နှစ်ယောက်သားပြန်ဆုံပြီးကြသည့်နောက်ပိုင်း စန်းရန်ဘက်မှ သူမ၏နာမည်အားခေါ်လိုက်သည်မှာ ပထမဆုံးအကြိမ်။
ဝိန်းရိဖန်၏စိတ်ဝိဥာဥ်အလုံးစုံက လက်ရှိအချိန်တွင်အလွန်တရာတောင့်တင်းနေခြင်းဖြစ်ပြီး မြင်နေရသည့်အရာအားလုံးမှာ ထင်ယောင်ထင်မှားဖြစ်နေရသည့်အလား။ သူမ၏ခြေလှမ်းများကို ရပ်တန့်ပစ်လိုက်သင့်မသင့်ကိုပင် ဆုံးဖြတ်နိုင်စွမ်းမရှိလေတော့ဘဲ ထိန်းချုပ်မှုအောက်မှလွတ်ထွက်သွားသည့်အတိုင်း အရှေ့သို့သာ ဆက်ပြေးနေမိတော့သည်။
နောက်စက္ကန့်တွင် ဝိန်းရိဖန်၏လက်ကောက်ဝတ်မှာ စန်းရန်၏ဆွဲဖမ်းလိုက်ခြင်းကိုခံလိုက်ရပါတော့၏။
စန်းရန်က သူရှိရာအရပ်သို့ ဆွဲခေါ်လိုက်ပြီး သုံးလိုက်သည့်ခွန်အားမှာ ပြင်းလွန်းသည်လည်းမဟုတ် ငြင်သာလွန်းသည်လည်းမဟုတ်။ဝိန်းရိဖန် ခေါင်းမော့ကြည့်လိုက်လျှင် သူမ၏မြင်ကွင်းအားလုံးမှာ သူ၏တင်းရင်းနေသည့်မျက်နှာကျဖြင့်သာ ပြည့်နှက်နေ၏။ နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည့်သူက ကားတံခါးအား လက်တစ်ဖက်ဖြင့်ဆွဲဖွင့်လိုက်ပြီး အပြုအမူတို့က အနည်းငယ်ဒေါသထွက်နေပုံလည်းရသည်။
"ဘာတွေကြောင်ကြည့်နေတာလဲ"
လမ်းတစ်လျှောက်လုံး အကြောက်ကြောက်အလန့်လန့်ဖြင့် ပြေးလာခဲ့သည့်အတွက် ဝိန်းရိဖန်၏အသက်ရှူနှုန်းများမှာ ပြတ်တောင်းပြတ်တောင်း။ သူ့အား မော့ကြည့်နေပါသော်ငြား အသံတစ်ချက်ခွန်းတုန့်မပြန်နိုင်ပါတော့ဘဲ သူ့လှုပ်ရှားမှုနှင့်စကားလုံးများနောက်သို့သာလိုက်ပြီး ကားထဲဝင်ထိုင်လိုက်သည်။
စန်းရန်က ကားတံခါးကိုပိတ်ပစ်လိုက်၏။
စန်းရန်က ကားတံခါးလော့ခ်ကိုပါ ချပစ်လိုက်ကြောင်း ကားပြတင်းမှန်မှတဆင့် လှမ်းမြင်လိုက်ရသေးသည်။
ထိုယောက်ျားသုံးဦးက အနောက်မှလိုက်၍ မှီလာခဲ့ပြီဖြစ်သည်။
ဤမြင်ကွင်းမြင်လိုက်ရသည့်အတွက် ကျားပုံစံတက်တူးထိုးထားသည့်လူက ကားအတွင်းသို့လှမ်းကြည့်ကာ အခြားလူပိုများပါမပါကို အကဲခတ်ပြီးသွားသည့်နောက်တွင်
"ရွှိုက်ကော..ဒီတစ်ယောက်က မင်းကောင်မလေးလား..အတော်လေးလှတယ်နော်.."
စန်းရန်က တစ်လှမ်းကြည့်လိုက်ပြီး တစ်လုံးချင်းစီစကားဆိုလိုက်၏။
"မင်း သောက်ကြောင်းလား"
စန်းရန်၏တုန့်ပြန်မှုကြောင့် ကျားပုံစံတက်တူးထိုးထားသည့်ထိုလူက ချက်ချင်းဆိုသလိုရှေ့သို့တစ်လှမ်းတိုးလာကာ စန်းရန်၏ပုခုံးကိုတွန်းလိုက်၍
"မင်းက ဒါဘာအချိုးချိုးတာလဲ..ငါက ငါ့သောက်ကြောင်းပါလို့ပြောရင်ရော..စကားကိုကောင်းကောင်းပြောလို့မရဘူးပေါ့လေ ဟမ်?"
စန်းရန်က ထိုလူ၏လက်မောင်းကို ချက်ချင်းဆွဲဖမ်းလိုက်ပြီး တင်းထားသည့်လက်သီးဆုတ်က ညစ်ပတ်သည့်အရာတစ်ခုကိုထိုးချပစ်လိုက်သည့်အလား တတ်နိုင်သမျှလွှင့်သထက်လွှင့်ထွက်သွားအောင် ထိုးလိုက်တော့သည်။
သူ့မျက်ဝန်းများထဲတွင် အနွေးဓါတ်ဟူ၍မရှိ ၊ သူ့အသံစတို့ကလည်း ယောက်ယတ်ခတ်နေခြင်းမျိုးလုံးဝမရှိပါဘဲ
"သွားမှာလား မသွားသေးဘူးလား?"
"ဖြစ်တယ်လေ..ငါကလည်း ကျိုးသင့်ကြောင်းသင့် မရှိတဲ့သူမျိုးမဟုတ်ပါဘူး"
ကျားပုံစံတက်တူးထိုးထားသည့်လူက နောက်ဆုတ်ပေးမည့်သဘောကိုဆောင်ကာ ဝိန်းရိဖန်ရှိနေသည့်ကားထဲသို့ လက်ညှိုးထိုးလိုက်၍
"မင်းကားပေါ်က ဟိုသောက်ကောင်မကို ဆင်းလာပြီး မကောင်းတဲ့ဟာမတွေလိုပုံစံမျိုးနဲ့ ငါ့ကို လာတောင်းပန်ခိုင်း..."
စန်းရန်တစ်ယောက် သူ့အကြောအချဥ်များကိုလာထိပါးနေသလိုပင်ခံစားမိလိုက်ရပြီး သတိပေးခြင်းလုံးဝမရှိဘဲ ရုတ်တရက်ဆန်ဆန် ထိုလူ၏ဗိုက်အား ကန်ကျောက်ပစ်လိုက်၏။
ဤတစ်ကြိမ်တွင် သူ့ခွန်အားကို ဆယ်ပုံရှိလျှင် ဆယ်ပုံလုံး သုံးပြီးကန်ပစ်လိုက်သည့်အတွက် ကားထဲတွင်ရှိနေသည့် ဝိန်းရိဖန်သည်ပင် အသံကျယ်ကြီးတစ်ချက်ကို ကြားလိုက်ရသည်။
ကျားပုံစံတက်တူးထိုးထားသည့်သူ၏စကားများဟာ ကြားဖြတ်နှောက်ယှက်ခံလိုက်ရပြီး လူတစ်ယောက်လုံးကလည်း အနောက်သို့ သုံးလေးလှမ်းပင်ဆုတ်သွားခဲ့ကာ ခါးရောဗိုက်ကပါ ကွေးညွှတ်သွားခဲ့၍ ပါးစပ်မှနေပြီးဆဲရေးသည့်စကားလုံးများက ခက်ခက်ခဲခဲထွက်ကျလာတော့သည်။
"ငါ-ူး..မင်းမေ..."
ထိုလူအနောက်တွင်ပါလာသည့် အခြားလူနှစ်ယောက်မှာ ကြောင်အလျက်သား။
ကျားတက်တူးထိုးထားသည့်လူ၏ဆဲရေးညည်းတွားလိုက်သည့်အသံကိုကြားသည့်အချိန်တွင်မှသာ ကူညီပေးရန်အရှေ့သို့ပြေးဝင်လာကြတော့၏။
ဝိန်းရိဖန်က ကတုန်ကယင်ဖြင့် လက်ကိုင်ဖုန်းကိုထုတ်ယူပြီး ရဲကိုအကြောင်းကြားရန်ပြင်လိုက်သည်။
စန်းရန်က အမြဲတမ်းလိုလို ပျင်းတိပျင်းရွဲဖြင့်သာ နေလေ့ရှိပြီး မည်သည့်အရာကိုမှ ဂရုမစိုက်တတ်ပေ။ လူတစ်ယောက်ကိုကြည့်သည့်အခါမျိုး၌ပင် ခနဲ့တဲ့တဲ့အပြုံးတစ်ခုက အမြဲတမ်းရှိနေတတ်သော်လည်း လက်ရှိအချိန်တွင်တော့ သူ့မျက်နှာတွင် မည်သည့်အမူအရာမျိုးမှမရှိနေဘဲ အမှန်တကယ်ဒေါသထွက်နေပုံရသည်။
မည်းနက်နေသည့်သူ့မျက်ဝန်းအိမ်များက သူ့အရှေ့တည့်တည့်တွင်ရှိနေသည့်ထိုလူအား ပုတ်သိုးနေသည့်အသားတုံးတစ်ခုသဖွယ် မှုန်မှိုင်းမှိုင်းစိုက်ကြည့်နေလေသည်။
လူနှစ်ယောက်က တစ်ချိန်တည်းပြေးလာပြီး သူ့အားဖမ်းချုပ်ထားဖို့ရာ ကြိုးစားတော့၏။
စန်းရန်က ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်၏ဆံပင်ကို အမြန်ဖမ်းဆွဲလိုက်ပြီး ဆွဲရမ်းကာ ဘေးနားမှ လမ်းမီးတိုင်နှင့်ခေါင်းကိုပစ်ဆောင့်ပစ်လိုက်၏။အခြားတစ်ယောက်က ဤအခွင့်အရေးကိုအမိအရယူပြီး စန်းရန်၏မျက်နှာအား တစ်ချက်ထိုးချပစ်လိုက်သည်။
သူ ရှောင်ဖို့ရာမမှီတော့သည့်အတွက် မျက်နှာက တစ်ဖက်သို့ လည်ထွက်သွားခဲ့၏။
နောက်တစ်ချီအတွက် နေရာပြန်ယူကြသည်မှာ တစ်ခဏ။
စန်းရန်က နာကျင်မှုကြောင့်ကျိုးကြောင်းမသင့်တော့သည်လားမသိ ၊ ဒဏ်ရာရသွားပြီးမှ ရုတ်တရက်ကြီး ပြုံးနေလေတော့သည်။
ဝိန်းရိဖန်က သူမထွက်သွားလျှင်လည်း အကူအညီမရမည့်အပြင် စန်းရန်ကိုပါ ပြဿနာထပ်ပေးနေမိမည်ကိုနားလည်နေခဲ့သဖြင့် မျက်လုံးစုံမှိတ်ပြီးသာ ငြိမ်နေမိတော့၏။ သူမအနေဖြင့် စန်းရန်အရိုက်ခံနေသည့်မြင်ကွင်းကိုလည်း မကြည့်နေချင်မိသလို ထိုလူများထံ၌ အန္တရာယ်ဖြစ်စေမည့်လက်နက်များရှိနေမည်ကိုလည်း စိုးရိမ်နေမိပါသေးသည်။
ထို့ကြောင့် မျက်လုံးကိုရဲရဲဖွင့်ပြီး အပြင်ဘက်သို့သာ မျက်တောင်မခတ်တမ်းစူးစိုက်ကြည့်နေလိုက်တော့သည်။
ကျန်သည့်နှစ်ယောက်အား အနားကပ်လာသည့်အချိန်၌သာ လုံးထွေးပစ်ပြီး စန်းရန်၏ ခွန်အားအကုန်လုံးဖြင့် အဓိကပစ်မှတ်ထား ထိုးကျိတ်နေသည့်သူမှာ ကျားတက်တူးနှင့်လူကိုသာ ဖြစ်သည်။ ထိုးရင်းကျိတ်ရင်းဖြင့်လည်း စန်းရန်၏နှုတ်ခမ်းက ဖွင့်လိုက်ပိတ်လိုက်ဖြင့် ခပ်တိုတိုစကားလုံးများကို ပြောနေမှန်း ဝိန်းရိဖန်လှမ်းမြင်နေခဲ့ရသည်။
သို့သော် အကွာအဝေးတစ်ခုက ခြားနားနေသည့်အတွက် စန်းရန်ပြောနေသည့်စကားများကို မကြားရပါပေ။
ကံကောင်းစွာဖြင့် အနီးတစ်ဝိုက်တွင်ကင်းလှည့်နေသည့်ရဲများက အမြန်ပြေးလာကြပြီး
"ဝေ့!..ဘာလုပ်နေကြတာလဲ!"
