5.Blind Date (Ongoing)
By karrot0801
6.7K 427 126
ရှက်ရှက်နဲ့ ခေါင်းမော့ကြည့်လိုက်တော့ သူက ကျွန်တော့်လက်တွေကို စိုက်ကြည်နေခဲ့တယ် ...... #PerthChimon ရွက္ရွက္န... More
Intro (U±Z)
Part 1(U±Z)
Part-2(U±Z)
Part-3(U±Z)
Part-5(U±Z)
Part-6(U±Z)
Part-7(U±Z)
Part-8.1(U±Z)
Part-8.2(U±Z)
Part-9(U±Z)
Part-4(U±Z)
542 41 13
By karrot0801
Blind Date 🖤💛
Part-4
Unicode
" မင်းက အဲ့လိုမျိုး အကြံနဲ့ကို "
" မဟုတ်ဘူး အစ်ကို ကျွန်တော် ပြောပြမယ် နားထောင်ကြည့်ပါဦး "
မြေပေါ်မှာ ဖင်ထိုက်လျက်ကျ‌နေသည့်အနေထားနဲ့ ကိုယ့်ရှေ့မှာ ရပ်ပြီး ငုံ့ကြည့်နေတဲ့ Chi ကို ကြည့်ပြီး တစ်ခုခုကိုရှင်းပြချင်နေမိသည်။ သူဒေါသတွေ ထွက်နေတယ် ။ ကျွန်တော်ကိုလည်း ထိုးထားတာက နာကျင်တယ်လို့ သိနေတဲ့အသိအချို့က ပြနေသည်။
" ဒီကားအတွက်ပေါ့... ဒီကားး လားးး "
" အားး မဟုတ်ပါဘူး ... မလုပ်ပါနဲ့ .... Chi .. "
'ဒုန်းး ခလွမ်းး '
တားမရစွာ ၊ ကားမှန်တွေ ကွဲကြေသည့်အပြင် ကားbodyတွေ အစင်ရာ များစွာ ထင်ကျန်လေတော့သည် ။
" ဟာ .. အစ်ကို တောင်းပန်ပါတယ် အဲ့ကားက "
ပြောပြ တားနေပေမဲ့ Chiက မရပ် ၊ နောက်တခြမ်းကို ထပ်ဖျက်ဆီးဖို့ သွားတာကြောင့်
" တော်ပါတော့နော် ကျွန်တော့်ကို လုပ်ပါအစ်ကို
ကားးကိုက ချမ်းသာပေးပါ.... "
" မလုပ်ပါနဲ့ ရပ်ပါတော့နော် မလုပ်ပါနဲ့ "
အိပ်ရာပေါ်မှာ အလန့်တကြား ထအော်မိသည်အထိ
" တော်ပါသေးရဲ့ အိပ်မက် အိပ်မက်မို့ "
အိပ်မက်ထဲကအတိုင်း ကားလေးသာ ... ကားချစ်တဲ့သူမို့လား မသိအစင်ရာတွေက ပိုခံစားရလေသည် ။ အစ်ကိုက အဲ့လောက်ဒေါသကြီးနိုင်‌လား ။ အိပ်မက်ထဲမှာတော့ သူမျက်နှာက အရမ်းကို အေးစက်မာကြောနေသည်။ တကယ်ထင်မထားလောက်အောင် ကြောက်ဖို့ ကောင်းနေခဲ့သည်။
မနေ့ညက ပြိုင်ပွဲအတွက် သေသေချာချာကိုလက်ခံလိုက်ပြီးပြီဆိုတာက စိတ်တွေဆွဲပြီး အိပ်မက်တွေပါ မက်ကုန်ပြီလားး ။
ဒီ Tdဆိုတဲ့‌ကောင်က ဘာသဘောတရားနဲ့ ဒီလိုပြိုင်ပွဲမျိုးကို လုပ်တာလဲ ။ ဘာသဘောတရားနဲ့ ဒီ Blind Date ကို ဒဏ်ကြေးသက်မှတ်တာလဲ ။
တွေးကြည့်လေ နားမလည်လေပဲ ။ ဒီလို သက်မှတ်တာမျိုး ၊ ဒီလိုပြိုင်တာမျိုးက ပထမဆုံးပဲဖြစ်လိမ့်မည်။ ကောင်မလေးကို ပြိုင်လိုက်ကြတာမျိုးရှိခဲ့ကြပေမဲ့ အခုကတော့ တမူထူးခြားစွာ ။ အဲ့အတိုင်းလည်း ကိုယ်သာ နိုင်ခဲ့တာမျိုး။ အဲ့တာတွေ ငြိုးသလား။
ဒီလို တွေးစရာများတဲ့ ကစားပွဲတစ်ခုထဲ ကို ဘာမှတွေးမနေတော့ဘဲ ခြေစုံဝင်ချလိုက်ပြီး။ သူ့မှာ များများစားစား ရွေးခြယ်စရာလည်း မရှိဘူးမလား ။ အဲ့တော့ သူ ဒီနေ့ကစ ဒီတစ်ယောက်ကို ရအောင် လိုက်ကြည့်တော့မည်။
