𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆

By taetaehnin13

8.2K 445 43

!ကလေးတော်တော်ဆိုးတာပဲကွာ ကိုယ့်အပေါ်အရမ်းအနိုင်ယူတာပဲ.... ကလေးအနိုင်ယူချင်လည်းယူပါကလေးရယ် ကလေးမို့ ကိုယ်အလျော... More

Part-1🐰🐻
Part-3🐰🐻
Part-4🐰🐻
Part-5🐰🐻🚨
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12

Part-2🐰🐻

688 44 3
By taetaehnin13

Unicode

"ဟူး....အမလေးမောလိုက်တာ... ငါဉာဏ်ကောင်းလို့တော်သေးတယ် နောက်မို့ဆို မလွယ်ဘူး..."

ထယ်ယောင်းမှာ အမောဖြေယုံရှိသေး သူ့ဆိုင်မန်နေဂျာ ရောက်လာပြီး သူ့ကိုစူတော့သည်။

"ဟဲ့ ထယ်ယောင်း နင်ဘယ်တွေလျှောက်သွားနေတာလည်း အလုပ်ချိန်ကြီးကို..."

"ကျွန်တော် ဘယ်မှ မသွားပါဘူး အဝတ်အစားဝယ်ချင်လို့ အပေါ်ထပ်မှာ သွားကြည့်တာပါ..."

"ဒီအချိန်က အလုပ်ချိန်လေ နင်အလေနက်တော လျှောက်သွားရမဲ့အချိန်မဟုတ်ဘူး..."

ထယ်ယောင်း မှာ ဆိုင်မန်နေဂျာပြောတော့ သူ့နာရီကိုငုံ့ကြည့်လိုက်သည်။

"2မိနစ်လောက်ပဲစွန်းတာပါ ကျွန်တော်သွားတာက ထမင်းစားနားတဲ့အချိန်သွားတာ အခုပြန်ရောက်ပြီပဲ..."

"2မိနစ်လည်း 2မိနစ်ပဲ ထမင်းစားချိန်သွားတယ်ဆိုလည်း အဲ့အချိန်အမှီပြန်လာခဲ့ပေါ့ အခုဟာက အလုပ်ချိန်ဖြစ်နေပြီ..."

"ဟုတ်ကဲ့ နောက်မဖြစ်စေရပါဘူး..."

"နင့်ကိုပြောလိုက်ရင် အဲ့အတိုင်းကြီးပဲ....နောက်တစ်ခါဆိုနင်မလွယ်ဘူးမှတ်..."

ထယ်ယောင်း သူ2မိနစ်နောက်ကြသွားသည့်အတွက် ခွန့်တုံ့ပြန်ပြီး ပြန်မပြောတော့ ငြိမ်ပြီးပဲနားထောင်နေလိုက်သည်။

ဝယ်သူတွေကြလာ၍ ထယ်ယောင်းမှာ ဟိုဘက်ပြေးဒီဘက်ပြေးနဲ့ ဝယ်သူတွေကိုလိုက်ပြပေးနေသည်။

ဂျောင်ဂုနဲ့ ယွန်းဂီလည်း အိမ်ပြန်ဖို့အောက်ထပ်ကို ဆင်းလာရင်း ဆိုင်တစ်ဆိုင်ရှေ့အရောက် ဟိုဘက်ပြေး ဒီဘက်ပြေးနဲ့ စျေးဝယ်သူတွေကို လိုက်ပြပေးနေတဲ့ ထယ်ယောင်းကိုမြင်သွားသည်။

"ဟင်....ဟိုကောင်လေးပါလား....ယွန်းဂီ ငါပြောတာ အဲ့ဒီကောင်လေးလေ... "

ယွန်းဂီလည်း ဂျောင်ဂုပြတဲ့စီ ကြည့်လိုက်သည်။

"အဲ့ကောင်လေးလား.... မင်းဟာကလည်းကွာ ငယ်ငယ်လေးရှိသေးတယ်....ဖြစ်ပါ့မလား..."

"ဖြစ်တာပေါ့ကွ.... ဘာလို့မဖြစ်ရမှာလည်း ငါတကယ် အဲ့ကောင်လေးကိုစိတ်ဝင်စားနေပြီ...."

"မင်းကတော့လေ လူပျိုကြီးဂုဏ်ကိုထိန်းသိမ်းပြီးနေလာသမျှ ဒီကောင်လေးနဲ့တွေ့မှ အရှုံးပေးရတော့မယ်နဲ့တူတယ်...."

"အဲ့ကောင်လေးကိုရရင် ငါ့လူပျိုကြီး ဂုဏ်ကိုစွန့်လွှတ်မှာ..."

"မင်းမရတော့ဘူး တော်တော်ဖြစ်နေပြီ..."

"ဟုတ်တယ် ငါတော်တော်ဖြစ်နေပြီ..."

ဂျောင်ဂုမှာ တော်တော်နဲ့ မပြန်သေး ထယ်ယောင်းစျေးရောင်းနေတဲ့ ပုံကို ရပ်ကြည့်နေမိသည်။

ယွန်းဂီ ကတော့ စိတ်မရှည်ချင်တော့ ရပ်နေတာလည်း 1နာရီနီးပါးရှိနေပြီမို့ ဂျောင်ဂုကိုပြောတော့သည်။

"ဟေ့ဟျောင်....ပြန်မယ်လေကွာ ဘာမှမဟုတ်ပဲ ရပ်ကြည့်နေတာ ငါညောင်းနေပြီကွ..."

"မင်းပြန်ချင် အရင်ပြန်နှင့်တော့ ငါတော့ ငါ့ကောင်လေးကိုကြည့်ဦးမှာ..."

"မင်းကွာ...လူမြင်မကောင်းပါဘူး သူများတွေမြင်ရင်တစ်မျိုးထင်ဦးမယ်.....ဒါမှမဟုတ် သူ့ဆိုင်မှာ တစ်ခုခု သွားဝယ်လိုက်ပါလား..."

"မင်းဘိုးအေမှပဲ....သူရောင်းတာ မိန်းကလေးအဝတ်အစားတွေ ငါကဘယ်လိုသွားဝယ်ရမှာလည်း ငါ့မှာ ညီမလည်းမရှိ အမလည်းမရှိနဲ့ ဝယ်ပြီး ဘာလုပ်ရမှာလည်း..."

