မေ့ဆေးအရှိန်နှင့် သောက်ဆေးအရှိန်၊ ထို့အပြင် နာကျင်ကိုက်ခဲနေသော ခန္ဓာကိုယ်ကြောင့် ရိပ်၏မျက်လုံးများ မှောင်ပျပျ အခန်းထဲရှိ ကုတင်ပေါ်၌ ဖွင့်ချည်ပိတ်ချည်ဖြစ်လျက်ရှိ၏။
သူ့လက်မှ ကြိုးတွေကို ရိပ် ကြိုးစားဖြတ်လျက်ရှိ၏။ နှုတ်ခမ်းနှင့် ကိုက်ဖြတ်ဖို့ ကြိုးစားလိုက်ချိန်၌ သူ့နှုတ်ခမ်းတွေက အထိမခံနိုင်အောင် ဖူးယောင်နာကျင်နေဆဲမှန်း သိလိုက်ရသည်။
နာရီဝက်နီးပါးခန့် ရိပ် သူ့အား တုပ်နှောင်ထားသည့် ကြိုးတွေကို ဖြည်နေသော်လည်း မထူး၊ သူ စိတ်လျော့ပြီး ပြန်လှဲချလိုက်ချိန်၌ အခန်းတံခါးပွင့်လာ၏။
"သခင့်အတွက် ညစာပါ၊ ညစာ စားဖို့ ကျွန်တော် ကြိုးခဏဖြည်ပေးပါ့မယ်၊ ထွက်ပြေးဖို့တော့ မတွေးပါနဲ့နော်၊ အပြင်မှာ သခင့်ကို စောင့်ဖမ်းမယ့် လူတွေ ရှိပါတယ်"
ရိပ် သူ့ရှေ့ ချပေးသည့် ထမင်းနှင့်ဟင်းကို ကြည့်လိုက်ပြီး ဇွန်းကို ကောက်ကိုင်လိုက်သည်။
"တစ်ယောက်ထဲပဲ စားချင်တယ်၊ အပြင်ထွက်တော့၊ ထွက်မပြေးဘူး"
ဒီနောက်လိုက်တွေက အရင်ကတည်းက သူ့အဖိုးကိုရော သူ့ကိုပါ ကြောက်ကြသူတွေဖြစ်သောကြောင့် ရိပ်၏ တင်းမာနေသော မျက်နှာထားကို မြင်ရချိန်၌ အရိုအသေပြုပြီး ထွက်သွားရတော့၏။
ဦးနေရိပ်တစ်ယောက် ဧည့်ခန်းထဲ၌ ငိုက်မြည်းစ ပြုလာသည်။
"ရိပ်ကို သေချာစောင့်ကြနော်၊ ထွက်မပြေးသွားစေနဲ့"
ဦးနေရိပ် သူ့လူငါးယောက်ကို အမိန့်ပေးပြီး ရိပ်ကို အပြင်ကနေ တစ်ချက်စောင့်ကြည့်လိုက်သည်။ ထိုကောင်လေး ညစာကို ငြိမ်သက်စွာ စားနေတာကြောင့် သူ သက်ပြင်းချလိုက်သည်။
သူ ဒီမြေးလေးကိုတော့ သူ့အဖေနဲ့ အစ်ကိုလို မဖြစ်စေချင်ပါပေ။ သူ့ထံ၌ ဒီမြေးတစ်ယောက်သာ ကျန်တော့သည်။ သူ့ဘေးတွင် သက်တော်စောင့်ငါးယောက်တောင် ရှိနေတာက သူ အရမ်းချမ်းသာနေလို့မဟုတ်။ သူတို့စီးပွားရေး လုံးဝပြိုလဲသွားချိန်၌ သူ့သားက ရိပ်ကို မွေးပြီး ကွယ်လွန်သွားရသည့် ချွေးမနောက်သို့ လိုက်သွားခဲ့သည်။ အကြွေးတွေဝိုင်းနေချိန်၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည့် သူ့သားအလောင်းကို မြင်ရချိန်၌ ဦးနေရိပ် အလွန်နာကျင်ခဲ့ရ၏။ အဖေ့လမ်းစဉ်အတိုင်း သူ့မြေးအကြီးကလည်း လိုက်လုပ်ချိန်၌ သူ ပိုလို့ပင် ရင်နာခဲ့ရ၏။
သူ့သားမရှိတော့သည့် ထိုအချိန်ကတည်းက ဒီလူယုံငါးယောက်က သူနဲ့ ဒီမြေးနှစ်ယောက်ဘေးမှာ ဆက်ရှိပေးနေခဲ့ကြတာ ဖြစ်သည်။ သူတို့စိတ်ရင်းနဲ့သာ ဆက်ရှိပေးနေကြသူတွေကို သူ လစာတောင် မပေးနိုင်သော်လည်း မငြိုငြင်ဘဲ သစ္စာရှိပေးခဲ့ကြတာ ဖြစ်သည်။ ပိုင်ဆိုင်မှုများကို အကြွေးအဖြစ် ထိုးဆပ်ရပြီး ဒီလူငါးယောက်နှင့်အတူ စီးပွားရေးလေး ရရာလုပ်ရရင်း အကြွေးတွေ ထပ်ဆပ်ရကာ ကလေးနှစ်ယောက်ကို ဦးနေရိပ် မွေးခဲ့ရသည်။
ရိပ်ကို မွေးရင်း သူ့အမေဆုံးရတာမို့ ဒီကလေးကို ငယ်ငယ်ကတည်းက သူ့သားက မျက်နှာတောင်မကြည့်၊ ချီတောင်မချီဖူး။ အဖေက မချစ်သည့် ဒီကလေးကို သူကိုယ်တိုင်လည်း သံယောဇဉ်မရှိ၊ ချစ်လည်းမချစ်ပေ။ သူ့အစ်ကိုဖြစ်သည့် နောင်ရိုးရိပ်ကသာ သူ့ညီကို တော်တော်လေး ချစ်ရှာတာ ဖြစ်၏။
ငယ်ငယ်ကတည်းက လူကြီးတွေ စိတ်ရှုပ်နေလည်း အရိပ်အကဲမသိ လိုက်ကပ်နေတတ်ပြီး ဂျီကျတတ်သည့် ရိပ်ထံ၌ လိမ္မာတာတစ်ခုတော့ ရှိပါ၏။ ထိုအရာကား ယောက်ျားသားတွေပဲ ရှိသည့် အိမ်မို့ ထမင်းအိုး ဟင်းအိုးကြီးတာကြောင့် ထမင်းဟင်းတွေကို ဝေပုံကျ စားကြရတာဖြစ်သည်။ လစာမပေးနိုင်သည့် ဒီလူယုံတွေကို ထမင်းဟင်းတော့ အကောင်းဆုံးမဟုတ်တောင် ဝဝလင်လင် ကျွေးနိုင်ဖို့ ဦးနေရိပ် အမြဲကြိုးစားသည်။ သိတတ်လွန်းသည့် ဒီလူတွေ စားရဖို့ကို သူ့မြေးလေးတွေ စားရဖို့ထက်ပင် သူ အလေးထားတတ်သည်။
ထိုအချိန်တိုင်း ရိပ်က သူ့ဝေစုကို သူ့အစ်ကိုကိုပဲ ကျွေးတတ်တာကို သူ သတိထားမိခဲ့သည်။ ဟင်းကောင်းကောင်းစားရသည့်ရက်တိုင်း ထိုကလေးက သူ မစားဘဲ အစ်ကိုကိုသာ မျက်နှာလုပ်လေ့ရှိ၏။ အမြဲလိုလို ဆီနဲ့ဆားနဲ့ ပဲပြုတ်နဲ့သာ နယ်ဖတ်စားတတ်ပြီး အသားဟင်းတွေကို မကြိုက်ဘူးဟု အမြဲပြောတတ်သည့် ရိပ်ကို ဦးနေရိပ် ထိုအချိန်ကတော့ တစ်ယောက်စာ သက်သာလည်း မနည်းဟု သဘောထားလိုက်ပြီး မသိချင်ယောင်ဆောင်နေလိုက်သည်။
