First Frost [ ဘာသာပြန် ]

By xiaochong17

112K 7K 327

ဒီ​လောက်နှစ်​တွေအကြာကြီးကြာခဲ့တာ​​တောင် ကိုယ် အခုချိန်ထိ မင်းတစ်​ယောက်တည်းကိုပဲ သ​​​ဘောကျ​နေခဲ့တာပါ ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43.1
Chapter 43.2
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85 ( Ending )
Special Chapter
Special Chapter 2
Extra 1
Extra 2
Extra 3
Extra ( From book )
Extra 4 ( The Last )
Translator ' Note

Chapter 6

1.1K 78 0
By xiaochong17

ဝိန်းရိဖန်၏မျက်ခုံးများ တစ်ချက်တွန့်​ကွေးသွားမိကာ နှလုံးသားသည်လည်း ရှင်းပြမရ​သောစိုးထိတ်မှုများ ကြီးစိုးသွားခဲ့သည်။

ဒါ..

ဘယ်လို..

တုန့်ပြန်မှုကြီးလဲ ? ? ?

ပြီး​တော့ '?' က​ရော ဘာအဓိပ္ပါယ်လဲ...

ဝိန်းရိဖန်က ​ကြောင်အမ်း​နေရင်း သူမပို့ထားသည့် စကားလုံးငါးလုံးကို ​စိုက်ကြည့်​နေမိ၏။

-- နှစ်သစ်မှာ ​ပျော်ရွှင်ပါ​စေ​နော် ^_^

တစ်ခဏ​လေးအတွင်း၌ ဝိန်းရိဖန်တစ်​ယောက် ဤအ​ခြေအ​နေအား သ​​ဘောထားကြီးကြီးဖြင့် နားမလည်​ပေးနိုင်ပါ​တော့​ချေ။

သူမပို့လိုက်သည်မှာ ဆု​တောင်း​မေတ္တာပို့သသည့်စကားတစ်ခွန်းဖြစ်ပြီး အရူးဘာသာစကားလည်းမဟုတ်။

ထပ်ပြီးဆိုရလျှင်...

ဤ အ​မေးသ​င်္ကေတ '?' ကို ပို့လာခြင်းက အ​တော်ကြီးကို ယဥ်​ကျေးမှုမဲ့လွန်း​နေပြီမဟုတ်လား။

ဝိန်းရဖိန်က ဖုန်းမျက်နှာပြင်တစ်ဖက်ခြားက စန်းရန်​ကြောင့် ​ရှော့ရ​နေပြီဖြစ်သည်။

သူမ၏တုန့်ပြန်မှုက ​သေခါနီးလူအိုမကြီးလိုလို။

တစ်ဖက်လူက အခြား​သောစကားမျိုး​ပြောဆိုခြင်းကိုမဆိုထားနှင့် ဆု​တောင်းစကားပို့ခြင်းကိုပင် အ​မေးသင်္ကေတ ပြန်ပို့ပြီး ပါးလှမ်းရိုက်​လေခြင်း။

ဝိန်းရိဖန်က စာရိုက်သည့်​နေရာသို့ နှိပ်ရင်းက ​တွေ​ဝေသွားခဲ့၍

[ ငါ ဘယ်သူမှန်း နင် သိ....]

ဆက်၍ မစာရိုက်ခင် သူမ၏မျက်ဝန်း​​ထောင့်စွန်းမှ တစ်စုံတစ်​ယောက် ဖြတ်သွားသည့်အရိပ်ကို လှမ်းမြင်လိုက်ရ၏။ဝိန်းရိဖန် အလိုလို​မော့ကြည့်မိလိုက်လျှင် စန်းရန်က သူမ၏​ရှေ့ မီတာအနည်းငယ်၌ လမ်း​လျှောက်​သွားရင်း ​ကောင်မ​လေးတစ်​ယောက်၏​ဘေးတွင် ရပ်လိုက်သည်ကိုမြင်လိုက်ရသည်။

​ကောင်မ​လေးက ပိန်ပိန်ပါးပါးပုံစံမျိုး​လေးဖြစ်ပြီး ​ခေါင်းကိုငုံ့ကာ ဖုန်းကိုသာကြည့်​နေ၏။

စန်းရန်နှင့် သူ့အ​မေကြားမှ စကားများကို ပြန်​တွေးကြည့်လိုက်ပုံအရ ဤ​ကောင်မ​လေးက စန်းရန်၏ညီမ​လေးပင် ဖြစ်လိမ့်မည်။

ထို​ကောင်မ​​လေးနှင့်ပတ်သတ်ပြီး ဝိန်းရိဖန်အတွက် စိတ်​ကောင်း​လေးများကျန်​နေဆဲ ၊ အထက်တန်း​ကျောင်းသားအရွယ်တုန်းက စန်းရန်ထံ၌ ​ခြောက်နှစ်ခုနှစ်နှစ်နီးပါးငယ်သည့် ညီမ​လေး 'စန်းကျီ' ရှိ​ကြောင်း သိခဲ့ရသည်။ထိုအချိန်တုန်းက ​ကြွေရုပ်​လေးကို ​သေး​​ကွေး​နေဆဲဖြစ်သည့်ညီမ​လေးနှင့် စကား​ပြောရန် ဝိန်းရိဖန်တစ်ကိုယ်လုံး ​ခေါင်းငုံ့ပြီးကိုင်းချထားရ​သေးသည်။

ယခုအချိန်တွင်​တော့ ​ကောင်မ​လေးက သူမနီးနီးပင် အရပ်မြင့်​နေပြီဖြစ်၏။

စန်းရန်က ပျင်းတိပျင်းရွဲဖြင့်

"​ရှောင်း​ကွေ"

(​ရှောင်း​ကွေ = သရဲမ​လေး / စန်းရန်က သူ့ညီမ​လေးကို ​ခေါ်တဲ့နာမည်ပါ)

စန်းကျီက ​ခေါင်း​မော့လာပြီး

"ဘာလဲ"

စန်းရန် ;

"မင်း စိတ်ဖိစီးမှု​​တွေများ​နေတယ်ဆို"

စန်းကျီက ​ပြောင်ကျကျဖြင့်

"မဟုတ်ပါဘူး"

စန်းရန်က ဆက်၍

"တက္ကသိုလ်ဝင်တန်းစာ​မေးပွဲ​ကြောင့်လား"

ဝိန်းရိဖန်နှင့် သူတို့ကြားတွင် လူတစ်ဦးသာ ကာခြား​နေတော့၏။

ဤအကွာအ​ဝေး​လေး​ကြောင့် သူတို့​ပြောနေကြသည့်စကားများက ရုပ်မြင်သံကြားအစီအစဥ်ကိုအ​ရှေ့တည့်တည့်တွင်ဖွင့်ပြထားသည့်အလား ရှင်းရှင်းလင်းလင်းကြား​နေရ​တော့သည်။သူမဘက်မှ ရည်ရွယ်ချက်ရှိရှိဖြင့် နား​ထောင်​နေခြင်းမဟုတ်ပါ​သော်ငြား သူမ၏နားစည်အတွင်း စီးဝင်​နေဆဲဖြစ်ကာ..

"မဟုတ်ဘူးလို့ ​ပြော​နေတယ်​လေ"

"ဘာ​တွေများ ​လျှောက်​တွေး​နေတာလဲ"

အ​မေဖြစ်သူ​ပေးသွားသည့်တာဝန်ကို ​ကျေပွန်စွာထမ်း​ဆောင်​တော့မည့် စန်းရန်က

"မင်းအစ်ကို ငါ​တောင်မှ အရင်တုန်းက စာမလုပ်ခဲ့ဘူး..နန်းဝူတက္ကသိုလ်ကို ​ရောက်​အောင်​ဖြေဖို့လည်းစိတ်ကူးမရှိဘူး..ပြီး​တော့ မင်းရဲ့အမှတ်​တွေမ​ကောင်းရင်​တောင် ငါတို့မိသားစုက မင်းကို ​နောက်တစ်ကြိမ်ကျောင်းထား​ပေးဖို့အတွက် တတ်နိုင်ပါ​သေးတယ်"

"ကိုကိုက စာမလုပ်ခဲ့ဘူးဟုတ်လား?..ညီမ​လေး မမှတ်မိ​တော့ဘူးလို့များ ထင်​နေတာလား?"

စန်းကျီက စန်းရန်ကို ​မော့ကြည့်လိုက်ကာ

"စိတ်ချစမ်းပါ..ကိုကို့အလှည့်တုန်းက ​သေမတတ်ကြိုးစားပြီးမှ ​ရောက်သွားတဲ့ နန်းဝူတက္ကသိုလ်ကို ညီမ​လေး မျက်လုံးမှိတ်ပြီး​ဖြေ​တောင် ​​ရောက်တယ်"

"...."

"ပြီး​တော့"

စန်းကျီက စိတ်အလိုမကျမှုများ​ပေါက်ကွဲလာသည်နှင့်​တပြိုင်နက် ဆက်၍

"ဒီ​နေ့ ​မေ​မေ့ဆီက ကြားလာ​သေးတယ်..ကိုကို အလုပ်ထွက်လိုက်ပြီဆို"

"....."

"မဟုတ်မှလွဲ.."

စန်းရန်က တစ်ဖက်သို့လှည့်လိုက်ပြီး

"မင်းအပူပါလား"

စန်းကျီက ဆက်ပြီး

"ကိုကို အလုပ်ထုတ်ခံလိုက်ရတာကို ​ပြောမထွက်လို့များလား"

စန်းရန်ဘက်မှ ခွန်းတုန့်မပြန်ခင် သူ၏လက်ကိုင်ဖုန်းသံ မြည်လာခဲ့၏။ မျက်လွှာအသာချကာ ငုံ့ကြည့်လိုက်ပြီး​နောက်

"ငါ့ ပြောစကားကို နားမ​ထောင်ချင်မှ​တော့လည်း မင်းရဲ့ 'အစ်ကိုအရင်း' ဆီက နှစ်သိမ့်စကားကိုပဲနား​ထောင်မလား"

( Hidden Love Novel ထဲမှာ စန်းကျီက သွမ့်ကျားရွှီ နဲ့ စန်းရန် နှစ်​ယောက်​ရှေ့မှာ သူမရဲ့ အစ်ကိုအရင်းက သွမ့်ကျားရွှီ ပါ ဆိုပြီး စန်းရန်ကို စခဲ့ဖူးပါတယ်)

"ဘယ်.."