"ဒါဆိုလည်း မင်းအိမ်မှာ ခိုင်းထားတဲ့ ကောင်မလေးတွေကို ပေးလိုက်ကွာ..... ဒီတိုင်းကြီးတော့ ရပ်မနေနဲ့ ရှက်စရာကြီး..."

ဂျောင်ဂုလည်း ယွန်းဂီပြောမှ အကြံရသွားသည်။

"အေး ဒါဆိုလည်းသွားမယ်ကွာ...."

ဂျောင်ဂုနဲ့ ယွန်းဂီလည်း ထယ်ယောင်းဆိုင်ရှေ့ရောက်တော့ မဝင်ရဲ.... မိန်းကလေးအဝတ်အစားလည်း တစ်ခါမှ မဝယ်ဘူး၍ ရှက်ကိုး ရှက်ကန်းဖြစ်နေမိသည်။

ထယ်ယောင်းတစ်ယောက် စျေးရောင်းနေရင်း ဂျောင်ဂုကိုမြင်သွားသည်။

!ဟင်....သူဌေးဂျွန်ပဲ ဘာကိစ္စ ဆိုင်ရှေ့လာတာလည်းမသိဘူး....ဟာ....ငါ မုန့်ဝယ်မကျွေးလို့များ ငါ့စီလိုက်လာတာလားမသိဘူး....ဒုက္ခပဲ...!

ထယ်ယောင်းသူတွေးချင်တာတွေးပြီး ဂျောင်ဂုကိုမျက်နှာချင်းမဆိုင်ရဲတော့။ အကွယ်လေးတစ်ခုမှာပုန်းနေလိုက်သည်။

ဂျောင်ဂုလည်း သူ့တို့ကို ကွယ်နေတဲ့ ထယ်ယောင်းကိုမြင်​တော့ မသိသလိုဟန်ဆောင်ကာ ထယ်ယောင်းနားကို လျှောက်သွားသည်။

"ဟိတ်....ကလေး မင်းက ဒီဆိုင်မှာ အလုပ်လုပ်တာလား..."

ထယ်ယောင်းမှာဂျောင်ဂု သူ့ပုခုံးကိုပုတ်လိုက်၍ လန့်သွားသည်။

"ဗျာ....ဟုတ်...ဟုတ်...ကျွန်တော် ဒီဆိုင်မှာ အလုပ်လုပ်တာပါ..."

"ဒါဆို ကိုယ့်ကို မိန်းကလေးဝတ် အကျီ်လေးတွေပြပေးဦး ..."

"ဗျာ...သူဌေးဂျွန်က ကျွန်တော်တို့ဆိုင်ကအကျီ်ကိုဝယ်မလို့လား...."

"ဟုတ်တယ်လေ ဘာဖြစ်လို့လည်း..."

ထယ်ယောင်းနားမလည်နိုင်ဖြစ်သွားသည်။ သူတို့ဆိုင်က သာမန် လူတန်းစားတွေဝတ်တဲ့ အဝတ်အစားလောက်ပဲ ရောင်းတဲ့ဆိုင်မို့ ဂျောင်ဂုလို သူဌေးမျိုးက သူတို့ဆိုင်က အဝတ်အစားကိုဝယ်မယ်ဆို၍ အံ့သြသွားသည်။ စိတ်ထဲကလည်း ဂျောင်ဂု သူ့ချစ်သူကို လက်ဆောင်ပေးမလို့များလားလို့ထင်မိသည်။

"ဟို ...ဘာမှ မဖြစ်ပါဘူး....ကျွန်တော်တို့ဆိုင်က သာန်မာန် လူတန်းစားတွေဝတ်တဲ့အဝတ်အစားတွေပဲရှိလို့ပါ...သူဌေးဂျွန်ဝယ်မယ်ဆိုလည်း လိုက်ပြပေးပါ့မယ်... ကောင်မလေးက ဘယ်အရွယ်လည်း၊ ဘယ်လိုပုံစံမျိုးလိုချင်လည်း...."

"ရတယ် ကလေးကြိုက်တဲ့ဟာသာ ထည့်လိုက် ကိုယ်လည်း တစ်ခါမှ မိန်းကလေးအဝတ်အစားမဝယ်ဘူးတော့မသိဘူး....အရွယ်ကတော့20ကျော်လောက်ဖြစ်မယ်..."

"ကျွန်တော် ကြိုက်တာထည့်လို့ဘယ်ဖြစ်ပါ့မလည်း သူ့အကြိုက် ကိုယ့်အကြိုက်က ရှိသေး တယ် ကျွန်တော်ကြိုက်ပင်မဲ့ သူမကြိုက်ရင် ဘယ်လိုလုပ်မလည်း..."

"ရပါတယ် မကြိုက်လည်း ဘာမှမဖြစ်ဘူး ဒီတိုင်းဝယ်ပေးတာပဲ ကလေး အစဥ်ပြေတဲ့ဟာသာ ထည့်လိုက်ပါ.."

ထယ်ယောင်း စဥ်းစားရခက်သွားသည်။

!ဒီလူ ဘယ်လိုကြီး လည်း ဟ ကိုယ့်ချစ်သူအတွက် ဝယ်ပေးတာတောင် သေချာမရွေးဘူး ငါ့ကြီးပဲ ရွေးခိုင်းနေတယ်... သူ့လိုသူဌေးမျိုးက ကိုယ့်ချစ်သူအတွက်ဝယ်ပေးတဲ့ဟာ အမှန်ဆို နာမည်ကြီး Brand တွေဝယ်ပေးရမှာပေါ့ ....သူဌေးဖြစ်ပြီးတော်တော်ကပ်စေးနဲတယ်...!

"ဟိတ်.... ကလေး ဘာတွေစဥ်းစားနေတာလည်း ရွေးပေးလေ..."

"ဗျာ...ဟုတ်...ဟုတ်....ရွေးပေးမယ်..."

ထယ်ယောင်း အစဥ်ပြေမဲ့ပုံစံထဲက ဂျောင်ဂုကိုရွေးပေးလိုက်သည်။

"ဒါလေးဆိုအစဥ်ပြေမလား..."

"ပြေပြေမပြေပြေ ထည့်သာထည့်လိုက် ကိုယ်လည်းမကြည့်တက်ဘူး.... "

"ဟုတ်ကဲ့..."