အိမ်စေတွေမရှိတော့ကတည်းက ပန်းကန်ဆေးရသည့် တာဝန်က ဒီကလေး တာဝန်မို့ ဆေးရမည့်ပန်းကန်တွေကြား တခြားသူများ၏ပန်းကန်ထဲက အကျန်တွေကိုသာ မီးဖိုချောင်ထဲ၌ တိတ်တိတ်လေး ခိုးခိုးစားနေတတ်တာကို ဦးနေရိပ် မြင်လိုက်ရတိုင်း စိတ်တော့မကောင်းမိသော်ငြား သူ မကျွေးတာလည်း မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် လောကွတ်ချော်နေတာပဲမို့ မသိကျိုးကျွံသာ ပြုထားလိုက်တော့သည်။
ဦးနေရိပ် ခဏသွားအနားယူဖို့ သူ့အခန်းထဲသို့ ဝင်သွားသည်။
ရိပ် သူ့လက်ထဲက ဇွန်းကို ချလိုက်ပြီး သူ့ခြေထောက်က ကြိုးတွေကို အမြန်ဖြည်ပစ်လိုက်သည်။ ထို့နောက် အခန်းပြင်၌ သက်တော်စောင့်တွေ ရှိနေတာကြောင့် ပြတင်းပေါက်က ခိုးထွက်ဖို့ ကြံသည်။
သူ့ခန္ဓာကိုယ်က ရုတ်တရက်ကြီး နာကျင်လာပြန်တာကြောင့် ရိပ် ပြတင်းပေါက်ကိုတောင် မကျော်နိုင်ဖြစ်သွားကာ ခွေယိုင်သွားရသည်။ ကြည့်ရတာ တေဇ တစ်ခုခု ဖြစ်နေပြန်ပုံပင်။ ထို့ကြောင့် သူ အခန်းပြင်သို့ ဇွတ်ပြေးထွက်လိုက်မိချိန် သူ့လူတွေနဲ့ တည့်တည့်တိုးရတော့သည်။
"ဖယ်စမ်း၊ ငါ အခု အပြင်သွားရမှ ဖြစ်မယ်"
"မရပါဘူး၊ ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့"
ဧည့်ခန်းထဲက ဆူညံသံတွေကြောင့် ဦးနေရိပ် အခန်းပြင် ပြန်ထွက်လာခဲ့ကာ ရိပ် ပုန်ကန်နေတာကို မြင်လိုက်ရတာမို့ နဘန်ကျင်းပြီး ဆုံးမလိုက်ရ၏။
"မင်း တော်တော် ယောက်ျားလိုချင်နေတာလား၊ အခန်းထဲ ပြန်ဝင်စမ်း"
"ကျွန်တော် ခဏပဲ သွားပါရစေ၊ ပြီးရင် ပြန်လာပါ့မယ်"
ဦးနေရိပ် သူ့လူတွေကို ရိပ်ကို ချုပ်ခိုင်းထားကာ မီးဖိုချောင်ထဲ ဝင်သွားပြီး ဓားတစ်ချောင်း သွားယူလိုက်သည်။
"ထွက်ရဲထွက်ကြည့်၊ မင်းကို အခု ခြေမချိုးသေးဘူး၊ ခြေဖဝါးကို ဓားနဲ့ ခွဲပစ်မယ်၊ ငါ့အကြောင်းသိတယ်နော် နှောင်ကြိုးရိပ်"
သက်တော်စောင့်တွေ သခင်လေးကို ဖမ်းချုပ်ထားရရင်း ရင်တမမ ဖြစ်ရလျက်ရှိ၏။ ငယ်ငယ်ကတည်းက ဒီသခင်လေးပဲ ခဏခဏ အရိုက်ခံနေရတာ ဖြစ်သည်။
ကြမ်းပေါ်၌ ဒူးထောက်ရက်အနေအထားဖြင့် ဖိချုပ်ခံထားရသည့် ရိပ်တစ်ယောက် သူ့မျက်စိရှေ့က ဓားကို မြင်လိုက်ရချိန်၌ မကြောက်သော်လည်း ခန္ဓာကိုယ်က နာကျင်မှုကြောင့် ပုံကျသွားသည်။ သူ့ခြေဖဝါးကိုတော့ ဓားနဲ့ အခွဲမခံချင်တာကြောင့် သူ ထပ်မရုန်းတော့ပေ။
"မသွားတော့ဘူး၊ ကျွန်တော့်ကို နာအောင် ထပ်မလုပ်ပါနဲ့"
ထိုကောင်လေး ငြိမ်မှပဲ သူ ဓားကို ပြန်သိမ်းလိုက်ပြီး-
"ငါ မင်းကောင်းဖို့ လုပ်ပေးနေတာကွ၊ တေဇတို့ကို သွားမထိစမ်းပါနဲ့၊ ငါလည်း မြန်မြန်သေမှပါပဲကွာ။ အေး၊ ငါ့ကိုပါ မင်းအစ်ကိုနဲ့ မင်းအဖေလို လုပ်သွားတာ မြင်ချင်ရင် တေဇနဲ့ ယူကြည့်လိုက်"
ရိပ်၏ခန္ဓာကိုယ်ရှိ နာကျင်မှုများ ဖြည်းဖြည်းချင်း လျော့လာသည်။ သူ မျက်နှာကြက်ကိုသာ တွေတွေကြီး ငေးကြည့်နေရင်း သူ့စိတ်တွေ အားငယ်လာသည်။ သူ အခုချိန်၌ ကိုကို့ကို ဖက်ထားလိုက်ရလျှင် သူ့စိတ်တွေ နေလို့ကောင်းလာလောက်မည်။
ထို့အတွက် ကိုကိုရှိရာဆီ သူ သွားမှကို ဖြစ်မှာမို့ သူ လှဲနေရာမှ ပြန်ထထိုင်ပြီး ကြိုးတွေကို ကြိုးစားပမ်းစား ထပ်ဖြည်ပြန်သည်။ ထို့နောက် ပြတင်းပေါက်တံခါးကို အသံမကြားရအောင် ဖွင့်လိုက်ပြီး တွယ်ဆင်းသွားခဲ့သည်။ သူ ဒီတစ်ခါတော့ သူ့အဖိုးအိမ်ထဲက အောင်မြင်စွာ လွတ်မြောက်သွားခဲ့ပြီဖြစ်၏။
အပြင်ဖက်၌ ညသန်းခေါင်ကျော်နေပြီမို့ ကြောက်စရာကောင်းလောက်အောင် မှောင်ပိန်းနေသည်။ သူ ရုတ်တရက် ဘယ်ရောက်နေလဲလည်း မသိတာမို့ စမ်းတဝါးဝါး လျှောက်နေရသည်။ တဖြည်းဖြည်းနဲ့မှ သူ အခုလက်ရှိ ပုပ္ပားဖက်မှာ မဟုတ်ဘဲ ပုဂံထဲမှာ ရှိနေတာကို သိလိုက်ရ၏။ ထို့ကြောင့် သူ ပိုအားတက်သွားပြီး အမြန်လျှောက်သည်။
ပုဂံမြို့က ညနေခင်းလောက်ကတည်းက တိတ်ဆိတ်ပြီး ငြိမ်သက်သွားတတ်သည်။ ထို့အတွက် အခုလို သန်းခေါင်ရောက်ခါနီးချိန်၌ဆို ပြောဖွယ်ရာတောင် မရှိတော့။ ဆောင်းနှောင်းကာလမို့ ရာသီဥတုကလည်း အေးစိမ့်နေတာကြောင့် ရိပ် သူ့လက်နှစ်ဖက်ကို ပိုက်လိုက်မိသည်။ ခပ်ပါးပါး သူ့ရှပ်အင်္ကျီက သူ့အား ခိုက်ခိုက်တုန်စေလာသည်။
သူ အခုလို လျှောက်နေလို့ချည်းမဖြစ်တာမို့ ကားငှားဖို့ ကြိုးစားသည်။ သူ့မှာ ပိုက်ဆံအိတ်မပါလာတာမို့ အခက်တွေ့နေရတာကြောင့် ချက်ချင်းလည်း မငှားရဲသေးသလို သူ့အဖိုးလူတွေ လိုက်လာမှာလည်း စိုးတာမို့ သူ အမြန်လည်း အပြေးတစ်ပိုင်း လျှောက်နေရသည်။
ထိုအချိန်၌ သူ့ကို ကျော်ပြီး ဖြတ်မောင်းသွားသည့် ကားတစ်စီးက သူ့ရှေ့နား၌ ရပ်တန့်သွားတာကြောင့် ရိပ် ထိတ်ခနဲ ဖြစ်သွား၏။ အဖိုးလူတွေ ဖြစ်မလား အတွေးကြောင့် သူ လှည့်ပြေးဖို့ ပြင်ထားလိုက်ပြီး ကားပေါ်က ဆင်းလာသူကို သတိထားကြည့်လိုက်မိ၏။
