Unicode
"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."
အပိုင်း(၄၇)
သီတင်းကျွတ်လပြည့်နေ့
ဤနှစ်၏သတင်းကျွတ်လပြည့်တွင်တော့ မုန့်ဟင်းခါးသည်အမေမိုး၏အိမ်လေးကာ တိတ်ဆိတ်ခြောက်ကပ်နေခဲ့ပါသည်။ အခါတိုင်းနှစ်ကဲ့သို့အိမ်ပြန်မလာနိုင်သည့်သားသမီးတွေကြောင့် ဆီမီးသာလင်းပြီးရင်တွင်းမနွေးရသည့်သီတင်းကျွတ်ဖြစ်ခဲ့ရပါသည်။
မွေးစားမိဘတွေနှင့်ဘုရားဖူးထွက်သည့် သားကြီးဩရသက ဖုန်းနှင့်ပဲ လှမ်းကန်တော့နိုင်သလို သူငယ်ချင်းတွေနှင့်အလည်အပတ်ခရီးထွက်နေသည့် သမီးကြီးမြတ်ကလည်းဖုန်းတစ်ခေါ်သာခေါ်နိုင်ခဲ့ပါသည်။ မွေးစားမိဘကို အချိန်ပေးချင်သည့်သားကြီး၏စိတ်ကိုနားလည်ပေးနိုင်သလို ဆေးတက္ကသိုလ်ကျောင်းသူဖြစ်နေသည့်သမီးမြတ်ကလည်း လူငယ်ပီပီပျော်ချင်တာကို ဒေါ်မိုးနားလည်ပါသည်။ အမေအို၏အိမ်လေးခြောက်ကပ်နေခြင်းအတွက်ကိုတော့ ဝမ်းနည်းပြီးစိတ်မကောင်းဖြစ်နေခြင်းသာ။
သားငယ်ပြည့်စုံသိန်းကျော်လည်း ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းမသိပါ။ သတင်းမကြားရသည်ပင် ရက်သတ္တပတ်ရှိလေပြီ။ ခွေးလေးတစ်ကောင်နှင့် အမေအိုသာရှိသော အိမ်အိုလေး၏ယခုနှစ်သီတင်းကျွတ်ညကာ တမူထူးခြားမနေသော်လည်း အငယ်မလေးပန်ပန်က အမေအိုနှင့်အတူ အဖော်ပြုပေး၍ ဖြေသာနိုင်ခဲ့သည်။
"ကျွန်တော်အမေမိုးကို လာကန်တော့တာပါ"
မနက်က ကောင်းခြင်းတည်မြဲက မုန့်အချို့နှင့်အတူငွေ(၁၀)သိန်းဖြင့် အမေမိုးကိုကန်တော့ခဲ့ပါသည်။ ပန်ပန်နှင့်အတူလာတာမဟုတ်ဘဲ သူ့ဘာသာသူလာကန်တော့ခြင်းပင်။ ပန်ပန်နှင့် နှစ်ယောက်သားဆက်ဆံရေးကတော့ ထွေထွေထူးထူးပြေလည်သွားခြင်းမရှိပါ။ ရန်ဖြစ်စကားများလိုက်နှင့် သံသရာလည်နေသည်သာ။
"အမေ ပန်ပန်ဒီညလာအိပ်မယ်"
ညနေရောက်တော့ပန်ပန်ကရောက်ချလာပြီး ပြောသည်။
"ညည်းယောက်ျားကိုပြောခဲ့ပြီးပြီလား"
"ယောက်ျားလို့မပြောပါနဲ့ အမေကလည်း"
"မုဒိတာပန်"
"အင်း.. ပြောထားတယ်"
ပန်ပန်စကားကြောင့် ဒေါ်မိုးလည်းဘာမှမဆိုတော့ပါ။ ပန်ပန်က ဝမ်းဆက်တစ်စုံဖြင့် အမေဖြစ်သူကို ကန်တော့ရှာသည်။
"အေးကွယ်.. ငါ့သမီးငယ်လေး ကျန်းမာပါစေ ချမ်းသာပါစေ ဘေးအန္တရာယ်ကင်းပါစေကွယ် မိဘအပေါ်လည်းသိတတ်လိမ်မာတဲ့ကလေး ဖြစ်လာပါစေ ငယ်တော့တာလည်းမဟုတ်တော့လို့ မဆိုးတော့နဲ့နော် သမီးငယ်"
"ဟုတ်အမေ.. ဒါနဲ့ မုန့်ဖိုး ဟီးဟီး"
ဆုပေးလို့မှမဆုံးသေး။ လက်ဖြန့်ပြီး မုန့်ဖိုးတောင်းနေသောပန်ပန်ကို ဒေါ်မိုးမျက်စောင်းထိုးရင်း မုန့်ဖိုးထုတ်ပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ အရင်ကထက်စာလျှင် ပန်ပန်က အသိစိတ်ဝင်လာသည့်အတွက် စိတ်ချမ်းသာရသည်။ ဟိုလိုလိမ်မာလာတာမျိုးမဟုတ်သော်လည်း သူ့ဘဝအတွက် စာကြိုးစားရမည်ဆိုသညိ့ အသိတရားလေးဝင်လာသည်ကိုပဲ ကျေးဇူးတင်ရပါမည်။
"ပန်ပန်ကမဆိုးဘူး စာပုံမှန်လုပ်တယ် အိမ်စာတွေလည်းပြီးတယ် ဒီပုံစံအတိုင်း ပုံမှန်သွားရင် ဒီနှစ်တော့ကျိန်းသေပေါက်အောင်နိုင်တယ်"
ဆရာမဟွမ်၏စကားကြားတော့ အမေတစ်ယောက်အနေနှင့်ပီတိဖြစ်ရပါသည်။ ပန်ပန်ကလည်း တကယ်စာလုပ်ရှာပါသည်။ အခုလည်းကြည့်လေ သီတင်းကျွတ်တောင်မနားဘဲ စာအုပ်လေးယူလာပြီး အမေ့အိမ်မှာစာလုပ်နေတော့သည်။
"လပြည့်နေ့ကြီးတော့ နားနားနေနေနေပါလားသမီးငယ်ရယ်"
"မနေ့ညကနားထားပြီးပြီဆိုတော့ ဒီနေ့တော့ စာနည်းနည်းလုပ်ဦးမယ်အမေ ဆရာမဟွမ်က ပိတ်ရက်(၃)ရက်အတွက် အိမ်စာတွေပေးထားတယ် ပြီးဖို့မလိုတော့ဘူး"
"အေးပါကွယ် တစ်ခုခုစားချင်တာရှိလား အမေလုပ်ပေးမယ်"
"မစားတော့ပါဘူး"
အခါတိုင်း စာလုပ်ဖို့အသံဝင်မတတ် တိုက်တွန်းရပြီး စာလုပ်ချိန်ချပေးသည့်မုန့်လောက်သာ စိတ်ဝင်စားသည့်ပန်ပန်က ဒီလိုမျိုးပြောင်းလဲလာတော့လည်း ဝမ်းသာပီတိဖြစ်ရသည်။
"ငါ့သမီးက စာကြိုးကြိုးစားစားလုပ်နေတာပဲ"
"ပန်ပန်ဒီနှစ်အောင်မှ ဖြစ်မှာအမေရဲ့"
ပန်ပန်ထံမှ ဒီလိုစကားမျိုးကြားရသည်မှာ အမေတစ်ယောက်အနေနှင့် ဝမ်းသာကြည်နူးလိုက်ရသည်ဖြစ်ခြင်း။
"အချိန်တန်တော့လည်း ဒီကလေးမအသိတရားဝင်လာတာပဲ ကောင်းတယ်"
ပီတိတွေနှင့် ဒေါ်မိုးအိပ်ရာဝင်ဖို့ပြင်တော့သည်။ သို့သော် ဒေါ်မိုး၏ကြည်နူးမှုတွေက ကြာရှည်မခံခဲ့ပါ။
"တီ.. တီ"
လပြည့်ညကြီး အချိန်မတော်ဖုန်းစိမ်းတစ်ခု ဝင်လာခဲ့ပါသည်။ သတင်းမကြားရတာကြာပြီဖြစ်သော သားငယ်ပြည့်စုံသိန်းကျော်နှင့် ပတ်သက်သည့်ဖုန်းဖြစ်သည်။ သို့သော် ကောင်းသတင်းနှင့်တော့မဟုတ်ပါ။
"ပြည်စုံသိန်းကျော်ရဲ့မိခင် ဒေါ်မိုးလားခင်ဗျာ"
"ဟုတ်ပါတယ် ဘယ်သူလဲမသိဘူး"
"မူဆယ်ရဲစခန်းကဆက်တာပါ"
"ရှင်"
"ပြည့်စုံသိန်းကျော်နဲ့သူ့သူငယ်ချင်းတွေက ဒီနေ့လပြည့်ည(၆)နာရီဝန်းကျင်မှာ မူးရူးသောက်စားကြရင်း အခြားအဖွဲ့တစ်ဖွဲ့နဲ့ရန်ပွဲဖြစ်ခဲ့ပါတယ် ရန်ပွဲကတော်တော်ဆိုးပါတယ် လူသေတဲ့အထိ ဖြစ်သွားတယ်"
ကြားလိုက်ရသည့်စကားက ဒေါ်မိုးခေါင်းကို မိုးကြိုးနှင့်ပစ်လိုက်သကဲ့သို့ပင်။ ထိတ်လန့်ထူပူသွားပြီး
"ကျွန်မ.. ကျွန်မသားဘာဖြစ်သွားသေးလဲ"
"ပြည့်စုံသိန်းကျော်ကအခုဆေးရုံမှာပါ အသက်အန္တရာယ်တော့မရှိပါဘူး သတိလည်းရနေပါပြီ သူတို့အဖွဲ့ထဲက ကောင်လေးတစ်ယောက်ကပဲ အရိုက်ခံရတဲ့ခေါင်းက ဒဏ်ရာပြင်းတော့ သွေးထွက်လွန်ပြီး သေသွားရတာပါ အခုနှစ်ဖွဲ့လုံးကို ကျွန်တော်တို့မူဆယ်ရဲစခန်းက ထိန်းသိမ်းထားပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်နေပါတယ် သက်ဆိုင်ရာ မိဘအုပ်ထိန်းသူတွေကို အကြောင်းကြားပေးတာပါ"
တစ်ဖက်မှစကားအဆုံးတွင်တော့ ဒေါ်မိုးဟာ အရုပ်ကြိုးပြတ်ပင်လဲကျသွားရတော့၏။ မျက်ရည်တွေလည်း ပိုးပိုးပေါက်ပေါက်ကျလာရင်း ဘာလုပ်ရမှန်းမသိအောင်ပင် ကြောင်တောင်တောင်ဖြစ်နေရရှာသည်။ ခဏနေတော့..
