်မံတောင်းဆိုလိုက်တော့သည်။

"လှလှလေးရေးနော် ..."

ရှောင်ကျားရှုက သူ့နာမည်‌ကို ကျိမြန်၏ နှလုံးသားပေါ် ဂရုတစိုက် ရေးပေးလိုက်ကာ မင်ခြောက်သည်အထိ လေမှုတ်ပြီးကာမှ နဖူးဖြင့် ခပ်ဖွဖွ ဖိထားလိုက်သည်။ ကျိမြန်ကလည်း သူ့ဆံပင်တို့ကို နူးနူးညံ့ညံ့ နမ်းရှိုက်ရင်း စတိုင်လစ်ကို တောင်းဆိုလိုက်သည်။

"ဒီပုံကို ဓာတ်ပုံထပ်ရိုက်ပြီး ငါ့ကို ပို့ပေးဦး ..."

ရှောင်ကျားရှုကို အမှတ်အသား ပေးသည့်နှယ် ဤပုံကိုလည်း ထာဝရ ရိုက်နှိပ်ထားလိုပေသည်။

ခွေးစာတို့ ဝလင်နေအောင် စားထားရသည့် စတိုင်လစ်က အလျင်အမြန် ဓာတ်ပုံရိုက်ပေးပြီးနောက် သူ့နှလုံးသားတစ်ခုလုံး ခံစားချက်ပေါင်းစုံ ရောထွေးပေါ်ပေါက်လာတော့သည်။ ယခင်က ဂေးအသိုင်းအဝိုင်းတွင် အချစ်စစ်ဟူ၍ မရှိ၊ လိုအင်ဆန္ဒတို့သာ ရှိကာ လူတိုင်း မည်သူနှင့်မဆို အိပ်နိုင်ကြပြီး ဇာတ်လမ်းပြီးသည်နှင့် တစ်ပြိုင်နက် နောက်ထပ်ပစ်မှတ်ကို ရှာဖွေကြသည်ဟုသာ ထင်ထားခဲ့သော်ငြား ကျိမြန်နှင့် ရှောင်ကျားရှုတို့ကို တွေ့လိုက်ရသည့်အခါ အချို့ခံစားချက်တို့မှာ အပေါ်ယံ မြင်ရသလို မရိုးရှင်း၊နှလုံးသားမှသည် စိတ်ဝိဉာဉ်ဆီသို့ တိုက်ရိုက်ရောက်ရှိသွား‌တတ်ကြောင်း သဘောပေါက်သွားတော့သည်။

ထိုသူနှစ်ဦးသာ လမ်းခွဲပြတ်စဲခဲ့ပါလျှင် သူ့အဖို့ အချစ်ကို နောက်တစ်ကြိမ် ထပ်မံ၍ ယုံကြည်နိုင်တော့မည် မဟုတ်ချေ။

"ကျိကော ကျွန်တော့်အတွက်လည်း တစ်ခု ရေးပေးဦး ဒီနားလေးမှာ ..."

ရှောင်ကျားရှုက တစ်ဖက်လှည့်ကာ အင်္ကျီကို မ လျက် အလွန်အမင်း ညှို့အားပြင်းသည့် ခါးသိမ်သိမ်လေးကို လှစ်ဟပြလိုက်သည်။ စာရေးပြီးနောက် သူသည်လည်း မင်ဖြင့် တက်တူးဆွဲကာ ဓာတ်ပုံရိုက်လိုစိတ်များ ဖြစ်ပေါ်လာ‌မိတော့သည်။

သူ့တစ်ဘဝလုံးကို ကျိကောနဲ့ နှောင်ဖွဲ့ထားနိုင်တယ် ပြီးတော့ ဒါက သူ့ကို ‌ကျိကော ပိုင်ဆိုင်ကြောင်း သက်သေအထောက်အထားလေ တကယ်လို့ တစ်ယောက်ယောက်ကများ သူ့ကိုလာပြီး ‌ဖျားယောင်းရင် အင်္ကျီခါးကို လှန်ပြပြီ "ငါ့မှာ ပိုင်ရှင်ရှိပြီးသား  တစ်ခြားတစ်ယောက်ကို သွားရှာ ငါက လုံးဝ ဖောက်ပြန်မှာ မဟုတ်ဘူး" ဆိုပြီး ပြောလိုက်ရုံပဲ ...