"မင်းကို တေဇ ရှာနေတယ်၊ တက်"
အစ်ကိုသက်ခွန်းယံကို မြင်လိုက်ရချိန် ရိပ် သက်ပြင်းချနိုင်သွားခဲ့သည်။ အစ်ကို့နားကိုလည်း လျှောက်လာခဲ့မိသည်။
"ဒါဆို ကျွန်တော့်ကို စံအိမ်ဖက် ပို့ပေးခဲ့လို့ရမလား"
"အင်း"
သက်ခွန်းယံ ရိပ်ကို ကားပေါ်တင်လိုက်ပြီး ထိုနေရာမှ မောင်းထွက်ခဲ့လိုက်ကာ ရိပ်ကို ကူရှာပေးဖို့ လှမ်းပြောလာသည့် တေဇကို လှမ်းအကြောင်းကြားဖို့ လုပ်ပြီးမှ သူ့ဘေးထိုင်နေသော ရိပ်ကို လှည့်ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။
ရိပ် သူ့အစ်ကိုနဲ့ ရုပ်ချင်းဆင်သည့် အစ်ကိုသက်ခွန်းယံကို ဟိုနေ့က အထိုးခံထားရပြီးကတည်းက မခေါ်ရဲတော့တာမို့ ငြိမ်ငြိမ်လေးသာ လိုက်ပါလာခဲ့သည်။ မှောင်နေလို့ မသဲကွဲသော်ငြား တေဇရှိရာ စံအိမ်ဖက်သွားသည့်လမ်း မဟုတ်သလိုမို့-
"အစ်ကို ဘယ်ကို သွားနေတာလဲ၊ စံအိမ်ဖက် မသွားဘူးလား"
"တေဇ စံအိမ်မှာ မရှိဘူး၊ အခု သူ ရှိတဲ့နေရာကို ပို့ပေးနေတာ၊ တိတ်တိတ်လေး လိုက်ခဲ့"
ရိပ် ထပ်မပြောတော့ဘဲ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ပြီး အစ်ကို ကားရပ်သွားရာနေရာကို ကားထဲမှ ကြည့်နေမိသည်။
အစ်ကို သူ့ဖက်ကို လျှောက်လာပြီး ကားတံခါးဖွင့်လိုက်ကာ သူ့လက်မောင်းကို ဆုပ်ကိုင်လာရင်း ဆတ်ခနဲ ကားပေါ်က ဆွဲချသည်။
"ဆင်းခဲ့"
အိမ်ထဲမှလည်း အမျိုးသားနှစ်ယောက် ထွက်လာတာကို မြင်လိုက်ရကာ သူ့အား အိမ်ထဲသို့ ထိုအမျိုးသားနှစ်ဦးက ဆွဲခေါ်သွားခဲ့ပြီး ရုတ်တရက်ကြီး တိုက်ခိုက်ထိုးကြိတ်လာကြသည်။
သက်ခွန်းယံ အိမ်ထဲဝင်လာပြီး ကြမ်းပြင်ပေါ်သို့ ပစ်လဲသွားသည့် ရိပ်၏ ဗိုက်ပေါ်သို့ သူ့ဖိနပ်ဦးဖြင့် ဖိထားလိုက်ရင်း-
"မနေ့ညက တော်တော်မှ ခံလို့ ကောင်းလိုက်ရဲ့လား၊ တေဇက ပြောတယ်၊ မင်းက virgin တဲ့၊ အဲ့ကောင် မင်းရဲ့ လူပျိုဘဝကို ဖျက်ဆီးလိုက်နိုင်လို့ ကျေနပ်နေတာ"
ရိပ်၏မျက်နှာတစ်ခုလုံး ရှက်ရွံ့မှုကြောင့် ပူနွေးသွားခဲ့ပြီး ထိုအမျိုးသား သူ့ဗိုက်ကို ဖိကြိတ်နေတာကိုတောင် သူ ပြန်မခုခံချင်တော့ဘဲ နာကျင်သွားရသည်။
"တေဇ ဘယ်မှာလဲ၊ သူ့ကို ခေါ်လိုက်"
"ဟက်၊ ငါ့သူငယ်ချင်းနားက ထွက်သွားစမ်း၊ နောင်ရိုးရိပ် နှလုံးရှိနေလို့ မင်း အဲ့ကောင်ကို ကပ်နေတာမလား၊ သူ အခု လက်ထပ်ရတော့မှာ၊ မင်းလည်း မင်းအစ်ကိုလို သူများမင်္ဂလာပွဲကို ဖြတ်ဦးမလို့လား။
တေဇက ငါ့အတွက် မခံမရပ်နိုင်လို့ လက်စားချေပေးနေတာ။ ဖြစ်နိုင်ရင် ငါ့ဇနီးလောင်းကို မုဒိမ်းကျင့်တဲ့ မင်းအစ်ကိုလုပ်တဲ့အတိုင်း မင်းကို ငါ ပြန်လုပ်ပစ်ချင်တာ၊ ဒါပေမဲ့ ငါက ယောက်ျားလေးကို စိတ်မဝင်စားလို့ တေဇက ငါ့အတွက် လုပ်ပေးခဲ့တာ၊ ရှင်းလား"
ရိပ် သူ့ဘေးကိုသာ လိုက်ကြည့်နေမိရင်း ဒီလူပြောတာတွေ ကြားတစ်ချက် မကြားတစ်ချက်။ သူ့ကို အနိုင်ကျင့်ပြီးသွားကတည်းက တေဇကို သူ မတွေ့ရတော့။ သူ လိုက်ရှာလိုက်မိသော်ငြား တေဇ ဒီမှာ မရှိလောက်ဘူးဆိုတာ ခံစားလိုက်မိသည်။
ရိပ် သူ့ဗိုက်ပေါ်က သက်ခွန်းယံ၏ခြေထောက်ကို ပိတ်ရိုက်လိုက်ပြီး ပြန်ထရပ်လိုက်သည်။ ထိုအချိန် သူ့ထံပြေးဝင်လာသော လူနှစ်ယောက်ကိုလည်း ငုံ့ရှောင်လိုက်ကာ ထိုလူနှစ်ယောက်ကို နောက်ပြန်ဆက်တိုက် ကန်ပစ်လိုက်ရသည်။
အစ်ကို သူ့နားကပ်လာချိန်၌မူ ကိုကို့မျက်နှာကြောင့်လား မသိစွာ သူ သက်ခွန်းယံကို ထိခိုက်အောင် မလုပ်ချင်။ ဒီအစ်ကို ခံစားရတာကိုလည်း နားလည်ပေးနိုင်သလို သူ့အစ်ကို မှားခဲ့တာကိုလည်း သူ သိပါ၏။
"ကျွန်တော် အစ်ကို့ကို ထိခိုက်အောင် မလုပ်ချင်ဘူး၊ ကျွန်တော့်ကို အေးဆေးလွှတ်ပေးလိုက်"
"ငါကပဲ ကျေးဇူးတောင်တင်ရတော့မှာလား၊ မင်း ယောက်ျားတွေကို ကြိုက်တယ်မလား၊ ငါ့လူနှစ်ယောက်ကို ဒီည အဖော်ပြုပေးလိုက်"
ပြောနေစဉ် တေဇဆီက ဖုန်းဝင်လာတာကြောင့် သက်ခွန်းယံတစ်ယောက် ဒေါသထွက်သွားသည့် ရိပ် ကြားအောင် ဖုန်းစပီကာပါ ဖွင့်ပြောလိုက်သည်။
"အေး၊ ငါ ခုပဲ မင်းဆီ ဆက်တော့မလို့၊ မင်းရဲ့ ကိုယ်ရံတော်လေးကို ငါ တွေ့ထားပြီးပြီ၊ အခု ငါ သူ့ကို ပညာပေးမလို့"
တေဇ သူ့အိပ်ဆောင်ထဲက ကုတင်ပေါ်မှ ဝုန်းခနဲ ထလိုက်ရင်း-
"ဘာလုပ်မလို့"
"ငါ့လူနှစ်ယောက်ဆီ ပို့ထားတယ်၊ ငါ သူ့ကို မုဒိမ်းထပ်ကျင့်ခိုင်းဦးမှာ"
"ကိုကို ကျွန်တော့်ကို လာခေါ်!!!"