"ပြည့်စုံသိန်းကျော်ရယ် မင်းဘာလို့ဒီလောက်တောင်ဆိုးသွမ်းနေရလဲ အမေကိုအသေပဲသတ်နေသလားငါ့သားရယ်"
အင့်ခနဲ့ရိူက်ငိုရင်း တိုးတိတ်စွာညည်းညူမိ၏။ ပူပင်သောကတွေနှင့် ဒီအမေဟာ ခိုကိုးရာမဲ့စွာ တအိအိနှင့်သာ ငိုကြွေးနေမိတော့သည်။ သားတော်မောင်က အသက်ဘေးကင်းသည်ဟုဆိုသော်လည်း ဆေးရုံရောက်၊ စခန်းရောက်နှင့် ဖြစ်သွားသည့်ဒီအမှုအတွက် မိခင်တစ်ဦးဟာ သောကမရောက်ဘဲနေမည်လား။
တကယ်ရော ဘေးကင်းရဲ့လား။ ထောင်များကျသွားမည်လား။ တခြားဘာတွေဆက်ဖြစ်ဦးမှာလဲ။ အတွေးများစွာဖြင့် အမေအို၏ရင်ဟာ စိုးရိမ်ပူပင်တွေနှင့် ဗလောင်ဆူနေတော့၏။
"အီး.. ဟီး ဟီး"
လပြည့်ညကာ မလှပတော့ပါလေ။ ရွှန်းလက်နေသောလရောင်တွေဖုံးခြုံလွှမ်းထားသည့် အိမ်ငယ်လေးအတွင်းတွင်တော့ အမေအို၏ရိူက်သံသဲ့သဲ့လေးကာ လွင့်ပျံ့နေတော့၏။ မျက်ရည်တွေနှင့်ခင်းကျင်းသည့်ည၌ မိခင်အို၏သောကအတွက် အဘယ်မှာဖြေဆေးရှာရမည်လဲ။
ပန်ပန်ဟာ လိုက်ကာစလေးကနေ အမေငိုကြွေးနေသည်ကို ချောင်းကြည့်ရင်း တွေတွေလေး ရပ်နေမိ၏။ အမေကမပြောသော်လည်း စပီကာဖွင့်ထားသည့်ဖုန်းကနေ ဘာတွေဖြစ်နေလဲဆိုတာသဲ့သဲ့လေးကြားနေရတော့ အနည်းအကျဉ်းမျှ နားလည်လိုက်သည်။
အမေ့ကိုဘယ်လိုနှစ်သိမ့်ပေးရမည်လဲ။ ကိုယ်တိုင်ကလည်းပါးမှာမျက်ရည်တွေနှင့်ဆိုတော့ ဒီအတိုင်းရပ်ငေးကြည့်နေမိပါရဲ့......။
နောက်မနက်စောစောတွင်တော့ အမေသည် မုန့်ဟင်းခါးဆိုင်ကိုပိတ်ထားရင်း ရှိသမျှငွေထုတ်လေးပိုက်လျက် မူဆယ်မြို့ကို အပြေးသွားရှာပါသည်။
တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးရှိသည်။ သားဆိုးသမီးဆိုးတို့ကို ပစ်ရိုးထုံးစံမှမရှိသည်ပဲလေ။ ဓားနှင့်ထိုးပြေးလည်း ရင်မနာရက်ဘဲ ငါ့သားလေးလက်နာသွားပြီလားဟု တွေးပူရခြင်းကာ မိခင်ပင်ဖြစ်သည်။
...................... ..................... .......................... .........
"ငြိမ်းအဆင်ပြေရဲ့လား"
ဘေးခုံတွင် ငြိမ်းကိုသေချာထိုင်စေပြီး ကောင်းခြင်းမေးလိုက်တော့ ငြိမ်းကမျက်နှာလေးရူံ့မဲ့နေရင်း ညည်းညူလျက်ဖြေလာသည်။
"ကျွတ်စ်.. ကျွတ်စ် ငြိမ်းခေါင်းတွေတော်တော်မူးနေတယ်ကောင်းရယ် ငြိမ်းသောက်တာများသွားပြီထင်တယ်"
"ဒါဖြင့်လည်း နောက်ကိုမှီထားပြီး နားနေနော် ကိုယ်အိမ်ရောက်ရင် နိုးလိုက်မယ်"
ကောင်းခြင်းက ဂရုတစိုက်ဆိုရင်း ကားခါးပတ်ကိုပတ်လိုက်သလို သူမကိုပါပတ်ပေးလိုက်သည်။ ပြီးနောက် ကားကိုသတိထားမောင်းလာလိုက်၏။ သူကအနည်းငယ်သောက်ထားသော်လည်း သတိလွတ်လောက်သည်အထိတော့ မမူးသေးပါ။
တကယ်ကသူတို့နှစ်ယောက်အတူအပြင်ထွက်ခဲ့ခြင်းမျိုးမဟုတ်ပါ။ ဒီနေ့လပြည့်ညတွင် သူကအနားယူဖို့တွေးထားသော်လည်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏လူကြီးတစ်ယောက်က သူ့အိမ်၌ညစာစားဖို့ ဖိတ်ခေါ်ခဲ့သည်။ နောက်ပိုင်းလုပ်ငန်းကိစ္စပြောဆိုဆက်ဆံရဖို့တွေရှိသဖြင့် ကောင်းခြင်းလည်းမငြင်းနိုင်ဘဲသွားခဲ့သည်။ ထိုညစာစားပွဲ၌ ငြိမ်းကေရီကိုပါတွေ့လိုက်ရ၏။ လားရိူးရောက်နေမှန်းသိတော့ ထိုလူကြီးက သူမကိုသီချင်းလာဆိုပေးဖို့ ခေါ်ထားခြင်းပင်။ ငြိမ်းကInfluencerတစ်ယောက်ဖြစ်သော်လည်း မကြာခဏဆိုသလို cover songsတွေဆိုတတ်၏။ သူမကအသံလည်းကောင်းသဖြင့် အရင်ကနာမည်ကြီးပြီးသားသီချင်းတွေက versionတစ်မျိုးဖြင့် တဖန်ပြန်နာမည်ကြီးလာခဲ့သည်။ ထို့ကြောင့် ငြိမ်းကိုသီချင်းဆိုဖို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
သူတို့နှစ်ယောက် ညစာစားပွဲ၌ဆုံခဲ့ရသည်။ ထုံးစံအတိုင်းသောက်စားထားတာမျိုးရှိတော့ သူကနည်းနည်းပါးပါးသာသောက်သော်လည်း ငြိမ်းကတော့ သောက်လေ့သောက်ထ မရှိ၍ထင်ပါသည်။ အနည်းငယ်သောက်ပြီး မူးသွားခဲ့သည်။ ကားမောင်း၍အဆင်မပြေသဖြင့် သူမကားကိုထားပြီး သူကပဲသူ့ကားနှင့်ခေါ်လာခဲ့ရသည်။
"ကောင်း.. ငြိမ်းကြောင့်အလုပ်ရူပ်သွားပြီး တောင်းပန်ပါတယ်နော်"
မျက်လုံးလေးမှိတ်လျက်ပြောလာသောသူမစကားကြောင့် ကောင်းခြင်းတစ်ချက်ပြုံးလိုက်မိပြီး
