Wonton Noodle Soup

By wforone

2K 169 13

ParkWonBin × LeeChanYoung One Shot Collection More

You Are My Everything
A Heart's Enchantment
Beloved Heart
Memories

Back 2 U

469 34 2
By wforone

စာအုပ်ဆိုင်ကမဂ္ဂဇင်းစာအုပ်တွေနားမှာရပ်နေတဲ့ဝန်ဘင်း။ ဒီမဂ္ဂဇင်းစာအုပ်ထဲမှာတေးရေးဆရာအန်တွန်အကြောင်းပါတယ်ဆိုတာသူသိတယ်။
မဝယ်တော့ဘူးလို့ဆုံးဖြတ်ထားပေမဲ့ဝယ်ဖြစ်ခဲ့ပြန်တယ်။ ဝန်ဘင်းအတွက်တော့ချန်းယောင်းကို‌မုန်းချင်ပေမဲ့အခုထိမလုပ်နိုင်သေးပါ။ သူ့အတွက်အခက်ခဲဆုံးအလုပ်ကချန်းယောင်းကိုမုန်းနိုင်ဖို့ဖြစ်မည်။

ချန်းယောင်းကိုတီဗွီအစီအစဉ်တွေမဂ္ဂဇင်းတွေမှာပါမှသာသူကသိနိုင်တော့တာ။ ချန်းယောင်းကသာအများကြီးပြောင်းလဲသွားပေမဲ့သူကတော့အရင်တိုင်းပဲဒီနေရာလေးမှာရှိနေတုန်းပင်။ မဖြစ်နိုင်မှန်းသိပေမဲ့ချန်းယောင်းကိုမေးချင်တာတွေအများကြီးရှိ‌တယ်။ ချန်ယောင်းက,ကတိမတည်ပေမဲ့ကိုယ်ကစောင့်နေတယ်‌ဆိုတာကိုသူမသိစေချင်တော့။ ဒီအတိုင်းလေးလည်းနေသားကျနေပါပြီ။

ဒီဇင်ဘာရဲ့အေးမြတဲ့ဆောင်းညမှာမဂ္ဂဇင်းစာအုပ်လေးကိုရင်ခွင်ထဲမှာပိုက်ပြီးတစ်ယောက်တည်းလျှောက်နေမိတယ်။ ရုတ်တရက်ကျလာတဲ့နှင်းစက်များကြောင့်သူဟာဒီနှစ်ဆောင်းရာသီရဲ့ပထမဆုံးနှင်းကျတာကိုကြုံလိုက်ရသည်။ နှင်းမှုန်များကိုလက်ဖြင့်ခံယူလိုက်မိရင်းတစ်စုံတစ်ယောက်ကိုနင့်နင့်သီးသီးသတိရမိလေပြီ။

အတိတ်နေ့ရက်များဆီကသူတို့နှစ်‌ယောက်အကြောင်းများဆီသို့အလည်ရောက်မိသွားသောအခါ။

နှင်းတွေကျနေတဲ့ဒီဇင်ဘာလအလယ်ညတစ်ည။ ထိုနေ့မှာလည်းပထမဆုံး‌နှင်းတွေကျနေခဲ့တယ်။

" ကိုကို "

ချန်းယောင်းရဲ့အသံအေးအေးကနားထဲမှာသာယာနာပျော်ဖွယ်ပင်။ ချန်းယောင်းကဝန်ဘင်းကိုမှီအောင်သွားလိုက်ရင်းဝန်ဘင်းရဲ့လက်ကိုသူ့ရဲ့လေဖောင်းအနွေးထည်ရဲ့အင်္ကျီအိတ်ထဲထည့်ကာထွေးဆုပ်ထားလိုက်သည်။

" ခေါ်နေတာကိုကြားလည်းပြန်မထူးဘူးနော် "

" ထူးချင်မှထူးမှာပေါ့ "

" ကောက်တာလား "

" ဘယ်မှာကောက်လို့လဲ "

" ဟွန်း.......... "

ချန်းယောင်းရဲ့ရယ်ချင်သလိုဖြစ်နေတဲ့မျက်နှာကိုဝန်ဘင်းကမျက်စောင်းထိုးလိုက်တော့။

" ခုနကကောင်မလေးတွေကိုကြည့်နေတာမဟုတ်ဘူး သူတို့နောက်ကသစ်ပင်မှာအလှဆင်ထားတဲ့မီးလုံးတွေကိုကြည့်နေတာ "

" ဘယ်သူကဘာပြောနေလို့လဲ "

" ကောင်မလေးတွေကိုကြည့်တယ်ထင်ပြီးကောက်သွားတာဘယ်သူလဲ "

" မကောက်ဘူးဆို "

" ကောက်ပါတယ် "

" မဟုတ်ဘူးလို့ "

ထိုအချိန်တုန်းကသူတို့နှစ်ယောက်ရဲ့အူလ်ဆန်မြို့လေးဟာအရမ်းကိုသာယာလှပခဲ့ပါတယ်။

သူတို့နှစ်ယောက်ကငယ်ငယ်ကတည်းကတစ်ယောက်ကိုတစ်ယောက်သဘောကျခဲ့ကြပြီးနှစ်ယောက်လုံးကမိဘမဲ့ဖြစ်၍တစ်ယောက်ကိုတစ်ယောက်အရမ်းကိုတွယ်တာခဲ့ကြသည်။ မိဘမဲ့ဂေဟာကထွက်လာပြီးနောက်ပိုင်းသူတို့နှစ်ယောက်ကအတူတူနေခဲ့ကြတယ်။ နှစ်ယောက်လုံးကအချိန်ပိုင်းအလုပ်အများစုကိုသာ လုပ်ခဲ့ကြတယ်။ ပိုက်ဆံအများအပြားအပိုအလျှံမရှိပေမဲ့သူတို့ဘဝလေးဟာသာယာခဲ့တယ်။

ဝန်ဘင်းကဂစ်တာတီးရတာကြိုက်နှစ်သက်ပြီးချန်းယောင်းကလည်းသီချင်းရေးရတာသဘောကျသူ။

ဝန်ဘင်းကချန်းယောင်းနဲ့အတူရှိနေရရင်ကိုသဘောကျနေသူပင်။ ချန်းယောင်းကလည်းဝန်ဘင်းနဲ့ပက်သက်ပြီးသီချင်းတွေအများကြီးရေးထားသည်။

" ကိုကို "

" ကျွန်တော်သီချင်းအသစ်တစ်ပုဒ်ရေးထားတယ် "

