𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆

By taetaehnin13

8.2K 445 43

!ကလေးတော်တော်ဆိုးတာပဲကွာ ကိုယ့်အပေါ်အရမ်းအနိုင်ယူတာပဲ.... ကလေးအနိုင်ယူချင်လည်းယူပါကလေးရယ် ကလေးမို့ ကိုယ်အလျော... More

Part-2🐰🐻
Part-3🐰🐻
Part-4🐰🐻
Part-5🐰🐻🚨
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12

Part-1🐰🐻

2.1K 59 5
By taetaehnin13

Unicode

ရင်ခုန်စွာနဲ့ စောင့်နေရတဲ့မဂ်လာဦးည ။

သတိုးသားဝတ်အစုံအဖြူရောင်လေးကိုဝတ်ကာ ကုတင် အစွန်းလေးမှာ ခြေချပြီးထိုင်နေတဲ့ ထယ်ယောင်း ။

အပြင်ကတံခါးခေါက်သံကြား၍ ထယ်ယောင်းတံခါး ထဖွင့်ပေးလိုက်သည်။

"သခင်လေး.... သခင်ကြီးကဒီနေ့ကိစ္စရှိလို့ အိမ်ပြန်မလာဖြစ်ဘူးလို့ ပြောခိုင်းလိုက်ပါတယ်။

အိမ်တော်ထိန်းရဲ့ စကားကြားတော့ ထယ်ယောင်းတစ်ယောက်အံ့သြသွားသည်။

ဒီနေ့က သူတို့ရဲ့ မဂ်လာဦးညလေ ၊ မဖြစ်သင့်ဘူးမှတ်လား။

"ဒီနေ့က ကျွန်တော်တို့ မဂ်လာဦးညလေ သူက ဘာလို့ ပြန်မလာရတာလဲ... "

"သခင်ကြီးက အလုပ်များတယ် သခင်လေးရဲ့ အခုလည်း ကုမ္ပဏီမှာအရေးကြီး ကိစ္စပေါ်လာလို့မသွားမဖြစ်လို့သွားရတာပါ....သခင်လေးကိုလည်းပြောခိုင်းလိုက်တယ် စိတ်မဆိုးပါနဲ့တဲ့ ကိစ္စတွေပြီးတာနဲ့ပြန်လာခဲ့ပါ့မယ်တဲ့..."

ထယ်ယောင်းမှာတော့ အိမ်တော်ထိန်းပြောတဲ့စကားကိုနားမဝင်တော့၊ စိတ်တိုတာပဲ သိတော့သည်။

ဟုတ်တယ်လေ မဂ်လာဦးညဘာဆိုနေမှ သူကပေါ်မလာပဲ လူကြုံနဲ့စကားပါးခိုင်းရတယ်လို့ ဖြစ်သင့်လား ၊ အမှန်ဆို ဘယ်လောက်ပဲ အလုပ်ရှိရှိ မဂ်လာဦးညမှာတော့ အခုလို မလုပ်သင့်ဘူးလေ....။

"ခင်ဗျားတို့ သခင်ကြီးကိုပြောလိုက် ပြန်လာချင်လာ မလာချင်နေလို့ ကျွန်တော်ကတော့ အိပ်ပြီ...."

ထယ်ယောင်းတစ်ယောက် အိမ်တော်ထိန်းကို ထိုသို့ပြောပြီး အခန်းတံခါးကိုစောင့်ပိတ်လိုက်သည်။

ဒေါသကြီးတဲ့ထယ်ယောင်းတစ်ယောက် သတိုးသားဝတ်စုံတွေပါချွတ်၍ လွှတ်ပြစ်ကာ အကုန်ဖွထားတော့သည်။

မနက်မိုးလင်းတော့ ထယ်ယောင်းတော်တော်နဲ့ မထသေး ....။

ဂျောင်ဂုတစ်ယောက် အခန်းတံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ပွနေတဲ့ အဝတ်အစားတွေကိုတစ်ခုချင်းစီကောက်သိမ်းကာ ထယ်ယောင်းအိပ်နေတဲ့နား သွား၍ ထယ်ယောင်းရဲ့ ဆံပင်တွေကိုလက်နဲ့သပ်၍ နိုးလိုက်သည်။

"ကလေး.... အိပ်နေတုန်းလား ထတော့လေ ကလေးရဲ့ ဘယ်အချိန်ရှိနေပြီလဲ..."

ထယ်ယောင်း သူ့ဆံပင်တွေကိုသပ်ပေးနေတဲ့ ဂျောင်ဂုရဲ့ လက်တွေကို ပုတ်ချလိုက်သည်။

"ဖယ်စမ်း ခင်ဗျားလက်..."

"ဘာလို့လဲ ကလေးရဲ့ ကိုယ့်ကိုစိတ်ဆိုးနေတာလား..."

ထယ်ယောင်း ဂျောင်ဂု ကိုမျက်စောင်းလှမ်းထိုးသည်။

"ခင်ဗျားကို စိတ်မဆိုးပဲနေမလား ခင်ဗျားလုပ်ပုံကိုကြည့်လေ ကျွန်တော် စိတ်မဆိုးသင့်ဘူးလား..."

