‘ကြည့်ပါလား။ ရှန်းဝမ့်ချုံးက နှစ်လိုဖွယ်ကောင်းတဲ့သူ တစ်ယောက်ပါဆို။’
ရှန်းဝမ့်ချုံးမှာ ပိုက်ဆံမရှိတော့သည်ကိုပင် ယင်း၏ သူငယ်ချင်းအုပ်စုက ကူညီလိုဆဲပင်ဖြစ်သည်။ သူ့အနေဖြင့် ရှန်းဝမ့်ချုံး၏ သူငယ်ချင်းအုပ်စုကြီးထဲမှ တစ်ယောက်မျှသာပင်။ တကယ်တော့လည်း သူက ထည့်ပြောနေစရာမလိုလှသော ဘောင်မဝင်သူတစ်ဦးပင် မဟုတ်လော။ ဆက်ဆံရေးတွေကို ဆယ်စုနှစ်တစ်ခုမျှ ဖြတ်တောက်ခဲ့ကြသူများအား သူငယ်ချင်းတွေ မိတ်ဆွေတွေ မဆိုနှင့် အသိအကျွမ်းဟုပင် အဘယ်သို့ ဆိုနိုင်ပါဦးမည်နည်း။
ရဲစခန်းက ဖုန်းရမှာသာ ရှန်းဝမ့်ချုံး အတော်လေး ခက်ခဲကြမ်းတမ်းနေသည်မှန်း လုယောင်သိခဲ့ရခြင်းပင်။
သူခေါ်လာသည့် ရှေ့နေသည် ရှန်းဝမ့်ချုံး၏ ပြစ်မှုမှတ်တမ်းများကို ထုတ်ပြအသိပေးခဲ့သော်လည်း သူဂရုမစိုက်အားနိုင်ခဲ့ပေ။ သူအဆက်အသွယ် မလုပ်သည့် ကာလအတွင်း ရှန်းဝမ့်ချုံးသည် လူမှုလောကအမြင်အရ လူမိုက်စာရင်းဝင်ခဲ့ခြင်းကိုသာ သူသတိပြုလိုက်မိသည်။
ကျောင်းလင်၏ အပြောအရလည်း ထိုသို့ပင်….
သို့သော်လည်း ရှန်းဝမ့်ချုံးသာ လူဆိုးကလေး ဖြစ်မလာလျှင် သူ့အနေဖြင့် ရှန်းဝမ့်ချုံးကို အိမ်ခေါ်ခွင့်ရနိုင်မည်မဟုတ်။
သူအနေဖြင့် ရှန်းဝမ့်ချုံးဘာကြီးဖြစ်နေပါစေ စိတ်မရှိပေ။
‘ရှန်းဝမ့်ချုံးက ရှန်းဝမ့်ချုံဖြစ်နေတုန်းပဲလေ။’
……….
ရှန်းဝမ့်ချုံးသည် သူ့အား ထိလိုက် တို့လိုက် လုပ်နေလျက်မှ “ခွေးရဲ့ အနံ့တွေ မင်းဆီကျန်နေတာပဲ။”
လုယောင်ဆက်၍ ထိုင်မနေသာတော့ဘဲ “ကိုယ် အခုပဲ ရေသွားချိုးတော့မယ်။”
ထို့နောက် လုယောင်က “တကယ်လို့ ကိုယ်အလုပ်ရှုပ်ပြီး မအားခဲ့ရင် မင်းဆေးရုံကို သွားပြီး ခွေးလေးရဲ့ အခြေအနေကို ကြည့်ပေပါအုံးနော်။
ရှန်းဝမ့်ချုံးသည် ချက်ချင်းမတုန့်ပြန်ခဲ့ပေ။ ခေတ္တမျှငြိမ်သက်ပြီးနောက် “ကိစ္စမရှိဘူး။ မင်း တကယ်မအားတာဆို ငါကြည့်ပေးလို့ ရပါတယ်။”
လုယောင်သည် သူ့အတွက် လုပ်စရာတစ်ခုခု ရှာပေးချင်နေမှန်းသူသိ၏။ လူဆိုသည်မှာ လုပ်စရာမရှိလျှင် အားအားယားယား လျှောက်တွေ၊ လျှောက်လုပ်နှင့် လမ်းလွဲကြသည်ပင်။ ထို့ကြောင့် လုပ်စရာရှိလျှင် အလုပ်၌ စိတ်ရောက်၍ အခြားတွေးစရာ ရှိမည်မဟုတ်။
