The Challenge of Love (OC)

By Eaint_Shin_Sitt

360K 14.2K 722

ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှ... More

Introduction
Part (1) Uni/Zawgyi
Part (2) Uni/Zawgyi
Part (3) Uni/Zawgyi
Part (4) Uni/Zawgyi
Part (5) Uni/Zawgyi
Character Introduction
Part (6) Uni/Zawgyi
Part (7) Uni/Zawgyi
Part (8) Uni/Zawgyi
Part (9) Uni/Zawgyi
Part (10) Uni/Zawgyi
Part (11) Uni/Zawgyi
Part (12) Uni/Zawgyi
Part (13) Uni/Zawgyi
Part (14) Uni/Zawgyi
Part (15)Uni/Zawgyi
Part (17) Uni/Zawgyi
Part (18) Uni/Zawgyi
Part (19) Uni/Zawgyi
Part (20) Uni/Zawgyi
Part (21) Uni/Zawgyi
Part (22) Uni/Zawgyi
Part (23) Uni/Zawgyi
Part (24) Uni/Zawgyi
Part (25) Uni/Zawgyi
Part (26) Uni/Zawgyi
Part (27) Uni/Zawgyi
Part (28) Uni/Zawgyi
Part (29) Uni/Zawgyi
Part (30) Uni/Zawgyi
Part (31) Uni/Zawgyi
Part (32) Uni/Zawgyi
Part (33) Uni/Zawgyi
Part (34) Uni/Zawgyi
Part (35) Uni/Zawgyi
Part (36) Uni/Zawgyi
Part (37) Uni/Zawgyi
Part (38) Uni/Zawgyi
Part (39) Uni/Zawgyi
Part (40) Uni/Zawgyi

Part (16) Uni/Zawgyi

6K 320 12
By Eaint_Shin_Sitt

The Challenge of Love

Part (16)

"မာမား သမီးအပြင်သွားလိုက်ဦးမယ်နော် "

"ဒီတစ်ခါကဘယ်လဲ"

အိပ်ခန်းထဲမှာ ပါပါးရဲ့အင်္ကျီတွေကိုနေရာတကျချိတ်ပေးနေသောမာမားဆီသို့ အခန်းတံခါးဖွင့်ပြီးတွယ်တာလာပြောလိုက်သည်။

မာမားကပါပါးရဲ့အဝတ်ဗီရိုကိုပိတ်လိုက်ပြီးတွယ်တာ့ကိုလှည့်မေးလိုက်ပါသည်။

" ပန်းနုကဒီနေ့ သူတို့အိမ်မှာဟော့ပေါ့လုပ်ကျွေးမယ်လို့ပြောတယ် "

ကိုရန်ကြီးရဲ့ပွဲသွားကြည့်မယ်လို့ပြောရင် မာမားကသေချာပေါက်အပြင်ထွက်ခံမည်မဟုတ်ချေ။ ကိုကြီးကလည်းဒီနေ့ပါပါးနဲ့ကုမ္ပဏီမှာတစ်နေကုန်ရှိနေမည်ဟုမာမားသိထားပြီးသားဖြစ်သောကြောင့် ကိုကြီးလည်းသွားမကြည့်ဖြစ်တဲ့အတွက် ယောက်ျားတွေချည်းရှိတဲ့နေရာဘာသွားလုပ်မလဲဆိုပြီး မိန်းမကောင်းတရားတွေဟောတော့မည်ဆိုတာသေချာသည်။

ထို့ကြောင့်ဒီနေ့ပန်းနုနဲ့မတွေ့ဖြစ်လည်းပန်းနုအိမ်သွားမည်ဟုလိမ်ပြောလိုက်သည်။ ပန်းနုနဲ့လည်းမနေ့ညကတည်းက Messenger ကနေ
တိုင်ပင်ပြီးသားမို့အလိမ်ပေါ်မည်မဟုတ်။

"ဟော့ပေါ့လုပ်စားဖို့ကသမီးနဲ့မှအတူတူသွားဝယ်ကြတာမို့ကြာမှာနော်သိလား ဖုန်းတွေတွန်းဆက်မနေနဲ့ဦး ပန်းနုအိမ်ကနေဘယ်မှမသွားဘူးစိတ်ချ"

"အချိန်နဲ့အချိန်တော့ပြန်လာခဲ့လေဟယ် တစ်နေကုန်လျှောက်သွားနေလို့ဖြစ်မလား"

"မာမားကလည်း ညနေပြန်ရောက်ရင်ပြီးရောမလား သွားတော့မယ်"

နောက်တစ်ခွန်းပြန်ဖြေတာတောင်မစောင့်တော့ဘဲတွယ်တာ အိမ်ရှေ့သို့မြန်မြန်ထွက်ပြေးလေတော့သည်။

ဒီခါတော့ခိုးပြီးသွားကြည့်တာမဟုတ်သဖြင့် ပွဲလက်မှတ်ကို၂ရက်လောက်ကြိုဝယ်ထားသည်။ ကိုရန်ကြီးကမလိုဘူးသူပေးမယ်ပြောပေမဲ့တွယ်တာကတော့မရပါ။ သူမကိုယ်တိုင်ပဲလိုင်းပေါ်ကနေလက်မှတ်ရအောင်ဝယ်လေသည်။

ခါးကျော်တဲ့အဖျားကောက်သောဆံပင်ရှည်တွေကိုကျောဘက်မှာဖြန့်ချထားလျှက် ဂျင်းဘောင်းဘီအောက်ရှူးအကြပ်ကလေးကို ပန်းနုရောင်ရှပ်အင်္ကျီလက်ရှည်နှင့်တွဲဝတ်ထားပြီး အဖြူရောင်သားရေအိတ်ထဲမှာဖုန်းနဲ့ကားသော့ထည့်၍ ပွဲကျင်းပမည့်အဆောက်အဦးထဲသို့ဝင်လာလိုက်သည်။

တွယ်တာဝင်လာလျှင်လာချင်း အဖြူရောင်ရှပ်အင်္ကျီကိုစတိုင်ပန်ခဲရောင်နှင့်ဝတ်ထားပြီး သပ်သပ်ရပ်ရပ်ချောမောနေသည့်ကိုငထူးက တွယ်တာ့ကိုလက်လှမ်းပြသည်။

"ကိုငထူး တွယ်တာ့ကိုစောင့်​နေတာလား"

"ဟုတ်တယ် ရန်ကြီးက ဒီနေ့ မင်းလာမှာတဲ့ တစ်ယောက်တည်းဖြစ်နေလိမ့်မယ် သွားခေါ်လိုက်ဦးဆိုလို့"

ကိုရန်ကြီးမှာလို့ တွယ်တာ့ကိုလာစောင့်နေတယ်ဆိုတဲ့အတွက် တွယ်တာ့မှာရောက်ရောက်ချင်းပဲဟန်မဆောင်နိုင်ပြုံးရလေတော့သည်။

"ကိုရန်ကြီးကရော"

"နောက်ကနားနေခန်းထဲမှာလေ သွားတွေ့ချင်လို့လား"

"ရလား "

"မရတော့ဘူး ပွဲစတော့မှာဆိုတော့ ငါတို့လည်း ရုံထဲပဲစောင့်ကြစို့ "

ကိုငထူးက ပွဲကျင်းပမည့် အားကစားရုံထဲသို့ ဝင်စေတော့တွယ်တာလည်းခေါင်းညိတ်ပြီး လက်မှတ်ဖြတ်ထားတဲ့ခုံမှာထိုင်စောင့်ဖို့သဘောတူလိုက်တော့သည်။

"ဟင်...ကိုငထူးက တွယ်တာနဲ့အတူတူပဲလား"

"အေး ရန်ကြီးက ငါ့ကိုဒီခုံပေးထားတာ မင်းနဲ့အတူထိုင်တဲ့"

တွယ်တာ ကိုရန်ကြီးကို VIPတန်းကလက်မှတ်ဖြတ်ထားတယ်ပဲပြောခဲ့သည်။ခုံနံပါတ်ဘယ်လောက်ဟု မပြောပြခဲ့ဖူးပါ။ အဲ့တာကိုဘယ်လိုလုပ်ပြီးကိုငထူးကိုတွယ်တာနဲ့ကပ်ရပ်ခုံပေးခဲ့တာလဲ?

အာ...သိပြီ တွယ်တာလက်မှတ်ရတော့လက်မှတ်ရတဲ့ Screenshot ကို Facebookက My day မှာတင်ခဲ့သေးတယ်။ အဲ့ဒီတာကိုဝင်ကြည့်ပြီးသိတာဖြစ်မယ်။

ကြည့်ပါလား...ကိုရန်ကြီးကအဲ့လိုကိစ္စလေးတွေကအစလိုက်ကြည့်ပြီး တွယ်တာ့အတွက်ဆိုအကုန်စီစဥ်ထားပေးတာ။

တွယ်တာကတော့လိုရာဆွဲတွေးပြီး ထူးမြတ်လင်းရဲ့ဘေးမှာပြုံးပြုံးနဲ့ဝင်ထိုင်လိုက်သည်။

လူတွေလည်းရုံထဲမှာအတော်များများရောက်နေကြပြီဖြစ်ပြီးပွဲစရန်လည်း၅မိနစ်လောက်သာလိုတော့သည်။

ကြိုးဝိုင်းထဲမှာ ဘုတ်ကိုင်ရမယ့်မော်ဒယ်တွေကလည်း ဘရာစီယာသာသာ အင်္ကျီတိုတိုကလေးတွေနဲ့ တင်ပါးဖုံးရုံစကပ်ကလေးများသာဝတ်ထားလျှက် ဒေါက်ဖိနပ်အမြင့်ကြီးများစီးထားပြီးတောင့်ဖြောင့်စွာ မတ်တပ်ရပ်နေကြသည်။

တွယ်တာသိလိုက်ပါပြီ...ကိုကြီးနဲ့ကိုငထူးဘာလို့ VIPကနေပဲအမြဲကြည့်ကြသလဲဆိုတာ။
အဲ့ဒီမော်ဒယ်တွေကိုအနီးကပ်မြင်ရတာပဲ။

ဟော..ဟိုဘက်ကအနီရောင်ဝတ်ထားတဲ့မော်ဒယ်မလေးဆိုကိုငထူးကိုပြုံးပြနေတာ။

ကြည့်...ကြည့်...ကိုငထူးများလေ တွယ်တာသိတဲ့ကိုငထူးနဲ့တောင်မတူဘူး ​တည်ငြိမ်ပြီးအပြုံးတွေချိုနေလိုက်တာ။

"VIP ခုံတွေကိုအတော်ကြိုက်နေပုံပဲနော်"

တွယ်တာက ထူးမြတ်လင်းအနားကပ်ပြီးခပ်တိုးတိုးပြောလိုက်တော့ ထူးမြတ်လင်းကရယ်သည်။

"ဒါပေါ့...မျက်စိအရသာခံရတာရှယ်ပဲ"

"အစ်ကိုတို့က ကိုရန်ကြီးကိုအားပေးချင်တာကနည်းနည်း မော်ဒယ်တွေဟိုပေါ်ဒီပေါ်ကြည့်ချင်တာများများရယ်"

"သိရင်လည်းတိုးတိုးနေစမ်းပါ ငါနဲ့တရုတ်ကြီးနဲ့ရန်ကြီးပွဲတိုင်းသူငယ်ချင်းကောင်းလုပ်လာတာ မင်းနဲ့ကျမှပေါ်ကုန်တော့မှာပဲ"

တွယ်တာက နှာခေါင်းကလေးရှုံ့ပြလိုက်တော့ ထူးမြတ်လင်းကနှဖူးကိုလက်ညှိုးနဲ့ထိုးလိုက်သည်။