"အော်... ကလေးရယ် ကိုယ်လည်း ဘယ်သွားချင်ပါ့မလည်း ကိုယ်တို့ရဲ့ မဂ်လာဦးညကို၊ ဒါပင်မဲ့ ကိုယ်မသွားမဖြစ်လို့ပါ.... ကိုယ်တာဝန်ယူထားတဲ့ ဆိုဒ်မှာ မနေ့ ညက အလုပ်သမားနှစ်ယောက် ထိခိုက်မှုဖြစ်လို့ အဲ့ဒါကိုယ်သွားရှင်းပေးနေရလို့ပါ.....စိတ်မဆိုးပါနဲ့ကလေးရယ်..."

"တော်ပါ....အဲ့လောက်ကိစ္စလေးကို ခင်ဗျားအတွင်းရေးမှူးသွားခိုင်းလည်းရတဲ့ဟာပဲ... "

"အတွင်းရေးမှူးနဲ့မဖြစ်တဲ့ ကိစ္စမို့ပါ ကလေးရယ်..."

ထယ်ယောင်းမှာ ဂျောင်ဂုကို ကျောခိုင်းကာ တစ်ဖက်လှည့်ထိုင်ပြီး နှုတ်ခမ်းကလည်း စူထားသေးသည်။

ဂျောင်ဂုမှာတော့ ထယ်ယောင်းပုံစံကိုကြည့်ကာ
အသဲယားနေတော့သည်။ သူ့ကလေးက ဒေါသကလည်းကြီး စိတ်ကလည်း အင်မတန် ကောက်တက်တဲ့ လူမျိုးမို့ သူ့မှာမနည်းချော့ရဦးမည်။

ထယ်ယောင်းကိုယ်လေးကိုဆွဲလှည့်ကာ သူ့ရင်ခွင်ထဲသွင်းလိုက်သည်။

"ကလေးကလည်းကွာ ကိုယ်တကယ်တောင်းပန်ပါတယ် ကိုယ့်ကိုစိတ်မဆိုးပါနဲ့တော့...ကလေးဘာဖြစ်ချင်လဲပြော ကိုယ်အားလုံးလုပ်ပေးမယ်..."

"ဘာမှမဖြစ်ချင်ဘူး ခင်ဗျားကို စိတ်ကုန်တယ်သိလား မဂ်လာဦးညမှာတောင် ပြန်မလာတဲ့ခင်ဗျားနဲ့ ရှေ့လျှောက်ဘယ်လို စခန်းသွားရမှာလဲ... "

"ကလေးရယ် ညကမဂ်လာမဦးရပင်မဲ့ အခုဦးလို့ရသေးတယ်လေ... မဟုတ်ဘူးလား ...အခုချိန်ဆိုနောက်မကြသေးပါဘူး ကိုယ်တို့မဂ်လာဦးကြမယ်..."

ပြောပြောဆိုဆိုနဲ့ ထယ်ယောင်းကို ကုတင်ပေါ်ဆွဲလှဲလိုက်သည်။ ပြီးနောက် ထယ်ယောင်းနှုတ်ခမ်းသားလေးကိုစုပ်ယူငုံထွေးလိုက်သည်။

"ပြွတ်....ပြွတ်....."

နှုတ်ခမ်းသားလေးတွေကိုငုံထွေးပြီး ရင်ဘက်လေးတွေကိုပါ အမှတ်အသားပေးလိုက်သည်။
ပြီးနောက် စူထွက်နေတဲ့ ချယ်ရီသီးလေးကို လျှာလေးနဲ့ယက်လိုက်စုပ်လိုက် လုပ်ပေးလိုက်သည်။

ထယ်ယောင်းတစ်ယောက် သူ့ကိုကလိနေတဲ့ ဂျောင်ဂုကို စိတ်တိုတိုနဲ့ တွန်းထုတ်လိုက်သည်။

ထယ်ယောင်းရဲ့ တွန်းထုတ်မှုကြောင့် ဂျောင်ဂုတစ်ယောက် ကုတင်ပေါ်ကနေ အောက်ကို ပြုတ်ကြသွားသည်။

"မှတ်ပြီလား ၊ ခင်ဗျား စိတ်ကြိုက်လုပ်ခြင်တိုင်းလုပ်ရအောင် ကျွန်တော်က ခင်ဗျားရဲ့ အရုပ်မဟုတ်ဘူး သွားချင်တဲ့အချိန်သွား ပြန်လာချင်တဲ့အချိန်မှပြန်လာပြီး ဒါမျိုးလာမလုပ်နဲ့ ကျွန်တော်လည်း အသွေးနဲ့အသားနဲ့တည်ဆောက်ထားတာ စိတ်ခံစားမှုရှိတယ် ..."

ထယ်ယောင်းသူပြောချင်တာတွေပြောကာ ကုတင်ပေါ်မှ ထ သွားတော့သည်။

အောက်မှာ ပုံရပ်သားလဲကြနေတဲ့ဂျောင်ဂုမှာတော့ ထယ်ယောင်းထွက်သွားတာကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေမိသည်။

!ကလေးတော်တော်ဆိုးတာပဲကွာ ကိုယ့်အပေါ်အရမ်းအနိုင်ယူတာပဲ.... ကလေးအနိုင်ယူချင်လည်းယူပါကလေးရယ် ကလေးမို့ ကိုယ်အလျော့ပေးပါ့မယ်....!