ရိပ် သက်ခွန်းယံဖုန်းမချခင် အော်ပြောလိုက်မိသည်။ သူ မနေ့ညက တေဇ လုပ်ခဲ့သည့် အပြုအမူကိုပင် ထိတ်လန့်နေဆဲရှိသေးသော်ငြား သူ အမှတ်မရှိ တေဇနား ပြန်လာဖို့ ကြိုးစားမိခဲ့သည်။ အခုတော့ အဲ့လို ထပ်အဖြစ်မခံနိုင်တာမို့ သူ့ကို ထိုလူတွေ ဖမ်းမမိခင် အပြင်းအထန် ခုခံရတော့သည်။
သက်ခွန်းယံ ရိပ် ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ရပ်ကြည့်နေ၏။ သူ့အား တေဇ ဟိုးရက်က ပြောခဲ့သည်။ တေဇ ဒီကောင်လေးကို သူ့အစား ဖျက်ဆီးပေးမှာဖြစ်ကြောင်းနှင့် ဒီကောင်လေး လူတောမတိုးနိုင်အောင် အနှိမ်ခံ၊ အနင်းခံ၊ အငယ်အနှောင်းအဖြစ် ရိပ်၏ တက်လမ်းကို အညွှန့်ချိုးပစ်ချင်တာဖြစ်ကြောင်း ပြောပြလာတာမို့ သူ ကျေနပ်သွားခဲ့ရတာဖြစ်သည်။ နောင်ရိုးရိပ်ကို မလုပ်ခဲ့လိုက်ရသမျှတွေကို သူတို့ နှောင်ကြိုးရိပ်ကို လုပ်ပစ်ချင်ကြတာပင်။
ရိပ် ထိုလူနှစ်ယောက်၏ ဂွကြားကို ကန်ပစ်လိုက်ပြီး အိမ်ရှေ့သို့ တရှိန်ထိုး ပြေးထွက်လာခဲ့ချိန် သူ ရှာနေသည့် တေဇ ကားပေါ်က ဆင်းလာတာကို မြင်လိုက်ရသည်။
တေဇ ရိပ်ကို မြင်လိုက်ရချိန်၌ သူ ထိုကောင်လေးကို သူ့နား ဆွဲထားလိုက်မိပြီး နောက်ကလိုက်လာသည့် လူတွေကို စူးရဲစွာ စိုက်ကြည့်လျက်ရှိသည်။
"မင်းတို့တွေ သေချင်နေလို့ ငါ့အမျိုးသားကို ထိရဲတာလား"
ထိုလူနှစ်ယောက် အသင့်အနေအထား ဖြစ်သွားရကာ သက်ခွန်းယံကို အမြန်လှည့်ကြည့်လိုက်မိသည်။ သူတို့ ဒီကောင်လေးကို တေဇ၏ အမျိုးသားမှန်းမသိလို့ အခုလို လုပ်ရဲတာပင်။
တေဇ သက်ခွန်းယံ ထွက်လာတာမြင်လိုက်ချိန်၌ တောက်ခေါက်လိုက်ပြီး-
"ယံ မင်း ဒါမျိုးလုပ်တာ နောက်ဆုံးဖြစ်ပါစေ၊ သူ့ကို အပြစ်ပေးတာ၊ လက်စားချေတာကို ငါပဲ လုပ်မယ်၊ မင်း ဝင်မပါနဲ့၊ ငါ သူ့ကို တခြားသူနဲ့ မျှဝေဖို့လည်း အတွေးမရှိသေးဘူး"
တေဇ ရိပ်ကို ကားထဲသို့ ပစ်ထည့်လိုက်ပြီး ကားတံခါးကို စောင့်ပိတ်လိုက်ကာ ထိုနေရာမှ မောင်းထွက်လာခဲ့သည်။ သူ့အသားတွေ တဆတ်ဆတ်တုန်အောင်ထိ ဒေါသထွက်နေတာမို့ ကားကိုတောင် ဆက်မမောင်းနိုင်တော့။
တေဇ ကားကို လမ်းဘေးပြန်ချရပ်လိုက်ပြီး ရိပ်ထိုင်နေသည့် ကားခုံကို ဆတ်ခနဲ လျှောချပစ်လိုက်ကာ သူ ထိုကောင်လေးအား ဒေါသတကြီး ဖိနမ်းလိုက်မိသည်။
ရိပ် ရုန်းလို့မရအောင်ပါ သူ တင်းကြပ်စွာ ဖိထားပြီး-
"မင်း ငါ့လက်က ပြေးဖို့ ထပ်မစဉ်းစားနဲ့။ ကြည့်ရတာ မနေ့ညက ငါ လုပ်တာ နည်းသွားလို့ တစ်နေကုန် ပြေးနိုင်တာ ထင်တယ်၊ အိမ်ရောက်ရင် ဒီည အိပ်ဖို့ မစဉ်းစားနဲ့တော့"
"ငါ့ကို အဲ့လိုလုပ်ရရင် မင်းရဲ့ အမုန်းတွေ လျော့သွားမှာလား"
"ငါ့အမုန်းတွေက မင်းပါ နောင်ရိုးရိပ်လို စိတ်ဆင်းရဲပြီး သေသွားမှ လျော့မှာ"
တေဇ ရိပ်ကို နောက်တစ်ကြိမ် ချုပ်နမ်းရင်း သူ့ဒေါသတွေကို ဖြေလျှော့နေမိသည်။ ရိပ်က ပထမတစ်ကြိမ်လို ရုန်းကန်ခြင်းမရှိတာမို့ ထိန်းရ မခက်။ တေဇ ရိပ်၏ လက်မောင်းများကို ဖြစ်ညှစ်ထားရင်း ရိပ်၏ နှုတ်ခမ်းနှင့် လျှာတွေကို စိတ်ကြိုက် ခြယ်လှယ် နမ်းရှိုက်လျက်ရှိသည်။
ရိပ်၏ ပါးပြင်ပေါ် မျက်ရည်စက်တချို့ စီးကျလာသည်။ မနေ့ညက အဆိုးဆုံးအခြေအနေကိုတောင် သူ ကြုံလိုက်ရပြီးပြီမို့ မရုန်းမိတော့ပေ။
တေဇ၏ အမုန်းတွေကို သူ ခံနိုင်လောက်မည် ထင်ခဲ့လို့ ရိပ် ဒီအမျိုးသားဆီ ချဉ်းကပ်လာခဲ့မိသော်ငြား သူ သေမှ ကျေနပ်မည့်အထိ အမုန်းတွေကို တေဇဆီ၌ သေချာ မြင်လိုက်ရချိန်၌ သူ့နှလုံးသားတွေ အလွန်နာကျင်နေရပါသည်။
________________________
3.12.2023
[Zawgyi]
ေမ့ေဆးအရွိန္ႏွင့္ ေသာက္ေဆးအရွိန္၊ ထို႔အျပင္ နာက်င္ကိုက္ခဲေနေသာ ခႏၶာကိုယ္ေၾကာင့္ ရိပ္၏မ်က္လုံးမ်ား ေမွာင္ပ်ပ် အခန္းထဲရွိ ကုတင္ေပၚ၌ ဖြင့္ခ်ည္ပိတ္ခ်ည္ျဖစ္လ်က္ရွိ၏။
သူ႕လက္မွ ႀကိဳးေတြကို ရိပ္ ႀကိဳးစားျဖတ္လ်က္ရွိ၏။ ႏႈတ္ခမ္းႏွင့္ ကိုက္ျဖတ္ဖို႔ ႀကိဳးစားလိုက္ခ်ိန္၌ သူ႕ႏႈတ္ခမ္းေတြက အထိမခံနိုင္ေအာင္ ဖူးေယာင္နာက်င္ေနဆဲမွန္း သိလိုက္ရသည္။
နာရီဝက္နီးပါးခန႔္ ရိပ္ သူ႕အား တုပ္ေႏွာင္ထားသည့္ ႀကိဳးေတြကို ျဖည္ေနေသာ္လည္း မထူး၊ သူ စိတ္ေလ်ာ့ၿပီး ျပန္လွဲခ်လိဳက္ခ်ိန္၌ အခန္းတံခါးပြင့္လာ၏။
