You're My Beloved ( COMPLETE )

By Tulip_K

693K 30.1K 3.7K

Myanmar × BL Uni/Zaw [ 3 ] Warning..... My Best Friend Becomes My Husband Season 2 Start Date: 20.11.2023 End... More

Intro U / Z
( 1 ) U / Z
( 2 ) U / Z
( 3 ) U / Z
( 4 ) U / Z
( 6 ) U / Z
( 7 ) U / Z
( 8 ) U / Z
( 9 ) U / Z
( 10 ) U / Z
Name Changing ☘️
( 11 ) U / Z
( 12 ) U / Z
( 13 ) U / Z
( 14 ) U / Z
( 15 ) U / Z
( 16 ) U / Z
( 17 ) U / Z
( 18 ) U / Z
( 19 ) U / Z
( 20 ) U / Z
( 21 ) U / Z
( 22 ) U / Z
( 23 ) U / Z
( 24 ) U / Z
( 25 ) U / Z
( 26 ) U / Z
( 27 ) U / Z
( 28 ) Final U / Z
To Readers U / Z
Extra ( 1 ) U / Z
Extra ( 2 ) U / Z
Extra ( 3 ) U / Z
Special Extra U / Z
Extra ( 4 ) U / Z
Extra ( 5 ) U / Z
Extra ( 6 ) U / Z
Extra ( 7 ) End U / Z

( 5 ) U / Z

16.6K 850 56
By Tulip_K

U~

'လွမ်း' အိပ်ယာနိုးလာတော့ 'မြူငယ်'က သူ့ရင်ဘတ်ပေါ်တွင်ခေါင်းတင်အိပ်နေကာ သူကတော့ပက်လက်လှန်အနေအထားနှင့်ဖြစ်သည်။
လက်တစ်ဖက်က 'မြူငယ်'၏ ခါးကိုဖက်ထားကာနောက်တစ်ဖက်ကို အပေါ်မြောက်ကြည့်လိုက်တော့ ပက်တီးဖြူဖြူတို့က နေရာယူနေသည်။
ညကသူအိပ်ပျော်သွားသည့် အချိန်တွင် 'မြူငယ်' ဆေးထည့်ပေးထားတာဖြစ်မည်။

ညကသူ့စိတ်တွေအမှန်တစ်ကယ်ကို လွတ်ထွက်သွားတာဖြစ်သည်။ 'သုတ' နှင့်ကိစ္စက 'မြူငယ်' နှင့်မဆိုင်မှန်းသိပါသည်။ ကာယကံရှင်ဖြစ်သည့် ကိုယ်နှင့်သာဆိုင်မှန်းသိနေသော်ငြား ညက 'မြူငယ်' ကိုဘာကြောင့်စိတ်တိုမိမှန်း မသိ.... 'မြူငယ်' ကိုဖြည်းဖြည်းချင်းဘေးသို့ရွေ့ကာ
သူ့အခန်းကို ပြန်သွားလိုက်သည်။

' မြူငယ်' အိပ်ယာနိုးလာတော့ နေ့လည်ဆယ့်တစ်နာရီတောင်ထိုးနေပြီဖြစ်သည်။ 'လွမ်း' ထသွားတာကိုလည်း သူမသိလိုက်ပေ... ကျောင်းပိတ်ရက်ဖြစ်တာကြောင့် သူ့ကိုမနိုးတာဖြစ်မည်ဟုတွေးကာ ရေဝင်ချိုးပြီးနောက် 'လွမ်း' ၏အခန်းဘက်ကို သွားတော့ 'လွမ်း' ကမရှိ....

" ပါပါး!! "

အောက်ထပ်ကိုဆင်းလာတော့ ထမင်းစားခန်းဘက်မှထွက်လာသည့် 'ကမ္ဘာ' ကြောင့် 'မြူငယ်' အပြေးသွားကာ ဖက်လိုက်သည်။

" နိုးပြီပေါ့.. အိပ်ပုတ်လေး "

" ပါပါး ဘယ်တုန်းကပြန်ရောက်တာလည်း..
Daddy ကော.. "

" မနက်ကပဲပြန်ရောက်တာ မင်း Daddy ကကားမောင်းရတာ ပင်ပန်းလို့တဲ့ အိပ်နေတယ်.. "

" ဟုတ်.. ဒါနဲ့ ပါပါး 'လွမ်း' ကော.. "