ဂျောင်ဂုတစ်ယောက် အခုမှ ထယ်ယောင်းရင်ဘက်က ဝန်ထမ်းကဒ်ပြားလေးကိုကြည့်မိသွားသည်။

"ကလေး နာမည်က ကင်မ်ထယ်ယောင်းလား..."

"ဗျာ...ဟုတ်... ဟုတ်ပါတယ် ကျွန်တော့်နာမည် ကင်မ်ထယ်ယောင်းပါ..."

"ကိုယ်မှတ်ထားလိုက်မယ်နော် ..."

"ဟုတ်ကဲ့..."

ဂျောင်ဂုထယ်ယောင်းဆိုင်က အဝတ်အစားသုံးလေးစုံဝယ်ကာ ပြန်ထွက်လာလိုက်သည်။

ထယ်ယောင်းမှာလည်းဂျောင်ဂုပြန်ထွက်သွားမှ
အသက်ဝအောင်ရှူနိုင်တော့သည်။ သူ့ကို မုန့်ဝယ်ကျွေးခိုင်းမလားဆိုပြီးရင်တထိတ်ထိတ်နဲ့ နေနေရာက အဝတ်အစားဝယ်ပြီး ပြန်ထွက်သွားမှပဲ စိတ်ကိုဒုံးဒုံးချနိုင်တော့သည်။

!အမလေး...တော်သေးတာပေါ့ အဝတ်အစားဝယ်ပြီးပြန်ထွက်သွားလို့ ငါ့မှာဖြင့်မုန့်ဝယ်ကျွေးခိုင်းမှာဆိုးလို့ ရင်တွေတုန်လိုက်တာ အခုမှ စိတ်ချမ်းသာတော့တယ်...!

"ဂျောင်ဂု ...ငါပေးတဲ့အကြံကောင်းတယ်မှတ်လား အခုမင်းလည်း အဲ့ကောင်လေးနာမည်သိသွားပြီ..."

"ငါ့သူငယ်ချင်းဒီတစ်ခါတော့ အရမ်းတော်သွားပြီ...ဘယ်လိုလည်း ငါ့ကလေးချစ်ဖို့ကောင်းတယ်မှတ်လား...."

"မင်းကတော့ ကြိုက်နေတဲ့လူဆိုတော့ ချစ်ဖို့ကောင်းမှာပေါ့ ငါ့မျက်စိထဲမှာတော့ သာမာန်ပါပဲ..."

ယွန်းဂီတစ်ယောက် ဂျောင်ဂုကို စချင်တာနဲ့ ထိုသို့ပြောလိုက်သည်။

"ချီးမှပဲ.... ငါ့ကလေး ဒီလောက်ချစ်စရာကောင်းတာ မင်းဘယ်လိုမျက်လုံးနဲ့ကြည့်လည်းမသိဘူး..."

"မင်းကွာ ဖြစ်ပျက်နေတာ ကြည့်ဦး..."

"ငါတကယ် ကြိုက်တာကွ... "

"အေးပါကွာ....ကြိုက်ပါ အခုတော့ ငါသွားတော့မယ် ကုမ္ပဏီရောက်မှတွေ့ကြမယ်..."

"အေးအေး...ကောင်းကောင်းသွား..."

ဂျောင်ဂုလည်း ယွန်းဂီနဲ့ လမ်းခွဲပြီး သူ့အိမ်ကိုပြန်လာသည်။

ဂျောင်ဂုအိမ်ပြန်ရောက်တော့ အိမ်တော်ထိန်းက ထွက်ကြိုသည်။

"သခင်ကြီး ပြန်လာပြီလား..."

"အင်းပြန်လာပြီ...ဒါနဲ့ ဟိုကောင်မလေးတွေကို ခဏခေါ်လိုက်ဦး ပေးစရာရှိလို့..."

အိမ်တော်ထိန်းလည်း အိမ်အကူကောင်မလေး နှစ်ယောက်ကို ခေါ်လာလိုက်သည်။

"ရော့ နင်တို့အတွက် ငါဝယ်လာတာ တော်မတော်တော့မသိဘူး..."

ဂျောင်ဂုပေးတဲ့အဝတ်အစားထုတ်ကို ကောင်မလေးနှစ်ယောက်မှာ မဝင့်မရဲနဲ့ယူလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်ကြီး..."

"သခင်ကြီး ကျွန်​တော့်အတွက်ရောမပါဘူးလား.."

အိမ်တော်ထိန်းမေးမှ ဂျောင်ဂုလည်း အိမ်တော်ထိန်းကိုသတိရတော့သည်။

"အား...အေး ဟုတ်သားပဲ ငါတို့အိမ်တော်ထိန်းအတွက်ကြမပါဘူး ကြည့်စမ်း...ငါနောက်နေ့ကြဝယ်ပေးမယ် အခုက မိန်းကလေးဝတ်ပဲ ပါလို့.."

"ဟုတ်ကဲ့ သခင်ကြီး ရပါတယ်....ကျွန်တော်က ဒီတိုင်းမေးကြည့်တာပါ.."

"အေးပါ...ငါနောက်နေ့ ကြဝယ်ပေးပါ့မယ် စိတ်မကောင်းမဖြစ်ပါနဲ့...အခုတော့ ငါသွားနားတော့မယ်...ပင်ပန်းလာလို့..."

"ဟုတ်ကဲ့ပါ သခင်ကြီး..."

ဂျောင်ဂုထွက်သွားတော့ ကောင်မလေးနှစ်ယောက်မှာ ဂျောင်ဂုပေးတဲ့ အဝတ်ထုတ်လေးကိုင်ကာ ပျော်နေတော့သည်။

"သခင်ကြီးက သဘောကောင်းလိုက်တာဟယ် ငါတို့ကို အဝတ်အစားတွေဝယ်ပေးတယ်..."

"ဟုတ်ပါ့ဟယ်...ငါ သခင်ကြီးကို အခုလို သဘောကောင်းမယ်တောင်မထင်ဘူး အမြဲမျက်နှာထားက တည်တည်ကြီးနဲ့ဆိုတော့ ကြောက်နေတာ ..."

"ကောင်မလေးတွေ သခင်ကြီးက သဘောကောင်းမှန်းသိရင် အလုပ်ကို သေချာလုပ်မခိုမကပ်နဲ့ ကြားလား...."

"ဟုတ်ကဲ့ အိမ်တော်ထိန်း သမီးတို့ မခိုမကပ်လုပ်ပါ့မယ်..."