"ရပါတယ် ပြောရမဲ့လူမှမဟုတ်တာပဲ"
"ငြိမ်းအရင်က ဒီလိုမမူးဖူးဘူး ကောင်းကိုအားနာလိုက်တာ"
"တစ်ခါတလေဖြစ်တတ်ပါတယ် အားနာစရာမလိုပါဘူး"
အားတုံ့အားနာဖြစ်နေသည့်သူမကိုသူကပဲ ပြန်ပြောပေးနေရသည်။ ဘာစကားမှ ထပ်မထွက်လာသဖြင့် သူကြည့်လိုက်တော့ ငြိမ်သက်နေသဖြင့်အိပ်ပျော်သွားပြီ ထင်ပါသည်။ သူလည်းကားကိုသာဆက်မောင်းလာလိုက်သည်။ သူမအိမ်ရှေ့ရောက်တော့မှ သူမကိုလှုပ်နှိုးလိုက်သည်။
"ငြိမ်း.. အိမ်ရောက်ပြီ ထတော့"
"အင်း.. "
"ငြိမ်း ကိုယ်ပြောတာကြားရဲ့လား"
အမူးပြေသေးဟန်မတူသည့်သူမက ရူံ့မဲ့ညည်းညူရင်းပင် မျက်လုံးဖွင့်လာသည်။ ပြီးနောက် သူ့ကိုတွေတွေလေးကြည့်လာပြီး
"ငြိမ်းတို့အခုဘယ်ရောက်နေသလဲဟင်"
"ငြိမ်းအိမ်ရှေ့ရောက်နေတာပါ"
"ငြိမ်းအိမ်ရှေ့ဟုတ်လား ညစာစားပွဲမှာ မဟုတ်ဘူးလား ငြိမ်းကားရော"
အမူးပြေသေးဟန်မရှိသေးသည့်ငြိမ်းကိုကြည့်ပြီး ကောင်းခြင်းပြုံးမိသည်။
"ငြိမ်းကားကအဲ့ဒီမှာပါပဲ မနက်ကျလာပို့ပေးပါလိမ့်မယ် ငြိမ်းမူးနေလို့ ကိုယ်ပဲကားမောင်းပြီး အိမ်ထိပို့ပေးနေတာပါ မမှတ်မိဘူးလား"
"ဟင့်အင်း"
အူကြောင်ကြောင်ပုံစံလေးနှင့်သူမကခေါင်းခါသည်။ ကောင်းခြင်းလည်းပြုံးမိရင်းပင် သူမခါးပတ်ကိုဖြုတ်ပေးဖို့ပြင်သည်။
"ကဲ.. အခုအိမ်ရောက်ပြီဆိုတော့ဆင်းရအောင် ကိုယ်ငြိမ်းကိုအိမ်ထဲထိ လိုက်ပို့ပေးမယ်"
"ကောင်း"
ခါးပါတ်ဖြုတ်ဖို့လုပ်နေသည့်သူ့လက်ကို ရုတ်တရက်ငြိမ်းကဆုပ်ကိုင်လိုက်သဖြင့် ကောင်းခြင်းကြောင်အမ်းသွားသည်။
ငြိမ်းသည်ရီဝေနေသောမျက်ဝန်းတွေနှင့်သူ့ကိုမော့ငေးကြည့်လားရင်း
"ငြိမ်းလေ ကောင်းနဲ့ငြိမ်းက စိတ်ချင်းနီးစပ်နေတယ်လို့ ထင်ခဲ့တယ် ငြိမ်းတို့ခံစားချက်တွေ အတူတူပဲလို့ ယုံကြည်ခဲ့တယ်"
"ငြိမ်း..."
"ဒါပေမဲ့ ရုတ်တရက်ကြီးကောင်းအိမ်ထောင်ကျသွားတော့ ငြိမ်းဘယ်လိုမှလက်မခံနိုင်အောင် ဖြစ်ခဲ့ရတယ် အခုထိလည်းလက်ခံလို့လည်းမရသေးဘူး ငြိမ်းအရမ်းခံစားရတယ်သိလား"
"ငြိမ်းတော်တော်မူးနေတယ်ထင်တယ် စကားတွေလျှောက်ပြောကုန်ပြီ အိမ်ထဲဝင်ရအောင် ကိုယ်တွဲပို့ပေးမယ်"
ကောင်းခြင်းမျက်နှာပူပူနှင့်ဆိုရင်း ခါးပတ်ကို ဖြုတ်ပေးပြီးနောက် ကားပေါ်ကထွက်ဖို့ ပြင်တော့
"ကောင်း"
သူမကသူ့လက်ကို ဆွဲထားပြန်သည်။ ကောင်းခြင်းအနည်းငယ်စိတ်ရူပ်ထွေးသည့်တိုင်
"ဟင်.. ငြိမ်းငိုနေတယ်"
သူမမျက်ရည်ကျနေသည်ကိုမြင်လိုက်ရတော့ အံ့ဩသင့်သွားရသည်။ ငြိမ်းကမျက်ရည်တွေ ရစ်ဝဲလျက်နှင့်ပင် သူ့ကိုကြည့်နေရင်း
"ငြိမ်း ကောင်းကိုသဘောကျတယ်"
ဟုဆိုလာတော့ သူဘာပြောရမှန်းမသိဖြစ်သွားရပြီး သူမကိုဒီအတိုင်းသာကြည့်နေမိ၏။ ငြိမ်းကမချိပြုံးတွေနှင့်
"မိန်းကလေးဖြစ်ပြီး ခံစားချက်တွေကိုအရင်ဖွင့်ဟသွားမိလို့ ငြိမ်းကိုအထင်သေးမယ်ဆိုလည်း အထင်သေးလို့ရပါတယ်"
"ကိုယ်ငြိမ်းကိုအထင်မသေးပါဘူး ဒါပေမဲ့.."
"ကောင်းရော ငြိမ်းကိုသဘောကျခဲ့တာပဲ မဟုတ်လား"
ရီဝေဝေမျက်လုံးတွေနှင့်သူ့ကိုကြည့်ရင်း ငြိမ်းကမေးလာတော့ကောင်းခြင်းတကယ်နေရခက်သွား၏။
"ငြိမ်း.. ကိုယ့်အထင်"
"ငြိမ်းမေးတာပဲဖြေပေးပါလားဟင် ငြိမ်းကိုသဘောကျမိသေးလား အကယ်၍ ကောင်းသာဒီလိုကိစ္စရပ်တွေကြောင့် အိမ်ထောင်မကျသွားခဲ့ရင် ငြိမ်းနဲ့ဆက်ဆံရေးကို ရှေ့တိုးဖို့ရှိခဲ့လား"
ကောင်းခြင်းပင့်သက်ချလိုက်မိပြီး
"ကိုယ်ကအခု လူလွတ်မဟုတ်တော့ဘူး ဒီလိုစကားတွေမပြောသင့်တော့ဘူးလေ ငြိမ်းရာ"
"ဒီအတိုင်းလေးပဲ ငြိမ်းသိချင်လို့ပါ ငြိမ်းသိခွင့်ရရင်ကျေနပ်ပါပြီ"
"ကျွတ်စ် ဒါတွေပြန်ပြောနေလို့ရော ဘာထူးမှာလဲကွာ"
"ငြိမ်းစိတ်ဖြေလို့ရအောင် အမှန်အတိုင်း ဖြေပေးပါလားဟင် ငြိမ်းကရူံးခဲ့ရတဲ့လူပါ ကောင်းကိုလက်လွတ်ခဲ့ရသူပါ ဒီလောက်တော့သိခွင့်ရသင့်တယ်မဟုတ်လား ကောင်းကိုဘယ်တောမှမပိုင်ရတော့မဲ့အတူ ငြိမ်းကကောင်းနှလုံးသားကိုပိုင်ခဲ့တယ်ဆိုတဲ့အသိလေးနဲ့ ကျေနပ်သွားခဲ့ချင်ပါတယ်"
ငြိမ်းကမျက်ရည်စက်လက်လေးနှင့်ဆိုလာတော့ ကောင်းခြင်းသူမကိုသနားသွားမိသည်။ မသင့်တော်မှန်းသိနေသော်လည်း..
