𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆

By taetaehnin13

8.2K 445 43

!ကလေးတော်တော်ဆိုးတာပဲကွာ ကိုယ့်အပေါ်အရမ်းအနိုင်ယူတာပဲ.... ကလေးအနိုင်ယူချင်လည်းယူပါကလေးရယ် ကလေးမို့ ကိုယ်အလျော... More

Part-1🐰🐻
Part-2🐰🐻
Part-3🐰🐻
Part-5🐰🐻🚨
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12

Part-4🐰🐻

524 40 1
By taetaehnin13

Unicode

မန်နေဂျာမှာ ဂျောင်ဂုပေးတဲ့ လိပ်စာကဒ်ကိုကြည့်ပြီး သွေးတက်တော့သည်။

"ဟင်...ဒီလူက Jeon Groupက သူဌေးဂျွန်ဂျောင်ဂုပဲ.... ဟာ...ငါတော့သွားပြီ တကယ့်ဟာကိုမှအပြစ်သွားလုပ်မိပြီ...."

မန်နေဂျာထင်သိအတိုင်း ဂျောင်ဂုကလည်း ခေသူမဟုတ် ထယ်ယောင်းအလုပ်လုပ်တဲ့ဆိုင်က သူဌေးကို ဆက်သွယ်ကာ မန်နေဂျာကို အလုပ်ထုတ် ခိုင်းလိုက်သည်။

"အဲ့မန်နေဂျာကို အလုပ်ထုတ်ရင်ထုတ် မထုတ်ရင် မင်းတို့ဆိုင်ကို တစ်သက်လုံးဖွင့်မရအောင်ငါလုပ်ပြမယ်..."

"အဲ့လိုတော့မလုပ်ပါနဲ့ သူဌေးဂျွန်ရယ် ကျွန်တော်သူ့ကို အလုပ်ထုတ်ပါ့မယ် ကျွန်တော့်ဆိုင်လေးကိုတော့ ဘာမှ မလုပ်ပါနဲ့..."

ဆိုင်ရှင်သူဌေးလည်း ဂျောင်ဂုကိုကြောက်တာကြောင့် မန်နေဂျာကို အလုပ်ထုတ်လိုက်ရသည်။

++++++++++

ထယ်ယောင်းတစ်ယောက် မှန်ကိုထောင်ကာ သူ့မျက်နှာကို ဟိုဘက်ဒီဘက်လှည့်၍ သေချာကြည့်နေသည်။

"ငါ့ကို ဘာလို့များ ယောကျာ်းတွေက စိတ်ဝင်စားရတာလည်း ငါများမိန်းကလေးရုပ်ပေါက်နေလို့လား...ငါ့ကိုငါကြည့်တာတော့ မိန်းကလေးနဲ့လည်းမတူပါဘူးနော်..."

"မြေးလေး တစ်ယောက်ထဲ ဘာတွေပြောနေတာလည်း..."

သူ့အဘွားအသံကြားတော့ ထယ်ယောင်းမှာ မှန်ကြည့်နေရာက လှည့်ကြည့်သည်။

"အဘွား ကျွန်တော့်ရုပ်က မိန်းကလေးနဲ့တူနေလို့လား...."

"ဘာလို့လဲမြေးရဲ့..."

"ကျွန်တော့်ကို ယောကျာ်းတွေက စိတ်ဝင်စားလို့လေ အဘွားရဲ့ အဲ့ဒါကြောင့်ကျွန်တော်များ မိန်းကလေးနဲ့တူနေလို့လားလို့.."

ထယ်ယောင်းအဘွားမှာ ထယ်ယောင်းအပြောကြောင့်ရယ်ကာ...

"တူတာပေါ့ ငါ့မြေးရဲ့ ငါ့မြေးက မိန်းမချောချောတာကို...အသားအရေကလည်း ဝင်းဝါပြီးလှတယ်လေ ဘာမှ အပြစ်ပြောစရာမရှိအောင် ချောတဲ့ ငါ့မြေးကို ယောကျာ်းလေးတွေကပါ စိတ်ဝင်စားတာမဆန်းပါဘူး..."

သူ့အဘွားပြောတော့ ထယ်ယောင်း မှာ ရှက်ပြုံးလေးပြုံးကာ...

"အဘွားကလည်း မြေးအဘွားအချင်းချင်းကို မြှောက်နေပြန်ပြီ.."

"မမြှောက်ပါဘူး ငါ့မြေးရယ် အဘွားက တကယ်ပြောတာပါ...အဘွားလေငါ့မြေးလေးကို တစ်ခါတစ်လေ တွေးမိရင် စိတ်မကောင်းဖြစ်မိတယ် ငါ့မြေးလိုချောချောလှလှလေးက ချမ်းသာတဲ့ သူဌေးတွေရဲ့ လက်ထဲမှာသာ ဝင်စားရင်ဘယ်လောက်တောင် ပိုပြီး ချောမောလှပနေမလည်း၊ အခုတော့ အဘွားတို့လို မရှိတဲ့ လူတွေရဲ့ လက်ထဲမှာ လာဝင်စားတော့ ငါ့မြေးမှာ အရွယ်နဲ့မလိုက် အလုပ်တွေလုပ်ရပြီး ပင်ပန်းနေရတယ် ငါ့မြေးလေးကိုစိတ်မကောင်း ဖြစ်မိတယ်ကွယ်..."