"သခင့္အတြက္ ညစာပါ၊ ညစာ စားဖို႔ ကြၽန္ေတာ္ ႀကိဳးခဏျဖည္ေပးပါ့မယ္၊ ထြက္ေျပးဖို႔ေတာ့ မေတြးပါနဲ႕ေနာ္၊ အျပင္မွာ သခင့္ကို ေစာင့္ဖမ္းမယ့္ လူေတြ ရွိပါတယ္"
ရိပ္ သူ႕ေရွ႕ ခ်ေပးသည့္ ထမင္းႏွင့္ဟင္းကို ၾကည့္လိုက္ၿပီး ဇြန္းကို ေကာက္ကိုင္လိုက္သည္။
"တစ္ေယာက္ထဲပဲ စားခ်င္တယ္၊ အျပင္ထြက္ေတာ့၊ ထြက္မေျပးဘူး"
ဒီေနာက္လိုက္ေတြက အရင္ကတည္းက သူ႕အဖိုးကိုေရာ သူ႕ကိုပါ ေၾကာက္ၾကသူေတြျဖစ္ေသာေၾကာင့္ ရိပ္၏ တင္းမာေနေသာ မ်က္ႏွာထားကို ျမင္ရခ်ိန္၌ အရိုအေသျပဳၿပီး ထြက္သြားရေတာ့၏။
ဦးေနရိပ္တစ္ေယာက္ ဧည့္ခန္းထဲ၌ ငိုက္ျမည္းစ ျပဳလာသည္။
"ရိပ္ကို ေသခ်ာေစာင့္ၾကေနာ္၊ ထြက္မေျပးသြားေစနဲ႕"
ဦးေနရိပ္ သူ႕လူငါးေယာက္ကို အမိန႔္ေပးၿပီး ရိပ္ကို အျပင္ကေန တစ္ခ်က္ေစာင့္ၾကည့္လိုက္သည္။ ထိုေကာင္ေလး ညစာကို ၿငိမ္သက္စြာ စားေနတာေၾကာင့္ သူ သက္ျပင္းခ်လိဳက္သည္။
သူ ဒီေျမးေလးကိုေတာ့ သူ႕အေဖနဲ႕ အစ္ကိုလို မျဖစ္ေစခ်င္ပါေပ။ သူ႕ထံ၌ ဒီေျမးတစ္ေယာက္သာ က်န္ေတာ့သည္။ သူ႕ေဘးတြင္ သက္ေတာ္ေစာင့္ငါးေယာက္ေတာင္ ရွိေနတာက သူ အရမ္းခ်မ္းသာေနလို႔မဟုတ္။ သူတို႔စီးပြားေရး လုံးဝၿပိဳလဲသြားခ်ိန္၌ သူ႕သားက ရိပ္ကို ေမြးၿပီး ကြယ္လြန္သြားရသည့္ ေခြၽးမေနာက္သို႔ လိုက္သြားခဲ့သည္။ အေႂကြးေတြဝိုင္းေနခ်ိန္၌ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သြားခဲ့သည့္ သူ႕သားအေလာင္းကို ျမင္ရခ်ိန္၌ ဦးေနရိပ္ အလြန္နာက်င္ခဲ့ရ၏။ အေဖ့လမ္းစဥ္အတိုင္း သူ႕ေျမးအႀကီးကလည္း လိုက္လုပ္ခ်ိန္၌ သူ ပိုလို႔ပင္ ရင္နာခဲ့ရ၏။
သူ႕သားမရွိေတာ့သည့္ ထိုအခ်ိန္ကတည္းက ဒီလူယုံငါးေယာက္က သူနဲ႕ ဒီေျမးႏွစ္ေယာက္ေဘးမွာ ဆက္ရွိေပးေနခဲ့ၾကတာ ျဖစ္သည္။ သူတို႔စိတ္ရင္းနဲ႕သာ ဆက္ရွိေပးေနၾကသူေတြကို သူ လစာေတာင္ မေပးနိုင္ေသာ္လည္း မၿငိဳျငင္ဘဲ သစၥာရွိေပးခဲ့ၾကတာ ျဖစ္သည္။ ပိုင္ဆိုင္မႈမ်ားကို အေႂကြးအျဖစ္ ထိုးဆပ္ရၿပီး ဒီလူငါးေယာက္ႏွင့္အတူ စီးပြားေရးေလး ရရာလုပ္ရရင္း အေႂကြးေတြ ထပ္ဆပ္ရကာ ကေလးႏွစ္ေယာက္ကို ဦးေနရိပ္ ေမြးခဲ့ရသည္။
ရိပ္ကို ေမြးရင္း သူ႕အေမဆုံးရတာမို႔ ဒီကေလးကို ငယ္ငယ္ကတည္းက သူ႕သားက မ်က္ႏွာေတာင္မၾကည့္၊ ခ်ီေတာင္မခ်ီဖူး။ အေဖက မခ်စ္သည့္ ဒီကေလးကို သူကိုယ္တိုင္လည္း သံေယာဇဥ္မရွိ၊ ခ်စ္လည္းမခ်စ္ေပ။ သူ႕အစ္ကိုျဖစ္သည့္ ေနာင္ရိုးရိပ္ကသာ သူ႕ညီကို ေတာ္ေတာ္ေလး ခ်စ္ရွာတာ ျဖစ္၏။
ငယ္ငယ္ကတည္းက လူႀကီးေတြ စိတ္ရႈပ္ေနလည္း အရိပ္အကဲမသိ လိုက္ကပ္ေနတတ္ၿပီး ဂ်ီက်တတ္သည့္ ရိပ္ထံ၌ လိမၼာတာတစ္ခုေတာ့ ရွိပါ၏။ ထိုအရာကား ေယာက္်ားသားေတြပဲ ရွိသည့္ အိမ္မို႔ ထမင္းအိုး ဟင္းအိုးႀကီးတာေၾကာင့္ ထမင္းဟင္းေတြကို ေဝပုံက် စားၾကရတာျဖစ္သည္။ လစာမေပးနိုင္သည့္ ဒီလူယုံေတြကို ထမင္းဟင္းေတာ့ အေကာင္းဆုံးမဟုတ္ေတာင္ ဝဝလင္လင္ ေကြၽးနိုင္ဖို႔ ဦးေနရိပ္ အၿမဲႀကိဳးစားသည္။ သိတတ္လြန္းသည့္ ဒီလူေတြ စားရဖို႔ကို သူ႕ေျမးေလးေတြ စားရဖို႔ထက္ပင္ သူ အေလးထားတတ္သည္။
ထိုအခ်ိန္တိုင္း ရိပ္က သူ႕ေဝစုကို သူ႕အစ္ကိုကိုပဲ ေကြၽးတတ္တာကို သူ သတိထားမိခဲ့သည္။ ဟင္းေကာင္းေကာင္းစားရသည့္ရက္တိုင္း ထိုကေလးက သူ မစားဘဲ အစ္ကိုကိုသာ မ်က္ႏွာလုပ္ေလ့ရွိ၏။ အၿမဲလိုလို ဆီနဲ႕ဆားနဲ႕ ပဲျပဳတ္နဲ႕သာ နယ္ဖတ္စားတတ္ၿပီး အသားဟင္းေတြကို မႀကိဳက္ဘူးဟု အၿမဲေျပာတတ္သည့္ ရိပ္ကို ဦးေနရိပ္ ထိုအခ်ိန္ကေတာ့ တစ္ေယာက္စာ သက္သာလည္း မနည္းဟု သေဘာထားလိုက္ၿပီး မသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။
အိမ္ေစေတြမရွိေတာ့ကတည္းက ပန္းကန္ေဆးရသည့္ တာဝန္က ဒီကေလး တာဝန္မို႔ ေဆးရမည့္ပန္းကန္ေတြၾကား တျခားသူမ်ား၏ပန္းကန္ထဲက အက်န္ေတြကိုသာ မီးဖိုေခ်ာင္ထဲ၌ တိတ္တိတ္ေလး ခိုးခိုးစားေနတတ္တာကို ဦးေနရိပ္ ျမင္လိုက္ရတိုင္း စိတ္ေတာ့မေကာင္းမိေသာ္ျငား သူ မေကြၽးတာလည္း မဟုတ္ဘဲ ကိုယ့္ဘာသာကိုယ္ ေလာကြတ္ေခ်ာ္ေနတာပဲမို႔ မသိက်ိဳးကြၽံသာ ျပဳထားလိုက္ေတာ့သည္။
ဦးေနရိပ္ ခဏသြားအနားယူဖို႔ သူ႕အခန္းထဲသို႔ ဝင္သြားသည္။