ထယ်ယောင်း ဂျောင်ဂုကို စိတ်တိုတိုနဲ့အောက်ထပ်ကိုဆင်းလာလိုက်သည်။

သူ့အကျီ် ကြယ်သီး တွေပြုတ်နေတာလည်းသတိမထားမိ။

ထယ်ယောင်းဆင်းလာတော့ အိမ်အကူကောင်မလေးတွေကထယ်ယောင်းကိုကြည့်ကာ တီးတိုးပြောပြီးရယ်နေကြသည်။

ထယ်ယောင်းမှာ အိမ်အကူကောင်မလေးတွေရယ်နေမှ သတိထားမိသွားသည်။ အောက်ကိုပြန်ငုံ့ကြည့်မိတော့ အကျီ်ကြယ်သီးတွေကပြုတ်နေပြီးဂျောင်ဂုပေးတဲ့အမှတ်အသားတွေက အထင်းသားပေါ်လို့နေသည်။

"ဟင်....အား...ရှက်လိုက်တာ..."

ထယ်ယောင်း ရှက်ရှက်နဲ့အိမ်ပေါ်ပြန်ပြေးတက်သွားသည်။

အိမ်တော်ထိန်းလည်း ထယ်ယောင်းအိမ်ပေါ်ပြေးတက်သွားတာမြင်တော့ ကောင်မလေးတွေကိုစူတော့သည်။

"ဟဲ့ ကောင်မလေးတွေ နင်တို့ ဘာကိစ္စ သခင်လေးကို ရယ်နေကြတာလဲ.....မိန်းကလေးတွေဖြစ်ပြီး တဟီဟိီ တဟာဟာနဲ့...သခင်ကြီးသိရင် နင်တို့အလုပ်ပြုတ်လိမ့်မယ်နော်.... "

"အိမ်တော်ထိန်းကလည်း သမီးတို့ရယ်တာက သခင်လေး ရင်ဘက်မှာ အနီကွက်တွေတွေ့လို့ပါ....အဟိ..."

"နင်တို့ တော်တော်ယွတယ် အနီကွက်ပဲတွေ့တွေ့ ဘာပဲတွေ့တွေ့ပေါ့ ရယ်စရာလား သခင်လေးက မကျေနပ်လို့ သခင်ကြီးကိုသွားတိုင်ရင် နင်တို့ အလုပ်ပြုတ်မှာနော် အဲ့ကြမှ ငါလည်းမကယ်နိုင်ဘူး..."

အိမ်တော်ထိန်းပြောမှ ကောင်မလေးတွေအထိတ်ထိတ်အပြာပြာဖြစ်သွားသည်။

"အိမ်တော်ထိန်း သခင်လေးက သခင်ကြီးကိုပြန်တော့မပြောလောက်ပါဘူးနော်..."

"ငါဘယ်သိမလည်း ....ပြောခဲ့တယ်ဆိုရင်တော့ ကိုယ့်ပြသနာ ကိုယ်ရှင်းကြ...သခင်ကြီးက သခင်လေးနဲ့ပတ်သက်လာရင် ရတာမဟုတ်ဘူး..."

အိမ်တော်ထိန်းလည်းကောင်မလေးတွေကိုပြောဆိုပြီးထွက်သွားသည်။

ထယ်ယောင်းမှာရှက်ရှက်နဲ့ပြေးတက်လာပြီး အခန်းတံခါးဖွင့်ကာ ဝင်လိုက်သည်။ အခန်းထဲရောက်မှ သူ့မှာ အမောဖြေကာ ဂျောင်ဂုကို ကြည့်မိသည်။

ဂျောင်ဂုမှာ ညက တစ်ညလုံးတရေးမှမအိပ်ရ
သေးတာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီးတခူးခူး တခေါခေါ ဟောက်နေသေးသည်။

ထယ်ယောင်း ဂျောင်ဂုအိပ်နေတာကို ကြည့်ပြီး ဒေါသထွက်လာသည်။

!အိပ်နေလိုက်တာများ တခူးခူး တခေါခါနဲ့ ငါ့ကို ကျေနပ်အောင်ချော့မယ်တော့မရှိဘူး ဒီလူကြီးငါ့ကို တကယ်ချစ်တာရောဟုတ်ရဲ့လားမသိဘူး....!