ထယ်ယောင်းမှာ သူ့အဘွားစကားကြားပြီး သူ့အဘွားကို လှမ်းဖက်လိုက်သည်။

"အဘွားရယ် အဲ့လိုကြီးမတွေးပါနဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ လက်ရှိဘဝလေးကိုပဲပျော်ပါတယ် ကျွန်တော့်မှာ မိဘတွေမရှိတော့ပင်မဲ့ ကျွန်တော့်ကို တယုတယနဲ့ ပြုစုစောင့်ရှောင့်ပေးတဲ့ အဘွားရှိတာ ကျွန်တော့်အတွက်ဘယ်လောက် ကံကောင်းလည်း၊ သူဌေးတွေစီလည်း မဝင်စားချင်ဘူး ဒီမိသားစုမှာ ဝင်စားတာပဲကောင်းတယ်..."

"ငါ့မြေးလေးရယ်..."

ထယ်ယောင်းအဘွားမှာ သူ့မြေးစကားကြားတော့ မျက်ရည်လည်မိသည်။ သူ့မြေးလို သိတက်တဲ့ လူမျိုးကလည်း ခက်ရှားရှားရယ် ၊အသက်ပြည့်တဲ့အရွယ်ထဲက သူ့ကိုဘာမှမလုပ်ခိုင်းပဲ ရရာအလုပ် လုပ်ကာ ရှာဖွေကျွေးမွေးနေတဲ့ ဒီလိုမြေးလေးတစ်ယောက်ရှိတာ သူ့အတွက်တော့ ကံကောင်းချင်းလက်ဆောင်ပါ။

ဂျောင်ဂုမှာ ထယ်ယောင်းကို ဘယ်လို ဖွင့်ပြောရမလည်း စဥ်းစားနေသည်။

"ငါ ကလေးကို ဘယ်လိုဖွင့်ပြောရမလည်းမသိဘူး ငါဖွင့်ပြောလိုက်လို့ ကလေးစိတ်ဆိုးသွားရင်ရော....ဟား....စိတ်ရှုပ်လိုက်တာ...."

"ဟေ့ဟျောင် ဂျောင်ဂု ဘာတွေစဥ်းစားနေတာလည်း ငါဝင်လာတာတောင် မသိဘူး..."

ယွန်းဂီ အသံကြားမှ ဂျောင်ဂုလည်းတွေးနေရာက ရပ်သွားသည်။

"ယွန်းဂီ ငါလေ ကလေးကို ဘယ်လို ဖွင့်ပြောရင်ကောင်းမလည်းလို့စဥ်းစားနေတာ... ငါဖွင့်ပြောလိုက်လို့ ကလေးက စိတ်ဆိုးမှာလည်းငါကြောက်တယ်..."

"ဒါဆိုလည်း ဖွင့်မပြောနဲ့ပေါ့ကွာ..."

ယွန်းဂီတစ်ယောက်ဂျောင်ဂုကို စ ချင်၍ ထိုသို့ပြောလိုက်ချင်းဖြစ်သည်။

"ချီးမှ ပဲ ငါက အကောင်းပြောနေတာကို မင်းက တစ်မှောက်..."

"ငါလည်း အကောင်းပြောတာပဲ မင်းဖွင့်မပြောရဲဘူးဆိုလို့ မပြောနဲ့ပြောတာကို..."

"ငါက မင်းစီက အကြံဥာဏ်လေးရမလားလို့ ပြောကြည့်တာ...."

"ငါ က လည်း မင်းအရမ်းတွေဖြစ်နေလို့ စ တာပါကွာ....မင်းအဲ့ကောင်လေးကို တကယ်ကြိုက်တယ်ဆို သွားတောင်းပါလား မိသားဖသားပြီးပြီ..."

"ဖြစ်ပါ့မလားကွ သူနဲ့ငါနဲ့က ရည်းစားလည်းမဟုတ်၊ ဘာမှလည်းမဟုတ်နဲ့ ပြီးတော့ အပြင်မှာမျက်နှာချင်းဆိုင်ဖူးတာဆိုလို့နှစ်ခါပဲရှိသေးတယ်... "

"ဒါတော့ကွာ မင်းတကယ်ချစ်ရင် စွန့်စားကြည့်ပေါ့ အဲ့လိုမှ မလုပ်ရင်တော့ ဒီတစ်သက်မင်းသူ့ကို ပိုင်ဆိုင်ရမှာမဟုတ်ဘူး..."

"ငါ သွားတောင်းတာက ယောကျာ်းလေးကမိန်းကလေးကိုတောင်းတယ်ဆိုတစ်မျိုး အခုဟာက ယောကျာ်းလေးအချင်းချင်းတောင်းရမှာလေ သူ့အဘွားက လက်ခံပါ့မလား...."

"ဒါဆို ဒီလိုလုပ် မင်းကောင်လေးရဲ့ အဘွားနဲ့ ရင်းနှီးမှုရအောင် အရင်လုပ်ကြည့် သူ့အဘွားနဲ့ရင်းနှီးမှုရပြီဆိုတော့မှ ကျန်တာဆက်လုပ်ကွာ...."