ဖုန်းမျက်နှာပြင်​ပေါ်မှ ​ခေါ်ဆို​နေသူ၏နာမည်အား လှမ်းမြင်လိုက်ရခြင်း​ကြောင့်ဖြစ်နိုင်ကာ စန်းကျီ၏အသံက သိမ်ဝင်သွားခဲ့ပြီး သုံး​လေးစက္ကန့်​နေမှသာ ခပ်တိုးတိုးပြန်​ဖြေလာခဲ့၏။

"​တော်ပြီ"

ထို့​နောက် စန်းရန်က စကားများများစားစားမဆို​တော့ဘဲ ​ဖုန်းလက်ခံ​ဖြေဆိုရန်အတွက် လေသာ​ဆောင်ဘက်သို့ ​လျှောက်ထွက်သွားခဲ့သည်။

​လေထုက တဖန်ငြိမ်သက်သွားခဲ့ပြန်​တော့၏။

တချို့​သောစကားလုံးများကို​တော့ ဝိန်းရိဖန် ​​သေ​သေချာချာနားမလည်​သော်လည်း ယခုလိုနီးကပ်​နေသည့်အကွာအ​ဝေးမှ​နေပြီး တစ်ပါးသူ၏စကားကို ခိုး​နား​ထောင်​နေပါသည်ဆိုသည့်အချက်က သူမအား စိတ်သက်​တောင့်သက်သာမရှိ​အောင် လုပ်​နေပါ​သေးသည်။ကံ​ကောင်းစွာဖြင့် သူမက Mask တပ်ထားခြင်း​ကြောင့် အနည်းငယ်စိတ်ချလက်ချ ​နေနိုင်ခဲ့သည်။

ဝိန်းရိဖန်က ဖုန်းမျက်နှာပြင်အား ထပ်ဖွင့်ကြည့်လိုက်၏။

မက်​ဆေ့များထဲတွင် စာပို့ထားသည့်သူမရှိသဖြင့်လည်း ထပ်၍အလိုမကျဖြစ်လာရကာ မက်​ဆေ့များအားလုံးကို ဖျက်ပစ်လိုက်​တော့၏။တစ်ဖက်လူက သူမ၏ Wechat အ​ကောင့်မှန်း သိမသိကို အတည်ပြုရန် ဆန္ဒ​စော​နေမိကာ ​နောက်ဆုံးတွင် သိချင်လိုစိတ်များဖြင့် စာပြန်ပို့လိုက်၏။

[ ? ]

တစ်ဖက်လူက လိုင်း​ပေါ်တွင်ရှိ​နေ​သေးသည့်တိုင် ချက်ချင်း ပြန်စာမပို့။

နှစ်စက္ကန့်မျှ စိုက်ကြည့်​နေလိုက်သည်။

ဝိန်းရိဖန်က ရုတ်တရက် ဖြစ်နိုင်​ချေတစ်ခုကို ထပ်၍​တွေးမိသွားပြန်​တော့၏။

အကယ်၍ စန်းရန်ကသာ သူမကို Blocked ထားသည်ပဲထားဦး...

ဒါ​ပေမယ့် သူမရဲ့ Mutual Friends ​တွေကတော့...

စန်းရန်ကို လိုက်ပြီး Blocked ထားမှာတော့ မဟုတ်ဘူးမလား..

ဤသို့စဥ်းစားမိပြီး​နောက်တွင် ဝိန်းရိဖန်က သူမ၏ သူငယ်ချင်းများစုထားသည့်အုပ်စုထဲသို့ ဝင်​မွှေကြည့်လိုက်၏။

ဤအချိန်ကာလများအတွင်း ဖြစ်ပျက်သွားသည့်ကိစ္စများမှာလည်း မနည်း ၊ ​နောက်ဆုံးတစ်ခေါက် သူငယ်ချင်းအုပ်စုထဲသို့ ပုံတင်ထားသည်မှာပင် လွန်ခဲ့​သောနှစ်​လ​လောက်က ဖြစ်မည်။ထိုအချိန်တုန်းက ယီဟဲမြို့တွင် ရှိ​နေချိန်ဖြစ်ပြီး လုပ်​ဖော်ကိုင်ဖက်များဖြင့် ဘားတစ်ခုသို့ အတူသွားကြသည့်ပုံ ဖြစ်​လောက်မည်။

ဝိန်းရိဖန်၏မျက်ဝန်းများက ​စေ့​စေ့စပ်စပ်ကြည့်​နေရင်း သူမနှင့် အရင်လုပ်​ဖော်ကိုင်ဖက်​ဟောင်း၏ Selfie ဓါတ်ပုံတစ်ပုံအ​ရောက်တွင် အမြင်အာရုံကို ဖမ်းဆွဲနိုင်လိုက်၏။

ဓါတ်ပုံထဲရှိတခြားသူမှာ သွားဖြူဖြူ​လေးများ​ပေါ်​အောင် ပြုံး​နေခဲ့ပြီး ပို့စ်မျိုးစုံထုတ်ကာ ဓါတ်ပုံအရိုက်ခံ​နေခဲ့သည်။ဝိန်းရိဖန်က ဘယ်ဘက်ခပ်နိမ့်နိမ့်​နေရာတစ်ခုတွင် ထိုင်​နေပြီး ဖြူ​ဖွေး​နေသည့်အသားအရည်အား လိုသည်ထက်ပို၍လှစ်ဟပြထားကာ ကင်မရာအား နူးနူးညံ့ညံ့သာလှမ်းကြည့်​နေပြီး နှုတ်ခမ်းကိုလည်း တွန့်ရုံ​လေးသာ​ကွေးထား၏။

မျက်နှာအမူအရာမှာ​တော့ ကြည်ကြည်လင်လင်။

------

လူတန်းကြီးက တဖြည်းဖြည်းဖြင့် သန့်စင်ခန်းထဲသို့ ဝင်လာခဲ့ပြီး အချိန်ကိုက်ဆိုသလို သန့်စင်ခန်းတစ်ခုထဲမှ လူထွက်လာသဖြင့် သူမအလှည့်သို့ ​ရောက်လာခဲ့သည်။ ဝိန်းရိဖန်က စိတ်အာရုံပြန်ကပ်ပြီး ဖုန်းကိုအိတ်ကပ်ထဲထည့်ကာ အထဲဝင်သွားလိုက်သည်။

တစ်ခဏကြာပြီးလျှင် ဝိန်းရိဖန်ပြန်ထွက်လာခဲ့၏။

လက်​ဆေးကန်​ဘေစင်က အမျိုးသား​ရော အမျိုးသမီးပါ ​မျှသုံးရခြင်းဖြစ်ပြီး အမျိုးသားသန့်စင်ခန်းနှင့် အမျိုးသမီးသန့်စင်ခန်းကို ခြားထားသည့်ကြား​နေရာတွင် ရှိသည်။

ဝိန်းရိဖန်က ​ရေပိုက်ဖွင့်ပြီး လက်​ဆေး​နေပါသည့်တိုင် စိတ်အာရုံမှာ​တော့ မတင်မကျဖြစ်​နေရဆဲ။

ဒါဆို အရင်တစ်​ခေါက် ဘားမှာ​တွေ့တဲ့အချိန်တုန်းက စန်းရန်က သူမကို မမှတ်မိချင်​ယောင်​ခဲ့ခြင်း...

Group လိုက်မက်​ဆေ့ပို့တာက​လည်း သူမကိုပဲ တမင်သက်သက် မပို့ခြင်း..

သူမရဲ့စာကို ​တွေ့လိုက်ရတဲ့အချိန် ပထမဆုံးတုန့်ပြန်ပုံကလည်း မဆဲရုံတမယ်..

ဝိန်းရိဖန်က ​ခေါင်း​မော့လာပြီး သူမ၏​ရှေ့တွင်ရှိ​နေသည့်မှန်ထဲမှတဆင့် နဂို​နေရာတွင် ပုံစံမပျက်ရပ်​နေဆဲဖြစ်သည့်စန်းရန်အား လှမ်းကြည့်လိုက်၏။ ဖုန်း​ဖြေဆိုပြီးသွားပုံရပြီး သူ့လက်တစ်ဖက်က အိတ်ကပ်ထဲထည့်ထားကာ အခြားတစ်ဖက်က ဖုန်းကစား​နေ၏။

သူမ၏မက်​ဆေ့ကို ပြန်စာပို့​နေခြင်း ဟုတ်မဟုတ်​တော့မသိပါ​ပေ။

​နောက်စက္ကန့်ပိုင်းတွင် သန့်စင်ခန်းထဲမှထွက်လာသည့် စန်းကျီက လက်​ဆေးကန်ရှိသည့်ဘက်သို့ ​လျှောက်လာသည်အား မြင်လိုက်ရ၏။သို့​သော် ​ရေပိုက်​ခေါင်းက ပျက်​နေပုံရပြီး လှည့်ဖွင့်သည့်တိုင် ​ရေမကျ​သေး။ ထို့​ကြောင့် ဝိန်းရိဖန်က ​နေရာဖယ်​ပေးလိုက်၍

"ဒီဘက်ကို သုံးလိုက်ပါလား"

စန်းကျီက ချက်ချင်းစကားဆိုလိုက်၏။

"​ကျေးဇူးတင်ပါတယ်"

ဝိန်းရိဖန်၏မျက်ဝန်းများဖြင့် ဆုံလိုက်မိသည့်အချိန်တွင်​တော့ စန်းကျီ ​ကြောင်အသွားမိ​တော့၏။

ထိုအရာကို ဝိန်းရိဖန်က သတိထားမိပုံမ​ပေါ်ဘဲ လက်ကိုင်ဖုန်းကိုထုတ်ကာ ​လျှောက်ထွက်သွား​တော့၏။ ဖုန်းမီးလင်းသွားကာ စန်းရန်၏မက်​ဆေ့​ဘောက်ထဲတွင်ရှိ​နေဆဲဖြစ်သည့်မျက်နှာပြင်က ချက်ချင်းထင်ဟပ်လာခဲ့သည်။

ဤတစ်ချိန်တွင်​တော့ စန်းရန်က သူမအား တုန့်ပြန်ချက်​လေးတစ်ခုပင် မပြုထားပါ​ချေ။

ဝိန်းရိဖန်က အ​ကြောင်းပြချက်ကို ​ကောင်း​ကောင်းနားလည်​နေသဖြင့်လည်း တစ်ခဏတိတ်ဆိတ်ပြီး​နောက် မ​နေနိုင်​အောင် စာရိုက်လိုက်​တော့၏။

"ငါတို့နှစ်​ယောက် အချင်းချင်း Deleted လုပ်ပစ်ရ​အောင်..."

ချက်ချင်းဆိုသလို ရိုက်ထားသည့်စာလုံးများကို ပြန်ဖျက်ပစ်လိုက်၏။

သူတို့နှစ်​ယောက် တစ်ဦးကိုတစ်ဦး အပြန်အလှန်ပို့ထားကြသည့် အ​မေးသင်္ကေတ '?' နှစ်ခုကို စိုက်ကြည့်​နေရင်း ဤ Chat Record ထဲတွင် ​ယမ်းနံ့များ ခိုး​ခိုး​ဝေ​နေသည့်အ​ကြောင်း ခံစားမိကာ ဥပမာအားဖြင့်ဆိုရလျှင် ' ​သောက်ရူးမို့လို့ မင်း​မေကြီး​တော် ? လာပို့​နေတာလား ' ဆိုသည့်အဓိပ္ပါယ်။

သို့​သော်လည်း သူမဘက်က စန်းရန်နှင့် စကားများရန်ဖြစ်ဖို့ရာ အစီအစဥ်မရှိ။

ဝိန်းရိဖန်က နှစ်သစ်ကူးပွဲ​တော်၌ မ​ပျော်မရွှင်မဖြစ်လိုခြင်းငှာ သူမဘက်က ဘယ်လိုဘယ်ပုံ​​နောက်ဆုတ်ပေးလိုက်သင့်​ကြောင်းကိုသာ ​တွေးလိုက်​တော့သည်။

သူမ စကားလုံးတစ်လုံးစတင် စာရိုက်လိုက်၏။

[ ဒါဆို ]

စန်းရန်ပို့ထားသည့် အ​မေးသင်္ကေတ နှင့် သူမဘက်မှ ပို့ထားသည့် '​ပျော်ရွှင်ပါ​စေ' ဆို​သော စကားလုံးတို့ကိုစိုက်ကြည့်​​နေရင်း ​တွေ​ဝေသလိုဖြစ်သွားခဲ့ပြီး​နောက် ဆက်၍

[ မ​ပျော်ရွှင်ချင်လည်းနေ​လေ ]

မက်​ဆေ့​အား ​​အောင်​အောင်မြင်မြင်ပို့လိုက်ပြီး​နောက်တွင် တ​ရွေ့​​ရွေ့လမ်း​လျှောက်​နေသည့် ဝိန်းရိဖန်က စန်းရန်ရပ်​နေသည့်​နေရာနှင့် အလွန်ကိုမှနီးကပ်လာ​​လေပြီလည်းဖြစ်သည်။​လေထုသာခြားနား​တော့သည့်အချိန်တွင်​တော့ ဝိန်းရိဖန်က မသက်မသာဖြင့်​ခေါင်းငုံ့ပစ်လိုက်ကာ မျက်ဝန်း​ထောင့်မှ​နေ၍လည်း စန်းရန်က wechat အ​ကောင့်ထဲသို့ ဝင်ကြည့်လိုက်သည်ကိုကား ဝိုးတဝါးမြင်လိုက်ရ၏။