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဂျောင်ဂု သူ့သူငယ်ချင်းနဲ့ ကုန်တိုက်တစ်ခုမှာချိန်းထား၍ ရောက်လာခြင်းဖြစ်သည်။

သူ့သူငယ်ချင်း မလာသေး၍ ကုန်တိုက်ထဲ ဟိုပတ်ကြည့်ဒီပတ်ကြည့် နဲ့ကြည့်နေရင်းဆိုင်တစ်ဆိုင်ရှေ့အရောက် ဆိုင်ဝန်ထမ်းကောင်မလေးနဲ့ စျေးဝယ်သူ ကောင်လေးတို့ စကားအခြေအတင်များနေတာကိုမြင်၍ စိတ်ဝင်စားပြီးရပ်ကြည့်နေသည်။ စိတ်ဝင်စားသည့်အကြောင်းအရင်းက တစ်ခြားမဟုတ် ခါးထောက်ကာ ဆိုင်ဝန်ထမ်းကောင်မလေးကို နှုတ်ခမ်းတထှော်ထှော်နှင့်ရန်ပြန်တွေ့နေသည့်ကောင်လေးကြောင့်ဖြစ်သည်။

"အမလေး မဝယ်နိုင်ရင်လည်း မဝယ်နိုင်ဘူးပေါ့ အခုဟာက ဟိုပစ္စည်းကိုင်ကြည့်ဒီပစ္စည်းကိုင်ကြည့်နဲ့ ငါတို့ကို နင်က သက်သက်အလုပ်ပေးနေတာ..."

"ဒီမှာ ငါက နင့်ကို မဝယ်ဘူး ပြောနေလို့လား ငါအကြိုက်မတွေ့သေးလို့မဝယ်သေးတာလေ ငါအကြိုက်တွေ့ရင်ဝယ်မှာပေါ့ ..."

"နင့်အကြိုက်က ဘယ်တော့တွေ့မှာလည်း တစ်ဆိုင်လုံးလည်းကုန်တော့မယ်.... ဒါမျိုးတွေရိုးနေပြီနော် ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ လုပ်ပြီး လစ်ရင် ခိုးမလို့မှတ်လား..."

ထယ်ယောင်းမှာ ဆိုင်ဝန်ထမ်းကောင်မလေး စကားကြားတော့ ဒေါသထွက်၍ မျက်နှာတွေပါနီရဲလာတော့သည်။ သူ့ကို အလစ်သုတ်သမားပုံစံပြောနေတဲ့ ဆိုင်ဝန်ထမ်းကောင်မလေးကို ထယ်ယောင်း ဆွဲပါ ထိုးပြစ်ချင်လာသည်။
ထိုးလိုက်ပြန်ရင်လည်း ယောကျာ်းလေးနဲ့မိန်းကလေးမို့ သူ့အလွန်ဖြစ်မှာဆိုး၍ စိတ်ကိုထိန်းချုပ်လိုက်သည်။

"နင် ဘာစကားပြောတာလည်း ငါသူများပစ္စည်းကိုစိတ်နဲ့တောင်မပြစ်မှားဖူးဘူး နင့်စိတ်နဲ့ လာမနှိုင်းနဲ့ အရောင်းဝန်ထမ်းလုပ်နေပြီး ကိုယ့်ဆိုင်လာတဲ့ စျေးဝယ်သူကို အခုလိုပဲ ဆက်ဆံတာလား....နင်တို့ဆိုင်ရှင်က ဒီလိုပဲ သင်ထားလား စျေးဝယ်သူတွေကို အခုလိုဆက်ဆံဖို့.."

ဂျောင်ဂု ထယ်ယောင်းပြောတဲ့စကားကို သဘောကြ၍ ပြုံးမိသွားသည်။ မိန်းကလေးတစ်ယောက်နဲ့ ဖက်ပြီးရန်ဖြစ်နေတဲ့ပုံစံက သူများအမြင်မှာမတင့်တယ်ပင်မဲ့ ဂျောင်ဂုစိတ်ထဲမှာတော့ ထိုစွာတေးလန်ကောင်လေးကိုသဘောကျနေမိသည်။

"ဆိုင်ရှင်ဘယ်လိုပဲသင်သင် နင်နဲ့မဆိုင်ဘူး ငါတို့ဆိုင်ရှင် ကောင်းကောင်းဆက်ဆံခိုင်းတဲ့အထဲ နင်တို့လို လူမျိုးတွေမပါဘူး သိလား မဝယ်ဘဲနဲ့ဟိုဟာကိုင်ကြည့် ဒီဟာကိုင်ကြည့်နဲ့ လိုက်လုပ်၊ ပြီးရင်ဝယ်တာလည်းမဟုတ်ပဲ ပြန်ထွက်သွားပြီးလူ လစ်ရင် အလစ်ပါသုတ်သွားချင်တဲ့ဟာမျိုးတွေကိုကောင်းကောင်းမဆက်ဆံနိုင်ဘူး..."

ထယ်ယောင်း မှာ ဆိုင်ဝန်ထမ်းကောင်မလေးကို ပေါက်ကွဲလာ၍ တစ်ခုခုလုပ်ဖို့ လက်ကိုရွယ်လိုက်ချိန် လူတစ်ယောက်ရောက်လာပြီး သူ့ကိုဆွဲလိုက်သည်။ ပြီးနောက်......

"ဟေ့..ကလေးမ မင်းစကားပြောတာရိုင်းလှချည်လား ကိုယ့်ဆိုင်လာတဲ့ စျေးဝယ်သူကို ဒီလိုပဲ ဆက်ဆံရလား..."

"ရှင်ကရော ဘာမို့လို့ လာပြောနေတာလည်း ကိုယ်နဲ့မဆိုင်ရင် အသာနေ ဒီလိုလူမျိုးတွေက အခုလိုပြောမှ တန်ရာကြတာ..."