ဂျောင်ဂုမှာ အခန်းထဲရောက်တော့ ထယ်ယောင်းပုံစံကိုပဲ မျက်လုံးထဲမြင်နေမိသည်။

နေ့လည်က အရောင်းဝန်ထမ်းကောင်မလေးနဲ့ရန်ဖြစ်နေတဲ့ ပုံစံနဲ့ စျေးရောင်းနေတဲ့ ပုံစံလေးတွေကို တစ်ခုချင်း ပုံဖော်ကြည့်ကာ တစ်ယောက်ထဲပြုံးနေမိသည်။

"အား....ချစ်စရာလေးကွာ....ဘယ်လိုဟာလေးလည်းမသိဘူး...."

လူပျိုကြီးဂျောင်ဂုမှာ ထယ်ယောင်းနဲ့တွေ့မှ ရင်ခုန်ခြင်း အစပျိုးတော့သည်။

ထယ်ယောင်း နောက်နေ့ဆိုင်ရောက်တော့ သူ့အတွက်လက်ဆောင်ပစ္စည်းတွေရောက်နေသည်။

"ဟဲ့.. ယူမီ ဒီပစ္စည်းတွေက ဘယ်သူလာပေးတာလည်း.."

"ငါလည်းမသိဘူးဟဲ့.. နင့်နာမည်ပြောပြီး နင်လာရင် ပေးပေးဆိုလို့ ယူထားလိုက်တာ..."

ထယ်ယောင်းမှာ စဥ်းစားရ ခက်သွားသည်။ သူ့ကို အခုလို လက်ဆောင်ပစ္စည်းပေးမဲ့လူလည်းမရှိ၍ ဘယ်သူပေးလည်းဆိုတာ သိချင်သွားသည်။

"ယူမီ ....လာပေးတဲ့လူက ဘယ်လိုပုံစံမျိုးလည်း ယောကျာ်းလား မိန်းမလား..."

"ယောကျာ်းလေးဟ ၊ သူပေးတာတော့မဟုတ်ဘူးသူကလူကြုံပေးခိုင်းလို့လာပို့ တာတဲ့ ၊အရပ်ရှည်ရှည်နဲ့ပဲ... "

"ဘာအတွက် ငါ့ကိုပေးတာလည်း... "

"အဲ့ဒါတော့ ငါဘယ်သိမလည်းဟယ် ....:ဟဲ့ ငါစောနထဲက ကြည့်ချင်နေတာ ဘာတွေပါလည်း ထုတ်ကြည့်ပါလား..."

ထယ်ယောင်းလည်းသိချင်နေတာဖြစ်၍ ပစ္စည်းတွေကိုဖောက်ကြည့်လိုက်သည်။ လက်ဆောင်ပစ္စည်းတွေကိုမြင်ပြီး ထယ်ယောင်းရော ယူမီပါ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

"ထယ်ယောင်း နင်တော့ ပွတာပဲဟာ...ကြည့်စမ်း အကျီ်ကCELINE တံဆိပ်ကြီး..."

ထယ်ယောင်းမှာလည်း မယုံနိုင်လောက်အောင်ဖြစ်နေသည်။ သူ့တစ်သက်နဲ့တစ်ကိုယ် အခုလို CELINE အကျီ်မျိုး ဝတ်ရဖို့ဆိုတာ အိမ်မက်ထဲတောင်ထည့်မမက်ဖူးခဲ့...။

"ယူမီ ငါ့လက်ကိုဆွဲဆိတ်ကြည့်ပါဦး ငါအိမ်မက်မက်နေတာလား တကယ်လားလို့..."

ယူမီတစ်ယောက် ထယ်ယောင်းကိုဆွဲဆိတ်လိုက်သည်။

"အား...နာလိုက်တာ..."

"ဘယ်လိုလည်း အိမ်မက်မက်နေတယ်လို့ထင်သေးလား..."

"မထင်တော့ဘူး... ဟီး..."

"ထယ်ယောင်းရယ် နင်တကယ်ကံကောင်းတာပဲ နင်အဲ့တံဆိပ်ကြိုက်တာငါသိတယ် အဲ့ဆိုင်ရှေ့ရောက်ရင် နင်ရပ်ရပ်ကြည့်နေတာလေ..."

"ကြိုက်တာပေါ့ဟ ငါ့မှာမဝယ်နိုင်လို့ သူများဝယ်တာပဲ သွားရည်ယိုနေရတာ အခုလို မျိုး လက်ဆောင်ရတော့ ပျော်တာပေါ့ ...ဒါပင်မဲ့ ငါ့ကိုဘယ်သူပေးတာလည်းမသိဘူးနော်....ပေးတဲ့လူကိုကျေးဇူးတင်လိုက်တာ..."

"နင့်ကို ဘယ်ကောင်မလေးက ကြိတ်ကြွေနေလည်းမသိဘူးနော် ငါ့စိတ်ထင်တော့ သူဌေးသမီးပဲဖြစ်ရမယ် သူဌေးသမီးမို့ အခုလို နာမည်ကြီးတံဆိပ်တွေဝယ်ပေးနိုင်တာပေါ့...."

"ဟုတ်တယ်နော်.... သူဌေးသမီးပဲဖြစ်မယ်... ဟိ...ငါ့ပုံစံကို ကြိတ်ကြွေတဲ့ ကောင်မလေးကရှိသေးတယ် ဟား...ဟား...ဟား..."

"ဟဲ့ နင်တို့နှစ်ယောက် ဘာတွေ ဟီလာ ထနေကြတာလည်း.... နင်တို့ကို စျေးရောင်းဖို့ခေါ်ထားတာနော် ဟီလာ ထဖို့ခေါ်ထားတာမဟုတ်ဘူး..."

"မန်နေဂျာကြီးကလည်း သမီးတို့က ဟီလာ ထနေတာမဟုတ်ပါဘူး...ထယ်ယောင်းရတဲ့လက်ဆောင်ပစ္စည်းတွေကြည့်နေတာပါ..."

"ဘာပစ္စည်းလည်း နင်တို့ ငါ့ဆိုင်မှာ ရှုပ်ရှုပ်ယှက်ယှက် တွေလာမလုပ်နဲ့နော် ငါ့ဆိုင် နာမည်ပျက်လို့ကတော့ နင်တို့ကို အလုပ်ထုတ်ပြစ်မှာ..."