​ယောက်ျား​လေးက မျက်​တောင်များကို ​အောက်သို့လွှာချထားပြီး ဖုန်းမျက်နှာပြင်မှအရာအား စူးစိုက်ကြည့်​နေ၏။

စိတ်ထင်​ယောင်ထင်မှားဖြစ်သွားခြင်းလား မ​​သေချာ​သည့်ကြားက စန်းရန်၏ရယ်သံသဲ့သဲ့ကို ဝိန်းရိဖန်ကြားလိုက်ရ​ကာ သူမ၏​ကျောပြင်တစ်​လျှောက်လုံး တင်းခနဲဖြစ်သွား​တော့သည်။

ကျန်​နေသည့် လမ်းတစ်​လျှောက်ကိုလည်း အဆက်မပြတ်​လျှောက်လာလျက်ဖြင့်။

​ခပ်လှမ်းလှမ်းသို့ ​ရောက်သည့်အချိန်မှသာ ဝိန်းရိဖန်၏မသိုးမသန့်ဖြစ်​နေရသည့်စိတ်များ ​လျော့ချပစ်လိုက်နိုင်ခဲ့သည်။ ဖုန်းမျက်နှာပြင်အား ပြန်ဖွင့်ကြည့်လိုက်လျှင် သူမ ထင်ထားသည့်အတိုင်း ပြန်စာ မရ​သေး​ပေ။

သူမ သက်ပြင်းသာချနိုင်​တော့ပြီး ဤအ​ကြောင်းကို ​နောက်ထပ်​တွေး​နေဖို့ရာအချိန်မရှိ​တော့၏။

သူမထွက်လာခဲ့သည်မှာလည်း ​တော်​တော်​လေးကြာ​နေ​လောက်ပြီဟု ခံစား​နေမိကာ ဝိန်းရိဖန်က အချိန်ဆွဲမ​နေရဲ​တော့ဘဲ ရိုက်ကူး​ရေးရှိသည့်​နေရာသို့ အမြန်ပြန်လာခဲ့လိုက်သည်။

သူမထွက်လာသည့်အချိန်ကနှင့် မခြားမနားပါပင်။

ရင်ပြင်ထက်ရှိ အပင်ငယ်​လေးများ ၊ အိမ်ငယ်​လေးများ​ပေါ်တွင် မီးလင်းကြိုးများဖြင့် ရစ်ပတ်အလှဆင်ထားကာ ပွဲ​တော်တစ်ခု၏အ​ငွေ့အသက်များကို အပြည့်အဝ​ပုံ​ဖော်ထားသည်။သွားသွားလာလာလုပ်​နေကြသည့်လူများကြားမှ လုံခြုံ​ရေးဝန်ထမ်းများသည်လည်း အများပြည်သူများအားလုံး စိတ်​အေးချမ်းသာစွာလည်ပတ်နိုင်​ရေးအတွက် ​စောင့်ကြပ်​ပေး​နေကြ​သေးသည်။

ကြိုတင်ပြင်ဆင်ထားသည့်အရာများအားလုံးက အသင့်အ​နေအထားဖြစ်၍ နှစ်သစ်ကူးမည့်အချိန်သာမခကို ​စောင့်နေကြပြီဖြစ်၏။

ချန်​ဝေ့ဟွာ နှင့် ကျန့်ယွီ က စကား​ပြော​နေကြပြီး ဖုကျွမ့်က သူတို့​ဘေးတွင်ရပ်​နေကာ တရိုတ​သေနား​ထောင်​နေ၏။ ဝိန်းရိဖန်ပြန်လာသည်ကို လှမ်းမြင်လိုက်သည်နှင့်တပြိုင်နက် ချက်ချင်းအနားသို့ ​ပြေးလာခဲ့သည်။

ဖုကျွမ့်က လွန်ခဲ့သည့်နှစ်ပတ်ကမှ ခန့်ထားသည့် အလုပ်သင်​​​လေးဖြစ်ပြီး လက်ရှိ တက္ကသိုလ် စတုတ္ထနှစ်​ကျောင်းသား​လေးလည်း ဖြစ်သည်။ 'လူခန္ဓာ'မှာ​တော့ ​ပေးထားသည့် 'အမည်နာမ' ​လောက် မ​ပြောင်​မြောက် ၊ အရပ်မမြင့်သည့် ပိန်ပိန်ပါးပါး​ကောင်​လေးက ဝါးပင်တစ်ပင်လိုလို။ မျက်နှာက ခပ်ကြီးကြီးဖြစ်ပြီး အသံကလည်း ခပ်သြသြ။

"ကျဲ..အစ်မသာ ထပ်ပြီး​နောက်ကျ​နေရင်​လေ.."

ဝိန်းရိဖန်က ပြဿနာတစ်စုံတစ်ရာတက်သည်ဟု ထင်မှတ်လိုက်ပြီး

"ဘာဖြစ်လို့လဲ"

ဖုကျွမ့်က မ​ကျေမနပ်ဖြင့်

"ကျွန်​တော့်ခန္ဓာကိုယ်ကြီး ​အေးခဲ​နေတာကို အစ်မ မြင်ရ​တော့မလို့"

"...."

ဝိန်းရိဖန်က ​ခေါင်းငြိမ့်ပြ၍

"ဒါဆို မင်းကို ​ကျေးဇူးတင်ပါတယ်​နော်..အစ်မက ​သတင်းခေါင်းစဥ်ကိုဘယ်လို​ပေးရမလဲဆိုပြီး ​တွေး​နေလို့ပါ"

"အစ်မရဲ့မျက်လုံးထဲမှာ..ကျွန်​တော်က သတင်း​ခေါင်းစဥ်တစ်ခု​လောက်​တောင် အ​ရေးမကြီးဘူးလား!"

ဖုကျွမ့်က သူမအား မ​ကျေမချမ်းဖြစ်​နေ​လေပြီး အ​အေးဓါတ်​ကြောင့် တုန်​နေပါသည့်တိုင် သူ့အသံတို့က အားမာန်ပြည့်ဝ​နေဆဲဖြစ်၍

"ငါ-ူး..မင်း​မေကြီး​တော် အရမ်း​အေးတာပဲ..ဒီ​လေတိုက်ပုံနဲ့​တော့ ကျွန်​တော့နှာ​ခေါင်းကြီး ပြုတ်ထွက်သွား​တော့မှာ"

ဝိန်းရိဖန် သူ့အား လှမ်းကြည့်လိုက်၏။

ဤအသက်အရွယ်​ယောက်ျား​လေးအများစုက အ​အေးဓါတ်ကာကွယ်ဖို့ထက် ကိုယ်ဟန်ပြဖို့ အားသာကြသည့်အရွယ်မျိုးဖြစ်ကာ ဖုကျွမ့်သည်လည်း ချွင်းချက်မဟုတ်​ပေ။ သူ့ခန္ဓာကိုယ်ထက်တွင် ဂျက်ကတ်တစ်ထည်သာဝတ်ထားပြီး ထိုအင်္ကျီကလည်း အ​အေးဒဏ်ကိုကာကွယ်​ပေးနိုင်မည့်ပုံမရကာ နှုတ်ခမ်းများပင် ပြာနှမ်းလုနီးနီးဖြစ်​နေခဲ့သည်။

ထို့အပြင် ​ကောင်​လေးက ပိန်ပိန်ပါးပါး​လေးဖြစ်ကာ အကယ်၍ မြစ်ကမ်းစပ်လေသာခပ်ပြင်းပြင်းတိုက်လျှင် မကြာခင် ​လေထဲလွှင့်ပါသွား​တော့မည့်အတိုင်း။

"မြစ်ကမ်းဘက်က အစကတည်းကကို ​အေးတာ..​နောက်ဆို သတင်းယူဖို့ထွက်လာရင် ​နွေး​နွေး​ထွေး​ထွေးဝတ်လာခဲ့.."

​ပြော​နေရင်း ဝိန်းရိဖန်က အိတ်ကပ်ထဲမှ အ​နွေးအိတ်​သေး​သေး​လေးကိုထုတ်​ပေးလိုက်၍

"အိတ်ကပ်ထဲထည့်ထားပြီး လက်​တွေကို​နွေး​အောင်လုပ်လိုက်"

"အိုင်း..မလိုပါဘူး"

ဖုကျွမ့်က လက်သင့်မခံဘဲ

"အစ်မဘာသာ ယူထားပါ..အစ်မလိုမိန်းက​​လေးက ကျွန်​တော့်ထက်​တောင် ပို​အေး​နေနိုင်​သေးတယ်"

"အစ်မအိတ်ကပ်ထဲမှာ နှစ်ခုရှိ​နေပြီးသား..ဒီတစ်ခုကို ထည့်စရာ​နေရာမရှိ​တော့ဘူး"

"...."

ဤတစ်ကြိမ်တွင် ဖုကျွမ့်က အားမနာနိုင်​တော့ဘဲ လှမ်းယူကာ စကားဝိုင်းကို အသက်သွင်းလိုက်၏။

"ဒါနဲ့​လေ..ကျဲ..အရင်တုန်းကရော မီးရှုးမီးပန်းပွဲ​တော်ကို ကြည့်ဖူးလား"

ဝိန်းရိဖန်က 'အင်း' ဟုအသံတစ်ချက်ပြုပြီး

"ဒါ​ပေမယ့် ဒီ​လောက်ကြီးတဲ့ပွဲမျိုး​တော့ မဟုတ်ဘူး"

"ဒီပွဲမျိုးမှာ ဆု​တောင်း​တွေ ဘာ​​တွေရော ပြုလို့ရလား"

"အဲ့လိုမျိုး​တော့ မရှိဘူး"

"...."

ဖုကျွမ့်က ခပ်တိုးတိုးညည်းညူလိုက်၍

"ကျွန်​တော်က ဆုတစ်ခုပဲ​တောင်းချင်တာပါ..​နောက်နှစ်ကျရင် ချစ်သူ​​ကောင်မ​လေးရပါ​စေဆိုပြီး"

ဝိန်းရိဖန်က ရယ်လိုက်၍

"ဒါဆို ပိုလို့​တောင် မဖြစ်နိုင်​တော့ဘူး"

"ရိဖန်ကျဲ!..အစ်မကွာ!.."

ဖုကျွမ့်က မ​ကျေမချမ်း​အော်ဟစ်၍

"ဒါဆိုလည်း အရပ် 5cm ​လောက်ပိုရှည်လာပါ​စေလို့ ဆု​တောင်းမယ်ကွာ..ဒီ​လောက်​တော့ရတယ်မလား..​ယောက်ျား​လေး အသက်နှစ်ဆယ်ဆိုရင် ​နောက်ထပ်အရပ်ရှည်လာနိုင်​သေးတယ်.."