ဝိန်းရိဖန်က ချက်ချင်းကားပေါ်မှဆင်းလာခဲ့ကာ စန်းရန်ရှိနေသည့်နေရာသို့ ပြေးသွားလိုက်၏။ စန်းရန်အား ပြဿနာရှာသူအဖြစ်ဖြင့် ရဲအရာရှိများဘက်မှ အထင်မြင်လွဲသွားမည်ကို စိုးရိမ်သည့်အတွက် စန်းရန်အား သူမ၏အနောက်သို့ဆွဲပို့ပစ်လိုက်၍
"ရဲအရာရှိကြီး..ခုဏတုန်းက အကြောင်းကြားတဲ့သူက ကျွန်မပါ..ဒီတစ်ယောက်က ကျွန်မရဲ့မိတ်ဆွေ.."
စန်းရန်၏မျက်နှာက သိသိသာသာကိုဒဏ်ရာရနေခဲ့ပြီး နှုတ်ခမ်းထောင့်စွန်းများတွင် သွေးစများ ၊ အရေပြားပေါ်၌ ခြစ်ရာပွန်းရာများအပြင် မျက်နှာဘေးနားတွင်လည်း သွေးစို့နေသေးသည်။ သူ့မျက်ဝန်းများထဲမှခံစားချက်အချို့မှာ ပြယ်ပျောက်သွားခဲ့ပုံရကာ မျက်လွှာကိုအောက်ချထားရင်းက ဝိန်းရိဖန်၏သေးသေးသွယ်သွယ်လည်တိုင်လေးကိုသာ လှမ်းကြည့်နေပြီး စကားတစ်ခွန်းမှမဆိုလာပါတော့၏။
-----
မှတ်တမ်းအတွက် လူတစ်စုလုံးက ရဲစခန်းဆီသို့ သွားကြရတော့သည်။
နှစ်ဦးနှစ်ဖက်စလုံး ဒဏ်ရာရထားကြသည်ကိုကြည့်ခြင်းအားဖြင့် တစ်ဖက်ဖက်က ခုခံနေရသည့်အခြေအနေမျိုးမဟုတ်ဘဲ နှစ်ဖက်စလုံး တိုက်ခိုက်ခဲ့ကြသည့်ပုံစံမျိုးပေါက်နေခဲ့သည်။သို့သော် ကျားတက်တူးနှင့်လူက ရာဇဝတ်မှုမှတ်တမ်းရှိထားသည့်သူဖြစ်သည့်အပြင် ယနေ့ အချုပ်မှလွတ်ခွင့်ရရခြင်းတွင် အရင်ပြစ်မှုမှ ခံရသူ အား ထပ်ပြီးနှောက်ယှက်သည့်အတွက် သူ့အခြေအနေမှာ ပိုဆိုးရွားပြီဖြစ်သည်။
ကျားတက်တူးနှင့်လူမှလွဲ၍ ကျန်သူများအား ဆုံးမစကားတစ်ချို့ ပြောဆိုလိုက်ပြီးနောက် ဒဏ်ငွေအနည်းငယ်ပေးဆောင်စေကာ ပြန်လွှတ်ပေးလာခဲ့၏။
ရဲစခန်း၏အပြင်ဘက်တွင်။
ဝိန်းရိဖန်က စန်းရန်၏မျက်နှာအား မသိမသာလေးလှမ်းကြည့်လိုက်၍
"နင်..ဆေးရုံသွားလိုက်မလား"
စန်းရန်က စိတ်မကြည်သည့်အတွက် ဝိန်းရိဖန်အား လျစ်လျူရှုထားလိုက်သည်။
"နင် တခြားနေရာတွေမှာရော ထိခိုက်မိတာမျိုးရှိသေးလား"
သူမ၏ပြဿနာထဲသို့ ဆွဲသွင်းမိထားခြင်းကြောင့် ဝိန်းရိဖန်က စိတ်မသိုးမသန့်ဖြစ်နေရပြီး
"ငါတို့ ဆေးရုံကိုသွားလိုက်ရအောင်..အချိန်လည်း ဘယ်လောက်မှကုန်..."
စန်းရန်က စကားကိုဖြတ်ပြောလိုက်၏။
"ဝိန်းရိဖန်"
ဝိန်းရိဖန် မျက်လွှာပင့်ကြည့်လိုက်၍
"ဘာဖြစ်လို့လဲ"
စန်းရန်သည်လည်း သူမအား လှမ်းကြည့်နေခြင်းဖြစ်ကာ
"ငါ အဲ့နားမှာရပ်နေတာကို မင်းမမြင်လို့လား"
ဝိန်းရိဖန်က နားမလည်သည့်အတွက် လှမ်းကြည့်နေရင်း
"ဘာကို.."
"မင်း ငါ့ကိုအကူအညီလှမ်းမတောင်းဘဲ ဘာလို့လျှောက်ပြေးနေတာလဲ"
"...."
"ငါ မင်းကို လာခဲ့ဖို့ လှမ်းခေါ်လိုက်တာရော မကြားဘူးလား?"
စန်းရန်၏အသံတို့ထဲတွင် ဟိတ်ဟန်များလုံးဝမပါ ၊ ထေ့ငေါ့မှုများသာ ပြည့်နှက်နေပြီး
"မျက်လုံးကလည်းမမြင် ၊ နားကလည်းမကြား ၊ တုံးကလည်းတုံး..ခြေထောက်နှစ်ချောင်းနဲ့ပြေးဖို့လောက်ပဲစဥ်းစားနေတာလား ဟုတ်လား"
စန်းရန်က သူမကိုဝင်ကူညီရင်း ဒဏ်ရာရထားသည့်သူဖြစ်သည့်အတွက် ဝိန်းရိဖန်အနေဖြင့် စန်းရန်၏အပြစ်တင်ချက်များကို စိတ်မကွက်ပါပေ။ ဘယ်လိုပင်ဖြစ်နေပါစေ သူမ၏အရှေ့တွင်ရှိနေသည့်သူနှင့်ပတ်သတ်ပြီး သူပြောသမျှကမှန်ကန်နေသည်ဟုသာတွေးမိသည့်အတွက်
"ငါ နင့်ကိုအကူအညီတောင်းမယ်ဆိုပြီး စဥ်းစားခဲ့ပါသေးတယ်..ဒါပေမယ့် ဟိုလူတွေက လက်ပါလာနိုင်လားဆိုတာမသေချာတာမလို့ နင့်ကိုဆွဲမထည့်ချင်လို့ပါ"
စန်းရန်က နင့်နင့်နဲနဲကို စိုက်ကြည့်နေပြီး ဝိန်းရိဖန်၏ရှင်းပြချက်များကို နားထောင်နေခဲ့သည်။
"ပြီးတော့..အဓိကအချက်က သူတို့ဘက်က လူသုံးယောက်ဆိုတော့ နင် မချနိုင်လောက်ဘူးလို့ ထင်လိုက်မိလို့"
"...."
စန်းရန် ဒေါသထွက်ထွက်ဖြင့်ပင် ရယ်မိလိုက်ပြီး ပြောစရာစကားများပင်မဲ့သွားခဲ့ရတော့သည်။
ဆေးဆိုင်တစ်ခုအား ဖြတ်သွားလုနီးနီးအချိန်တွင်။
ဝိန်းရိဖန်က ခြေလှမ်းများကိုရပ်လိုက်ပြီး စန်းရန်၏မျက်နှာအားလှမ်းကြည့်၏။
"နင် ဒီနေရာမှာ ခဏလေးစောင့်နေ"
စန်းရန်၏တုန့်ပြန်ချက်ကို မစောင့်တော့ဘဲ ဝိန်းရိဖန်က ဆေးဆိုင်ဆီသို့လျှောက်လာလိုက်ကာ သွေးထွက်ဒဏ်ရာအတွက် ဆေးတစ်ချို့ကို ဝယ်လိုက်၏။ထို့နောက် အနီးအနားသို့ ဝေ့ဝဲကြည့်လိုက်လျှင် အနည်းငယ်လူခြေတိတ်သည့်နေရာမှ ခုံတန်းလေးတစ်ခုအား တွေ့လိုက်ရ၏။
နှစ်ယောက်သားက ထိုနေရာသို့ လျှောက်သွားလိုက်၏။
"ဆေးလိမ်းလိုက်ဦး"
ဝိန်းရိဖန်က လက်ထဲမှအိတ်ကို လှမ်းပေးလိုက်ရင်း စိတ်ရင်းအမှန်တို့ဖြင့်လည်း စကားဆိုလိုက်၏။
"နင် ဒီပုံစံနဲ့ဆိုရင် အပြင်ထွက်ပြီး တစ်ယောက်ယောက်ကိုတွေ့ဖို့အဆင်ပြေမှာမဟုတ်ဘူး"
စန်းရန်၏အသက်ရှူနှုန်းများအရ သူ့ပုံစံက သက်တောင့်သက်တာမရှိလှ ၊ သူက သူမအား တစ်ခဏမျှစိုက်ကြည့်နေပြီးနောက်မှ စကားတစ်ခွန်းမဆိုဘဲ ဆေးအိတ်အား ဆွဲဖြဲဖွင့်ကြည့်လိုက်တော့သည်။
ဝိန်းရိဖန်လည်း စကားမဆို ၊ စန်းရန်က သူ့အင်္ကျီလက်ကိုခေါက်တင်ပြီး လက်ဖျံပေါ်မှဒဏ်ရာများအား ဆေးလိမ်းနေသည်ကို ကြည့်နေလိုက်၏။ကြည့်နေလေလေ ကိုယ့်ကိုကိုယ်အပြစ်တင်ပြီးမသိုးမသန့်ဖြစ်လာရသည့်စိတ်မှာများလာလေလေပင်။
စန်းရန်၏ ဒဏ်ရာကိုဆေးလိမ်းနေသည့်ပုံစံက အညှာအတာမရှိ ၊ ပြီးစလွယ်ဖြင့်သာ ခပ်မြန်မြန်လှုပ်ရှားသွားခြင်းဖြစ်သည့်အတွက် ကြည့်နေသူ ဝိန်းရိဖန်အတွက်တော့ စန်းရန်က ဆေးလိမ်းသည်နှင့်မလိမ်းခြင်းကြား ဘာမှပင်မကွာပါတော့ချေ။
ထို့နောက်တွင် ဒူး ၊ နောက်ဆုံးတွင်ကား မျက်နှာ။
ပြဿနာက ဤနေရာတွင် စလေပြီ။
မျက်နှာဆိုသည်မှာ မမြင်ရသည့်နေရာအစိတ်အပိုင်း ၊ အနီးအနားတွင်လည်း မှန်နှင့်ပတ်သတ်သည့်အရာဟူ၍ ဘာမှမရှိ ၊ ထို့ကြောင့် စန်းရန်က မမြင်မစမ်းဖြင့်သာ လိမ်းရတော့၏။ ထိုအချိန်အထိ စန်းရန်က သူ့ခွန်အားကို တစ်စက်လေးမှမလျော့ဘဲ ထိလိုက်သည့်နေရာတိုင်းသည်လည်း ဒဏ်ရာနှင့်ဆေး အသားမကျပေ။တစ်ချက်ချက်တွန့်ချိုးသွားသည့် စန်းရန်၏မျက်ခုံးများကိုကြည့်ရင်း မနေနိုင်တော့သည့်ဝိန်းရိဖန်က
"ငါ နင့်ကိုကူညီပေးမယ်"
စန်းရန်က သူမအားတစ်ချက်လှမ်းကြည့်လာရင်း သုံးလေးစက္ကန့်မျှရပ်တန့်သွားပြီးနောက်တွင်မှ လက်ထဲတွင်ကိုင်ထားသည့်အရာများအား လှမ်းပေးလာခဲ့သည်။
ဝိန်းရိဖန် အနားသို့ကပ်သွားလုနီးနီးတွင် စန်းရန်ထံမှ စကားတစ်ခွန်းကြားလိုက်ရပါတော့၏။
"ကိုယ့်ကို အသားမယူနဲ့"
"..."