ထယ်ယောင်းမှာ မန်နေဂျာ မိန်းမကြီးစကားကြားတော့ မျက်နှာ မဲ့တဲ့တဲ့ဖြစ်သွားသည်။ အဲ့မိန်းမကြီးကသူနဲ့လုံးဝမတည့် ၊ ဒီဆိုင်မှာ မန်နေဂျာဆိုပြီး ဝန်ထမ်းတွေအပေါ်ဆို ရိုင်းရိုင်းဆိုင်းဆိုင်းဆက်ဆံချင်သည်။ မန်နေဂျာဂုဏ်မောက်နေတဲ့ ဆိုင်မန်နေဂျာ မိန်းမကြီးကိုထယ်ယောင်းလုံးဝကြည့်မရပါ...။

"အမလေး မန်နေဂျာကြီးရယ် ငါ့ဆိုင်ငါ့ဆိုင်နဲ့ မသိရင် မန်နေဂျာကြီး ပိုင်တာကြနေတာပဲ..."

ထယ်ယောင်းပြောတော့ မန်နေဂျာကြီးမှာ ဆွေ့ဆွေ့ခုန်တော့သည်။

"နင်ဘာစကားပြောတာလည်း သူဌေးက ဒီဆိုင်ကို ငါ့စီလုပ်ပိုင်ခွင့်အကုန်လွှဲပေးထားတာ ဒီဆိုင်နဲ့ပတ်သက်တာမှန်သမျှ ငါ့မှာ လုပ်ပိုင်ခွင့်ပြောပိုင်ခွင့်ရှိတယ်...နင်မကျေနပ်ရင် အလုပ်ထွက် ငါကတော့ပြောစရာရှိတာပြောရမှာပဲ...."

ထယ်ယောင်းတစ်ယောက်စိတ်တိုတိုနှင့် မန်နေဂျာမိန်းမကြီးကိုပြန်ပြောမယ်ရှိသေး ယူမီက ကြားထဲကနေ ဖြတ်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ မန်နေဂျာကြီးရယ် သမီးတို့တောင်းပန်ပါတယ်....နောက်ကိုအခုလို မဖြစ်စေရပါဘူး လို့ကတိပေးပါတယ်...."

"အေး....ယူမီ တောင်းပန်လို့ ငါကျေအေးပေးလိုက်မယ် နောက်တစ်ခါဆိုရင်တော့ နင်တို့အလုပ်ထွက်ဖို့ပြင်ထားကြ..."

"ဟုတ်ကဲ့ပါ..."

မန်နေဂျာ မိန်းမကြီးထွက်သွားတော့ ထယ်ယောင်းမှာ ယူမီကိုစူတော့သည်။

"နင်ကဘာကိစ္စတောင်းပန်နေတာလည်း သူအလုပ်ထွက်ဆိုလည်းထွက်မှာပေါ့ တောင်းပန်စရာမှ မလိုတာ..."

"ထယ်ယောင်းရယ် စိတ်လျော့ပါ အလုပ်ထွက်တာကလွယ်တယ် ပြန်ရှာဖို့ ခက်တယ် ဟ... စိတ်လိုက်မာန်မလုပ်စမ်းပါနဲ့ဟာ....သီးခံလိုက်ပါ..."

"အဲ့မိန်းမကြီးက ငါတို့ကို အရမ်းချိုးနှိမ်လွန်းတယ်ဟာ လူလူချင်းအတူတူကို ငါတို့ကြ ဘာလို့ အခုလိုဆက်ဆံတာလည်းမသိဘူး သူဌေးတွေနဲ့များကြတော့ ဟီဟီဟာဟာနဲ့ ဖားယားပြီး ဖြစ်ပျက်နေတာ..."

"ဒါကတော့ ထယ်ယောင်းရယ် လူတွေရဲ့စိတ်ဓာတ်ပေါ့ ပိုက်ဆံရှိတဲ့လူတွေကိုမှ အထင်ကြီးတာလေ ငါတို့လို သာမာန်လူတန်းစားတွေကို ဘယ်သူက ကောင်းကောင်းဆက်ဆံမှာလည်း ဒါသဘာဝပဲ..."

ယူမီပြောတော့ ထယ်ယောင်းမှာ ဂျောင်ဂုကို သတိရသွားသည်။

"အဲ့စကားတော့ငါလက်မခံဘူး ယူမီ အဆင့်အတန်းမခွဲတဲ့လူက ဘယ်လောက်ချမ်းသာသာ ခွဲကိုမခွဲခြားတာ..."

"အမလေးထယ်ယောင်းရယ် အဲ့လို အဆင့်အတန်း မခွဲခြားတဲ့လူမျိုး ငါဖြင့်မတွေ့ဖူးပါဘူး... "

"ရှိတယ် ယူမီ ငါ့မျက်မြင်ကိုယ်တွေ့ပဲ...နင် ငါတို့နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းဝင် သူဌေးကြီး ဂျွန်ဂျောင်ဂုကို သိတယ်မှတ်လား..."

"မသိပဲ နေမလားဟယ် နာမည်ကြီးသူဌေးဟာကို.."

"သူဆို လုံးဝအဆင့်အတန်းမခွဲခြားဘူး..."

"နင်ကဘယ်လိုလုပ်သိလည်း..."

"အေး မနေ့က နင်အလုပ်မှ မဆင်းတာ... ဘယ်သိမှာလည်း...ငါလေ မနေ့က အဲ့သူဌေးဂျွန်ဂျောင်ဂုနဲ့ဆုံခဲ့တယ်..."

ထယ်ယောင်းလည်းမနေ့ကသူဖြစ်ပျက်ခဲ့တာတွေကို ယူမီကိုပြောပြလိုက်သည်။

"ဟယ် တကယ်ကြီးလား....နင် သူဌေးဂျွန်နဲ့ ဆုံခဲ့တာလား နင်ကတော့ တကယ်ကံကောင်းလိုက်တာဟာ အဲ့လိုမှန်းသိရင် မနေ့က ငါအလုပ်ဆင်းပါတယ်...ငါလေ သတင်းတွေထဲမှာတက်တက်လာရင် သူဌေးဂျွန်ကိုငမ်းရတာအမောသူက လူပျိုကြီးဟ... ဒါနဲ့ သူဌေးဂျွန်က အပြင်မှာချောလား ထယ်ယောင်း..."

