မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်...

By Moesattkha

138K 16K 262

ဟိုဘက် acc log ကျသွားလို့ဒီမှာပြန်တင်ပေးပါမယ်ရှင့် More

Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23) (Unicode)
Chapter (23) (Zawgyi)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chaptet (40)
Chapter (41.1)
Chapter (41.2)
Chapter (42.1)
Chapter (42.2) (Unicode)
Chapter (42.2) (Zawgyi)
Chapter (43) (Unicode)
Chapter (43) (Zawgyi )
Chapter (44) (Unicode)
Chapter (44) (Zawgyi)
Chapter (45.1)
Chapter (45.2)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chspter (59)
Chapter (60)
Chapter (61)
Chapter (62)

Chapter (46)

1.5K 196 1
By Moesattkha


( Unicode )

မုရှင်းယု မျက်လုံးများကိုဖွင့်လိုက်ပြီးနောက်မှာ အန်တီချူ၏ ဝမ်းသာသောအသံကိုကြားလိုက်ရသည် " မုရှောင်! နောက်ဆုံးတော့ မင်းနိုးလာပြီ! "

" အန်တီချူး..." မုရှင်းယုက မူးဝေနေပြီး လက်ထောက်ကာ ထထိုင်လိုက်သည်။ အန်တီချူးက သူ့ကို အလျင်အမြန် ကူလိုက်ပြီး သူ့နောက်မှာ ခေါင်းအုံးကိုထားပေးလိုက်တယ်။

" မုရှောင် ဘယ်လိုခံစားရလဲ? အဆင်မပြေတာရှိသေးလား? "

" ကျတော် ဘာဖြစ်သွားတာလဲ? " မုရှင်းယုက အနည်းငယ်မူးဝေနေပြီး သူ့မျက်နှာက ဖြူဖျော့နေသည်။

" မင်း အရမ်းပင်ပန်းပြီး စိုးရိမ်စိတ်ကြောင့် မူးလဲသွားတာ " အန်တီချူး၏မျက်လုံးတွေမှာ စိုးရိမ်မှုတွေ ပြည့်နှက်နေတယ်။

မုရှင်းယုက သူခွဲစိတ်ခန်းထဲမှာ မူးလဲသွားတာကို တွေးလိုက်မိသောအခါ သူကချက်ချင်း ကုတင်ပေါ်ကနေဆင်းချင်ပြီး " ကျတော် ယွမ်ကျိုးကိုသွားကြည့်ရမယ်! "

" မုရှောင် စိတ်မပူပါနဲ့ မစ္စတာကုက အန္တရာယ် ကင်းသွားပါပြီ " အန်တီချူက သူ့ကိုအမြန်ပြန်ဆွဲကာ ပြောလိုက်သည်။

" မဟုတ်ဘူး ကျတော်စိတ်ပူတယ် " မုရှင်းယုက ကုတင်ပေါ်ကဆင်းတော့မယ်။

ချာလီဝင်လာသောအခါတွင် အန်တီချူး တားဆီးနေသည့်ကြားမှ မုရှင်းယုသည် ကုတင်ပေါ်မှ ဆင်တော့မည်ကို သူမြင်လိုက်ရသည်။

သူက ကမန်းကတန်း ရှေ့သို့ တိုးကာ " မုရှောင်! အပျော်မလုပ်နဲ့! အီသန်ကခုထိ အိပ်ရာထဲမှာရှိနေတုန်! မင်းဆက်အိပ်နေသင့်တယ် မထင်ဘူးလာ? "

မုရှင်းယုသည် ချာလီ၏မေးခွန်းကြောင့် စကားမပြောနိုင်တော့ဘဲ ကုတင်ပေါ်ပြန်ထိုင်ကာ " ဘာလို့ဒီကိုရောက်နေတာလဲ? " သူမမေ့လဲခင်က ချာလီကိုမမြင်မိပါဘူး။

" အီသန်မှာ မတော်တဆမှုကြီးကြီးမားမားဖြစ်ခဲ့တယ်၊ မစ္စတာကုက အဲဒီအကြောင်းကြားတာနဲ့ အမြန်လာခဲ့တာ။ ငါက မစ္စတာကုနဲ့ အတူ လိုက်လာခဲ့တာ " လို့ ချာလီက ရှင်းပြတယ်။

မုရှင်းယုသည် အန်ဒရီ၏ ပြန်ပေးဆွဲခြင်းခံရကြောင်း ကုယွမ်ကျိုးသိသောအခါ၊ မစ္စတာကုကို မပြောဘဲ ချန်ဖန်းနှင့် သူ၏ကိုယ်ရံတော်များနှင့်အတူ အင်္ဂလန်သို့ အမြန်သွားခဲ့သည်။

မစ္စတာကုကို ဖုံးကွယ်ထားခဲ့ပေမယ့် ကုယွမ်ကျိုး၏ မတော်တဆမှုအပြီးမှာတော့ ဒီကိစ္စကို ဖုံးကွယ်ထားလို့ မရတော့ဘူး။

မစ္စတာကုက အရမ်းစိုးရိမ်ပြီး အင်္ဂလန်ကို လာဖို့ အခိုင်အမာပြောနေပြီး ချာလီက ကုယွမ်ကျိုးနဲ့ မစ္စတာကုကို စိတ်ပူနေတာကြောင့် မစ္စတာကုနဲ့အတူ လိုက်လာခဲ့တယ်။

" ဖိုးဖိုးက ဒီမှာလာ! " မုရှင်းယုကအပြစ်ရှိစိတ်ဝင်မိတယ်။ ကုယွမ်ကျိုး၏ ခြေထောက်များသည် ကောင်းမွန်နေပြီးဖြစ်သော်လည်း ယခု သူ့ကို ကယ်တင်ခြင်းကြောင့် ဒဏ်ရာရသွားခဲ့ရသည်။ သူ ဖိုးဖိုးကု​ကို တွေ့ရမှာ တကယ် ရှက်ရွံမိတယ်။

" စိတ်မပူပါနဲ့ မစ္စတာကုက မင်းကို အပြစ်မတင်ဘူး၊ သူက မင်းကို ကောင်းကောင်း အနားယူဖို့ ပြောတယ်၊ အီသန်က အန္တရာယ်ကင်းသွားပြီ၊ ဒါကြောင့် မင်း သူ့ကိုစိတ်ပူနေစရာမလို​တော့ဘူး " ချာလီက ဆိုတယ်။

" သိပါပြီး ကျေးဇူးတင်ပါတယ် "

" အရမ်းယဉ်ကျေးမနေပါနဲ့၊ ငါတို့က သူငယ်ချင်းကောင်းတွေဘဲ " ချာလီကရယ်တယ်။

အန်တီချုူးက ချာလီ ဒီမှာ ရှိနေတာကို မြင်တော့ စောစောက သူပြင်ဆင်ထားတဲ့ ယာဂုကို အပူပေးပြီး ယူလာလိုက်တယ်။

မုရှင်းယုပြန်ပေးဆွဲခံရချိန်မှ ယခုအချိန်ထိ သူ့တွင် ရေတစ်စက်မှသောက်ရခြင်းမရှိဘဲ သတိမေ့မြောနေချိန်တွင် အာဟာရဖြည့်စွက်ရည်များ ပေးဆောင်ထားသောကြောင့် ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှား မနေသင့်ပေ။

ယခုတော့ သူ့စိတ်တွေ တည်ငြိမ်လာကာ ဗိုက်ဆာလာတာကြောင့် ယာဂုကို စတင်စားလိုက်သည်။

" ချာလီ၊ ကျတော်နဲ့ပါလာတဲ့ ဝန်ထမ်းတွေရော အဆင်ပြေရဲ့လား?" မုရှင်းယုက ယာဂုစားနေရင်း ရုတ်တရက် လန်ယင်နဲ့ တခြားသူတွေကို တွေးမိပြီး အလျင်စလို မေးလိုက်တယ်။

ပြန်ပေးဆွဲခံရသောအချိန်တွင် လန်းယင်နှင့် အခြားလူများကို မတွေ့ရ၍ ၎င်းတို့၏ လုံခြုံရေးအတွက် သူစိုးရိမ်မိသည်။

" သူတို့အဆင်ပြေတယ်၊ သူတို့က နိုင်ငံကိုအရင်ပြန်သွားပြီး မင်းရဲ့ ပြန်ပေးဆွဲမှုအကြောင်း သူတို့မသိဘူး " ချာလီကပြောပြတယ်။

ချာလီ၏ ပြောပြချက်အရ မုရှင်းယုသည် သူပြန်ပေးဆွဲခံရစဉ်အတွင်း ဖြစ်ပျက်ခဲ့သည်ကို သိခဲ့ရသည်။

ကြေးစားသမားများသည် ဝန်ထမ်းယောင်ဆောင်ကာ လန်ယင်းနှင့် အခြားသူများကို အစည်းအဝေးခန်းထဲသို့ ခေါ်ဆောင်သွားပြီးနောက် မုရှင်းယုတစ်ယောက်တည်း ရောက်လာပြီး အစည်းအဝေးခန်းသို့သွားရာလမ်းတွင် မုရှင်းယုကို ပြန်ပေးဆွဲခဲ့သည်။

လန်ယင်းနှင့် အခြားသူများက စောင့်ဆိုင်းနေကြသော်လည်း မုရှင်းယုသည် ထိုနေရာသို့ မရောက်သေးဘဲ ထူးဆန်းသည်ဟု ထင်ကာ မုရှင်းယုပျောက်နေသည်ကို သိရှိရန် စတိဗ်ကို ဖုန်းဆက်လိုက်ကြသည်။

ထိုအချိန်တွင် ကုယွမ်ကျိုးက မုရှင်းယုသည် သူ့လက်ထဲတွင် ရှိနေသည်ဟု အန်ဒရီထံမှ ဖုန်းလက်ခံရရှိထားပြီးဖြစ်သည်။

ကုယွမ်ကျိုးက အရမ်းစိုးရိမ်သွားပြီး သူ့အလုပ်ကို ချက်ချင်းရပ်လိုက်ပြီး မဆိုင်းမတွအင်္ဂလန်ကို အမြန် ပြေးသွားခဲ့တယ်။

မုရှင်းယုသည် public figure တစ်ဦးဖြစ်ကြောင်း တွေးမိသောကြောင့် ကုယွမ်ကျိုးသည် ဝန်ထမ်းများအား မုရှင်းယုတွင် ဆက်လက်ဆောင်ရွက်စရာကိစ္စများ ရှိနေသေးသည်ဟု အကြောင်းပြ၍ လန်ယင်းမှတစ်ဆင့် ဝန်ထမ်းများကို အိမ်ပြန်ခိုင်းရန် တောင်းဆိုခဲ့သည်။

ကုယွမ်ကျိုး၏ စကားများသည် ယုံမှားသံသယဖြစ်စရာမရှိပေ။ ထို့ကြောင့် လန်ယင်သည် ရှောင်ဝမ်းနှင့် အခြားသူများကို လေယာဉ်ဖြင့် တရုတ်ပြည်သို့ ပြန်ခေါ်သွားခဲ့သည်။

" ဒါကကောင်းတယ်၊ အနည်းဆုံးတော့သူတို့ စိတ်မပူရတော့ဘူးပေါ့ " မုရှင်းယုလည်း စိတ်သက်သာရာ ရသွားသည်။

ယာဂုသောက်ပြီးနောက် သူအရမ်းမမူးတော့ဘဲ ထပြီး ကုယွမ်ကျိုးကို သွားကြည့်တယ်။

သူ၏ လက်ရှိခန္ဓာကိုယ်သည် အလွန်အားနည်းနေသေးသော်လည်း ကုယွမ်ကျိုးက ၎င်းကိုပိုမိုလိုအပ်တာကို တွေးမိသောကြောင့် သူသည် သူ့ခန္ဓာကိုယ်အတွက် ဝိညာဉ်အခိုးအငွေ့ကိုအသုံးပြုရန် ဝန်လေးနေမိသည်။

သူ လူနာဆောင်ထဲကို ရောက်လာတဲ့အခါ ဖိုးဖိုးကုက ကုတင်ဘေးမှာထိုင်နေပြီး ကုယွမ်ကျိုးကို ကြည့်ပြီး အတွေးများနေတာကို အံ့သြသင့်စွာ တွေ့လိုက်ရတယ်။

တံခါးဖွင့်သံကြားတော့ မစ္စတာကုက သူ့အာရုံတွေပြန်ပေါ်လာပြီး မုရှင်းယုကိုမြင်တော့ " ရှင်းယု! ဘာလို့ဒီကိုရောက်နေတာလဲ? ဆရာဝန်က မင်းဒီထက်ပိုပြီး အနားယူဖို့လိုတယ်လို့ပြောထားတယ်လေ "