ကောင်မလေးစကားကြားတော့ထယ်ယောင်းလုံးဝသီးမခံနိုင်တော့တာကြောင့် ကောင်မလေး ကို ပါးရိုက်ဖို့ရွယ်လိုက်သည်။ ဘေးက လူကလည်း ထယ်ယောင်းလက်ကို အတင်းဆွဲကာ မလုပ်ဖို့ ခေါင်းခါပြသည်။ ထိုလူပုံစံက မင်းမလုပ်နဲ့ ငါပြောမယ်ဆိုတဲ့ ပုံစံမျိုး။

"ဒီမှာ ကလေးမ ကိုယ့်ဆိုင်မှာ ဝယ်ဝယ် မဝယ်ဝယ် မင်းအခုလို ဆက်ဆံစရာအကြောင်းမရှိဘူးလေ မင်းပြောတာတွေငါအကုန်ကြား တယ်နော် ငါမင်းတို့ စကားစများထဲက ရပ်ကြည့်နေတာ... "

"ရှင်ရပ်ကြည့်နေတော့ရော ကျွန်မက ဘာလုပ်ရမှာလဲ..... "

ဂျောင်ဂု သူ့ကို ကပ်ကပ်လန်အောင်ရန်ပြန်တွေ့နေတဲ့ ရိုင်းစိုင်းတဲ့ အရောင်းဝန်ထမ်းကောင်မလေးကို တော်တော်လေးစိတ်အချဥ်ပေါက်လာသည်။

"ဘာလုပ်ရမှာလည်း ဟုတ်လား....ငါဘယ်သူလည်းဆိုတာရော မင်းသိလား..."

"ရှင်ဘယ်သူလည်း ကျွန်မသိစရာ
အကြောင်းမရှိသလို စိတ်လည်းမဝင်စားဘူး မဝယ်နိုင်ရင် မြန်မြန်လေးဆိုင်ရှေ့က ဖယ် တစ်ခြားစျေးဝယ်သူတွေအနှောက်အယှက်ဖြစ်တယ်..."

ဂျောင်ဂုတစ်ယောက် သူ့ကိုပါ စော်ကားလာ၍ အရောင်းဝန်ထမ်းကောင်မလေးကို ပို၍ တင်းလာတော့သည်။

"ငါမဝယ်နိုင်ဘူး ဟုတ်လား ဒီလိုဆိုင်သေးသေးလေး မပြောနဲ့ အခုလို ကုန်တိုက်ကြီး တွေတောင် 10ခုလောက်ဝယ်နိုင်တယ်ရှင်းလား..."

ကောင်မလေး မှာ ဂျောင်ဂုစကားကြားတော့ ဂျောင်ဂုကိုခေါင်းအစ ခြေအစုံး ကြည့်ကာ ထရယ်တော့သည်။

ဂျောင်ဂုက ဒီနေ့ ရုံးပိတ်ရက်လည်း ဖြစ် သူ့သူငယ်ချင်းနဲ့ တွေ့ယုံပဲမို့ အိမ်နေရင်းအဝတ်အစားနဲ့ ပေါ့ပေါ့ပါးပါးလာခဲ့ခြင်းဖြစ်သည်။

"ဟား....ဟား...ဟား.....ရှင်တို့ ရယ်စရာတော်တော်ပြောတာပဲနော် ပုံစံကြည့်တော့ သူခိုးလိုလိုဘာလိုလို နဲ့ လေလာကျယ်နေတယ်...ဝယ်နိုင်တယ်ဆိုရင်ဝယ်လေ မဝယ်နိုင်ပဲ အာလာမချောင်နဲ့..."

ဂျောင်ဂုပုံစံက သာမာန်ပုံစံမျိုးဖြစ်နေတာကြောင့် အရောင်းဝန်ထမ်းကောင်မလေးမှာ အထင်သေးပြီးပြောနေခြင်း ဖြစ်သည်။

ဂျောင်ဂုလုံးဝသီးမခံနိုင်တော့ပါ....။

"မင်းဆိုင်ရှင်ကို ခေါ်လိုက် သူနဲ့စကားပြောမယ်.."

"ကျွန်မတို့ဆိုင်ရှင်က ရှင်တို့တွေ့ချင်တိုင်းတွေ့လို့ရမဲ့လူမျိုး လို့ထင်နေလား....မဝယ်နိုင်ပဲအာလာချောင်ပြီး.. ဆိုင်ရှင်နဲ့တွေ့မယ်လေးဘာလေးနဲ့လာလုပ်နေတယ်.."

ကောင်မလေးစကားကြားတော့ ဂျောင်ဂု ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။

"ခေါ်လိုက်စမ်းပါ မင်းဆိုင်ရှင်ကို..."

ထယ်ယောင်းမှာ ဂျောင်ဂုနဲ့ထိုကောင်မလေး စကားများနေတာကြည့်ပြီး မနေနိုင်တော့ ဆိုင်ရှင်ပါခေါ်ခိုင်းတဲ့အဆင့်ရောက်နေပြီဖြစ်၍ ဂျောင်ဂုကို ဝင်တားသည်။

"ဒီကအကို တော်ပါတော့နော် ကျွန်တော်တို့သွားရအောင် ဆိုင်ရှင်လည်းခေါ်မနေပါနဲ့ ထားလိုက်ပါတော့ ဇယားတွေရှုပ်နေမယ်..."