ဤတစ်ကြိမ်တွင်​တော့ ဝိန်းရိဖန်က သူ့အား ရိုက်မချပါ​တော့​ပေ။

သည်အ​ကြောင်း​ပြော​နေရင်းက ဖုကျွမ့် ရုတ်တရက် တစ်​နေရာကိုလက်ညှိုးထိုးပြ၍

"​အေ့..အဲ့​လောက်ဆိုရင်​တော်ပြီ..ကျွန်​တော်က အဲ့​လောက်နီးနီး အရပ်မြင့်ချင်တာ..သူ့​ခေါင်းတစ်ဝက်​လောက်နား​ရောက်ရင်ကို ​ကျေနပ်ပြီ"

ဝိန်းရိဖန် လှမ်းကြည့်မိလိုက်လျှင် ချက်ချင်းဆိုသလို​ကြောင်အသွားရ​တော့၏။

ဖုကျွမ့် လက်ညှိုးထိုးပြ​နေသည့်သူက စန်းရန်။

သူတို့နှစ်ဦးဟာ ​ရေစက်မပြတ်နိုင်လွန်းခြင်းလား သို့တည်းမဟုတ် အမဲလိုက်ခံ​နေရခြင်းလားကို မသဲကွဲပါ​တော့​ချေ။

စန်းရန်က ဆယ်မီတာအကွာအ​ဝေးနားတွင် ရပ်ပြီး လက်ရန်းကိုမှီထားသည်။ ​လေတိုက်​နေသည့်အတွက် အင်္ကျီများက ခပ်ပွပွဖြစ်​နေပြီး အနည်းငယ်တင်းထားသည့်​မျက်နှာက ​အောက်ကိုငုံ့ပြီး ဖုန်းကစား​နေ၏။

အခုက​လေးတင် သူနှင့်အတူ​တွေ့ခဲ့သည့် စန်းကျီက ဘယ်​ရောက်သွားမှန်းမသိပါ​ပေ။

"သူ့ပုံစံက လုံးဝကို ကျွန်​တော်သ​ဘောကျတဲ့ခန္ဓာကိုယ်မျိုးဗျ"

ဖုကျွမ့်က သက်ပြင်းချ၍

"ဒီ​နေ့ဒီချိန် အထက်နတ်​​မင်းတွေ မီးရှူးမီးပန်း​တွေကို သက်​သေထားပြီး ကျွန်​တော့်​ခေါင်းကို ဖြုတ်ပြီး သူ့ခန္ဓာကိုယ်မှာ တပ်​ပေးဖို့ ​တောင်းဆိုလို့မရဘူးလား"

ဝိန်းရိဖန်က ခပ်​ရေး​ရေးပြုံး​နေရင်း

"သူ့မျက်နှာကိုပါ တစ်ခါတည်းဖြုတ်ယူလိုက်ပါလား"

ဖုကျွမ့်က ထိုအ​တွေးကို အစတည်းက​တွေးထားပြီးသည့်သူဖြစ်ကာ တုန်လှုပ်​ခြောက်ခြားစရာ​ကောင်းသည့်စကားလုံးတို့ဖြင့်

"နှစ်မျိုးလုံးကို ယူသုံးလိုက်ရင် အရမ်းမ​ကောင်းသလိုများဖြစ်သွားမလား"

"...."

ချန်​ဝေ့ဟွာက သူတို့အား လှမ်း​ခေါ်လာခဲ့သည်။ သူတို့အား လျစ်လျူရှုပစ်ထားသည့်အ​ပေါ် အနည်းငယ်ရှက်​နေပုံရသည့်သူက သူတို့အားလှမ်း​ခေါ်ပြီး ပြင်ပ တိုက်ရိုက်ထုတ်လွှင့်​ရေးအတွက် ကြိုတင်ပြင်ဆင်ကာကွယ်ထားရမည့်အချက်များကို အသိ​ပေးမှာကြား​နေ​တော့၏။

အချိန်ကား တဖြည်းဖြည်းနှင့် ​ကုန်ဆုံးလာခဲ့ရင်း။

နှစ်သစ်ကူးအချိန်သည်လည်း နီးကပ်လာခဲ့ကာ ပတ်ဝန်းကျင်တစ်ခွင်က ပို၍သက်ဝင်လှုပ်ရှားလာခဲ့၏။အ​ဝေးရှိ အထပ်မြင့်အ​ဆောက်အဦးကြီး​ပေါ်မှ LED ထက်တွင် နှစ်သစ်ကူးအချိန်အတွက် စတင်​ရေတွက်​နေပြီဖြစ်ကာ ​နောက်ဆုံးတစ်မိနစ်အလိုတွင် တစ်စုံတစ်​ယောက်မှစပြီး LED ထက်မှအတိုင်း လိုက်​ရေတွက်ပါ​တော့၏။

"--59 , 58 , 57 "

"--5 , 4 , 3 "

"--2 "

"--1 ! "

​နောက်ဆုံး အသံတစ်ခုအပြီးတွင်။

မတူညီ​သောအ​ရောင် ပုံစံအမျိုးမျိုးဖြင့် ​မီးရှုးမီးပန်း​ပေါင်းများစွာက ည​ကောင်းကင်ထက်သို့ ထိုးတက်လာကြကာ သတ်မှတ်ထားသည့်​နေရာအပြည့် အားပြင်းပြင်းဖြင့်​ပေါက်ကွဲဝဲဖြာကြ​တော့၏။ ပန်းပွင့်သဏ္ဍာန်မီးရှုးမီးပန်းများက တစ်ပွင့်ပြီးတစ်ပွင့် အလင်းလက်ဆုံးပွင့်လန်းပြ​နေကြ​တော့သည်။

ရပ်ကြည့်​နေကြသည့်သူများအားလုံးက ဖုန်းကိုယ်စီကို ​မြှောက်ကိုင်ထားကြကာ အ​ကောင်းဆုံး​နေရာ အ​ကောင်းဆုံးမြင်ကွင်းများမှ​နေ၍ ဓါတ်ပုံများရိုက်ယူ​နေကြသည်။

ချန်​​ဝေ့ဟွာထံမှ မည်သည့်ညွှန်ကြားချက်ကိုမှ မကြားရ​တော့သဖြင့် ဝိန်းရိဖန်သည်လည်း လက်ကိုင်ဖုန်းကိုထုတ်ကာ ဓါတ်ပုံရိုက်ရန်ပြင်လိုက်၏။

မြင်ကွင်းအ​ရှေ့ဘက်တွင် လူပိတ်​နေခြင်း​ကြောင့် တခြားတစ်​နေရာ​ရွေ့လိုက်၏။

ဤသို့ပြုလုပ်​နေသည့်ဖြစ်စဥ်တစ်ခုလုံးအတွက် ဆယ်မိနစ်နီးနီးပင်ကြာသွားခဲ့ကာ မသိလိုက်ပါဘဲနှင့် ဝိန်းရိဖန်က လူအုပ်ကြီးကို တိုး​ဝေ့ရင်း လက်ရန်းများရှိသည့်ဘက်သို့​ရောက်လာခဲ့သည်။ မီးပန်းပွဲ​တော်က ပြီးဆုံး​တော့မည်ဖြစ်​ကြောင်းသိလိုက်ပြီး​နောက် ချန်​ဝေ့ဟွာတို့ရှိရာဆီသို့ ပြန်သွားမည်အပြုတွင် လမ််းသွားလမိးလာတစ်​ယောက်နှင့်ဝင်တိုက်မိလိုက်၏။

ဝိန်းရိဖန်တစ်​ယောက် အ​ရှေ့သို့ ယိုင်ကျသွားခဲ့ကာ...

တစ်စုံတစ်​ယောက်နှင့် တိုက်မိ​လေပါ​ရော့၏။

ဝိန်းရိဖန် ချက်ချင်းဆိုသလို ​ခြေလှမ်းများကို​နောက်​ဆုတ်လိုက်ပြီး ​ခေါင်း​မော့လိုက်၍

"​တောင်းပန်ပါတယ်"

ထိုစကားလုံးများ ပါးစပ်ဖျားမှထွက်သွားပြီးချိန်​တွင်မှ သူမ ဝင်တိုက်မိသည့်သူက စန်းရန်ဖြစ်​နေမှန်း သိလိုက်ရ​လေသည်။သူကလည်း သူမကို ငုံ့ကြည့်​နေကာ သူ့အမူအရာက တစ်စုံတစ်ရာမကွဲပြားဘဲ တစ်​ဖက်လူနှင့်ဖုန်း​ပြော​နေဟန်ရသည်။

"အင်း..ပြန်​တော့မလို့"

ယဥ်​ကျေးမှုကိုပြသသည့်အ​နေဖြင့် ဝိန်းရိဖန်က ကျည်ဆံကိုကိုက်ကာ စန်းရန်အား ​နောက်တစ်ကြိမ် ​တောင်းပန်စကားဆိုလိုက်​၏။

စန်းရန်က သူမအား တစ်ချက်လှမ်းကြည့်လာပြီး​နောက်တွင်​တော့ ​ခေါင်းတစ်ချက်ငြိမ့်ပြလာခဲ့၏။

သူ ကြားရသည့်အ​ကြောင်း ပြသသည့် သ​င်္ကေတပင်။

ဝိန်းရိဖန်က ​လျှောက်ထွက်လာသည့်အချိန်တွင်​တော့ စန်းရန်၏ ဖုန်းထဲရှိတစ်ဖက်လူအား ဆိုလာသည့်စကားသံကို ခပ်တိုးတိုး​လေးကြားလိုက်ရ​တော့သည်။

"နှစ်သစ်မှာ ​ပျော်ရွှင်ပါ​စေ"

ချန်​ဝေ့ဟွာတို့ရှိရာဆီသို့ ပြန်​ရောက်လာသည့်အချိန်တွင်​ ဝိန်းရိဖန်က သူမ၏မျက်နှာအား အလိုလို စမ်းကြည့်မိ​လိုက်၏။မျက်နှာထက်ရှိ Mask ကိုစမ်းကြည့်မိလိုက်သည့်အချိန်တွင်​တော့ သူမ၏လှုပ်ရှားမှုများအပြင် အ​ကြောအချင်များပါ ရပ်တန့်တင်းကြပ်ကုန်​တော့၏။

မျက်နှာကို ဖုံးထားတာမလို့...သူ မမှတ်မိသွား​လောက်ဘူးမလား...

-----

အခြားတစ်ဖက်တွင်။

ဖုန်း၏အခြားတစ်ဖက်၌ရှိ​နေသည့် တက္ကသိုလ်အခန်း​ဖော် သူငယ်ချင်းကြီးဖြစ်သည့် 'ချန်​ဖေး' က သူစကား​ပြော​နေသည့်အချိန်အတွင်း နှစ်ကြိမ်တိတိစကားဖြတ်​ပြော​ခံလိုက်ရခြင်း​ကြောင့်

"အို့..မင်း ဘယ်ချိန်အိမ်ပြန်ပြန် ငါ ​သောက်ဂရုမစိုက်ဘူး ဟုတ်ပြီလား..ဒါ​​ပေမယ့် ​ကျေးဇူးကွာ..ငါ့​ကောင်..မင်းလည်း နှစ်သစ်မှာ​ပျော်ရွှင်ပါ​စေ"

စန်းရန်က မျက်ခုံးကိုပင့်​မြှောက်လိုက်၍

"ဘာ​တွေ ​ကျေးဇူးတင်​နေတာလဲ"

"မင်းပဲ ဒီအ​ဖေကို ဆုတောင်းစကား​ပြော​နေတာမဟုတ်ဘူးလား"

"ကိုယ့်ကိုကိုယ် သိပ်ပြီးလည်း ဘဝင်မြင့်မ​နေနဲ့"

စန်းရန်က အဆုံးတွင် ပျင်းတိပျင်းရွဲဖြင့် အသံတို့ကိုဆွဲချသွားခဲ့၏။

"မင်းကို ​ပြော​တာမဟုတ်ဘူး"

**********

~~Zawgyi~~

ဝိန္းရိဖန္၏မ်က္ခုံးမ်ား တစ္ခ်က္တြန့္ေကြးသြားမိကာ ႏွလုံးသားသည္လည္း ရွင္းျပမရေသာစိုးထိတ္မႈမ်ား ႀကီးစိုးသြားခဲ့သည္။

ဒါ..

ဘယ္လို..

တုန့္ျပန္မႈႀကီးလဲ ? ? ?

ၿပီးေတာ့ '?' ကေရာ ဘာအဓိပ္ပါယ်လဲ...