ဝိန်းရိဖန် ကြောင်အမ်းလျက်သားဖြင့်ငြိမ်နေမိပြီး အသက်ရှုငွေ့များကိုပင် မျိုချမိလိုက်၏။
"ကောင်းပါပြီ..ငါ သေချာဂရုစိုက်ပါ့မယ်"
ဝိန်းရိဖန်က ဆေးပါသည့်ဂွမ်းစကိုယူလိုက်ပြီး သူ့မျက်နှာပေါ်မှဒဏ်ရာများကို အသေအချာကြည့်ကာ ဂရုတစိုက်သုတ်ပေးလိုက်၏။ သူ့ဒဏ်ရာအားထိလိုက်သည်နှင့်တပြိုင်နက် စန်းရန်က အပ်ဖြင့်ထိုးခံလိုက်ရသည့်အလား စုတ်တစ်ချက်သပ်ပါလေတော့သည်။
ဝိန်းရိဖန်လည်း ချက်ချင်းဆိုသလိုရပ်လိုက်မိ၏။
ပြဿနာမရှိ ပြဿနာကြံဖန်ရှာနေသည့် စန်းရန်က မသာမယာဖြစ်သွားရသည့်အမူအရာဖြင့်
"မင်း အားကိုလျော့သုံးပေးလို့မရဘူးလား"
ဝိန်းရိဖန် ; "...."
သူမ ထိတောင်မထိရသေးဘူးလားလို့?...
ဝိန်းရိဖန်က စိတ်ရှည်ရှည်ဖြင့်သာပြန်ဖြေလိုက်၏။
"အင်းပါ..ငါ ဖြေးဖြေးပဲလုပ်ပါ့မယ်"
နှစ်ယောက်ကြား၏အကွာအဝေးမှာ တဖြည်းဖြည်းနှင့်ကျဥ်းမြောင်းလာခဲ့တော့သည်။
ဝိန်းရိဖန်က သူ့ဒဏ်ရာများအား ဂရုတစိုက်ကြည့်ရင်း စန်းရန်မကျေမနပ်ထပ်ဖြစ်မည်ကိုစိုးရိမ်သည့်အတွက်လည်း အပြုအမူများကိုအထူးတလည်သတိထားနေမိတော့၏။ တရွေ့ရွေ့ဖြင့်အောက်ဘက်သို့ဆင်းလာသည်နှင့်အမျှ နှုတ်ခမ်းထောင့်များအား ဆေးလိမ်းပေးမည့်အချိန်တွင် ဝိန်းရိဖန်က ဂွမ်းစအသစ်တစ်ခုကိုထပ်ယူကာ ဖွဖွလေးထိတွေ့ပေးလိုက်၏။
အပြုအမူများအားလုံး ချောချောမွေ့မွေ့ပြီးသွားသည့်နောက်တွင် ဝိန်းရိဖန်က မျက်ဝန်းများကိုပင့်ကြည့်လိုက်ရာ သူ့မျက်ဝန်းများဖြင့် ဆုံလေတော့သည်။
လေထုတစ်ခွင်မှာ တစ်ခဏတာအေးခဲသွားပါလေရော့၏။
"ဆေးလိမ်းရုံလေးပဲဟာ.."
စန်းရန်၏မျက်ဝန်းများက မည်းသထက်မည်းနက်လာရင်း အသံများကလည်း ပို၍သြရှရှနိုင်လာကာ
"မင်း ဒီလောက်ထိ အနားကိုကပ်လာစရာလိုလို့လား"
"...."
ဝိန်းရိဖန် ခပ်မတ်မတ်ပြန်ထိုင်မိလိုက်၍
"တောင်းပန်ပါတယ်..ဒီနေရာက နည်းနည်းမှောင်နေတော့ ငါ သိပ်မမြင်ရလို့"
ပြောပြီးပြီးချင်းတွင် ဝိန်းရိဖန်က ဆက်၍
"လိမ်းပြီးပြီ"
နောက်တွင်တော့ တခြားထူးထူးခြားခြားဘာမှမဖြစ်ပါပေ။
စန်းရန်က ခုံတန်းကိုမှီလိုက်ပြီးနောက်
"ဒီနေ့က ဘယ်လိုဖြစ်တာလဲ"
ဝိန်းရိဖန်က မျက်လွှာချထားရင်း ခုံတန်းပေါ်မှ ပစ္စည်းများကိုသိမ်းဆည်းနေခဲ့ကာ ဖြေးဖြေးချင်းရှင်းပြလာ၏။
"နှစ်သစ်ကူးညက စ,တယ်လို့ပဲ ပြောရမယ်ထင်တယ်..ခုဏကလူတွေထဲက အသန်ဆုံးတစ်ယောက်က ငါ့ရဲ့ဘေးအခန်းမှာနေတဲ့လူ..မကြာခဏ ငါ့အခန်းတံခါးကို လာလာခေါက်တတ်လို့ ငါက ရဲခေါ်အကြောင်းကြားလိုက်တာ..သူ အချုပ် ငါးရက်ကျသွားသေးတယ်..ဖြစ်နိုင်တာကတော့ သူ မကျေနပ်လို့နေမှာ"
ဤစကားကိုနားထောင်နေသည့် စန်းရန်၏အသွင်အပြင်မှာ အကောင်းဘက်သို့ရောက်မနေ။
"မင်း ဒီနေ့ညရော အဲ့အစုတ်ပလုတ်နေရာမှာ သွားနေနေဦးမှာလား"
"ငါ အိမ်ခန်းအသစ်ကိုရှာထားပြီးပါပြီ..ပြောင်းဖို့ အချိန်မရတော့လို့သာ..ငါ ဒီနေ့ညတော့ အဆင်ပြေမယ့် ဟို...."(ဟိုတယ်)
ဤအထိစကားဆိုပြီးကာမှ အခြားတစ်ခုကိုပြန်ပြောင်းဆိုလိုက်၏။
"သူငယ်ချင်းအိမ်မှာ သွားနေမှာ"
စန်းရန်က စကားကိုဆက်မမေးတော့ဘဲ 'အင်း' ဟုသာ အသံတစ်ချက်ပြုလိုက်သည်။
အချိန်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ဝိန်းရိဖန်က အရင်ဆုံး မတ်တပ်ရပ်လိုက်၍
"ငါတို့ သွားရအောင်လေ..တော်တော် နောက်ကျနေပြီ..နင်လည်း စောစောပြန်ပြီးအနားယူလိုက်နော်..စုဟောက်အန်းရဲ့ကားက ငါ့အိမ်နားမှာရပ်ထားခဲ့တာဆိုတော့ နင် တစ်ခေါက်လောက်တော့ ထပ်ပြီးအပင်ပန်းခံရဦးမယ်"
စန်းရန်က ခေါင်းသာငြိမ့်ပြပြီး စကားတစ်ခွန်းမဆို။
နှစ်ယောက်သား တက္ကစီတစ်စီးဖြင့် 'ကျားယွမ့်'ရပ်ကွက်ဆီသို့ ပြန်လာခဲ့ကြသည်။
ကားပေါ်မှဆင်းလာသည့်အချိန်၌ ဝိန်းရိဖန်ဘက်မှ နှုတ်ဆက်စကားမပြောလိုက်ရခင်ပင် စန်းရန်က အိမ်ရာဝန်းထဲသို့ တိုက်ရိုက်လျှောက်ဝင်လာတော့သည်။ စန်းရန် ဘာလုပ်ချင်မှန်းမသိသည့်အတွက် ဝိန်းရိဖန်က အနောက်မှအမြန်လိုက်သွားခဲ့ရင်း
"နင် တခြားဘာလုပ်စရာရှိသေးလို့လဲ"
စန်းရန် ;
"အပေါ်တက်သွားပြီး ပစ္စည်းတွေသိမ်းမလို့"
ဝိန်းရိဖန် ;
"အမ်?"
သူ့စကားလုံးတိုင်းက ဤပတ်ဝန်းကျင်၏ညစ်ညမ်းမှုများကို အတိုင်းသားဖော်ပြနေသည့်အလား
"ဒီစုတ်ပဲ့နေတဲ့နေရာကို ပြန်လာဖို့ စဥ်းစားနေသေးတာလား"
"...."
ဤအဓိပ္ပါယ်က သူမနှင့်အတူ အပေါ်ထပ်သို့လိုက်လာပြီး ပစ္စည်းသိမ်းပေးမည်ဆိုသည့်အဓိပ္ပါယ်မဟုတ်လား?..