တွယ်တာတို့စကားပြောနေတုန်းပဲပွဲစကြောင်းကြေညာရင်း ကိုရန်ကြီးနှင့် တစ်ဖက်ကထိုးမည့်ပြိုင်ဘက်တို့ကြိုးဝိုင်းအတွင်းသို့ရောက်လာကြသည်။

အပေါ်ပိုင်းဗလာနှင့်ဒူးအထက်ဘောင်းဘီခဲရောင်ဝတ်ထားပြီး လက်ဝှေ့အိတ်အနီနဲ့အဖြူကြားကိုဝတ်ထားတဲ့ကိုရန်ကြီးကိုမြင်မြင်ချင်း တွယ်တာလက်ခုပ်အကျယ်ကြီးတီးလိုက်သည်။

ညိုသောရင်အုပ်အကျယ်ကြီးနှင့်တောင့်တင်းပြီးထုထည်ကြီးမားသောလက်မောင်းများကမျက်လုံးတွေမခွာချင်လောက်အောင်အရမ်းမိုက်နေသည်။

မျက်ခုံးမွှေးထူထူတွေနဲ့ခပ်စူးစူးအကြည့်တို့ရှိတဲ့မျက်လုံးတွေဟာ အခုလိုကြိုးဝိုင်းထဲမှာရပ်နေတဲ့အချိန်ဆိုပိုလို့ဆွဲဆောင်မှုရှိသည်။

တိုတိုညှပ်ထားတဲ့ဆံပင်တွေကဘာဆီမှလူးထားပုံမပေါ်ပေမဲ့သူ့မျက်နှာပေါ်သို့အုပ်ကျနေခြင်းမရှိဘဲမျက်နှာကိုရှင်းနေအောင်မြင်ရသည်။

တစ်ဖက်ကပြိုင်ဘက်ကလည်းခေသူမဟုတ်ကြောင်း အားပေးနေတဲ့လူအုပ်ကြီးအသံကိုကြားတာနဲ့ခန့်မှန်းလို့ရသည်။

တကယ်တော့ဒီပွဲဟာ လိုင်းပေါ်မှာရော၊လက်ဝှေ့လောကမှာရောတော်တော်လေးနာမည်ကြီးနေသည်။

ပြိုင်ဘက်ကလူကလည်းနာမည်ကြီးတစ်ယောက်ဖြစ်ပြီး အသက်ကလည်းခပ်ရွယ်ရွယ်၊ရန်ကြီးထက်ကြီးလှ၂နှစ်၃နှစ်ပဲဖြစ်သည်။

ရန်ကြီးလိုပဲ သူထိုးတဲ့ပွဲတွေကအရှုံးဟူ၍မရှိသလောက်ပဲဖြစ်သည်။ ထိုးမြန်မာကပြားဖြစ်၍ လက်ရည်ကလည်းသိပ်ကွာမည်မဟုတ်ပေ။

ဆံပင်ကကတုံးကေကိုတစ်ခေါင်းလုံးအဝါရောင်ဆိုးထားတာဖြစ်ပြီး အသားကဖြူတဲ့အထဲမှာပါသည်။ရင်ဘက်နဲ့လက်တွေမှာတက်တူးတွေအများကြီးရှိပြီး အရပ်ကရန်ကြီးထက်တောင်၁လက်မလောက်ပိုရှည်ချင်သေးသည်။ ရုပ်ရည်အားဖြင့်လည်းအတော်အသင့်ကြည့်ကောင်းတဲ့ပုံပေမဲ့ မျက်ခုံးရဲ့ထောင့်နှဖူးမှာချုပ်ရာအမာရွတ်ရှိသည်။

ဗလချင်းကလည်းသူမသာကိုယ်မသာဖြစ်၍
ပုံစံကတော့အတော်ကြမ်းလောက်မည့်ဒီဇိုင်းရှိသည်။

ရန်ကြီးနဲ့ကတော့ဒီပွဲမှာပထမဆုံးတွေ့တာဖြစ်ပြီး ဘယ်သူနိုင်မလဲဆိုတာအားလုံးကစိတ်ဝင်စားနေပြသည်။

ရန်ကြီးအောင်ဟုအော်တဲ့လူတွေရှိကြသလို၊ လီယမ်ချမ်း ( Liam Chan ) ဟု အားပေးနေကြသူများလည်းရှိသည်။

"ဒီတစ်ခေါက်က ငါ့ကောင်သိပ်လွယ်မယ်မထင်ဘူး"

ထူးမြတ်လင်းသည် ဒိုင်လူကြီးက ဘေးဖယ်​ပေးလိုက်တာနဲ့အတူမျက်နှာချင်းဆိုင်လာကြသောကြိုးဝိုင်းထဲကပြိုင်ပွဲဝင်၂ယောက်ကိုကြည့်ရင်းတွယ်တာ့ကိုပြောပြလိုက်သည်။

"ကိုရန်ကြီးနိုင်မှာပါ ကိုရန်ကြီးကဘယ်တုန်းကရှုံးဖူးလို့လဲ"

တွယ်တာကတက်တက်ကြွကြွနဲ့ပြန်အားပေးလိုက်ပါသည်။

ထိုစဥ်ပရိတ်သတ်ဘက်သို့နောက်ကျောပေးလာတဲ့ရန်ကြီးကြောင့်တွယ်တာရန်ကြီးရဲ့ကျောပြင်အပေါ်ဘက်မှာ ကနုတ်နဲ့ဆွဲထားတဲ့တက်တူးတစ်ခုကိုတွေ့လိုက်ရသည်။

ကိုရန်ကြီးရဲ့ကျောဘက်ကိုအဝတ်မပါဘဲ၁၀တန်းတုန်းက ပွဲမှာနောက်ဆုံးမြင်ဖူးခဲ့တာဖြစ်ပြီးအဲ့ဒီတုန်းကဒီ Tattoo မရှိ။

အဲ့ဒီနောက်ပိုင်းစွပ်ကျယ်နဲ့တော့မြင်ဖူးပေမဲ့ကျောအလယ်ခေါင်ကိုမမြင်ဖူးတာမို့ဒီတက်တူးကို၂နှစ်အတွင်းဘယ်တုန်းကသွားထိုးလိုက်သလဲတွယ်တာမသိပါ။

ဒါပေမဲ့တက်တူးနဲ့လည်းကိုရန်ကြီးကျောကြီးကကြည့်ကောင်းပါတယ်။

၂ယောက်စလုံးကတစ်ယောက်နဲ့တစ်ယောက်အရှိန်ယူနေကြပြီးဘယ်သူကမှစမထိုးသေးပေ။

ပရိတ်သတ်တွေကလည်းရင်ခုန်စွာနှင့်စိတ်ဝင်တစားစောင့်ကြည့်နေလေသည်။ ထိုစဥ်ရန်ကြီးဘက်မှစပြီးတစ်ချက်ထိုးလိုက်ပေမဲ့တစ်ဖက်ကလီယမ်ချမ်းသည်လျင်မြန်စွာနဲ့ရှောင်လိုက်နိုင်သည်။

သို့သောချက်ချင်းပဲရန်ကြီးရဲ့ပါးကိုတစ်ချက်အထိုးခံလိုက်ရသည်။

ထို့ကြောင့်တွယ်တာလည်းဒီကောင်ကတကယ်မလွယ်ဘူးဆိုတာလက်ခံလိုက်ရသည်။

ပွဲအစပိုင်းမှာတော့အငြိမ်တစ်လိုင်းနဲ့သွားနေပေမဲ့ အချိန်ရလာတာနဲ့အမျှ ၂ယောက်စလုံးပညာကိုယ်စီပြလာကြသည်။

ရန်ကြီးဘက်ကနေပင့်လက်သီးတစ်ချက်ကျွေးလိုက်တာကိုလီယမ်ချမ်းမေးခိုက်အောင်ခံလိုက်ရတာမို့ တွယ်တာလက်သီးလေးဆုပ်ပြီး ပြုံးလိုက်သည်။

သို့သော် မျက်စိရှေ့မှာတင်ရန်ကြီးဟာလီယမ်ချန်းရဲ့ကြိုးဝိုင်း၏ကြိုးတန်းတွေကြားထဲမှာညှပ်ပြီးအချုပ်ခံလိုက်ရ၍ လီယမ်ချမ်းသည်အပေါ်စီးကနေ မျက်နှာကိုဆက်တိုက်ထိုးတာခံလိုက်ရသည်။

တွယ်တာကိုယ့်လက်ကိုယ်ဆုပ်ကိုင်ပြီးရင်တွေတုန်လာရသည်။ မသိစိတ်ကနေရေတွက်မိလိုက်တဲ့အချက်အရေဟာ အားလုံးပေါင်း ၉ ချက်တောင်ဖြစ်သည်။

ဒိုင်လူကြီးကလူချင်းဆွဲခွာလိုက်တဲ့အခါ တွယ်တာမြင်လိုက်ရတဲ့ကိုရန်ကြီးရဲ့မျက်နှာကြောင့်နှုတ်ခမ်းလေးများတောင်တုန်ရီသွားရသည်။

ညာဘက်မျက်လုံးလည်းထိသွားပြီး ရဲနေတာကိုတွေ့ရသည်။ ပြီးတော့မောဟိုက်နေပုံပေါ်တဲ့ကိုရန်ကြီးကပါးစပ်ဟအသက်ရှူနေရတာမို့ပါးစပ်ထဲကသွားတွေကြားထဲကနေသွေးတွေထွက်နေတာကိုလည်းတွယ်တာမြင်ရသည်။

တွယ်တာတို့နဲ့ဆန့်ကျင်ဘက်ကထောင့်မှာခဏအမောဖြေဖို့ထိုင်ရင်း ရေတိုက်သူကလာတိုက်၊အနာဆေးအနည်းငယ်ထည့်သူကလာထည့်ပေးသည်။

ထူးမြတ်လင်းကလည်းထပြီးစကားသွားပြောလေသည်။ တွယ်တာကတော့အထဲထိမလိုက်ဘဲနေရာကနေကိုရန်ကြီးအားဆက်တိုက်ငေးကြည့်နေသည်။

ထူးမြတ်လင်းနဲ့စကားပြောနေရင်းတွယ်တာ့ဆီသို့လှမ်းကြည့်လာတဲ့ကိုရန်ကြီးကိုတွယ်တာကစိတ်ပူနေတဲ့မျက်လုံးတွေတဲ့ငေးကြည့်နေမိတဲ့အခါ ကိုရန်ကြီးက သွေးထွက်နေသောနှုတ်ခမ်းများကနေနှုတ်ခမ်းကလေးကွေးရုံပြုံးပြသည်။

နောက်တစ်ကြော့ပြန်စတော့မှာမို့ထူးမြတ်လင်းကလည်းတွယ်တာ့ဘေးသို့ပြန်လာထိုင်သည်။

တွယ်တာ နောက်တစ်ကြော့ကိုဆက်ကြည့်ဖို့အတော်အားတင်းထားရသည်။ ကိုယ်ချစ်ရတဲ့သူကအခုလိုမျိုး နာကျင်ပြီးသွေးထွက်သံယိုနဲ့ခံနေရတာကိုကြည့်နိုင်ဖို့ဆိုတာတော်ရုံမိန်းကလေးဆိုမဖြစ်နိုင်ပါ။

"ကိုရန်ကြီးကဘာတဲ့လဲ အဆင်ရောပြေရဲ့လား"

"ဒီတစ်ခါခံထားရတာငါမြင်ဖူးသမျှထဲမှာအပြင်းဆုံးပဲ 50% 50% ပဲရှိတယ် နိုင်ဖို့က "

"ကိုငထူးကလည်းဘာလို့အဲ့လိုကြီးပြောတာလဲ"

"ခုကတည်းကစိတ်ကိုပြင်ထားရတယ်ဟ "