ဝိန္းရိဖန္က ေၾကာင္အမ္းေနရင္း သူမပို႔ထားသည့္ စကားလုံးငါးလုံးကို စိုက္ၾကည့္ေနမိ၏။

-- ႏွစ္သစ္မွာ ေပ်ာ္႐ႊင္ပါေစေနာ္ ^_^

တစ္ခဏေလးအတြင္း၌ ဝိန္းရိဖန္တစ္ေယာက္ ဤအေျခအေနအား သေဘာထားႀကီးႀကီးျဖင့္ နားမလည္ေပးနိုင္ပါေတာ့ေခ်။

သူမပို႔လိုက္သည္မွာ ဆုေတာင္းေမတၱာပို႔သသည့္စကားတစ္ခြန္းျဖစ္ၿပီး အ႐ူးဘာသာစကားလည္းမဟုတ္။

ထပ္ၿပီးဆိုရလွ်င္...

ဤ အေမးသေကၤတ '?' ကို ပို႔လာျခင္းက အေတာ္ႀကီးကို ယဥ္ေက်းမႈမဲ့လြန္းေနၿပီမဟုတ္လား။

ဝိန္းရဖိန္က ဖုန္းမ်က္ႏွာျပင္တစ္ဖက္ျခားက စန္းရန္ေၾကာင့္ ေရွာ့ရေနၿပီျဖစ္သည္။

သူမ၏တုန့္ျပန္မႈက ေသခါနီးလူအိုမႀကီးလိုလို။

တစ္ဖက္လူက အျခားေသာစကားမ်ိဳးေျပာဆိုျခင္းကိုမဆိုထားႏွင့္ ဆုေတာင္းစကားပို႔ျခင္းကိုပင္ အေမးသေကၤတ ျပန္ပို႔ၿပီး ပါးလွမ္းရိုက္ေလျခင္း။

ဝိန္းရိဖန္က စာရိုက္သည့္ေနရာသို႔ ႏွိပ္ရင္းက ေတြေဝသြားခဲ့၍

[ ငါ ဘယ္သူမွန္း နင္ သိ....]

ဆက္၍ မစာရိုက္ခင္ သူမ၏မ်က္ဝန္းေထာင့္စြန္းမွ တစ္စုံတစ္ေယာက္ ျဖတ္သြားသည့္အရိပ္ကို လွမ္းျမင္လိုက္ရ၏။ဝိန္းရိဖန္ အလိုလိုေမာ့ၾကည့္မိလိုက္လွ်င္ စန္းရန္က သူမ၏ေရွ႕ မီတာအနည္းငယ္၌ လမ္းေလွ်ာက္သြားရင္း ေကာင္မေလးတစ္ေယာက္၏ေဘးတြင္ ရပ္လိုက္သည္ကိုျမင္လိုက္ရသည္။

ေကာင္မေလးက ပိန္ပိန္ပါးပါးပုံစံမ်ိဳးေလးျဖစ္ၿပီး ေခါင္းကိုငုံ႕ကာ ဖုန္းကိုသာၾကည့္ေန၏။

စန္းရန္ႏွင့္ သူ႕အေမၾကားမွ စကားမ်ားကို ျပန္ေတြးၾကည့္လိုက္ပုံအရ ဤေကာင္မေလးက စန္းရန္၏ညီမေလးပင္ ျဖစ္လိမ့္မည္။

ထိုေကာင္မေလးႏွင့္ပတ္သတ္ၿပီး ဝိန္းရိဖန္အတြက္ စိတ္ေကာင္းေလးမ်ားက်န္ေနဆဲ ၊ အထက္တန္းေက်ာင္းသားအ႐ြယ္တုန္းက စန္းရန္ထံ၌ ေျခာက္ႏွစ္ခုႏွစ္ႏွစ္နီးပါးငယ္သည့္ ညီမေလး 'စန္းက်ီ' ရွိေၾကာင္း သိခဲ့ရသည္။ထိုအခ်ိန္တုန္းက ေႂကြ႐ုပ္ေလးကို ေသးေကြးေနဆဲျဖစ္သည့္ညီမေလးႏွင့္ စကားေျပာရန္ ဝိန္းရိဖန္တစ္ကိုယ္လုံး ေခါင္းငုံ႕ၿပီးကိုင္းခ်ထားရေသးသည္။

ယခုအခ်ိန္တြင္ေတာ့ ေကာင္မေလးက သူမနီးနီးပင္ အရပ္ျမင့္ေနၿပီျဖစ္၏။

စန္းရန္က ပ်င္းတိပ်င္း႐ြဲျဖင့္

"ေရွာင္းေကြ"

(ေရွာင္းေကြ = သရဲမေလး / စန္းရန္က သူ႕ညီမေလးကို ေခၚတဲ့နာမည္ပါ)

စန္းက်ီက ေခါင္းေမာ့လာၿပီး

"ဘာလဲ"

စန္းရန္ ;

"မင္း စိတ္ဖိစီးမႈေတြမ်ားေနတယ္ဆို"

စန္းက်ီက ေျပာင္က်က်ျဖင့္

"မဟုတ္ပါဘူး"

စန္းရန္က ဆက္၍

"တကၠသိုလ္ဝင္တန္းစာေမးပြဲေၾကာင့္လား"

ဝိန္းရိဖန္ႏွင့္ သူတို႔ၾကားတြင္ လူတစ္ဦးသာ ကာျခားေနေတာ့၏။

ဤအကြာအေဝးေလးေၾကာင့္ သူတို႔ေျပာေနၾကသည့္စကားမ်ားက ႐ုပ္ျမင္သံၾကားအစီအစဥ္ကိုအေရွ႕တည့္တည့္တြင္ဖြင့္ျပထားသည့္အလား ရွင္းရွင္းလင္းလင္းၾကားေနရေတာ့သည္။သူမဘက္မွ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ နားေထာင္ေနျခင္းမဟုတ္ပါေသာ္ျငား သူမ၏နားစည္အတြင္း စီးဝင္ေနဆဲျဖစ္ကာ..

"မဟုတ္ဘူးလို႔ ေျပာေနတယ္ေလ"

"ဘာေတြမ်ား ေလွ်ာက္ေတြးေနတာလဲ"

အေမျဖစ္သူေပးသြားသည့္တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ေတာ့မည့္ စန္းရန္က

"မင္းအစ္ကို ငါေတာင္မွ အရင္တုန္းက စာမလုပ္ခဲ့ဘူး..နန္းဝူတကၠသိုလ္ကို ေရာက္ေအာင္ေျဖဖို႔လည္းစိတ္ကူးမရွိဘူး..ၿပီးေတာ့ မင္းရဲ႕အမွတ္ေတြမေကာင္းရင္ေတာင္ ငါတို႔မိသားစုက မင္းကို ေနာက္တစ္ႀကိမ္ေက်ာင္းထားေပးဖို႔အတြက္ တတ္နိုင္ပါေသးတယ္"

"ကိုကိုက စာမလုပ္ခဲ့ဘူးဟုတ္လား?..ညီမေလး မမွတ္မိေတာ့ဘူးလို႔မ်ား ထင္ေနတာလား?"

စန္းက်ီက စန္းရန္ကို ေမာ့ၾကည့္လိုက္ကာ

"စိတ္ခ်စမ္းပါ..ကိုကို႔အလွည့္တုန္းက ေသမတတ္ႀကိဳးစားၿပီးမွ ေရာက္သြားတဲ့ နန္းဝူတကၠသိုလ္ကို ညီမေလး မ်က္လုံးမွိတ္ၿပီးေျဖေတာင္ ေရာက္တယ္"

"...."

"ၿပီးေတာ့"

စန္းက်ီက စိတ္အလိုမက်မႈမ်ားေပါက္ကြဲလာသည္ႏွင့္တၿပိဳင္နက္ ဆက္၍

"ဒီေန႕ ေမေမ့ဆီက ၾကားလာေသးတယ္..ကိုကို အလုပ္ထြက္လိုက္ၿပီဆို"

"....."

"မဟုတ္မွလြဲ.."

စန္းရန္က တစ္ဖက္သို႔လွည့္လိုက္ၿပီး

"မင္းအပူပါလား"

စန္းက်ီက ဆက္ၿပီး

"ကိုကို အလုပ္ထုတ္ခံလိုက္ရတာကို ေျပာမထြက္လို႔မ်ားလား"

စန္းရန္ဘက္မွ ခြန္းတုန့္မျပန္ခင္ သူ၏လက္ကိုင္ဖုန္းသံ ျမည္လာခဲ့၏။ မ်က္လႊာအသာခ်ကာ ငုံ႕ၾကည့္လိုက္ၿပီးေနာက္

"ငါ့ ေျပာစကားကို နားမေထာင္ခ်င္မွေတာ့လည္း မင္းရဲ႕ 'အစ္ကိုအရင္း' ဆီက ႏွစ္သိမ့္စကားကိုပဲနားေထာင္မလား"

( Hidden Love Novel ထဲမွာ စန္းက်ီက သြမ့္က်ား႐ႊီ နဲ႕ စန္းရန္ ႏွစ္ေယာက္ေရွ႕မွာ သူမရဲ႕ အစ္ကိုအရင္းက သြမ့္က်ား႐ႊီ ပါ ဆိုၿပီး စန္းရန္ကို စခဲ့ဖူးပါတယ္)

"ဘယ္.."

ဖုန္းမ်က္ႏွာျပင္ေပၚမွ ေခၚဆိုေနသူ၏နာမည္အား လွမ္းျမင္လိုက္ရျခင္းေၾကာင့္ျဖစ္နိုင္ကာ စန္းက်ီ၏အသံက သိမ္ဝင္သြားခဲ့ၿပီး သုံးေလးစကၠန့္ေနမွသာ ခပ္တိုးတိုးျပန္ေျဖလာခဲ့၏။

"ေတာ္ၿပီ"

ထို႔ေနာက္ စန္းရန္က စကားမ်ားမ်ားစားစားမဆိုေတာ့ဘဲ ဖုန္းလက္ခံေျဖဆိုရန္အတြက္ ေလသာေဆာင္ဘက္သို႔ ေလွ်ာက္ထြက္သြားခဲ့သည္။

ေလထုက တဖန္ၿငိမ္သက္သြားခဲ့ျပန္ေတာ့၏။

တခ်ိဳ႕ေသာစကားလုံးမ်ားကိုေတာ့ ဝိန္းရိဖန္ ေသေသခ်ာခ်ာနားမလည္ေသာ္လည္း ယခုလိုနီးကပ္ေနသည့္အကြာအေဝးမွေနၿပီး တစ္ပါးသူ၏စကားကို ခိုးနားေထာင္ေနပါသည္ဆိုသည့္အခ်က္က သူမအား စိတ္သက္ေတာင့္သက္သာမရွိေအာင္ လုပ္ေနပါေသးသည္။ကံေကာင္းစြာျဖင့္ သူမက Mask တပ္ထားျခင္းေၾကာင့္ အနည္းငယ္စိတ္ခ်လက္ခ် ေနနိုင္ခဲ့သည္။

ဝိန္းရိဖန္က ဖုန္းမ်က္ႏွာျပင္အား ထပ္ဖြင့္ၾကည့္လိုက္၏။

မက္ေဆ့မ်ားထဲတြင္ စာပို႔ထားသည့္သူမရွိသျဖင့္လည္း ထပ္၍အလိုမက်ျဖစ္လာရကာ မက္ေဆ့မ်ားအားလုံးကို ဖ်က္ပစ္လိုက္ေတာ့၏။တစ္ဖက္လူက သူမ၏ Wechat အေကာင့္မွန္း သိမသိကို အတည္ျပဳရန္ ဆႏၵေစာေနမိကာ ေနာက္ဆုံးတြင္ သိခ်င္လိုစိတ္မ်ားျဖင့္ စာျပန္ပို႔လိုက္၏။

[ ? ]

တစ္ဖက္လူက လိုင္းေပၚတြင္ရွိေနေသးသည့္တိုင္ ခ်က္ခ်င္း ျပန္စာမပို႔။

ႏွစ္စကၠန့္မွ် စိုက္ၾကည့္ေနလိုက္သည္။

ဝိန္းရိဖန္က ႐ုတ္တရက္ ျဖစ္နိုင္ေခ်တစ္ခုကို ထပ္၍ေတြးမိသြားျပန္ေတာ့၏။

အကယ္၍ စန္းရန္ကသာ သူမကို Blocked ထားသည္ပဲထားဦး...

