December 1
ဘာလိုလိုနဲ့ဒီဇင်ဘာတောင်ရောက်ခဲ့ပြီ ဟွန်း..
ငါမင်းကို အရမ်းလွမ်းနေရပြီ..
ဆောင်းရာသီရဲ့ ဒီဇင်ဘာလ ပထမဦးဆုံးရက်လေး..
ကျယ်ဝန်းလှသောဆေးရုံဝန်းကြီးအလယ်မှာ အဖြူရောင်နှင်းဆီပန်းစည်းလေးကိုင်ကာ လမ်းလျှောက်လာနေသောကောင်လေးတစ်ယောက်..
ဖြူအုလွန်းကာ သိပ်ကိုနုနယ်လွန်းလှသည့်ထိုကောင်လေးမှာ လက်ထဲကနှင်းဆီပန်းဖြူဖြူတွေနှင့်ပနံသင့်လှပေရဲ့..
ထိုကောင်လေးကိုထိုဆေးရုံမှလူအများစုလည်းမျက်မှန်းတန်းမိနေလောက်ပါပြီ..
နေ့စဉ်ရက်ဆက် တစ်ရက်မှမပြတ်ဘဲ တစ်ယောက်သောဆီကို ရောက်ရောက်လာတတ်တာဟာ သူ့အတွက်တော့မရိုးနိုင်သော အရာတစ်ခုလိုပင်..
ချစ်ရသူဆီကိုရောက်ဖို့ဆိုလျှင် ကျွန်တော်လျှောက်လမ်းရမယ့်လမ်းတိုင်းကို ယုံယုံကြည်ကြည်နဲ့လျှောက်လှမ်းမှာပါ..
ကျွန်တော်နောက်တစ်ကြိမ် သူ့ကိုလက်လွှတ်သွားရမည်ဆိုလျှင် ကျွန်တော့်ကမ္ဘာကြီး ပျက်သွားလိမ့်မယ်..
သူသာမရှိရင် ကျွန်တော်ဆိုတာလည်းရှိနိုင်မယ်မထင်တော့ဘူး..
"ကျွီ.."
ဆေးရုံကြီး၏ လူနာခန်းပေါင်းများစွာမှ တစ်ခုတည်းသော အခန်းတံခါးကိုဖွင့်လိုက်တဲ့အခါ
သူ..
ဆောင်းရာသီဖြစ်၍ နေရောင်ဖျဖျသာကျရောက်နေသော အခန်းလေးအတွင်း ဖြူလျော့စွာ အေးအေးချမ်းချမ်း လဲလျောင်းနေသော သူ..
"ဟွန်း"
ဂျွန် ဟွန်းအနားကိုသွားထိုင်ပြီး ရှည်သွယ်သွယ်လေးနှင့် လှနေတတ်သည့် ဟွန်းလက်ကလေးကိုဆုပ်ကိုင်ထားမိသည်..
ဟွန်းမျက်နှာထက် နေရောက်ဖျော့ဖျော့ကျရောက်နေတဲ့အခါ နှဖူးပြင်ပြေပြေ မျက်ခုံးတန်းတန်းကလေးနဲ့ မျက်တောင်စိပ်စိပ်ကလေးတို့ဟာ မထိရက်စရာ ကြည်ကြည်လင်လင် ရှိနေလေရဲ့..
ဂျွန် ဟွန်းမျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း အကြည့်တို့ဝေဝါးလာရသည်..
ဆက်ကြည့်ဖို့ရန် ခံနိုင်ရည်မရှိတော့တာ ကိုယ့်ကိုယ်ကိုအသိဆုံးမို့ ဟွန်းလက်ကလေးကိုဆုပ်ကိုင်လျက် ဟွန်းကုတင်ပေါ်သာလျှင် မျက်နှာမှောက်ကာ မျက်ရည်တို့ကို ကျဆင်းခွင့်ပေးလိုက်မိသည်..
ဒီလူသားလေးကို အရမ်းကိုမှ လွမ်းနေရပါပြီ..