ဒီတစ်ကြော့မှာတော့ရန်ကြီးလည်း အာရုံစိုက်ထားပြီး သူအနိုင်ယူနေကျ တစ်ပတ်လှည့်ပြီးကန်သောအကွက်ကိုသုံးလိုက်သည်။

လီယမ်ချမ်းလည်းထိုအကွက်ကိုတော့ကာကွယ်နိုင်ခြင်းမရှိပေမဲ့ ၃ချက်မြောက်မှာတော့ခုခံနိုင်သွားသည်။

ရန်ကြီးရဲ့ဗိုက်ကိုဒူးဖြင့်၄ချက်ဆက်တိုင်ပြင်းပြင်းထန်ထန်အတိုက်ခံလိုက်ရကာ ရန်ကြီးကလီယမ့်ခေါင်းကိုဖက်ပြီး၄ချက်လောက်ဆင့်ထိုးပစ်လိုက်သည်။

ဗိုက်ကိုထိသွားတော့လူကအနည်းငယ်ယိုင်နဲ့သွားရသည်။  ထိုအခြေအနေကိုအခွင့်ကောင်းယူပြီး လီယမ်ကရန်ကြီးကိုခုန်အုပ်လိုက်သောကြောင့် နှစ်ယောက်ကလုံးထွေးလျှက် ဟင်းလင်းပြင်မှာလဲကျသွားကြသည်။

လီယမ်ကအပေါ်ရောက်သွားတာနဲ့ ရန်ကြီးရဲ့မျက်နှာကိုဆက်တိုက်ဆက်ထိုးပြန်သည်။ ရန်ကြီးကသူကာကွယ်နိုင်သလောက်ကာကွယ်ပေမဲ့ လီယမ်ရဲ့လက်ကလည်ပင်းကိုမသိမသာညှစ်ထားသလိုဖြစ်ကာလူကအသက်ရှူကြပ်လာ၏။

လီယမ်ဟာ တောလိုက်မုဆိုးတစ်ယောက်အမဲကောင်ရကဲ့သို့ အားရပါးရထိုးသတ်နေသည်ဖြစ်လေရာ တွယ်တာဆက်မကြည့်နိုင်တော့ဘဲထူးမြတ်လင်းရဲ့လက်ကိုအားကိုးတကြီးကိုင်ဆွဲပြီးမျက်စိစုံမှိတ်ချလိုက်မိသည်။

"ဟ...ဒိုင်ကမတားဘူးလား !"

ထူးမြတ်လင်းက ခပ်ကျယ်ကျယ်အော်လိုက်ပေမဲ့ ဒိုင်ကအဟုတ်ယိတိယားတားလုပ်နေတာဖြစ်သည်။

ရန်ကြီးလက်နဲ့မကာထားနိုင်တော့ဘဲမျက်လုံးတွေပါပြာလာရသည်။ အသက်ရှူပါကြပ်နေတာကပိုထိခိုက်ရသည်။

"ီး....ဒိုင်က ဆွဲတော့လေ အောက်ကလူကသေတော့မှာ!"

ထူးမြတ်လင်းက သူငယ်ချင်းကိုစိတ်ပူကာဆဲရေးဆိုပြီးမတ်တပ်ထပြောလိုက်သည်။

ပွဲအခြေအနေကရုံထဲမှာလည်းဆူညံလာ၍တွယ်တာလည်း မကြည့်ရဲလို့မျက်စိမှိတ်မထားနိုင်တော့ပေ။

"ကိုရန်ကြီး....ကိုရန်ကြီး.....အရှုံးပေးလိုက်တော့...!"

တွယ်တာကအရှုံးပေးဖို့ရုတ်တရက်ကြီးကုန်းအော်သည်။

"ကိုရန်ကြီး အများကြီးထိခိုက်လို့မဖြစ်ဘူး! "

ဒိုင်ကအခုမှဝင်ဆွဲတဲ့ကာ 1 မှ 10 အထိရေတွက်လေသည်။ ဒါပေမဲ့ရန်ကြီးအနေနဲ့ နောက်တစ်Round ထိုးနိုင်စွမ်းလုံးဝမရှိတော့တာမို့ လီယမ်ချမ်းရဲ့လက်ကိုမြှောက်ပြီး အနိုင်ရရှိကြောင်းကြေညာသည်။

ရန်ကြီးအောင်ရဲ့ပရိတ်သတ်တွေကဒိုင်ကိုဆဲသူကဆဲ၊ ဒေါသထွက်သူကထွက်၊ရန်ကြီးကိုအားပေးသူကပေးကြသည်။

လီယမ်ချမ်းပရိတ်သတ်များကတော့အောင်ပွဲခံကာပျော်ရွှင်ဟစ်ကြွေးလက်ခုပ်တီးကြ၏။ ထိုစဥ်တွယ်တာသည်ကြိုးဝိုင်းဟိုဘက်အခြမ်းမှာခပ်ရေးရေးမြင်လိုက်ရတဲ့လူက တွယ်တာ့ကိုကိုယ်ထိလက်ရောက်စောကားခဲ့တဲ့ကောင်းဆက်မင်းဖြစ်သည်။

သူကလီယမ်ချမ်းဘက်ကနေအားပေးပုံရ၏။မတ်တပ်ရပ်ပြီးလက်ခုပ်တီးနေရင်းအားကစားရုံထဲကနေထွက်သွားသည်။

ပွဲပြီးလေတော့ရန်ကြီးက လီယမ်ချမ်းနှင့်လက်ဆွဲနှုတ်ဆက်ပြီး နားနေခန်းထဲသို့သွားလေတော့သည်။

တွယ်တာနဲ့ငထူးကခပ်မြန်မြန်ဘဲရန်ကြီးနောက်သို့လိုက်သွားကြလေသည်။

နားနေခန်းကလော့ချထားတာမို့ထူးမြတ်လင်းကတံခါးခေါက်ပြီး သူနဲ့တွယ်တာဖြစ်ကြောင်းပြောတော့မှဖွင့်ပေးသည်။

တွယ်တာတို့၃ယောက်အထဲရောက်တာနဲ့ထူးမြတ်လင်းကတံခါးကိုပြန်ပြီးလော့ချလိုက်သည်။

ချွေးတွေရွှဲပြီးမောဟိုက်နေတဲ့ရန်ကြီးကလက်အိတ်တွေကိုချွတ်ထား၍ တစ်ရှူးများဖြင့်နှာခေါင်းကိုအုပ်ထားရသည်။

မျက်လုံးနှစ်ဖက်လုံးညိုပြီးဖောင်းနေကာ တစ်ရှူးတစ်ခုလုံးလည်းသွေးတွေကနီရဲနေသည်။

တွယ်တာ ရန်ကြီးရဲ့ပုံစံကိုကြည့်ပြီးမျက်ရည်ဝဲလာပေမဲ့ဒီချိန်မှာငိုလို့မရတာမို့အောင့်ပြီးမျက်ရည်တွေကျမလာချင်သုတ်ပစ်လိုက်သည်။

ရန်ကြီးက ဒေါသထွက်နေတာမို့ရှိတဲ့စားပွဲပေါ်သို့ ဝုန်းခနဲလက်သီးဖြင့်ထိုးပစ်လိုက်သည်။

လက်အိတ်တွေကချွတ်ထားပြီးဖြစ်ကာ လက်မှာကအဝတ်ဖြူတွေပဲစည်းထားတာကျန်တာမို့ထူးမြတ်လင်းကနောက်တစ်ချက်မထိုးအောင်ရန်ကြီးလက်ကိုကိုင်ထားလိုက်သည်။

ဒီလက်တွေပါထပ်ပြီးထိုခိုက်လို့မဖြစ်ပါ။

"စိတ်လျော့ငါ့ကောင် ငါသိတယ် ဒီနေ့ဒိုင်ကသိပ်မဟုတ်ချင်ဘူး တိတိကျကျစုံစမ်းမှဖြစ်မယ် "

ရန်ကြီးနှာခေါင်းကိုအုပ်ထားသောလက်ထဲကတစ်ရှူးတွေကသွေးတွေအကုန်ပေသွားတော့ရန်ကြီးလည်းလက်ထဲကတစ်ရှူးတွေကိုလွှင့်ပစ်လိုက်သည်။

သို့သော်နှာခေါင်းသွေးယိုတာရော၊ပါးစပ်ထဲကသွေးတွေရောကမတိတ်သေးသဖြင့်ခေါင်းမော့ထားလိုက်ရ၏။

တွယ်တာက လွယ်ထားသောအိတ်ကိုပစ်ချကာ တစ်ရှူးတွေကိုဘူးထဲကမြန်မြန်ဆွဲထုတ်ပြီး ခြေဖျားလေးထောက်ကာသွေးတွေကိုသုတ်ပေးပေမဲ့အရပ်ကမမှီတာမို့ရန်ကြီးကပဲသူမဆီကတစ်ရှူးကိုယူကာကိုယ့်ဘာကိုယ်သုတ်လိုက်ရသည်။

"ဒဏ်ရာတွေပိုမဆိုးခင်ဆေးထည့်ရအောင် "

တွယ်တာက နားနေခန်းထဲမှာအသင့်ရှိနေသော ဆေးသတ္တာကို စားပွဲပေါ်သို့တင်လိုက်ကာပြောသည်။

"နော်လို့....တွယ်တာ ဆေးထည့်ပေးမယ် ​"

"ဟုတ်တယ်ဟေ့ကောင် ဆေးခန်းလည်းသွားမှဖြစ်မယ်လောလောဆယ်ဆေးထည့်ထားလိုက် ငါဆေးခန်းလိုက်ပို့မယ် "

ရန်ကြီးက အခုထိဒေါသအရှိန်မကျသေးတာမို့အံကြိတ်ထားဆဲဖြစ်လေရာမေးရိုးများပင်တင်းထောင်နေလေသည်။

ဒေါက်...ဒေါက်....

"ရန်ကြီး ငါပါ..."

တံခါးလာခေါက်တာက ရန်ကြီးရဲ့အေဂျင်စီကTrainerဖြစ်သည်။

ရန်ကြီးနဲ့ဒီပွဲအကြောင်းလာပြောတာဖြစ်တာမို့ ဒီအကြောင်းပြောရင်ရန်ကြီးက Trainerကိုပါပြန်ထိုးမယ့်အခြေအနေဆိုတာနားလည်သောထူးမြတ်လင်းကပဲ

"တွယ်တာ ရန်ကြီးကိုဆေးထည့်ပေးလိုက် ငါ Trainerနဲ့စကားသွားပြောဦးမယ် "

ဟုဆိုကာ တံခါးလော့ချပြီးအပြင်ထွက်သွားသည်။

တွယ်တာက ရန်ကြီးကို စားပွဲပေါ်သို့ထိုင်စောတော့ရန်ကြီးက ထိုင်ပေးလိုက်၏။ ရန်ကြီးထိုင်လိုက်တော့မှတွယ်တာနဲ့ကအရပ်ချင်းညီသွားပြီးဆေးထည့်ပေးဖို့အဆင်ပြေမည်။

"နှာခေါင်းသွေးတွေတိတ်သွားပြီလား"

တွယ်တာက ရန်ကြီးနှာခေါင်းအုပ်ထားတဲ့ တစ်ရှူးတွေကိုဖယ်လိုက်တော့ သွေးကတိတ်သွားပေမဲ့နှုတ်ခမ်းကတော်တော်ပြဲကွဲနေတာကိုတွေ့ပြီးတွယ်တာ့မှာစိတ်မကောင်းဖြစ်ကာမျက်ရည်တွေထပ်ဝဲလာပြန်သည်။

ဒါပေမဲ့မငိုဘဲစိတ်ကိုထပ်ပြီးတင်းထားကာဆေးသေတ္တာဖွင့်၍ပေါက်ပြဲနေတဲ့နေရာတွေကို ဆေးထည့်ပေးဖို့ဂွမ်းတွေဖြဲကာဆေးရည်များစွတ်လိုက်သည်။