ဂျောင်ဂု ယွန်းဂီပြောတဲ့အကြံကို စိတ်ဝင်စားသွားသည်။

"အေး မင်းပြောတာ မဆိုးဘူးကွ ငါအဲ့လိုလုပ်ကြည့်မယ်..."

ဂျောင်ဂုမှာ ယွန်းဂီပြောတဲ့ အကြံအတိုင်း အကောင်အထည်ဖော်တော့သည်။

နေ့တိုင်းထယ်ယောင်းတို့အိမ်ကိုအကြောင်းမရှိအကြောင်းရှာ သွားကာ ထယ်ယောင်းအဘွားနဲ့ရင်းနှီးမှုရအောင်ယူတော့သည်။

"အဘွားရေ ကျွန်တော် လာလည်တယ်..."

"သူဌေးဂျွန်ပါလား လာလေ... "

"ဟုတ်အဘွား...ဒါနဲ့ ကလေးရော..."

"ထယ်လေးလား ထယ်လေးက အလုပ်ရှာမယ်ဆိုပြီး ထွက်သွားတယ် သူဌေးဂျွန်ရဲ့..."

"အဘွားကလည်းဗျာ ကျွန်တော့်ကို သူဌေးဂျွန် သူဌေးဂျွန်နဲ့ မခေါ်ပါနဲ့...ရင်းရင်းနှီးနှီးဂျောင်ဂုလို့ပဲခေါ်ပါ..."

"ဟုတ်ပါပြီကွယ်..."

"ရော့အဘွား ဒါအဘွားအတွက် ကျွန်တော်ဝယ်လာတာ..."

"ဘာတွေလည်းကွဲ့..."

"အဘွားအားရှိအောင် အားဆေးတွေနဲ့ လူကြီးသောက်တဲ့နို့မှုန့်တွေ ဝယ်လာပေးတာ..."

"ရပါတယ် သားရယ် နောက်ကိုဝယ်မလာပါနဲ့ ပိုက်ဆံတွေကုန်နေပါမယ်..."

"မကုန်ပါဘူး အဘွားရယ် ကျွန်တော် ကုသိုလ်ရအောင် ဝယ်လာတာပါ.."

"အေးပါကွယ် ဟုတ်ပါပြီ.."

ဂျောင်ဂုမှာ ထယ်ယောင်းအိမ်ကိုနေ့တိုင်းလာကာ ထယ်ယောင်းအဘွားအတွက် လက်ဆောင်တစ်မျိုးမဟုတ်တစ်မျိုး ဝယ်ဝယ်လာသည်။

ထယ်ယောင်းတို့ မြေးအဘွားမှာတော့ ဂျောင်ဂုကို ချီးကျူးမဆုံး .....

"မြေးလေး... သူဌေးဂျွန်ကလေ အရမ်းသဘောကောင်းတာပဲနော် သူများသူဌေးတွေနဲ့မတူဘူး..."

"ဟုတ်တယ် အဘွားရဲ့ သူဌေးဂျွန်က အရမ်းသဘောကောင်းတာ ..ပြီးတော့ သူများအပေါ်လည်းအရမ်းကူညီတက်​တာ...."

"အဘွားတို့စီလာလည်း သူ့ကိုသူ သူဌေးလိုမနေဘူး အရမ်းနှိမ့်ချပြီး နေတာ တခါတလေ အဘွားတောင်အားနာတယ်..."

"အမယ် အဘွားက သူဌေးဂျွန်ကောင်းကြောင်းတွေကြီးပဲပြောနေတာ ...သူဌေးဂျွန်ဝယ်လာတဲ့လက်ဆောင်တွေကြောင့်မှတ်လား..."

"မဟုတ်ပါဘူး ငါ့မြေးရယ် အဘွားက လက်ဆောင်မဝယ်လာလည်း သူဌေးဂျွန်ကို ကိုယ့်မြေးလေးလိုချစ်ပြီးသားပါ..."

"အဘွား ဒါနဲ့လေ ကျွန်တော်တစ်ခု စဥ်းစားနေတာ...သူဌေးဂျွန်ကလေ ကျွန်တော့် အိမ်ကို ဘယ်လိုသိလည်း မသိဘူး ကျွန်တော် စားသောက်ဆိုင်မှာ ပြသနာ ဖြစ်တဲ့နေ့က ​ကျွန်တော့်ကို အိမ်ပြန်လိုက်ပို့တာ ကျွန်တော်လည်း အိမ်လိပ်စာမပြောပဲ အိမ်ကိုတန်းနေအောင်မောင်းလာတာ ကျွန်တော်တောင် အိမ်ရောက်တော့ အံ့သြနေတာ...."

ထယ်ယောင်းအဘွားမှာ ထယ်ယောင်းပြောတာကိုနားထောင်ကာ သူပါစဥ်းစားသွားသည်။

"ဟေ...ဟုတ်လား မြေးလေး ဒါဆို သူဌေးဂျွန်က မြေးလေးအိမ်လိပ်စာ မပြောပဲ သူ့ဘာသူ လာပို့တာပေါ့လေ..."

"ဟုတ်တယ် အဘွားရဲ့ သူဌေးဂျွန် ကျွန်တော့် အိမ်လိပ်စာ ဘယ်လိုသိလည်းမသိဘူး... ကျွန်တော်နဲ့ဆုံဖူးတာလည်း နှစ်ခါထဲရှိတာအဘွားရဲ့ ကုန်တိုက်မှာတုန်းက တစ်ခါနဲ့ စားသောက်ဆိုင်မှာ တစ်ခါ နှစ်ခါပဲရှိတာ..."

