Titleless

By YunjaeminCassiopeia

260 23 1

Titleless = ခေါင်းစဉ်မဲ့ စာရေးသူရဲ့ အပျင်းကျမှုတစ်ခုလဲ ဖြစ်သလို တစ်ချို့သော ချစ်ခြင်းတွေက ခေါင်းစဉ်တွေ အကြောင... More

2: မျဉ်းတစ်ကြောင်း
3: နောက်ကျခဲ့ပြီလား

1:ပထမဆုံးသော

183 13 0
By YunjaeminCassiopeia

ဆောင်းအကုန် နွေအကူး၏ လေညှင်းတို့က
တောင်ကုန်းငယ်ထက်တွင် ပိုမိုစွာ အေးစိမ့်စိမ့်လွှမ်းခြုံထားသည့်နေ့။

အနက်ရောင်အနောက်တိုင်းဝတ်စုံတွေအပြည့်ဝတ်ဆင်ထားသည့်လူတွေက
တရှိရို (Tashiro)မိသားစုအပိုင် သင်္ချိုင်းဝန်းထဲမှာပြည့်နှက်လို့နေလေသည်။
ချက်ချင်းပင် ရွာချတော့မည်ဟန်ပြင်နေသည့် အုံ့မှိုင်းနေသော တိမ်ညိုတို့ကပင်
ကြေကွဲစရာ မြေချ အခမ်းအနားကို အထောက်အပံ့ပေးနေသည်နှယ်။
အားလုံးသောလူတွေရဲ့ရှေ့တွင် လူငယ်လေးတစ်ယောက်သည် နုငယ်သော မျက်နှာလေးထက်က
ဝမ်းနည်းကြေကွဲမှုတွေကို ဖိနှိပ်ဖို့ ကြိုးစားနေသည့်နှယ် နှုတ်ခမ်းအစုံကိုတင်းတင်းစေ့ကာ
အရိုးပြာသွင်း ကျောက်တိုင်ရှေ့  ခပ်မတ်မတ်ရပ်လို့နေလေသည်။

အဖြူရောင် ဂန္နာမာပန်းတွေ နေရာတကျ ဖြစ်ပြီးသည့်နောက်
မျက်စိရှေ့ ကျောက်တိုင်ထက်က နာမည်တို့ကိုသာ အကြည့်မလွှဲသေးသည့် လူငယ်လေးအား

"သခင်လေး ပြန်ကြရအောင်....ဂူသွင်းအခမ်းအနားပြီးပြီလေ"
"အင်း ပြန်ကြတာပေ့ါ"

အသက်အရွယ်အစုံလူတိုင်း၏ ခါးညွတ်ပြီးအရိုအသေပေးက လမ်းရှင်းပေးလိုက်သည့် လျှောက်လမ်းအတိုင်း
လူငယ်လေးကတရွေ့ရွေ့ထွက်ခွာသွားလေသည်။
"နှုတ်ဆက်ခဲ့ပါတယ် ဖေဖေ မေမေ"

Masato Tashiro
မစတို တရှိရို
တရှိရို ဂိုဏ်း ၏ ဆက်ခံသူ
မကြာခင် ခေါင်းဆောင်အဖြစ် ချီးမြှောက်ခံရမည့်သူ

ဂိုဏ်းခေါင်းဆောင် ကတိကဝတ်ပြု အရက်ခွက်ကို ကောက်မော့လိုက်ပြီးသည်နှင့်
နှုတ်ခမ်းများကို ခပ်တင်းတင်းစေ့ထားသည့် လူငယ်လေးဟာ
အအိုမိုးရီ နယ်(Aomori) ရဲ့ နံပါတ်တစ် ဂိုဏ်းတစ်ခုဖြစ်သော
တရှိရို ဂိုဏ်း၏ ဦးဆောင်သူ ဖြစ်လို့လာလေပြီ။