"ကောင်းက အခုအိမ်ထောင်ကျသွားပြီဆိုတာကို ငြိမ်းလက်ခံနိုင်ဖို့ကြိုးစားသွားမှာပါ ဒါပေမဲ့ ကောင်းရဲ့စိတ်ရင်းလေးကိုတော့ ငြိမ်းကိုသိခွင့်ပေးပါလားနော် တောင်းဆိုပါတယ်"
သူမကအောက်ကျို့ခံလျက် ဆိုလာပြန်တော့ စိတ်တွေက ရူပ်ထွေးသွားသဖြင့် သက်ပြင်းသာအကြိမ်ကြိမ်ချမိသည်။
"ကိုယ်အရင်ကငြိမ်းကိုသဘောကျခဲ့ပါတယ် လက်ထပ်မဲ့မိန်းကလေးအနေနဲ့လည်း တွေးခဲ့ဖူးပါတယ်"
"ကောင်းရယ်"
သူဘာလို့ဒီစကားတွေပြောမိပါလိမ့်။ ကိုယ့်ကိုယ်ကိုယ်ရှက်ရွံ့စိတ်နှင့်အတူ မလုံမလဲဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် စကားကိုပြန်ဖာလိုက်၏။
"ဒါပေမဲ့ အခုဒါတွေကမဖြစ်ခဲ့ဘူး ကိစ္စတွေအားလုံးကတလွဲတွေဖြစ်ခဲ့တယ်ဆိုပေမဲ့ စောင့်စည်းသင့်တဲ့ကျင့်ဝတ်တွေကိုတော့ ကိုယ်တို့ချိုးဖောက်လို့မရဘူးလေငြိမ်း လိုက်နာရမဲ့လူမှုကျင့်ဝတ်တွေကို လိုက်နာဖို့လိုအပ်တယ် ဒါကြောင့် အခုချိန်မှာငြိမ်းနဲ့ကိုယ်လည်း သာမာန်မိတ်ဆွေတွေလိုပဲ သိက္ခာရှိရှိနဲ့ခင်မင်သွားတာ အကောင်းဆုံးပါပဲ"
"ငြိမ်းနားလည်ပါတယ် ကောင်းရင်ထဲကခံစားချက်တွေသိခဲ့ရတဲ့အတွက် ငြိမ်းတကယ်ဝမ်းသာပြီး ဖြေသာနိုင်သွားမှာပါ"
"ကိုယ့်ထက်ပိုကောင်းတဲ့လူတစ်ယောက်ကိုငြိမ်းရှာတွေ့သွားမှာပါ ငြိမ်းလိုမိန်းကလေးကို သဘောကျတဲ့ ယောက်ျားတွေအများကြီးရှိတာပဲလေ ငြိမ်းကသိပ်တော်တဲ့မိန်းကလေးပါ အကောင်းဆုံးတစ်ယောက်ကို ရွေးချယ်နိုင်မယ်လို့ ကိုယ်ယုံကြည်တယ်"
ကောင်းခြင်းစကားကို ငြိမ်းကေရီကဘာမှမတုန့်ပြန်ပါ။ ပြုံးရုံသာပြုံးနေ၏။ ရင်ထဲတွင်တော့ သူမကခိုင်ခိုင်မာမာပင်ဆိုနေမိသည်။
"ကောင်းခြင်းတည်မြဲဆိုတဲ့ယောက်ျားကလွဲပြီး ငြိမ်းဘယ်သူ့ကိုမှမရွေးချယ်ချင်ပါဘူး"
တကယ်တော့ငြိမ်းသည် အသိစိတ်ပျောက်ပြီး ဘာကိုမှမစဉ်းစားနိုင်ဘဲ ပြောချင်ရာတွေပြောနေသည်အထိ မူးနေသည်လည်းမဟုတ်ပါ။ သူမမှာအသိတရားတွေကောင်းကောင်းရှိပါသေးသည်။ သူမအပေါ်ထားရှိသည့်ကောင်းခြင်း၏ရင်တွင်းခံစားချက်ကိုသိချင်၍ တမင်မူရာမာယာများခဲ့ခြင်းသာ။ အခုတော့ လိုချင်သည့်အဖြေရသွား၍ သူမကျေနပ်သွားခဲ့ရသည်။
အိမ်ထောင်ကျသွားပြီဖြစ်သော်လည်း ကောင်းခြင်းကိုအိမ်ထောင်သည်အဖြစ် လက်မခံနိုင်ခဲ့သေးပါ။ သဘောကျစိတ်၊ မြတ်နိုးသည့်စိတ်နှင့် ရယူလိုစိတ်တွေက အမြစ်တွယ်နေဆဲပင်။ ထို့ကြောင့် မသင့်တော်ဘူးဟူသည့်အတွေးမျိုးကို လုံးလုံးမတွေးနိုင်တော့ဘဲ ခြေလှမ်းတွေကို ရှေ့တိုးဖို့သာ ဆုံးဖြတ်ခဲ့မိသည်။
ဆင်ခြင်တုံတရားသည် ပညာတတ်ခြင်း၊ မတတ်ခြင်းအပေါ် မမူတည်ဘူးထင်ပါသည်။ ပညာတတ်တို့ ဆင်ခြင်ဉာဏ်ကင်းမဲ့ပါက ပို၍မှားယွင်းသော လုပ်ရပ်မျိုးလုပ်တတ်၏။ ပို၍လည်း ကြောက်စရာကောင်းတတ်သည်မဟုတ်လား။ အမှားကိုမသိဘဲကျူးလွန်နေမိခြင်းထက် အမှားမှန်းသိသိလျက်နှင့် ကျူးလွန်သူက ပိုကြောက်စရာကောင်းပါသည်။
တကယ်တော့ ပညာတတ်လျက်နှင့် ပညာမဲ့သောလုပ်ရပ်မျိုးလုပ်နေခြင်းကာ လောကနိယာမအရ သိပ်တော့အထူးအဆန်းမဟုတ်ပါလေ။ တရားဟောဆရာပင် တရားပျက်တတ်သေးသည့်လောကပင်မဟုတ်လား။
ဆက်ရန်
ဆူးခတ်ပန်း
Zawgyi
"မုန္႔ဟင္းခါးတစ္ပြဲ၊ ေမတၱာျဖဴးပါ
အခ်စ္မေပါ့ေစနဲ႔...."