"မပြောတက်ဘူး မနေ့က ပုံစံကတော့သတင်းတွေထဲမှာတွေ့နေရတဲ့ပုံစံမျိုးမဟုတ်ဘူး သာမာန်ပုံစံအတိုင်းပဲ ၊ ငါတောင်မမှတ်မိပါဘူးဆို ငါနဲ့စကားများတဲ့ ဆိုင်က ဆိုင်ရှင်ရောက်လာမှ သူဌေးဂျွန်မှန်းသိတာ ..."

"အဲ့ ဟာမကို ပါးဆွဲချခဲ့ရမှာ အရောင်းဝန်ထမ်းဖြစ်ပြီးရိုင်းလိုက်တာ...နင်ကလည်း အဲ့ဟာမကို အလျော့ပေးခဲ့သေးတယ် ငါသာဆို blacklist ထဲထည့်ခိုင်းမှာ.... "

"ယူမီရယ် အစကတော့ ငါလည်းအမြင်ကပ်တာပေါ့ ဒါပင်မဲ့ သူ သူဌေးဂျွန်ကို ငိုယိုပြီးတောင်းပန်နေတော့ ငါသနားသွားတာ သူ့မှာ အမေအိုကြီးကိုလုပ်ကျွေးနေရတာတဲ့ သူသာblacklistထဲထည့်
ခံရရင် အလုပ်ဘယ်လိုရှာမလဲ ဘဝတူတွေကို ငါအဲ့လောက်ကြီးမရက်စက်ချင်ပါဘူးဟာ ငါကဒီတိုင်းသူအမှားသူသိပြီးနောက်စဥ်ချင်ရင် ကျေနပ်ပါပြီ အလုပ်ပြုတ်ပြီး blacklistထဲတော့ မထည့်စေချင်ပါဘူး..."

"အေးပါ စေတနာရှင်ကြီးရယ် ....ရှင်ပဲ သူတော်ကောင်းကြီးလုပ်နေ...စိတ်စပ်တာလည်းသူပဲ သနားကြင်နာတက်တာလည်းသူပဲ....အမျိုးမျိုး တက်လည်းတက်နိုင်တယ်..."

ယူမီပြောတော့ ထယ်ယောင်းမှာရယ်တော့သည်။

"ဘယ်လိုလည်း ဂျက်စ် ငါပေးခိုင်းတာပေးခဲ့ပြီလား..."

"ဟုတ်ပေးခဲ့ပါပြီ သူဌေး..."

"ငါ့ပေးတာ သူမသိဘူးမှတ်လား..."

"မသိပါဘူး သူလည်းအလုပ်ကိုမရောက်သေးပါဘူး ကျွန်တော်အဲ့ဆိုင်ကဝန်ထမ်းကောင်မလေးကို ပဲပေးခဲ့တာပါ ကင်မ်ထယ်ယောင်းလာရင်ပေးပေးပါဆိုပြီး.."

"အဲ့​ကောင်မလေးကရော မေးသေးလား ဘယ်သူပေးခိုင်းတယ်ဆိုတာ.."

"မေးတယ် သူဌေး ကျွန်တော်ကတော့ လူကြုံပေးခိုင်းတာလို့ပဲ ပြောလိုက်တယ် သူဌေး ပို့ခိုင်းတာလို့မပြောလိုက်ဘူး..."

"အေး ကောင်းတယ် ငါပို့တာဘယ်သူမှမသိစေနဲ့.နော်.."

"ဟုတ်ကဲ့ သူဌေး.."

ထယ်ယောင်း အလုပ်ဆင်းချိန်ရောက်တော့ အိမ်ပြန်လမ်းမှာ ပျော်မြူးနေတော့သည်။

"အဟိ....အိမ်ရောက်ရင် ငါလက်ဆောင်ရလာတာ အဘွားကိုကြွားရမယ်..."

သီချင်းလေးတအေးအေးနဲ့ ပျော်မြူးကာ အိမ်ပြန်လာလိုက်သည်။

အိမ်ရောက်တော့ သူ့အဘွားကိုဝမ်းသာအားရနဲ့ လှမ်းအော်တော့သည်။

"အဘွားရေ အဘွား...လာပါဦး..."

ထယ်ယောင်းအဘွားလည်း ထယ်ယောင်းအော်ခေါ်နေသံကြား၍ အခန်းထဲမှထွက်လာသည်။

"ဘာလို့အဲ့လောက်တောင် အော်ခေါ်နေတာလည်း ငါ့မြေးရယ်..."

"အဘွား...ကျွန်တော် ဒီနေ့ လက်ဆောင်ရခဲ့တယ်သိလား....အဲ့လက်ဆောင်ကလေ ကျွန်တော်လိုချင်နေတဲ့ Brand တံဆိပ်အဘွားရဲ့ အရမ်းစျေးကြီးတာ.."

"ဟေ...ဟုတ်လား ဘယ်သူပေးတာလည်း အိမ်မှာလည်း သားနာမည်နဲ့ လက်ဆောင် ပစ္စည်းတွေရောက်လို့အဘွားယူထားလိုက်တယ်.."

"ဗျာ...အိမ်မှာလည်းရောက်နေတယ်ဟုတ်လား အဘွား..."

"အေး ဟုတ်တယ် မြေးလေးရဲ့.."

ထယ်ယောင်းမှာ နားလည်ရခက်သွားသည်။

"အဘွား ဘယ်သူလာပေးတာလည်း..."

"ကောင်လေးတစ်ယောက်ပဲမြေးရဲ့ သူများပေးခိုင်းတာတဲ့ သူက လူကြုံလာပို့ပေးတာတဲ့..."

"အဘွား အဲ့လက်ဆောင်တွေဘယ်မှာလည်း.."

"မြေးလေးအခန်းထဲ ထည့်ထားတယ်..."

ထယ်ယောင်းမှာ သူ့အဘွားပြောတော့ အခန်းထဲ ပြေးဝင်သွားတော့သည်။

အခန်းထဲရောက်တော့ သူ့မှာ အံသြပြီးရင်းအံ့သြရတော့သည်။

"ဝါး....ပါဆယ်ပုံးကြီးနဲ့ပါလား ဘာတွေလည်းမသိဘူး..."

ထယ်ယောင်းလည်း ပါဆယ်ပုံးကိုဖောက်ကြည့်လိုက်သည်။

"ဟာ....ရေမွှေးပုလင်းတွေရော အရုပ်တွေရော ဖိနပ်တွေရောပါလား..."