" ဆိုပြလေ နားထောင်ပြီးကောင်းမကောင်းဆုံးဖြတ်ပေးမယ် "

ချန်းယောင်းကသူ့အသံအေးအေးလေးနဲ့သီချင်းဆိုပြတာကိုဝန်ဘင်းအရမ်းသဘောကျသည်။

" ဒီသီချင်းကကိုကို့အတွက်ရေးထားတာ "

" အင်း အရမ်းမိုက်တယ် "

ဝန်ဘင်းကလက်နှစ်ဖက်နဲ့ကောင်းတယ်ဆိုတဲ့ပုံစံလုပ်ပြသည်။

" ကျွန်တော်ရေးထားတဲ့သီချင်းတွေကကိုကို့,ကိုရည်ညွှန်းပြီးရေးထားတာတွေချည်းပဲ "

ချန်းယောင်းကဝန်ဘင်းကိုရည်ရွယ်ပြီးရေးထားတဲ့သီချင်းအပုဒ်ရေအတော်များသည်။

" မင်းရဲ့သီချင်းတွေကိုတစ်ယောက်,ယောက်က ထုတ်ပေးရင်ကောင်းမှာနော် ‌"

" ဘာလို့လဲ "

" မင်းသီချင်း‌တွေကအောင်မြင်မယ်ဆိုတာသိနေတယ် "

" ကျွန်တော်အောင်မြင်သွားလို့ကိုကို့,ကိုမေ့သွားရင်ဘယ်လိုလုပ်မလဲ "

" မင်းမေ့သွားရင်ငါကလိုက်ရှာပြီးဂုတ်ချိုးပစ်မှာ "

" ကြောက်လို့မမေ့ရဲတော့ဘူး "

ချန်းယောင်းကြောက်သလိုလုပ်ပြတာကိုဝန်ဘင်းကသဘောတကျယ်ရယ်နေမိသည်။ ထိုအချိန်တုန်းကရယ်စရာတစ်ခုအနေနဲ့သာ။

၅လွှာမှာရှိတဲ့သူတို့ရဲ့တိုက်ခန်းလေးဟာသိပ်မကျယ်ပေမဲ့သူတို့နှစ်ယောက်အတွက်တော့နိဗ္ဗာန်။ ချန်းယောင်းရဲ့ကိုကိုခေါ်သံဟာထိုအခန်းကျဉ်းလေးမှာပဲ့တင်ထပ်နေခဲ့တယ်။

" ကိုကို "

" ကျွန်တော်အလုပ်သွားတော့မယ် "

" ထမင်းကုန်အောင်စားသွားနော် "

" စားခဲ့ပါတယ် "

ဝန်ဘင်းကထမင်းကိုကုန်အောင်မစားရင်မကြိုက်သူဖြစ်၍ချန်းယောင်းမှာအမြဲကုန်အောင်စားရသည်။ ချန်းယောင်းကဝန်ဘင်းရဲ့လက်ရာကိုသာကြိုက်သူဖြစ်သဖြင့်ဟင်းမကောင်းရင်တောင်စားကောင်းသူ။

" ခဏလာဦး ဒီနားကို "

" ဘာပြောမလို့လဲ "

" လာခဲ့ပါ "

အနားရောက်လာတဲ့ကိုကိုကအေပရွန်တောင်မချွတ်ရသေး။ သူကကိုကိုရဲ့နဖူးလေးကိုခပ်ဖွဖွနမ်းလိုက်တော့ရှက်သွားသည်။ အခုမှကြူံဖူးတာလည်းမဟုတ်။

" မြန်မြန်သွားတော့ "

" ဟုတ်ကဲ့ပါ "

ᥫ᭡ᥫ᭡ᥫ᭡ᥫ᭡ᥫ᭡

အချိန်တွေ‌တရွေ့ရွေ့ကုန်ဆုံးလာပြီးတဲ့နောက်မှာချန်းယောင်းကဆိုးလ်မြို့ကိုသွားရဖို့အကြောင်းဖန်လာသည်။

ဆိုဟီးမိတ်ဆက်ပေးတဲ့ပရိုဂျူဆာတစ်ယောက်နဲ့သွားတွေ့ရမှာပင်။ ထိုသူကလည်းဆိုဟီးနဲ့တိုက်ရိုက်သိသူမဟုတ်။ ဆိုဟီးရဲ့ဆိုးလ်မြို့ကသူငယ်ချင်းနဲ့သိသူဖြစ်သည်။

ချန်းယောင်းရဲ့သီချင်းတွေကိုထိုသူကထုတ်ပေးနိုင်ရန်သီချင်းတွေကိုနားထောင်ကြည့်ချင်တယ်ဆို၍သွားတွေ့ရခြင်းသာ။

" ဂရုစိုက်သွားနော် "

" မနက်ကတည်းကဒါဘဲမှာနေတာဘယ်နှစ်ခါရှိပြီလဲ "

" စိတ်ပူလို့ပေါ့ "

ဝန်ဘင်းကချန်းယောင်းကိုခါးကနေဖက်ထားလိုက်သည်။

" အကြာကြီးသွားမှာမှမဟုတ်တာ တစ်ရက်နှစ်ရက်ပဲကြာမှာကိုသိပ်ပြီးစိတ်ပူမနေနဲ့ "

" စိတ်ပူတာပေါ့ဆိုးလ်ကိုမင်းလည်းတစ်ခါမှမရောက်ဖူးဘဲနဲ့ "

" စိတ်မပူပါနဲ့ ကျွန်တော့်နှလုံးသားလေးကပတ်ဝန်ဘင်းရှိတဲ့ဆီကိုဘဲပြန်လာမှာ "

" ငါပြောချင်တဲ့သဘောကအဲ့လိုမှမဟုတ်တာ "

" နှုတ်ဆက်အနမ်းပေး "

ဝန်ဘင်းကချန်းယောင်းရဲ့အနမ်းကိုကြည်ကြည်ဖြူဖြူလက်ခံ‌ခဲ့တယ်။ သူတကယ်ချန်းယောင်းကိုသတိရနေတော့မှာ။

ထိုအနမ်းကသူ့အတွက်နောက်ဆုံးအနမ်းဖြစ်ခဲ့တယ်ဆိုတာသူသိခဲ့ရင်ယခုလိုတည်ငြိမ်နေနိုင်ပါ့မလား။