ရိပ္ သူ႕လက္ထဲက ဇြန္းကို ခ်လိဳက္ၿပီး သူ႕ေျခေထာက္က ႀကိဳးေတြကို အျမန္ျဖည္ပစ္လိုက္သည္။ ထို႔ေနာက္ အခန္းျပင္၌ သက္ေတာ္ေစာင့္ေတြ ရွိေနတာေၾကာင့္ ျပတင္းေပါက္က ခိုးထြက္ဖို႔ ႀကံသည္။
သူ႕ခႏၶာကိုယ္က ႐ုတ္တရက္ႀကီး နာက်င္လာျပန္တာေၾကာင့္ ရိပ္ ျပတင္းေပါက္ကိုေတာင္ မေက်ာ္နိုင္ျဖစ္သြားကာ ေခြယိုင္သြားရသည္။ ၾကည့္ရတာ ေတဇ တစ္ခုခု ျဖစ္ေနျပန္ပုံပင္။ ထို႔ေၾကာင့္ သူ အခန္းျပင္သို႔ ဇြတ္ေျပးထြက္လိုက္မိခ်ိန္ သူ႕လူေတြနဲ႕ တည့္တည့္တိုးရေတာ့သည္။
"ဖယ္စမ္း၊ ငါ အခု အျပင္သြားရမွ ျဖစ္မယ္"
"မရပါဘူး၊ ကြၽန္ေတာ္တို႔ကို အခက္ေတြ႕ေအာင္ မလုပ္ပါနဲ႕"
ဧည့္ခန္းထဲက ဆူညံသံေတြေၾကာင့္ ဦးေနရိပ္ အခန္းျပင္ ျပန္ထြက္လာခဲ့ကာ ရိပ္ ပုန္ကန္ေနတာကို ျမင္လိုက္ရတာမို႔ နဘန္က်င္းၿပီး ဆုံးမလိုက္ရ၏။
"မင္း ေတာ္ေတာ္ ေယာက္်ားလိုခ်င္ေနတာလား၊ အခန္းထဲ ျပန္ဝင္စမ္း"
"ကြၽန္ေတာ္ ခဏပဲ သြားပါရေစ၊ ၿပီးရင္ ျပန္လာပါ့မယ္"
ဦးေနရိပ္ သူ႕လူေတြကို ရိပ္ကို ခ်ဳပ္ခိုင္းထားကာ မီးဖိုေခ်ာင္ထဲ ဝင္သြားၿပီး ဓားတစ္ေခ်ာင္း သြားယူလိုက္သည္။
"ထြက္ရဲထြက္ၾကည့္၊ မင္းကို အခု ေျခမခ်ိဳးေသးဘူး၊ ေျခဖဝါးကို ဓားနဲ႕ ခြဲပစ္မယ္၊ ငါ့အေၾကာင္းသိတယ္ေနာ္ ေႏွာင္ႀကိဳးရိပ္"
သက္ေတာ္ေစာင့္ေတြ သခင္ေလးကို ဖမ္းခ်ဳပ္ထားရရင္း ရင္တမမ ျဖစ္ရလ်က္ရွိ၏။ ငယ္ငယ္ကတည္းက ဒီသခင္ေလးပဲ ခဏခဏ အရိုက္ခံေနရတာ ျဖစ္သည္။
ၾကမ္းေပၚ၌ ဒူးေထာက္ရက္အေနအထားျဖင့္ ဖိခ်ဳပ္ခံထားရသည့္ ရိပ္တစ္ေယာက္ သူ႕မ်က္စိေရွ႕က ဓားကို ျမင္လိုက္ရခ်ိန္၌ မေၾကာက္ေသာ္လည္း ခႏၶာကိုယ္က နာက်င္မႈေၾကာင့္ ပုံက်သြားသည္။ သူ႕ေျခဖဝါးကိုေတာ့ ဓားနဲ႕ အခြဲမခံခ်င္တာေၾကာင့္ သူ ထပ္မ႐ုန္းေတာ့ေပ။
"မသြားေတာ့ဘူး၊ ကြၽန္ေတာ့္ကို နာေအာင္ ထပ္မလုပ္ပါနဲ႕"
ထိုေကာင္ေလး ၿငိမ္မွပဲ သူ ဓားကို ျပန္သိမ္းလိုက္ၿပီး-
"ငါ မင္းေကာင္းဖို႔ လုပ္ေပးေနတာကြ၊ ေတဇတို႔ကို သြားမထိစမ္းပါနဲ႕၊ ငါလည္း ျမန္ျမန္ေသမွပါပဲကြာ။ ေအး၊ ငါ့ကိုပါ မင္းအစ္ကိုနဲ႕ မင္းအေဖလို လုပ္သြားတာ ျမင္ခ်င္ရင္ ေတဇနဲ႕ ယူၾကည့္လိုက္"
ရိပ္၏ခႏၶာကိုယ္ရွိ နာက်င္မႈမ်ား ျဖည္းျဖည္းခ်င္း ေလ်ာ့လာသည္။ သူ မ်က္ႏွာၾကက္ကိုသာ ေတြေတြႀကီး ေငးၾကည့္ေနရင္း သူ႕စိတ္ေတြ အားငယ္လာသည္။ သူ အခုခ်ိန္၌ ကိုကို႔ကို ဖက္ထားလိုက္ရလွ်င္ သူ႕စိတ္ေတြ ေနလို႔ေကာင္းလာေလာက္မည္။
ထို႔အတြက္ ကိုကိုရွိရာဆီ သူ သြားမွကို ျဖစ္မွာမို႔ သူ လွဲေနရာမွ ျပန္ထထိုင္ၿပီး ႀကိဳးေတြကို ႀကိဳးစားပမ္းစား ထပ္ျဖည္ျပန္သည္။ ထို႔ေနာက္ ျပတင္းေပါက္တံခါးကို အသံမၾကားရေအာင္ ဖြင့္လိုက္ၿပီး တြယ္ဆင္းသြားခဲ့သည္။ သူ ဒီတစ္ခါေတာ့ သူ႕အဖိုးအိမ္ထဲက ေအာင္ျမင္စြာ လြတ္ေျမာက္သြားခဲ့ၿပီျဖစ္၏။
အျပင္ဖက္၌ ညသန္းေခါင္ေက်ာ္ေနၿပီမို႔ ေၾကာက္စရာေကာင္းေလာက္ေအာင္ ေမွာင္ပိန္းေနသည္။ သူ ႐ုတ္တရက္ ဘယ္ေရာက္ေနလဲလည္း မသိတာမို႔ စမ္းတဝါးဝါး ေလွ်ာက္ေနရသည္။ တျဖည္းျဖည္းနဲ႕မွ သူ အခုလက္ရွိ ပုပၸားဖက္မွာ မဟုတ္ဘဲ ပုဂံထဲမွာ ရွိေနတာကို သိလိုက္ရ၏။ ထို႔ေၾကာင့္ သူ ပိုအားတက္သြားၿပီး အျမန္ေလွ်ာက္သည္။
ပုဂံၿမိဳ႕က ညေနခင္းေလာက္ကတည္းက တိတ္ဆိတ္ၿပီး ၿငိမ္သက္သြားတတ္သည္။ ထို႔အတြက္ အခုလို သန္းေခါင္ေရာက္ခါနီးခ်ိန္၌ဆို ေျပာဖြယ္ရာေတာင္ မရွိေတာ့။ ေဆာင္းေႏွာင္းကာလမို႔ ရာသီဥတုကလည္း ေအးစိမ့္ေနတာေၾကာင့္ ရိပ္ သူ႕လက္ႏွစ္ဖက္ကို ပိုက္လိုက္မိသည္။ ခပ္ပါးပါး သူ႕ရွပ္အကၤ်ီက သူ႕အား ခိုက္ခိုက္တုန္ေစလာသည္။
သူ အခုလို ေလွ်ာက္ေနလို႔ခ်ည္းမျဖစ္တာမို႔ ကားငွားဖို႔ ႀကိဳးစားသည္။ သူ႕မွာ ပိုက္ဆံအိတ္မပါလာတာမို႔ အခက္ေတြ႕ေနရတာေၾကာင့္ ခ်က္ခ်င္းလည္း မငွားရဲေသးသလို သူ႕အဖိုးလူေတြ လိုက္လာမွာလည္း စိုးတာမို႔ သူ အျမန္လည္း အေျပးတစ္ပိုင္း ေလွ်ာက္ေနရသည္။
ထိုအခ်ိန္၌ သူ႕ကို ေက်ာ္ၿပီး ျဖတ္ေမာင္းသြားသည့္ ကားတစ္စီးက သူ႕ေရွ႕နား၌ ရပ္တန႔္သြားတာေၾကာင့္ ရိပ္ ထိတ္ခနဲ ျဖစ္သြား၏။ အဖိုးလူေတြ ျဖစ္မလား အေတြးေၾကာင့္ သူ လွည့္ေျပးဖို႔ ျပင္ထားလိုက္ၿပီး ကားေပၚက ဆင္းလာသူကို သတိထားၾကည့္လိုက္မိ၏။
"မင္းကို ေတဇ ရွာေနတယ္၊ တက္"