အချစ်ဘာညာက သူ့အတွက်က အနည်းငယ် Play typeဆိုသောလည်း ခုလိုယောကျာ်းလေးကို လိုက်ရမဲ့အဖြစ်ကတော့ အခက်ခဲရှိသည်။ ဒီလို တွေ့ဆုံမှု့မျိုးမှာတွေ့ဆုံရတဲ့သူမို့ တဖက်က ယောကျာ်းလေးဆန်နေရင်တောင် 100% အဖြောင့်မဟုတ်တာမို့ ရဖို့က ဖြစ်နိုင်ချေတွေ အများကြီးတော့ ရှိသည်။
ကိုယ်ခံစားချက်ထည့်နိုင်ဖိုကိုသာ စဉ်းစားရမှာ ဖြစ်သည်။ ယောကျာ်းလေးချင်း ခံစားချက်ရှိဖို့အတွက် အနားက ဟိုကောင်တွေကို အရင်စဉ်းစားကြည့်လိုက်တာ အမလေး ဆိုးရွားလိုက်တာ ။
' တော်သေးတယ် သူတို့ကို မလိုက်ခိုင်းတာပဲ '
သူတို့ထက်စာရင်တော့ ဟို အစ်ကိုက အများကြီးသာပါတယ်။ ခံစားချက်ထည့်လို့ ရနိုင်လောက်တယ် ။
' မဟုတ်သေးပါဘူး အဲ့လောက်ကြီးမှ မလိုတာ ငါ့အတွေးတွေလွန်နေပြီလားး။ အခြေနေက ကြည့်စီစဉ်သွားလိမ့်မယ် ကြုံလာတဲ့အပေါ်ကြိုးစားပြီး ငါ့ကားကိုသာ ပြန်ယူရမယ် '
ကား ယူရမယ် ... ကား ယူရမယ် ...
[ကောင်လေးတစ်ယောက်ကို ခုချိန်ကစ သူ စတင်လိုက်ပိုးပါတော့မည် ။ ]
.
.
.
" အစ်ကို ကျွန်တော် .... တံခါးဖွင့်ပေးပါဦးး "
ထ လာ နိုင်ရဲ့လားး ။ ဘဲလ်တီးတာ အသံမကြားရလို့ တံခါးကို ထုပြီး အော်တော့လည်း ရောက်မလာ ။
ဒုန်းး ဒုန်းး ဒုန်းးး
" အားး ခဏလေး .. ခဏလေးနေဦးး "
အထဲက လာတဲ့ အသံတိုးတိုးကြားရ‌တာတော့ တစ်ခုခုပဲ ။ ထင်တဲ့အတိုင်း တံခါးဖွင့်လိုက်တော့ ဂျိုင်းထောက်နဲ့ ဆံပင်တွေမှာ အမြှုပ်တွေ ၊ အင်္ကျီက ကမန်းကတန်းဝတ်ထားတာဖြစ်ပြီး ၊ မျက်လုံးထဲကို ဆပ်ပြာရည်တွေက ကျလာနေတာကြောင့် မျက်လုံးက မှေးပြီး ကြည့်နေရသည်။
" အားး ဘယ်လိုဖြစ်လို့ ခေါင်းလျှော်ရတာလဲ "
" စီးပိုင်နေပြီမို့ "
" လာ ... လာ "
လက်ထဲက အထုပ်တွေကို စားပွဲပေါ် ချထားလိုက်ပြီး Chi ကို တွဲကာ ရေချိုးခန်းထဲသို့ ။ သူ ထိုင် ခေါင်းလျှော်နေတဲ့ နေရာမှာ ပြန်ချပေးပြီးတဲ့အခါ
" အင်္ကျီ ချွတ်လိုက် "
" ဟင် "
" ခေါင်းက ဆက်လျှော်ရမယ်လေ ချွတ်လိုက် "
" မချွတ်ဘူး "
" ဟာ အစ်ကို ချွတ်မှ ရမှာပေါ့ "
" ထွက်တော့ ကိုယ့်ဘာသာပဲ ဆက်လုပ်လို့ရပြီး"
အရှေ့က ရေပန်းပိုက်ကို လိုက်စမ်းနေပြီး သူ့ဘာသာ လုပ်မယ်တဲ့။ အစက ယောကျာ်းလေးချင်ပဲဆိုပြီး အဝတ်စား ချွတ်ခိုင်းမိပေမဲ့ နောက်မှ တွေးမိတာ တစ်ခုက ဒီလိုမျိုး တခြားယောကျာ်းလေးအရှေ့မှာ ရှက်နေတာတို့ မချွတ်ရဲ့တဲ့ အခြေနေမျိုးက ဒီအစ်ကိုမှာ ဖြစ်နိုင်ချေရှိတာတာပဲလို့။ အဲ့တာနဲ့ အင်္ကျီဝတ်ထားတဲ့အတိုင်းသာ ...