ချန်းယောင်းဆိုးလ်ကိုရောက်သွားပြီးပထမနေ့အထိချန်းယောင်းနဲ့အဆက်အသွယ်ရသေးသည်။ ဒုတိယနေ့ညပိုင်းကစပြီးအဆက်အသွယ်လုံးဝမရတော့။

တစ်ပါတ်ကျော်လောက်ထိအဆက်အသွယ်မရတော့ဝန်ဘင်းလည်းမနေနိုင်တော့ပေ။ဆိုဟီးရဲ့အိမ်ကိုလိုက်သွားကာချန်းယောင်းအကြောင်းမေးရသည်။ ဆိုဟီးကလည်းသူ့သူငယ်ချင်းရဲ့လိပ်စာကိုပေးလိုက်သောကြောင့်ဝန်ဘင်းလည်းချန်းယောင်းကိုရှာရန်ဆိုးလ်ကိုလိုက်သွားသည်။

ဆိုဟီးရဲ့သူငယ်ချင်းကနေတဆင့်ချန်းယောင်းတွေ့ရမယ့်ပရိုဂျူဆာနဲ့သွားတွေ့တော့အဲ့နေ့ကတည်းကချန်းယောင်းသူ့ဆီရောက်မလာသေးကြောင်းပြောပြသည်။

ဆိုးလ်မှာတစ်ပါတ်လောက်နေပြီးချန်းယောင်းကိုရှာသော်လည်းမတွေ့ ။ နောက်ဆုံးတော့အူလ်ဆန်ကိုသာပြန်လာခဲ့ရသည်။ သူကြောက်တာကချန်းယောင်းတစ်ခုခုဖြစ်သွားမှာကိုပင်။

ချန်းယောင်းမရှိတဲ့သူ့ဘဝကသဲကန္တာရလိုပဲခြောက်သွေ့နေခဲ့သည်။ ဖုန်းထဲကအတူတူရိုက်ထားတဲ့ဓာတ်ပုံလေးတွေပြန်ကြည့်ရင်ချန်းယောင်းကိုသတိရမိတာအခါခါ။ သူ့အလိုလိုကျလာတဲ့မျက်ရည်တွေကိုလည်းမသုတ်မိ။ သူအလုပ်ပြောင်းလိုက်တဲ့အကြောင်းချန်းယောင်းကိုပြောပြချင်သည်။ အိမ်ကတော့သူမပြောင်းဖြစ်ချန်းယောင်းပြန်လာရင်မတွေ့မှာဆိုး၍။ သူ့စိတ်ထဲမှာချန်းယောင်းသူ့ဆီပြန်လာမည်ဟုထင်မှတ်နေမိတုန်းပင်။

သူ့ဘဝထဲမှာချန်းယောင်းမရှိတော့တာနှစ်လနဲ့ငါးရက်ရှိသွားပြီ။

' စိတ်မပူပါနဲ့ ကျွန်တော့်နှလုံးသားလေးကပတ်ဝန်ဘင်းရှိတဲ့ဆီကိုဘဲပြန်လာမှာ ' ဆိုတဲ့ချန်းယောင်းပြောခဲ့တဲ့စကားလေးကိုသာခဏခဏပြန်တွေးနေမိတယ်။

ချန်းယောင်းမရှိတော့အပြင်တွေလည်းလျှောက်မလည်ဖြစ်ဘဲဆိုရှယ်မီဒီယာကိုသာကဓိကာထားသုံးဖြစ်နေသည်။ လိုင်းသုံးနေရင်းအွန်းဆော့ရှယ်ထားတဲ့သီချင်းတစ်ပုဒ်တက်လာ၍သူကြည့်လိုက်တော့နာမည်ကြီးအဆိုတော်တစ်ယောက်ဆိုထားတဲ့ချန်းယောင်းရဲ့သီချင်း။

ဒီသီချင်းကချန်းယောင်းသူ့အတွက်ဆိုပြီးရေးထားတဲ့သီချင်းမဟုတ်လား။ ဒီသံစဉ်နဲ့သီချင်းစာသားတွေဟာသူပထမဦးဆုံးနားထောင်ခွင့်ရှိခဲ့တာ။ ချန်းယောင်းကဘာလို့သူ့ကိုအဆက်အသွယ်မလုပ်တာလဲဆိုပြီးဝမ်းနည်းရပေမဲ့သူအဆင်ပြေ,ပြေရှိနေတာသိရတော့တော်ပါသေးသည်။

ထိုသီချင်းအကြောင်းကိုဝန်ဘင်းမှာအသေးစိတ်ရှာကြည့်ရတော့သည်။ သီချင်းနာမည်ကငါ့အချစ်ဖြစ်ပြီးတေးရေးကအန်တွန်တဲ့ဘာလို့ချန်းယောင်းမဟုတ်တာလဲ။

အန်တွန်ဆိုတဲ့တေးရေးဆရာအကြောင်းကိုအသေးစိတ်ရှာကြည့်တော့လူငယ်တေးရေးဆရာဖြစ်ပြီးသီချင်းကလည်းသူ့ချစ်သူအတွက်ရည်ရွယ်ပြီးရေးထားတာဖြစ်ကြောင်းရေးထားတဲ့သတင်းတစ်ပုဒ်ကိုတွေ့လိုက်ရသည်။

ဝန်ဘင်းကကွန်မန့်တွေကိုဖတ်ကြည့်လိုက်သည်။

# သူကအရမ်းချောတာပဲ #

# Idolတစ်ယောက်နဲ့တူတယ် #

# သူ့ချစ်သူက SY Entertainment ရဲ့သမီးတဲ့ အရမ်းလှတာ #

# သူတို့နှစ်ယောက်ကိုစားသောက်ဆိုင်တစ်ခုမှာတွေ့လိုက်တယ်အရမ်းလိုက်တာပဲ #

# သူက Sold out ပြီးသားကြီးလား #

# သူ့အနုပညာကိုအားပေးတာလား သူ့အချစ်ရေးကိုအားပေးတာလား #

ကွန်မန့်တွေဖက်ကြည့်လိုက်ရင်းတစ်နေရာအရောက်ပုံတစ်ပုံကိုတွေ့လိုက်ရသည်။

# သူနဲ့သူချစ်သူရဲ့ပုံလေ #

ထိုပုံကိုသေချာကြည့်လိုက်တော့ချန်းယောင်းနဲ့ကောင်မလေးတစ်ယောက်ရဲ့ပုံ။ ပုံကအဝေးရိုက်ဖြစ်ပြီးအနည်းငယ်ဝါးပေမဲ့ချန်းယောင်းမှန်းသိသာသည်။