သို့သော် ငယ်လွန်းပါသေးတယ်။ အသက် ၁၅ နှစ်အရွယ် လူငယ်လေးအတွက်
ထောင်ပေါင်းများစွာသော သူ့ထက်ပင် အသက်နှစ်ဆမက ကြီးသော
တပည့်၊လူမိုက်တွေကို ချုပ်ကိုင်ပြီးလောင်းကစားဝိုင်း၊ကလပ်၊ဟိုတယ်တွေနဲ့မှောင်ခိုလုပ်ငန်းတွေကိုဦးစီးရတော့မည်။
အနက်ရောင် ရိုးရာဝတ်စုံ အောက်က ခန္ဓာကိုယ်သွယ်သွယ်။
တရှိရို ဂိုဏ်း၏ ဘယ်ဘက်လက်ဟု အမည်တွင်သော ခဲဂျိ(Keiji) က
မျက်စိရှေ့တွင် ကြီးပြင်းလာသော လူငယ်လေးအား
ယခုကဲ့သို့ အနေအထားဖြင့် မြင်တွေ့ရသည်က အနည်းငယ် စိတ်မသက်မသာဖြစ်နေမိလေသည်။

ယခင် ခေါင်းဆောင်ကြီး ရှိစဉ်ကလိုပင် မိမိ၏ ရှေ့တည့်တည့် နေရာယူ မတ်တပ်ရပ်နေသော
ညာဘက်လက်ဟု အများကဆိုကြသည့် မိုတို(Moto)သည်လည်း
အနည်းငယ် မတည်ငြိမ်နေတာကို တွေ့ရလေသည်။

ကံကောင်းစွာပင် ဂိုဏ်း၏ အကြီးဆုံးအင်အားများဖြစ်သည့်
မိမိရော မိုတို ပါ ဂိုဏ်း၏နေရာကို လုယူဖို့ ဆန္ဒမရှိကြခြင်း။
မိမိတို့ဘဝက တစ်ကနေ စကာ ကူညီကယ်တင်ပေးခဲ့သည့် ခေါင်းဆောင်၏ ဆန္ဒများကို
ဖြစ်မြောက်အောင် တာဝန်ယူကြရဦးမည်။

---------------------
"ခေါင်းဆောင်
တစ်ယောက်တည်း ကျောင်းသွားဖို့က အဆင်မပြေဘူးထင်တယ်နော်
ကျွန်တော် တို့ အနောက်က လိုက်ရမှ အဆင်ပြေလိမ့်မယ်"
"ခဲဂျိ
ကျွန်တော် တက္ကသိုလ်တက်ရင် အနောက်က မလိုက်ရဘူးလို့ ကတိပေးထားတယ်လေ
ပြီးတော့
ကျွန်တော့ ဒီပုံစံကို ဘယ်သူက တရှိရို လို့ထင်မှာလဲ"
ခေါင်းဆောင်၏ အပြောကြောင့်အနီးရှိတပည့်တွေအားလုံးက ခေါင်းဆောင်ဆီ မျက်လုံးရောက်လာကြသည်။
ရှပ်အင်္ကျီ အနက်ကွက် ခပ်မှိုင်းမှိုင်းနှင့် ဂျင်းဘောင်းဘီ အနက်ကို ခပ်ရှင်းရှင်းသာဝတ်ဆင်ထားပြီး
ဆံပင်ခပ်အုပ်အုပ်က အလုပ်လုပ်သည့်အချိန်နှင့် ကွာခြားစွာ အနည်းငယ် ဖွာလန်နေသည်။
မျက်နှာထက်တွင် မျက်မှန် ဝိုင်းဝိုင်းတစ်လက်က နေရာယူထားလေသည်။