" လောင်းပြီနော် ခြေထောက် ပတ်တီးဘက်ကို ဟိုခုံပေါ်တင် "
" သိပါတယ် "
သူ တင်ပြီးတာနဲ့ ရေလောင်းချပေး ။ ပြီးတော့ နောက်ထပ်တစ်ခေါက်တောင် shampooနဲ့ ထပ်လျှော်ပေးလိုက်သေးသည်။ ဆံပင်က ဆံလုံးသေးသေးနဲ့ ပျော့ပျော့လေးရယ် ။
" သုတ်ပေးရဦးမလားး "
" ရတယ် "
သူ့ဘာသာ ခုံပေါ်ထိုင်ပြီး သုတ်နေလေသည်။ မေးသာမေးရတာ ဒါမျိုးကို အမေ့တောင် လုပ်ပေးဖူးတာ မဟုတ် ။ ဒါ ကြိုးစားအားထုတ်မှု့တွေပေါ့လေ ။
" ဘာလာလုပ်တာလဲ "
" ဟာ ကျွန်တော်တို့မောင်းလာတဲ့ကားနဲ့ တိုက်မိထားတဲ့သူကို ဒီတိုင်းကြီးး ပစ်ထားလို့ ရမလားး ၊ မဟုတ်ဘူးလား "
" အပြစ်မတင်မိဘူးလေ ၊ မင်းတို့အမှားပါလို့လည်း မပြောဘူးလေ "
" ဒါပေမဲ့လည်း လုပ်ပေးရမယ်လေ မသိတဲ့သူတွေလည်း မဟုတ်ဘူး မလား ပြီးတော့ အစ်ကိုက တစ်ယောက်ထဲလေ "
" အာ့ဆိုလည်း တိုက်တဲ့သူက မင်းမှ မဟုတ်တာ "
အဲ့စကားကို ကြားတော့ ကျွန်တော် သူ့ရှေ့နားကို လျှောက်သွားကာ သူမျက်နှာနား မျက်နှာချင်းဆိုင် ကပ်လိုက်ရင်းး
" အစ်ကိုက AJကို လာစေချင်ပြီး ကျွန်တော်ကို မလာစေချင်လို့လားး "
သူကို မျက်လုံးချင်ဆိုင် မျက်တောင်မခတ်ဘဲ ဆက်ကြည့်နေတာကြောင့် သူလည်း ဘာပြန်ဖြေရမလဲ ကြောင်သွားပုံရသည်။ ပြီးမှ
" အဟမ်း .. အဟွတ် "
ချောင်းဆိုး မျက်နှာလွှဲကာ
" အဲ့လိုလည်း မဆိုလိုပါဘူး ဒီတိုင်းးပဲ မေးလိုက်တာ "
" သူတို့နှစ်ယောက်က တစ်ယာက်က ကျောင်းကို သွားတယ် တစ်ယောက်က ဘက်စကတ်ဘောကွင်းသွားတယ် ၊ ကျွန်တော်က ဒီရောက်တယ် ။ သုံးယောက်ထဲမှာ ကျွန်တော်က ဒီကို လာရတဲ့အကြောင်းရင်းက အစ်ကိုနဲ့ သိတဲ့သူက ‌ကျွန်တော်လေ ဟုတ်တယ်မလား ၊ ကားမောင်းတဲ့သူ ကားပိုင်ရှင် မဟုတ်တောင် သိနေတာမို့ ကျွန်တော်လာဖို့ပဲ ဆုံးဖြတ်လိုက်တာ ... ပြီးတော့ ... "
" ဘာဖြစ်လဲ ... "
" တော်ပြီ မနက်စာပါလာတယ် ... စားမယ်မလား "
တချက်ပြုံးပြ ထ ထွက်လာခဲ့သည်။
' သူရှက်နေတာက ကောင်းတဲ့ အခြေနေပဲမလား '
သူနားကို ကပ်ပြီး စကားပြောတာကို သေချာမကြည့်ရဲပဲရှက်နေတာက ပိုစချင်လာသလိုလိုနဲ့ တမျိုးလေးပဲ ။
*****
မနက်စောစောစီးစီးထဲက ရောက်ချလာသော Perth ... ၊ အရင်နေ့တွေနဲ့မတူ သူ့ပုံစံက ခင်မင်လာတာလား ၊ ရင်းနှီလာတာလား ၊ ခပ်တည်တည် နေတတ်တဲ့ ပုံစံလေးတောင် ပျောက်နေလေသည်။ ဒါကမှ သူ့ပုံစံ အမှန်လေးလား ။ သူအနားကိုကပ်လာရင် သူ့မျက်တောင်စိပ်စိပ်လေးတွေကို စိုက်မကြည့်နိုင်လို့ မျက်နှာ လွှဲမိတာ အခါခါ ၊ တခြားယောကျာ်းလေးနဲ့ဆို ရှက်တတ်တာမျိုးမရှိပေမဲ့ သူနဲ့တော့ ထူးခြားစွာ ... ကိုယ့်ကိုယ်ကိုယ် စမ်းစစ်တဲ့အချက်က မှန်နေပြီလားး