ရှန်းဝမ့်ချုံးသည် ရေချိုးရန် အလွန်ပျင်းနေမိသည်။ ကိုယ်ကို စောင်လေးလွှား၍ ဆိုဖာပေါ်လှဲလျက် ‘လုယောင် ငါ့ကို စိတ်ပျက်သွားအောင် ငါဘယ်လိုလုပ်ရမလဲ။ ကျောင်းလင်က ငါ့ရဲ့ ဘယ်လိုမကောင်းကြောင်းတွေကို ပြောထားတာပါလိမ့်။’
ရှန်းဝမ့်ချုံးနှင့် ကျောင်းလင်သည် ယခင်က အင်မတန်မှ ဆက်ဆံရေး ကောင်းခဲ့ကြသည်။ ရှန်းဝမ့်ချုံးသည် သူကိုယ်တိုင်သာ ဆိုးသွမ်းချင် ဆိုးသွမ်းမည် အခြားသူကိုတော့ဖြင့် သူလိုဖြစ်စေရန် မလုပ်တတ်ပေ။ ကျောင်းလင်သည် ယခင်ကတည်းက လောင်းကစားလုပ်တတ်သူဖြစ်ပြီး သူနှင့် ကျောင်းလင်တွဲလုပ်သည့် တစ်ကြိမ်တွင် ငါးသန်းထိရှုံးသွားဖူးသည်။
ထို့နောက် ရှန်းဝမ့်ချုံးသည် ကျောင်းလင်နှင့် သူ့ရည်းစားတို့ လွန်ခဲ့သည့်လဝက်ခန့်က လက်ထပ်ခဲ့ကြကြောင်း သိရှိခဲ့ရသည်။ ထိုကောင်မလေးထံ message များ ပေးပို့နောက်ယှက်ခဲ့သည်။ ထိုအရာကပင် ကောင်မလေးကို အတော်စိတ်ဒုက္ခဖြစ်စေပြီး သူ(မ)တွင် ကိုယ်ဝန်ရှိနေသည်ကိုပင် ကျောင်းလင်နှင့် ပြတ်ဆဲရန် ထိုသို့မဟုတ် ပြတ်ဆဲကြရန်အထိ ဆောင်ရွက်ခဲ့သည်။
ထိုအချိန်မှစ ကျောင်းလင်သည် သူ့အား အတော်လေး နာကြည်း၍ သူ့အား လူသတ်ကောင်၊ ရာဇဝတ်ကောင် စသဖြင့် ခေါ်ဆိုခဲ့သည်။
ရှန်းဝမ့်ချုံးသည် သူဖမ်းစီးခံခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တကယ်ပင် သံသယဖြစ်မိသည်။ ကျောင်းလင်သည် သတင်းပေးဆိုသည်ကိုပင်….
မဟုတ်လည်း အခြားတစ်ယောက်က တိုင်မည်သာ။
ရှန်းဝမ့်ချုံးသည် ကျောင်းလင်က သူ့မကောင်းများကို လုယောင်ထံ ပြောလောက်မည်ကို သိသည်။ အခြားသူများထံမှလဲ မကြာခဏ ကြားသိရသည်။ သူ့မိသားစု ဒေဝါလီခံလိုက်ရပြီးနောက် သူက လူရှုပ်လူပွေ ဖြစ်လာသည် ဆိုကြ၏။
မနက်စာစားကြရင်း ရှန်းဝမ့်ချုံးက “မင်း ငါ့ကို ပိုက်ဆံနည်းနည်းလောက် ချေးလို့ရမလား။”
လုယောင် သတိကပ်၍ “ဘာလုပ်ဖို့ ပိုက်ဆံလိုတာလဲ။”
ရှန်းဝမ့်ချုံး လက်ချောင်းများမှ တူညှပ်ထားရင်း တွေးမိသည်မှာ ‘လုယောင်ကတော့ ငါ လောင်းကစားလုပ်ဖို့ ချေးတာလို့ တွေးလုပ်မယ် မဟုတ်လား။ လောင်းကစားသမားတွေကို ဘယ်သူကမှ ပိုက်ဆံမချေးချင်ကြဘူးလေ။ ရလေ လိုလေ အိုတစ္ဆေဆိုတာ သူတို့မှ အစစ်။’