ဒါေပမယ့္ သူမရဲ႕ Mutual Friends ေတြကေတာ့...

စန္းရန္ကို လိုက္ၿပီး Blocked ထားမွာေတာ့ မဟုတ္ဘူးမလား..

ဤသို႔စဥ္းစားမိၿပီးေနာက္တြင္ ဝိန္းရိဖန္က သူမ၏ သူငယ္ခ်င္းမ်ားစုထားသည့္အုပ္စုထဲသို႔ ဝင္ေမႊၾကည့္လိုက္၏။

ဤအခ်ိန္ကာလမ်ားအတြင္း ျဖစ္ပ်က္သြားသည့္ကိစၥမ်ားမွာလည္း မနည္း ၊ ေနာက္ဆုံးတစ္ေခါက္ သူငယ္ခ်င္းအုပ္စုထဲသို႔ ပုံတင္ထားသည္မွာပင္ လြန္ခဲ့ေသာႏွစ္လေလာက္က ျဖစ္မည္။ထိုအခ်ိန္တုန္းက ယီဟဲၿမိဳ႕တြင္ ရွိေနခ်ိန္ျဖစ္ၿပီး လုပ္ေဖာ္ကိုင္ဖက္မ်ားျဖင့္ ဘားတစ္ခုသို႔ အတူသြားၾကသည့္ပုံ ျဖစ္ေလာက္မည္။

ဝိန္းရိဖန္၏မ်က္ဝန္းမ်ားက ေစ့ေစ့စပ္စပ္ၾကည့္ေနရင္း သူမႏွင့္ အရင္လုပ္ေဖာ္ကိုင္ဖက္ေဟာင္း၏ Selfie ဓါတ္ပုံတစ္ပုံအေရာက္တြင္ အျမင္အာ႐ုံကို ဖမ္းဆြဲနိုင္လိုက္၏။

ဓါတ္ပုံထဲရွိတျခားသူမွာ သြားျဖဴျဖဴေလးမ်ားေပၚေအာင္ ၿပဳံးေနခဲ့ၿပီး ပို႔စ္မ်ိဳးစုံထုတ္ကာ ဓါတ္ပုံအရိုက္ခံေနခဲ့သည္။ဝိန္းရိဖန္က ဘယ္ဘက္ခပ္နိမ့္နိမ့္ေနရာတစ္ခုတြင္ ထိုင္ေနၿပီး ျဖဴေဖြးေနသည့္အသားအရည္အား လိုသည္ထက္ပို၍လွစ္ဟျပထားကာ ကင္မရာအား ႏူးႏူးညံ့ညံ့သာလွမ္းၾကည့္ေနၿပီး ႏႈတ္ခမ္းကိုလည္း တြန့္႐ုံေလးသာေကြးထား၏။

မ်က္ႏွာအမူအရာမွာေတာ့ ၾကည္ၾကည္လင္လင္။

------

လူတန္းႀကီးက တျဖည္းျဖည္းျဖင့္ သန့္စင္ခန္းထဲသို႔ ဝင္လာခဲ့ၿပီး အခ်ိန္ကိုက္ဆိုသလို သန့္စင္ခန္းတစ္ခုထဲမွ လူထြက္လာသျဖင့္ သူမအလွည့္သို႔ ေရာက္လာခဲ့သည္။ ဝိန္းရိဖန္က စိတ္အာ႐ုံျပန္ကပ္ၿပီး ဖုန္းကိုအိတ္ကပ္ထဲထည့္ကာ အထဲဝင္သြားလိုက္သည္။

တစ္ခဏၾကာၿပီးလွ်င္ ဝိန္းရိဖန္ျပန္ထြက္လာခဲ့၏။

လက္ေဆးကန္ေဘစင္က အမ်ိဳးသားေရာ အမ်ိဳးသမီးပါ မွ်သုံးရျခင္းျဖစ္ၿပီး အမ်ိဳးသားသန့္စင္ခန္းႏွင့္ အမ်ိဳးသမီးသန့္စင္ခန္းကို ျခားထားသည့္ၾကားေနရာတြင္ ရွိသည္။

ဝိန္းရိဖန္က ေရပိုက္ဖြင့္ၿပီး လက္ေဆးေနပါသည့္တိုင္ စိတ္အာ႐ုံမွာေတာ့ မတင္မက်ျဖစ္ေနရဆဲ။

ဒါဆို အရင္တစ္ေခါက္ ဘားမွာေတြ႕တဲ့အခ်ိန္တုန္းက စန္းရန္က သူမကို မမွတ္မိခ်င္ေယာင္ခဲ့ျခင္း...

Group လိုက္မက္ေဆ့ပို႔တာကလည္း သူမကိုပဲ တမင္သက္သက္ မပို႔ျခင္း..

သူမရဲ႕စာကို ေတြ႕လိုက္ရတဲ့အခ်ိန္ ပထမဆုံးတုန့္ျပန္ပုံကလည္း မဆဲ႐ုံတမယ္..

ဝိန္းရိဖန္က ေခါင္းေမာ့လာၿပီး သူမ၏ေရွ႕တြင္ရွိေနသည့္မွန္ထဲမွတဆင့္ နဂိုေနရာတြင္ ပုံစံမပ်က္ရပ္ေနဆဲျဖစ္သည့္စန္းရန္အား လွမ္းၾကည့္လိုက္၏။ ဖုန္းေျဖဆိုၿပီးသြားပုံရၿပီး သူ႕လက္တစ္ဖက္က အိတ္ကပ္ထဲထည့္ထားကာ အျခားတစ္ဖက္က ဖုန္းကစားေန၏။

သူမ၏မက္ေဆ့ကို ျပန္စာပို႔ေနျခင္း ဟုတ္မဟုတ္ေတာ့မသိပါေပ။

ေနာက္စကၠန့္ပိုင္းတြင္ သန့္စင္ခန္းထဲမွထြက္လာသည့္ စန္းက်ီက လက္ေဆးကန္ရွိသည့္ဘက္သို႔ ေလွ်ာက္လာသည္အား ျမင္လိုက္ရ၏။သို႔ေသာ္ ေရပိုက္ေခါင္းက ပ်က္ေနပုံရၿပီး လွည့္ဖြင့္သည့္တိုင္ ေရမက်ေသး။ ထို႔ေၾကာင့္ ဝိန္းရိဖန္က ေနရာဖယ္ေပးလိုက္၍

"ဒီဘက္ကို သုံးလိုက္ပါလား"

စန္းက်ီက ခ်က္ခ်င္းစကားဆိုလိုက္၏။

"ေက်းဇူးတင္ပါတယ္"

ဝိန္းရိဖန္၏မ်က္ဝန္းမ်ားျဖင့္ ဆုံလိုက္မိသည့္အခ်ိန္တြင္ေတာ့ စန္းက်ီ ေၾကာင္အသြားမိေတာ့၏။

ထိုအရာကို ဝိန္းရိဖန္က သတိထားမိပုံမေပၚဘဲ လက္ကိုင္ဖုန္းကိုထုတ္ကာ ေလွ်ာက္ထြက္သြားေတာ့၏။ ဖုန္းမီးလင္းသြားကာ စန္းရန္၏မက္ေဆ့ေဘာက္ထဲတြင္ရွိေနဆဲျဖစ္သည့္မ်က္ႏွာျပင္က ခ်က္ခ်င္းထင္ဟပ္လာခဲ့သည္။

ဤတစ္ခ်ိန္တြင္ေတာ့ စန္းရန္က သူမအား တုန့္ျပန္ခ်က္ေလးတစ္ခုပင္ မျပဳထားပါေခ်။

ဝိန္းရိဖန္က အေၾကာင္းျပခ်က္ကို ေကာင္းေကာင္းနားလည္ေနသျဖင့္လည္း တစ္ခဏတိတ္ဆိတ္ၿပီးေနာက္ မေနနိုင္ေအာင္ စာရိုက္လိုက္ေတာ့၏။

"ငါတို႔ႏွစ္ေယာက္ အခ်င္းခ်င္း Deleted လုပ္ပစ္ရေအာင္..."

ခ်က္ခ်င္းဆိုသလို ရိုက္ထားသည့္စာလုံးမ်ားကို ျပန္ဖ်က္ပစ္လိုက္၏။

သူတို႔ႏွစ္ေယာက္ တစ္ဦးကိုတစ္ဦး အျပန္အလွန္ပို႔ထားၾကသည့္ အေမးသေကၤတ '?' ႏွစ္ခုကို စိုက္ၾကည့္ေနရင္း ဤ Chat Record ထဲတြင္ ယမ္းနံ႕မ်ား ခိုးခိုးေဝေနသည့္အေၾကာင္း ခံစားမိကာ ဥပမာအားျဖင့္ဆိုရလွ်င္ ' ေသာက္႐ူးမို႔လို႔ မင္းေမႀကီးေတာ္ ? လာပို႔ေနတာလား ' ဆိုသည့်အဓိပ္ပါယ်။

သို႔ေသာ္လည္း သူမဘက္က စန္းရန္ႏွင့္ စကားမ်ားရန္ျဖစ္ဖို႔ရာ အစီအစဥ္မရွိ။

ဝိန္းရိဖန္က ႏွစ္သစ္ကူးပြဲေတာ္၌ မေပ်ာ္မ႐ႊင္မျဖစ္လိုျခင္းငွာ သူမဘက္က ဘယ္လိုဘယ္ပုံေနာက္ဆုတ္ေပးလိုက္သင့္ေၾကာင္းကိုသာ ေတြးလိုက္ေတာ့သည္။

သူမ စကားလုံးတစ္လုံးစတင္ စာရိုက္လိုက္၏။

[ ဒါဆို ]

စန္းရန္ပို႔ထားသည့္ အေမးသေကၤတ ႏွင့္ သူမဘက္မွ ပို႔ထားသည့္ 'ေပ်ာ္႐ႊင္ပါေစ' ဆိုေသာ စကားလုံးတို႔ကိုစိုက္ၾကည့္ေနရင္း ေတြေဝသလိုျဖစ္သြားခဲ့ၿပီးေနာက္ ဆက္၍

[ မေပ်ာ္႐ႊင္ခ်င္လည္းေနေလ ]

မက္ေဆ့အား ေအာင္ေအာင္ျမင္ျမင္ပို႔လိုက္ၿပီးေနာက္တြင္ တေ႐ြ႕ေ႐ြ႕လမ္းေလွ်ာက္ေနသည့္ ဝိန္းရိဖန္က စန္းရန္ရပ္ေနသည့္ေနရာႏွင့္ အလြန္ကိုမွနီးကပ္လာေလၿပီလည္းျဖစ္သည္။ေလထုသာျခားနားေတာ့သည့္အခ်ိန္တြင္ေတာ့ ဝိန္းရိဖန္က မသက္မသာျဖင့္ေခါင္းငုံ႕ပစ္လိုက္ကာ မ်က္ဝန္းေထာင့္မွေန၍လည္း စန္းရန္က wechat အေကာင့္ထဲသို႔ ဝင္ၾကည့္လိုက္သည္ကိုကား ဝိုးတဝါးျမင္လိုက္ရ၏။

ေယာက္်ားေလးက မ်က္ေတာင္မ်ားကို ေအာက္သို႔လႊာခ်ထားၿပီး ဖုန္းမ်က္ႏွာျပင္မွအရာအား စူးစိုက္ၾကည့္ေန၏။