သူ ဝယ်လာတဲ့ မနက်စာများကို စားသောင်ပြီးခုအချိန်ထိ မပြန်ပဲရှိနေသေးတဲ့ Perth ကြောင့်
" Perth "
" ဟင် "
" မပြန်သေးဘူးလား "
" ဘာလို့ နှင်ထုတ်နေတာလဲ "
" မဟုတ်ပါဘူး ... ကျောင်းမတက်ဘူးလား "
" ဒီနေ့ အရေးကြီးတဲ့ အတန်းချိန် မရှိဘူး "
ဆိုဖာမှာ သူ့အိမ်သူရာလို ထိုင်နေပြီး TV လိုင်းတွေပြောင်းနေရင်း ဖြေလေသည်။
" အော် ပြီးတော့ ကျွန်တော် ညလာအိပ်ပေးရမလား အစ်ကို ခြေထောက်ကြည့်ရတာ အသုံပြုထားတာများလို့ ရောင်နေတယ် "
သူ ဘယ်ချိန်တုန်းက ကြည့်လိုက်တာလဲ ။
" ရပါတယ် မအိပ်ပါနဲ့ "
" အလုပ်ဘယ်နေ့ ပြန်ဆင်းမှာလဲ "
" သဘက်ခါ "
" အဆင်ပြေပါ့မလား အလုပ်ထွက်ပြီး အနားယူလိုက်ပါလား "
" ဘာနဲ့သွားစားရမလဲ "
" ကျွန်တော်ကျွေးမယ်လေ "
" ဟမ် "
" စတာ စတာ "
အတည်ပေါက်‌နဲ့နောက်နေတဲ့တစ်ယောက်ကြောင့် ဘာပြောရမှန်း မသိတော့ ။ သူနဲ့ကလည်း တိုက်ဆိုင်ပါပေတယ် ။
" ကျွန်တော် အိပ်မှာနော် "
" ဟမ် "
" အစ်ကို အမှန်တိုင်းပဲပြော တစ်ယောက်ထဲ အဆင်မပြေဘူး မလား "
" ဟို ဟို "
တစ်ယောက်ထဲက အဆင်မပြေတာတော့အမှန်တကယ်ပင် ။ ခြေထောက်ကလည်း နာတာက မပျောက် ။
" အဲ့အတိုင်းပဲ လုပ်ရအောင် ကျွန်တော် ဒီပေါ်မှာပဲ အိပ်မှာ "
သူပြောတဲ့အတိုင်းပဲပေါ့ အတင်းငြင်းနေရတာလည်း မကောင်းဘူးလေ။
" တာဝန်ကြောင့်လား"
" မဟုတ်ပါဘူး သူများဆို ဘာလို့ ဒီလိုလုပ်ပေးရမှာလဲ တိုက်တဲ့သူက ကျွန်တော်လည်း မဟုတ် "
" အဲ့တာဆို ဘာလို့လဲ "
" အစ်ကိုက ဘယ်လိုဖြေစေချင်လဲ "
တစ်မိနစ်လောက် အကြည့်ချင်းဆုံပြီးမှ ကိုယ်ပဲအရင် မျက်နှာလွှဲမိတဲ့အဖြစ်နှင့်
" မဖြေချင်လဲ ရပါ.... "
" အစ်ကို မို့လို့ပါ ကျွန်တော့်ရဲ့ VIP လေးမလား "
စကားမဆုံးခင်မှာ သူထပြောတဲ့စကားကြောင့် စက္ကန်အချို့ ရပ်သွားသလိုပင် ။ ဒီကလေးက ဘယ်ဘက်ကို ခြေလှမ်းတွေ လှမ်းချင်နေတာလဲ ။
" မေးစရာရှိတယ် ပထမဆုံးတွေ့တဲ့နေ့က မမေးခဲ့ရတာဆို ပိုမှန်မယ် "
သူကမေးလေဆိုတဲ့ အမူရာ ပြလာတဲ့အခါ
" မင်းရော ယောကျာ်းလေးတွဲတာ ၊ ကြိုက်တာ ရှိခဲ့ဖူးလား ဘာလို့ ဒီ blind Date ကို Joinဖြစ် ခဲ့တာလဲ "