"အသာနေစမ်း ကလေး ဒီကိစ္စငါရှင်းမယ် ဒီမိန်းကလေးအရမ်းရိုင်းတယ် ဒီအတိုင်းတော့ကျော်မသွားနိုင်ဘူး..."

ထယ်ယောင်းသူ့ကို ကလေးခေါ်၍ ဂျောင်ဂုကိုမျက်လ​ုံးအဝိုင်းနဲ့ မော့ကြည့်လိုက်သည်။

"ဟေ့... မင်းဆိုင်ရှင်ကို ခေါ်မှာလား မခေါ်ဘူးလား ငါကိုယ်တိုင် မင်းဆိုင်ရှင်ကိုခေါ်လိုက်ရင် မင်းမလွယ်ဘူးနော်..."

"ခေါ်လိုက်လေ.... ကျွန်မဆိုင်ရှင်ဖုန်းနံပါတ်သိရင်..."

ဒီဆိုင်ဟာ ဂျောင်ဂု တပည့်တစ်ယောက် ဖွင့်ထားတဲ့ဆိုင်မှန်းဂျောင်ဂုသိသည်။

ထို့ကြောင့် စိတ်တိုတိုနဲ့ သူ့အိတ်ကပ်ထဲက ဖုန်းကို ထုတ်ပြီးဆက်လိုက်သည်။

10မိနစ်လောက်ကြာတော့ ပြာပြာသလဲနှင့်
ဝူဘင်း တစ်ယောက်ရောက်လာသည်။

ဝူဘင်းကိုမြင်တော့ အရောင်းဝန်ထမ်းကောင်မလေးမှာ မျက်စိမျက်နှာပျက်သွားသည်။

"သူဌေးဂျွန် ကိစ္စရှိလို့လားဗျ..."

ဂျောင်ဂု ကောင်မလေးကိုကြည့်ကာ ပြောလိုက်သည်။

"ငါဘယ်သူလည်းဆိုတာ မင်းဝန်ထမ်းကို သိအောင်ပြောလိုက်စမ်း..."

ဝူဘင်းမှာ ဝန်ထမ်းကောင်မလေးကိုကြည့်ကာ။

"နင် သူဌေးဂျွန်နဲ့ ဘာပြသနာဖြစ်ထားတာလဲ သူဌေးဂျွန် စိတ်တိုအောင် ဘာလုပ်လိုက်တာလည်း ဟမ်...အဲ့ဒါဘယ်သူလို့ နင်ထင်လို့လည်း ဒါ ငါတို့နိုင်ငံရဲ့ Top-10စာရင်းဝင် သူဌေးကြီး ဂျွန်ဂျောင်ဂုပဲ...."

ဝူဘင် ပြောလိုက်တော့ ဝန်ထမ်းကောင်းမလေးတင်မက ထယ်ယောင်းပါမျက်လုံးပြူးသွားသည်။ သတင်း တွေ ထဲမှာပါနေတဲ့ ဂျွန်ဂျောင်ဂုပုံစံက လူကြီးလူကောင်းပုံစံနှင့် အခုသူတို့ရှေ့ရောက်နေတဲ့ ဂျွန်ဂျောင်ဂုက မတူ ကွဲပြားနေသည်။

ကောင်မလေးမှာ သူဌေးကြီးဂျွန်ဂျောင်ဂုဆို၍ ချက်ချင်းတောင်းပန်တော့သည်။

"ဟင်...ဟို... ဟို...ကျွန်မမသိလို့ပါရှင်....ကျွန်မကိုခွင့်လွှတ်ပါ.....ကျွန်မသူဌေးဂျွန်ကိုတောင်းပန်ပါတယ်...."

"ငါက မင်းတောင်းပန်တိုင်း ကျေအေးပေးမယ်ထင်နေလား...sorryပဲ....ဝူဘင်း သူ့ကို အလုပ်ထုတ်လိုက်ပြီးရင် blacklistထဲပါထည့်လိုက်..."

ကောင်မလေးမှာ သူ့ကို blacklistထဲထည့်မယ်ပြော၍ ဂျောင်ဂုကိုငိုယိုပြီးတောင်းပန်တော့သည်။

"သူဌေးဂျွန်ရယ် ကျွန်မကိုblacklistထဲတော့မထည့်ပါနဲ့ ကျွန်မတောင်းပန်ပါတယ်....ကျွန်မမှာ အမေအိုကြီးကိုလုပ်ကျွေးနေရတာပါ..."