"စပ်လိမ့်မယ်နော် "

ရန်ကြီးကဘာမှပြန်မပြောပဲငြိမ်နေတာမို့တွယ်တာလည်းဆေးထည့်ထားသောဂွမ်းတွေနဲ့ သူမဆေးလိမ်းပေးလို့အဆင်ပြေတဲ့နှာခေါင်းပေါ်နဲ့ပါးကဒဏ်ရာအနည်းငယ်ကိုဂွမ်းဖြင့်ဖိသုတ်လိုက်သည်။

ထိုအခါ ရန်ကြီးရဲ့မေးကြောများကပို၍တောင့်တင်းသွားသည်။ သူကမအော်ပေမဲ့ဘယ်လောက်တောင်စပ်ပြီးနာနေလိုက်မလဲဆိုတာတွယ်တာခန့်မှန်းလို့ရပါသည်။

တွယ်တာက တဟူး..ဟူး...နဲ့အစပ်သက်သာအောင် မှုတ်ပေးတော့ ရန်ကြီးရဲ့မျက်လုံးတွေကအောက်စိုက်နေရာကတွယ်တာ့ကိုကြည့်လာသည်။

ပြီးတော့နှုတ်ခမ်းတွေကိုဆေးထည့်ပေးဖို့နှုတ်ခမ်းကိုလိမ်းလို့အဆင်ပြေမယ့်ဆေးအချို့ကိုတွယ်တာရှာသည်။

မျက်လုံးတွေကျဒီဆေးလောက်နဲ့အဆင်ပြေမှာမဟုတ်၊အခက်မသင့်ရင်တစ်ခုခုဖြစ်သွားမှာမို့တွယ်တာမထိရဲချေ။

တွယ်တာ ဆေးကိုဂွမ်းစသေးသေးလေးနဲ့တို့ပြီးရန်ကြီးမျက်နှာကိုပြန်မော့ကြည့်လိုက်တော့
နားကြားထဲညှပ်ထားတဲ့ဆံပင်ရှည်တွေကရှေ့သို့ပြန်ကျလာ၍ ရန်ကြီးရဲ့မျက်လုံးချင်းစုံသွားရသည်။

ထိုအခါမှကိုရန်ကြီးဟာတွယ်တာ့ကိုဆက်တိုက်စိုက်ကြည့်နေခဲ့သည်ဆိုတာသိရသည်။

တွယ်တာကခါတိုင်းလိုပြုံးနေခြင်းမရှိဘဲသူ့ကိုကြည့်ရင်းဝမ်းနည်းနေပုံပေါ်တာမို့ရန်ကြီးကမျက်မှောင်ကုပ်ကြည့်လိုက်သည်။

တွယ်တာလည်းငိုချင်တာကိုမနည်းထိန်းထားပြီးဂွမ်းစကလေးကိုရန်ကြီးရဲ့ပေါက်ပြဲနေတဲ့နှုတ်ခမ်းများကိုတို့ထိဖို့ရွယ်လိုက်သည်။

"နှုတ်ခမ်းဆိုတော့ ပိုစပ်မှာ အရမ်းစပ်လာရင်ပြောနော်"

ပြောပြီးတွယ်တာက ရန်ကြီးနှုတ်ခမ်းကိုအသာလေးတို့ပေးသည်။

ရန်ကြီးလည်းသူ့နှုတ်ခမ်းကိုစိုက်ကြည့်ပြီးဆေးထည့်ပေးတဲ့တွယ်တာ့ဆီကနေရတဲ့Shampooနံ့မွှေးမွှေးများကိုရှူရှိုက်မိသည်။

နိုး...လုံးဝ..ဒီလိုဒဏ်ရာဖြစ်လို့မဖြစ်ဘူး ရာရာစစတွယ်တာနမ်းမယ့်နှုတ်ခမ်းတွေကဒီလိုပေါက်ပြဲနေစရာလား။

တွယ်တာကြည့်မဝတဲ့မျက်နှာလေးကိုလည်းဒီလိုဒဏ်ရာတွေများကြီးရလို့မဖြစ်ဘူး၊ အမာရွတ်လည်းလုံးဝမကျန်ဘူး ပလက်စတစ်ဆာချရီဆရာဝန်နဲ့ပါကုပေးပစ်မယ်။

တွယ်တာကိုယ့်အတွေးနဲ့ကိုယ် အာရုံစိုက်ပြီးဆေးတို့ပေးနေတာကနေအောက်နှုတ်ခမ်းကပြဲနေတဲ့နေရာကိုရောက်တော့ဖိပြီးတို့ ပေးလိုက်တာ ရန်ကြီးအောင်တအားစပ်ပြီးခေါင်းကိုနောက်ဆုတ်လိုက်သည်။

ဒါပေမဲ့တွယ်တာကအဆုတ်မခံဘဲ ရန်ကြီးရဲ့ခေါင်းကိုဂုတ်ကနေပြန်ထိန်းပြီးဆွဲထား၏။

"မြန်မြန်ပျောက်မှဖြစ်မယ်...မစပ်အောင်တွယ်တာမှုတ်ပေးမယ်"

နှုတ်ခမ်းလေးချွန်ပြီးသူ့နှုတ်ခမ်းကိုတဟူး..ဟူးမှုတ်ပေးလာသည်။

သူ့ကို ကလေးတစ်ယောက်ကိုချုပ်ပြီးဆေးထည့်ပေးတဲ့ကလေးမကိုစိုက်ကြည့်၍ သူ့ဂုတ်ကိုဆွဲကိုင်ထားတဲ့တွယ်တာ့လက်ကိုဖြတ်ခနဲဆုတ်ကိုင်လိုက်သည်။

တွယ်တာလည်းရုတ်တရက်ကြီးလက်ကိုအားနဲ့ဖိကိုင်ခံလိုက်ရတာမို့လန့်သွားသည်။ ဆေးထည့်ပေးနေတဲ့လက်ကလည်းတန်းလန်းကြီးလေထဲမှာရပ်တန့်သွားကာ သူ့ကိုစိုက်ကြည့်နေတဲ့ရန်ကြီးအားမျက်လုံးဝိုင်းလေးနဲ့ပြန်ကြည့်လာသည်။

ရန်ကြီးလည်းသူနဲ့မျက်နှာချင်းတစ်ထွာတောင်မကွာဘဲအနီးကပ်မြင်နေရတဲ့ တွယ်တာ့ရဲ့လန့်ပြီးစိတ်လှုပ်ရှားနေတဲ့မျက်နှာကလေးကိုကြည့်ရတာ ဒေါသပဲထွက်သလိုလို၊သူကိုယ်တိုင်ပဲစိတ်လှုပ်ရှားလာသလိုလိုနဲ့မသည်းမကွဲဖြစ်လာရသည်။

ရန်ကြီးဟာ သူမရဲ့မျက်လုံး၊နှာခေါင်း၊ နှုတ်ခမ်းတို့အားတစ်ခုချင်းကို စက္ကန့်ပိုင်းမျှတစ်ခုချင်းစိုက်ကြည့်နေမိသည်။

သူမနှုတ်ခမ်းတွေကိုစိုက်ကြည့်လာတဲ့ကိုရန်ကြီးကြောင့်တွယ်တာမှာရင်တွေခုန်ပြီးတံတွေးကိုလည်ချောင်းကလေးလှုပ်ခပ်သွားတဲ့အထိမြိုချလိုက်သည်။

ရန်ကြီး သူမရဲ့ပန်းရောင်ဖျော့ဖျော့အရောင်တင်ထားပြီးထူတယ်လို့မပြောလောက်ပေနဲ့ထူတယ်လို့ထင်ရတဲ့အောက်နှုတ်ခမ်းပုံစံဖောင်းဖောင်းကလေးနဲ့အပေါ်နှုတ်ခမ်းချွန်ချွန်ကလေးကို ကြည့်နေမိရုံနဲ့မတင်းတိမ်နိုင်တော့သလိုမျိုးစိတ်တွေကတောင့်တလာခဲ့သည်။

"ပြန်တော့! "

"ဟင်!"

ဒါပေမဲ့ တွယ်တာမထင်မှတ်ထားသောစကားကိုကြားလိုက်ရသည်။

ရန်ကြီးက သူမရဲ့လက်ကိုလွှတ်ကာ မျက်လုံးများလွှဲလိုက်ပြီးဘေးသို့စောင်းလှည့်သွားသည်။

"နေဦးလေ...ကိုရန်ကြီးပလာစတာကပ်ရဦးမယ်"

တွယ်တာက ဆေးသေတ္တာထဲကနေအနာကပ်ပလာစတာအချို့ကိုထုတ်ပြီးခွာနေသည်။

"ဒီတိုင်းပြန်လိုက်တော့ "

"........."

"ငထူးပြန်လာလိမ့်မယ် မင်းအိမ်ပြန်တော့"

"ဘာလို့ လူကို ဇွတ်ပြန်ခိုင်းနေတာလဲ သူများက ကိုရန်ကြီးကိုစိတ်ပူလို့ သေတော့မယ်"

"အေး...ငါကလည်း မင်းကိုစိတ်ပူလို့ပြန်ခိုင်းနေတာ ငါ့စိတ်တွေကအခုချိန်မှာ အစိုးရနေတာမဟုတ်ဘူး "

ရန်ကြီးက စားပွဲကနေဆင်းပြီးမတ်တပ်ရပ်လိုက်တော့ တွယ်တာရန်ကြီးကိုမော့ကြည့်လိုက်သည်။

"ငါပြောတာနားလည်လား "

ခါးထောက်ပြီး သူမကိုမျက်မှောင်ကုပ်ကြည့်ကာမေးလာတော့ တွယ်တာခေါင်းညိတ်ပြလိုက်သည်။

"အဲ့တာဆို စကားနားထောင်ပြီး ပြန်တော့ "

တွယ်တာလည်း သူမရဲ့အိတ်ကလေးကိုကောက်ယူပြီး နားနေခန်းထဲကနေထွက်သွားလိုက်သည်။

ရန်ကြီးလည်းတွယ်တာထွက်သွားမှ စားပွဲပေါ်သို့လက်နှစ်ဖက်လုံးနဲ့ထောက်ပြီးသက်ပြင်းတစ်ချက်ချလိုက်တော့သည်။

**********************************
အမှားပါရင်ခွင့်လွှတ်ပါ
part (17) ဆက်ရန်

Zawgyi Version
The Challenge of Love

Part (16)

"မာမား သမီးအျပင္သြားလိုက္ဦးမယ္ေနာ္ "

"ဒီတစ္ခါကဘယ္လဲ"

အိပ္ခန္းထဲမွာ ပါပါးရဲ႕အကၤ်ီေတြကိုေနရာတက်ခ်ိတ္ေပးေနေသာမာမားဆီသို႔ အခန္းတံခါးဖြင့္ၿပီးတြယ္တာလာေျပာလိုက္သည္။

မာမားကပါပါးရဲ႕အဝတ္ဗီရိုကိုပိတ္လိုက္ၿပီးတြယ္တာ့ကိုလွည့္ေမးလိုက္ပါသည္။

" ပန္းႏုကဒီေန႕ သူတို႔အိမ္မွာေဟာ့ေပါ့လုပ္ေကြၽးမယ္လို႔ေျပာတယ္ "

ကိုရန္ႀကီးရဲ႕ပြဲသြားၾကည့္မယ္လို႔ေျပာရင္ မာမားကေသခ်ာေပါက္အျပင္ထြက္ခံမည္မဟုတ္ေခ်။ ကိုႀကီးကလည္းဒီေန႕ပါပါးနဲ႕ကုမၸဏီမွာတစ္ေနကုန္ရွိေနမည္ဟုမာမားသိထားၿပီးသားျဖစ္ေသာေၾကာင့္ ကိုႀကီးလည္းသြားမၾကည့္ျဖစ္တဲ့အတြက္ ေယာက္်ားေတြခ်ည္းရွိတဲ့ေနရာဘာသြားလုပ္မလဲဆိုၿပီး မိန္းမေကာင္းတရားေတြေဟာေတာ့မည္ဆိုတာေသခ်ာသည္။