" အားး ‌အမှန်တိုင်း ပြောပြရမှာလား "
" ဒါပေါ့ "
" မတွဲဖူးဘူး ... "
" Blind Date ကတော့ အစ်ကိုလိုမျိုးပဲပေါ့ "
" ဘယ်လို "
" အစ်ကို ကိုယ့်စိတ်ကိုကိုယ် စမ်းသပ်ချင်နေတယ် ဟုတ်တယ်မလား "
သူ့အမူရာတွေက အရမ်းသိသာနေလို့လား ။
" ကျွန်တော်နဲ့ စမ်းသပ်ကြည့်လို့ရတယ်နော် "
အဲ့စကားကြားရတဲ့ချိန်မှာ သူ့ကို အားနာမိသွားတယ်။ တကယ်လို့သာ သူက ယောကျာ်းလေးချင်းစိတ်ဝင်စားတဲ့သူသာဆို သူ့ ပါတနာရဖို့အတွက် ဒီမှာ သူ Joinခဲ့တာမှာ ကိုယ်စိတ်ကိုယ်တောင် အတိအလင်း မသိရသေးတဲ့ ကိုယ်နဲ့ လာတွေ့တာက သူ့အတွက် လိုချင်တဲ့ပါတနာ မရနိုင်ခဲ့ဘူးလေ။
" တောင်းပန်ပါတယ်နော် "
" ဟာ အစ်ကို ဘာလို့လဲ "
" အမှန်ဆို တကယ်ကို ယောကျာ်းလေးချင်း သဘောကျတဲ့သူနဲ့ပဲ မင်းတွေ့ခဲ့သင့်တာမလား ခုတော့ ငါ့ကြောင့် "
" No..NoNo .. အရှေ့မှာကျွန်တော်ပြော‌တယ်လေ ... ကျွန်တော်လည်း အစ်ကို့လိုပဲလို့ ... "
" ဆိုလိုတာက ... "
" ဒါက ပထမဆုံး ယောကျာ်းလေးချင်း တွေ့ဆုံဖူးတာမျိုးပါ အဲ့တာကလည်း ဒီလို အတွဲလို သဘောတရားမျိုးနဲ့ ... "
" အဲ့တာကြောင့် အစ်ကိုက အားနာတာမျိုး မရှိနဲ့... မတောင်းပန်နဲ့ ... နော် "
" ဟုတ်ပြီ အဲ့တာဆို ငါတို့က ခု ဘာတွေလဲ "
Blind Date ကပဲဆက်သွားရမှာလား ၊ ဒီနောက်ဆက်တွဲရဲ့ ခင်မင်မှု့နဲ့လား။ သူကရော ဘယ်လို သက်မှတ်နေတာမျိုးလဲ ။ ကိုယ့်လိုမျိုး သူ့စိတ်သူ စမ်းသပ်တာမျိုးဆို အဖြေပေါ်ခဲ့ပြီလားး ။
" ဘာတွေလဲ "
" ငါအရင်မေးတာလေ "
" Chi ဘာဖြစ်ချင်လဲ "
သူခေါ်ပြန်ပြီ ၊ ဒီလိုမျိုးခေါ်တာ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီ။
" ဘာဖြစ်ချင်ရမှာလဲ ၊ သိချင်တာက ဘယ်လိုရှေ့ဆက်သွားပြီး ဟို ကျန်နေတဲ့ ၇ကြိမ်ကို ဘယ်လိုဆက်လုပ်မလဲ Cancel ပြီး တစ်ယောက်တစ်ဝက် ပေးကြမလား "
ကလေးရှိက မတောင်းချင်ပေမဲ့ ကိုယ်တိုင်ကလည်း အကုန်မစိုက်နိုင်။
" ကျွန်တော့်ကို ကလေးလို့ ထင်မနေနဲ့နော် "
ဟမ် ဒီတစ်ယောက် သူ့စိတ်ထဲကို သိနေတာလားး။
" ကျွန်တော် ပေးနိုင်တယ် အစ်ကိုဖိုးပါ ပေးနိုင်တယ် ...ပြီးတော့ ကလေးလို မဆက်ဆံနဲ့နော် တစ်နှစ်ပဲကွာတာမလား‌ "
ဆိုဖာခုံကနေပါ ထလာပြီးတော့ အနားကို လာရပ်ကာ
" ထ ခဏထ "
ပြောလည်းပြော ဆွဲလည်း ထူးပေးရင် ခြေထောက်တစ်ဖက်အားပြုရပ်လိုက်ပြီးတဲ့အခါ ....