" ဖိုးဖိုး ကျတော်ယွမ်ကျိုးကို စိတ်ပူလို့ " ပြောပြီးနောက် မုရှင်းယုက လူနာကုတင်နားကို ရောက်လာတယ်။

ကုယွမ်ကျိုးသည် နောက်ကျောဒဏ်ရာရှိသဖြင့် ကုတင်ပေါ်တွင်သာ လှဲလျောင်းနေနိုင်သည်။ သူသည် လက်ထဲတွင် အပ်တစ်ချောင်းဖြင့် ဆေးသွင်းထားပြီး လူနာဆောင်အခန်းထဲတွင် ၎င်း၏ အရေးကြီးသော လက္ခဏာများကို စောင့်ကြည့်သည့် ကိရိယာများ ပြေးလွှားနေပြီး အသံအနည်းငယ်ထွက်နေသည်။

လက်ရှိ ကုယွမ်ကျိုးသည် မုရှင်းယုပြန်လည်မွေးဖွားလာသောအချိန်ကမြင်သည်ထက် ပိုဖျော့တော့နေပြီး သူ့အခြေအနေက ပိုဆိုးသည်။

မုရှင်းယုသည် နှာခေါင်းချဥ်လာပြီး သူသာ အန်ဒရီ၏ ရှင်သန်မှုကို အစောပိုင်းက ပိုမိုစုပ်ယူခဲ့မည်ဆိုလျှင် အန်ဒရီသည် ပေါက်ကွဲခလုတ်ကို နှိပ်နိုင်မည်မဟုတ်ပေ။ သူ့စိတ်ထဲတွင် အလွန်နောင်တရနေပြီး ကုယွမ်ကျိုး၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်အမှုန်အမွှားများ အမြန်ထည့်ပေးလိုက်သည်

" ရှင်းယု စိတ်မပူပါနဲ့ ယွမ်ကျိုးရဲ့ အခြေအနေက တည်ငြိမ်သွားပြီလို့ ဆရာဝန်ကပြောတယ်။ မကြာခင် သူသတိရလာမှာပါ "

" ဟုတ်ကဲ့! သူစောစောနိုးလာဖို့ ကျွန်တော်မျှော်လင့်မိတယ်၊ ကျွန်တော် သူ့ကို ပြောစရာတွေ အများကြီးရှိသေးတယ် " မုရှင်းယုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

မူလက သူသည် ဖက်ရှင်ရှိုးပွဲတက်ပြီးနောက် တရုတ်နိုင်ငံသို့ ပြန်သွားရန် စီစဉ်ထားပြီး ကုယွမ်ကျိုး၏ မွေးနေ့၌ ဝန်ခံရန် စောင့်မျော်နေခဲ့သည်။ သို့သော် ယခု အစီအစဉ်အားလုံး ပျက်သွားပြီး။

မုရှင်းယုသည် ဆေးရုံကုတင်ဘေးတွင် ထိုင်ကာ လူနာဆောင်ထဲမှ မထွက်သွားခင် ကြာပန်းသုံးပွင့်မှ ဝိညာဉ်အခိုးအငွေ့များ ကုန်သွားသည်အထိ စောင့်နေခဲ့သည်။

ထို့နောက် သူသည် ဥယျာဉ်ဆီသို့ တည့်တည့်သွားကာ ပတ်ဝန်းကျင်ရှိ သစ်ပင်များ၏ ရှင်သန်မှုကို အဆက်မပြတ် စုပ်ယူကာ ဝိညာဉ်အမှုန်အမွှားများကို မွေးမြူလိုက်သည်။

ထိုအချိန်တွင်၊ မုရှင်းယုသည် စုပ်ယူမှုကို ထိန်းချုပ်ရာတွင် ပိုကျွမ်းကျင်လာကြောင်း တွေ့ရှိလိုက်ရပြီး စုပ်ခွက်သည် ပိုမိုကျယ်ပြန့်သောအကွာအဝေးရှိ ရှင်သန်မှုကို ပိုမိုစုပ်ယူလာနိုင်သည်ကို တွေ့ရှိလိုက်သည်။

ဝိညာဉ်ရေးအမှုန်အမွှားများကို အဆက်မပြတ်ဖြည့်တင်းပြီးနောက် သူ့လက်ကောက်သည် ပြောင်းလဲသွားပုံရပြီး မုရှင်းယုသည် နောက်ဆုံးတွင် ပြုံးလိုက်သည်။

ကြာပန်းသုံးပွင့် ထပ်မံပွင့်လာပြီးနောက် မုရှင်းယုသည် ကုယွမ်ကျိုးဆီသို့ ပြန်သွားပြီး ကုယွမ်ကျိုးထံကို ဝိညာဉ်အခိုးအငွေ့များ ထပ်မံထည့်သွင်းခဲ့သည်။

အန်တီချူးက ကုယွမ်ကျိုးကို ကျွေးဖို့ ယာဂုယူလာခဲ့ပြီး မုရှင်းယုက ထိုတာဝန်ကို စတင်ထမ်းဆောင်ခဲ့တယ်။

" ဖိုးဖိုး သွားပြီးအေးအေးဆေးဆေးအနားယူပါ။ ကျတော် ဒီမှာစောင့်နေမယ် "

" ကောင်းပြီ သား ယွမ်ကျိုးနဲ့ စကားပြောလို့ရတယ် " မစ္စတာကုက တစ်ရက်လောက် စောင့်ကြည့်နေပေမယ့် သူ့ခန္ဓာကိုယ်က မထိန်းနိုင်တော့တာကြောင့် သူအရင်ထွက်လာခဲ့တယ်။

ကုယွမ်ကျိုးဟာ အခုသတိမေ့မြောနေပြီး အစာကျွေးတဲ့အခါ သတိမထားမိရင် အသက်ရှူကြပ်သွားနိုင်တဲ့အတွက် မုရှင်းယုက အရမ်းသတိထားနေရတယ်။

ကုယွမ်ကျိုးအား ဂျုံယာဂုကို နည်းနည်းချင်းစီ ကျွေးနေစဉ်အတွင်း သူက ကုယွမ်ကျိုးနှင့် စကားပြောနေခဲ့သည်။

" ယွမ်ကျိုး စောစောနိုးလာတော့ ကျတော် ခင်ဗျာကိုပြောစရာတွေအများကြီးရှိတယ် "

" ဒါတွေအားလုံးက ကျတော့်အမှားပဲ၊ ကျတော်သာ ပြတ်ပြတ်သားသားလုပ်ခဲ့ရင် ခင်ဗျားဘာမှဖြစ်မှာမဟုတ်ဘူး..."

" ခင်ဗျားကို ကျတော် ဘာလို့နမ်းတာလဲဆိုတာကို မသိချင်ဘူးလား။ စောစောနိုးလာရင် ကျတော်ပြောပြမယ် "

.....

အန်တီချူးသည် ကုယွမ်ကျိုး၏ အခြေအနေကို စစ်ဆေးရန် မူလက အခန်းထဲသို့ ဝင်လာရန် စီစဉ်ခဲ့သော်လည်း မုရှင်းယု၏ စကားများကို ကြားသောအခါ တံခါးကို ညင်သာစွာ ပိတ်လိုက်ပြီး အခန်းတွင်းရှိ ငြိမ်းချမ်းနွေးထွေးသော လေထုကို မနှောက်ယှက်စေတော့ပေ။

ဝိညာဉ်အခိုးအငွေ့၏အာဟာရကြောင့် ကုယွမ်ကျိုး၏အခြေအနေမှာ အလွန်ကောင်းမွန်လာသည်။ဆရာဝန်ရောက်လာသောအခါတွင် ကုယွမ်ကျိုး၏ဒဏ်ရာမှာ အနာဖေးတက်လာသည်ကိုတွေ့လိုက်ရပြီး ထိတ်လန့်တကြားအသံထွက်လာသည်။

" အနာကြတ်တာမြန်လိုက်တာ အံ့သြစရာပဲ " ဆရာဝန်က ပြောသည်။

ဒါကိုကြားပြီးနောက် ချာလီက " ဟုတ်တယ် သူ့ဘာသာသူ ကုစားနိုင်တဲ့ စွမ်းရည်က တကယ်ကို ကောင်းတယ်! "

မုရှင်းယုသည် အနည်းငယ် အပြစ်ရှိသလိုခံစားရပြီး ကုယွမ်ကျိုး အမြန်ပြန်ကောင်းလာစေရန် စိုးရိမ်စိတ်ကြောင့် ဆရာဝန်၏သံသယကို နှိုးဆွခဲ့မိတယ်။ ဟုတ်ပါတယ်၊ ဆရာဝန် ဘယ်လောက်ပဲ သံသယရှိပါစေ ဝိညာဉ်လက်ကောက်ကို တွေးမိဖို့က မဖြစ်နိုင်ဘူး။

ကံကောင်းထောက်မစွာဖြင့် ကုမိသားစုသည် ဤဆေးရုံ၏ ရှယ်ယာရှင်ဖြစ်ကြောင်းနှင့် ကုယွမ်ကျိုးကို ကုသပေးနေသော ဆရာဝန်သည် ကုမိသားစု၏ အလွန်ယုံကြည်ရသော ဆရာဝန်တစ်ဦးဖြစ်ကြောင်း နောက်ပိုင်းတွင် ချာလီက သူ့ကို ပြောပြသောကြောင့် မုရှင်းယုက သက်ပြင်းတစ်ချက်ချလိုက်သည်။

နောက်တစ်နေ့တွင် လန်ယင်ထံမှ ဖုန်းဝင်လာသည်။

" ရှင်းယု အင်္ဂလန်မှာ အဆင်ပြေရဲ့လား? " လန်ယင်က မုရှင်းယုထွက်ခွာသွားတာဟာ ရုတ်တရက်ဖြစ်ပြီးမုရှင်းယုရဲ့လုပ်ဆောင်ဟန်နဲ့မညီဘူးလို့ လန်ယင်းက ခံစားမိပေမယ့် ကုယွမ်ကျိုးရဲ့စကားတွေက သိပ်ကိုလေးနက်နေတာကြောင့် ထိုအကြောင်းကို သူမ အများကြီးမတွေးမိဘူး။

သို့သော် တရုတ်နိုင်ငံသို့ ပြန်ရောက်ပြီးနောက်တွင် သတင်းစာ ရှင်းလင်းပွဲ၏ အသေးစိတ်အချက်အလက်များကို သူမ အကြိမ်ကြိမ်ပြန်တွေးခဲ့ပြီး မုရှင်းယုကို ရှာမတွေ့သည့်အချိန်က Brown နှင့် Steve တို့သည် အလွန်အံ့အားသင့်နေခဲ့သည်။

သူမသည် ထိုအကြောင်းကို တွေးလေလေ တစ်စုံတစ်ခုမှားလေလေဟု ခံစားလာရသောကြောင့် မုရှင်းယုကို ဖုန်းဆက်လိုက်ခြင်းဖြစ်သည်။

" အစ်မလန်၊ ကျတော်နေကောင်းပါတယ်၊ မနေ့တနေ့က ရုတ်တရက် ကိုယ်ရေးကိုယ်တာကိစ္စရှိလို့ အစ်မကိုပြောဖို့အချိန်မရှိခဲ့ဘူး။ အစ်မလန်ကိုစိတ်ပူစေမိပြီး။ ကျတော် တောင်းပန်ပါတယ် " မုရှင်းယုက ကုယွမ်ကျိုးရဲ့စကားကို လိုက်နာခဲ့​ပြီး လန်ယင်ကိုပြောလိုက်တယ်။

" နောက်တစ်ခါ မင်းထွက်သွားရင် ငါ့ကိုပြောဖို့မမေ့နဲ့ "

" စိတ်မပူပါနဲ့ နောက်တစ်ကြိမ်ရှိတော့မှာ မဟုတ်ဘူး " မုရှင်းယုက အလျင်အမြန်ပြောခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ သူ့ကို အန်ဒရီက ပြန်ပေးဆွဲသွားခဲ့ပြီး နောင်မှာ ဒီလိုထပ်မဖြစ်တော့မှာ သေချာတယ်။

" ကောင်းပြီ မင်းကိစ္စမြန်မြန်ပြီးအောင်လုပ်ပါ။ ငါစောင့်နေမယ် "

မုရှင်းယုက သူ့မှာ အလုပ်အစီအစဉ်တွေရှိနေတုန်းပဲလို့တွေးမိပြီး လန်ယင်ကို " အစ်မလန်၊ ကျတော်အင်္ဂလန်မှာ ခဏနေတော့မယ်ဆိုတော့ ကျတော့်အလုပ်က ရွှေ့ဆိုင်းလိုက်လို့ရလာ "

" ကောင်းပြီ၊ ငါညှိနှိုင်းလိုက်မယ် မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို မင်းအရင်ဆုံးဂရုစိုက်လိုက်ပါ "

လန်ယင်းနဲ့ ဖုန်းပြောပြီးတဲ့အခါ မုရှင်းယုကလည်း သူ့စိတ်ထဲ တစ်ခုခုကို ဆုံးဖြတ်လိုက်တယ်။

...