အစ္ကိုသက္ခြန္းယံကို ျမင္လိုက္ရခ်ိန္ ရိပ္ သက္ျပင္းခ်နိဳင္သြားခဲ့သည္။ အစ္ကို႔နားကိုလည္း ေလွ်ာက္လာခဲ့မိသည္။
"ဒါဆို ကြၽန္ေတာ့္ကို စံအိမ္ဖက္ ပို႔ေပးခဲ့လို႔ရမလား"
"အင္း"
သက္ခြန္းယံ ရိပ္ကို ကားေပၚတင္လိုက္ၿပီး ထိုေနရာမွ ေမာင္းထြက္ခဲ့လိုက္ကာ ရိပ္ကို ကူရွာေပးဖို႔ လွမ္းေျပာလာသည့္ ေတဇကို လွမ္းအေၾကာင္းၾကားဖို႔ လုပ္ၿပီးမွ သူ႕ေဘးထိုင္ေနေသာ ရိပ္ကို လွည့္ၾကည့္လိုက္ၿပီး မဲ့ၿပဳံးၿပဳံးလိုက္သည္။
ရိပ္ သူ႕အစ္ကိုနဲ႕ ႐ုပ္ခ်င္းဆင္သည့္ အစ္ကိုသက္ခြန္းယံကို ဟိုေန႕က အထိုးခံထားရၿပီးကတည္းက မေခၚရဲေတာ့တာမို႔ ၿငိမ္ၿငိမ္ေလးသာ လိုက္ပါလာခဲ့သည္။ ေမွာင္ေနလို႔ မသဲကြဲေသာ္ျငား ေတဇရွိရာ စံအိမ္ဖက္သြားသည့္လမ္း မဟုတ္သလိုမို႔-
"အစ္ကို ဘယ္ကို သြားေနတာလဲ၊ စံအိမ္ဖက္ မသြားဘူးလား"
"ေတဇ စံအိမ္မွာ မရွိဘူး၊ အခု သူ ရွိတဲ့ေနရာကို ပို႔ေပးေနတာ၊ တိတ္တိတ္ေလး လိုက္ခဲ့"
ရိပ္ ထပ္မေျပာေတာ့ဘဲ တိတ္ဆိတ္စြာ လိုက္ပါလာခဲ့ၿပီး အစ္ကို ကားရပ္သြားရာေနရာကို ကားထဲမွ ၾကည့္ေနမိသည္။
အစ္ကို သူ႕ဖက္ကို ေလွ်ာက္လာၿပီး ကားတံခါးဖြင့္လိုက္ကာ သူ႕လက္ေမာင္းကို ဆုပ္ကိုင္လာရင္း ဆတ္ခနဲ ကားေပၚက ဆြဲခ်သည္။
"ဆင္းခဲ့"
အိမ္ထဲမွလည္း အမ်ိဳးသားႏွစ္ေယာက္ ထြက္လာတာကို ျမင္လိုက္ရကာ သူ႕အား အိမ္ထဲသို႔ ထိုအမ်ိဳးသားႏွစ္ဦးက ဆြဲေခၚသြားခဲ့ၿပီး ႐ုတ္တရက္ႀကီး တိုက္ခိုက္ထိုးႀကိတ္လာၾကသည္။
သက္ခြန္းယံ အိမ္ထဲဝင္လာၿပီး ၾကမ္းျပင္ေပၚသို႔ ပစ္လဲသြားသည့္ ရိပ္၏ ဗိုက္ေပၚသို႔ သူ႕ဖိနပ္ဦးျဖင့္ ဖိထားလိုက္ရင္း-
"မေန႕ညက ေတာ္ေတာ္မွ ခံလို႔ ေကာင္းလိုက္ရဲ႕လား၊ ေတဇက ေျပာတယ္၊ မင္းက virgin တဲ့၊ အဲ့ေကာင္ မင္းရဲ႕ လူပ်ိဳဘဝကို ဖ်က္ဆီးလိုက္နိုင္လို႔ ေက်နပ္ေနတာ"
ရိပ္၏မ်က္ႏွာတစ္ခုလုံး ရွက္႐ြံ႕မႈေၾကာင့္ ပူေႏြးသြားခဲ့ၿပီး ထိုအမ်ိဳးသား သူ႕ဗိုက္ကို ဖိႀကိတ္ေနတာကိုေတာင္ သူ ျပန္မခုခံခ်င္ေတာ့ဘဲ နာက်င္သြားရသည္။
"ေတဇ ဘယ္မွာလဲ၊ သူ႕ကို ေခၚလိုက္"
"ဟက္၊ ငါ့သူငယ္ခ်င္းနားက ထြက္သြားစမ္း၊ ေနာင္ရိုးရိပ္ ႏွလုံးရွိေနလို႔ မင္း အဲ့ေကာင္ကို ကပ္ေနတာမလား၊ သူ အခု လက္ထပ္ရေတာ့မွာ၊ မင္းလည္း မင္းအစ္ကိုလို သူမ်ားမဂၤလာပြဲကို ျဖတ္ဦးမလို႔လား။
ေတဇက ငါ့အတြက္ မခံမရပ္နိုင္လို႔ လက္စားေခ်ေပးေနတာ။ ျဖစ္နိုင္ရင္ ငါ့ဇနီးေလာင္းကို မုဒိမ္းက်င့္တဲ့ မင္းအစ္ကိုလုပ္တဲ့အတိုင္း မင္းကို ငါ ျပန္လုပ္ပစ္ခ်င္တာ၊ ဒါေပမဲ့ ငါက ေယာက္်ားေလးကို စိတ္မဝင္စားလို႔ ေတဇက ငါ့အတြက္ လုပ္ေပးခဲ့တာ၊ ရွင္းလား"
ရိပ္ သူ႕ေဘးကိုသာ လိုက္ၾကည့္ေနမိရင္း ဒီလူေျပာတာေတြ ၾကားတစ္ခ်က္ မၾကားတစ္ခ်က္။ သူ႕ကို အနိုင္က်င့္ၿပီးသြားကတည္းက ေတဇကို သူ မေတြ႕ရေတာ့။ သူ လိုက္ရွာလိုက္မိေသာ္ျငား ေတဇ ဒီမွာ မရွိေလာက္ဘူးဆိုတာ ခံစားလိုက္မိသည္။
ရိပ္ သူ႕ဗိုက္ေပၚက သက္ခြန္းယံ၏ေျခေထာက္ကို ပိတ္ရိုက္လိုက္ၿပီး ျပန္ထရပ္လိုက္သည္။ ထို႔အခ်ိန္ သူ႕ထံေျပးဝင္လာေသာ လူႏွစ္ေယာက္ကိုလည္း ငုံ႕ေရွာင္လိုက္ကာ ထိုလူႏွစ္ေယာက္ကို ေနာက္ျပန္ဆက္တိုက္ ကန္ပစ္လိုက္ရသည္။
အစ္ကို သူ႕နားကပ္လာခ်ိန္၌မူ ကိုကို႔မ်က္ႏွာေၾကာင့္လား မသိစြာ သူ သက္ခြန္းယံကို ထိခိုက္ေအာင္ မလုပ္ခ်င္။ ဒီအစ္ကို ခံစားရတာကိုလည္း နားလည္ေပးနိုင္သလို သူ႕အစ္ကို မွားခဲ့တာကိုလည္း သူ သိပါ၏။
"ကြၽန္ေတာ္ အစ္ကို႔ကို ထိခိုက္ေအာင္ မလုပ္ခ်င္ဘူး၊ ကြၽန္ေတာ့္ကို ေအးေဆးလႊတ္ေပးလိုက္"
"ငါကပဲ ေက်းဇူးေတာင္တင္ရေတာ့မွာလား၊ မင္း ေယာက္်ားေတြကို ႀကိဳက္တယ္မလား၊ ငါ့လူႏွစ္ေယာက္ကို ဒီည အေဖာ္ျပဳေပးလိုက္"
ေျပာေနစဥ္ ေတဇဆီက ဖုန္းဝင္လာတာေၾကာင့္ သက္ခြန္းယံတစ္ေယာက္ ေဒါသထြက္သြားသည့္ ရိပ္ ၾကားေအာင္ ဖုန္းစပီကာပါ ဖြင့္ေျပာလိုက္သည္။
"ေအး၊ ငါ ခုပဲ မင္းဆီ ဆက္ေတာ့မလို႔၊ မင္းရဲ႕ ကိုယ္ရံေတာ္ေလးကို ငါ ေတြ႕ထားၿပီးၿပီ၊ အခု ငါ သူ႕ကို ပညာေပးမလို႔"
ေတဇ သူ႕အိပ္ေဆာင္ထဲက ကုတင္ေပၚမွ ဝုန္းခနဲ ထလိုက္ရင္း-
"ဘာလုပ္မလို႔"
"ငါ့လူႏွစ္ေယာက္ဆီ ပို႔ထားတယ္၊ ငါ သူ႕ကို မုဒိမ္းထပ္က်င့္ခိုင္းဦးမွာ"
"ကိုကို ကြၽန္ေတာ့္ကို လာေခၚ!!!"