" တွေ့လား ကျွန်တော့်အရပ်ကတောင် ပိုရှည်တာ "
အဲ့ဒီအတွက် အဲ့ဒီအတွက် ခြေထောက်နာနေတဲ့ ကိုယ့်ကို ရပ်ခိုင်းတာတဲ့လားး။ သူ့ လက်နှစ်လုံလောက် ပိုရှည်တာလေးကို ပြဖို့ ။ စိတ်က အနည်းငယ် ဆတ်တဲ့သူ ပီပီ သူခြေထောက်ကို ကောင်းနေတဲ့ ခြေထောက်နဲ့ နင်းဖို့လုပ်လိုက်မိသည်။
' အ '
အနောက်က အိပ်ယာပေါ်ပြုတ်အကျမှာ သူကပါ... ထိန်းပေးရင်း တွဲပါလာတဲ့အခြေနေကို ရောက်သွားခဲ့သည်။ သူများ မကောင်းကြံတာ ကိုယ်ပြန်ခံရသလိုမျိုး ၊ အားပြုထောက်ထားတဲ့ခြေထောက်ကို မ နင်းဖို့ လုပ်မှတော့ ကိုယ်ပဲပြုတ်ကျမှာပေါ့ ။
အခုအခြေနေကတော့ ကိုယ့်ကို အပေါ်ကနေ အုပ်မိုးထားတဲ့ သူ့ ခန္ဓာကိုယ် သူ မျက်နှာ ၊ လက်မောင်းကို ထိန်းပေးထားတဲ့ သူညာဘက်လက်နဲ့ ၊ ခေါင်းနောက်ကို ထိန်းထားတဲ့ သူဘယ်ဘက်လက် ၊ ခြုံငုံပြောရရင် ကိုယ်ကို လွှမ်းခြုံထားတာမျိုးပဲ ။
ရှက်ဖို့ ကောင်းတဲ့ အခြေနေပါ။ သူ့ကို နင်းမလို့ သူက ပြန်ကယ်ထားတဲ့အပြင် သူရင်ခွင်ထဲ ရောက်နေသလို.... ။ ဒီခြားထဲ သူက ကြည့်နေသေးသည်။
" ရှေ့ဆက် ဘယ်လိုသွားမလဲဆို ဒီတိုင်းလည်း ခင်မင်မှာဖြစ်ပြီး ၊ Blind Date ကိုလည်း ဆက်သွားမယ် ဒါမှမဟုတ် ကျွန်တော်တို့ တွဲကြည့်ကြမလား ဒီ Blind Date ကာလအတွင်းမှာ "
သူမျက်ဝန်းမှာတော့ လေးလေးနက်နက်စကားတွေလို့ မြင်မိလောက်အောင် ညှို့ဓါတ်အချို့ပါနေတယ် ...
အပေါ်ကနေငုံ့ကြည့်ပြီး ပြောနေတာမို့ သူ့နှာဖူးမှာ ဆင်ဦးကင်းကလည်း ထင်းနေအောင် ပေါ်နေသည်။ ပြုတ်ကျတဲ့အရှိန်လေးကြောင့်လားမသိ မြန်နေတဲ့ နှလုံးခုန်သံတွေကလည်း ရှိနေပြန်တယ် ။ ဒီအဖြေကို ဖြေဖို့ကလည်းချက်ချင်း ခေါင်းထဲက ဘာမှ မထွက်လာ...
" အစ်ကို ကျွန်တော်တို့ တွဲကြည့်ကြမလားး "
မြန်လာပြန်ပြီ ဒီနှလုံးခုန်သံတွေ ... ကြည့်နေတဲ့ သူ့အကြည့်တွေကြောင့်လားး ၊ သူမေးနေတဲ့ သူ့စကားသံကြောင့်လား ၊ အိပ်ရာခင်းကိုတောင် လက်နဲ့ ဆွဲစုတ်လိုက်မိသည်အထိ သူ့စိတ်ထဲမှာ ပြာယာခတ်နေမိသည်။
" ဒီလိုလေ အစ်ကို တစ်ယောက်နဲ့တစ်ယောက်က ကိုယ်စိတ်ကို ကိုယ်သိချင်ကြတယ်မလား ဒီလိုတွဲကြည့်လိုက်တာ ပိုမကောင်းဘူးလားး... ဒီကာလမပြီးခင် တစ်ပတ်အလိုမှာ ... စကားပြောကြည့်ကြမယ်လေ ... တစ်ယောက်နဲ့တစ်ယောက် လုံးဝ မကြိုက်ပါဘူးး အဖြောင့်တွေပါဆိုရင်လည်း ညီအစ်ကိုလို့ ဆက်ခင်ကြတာပေါ့ ... အဲ့လိုမဟုတ်ခဲ့ရင်လည်း ကျွန်တော်တို့ တရားဝင်ချစ်သူတွေလည်း ဖြစ်သွားနိုင်တာပဲ "
ကျွန်တော့်စိတ်ရဲ့ အခက်အခဲ ဝေးခွဲမရ ဖြစ်နေတာကို ဖြေရှင်းပြလိုက်သလို စကားတွေကြောင့် ...