ရှန်းဝမ့်ချုံးက “ဆေးလိပ်နဲ့ အရက်ဝယ်ဖို့ကို ငါ့ဆီမှာ ပိုက်ဆံတစ်ပြားမှမရှိလို့ပါကွာ။”
လုယောင် မိနစ်အတော်ကြာ အချိန်ယူ စဉ်းစားပြီးမှ “မင်းဘယ်လောက် လိုလို့လဲ။”
ရှန်းဝမ့်ချုံး : “ဝမ်ငါးထောင်”
‘ပထမဆုံး ငါးထောင်လောက်ပဲ အရင်ယူတာပေါ့။ လုယောင်လို ချွေတာတတ်တဲ့သူဆီကနေ အဲလောက်ရတာကိုက အတော်ဟုတ်နေပါပြီလေ။’
သူ တစ်စုံတစ်ခု တွေးနေသည့်အလား ပြုံးလိုက်ရင်း “....ငါ့အထက်တန်းကျောင်းစရိတ်က တစ်လကို ဝမ်ငါးထောင်ပဲ။ ငါမင်းကို IOU ရေးပေးပါ့မယ်။”
လုယောင်သိပ်တော့ သဘောမတူချင်ပေ။ ရှန်းဝမ့်ချုံးအိပ်ထဲသာ ပိုက်ဆံရောက်သွားပါက လမ်းစရိတ်လုပ်ပြီး အချိန်မရွေးထွက်သွားနိုင်သည်။
ရှန်းဝမ့်ချုံးသည် လုယောင်သဘောတူသည်ဟုသာ မှတ်ယူပြီး “ငါ့ကို ငွေသားပေးနော်။ ငွေမလွှဲလိုက်နဲ့။” ဟု ပေါ့ပေါ့ပါးပါးပင် ပြောနေသေးသည်။
“မင်းသာ ငွေလွှဲလိုက်ရင် ဘဏ်က တစ်ခါတည် အကြွေးနဲ့ သိမ်းသွားလိမ့်မယ်။”
လုယောင်သည် တစ်ခဏမျှ မျက်မှောင်ကုတ်သွားသည်။ ထိုအပြုအမူကို ရှန်းဝမ့်ချုံးသတိထားမိသွားပြီး မသက်မသာဖြစ်သွားရသည်။
သူတကယ်ပင် လုယောင်ကို စိတ်အနှောက်အယှက်ဖြစ်သွား စေလိုသော်လည်း လုယောင်၏ အပြုအမူကို မြင်ရသောအခါ သူ၏ နှလုံးအိမ်မှသာ ဓားဖြင့် အထိုးခံရသကဲ့သို့ တစက်စက် နာကျင်လာခဲ့ရသည်။
‘ဟားဟား သူအခုထိ ညံ့သေးပါလား။’
လုေယာင်က “ကောင်းပြီ။” ဟုဆိုလိုက်သည်။ ထို့နောက် မဆိုင်းမတွပင် အောက်ထပ်ရှိ ဘဏ်မှ ၂၄နာရီ ATMသို့သွားကာ ဝမ်ငါးထောင်ထုတ်ပေးရှာသည်။ ထို့နောက် ထပ်တိုးလာသည့် IOUနောက်တစ်စောင်ကို အသေအချာ သိမ်းဆည်းပြန်သည်။
သူသည် IOUနှင့် ပတ်သက်၍ သိပ်ဂရုမစိုက်ချေ။ သို့သော်လည်း ရှန်းဝမ့်ချုံးက IOU ထိုးချင်သည်ဆိုလျှင် သူက လက်ခံပေးမည်သာ။
လုယောင်က တံခါးနားတွင် ရပ်ရင်း “ကိုယ်အလုပ်သွားတော့မယ်။ ညစာချက်ဖို့ ညခုနစ်နာရီ မတိုင်ခင် အရောက်ပြန်လာခဲ့မယ်။”
လုယောင် ပြောပုံမှာ မသိလျှင် ‘မင်းအပြင်ထွက် ရှုပ်မှာဆို ရှုပ်။ ဒါပေမဲ့ ညခုနစ်နာရီ မထိုးခင် ပြန်လာ’ ဟု သွယ်ဝိုက်ဆိုသည့် အလားပင်။