အပိုင္း(၄၇)
သီတင္းကြၽတ္လျပည့္ေန႔
ဤႏွစ္၏သတင္းကြၽတ္လျပည့္တြင္ေတာ့ မုန္႔ဟင္းခါးသည္အေမမိုး၏အိမ္ေလးကာ တိတ္ဆိတ္ေျခာက္ကပ္ေနခဲ့ပါသည္။ အခါတိုင္းႏွစ္ကဲ့သို႔အိမ္ျပန္မလာႏိုင္သည့္သားသမီးေတြေၾကာင့္ ဆီမီးသာလင္းၿပီးရင္တြင္းမေႏြးရသည့္သီတင္းကြၽတ္ျဖစ္ခဲ့ရပါသည္။
ေမြးစားမိဘေတြႏွင့္ဘုရားဖူးထြက္သည့္ သားႀကီးဩရသက ဖုန္းႏွင့္ပဲ လွမ္းကန္ေတာ့ႏိုင္သလို သူငယ္ခ်င္းေတြႏွင့္အလည္အပတ္ခရီးထြက္ေနသည့္ သမီးႀကီးျမတ္ကလည္းဖုန္းတစ္ေခၚသာေခၚႏိုင္ခဲ့ပါသည္။ ေမြးစားမိဘကို အခ်ိန္ေပးခ်င္သည့္သားႀကီး၏စိတ္ကိုနားလည္ေပးႏိုင္သလို ေဆးတကၠသိုလ္ေက်ာင္းသူျဖစ္ေနသည့္သမီးျမတ္ကလည္း လူငယ္ပီပီေပ်ာ္ခ်င္တာကို ေဒၚမိုးနားလည္ပါသည္။ အေမအို၏အိမ္ေလးေျခာက္ကပ္ေနျခင္းအတြက္ကိုေတာ့ ဝမ္းနည္းၿပီးစိတ္မေကာင္းျဖစ္ေနျခင္းသာ။
သားငယ္ျပည့္စုံသိန္းေက်ာ္လည္း ဘယ္ေရာက္လို႔ဘယ္ေပါက္ေနမွန္းမသိပါ။ သတင္းမၾကားရသည္ပင္ ရက္သတၱပတ္ရွိေလၿပီ။ ေခြးေလးတစ္ေကာင္ႏွင့္ အေမအိုသာရွိေသာ အိမ္အိုေလး၏ယခုႏွစ္သီတင္းကြၽတ္ညကာ တမူထူးျခားမေနေသာ္လည္း အငယ္မေလးပန္ပန္က အေမအိုႏွင့္အတူ အေဖာ္ျပဳေပး၍ ေျဖသာႏိုင္ခဲ့သည္။
"ကြၽန္ေတာ္အေမမိုးကို လာကန္ေတာ့တာပါ"
မနက္က ေကာင္းျခင္းတည္ၿမဲက မုန္႔အခ်ိဳ႕ႏွင့္အတူေငြ(၁၀)သိန္းျဖင့္ အေမမိုးကိုကန္ေတာ့ခဲ့ပါသည္။ ပန္ပန္ႏွင့္အတူလာတာမဟုတ္ဘဲ သူ႔ဘာသာသူလာကန္ေတာ့ျခင္းပင္။ ပန္ပန္ႏွင့္ ႏွစ္ေယာက္သားဆက္ဆံေရးကေတာ့ ေထြေထြထူးထူးေျပလည္သြားျခင္းမရွိပါ။ ရန္ျဖစ္စကားမ်ားလိုက္ႏွင့္ သံသရာလည္ေနသည္သာ။
"အေမ ပန္ပန္ဒီညလာအိပ္မယ္"
ညေနေရာက္ေတာ့ပန္ပန္ကေရာက္ခ်လာၿပီး ေျပာသည္။
"ညည္းေယာက္်ားကိုေျပာခဲ့ၿပီးၿပီလား"
"ေယာက္်ားလို႔မေျပာပါနဲ႔ အေမကလည္း"
"မုဒိတာပန္"
"အင္း.. ေျပာထားတယ္"
ပန္ပန္စကားေၾကာင့္ ေဒၚမိုးလည္းဘာမွမဆိုေတာ့ပါ။ ပန္ပန္က ဝမ္းဆက္တစ္စုံျဖင့္ အေမျဖစ္သူကို ကန္ေတာ့ရွာသည္။
"ေအးကြယ္.. ငါ့သမီးငယ္ေလး က်န္းမာပါေစ ခ်မ္းသာပါေစ ေဘးအႏၲရာယ္ကင္းပါေစကြယ္ မိဘအေပၚလည္းသိတတ္လိမ္မာတဲ့ကေလး ျဖစ္လာပါေစ ငယ္ေတာ့တာလည္းမဟုတ္ေတာ့လို႔ မဆိုးေတာ့နဲ႔ေနာ္ သမီးငယ္"
"ဟုတ္အေမ.. ဒါနဲ႔ မုန္႔ဖိုး ဟီးဟီး"
ဆုေပးလို႔မွမဆုံးေသး။ လက္ျဖန္႔ၿပီး မုန္႔ဖိုးေတာင္းေနေသာပန္ပန္ကို ေဒၚမိုးမ်က္ေစာင္းထိုးရင္း မုန္႔ဖိုးထုတ္ေပးလိုက္သည္။ မည္သို႔ပင္ျဖစ္ေစ အရင္ကထက္စာလွ်င္ ပန္ပန္က အသိစိတ္ဝင္လာသည့္အတြက္ စိတ္ခ်မ္းသာရသည္။ ဟိုလိုလိမ္မာလာတာမ်ိဳးမဟုတ္ေသာ္လည္း သူ႔ဘဝအတြက္ စာႀကိဳးစားရမည္ဆိုသညိ့ အသိတရားေလးဝင္လာသည္ကိုပဲ ေက်းဇူးတင္ရပါမည္။
"ပန္ပန္ကမဆိုးဘူး စာပုံမွန္လုပ္တယ္ အိမ္စာေတြလည္းၿပီးတယ္ ဒီပုံစံအတိုင္း ပုံမွန္သြားရင္ ဒီႏွစ္ေတာ့က်ိန္းေသေပါက္ေအာင္ႏိုင္တယ္"
ဆရာမဟြမ္၏စကားၾကားေတာ့ အေမတစ္ေယာက္အေနႏွင့္ပီတိျဖစ္ရပါသည္။ ပန္ပန္ကလည္း တကယ္စာလုပ္ရွာပါသည္။ အခုလည္းၾကည့္ေလ သီတင္းကြၽတ္ေတာင္မနားဘဲ စာအုပ္ေလးယူလာၿပီး အေမ့အိမ္မွာစာလုပ္ေနေတာ့သည္။
"လျပည့္ေန႔ႀကီးေတာ့ နားနားေနေနေနပါလားသမီးငယ္ရယ္"
"မေန႔ညကနားထားၿပီးၿပီဆိုေတာ့ ဒီေန႔ေတာ့ စာနည္းနည္းလုပ္ဦးမယ္အေမ ဆရာမဟြမ္က ပိတ္ရက္(၃)ရက္အတြက္ အိမ္စာေတြေပးထားတယ္ ၿပီးဖို႔မလိုေတာ့ဘူး"
"ေအးပါကြယ္ တစ္ခုခုစားခ်င္တာရွိလား အေမလုပ္ေပးမယ္"
"မစားေတာ့ပါဘူး"
အခါတိုင္း စာလုပ္ဖို႔အသံဝင္မတတ္ တိုက္တြန္းရၿပီး စာလုပ္ခ်ိန္ခ်ေပးသည့္မုန္႔ေလာက္သာ စိတ္ဝင္စားသည့္ပန္ပန္က ဒီလိုမ်ိဳးေျပာင္းလဲလာေတာ့လည္း ဝမ္းသာပီတိျဖစ္ရသည္။
"ငါ့သမီးက စာႀကိဳးႀကိဳးစားစားလုပ္ေနတာပဲ"
"ပန္ပန္ဒီႏွစ္ေအာင္မွ ျဖစ္မွာအေမရဲ႕"
ပန္ပန္ထံမွ ဒီလိုစကားမ်ိဳးၾကားရသည္မွာ အေမတစ္ေယာက္အေနႏွင့္ ဝမ္းသာၾကည္ႏူးလိုက္ရသည္ျဖစ္ျခင္း။
"အခ်ိန္တန္ေတာ့လည္း ဒီကေလးမအသိတရားဝင္လာတာပဲ ေကာင္းတယ္"
ပီတိေတြႏွင့္ ေဒၚမိုးအိပ္ရာဝင္ဖို႔ျပင္ေတာ့သည္။ သို႔ေသာ္ ေဒၚမိုး၏ၾကည္ႏူးမႈေတြက ၾကာရွည္မခံခဲ့ပါ။
"တီ.. တီ"
လျပည့္ညႀကီး အခ်ိန္မေတာ္ဖုန္းစိမ္းတစ္ခု ဝင္လာခဲ့ပါသည္။ သတင္းမၾကားရတာၾကာၿပီျဖစ္ေသာ သားငယ္ျပည့္စုံသိန္းေက်ာ္ႏွင့္ ပတ္သက္သည့္ဖုန္းျဖစ္သည္။ သို႔ေသာ္ ေကာင္းသတင္းႏွင့္ေတာ့မဟုတ္ပါ။
"ျပည္စုံသိန္းေက်ာ္ရဲ႕မိခင္ ေဒၚမိုးလားခင္ဗ်ာ"
"ဟုတ္ပါတယ္ ဘယ္သူလဲမသိဘူး"
"မူဆယ္ရဲစခန္းကဆက္တာပါ"
"ရွင္"
"ျပည့္စုံသိန္းေက်ာ္နဲ႔သူ႔သူငယ္ခ်င္းေတြက ဒီေန႔လျပည့္ည(၆)နာရီဝန္းက်င္မွာ မူး႐ူးေသာက္စားၾကရင္း အျခားအဖြဲ႕တစ္ဖြဲ႕နဲ႔ရန္ပြဲျဖစ္ခဲ့ပါတယ္ ရန္ပြဲကေတာ္ေတာ္ဆိုးပါတယ္ လူေသတဲ့အထိ ျဖစ္သြားတယ္"
ၾကားလိုက္ရသည့္စကားက ေဒၚမိုးေခါင္းကို မိုးႀကိဳးႏွင့္ပစ္လိုက္သကဲ့သို႔ပင္။ ထိတ္လန္႔ထူပူသြားၿပီး
"ကြၽန္မ.. ကြၽန္မသားဘာျဖစ္သြားေသးလဲ"
"ျပည့္စုံသိန္းေက်ာ္ကအခုေဆး႐ုံမွာပါ အသက္အႏၲရာယ္ေတာ့မရွိပါဘူး သတိလည္းရေနပါၿပီ သူတို႔အဖြဲ႕ထဲက ေကာင္ေလးတစ္ေယာက္ကပဲ အ႐ိုက္ခံရတဲ့ေခါင္းက ဒဏ္ရာျပင္းေတာ့ ေသြးထြက္လြန္ၿပီး ေသသြားရတာပါ အခုႏွစ္ဖြဲ႕လုံးကို ကြၽန္ေတာ္တို႔မူဆယ္ရဲစခန္းက ထိန္းသိမ္းထားၿပီး လိုအပ္တဲ့စစ္ေဆးမႈေတြ လုပ္ေနပါတယ္ သက္ဆိုင္ရာ မိဘအုပ္ထိန္းသူေတြကို အေၾကာင္းၾကားေပးတာပါ"
တစ္ဖက္မွစကားအဆုံးတြင္ေတာ့ ေဒၚမိုးဟာ အ႐ုပ္ႀကိဳးျပတ္ပင္လဲက်သြားရေတာ့၏။ မ်က္ရည္ေတြလည္း ပိုးပိုးေပါက္ေပါက္က်လာရင္း ဘာလုပ္ရမွန္းမသိေအာင္ပင္ ေၾကာင္ေတာင္ေတာင္ျဖစ္ေနရရွာသည္။ ခဏေနေတာ့..