"ဒါဆို စဥ်းစားစရာပဲ မြေးရယ်... "

"အဘွား ကျွန်တော် သူဌေးဂျွန်ကို မေးကြည့်လိုက်ရမလား..."

"အင်း....သူဌေးဂျွန် ဒီတစ်ခါ လာလည်မှ အဘွားကိုယ်တိုင်မေးကြည့်မယ်..."

"ဟုတ်အဘွား...."

ထယ်ယောင်းအဘွားလည်းဂျောင်ဂုလာရင်မေးကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

နောက်နေ့ ရောက်တော့ ဂျောင်ဂုတစ်ယောက် အထုတ်ကြီးအထုတ်ငယ်နဲ့ ထယ်ယောင်းအိမ်ကိုရောက်လာပြန်သည်။

"အဘွားရေ ကျွန်တော် လာလည်တယ်..."

ထယ်ယောင်းအဘွားလည်း ဂျောင်ဂုလာတော့ ထွက်ကြိုလိုက်သည်။

"လာလေ သားဂျောင်ဂု ဘာတွေ ဝယ်လာပြန်တာလည်း..."

"အဘွားအတွက် မုန့်တွေ ဝယ်လာတာ အဘွားရဲ့..."

"သားဂျောင်ဂုရယ် အဲ့လောက်အများကြီးတွေ ဝယ်မလာပါနဲ့ အရင်ဝယ်လာတဲ့ မုန့်တွေတောင်စားလို့မကုန်သေးတဲ့ဟာ..."

"အဘွားကလည်း များများစားပါ အဲ့ဒါမှ ကျွန်တော်လည်း ကုသိုလ်ရမှာပေါ့ ..."

"ကုသိုလ်ရတာတော့ ရတာပေါ့သားရယ် ဒီလောက်အများကြီးကြ အဘွားဘယ်ကုန်မလည်း သားရဲ့..."

"စားပါအဘွားရယ် လူကြီးက အားရှိမှ ဖြစ်မှာပေါ့..."

"အေးပါကွယ် ငါ့မြေးက စေတနာနဲ့ ဝယ်လာပေးမှတော့ အဘွားမကုန်ကုန်အောင် စားပါ့မယ်..."

"ဟုတ်အဘွား များများစားနော်...ဒါနဲ့ ကလေးရောအဘွား... "

"မြေးလေးက သူ့သူငယ်ချင်းမလေးခေါ်လို့ လိုက်သွားတယ်..."

"အော်..."

ထယ်ယောင်းအဘွားမှာ ဂျောင်ဂုကို ထယ်ယောင်းပြောတဲ့ ကိစ္စမေးကြည့်ရန်စကား စလိုက်သည်။

"ဒါနဲ့လေ သားဂျောင်ဂုကို မေးစရာရှိတယ်..."

"မေးလေ အဘွား...ဘာမေးမလို့လည်း.."

"ဟို ...အဘွားပြောတာ တစ်မျိုးတော့မထင်နဲ့နော် မြေးလေးပြောလို့ စားသောက်ဆိုင်မှာရန်ဖြစ်တဲ့နေ့က သားဂျောင်ဂုအိမ်လိုက်ပို့တာ မြေးလေး အိမ်လိပ်စာမပြောပြပဲ သားဂျောင်ဂုက အိမ်ကိုတန်းနေအောင်မောင်းလာလို့တဲ့ အိမ်လိပ်စာဘယ်လိုသိလည်းမသိဘူးတဲ့.....တကယ်ပဲမြေးလေးက အိမ်လိပ်စာမပြောပြပဲ သားဂျောင်ဂုက ဒီတိုင်းမောင်းလာတာလား..."

ဂျောင်ဂုမှာ ထယ်ယောင်းအဘွားပြောမှ သတိရသွားသည်။ အဲ့နေ့က စိတ်တိုနေတာနဲ့ ဘာမှသတိမထားမိ ၊ မန်နေဂျာကို ဒေါသထွက်တဲ့စိတ်နဲ့မောင်းလာလိုက်တာ ထယ်ယောင်းအိမ်ကိုဘယ်လိုရောက်လို့ရောက်မှန်းတောင်မသိလိုက်...။

အခုထယ်ယောင်းအဘွားပြောမှ အဲ့နေ့ကကိစ္စကိုသတိရသွားသည်။ နောက်ဆုံးတော့ ဂျောင်ဂုတစ်ယောက် ဆုံးဖြတ်ချက်ချကာ မထူးဇာတ်ပဲခင်းလိုက်သည်။

"အဘွား...ကျွန်တော်ပြောတာကိုလေ သေချာလေးနားထောင်ပေးပါ...အဘွားကို ကျွန်တော်ဖွင့်ပြောလိုက်လို့ ကျွန်တော့်ကို စိတ်မဆိုးပါနဲ့လို့တောင်းဆိုပါတယ်..."

"အေးပါ သားရယ် ပြောပါ အဘွားနားထောင်ပါ့မယ်..."

"တကယ်တော့ ကျွန်တော်လေ ကလေးကို စိတ်ဝင်စားနေတာပါ.....ကလေးကို စတွေ့တွေ့ချင်းထဲကစိတ်ဝင်စားခဲ့တာပါ..."