ထို႔ေၾကာင့္ဒီေန႕ပန္းႏုနဲ႕မေတြ႕ျဖစ္လည္းပန္းႏုအိမ္သြားမည္ဟုလိမ္ေျပာလိုက္သည္။ ပန္းႏုနဲ႕လည္းမေန႕ညကတည္းက Messenger ကေန
တိုင္ပင္ၿပီးသားမို႔အလိမ္ေပၚမည္မဟုတ္။

"ေဟာ့ေပါ့လုပ္စားဖို႔ကသမီးနဲ႕မွအတူတူသြားဝယ္ၾကတာမို႔ၾကာမွာေနာ္သိလား ဖုန္းေတြတြန္းဆက္မေနနဲ႕ဦး ပန္းႏုအိမ္ကေနဘယ္မွမသြားဘူးစိတ္ခ်"

"အခ်ိန္နဲ႕အခ်ိန္ေတာ့ျပန္လာခဲ့ေလဟယ္ တစ္ေနကုန္ေလွ်ာက္သြားေနလို႔ျဖစ္မလား"

"မာမားကလည္း ညေနျပန္ေရာက္ရင္ၿပီးေရာမလား သြားေတာ့မယ္"

ေနာက္တစ္ခြန္းျပန္ေျဖတာေတာင္မေစာင့္ေတာ့ဘဲတြယ္တာ အိမ္ေရွ႕သို႔ျမန္ျမန္ထြက္ေျပးေလေတာ့သည္။

ဒီခါေတာ့ခိုးၿပီးသြားၾကည့္တာမဟုတ္သျဖင့္ ပြဲလက္မွတ္ကို၂ရက္ေလာက္ႀကိဳဝယ္ထားသည္။ ကိုရန္ႀကီးကမလိုဘူးသူေပးမယ္ေျပာေပမဲ့တြယ္တာကေတာ့မရပါ။ သူမကိုယ္တိုင္ပဲလိုင္းေပၚကေနလက္မွတ္ရေအာင္ဝယ္ေလသည္။

ခါးေက်ာ္တဲ့အဖ်ားေကာက္ေသာဆံပင္ရွည္ေတြကိုေက်ာဘက္မွာျဖန့္ခ်ထားလွ်က္ ဂ်င္းေဘာင္းဘီေအာက္ရႉးအၾကပ္ကေလးကို ပန္းႏုေရာင္ရွပ္အကၤ်ီလက္ရွည္ႏွင့္တြဲဝတ္ထားၿပီး အျဖဴေရာင္သားေရအိတ္ထဲမွာဖုန္းနဲ႕ကားေသာ့ထည့္၍ ပြဲက်င္းပမည့္အေဆာက္အဦးထဲသို႔ဝင္လာလိုက္သည္။

တြယ္တာဝင္လာလွ်င္လာခ်င္း အျဖဴေရာင္ရွပ္အကၤ်ီကိုစတိုင္ပန္ခဲေရာင္ႏွင့္ဝတ္ထားၿပီး သပ္သပ္ရပ္ရပ္ေခ်ာေမာေနသည့္ကိုငထူးက တြယ္တာ့ကိုလက္လွမ္းျပသည္။

"ကိုငထူး တြယ္တာ့ကိုေစာင့္ေနတာလား"

"ဟုတ္တယ္ ရန္ႀကီးက ဒီေန႕ မင္းလာမွာတဲ့ တစ္ေယာက္တည္းျဖစ္ေနလိမ့္မယ္ သြားေခၚလိုက္ဦးဆိုလို႔"

ကိုရန္ႀကီးမွာလို႔ တြယ္တာ့ကိုလာေစာင့္ေနတယ္ဆိုတဲ့အတြက္ တြယ္တာ့မွာေရာက္ေရာက္ခ်င္းပဲဟန္မေဆာင္နိုင္ၿပဳံးရေလေတာ့သည္။

"ကိုရန္ႀကီးကေရာ"

"ေနာက္ကနားေနခန္းထဲမွာေလ သြားေတြ႕ခ်င္လို႔လား"

"ရလား "

"မရေတာ့ဘူး ပြဲစေတာ့မွာဆိုေတာ့ ငါတို႔လည္း ႐ုံထဲပဲေစာင့္ၾကစို႔ "

ကိုငထူးက ပြဲက်င္းပမည့္ အားကစား႐ုံထဲသို႔ ဝင္ေစေတာ့တြယ္တာလည္းေခါင္းညိတ္ၿပီး လက္မွတ္ျဖတ္ထားတဲ့ခုံမွာထိုင္ေစာင့္ဖို႔သေဘာတူလိုက္ေတာ့သည္။

"ဟင္...ကိုငထူးက တြယ္တာနဲ႕အတူတူပဲလား"

"ေအး ရန္ႀကီးက ငါ့ကိုဒီခုံေပးထားတာ မင္းနဲ႕အတူထိုင္တဲ့"

တြယ္တာ ကိုရန္ႀကီးကို VIPတန္းကလက္မွတ္ျဖတ္ထားတယ္ပဲေျပာခဲ့သည္။ခုံနံပါတ္ဘယ္ေလာက္ဟု မေျပာျပခဲ့ဖူးပါ။ အဲ့တာကိုဘယ္လိုလုပ္ၿပီးကိုငထူးကိုတြယ္တာနဲ႕ကပ္ရပ္ခုံေပးခဲ့တာလဲ?

အာ...သိၿပီ တြယ္တာလက္မွတ္ရေတာ့လက္မွတ္ရတဲ့ Screenshot ကို Facebookက My day မွာတင္ခဲ့ေသးတယ္။ အဲ့ဒီတာကိုဝင္ၾကည့္ၿပီးသိတာျဖစ္မယ္။

ၾကည့္ပါလား...ကိုရန္ႀကီးကအဲ့လိုကိစၥေလးေတြကအစလိုက္ၾကည့္ၿပီး တြယ္တာ့အတြက္ဆိုအကုန္စီစဥ္ထားေပးတာ။

တြယ္တာကေတာ့လိုရာဆြဲေတြးၿပီး ထူးျမတ္လင္းရဲ႕ေဘးမွာၿပဳံးၿပဳံးနဲ႕ဝင္ထိုင္လိုက္သည္။

လူေတြလည္း႐ုံထဲမွာအေတာ္မ်ားမ်ားေရာက္ေနၾကၿပီျဖစ္ၿပီးပြဲစရန္လည္း၅မိနစ္ေလာက္သာလိုေတာ့သည္။

ႀကိဳးဝိုင္းထဲမွာ ဘုတ္ကိုင္ရမယ့္ေမာ္ဒယ္ေတြကလည္း ဘရာစီယာသာသာ အကၤ်ီတိုတိုကေလးေတြနဲ႕ တင္ပါးဖုံး႐ုံစကပ္ကေလးမ်ားသာဝတ္ထားလွ်က္ ေဒါက္ဖိနပ္အျမင့္ႀကီးမ်ားစီးထားၿပီးေတာင့္ေျဖာင့္စြာ မတ္တပ္ရပ္ေနၾကသည္။

တြယ္တာသိလိုက္ပါၿပီ...ကိုႀကီးနဲ႕ကိုငထူးဘာလို႔ VIPကေနပဲအၿမဲၾကည့္ၾကသလဲဆိုတာ။
အဲ့ဒီေမာ္ဒယ္ေတြကိုအနီးကပ္ျမင္ရတာပဲ။

ေဟာ..ဟိုဘက္ကအနီေရာင္ဝတ္ထားတဲ့ေမာ္ဒယ္မေလးဆိုကိုငထူးကိုၿပဳံးျပေနတာ။

ၾကည့္...ၾကည့္...ကိုငထူးမ်ားေလ တြယ္တာသိတဲ့ကိုငထူးနဲ႕ေတာင္မတူဘူး တည္ၿငိမ္ၿပီးအၿပဳံးေတြခ်ိဳေနလိုက္တာ။

"VIP ခုံေတြကိုအေတာ္ႀကိဳက္ေနပုံပဲေနာ္"

တြယ္တာက ထူးျမတ္လင္းအနားကပ္ၿပီးခပ္တိုးတိုးေျပာလိုက္ေတာ့ ထူးျမတ္လင္းကရယ္သည္။

"ဒါေပါ့...မ်က္စိအရသာခံရတာရွယ္ပဲ"

"အစ္ကိုတို႔က ကိုရန္ႀကီးကိုအားေပးခ်င္တာကနည္းနည္း ေမာ္ဒယ္ေတြဟိုေပၚဒီေပၚၾကည့္ခ်င္တာမ်ားမ်ားရယ္"

"သိရင္လည္းတိုးတိုးေနစမ္းပါ ငါနဲ႕တ႐ုတ္ႀကီးနဲ႕ရန္ႀကီးပြဲတိုင္းသူငယ္ခ်င္းေကာင္းလုပ္လာတာ မင္းနဲ႕က်မွေပၚကုန္ေတာ့မွာပဲ"

တြယ္တာက ႏွာေခါင္းကေလးရႈံ႕ျပလိုက္ေတာ့ ထူးျမတ္လင္းကႏွဖူးကိုလက္ညွိုးနဲ႕ထိုးလိုက္သည္။

တြယ္တာတို႔စကားေျပာေနတုန္းပဲပြဲစေၾကာင္းေၾကညာရင္း ကိုရန္ႀကီးႏွင့္ တစ္ဖက္ကထိုးမည့္ၿပိဳင္ဘက္တို႔ႀကိဳးဝိုင္းအတြင္းသို႔ေရာက္လာၾကသည္။

အေပၚပိုင္းဗလာႏွင့္ဒူးအထက္ေဘာင္းဘီခဲေရာင္ဝတ္ထားၿပီး လက္ေဝွ႕အိတ္အနီနဲ႕အျဖဴၾကားကိုဝတ္ထားတဲ့ကိုရန္ႀကီးကိုျမင္ျမင္ခ်င္း တြယ္တာလက္ခုပ္အက်ယ္ႀကီးတီးလိုက္သည္။

ညိုေသာရင္အုပ္အက်ယ္ႀကီးႏွင့္ေတာင့္တင္းၿပီးထုထည္ႀကီးမားေသာလက္ေမာင္းမ်ားကမ်က္လုံးေတြမခြာခ်င္ေလာက္ေအာင္အရမ္းမိုက္ေနသည္။

မ်က္ခုံးေမႊးထူထူေတြနဲ႕ခပ္စူးစူးအၾကည့္တို႔ရွိတဲ့မ်က္လုံးေတြဟာ အခုလိုႀကိဳးဝိုင္းထဲမွာရပ္ေနတဲ့အခ်ိန္ဆိုပိုလို႔ဆြဲေဆာင္မႈရွိသည္။

တိုတိုညွပ္ထားတဲ့ဆံပင္ေတြကဘာဆီမွလူးထားပုံမေပၚေပမဲ့သူ႕မ်က္ႏွာေပၚသို႔အုပ္က်ေနျခင္းမရွိဘဲမ်က္ႏွာကိုရွင္းေနေအာင္ျမင္ရသည္။

တစ္ဖက္ကၿပိဳင္ဘက္ကလည္းေခသူမဟုတ္ေၾကာင္း အားေပးေနတဲ့လူအုပ္ႀကီးအသံကိုၾကားတာနဲ႕ခန့္မွန္းလို႔ရသည္။