" ကောင်းပြီ ၊ သဘောတူတယ် "
*****
ပြိုင်ပွဲ Confirm ထားတာ တစ်ခုကလွဲပြီး ကျန်တာဘာအစီစဉ်မှ မချထားးခဲ့ပါ။ သို့သော်လည်း ခုလို့ တွဲကြည့်ကြဖို့ ပြောမိတဲ့ အခြေနေထိ ရောက်လာခဲ့သည် ။ တစ်ဖက်ကသူ Chiက ယုန်လိုဖြူစင်လွန်းနေတယ်။ သူအမူရာတွေကြည့်တာနဲ့ သူ့စိတ်ကို မြင်နေရတဲ့ထိပဲ ။ အဲ့အတွက် အရမ်းကြီး အခက်ခဲမရှိစွာ ... သူ တွဲဖို့ လက်ခံလာခဲ့တယ်။ သူ ခေါင်းညိတ်လိုက်တာနဲ့ ကျွန်တော်စိတ်ကလည်း သူ့အလိုလို Chiခေါင်းကို ဖွဖွလေး ကိုင်လိုက်ပြီးမှ ခုအနေထား သူ့အပေါ်က လေးဖက်ထောက်ထားရတဲ့ အဖြစ်ကနေ ထ လာခဲ့သည်။
Chiကတော့ ဆက်ပြီး အိပ်ရာပေါ် ပက်လက်အနေထားလေး ကျန်နေခဲ့တယ်။ ပါးဖောင်ဖောင်း ခန္ဓာကိုယ်လုံးလုံးနဲ့ သူ ။ လက်သာခံလိုက်တာ နာရွက်တွေက နီလို့ ...
" ထလေ ကိုယ့်ကောင်လေးး "
" ဟင် "
" ဘာလဲ တွဲပြီလေ အချိန်အားဖြင့် 12:02pm ..မှာ Chiနဲ့ Perth စတင် အတွဲတွေ ဖြစ်ခဲ့ပါပြီ "
" .... "
" ဟုတ်တယ်လေ ခု အချိန်ပိုင်းလေးတင် ဘာ မသိချင်ယောင်ဆောင်တာလဲ ... "
" အစ်ကို ...အစ်ကိုရေ... "
" တော်တော့ ... အရမ်းကို လွယ်ကူးတယ်နော် အဲ့ပါးစပ်က "
" လွယ်ကူတာ‌တွေ ရှိသေးတယ် ပြရဦးမလားး "
ထထိုင်ထားပြီ နေရာကနေ ပြန်ပြီးသူနားသွား နှုတ်ခမ်းကြီးး ထော်ပြလိုက်တော့ ...
" Perth ... Perth... မလာနဲ့နော် ... စောစောကပြောတာကို ပြန်ရုပ်သိမ်းလိုက်မှာနော် "
" ဟားးဟားးး "
အရမ်းဆိုးလှတဲ့အခြေနေမဟုတ်တဲ့အပြင် စနောက်ရတာလည်း ပျော်ဖို့ကောင်းနေပြန်ရော။ အနည်းဆုံးတော့ စိတ်ညစ် စိတ်အိုက်ရတာမျိုး မဟုတ်လေို့ တော်ပါသေးရဲ့....
' တီ တီတီ တီတီ... '
ဖုန်းဝင်လာတဲ့အခြေနေကြောင့် စနေတာကို ရပ်ပြီး ဖုန်းရှိ သွားခဲ့သည်။ Contact မမှတ်ထားတဲ့ မျက်နှာစိမ်း နံပတ်တစ်ခု ။
" ဟယ်လို "
" .... "
" ဟယ်လို "
ဖုန်းခေါ်ပြီး စကားက‌မပြော။
" ဟယ်လို "
စိတ်ကမရှည်တော့တာမို့ ချတော့မယ် အလုပ်တွင် တစ်ဖက်က အသံသဲ့သဲ့ ကြားလိုက်ရသည်။
" ကိုကို "
ဒီအသံက ဒီခေါ်လိုက်တဲ့အသံနဲ့တင် ဘယ်သူမှန်းတန်းသိသည်။ စိတ်က သိသကဲ့သို့ လက်ကလည်း End Call သို့ ....