ရိပ္ သက္ခြန္းယံဖုန္းမခ်ခင္ ေအာ္ေျပာလိုက္မိသည္။ သူ မေန႕ညက ေတဇ လုပ္ခဲ့သည့္ အျပဳအမူကိုပင္ ထိတ္လန႔္ေနဆဲရွိေသးေသာ္ျငား သူ အမွတ္မရွိ ေတဇနား ျပန္လာဖို႔ ႀကိဳးစားမိခဲ့သည္။ အခုေတာ့ အဲ့လို ထပ္အျဖစ္မခံနိုင္တာမို႔ သူ႕ကို ထိုလူေတြ ဖမ္းမမိခင္ အျပင္းအထန္ ခုခံရေတာ့သည္။
သက္ခြန္းယံ ရိပ္ ဘယ္ေလာက္ထိ ေတာင့္ခံနိုင္မလဲ ရပ္ၾကည့္ေန၏။ သူ႕အား ေတဇ ဟိုးရက္က ေျပာခဲ့သည္။ ေတဇ ဒီေကာင္ေလးကို သူ႕အစား ဖ်က္ဆီးေပးမွာျဖစ္ေၾကာင္းႏွင့္ ဒီေကာင္ေလး လူေတာမတိုးနိုင္ေအာင္ အႏွိမ္ခံ၊ အနင္းခံ၊ အငယ္အေႏွာင္းအျဖစ္ ရိပ္၏ တက္လမ္းကို အၫႊန႔္ခ်ိဳးပစ္ခ်င္တာျဖစ္ေၾကာင္း ေျပာျပလာတာမို႔ သူ ေက်နပ္သြားခဲ့ရတာျဖစ္သည္။ ေနာင္ရိုးရိပ္ကို မလုပ္ခဲ့လိုက္ရသမွ်ေတြကို သူတို႔ ေႏွာင္ႀကိဳးရိပ္ကို လုပ္ပစ္ခ်င္ၾကတာပင္။
ရိပ္ ထိုလူႏွစ္ေယာက္၏ ဂြၾကားကို ကန္ပစ္လိုက္ၿပီး အိမ္ေရွ႕သို႔ တရွိန္ထိုး ေျပးထြက္လာခဲ့ခ်ိန္ သူ ရွာေနသည့္ ေတဇ ကားေပၚက ဆင္းလာတာကို ျမင္လိုက္ရသည္။
ေတဇ ရိပ္ကို ျမင္လိုက္ရခ်ိန္၌ သူ ထိုေကာင္ေလးကို သူ႕နား ဆြဲထားလိုက္မိၿပီး ေနာက္ကလိုက္လာသည့္ လူေတြကို စူးရဲစြာ စိုက္ၾကည့္လ်က္ရွိသည္။
"မင္းတို႔ေတြ ေသခ်င္ေနလို႔ ငါ့အမ်ိဳးသားကို ထိရဲတာလား"
ထိုလူႏွစ္ေယာက္ အသင့္အေနအထား ျဖစ္သြားရကာ သက္ခြန္းယံကို အျမန္လွည့္ၾကည့္လိုက္မိသည္။ သူတို႔ ဒီေကာင္ေလးကို ေတဇ၏ အမ်ိဳးသားမွန္းမသိလို႔ အခုလို လုပ္ရဲတာပင္။
ေတဇ သက္ခြန္းယံ ထြက္လာတာျမင္လိုက္ခ်ိန္၌ ေတာက္ေခါက္လိုက္ၿပီး-
"ယံ မင္း ဒါမ်ိဳးလုပ္တာ ေနာက္ဆုံးျဖစ္ပါေစ၊ သူ႕ကို အျပစ္ေပးတာ၊ လက္စားေခ်တာကို ငါပဲ လုပ္မယ္၊ မင္း ဝင္မပါနဲ႕၊ ငါ သူ႕ကို တျခားသူနဲ႕ မွ်ေဝဖို႔လည္း အေတြးမရွိေသးဘူး"
ေတဇ ရိပ္ကို ကားထဲသို႔ ပစ္ထည့္လိုက္ၿပီး ကားတံခါးကို ေစာင့္ပိတ္လိုက္ကာ ထိုေနရာမွ ေမာင္းထြက္လာခဲ့သည္။ သူ႕အသားေတြ တဆတ္ဆတ္တုန္ေအာင္ထိ ေဒါသထြက္ေနတာမို႔ ကားကိုေတာင္ ဆက္မေမာင္းနိုင္ေတာ့။
ေတဇ ကားကို လမ္းေဘးျပန္ခ်ရပ္လိုက္ၿပီး ရိပ္ထိုင္ေနသည့္ ကားခုံကို ဆတ္ခနဲ ေလွ်ာခ်ပစ္လိုက္ကာ သူ ထိုေကာင္ေလးအား ေဒါသတႀကီး ဖိနမ္းလိုက္မိသည္။
ရိပ္ ႐ုန္းလို႔မရေအာင္ပါ သူ တင္းၾကပ္စြာ ဖိထားၿပီး-
"မင္း ငါ့လက္က ေျပးဖို႔ ထပ္မစဥ္းစားနဲ႕။ ၾကည့္ရတာ မေန႕ညက ငါ လုပ္တာ နည္းသြားလို႔ တစ္ေနကုန္ ေျပးနိုင္တာ ထင္တယ္၊ အိမ္ေရာက္ရင္ ဒီည အိပ္ဖို႔ မစဥ္းစားနဲ႕ေတာ့"
"ငါ့ကို အဲ့လိုလုပ္ရရင္ မင္းရဲ႕ အမုန္းေတြ ေလ်ာ့သြားမွာလား"
"ငါ့အမုန္းေတြက မင္းပါ ေနာင္ရိုးရိပ္လို စိတ္ဆင္းရဲၿပီး ေသသြားမွ ေလ်ာ့မွာ"
ေတဇ ရိပ္ကို ေနာက္တစ္ႀကိမ္ ခ်ဳပ္နမ္းရင္း သူ႕ေဒါသေတြကို ေျဖေလွ်ာ့ေနမိသည္။ ရိပ္က ပထမတစ္ႀကိမ္လို ႐ုန္းကန္ျခင္းမရွိတာမို႔ ထိန္းရ မခက္။ ေတဇ ရိပ္၏ လက္ေမာင္းမ်ားကို ျဖစ္ညွစ္ထားရင္း ရိပ္၏ ႏႈတ္ခမ္းႏွင့္ လွ်ာေတြကို စိတ္ႀကိဳက္ ျခယ္လွယ္ နမ္းရွိုက္လ်က္ရွိသည္။
ရိပ္၏ ပါးျပင္ေပၚ မ်က္ရည္စက္တခ်ိဳ႕ စီးက်လာသည္။ မေန႕ညက အဆိုးဆုံးအေျခအေနကိုေတာင္ သူ ႀကဳံလိုက္ရၿပီးၿပီမို႔ မ႐ုန္းမိေတာ့ေပ။
ေတဇ၏ အမုန္းေတြကို သူ ခံနိုင္ေလာက္မည္ ထင္ခဲ့လို႔ ရိပ္ ဒီအမ်ိဳးသားဆီ ခ်ဥ္းကပ္လာခဲ့မိေသာ္ျငား သူ ေသမွ ေက်နပ္မည့္အထိ အမုန္းေတြကို ေတဇဆီ၌ ေသခ်ာ ျမင္လိုက္ရခ်ိန္၌ သူ႕ႏွလုံးသားေတြ အလြန္နာက်င္ေနရပါသည္။
________________________
3.12.2023