သူ့ချစ်သူကိုရည်ရွယ်ထားတယ်လို့ပြောတုန်းကတောင်သူ့ချစ်သူကကိုယ်လို့ထင်မိနေတုန်း။ တကယ်တမ်းကျသူ့ချစ်သူကတခြားကောင်မလေးတစ်ယောက်။ ရင်ဘက်ထဲကနာပြီးအောင့်ပေမဲ့သူအဆင်ပြေပြေနဲ့အန္တရယ်ကင်းကင်းရှိနေတာကိုသိရတော့အဆင်ပြေပါသည်။

miyoungjang_01ဆိုတဲ့အိုင်ဂျီအ‌ကောင့်ကိုသူရှာကြည့်လိုက်တော့ချန်းယောင်းရဲ့ပုံကိုအသည်းပုံအနီလေးနဲ့စတိုရီတင်ထားတာကိုတွေ့လိုက်ရသည်။ antonlee_04 ဆိုတဲ့ချန်းယောင်းရဲ့အကောင့်ကတော့ဘာမှထွေထွေထူးထူးမတင်ထား။

ချန်းယောင်းရဲ့အင်တာဗျူးတစ်ခုမှာဂျန်မီ‌ယောင်းနဲ့တွဲလာတာတစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်းပြောထားတာကိုသိရတော့ဝန်ဘင်းမှာ့အံ့ဩသွားသည်။ ဒါဆိုသူကရော။

ချန်ယောင်းနဲ့တွေ့ဖို့သူဆိုးလ်ကိုချက်ချင်းလိုက်သွားခဲ့သည်။ SY အရှေ့မှာရောက်တော့လုံခြုံရေးတွေကတားထားသည်။

" အပြင်လူဝင်လို့မရဘူး "

လုံခြုံရေးကဝန်ဘင်းအရှေ့မှာဝင်ရပ်ပြီးပြောသည်။

" ဝင်ချင်တိုင်းဝင်လို့မရဘူး "

" အန်တွန်နဲ့တွေ့ချင်လို့ပါ "

" ပြန်တော့ကောင်လေး သူကမင်းတွေ့ချင်တိုင်းတွေ့လို့ရတဲ့အဆင့်မဟုတ်ဘူး "

" ကျွန်တော်သူနဲ့ခဏလေးလောက်စကားပြောရရင်လည်းအဆင်ပြေပါတယ် ကူညီပေးပါ "

" မဖြစ်ဘူး ငါ့မှာဆုံးဖြတ်ပိုင်ခွင့်လည်းမရှိဘူး "

" ကျေးဇူးပြုပြီး ခဏလေးပါပဲ တကယ်ကိုခဏလေးပါ သူနဲ့တွေ့ပါရစေ "

ဝန်ဘင်းရဲ့ပုံစံကိုကြည့်ပြီးသနားသွားပုံရကာ

" ငါသွားပြောပေးမယ် ဘယ်လိုပြောလိုက်ရမလဲ
သူ့ဘက်ကတွေ့ချင်မတွေ့ချင်တော့မသိဘူး "

" ပတ်ဝန်ဘင်းလို့ပြောလိုက်ပါ သူသိတယ် "

လုံခြုံရေးဦးလေးကြီးပြန်ရောက်လာသောအခါမျက်နှာမကောင်းစွာနဲ့

" မင်းနဲ့မတွေ့ချင်ဘူးတဲ့ သိလည်းမသိဘူးတဲ့ နောက်လည်းမလာနဲ့တဲ့ "

ဝန်ဘင်းကလည်းမပြန်ဘဲပေကပ်ပြီးစောင့်နေခဲ့တယ်။ လုံခြုံရေးဦးလေးကြီးကလည်းပြောမနိုင်၍လွှတ်ထားလိုက်ရသည့်သဘောရှိသည်။

SY ရဲ့သမီးဆိုသူနဲ့အတူတွဲထွက်လာတဲ့ချန်းယောင်းကသူ့ကိုတစ်ချက်ကြည့်ကာကျော်ထွက်သွားတော့ဝန်ဘင်းအရမ်းစိတ်တိုသွားသည်။ သူတွေးထားသည်ကချန်းယောင်းကသူ့ကိုတွေ့လျှင်တစ်ခုခုဖြစ်သွားမယ်စိတ်လှုပ်ရှားသွားမယ်ထင်ထားသော်လည်းချန်းယောင်းကသူ့ကိုမသိသလိုကျော်ထွက်သွားသည်။

" အီချန်းယောင်း "

ဝန်ဘင်းအသံကုန်ခြစ်အော်ပစ်လိုက်တော့ကားနားရောက်နေတဲ့ချန်းယောင်းကအေးဆက်စွာလှည့်ကြည့်သော်လည်းဘာမှမပြော။

" ကိုကိုသွားရအောင်လေ "

ချန်းယောင်းတို့ကားလေးဟာမောင်းထွက်သွားပြီ။

ဝန်ဘင်းတစ်ယောက်တည်းသာကျန်ခဲ့ရပြီးရင်နင့်အောင်ခံစားရသည်။ ခံနိုင်ရည်ရှိမယ်လို့ထင်ထားသော်လည်းတကယ်တမ်းသူကြုံလိုက်ရတော့သူ့အတွက်ကူရာကယ်ရာမဲ့နေခဲ့ပြီ။

ထိုအချိန်ကစပြီးပတ်ဝန်ဘင်းကဆိုးလ်ကိုဘယ်တော့မှမလာတော့ဖို့ဆုံးဖြတ်ခဲ့ပြီးချန်းယောင်းကိုလည်းမေ့နိုင်အောင်ကြိုစားရတော့မှာဖြစ်သည်။

စားပွဲပေါ်မှာထောင်ထာတဲ့နှစ်ယောက်တွဲပုံလေးကိုလည်းသိမ်းလိုက်ပြီးချန်းယောင်းနဲ့အတူနေခဲ့တဲ့တိုက်ခန်းလေးကိုလည်းသူဆက်မငှားဖြစ်တော့။ ချန်းယောင်းပြန်မလာတော့ဘူးဆိုတာသိနေသောကြောင့်ပင်။

အချိန်တွေကြာရင်ချန်းယောင်းကိုမေ့သွားမယ်လို့ထင်ထားခဲ့သော်လည်းသူအခုထိမလုပ်နိုင်ခဲ့။ ချန်းယောင်းအကြောင်းကိုသိချင်နေပြီးချန်းယောင်းနဲ့ပတ်သက်တာတွေကိုဝယ်မိနေတုန်းပင်။