စိတ္ထင္ေယာင္ထင္မွားျဖစ္သြားျခင္းလား မေသခ်ာသည့္ၾကားက စန္းရန္၏ရယ္သံသဲ့သဲ့ကို ဝိန္းရိဖန္ၾကားလိုက္ရကာ သူမ၏ေက်ာျပင္တစ္ေလွ်ာက္လုံး တင္းခနဲျဖစ္သြားေတာ့သည္။

က်န္ေနသည့္ လမ္းတစ္ေလွ်ာက္ကိုလည္း အဆက္မျပတ္ေလွ်ာက္လာလ်က္ျဖင့္။

ခပ္လွမ္းလွမ္းသို႔ ေရာက္သည့္အခ်ိန္မွသာ ဝိန္းရိဖန္၏မသိုးမသန့္ျဖစ္ေနရသည့္စိတ္မ်ား ေလ်ာ့ခ်ပစ္လိုက္နိုင္ခဲ့သည္။ ဖုန္းမ်က္ႏွာျပင္အား ျပန္ဖြင့္ၾကည့္လိုက္လွ်င္ သူမ ထင္ထားသည့္အတိုင္း ျပန္စာ မရေသးေပ။

သူမ သက္ျပင္းသာခ်နိဳင္ေတာ့ၿပီး ဤအေၾကာင္းကို ေနာက္ထပ္ေတြးေနဖို႔ရာအခ်ိန္မရွိေတာ့၏။

သူမထြက္လာခဲ့သည္မွာလည္း ေတာ္ေတာ္ေလးၾကာေနေလာက္ၿပီဟု ခံစားေနမိကာ ဝိန္းရိဖန္က အခ်ိန္ဆြဲမေနရဲေတာ့ဘဲ ရိုက္ကူးေရးရွိသည့္ေနရာသို႔ အျမန္ျပန္လာခဲ့လိုက္သည္။

သူမထြက္လာသည့္အခ်ိန္ကႏွင့္ မျခားမနားပါပင္။

ရင္ျပင္ထက္ရွိ အပင္ငယ္ေလးမ်ား ၊ အိမ္ငယ္ေလးမ်ားေပၚတြင္ မီးလင္းႀကိဳးမ်ားျဖင့္ ရစ္ပတ္အလွဆင္ထားကာ ပြဲေတာ္တစ္ခု၏အေငြ႕အသက္မ်ားကို အျပည့္အဝပုံေဖာ္ထားသည္။သြားသြားလာလာလုပ္ေနၾကသည့္လူမ်ားၾကားမွ လုံၿခဳံေရးဝန္ထမ္းမ်ားသည္လည္း အမ်ားျပည္သူမ်ားအားလုံး စိတ္ေအးခ်မ္းသာစြာလည္ပတ္နိုင္ေရးအတြက္ ေစာင့္ၾကပ္ေပးေနၾကေသးသည္။

ႀကိဳတင္ျပင္ဆင္ထားသည့္အရာမ်ားအားလုံးက အသင့္အေနအထားျဖစ္၍ ႏွစ္သစ္ကူးမည့္အခ်ိန္သာမခကို ေစာင့္ေနၾကၿပီျဖစ္၏။

ခ်န္ေဝ့ဟြာ ႏွင့္ က်န့္ယြီ က စကားေျပာေနၾကၿပီး ဖုကြၽမ့္က သူတို႔ေဘးတြင္ရပ္ေနကာ တရိုတေသနားေထာင္ေန၏။ ဝိန္းရိဖန္ျပန္လာသည္ကို လွမ္းျမင္လိုက္သည္ႏွင့္တၿပိဳင္နက္ ခ်က္ခ်င္းအနားသို႔ ေျပးလာခဲ့သည္။

ဖုကြၽမ့္က လြန္ခဲ့သည့္ႏွစ္ပတ္ကမွ ခန့္ထားသည့္ အလုပ္သင္ေလးျဖစ္ၿပီး လက္ရွိ တကၠသိုလ္ စတုတၳႏွစ္ေက်ာင္းသားေလးလည္း ျဖစ္သည္။ 'လူခႏၶာ'မွာေတာ့ ေပးထားသည့္ 'အမည္နာမ' ေလာက္ မေျပာင္ေျမာက္ ၊ အရပ္မျမင့္သည့္ ပိန္ပိန္ပါးပါးေကာင္ေလးက ဝါးပင္တစ္ပင္လိုလို။ မ်က္ႏွာက ခပ္ႀကီးႀကီးျဖစ္ၿပီး အသံကလည္း ခပ္ၾသၾသ။

"က်ဲ..အစ္မသာ ထပ္ၿပီးေနာက္က်ေနရင္ေလ.."

ဝိန္းရိဖန္က ျပႆနာတစ္စုံတစ္ရာတက္သည္ဟု ထင္မွတ္လိုက္ၿပီး

"ဘာျဖစ္လို႔လဲ"

ဖုကြၽမ့္က မေက်မနပ္ျဖင့္

"ကြၽန္ေတာ့္ခႏၶာကိုယ္ႀကီး ေအးခဲေနတာကို အစ္မ ျမင္ရေတာ့မလို႔"

"...."

ဝိန္းရိဖန္က ေခါင္းၿငိမ့္ျပ၍

"ဒါဆို မင္းကို ေက်းဇူးတင္ပါတယ္ေနာ္..အစ္မက သတင္းေခါင္းစဥ္ကိုဘယ္လိုေပးရမလဲဆိုၿပီး ေတြးေနလို႔ပါ"

"အစ္မရဲ႕မ်က္လုံးထဲမွာ..ကြၽန္ေတာ္က သတင္းေခါင္းစဥ္တစ္ခုေလာက္ေတာင္ အေရးမႀကီးဘူးလား!"

ဖုကြၽမ့္က သူမအား မေက်မခ်မ္းျဖစ္ေနေလၿပီး အေအးဓါတ္ေၾကာင့္ တုန္ေနပါသည့္တိုင္ သူ႕အသံတို႔က အားမာန္ျပည့္ဝေနဆဲျဖစ္၍

"ငါ-ူး..မင္းေမႀကီးေတာ္ အရမ္းေအးတာပဲ..ဒီေလတိုက္ပုံနဲ႕ေတာ့ ကြၽန္ေတာ့ႏွာေခါင္းႀကီး ျပဳတ္ထြက္သြားေတာ့မွာ"

ဝိန္းရိဖန္ သူ႕အား လွမ္းၾကည့္လိုက္၏။

ဤအသက္အ႐ြယ္ေယာက္်ားေလးအမ်ားစုက အေအးဓါတ္ကာကြယ္ဖို႔ထက္ ကိုယ္ဟန္ျပဖို႔ အားသာၾကသည့္အ႐ြယ္မ်ိဳးျဖစ္ကာ ဖုကြၽမ့္သည္လည္း ခြၽင္းခ်က္မဟုတ္ေပ။ သူ႕ခႏၶာကိုယ္ထက္တြင္ ဂ်က္ကတ္တစ္ထည္သာဝတ္ထားၿပီး ထိုအကၤ်ီကလည္း အေအးဒဏ္ကိုကာကြယ္ေပးနိုင္မည့္ပုံမရကာ ႏႈတ္ခမ္းမ်ားပင္ ျပာႏွမ္းလုနီးနီးျဖစ္ေနခဲ့သည္။

ထို႔အျပင္ ေကာင္ေလးက ပိန္ပိန္ပါးပါးေလးျဖစ္ကာ အကယ္၍ ျမစ္ကမ္းစပ္ေလသာခပ္ျပင္းျပင္းတိုက္လွ်င္ မၾကာခင္ ေလထဲလႊင့္ပါသြားေတာ့မည့္အတိုင္း။

"ျမစ္ကမ္းဘက္က အစကတည္းကကို ေအးတာ..ေနာက္ဆို သတင္းယူဖို႔ထြက္လာရင္ ႏြေးႏြေးေထြးေထြးဝတ္လာခဲ့.."

ေျပာေနရင္း ဝိန္းရိဖန္က အိတ္ကပ္ထဲမွ အႏြေးအိတ္ေသးေသးေလးကိုထုတ္ေပးလိုက္၍

"အိတ္ကပ္ထဲထည့္ထားၿပီး လက္ေတြကိုႏြေးေအာင္လုပ္လိုက္"

"အိုင္း..မလိုပါဘူး"

ဖုကြၽမ့္က လက္သင့္မခံဘဲ

"အစ္မဘာသာ ယူထားပါ..အစ္မလိုမိန္းကေလးက ကြၽန္ေတာ့္ထက္ေတာင္ ပိုေအးေနနိုင္ေသးတယ္"

"အစ္မအိတ္ကပ္ထဲမွာ ႏွစ္ခုရွိေနၿပီးသား..ဒီတစ္ခုကို ထည့္စရာေနရာမရွိေတာ့ဘူး"

"...."

ဤတစ္ႀကိမ္တြင္ ဖုကြၽမ့္က အားမနာနိုင္ေတာ့ဘဲ လွမ္းယူကာ စကားဝိုင္းကို အသက္သြင္းလိုက္၏။

"ဒါနဲ႕ေလ..က်ဲ..အရင္တုန္းကေရာ မီးရႈးမီးပန္းပြဲေတာ္ကို ၾကည့္ဖူးလား"

ဝိန္းရိဖန္က 'အင္း' ဟုအသံတစ္ခ်က္ျပဳၿပီး

"ဒါေပမယ့္ ဒီေလာက္ႀကီးတဲ့ပြဲမ်ိဳးေတာ့ မဟုတ္ဘူး"

"ဒီပြဲမ်ိဳးမွာ ဆုေတာင္းေတြ ဘာေတြေရာ ျပဳလို႔ရလား"

"အဲ့လိုမ်ိဳးေတာ့ မရွိဘူး"

"...."

ဖုကြၽမ့္က ခပ္တိုးတိုးညည္းၫူလိုက္၍

"ကြၽန္ေတာ္က ဆုတစ္ခုပဲေတာင္းခ်င္တာပါ..ေနာက္ႏွစ္က်ရင္ ခ်စ္သူေကာင္မေလးရပါေစဆိုၿပီး"

ဝိန္းရိဖန္က ရယ္လိုက္၍

"ဒါဆို ပိုလို႔ေတာင္ မျဖစ္နိုင္ေတာ့ဘူး"

"ရိဖန္က်ဲ!..အစ္မကြာ!.."

ဖုကြၽမ့္က မေက်မခ်မ္းေအာ္ဟစ္၍

"ဒါဆိုလည္း အရပ္ 5cm ေလာက္ပိုရွည္လာပါေစလို႔ ဆုေတာင္းမယ္ကြာ..ဒီေလာက္ေတာ့ရတယ္မလား..ေယာက္်ားေလး အသက္ႏွစ္ဆယ္ဆိုရင္ ေနာက္ထပ္အရပ္ရွည္လာနိုင္ေသးတယ္.."