ထယ်ယောင်းမှာဂျောင်ဂုကိုငိုယိုပြီးတောင်းပန်နေတဲ့ ထိုကောင်မလေးကိုကြည့်ကာ သနားသွားပြန်သည်။

ထို့ကြောင့်ဂျောင်ဂုကို တိုးတိုးလေးကပ်ကာပြောလိုက်သည်။

"သူဌေးဂျွန် ဟိုလေ သူတောင်းပန်နေပြီပဲ ကျေးအေးပေးလိုက်ပါနော် သူ့မှာ အမေအိုကြီးကိုလုပ်ကျွေးနေရတာတဲ့ သနားပါတယ်.... ကျွန်တော်လည်း ကျွန်တော့်အဘွားကိုလုပ်ကျွေးနေတဲ့သူမို့ အဲ့တစ်ယောက်ရဲ့ခံစားချက်ကို နားလည်တယ်..... သူblacklistထဲထည့်ခံရရင်တစ်ခြားအလုပ်ရှာလည်းသူ့ကိုခန့်မှာမဟုတ်တော့ဘူး အဲ့ဒါဆို သူ့အမေက ဘယ်လိုလုပ်မလည်း... သနားပါတယ် သူဌေးဂျွန်ရယ် သူ့ကို တစ်ခါလောက်ခွင့်လွှတ်ပေးလိုက်ပါ...."

ထယ်ယောင်းစကားကြားတော့ ဂျောင်ဂုထယ်ယောင်းကိုပြန်ကြည့် သည်။ ဒီလောက်တောင် သူတို့ကို ပြောဆိုထားတာကို စိတ်မဆိုးတော့တဲ့အပြင် သနားတယ်ဆို၍ ဂျောင်ဂုတစ်ယောက် ထယ်ယောင်းကိုလေးစားသွား သည်။ စိတ်ထဲကလည်း။

!ဒီကောင်လေးက စိတ်ထားတော့ကောင်း သားပဲ... သူ့ကိုဒီလောက်ပြောဆိုထားတာတောင် ခွင့်လွှတ်ပေးရှာတယ်..... !

"ဒါဆို.... မင်း ဒီကောင်လေးကို တောင်းပန်ရမယ် သူ့ကိုတောင်းပန်ရင် ငါကျေအေးပေးမယ်... "

ကောင်မလေးမှာ ထယ်ယောင်းကိုတောင်းပန်ရမယ်ဆို၍ သိပ်တော့ မကျေနပ်ချင် သို့ပင်မဲ့ မတောင်းပန်ရင်လည်းblacklist ထည့်ခံရမှာဆိုး၍ အောင့်သက်သက်နဲ့တောင်းပန်ရတော့သည်။

"ဟို....ငါ...ငါ တောင်းပန်တယ်...."

ဂျောင်ဂု ထိုကောင်မလေးတောင်းပန်သည့်ပုံစံကိုမကြိုက်။

"မင်းတောင်းပန်တာ စိတ်ထဲက မပါဘူး တကယ့်စိတ်ရင်းနဲ့သေချာ တောင်းပန်...အဲ့ဒါမှ ငါကျေအေးပေးနိုင်မယ်..."

ကောင်မလေးလည်းစိတ်ကိုအတက်နိုင်ဆုံးလျော့၍ ထယ်ယောင်းကိုတောင်းပန်လိုက်သည်။

"ငါ စိတ်ရင်းနဲ့ တောင်းပန်ပါတယ် ငါ စကားအပြောအဆိုမတက်တာတွေအတွက်ရော အထင်အမြင်သေးပြီးပြောဆိုခဲ့မိတာတွေအတွက်ရော အားလုံးကို တောင်းပန်ပါတယ်..."

ထယ်ယောင်းမှာ ကောင်မလေးတောင်းပန်တော့ မနေတက်။

"ရတယ်...ရတယ်....မတောင်းပန်ပါနဲ့ နင့်အမှား နင်သိရင် ပြီးပြီ ငါ့ကိုတောင်းပန်စရာမလိုဘူး..."

"ဒီမှာ ကလေးမ နောက်ကို ဘယ်စျေးဝယ်သူလာလာ ဝယ်နိုင်သည်ဖြစ်စေ မဝယ်နိုင်သည် ဖြစ်စေ မင်းအခုလို မဆက်ဆံပါနဲ့ ဒါသင်ခန်းစာလို့မှတ်ပါ....."

"ဟုတ်ကဲ့ ကျွန်မ မှတ်ထားပါ့မယ် သူဌေးဂျွန်..."

"ကယ်... ဝူဘင်း ကျန်တာကတော့ မင်းအပိုင်းပဲ သူ့ကိုအလုပ် ထုတ်ချင်ထုတ် မထုတ်ချင်နေ ငါနဲ့မဆိုင်တော့ဘူး .....လာ သွားမယ် ကလေး..."

ဘာမပြောညာမပြောနဲ့ ထယ်ယောင်းလက်ကိုဆွဲကာ ထယ်ယောင်းကိုပါ ဆိုင်ရှေ့ကခေါ်ထုတ်သွားသည်။

ထယ်ယောင်းမှာ ကြောင်တောင်တောင်နဲ့ ဂျောင်ဂုခေါ်ရာနောက်ပါသွားသည်။

"ဟို...ဟို...သူဌေးဂျွန် ကျွန်တော့်ကိုဘယ်ခေါ်သွားမလို့လဲ...ကျွန်တော့် လက်ကိုလွှတ်ပါဦး..."

ဂျောင်ဂုတစ်ယောက် ထယ်ယောင်းပြောမှ ထယ်ယောင်းရဲ့လက်ကိုဆွဲလာတာ သတိရသွားသည်။

"အား....ဟုတ်သားပဲ...sorryနော် ကလေး..."