ဝိန်းရိဖန်သည်လည်း အပေါ်ထပ်သို့တက်သွားရမည့်ကိစ္စနှင့်ပတ်သတ်ပြီး တွေးပူနေမိသည်မှာ အမှန်ပါပင် ၊ ဘယ်လိုပင်ဖြစ်စေ မကြာသေးခင်ကမှဖြစ်သွားသည့်အဖြစ်အပျက်တစ်ခုကြောင့် တစ်ကိုယ်တည်း အပေါ်တက်သွားဖို့လည်း မရဲသလို ၊ အဖော်လုပ်ပြီး လိုက်ပေးနိုင်မည့်သူကိုလည်း ချက်ချင်းလက်ငင်းရှာမတွေ့နိုင်ကာ စန်းရန်ကို အကူအညီတောင်းရန်အတွက်ကလည်း အားနာမိသောကြောင့်ဖြစ်သည်။
သို့သော်လည်း စန်းရန်ကိုယ်တိုင် ပြောလာသည့်အချိန်တွင်တော့ အနည်းငယ်သက်သာရာရသွားခဲ့၏။
ဝိန်းရိဖန် ;
"နင့်ကို ကျေးဇူးတင်ပါတယ်"
စန်းရန်တစ်ယောက် ဝိန်းရိဖန်အား အာရုံစိုက်ပြနေဖို့ရာကိုပင် ပျင်းရိလွန်းလှသည့်အလား။
ဤပတ်ဝန်းကျင်၏ နေထိုင်မှုပုံစံစီမံချက်များမှာ အားနည်းညံ့ဖျင်းလွန်းလှသည်ဟုဆိုရမည်။
ဝိန်းရိဖန် နေထိုင်သည့်အဆောက်အဦးရှိ အလွှာတစ်ထပ်စီတိုင်းတွင် ပျက်နေသည့်မီးလုံးများစွာရှိကာ လမ်းသွားလမ်းလာများအဖို့ လမ်းကိုပင်အသေအချာမမြင်ရလောက်အောင် မှောင်မည်းလွန်းသည့်အခြေအနေ။လာရောက်ပြင်ဆင်မည့်သူလည်း ရှိပုံမရ ၊ ကော်ရစ်တာထောင့်တိုင်းတွင် အမှိုက်များစုပုံထားကြပြီး အနံ့အသက်တို့မှာလည်း မကောင်းလှပေ။
ယခင်ကဆိုလျှင် ဤအချင်းအရာများနှင့်ပတ်သတ်ပြီး ဝိန်းရိဖန် အဘယ်လိုမှမခံစားခဲ့ရသော်ငြား သည်သခင်လေးဘေးနားတွင် ရှိနေသည့်လက်ရှိအချိန်တွင်တော့ သူမ၏အခြေအနေနှင့်ပတ်သတ်၍ အနည်းငယ် ကသိကအောက်နိုင်သောရှက်စိတ်တို့ဝင်လာခဲ့ရသည်။
သို့သော်လည်း စန်းရန်က မည်သည့်မှတ်ချက်မျိုးမှ မပြုခဲ့ပါပေ။
အိမ်ခန်းအရှေ့သို့ရောက်သည့်အချိန်တွင် ဝိန်းရိဖန် သော့ထုတ်လာပြီး တံခါးဖွင့်လိုက်၏။
စန်းရန်က မိန်းကလေးတစ်ယောက်၏အိမ်ထဲသို့ လက်လွတ်စပယ်မဝင်လာဘဲ အိတ်ကပ်ထဲသို့ လက်ကိုထည့်ထားရင်း အပြင်ဘက်၌သာရပ်နေခဲ့သည်။
"အပြင်ဘက်မှာပဲ မင်းကို စောင့်နေမယ်"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်၏။
အထဲသို့ဝင်လာပြီး ကုတင်အောက်မှ ခရီးဆောင်အိတ်အားထုတ်ယူလိုက်သည်။
နန်းဝူမြို့သို့ ရောက်လာသည့်အချိန်မှာ သုံးလပင် ရှိသေးသည်။သူမ ပြောင်းမလာခင်ကလည်း ရောင်းသည့်ပစ္စည်းများအားရောင်း ၊ စွန့်ပစ်ခဲ့သည့်ပစ္စည်းများလည်း အများအပြားရှိကာ ၊ အချိန်တစ်ခုစာအတွင်း အသစ်ဝယ်ထားသည့်ပစ္စည်းများလည်းမရှိသဖြင့် သူမ၏အထုတ်အပိုးများက နန်းဝူမြို့သို့ စရောက်ခါစအချိန်ကနှင့် မခြားမနားပင်။
ခရီးဆောင်အိတ်တစ်ခုအပြင် ရှုံ့ကြိုးအိတ်တစ်ခုစာသာ ရှိ၏။
မည်သည့်ပစ္စည်းမှ မကျန်ကြောင်း စစ်ဆေးပြီးနောက် ဝိန်းရိဖန်က တံခါးပိတ်ပြီး ထွက်လာခဲ့လိုက်သည်။
စန်းရန်က သူမ၏ခရီးဆောင်အိတ်ကိုကြည့်ရင်း
"ဒါလေးပဲလား"
"အင်း"
စန်းရန်က စကားထပ်မဆိုတော့ဘဲ ဝိန်းရိဖန်၏ အိတ်နှစ်လုံးကိုသယ်ကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်၏။ အိမ်ရာဝန်းထဲမှထွက်လာပြီး သူမ၏ပစ္စည်းများအား ကားနောက်ဖုံးထဲသို့ထည့်လိုက်ပြီးနောက် ယာဥ်မောင်းနေရာတွင်ဝင်ထိုင်လိုက်သည်။
"မင်းသူငယ်ချင်းအိမ်က ဘယ်နားမှာလဲ"
ဝိန်းရိဖန်က ဟိုတယ်တစ်ခုရှာပြီးနေလိုက်ရမည်လော ဒါမှမဟုတ် ဝမ်လင်လင်ထံ စာပို့ပြီး ယနေ့ည၌ လာနေခွင့်ပေးရန်တောင်းလိုက်ရမည်လော တွေဝေနေသည့်အချိန် ၊ စန်းရန်က စိတ်မရှည်လေဘဲ
"ပြောနေတာမကြားဘူးလား"
ဝိန်းရိဖန်က ရွေးချယ်စရာမရှိတော့သဖြင့်
" 'ရှန့်တုဟွားချန်' "
စန်းရန်က မျက်မှောင်ကျုံ့ရင်း သူမအားတစ်ချက်လှမ်းကြည့်ပြီးမှသာ ကားစက်နှိုးလိုက်သည်။
ဤရပ်ကွက်နှင့် 'ရှန့်တုဟွားချန်' မှာ အလှမ်းနီးပြီး ငါးမိနစ်မျှပင်မကြာပါချေ။
ဦးတည်ရပ်သို့ရောက်သည်နှင့် စန်းရန်က မေးလာခဲ့၏။
"မင်းသူငယ်ချင်းက ဘယ်အဆောက်အဦးမှာနေတာလဲ"
"...."
ဝိန်းရိဖန်က နေရာကိုမှတ်မိသော်လည်း အသေးစိတ်မှတ်မိနေခြင်းမျိုးမဟုတ်သည့်အတွက် အမှန်တိုင်းသာဆိုလိုက်၏။
"ငါ မမှတ်မိတော့ဘူး"
စန်းရန်ကလည်း လောနေခြင်းမျိုးမရှိဘဲ
"မင်း မေးကြည့်လိုက်လေ"
ဝိန်းရိဖန်က ဝမ်လင်လင်ထံအကြောင်းကြားထားပြီးဖြစ်သော်ငြား တစ်ဖက်လူက ဖုန်းမက်ဆေ့များကို ပြန်စာပို့လာခြင်းမရှိသေး ၊ သူမအနေဖြင့် စန်းရန်ကိုလည်း အချိန်ကြာကြာပြဿနာမပေးချင်သဖြင့်
"သူ ငါ့ကို စာပြန်မပို့သေးဘူး..ကိစ္စမရှိပါဘူး..နင် ငါ့ကို ဂိတ်ပေါက်ဝမှာချပေးခဲ့ရင်ရပြီ"
တိတ်ဆိတ်မှု ကြီးစိုးသွားခဲ့၏။
စန်းရန် ;
"ဒီမှာနေတဲ့သူငယ်ချင်းက တကယ်ရှိတာသေချာလား"
"ဟမ်?"
စန်းရန် စကားဆက်မဆိုတော့၏။
'ရှန့်တုဟွားချန်' ၏ဂိတ်ပေါက်ဝအရောက်တွင် စန်းရန်က ကားရပ်လိုက်ပြီးနောက် ဝိန်းရိဖန်၏အိတ်များကို ကူညီ၍ထုတ်ပေးလာခဲ့သည်။
ဝိန်းရိဖန်က ယဥ်ယဥ်ကျေးကျေးဖြင့်ထပ်၍ကျေးဇူးတင်လိုက်ပြီး
"ဒီနေ့တော့ တကယ်ကို နင့်ကိုအလုပ်ရှုပ်စေမိခဲ့ပြီ..နင် ဘယ်ချိန်လောက်အားမလဲဆိုတာ ကြည့်ပေးပါဦး..ငါ နင့်ကို တစ်ခုခုဖိတ်ကျွေးချင်လို့"
"ထမင်းကျွေးလိုက်တာနဲ့ ကျေရောလား"
စန်းရန်၏အသံနေအသံထားက ပုံမှန်အတိုင်းသာဖြစ်နေပြီး စကားလုံးများက ခပ်ပြတ်ပြတ်ဖြင့်
"ဒီနေ့အတွက်ကတော့ ရင်းနှီးနေတဲ့သူမဟုတ်ရင်တောင် ဒီအတိုင်းပဲ ကူညီပေးဖြစ်မှာ"
ဝိန်းရိဖန်က သူ့မျက်နှာထက်မှ ဒဏ်ရာဒဏ်ချက်များကိုကြည့်နေရင်း မနေနိုင်အောင် ပြောဆိုမိလိုက်တော့၏။
"ဒါဆိုရင်တော့ နင့်ကို တော်တော်သတ္တိရှိတယ်လို့ ချီးကျူးရတော့မှာ..ဒီလိုမျက်နှာကြီးကို တစ်နှစ်ပတ်လုံး ကြည့်နေနိုင်လို့လေ"
"...."
************
~~Zawgyi~~
ႏွစ္ေယာက္သားျပန္ဆုံၿပီးၾကသည့္ေနာက္ပိုင္း စန္းရန္ဘက္မွ သူမ၏နာမည္အားေခၚလိုက္သည္မွာ ပထမဆုံးအႀကိမ္။
ဝိန္းရိဖန္၏စိတ္ဝိဥာဥ္အလုံးစုံက လက္ရွိအခ်ိန္တြင္အလြန္တရာေတာင့္တင္းေနျခင္းျဖစ္ၿပီး ျမင္ေနရသည့္အရာအားလုံးမွာ ထင္ေယာင္ထင္မွားျဖစ္ေနရသည့္အလား။ သူမ၏ေျခလွမ္းမ်ားကို ရပ္တန့္ပစ္လိုက္သင့္မသင့္ကိုပင္ ဆုံးျဖတ္နိုင္စြမ္းမရွိေလေတာ့ဘဲ ထိန္းခ်ဳပ္မႈေအာက္မွလြတ္ထြက္သြားသည့္အတိုင္း အေရွ႕သို႔သာ ဆက္ေျပးေနမိေတာ့သည္။
ေနာက္စကၠန့္တြင္ ဝိန္းရိဖန္၏လက္ေကာက္ဝတ္မွာ စန္းရန္၏ဆြဲဖမ္းလိုက္ျခင္းကိုခံလိုက္ရပါေတာ့၏။
စန္းရန္က သူရွိရာအရပ္သို႔ ဆြဲေခၚလိုက္ၿပီး သုံးလိုက္သည့္ခြန္အားမွာ ျပင္းလြန္းသည္လည္းမဟုတ္ ျငင္သာလြန္းသည္လည္းမဟုတ္။ဝိန္းရိဖန္ ေခါင္းေမာ့ၾကည့္လိုက္လွ်င္ သူမ၏ျမင္ကြင္းအားလုံးမွာ သူ၏တင္းရင္းေနသည့္မ်က္ႏွာက်ျဖင့္သာ ျပည့္ႏွက္ေန၏။ ႏႈတ္ခမ္းကိုတင္းတင္းေစ့ထားသည့္သူက ကားတံခါးအား လက္တစ္ဖက္ျဖင့္ဆြဲဖြင့္လိုက္ၿပီး အျပဳအမူတို႔က အနည္းငယ္ေဒါသထြက္ေနပုံလည္းရသည္။
"ဘာေတြေၾကာင္ၾကည့္ေနတာလဲ"
လမ္းတစ္ေလွ်ာက္လုံး အေၾကာက္ေၾကာက္အလန့္လန့္ျဖင့္ ေျပးလာခဲ့သည့္အတြက္ ဝိန္းရိဖန္၏အသက္ရႉႏႈန္းမ်ားမွာ ျပတ္ေတာင္းျပတ္ေတာင္း။ သူ႕အား ေမာ့ၾကည့္ေနပါေသာ္ျငား အသံတစ္ခ်က္ခြန္းတုန့္မျပန္နိုင္ပါေတာ့ဘဲ သူ႕လႈပ္ရွားမႈႏွင့္စကားလုံးမ်ားေနာက္သို႔သာလိုက္ၿပီး ကားထဲဝင္ထိုင္လိုက္သည္။
စန္းရန္က ကားတံခါးကိုပိတ္ပစ္လိုက္၏။
စန္းရန္က ကားတံခါးေလာ့ခ္ကိုပါ ခ်ပစ္လိုက္ေၾကာင္း ကားျပတင္းမွန္မွတဆင့္ လွမ္းျမင္လိုက္ရေသးသည္။
ထိုေယာက္်ားသုံးဦးက အေနာက္မွလိုက္၍ မွီလာခဲ့ၿပီျဖစ္သည္။
ဤျမင္ကြင္းျမင္လိုက္ရသည့္အတြက္ က်ားပုံစံတက္တူးထိုးထားသည့္လူက ကားအတြင္းသို႔လွမ္းၾကည့္ကာ အျခားလူပိုမ်ားပါမပါကို အကဲခတ္ၿပီးသြားသည့္ေနာက္တြင္
"႐ႊိုက္ေကာ..ဒီတစ္ေယာက္က မင္းေကာင္မေလးလား..အေတာ္ေလးလွတယ္ေနာ္.."