နှစ်ကာလတစ်ချို့ကို ကုန်ဆုံးပြီးသည့်နောက်
မစတို အသက် ၂၀ ပြည့်ခဲ့လေပြီ။

ခဲဂျိတစ်ယောက် သက်ပြင်းချလိုက်ရင်း
"ဒါဆိုလည်း ကျွန်တော် တို့ ကျောင်းအပြင်မှာတော့ နေရာယူစောင့်နေပါ့မယ်တစ်ခုခုထူးတာနဲ့ ဖုန်းခေါ်ပေးပါ "
"အင်း ဟုတ်ပြီ"
ပိုင်ဆိုင်ထားသည့် ငွေကြေး အဆင်တန်ဆာများနှင့်လုံး၀ မအပ်စပ်သော ကျောပိုးအိတ် ခပ်နွမ်းနွမ်းကို လွယ်ကာ
ကားပေါ်တက်သွားသည့် ခေါင်းဆောင်၏ ကျောပြင်ကို ကြည့်ကာ
ဒီနှစ်တွေထဲ ကျင့်သားရလာသည့် အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်သော သက်ပြင်းကို ခဲဂျိ ချမိရတော့သည်။
မိခင် ဖခင်တို့နှင့်မတူဘဲ ဘာကြောင့်များ မစတို က နူးညံ့နေရသည်လဲ။

------------------------
တမ(Tama) အနုပညာတက္ကသိုလ်ဒုတိယနှစ် ကျောင်းသားလေး မစတို
အသက်၂၀ပြည့်လာသည်နောက် ဂိုဏ်းနှင့်ပတ်သတ်သည့် လက်ဆင့်ကမ်းအလုပ်တွေကြောင့်
သူ ကျောင်းကိုသိပ်မရောက်။
အနုပညာတက္ကသိုလ်ဖြစ်သည့်အားလျော်စွာ စာသင်ရသည့်အတန်းများထက်
လက်တွေ့အတန်းများက များသည့်ကြောင့်
မစတိုက ကျောင်းတက်ရတာ အနည်းငယ် ပျော်သည်။
အတန်းချိန်အပြင်၊ အတန်းချိန်မရှိသော အားလပ်ချိန် နာရီပိုင်းလေးတွေကအစ
လွတ်နေသည့် ပန်းချီခန်းထဲတွင် တစ်ယောက်တည်း ပန်းချီဆွဲရတာကို ခုံမင်သည်။
ပေါင်းသင်းရခက်သည့် ပုံစံဖြစ်ဟန်ပေါ်တာကြောင့်
မစတို ကို စကားစမည် ပြောမည်သူတောင်မရှိ။
ဒါလဲ တစ်ခုအဆင်ပြေလေသည်။
မစတို လို လူအတွက်က အပေါင်းအသင်းရှိလို့မဖြစ် ဟု ငယ်စဉ်ကပင်
ခေါင်းထဲရိုက်သွင်းခံထားရပြီးသားဖြစ်လေသည်။

မစတို တစ်ယောက်တည်း ရှိနေသည့် အချိန်မျိုးတွင်
သွားလေးရာ သယ်လေ့ရှိသည့် စာအုပ်အသေးလေးထဲ
မြင်တွေ့ခဲ့ရသည့် အရာဝတ္ထု၊ပန်း၊မြင်ကွင်းတို့ကို ပုံကြမ်းချဆွဲလေ့ရှိသည်ကြောင့်
ဘေးပတ်ဝန်းကျင်မှ လူများကိုလည်း စကားပြောနေဖို့ စိတ်ရှိမနေသည်မှာ အမှန်ပင်။

နာရီကို ငုံ့ကြည့်လိုက်တော့ အတန်းစရန် နာရီဝက်ခန့်မျှလိုသေးသည်။
ပုံဆွဲဖို့အတွက် လုံလောက်သည့် အချိန်လဲ မဟုတ်တာကြောင့်
ကော်ဖီတစ်ခွက်လောက်သာ သွားသောက်ဖို့ ကြံလိုက်သည်။

အပြင်စာ စားခွင့်မရှိသော အရင်အချိန်တွေထက်စာရင်
အခုအနေအထားက သိပ်မရင်းနှီးလှပေ။

အမြဲ အရသာမြည်းစမ်းချင်ခဲ့ဖူးသည့်
မလှမ်းမကမ်းတွင်ရှိသည့် ကော်ဖီကားလေးများ တည်ရှိရာနေရာကိုခြေလှမ်းတွေကို ဦးတည်လိုက်သည်။
နွေဦး ပေမို့ ရာသီဥတု မပူမအေး အနေအထား
ဆာကူရာပန်းတို့ ကြွေသွားသော်ငြား တခြားသော ပန်းမျိုးစုံက ကျောင်းဝန်းအတွင်း လှပစွာ ဖူးပွင့်လို့နေလေသည်။
ဆောင်းတစ်တွင်းလုံး ရိုးတံများသာ ရှိသော သစ်ပစ်တို့ကလဲဖူးသစ်သော အရွက်တို့ဖြင့် စိမ်းစိုကာကောင်းကင်ပြာပြာဖြင့် ပနံတင့်လှသည်။
စိတ်ကူးထဲတွင် တော့ ပန်းချီကားတစ်ချပ်အတွက် သက်ဆိုင်ရာ အရောင်များကို စပ်နေမိလေသည်။