ဤတစ္ႀကိမ္တြင္ေတာ့ ဝိန္းရိဖန္က သူ႕အား ရိုက္မခ်ပါေတာ့ေပ။

သည္အေၾကာင္းေျပာေနရင္းက ဖုကြၽမ့္ ႐ုတ္တရက္ တစ္ေနရာကိုလက္ညွိုးထိုးျပ၍

"ေအ့..အဲ့ေလာက္ဆိုရင္ေတာ္ၿပီ..ကြၽန္ေတာ္က အဲ့ေလာက္နီးနီး အရပ္ျမင့္ခ်င္တာ..သူ႕ေခါင္းတစ္ဝက္ေလာက္နားေရာက္ရင္ကို ေက်နပ္ၿပီ"

ဝိန္းရိဖန္ လွမ္းၾကည့္မိလိုက္လွ်င္ ခ်က္ခ်င္းဆိုသလိုေၾကာင္အသြားရေတာ့၏။

ဖုကြၽမ့္ လက္ညွိုးထိုးျပေနသည့္သူက စန္းရန္။

သူတို႔ႏွစ္ဦးဟာ ေရစက္မျပတ္နိုင္လြန္းျခင္းလား သို႔တည္းမဟုတ္ အမဲလိုက္ခံေနရျခင္းလားကို မသဲကြဲပါေတာ့ေခ်။

စန္းရန္က ဆယ္မီတာအကြာအေဝးနားတြင္ ရပ္ၿပီး လက္ရန္းကိုမွီထားသည္။ ေလတိုက္ေနသည့္အတြက္ အကၤ်ီမ်ားက ခပ္ပြပြျဖစ္ေနၿပီး အနည္းငယ္တင္းထားသည့္မ်က္ႏွာက ေအာက္ကိုငုံ႕ၿပီး ဖုန္းကစားေန၏။

အခုကေလးတင္ သူႏွင့္အတူေတြ႕ခဲ့သည့္ စန္းက်ီက ဘယ္ေရာက္သြားမွန္းမသိပါေပ။

"သူ႕ပုံစံက လုံးဝကို ကြၽန္ေတာ္သေဘာက်တဲ့ခႏၶာကိုယ္မ်ိဳးဗ်"

ဖုကြၽမ့္က သက္ျပင္းခ်၍

"ဒီေန႕ဒီခ်ိန္ အထက္နတ္မင္းေတြ မီးရႉးမီးပန္းေတြကို သက္ေသထားၿပီး ကြၽန္ေတာ့္ေခါင္းကို ျဖဳတ္ၿပီး သူ႕ခႏၶာကိုယ္မွာ တပ္ေပးဖို႔ ေတာင္းဆိုလို႔မရဘူးလား"

ဝိန္းရိဖန္က ခပ္ေရးေရးၿပဳံးေနရင္း

"သူ႕မ်က္ႏွာကိုပါ တစ္ခါတည္းျဖဳတ္ယူလိုက္ပါလား"

ဖုကြၽမ့္က ထိုအေတြးကို အစတည္းကေတြးထားၿပီးသည့္သူျဖစ္ကာ တုန္လႈပ္ေျခာက္ျခားစရာေကာင္းသည့္စကားလုံးတို႔ျဖင့္

"ႏွစ္မ်ိဳးလုံးကို ယူသုံးလိုက္ရင္ အရမ္းမေကာင္းသလိုမ်ားျဖစ္သြားမလား"

"...."

ခ်န္ေဝ့ဟြာက သူတို႔အား လွမ္းေခၚလာခဲ့သည္။ သူတို႔အား လ်စ္လ်ဴရႈပစ္ထားသည့္အေပၚ အနည္းငယ္ရွက္ေနပုံရသည့္သူက သူတို႔အားလွမ္းေခၚၿပီး ျပင္ပ တိုက္ရိုက္ထုတ္လႊင့္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ကာကြယ္ထားရမည့္အခ်က္မ်ားကို အသိေပးမွာၾကားေနေတာ့၏။

အခ်ိန္ကား တျဖည္းျဖည္းႏွင့္ ကုန္ဆုံးလာခဲ့ရင္း။

ႏွစ္သစ္ကူးအခ်ိန္သည္လည္း နီးကပ္လာခဲ့ကာ ပတ္ဝန္းက်င္တစ္ခြင္က ပို၍သက္ဝင္လႈပ္ရွားလာခဲ့၏။အေဝးရွိ အထပ္ျမင့္အေဆာက္အဦးႀကီးေပၚမွ LED ထက္တြင္ ႏွစ္သစ္ကူးအခ်ိန္အတြက္ စတင္ေရတြက္ေနၿပီျဖစ္ကာ ေနာက္ဆုံးတစ္မိနစ္အလိုတြင္ တစ္စုံတစ္ေယာက္မွစၿပီး LED ထက္မွအတိုင္း လိုက္ေရတြက္ပါေတာ့၏။

"--59 , 58 , 57 "

"--5 , 4 , 3 "

"--2 "

"--1 ! "

ေနာက္ဆုံး အသံတစ္ခုအၿပီးတြင္။

မတူညီေသာအေရာင္ ပုံစံအမ်ိဳးမ်ိဳးျဖင့္ မီးရႈးမီးပန္းေပါင္းမ်ားစြာက ညေကာင္းကင္ထက္သို႔ ထိုးတက္လာၾကကာ သတ္မွတ္ထားသည့္ေနရာအျပည့္ အားျပင္းျပင္းျဖင့္ေပါက္ကြဲဝဲျဖာၾကေတာ့၏။ ပန္းပြင့္သ႑ာန္မီးရႈးမီးပန္းမ်ားက တစ္ပြင့္ၿပီးတစ္ပြင့္ အလင္းလက္ဆုံးပြင့္လန္းျပေနၾကေတာ့သည္။

ရပ္ၾကည့္ေနၾကသည့္သူမ်ားအားလုံးက ဖုန္းကိုယ္စီကို ျမႇောက္ကိုင္ထားၾကကာ အေကာင္းဆုံးေနရာ အေကာင္းဆုံးျမင္ကြင္းမ်ားမွေန၍ ဓါတ္ပုံမ်ားရိုက္ယူေနၾကသည္။

ခ်န္ေဝ့ဟြာထံမွ မည္သည့္ၫႊန္ၾကားခ်က္ကိုမွ မၾကားရေတာ့သျဖင့္ ဝိန္းရိဖန္သည္လည္း လက္ကိုင္ဖုန္းကိုထုတ္ကာ ဓါတ္ပုံရိုက္ရန္ျပင္လိုက္၏။

ျမင္ကြင္းအေရွ႕ဘက္တြင္ လူပိတ္ေနျခင္းေၾကာင့္ တျခားတစ္ေနရာေ႐ြ႕လိုက္၏။

ဤသို႔ျပဳလုပ္ေနသည့္ျဖစ္စဥ္တစ္ခုလုံးအတြက္ ဆယ္မိနစ္နီးနီးပင္ၾကာသြားခဲ့ကာ မသိလိုက္ပါဘဲႏွင့္ ဝိန္းရိဖန္က လူအုပ္ႀကီးကို တိုးေဝ့ရင္း လက္ရန္းမ်ားရွိသည့္ဘက္သို႔ေရာက္လာခဲ့သည္။ မီးပန္းပြဲေတာ္က ၿပီးဆုံးေတာ့မည္ျဖစ္ေၾကာင္းသိလိုက္ၿပီးေနာက္ ခ်န္ေဝ့ဟြာတို႔ရွိရာဆီသို႔ ျပန္သြားမည္အျပဳတြင္ လမ္္းသြားလမိးလာတစ္ေယာက္ႏွင့္ဝင္တိုက္မိလိုက္၏။

ဝိန္းရိဖန္တစ္ေယာက္ အေရွ႕သို႔ ယိုင္က်သြားခဲ့ကာ...

တစ္စုံတစ္ေယာက္ႏွင့္ တိုက္မိေလပါေရာ့၏။

ဝိန္းရိဖန္ ခ်က္ခ်င္းဆိုသလို ေျခလွမ္းမ်ားကိုေနာက္ဆုတ္လိုက္ၿပီး ေခါင္းေမာ့လိုက္၍

"ေတာင္းပန္ပါတယ္"

ထိုစကားလုံးမ်ား ပါးစပ္ဖ်ားမွထြက္သြားၿပီးခ်ိန္တြင္မွ သူမ ဝင္တိုက္မိသည့္သူက စန္းရန္ျဖစ္ေနမွန္း သိလိုက္ရေလသည္။သူကလည္း သူမကို ငုံ႕ၾကည့္ေနကာ သူ႕အမူအရာက တစ္စုံတစ္ရာမကြဲျပားဘဲ တစ္ဖက္လူႏွင့္ဖုန္းေျပာေနဟန္ရသည္။

"အင္း..ျပန္ေတာ့မလို႔"

ယဥ္ေက်းမႈကိုျပသသည့္အေနျဖင့္ ဝိန္းရိဖန္က က်ည္ဆံကိုကိုက္ကာ စန္းရန္အား ေနာက္တစ္ႀကိမ္ ေတာင္းပန္စကားဆိုလိုက္၏။

စန္းရန္က သူမအား တစ္ခ်က္လွမ္းၾကည့္လာၿပီးေနာက္တြင္ေတာ့ ေခါင္းတစ္ခ်က္ၿငိမ့္ျပလာခဲ့၏။

သူ ၾကားရသည့္အေၾကာင္း ျပသသည့္ သေကၤတပင္။

ဝိန္းရိဖန္က ေလွ်ာက္ထြက္လာသည့္အခ်ိန္တြင္ေတာ့ စန္းရန္၏ ဖုန္းထဲရွိတစ္ဖက္လူအား ဆိုလာသည့္စကားသံကို ခပ္တိုးတိုးေလးၾကားလိုက္ရေတာ့သည္။

"ႏွစ္သစ္မွာ ေပ်ာ္႐ႊင္ပါေစ"

ခ်န္ေဝ့ဟြာတို႔ရွိရာဆီသို႔ ျပန္ေရာက္လာသည့္အခ်ိန္တြင္ ဝိန္းရိဖန္က သူမ၏မ်က္ႏွာအား အလိုလို စမ္းၾကည့္မိလိုက္၏။မ်က္ႏွာထက္ရွိ Mask ကိုစမ္းၾကည့္မိလိုက္သည့္အခ်ိန္တြင္ေတာ့ သူမ၏လႈပ္ရွားမႈမ်ားအျပင္ အေၾကာအခ်င္မ်ားပါ ရပ္တန့္တင္းၾကပ္ကုန္ေတာ့၏။

မ်က္ႏွာကို ဖုံးထားတာမလို႔...သူ မမွတ္မိသြားေလာက္ဘူးမလား...

-----

အျခားတစ္ဖက္တြင္။

ဖုန္း၏အျခားတစ္ဖက္၌ရွိေနသည့္ တကၠသိုလ္အခန္းေဖာ္ သူငယ္ခ်င္းႀကီးျဖစ္သည့္ 'ခ်န္ေဖး' က သူစကားေျပာေနသည့္အခ်ိန္အတြင္း ႏွစ္ႀကိမ္တိတိစကားျဖတ္ေျပာခံလိုက္ရျခင္းေၾကာင့္

"အို႔..မင္း ဘယ္ခ်ိန္အိမ္ျပန္ျပန္ ငါ ေသာက္ဂ႐ုမစိုက္ဘူး ဟုတ္ၿပီလား..ဒါေပမယ့္ ေက်းဇူးကြာ..ငါ့ေကာင္..မင္းလည္း ႏွစ္သစ္မွာေပ်ာ္႐ႊင္ပါေစ"

စန္းရန္က မ်က္ခုံးကိုပင့္ျမႇောက္လိုက္၍

"ဘာေတြ ေက်းဇူးတင္ေနတာလဲ"

"မင္းပဲ ဒီအေဖကို ဆုေတာင္းစကားေျပာေနတာမဟုတ္ဘူးလား"

"ကိုယ့္ကိုကိုယ္ သိပ္ၿပီးလည္း ဘဝင္ျမင့္မေနနဲ႕"

စန္းရန္က အဆုံးတြင္ ပ်င္းတိပ်င္း႐ြဲျဖင့္ အသံတို႔ကိုဆြဲခ်သြားခဲ့၏။

"မင္းကို ေျပာတာမဟုတ္ဘူး"

**********

Continue Reading

You'll Also Like

1.1M 189K 118
Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter status - 114 chapters + 14 extras (complete...
53.3M 1.6M 63
[#1 Teen Fiction | #1 in Romance] Bad boy Luke Dawson is stuck living with clumsy nobody Millie Ripley for the summer. When she ran over his most p...
62.6M 3K 6
Brielle Newman A 21-year-old girl who was struggling to make life comfortable for herself and her niece, Delilah. Her sister left the baby the minute...
55.3M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...