တကယ္ေတာ့ဒီပြဲဟာ လိုင္းေပၚမွာေရာ၊လက္ေဝွ႕ေလာကမွာေရာေတာ္ေတာ္ေလးနာမည္ႀကီးေနသည္။

ၿပိဳင္ဘက္ကလူကလည္းနာမည္ႀကီးတစ္ေယာက္ျဖစ္ၿပီး အသက္ကလည္းခပ္႐ြယ္႐ြယ္၊ရန္ႀကီးထက္ႀကီးလွ၂ႏွစ္၃ႏွစ္ပဲျဖစ္သည္။

ရန္ႀကီးလိုပဲ သူထိုးတဲ့ပြဲေတြကအရႈံးဟူ၍မရွိသေလာက္ပဲျဖစ္သည္။ ထိုးျမန္မာကျပားျဖစ္၍ လက္ရည္ကလည္းသိပ္ကြာမည္မဟုတ္ေပ။

ဆံပင္ကကတုံးေကကိုတစ္ေခါင္းလုံးအဝါေရာင္ဆိုးထားတာျဖစ္ၿပီး အသားကျဖဴတဲ့အထဲမွာပါသည္။ရင္ဘက္နဲ႕လက္ေတြမွာတက္တူးေတြအမ်ားႀကီးရွိၿပီး အရပ္ကရန္ႀကီးထက္ေတာင္၁လက္မေလာက္ပိုရွည္ခ်င္ေသးသည္။ ႐ုပ္ရည္အားျဖင့္လည္းအေတာ္အသင့္ၾကည့္ေကာင္းတဲ့ပုံေပမဲ့ မ်က္ခုံးရဲ႕ေထာင့္ႏွဖူးမွာခ်ဳပ္ရာအမာ႐ြတ္ရွိသည္။

ဗလခ်င္းကလည္းသူမသာကိုယ္မသာျဖစ္၍
ပုံစံကေတာ့အေတာ္ၾကမ္းေလာက္မည့္ဒီဇိုင္းရွိသည္။

ရန္ႀကီးနဲ႕ကေတာ့ဒီပြဲမွာပထမဆုံးေတြ႕တာျဖစ္ၿပီး ဘယ္သူနိုင္မလဲဆိုတာအားလုံးကစိတ္ဝင္စားေနျပသည္။

ရန္ႀကီးေအာင္ဟုေအာ္တဲ့လူေတြရွိၾကသလို၊ လီယမ္ခ်မ္း ( Liam Chan ) ဟု အားေပးေနၾကသူမ်ားလည္းရွိသည္။

"ဒီတစ္ေခါက္က ငါ့ေကာင္သိပ္လြယ္မယ္မထင္ဘူး"

ထူးျမတ္လင္းသည္ ဒိုင္လူႀကီးက ေဘးဖယ္ေပးလိုက္တာနဲ႕အတူမ်က္ႏွာခ်င္းဆိုင္လာၾကေသာႀကိဳးဝိုင္းထဲကၿပိဳင္ပြဲဝင္၂ေယာက္ကိုၾကည့္ရင္းတြယ္တာ့ကိုေျပာျပလိုက္သည္။

"ကိုရန္ႀကီးနိုင္မွာပါ ကိုရန္ႀကီးကဘယ္တုန္းကရႈံးဖူးလို႔လဲ"

တြယ္တာကတက္တက္ႂကြႂကြနဲ႕ျပန္အားေပးလိုက္ပါသည္။

ထိုစဥ္ပရိတ္သတ္ဘက္သို႔ေနာက္ေက်ာေပးလာတဲ့ရန္ႀကီးေၾကာင့္တြယ္တာရန္ႀကီးရဲ႕ေက်ာျပင္အေပၚဘက္မွာ ကႏုတ္နဲ႕ဆြဲထားတဲ့တက္တူးတစ္ခုကိုေတြ႕လိုက္ရသည္။

ကိုရန္ႀကီးရဲ႕ေက်ာဘက္ကိုအဝတ္မပါဘဲ၁၀တန္းတုန္းက ပြဲမွာေနာက္ဆုံးျမင္ဖူးခဲ့တာျဖစ္ၿပီးအဲ့ဒီတုန္းကဒီ Tattoo မရွိ။

အဲ့ဒီေနာက္ပိုင္းစြပ္က်ယ္နဲ႕ေတာ့ျမင္ဖူးေပမဲ့ေက်ာအလယ္ေခါင္ကိုမျမင္ဖူးတာမို႔ဒီတက္တူးကို၂ႏွစ္အတြင္းဘယ္တုန္းကသြားထိုးလိုက္သလဲတြယ္တာမသိပါ။

ဒါေပမဲ့တက္တူးနဲ႕လည္းကိုရန္ႀကီးေက်ာႀကီးကၾကည့္ေကာင္းပါတယ္။

၂ေယာက္စလုံးကတစ္ေယာက္နဲ႕တစ္ေယာက္အရွိန္ယူေနၾကၿပီးဘယ္သူကမွစမထိုးေသးေပ။

ပရိတ္သတ္ေတြကလည္းရင္ခုန္စြာႏွင့္စိတ္ဝင္တစားေစာင့္ၾကည့္ေနေလသည္။ ထိုစဥ္ရန္ႀကီးဘက္မွစၿပီးတစ္ခ်က္ထိုးလိုက္ေပမဲ့တစ္ဖက္ကလီယမ္ခ်မ္းသည္လ်င္ျမန္စြာနဲ႕ေရွာင္လိုက္နိုင္သည္။

သို႔ေသာခ်က္ခ်င္းပဲရန္ႀကီးရဲ႕ပါးကိုတစ္ခ်က္အထိုးခံလိုက္ရသည္။

ထို႔ေၾကာင့္တြယ္တာလည္းဒီေကာင္ကတကယ္မလြယ္ဘူးဆိုတာလက္ခံလိုက္ရသည္။

ပြဲအစပိုင္းမွာေတာ့အၿငိမ္တစ္လိုင္းနဲ႕သြားေနေပမဲ့ အခ်ိန္ရလာတာနဲ႕အမွ် ၂ေယာက္စလုံးပညာကိုယ္စီျပလာၾကသည္။

ရန္ႀကီးဘက္ကေနပင့္လက္သီးတစ္ခ်က္ေကြၽးလိုက္တာကိုလီယမ္ခ်မ္းေမးခိုက္ေအာင္ခံလိုက္ရတာမို႔ တြယ္တာလက္သီးေလးဆုပ္ၿပီး ၿပဳံးလိုက္သည္။

သို႔ေသာ္ မ်က္စိေရွ႕မွာတင္ရန္ႀကီးဟာလီယမ္ခ်န္းရဲ႕ႀကိဳးဝိုင္း၏ႀကိဳးတန္းေတြၾကားထဲမွာညွပ္ၿပီးအခ်ဳပ္ခံလိုက္ရ၍ လီယမ္ခ်မ္းသည္အေပၚစီးကေန မ်က္ႏွာကိုဆက္တိုက္ထိုးတာခံလိုက္ရသည္။

တြယ္တာကိုယ့္လက္ကိုယ္ဆုပ္ကိုင္ၿပီးရင္ေတြတုန္လာရသည္။ မသိစိတ္ကေနေရတြက္မိလိုက္တဲ့အခ်က္အေရဟာ အားလုံးေပါင္း ၉ ခ်က္ေတာင္ျဖစ္သည္။

ဒိုင္လူႀကီးကလူခ်င္းဆြဲခြာလိုက္တဲ့အခါ တြယ္တာျမင္လိုက္ရတဲ့ကိုရန္ႀကီးရဲ႕မ်က္ႏွာေၾကာင့္ႏႈတ္ခမ္းေလးမ်ားေတာင္တုန္ရီသြားရသည္။

ညာဘက္မ်က္လုံးလည္းထိသြားၿပီး ရဲေနတာကိုေတြ႕ရသည္။ ၿပီးေတာ့ေမာဟိုက္ေနပုံေပၚတဲ့ကိုရန္ႀကီးကပါးစပ္ဟအသက္ရႉေနရတာမို႔ပါးစပ္ထဲကသြားေတြၾကားထဲကေနေသြးေတြထြက္ေနတာကိုလည္းတြယ္တာျမင္ရသည္။

တြယ္တာတို႔နဲ႕ဆန့္က်င္ဘက္ကေထာင့္မွာခဏအေမာေျဖဖို႔ထိုင္ရင္း ေရတိုက္သူကလာတိုက္၊အနာေဆးအနည္းငယ္ထည့္သူကလာထည့္ေပးသည္။

ထူးျမတ္လင္းကလည္းထၿပီးစကားသြားေျပာေလသည္။ တြယ္တာကေတာ့အထဲထိမလိုက္ဘဲေနရာကေနကိုရန္ႀကီးအားဆက္တိုက္ေငးၾကည့္ေနသည္။

ထူးျမတ္လင္းနဲ႕စကားေျပာေနရင္းတြယ္တာ့ဆီသို႔လွမ္းၾကည့္လာတဲ့ကိုရန္ႀကီးကိုတြယ္တာကစိတ္ပူေနတဲ့မ်က္လုံးေတြတဲ့ေငးၾကည့္ေနမိတဲ့အခါ ကိုရန္ႀကီးက ေသြးထြက္ေနေသာႏႈတ္ခမ္းမ်ားကေနႏႈတ္ခမ္းကေလးေကြး႐ုံၿပဳံးျပသည္။

ေနာက္တစ္ေၾကာ့ျပန္စေတာ့မွာမို႔ထူးျမတ္လင္းကလည္းတြယ္တာ့ေဘးသို႔ျပန္လာထိုင္သည္။

တြယ္တာ ေနာက္တစ္ေၾကာ့ကိုဆက္ၾကည့္ဖို႔အေတာ္အားတင္းထားရသည္။ ကိုယ္ခ်စ္ရတဲ့သူကအခုလိုမ်ိဳး နာက်င္ၿပီးေသြးထြက္သံယိုနဲ႕ခံေနရတာကိုၾကည့္နိုင္ဖို႔ဆိုတာေတာ္႐ုံမိန္းကေလးဆိုမျဖစ္နိုင္ပါ။

"ကိုရန္ႀကီးကဘာတဲ့လဲ အဆင္ေရာေျပရဲ႕လား"

"ဒီတစ္ခါခံထားရတာငါျမင္ဖူးသမွ်ထဲမွာအျပင္းဆုံးပဲ 50% 50% ပဲရွိတယ္ နိုင္ဖို႔က "

"ကိုငထူးကလည္းဘာလို႔အဲ့လိုႀကီးေျပာတာလဲ"

"ခုကတည္းကစိတ္ကိုျပင္ထားရတယ္ဟ "

ဒီတစ္ေၾကာ့မွာေတာ့ရန္ႀကီးလည္း အာ႐ုံစိုက္ထားၿပီး သူအနိုင္ယူေနက် တစ္ပတ္လွည့္ၿပီးကန္ေသာအကြက္ကိုသုံးလိုက္သည္။

လီယမ္ခ်မ္းလည္းထိုအကြက္ကိုေတာ့ကာကြယ္နိုင္ျခင္းမရွိေပမဲ့ ၃ခ်က္ေျမာက္မွာေတာ့ခုခံနိုင္သြားသည္။

ရန္ႀကီးရဲ႕ဗိုက္ကိုဒူးျဖင့္၄ခ်က္ဆက္တိုင္ျပင္းျပင္းထန္ထန္အတိုက္ခံလိုက္ရကာ ရန္ႀကီးကလီယမ့္ေခါင္းကိုဖက္ၿပီး၄ခ်က္ေလာက္ဆင့္ထိုးပစ္လိုက္သည္။

ဗိုက္ကိုထိသြားေတာ့လူကအနည္းငယ္ယိုင္နဲ႕သြားရသည္။  ထိုအေျခအေနကိုအခြင့္ေကာင္းယူၿပီး လီယမ္ကရန္ႀကီးကိုခုန္အုပ္လိုက္ေသာေၾကာင့္ ႏွစ္ေယာက္ကလုံးေထြးလွ်က္ ဟင္းလင္းျပင္မွာလဲက်သြားၾကသည္။

လီယမ္ကအေပၚေရာက္သြားတာနဲ႕ ရန္ႀကီးရဲ႕မ်က္ႏွာကိုဆက္တိုက္ဆက္ထိုးျပန္သည္။ ရန္ႀကီးကသူကာကြယ္နိုင္သေလာက္ကာကြယ္ေပမဲ့ လီယမ္ရဲ႕လက္ကလည္ပင္းကိုမသိမသာညွစ္ထားသလိုျဖစ္ကာလူကအသက္ရႉၾကပ္လာ၏။

လီယမ္ဟာ ေတာလိုက္မုဆိုးတစ္ေယာက္အမဲေကာင္ရကဲ့သို႔ အားရပါးရထိုးသတ္ေနသည္ျဖစ္ေလရာ တြယ္တာဆက္မၾကည့္နိုင္ေတာ့ဘဲထူးျမတ္လင္းရဲ႕လက္ကိုအားကိုးတႀကီးကိုင္ဆြဲၿပီးမ်က္စိစုံမွိတ္ခ်လိဳက္မိသည္။

"ဟ...ဒိုင္ကမတားဘူးလား !"