လေညှင်း၏ ခပ်ပြေပြေရိုက်ခတ်မှုကြောင့် မစတို၏ အနည်းငယ်ရှည်သော ဆံပင်များက နဖူးထက် ဖြန့်ကျလေသည်။
မျက်မှန်ကို ချွတ်ကာ ဆံပင်ကို အနည်းငယ် ပြင်ဆင်လိုက်ပြီးနောက်
ကော်ဖီကားရှိရာကို မျက်နှာမူလိုက်စဉ်
မစတို ၏ ပထမဆုံးသော ရင်ခုန်သံကို ကောက်တွေ့ခဲ့လေသည်။
ကော်ဖီခွက် ကို လက်တွင်ကိုင်ကာ ခုံတန်းပေါ်ခြေထောက်ချိတ်ထိုင်နေရင်း
လွယ်ထားသည့် ဂစ်တာအိတ်ကို ဘေးချလိုက်သည်က အစ
ဆံပင်စတို့ လေအဝှေ့မှာ အနည်းငယ် ပြိုလဲသွားသည်ကအဆုံး
ထိုဆံပင်စတို့ကို နားအနောက်သို့ သပ်တင်လိုက်သည့်လက်ဖျားလေးတွေကပါ
မစတို ကို ဖမ်းစားသွားလေသည်။
ထိုသူ၏ အနောက်မလှမ်းမကမ်းတွင် ရှိနေသော နာရီတိုင်သည် မနက် ၁၀နာရီကို ညွှန်ပြနေခဲ့လေသည်။
နွေဦး၏ လေညှင်းက မစတို ထံ အချစ်ကို ခေါ်ဆောင်လာခဲ့လေသည်။
-----------------------------
အဟွတ်
မထင်မှတ်ထားသော အကြည့်ချင်းဆုံမှုကြောင့်
မစတို ဟာ သောက်လက်စ ကော်ဖီ သီးသွားရလေသည်။
တစ်ဖက်လူက ပြုံးရယ်လာက မိုးပြာရောင် လက်ကိုင်ပုဝါ အား ကမ်းပေးလာလေသည်။

"ဒီဆိုင်က ကော်ဖီက ပုံမှန်ထက်ပိုခါးတယ်"

ခါးတယ်?
ပထမဆုံး အကြိမ်ဖြင့် ဆိုလာသည့် စကားလေးဖြစ်သည်ကြောင့်
မစတိုက မအူမလည်ပင် ခေါင်းငြိမ့်လိုက်မိသည်ထင်။

"Latteလောက်သောက်ရင် တော့မဆိုးဘူး
ကိုယ်ကတော့ အခါးကြိုက်လို့လေ"

"ဒါနဲ့ မင်းက ဘယ်မေဂျာကလဲ..."

"နောက်မှ ထပ်တွေ့ကြတာပေါ့"

သူ့ကျောနောက်က သယ်ဆောင်သွားသည့် ဂစ်တာလေးအား မနာလိုစွာပင်
မစတို လိုက်ကြည့်နေမိလေသည်။

"ရင်း(Rin) "

တစ်လုံးတည်းသော နာမည်အား အကြိမ်ကြိမ် ရွတ်ဆိုရင်း
ရော်ရွက်ဝါရောင် စာအုပ်ငယ်တွင် နေရာယူသွားသော အပြုံးလေးများ
ဂစ်တာတစ်လက်
ထို့နောက် ကော်ဖီတစ်ခွက်......။

Continue Reading

You'll Also Like

12.7K 404 30
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
113K 5.1K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
1.2M 62.1K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...