~~~
"ဂျွန်"
"ဂျွန်ရေ"
ကျွန်တော် ဒီပန်းခင်းကြီးအလယ်မှာတွေ့ခဲ့ဖူးတဲ့ ဂျွန့်ကို ထပ်ပြီးများတွေ့ခွင့်ရမလားဆိုသောမျှော်လင့်ချက်ကလေးနဲ့ လိုက်ရှာမိပါသည်
ဘယ်မှာများလည်း ဂျွန်ရယ်
ကိုယ့်ဆီလာခဲ့ပါလား
ဒါမှမဟုတ်လည်း ကိုယ့်ကိုမင်းရှိတဲ့နေရာပြောပေးနိုင်မလား
ကိုယ်မင်းဆီ အရောက်လာခဲ့မယ် ဂျွန်
အဆုံးမရှိတဲ့ အဖြူရောင်ဒေဆီပန်းခင်းကြိးအလယ် ဆယ်ဟွန်းဆိုသော ကောင်လေးတစ်ယောက်ကတော့ ဂျွန် ဟူသော အမည်နာမတစ်ခုကိုခေါ်ကာ ပြေးလွှားနေသည်မှာ မမောပန်းသည်လားမသိ
"အာ့!"
ပြေးလွှားရင်း လက်ကိုတစ်ခုခုနှင့်ချစ်မိသည်လားမသိ စူးကနဲ တစ်ချက်နာသည်မို့ ကြည့်မိလိုက်တော့ နာကျင်စေသည့်ဒဏ်ရာ ဘာမျှမရှိ
"ကျစ်!"
ဘာကြောင့် ဒီလက်တစ်ဖက်ဟာလေးလံလာသလိုဖြစ်နေပါလိမ့်
"ဟင့်အင်း ဂျွန်
ဂျွန့်ကိုရှာမှရမယ်"
ခေါင်းတစ်ချက်ဆတ်ထုတ်လိုက်ရင်း ထုံကျင်နေသည့်လက်ကို လျစ်လျှူရှုကာ တစ်ယောက်သောသူကိုသာ ဆက်တိုက်လိုက်ရှာမိနေသည်
ပန်းခင်းကြီးထဲတွင် တဝဲလည်လည် ဖြစ်နေသလောက် ဂျွန့်ရဲ့ အရိပ်အယောင်ကိုတောင် သူရှာမတွေ့ပါ
တဖြည်းဖြည်းချင်း လက်ဟာလည်း အတော်ကိုထံကျင်လာလေသည်
"ဘာလဲကွာ! တောက်စ်!"
ရှာဖွေနေသောသူကိုမတွေ့ရသည့်အပြင် ထံထိုင်းလာကာအေးဆက်က်ေ ခံစားနေရသည့် ထိုလက်ကြောင့် စိတ်ရှုပ်စွာ ညည်းမိလိုက်သည်
ထိုစဉ် လေပြေလေးတစ်ချက်ဝှေ့အတိုက်..
"ဟင်! ဒီ.ဒီအနံ့က
ဂျွန်! ဂျွန်ရေ!"
လေတစ်ဝှေ့မှာ ကပ်ပါလာသည့် အလွန်ရင်းနှီးလှသော အနံ့ခပ်သင်းသင်းလေးကြောင့် သူရှိကိုရှိသည်ကို ယုံကြည်လိုက်ပြီး ဆက်ရှာနေမိသည်
"ဂျွန်!!
..အားး!!!"
ပြေးရင်းပင် သူချောက်နက်ထဲကို ပြုတ်ကျသွားသလို လှိုက်ကနဲ ဖြစ်သွားရသည် ပြီးတော့..
ဒီအနံ့လေး သင်းသင်းလေး..
ဆယ်ဟွန်းမျက်လုံးများဖွင့်မရပေ အလွန်လေးလံကာ ခေါင်းထဲမှာလည်း တစ်ဆစ်ဆစ်နှင့် အလွန်ကိုက်နေသည်
သူ လက်တွေလည်းလှုပ်မရဘူး
မျက်လုံးများဖွင့်မရသည့်အပြင် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်မရသည်ကြောင့် မောပန်းလာသည်
စိတ်ဆန္ဒအရ ဘာကိုမျှမလုပ်နိုင်သော အခုအခြေအနေကြီးဟာ ဘယ်လိုပါလိမ့်
တစ်ယောက်ယောက်များ ကယ်ပေးပါ
ကျွန်တော်..ကျွန်တော် ဂျွန့်ဆီ သွားရအုံးမယ်..