မုရှင်းယုအရမ်းမျှော်လင့်နေသည့် ကုယွမ်ကျိုးမွေးနေ့အချိန်သို့ ရောက်လာသော်လည်း ယခု ကုယွမ်ကျိုး နိုးမလာသေးသောကြောင့် သူ့ခေါင်းအုံးအောက်တွင်သာ လက်စွပ်ဘူးကို ထည့်ထားရတော့သည်။

" ခင်ဗျား ကျတော့်ရဲ့ စေ့စပ်လက်စွပ်ကို လက်ခံဟန် လုပ်လိုက်မယ် " မုရှင်းယုက သူ့ကိုယ်သူ ပြောလိုက်တယ်။

သူတို့လက်ထပ်တုန်းကလည်း ကုယွမ်ကျိုးသည် မေ့မြောနေသဖြင့် လက်ထပ်လက်စွပ်ကို သူကိုယ်တိုင် ကုယွမ်ကျိုးလက်ပေါ် ဝတ်ဆင်ပေးခဲ့ရသည်။

မထင်မှတ်ဘဲ အခုလည် သူ ကုယွမ်​ကျိုးကိုလက်စွပ်ထပ်ပေးမယ်လို့တွေးချိန်တွင် ကုယွမ်ကျိုး မေ့မြောသွားရပြန်သည်။

မုရှင်းယုသည် နောင်တွင် ကုယွမ်ကျိုးကို လက်စွပ်မပေးသင့်ဟု ခံစားခဲ့ရပြီး နောက်ထပ် မတော်တဆမှုဖြစ်ပါက သူနောင်တရလိမ့်မည်။

နောက်တစ်နေ့တွင် ကုယွမ်ကျိုးသည် မနိုးသေးသော်လည်း သူ့လက်ချောင်းများနှင့် မျက်လုံးများ အနည်းငယ် လှုပ်လာကာ ဆရာဝန်က ကောင်းသောလက္ခဏာဟု ပြောခဲ့သည်။

မုရှင်းယုသည် ကုယွမ်ကျိုးကို ပြုစုစောင့်ရှောက်ခဲ့သည်။ ဆေးသွင်းပြီးနောက် ကုယွမ်ကျိုး၏လက်များကို သုတ်ပေးပြီး စောင်အောက်တွင် ထားလိုက်သည်။ ပြီးရင် ဂွမ်းစကို ရေထဲမှာနှစ်ပြီး ကုယွမ်ကျိုး၏ နှုတ်ခမ်းပေါ်တို့ပေးတယ်။

" မုရှောင် စိတ်မပူပါနဲ့ မစ္စတာကုက အစပိုင်မှာခက်ခဲပေမယ့် သူလွတ်မြောက်ခဲ့တယ်။ အခု သူကောင်းလာမှာပါ " အန်တီချူးက ပြောသည်။

" သူ့အခြေအနေပြန်ကောင်းလာလို့ ကျတော်အရမ်းဝမ်းသာပေမယ့် အခု သူနိုးလာဖို့ ကျွန်တော် တကယ်မျှော်လင့်တယ် "

ရုတ်တရက် ကုယွမ်ကျိုးက နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားပြီး သူ့သွားတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတာကို မုရှင်းယုသတိထားမိလိုက်တယ်။ သူအရမ်းစိုးရိမ်သွားပြီး အန်တီချူးကို ဆရာဝန်ခေါ်ခိုင်းလိုက်တယ်။

" ယွမ်ကျိုး! ယွမ်ကျိုး! " သူကစိုးရိမ်တကြီးအော်လိုက်တယ်။

ကုယွမ်ကျိုးရဲ့ တစ်ကိုယ်လုံး ကြွက်သားများသည် တင်းမာနေပြီး တစ်ခုခုကို ခံနိုင်ရည်မရှိသလို သူ့မျက်ခုံးတွေက မျက်မှောင်ကြုတ်သွားသည်။ သူအရမ်းစိုးရိမ်သွားပြီး အသစ်ထုတ်ယူထားတဲ့ ဝိညာဉ်မြူမှုန်ကို ကုယွမ်ကျိုးရဲ့ ခန္ဓာကိုယ်ထဲကို အမြန်ထည့်သွင်းလိုက်တယ်။

သို့သော် ကုယွမ်ကျိုး၏ အခြေအနေမှာ မပြောင်းလဲပေ။ သူ၏ မူမမှန်မှုသည် သူ့ခန္ဓာကိုယ်ကြောင့်မဟုတ်ဘဲ သူ့အသိစိတ်ကြောင့်ဖြစ်သည်။

ကံကောင်းထောက်မစွာပင် ဆရာဝန်က မကြာခင်မှာဘဲရောက်လာတယ်။သူက ကုယွမ်ကျိုးရဲ့ အခြေအနေကို စစ်ဆေးပြီး ကုယွမ်ကျိုးဟာ သူ့ကို ကြောက်ရွံ့စေတယ့် အသိစိတ်လှုပ်ရှားမှုတစ်ခုထဲကို ကျသွားခဲ့တာဖြစ်တာကြောင့် ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုတစ်ခုဖြစ်လာကြောင်း ရှင်းပြခဲ့တယ်။

ဒါက အဆိုးထဲကအကောင်းဘဲ!

အကောင်းဘက်တွင်၊ ကုယွမ်ကျိုးသည် သတိပြန်ဝင်လာပြီး သူ့အသိစိတ်သည် အလွန်ရှင်းလင်းနေဆဲဖြစ်ကြောင်းပြသနေသည်။

သို့သော် အဆိုးဘက်တွင်မူ ပြင်းထန်သော အသိစိတ်လှုပ်ရှားမှုများသည် ကုယွမ်ကျိုး၏ ခန္ဓာကိုယ်နှင့် စိတ်ခံစားမှုများကို ထိခိုက်စေမည်ဖြစ်သည်။

ဥပမာအားဖြင့်၊ ကုယွမ်ကျိုးရဲ့ အခြေအနေက အခု သိပ်မကောင်းဘူး၊ ဆရာဝန်က ကုယွမ်ကျိုးရဲ့ တင်းတင်းကျပ်ကျပ် ပိတ်ထားတဲ့ ပါးစပ်ကို ဖွင့်ပြီး ကုယွမ်ကျိုးက သူ့ကိုယ်သူ ကိုက်တာကို တားဆီးဖို့ လုပ်လိုက်တယ်။

ထိုအချိန်တွင် မေ့မြောနေသော ကုယွမ်ကျိုးသည် သူ့လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းကာ ကုတင်ပေါ်မှ ထထိုင်လိုက်သည်။

သို့သော် သူ၏လှုပ်ရှားမှုသည် ချက်ချင်းပင် သူ့နောက်ကျောရှိ ဒဏ်ရာများကိုထိခိုက်သွားစေပြီး ဒဏ်ရာသည်ပွင့်ထွက်သွားကာ ပါလွှာသောဆေးရုံဝတ်စုံတွင် အနီရဲရဲသွေးများစွန်းထင်းသွားသည်။

" ယွမ်ကျိုး! နောက်ဆုံးတော့ မင်းနိုးလာပြီ! " မုရှင်းယုက စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး ကုယွမ်ကျိုးကို အိပ်ဖို့ အမြန်ကူညီပေးလိုက်တယ်။

" ရှင်းယု.... " ကုယွမ်ကျိုးက အရမ်းအားနည်းနေတော့ သူ့အသံတောင် အားနည်းနေပုံရတယ်။

" ဘာမှမပြောနဲ့! " မုရှင်းယုက ဆရာဝန်ကို " သူ့ဒဏ်ရာကို မြန်မြန်ဂရုစိုက်ပေးပါ "

​ကြာပန်းလက်ကောက်၏ကုသမှုအောက်တွင်၊ ကုယွမ်ကျိုး၏ နောက်ကျောရှိ မီးလောင်ဒဏ်ရာများနှင့်ခြစ်ရာများ ပျောက်ကင်းသွားခဲ့သော်လည်း။ ယခုအခါ သူ၏ ပြင်းထန်သော လှုပ်ရှားမှုများက အမာရွတ်နှစ်ခုကို ပွင့်သွားစေပြီးသူ၏နောက်ကျောတွင် ဒဏ်ရာများကိုပြန်ဖြစ်စေခဲ့သည်။ ဆရာဝန်က သူ့ကို သွေးတိတ်အောင် ဆေးပေးပြီးနောက် သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စတင် စစ်ဆေးခဲ့သည်။

ဖိုးဖိုးကုလည်း အမြန်ရောက်လာကာ နောက်ဆုံးတွင် ကုယွမ်ကျိုးနိုးလာသည်ကို မြင်ပြီးနောက် ပျော်ရွှင်သော အပြုံးကို ပြသခဲ့သည်။

ဆရာဝန်က စစ်ဆေးမှုပြီး ကုယွမ်ကျိုး အဆင်ပြေကြောင်း အတည်ပြုပြီးနောက် ဖိုးဖိုးကုနဲ့ မုရှင်းယုတို့ နှစ်ယောက်လုံး သက်ပြင်းတစ်ချက်ချလိုက်သည်။

ဆရာဝန်ထွက်သွားပြီးနောက် ဖိုးဖိုးကုက " မင်း မေ့မြောနေတာ ငါးရက်ရှိပြီ၊ ငါတို့စိတ်ပူနေရတာလည်း ငါးရက်ရှိပြီ။ အခုချိန်ကစပြီး မင်းကိုယ့်ကိုယ်ကို အန္တရာယ်မပေးရဘူး "

" သိပါပြီးအဖိုး ဒီတစ်ခါတော့ သေသေချာချာမတွေးခဲ့မိဘူး နောင်ဆို မဖြစ်စေရပါဘူး " ကုယွမ်ကျိုးက ပြောတယ်။

ကုယွမ်ကျိုးနိုးလာတာကို ဖိုးဖိုးကုက မြင်တော့ ကြမ်းတမ်းသောစကားမပြောနိုင်ဘဲ ကုယွမ်ကျိုးက မုရှင်းယုကို ကယ်တင်ခဲ့လို့ဆိုတာ သူသိတဲ့အတွက် သူ့ကို အပြစ်မတင်တော့ဘူး။ သူဒီမှာရှိတော့ ကုယွမ်ကျိုးနဲ့မုရှင်းယုမှာ စကားသိပ်မပြောတဲ့အတွက် သူသည် အကြောင်းပြချက်တစ်ခုရှာပြီး အရင်ထွက်လာခဲ့သည်။

ဖိုးဖိုးကု ထွက်သွားပြီးတာနဲ့ ကုယွမ်ကျိုးက" ရှင်းယု ကိုယ်ရက်အနည်းငယ်လောက် မေ့မြောနေပြီး မင်းကို စိတ်ပူအောင်လုပ်မိတယ် "

" ကျတော်စိတ်ပူနေတာ ခင်ဗျားသိလား? မစ္စတာကု ခင်ဗျားရဲ့အသက်ကို အနာဂတ်မှာမစွန့်စားနဲ့ " မုရှင်းယုက ဆိုပါတယ်။

" ကိုယ် မင်းကို မနာကျင်စေချင်ဘူး " ကုယွမ်ကျိုးက ပြောသည်။

ကုယွမ်ကျိုး တွေးနေတာတွေကို မုရှင်းယုက သိပေမယ့် ကုယွမ်ကျိုးအစားသူသာ ဒဏ်ရာရချင်မိတယ်။

ထိုအချိန်တွင် အန်တီချူးက ကြက်ဥ ယာဂုပန်းကန်လုံးနှင့် ငါးခေါင်းစွပ်ပြုတ်တစ်ခွက် ယူလာပေးသည်။

" အန်တီချူး၊ ကျတော်ဒီမှာရှိတယ်။ အရင်ဆုံးအနားယူလိုက်ပါ " မုရှင်းယုသည် အစားအသောက်များကို ဆေးရုံကုတင်ဘေးရှိ စားပွဲငယ်လေးပေါ်တွင် တင်ကာ အန်တီချူးအား ပြောလိုက်သည်။

အန်တီချူးက ခေါင်းညိတ်ကာ ပြုံးပြီးထွက်သွားသည်။

မုရှင်းယူသည် ကုယွမ်ကျိုးကို ထထိုင်စေပြီး ကုယွမ်ကျိုး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ထပ်မံမထိမိစေရန်အတွက် ခေါင်းအုံးကို ပေါ့ပေါ့ပါးပါး ထားလိုက်ပါ။

ထိုအချိန်တွင် ခေါင်းအုံးအောက်ရှိ ဘူးလေးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး မုရှင်းယုက ၎င်းကို အမြန် ကောက်ယူလိုက်သည်။

ကုယွမ်ကျိုးသည် အကျွမ်းတဝင်ရှိသည့်ဘူး​လေးကိုတွေ့သောအခါ အလွန်အံ့သြသွားသည်။

" ဒါက..."