ကုတင်ပေါ်မှာ ထ ထိုင်နေပြီဖြစ်တဲ့ Chi က ဘာလဲ ဘယ်သူလဲအမူရာဖြင့် ကြည့်တယ် ။ သူက မေးလာမည်တော့ မဟုတ် ။ ကိုယ်ကပဲ ဦးအောင်
" ဖုန်းမှားခေါ်တာ ထင်တယ် "
အသက်မပါတဲ့ အပြုံးဖြင့် ဖြေမိသည်။
ပြီးတော့ Blacklist ထဲ ထပ်ထည့်လိုက်တဲ့ Number တစ်ခု ။
Continue ...
Perth : ယောကျာ်းလေးချင်းလိုက်ဖို့က ခက်တယ် ၊ တကယ်ခက်တာ ။
also Perth : အစ်ကို့အိမ်မှာ အိပ်မယ်နော် ၊ အစ်ကို ..Chi ၊ တွဲကြမယ်လေ ၊ တွဲကြည့်ကြမလား ။
Me to Perth : ခက်တယ်ဆိုပြီး ရှင်ကြီး ဖလစ်နေတာက ဘာလဲ ဂျင်းထည့်နေတာလားး 😒
ဖတ်ပေးကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ် 🙆🏻‍♀️🖤💛
2:50@m
8.12.2023(Fri)
×××××
Zawgyi
'ဒုန်းး ခလွမ်းး '
ကား ယူရမယ် ... ကား ယူရမယ် ...
.
.
.
ဒုန်းး ဒုန်းး ဒုန်းးး
" အားး ခဏလေး .. ခဏလေးနေဦးး "
" စီးပိုင်နေပြီမို့ "
" လာ ... လာ "
" အင်္ကျီ ချွတ်လိုက် "
" ဟင် "
" မချွတ်ဘူး "
" သိပါတယ် "
" သုတ်ပေးရဦးမလားး "
" ရတယ် "
" ဘာလာလုပ်တာလဲ "
" အဟမ်း .. အဟွတ် "
" ဘာဖြစ်လဲ ... "
*****
" Perth "
" ဟင် "
" မပြန်သေးဘူးလား "
" ရပါတယ် မအိပ်ပါနဲ့ "
" သဘက်ခါ "
" ဘာနဲ့သွားစားရမလဲ "
" ကျွန်တော်ကျွေးမယ်လေ "
" ဟမ် "
" စတာ စတာ "
" ဟမ် "
" ဟို ဟို "
" တာဝန်ကြောင့်လား"
" အဲ့တာဆို ဘာလို့လဲ "
" မဖြေချင်လဲ ရပါ.... "
" ဒါပေါ့ "
" မတွဲဖူးဘူး ... "
" ဘယ်လို "
" တောင်းပန်ပါတယ်နော် "
" ဟာ အစ်ကို ဘာလို့လဲ "
" ဆိုလိုတာက ... "
" ဘာတွေလဲ "
" ငါအရင်မေးတာလေ "
" Chi ဘာဖြစ်ချင်လဲ "
" ဘာဖြစ်ချင်ရမှာလဲ ၊ သိချင်တာက ဘယ်လိုရှေ့ဆက်သွားပြီး ဟို ကျန်နေတဲ့ ၇ကွိမျကို ဘယ်လိုဆက်လုပ်မလဲ Cancel ပြီး တစ်ယောက်တစ်ဝက် ပေးကြမလား "
" ထ ခဏထ "
' အ '
" ကောင်းပြီ ၊ သဘောတူတယ် "
*****
" ထလေ ကိုယ့်ကောင်လေးး "
" ဟင် "
" .... "
" အစ်ကို ...အစ်ကိုရေ... "
" ဟားးဟားးး "
' တီ တီတီ တီတီ... '
" ဟယ်လို "
" .... "
" ဟယ်လို "
" ဟယ်လို "
" ကိုကို "
Continue ...
2:50@m
8.12.2023(Fri)
Continue Reading
You'll Also Like
15.3K 1.3K 17
BounPrem &OhmFluke Fanfic
306K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
11.4K 70 7
My second ship fanfic so bear with me Disclaimer: I don't own any of the characters this is dream works Thank you Tony Toretto x Layla gray
1.3K 102 21
အထူးတပ်ဖွဲ့ကအတော်ဆုံးတပ်သားတစ်ယောက်နဲ့ခါးပိုက်နှိုက်တဲ့အတက်မှာသူမတူအောင်ထူးချွန်လှတဲ့သူခိုးလေးတို့ဘယ်လိုအကြောင်းတွေကြောင့်အလုပ်အတူတူတွဲလုပ်ပြီးဖောလင်...