ဂျောင်ဂုလည်း အရဲစွန့်ကာ ထယ်ယောင်းကို စတွေ့ထဲကစိတ်ဝင်စားမိခဲ့တဲ့အကြောင်းနဲ့ ထယ်ယောင်းကိုလက်ဆောင် ပစ္စည်းတွေပို့တဲ့လူဟာ သူဖြစ်ကြောင်းပါအကုန်ဖွင့်ပြောလိုက်တော့သည်။

ဂျောင်ဂုပြောတာတွေနားထောင်ပြီး ထယ်ယောင်းအဘွားမှာ သူ့မြေးအတွက်ကျိတ်ပြီးဝမ်းသာနေမိသည်။ ဂျောင်ဂုက လူကောင်းတစ်ယောက်ဆိုတာ ထယ်ယောင်းအဘွား မှာ ပုံစံကြည့်တာနှင့် သိသည်။ ထို့ကြောင့် သူ့မြေးကို ဂျောင်ဂုနဲ့ဆို စိတ်ချရမယ်လို့လည်းယုံကြည်မိသည်။

"အဘွား ကျွန်တော်ပြောတာတွေကိုစိတ်မဆိုးပါနဲ့နော် ကျွန်တော် ကလေးကိုတကယ် ချစ်တာပါ...ကျိန်ပြီပြောရဲပါတယ်..."

"ယုံပါတယ် သားရယ် အဘွားက သားဂျောင်ဂုနဲ့ဆို အဘွားမြေးကိုသဘောတူပါတယ်..."

ထယ်ယောင်းအဘွားပြောတော့ ဂျောင်ဂုမှာဝမ်းသာသွားသည်။

"တကယ်လား အဘွား ကျွန်တော်နဲ့ ကလေးကို တကယ်သဘောတူတာလားအဘွား.."

"တကယ်သဘောတူပါတယ်ကွယ်...."

"ဝမ်းသာလိုက်တာအဘွားရယ် ကျွန်တော်လေ အခုအသက်30ကျော်နေပြီ တစ်ခါမှ ရည်းစားလည်းမထားဖူးခဲ့သလို ဘယ်သူ့ကိုမှလည်းရင်မခုန်ခဲ့ဖူးပါဘူး...ကလေးနဲ့တွေ့မှ ကျွန်တော် ရင်ခုန်ခဲ့ပြီးချစ်မိခဲ့တာပါ၊ နောက်ဆို ကလေးကိုသစ္စာရှိရှိနဲ့ ချစ်ပြီး တစ်ဘဝလုံးဂရုစိုက်သွားပါ့မယ်လို့အဘွားကို ကတိပေးပါတယ်.."

"အေးပါ သားရယ် အဘွား သားကိုယုံပါတယ် အဘွားမြေးလေး က စိတ်ဆက်တယ်၊ ဒေါသလည်းကြီးတယ် ၊ မဟုတ်မခံတဲ့စိတ်လေးလည်းရှိတယ်ဒါပင်မဲ့ စိတ်ရင်းလေးတော့ ကောင်းရှာပါတယ်....သားက သူ့ရဲ့ မကောင်းတဲ့ အကျင့်လေးတွေကိုတော့ သီးခံပေးပါနော်..."

"အဘွားစိတ်ချ ကျွန်တော်ကလေးရဲ့ ကောင်းမွေဆိုးမွေ အကုန်ခံယူမှာပါ...အဘွားသာ ကလေး ကျွန်တော့်ကို လက်ခံလာအောင်တိုက်တွန်းပေးပါ ကလေးလက်ခံပြီဆိုတာနဲ့ ကျွန်တော် ကလေးကို မိသားဖသားပြီပြီလာတောင်းမှာပါ..."

"အေးပါ အဘွား မြေးလေးပြန်လာရင်ပြောကြည့်လိုက်ပါ့မယ် ..."

ဂျောင်ဂုမှာ ထယ်ယောင်းအဘွားနဲ့ အစဥ်ပြေသွား၍ အပျော်ကြီးပျော်နေတော့သည်။ သူကယောကျာ်းတစ်ယောက် ဖြစ်နေ၍ ထယ်ယောင်းအဘွားသဘောမတူမှာ ဆိုးရိမ်နေမိတာအမှန် အခုထယ်ယောင်းအဘွားက ကြည်ကြည်ဖြူဖြူလက်ခံလိုက်၍ ဝမ်းသာမဆုံးဖြစ်နေတော့သည်။ယွန်းဂီကိုလည်း သူ ထယ်ယောင်းအဘွားနဲ့ အစဥ်ပြေလာတဲ့အကြောင်းကြွားရတာအမော။

ထယ်ယောင်းတစ်ယောက် ယူမီနဲ့ လျှောက်သွားပြီး သီချင်းလေးညီးကာ ပြန်လာသည်။

"မြေးလေး ပြန်လာပြီလား..."

"ဟုတ်အဘွား..."

"မြေးကိုအဘွားပြောစရာရှိလို့... "

"ဘာပြောမလို့လဲအဘွားရဲ့..."