မုရှင်းယုက ဒီလိုအခြေအနေမျိုးမှာ သူပေးမယ့် စေ့စပ်လက်စွပ်ကို ကုယွမ်ကျိုးက တွေ့သွားလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် ကုယွမ်ကျိုးမွေးနေ့မှာ သူပြောချင်တာကို ပြောဖို့ ဒီအခွင့်အရေးကို ရိုးရိုးရှင်းရှင်းပဲ ယူလိုက်တယ်။

" ဒါက ကျတော်စိတ်ကြိုက်လုပ်ထားတဲ့ လက်စွပ်။ ခင်ဗျာပေးခဲ့တဲ့ လက်စွပ်နဲ့ ဆင်တူပဲ " လို့ပြောပြီး မုရှင်းယုက စေ့စပ်လက်စွပ်ကို ဖွင့်လိုက်ပြီး အတွင်းဘက်လက်စွပ်ကို ဖွင့်ပြလိုက်တယ်။

ကုယွမ်ကျိုးက အရမ်းအံ့သြသွားတယ်။ ဤရင်းနှီးတဲ့လက်စွပ်ကိုကြည့်ပြီး သူ့အာရုံကပြန်မကောင်းလာဘူး။

" မစ္စတာကု ကျွန်တော်ယဉ်ကျေးစွာတောင်းဆိုပါရစေ။ ဒီလက်စွပ်ကို ခင်ဗျားလက်ခံမှာလား? "

ကုယွမ်ကျိုးသည် မုရှင်းယု၏ အစီအစဉ်ကို နားလည်ပြီးနောက် ရယ်မောကာ " ကိုယ့်ရဲ့လက်စွပ်ကို မပေးရသေးဘူးလေ " လို့ ပြောလိုက်တယ်။

" ခင်ဗျားထပ်ပေးရင် ကျတော်သေချာပေါက်လက်ခံမယ် " အစပိုင်းတွင် မုရှင်းယုသည် ကုယွမ်ကျိုးကို မကြိုက်သေးသောကြောင့် ၄င်းကို ငြင်းဆိုခဲ့သော်လည်း ယခုမူ စေ့စပ်လက်စွပ်ကို လက်ခံရန် မတွန့်ဆုတ်တော့ပေ။

" မင်းကိုအခု မဝတ်ပေးနိုင်တာနှမြောစရာဘဲ " ကုယွမ်ကျိုးက အနည်းငယ်နောင်တရကာ ဘူးထဲက လက်စွပ်ကို ကြည့်လိုက်တယ်။

" မစ္စတာမု မင်းလက်ဆောင်တွေ ပေးရာမှာစိတ်ရင်းမှန်ရမယ်။ ဒါကြောင့် ကိုယ့်အတွက် ဝတ်ပေး " လို့ပြောလိုက်တယ်။

" ကောင်းပြီ မစ္စတာကု " မုရှင်းယုက ပြုံးပြီး လက်စွပ်ကို ထုတ်ကာ ကုယွမ်ကျိုး၏ ဘယ်ဘက်လက်၏ လက်ခလယ်ပေါ်တွင် ဝတ်ဆင်ပေးလိုက်သည်။

ကုယွမ်ကျိုးသည် သူ့ဘယ်ဘက်လက်ရှိ လက်စွပ်နှစ်ကွင်းကို ကြည့်ပြီး ရုတ်တရက် မျက်မှောင်ကြုတ်ကာ " မင်း ဒီလက်စွပ်နှစ်ကွင်းကို တကယ်ပေးခဲ့တာလာ "

" တကယ်တော့ ခင်ဗျားရဲ့မွေးနေ့မှာ ကျတော်ပေးချင်ပေမယ့်..." မုရှင်းယုက အကြိမ်ပေါင်း ထောင်နဲ့ချီပြီး တွက်ချက်ခဲ့ပေမယ့် အန်ဒရီပြန်ပေးဆွဲမယ်ဆိုတာကို သူမတွက်ချက်ခဲ့မိဘူး။

ကုယွမ်ကျိုးက အန်ဒရီကို တွေးမိပြီး "အန်ဒရီ အခု ဘယ်လိုနေလဲ" လို့ မေးတယ်။

" သေပြီ၊ အပိုင်းပိုင်းပျက်စီးသွားတယ် " မုရှင်းယုသည် အန်ဒရီဒီလိုအဆုံးသတ်သွားတဲ့အတွက် အရမ်းစိတ်သက်သာရာရသွားတယ်။

ကုယွမ်ကျိုးက ခေါင်းညိတ်ပြီး " တကယ်လို့ သူမသေရင်တောင် ကိုယ်ကိုယ်တိုင်သေစေမှာ " မုရှင်းယုကို အန်ဒရီက ပြန်ပေးဆွဲသွားကြောင်း သိလိုက်ရတဲ့အခါ ကုယွမ်ကျိုးက မုရှင်းယုကို အန္တရာယ်ဖြစ်စေတဲ့အတွက် အရမ်းနောင်တရသွားသည်။ အန်ဒရီဟာ ပေါက်ကွဲမှုမှာ ကံကောင်းပြီး မသေခဲ့ရင်တောင် ဒုက္ခကနေထာဝရ လွတ်မြောက်မှာမဟုတ်ဘူး။

" ဒီအကြောင်းကို မပြောရအောင် မြန်မြန် ယာဂုသောက်သင့်တယ် " မုရှင်းယုက နောက်ထပ် အဆင်မပြေတာတွေ မပြောချင်တော့တဲ့အတွက် ကုယွမ်ကျိုးဆီကို ဂျုံယာဂု ယူလာကာ ပြောလိုက်တယ်။

...

နောက်ရက်များတွင် မုရှင်းယုသည် ကုယွမ်ကျိုးကို ပြုစုစောင့်ရှောက်နေပြီး ကုယွမ်ကျိုးက ဆေးရုံတွင် ကုသမှုဆက်လက်ခံယူခဲ့သည်။

ကုယွမ်ကျိုး အန္တရာယ် လုံးဝကင်းရှင်းကြောင်း ဖိုးဖိုးကုသိမြင်ပြီးနောက်၊ သူသည် တရုတ်နိုင်ငံသို့ ပြန်သွားရန် စီစဉ်ခဲ့သည်။ မထွက်ခွာမီတွင် မုရှင်းယုနဲ့နှစ်ယောက်တည်း စကားပြောခဲ့သည်။

" ရှင်းယု ဖိုးဖိုး မင်းကိုတောင်းဆိုစရာရှိလို့ "

" ဘာကိစ္စရှိလို့လဲ? ဖိုးဖိုးပြောပါ "

" ယွမ်ကျိုးက အင်္ဂလန်ကို ပြန်မလာတော့ဘူးဆိုတာ မင်းလည်းသိပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ မင်းအတွက် သူ့နှလုံးသားထဲကအထုံးကို အနိုင်ယူနိုင်ခဲ့တယ် " မစ္စတာကုက ပြုံးပြီးဆက်ပြောတယ် " ရှင်းယု၊ ယွမ်ကျိုးက မင်းကို သူ့နှလုံးသားထဲကနေဂရုစိုက်တယ်၊ UK မှာ ဒဏ်ရာကနေ ပြန်သက်သာလာဖို့မင်နဲ့အတူနေခဲ့တယ်။ သူ့မိဘတွေ ဆုံးပါးသွားတာက သူ့အမှားမဟုတ်သလို သူ့ကိုယ်သူ အပြစ်ပြောစရာ မလိုပါဘူး ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချလိုက်ပါ "

" ကျတော်လုပ်မယ် " မုရှင်းယုက ခေါင်းညိတ်သည်။

မစ္စတာကု ထွက်သွားသည်နှင့် တပြိုင်နက် ကုယွမ်ကျိုးသည် သူ၏ဒဏ်ရာ သက်သာလုနီးပါး ခံစားခဲ့ရပြီး တရုတ်နိုင်ငံသို့ ပြန်သွားရန် စီစဉ်ခဲ့သည်။

မုရှင်းယုက ဖိုးဖိုးကုပြောတာကို တွေးပြီး " ကျတော်တို့ ရက်အနည်းငယ်လောက် အနားယူတာပိုကောင်းမယ်။ ခင်ဗျား ဆေးရုံမှာမနေချင်ရင် ခင်ဗျာနေရာကို ပြန်သွားလို့ရပြီ "

ချန်ဖန်ထံမှ ကုယွမ်ကျိုး ဝင်ဆာလ်ရဲတိုက်မှ ထွက်ခွာပြီးနောက် ကုမ္ပဏီနှင့်နီးကပ်စွာသွားလာနိုင်ရန် အဆင်ပြေသည့် မြို့လယ်ရှိ တိုက်ခန်းတစ်ခုတွင် သူထိုင်နေသည်ကို မုရှင်းယုက သိရှိခဲ့သည်။

ကုယွမ်ကျိုးကခေတ္တရပ်လိုက်ပြီး " ကောင်းပြီ " ဟုခေါင်းညိတ်လိုက်သည်။

မုရှင်းယုသည် အန်တီချုးကို တိုက်ခန်းသန့်ရှင်းရေးလုပ်ဖို့ လူရှာရန် ချက်ချင်းစီစဉ်ခိုင်းခဲ့သည်။တကယ်တော့ ထိုနေရာကို ပုံမှန်သန့်ရှင်းရေးလုပ်ခဲ့သော်လည်း မုရှင်းယုက စိုးရိမ်နေဆဲဖြစ်သည်။

************************************
  

(Zawgyi)

မုရွင္းယု မ်က္လုံးမ်ားကိုဖြင့္လိုက္ၿပီးေနာက္မွာ အန္တီခ်ဴ၏ ဝမ္းသာေသာအသံကိုၾကားလိုက္ရသည္ " မုေရွာင္! ေနာက္ဆုံးေတာ့ မင္းနိုးလာၿပီ! "

" အန္တီခ်ဴး..." မုရွင္းယုက မူးေဝေနၿပီး လက္ေထာက္ကာ ထထိုင္လိုက္သည္။ အန္တီခ်ဴးက သူ႕ကို အလ်င္အျမန္ ကူလိုက္ၿပီး သူ႕ေနာက္မွာ ေခါင္းအုံးကိုထားေပးလိုက္တယ္။

" မုေရွာင္ ဘယ္လိုခံစားရလဲ? အဆင္မေျပတာရွိေသးလား? "

" က်ေတာ္ ဘာျဖစ္သြားတာလဲ? " မုရွင္းယုက အနည္းငယ္မူးေဝေနၿပီး သူ႕မ်က္ႏွာက ျဖဴေဖ်ာ့ေနသည္။

" မင္း အရမ္းပင္ပန္းၿပီး စိုးရိမ္စိတ္ေၾကာင့္ မူးလဲသြားတာ " အန္တီခ်ဴး၏မ်က္လုံးေတြမွာ စိုးရိမ္မႈေတြ ျပည့္ႏွက္ေနတယ္။

မုရွင္းယုက သူခြဲစိတ္ခန္းထဲမွာ မူးလဲသြားတာကို ေတြးလိုက္မိေသာအခါ သူကခ်က္ခ်င္း ကုတင္ေပၚကေနဆင္းခ်င္ၿပီး " က်ေတာ္ ယြမ္က်ိဳးကိုသြားၾကည့္ရမယ္! "

" မုေရွာင္ စိတ္မပူပါနဲ႕ မစၥတာကုက အႏၱရာယ္ ကင္းသြားပါၿပီ " အန္တီခ်ဴက သူ႕ကိုအျမန္ျပန္ဆြဲကာ ေျပာလိုက္သည္။

" မဟုတ္ဘူး က်ေတာ္စိတ္ပူတယ္ " မုရွင္းယုက ကုတင္ေပၚကဆင္းေတာ့မယ္။

ခ်ာလီဝင္လာေသာအခါတြင္ အန္တီခ်ဴး တားဆီးေနသည့္ၾကားမွ မုရွင္းယုသည္ ကုတင္ေပၚမွ ဆင္ေတာ့မည္ကို သူျမင္လိုက္ရသည္။

သူက ကမန္းကတန္း ေရွ႕သို႔ တိုးကာ " မုေရွာင္! အေပ်ာ္မလုပ္နဲ႕! အီသန္ကခုထိ အိပ္ရာထဲမွာရွိေနတုန္! မင္းဆက္အိပ္ေနသင့္တယ္ မထင္ဘူးလာ? "