"ဟုတ် ရပါတယ်....သူဌေးဂျွန်ကို ကျွန်တော် ကျေးဇူးတင်ပါတယ်နော် ကျွန်တော့်ကိုအခုလိုကူညီတဲ့အတွက်...."

"ကိုယ့်ကို တကယ်ကျေးဇူးတင်တာလား..."

"ဟုတ်ကဲ့...တကယ်ကျေးဇူးတင်တာပါ..."

"အဲ့ဒါဆို ကိုယ့်ကို တစ်ခုခုလိုက်ကျွေးပါလား ကျေးဇူးတင်တဲ့အနေနဲ့ပေါ့..."

ထယ်ယောင်းမှာ ဂျောင်ဂုလို Top10စာရင်းဝင်သူဌေးကြီး တစ်ယောက်ကို တစ်ခုခုလိုက်ကျွေးရမယ်ဆို၍ ရင်တုံနေမိသည်။

!ဟိုက်....အဲ့ဒါမှ ဒုက္ခ သူ့လို သူဌေးကို တစ်ခုခုလိုက်ကျွေးရမယ်တဲ့ ငါ့မှာပါတာမှ W5သောင်းတောင်မပြည့်ဘူး သူတို့ကလမ်းဘေးဆိုင်ဆိုလည်းစားမှာမဟုတ်ဘူး ၊ နာမည်ကြီးဆိုင်တွေ
မှာမှစားမှာငါပါတဲ့ပိုက်ဆံနဲ့ဘယ်လိုလုပ်လောက်မှာလဲ.... ထယ်ယောင်း မင်းတစ်ခုခုကြံစမ်း.... ကြံစမ်း....ဟာ သိပြီ...!

"အား....ဗိုက်...ဗိုက်နာလိုက်တာ....မရတော့ဘူး.... အား...သူဌေးဂျွန် နောက်ကြုံမှ ဝယ်ကျွေးမယ်နော် ကျွန်တော်အခု ဗိုက်အရမ်းနာနေလို့ အိမ်သာပြေးမှဖြစ်တော့မယ်....."

ထယ်ယောင်းမှာ ဂျောင်ဂုကိုထိုသို့ပြောပြီး သုတ်ခြေတင်ပြေးတော့သည်။ နောက်ကိုလည်းလှည့်မကြည့်တော့။

ဂျောင်ဂုမှာ သူ့ကို ပြောပြီးပြေးထွက်သွားတဲ့ ထယ်ယောင်းပုံကိုကြည့်ကာ ရယ်တော့သည်။

!တကယ့်အလည်လေးပဲ ငါတစ်ခုခုလိုက်ကျွေးခိုင်းလို့ငါ့ကို အကြောင်းပြသွားတာ ပြေးထွက်သွားတာများ လျှင်ချက် တကယ့်မှ ချစ်စရာလေးပါကွာ...!

ေဂျာင်ဂုမှာ ထယ်ယောင်းလူလည်လုပ်သွားတဲ့ပုံစံကိုသဘောတွေကြနေတော့သည်။

"ဟာကွာ....နာမည်လေးတောင် မမေးလိုက်ရဘူး... "

ဂျောင်ဂုမှာ ထယ်ယောင်းနာမည်မမေးလိုက်ရ၍ သူ့ကိုသူအပြစ်တင်နေမိသည်။

"ဟေ့ဟျောင်....ဘယ်တွေလျှောက်သွားနေတာလည်း ငါစောင့်ခိုင်းတဲ့ဆိုင်မှာမစောင့်ပဲ မင်းကဒီမှာဘာလုပ်နေတာလည်း..:"

ဂျောင်ဂုမှာ ယွန်းဂီအသံကြားမှ ယွန်းဂီနဲ့ချိန်းထားတာသတိရတော့သည်။

"အား...အေး ငါမေ့သွားလို့ သူငယ်ချင်းရယ်... "

"မင်းကတော့ အမေ့ကောင်းပဲ ....ဒီမှာဘာလုပ်နေတာလည်း..."

ဂျောင်ဂုလည်း ထယ်ယောင်းနဲ့သူနဲ့တွေ့ဆုံမှုကိုယွန်းဂီကို အစအဆုံးပြောပြလိုက်ပြီး ထယ်ယောင်းကိုစိတ်ဝင်စားနေမိတဲ့အကြောင်းပါ ပြောလိုက်သည်။

***************************************

16/12/2023

ဒီ fic လေး တင်ကြည့်မယ်၊ ဖတ်မဲ့သူမရှိရင်တော့ပြန်ပြီးunမှာပါ ဖတ်မဲ့သူရှိရင်တော့ အစအဆုံး တင်ပေးပါ့မယ်......#

Continue Reading

You'll Also Like

9.8K 409 18
Thể loại: Trọng sinh, hiện đại phúc hắc bá đạo ôn nhu niên hạ công - ôn nhuận thụ Editor: KAORI0KAWA Beta: MAI_KARI Độ dài: 16 chương (Chính văn) + 1...
320K 7K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
64.7K 775 14
One-shots of you in the Splatoon world! I've begun rewriting a lot of them (which will be marked with an old or new label). Read with caution because...
689K 33.9K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...