ထယ်ယောင်းအဘွားလည်းဂျောင်ဂုပြောခဲ့တာတွေ ထယ်ယောင်းကိုအကုန်ပြောပြလိုက်သည်။

ထယ်ယောင်းမှာ သူ့အဘွားပြောတာတွေ ပါးစပ်အဟောင်းသားနဲ့နားထောင်နေမိသည်။

"အဲ့ဒါပဲမြေးလေးရေ သူဌေးဂျွန်က မြေးလေးကို အဘွားစီမှာ တောင်းသွားတယ်... မြေးလေးဘယ်လိုသဘောရလည်း..."

"အဘွား ပြောတာတွေကို နားရှိလို့သာကြားရတာ ကျွန်တော်အခုထိ မယုံနိုင်သေးဘူး ..."

"အဘွားတကယ် ပြောနေတာ​မြေးရဲ့ သူဌေးဂျွန်က အဘွားကို သေချာကိုရှင်းပြသွားတာ သူက​မြေးကို စတွေ့တွေ့ချင်းထဲက စိတ်ဝင်စားနေတာတဲ့လက်ဆောင်ပစ္စည်းတွေပို့ပေးတာလည်း သူပါတဲ့၊ အဘွားကိုလည်းကတိပေးသွားတယ် မြေးလေးကို တစ်သက်လုံးဂရုစိုက်ပြီးစောင့်ရှောက်သွားပါ့မယ်တဲ့..."

"အဘွားရယ် ကျွန်တော်က ယောကျာ်းလေးလေ ဘယ်လိုလုပ် ယောကျာ်းအချင်းချင်းယူရမှာလည်း သူများပြောစရာတွေဖြစ်နေပါ့မယ်..."

"မြေးရယ် အခုခေတ်က ယောကျာ်းအချင်းချင်းလည်းကိုယ်နှစ်သက်ရင် ယူကြတာပါပဲ ဘာဆန်းတာမှတ်လို့ ကိုယ့်အပေါ် သစ္စာရှိရှိနဲ့ ချစ်ပေးရင် ယောကျာ်းလေးဖြစ်လည်း ယူသာယူ ပြီးတော့ သူဌေးဂျွန်က နာမည်ကြီးစာရင်းဝင် သူဌေးတစ်ယောက် ငါ့မြေးသာသူ့ကိုယူရင် ငါ့မြေးတစ်သက်ထိုင်စားစမ်းပဲ..."

"အမယ် ငါ့အဘွားကမှ ခေတ်မှီသေးတယ် ကြည့်စမ်း၊ တစ်ချို့မိဘတွေ ဘွားအေတွေဆို ယောကျာ်းအချင်းချင်းကြိုက်ကြရင်တောင် မရရအောင်လိုက်ပြီးခွဲတာ အဘွားကတော့ ကျွန်တော့်ကို ပေးတောင်ပေးစားသေးတယ်..."

"ဟုတ်တယ်ဟေ့ ငါက ခေတ်မှီတဲ့အဘွား အဲ့ဒါကြောင့် ငါ့မြေးကို သူဌေးဂျွန်နဲ့ သဘောတူတယ် ဘာဖြစ်လည်း...မြေးလေးလည်း သေချာစဥ်းစား အဘွားက မြေးလေးသဘောမကြဘူးဆိုရင် အတင်းအကြပ်တော့ မပေးစားပါဘူး မြေးလေးသဘောတူမှ သူဌေးဂျွန်ကို လာတောင်းခိုင်းမှာ..."

"ကျွန်တော် စဥ်းစားဦးမယ်အဘွားရယ် ဒီကိစ္စက သေချာစဥ်းစားမှ ရမှာ..."

"အေးပါ...အေးပါ...စဥ်းစားပါ....မြန်မြန်တော့စဥ်းစားနော် အဘွားသူဌေးဂျွန်ကို ပြန်ပြောရမှာ..."

"ဟုတ်အဘွား..."

ထယ်ယောင်းမှာ ထိုနေ့ညက အိပ်လို့မပျော်
ဂျောင်ဂုအကြောင်းကိုစဥ်းစားခန်းဖွင့်နေမိသည်။

ဂျောင်ဂုလို သူဌေးကြီး က သူ့လိုသာမာန်လူတစ်ယောက် ကို ချစ်နေတယ်ဆို၍ ထယ်ယောင်းမှာနည်းနည်းတော့ရင်ခုန်မိသည်။

ထယ်ယောင်းမှာ အိပ်မပျော်တော့၍ ယူမီစီ ဖုန်းဆက်တော့သည်။

"Hello..."

"Hello ယူမီ အိပ်ပြီလား..."

"ကောင်စုတ် ဘယ်အချိန်ရှိပြီမို့ အိပ်ပြီလားမေးနေတာလည်း နာရီကိုလည်း ပြန်ကြည့်ဦး...1နာရီထိုးနေပြီ..."

"အေးပါဟာ နင်ကလည်း ငါရင်ဖွင့်စရာရှိလို့ နင့်စီဆက်လိုက်တာပါ...."

"နင်က ဒီအချိန်ကြီး ငါ့စီ ဘာရင်ဖွင့်မှာလည်း..."

"ယူမီ ငါပြောတာသေချာနားထောင်နော် နင်လန့်မသွားနဲ့..."

"အမလေးဟယ် ပြောမှာသာပြောစမ်းပါ...အိပ်ချင်ရတဲ့အထဲ..."