မုရွင္းယုသည္ ခ်ာလီ၏ေမးခြန္းေၾကာင့္ စကားမေျပာနိုင္ေတာ့ဘဲ ကုတင္ေပၚျပန္ထိုင္ကာ " ဘာလို႔ဒီကိုေရာက္ေနတာလဲ? " သူမေမ့လဲခင္က ခ်ာလီကိုမျမင္မိပါဘူး။

" အီသန္မွာ မေတာ္တဆမႈႀကီးႀကီးမားမားျဖစ္ခဲ့တယ္၊ မစၥတာကုက အဲဒီအေၾကာင္းၾကားတာနဲ႕ အျမန္လာခဲ့တာ။ ငါက မစၥတာကုနဲ႕ အတူ လိုက္လာခဲ့တာ " လို႔ ခ်ာလီက ရွင္းျပတယ္။

မုရွင္းယုသည္ အန္ဒရီ၏ ျပန္ေပးဆြဲျခင္းခံရေၾကာင္း ကုယြမ္က်ိဳးသိေသာအခါ၊ မစၥတာကုကို မေျပာဘဲ ခ်န္ဖန္းႏွင့္ သူ၏ကိုယ္ရံေတာ္မ်ားႏွင့္အတူ အဂၤလန္သို႔ အျမန္သြားခဲ့သည္။

မစၥတာကုကို ဖုံးကြယ္ထားခဲ့ေပမယ့္ ကုယြမ္က်ိဳး၏ မေတာ္တဆမႈအၿပီးမွာေတာ့ ဒီကိစၥကို ဖုံးကြယ္ထားလို႔ မရေတာ့ဘူး။

မစၥတာကုက အရမ္းစိုးရိမ္ၿပီး အဂၤလန္ကို လာဖို႔ အခိုင္အမာေျပာေနၿပီး ခ်ာလီက ကုယြမ္က်ိဳးနဲ႕ မစၥတာကုကို စိတ္ပူေနတာေၾကာင့္ မစၥတာကုနဲ႕အတူ လိုက္လာခဲ့တယ္။

" ဖိုးဖိုးက ဒီမွာလာ! " မုရွင္းယုကအျပစ္ရွိစိတ္ဝင္မိတယ္။ ကုယြမ္က်ိဳး၏ ေျခေထာက္မ်ားသည္ ေကာင္းမြန္ေနၿပီးျဖစ္ေသာ္လည္း ယခု သူ႕ကို ကယ္တင္ျခင္းေၾကာင့္ ဒဏ္ရာရသြားခဲ့ရသည္။ သူ ဖိုးဖိုးကုကို ေတြ႕ရမွာ တကယ္ ရွက္႐ြံမိတယ္။

" စိတ္မပူပါနဲ႕ မစၥတာကုက မင္းကို အျပစ္မတင္ဘူး၊ သူက မင္းကို ေကာင္းေကာင္း အနားယူဖို႔ ေျပာတယ္၊ အီသန္က အႏၱရာယ္ကင္းသြားၿပီ၊ ဒါေၾကာင့္ မင္း သူ႕ကိုစိတ္ပူေနစရာမလိုေတာ့ဘူး " ခ်ာလီက ဆိုတယ္။

" သိပါၿပီး ေက်းဇူးတင္ပါတယ္ "

" အရမ္းယဥ္ေက်းမေနပါနဲ႕၊ ငါတို႔က သူငယ္ခ်င္းေကာင္းေတြဘဲ " ခ်ာလီကရယ္တယ္။

အန်တီချုူးက ခ်ာလီ ဒီမွာ ရွိေနတာကို ျမင္ေတာ့ ေစာေစာက သူျပင္ဆင္ထားတဲ့ ယာဂုကို အပူေပးၿပီး ယူလာလိုက္တယ္။

မုရွင္းယုျပန္ေပးဆြဲခံရခ်ိန္မွ ယခုအခ်ိန္ထိ သူ႕တြင္ ေရတစ္စက္မွေသာက္ရျခင္းမရွိဘဲ သတိေမ့ေျမာေနခ်ိန္တြင္ အာဟာရျဖည့္စြက္ရည္မ်ား ေပးေဆာင္ထားေသာေၾကာင့္ ခႏၶာကိုယ္ကို လႈပ္လႈပ္ရွားရွား မေနသင့္ေပ။

ယခုေတာ့ သူ႕စိတ္ေတြ တည္ၿငိမ္လာကာ ဗိုက္ဆာလာတာေၾကာင့္ ယာဂုကို စတင္စားလိုက္သည္။

" ခ်ာလီ၊ က်ေတာ္နဲ႕ပါလာတဲ့ ဝန္ထမ္းေတြေရာ အဆင္ေျပရဲ႕လား?" မုရွင္းယုက ယာဂုစားေနရင္း ႐ုတ္တရက္ လန္ယင္နဲ႕ တျခားသူေတြကို ေတြးမိၿပီး အလ်င္စလို ေမးလိုက္တယ္။

ျပန္ေပးဆြဲခံရေသာအခ်ိန္တြင္ လန္းယင္ႏွင့္ အျခားလူမ်ားကို မေတြ႕ရ၍ ၎တို႔၏ လုံၿခဳံေရးအတြက္ သူစိုးရိမ္မိသည္။

" သူတို႔အဆင္ေျပတယ္၊ သူတို႔က နိုင္ငံကိုအရင္ျပန္သြားၿပီး မင္းရဲ႕ ျပန္ေပးဆြဲမႈအေၾကာင္း သူတို႔မသိဘူး " ခ်ာလီကေျပာျပတယ္။

ခ်ာလီ၏ ေျပာျပခ်က္အရ မုရွင္းယုသည္ သူျပန္ေပးဆြဲခံရစဥ္အတြင္း ျဖစ္ပ်က္ခဲ့သည္ကို သိခဲ့ရသည္။

ေၾကးစားသမားမ်ားသည္ ဝန္ထမ္းေယာင္ေဆာင္ကာ လန္ယင္းႏွင့္ အျခားသူမ်ားကို အစည္းအေဝးခန္းထဲသို႔ ေခၚေဆာင္သြားၿပီးေနာက္ မုရွင္းယုတစ္ေယာက္တည္း ေရာက္လာၿပီး အစည္းအေဝးခန္းသို႔သြားရာလမ္းတြင္ မုရွင္းယုကို ျပန္ေပးဆြဲခဲ့သည္။

လန္ယင္းႏွင့္ အျခားသူမ်ားက ေစာင့္ဆိုင္းေနၾကေသာ္လည္း မုရွင္းယုသည္ ထိုေနရာသို႔ မေရာက္ေသးဘဲ ထူးဆန္းသည္ဟု ထင္ကာ မုရွင္းယုေပ်ာက္ေနသည္ကို သိရွိရန္ စတိဗ္ကို ဖုန္းဆက္လိုက္ၾကသည္။

ထိုအခ်ိန္တြင္ ကုယြမ္က်ိဳးက မုရွင္းယုသည္ သူ႕လက္ထဲတြင္ ရွိေနသည္ဟု အန္ဒရီထံမွ ဖုန္းလက္ခံရရွိထားၿပီးျဖစ္သည္။

ကုယြမ္က်ိဳးက အရမ္းစိုးရိမ္သြားၿပီး သူ႕အလုပ္ကို ခ်က္ခ်င္းရပ္လိုက္ၿပီး မဆိုင္းမတြအဂၤလန္ကို အျမန္ ေျပးသြားခဲ့တယ္။

မုရွင္းယုသည္ public figure တစ္ဦးျဖစ္ေၾကာင္း ေတြးမိေသာေၾကာင့္ ကုယြမ္က်ိဳးသည္ ဝန္ထမ္းမ်ားအား မုရွင္းယုတြင္ ဆက္လက္ေဆာင္႐ြက္စရာကိစၥမ်ား ရွိေနေသးသည္ဟု အေၾကာင္းျပ၍ လန္ယင္းမွတစ္ဆင့္ ဝန္ထမ္းမ်ားကို အိမ္ျပန္ခိုင္းရန္ ေတာင္းဆိုခဲ့သည္။

ကုယြမ္က်ိဳး၏ စကားမ်ားသည္ ယုံမွားသံသယျဖစ္စရာမရွိေပ။ ထို႔ေၾကာင့္ လန္ယင္သည္ ေရွာင္ဝမ္းႏွင့္ အျခားသူမ်ားကို ေလယာဥ္ျဖင့္ တ႐ုတ္ျပည္သို႔ ျပန္ေခၚသြားခဲ့သည္။

" ဒါကေကာင္းတယ္၊ အနည္းဆုံးေတာ့သူတို႔ စိတ္မပူရေတာ့ဘူးေပါ့ " မုရွင္းယုလည္း စိတ္သက္သာရာ ရသြားသည္။

ယာဂုေသာက္ၿပီးေနာက္ သူအရမ္းမမူးေတာ့ဘဲ ထၿပီး ကုယြမ္က်ိဳးကို သြားၾကည့္တယ္။

သူ၏ လက္ရွိခႏၶာကိုယ္သည္ အလြန္အားနည္းေနေသးေသာ္လည္း ကုယြမ္က်ိဳးက ၎ကိုပိုမိုလိုအပ္တာကို ေတြးမိေသာေၾကာင့္ သူသည္ သူ႕ခႏၶာကိုယ္အတြက္ ဝိညာဥ္အခိုးအေငြ႕ကိုအသုံးျပဳရန္ ဝန္ေလးေနမိသည္။

သူ လူနာေဆာင္ထဲကို ေရာက္လာတဲ့အခါ ဖိုးဖိုးကုက ကုတင္ေဘးမွာထိုင္ေနၿပီး ကုယြမ္က်ိဳးကို ၾကည့္ၿပီး အေတြးမ်ားေနတာကို အံ့ၾသသင့္စြာ ေတြ႕လိုက္ရတယ္။

တံခါးဖြင့္သံၾကားေတာ့ မစၥတာကုက သူ႕အာ႐ုံေတြျပန္ေပၚလာၿပီး မုရွင္းယုကိုျမင္ေတာ့ " ရွင္းယု! ဘာလို႔ဒီကိုေရာက္ေနတာလဲ? ဆရာဝန္က မင္းဒီထက္ပိုၿပီး အနားယူဖို႔လိုတယ္လို႔ေျပာထားတယ္ေလ "

" ဖိုးဖိုး က်ေတာ္ယြမ္က်ိဳးကို စိတ္ပူလို႔ " ေျပာၿပီးေနာက္ မုရွင္းယုက လူနာကုတင္နားကို ေရာက္လာတယ္။

ကုယြမ္က်ိဳးသည္ ေနာက္ေက်ာဒဏ္ရာရွိသျဖင့္ ကုတင္ေပၚတြင္သာ လွဲေလ်ာင္းေနနိုင္သည္။ သူသည္ လက္ထဲတြင္ အပ္တစ္ေခ်ာင္းျဖင့္ ေဆးသြင္းထားၿပီး လူနာေဆာင္အခန္းထဲတြင္ ၎၏ အေရးႀကီးေသာ လကၡဏာမ်ားကို ေစာင့္ၾကည့္သည့္ ကိရိယာမ်ား ေျပးလႊားေနၿပီး အသံအနည္းငယ္ထြက္ေနသည္။

လက္ရွိ ကုယြမ္က်ိဳးသည္ မုရွင္းယုျပန္လည္ေမြးဖြားလာေသာအခ်ိန္ကျမင္သည္ထက္ ပိုေဖ်ာ့ေတာ့ေနၿပီး သူ႕အေျခအေနက ပိုဆိုးသည္။

မုရွင္းယုသည္ ႏွာေခါင္းခ်ဥ္လာၿပီး သူသာ အန္ဒရီ၏ ရွင္သန္မႈကို အေစာပိုင္းက ပိုမိုစုပ္ယူခဲ့မည္ဆိုလွ်င္ အန္ဒရီသည္ ေပါက္ကြဲခလုတ္ကို ႏွိပ္နိုင္မည္မဟုတ္ေပ။ သူ႕စိတ္ထဲတြင္ အလြန္ေနာင္တရေနၿပီး ကုယြမ္က်ိဳး၏ ခႏၶာကိုယ္ထဲသို႔ ဝိညာဥ္အမႈန္အမႊားမ်ား အျမန္ထည့္ေပးလိုက္သည္

" ရွင္းယု စိတ္မပူပါနဲ႕ ယြမ္က်ိဳးရဲ႕ အေျခအေနက တည္ၿငိမ္သြားၿပီလို႔ ဆရာဝန္ကေျပာတယ္။ မၾကာခင္ သူသတိရလာမွာပါ "