"ျပည့္စုံသိန္းေက်ာ္ရယ္ မင္းဘာလို႔ဒီေလာက္ေတာင္ဆိုးသြမ္းေနရလဲ အေမကိုအေသပဲသတ္ေနသလားငါ့သားရယ္"
အင့္ခနဲ႔႐ိူက္ငိုရင္း တိုးတိတ္စြာညည္းညဴမိ၏။ ပူပင္ေသာကေတြႏွင့္ ဒီအေမဟာ ခိုကိုးရာမဲ့စြာ တအိအိႏွင့္သာ ငိုေႂကြးေနမိေတာ့သည္။ သားေတာ္ေမာင္က အသက္ေဘးကင္းသည္ဟုဆိုေသာ္လည္း ေဆး႐ုံေရာက္၊ စခန္းေရာက္ႏွင့္ ျဖစ္သြားသည့္ဒီအမႈအတြက္ မိခင္တစ္ဦးဟာ ေသာကမေရာက္ဘဲေနမည္လား။
တကယ္ေရာ ေဘးကင္းရဲ႕လား။ ေထာင္မ်ားက်သြားမည္လား။ တျခားဘာေတြဆက္ျဖစ္ဦးမွာလဲ။ အေတြးမ်ားစြာျဖင့္ အေမအို၏ရင္ဟာ စိုးရိမ္ပူပင္ေတြႏွင့္ ဗေလာင္ဆူေနေတာ့၏။
"အီး.. ဟီး ဟီး"
လျပည့္ညကာ မလွပေတာ့ပါေလ။ ႐ႊန္းလက္ေနေသာလေရာင္ေတြဖုံးၿခဳံလႊမ္းထားသည့္ အိမ္ငယ္ေလးအတြင္းတြင္ေတာ့ အေမအို၏႐ိူက္သံသဲ့သဲ့ေလးကာ လြင့္ပ်ံ႕ေနေတာ့၏။ မ်က္ရည္ေတြႏွင့္ခင္းက်င္းသည့္ည၌ မိခင္အို၏ေသာကအတြက္ အဘယ္မွာေျဖေဆးရွာရမည္လဲ။
ပန္ပန္ဟာ လိုက္ကာစေလးကေန အေမငိုေႂကြးေနသည္ကို ေခ်ာင္းၾကည့္ရင္း ေတြေတြေလး ရပ္ေနမိ၏။ အေမကမေျပာေသာ္လည္း စပီကာဖြင့္ထားသည့္ဖုန္းကေန ဘာေတြျဖစ္ေနလဲဆိုတာသဲ့သဲ့ေလးၾကားေနရေတာ့ အနည္းအက်ဥ္းမွ် နားလည္လိုက္သည္။
အေမ့ကိုဘယ္လိုႏွစ္သိမ့္ေပးရမည္လဲ။ ကိုယ္တိုင္ကလည္းပါးမွာမ်က္ရည္ေတြႏွင့္ဆိုေတာ့ ဒီအတိုင္းရပ္ေငးၾကည့္ေနမိပါရဲ႕......။
ေနာက္မနက္ေစာေစာတြင္ေတာ့ အေမသည္ မုန္႔ဟင္းခါးဆိုင္ကိုပိတ္ထားရင္း ရွိသမွ်ေငြထုတ္ေလးပိုက္လ်က္ မူဆယ္ၿမိဳ႕ကို အေျပးသြားရွာပါသည္။
ေတာင္းဆိုးပလုံးဆိုးသာ ပစ္႐ိုးရွိသည္။ သားဆိုးသမီးဆိုးတို႔ကို ပစ္႐ိုးထုံးစံမွမရွိသည္ပဲေလ။ ဓားႏွင့္ထိုးေျပးလည္း ရင္မနာရက္ဘဲ ငါ့သားေလးလက္နာသြားၿပီလားဟု ေတြးပူရျခင္းကာ မိခင္ပင္ျဖစ္သည္။
...................... ..................... .......................... .........
"ၿငိမ္းအဆင္ေျပရဲ႕လား"
ေဘးခုံတြင္ ၿငိမ္းကိုေသခ်ာထိုင္ေစၿပီး ေကာင္းျခင္းေမးလိုက္ေတာ့ ၿငိမ္းကမ်က္ႏွာေလး႐ူံ႕မဲ့ေနရင္း ညည္းညဴလ်က္ေျဖလာသည္။
"ကြၽတ္စ္.. ကြၽတ္စ္ ၿငိမ္းေခါင္းေတြေတာ္ေတာ္မူးေနတယ္ေကာင္းရယ္ ၿငိမ္းေသာက္တာမ်ားသြားၿပီထင္တယ္"
"ဒါျဖင့္လည္း ေနာက္ကိုမွီထားၿပီး နားေနေနာ္ ကိုယ္အိမ္ေရာက္ရင္ ႏိုးလိုက္မယ္"
ေကာင္းျခင္းက ဂ႐ုတစိုက္ဆိုရင္း ကားခါးပတ္ကိုပတ္လိုက္သလို သူမကိုပါပတ္ေပးလိုက္သည္။ ၿပီးေနာက္ ကားကိုသတိထားေမာင္းလာလိုက္၏။ သူကအနည္းငယ္ေသာက္ထားေသာ္လည္း သတိလြတ္ေလာက္သည္အထိေတာ့ မမူးေသးပါ။
တကယ္ကသူတို႔ႏွစ္ေယာက္အတူအျပင္ထြက္ခဲ့ျခင္းမ်ိဳးမဟုတ္ပါ။ ဒီေန႔လျပည့္ညတြင္ သူကအနားယူဖို႔ေတြးထားေသာ္လည္း ဝကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း၏လူႀကီးတစ္ေယာက္က သူ႔အိမ္၌ညစာစားဖို႔ ဖိတ္ေခၚခဲ့သည္။ ေနာက္ပိုင္းလုပ္ငန္းကိစၥေျပာဆိုဆက္ဆံရဖို႔ေတြရွိသျဖင့္ ေကာင္းျခင္းလည္းမျငင္းႏိုင္ဘဲသြားခဲ့သည္။ ထိုညစာစားပြဲ၌ ၿငိမ္းေကရီကိုပါေတြ႕လိုက္ရ၏။ လား႐ိူးေရာက္ေနမွန္းသိေတာ့ ထိုလူႀကီးက သူမကိုသီခ်င္းလာဆိုေပးဖို႔ ေခၚထားျခင္းပင္။ ၿငိမ္းကInfluencerတစ္ေယာက္ျဖစ္ေသာ္လည္း မၾကာခဏဆိုသလို cover songsေတြဆိုတတ္၏။ သူမကအသံလည္းေကာင္းသျဖင့္ အရင္ကနာမည္ႀကီးၿပီးသားသီခ်င္းေတြက versionတစ္မ်ိဳးျဖင့္ တဖန္ျပန္နာမည္ႀကီးလာခဲ့သည္။ ထို႔ေၾကာင့္ ၿငိမ္းကိုသီခ်င္းဆိုဖို႔ ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။