"အေးပါဟာ ပြောမှာပေါ့....ဒီလိုယူမီရဲ့..."

ထယ်ယောင်းလည်း သူ့အဘွားပြောပြတဲ့ ဂျောင်ဂုအကြောင်းကို ယူမီစီ ဖောက်သည်ချတော့သည်။

"အဲ့ဒါပဲ ယူမီ ရေ ငါဘာလုပ်လို့ လုပ်ရမှန်းမသိလို့ နင့်စီဆက်လိုက်တာ..."

ယူမီမှာ ထယ်ယောင်းပြောတာတွေနားထောင်ပြီး အိပ်ချင်တဲ့ မျက်လုံးတွေပါပြူးကျယ်ကုန်သည်။

"ထယ်ယောင်း....နင်...နင်...နင်ပြောတာတွေက တကယ်ကြီးလား..."

"တကယ်ပေါ့ဟ ငါ့အဘွားကိုယ်တိုင်ငါ့ကိုပြောပြတာ ငါလက်ခံရင် သူက ငါ့ကို ငါ့အဘွားစီလာတောင်းမှာတဲ့..."

ယူမီမှာ ထယ်ယောင်းစကားအဆုံး ဝမ်းသာအားရနှင့်...

"လက်ခံလိုက်ထယ်ယောင်း..."

"ဟင်...လက်ခံရမယ် ဟုတ်လား ယူမီ..."

"အေးလေ လက်ခံရမှာပေါ့ ဒါမျိုးအခွင့်အရေးက လက်လွတ်ခံလို့မှမရတာ ထယ်ယောင်းနင်သေချာစဥ်းစားကြည့် သူဌေးဂျွန်လို လူမျိုးကိုရရင် နင့်ဘဝပြောင်းလဲသွားမှာနော်...နင်စိတ်ကူးမမှားနဲ့..."

"အဲ့ဒါတော့ အဲ့ဒါပေါ့ ယူမီရယ် ဒါပင်မဲ့ ယောကျာ်းအချင်းချင်းဆိုတော့ ငါ့ကို သူများတွေကဲ့ရဲ့မှာ ငါကြောက်တယ်..."

"နင်ကလေ အဲ့ဒါပဲ သူများတွေကို အာရုံလိုက်ထားနေတယ် ဒီမှာ ထယ်ယောင်း နင်သာ ချမ်းသာတဲ့ လူတစ်ယောက်ဆို နင့်ဘာနင်ယောကျာ်းအချင်းချင်းယူထားယုံမကလို့ ဘာကြီးပဲဖြစ်နေဖြစ်နေ နင့်ကို ခယနေကြမှာ အမှန်ပဲ ပိုက်ဆံရှိတဲ့ မျက်နှာ ဘယ်လောက်ကြီးလည်း နင်လည်းအသိဆုံးဟာ..."

ထယ်ယောင်းလည်းယူမီပြောတော့စဥ်းစားသွားသည်။

"နင်ပဲ ငါတို့ဆိုင်က မန်နေဂျာကြီးကို လက်စားချေချင်တယ်ဆို နင်သာသူဌေးဂျွန်ကို ယူလိုက်ရင် အဲ့ဆိုင်မန်နေဂျာကြီး မေ့တောင်လဲသွားမလားမသိဘူး....အဲ့မိန်းမကြီးနင့်ကိုပြောဆိုထားတာတွေ နင်မှတ်မိတယ်မှတ်လား..."

"မှတ်မိတာပေါ့ ငါ့ဘဝမှာလုံးဝမမေ့ဘူး..."

"အေးလေ အဲ့ဒါကြောင့်ပြောတာ... နင် သူဌေးဂျွန်ကိုလက်ခံလိုက်ပါဟယ်....ငါပြောတာနားထောင်ပါ..."

"အေးပါဟာ ငါလည်းစဥ်းတော့စဥ်းစားနေတာပဲ လက်ခံရင်ကောင်းမလား လက်မခံရင်ကောင်းမလားလို့..."

"ဘာမှ စဥ်းစားမနေနဲ့ တစ်ခါထဲလက်ခံလိုက် အခွင့်အရေးက နှစ်ခါမရဘူး နင်မူနေရင် သူများနောက်ပါသွားမယ်၊ ငါကအကောင်းပြောတာ သူဌေးဂျွန်လိုလူမျိုးကို လိုချင်တဲ့မိန်းမတွေမှဝိုင်းဝိုင်းလည်လို့ သူဌေးဂျွန်ကသာ ဘယ်သူ့ကိုမှစိတ်မဝင်စားလို့ အခုအရွယ်ထိ လူပျိုကြီးဖြစ်နေတာ..."

"နင်လည်းနော် သူဌေးဂျွန်အကြောင်းအကုန်သိ..."

"သိဆို ငါလည်း သူဌေးဂျွန်ကို စိတ်ဝင်စားတယ်လေဟယ်...ရုပ်ကလည်းချော ပိုက်ဆံကချမ်းသာ ဘာအပြစ်ပြောစရာမှ မှမရှိတာ ငါ့မှာသူဌေးဂျွန်သတင်းတွေထဲတက်တက်လာရင် လိုက်ကြည့်ရတာအမော...ဒါနဲ့လေ ငါ ကြားမိတဲ့သတင်းတစ်ခုက အမှန်ဖြစ်နေတာပေါ့နော်..."