“အမ်း” ရှန်းဝမ့်ချုံးသည် လူရည်မွန်ဟန်ဖြင့် လုယောင်ကို တံခါးဝထိ လိုက်ပို့ပေးသေးသည်။
လုယောင်သည် တစ်ခုခုတော့ တစ်ခုခုပဲ ဆိုသည်ကို ခံစားမိ၏။ အထူးသဖြင့် မနေ့က ရှန်းဝမ့်ချုံးသည် သူ့အား နှုတ်ဆက်စကား တစ်ခွန်းမဆိုဘဲ ထွက်သွားရန် ပြင်သည့် အချိန်မှ စ၍ အထူးတဆန်း ပြုမူလာသည်။
မနေ့ကလို ရှန်းဝမ့်ချုံး ထပ်ထွက်သွားမည်ကို သူတကယ် စိုးရိမ်မိပါသည်။ ဖြစ်နိုင်လျှင် သူအိမ်မှနေ၍သာ ရှန်းဝမ့်ချုံးကို မျက်ခြည်မပြတ် စောင့်ကြည့်နေချင်သည်။ သို့သော်လည်း ကုမ္ပဏီ၏ သုတေသနဖွင့်တိုးရေး လုပ်ငန်းစဉ်များနှင့် အခြား သူမပါလို့ မဖြစ်သော အကြောင်းတရားများစွာ ရှိနေခြင်းကြောင့်သာပင်။ ထို့အပြင် ရှန်းဝမ့်ချုံးကို အခန်းထဲ တံခါးပိတ်ပြီး ထားရစ်ခဲ့၍လည်းမရပေ။
ရှန်းဝမ့်ချုံးသည် သူနှင့်နေရသည်ကို သက်တောင့်သက်သာရှိမှသာလျှင် သူနှင့် အချိန်အကြာကြီး နေချင်မည် မဟုတ်ပါလား။
'ဟုတ်ပြီ လုယောင်ထွက်သွားပြီကွ။ အိမ်မှာ ငါတစ်ယောက်ပဲ ရှိတော့တာပဲ။’
ရှန်းဝမ့်ချုံးသည် ခေါင်းကိုအုံ့လျက် စားပွဲပေါ်ရှိ အသစ်ကျပ်ချွတ် ငွေစက္ကူများကို ငါးကျော့ ခြောက်ကျော့လောက်ပင် ထိုင်ရေနေမိသည်။ ‘သောက်ရမ်း စိတ်ရှုပ်ဖို့ကောင်းတာပဲ။ အဲဒီ လုယောင်ဆိုတဲ့ အဖေလေးက ဘယ်လိုကောင်လဲကွာ။ အဲလို ရူးကြောင်ကြောင်နဲ့ ဘယ်လိုများ ဥက္ကဌ ဖြစ်လာတာလဲမသိဘူး။ သူ့လို လောင်းကစားသမားကို ပိုက်ဆံချေးတယ်တဲ့ တကယ့်ကောင်။’
ငွေစက္ကူများကို ဟိုလှန် ဒီလှောကိုင်ရင်း ငွေစက္ကူအသစ်မှ စာရွက်သားနှင့် မင်၏ ပေါင်းစပ် ရနံ့ထူးကို ခံစားနေမိသည်။
ဤပိုက်ဆံများသည် အခြားပိုက်ဆံများနှင့် တူတူသာဟူ၍ စောဒကတက်ကောင်း တက်နိုင်ကြသည်။ သို့သော်လည်း လုယောင်ဆီမှဖြစ်၍ အညစ်အကြေး၊ အစွန်းအထင်းလုံးမကင်းသော အဖြူထည်သန့်သန့် ငွေဖြူလေးများပင်သာ။
(T/N - ပိုက်ဆံကအစ ဘုန်းတော်ဘွဲ့နေကြတယ်။ ဒုက္ခ 🥲)
ရှန်းဝမ့်ချုံးသည် စာကြည့်ခန်းမှ လုယောင်၏ နာမည်ရေထိုးထားသည့် အလှူမှတ်တမ်းများကို ရုတ်တရက်သတိရမိသွားသည်။
… အားလုံးပြီးသွားလို့ လုယောင်မေးလာရင်တော့ ‘အဲဒီပိုက်ဆံတွေကို သောက်စားပြီး စော်ခေါ်တယ်။ လောင်းကစားလုပ်ပစ်တယ်’ဟု ပြောလိုက်မည်သာ။