အကုန်စျေးကြီးတဲ့တံဆိပ်တွေပဲမို့ ထယ်ယောင်း အပျော်လွန်နေတော့သည်။

ထယ်ယောင်းမှာ အခုဆို အလုပ်သွားတာနဲ့ ဆိုင်မှာ လက်ဆောင်ပစ္စည်းက ရောက်နှင့်နေပြီဖြစ်သည်။ အိမ်ပြန်ရင်လည်း လူကအရင်မရောက်သေးလက်ဆောင်က အရင်ရောက်လို့နေသည်။

ထယ်ယောင်းမှာဘယ်သူပေးမှန်းလည်းမသိ၍ ထိုလက်ဆောင်ပစ္စည်းတွေမသုံးရဲ ထို့ကြောင့် လက်ဆောင်ပစ္စည်းလာပို့တဲ့ လူကို မေးကြည့်ရန် နောက်တစ်နေ့ အလုပ်ကိုစောစောလာလိုက်သည်။

သူအလုပ်ရောက်တော့ လက်ဆောင်ပစ္စည်းကမရောက်သေး၍ ဝမ်းသာသွားသည်။

"ဒီနေ့တော့ ဘယ်သူပေးတယ်ဆိုတာ သိရအောင်မေးကိုမေးရမယ်.."

ခဏနေတော့ လူတစ်ယောက်ရောက်လာသည်။

"ကင်မ်ထယ်ယောင်းအတွက်လက်ဆောင်ပစ္စည်းလာပို့တာပါ..."

"ကျွန်တော် ကင်မ်ထယ်ယောင်းပါ ခင်ဗျ...ဒီလက်ဆောင်တွေ ဘယ်သူပို့ပေးတာလည်း မသိဘူး..."

"ကျွန်တော်လည်းမသိပါဘူးခင်ဗျာ....ကျွန်တော်တို့က အကို့အတွက်ပို့ပေးပါဆိုလို့ လာပို့ပေးတာပဲရှိတာ.."

"ကျွန်တော့် အိမ်ကို လာပို့နေတာကရော အကိုပဲလား..."

"ဟုတ်ပါတယ် အိမ်ကိုလည်းပို့ခိုင်းထားတာပါ..."

"ဒါဆို အကို့ ကို ကျွန်တော့်အတွက်လက်ဆောင်ပစ္စည်းပို့ခိုင်းတဲ့လူက မိန်းကလေးလား ယောကျာ်းလေးလား... "

"ယောကျာ်းလေးပါ ဗျ..."

"ဗျာ....ယောကျာ်းလေး ဟုတ်လား..."

"ဟုတ်ပါတယ်.."

ထယ်ယောင်းမှာ မထင်မှတ်ထားတဲ့အရာမို့ အံသြသွားရသည်။ သူ့စီလက်ဆောင်ပစ္စည်းတွေပို့နေတဲ့လူကို မိန်းကလေးလိုပဲထင်နေရာက ယောကျာ်းလေးဆို၍ အံ့သြသွားသည်။

ထယ်ယောင်းနဲ့ ဂျက်စ် ဆိုင်ရှေ့မှာ စကားရပ်ပြောနေတာကို ဆိုင်မန်နေဂျာမြင်သွားသည်။

ဂျက်စ်ပြန်သွားတာနဲ့ ဆိုင်မန်နေဂျာလည်း ထယ်ယောင်းစီသွားကာ စူတော့သည်။

"ဟဲ့ ထယ်ယောင်း နင်ဘာတွေရှုပ်ရှုပ်ယှပ်ယှပ်လုပ်နေတာလည်း မနက်စောစောစီးစီး ကို၊ အဲ့လူကရော ဘယ်သူလည်း..."

"ကျွန်တော့်ကို လက်ဆောင်လာပေးတဲ့လူပါ.."

ထယ်ယောင်းစကားကြားတော့ ဆိုင်မန်နေဂျာမှာ မဲ့ကာရွဲ့ကာနှင့်။

"အမလေး နင်လည်းနော် တကယ်ပဲ မပြောလိုက်ချင်ဘူး မိန်းကလေးတွေနဲ့လည်းမလွတ် အခုယောကျာ်းလေးဘက်လှည့်လာပြန်ပြီ.... နင် ဖြတ်လမ်းနည်း တော်တော်လိုက်ချင်နေတာလား..."

"မန်နေဂျာကြီး ဘာစကားပြောလိုက်တာလည်း ကျွန်တော့်ကို..."

"ဘာစကားပြောရမှာလည်း နင်က သူဌေးသမီးကိုမရလို့ အခု သူဌေးသားစီကချူစားနေတာလေ မဟုတ်လို့လား....နင်တို့လို အောက်တန်းစားမျိုးက တစ်ခုမရရင် တစ်ခုကို အပိုင်ကြံတော့တာပဲ ယောကျာ်းလေးလုပ်နေပြီး အရှက်မရှိ ချူစားရတယ်လို့..."

ထယ်ယောင်းမှာ သူ့ကို အထင်အမြင်သေးကာ ပြောဆိုနေတဲ့ ဆိုင်မန်နေဂျာမိန်းမကြီးကို ဒေါသထွက်၍ မျက်ရည်ပါ ကြလာတော့သည်။

"ဒီမှာ မန်နေဂျာကြီး ကျွန်တော် ဘယ်သူ့စီကမှ ချူမစားဘူး ကျွန်တော့်ကို လာပြီး အဲ့လိုစကားမျိုးမပြောပါနဲ့....ကျွန်တော် မန်နေဂျာကြီးပြောသလောက်အောက်တန်းမကြသေးဘူး..."

"အောက်တန်းမကြလို့ပဲ တော်ရာကြတော့တယ်နင့်လုပ်ရက်တွေက ငါတို့ဆိုင်ကို နာမည်ပျက်စေတယ်နော်....နင်ချူစားချင်ရင် အပြင်မှာချူစား ဆိုင်အထိသယ်မလာနဲ့ နင့်တစ်ယောက်ကြောင့် ငါတို့ပါနာမည်ပျက်မယ်..."

"ကျွန်တော်ချူမစားဘူးလို့ပြောပြီးပြီလေ သူတို့ဘာသူတို့လာပေးတာ...ကျွန်တော်တောင် လာပေးတဲ့သူကိုမသိတာ ဘယ်လိုချူစားမလည်း..."