ထူးျမတ္လင္းက ခပ္က်ယ္က်ယ္ေအာ္လိုက္ေပမဲ့ ဒိုင္ကအဟုတ္ယိတိယားတားလုပ္ေနတာျဖစ္သည္။

ရန္ႀကီးလက္နဲ႕မကာထားနိုင္ေတာ့ဘဲမ်က္လုံးေတြပါျပာလာရသည္။ အသက္ရႉပါၾကပ္ေနတာကပိုထိခိုက္ရသည္။

"ီး....ဒိုင္က ဆြဲေတာ့ေလ ေအာက္ကလူကေသေတာ့မွာ!"

ထူးျမတ္လင္းက သူငယ္ခ်င္းကိုစိတ္ပူကာဆဲေရးဆိုၿပီးမတ္တပ္ထေျပာလိုက္သည္။

ပြဲအေျခအေနက႐ုံထဲမွာလည္းဆူညံလာ၍တြယ္တာလည္း မၾကည့္ရဲလို႔မ်က္စိမွိတ္မထားနိုင္ေတာ့ေပ။

"ကိုရန္ႀကီး....ကိုရန္ႀကီး.....အရႈံးေပးလိုက္ေတာ့...!"

တြယ္တာကအရႈံးေပးဖို႔႐ုတ္တရက္ႀကီးကုန္းေအာ္သည္။

"ကိုရန္ႀကီး အမ်ားႀကီးထိခိုက္လို႔မျဖစ္ဘူး! "

ဒိုင္ကအခုမွဝင္ဆြဲတဲ့ကာ 1 မွ 10 အထိေရတြက္ေလသည္။ ဒါေပမဲ့ရန္ႀကီးအေနနဲ႕ ေနာက္တစ္Round ထိုးနိုင္စြမ္းလုံးဝမရွိေတာ့တာမို႔ လီယမ္ခ်မ္းရဲ႕လက္ကိုျမႇောက္ၿပီး အနိုင္ရရွိေၾကာင္းေၾကညာသည္။

ရန္ႀကီးေအာင္ရဲ႕ပရိတ္သတ္ေတြကဒိုင္ကိုဆဲသူကဆဲ၊ ေဒါသထြက္သူကထြက္၊ရန္ႀကီးကိုအားေပးသူကေပးၾကသည္။

လီယမ္ခ်မ္းပရိတ္သတ္မ်ားကေတာ့ေအာင္ပြဲခံကာေပ်ာ္႐ႊင္ဟစ္ေႂကြးလက္ခုပ္တီးၾက၏။ ထိုစဥ္တြယ္တာသည္ႀကိဳးဝိုင္းဟိုဘက္အျခမ္းမွာခပ္ေရးေရးျမင္လိုက္ရတဲ့လူက တြယ္တာ့ကိုကိုယ္ထိလက္ေရာက္ေစာကားခဲ့တဲ့ေကာင္းဆက္မင္းျဖစ္သည္။

သူကလီယမ္ခ်မ္းဘက္ကေနအားေပးပုံရ၏။မတ္တပ္ရပ္ၿပီးလက္ခုပ္တီးေနရင္းအားကစား႐ုံထဲကေနထြက္သြားသည္။

ပြဲၿပီးေလေတာ့ရန္ႀကီးက လီယမ္ခ်မ္းႏွင့္လက္ဆြဲႏႈတ္ဆက္ၿပီး နားေနခန္းထဲသို႔သြားေလေတာ့သည္။

တြယ္တာနဲ႕ငထူးကခပ္ျမန္ျမန္ဘဲရန္ႀကီးေနာက္သို႔လိုက္သြားၾကေလသည္။

နားေနခန္းကေလာ့ခ်ထားတာမို႔ထူးျမတ္လင္းကတံခါးေခါက္ၿပီး သူနဲ႕တြယ္တာျဖစ္ေၾကာင္းေျပာေတာ့မွဖြင့္ေပးသည္။

တြယ္တာတို႔၃ေယာက္အထဲေရာက္တာနဲ႕ထူးျမတ္လင္းကတံခါးကိုျပန္ၿပီးေလာ့ခ်လိဳက္သည္။

ေခြၽးေတြ႐ႊဲၿပီးေမာဟိုက္ေနတဲ့ရန္ႀကီးကလက္အိတ္ေတြကိုခြၽတ္ထား၍ တစ္ရႉးမ်ားျဖင့္ႏွာေခါင္းကိုအုပ္ထားရသည္။

မ်က္လုံးႏွစ္ဖက္လုံးညိုၿပီးေဖာင္းေနကာ တစ္ရႉးတစ္ခုလုံးလည္းေသြးေတြကနီရဲေနသည္။

တြယ္တာ ရန္ႀကီးရဲ႕ပုံစံကိုၾကည့္ၿပီးမ်က္ရည္ဝဲလာေပမဲ့ဒီခ်ိန္မွာငိုလို႔မရတာမို႔ေအာင့္ၿပီးမ်က္ရည္ေတြက်မလာခ်င္သုတ္ပစ္လိုက္သည္။

ရန္ႀကီးက ေဒါသထြက္ေနတာမို႔ရွိတဲ့စားပြဲေပၚသို႔ ဝုန္းခနဲလက္သီးျဖင့္ထိုးပစ္လိုက္သည္။

လက္အိတ္ေတြကခြၽတ္ထားၿပီးျဖစ္ကာ လက္မွာကအဝတ္ျဖဴေတြပဲစည္းထားတာက်န္တာမို႔ထူးျမတ္လင္းကေနာက္တစ္ခ်က္မထိုးေအာင္ရန္ႀကီးလက္ကိုကိုင္ထားလိုက္သည္။

ဒီလက္ေတြပါထပ္ၿပီးထိုခိုက္လို႔မျဖစ္ပါ။

"စိတ္ေလ်ာ့ငါ့ေကာင္ ငါသိတယ္ ဒီေန႕ဒိုင္ကသိပ္မဟုတ္ခ်င္ဘူး တိတိက်က်စဳံစမ္းမွျဖစ္မယ္ "

ရန္ႀကီးႏွာေခါင္းကိုအုပ္ထားေသာလက္ထဲကတစ္ရႉးေတြကေသြးေတြအကုန္ေပသြားေတာ့ရန္ႀကီးလည္းလက္ထဲကတစ္ရႉးေတြကိုလႊင့္ပစ္လိုက္သည္။

သို႔ေသာ္ႏွာေခါင္းေသြးယိုတာေရာ၊ပါးစပ္ထဲကေသြးေတြေရာကမတိတ္ေသးသျဖင့္ေခါင္းေမာ့ထားလိုက္ရ၏။

တြယ္တာက လြယ္ထားေသာအိတ္ကိုပစ္ခ်ကာ တစ္ရႉးေတြကိုဘူးထဲကျမန္ျမန္ဆြဲထုတ္ၿပီး ေျခဖ်ားေလးေထာက္ကာေသြးေတြကိုသုတ္ေပးေပမဲ့အရပ္ကမမွီတာမို႔ရန္ႀကီးကပဲသူမဆီကတစ္ရႉးကိုယူကာကိုယ့္ဘာကိုယ္သုတ္လိုက္ရသည္။

"ဒဏ္ရာေတြပိုမဆိုးခင္ေဆးထည့္ရေအာင္ "

တြယ္တာက နားေနခန္းထဲမွာအသင့္ရွိေနေသာ ေဆးသတၱာကို စားပြဲေပၚသို႔တင္လိုက္ကာေျပာသည္။

"ေနာ္လို႔....တြယ္တာ ေဆးထည့္ေပးမယ္ "

"ဟုတ္တယ္ေဟ့ေကာင္ ေဆးခန္းလည္းသြားမွျဖစ္မယ္ေလာေလာဆယ္ေဆးထည့္ထားလိုက္ ငါေဆးခန္းလိုက္ပို႔မယ္ "

ရန္ႀကီးက အခုထိေဒါသအရွိန္မက်ေသးတာမို႔အံႀကိတ္ထားဆဲျဖစ္ေလရာေမးရိုးမ်ားပင္တင္းေထာင္ေနေလသည္။

ေဒါက္...ေဒါက္....

"ရန္ႀကီး ငါပါ..."

တံခါးလာေခါက္တာက ရန္ႀကီးရဲ႕ေအဂ်င္စီကTrainerျဖစ္သည္။

ရန္ႀကီးနဲ႕ဒီပြဲအေၾကာင္းလာေျပာတာျဖစ္တာမို႔ ဒီအေၾကာင္းေျပာရင္ရန္ႀကီးက Trainerကိုပါျပန္ထိုးမယ့္အေျခအေနဆိုတာနားလည္ေသာထူးျမတ္လင္းကပဲ

"တြယ္တာ ရန္ႀကီးကိုေဆးထည့္ေပးလိုက္ ငါ Trainerနဲ႕စကားသြားေျပာဦးမယ္ "

ဟုဆိုကာ တံခါးေလာ့ခ်ၿပီးအျပင္ထြက္သြားသည္။

တြယ္တာက ရန္ႀကီးကို စားပြဲေပၚသို႔ထိုင္ေစာေတာ့ရန္ႀကီးက ထိုင္ေပးလိုက္၏။ ရန္ႀကီးထိုင္လိုက္ေတာ့မွတြယ္တာနဲ႕ကအရပ္ခ်င္းညီသြားၿပီးေဆးထည့္ေပးဖို႔အဆင္ေျပမည္။

"ႏွာေခါင္းေသြးေတြတိတ္သြားၿပီလား"

တြယ္တာက ရန္ႀကီးႏွာေခါင္းအုပ္ထားတဲ့ တစ္ရႉးေတြကိုဖယ္လိုက္ေတာ့ ေသြးကတိတ္သြားေပမဲ့ႏႈတ္ခမ္းကေတာ္ေတာ္ၿပဲကြဲေနတာကိုေတြ႕ၿပီးတြယ္တာ့မွာစိတ္မေကာင္းျဖစ္ကာမ်က္ရည္ေတြထပ္ဝဲလာျပန္သည္။

ဒါေပမဲ့မငိုဘဲစိတ္ကိုထပ္ၿပီးတင္းထားကာေဆးေသတၱာဖြင့္၍ေပါက္ၿပဲေနတဲ့ေနရာေတြကို ေဆးထည့္ေပးဖို႔ဂြမ္းေတြၿဖဲကာေဆးရည္မ်ားစြတ္လိုက္သည္။