"ဘာသတင်းလဲ.."

"သူဌေးဂျွန်က gayနေတာတဲ့ အဲ့ဒါကြောင့် မိန်းမမယူတာဆိုပြီး သတင်းတစ်ခုမှာ သူဌေးဂျွန်အကြောင်းရေးထားတာ..."

"ဟေ. ဟုတ်လား..."

"ဟုတ်တယ်ဟဲ့...ငါသတင်းထဲတွေ့တော့ အစက သူဌေးဂျွန်ကိုအပုတ်ချပြီးရေးထားတဲ့သတင်းလို့ထင်နေတာ အခုတော့အမှန်ဖြစ်နေတာပဲ...ဘာပဲပြောပြောပါ ထယ်ယောင်းရယ် ငါနင့်အတွက်အရမ်းဝမ်းသာတယ်..."

"နင်ကသာ ဝမ်းသာနေ ငါ့မှာတော့ ကြောက်နေပြီ နဂိုထဲကမှ ငါ့ကို ယောကျာ်းပိုင်းလုံးဆိုပြီး ပြောနေကြတာ ၊ ငါသာသူဌေးဂျွန်ကို လက်ခံလိုက်ရင် ပိုပြီးအပြောခံရမှာကြောက်တယ်..."

"နင်ကလည်း သူများပြောလည်းဘာဖြစ်လည်း နင့်ရှေ့မှာမားမားမတ်မတ်နဲ့ရပ်တည်ပေးမဲ့ သူဌေးဂျွန် တစ်ယောက်လုံးရှိနေတာပဲ ကြောက်မနေပါနဲ့ဟာ.."

"အေးပါ ယူမီရယ် ငါ့ကိုအားပေးစကားပြောလို့ကျေးဇူးတင်ပါတယ်..."

"ရပါတယ် ထယ်ယောင်းရယ် ကျေးဇူးတင်စရာမလိုပါဘူး ငါတို့ကအချစ်ဆုံးသူငယ်ချင်းတွေပဲ ...ဒါပဲ ထယ်ယောင်းရေ ငါအိပ်တော့မယ် မနက်အလုပ်သွားရမှာမို့....ငါပြောတာလည်းမ
မေ့နဲ့နော် နင်အချိန်ဆွဲမနေနဲ့ မြန်မြန်သာအဖြေပြန်ပေးလိုက် ကြားလား..."

"အေးပါယူမီရယ်.... "

ယူမီနဲ့ဖုန်းပြောပြီး ထယ်ယောင်းလည်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

မနက်ရောက်တော့....

"အဘွား....သူဌေးဂျွန်ကိုပြောလိုက်ပါ ကျွန်တော်လက်ခံတယ်လို့..."

ထယ်ယောင်းအဘွားမှာ သူ့မြေးပြောတော့ တကယ်လားဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်ကြည့်သည်။

"ငါ့မြေး တကယ်ပြောနေတာလား..."

"ဟုတ်တယ် အဘွား ကျွန်တော် သူဌေးဂျွန်ကို လက်ခံတယ် မြန်မြန်လာတောင်းခိုင်းလိုက်တော့..."

ထယ်ယောင်းအဘွားလည်းပျော်သွားသည်။

"အေးအေး မြေးလေး အဘွား သူဌေးဂျွန်ကိုပြောလိုက်မယ်..."

ထယ်ယောင်းအဘွားလည်း ထယ်ယောင်းစီက အဖြေရတာနဲ့ ဂျောင်ဂုကို ဖုန်းဆက်တော့သည်။

ဂျောင်ဂုမှာလည်း ထယ်ယောင်းလက်ခံတယ်ပြော၍ ဝမ်းသာမဆုံးဖြစ်ကာ ထခုန်တော့သည်။

"အဘွား တကယ်ပြောနေတာလား အဘွားရယ် ကျွန်တော် ဝမ်းသာလိုက်တာ..."

"တကယ်ပါ သားရယ် မြေးလေးက သားကိုလက်ခံတယ်တဲ့ သူ့ကို လာတောင်းပါတဲ့..."

"ဟုတ်ကဲ့ အဘွား ကျွန်တော် အမြန်ဆုံး စီစဥ်ပြီး ကလေးကို လာတောင်းပါ့မယ်..."

ထိုနေ့က ဂျောင်ဂုမှာ အပျော်တွေလွန်ပြီး သူ့ကုမ္ပဏီဝန်ထမ်းတွေကို ညစာစားပွဲ ကျင်းပပေးကာ အောင်ပွဲ ခံလိုက်သေးသည်။

***************************************

20/12/2023

Continue Reading

You'll Also Like

64.7K 775 14
One-shots of you in the Splatoon world! I've begun rewriting a lot of them (which will be marked with an old or new label). Read with caution because...
9.8K 409 18
Thể loại: Trọng sinh, hiện đại phúc hắc bá đạo ôn nhu niên hạ công - ôn nhuận thụ Editor: KAORI0KAWA Beta: MAI_KARI Độ dài: 16 chương (Chính văn) + 1...
9.3K 427 10
Boo Booဆိုတဲ့အချွဲလေးနဲ့ Koo Kooတစ်ယောက် ဘယ်လိုတွေရှေ့ဆက်ဖြစ်မလဲဆိုတော့
689K 34K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...