စန္းရန္က တစ္လွမ္းၾကည့္လိုက္ၿပီး တစ္လုံးခ်င္းစီစကားဆိုလိုက္၏။
"မင္း ေသာက္ေၾကာင္းလား"
စန္းရန္၏တုန့္ျပန္မႈေၾကာင့္ က်ားပုံစံတက္တူးထိုးထားသည့္ထိုလူက ခ်က္ခ်င္းဆိုသလိုေရွ႕သို႔တစ္လွမ္းတိုးလာကာ စန္းရန္၏ပုခုံးကိုတြန္းလိုက္၍
"မင္းက ဒါဘာအခ်ိဳးခ်ိဳးတာလဲ..ငါက ငါ့ေသာက္ေၾကာင္းပါလို႔ေျပာရင္ေရာ..စကားကိုေကာင္းေကာင္းေျပာလို႔မရဘူးေပါ့ေလ ဟမ္?"
စန္းရန္က ထိုလူ၏လက္ေမာင္းကို ခ်က္ခ်င္းဆြဲဖမ္းလိုက္ၿပီး တင္းထားသည့္လက္သီးဆုတ္က ညစ္ပတ္သည့္အရာတစ္ခုကိုထိုးခ်ပစ္လိုက္သည့္အလား တတ္နိုင္သမွ်လႊင့္သထက္လႊင့္ထြက္သြားေအာင္ ထိုးလိုက္ေတာ့သည္။
သူ႕မ်က္ဝန္းမ်ားထဲတြင္ အႏြေးဓါတ္ဟူ၍မရွိ ၊ သူ႕အသံစတို႔ကလည္း ေယာက္ယတ္ခတ္ေနျခင္းမ်ိဳးလုံးဝမရွိပါဘဲ
"သြားမွာလား မသြားေသးဘူးလား?"
"ျဖစ္တယ္ေလ..ငါကလည္း က်ိဳးသင့္ေၾကာင္းသင့္ မရွိတဲ့သူမ်ိဳးမဟုတ္ပါဘူး"
က်ားပုံစံတက္တူးထိုးထားသည့္လူက ေနာက္ဆုတ္ေပးမည့္သေဘာကိုေဆာင္ကာ ဝိန္းရိဖန္ရွိေနသည့္ကားထဲသို႔ လက္ညွိုးထိုးလိုက္၍
"မင္းကားေပၚက ဟိုေသာက္ေကာင္မကို ဆင္းလာၿပီး မေကာင္းတဲ့ဟာမေတြလိုပုံစံမ်ိဳးနဲ႕ ငါ့ကို လာေတာင္းပန္ခိုင္း..."
စန္းရန္တစ္ေယာက္ သူ႕အေၾကာအခ်ဥ္မ်ားကိုလာထိပါးေနသလိုပင္ခံစားမိလိုက္ရၿပီး သတိေပးျခင္းလုံးဝမရွိဘဲ ႐ုတ္တရက္ဆန္ဆန္ ထိုလူ၏ဗိုက္အား ကန္ေက်ာက္ပစ္လိုက္၏။
ဤတစ္ႀကိမ္တြင္ သူ႕ခြန္အားကို ဆယ္ပုံရွိလွ်င္ ဆယ္ပုံလုံး သုံးၿပီးကန္ပစ္လိုက္သည့္အတြက္ ကားထဲတြင္ရွိေနသည့္ ဝိန္းရိဖန္သည္ပင္ အသံက်ယ္ႀကီးတစ္ခ်က္ကို ၾကားလိုက္ရသည္။
က်ားပုံစံတက္တူးထိုးထားသည့္သူ၏စကားမ်ားဟာ ၾကားျဖတ္ႏွောက္ယွက္ခံလိုက္ရၿပီး လူတစ္ေယာက္လုံးကလည္း အေနာက္သို႔ သုံးေလးလွမ္းပင္ဆုတ္သြားခဲ့ကာ ခါးေရာဗိုက္ကပါ ေကြးၫႊတ္သြားခဲ့၍ ပါးစပ္မွေနၿပီးဆဲေရးသည့္စကားလုံးမ်ားက ခက္ခက္ခဲခဲထြက္က်လာေတာ့သည္။
"ငါ-ူး..မင္းေမ..."
ထိုလူအေနာက္တြင္ပါလာသည့္ အျခားလူႏွစ္ေယာက္မွာ ေၾကာင္အလ်က္သား။
က်ားတက္တူးထိုးထားသည့္လူ၏ဆဲေရးညည္းတြားလိုက္သည့္အသံကိုၾကားသည့္အခ်ိန္တြင္မွသာ ကူညီေပးရန္အေရွ႕သို႔ေျပးဝင္လာၾကေတာ့၏။
ဝိန္းရိဖန္က ကတုန္ကယင္ျဖင့္ လက္ကိုင္ဖုန္းကိုထုတ္ယူၿပီး ရဲကိုအေၾကာင္းၾကားရန္ျပင္လိုက္သည္။
စန္းရန္က အၿမဲတမ္းလိုလို ပ်င္းတိပ်င္း႐ြဲျဖင့္သာ ေနေလ့ရွိၿပီး မည္သည့္အရာကိုမွ ဂ႐ုမစိုက္တတ္ေပ။ လူတစ္ေယာက္ကိုၾကည့္သည့္အခါမ်ိဳး၌ပင္ ခနဲ႕တဲ့တဲ့အၿပဳံးတစ္ခုက အၿမဲတမ္းရွိေနတတ္ေသာ္လည္း လက္ရွိအခ်ိန္တြင္ေတာ့ သူ႕မ်က္ႏွာတြင္ မည္သည့္အမူအရာမ်ိဳးမွမရွိေနဘဲ အမွန္တကယ္ေဒါသထြက္ေနပုံရသည္။
မည္းနက္ေနသည့္သူ႕မ်က္ဝန္းအိမ္မ်ားက သူ႕အေရွ႕တည့္တည့္တြင္ရွိေနသည့္ထိုလူအား ပုတ္သိုးေနသည့္အသားတုံးတစ္ခုသဖြယ္ မႈန္မွိုင္းမွိုင္းစိုက္ၾကည့္ေနေလသည္။
လူႏွစ္ေယာက္က တစ္ခ်ိန္တည္းေျပးလာၿပီး သူ႕အားဖမ္းခ်ဳပ္ထားဖို႔ရာ ႀကိဳးစားေတာ့၏။
စန္းရန္က ထိုလူႏွစ္ေယာက္ထဲမွ တစ္ေယာက္၏ဆံပင္ကို အျမန္ဖမ္းဆြဲလိုက္ၿပီး ဆြဲရမ္းကာ ေဘးနားမွ လမ္းမီးတိုင္ႏွင့္ေခါင္းကိုပစ္ေဆာင့္ပစ္လိုက္၏။အျခားတစ္ေယာက္က ဤအခြင့္အေရးကိုအမိအရယူၿပီး စန္းရန္၏မ်က္ႏွာအား တစ္ခ်က္ထိုးခ်ပစ္လိုက္သည္။
သူ ေရွာင္ဖို႔ရာမမွီေတာ့သည့္အတြက္ မ်က္ႏွာက တစ္ဖက္သို႔ လည္ထြက္သြားခဲ့၏။
ေနာက္တစ္ခ်ီအတြက္ ေနရာျပန္ယူၾကသည္မွာ တစ္ခဏ။
စန္းရန္က နာက်င္မႈေၾကာင့္က်ိဳးေၾကာင္းမသင့္ေတာ့သည္လားမသိ ၊ ဒဏ္ရာရသြားၿပီးမွ ႐ုတ္တရက္ႀကီး ၿပဳံးေနေလေတာ့သည္။
ဝိန္းရိဖန္က သူမထြက္သြားလွ်င္လည္း အကူအညီမရမည့္အျပင္ စန္းရန္ကိုပါ ျပႆနာထပ္ေပးေနမိမည္ကိုနားလည္ေနခဲ့သျဖင့္ မ်က္လုံးစုံမွိတ္ၿပီးသာ ၿငိမ္ေနမိေတာ့၏။ သူမအေနျဖင့္ စန္းရန္အရိုက္ခံေနသည့္ျမင္ကြင္းကိုလည္း မၾကည့္ေနခ်င္မိသလို ထိုလူမ်ားထံ၌ အႏၱရာယ္ျဖစ္ေစမည့္လက္နက္မ်ားရွိေနမည္ကိုလည္း စိုးရိမ္ေနမိပါေသးသည္။
ထို႔ေၾကာင့္ မ်က္လုံးကိုရဲရဲဖြင့္ၿပီး အျပင္ဘက္သို႔သာ မ်က္ေတာင္မခတ္တမ္းစူးစိုက္ၾကည့္ေနလိုက္ေတာ့သည္။
က်န္သည့္ႏွစ္ေယာက္အား အနားကပ္လာသည့္အခ်ိန္၌သာ လုံးေထြးပစ္ၿပီး စန္းရန္၏ ခြန္အားအကုန္လုံးျဖင့္ အဓိကပစ္မွတ္ထား ထိုးက်ိတ္ေနသည့္သူမွာ က်ားတက္တူးႏွင့္လူကိုသာ ျဖစ္သည္။ ထိုးရင္းက်ိတ္ရင္းျဖင့္လည္း စန္းရန္၏ႏႈတ္ခမ္းက ဖြင့္လိုက္ပိတ္လိုက္ျဖင့္ ခပ္တိုတိုစကားလုံးမ်ားကို ေျပာေနမွန္း ဝိန္းရိဖန္လွမ္းျမင္ေနခဲ့ရသည္။
သို႔ေသာ္ အကြာအေဝးတစ္ခုက ျခားနားေနသည့္အတြက္ စန္းရန္ေျပာေနသည့္စကားမ်ားကို မၾကားရပါေပ။
ကံေကာင္းစြာျဖင့္ အနီးတစ္ဝိုက္တြင္ကင္းလွည့္ေနသည့္ရဲမ်ားက အျမန္ေျပးလာၾကၿပီး
"ေဝ့!..ဘာလုပ္ေနၾကတာလဲ!"