"စပ္လိမ့္မယ္ေနာ္ "

ရန္ႀကီးကဘာမွျပန္မေျပာပဲၿငိမ္ေနတာမို႔တြယ္တာလည္းေဆးထည့္ထားေသာဂြမ္းေတြနဲ႕ သူမေဆးလိမ္းေပးလို႔အဆင္ေျပတဲ့ႏွာေခါင္းေပၚနဲ႕ပါးကဒဏ္ရာအနည္းငယ္ကိုဂြမ္းျဖင့္ဖိသုတ္လိုက္သည္။

ထိုအခါ ရန္ႀကီးရဲ႕ေမးေၾကာမ်ားကပို၍ေတာင့္တင္းသြားသည္။ သူကမေအာ္ေပမဲ့ဘယ္ေလာက္ေတာင္စပ္ၿပီးနာေနလိုက္မလဲဆိုတာတြယ္တာခန့္မွန္းလို႔ရပါသည္။

တြယ္တာက တဟူး..ဟူး...နဲ႕အစပ္သက္သာေအာင္ မႈတ္ေပးေတာ့ ရန္ႀကီးရဲ႕မ်က္လုံးေတြကေအာက္စိုက္ေနရာကတြယ္တာ့ကိုၾကည့္လာသည္။

ၿပီးေတာ့ႏႈတ္ခမ္းေတြကိုေဆးထည့္ေပးဖို႔ႏႈတ္ခမ္းကိုလိမ္းလို႔အဆင္ေျပမယ့္ေဆးအခ်ိဳ႕ကိုတြယ္တာရွာသည္။

မ်က္လုံးေတြက်ဒီေဆးေလာက္နဲ႕အဆင္ေျပမွာမဟုတ္၊အခက္မသင့္ရင္တစ္ခုခုျဖစ္သြားမွာမို႔တြယ္တာမထိရဲေခ်။

တြယ္တာ ေဆးကိုဂြမ္းစေသးေသးေလးနဲ႕တို႔ၿပီးရန္ႀကီးမ်က္ႏွာကိုျပန္ေမာ့ၾကည့္လိုက္ေတာ့
နားၾကားထဲညွပ္ထားတဲ့ဆံပင္ရွည္ေတြကေရွ႕သို႔ျပန္က်လာ၍ ရန္ႀကီးရဲ႕မ်က္လုံးခ်င္းစုံသြားရသည္။

ထိုအခါမွကိုရန္ႀကီးဟာတြယ္တာ့ကိုဆက္တိုက္စိုက္ၾကည့္ေနခဲ့သည္ဆိုတာသိရသည္။

တြယ္တာကခါတိုင္းလိုၿပဳံးေနျခင္းမရွိဘဲသူ႕ကိုၾကည့္ရင္းဝမ္းနည္းေနပုံေပၚတာမို႔ရန္ႀကီးကမ်က္ေမွာင္ကုပ္ၾကည့္လိုက္သည္။

တြယ္တာလည္းငိုခ်င္တာကိုမနည္းထိန္းထားၿပီးဂြမ္းစကေလးကိုရန္ႀကီးရဲ႕ေပါက္ၿပဲေနတဲ့ႏႈတ္ခမ္းမ်ားကိုတို႔ထိဖို႔႐ြယ္လိုက္သည္။

"ႏႈတ္ခမ္းဆိုေတာ့ ပိုစပ္မွာ အရမ္းစပ္လာရင္ေျပာေနာ္"

ေျပာၿပီးတြယ္တာက ရန္ႀကီးႏႈတ္ခမ္းကိုအသာေလးတို႔ေပးသည္။

ရန္ႀကီးလည္းသူ႕ႏႈတ္ခမ္းကိုစိုက္ၾကည့္ၿပီးေဆးထည့္ေပးတဲ့တြယ္တာ့ဆီကေနရတဲ့Shampooနံ႕ေမႊးေမႊးမ်ားကိုရႉရွိုက္မိသည္။

နိုး...လုံးဝ..ဒီလိုဒဏ္ရာျဖစ္လို႔မျဖစ္ဘူး ရာရာစစတြယ္တာနမ္းမယ့္ႏႈတ္ခမ္းေတြကဒီလိုေပါက္ၿပဲေနစရာလား။

တြယ္တာၾကည့္မဝတဲ့မ်က္ႏွာေလးကိုလည္းဒီလိုဒဏ္ရာေတြမ်ားႀကီးရလို႔မျဖစ္ဘူး၊ အမာ႐ြတ္လည္းလုံးဝမက်န္ဘူး ပလက္စတစ္ဆာခ်ရီဆရာဝန္နဲ႕ပါကုေပးပစ္မယ္။

တြယ္တာကိုယ့္အေတြးနဲ႕ကိုယ္ အာ႐ုံစိုက္ၿပီးေဆးတို႔ေပးေနတာကေနေအာက္ႏႈတ္ခမ္းကၿပဲေနတဲ့ေနရာကိုေရာက္ေတာ့ဖိၿပီးတို႔ ေပးလိုက္တာ ရန္ႀကီးေအာင္တအားစပ္ၿပီးေခါင္းကိုေနာက္ဆုတ္လိုက္သည္။

ဒါေပမဲ့တြယ္တာကအဆုတ္မခံဘဲ ရန္ႀကီးရဲ႕ေခါင္းကိုဂုတ္ကေနျပန္ထိန္းၿပီးဆြဲထား၏။

"ျမန္ျမန္ေပ်ာက္မွျဖစ္မယ္...မစပ္ေအာင္တြယ္တာမႈတ္ေပးမယ္"

ႏႈတ္ခမ္းေလးခြၽန္ၿပီးသူ႕ႏႈတ္ခမ္းကိုတဟူး..ဟူးမႈတ္ေပးလာသည္။

သူ႕ကို ကေလးတစ္ေယာက္ကိုခ်ဳပ္ၿပီးေဆးထည့္ေပးတဲ့ကေလးမကိုစိုက္ၾကည့္၍ သူ႕ဂုတ္ကိုဆြဲကိုင္ထားတဲ့တြယ္တာ့လက္ကိုျဖတ္ခနဲဆုတ္ကိုင္လိုက္သည္။

တြယ္တာလည္း႐ုတ္တရက္ႀကီးလက္ကိုအားနဲ႕ဖိကိုင္ခံလိုက္ရတာမို႔လန့္သြားသည္။ ေဆးထည့္ေပးေနတဲ့လက္ကလည္းတန္းလန္းႀကီးေလထဲမွာရပ္တန့္သြားကာ သူ႕ကိုစိုက္ၾကည့္ေနတဲ့ရန္ႀကီးအားမ်က္လုံးဝိုင္းေလးနဲ႕ျပန္ၾကည့္လာသည္။

ရန္ႀကီးလည္းသူနဲ႕မ်က္ႏွာခ်င္းတစ္ထြာေတာင္မကြာဘဲအနီးကပ္ျမင္ေနရတဲ့ တြယ္တာ့ရဲ႕လန့္ၿပီးစိတ္လႈပ္ရွားေနတဲ့မ်က္ႏွာကေလးကိုၾကည့္ရတာ ေဒါသပဲထြက္သလိုလို၊သူကိုယ္တိုင္ပဲစိတ္လႈပ္ရွားလာသလိုလိုနဲ႕မသည္းမကြဲျဖစ္လာရသည္။

ရန္ႀကီးဟာ သူမရဲ႕မ်က္လုံး၊ႏွာေခါင္း၊ ႏႈတ္ခမ္းတို႔အားတစ္ခုခ်င္းကို စကၠန့္ပိုင္းမွ်တစ္ခုခ်င္းစိုက္ၾကည့္ေနမိသည္။

သူမႏႈတ္ခမ္းေတြကိုစိုက္ၾကည့္လာတဲ့ကိုရန္ႀကီးေၾကာင့္တြယ္တာမွာရင္ေတြခုန္ၿပီးတံေတြးကိုလည္ေခ်ာင္းကေလးလႈပ္ခပ္သြားတဲ့အထိၿမိဳခ်လိဳက္သည္။

ရန္ႀကီး သူမရဲ႕ပန္းေရာင္ေဖ်ာ့ေဖ်ာ့အေရာင္တင္ထားၿပီးထူတယ္လို႔မေျပာေလာက္ေပနဲ႕ထူတယ္လို႔ထင္ရတဲ့ေအာက္ႏႈတ္ခမ္းပုံစံေဖာင္းေဖာင္းကေလးနဲ႕အေပၚႏႈတ္ခမ္းခြၽန္ခြၽန္ကေလးကို ၾကည့္ေနမိ႐ုံနဲ႕မတင္းတိမ္နိုင္ေတာ့သလိုမ်ိဳးစိတ္ေတြကေတာင့္တလာခဲ့သည္။

"ျပန္ေတာ့! "

"ဟင္!"

ဒါေပမဲ့ တြယ္တာမထင္မွတ္ထားေသာစကားကိုၾကားလိုက္ရသည္။

ရန္ႀကီးက သူမရဲ႕လက္ကိုလႊတ္ကာ မ်က္လုံးမ်ားလႊဲလိုက္ၿပီးေဘးသို႔ေစာင္းလွည့္သြားသည္။

"ေနဦးေလ...ကိုရန္ႀကီးပလာစတာကပ္ရဦးမယ္"

တြယ္တာက ေဆးေသတၱာထဲကေနအနာကပ္ပလာစတာအခ်ိဳ႕ကိုထုတ္ၿပီးခြာေနသည္။

"ဒီတိုင္းျပန္လိုက္ေတာ့ "

"........."

"ငထူးျပန္လာလိမ့္မယ္ မင္းအိမ္ျပန္ေတာ့"

"ဘာလို႔ လူကို ဇြတ္ျပန္ခိုင္းေနတာလဲ သူမ်ားက ကိုရန္ႀကီးကိုစိတ္ပူလို႔ ေသေတာ့မယ္"

"ေအး...ငါကလည္း မင္းကိုစိတ္ပူလို႔ျပန္ခိုင္းေနတာ ငါ့စိတ္ေတြကအခုခ်ိန္မွာ အစိုးရေနတာမဟုတ္ဘူး "

ရန္ႀကီးက စားပြဲကေနဆင္းၿပီးမတ္တပ္ရပ္လိုက္ေတာ့ တြယ္တာရန္ႀကီးကိုေမာ့ၾကည့္လိုက္သည္။

"ငါေျပာတာနားလည္လား "

ခါးေထာက္ၿပီး သူမကိုမ်က္ေမွာင္ကုပ္ၾကည့္ကာေမးလာေတာ့ တြယ္တာေခါင္းညိတ္ျပလိုက္သည္။

"အဲ့တာဆို စကားနားေထာင္ၿပီး ျပန္ေတာ့ "

တြယ္တာလည္း သူမရဲ႕အိတ္ကေလးကိုေကာက္ယူၿပီး နားေနခန္းထဲကေနထြက္သြားလိုက္သည္။

ရန္ႀကီးလည္းတြယ္တာထြက္သြားမွ စားပြဲေပၚသို႔လက္ႏွစ္ဖက္လုံးနဲ႕ေထာက္ၿပီးသက္ျပင္းတစ္ခ်က္ခ်လိဳက္ေတာ့သည္။

**********************************
အမွားပါရင္ခြင့္လႊတ္ပါ
part (17) ဆက္ရန္

Continue Reading

You'll Also Like

791K 65.9K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
168K 10.8K 21
သူများစုံတွဲတွေ ကြည်နူးနေတာကို ကြည့်ပြီး အားကျနေရသူ ရှင်းသန့် ။ တုံးအပြီး ရိုးသားတဲ့ ရုပ်ဆိုးမလေး ရှင်းသန့်ရဲ့ ဘဝထဲ ကောင်လေးချောချောလေး နှစ်ယောက် ရော...
1.3M 95.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.