ကိုယ့်အတွက်မဟုတ်ဘူးဆိုတာကိုသိတာတောင်မစွန့်လွှတ်နိုင်တဲ့သူ့ဘဝကပိုပြီးနာကျင်ရတယ်မဟုတ်လား။

နှင်းတွေကျနေပေမဲ့ခုံတန်းလေးမှာအရူးတစ်ယောက်လိုထိုင်နေမိတယ်။ အတွေးတွေကနေပြန်လည်အသိဝင်လာတော့ပါးပြင်မှာမျက်ရည်တွေကစိုရွှဲနေခဲ့လေပြီ။ တစ်နှစ်ကျော်မျှရှိလာပြီဖြစ်တဲ့ထိုအချိန်တွေမှာတောင်သူကချန်းယောင်းကိုမေ့မရခဲ့။ သူနဲ့ပက်သက်လာရင်,ရင်ထဲကနာကျင်နေမြဲပင်။ ချန်းယောင်းပေါ်မှာရှိနေတဲ့သူ့ရဲ့တစ်ဖက်သက်အတွေးတွေကိုမစွန့်လွှတ်နိုင်ရင် သူ့အတွက်ထပ်ပြီးနာကျင်ရရုံပဲရှိတော့မှာမို့လို့ အချိန်မှီရပ်တန့်နိုင်မှဖြစ်မည်။

ချန်းယောင်းအကြောင်းပါတဲ့မဂ္ဂဇင်းစာအုပ်လေးကိုခုံတန်းလေးအပေါ်မှာဒီအတိုင်းထားခဲ့လိုက်တော့သည်။ ချန်းယောင်းကိုရောထိုစာအုပ်လေးထားခဲ့သလိုအလွယ်တကူမေ့နိုင်ရင်ကောင်းမည်။

ᥫ᭡ᥫ᭡ᥫ᭡

အန်တွန်ရဲ့ရင်ထဲမှာတစ်ခုခုကလစ်ဟာနေသလိုခံစားနေရသည်။ အရင်တုန်းကသူ့ဆီလိုက်လာဖူးတဲ့တစ်ယောက်အကြောင်းအိပ်မက်မက်ခဲ့တယ်။  ထိုသူဟာခဏလေးတွေ့ဖူးပေမဲ့အရမ်းရင်းနှီးနေသလိုမျက်နှာမျိုး။ အခုရက်ပိုင်းသူ့ကိုခဏခဏအိပ်မက်မက်နေပြီးထိုလူရဲ့အီချန်းယောင်းလို့ခေါ်လိုက်တဲ့အသံကစရင်းနှီးနေသလို။

အခုလည်းနောက်တစ်ယောက်ပေါ်လာပြန်သည်။

အန်တွန်နဲ့မီယောင်းစားသောက်ဆိုင်တစ်ခုကနေ စားသောက်ပြီးစီးသွားလို့အပြန်ထွက်ပေါက်နားမှာလူတစ်ယောက်သူ့ဆီရောက်လာသည်။ ထိုသူကအရပ်သိပ်မရှည်။

" အီချန်းယောင်း "

" မင်းငါ့ကိုသိလို့လား "

ချန်းယောင်းကသူ့ကိုမသိလို့မသိဘူးပြောတာကို ထိုကောင်လေးကစိတ်တိုသွားပုံရသည်။

" ‌ဪ.......မင်းကငါ့ကိုတောင်မသိတော့ဘူးပေါ့ "

ချန်းယောင်းအတွက်ကတော့သူတကယ်မသိတာ။ ဘေးနားကမီ‌ယောင်းကလည်းမျက်နှာပျက်နေလေပြီ။

" ငါမင်းကိုမသိဘူး "

" အဟက် "

ဆိုဟီးကရွဲ့ရယ်,ရယ်လိုက်ပြီး

" မင်းမသိဘူးဆိုငါလည်းမင်းကိုမသိဘူးရပြီလား မင်းလိုကောင်ကိုပြောမိတာကငါ့အမှားပဲ ဘဝမေ့တဲ့ကောင် "

ဆိုဟီးကထိုစကားကိုပြောပြီးပြီးချင်းထွက်သွားတော့ဆိုဟီးနောက်မှာပါလာတဲ့ဆွန်းဟန်က

" မမမီယောင်းသူကကျွန်တော့်ကောင်လေးပါ သူ့အစားတောင်းပန်ပါတယ် "

ဆွန်းဟန်ကလည်းဆိုဟီးနောက်ကိုချက်ချင်း‌ေပြးလိုက်သွားတော့သည်။

ဆွန်းဟန်ကမီယောင်းနဲ့အမျိုးမကင်းသူဖြစ်ပြီးအန်တွန်နဲ့မျက်မှန်းတန်းမိသူလည်းဖြစ်သည်။

တစ်ခုခုလွဲနေတယ်ဆိုတာသူ့စိတ်ထဲအလိုလိုသိနေတယ်။ အခုနောက်ပိုင်းပိုဆိုးလာသည်။ သူဘာမှမမှတ်မိတာခက်နေသည်။ မီယောင်းကိုလုံးဝမရင်းနှီးသလိုခံစားနေရပြီးရင်လည်းမခုန်ပါ။

သူဆေးရုံတစ်ခုမှာနိုးထလာတဲ့အချိန်မှာဘာမှမသိ။ အဲ့အချိန်မှာမီယောင်းပြောတာကျွန်တော်ကသူ့ချစ်သူဖြစ်ပြီးကျွန်တော့်ရေးထားတဲ့သီချင်းတွေကသူ့အတွက်ရည်ရွယ်ထားသည်တဲ့ဒါပေမဲ့ရင်ထဲမှာအဲ့လိုမခံစားရ။

ဆွန်းဟန်ကနေဆိုဟီးဖုန်းနံပါတ်မေးရသည်။
ပတ်ဝန်ဘင်းကကျွန်တော့်ကိုစောင့်နေတယ်ဆိုတဲ့အကြောင်းကြောင့်ဆိုဟီးပြောတဲ့လိပ်စာအတိုင်းပတ်ဝန်ဘင်းအလုပ်လုပ်တဲ့ကော်ဖီဆိုင်ကိုလိုက်သွားသည်။ ဆိုဟီးကဖုန်းနံပါတ်လည်းပေးပေမဲ့ ဖုန်းနဲ့မဆက်သွယ်ဖြစ်။