သူကျွန်တော့်အနားမှာ သေချာပေါက်ရှိနေတယ်..
~~~
"ဟင်! ဟွန်..ဟွန်းး!
ဟွန်း! ငါခေါ်နေတာကြားလား!
ဟွန်း ထပါအုံးလို့! မျက်လုံးဖွင့်ပါအုံး ဟွန်း!"
ဂျွန်မြောင် ကုတင်ပေါ်မှောက်ငိုမိရင်းကနေ ခနလောက်အိပ်ပျော်သွားမိပြိး ပြန်နိုးလာတော့ သူမြင်လိုက်ရတဲ့ ဟွန်းကြောင့် လူတစ်ကိုယ်လုံး သွေးတွေပြောင်းပြန်စီးသွားသလိုပင်
နဖူးစပ်တစ်လျှောက်ချွေးများ စို့နေပြိး မျက်ခမ်းစပ်မှမျက်ရည်များကျနေသည့် ဟွန်း
မျက်ခုံးတွေကလည်း ကျုံ့ထားလိုက်တာများ
ဟွန်းပုံစံကို မြင်ပြီး တစ်ကိုယ်လုံးပူထူလာကာ ခြေမကိုင်မိ လက်မကိုင်မိ
ပါးစပ်မှသာအော်ခေါ်နှိုးနေမိသည်
သတိရလာတာမလား..ဟုတ်တယ်မလား.ဟွန်း..
ထပ်ပြီးတော့ နောက်ထပ်ပြီး ဘာမှမဖြစ်ပါနဲ့တော့ ငါမင်းကို ဒီထက်ပို မကြည့်ရက်နိုင်တော့ဘူး
"အဟင့်!!"
ဂျွန်မြောင် ဟွန်းကိုအော်ခေါ်နှိုးရင်း အတွေးပေါင်းများစွာနဲ့ ထပ်ငိုမိပြန်ပြီ
သူ့နှလုံးသားလေးလည်း မောပန်းနေရပါပြီ
"ဟွန်း! ထတော့လို့ပြောနေတယ်လေကွာ!!"
~ဟင်.ဒါ..ဒါ ဂျွန့်အသံပဲ
"ဂျွန်~"
သူဂျွန့်ကိုခေါ်သော်လည်း လည်ချောင်းတစ်လျှောက်နာကျင်နေတာမှ အသံပင်မထွက်နိုင်
သူ့မျက်လုံးအစုံကိုသာ ဖွင့်နိုင်ဖို့ကြိုးစားနေရသည်
တစ်ချက်..
နှစ်ချက်..
သုံးချက်..
"ဟား..ဟွန်းးး"
မျက်တောင်လေးလှုပ်ခပ်လှုပ်ခပ်နဲ့ ပွင့်လာသော ဟွန်းမျက်လုံးများကြောင့် ဂျွန် ဘာမျှပင်ဆက်မပြောနိုင်အောင် ရင်ဝ၌တစ်စို့နေသည်
သူ..သူ..ပြန်လာပြီလေ..
ဟွန်းကကျွန်တော့်ဆီ ပြန်လာပြီ..
ဂျွန် မျက်ရည်များလှိမ့်ကျနေမိသည် ဒီတစ်ခါကအရင်ကနဲ့မတူပဲ ပျော်လို့ကျရတဲ့မျက်ရည်သာ..
သူအားယူကာ မျက်လုံးကို အစွမ်းကုန်ဖွင့်ကြည့်မိတဲ့နောက် အမြင်တွေက ဝေဝေဝါးဝါးနဲ့ ဘာကိုမျှ သဲသဲကွဲကွဲ မမြင်နိုင်
နောက်နှစ်ချက် သုံးချက် မျက်တောင်ခပ်ကြည့်ပြီးမှ တဖြည်းဖြည်းချင်း မျက်ဝါးထင်ထင် မြင်လိုက်ရတာဟာ
သူတွေ့ချင်ခဲ့သော
သူပင်ပန်းကြီးစွာရှာဖွေနေခဲ့သော
သူ့အတွက်နှစ်ယောက်မရှိနိုင်သော
တစ်ဦးတည်းသော ဂျွန် ပင်
"ဂျွ..ဂျွန်.."