သူ့ဦးနှောက်၏ အတွေးတို့က ရပ်တန့်မသွား။ တွေးလေလေ သူ့ကိူယ်သူ ကမ္ဘာ့အကောင်းဆုံးချစ်သူဟု ခံစားမိလာလေဖြစ်သည်။

ငါ့ထက်ကောင်းတဲ့ ချစ်သူမျိုး ကျိကော ဘယ်လိုမှ ရှာနိုင်မှာ မဟုတ်ဘူး ...

ကျိမြန်၏ နှလုံးသားတစ်ခုလုံး ပူပြင်းလာကာ သူ့ဘောင်းဘီကို အနည်းငယ် ဆွဲချလျက် ခါးအချိုင့်လေးကို အသာနမ်းကာ ရယ်မောလိုက်သည်။

"မင်း ခါးလေးက မဖျက်ဆီးရက်လောက်အောင်ကို ချစ်စရာလေး ကိုယ် တစ်ခုခု ရေးလိုက်မယ် ကျိမြန်ဆိုတော့ JM ပေါ့ ရလား ..."

"ရတယ် ..."

ရှောင်ကျားရှုက ခေါင်းငြိမ့်ပြလိုက်သည်။

ကျိမြန်က JM ကို လက်ရေးလှစာလုံးဖြင့်ရေးကာ သူ့ဖုန်းဖြင့် ကိုယ်တိုင် ဓာတ်ပုံရိုက်ယူထားလိုက်သည်။ သူသည် စုံတွဲတက်တူးများမှာ အဓိပ္ပါယ်မရှိလှဟု အမြဲလိုလို ထင်မှတ်ခဲ့သူဖြစ်သည်။

ဒီလူနဲ့ ဘယ်လောက်ကြာကြာ တွဲနိုင်မယ်လို့ ဘယ်သူက ပြောနိုင်မှာလဲ အနာဂတ်မှာ လမ်းခွဲသွားရရင် ဒါကြီးက ဖျက်လို့မရတဲ့ အမည်းစက်ကြီး ဖြစ်နေမှာလေ ...

ယခုမူ သူ့အတွေးတို့ လုံးဝဥဿုံ ပြောင်းလဲသွားရတော့၏။

အကယ်၍ ထာဝရ အတူတူ လက်တွဲသွားမည့်သူနှင့် တွေ့ခဲ့ပါလျှင် သူ့ကို အမှတ်အသား‌ ပေးချင်ကာ သူ့ဘက်မှ အမှတ်အသား ပေးလာမည်ကိုလည်း မုချ လိုလားလာမည်ဖြစ်သည်။ ထိုအမှတ်အသားက လက်ရှိ ရှိနေသူကို လက်မလွှတ်ရန်နှင့် ထိုစဉ်က ခံစားချက်တို့ကို မေ့ဖျောက်မပစ်ရန် အသိပေးနေလိမ့်မည်။ ၎င်းမှာ အလွန်အမင်း စိတ်ကြည်နူးအေးချမ်းဖွယ် ကောင်းလှကာ ကျိမြန်မှာလည်း စိတ်နှလုံး‌ အေးချမ်းမှုကို တစ်သက်လုံး ရှာဖွေနေခဲ့သူ ဖြစ်ပေသည်။

Xxxxxxxxxx






Continue Reading

You'll Also Like

399K 54.7K 55
Original Title;重生后我只想咸鱼 English Title;After Rebirth , I Just Want To Be A Salted Fish Original Author;雕雕子(Diao Diao Zi) This is Pure Fan Translation...
176K 18.4K 33
Title - 替婚 ( Substitute Marriage ) Original Author- 新苗/XinMiao English Translator - Oceanpuff Total Chapters - 60 Chapters ☆I don't own this novel,I...
240K 27.5K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
41.7K 3.8K 25
Author : 神田洛 12 Chapters (completed) Original Publisher jjwxc English translation Novel updates Associated Names SCGL 配角生存指南 This is a fan translat...