ဆိုင်အပြင်အဆင်လေးကရိုးရိုးရှင်းရှင်းလေးနဲ့ကိုချစ်စရာလေးပင်။

" ပတ်ဝန်ဘင်းနဲ့တွေ့ချင်လို့ပါ "

" ဝန်ဘင်းဧည့်သည်တဲ့ "

" ဘယ်သူလဲ ဧည့်သည်ကလာစရာမရှိတာကို "

ဝန်ဘင်းကချန်းယောင်းကိုမြင်တော့လုံးဝအံ့ဩသွားတဲ့မျက်နှာကိုချက်ချင်းပြန်ပြင်လိုက်ရသည်။

ချန်းယောင်းရင်ထဲမှာလည်းလှုပ်ခတ်မှု့လေးတွေဖြစ်သွားသည်။ ဟုတ်တယ်သူဒီမျက်နှာလေးကိုလွမ်းနေခဲ့တာ။ သူစိမ်းဆိုပေမဲ့ရင်ထဲမှာတကယ်ရင်းနှီးနေခဲ့တာ။

ဝန်ဘင်းကမလှုပ်မယှက်နဲ့ချန်းယောင်းဆီကိုတိုးမလာ။

" အရင်တစ်ခါတုန်းကကျွန်တော့်ဆီလိုက်လာဖူးတယ်မလား "

" ကျွန်တော်လူမှားသွားတာ တောင်းပန်ပါတယ် "

စူးရဲတဲ့မျက်လုံးတွေဟာချန်းယောင်းနှင့်စုံအောင်မကြည့်ခဲ့။

" ဟိုလေ "

ချန်းယောင်းပြောရခက်သလိုမျိုးနှင့်ဆက်ပြောလာခဲ့သည်။

" ဆိုဟီးကပြောတာအရင်ကကျွန်တော်နဲ့ချစ်သူတွေဆို "

ဒါကိုသူမမှတ်မိတာလားပတ်ဝန်ဘင်းမျက်မှောင်ကြုံ့မိသွားသည်။

" မဟုတ်ဘူး မင်းကငါ့ချစ်သူမဟုတ်ဘူး "

" ငါ့မှာချစ်သူရှိတယ် "

" တာရို  "

‌ခပ်လှမ်းလှမ်းကဖြတ်သွားတဲ့တာရိုကိုဝန်ဘင်းကလှမ်းခေါ်လိုက်သဖြင့်တာရိုကကြောင်တောင်တောင်လေးနှင့်ဝန်ဘင်းဘေးကိုရောက်လာသည်။

" သူကငါ့ချစ်သူဘဲ "

တာရိုရဲ့လက်ကိုချိတ်လိုက်ပြီးဝန်ဘင်းကပြောလိုက်တော့တာရိုအတွက်တော့ဘာမှမသိလိုက်ရဘဲချစ်သူတစ်ယောက်ရလိုက်လေသည်။

ဘာမှမသက်ဆိုင်ဘူးဆိုပေမဲ့ချန်းယောင်းရင်ထဲနာကျင်သွားရသည်။ ပတ်ဝန်ဘင်းကိုသူရင်းနှီးနေတယ်ဆိုတာသူ့နှလုံးသားကသိနေတယ်။

" ပြန်လိုက်ပါတော့ "

ဝန်ဘင်းကတာရိုရဲ့လက်ကိုဆွဲကာထွက်သွားသည်။

အရမ်းချစ်ရသူမို့ဝန်ဘင်းလည်းနာကျင်ရပါတယ်။ ချန်းယောင်းမှာသူမသိနိုင်တဲ့ကိစ္စတစ်ခုခုလည်းရှိနေနိုင်တယ်ဆိုတာကိုလည်းသူသတိထားမိလိုက်သည်။ နာကျင်ရပေမဲ့ဒီအတိုင်းလေးပဲနေသားကျနေပါပြီ။


ချန်းယောင်းကဝန်ဘင်းဆီကပြန်လာကတည်းကအရင်လိုပုံမှန်မဟုတ်တော့ပတ်ဝန်ဘင်းကိုသာသတိရနေမိသည်။ မီယောင်းကချစ်သူဆိုပေမဲ့ရင်ထဲမှာဘယ်လိုမှမနေ။ တစ်ခုခုလွဲနေပြီဆိုတာသူခံစားနေမိတယ်။ တစ်ယောက်,ယောက်ကသူမေ့နေတဲ့အတိတ်ကိုပြန်ပြောပြပေးရင်သိပ်ကောင်းမှာပဲလို့အကြိမ်ကြိမ်တွေးမိသည်။

ᥫ᭡ᥫ᭡ᥫ᭡

ချန်းယောင်းဆိုးလ်ကိုရောက်တဲ့ဒုတိယနေ့ညမှာ တစ်ယောက်တည်းလမ်းလျှောက်လာစဉ်သူ့ကိုကားတစ်စီးကဝင်တိုက်သည်။

ခေါင်းနဲ့ကတ္တရာလမ်းဟာစောင့်မိသွားပြီးသူဘာမှမသိတော့။ သူ့ကမ္ဘာကအမှောင်ကျသွားခဲ့ပြီ။

ဘားကအပြန်ဂျန်မီယောင်းကအရက်‌အတော်အသင့်မူးနေသဖြင့်လူတစ်ယောက်ကိုဝင်တိုက်လိုက်တော့သူမလိပ်ပြာလွင့်မတတ်ဖြစ်သွားသည်။

" oh my god "

သွေးအိုင်ထဲမှာလဲနေတဲ့သူကိုကြည့်လိုက်ပြီးချက်ချင်းဆိုသလိုသူမရဲ့ဖခင်ကိုဖုန်းဆက်လိုက်သည်။

" ဖေဖေ လုပ်ပါဦး သမီးလူတစ်ယောက်ကိုကားနဲ့တိုက်မိလို့ "

" သူသေသွားပြီးလားမသိဘူး ဘယ်လိုလုပ်ရမလဲ "

" ဘယ်နားမှာလဲ ဖေဖေချက်ချင်းလာခဲ့မယ် "

ဒီနေရာကလူပြတ်၍တော်သေးသည်။ မဟုတ်ရင်ရှင်းရမည့်ပြဿနာတွေကပြီးမည်မဟုတ်။

ချန်းယောင်းမသေနိုင်ဘူးဆိုတာသိတာနဲ့ဆေးရုံကိုချက်ခြင်းပို့ပေးလိုက်ပြီးချန်းယောင်းကိုအရေးပေါ်ခွဲစိတ်မှု့ပြုလုပ်ကြသည်။