"အဟင့် ဟွန်း!!"
ကျတော် သူ့ကို ခေါ်ရုံရှိသေး ကျတော့်ရင်ဘတ်ပေါ် မျက်နှာကြီး မှောက်ချကာ ရှိုက်ကြီး တငင်ငိုနေလေရဲ့
"ဂျွန်"
"အဟင့်! လွမ်းနေတာ ငါလွမ်းနေခဲ့တာ မင်းကို
ငါမင်းနိုးလာဖို့ကို ဘယ်လောက်ထိစောင့်လိုက်ရတယ်ထင်လဲ
မင်းငါ့ကိုခေါ်တဲ့အသံကိုရော ကြားရဖို့ဘယ်လောက်ထိသောင့်လိုက်ရတယ်ထင်လဲ
ထားမသွားပါနဲ့
ငါ့ကိုနောက်တစ်ခါ ထားမသွားပါနဲ့တော့
ငါ့မှာ မင်းမရှိလို့မဖြစ်တော့ဘူးထင်တယ်
မဟုတ်ဘူး ထင်တာမဟုတ်ဘူး
သေကိုသေချာနေပြီ
ငါ မင်းမရှိလို့ မဖြစ်ဘူး ဟွန်းရဲ့
ငါ.ငါသေလိမ့်မယ် ဟွန်း "
"ဂျွန်..မငိုပါနဲ့ မငိုပါနဲ့တော့ကွာ
ကိုယ်မင်းဘေးမှာရှိနေပြီလေ
ဘာလို့သေကြောင်းတွေပြောနေတာလည်း
ကိုယ်လည်းဘယ်မှမသွားတော့ဘူး
မင်းဘေးမှာပဲရှိနေတော့မှာ
မင်းအနားမှာ အရင်ကထပ်ကိုပိုကပ်တွယ်နေမှာ
မင်းကိုထားသွားဖို့စိတ်ကူးဆိုတာလည်း ကိုယ့်ဆီမှာမရှိဘူးဂျွန်ရဲ့ နော်
မငိုပါနဲ့တော့ကွာ
မင်းမျက်ရည်တွေက ကိုယ့်ကိုပူလောင်စေတာမင်းသိရဲ့လား
မင်းမျက်ရည်ကျတာ ကိုယ့်ကြောင့်ဆိုတဲ့ အသိက ကိုယ်ပိုရူးနိုင်တယ်
မငိုလိုက်ပါတော့နဲ့ကွာ "
"အဟင့် လွမ်းနေခဲ့တာကို"
"အင်း ဟုတ်တယ်
ကိုယ်ရောပဲ အရမ်းလွမ်းနေရတာ ဒီကောင်လေးကို"
ဆေးရုံခန်းလေးထဲမှာတော့ ကောင်လေးတစ်ယောက်ဟာ တခြားကောင်လေးရဲ့ရင်ဘတ်လေးပေါ်သူ့ကိုယ်လုံးလေးနဲ့ဖိကာ တအီအီငိုရှာနေပေမဲ့
အဖိခံထားရတဲ့ကောင်လေးဟာလည်း အငိုမျက်လုံးအပြုံးမျက်နှာဖြင့် ထိုငိုနေသောကောင်လေးရဲ့ ခေါင်းလေးကို ဖွဖွလေးသပ်ပေးကာ ချော့နေလေရဲ့
ဘယ်သူတွေသိပါ့မလဲ.
သူလည်း ဒီကောင်လေးကို သေမတတ်လွမ်းနေခဲ့ရတာကို...
ရင်ထဲမှာလည်း တဒိတ်ဒိတ်နဲ့ ဂျွန့်ဆီပြန်လာနိုင်ခဲ့တာဟာ သူ့ကမ္ဘာကြီးကို ပြန်ရှာတွေ့သလိုပါပင်..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~♡
အားလုံးကို ချစ်ပါတယ်နော်💙🧡