သူတို႔ႏွစ္ေယာက္ ညစာစားပြဲ၌ဆုံခဲ့ရသည္။ ထုံးစံအတိုင္းေသာက္စားထားတာမ်ိဳးရွိေတာ့ သူကနည္းနည္းပါးပါးသာေသာက္ေသာ္လည္း ၿငိမ္းကေတာ့ ေသာက္ေလ့ေသာက္ထ မရွိ၍ထင္ပါသည္။ အနည္းငယ္ေသာက္ၿပီး မူးသြားခဲ့သည္။ ကားေမာင္း၍အဆင္မေျပသျဖင့္ သူမကားကိုထားၿပီး သူကပဲသူ႔ကားႏွင့္ေခၚလာခဲ့ရသည္။
"ေကာင္း.. ၿငိမ္းေၾကာင့္အလုပ္႐ူပ္သြားၿပီး ေတာင္းပန္ပါတယ္ေနာ္"
မ်က္လုံးေလးမွိတ္လ်က္ေျပာလာေသာသူမစကားေၾကာင့္ ေကာင္းျခင္းတစ္ခ်က္ၿပဳံးလိုက္မိၿပီး
"ရပါတယ္ ေျပာရမဲ့လူမွမဟုတ္တာပဲ"
"ၿငိမ္းအရင္က ဒီလိုမမူးဖူးဘူး ေကာင္းကိုအားနာလိုက္တာ"
"တစ္ခါတေလျဖစ္တတ္ပါတယ္ အားနာစရာမလိုပါဘူး"
အားတုံ႔အားနာျဖစ္ေနသည့္သူမကိုသူကပဲ ျပန္ေျပာေပးေနရသည္။ ဘာစကားမွ ထပ္မထြက္လာသျဖင့္ သူၾကည့္လိုက္ေတာ့ ၿငိမ္သက္ေနသျဖင့္အိပ္ေပ်ာ္သြားၿပီ ထင္ပါသည္။ သူလည္းကားကိုသာဆက္ေမာင္းလာလိုက္သည္။ သူမအိမ္ေရွ႕ေရာက္ေတာ့မွ သူမကိုလႈပ္ႏႈိးလိုက္သည္။
"ၿငိမ္း.. အိမ္ေရာက္ၿပီ ထေတာ့"
"အင္း.. "
"ၿငိမ္း ကိုယ္ေျပာတာၾကားရဲ႕လား"
အမူးေျပေသးဟန္မတူသည့္သူမက ႐ူံ႕မဲ့ညည္းညဴရင္းပင္ မ်က္လုံးဖြင့္လာသည္။ ၿပီးေနာက္ သူ႔ကိုေတြေတြေလးၾကည့္လာၿပီး
"ၿငိမ္းတို႔အခုဘယ္ေရာက္ေနသလဲဟင္"
"ၿငိမ္းအိမ္ေရွ႕ေရာက္ေနတာပါ"
"ၿငိမ္းအိမ္ေရွ႕ဟုတ္လား ညစာစားပြဲမွာ မဟုတ္ဘူးလား ၿငိမ္းကားေရာ"
အမူးေျပေသးဟန္မရွိေသးသည့္ၿငိမ္းကိုၾကည့္ၿပီး ေကာင္းျခင္းၿပဳံးမိသည္။
"ၿငိမ္းကားကအဲ့ဒီမွာပါပဲ မနက္က်လာပို႔ေပးပါလိမ့္မယ္ ၿငိမ္းမူးေနလို႔ ကိုယ္ပဲကားေမာင္းၿပီး အိမ္ထိပို႔ေပးေနတာပါ မမွတ္မိဘူးလား"
"ဟင့္အင္း"
အူေၾကာင္ေၾကာင္ပုံစံေလးႏွင့္သူမကေခါင္းခါသည္။ ေကာင္းျခင္းလည္းၿပဳံးမိရင္းပင္ သူမခါးပတ္ကိုျဖဳတ္ေပးဖို႔ျပင္သည္။
"ကဲ.. အခုအိမ္ေရာက္ၿပီဆိုေတာ့ဆင္းရေအာင္ ကိုယ္ၿငိမ္းကိုအိမ္ထဲထိ လိုက္ပို႔ေပးမယ္"
"ေကာင္း"
ခါးပါတ္ျဖဳတ္ဖို႔လုပ္ေနသည့္သူ႔လက္ကို ႐ုတ္တရက္ၿငိမ္းကဆုပ္ကိုင္လိုက္သျဖင့္ ေကာင္းျခင္းေၾကာင္အမ္းသြားသည္။
ၿငိမ္းသည္ရီေဝေနေသာမ်က္ဝန္းေတြႏွင့္သူ႔ကိုေမာ့ေငးၾကည့္လားရင္း
"ၿငိမ္းေလ ေကာင္းနဲ႔ၿငိမ္းက စိတ္ခ်င္းနီးစပ္ေနတယ္လို႔ ထင္ခဲ့တယ္ ၿငိမ္းတို႔ခံစားခ်က္ေတြ အတူတူပဲလို႔ ယုံၾကည္ခဲ့တယ္"
"ၿငိမ္း..."
"ဒါေပမဲ့ ႐ုတ္တရက္ႀကီးေကာင္းအိမ္ေထာင္က်သြားေတာ့ ၿငိမ္းဘယ္လိုမွလက္မခံႏိုင္ေအာင္ ျဖစ္ခဲ့ရတယ္ အခုထိလည္းလက္ခံလို႔လည္းမရေသးဘူး ၿငိမ္းအရမ္းခံစားရတယ္သိလား"
"ၿငိမ္းေတာ္ေတာ္မူးေနတယ္ထင္တယ္ စကားေတြေလွ်ာက္ေျပာကုန္ၿပီ အိမ္ထဲဝင္ရေအာင္ ကိုယ္တြဲပို႔ေပးမယ္"
ေကာင္းျခင္းမ်က္ႏွာပူပူႏွင့္ဆိုရင္း ခါးပတ္ကို ျဖဳတ္ေပးၿပီးေနာက္ ကားေပၚကထြက္ဖို႔ ျပင္ေတာ့
"ေကာင္း"
သူမကသူ႔လက္ကို ဆြဲထားျပန္သည္။ ေကာင္းျခင္းအနည္းငယ္စိတ္႐ူပ္ေထြးသည့္တိုင္
"ဟင္.. ၿငိမ္းငိုေနတယ္"
သူမမ်က္ရည္က်ေနသည္ကိုျမင္လိုက္ရေတာ့ အံ့ဩသင့္သြားရသည္။ ၿငိမ္းကမ်က္ရည္ေတြ ရစ္ဝဲလ်က္ႏွင့္ပင္ သူ႔ကိုၾကည့္ေနရင္း
"ၿငိမ္း ေကာင္းကိုသေဘာက်တယ္"
ဟုဆိုလာေတာ့ သူဘာေျပာရမွန္းမသိျဖစ္သြားရၿပီး သူမကိုဒီအတိုင္းသာၾကည့္ေနမိ၏။ ၿငိမ္းကမခ်ိၿပဳံးေတြႏွင့္
"မိန္းကေလးျဖစ္ၿပီး ခံစားခ်က္ေတြကိုအရင္ဖြင့္ဟသြားမိလို႔ ၿငိမ္းကိုအထင္ေသးမယ္ဆိုလည္း အထင္ေသးလို႔ရပါတယ္"
"ကိုယ္ၿငိမ္းကိုအထင္မေသးပါဘူး ဒါေပမဲ့.."