ဝိန္းရိဖန္က ခ်က္ခ်င္းကားေပၚမွဆင္းလာခဲ့ကာ စန္းရန္ရွိေနသည့္ေနရာသို႔ ေျပးသြားလိုက္၏။ စန္းရန္အား ျပႆနာရွာသူအျဖစ္ျဖင့္ ရဲအရာရွိမ်ားဘက္မွ အထင္ျမင္လြဲသြားမည္ကို စိုးရိမ္သည့္အတြက္ စန္းရန္အား သူမ၏အေနာက္သို႔ဆြဲပို႔ပစ္လိုက္၍
"ရဲအရာရွိႀကီး..ခုဏတုန္းက အေၾကာင္းၾကားတဲ့သူက ကြၽန္မပါ..ဒီတစ္ေယာက္က ကြၽန္မရဲ႕မိတ္ေဆြ.."
စန္းရန္၏မ်က္ႏွာက သိသိသာသာကိုဒဏ္ရာရေနခဲ့ၿပီး ႏႈတ္ခမ္းေထာင့္စြန္းမ်ားတြင္ ေသြးစမ်ား ၊ အေရျပားေပၚ၌ ျခစ္ရာပြန္းရာမ်ားအျပင္ မ်က္ႏွာေဘးနားတြင္လည္း ေသြးစို႔ေနေသးသည္။ သူ႕မ်က္ဝန္းမ်ားထဲမွခံစားခ်က္အခ်ိဳ႕မွာ ျပယ္ေပ်ာက္သြားခဲ့ပုံရကာ မ်က္လႊာကိုေအာက္ခ်ထားရင္းက ဝိန္းရိဖန္၏ေသးေသးသြယ္သြယ္လည္တိုင္ေလးကိုသာ လွမ္းၾကည့္ေနၿပီး စကားတစ္ခြန္းမွမဆိုလာပါေတာ့၏။
-----
မွတ္တမ္းအတြက္ လူတစ္စုလုံးက ရဲစခန္းဆီသို႔ သြားၾကရေတာ့သည္။
ႏွစ္ဦးႏွစ္ဖက္စလုံး ဒဏ္ရာရထားၾကသည္ကိုၾကည့္ျခင္းအားျဖင့္ တစ္ဖက္ဖက္က ခုခံေနရသည့္အေျခအေနမ်ိဳးမဟုတ္ဘဲ ႏွစ္ဖက္စလုံး တိုက္ခိုက္ခဲ့ၾကသည့္ပုံစံမ်ိဳးေပါက္ေနခဲ့သည္။သို႔ေသာ္ က်ားတက္တူးႏွင့္လူက ရာဇဝတ္မႈမွတ္တမ္းရွိထားသည့္သူျဖစ္သည့္အျပင္ ယေန႕ အခ်ဳပ္မွလြတ္ခြင့္ရရျခင္းတြင္ အရင္ျပစ္မႈမွ ခံရသူ အား ထပ္ၿပီးႏွောက္ယွက္သည့္အတြက္ သူ႕အေျခအေနမွာ ပိုဆိုး႐ြားၿပီျဖစ္သည္။
က်ားတက္တူးႏွင့္လူမွလြဲ၍ က်န္သူမ်ားအား ဆုံးမစကားတစ္ခ်ိဳ႕ ေျပာဆိုလိုက္ၿပီးေနာက္ ဒဏ္ေငြအနည္းငယ္ေပးေဆာင္ေစကာ ျပန္လႊတ္ေပးလာခဲ့၏။
ရဲစခန္း၏အျပင္ဘက္တြင္။
ဝိန္းရိဖန္က စန္းရန္၏မ်က္ႏွာအား မသိမသာေလးလွမ္းၾကည့္လိုက္၍
"နင္..ေဆး႐ုံသြားလိုက္မလား"
စန္းရန္က စိတ္မၾကည္သည့္အတြက္ ဝိန္းရိဖန္အား လ်စ္လ်ဴရႈထားလိုက္သည္။
"နင္ တျခားေနရာေတြမွာေရာ ထိခိုက္မိတာမ်ိဳးရွိေသးလား"
သူမ၏ျပႆနာထဲသို႔ ဆြဲသြင္းမိထားျခင္းေၾကာင့္ ဝိန္းရိဖန္က စိတ္မသိုးမသန့္ျဖစ္ေနရၿပီး
"ငါတို႔ ေဆး႐ုံကိုသြားလိုက္ရေအာင္..အခ်ိန္လည္း ဘယ္ေလာက္မွကုန္..."
စန္းရန္က စကားကိုျဖတ္ေျပာလိုက္၏။
"ဝိန္းရိဖန္"
ဝိန္းရိဖန္ မ်က္လႊာပင့္ၾကည့္လိုက္၍
"ဘာျဖစ္လို႔လဲ"
စန္းရန္သည္လည္း သူမအား လွမ္းၾကည့္ေနျခင္းျဖစ္ကာ
"ငါ အဲ့နားမွာရပ္ေနတာကို မင္းမျမင္လို႔လား"
ဝိန္းရိဖန္က နားမလည္သည့္အတြက္ လွမ္းၾကည့္ေနရင္း
"ဘာကို.."
"မင္း ငါ့ကိုအကူအညီလွမ္းမေတာင္းဘဲ ဘာလို႔ေလွ်ာက္ေျပးေနတာလဲ"
"...."
"ငါ မင္းကို လာခဲ့ဖို႔ လွမ္းေခၚလိုက္တာေရာ မၾကားဘူးလား?"
စန္းရန္၏အသံတို႔ထဲတြင္ ဟိတ္ဟန္မ်ားလုံးဝမပါ ၊ ေထ့ေငါ့မႈမ်ားသာ ျပည့္ႏွက္ေနၿပီး
"မ်က္လုံးကလည္းမျမင္ ၊ နားကလည္းမၾကား ၊ တုံးကလည္းတုံး..ေျခေထာက္ႏွစ္ေခ်ာင္းနဲ႕ေျပးဖို႔ေလာက္ပဲစဥ္းစားေနတာလား ဟုတ္လား"
စန္းရန္က သူမကိုဝင္ကူညီရင္း ဒဏ္ရာရထားသည့္သူျဖစ္သည့္အတြက္ ဝိန္းရိဖန္အေနျဖင့္ စန္းရန္၏အျပစ္တင္ခ်က္မ်ားကို စိတ္မကြက္ပါေပ။ ဘယ္လိုပင္ျဖစ္ေနပါေစ သူမ၏အေရွ႕တြင္ရွိေနသည့္သူႏွင့္ပတ္သတ္ၿပီး သူေျပာသမွ်ကမွန္ကန္ေနသည္ဟုသာေတြးမိသည့္အတြက္
"ငါ နင့္ကိုအကူအညီေတာင္းမယ္ဆိုၿပီး စဥ္းစားခဲ့ပါေသးတယ္..ဒါေပမယ့္ ဟိုလူေတြက လက္ပါလာနိုင္လားဆိုတာမေသခ်ာတာမလို႔ နင့္ကိုဆြဲမထည့္ခ်င္လို႔ပါ"
စန္းရန္က နင့္နင့္နဲနဲကို စိုက္ၾကည့္ေနၿပီး ဝိန္းရိဖန္၏ရွင္းျပခ်က္မ်ားကို နားေထာင္ေနခဲ့သည္။
"ၿပီးေတာ့..အဓိကအခ်က္က သူတို႔ဘက္က လူသုံးေယာက္ဆိုေတာ့ နင္ မခ်နိဳင္ေလာက္ဘူးလို႔ ထင္လိုက္မိလို႔"
"...."
စန္းရန္ ေဒါသထြက္ထြက္ျဖင့္ပင္ ရယ္မိလိုက္ၿပီး ေျပာစရာစကားမ်ားပင္မဲ့သြားခဲ့ရေတာ့သည္။
ေဆးဆိုင္တစ္ခုအား ျဖတ္သြားလုနီးနီးအခ်ိန္တြင္။
ဝိန္းရိဖန္က ေျခလွမ္းမ်ားကိုရပ္လိုက္ၿပီး စန္းရန္၏မ်က္ႏွာအားလွမ္းၾကည့္၏။
"နင္ ဒီေနရာမွာ ခဏေလးေစာင့္ေန"
စန္းရန္၏တုန့္ျပန္ခ်က္ကို မေစာင့္ေတာ့ဘဲ ဝိန္းရိဖန္က ေဆးဆိုင္ဆီသို႔ေလွ်ာက္လာလိုက္ကာ ေသြးထြက္ဒဏ္ရာအတြက္ ေဆးတစ္ခ်ိဳ႕ကို ဝယ္လိုက္၏။ထို႔ေနာက္ အနီးအနားသို႔ ေဝ့ဝဲၾကည့္လိုက္လွ်င္ အနည္းငယ္လူေျခတိတ္သည့္ေနရာမွ ခုံတန္းေလးတစ္ခုအား ေတြ႕လိုက္ရ၏။
ႏွစ္ေယာက္သားက ထိုေနရာသို႔ ေလွ်ာက္သြားလိုက္၏။
"ေဆးလိမ္းလိုက္ဦး"
ဝိန္းရိဖန္က လက္ထဲမွအိတ္ကို လွမ္းေပးလိုက္ရင္း စိတ္ရင္းအမွန္တို႔ျဖင့္လည္း စကားဆိုလိုက္၏။
"နင္ ဒီပုံစံနဲ႕ဆိုရင္ အျပင္ထြက္ၿပီး တစ္ေယာက္ေယာက္ကိုေတြ႕ဖို႔အဆင္ေျပမွာမဟုတ္ဘူး"
စန္းရန္၏အသက္ရႉႏႈန္းမ်ားအရ သူ႕ပုံစံက သက္ေတာင့္သက္တာမရွိလွ ၊ သူက သူမအား တစ္ခဏမွ်စိုက္ၾကည့္ေနၿပီးေနာက္မွ စကားတစ္ခြန္းမဆိုဘဲ ေဆးအိတ္အား ဆြဲၿဖဲဖြင့္ၾကည့္လိုက္ေတာ့သည္။
ဝိန္းရိဖန္လည္း စကားမဆို ၊ စန္းရန္က သူ႕အကၤ်ီလက္ကိုေခါက္တင္ၿပီး လက္ဖ်ံေပၚမွဒဏ္ရာမ်ားအား ေဆးလိမ္းေနသည္ကို ၾကည့္ေနလိုက္၏။ၾကည့္ေနေလေလ ကိုယ့္ကိုကိုယ္အျပစ္တင္ၿပီးမသိုးမသန့္ျဖစ္လာရသည့္စိတ္မွာမ်ားလာေလေလပင္။
စန္းရန္၏ ဒဏ္ရာကိုေဆးလိမ္းေနသည့္ပုံစံက အညွာအတာမရွိ ၊ ၿပီးစလြယ္ျဖင့္သာ ခပ္ျမန္ျမန္လႈပ္ရွားသြားျခင္းျဖစ္သည့္အတြက္ ၾကည့္ေနသူ ဝိန္းရိဖန္အတြက္ေတာ့ စန္းရန္က ေဆးလိမ္းသည္ႏွင့္မလိမ္းျခင္းၾကား ဘာမွပင္မကြာပါေတာ့ေခ်။
ထို႔ေနာက္တြင္ ဒူး ၊ ေနာက္ဆုံးတြင္ကား မ်က္ႏွာ။
ျပႆနာက ဤေနရာတြင္ စေလၿပီ။
မ်က္ႏွာဆိုသည္မွာ မျမင္ရသည့္ေနရာအစိတ္အပိုင္း ၊ အနီးအနားတြင္လည္း မွန္ႏွင့္ပတ္သတ္သည့္အရာဟူ၍ ဘာမွမရွိ ၊ ထို႔ေၾကာင့္ စန္းရန္က မျမင္မစမ္းျဖင့္သာ လိမ္းရေတာ့၏။ ထိုအခ်ိန္အထိ စန္းရန္က သူ႕ခြန္အားကို တစ္စက္ေလးမွမေလ်ာ့ဘဲ ထိလိုက္သည့္ေနရာတိုင္းသည္လည္း ဒဏ္ရာႏွင့္ေဆး အသားမက်ေပ။တစ္ခ်က္ခ်က္တြန့္ခ်ိဳးသြားသည့္ စန္းရန္၏မ်က္ခုံးမ်ားကိုၾကည့္ရင္း မေနနိုင္ေတာ့သည့္ဝိန္းရိဖန္က
"ငါ နင့္ကိုကူညီေပးမယ္"
စန္းရန္က သူမအားတစ္ခ်က္လွမ္းၾကည့္လာရင္း သုံးေလးစကၠန့္မွ်ရပ္တန့္သြားၿပီးေနာက္တြင္မွ လက္ထဲတြင္ကိုင္ထားသည့္အရာမ်ားအား လွမ္းေပးလာခဲ့သည္။
ဝိန္းရိဖန္ အနားသို႔ကပ္သြားလုနီးနီးတြင္ စန္းရန္ထံမွ စကားတစ္ခြန္းၾကားလိုက္ရပါေတာ့၏။
"ကိုယ့္ကို အသားမယူနဲ႕"
"..."