"ဒါမျိုးတွေ ရိုးနေပြီ ထယ်ယောင်း နင် သူဌေးသမီးမရလို့ သူဌေးသားကို ကြံတာ အသိသားကြီး ငါ့မျက်စိနဲ့မြင်တွေ့နေတာတောင် နင်က ငြင်းနေသေးတယ်... နင့်ကိုသူဌေးနဲ့ကိုတိုင်ပြီး အလုပ်ထုတ်ပြစ်မယ် ငါတို့ဆိုင်မှာ နင့်လို လူမျိုးကို ဆက်ပြီးအလုပ်မခန့်နိုင်ဘူး... "

ထယ်ယောင်းသီးခံနိုင်စိတ်က လုံးဝကို ကုန်ဆုံးသွားပြီဖြစ်သည်။

"ဒီမှာ အဒေါ်ကြီး ကျွန်​တော်က ဘယ်သူဌေးသမီးကို မရလို့လည်းပြောပါဦး ၊ကျွန်တော်သူဌေးသမီးကိုကြံတာ အဒေါ်ကြီးမြင်ဖူးလား၊ အဒေါ်ကြီးသာ ဒီဆိုင်ပိုင်ရှင် မုဆိုးဖိုသူဌေးကို ကြံနေတာ မသိရင်ခက်မယ်.... အဒေါ်ကြီးစိတ်နဲ့ကျွန်တော့်ကိုလာမနှိုင်းနဲ့....ကျွန်တော်က ကျွန်တော့်ချွေးနဲစာနဲ့ ရှာတဲ့ပိုက်ဆံပဲ တန်ဖိုးထားတယ် ဖြတ်လမ်းနည်းလည်း ဘယ်တော့မှမလိုက်ဘူး အခုလာပို့တဲ့ပစ္စည်းတွေလည်း ကျွန်​တော်ဘယ်သူပေးမှန်းမသိလို့ ယူထားလိုက်တာပဲရှိတယ် ကျွန်တော် သုံးနေတယ်များ အဒေါ်ကြီးထင်နေလား....၊အဒေါ်ကြီးသာ ဒီဆိုင်ပိုင်ရှင်မုဆိုးဖို အိုနာကြိုးကန်းကြီးကို မရရအောင်ကြံနေ ကျွန်တော်ကတော့ ကိုယ်ကောင်းစားဖို့ ကိုယ့်အဖေ ကိုယ့်အမေအရွယ်ကို မယူဘူးသိလား.... ပြီးတော့ ကျွန်တော် အခုပဲ အလုပ်ထွက်တယ်....သူဌေးကိုတိုင်မှာ ကြောက်လို့ထွက်တာမဟုတ်ဘူးနော်....အဒေါ်ကြီးလိုအကျင့်မကောင်းတဲ့လူရဲ့ လက်အောက်မှာ အလုပ်မလုပ်ချင်လို့ထွက်တာ ရှင်းပြီလား.."

"နင်...နင်..."

ထယ်ယောင်းမှာ ဆိုင်မန်နေဂျာ မိန်းမကြီး ကို အဒေါ်ကြီးတက်ခေါ်ကာ ကပ်ကပ်လန်အောင် ရန်တွေ့ပြီး အလုပ်ပါတစ်ခါထဲ ထွက်လာလိုက်သည်။

ဆိုင်မန်နေဂျာ မှာတော့ ထယ်ယောင်းပြောတာတွေ ကို ဒေါသထွက်ကာ ကျန်နေခဲ့သည်။

"ဟဲ့ ထယ်ယောင်း နင်အလုပ်မဆင်းပဲ ဘယ်သွားမလို့လည်း..."

ကုန်တိုက်ရှေ့မှာ ယူမီနဲ့တွေ့၍ ထယ်ယောင်းလည်း သူအလုပ်ထွက်လာတဲ့အကြောင်းကိုပြောပြလိုက်သည်။

"ငါအလုပ်ထွက်ခဲ့ပြီ ယူမီ အဲ့ မိန်းမကြီးလက်အောက်မှာ မလုပ်ချင်တော့ဘူး.....ငါ့ကိုပြောတာများ ရစရာမရှိဘူးဟာ...မသိရင်ငါကပဲ သူဌေးတွေကိုယောကျာ်းတန်မဲ့ အမိဖမ်းနေတဲ့ပုံမျိုးနဲ့..."

"နင်ကလည်းဟာ ငါသီးခံပါလို့ ပြောထားရဲ့နဲ့ ...အခုဘယ်လိုလုပ်မှာလည်း အလုပ်လည်းမရှိပဲ..."

"ရှာရမှာပေါ့ဟာ ဘာတက်နိုင်မှာလည်း... ငါလေအဲ့မိန်းမကြီးကို တစ်သက်မကျေဘူးသိလား ငါ့ကို ချိုးနှိမ်ပြီးပြောထားတဲ့ဟာတွေငါအကုန်မှတ်ထားတယ် တစ်နေ့အဲ့မိန်းမကြီးကို လက်စားပြန်ချေပြမယ် နင်ကြည့်နေလိုက်..."

"အေးပါ ထယ်ယောင်းရယ် သူမကောင်းတာငါလည်းသိပါတယ်.... ဒါနဲ့ နင်အခုအိမ်ပြန်မှာလား.."

"အေးပေါ့ ပြန်ရမှာပေါ့ နောက်နေ့မှ အလုပ်လိုက်ရှာတော့မယ် အခုတော့ အိမ်ပြန်ပြီးနားဦးမယ်..."

"ဒါဆို ငါသွားတော့မယ်နော် အလုပ်နောက်ကြလို့ ငါ့ပါစူခံထိနေဦးမယ်..."

"အေးပါ ဒါဆို ငါသွားပြီနော်.."

ထယ်ယောင်းတစ်ယောက်ယူမီနဲ့စကားပြောပြီး အိမ်ပြန်လာလိုက်သည်။

***************************************

16/12/2023

Continue Reading

You'll Also Like

9.3K 427 10
Boo Booဆိုတဲ့အချွဲလေးနဲ့ Koo Kooတစ်ယောက် ဘယ်လိုတွေရှေ့ဆက်ဖြစ်မလဲဆိုတော့
1.2M 47.9K 53
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1.5K 143 9
မိုးစက်တွေရယ် အဝါရောင်မီးအိမ်လေးရယ် အကိုရယ်
Fake Love By :)

Fanfiction

130K 3K 45
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...