"ေကာင္းေရာ ၿငိမ္းကိုသေဘာက်ခဲ့တာပဲ မဟုတ္လား"
ရီေဝေဝမ်က္လုံးေတြႏွင့္သူ႔ကိုၾကည့္ရင္း ၿငိမ္းကေမးလာေတာ့ေကာင္းျခင္းတကယ္ေနရခက္သြား၏။
"ၿငိမ္း.. ကိုယ့္အထင္"
"ၿငိမ္းေမးတာပဲေျဖေပးပါလားဟင္ ၿငိမ္းကိုသေဘာက်မိေသးလား အကယ္၍ ေကာင္းသာဒီလိုကိစၥရပ္ေတြေၾကာင့္ အိမ္ေထာင္မက်သြားခဲ့ရင္ ၿငိမ္းနဲ႔ဆက္ဆံေရးကို ေရွ႕တိုးဖို႔ရွိခဲ့လား"
ေကာင္းျခင္းပင့္သက္ခ်လိုက္မိၿပီး
"ကိုယ္ကအခု လူလြတ္မဟုတ္ေတာ့ဘူး ဒီလိုစကားေတြမေျပာသင့္ေတာ့ဘူးေလ ၿငိမ္းရာ"
"ဒီအတိုင္းေလးပဲ ၿငိမ္းသိခ်င္လို႔ပါ ၿငိမ္းသိခြင့္ရရင္ေက်နပ္ပါၿပီ"
"ကြၽတ္စ္ ဒါေတြျပန္ေျပာေနလို႔ေရာ ဘာထူးမွာလဲကြာ"
"ၿငိမ္းစိတ္ေျဖလို႔ရေအာင္ အမွန္အတိုင္း ေျဖေပးပါလားဟင္ ၿငိမ္းက႐ူံးခဲ့ရတဲ့လူပါ ေကာင္းကိုလက္လြတ္ခဲ့ရသူပါ ဒီေလာက္ေတာ့သိခြင့္ရသင့္တယ္မဟုတ္လား ေကာင္းကိုဘယ္ေတာမွမပိုင္ရေတာ့မဲ့အတူ ၿငိမ္းကေကာင္းႏွလုံးသားကိုပိုင္ခဲ့တယ္ဆိုတဲ့အသိေလးနဲ႔ ေက်နပ္သြားခဲ့ခ်င္ပါတယ္"
ၿငိမ္းကမ်က္ရည္စက္လက္ေလးႏွင့္ဆိုလာေတာ့ ေကာင္းျခင္းသူမကိုသနားသြားမိသည္။ မသင့္ေတာ္မွန္းသိေနေသာ္လည္း..
"ေကာင္းက အခုအိမ္ေထာင္က်သြားၿပီဆိုတာကို ၿငိမ္းလက္ခံႏိုင္ဖို႔ႀကိဳးစားသြားမွာပါ ဒါေပမဲ့ ေကာင္းရဲ႕စိတ္ရင္းေလးကိုေတာ့ ၿငိမ္းကိုသိခြင့္ေပးပါလားေနာ္ ေတာင္းဆိုပါတယ္"
သူမကေအာက္က်ိဳ႕ခံလ်က္ ဆိုလာျပန္ေတာ့ စိတ္ေတြက ႐ူပ္ေထြးသြားသျဖင့္ သက္ျပင္းသာအႀကိမ္ႀကိမ္ခ်မိသည္။
"ကိုယ္အရင္ကၿငိမ္းကိုသေဘာက်ခဲ့ပါတယ္ လက္ထပ္မဲ့မိန္းကေလးအေနနဲ႔လည္း ေတြးခဲ့ဖူးပါတယ္"
"ေကာင္းရယ္"
သူဘာလို႔ဒီစကားေတြေျပာမိပါလိမ့္။ ကိုယ့္ကိုယ္ကိုယ္ရွက္႐ြံ႕စိတ္ႏွင့္အတူ မလုံမလဲျဖစ္သြားခဲ့ရသည္။ ထို႔ေၾကာင့္ စကားကိုျပန္ဖာလိုက္၏။
"ဒါေပမဲ့ အခုဒါေတြကမျဖစ္ခဲ့ဘူး ကိစၥေတြအားလုံးကတလြဲေတြျဖစ္ခဲ့တယ္ဆိုေပမဲ့ ေစာင့္စည္းသင့္တဲ့က်င့္ဝတ္ေတြကိုေတာ့ ကိုယ္တို႔ခ်ိဳးေဖာက္လို႔မရဘူးေလၿငိမ္း လိုက္နာရမဲ့လူမႈက်င့္ဝတ္ေတြကို လိုက္နာဖို႔လိုအပ္တယ္ ဒါေၾကာင့္ အခုခ်ိန္မွာၿငိမ္းနဲ႔ကိုယ္လည္း သာမာန္မိတ္ေဆြေတြလိုပဲ သိကၡာရွိရွိနဲ႔ခင္မင္သြားတာ အေကာင္းဆုံးပါပဲ"
"ၿငိမ္းနားလည္ပါတယ္ ေကာင္းရင္ထဲကခံစားခ်က္ေတြသိခဲ့ရတဲ့အတြက္ ၿငိမ္းတကယ္ဝမ္းသာၿပီး ေျဖသာႏိုင္သြားမွာပါ"
"ကိုယ့္ထက္ပိုေကာင္းတဲ့လူတစ္ေယာက္ကိုၿငိမ္းရွာေတြ႕သြားမွာပါ ၿငိမ္းလိုမိန္းကေလးကို သေဘာက်တဲ့ ေယာက္်ားေတြအမ်ားႀကီးရွိတာပဲေလ ၿငိမ္းကသိပ္ေတာ္တဲ့မိန္းကေလးပါ အေကာင္းဆုံးတစ္ေယာက္ကို ေ႐ြးခ်ယ္ႏိုင္မယ္လို႔ ကိုယ္ယုံၾကည္တယ္"
ေကာင္းျခင္းစကားကို ၿငိမ္းေကရီကဘာမွမတုန္႔ျပန္ပါ။ ၿပဳံး႐ုံသာၿပဳံးေန၏။ ရင္ထဲတြင္ေတာ့ သူမကခိုင္ခိုင္မာမာပင္ဆိုေနမိသည္။
"ေကာင္းျခင္းတည္ၿမဲဆိုတဲ့ေယာက္်ားကလြဲၿပီး ၿငိမ္းဘယ္သူ႔ကိုမွမေ႐ြးခ်ယ္ခ်င္ပါဘူး"
တကယ္ေတာ့ၿငိမ္းသည္ အသိစိတ္ေပ်ာက္ၿပီး ဘာကိုမွမစဥ္းစားႏိုင္ဘဲ ေျပာခ်င္ရာေတြေျပာေနသည္အထိ မူးေနသည္လည္းမဟုတ္ပါ။ သူမမွာအသိတရားေတြေကာင္းေကာင္းရွိပါေသးသည္။ သူမအေပၚထားရွိသည့္ေကာင္းျခင္း၏ရင္တြင္းခံစားခ်က္ကိုသိခ်င္၍ တမင္မူရာမာယာမ်ားခဲ့ျခင္းသာ။ အခုေတာ့ လိုခ်င္သည့္အေျဖရသြား၍ သူမေက်နပ္သြားခဲ့ရသည္။
အိမ္ေထာင္က်သြားၿပီျဖစ္ေသာ္လည္း ေကာင္းျခင္းကိုအိမ္ေထာင္သည္အျဖစ္ လက္မခံႏိုင္ခဲ့ေသးပါ။ သေဘာက်စိတ္၊ ျမတ္ႏိုးသည့္စိတ္ႏွင့္ ရယူလိုစိတ္ေတြက အျမစ္တြယ္ေနဆဲပင္။ ထို႔ေၾကာင့္ မသင့္ေတာ္ဘူးဟူသည့္အေတြးမ်ိဳးကို လုံးလုံးမေတြးႏိုင္ေတာ့ဘဲ ေျခလွမ္းေတြကို ေရွ႕တိုးဖို႔သာ ဆုံးျဖတ္ခဲ့မိသည္။
ဆင္ျခင္တုံတရားသည္ ပညာတတ္ျခင္း၊ မတတ္ျခင္းအေပၚ မမူတည္ဘူးထင္ပါသည္။ ပညာတတ္တို႔ ဆင္ျခင္ဉာဏ္ကင္းမဲ့ပါက ပို၍မွားယြင္းေသာ လုပ္ရပ္မ်ိဳးလုပ္တတ္၏။ ပို၍လည္း ေၾကာက္စရာေကာင္းတတ္သည္မဟုတ္လား။ အမွားကိုမသိဘဲက်ဴးလြန္ေနမိျခင္းထက္ အမွားမွန္းသိသိလ်က္ႏွင့္ က်ဴးလြန္သူက ပိုေၾကာက္စရာေကာင္းပါသည္။
တကယ္ေတာ့ ပညာတတ္လ်က္ႏွင့္ ပညာမဲ့ေသာလုပ္ရပ္မ်ိဳးလုပ္ေနျခင္းကာ ေလာကနိယာမအရ သိပ္ေတာ့အထူးအဆန္းမဟုတ္ပါေလ။ တရားေဟာဆရာပင္ တရားပ်က္တတ္ေသးသည့္ေလာကပင္မဟုတ္လား။
ဆက္ရန္
ဆူးခတ္ပန္း