ဝိန္းရိဖန္ ေၾကာင္အမ္းလ်က္သားျဖင့္ၿငိမ္ေနမိၿပီး အသက္ရႈေငြ႕မ်ားကိုပင္ မ်ိဳခ်မိလိုက္၏။
"ေကာင္းပါၿပီ..ငါ ေသခ်ာဂ႐ုစိုက္ပါ့မယ္"
ဝိန္းရိဖန္က ေဆးပါသည့္ဂြမ္းစကိုယူလိုက္ၿပီး သူ႕မ်က္ႏွာေပၚမွဒဏ္ရာမ်ားကို အေသအခ်ာၾကည့္ကာ ဂ႐ုတစိုက္သုတ္ေပးလိုက္၏။ သူ႕ဒဏ္ရာအားထိလိုက္သည္ႏွင့္တၿပိဳင္နက္ စန္းရန္က အပ္ျဖင့္ထိုးခံလိုက္ရသည့္အလား စုတ္တစ္ခ်က္သပ္ပါေလေတာ့သည္။
ဝိန္းရိဖန္လည္း ခ်က္ခ်င္းဆိုသလိုရပ္လိုက္မိ၏။
ျပႆနာမရွိ ျပႆနာႀကံဖန္ရွာေနသည့္ စန္းရန္က မသာမယာျဖစ္သြားရသည့္အမူအရာျဖင့္
"မင္း အားကိုေလ်ာ့သုံးေပးလို႔မရဘူးလား"
ဝိန္းရိဖန္ ; "...."
သူမ ထိေတာင္မထိရေသးဘူးလားလို႔?...
ဝိန္းရိဖန္က စိတ္ရွည္ရွည္ျဖင့္သာျပန္ေျဖလိုက္၏။
"အင္းပါ..ငါ ေျဖးေျဖးပဲလုပ္ပါ့မယ္"
ႏွစ္ေယာက္ၾကား၏အကြာအေဝးမွာ တျဖည္းျဖည္းႏွင့္က်ဥ္းေျမာင္းလာခဲ့ေတာ့သည္။
ဝိန္းရိဖန္က သူ႕ဒဏ္ရာမ်ားအား ဂ႐ုတစိုက္ၾကည့္ရင္း စန္းရန္မေက်မနပ္ထပ္ျဖစ္မည္ကိုစိုးရိမ္သည့္အတြက္လည္း အျပဳအမူမ်ားကိုအထူးတလည္သတိထားေနမိေတာ့၏။ တေ႐ြ႕ေ႐ြ႕ျဖင့္ေအာက္ဘက္သို႔ဆင္းလာသည္ႏွင့္အမွ် ႏႈတ္ခမ္းေထာင့္မ်ားအား ေဆးလိမ္းေပးမည့္အခ်ိန္တြင္ ဝိန္းရိဖန္က ဂြမ္းစအသစ္တစ္ခုကိုထပ္ယူကာ ဖြဖြေလးထိေတြ႕ေပးလိုက္၏။
အျပဳအမူမ်ားအားလုံး ေခ်ာေခ်ာေမြ႕ေမြ႕ၿပီးသြားသည့္ေနာက္တြင္ ဝိန္းရိဖန္က မ်က္ဝန္းမ်ားကိုပင့္ၾကည့္လိုက္ရာ သူ႕မ်က္ဝန္းမ်ားျဖင့္ ဆုံေလေတာ့သည္။
ေလထုတစ္ခြင္မွာ တစ္ခဏတာေအးခဲသြားပါေလေရာ့၏။
"ေဆးလိမ္း႐ုံေလးပဲဟာ.."
စန္းရန္၏မ်က္ဝန္းမ်ားက မည္းသထက္မည္းနက္လာရင္း အသံမ်ားကလည္း ပို၍ၾသရွရွနိုင္လာကာ
"မင္း ဒီေလာက္ထိ အနားကိုကပ္လာစရာလိုလို႔လား"
"...."
ဝိန္းရိဖန္ ခပ္မတ္မတ္ျပန္ထိုင္မိလိုက္၍
"ေတာင္းပန္ပါတယ္..ဒီေနရာက နည္းနည္းေမွာင္ေနေတာ့ ငါ သိပ္မျမင္ရလို႔"
ေျပာၿပီးၿပီးခ်င္းတြင္ ဝိန္းရိဖန္က ဆက္၍
"လိမ္းၿပီးၿပီ"
ေနာက္တြင္ေတာ့ တျခားထူးထူးျခားျခားဘာမွမျဖစ္ပါေပ။
စန္းရန္က ခုံတန္းကိုမွီလိုက္ၿပီးေနာက္
"ဒီေန႕က ဘယ္လိုျဖစ္တာလဲ"
ဝိန္းရိဖန္က မ်က္လႊာခ်ထားရင္း ခုံတန္းေပၚမွ ပစၥည္းမ်ားကိုသိမ္းဆည္းေနခဲ့ကာ ေျဖးေျဖးခ်င္းရွင္းျပလာ၏။
"ႏွစ္သစ္ကူးညက စ,တယ္လို႔ပဲ ေျပာရမယ္ထင္တယ္..ခုဏကလူေတြထဲက အသန္ဆုံးတစ္ေယာက္က ငါ့ရဲ႕ေဘးအခန္းမွာေနတဲ့လူ..မၾကာခဏ ငါ့အခန္းတံခါးကို လာလာေခါက္တတ္လို႔ ငါက ရဲေခၚအေၾကာင္းၾကားလိုက္တာ..သူ အခ်ဳပ္ ငါးရက္က်သြားေသးတယ္..ျဖစ္နိုင္တာကေတာ့ သူ မေက်နပ္လို႔ေနမွာ"
ဤစကားကိုနားေထာင္ေနသည့္ စန္းရန္၏အသြင္အျပင္မွာ အေကာင္းဘက္သို႔ေရာက္မေန။
"မင္း ဒီေန႕ညေရာ အဲ့အစုတ္ပလုတ္ေနရာမွာ သြားေနေနဦးမွာလား"
"ငါ အိမ္ခန္းအသစ္ကိုရွာထားၿပီးပါၿပီ..ေျပာင္းဖို႔ အခ်ိန္မရေတာ့လို႔သာ..ငါ ဒီေန႕ညေတာ့ အဆင္ေျပမယ့္ ဟို...."(ဟိုတယ္)
ဤအထိစကားဆိုၿပီးကာမွ အျခားတစ္ခုကိုျပန္ေျပာင္းဆိုလိုက္၏။
"သူငယ္ခ်င္းအိမ္မွာ သြားေနမွာ"
စန္းရန္က စကားကိုဆက္မေမးေတာ့ဘဲ 'အင္း' ဟုသာ အသံတစ္ခ်က္ျပဳလိုက္သည္။
အခ်ိန္ကို တစ္ခ်က္လွမ္းၾကည့္ၿပီးေနာက္ ဝိန္းရိဖန္က အရင္ဆုံး မတ္တပ္ရပ္လိုက္၍
"ငါတို႔ သြားရေအာင္ေလ..ေတာ္ေတာ္ ေနာက္က်ေနၿပီ..နင္လည္း ေစာေစာျပန္ၿပီးအနားယူလိုက္ေနာ္..စုေဟာက္အန္းရဲ႕ကားက ငါ့အိမ္နားမွာရပ္ထားခဲ့တာဆိုေတာ့ နင္ တစ္ေခါက္ေလာက္ေတာ့ ထပ္ၿပီးအပင္ပန္းခံရဦးမယ္"
စန္းရန္က ေခါင္းသာၿငိမ့္ျပၿပီး စကားတစ္ခြန္းမဆို။
ႏွစ္ေယာက္သား တကၠစီတစ္စီးျဖင့္ 'က်ားယြမ့္'ရပ္ကြက္ဆီသို႔ ျပန္လာခဲ့ၾကသည္။
ကားေပၚမွဆင္းလာသည့္အခ်ိန္၌ ဝိန္းရိဖန္ဘက္မွ ႏႈတ္ဆက္စကားမေျပာလိုက္ရခင္ပင္ စန္းရန္က အိမ္ရာဝန္းထဲသို႔ တိုက္ရိုက္ေလွ်ာက္ဝင္လာေတာ့သည္။ စန္းရန္ ဘာလုပ္ခ်င္မွန္းမသိသည့္အတြက္ ဝိန္းရိဖန္က အေနာက္မွအျမန္လိုက္သြားခဲ့ရင္း
"နင္ တျခားဘာလုပ္စရာရွိေသးလို႔လဲ"
စန္းရန္ ;
"အေပၚတက္သြားၿပီး ပစၥည္းေတြသိမ္းမလို႔"
ဝိန္းရိဖန္ ;
"အမ္?"
သူ႕စကားလုံးတိုင္းက ဤပတ္ဝန္းက်င္၏ညစ္ညမ္းမႈမ်ားကို အတိုင္းသားေဖာ္ျပေနသည့္အလား
"ဒီစုတ္ပဲ့ေနတဲ့ေနရာကို ျပန္လာဖို႔ စဥ္းစားေနေသးတာလား"
"...."
ဤအဓိပ္ပါယ်က သူမႏွင့္အတူ အေပၚထပ္သို႔လိုက္လာၿပီး ပစၥည္းသိမ္းပေးမည်ဆိုသည့်အဓိပ္ပါယ်မဟုတ်လား?..