မိသားစုနဲ့ဆက်သွယ်ရန်ရှာကြည့်တော့ချန်းယောင်းရဲ့မှတ်ပုံတင်ရယ်ရေးထားတဲ့သီချင်းစာအုပ်ရယ်ပိုက်ဆံအိတ်ထဲကပိုက်ဆံတချို့နဲ့ဓါတ်ပုံလေးတစ်ပုံ။ ချောမောလှပတဲ့ကောင်လေးတစ်ယောက်ကအလှဆုံးပြုံးနေတဲ့ပုံ‌လေး။ ပုံကိုထုတ်ကြည့်လိုက်တော့ပုံရဲ့နောက်မှာရေးထားတဲ့စာက Park Won Bin ❤️ ကွဲကြေသွားတဲ့ချန်းယောင်းရဲ့ဖုန်းကတော့ပြန်ပွင့်မလာ။ ကုတင်ပေါ်မှာလူနာဝတ်စုံလေးနဲ့ဖျော့တော့စွာလှဲနေတဲ့ချန်းယောင်းကလုံးဝကိုကြည့်ကောင်းနေလွန်းလှသဖြင့်သူမကထိုအမျိုးသားကိုတဖြည်းဖြည်းနဲ့လောဘတက်လာမိသည်။

သူနိုးလာချိန်မှာဘာမှမမှတ်မိသည်ကိုအခွင့်ကောင်းယူ၍သူမကဇာတ်လမ်းတစ်ပုဒ်ဖန်တီးလိုက်သည်။ သူကသူမရဲ့ချစ်သူဖြစ်ပြီးနာမည်အရင်းချန်းယောင်းအစားအန်တွန်ကိုသာအသုံးပြုသည်ဟုလိမ်ထားသည်။

ငွေကြေးနဲ့လုပ်ပိုင်ခွင့်ရှိတာကြောင့်ချန်းယောင်းရဲ့သီချင်းတွေကိုသူမကထုတ်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့ချန်းယောင်းကနာမည်ကြီးတေးရေးတစ်ယောက်ဘဝနဲ့သူမချစ်သူဖြစ်လာခဲ့သည်။

ပတ်ဝန်ဘင်းဆိုတဲ့တစ်ယောက်ကိုကို့ဆီလိုက်လာတော့သူမအတော်လန့်သွားတာ။ ကြားထဲကနေသူမကပဲမတွေ့ချင်ဘူးလို့ပြောပေးလိုက်သည်။ ချန်းယောင်းနဲ့ဝန်ဘင်းကြားမှာတစ်ခုခုရှိနေတယ်ဆိုတာသူမအလိုလိုသိနေခဲ့သည်။ ပတ်ဝန်ဘင်းကိုမြင်ပြီးအတိတ်ကိုပြန်သတိရသွားမှာကြောက်သောကြောင့်ပင်။

မီယောင်းကချန်းယောင်းထက်ငယ်သူဖြစ်၍သူ့ကို,ကိုကိုလို့ခေါ်သည်။

" ကိုကို "

ချန်းယောင်းကထူးမလာ

" ကိုကိုဘာတွေစဉ်းစားနေတာလဲ  "

" ငါတို့အကြောင်း "

" ဘယ်လိုငါ့တို့အကြောင်းလဲ "

" မင်းငါ့ကိုတစ်ယောက်တည်းလွှတ်ထားပေးပါလား "

ကိုကိုအတိတ်အကြောင်းတွေကိုသတိရသွားတာလားဆိုပြီးသူမပြာသွားကာကားမောင်းနေရင်းနဲ့ကိုကို့ကိုခဏခဏခိုးကြည့်မိသည်။

" ဘာလို့လဲ "

" ငါမင်းကိုရင်မခုန်ဘူးဖြစ်နေတယ် ပြီးတော့ရင်းနှီးတယ်လို့မခံစားရဘူး "

" အဲ့ဒါကကိုကိုကအတိတ်မေ့နေတော့ဘယ်ဘယ်လိုလုပ်သိမှာလဲ "

" အဲ့လို မဟုတ်ဘူး"

" ငါ့ဘက်ကမင်းနဲ့ပတ်သက်ရင်ခံစားချက်မဲ့နေသလိုဖြစ်နေတာကိုဘယ်လိုလုပ်ရမလဲ "

ချန်းယောင်းရဲ့စကားတွေကြောင့်သူမစိတ်လွတ်သွားပြီးမျက်နှာချင်းဆိုင်ကလာနေတဲ့ကားနဲ့တိုက်မိမလိုဖြစ်သွားသည်။ ကပ်သီလေးလွဲသွားသည်သာ။ ထိုနေ့ညကမီယောင်းနဲ့သူတိုက်ခန်းကိုသာပြန်ခဲ့ဘာမှဆက်မပြောဖြစ်ခဲ့။

ကားချင်းတိုက်မိမလိုဖြစ်သွားတဲ့အချိန်မှာသူကားတိုက်ခံရပြီးလဲကျသွားတဲ့အချိန်ကိုလျှပ်တပျက်သတိရလိုက်သည်။

ချန်းယောင်းရဲ့အိပ်မက်တွေထဲမှာနေရာယူလာတဲ့ပတ်ဝန်ဘင်း။ ကိုကိုဆိုတဲ့နာမ်စားကိုချန်းယောင်းပါးစပ်ကနေလှုပ်ခေါ်ရင်းနိုးလာတဲ့ရက်တွေကမနည်းတော့။

တစ်ပါတ်လောက်ကြာတော့ချန်းယောင်းကအရင်ကအကြောင်းတွေကိုပြန်လည်သတိရလာရင်းနိုးထလာခဲ့သည်။

" ကိုကို "

သူချက်ချင်းဘဲအူလ်ဆန်ကိုပြန်သွားခဲ့ပြီးအရင်ကအတူတူနေခဲ့တဲ့အိမ်လိပ်စာကိုလိုက်သွားခဲ့ပေမဲ့ထိုအခန်းမှာတစ်ခြားသူ‌တွေနေ,နေသည်။

အရင်ကသူလိုက်သွားဖူးတဲ့ကော်ဖီဆိုင်ကိုလိုက်သွားရပြန်သည်။

" ကိုကို "