" ဟုတ္ကဲ့! သူေစာေစာနိုးလာဖို႔ ကြၽန္ေတာ္ေမွ်ာ္လင့္မိတယ္၊ ကြၽန္ေတာ္ သူ႕ကို ေျပာစရာေတြ အမ်ားႀကီးရွိေသးတယ္ " မုရွင္းယုက ေခါင္းညိတ္ၿပီး ေျပာလိုက္သည္။

မူလက သူသည္ ဖက္ရွင္ရွိုးပြဲတက္ၿပီးေနာက္ တ႐ုတ္နိုင္ငံသို႔ ျပန္သြားရန္ စီစဥ္ထားၿပီး ကုယြမ္က်ိဳး၏ ေမြးေန႕၌ ဝန္ခံရန္ ေစာင့္ေမ်ာ္ေနခဲ့သည္။ သို႔ေသာ္ ယခု အစီအစဥ္အားလုံး ပ်က္သြားၿပီး။

မုရွင္းယုသည္ ေဆး႐ုံကုတင္ေဘးတြင္ ထိုင္ကာ လူနာေဆာင္ထဲမွ မထြက္သြားခင္ ၾကာပန္းသုံးပြင့္မွ ဝိညာဥ္အခိုးအေငြ႕မ်ား ကုန္သြားသည္အထိ ေစာင့္ေနခဲ့သည္။

ထို႔ေနာက္ သူသည္ ဥယ်ာဥ္ဆီသို႔ တည့္တည့္သြားကာ ပတ္ဝန္းက်င္ရွိ သစ္ပင္မ်ား၏ ရွင္သန္မႈကို အဆက္မျပတ္ စုပ္ယူကာ ဝိညာဥ္အမႈန္အမႊားမ်ားကို ေမြးျမဴလိုက္သည္။

ထိုအခ်ိန္တြင္၊ မုရွင္းယုသည္ စုပ္ယူမႈကို ထိန္းခ်ဳပ္ရာတြင္ ပိုကြၽမ္းက်င္လာေၾကာင္း ေတြ႕ရွိလိုက္ရၿပီး စုပ္ခြက္သည္ ပိုမိုက်ယ္ျပန႔္ေသာအကြာအေဝးရွိ ရွင္သန္မႈကို ပိုမိုစုပ္ယူလာနိုင္သည္ကို ေတြ႕ရွိလိုက္သည္။

ဝိညာဥ္ေရးအမႈန္အမႊားမ်ားကို အဆက္မျပတ္ျဖည့္တင္းၿပီးေနာက္ သူ႕လက္ေကာက္သည္ ေျပာင္းလဲသြားပုံရၿပီး မုရွင္းယုသည္ ေနာက္ဆုံးတြင္ ၿပဳံးလိုက္သည္။

ၾကာပန္းသုံးပြင့္ ထပ္မံပြင့္လာၿပီးေနာက္ မုရွင္းယုသည္ ကုယြမ္က်ိဳးဆီသို႔ ျပန္သြားၿပီး ကုယြမ္က်ိဳးထံကို ဝိညာဥ္အခိုးအေငြ႕မ်ား ထပ္မံထည့္သြင္းခဲ့သည္။

အန္တီခ်ဴးက ကုယြမ္က်ိဳးကို ေကြၽးဖို႔ ယာဂုယူလာခဲ့ၿပီး မုရွင္းယုက ထိုတာဝန္ကို စတင္ထမ္းေဆာင္ခဲ့တယ္။

" ဖိုးဖိုး သြားၿပီးေအးေအးေဆးေဆးအနားယူပါ။ က်ေတာ္ ဒီမွာေစာင့္ေနမယ္ "

" ေကာင္းၿပီ သား ယြမ္က်ိဳးနဲ႕ စကားေျပာလို႔ရတယ္ " မစၥတာကုက တစ္ရက္ေလာက္ ေစာင့္ၾကည့္ေနေပမယ့္ သူ႕ခႏၶာကိုယ္က မထိန္းနိုင္ေတာ့တာေၾကာင့္ သူအရင္ထြက္လာခဲ့တယ္။

ကုယြမ္က်ိဳးဟာ အခုသတိေမ့ေျမာေနၿပီး အစာေကြၽးတဲ့အခါ သတိမထားမိရင္ အသက္ရႉၾကပ္သြားနိုင္တဲ့အတြက္ မုရွင္းယုက အရမ္းသတိထားေနရတယ္။

ကုယြမ္က်ိဳးအား ဂ်ဳံယာဂုကို နည္းနည္းခ်င္းစီ ေကြၽးေနစဥ္အတြင္း သူက ကုယြမ္က်ိဳးႏွင့္ စကားေျပာေနခဲ့သည္။

" ယြမ္က်ိဳး ေစာေစာနိုးလာေတာ့ က်ေတာ္ ခင္ဗ်ာကိုေျပာစရာေတြအမ်ားႀကီးရွိတယ္ "

" ဒါေတြအားလုံးက က်ေတာ့္အမွားပဲ၊ က်ေတာ္သာ ျပတ္ျပတ္သားသားလုပ္ခဲ့ရင္ ခင္ဗ်ားဘာမွျဖစ္မွာမဟုတ္ဘူး..."

" ခင္ဗ်ားကို က်ေတာ္ ဘာလို႔နမ္းတာလဲဆိုတာကို မသိခ်င္ဘူးလား။ ေစာေစာနိုးလာရင္ က်ေတာ္ေျပာျပမယ္ "

.....

အန္တီခ်ဴးသည္ ကုယြမ္က်ိဳး၏ အေျခအေနကို စစ္ေဆးရန္ မူလက အခန္းထဲသို႔ ဝင္လာရန္ စီစဥ္ခဲ့ေသာ္လည္း မုရွင္းယု၏ စကားမ်ားကို ၾကားေသာအခါ တံခါးကို ညင္သာစြာ ပိတ္လိုက္ၿပီး အခန္းတြင္းရွိ ၿငိမ္းခ်မ္းႏြေးေထြးေသာ ေလထုကို မႏွောက္ယွက္ေစေတာ့ေပ။

ဝိညာဥ္အခိုးအေငြ႕၏အာဟာရေၾကာင့္ ကုယြမ္က်ိဳး၏အေျခအေနမွာ အလြန္ေကာင္းမြန္လာသည္။ဆရာဝန္ေရာက္လာေသာအခါတြင္ ကုယြမ္က်ိဳး၏ဒဏ္ရာမွာ အနာေဖးတက္လာသည္ကိုေတြ႕လိုက္ရၿပီး ထိတ္လန႔္တၾကားအသံထြက္လာသည္။

" အနာၾကတ္တာျမန္လိုက္တာ အံ့ၾသစရာပဲ " ဆရာဝန္က ေျပာသည္။

ဒါကိုၾကားၿပီးေနာက္ ခ်ာလီက " ဟုတ္တယ္ သူ႕ဘာသာသူ ကုစားနိုင္တဲ့ စြမ္းရည္က တကယ္ကို ေကာင္းတယ္! "

မုရွင္းယုသည္ အနည္းငယ္ အျပစ္ရွိသလိုခံစားရၿပီး ကုယြမ္က်ိဳး အျမန္ျပန္ေကာင္းလာေစရန္ စိုးရိမ္စိတ္ေၾကာင့္ ဆရာဝန္၏သံသယကို ႏွိုးဆြခဲ့မိတယ္။ ဟုတ္ပါတယ္၊ ဆရာဝန္ ဘယ္ေလာက္ပဲ သံသယရွိပါေစ ဝိညာဥ္လက္ေကာက္ကို ေတြးမိဖို႔က မျဖစ္နိုင္ဘူး။

ကံေကာင္းေထာက္မစြာျဖင့္ ကုမိသားစုသည္ ဤေဆး႐ုံ၏ ရွယ္ယာရွင္ျဖစ္ေၾကာင္းႏွင့္ ကုယြမ္က်ိဳးကို ကုသေပးေနေသာ ဆရာဝန္သည္ ကုမိသားစု၏ အလြန္ယုံၾကည္ရေသာ ဆရာဝန္တစ္ဦးျဖစ္ေၾကာင္း ေနာက္ပိုင္းတြင္ ခ်ာလီက သူ႕ကို ေျပာျပေသာေၾကာင့္ မုရွင္းယုက သက္ျပင္းတစ္ခ်က္ခ်လိဳက္သည္။

ေနာက္တစ္ေန႕တြင္ လန္ယင္ထံမွ ဖုန္းဝင္လာသည္။

" ရွင္းယု အဂၤလန္မွာ အဆင္ေျပရဲ႕လား? " လန္ယင္က မုရွင္းယုထြက္ခြာသြားတာဟာ ႐ုတ္တရက္ျဖစ္ၿပီးမုရွင္းယုရဲ႕လုပ္ေဆာင္ဟန္နဲ႕မညီဘူးလို႔ လန္ယင္းက ခံစားမိေပမယ့္ ကုယြမ္က်ိဳးရဲ႕စကားေတြက သိပ္ကိုေလးနက္ေနတာေၾကာင့္ ထိုအေၾကာင္းကို သူမ အမ်ားႀကီးမေတြးမိဘူး။

သို႔ေသာ္ တ႐ုတ္နိုင္ငံသို႔ ျပန္ေရာက္ၿပီးေနာက္တြင္ သတင္းစာ ရွင္းလင္းပြဲ၏ အေသးစိတ္အခ်က္အလက္မ်ားကို သူမ အႀကိမ္ႀကိမ္ျပန္ေတြးခဲ့ၿပီး မုရွင္းယုကို ရွာမေတြ႕သည့္အခ်ိန္က Brown ႏွင့္ Steve တို႔သည္ အလြန္အံ့အားသင့္ေနခဲ့သည္။

သူမသည္ ထိုအေၾကာင္းကို ေတြးေလေလ တစ္စုံတစ္ခုမွားေလေလဟု ခံစားလာရေသာေၾကာင့္ မုရွင္းယုကို ဖုန္းဆက္လိုက္ျခင္းျဖစ္သည္။

" အစ္မလန္၊ က်ေတာ္ေနေကာင္းပါတယ္၊ မေန႕တေန႕က ႐ုတ္တရက္ ကိုယ္ေရးကိုယ္တာကိစၥရွိလို႔ အစ္မကိုေျပာဖို႔အခ်ိန္မရွိခဲ့ဘူး။ အစ္မလန္ကိုစိတ္ပူေစမိၿပီး။ က်ေတာ္ ေတာင္းပန္ပါတယ္ " မုရွင္းယုက ကုယြမ္က်ိဳးရဲ႕စကားကို လိုက္နာခဲ့ၿပီး လန္ယင္ကိုေျပာလိုက္တယ္။

" ေနာက္တစ္ခါ မင္းထြက္သြားရင္ ငါ့ကိုေျပာဖို႔မေမ့နဲ႕ "

" စိတ္မပူပါနဲ႕ ေနာက္တစ္ႀကိမ္ရွိေတာ့မွာ မဟုတ္ဘူး " မုရွင္းယုက အလ်င္အျမန္ေျပာခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ သူ႕ကို အန္ဒရီက ျပန္ေပးဆြဲသြားခဲ့ၿပီး ေနာင္မွာ ဒီလိုထပ္မျဖစ္ေတာ့မွာ ေသခ်ာတယ္။

" ေကာင္းၿပီ မင္းကိစၥျမန္ျမန္ၿပီးေအာင္လုပ္ပါ။ ငါေစာင့္ေနမယ္ "

မုရွင္းယုက သူ႕မွာ အလုပ္အစီအစဥ္ေတြရွိေနတုန္းပဲလို႔ေတြးမိၿပီး လန္ယင္ကို " အစ္မလန္၊ က်ေတာ္အဂၤလန္မွာ ခဏေနေတာ့မယ္ဆိုေတာ့ က်ေတာ့္အလုပ္က ေ႐ႊ႕ဆိုင္းလိုက္လို႔ရလာ "

" ေကာင္းၿပီ၊ ငါညွိႏွိုင္းလိုက္မယ္ မင္းရဲ႕ကိုယ္ေရးကိုယ္တာကိစၥေတြကို မင္းအရင္ဆုံးဂ႐ုစိုက္လိုက္ပါ "

လန္ယင္းနဲ႕ ဖုန္းေျပာၿပီးတဲ့အခါ မုရွင္းယုကလည္း သူ႕စိတ္ထဲ တစ္ခုခုကို ဆုံးျဖတ္လိုက္တယ္။

မုရွင္းယုအရမ္းေမွ်ာ္လင့္ေနသည့္ ကုယြမ္က်ိဳးေမြးေန႕အခ်ိန္သို႔ ေရာက္လာေသာ္လည္း ယခု ကုယြမ္က်ိဳး နိုးမလာေသးေသာေၾကာင့္ သူ႕ေခါင္းအုံးေအာက္တြင္သာ လက္စြပ္ဘူးကို ထည့္ထားရေတာ့သည္။