ဝိန္းရိဖန္သည္လည္း အေပၚထပ္သို႔တက္သြားရမည့္ကိစၥႏွင့္ပတ္သတ္ၿပီး ေတြးပူေနမိသည္မွာ အမွန္ပါပင္ ၊ ဘယ္လိုပင္ျဖစ္ေစ မၾကာေသးခင္ကမွျဖစ္သြားသည့္အျဖစ္အပ်က္တစ္ခုေၾကာင့္ တစ္ကိုယ္တည္း အေပၚတက္သြားဖို႔လည္း မရဲသလို ၊ အေဖာ္လုပ္ၿပီး လိုက္ေပးနိုင္မည့္သူကိုလည္း ခ်က္ခ်င္းလက္ငင္းရွာမေတြ႕နိုင္ကာ စန္းရန္ကို အကူအညီေတာင္းရန္အတြက္ကလည္း အားနာမိေသာေၾကာင့္ျဖစ္သည္။
သို႔ေသာ္လည္း စန္းရန္ကိုယ္တိုင္ ေျပာလာသည့္အခ်ိန္တြင္ေတာ့ အနည္းငယ္သက္သာရာရသြားခဲ့၏။
ဝိန္းရိဖန္ ;
"နင့္ကို ေက်းဇူးတင္ပါတယ္"
စန္းရန္တစ္ေယာက္ ဝိန္းရိဖန္အား အာ႐ုံစိုက္ျပေနဖို႔ရာကိုပင္ ပ်င္းရိလြန္းလွသည့္အလား။
ဤပတ္ဝန္းက်င္၏ ေနထိုင္မႈပုံစံစီမံခ်က္မ်ားမွာ အားနည္းညံ့ဖ်င္းလြန္းလွသည္ဟုဆိုရမည္။
ဝိန္းရိဖန္ ေနထိုင္သည့္အေဆာက္အဦးရွိ အလႊာတစ္ထပ္စီတိုင္းတြင္ ပ်က္ေနသည့္မီးလုံးမ်ားစြာရွိကာ လမ္းသြားလမ္းလာမ်ားအဖို႔ လမ္းကိုပင္အေသအခ်ာမျမင္ရေလာက္ေအာင္ ေမွာင္မည္းလြန္းသည့္အေျခအေန။လာေရာက္ျပင္ဆင္မည့္သူလည္း ရွိပုံမရ ၊ ေကာ္ရစ္တာေထာင့္တိုင္းတြင္ အမွိုက္မ်ားစုပုံထားၾကၿပီး အနံ႕အသက္တို႔မွာလည္း မေကာင္းလွေပ။
ယခင္ကဆိုလွ်င္ ဤအခ်င္းအရာမ်ားႏွင့္ပတ္သတ္ၿပီး ဝိန္းရိဖန္ အဘယ္လိုမွမခံစားခဲ့ရေသာ္ျငား သည္သခင္ေလးေဘးနားတြင္ ရွိေနသည့္လက္ရွိအခ်ိန္တြင္ေတာ့ သူမ၏အေျခအေနႏွင့္ပတ္သတ္၍ အနည္းငယ္ ကသိကေအာက္နိုင္ေသာရွက္စိတ္တို႔ဝင္လာခဲ့ရသည္။
သို႔ေသာ္လည္း စန္းရန္က မည္သည့္မွတ္ခ်က္မ်ိဳးမွ မျပဳခဲ့ပါေပ။
အိမ္ခန္းအေရွ႕သို႔ေရာက္သည့္အခ်ိန္တြင္ ဝိန္းရိဖန္ ေသာ့ထုတ္လာၿပီး တံခါးဖြင့္လိုက္၏။
စန္းရန္က မိန္းကေလးတစ္ေယာက္၏အိမ္ထဲသို႔ လက္လြတ္စပယ္မဝင္လာဘဲ အိတ္ကပ္ထဲသို႔ လက္ကိုထည့္ထားရင္း အျပင္ဘက္၌သာရပ္ေနခဲ့သည္။
"အျပင္ဘက္မွာပဲ မင္းကို ေစာင့္ေနမယ္"
ဝိန္းရိဖန္ ေခါင္းၿငိမ့္ျပလိုက္၏။
အထဲသို႔ဝင္လာၿပီး ကုတင္ေအာက္မွ ခရီးေဆာင္အိတ္အားထုတ္ယူလိုက္သည္။
နန္းဝူၿမိဳ႕သို႔ ေရာက္လာသည့္အခ်ိန္မွာ သုံးလပင္ ရွိေသးသည္။သူမ ေျပာင္းမလာခင္ကလည္း ေရာင္းသည့္ပစၥည္းမ်ားအားေရာင္း ၊ စြန့္ပစ္ခဲ့သည့္ပစၥည္းမ်ားလည္း အမ်ားအျပားရွိကာ ၊ အခ်ိန္တစ္ခုစာအတြင္း အသစ္ဝယ္ထားသည့္ပစၥည္းမ်ားလည္းမရွိသျဖင့္ သူမ၏အထုတ္အပိုးမ်ားက နန္းဝူၿမိဳ႕သို႔ စေရာက္ခါစအခ်ိန္ကႏွင့္ မျခားမနားပင္။
ခရီးေဆာင္အိတ္တစ္ခုအျပင္ ရႈံ႕ႀကိဳးအိတ္တစ္ခုစာသာ ရွိ၏။
မည္သည့္ပစၥည္းမွ မက်န္ေၾကာင္း စစ္ေဆးၿပီးေနာက္ ဝိန္းရိဖန္က တံခါးပိတ္ၿပီး ထြက္လာခဲ့လိုက္သည္။
စန္းရန္က သူမ၏ခရီးေဆာင္အိတ္ကိုၾကည့္ရင္း
"ဒါေလးပဲလား"
"အင္း"
စန္းရန္က စကားထပ္မဆိုေတာ့ဘဲ ဝိန္းရိဖန္၏ အိတ္ႏွစ္လုံးကိုသယ္ကာ ေအာက္ထပ္သို႔ဆင္းလာခဲ့လိုက္၏။ အိမ္ရာဝန္းထဲမွထြက္လာၿပီး သူမ၏ပစၥည္းမ်ားအား ကားေနာက္ဖုံးထဲသို႔ထည့္လိုက္ၿပီးေနာက္ ယာဥ္ေမာင္းေနရာတြင္ဝင္ထိုင္လိုက္သည္။
"မင္းသူငယ္ခ်င္းအိမ္က ဘယ္နားမွာလဲ"
ဝိန္းရိဖန္က ဟိုတယ္တစ္ခုရွာၿပီးေနလိုက္ရမည္ေလာ ဒါမွမဟုတ္ ဝမ္လင္လင္ထံ စာပို႔ၿပီး ယေန႕ည၌ လာေနခြင့္ေပးရန္ေတာင္းလိုက္ရမည္ေလာ ေတြေဝေနသည့္အခ်ိန္ ၊ စန္းရန္က စိတ္မရွည္ေလဘဲ
"ေျပာေနတာမၾကားဘူးလား"
ဝိန္းရိဖန္က ေ႐ြးခ်ယ္စရာမရွိေတာ့သျဖင့္
" 'ရွန့္တုဟြားခ်န္' "
စန္းရန္က မ်က္ေမွာင္က်ဳံ႕ရင္း သူမအားတစ္ခ်က္လွမ္းၾကည့္ၿပီးမွသာ ကားစက္ႏွိုးလိုက္သည္။
ဤရပ္ကြက္ႏွင့္ 'ရွန့္တုဟြားခ်န္' မွာ အလွမ္းနီးၿပီး ငါးမိနစ္မွ်ပင္မၾကာပါေခ်။
ဦးတည္ရပ္သို႔ေရာက္သည္ႏွင့္ စန္းရန္က ေမးလာခဲ့၏။
"မင္းသူငယ္ခ်င္းက ဘယ္အေဆာက္အဦးမွာေနတာလဲ"
"...."
ဝိန္းရိဖန္က ေနရာကိုမွတ္မိေသာ္လည္း အေသးစိတ္မွတ္မိေနျခင္းမ်ိဳးမဟုတ္သည့္အတြက္ အမွန္တိုင္းသာဆိုလိုက္၏။
"ငါ မမွတ္မိေတာ့ဘူး"
စန္းရန္ကလည္း ေလာေနျခင္းမ်ိဳးမရွိဘဲ
"မင္း ေမးၾကည့္လိုက္ေလ"
ဝိန္းရိဖန္က ဝမ္လင္လင္ထံအေၾကာင္းၾကားထားၿပီးျဖစ္ေသာ္ျငား တစ္ဖက္လူက ဖုန္းမက္ေဆ့မ်ားကို ျပန္စာပို႔လာျခင္းမရွိေသး ၊ သူမအေနျဖင့္ စန္းရန္ကိုလည္း အခ်ိန္ၾကာၾကာျပႆနာမေပးခ်င္သျဖင့္
"သူ ငါ့ကို စာျပန္မပို႔ေသးဘူး..ကိစၥမရွိပါဘူး..နင္ ငါ့ကို ဂိတ္ေပါက္ဝမွာခ်ေပးခဲ့ရင္ရၿပီ"
တိတ္ဆိတ္မႈ ႀကီးစိုးသြားခဲ့၏။
စန္းရန္ ;
"ဒီမွာေနတဲ့သူငယ္ခ်င္းက တကယ္ရွိတာေသခ်ာလား"
"ဟမ္?"
စန္းရန္ စကားဆက္မဆိုေတာ့၏။
'ရွန့္တုဟြားခ်န္' ၏ဂိတ္ေပါက္ဝအေရာက္တြင္ စန္းရန္က ကားရပ္လိုက္ၿပီးေနာက္ ဝိန္းရိဖန္၏အိတ္မ်ားကို ကူညီ၍ထုတ္ေပးလာခဲ့သည္။
ဝိန္းရိဖန္က ယဥ္ယဥ္ေက်းေက်းျဖင့္ထပ္၍ေက်းဇူးတင္လိုက္ၿပီး
"ဒီေန႕ေတာ့ တကယ္ကို နင့္ကိုအလုပ္ရႈပ္ေစမိခဲ့ၿပီ..နင္ ဘယ္ခ်ိန္ေလာက္အားမလဲဆိုတာ ၾကည့္ေပးပါဦး..ငါ နင့္ကို တစ္ခုခုဖိတ္ေကြၽးခ်င္လို႔"
"ထမင္းေကြၽးလိုက္တာနဲ႕ ေက်ေရာလား"
စန္းရန္၏အသံေနအသံထားက ပုံမွန္အတိုင္းသာျဖစ္ေနၿပီး စကားလုံးမ်ားက ခပ္ျပတ္ျပတ္ျဖင့္
"ဒီေန႕အတြက္ကေတာ့ ရင္းႏွီးေနတဲ့သူမဟုတ္ရင္ေတာင္ ဒီအတိုင္းပဲ ကူညီေပးျဖစ္မွာ"
ဝိန္းရိဖန္က သူ႕မ်က္ႏွာထက္မွ ဒဏ္ရာဒဏ္ခ်က္မ်ားကိုၾကည့္ေနရင္း မေနနိုင္ေအာင္ ေျပာဆိုမိလိုက္ေတာ့၏။
"ဒါဆိုရင္ေတာ့ နင့္ကို ေတာ္ေတာ္သတၱိရွိတယ္လို႔ ခ်ီးက်ဴးရေတာ့မွာ..ဒီလိုမ်က္ႏွာႀကီးကို တစ္ႏွစ္ပတ္လုံး ၾကည့္ေနနိုင္လို႔ေလ"
"...."
************