‌တွေ့,တွေ့ချင်းဘဲဝန်ဘင်းကိုရင်ခွင်ထဲတင်းကျပ်နေအောင်ဖက်ထားလိုက်သောကြောင့်ဆိုင်မှာရှိတဲ့လူတစ်ချို့ကလည်းသူတို့နှစ်ယောက်ကိုကွက်ကြည့်ကွက်ကြည့်,ကြည့်နေကြသည်။

" ဘာလုပ်တာလဲ ငါ့ကိုလွှတ် "

" ကိုကို "

" ငါမင်းကိုမသိဘူးလို့ "

" ငါ့မှာချစ်သူရှိနေပြီလို့မင်းကိုပြောပြီးသားဘဲ "

" ကိုကိုလိမ်နေတာ "

ဒါကအရင်တုန်းကသူ့ရဲ့ချန်းယောင်းဆိုတာ
ဝန်ဘင်းသိလိုက်ပြီ။

ဝန်ဘင်းကချန်းယောင်းရင်ခွင်ထဲကနေဇွတ်အတင်းရုန်းထွက်လိုက်ပြီး။

" မင်းသွားတော့ "

" ကျွန်တော်ကအရင်ကကိုကို့ရဲ့ချန်းယောင်း‌ပါကိုကိုရာလာလိမ်မနေနဲ့ "

" အီချန်းယောင်း "

ဝန်ဘင်းပြောတာကိုဂရုမစိုက်ဘဲချန်းယောင်းကဆက်ပြီးဖက်ထားဆဲ။

နောက်ဆုံးတော့ဝန်ဘင်းသာအလုပ်နားပြီးချန်းယောင်းကိုအချိန်ပေးလိုက်ရသည်။

" ကိုကို "

" မင်းဘယ်လိုဖြစ်နေတာလဲ "

သူ့ပခုံးပေါ်မှီလာတဲ့ချန်းယောင်းကိုတွန်းထုတ်လိုက်သည်။

" ကျွန်တော်ပြောပြမယ် စိတ်မဆိုးနဲ့ "

ချန်းယောင်းကသူ့ရဲ့အဖြစ်အပျက်တွေကိုအကုန်စင်အောင်ပြန်ပြောပြလာသည်။

" အဲ့တော့ငါကဘာလုပ်ပေးရမှာလဲ "

" ကျွန်တော့်ကိုပြန်လက်ခံပေး "

" မင်းကအခုဆိုနာမည်ကြီးတစ်ယောက်ဖြစ်နေပြီ "

" ကျွန်တော့်လိုတေးရေးတစ်ယောက်ကိုလူတိုင်းကသိပါ့မလားကိုကိုရဲ့ "

ချန်းယောင်းကဝန်ဘင်းကိုအနောက်ကနေဖက်ထားရင်းပခုံးပေါ်မေးတင်ထားသည်။

" သီချင်းတွေကကိုကို့အတွက်ရည်ရွယ်ထားတာဖြစ်ကြောင်းလူတွေသိအောင်ကျွန်တော်လုပ်ဦးမှာ "

" ငါ့ဆီပြန်လာလို့မင်းအတွက်ဘာကောင်းမှာမို့လို့လဲ "

" ဒါဆိုကျွန်တော်ပြန်သွားရမလား "

" ဟမ် "

မျက်လုံးပြူးလေးနဲ့ဖြစ်သွားတဲ့ကိုကို့ကိုချန်းယောင်းသဘောတကျကြည့်ကာရယ်မိသည်။

ကိုကိုကချန်းယောင်းစနေမှန်းသတိထားမိသွားတာနဲ့။

" မင်းနော် "

" ကျွန်တော့်အတွက်ကောင်းခြင်းတွေကကိုကို့အနားမှာရှိနေမှဖြစ်မှာဗျ ကိုကိုသိရဲ့လား "

ဒီစကားကပတ်ဝန်ဘင်းကိုရင်ခုန်မှုနဲ့စိတ်ကျေနပ်မှုအပြည့်အဝပေးသည်။

" ကိုကိုကအတင်းနှင်ထုတ်လည်းကျွန်တော်ကတွယ်ကပ်နေမှာ "

" ကိုကိုနဲ့အတူအရင်လိုဘဝမျိုးပြန်ရောက်ချင်တယ် "

ဝန်ဘင်းကလည်းချန်းယောင်းနဲ့အတူအရင်လိုပြန်ဖြစ်ချင်ပါတယ်။ ချန်းယောင်းပြန်လာရင်လက်မခံဘူးလို့တွေးထားတဲ့မိမိရဲ့စိတ်ကိုလည်းဘယ်လိုက်ရှာရမလဲမသိ။

" ကိုကို "

ချန်ယောင်းကဝန်ဘင်းကိုကလေးတစ်ယောက်လိုချွဲနေတယ်။

" ကိုကိုလက်ခံပေးရမယ် လက်မခံလည်းကျွန်တော်ကကိုကိုနဲ့ပဲနေတော့မှာ "

" မင်းရဲ့အောင်မြင်မှုကိုစွန့်လွှတ်ရင်လက်ခံပေးမယ် "

" ဆယ်ခါပြန်တောင်စွန့်လွှတ်နိုင်သေးတယ် "

" မင်းကိုတခြားသူတွေသဘောကျတာကိုငါမကြိုက်ဘူး "

" ကျွန်တော်ကို,ကိုကိုတစ်ယောက်ပဲသဘောကျချင်တာပေါ့ "

ကလေးဆန်မှန်းသိပေမဲ့ပတ်ဝန်ဘင်းခေါင်းညိတ်မိလေသည်။ ချန်းယောင်းကိုသူအနားကနေဘယ်မှသွားခွင့်ပြုတော့မှာမဟုတ်။

ဒီတစ်ခါပြန်လည်ပေါင်းစည်းမှုကသူတို့နှစ်ယောက်အတွက်ထာဝရဖြစ်မယ်ဆိုတာကိုယုံကြည်ရင်းချန်းယောင်းကိုပြန်လက်ခံလိုက်တယ်။ သူတို့နှစ်ယောက်ဟာအရင်ကအတိုင်းဘဝလေးကိုအတူတူပြန်လည်တည်ဆောက်ဖို့စတင်ခဲ့ကြသည်။

ParkWonBin × LeeChanYoung
TONBIN
December 3, 2023

Continue Reading

You'll Also Like

66.7K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
17.6K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
495 71 1
ZB1 shots Language - Burmese
12.9K 1.5K 15
"ဘာတွေလာပြောနေတာလဲ... မင်းနဲ့ငါနဲ့ ဘာမှမဆိုင်တော့ဘူးလေ!"