" ခင္ဗ်ား က်ေတာ့္ရဲ႕ ေစ့စပ္လက္စြပ္ကို လက္ခံဟန္ လုပ္လိုက္မယ္ " မုရွင္းယုက သူ႕ကိုယ္သူ ေျပာလိုက္တယ္။

သူတို႔လက္ထပ္တုန္းကလည္း ကုယြမ္က်ိဳးသည္ ေမ့ေျမာေနသျဖင့္ လက္ထပ္လက္စြပ္ကို သူကိုယ္တိုင္ ကုယြမ္က်ိဳးလက္ေပၚ ဝတ္ဆင္ေပးခဲ့ရသည္။

မထင္မွတ္ဘဲ အခုလည္ သူ ကုယြမ္က်ိဳးကိုလက္စြပ္ထပ္ေပးမယ္လို႔ေတြးခ်ိန္တြင္ ကုယြမ္က်ိဳး ေမ့ေျမာသြားရျပန္သည္။

မုရွင္းယုသည္ ေနာင္တြင္ ကုယြမ္က်ိဳးကို လက္စြပ္မေပးသင့္ဟု ခံစားခဲ့ရၿပီး ေနာက္ထပ္ မေတာ္တဆမႈျဖစ္ပါက သူေနာင္တရလိမ့္မည္။

ေနာက္တစ္ေန႕တြင္ ကုယြမ္က်ိဳးသည္ မနိုးေသးေသာ္လည္း သူ႕လက္ေခ်ာင္းမ်ားႏွင့္ မ်က္လုံးမ်ား အနည္းငယ္ လႈပ္လာကာ ဆရာဝန္က ေကာင္းေသာလကၡဏာဟု ေျပာခဲ့သည္။

မုရွင္းယုသည္ ကုယြမ္က်ိဳးကို ျပဳစုေစာင့္ေရွာက္ခဲ့သည္။ ေဆးသြင္းၿပီးေနာက္ ကုယြမ္က်ိဳး၏လက္မ်ားကို သုတ္ေပးၿပီး ေစာင္ေအာက္တြင္ ထားလိုက္သည္။ ၿပီးရင္ ဂြမ္းစကို ေရထဲမွာႏွစ္ၿပီး ကုယြမ္က်ိဳး၏ ႏႈတ္ခမ္းေပၚတို႔ေပးတယ္။

" မုေရွာင္ စိတ္မပူပါနဲ႕ မစၥတာကုက အစပိုင္မွာခက္ခဲေပမယ့္ သူလြတ္ေျမာက္ခဲ့တယ္။ အခု သူေကာင္းလာမွာပါ " အန္တီခ်ဴးက ေျပာသည္။

" သူ႕အေျခအေနျပန္ေကာင္းလာလို႔ က်ေတာ္အရမ္းဝမ္းသာေပမယ့္ အခု သူနိုးလာဖို႔ ကြၽန္ေတာ္ တကယ္ေမွ်ာ္လင့္တယ္ "

႐ုတ္တရက္ ကုယြမ္က်ိဳးက ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ထားၿပီး သူ႕သြားေတြကို က်စ္က်စ္ပါေအာင္ဆုပ္ထားတာကို မုရွင္းယုသတိထားမိလိုက္တယ္။ သူအရမ္းစိုးရိမ္သြားၿပီး အန္တီခ်ဴးကို ဆရာဝန္ေခၚခိုင္းလိုက္တယ္။

" ယြမ္က်ိဳး! ယြမ္က်ိဳး! " သူကစိုးရိမ္တႀကီးေအာ္လိုက္တယ္။

ကုယြမ္က်ိဳးရဲ႕ တစ္ကိုယ္လုံး ႂကြက္သားမ်ားသည္ တင္းမာေနၿပီး တစ္ခုခုကို ခံနိုင္ရည္မရွိသလို သူ႕မ်က္ခုံးေတြက မ်က္ေမွာင္ၾကဳတ္သြားသည္။ သူအရမ္းစိုးရိမ္သြားၿပီး အသစ္ထုတ္ယူထားတဲ့ ဝိညာဥ္ျမဴမႈန္ကို ကုယြမ္က်ိဳးရဲ႕ ခႏၶာကိုယ္ထဲကို အျမန္ထည့္သြင္းလိုက္တယ္။

သို႔ေသာ္ ကုယြမ္က်ိဳး၏ အေျခအေနမွာ မေျပာင္းလဲေပ။ သူ၏ မူမမွန္မႈသည္ သူ႕ခႏၶာကိုယ္ေၾကာင့္မဟုတ္ဘဲ သူ႕အသိစိတ္ေၾကာင့္ျဖစ္သည္။

ကံေကာင္းေထာက္မစြာပင္ ဆရာဝန္က မၾကာခင္မွာဘဲေရာက္လာတယ္။သူက ကုယြမ္က်ိဳးရဲ႕ အေျခအေနကို စစ္ေဆးၿပီး ကုယြမ္က်ိဳးဟာ သူ႕ကို ေၾကာက္႐ြံ႕ေစတယ့္ အသိစိတ္လႈပ္ရွားမႈတစ္ခုထဲကို က်သြားခဲ့တာျဖစ္တာေၾကာင့္ ပုံမွန္မဟုတ္တဲ့ တုံ႕ျပန္မႈတစ္ခုျဖစ္လာေၾကာင္း ရွင္းျပခဲ့တယ္။

ဒါက အဆိုးထဲကအေကာင္းဘဲ!

အေကာင္းဘက္တြင္၊ ကုယြမ္က်ိဳးသည္ သတိျပန္ဝင္လာၿပီး သူ႕အသိစိတ္သည္ အလြန္ရွင္းလင္းေနဆဲျဖစ္ေၾကာင္းျပသေနသည္။

သို႔ေသာ္ အဆိုးဘက္တြင္မူ ျပင္းထန္ေသာ အသိစိတ္လႈပ္ရွားမႈမ်ားသည္ ကုယြမ္က်ိဳး၏ ခႏၶာကိုယ္ႏွင့္ စိတ္ခံစားမႈမ်ားကို ထိခိုက္ေစမည္ျဖစ္သည္။

ဥပမာအားျဖင့္၊ ကုယြမ္က်ိဳးရဲ႕ အေျခအေနက အခု သိပ္မေကာင္းဘူး၊ ဆရာဝန္က ကုယြမ္က်ိဳးရဲ႕ တင္းတင္းက်ပ္က်ပ္ ပိတ္ထားတဲ့ ပါးစပ္ကို ဖြင့္ၿပီး ကုယြမ္က်ိဳးက သူ႕ကိုယ္သူ ကိုက္တာကို တားဆီးဖို႔ လုပ္လိုက္တယ္။

ထိုအခ်ိန္တြင္ ေမ့ေျမာေနေသာ ကုယြမ္က်ိဳးသည္ သူ႕လက္ကို ျပင္းထန္စြာ ေဝွ႕ယမ္းကာ ကုတင္ေပၚမွ ထထိုင္လိုက္သည္။

သို႔ေသာ္ သူ၏လႈပ္ရွားမႈသည္ ခ်က္ခ်င္းပင္ သူ႕ေနာက္ေက်ာရွိ ဒဏ္ရာမ်ားကိုထိခိုက္သြားေစၿပီး ဒဏ္ရာသည္ပြင့္ထြက္သြားကာ ပါလႊာေသာေဆး႐ုံဝတ္စုံတြင္ အနီရဲရဲေသြးမ်ားစြန္းထင္းသြားသည္။

" ယြမ္က်ိဳး! ေနာက္ဆုံးေတာ့ မင္းနိုးလာၿပီ! " မုရွင္းယုက စိတ္လႈပ္ရွားစြာ ေအာ္လိုက္ၿပီး ကုယြမ္က်ိဳးကို အိပ္ဖို႔ အျမန္ကူညီေပးလိုက္တယ္။

" ရွင္းယု.... " ကုယြမ္က်ိဳးက အရမ္းအားနည္းေနေတာ့ သူ႕အသံေတာင္ အားနည္းေနပုံရတယ္။

" ဘာမွမေျပာနဲ႕! " မုရွင္းယုက ဆရာဝန္ကို " သူ႕ဒဏ္ရာကို ျမန္ျမန္ဂ႐ုစိုက္ေပးပါ "

ၾကာပန္းလက္ေကာက္၏ကုသမႈေအာက္တြင္၊ ကုယြမ္က်ိဳး၏ ေနာက္ေက်ာရွိ မီးေလာင္ဒဏ္ရာမ်ားႏွင့္ျခစ္ရာမ်ား ေပ်ာက္ကင္းသြားခဲ့ေသာ္လည္း။ ယခုအခါ သူ၏ ျပင္းထန္ေသာ လႈပ္ရွားမႈမ်ားက အမာ႐ြတ္ႏွစ္ခုကို ပြင့္သြားေစၿပီးသူ၏ေနာက္ေက်ာတြင္ ဒဏ္ရာမ်ားကိုျပန္ျဖစ္ေစခဲ့သည္။ ဆရာဝန္က သူ႕ကို ေသြးတိတ္ေအာင္ ေဆးေပးၿပီးေနာက္ သူ၏ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေနကို စတင္ စစ္ေဆးခဲ့သည္။

ဖိုးဖိုးကုလည္း အျမန္ေရာက္လာကာ ေနာက္ဆုံးတြင္ ကုယြမ္က်ိဳးနိုးလာသည္ကို ျမင္ၿပီးေနာက္ ေပ်ာ္႐ႊင္ေသာ အၿပဳံးကို ျပသခဲ့သည္။

ဆရာဝန္က စစ္ေဆးမႈၿပီး ကုယြမ္က်ိဳး အဆင္ေျပေၾကာင္း အတည္ျပဳၿပီးေနာက္ ဖိုးဖိုးကုနဲ႕ မုရွင္းယုတို႔ ႏွစ္ေယာက္လုံး သက္ျပင္းတစ္ခ်က္ခ်လိဳက္သည္။

ဆရာဝန္ထြက္သြားၿပီးေနာက္ ဖိုးဖိုးကုက " မင္း ေမ့ေျမာေနတာ ငါးရက္ရွိၿပီ၊ ငါတို႔စိတ္ပူေနရတာလည္း ငါးရက္ရွိၿပီ။ အခုခ်ိန္ကစၿပီး မင္းကိုယ့္ကိုယ္ကို အႏၱရာယ္မေပးရဘူး "

" သိပါၿပီးအဖိုး ဒီတစ္ခါေတာ့ ေသေသခ်ာခ်ာမေတြးခဲ့မိဘူး ေနာင္ဆို မျဖစ္ေစရပါဘူး " ကုယြမ္က်ိဳးက ေျပာတယ္။

ကုယြမ္က်ိဳးနိုးလာတာကို ဖိုးဖိုးကုက ျမင္ေတာ့ ၾကမ္းတမ္းေသာစကားမေျပာနိုင္ဘဲ ကုယြမ္က်ိဳးက မုရွင္းယုကို ကယ္တင္ခဲ့လို႔ဆိုတာ သူသိတဲ့အတြက္ သူ႕ကို အျပစ္မတင္ေတာ့ဘူး။ သူဒီမွာရွိေတာ့ ကုယြမ္က်ိဳးနဲ႕မုရွင္းယုမွာ စကားသိပ္မေျပာတဲ့အတြက္ သူသည္ အေၾကာင္းျပခ်က္တစ္ခုရွာၿပီး အရင္ထြက္လာခဲ့သည္။

ဖိုးဖိုးကု ထြက္သြားၿပီးတာနဲ႕ ကုယြမ္က်ိဳးက" ရွင္းယု ကိုယ္ရက္အနည္းငယ္ေလာက္ ေမ့ေျမာေနၿပီး မင္းကို စိတ္ပူေအာင္လုပ္မိတယ္ "

" က်ေတာ္စိတ္ပူေနတာ ခင္ဗ်ားသိလား? မစၥတာကု ခင္ဗ်ားရဲ႕အသက္ကို အနာဂတ္မွာမစြန႔္စားနဲ႕ " မုရွင္းယုက ဆိုပါတယ္။

" ကိုယ္ မင္းကို မနာက်င္ေစခ်င္ဘူး " ကုယြမ္က်ိဳးက ေျပာသည္။

ကုယြမ္က်ိဳး ေတြးေနတာေတြကို မုရွင္းယုက သိေပမယ့္ ကုယြမ္က်ိဳးအစားသူသာ ဒဏ္ရာရခ်င္မိတယ္။

ထိုအခ်ိန္တြင္ အန္တီခ်ဴးက ၾကက္ဥ ယာဂုပန္းကန္လုံးႏွင့္ ငါးေခါင္းစြပ္ျပဳတ္တစ္ခြက္ ယူလာေပးသည္။

" အန္တီခ်ဴး၊ က်ေတာ္ဒီမွာရွိတယ္။ အရင္ဆုံးအနားယူလိုက္ပါ " မုရွင္းယုသည္ အစားအေသာက္မ်ားကို ေဆး႐ုံကုတင္ေဘးရွိ စားပြဲငယ္ေလးေပၚတြင္ တင္ကာ အန္တီခ်ဴးအား ေျပာလိုက္သည္။

အန္တီခ်ဴးက ေခါင္းညိတ္ကာ ၿပဳံးၿပီးထြက္သြားသည္။

မုရွင္းယူသည္ ကုယြမ္က်ိဳးကို ထထိုင္ေစၿပီး ကုယြမ္က်ိဳး၏ ခႏၶာကိုယ္ေပၚရွိ ဒဏ္ရာမ်ားကို ထပ္မံမထိမိေစရန္အတြက္ ေခါင္းအုံးကို ေပါ့ေပါ့ပါးပါး ထားလိုက္ပါ။

ထိုအခ်ိန္တြင္ ေခါင္းအုံးေအာက္ရွိ ဘူးေလးသည္ ေျမျပင္ေပၚသို႔ ျပဳတ္က်သြားၿပီး မုရွင္းယုက ၎ကို အျမန္ ေကာက္ယူလိုက္သည္။

ကုယြမ္က်ိဳးသည္ အကြၽမ္းတဝင္ရွိသည့္ဘူးေလးကိုေတြ႕ေသာအခါ အလြန္အံ့ၾသသြားသည္။

" ဒါက..."

မုရွင္းယုက ဒီလိုအေျခအေနမ်ိဳးမွာ သူေပးမယ့္ ေစ့စပ္လက္စြပ္ကို ကုယြမ္က်ိဳးက ေတြ႕သြားလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားတာေၾကာင့္ ကုယြမ္က်ိဳးေမြးေန႕မွာ သူေျပာခ်င္တာကို ေျပာဖို႔ ဒီအခြင့္အေရးကို ရိုးရိုးရွင္းရွင္းပဲ ယူလိုက္တယ္။

" ဒါက က်ေတာ္စိတ္ႀကိဳက္လုပ္ထားတဲ့ လက္စြပ္။ ခင္ဗ်ာေပးခဲ့တဲ့ လက္စြပ္နဲ႕ ဆင္တူပဲ " လို႔ေျပာၿပီး မုရွင္းယုက ေစ့စပ္လက္စြပ္ကို ဖြင့္လိုက္ၿပီး အတြင္းဘက္လက္စြပ္ကို ဖြင့္ျပလိုက္တယ္။

ကုယြမ္က်ိဳးက အရမ္းအံ့ၾသသြားတယ္။ ဤရင္းႏွီးတဲ့လက္စြပ္ကိုၾကည့္ၿပီး သူ႕အာ႐ုံကျပန္မေကာင္းလာဘူး။

" မစၥတာကု ကြၽန္ေတာ္ယဥ္ေက်းစြာေတာင္းဆိုပါရေစ။ ဒီလက္စြပ္ကို ခင္ဗ်ားလက္ခံမွာလား? "

ကုယြမ္က်ိဳးသည္ မုရွင္းယု၏ အစီအစဥ္ကို နားလည္ၿပီးေနာက္ ရယ္ေမာကာ " ကိုယ့္ရဲ႕လက္စြပ္ကို မေပးရေသးဘူးေလ " လို႔ ေျပာလိုက္တယ္။

" ခင္ဗ်ားထပ္ေပးရင္ က်ေတာ္ေသခ်ာေပါက္လက္ခံမယ္ " အစပိုင္းတြင္ မုရွင္းယုသည္ ကုယြမ္က်ိဳးကို မႀကိဳက္ေသးေသာေၾကာင့္ ၄င္းကို ျငင္းဆိုခဲ့ေသာ္လည္း ယခုမူ ေစ့စပ္လက္စြပ္ကို လက္ခံရန္ မတြန့္ဆုတ္ေတာ့ေပ။

" မင္းကိုအခု မဝတ္ေပးနိုင္တာႏွေျမာစရာဘဲ " ကုယြမ္က်ိဳးက အနည္းငယ္ေနာင္တရကာ ဘူးထဲက လက္စြပ္ကို ၾကည့္လိုက္တယ္။

" မစၥတာမု မင္းလက္ေဆာင္ေတြ ေပးရာမွာစိတ္ရင္းမွန္ရမယ္။ ဒါေၾကာင့္ ကိုယ့္အတြက္ ဝတ္ေပး " လို႔ေျပာလိုက္တယ္။

" ေကာင္းၿပီ မစၥတာကု " မုရွင္းယုက ၿပဳံးၿပီး လက္စြပ္ကို ထုတ္ကာ ကုယြမ္က်ိဳး၏ ဘယ္ဘက္လက္၏ လက္ခလယ္ေပၚတြင္ ဝတ္ဆင္ေပးလိုက္သည္။

ကုယြမ္က်ိဳးသည္ သူ႕ဘယ္ဘက္လက္ရွိ လက္စြပ္ႏွစ္ကြင္းကို ၾကည့္ၿပီး ႐ုတ္တရက္ မ်က္ေမွာင္ၾကဳတ္ကာ " မင္း ဒီလက္စြပ္ႏွစ္ကြင္းကို တကယ္ေပးခဲ့တာလာ "

" တကယ္ေတာ့ ခင္ဗ်ားရဲ႕ေမြးေန႕မွာ က်ေတာ္ေပးခ်င္ေပမယ့္..." မုရွင္းယုက အႀကိမ္ေပါင္း ေထာင္နဲ႕ခ်ီၿပီး တြက္ခ်က္ခဲ့ေပမယ့္ အန္ဒရီျပန္ေပးဆြဲမယ္ဆိုတာကို သူမတြက္ခ်က္ခဲ့မိဘူး။

ကုယြမ္က်ိဳးက အန္ဒရီကို ေတြးမိၿပီး "အန္ဒရီ အခု ဘယ္လိုေနလဲ" လို႔ ေမးတယ္။

" ေသၿပီ၊ အပိုင္းပိုင္းပ်က္စီးသြားတယ္ " မုရွင္းယုသည္ အန္ဒရီဒီလိုအဆုံးသတ္သြားတဲ့အတြက္ အရမ္းစိတ္သက္သာရာရသြားတယ္။

ကုယြမ္က်ိဳးက ေခါင္းညိတ္ၿပီး " တကယ္လို႔ သူမေသရင္ေတာင္ ကိုယ္ကိုယ္တိုင္ေသေစမွာ " မုရွင္းယုကို အန္ဒရီက ျပန္ေပးဆြဲသြားေၾကာင္း သိလိုက္ရတဲ့အခါ ကုယြမ္က်ိဳးက မုရွင္းယုကို အႏၱရာယ္ျဖစ္ေစတဲ့အတြက္ အရမ္းေနာင္တရသြားသည္။ အန္ဒရီဟာ ေပါက္ကြဲမႈမွာ ကံေကာင္းၿပီး မေသခဲ့ရင္ေတာင္ ဒုကၡကေနထာဝရ လြတ္ေျမာက္မွာမဟုတ္ဘူး။

" ဒီအေၾကာင္းကို မေျပာရေအာင္ ျမန္ျမန္ ယာဂုေသာက္သင့္တယ္ " မုရွင္းယုက ေနာက္ထပ္ အဆင္မေျပတာေတြ မေျပာခ်င္ေတာ့တဲ့အတြက္ ကုယြမ္က်ိဳးဆီကို ဂ်ဳံယာဂု ယူလာကာ ေျပာလိုက္တယ္။

...

ေနာက္ရက္မ်ားတြင္ မုရွင္းယုသည္ ကုယြမ္က်ိဳးကို ျပဳစုေစာင့္ေရွာက္ေနၿပီး ကုယြမ္က်ိဳးက ေဆး႐ုံတြင္ ကုသမႈဆက္လက္ခံယူခဲ့သည္။

ကုယြမ္က်ိဳး အႏၱရာယ္ လုံးဝကင္းရွင္းေၾကာင္း ဖိုးဖိုးကုသိျမင္ၿပီးေနာက္၊ သူသည္ တ႐ုတ္နိုင္ငံသို႔ ျပန္သြားရန္ စီစဥ္ခဲ့သည္။ မထြက္ခြာမီတြင္ မုရွင္းယုနဲ႕ႏွစ္ေယာက္တည္း စကားေျပာခဲ့သည္။

" ရွင္းယု ဖိုးဖိုး မင္းကိုေတာင္းဆိုစရာရွိလို႔ "

" ဘာကိစၥရွိလို႔လဲ? ဖိုးဖိုးေျပာပါ "

" ယြမ္က်ိဳးက အဂၤလန္ကို ျပန္မလာေတာ့ဘူးဆိုတာ မင္းလည္းသိပါတယ္။ ဒါေပမယ့္ ဒီတစ္ခါေတာ့ မင္းအတြက္ သူ႕ႏွလုံးသားထဲကအထုံးကို အနိုင္ယူနိုင္ခဲ့တယ္ " မစၥတာကုက ၿပဳံးၿပီးဆက္ေျပာတယ္ " ရွင္းယု၊ ယြမ္က်ိဳးက မင္းကို သူ႕ႏွလုံးသားထဲကေနဂ႐ုစိုက္တယ္၊ UK မွာ ဒဏ္ရာကေန ျပန္သက္သာလာဖို႔မင္နဲ႕အတူေနခဲ့တယ္။ သူ႕မိဘေတြ ဆုံးပါးသြားတာက သူ႕အမွားမဟုတ္သလို သူ႕ကိုယ္သူ အျပစ္ေျပာစရာ မလိုပါဘူး ဒီအခြင့္အေရးကို ေကာင္းေကာင္းအသုံးခ်လိဳက္ပါ "

" က်ေတာ္လုပ္မယ္ " မုရွင္းယုက ေခါင္းညိတ္သည္။

မစၥတာကု ထြက္သြားသည္ႏွင့္ တၿပိဳင္နက္ ကုယြမ္က်ိဳးသည္ သူ၏ဒဏ္ရာ သက္သာလုနီးပါး ခံစားခဲ့ရၿပီး တ႐ုတ္နိုင္ငံသို႔ ျပန္သြားရန္ စီစဥ္ခဲ့သည္။

မုရွင္းယုက ဖိုးဖိုးကုေျပာတာကို ေတြးၿပီး " က်ေတာ္တို႔ ရက္အနည္းငယ္ေလာက္ အနားယူတာပိုေကာင္းမယ္။ ခင္ဗ်ား ေဆး႐ုံမွာမေနခ်င္ရင္ ခင္ဗ်ာေနရာကို ျပန္သြားလို႔ရၿပီ "

ခ်န္ဖန္ထံမွ ကုယြမ္က်ိဳး ဝင္ဆာလ္ရဲတိုက္မွ ထြက္ခြာၿပီးေနာက္ ကုမၸဏီႏွင့္နီးကပ္စြာသြားလာနိုင္ရန္ အဆင္ေျပသည့္ ၿမိဳ႕လယ္ရွိ တိုက္ခန္းတစ္ခုတြင္ သူထိုင္ေနသည္ကို မုရွင္းယုက သိရွိခဲ့သည္။

ကုယြမ္က်ိဳးကေခတၱရပ္လိုက္ၿပီး " ေကာင္းၿပီ " ဟုေခါင္းညိတ္လိုက္သည္။

မုရွင္းယုသည္ အန္တီခ်ဳးကို တိုက္ခန္းသန႔္ရွင္းေရးလုပ္ဖို႔ လူရွာရန္ ခ်က္ခ်င္းစီစဥ္ခိုင္းခဲ့သည္။တကယ္ေတာ့ ထိုေနရာကို ပုံမွန္သန႔္ရွင္းေရးလုပ္ခဲ့ေသာ္လည္း မုရွင္းယုက စိုးရိမ္ေနဆဲျဖစ္သည္။

************************************

Continue Reading

You'll Also Like

1.7K 129 5
Name : Why Don't You Coax Me? Alternative name : 怎么还不哄我[娱乐圈] Originally Author : 墨西柯 (Mo Xi Ke) Original Publisher: jjwxc English Publisher : N/A St...
3.6K 668 133
《替身》လူစားထိုး 作者:北棠墨 မူရင္းေရးသားသူ -ေပထန္ေမာ့   အခုေခတ္ေနာက္ခံ 1 V 1 , HE   
8.5K 302 21
I thought I'd had crushes before There was Carson, who smiled at me in bio There was Isabell, with the beautiful eyes But this girl God, it's like it...
166K 4.4K 27
Yes, you heard that right, ahahaha! Running back a classic since I couldn't find many on here. Doesn't hurt to add on the Cartoon Pile. Meet Y/n Watt...