" ပါပါးလည်း သားကိုမေးမလို့ ဒီကိုလာ... "

'ကမ္ဘာ' က 'မြူငယ်' ၏လက်ကိုဆွဲကာ ဧည့်ခန်းထဲရှိနှစ်ယောက်ထိုင်ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။

" သား နဲ့ 'လွမ်း' ရန်ဖြစ်ထားတာလား "

" 'လွမ်း' ကသားကိုစိတ်ဆိုးနေတာ..ဒါပေမယ့် ဘာကိုစိတ်ဆိုးနေမှန်း သားမသိဘူး"

" 'လွမ်း' ကမနက်ကပဲ မန္တလေးကိုသွားလိုက်တယ် "

" ဗျာ!! "

" သူ့အစ်ကိုဆီ အလည်သွားမလို့တဲ့ "

" သားကို ချန်ခဲ့တာပေါ့ "

" ချန်ခဲ့ရုံတင်မကဘူး နောက်ကလည်း လိုက်မလာပါနဲ့တဲ့ ပါပါးကိုမှာခဲ့တယ် "

" သား ဘာလုပ်ရမလဲဟင်! "

" 'လွမ်း' ကိုကြည့်ရတာ စိတ်ရှုပ်နေသလိုပဲ..
တစ်ယောက်တည်း နေချင်လို့ဖြစ်မှာပါ.. ခဏလောက်လွတ်ထားပေးလိုက် "

" ဟုတ်...သား 'လွမ်း' ကိုဖုန်းတော့ဆက်ကြည့်ဦးမယ် ပါပါး ပြီးတော့ သား 'ခမ်း' ဆီကိုသွားဦးမယ်နော် "

" အင်း... 'ခမ်း' ကိုဒီညအိမ်မှာ ညစာလာစားဖို့
ပြောလိုက် "

" ဟုတ် ပါပါး "

' မြူငယ်' 'ကမ္ဘာ' ၏ပါးကိုအနမ်းပေးကာ အပေါ်ထပ်ကိုပြန်တက်လာလိုက်သည်။ 'လွမ်း' ကိုဖုန်းခေါ်တော့ မကိုင်ပေ... စာတစ်စောင်သာ ပို့လာသည်။ ထိုသည်က 'ငါ့ဘက်ကမဆက်သွယ်မချင်း မဆက်သွယ်နဲ့' ဟူ၍သာ.... 'မြူငယ်' လည်းအစစအရာရာဂရုစိုက်ဖို့ကိုသာ စာပြန်ပို့လိုက်သည်။

'မြူငယ်' 'သုတ' အိမ်ရှေ့ရောက်တော့ ဖုန်းဆက်ခေါ်ကာ အောက်ဆင်းလာခိုင်းလိုက်သည်။ 'သုတ' ကခြံရှေ့တွင် ရပ်ထားသည့် 'မြူငယ်' ၏ကားထဲသို့ဝင်ထိုင်လာသည်။

" ဘာပြောမလို့လည်း 'မြူငယ်'... 'လွမ်း' အကြောင်းလား "

" ကျွန်တော့်သူငယ်ချင်း နှစ်ယောက်လုံးရဲ့အကြောင်းပါ...ဒါက အစ်ကိုတို့ရဲ့ကိုယ်ရေးကိုယ်တာဆိုတာကျွန်‌တော်သိတယ်..ဝင်မပါသင့်မှန်းလည်းသိ‌တယ်...ဒါပေမယ့် ဟိုနှစ်ကောင်က အလဲလဲအကွဲကွဲတွေဖြစ်နေတာ ကျွန်တော်ဘာတစ်ခုမှ နားမလည်တော့ဘူး "

" 'ခမ်း' ကဘာဖြစ်လို့လည်း "

" မနေ့က ကျွန်တော်နဲ့ 'ခမ်း' ညစာစားဖို့
ထွက်လာတော့ အစ်ကိုနဲ့ 'လွမ်း' နမ်းနေတာကို
တွေ့တယ်... 'ခမ်း' ကအရမ်းခံစားနေရတာ
အစ်ကိုက 'လွမ်း' ကိုရွေးလိုက်ပြီနေမှာဆိုပြီးတော့လေ "

" မဟုတ်တာ... "

" ကျွန်တော်လည်း 'လွမ်း' ကိုရွေးလိုက်တယ်ထင်နေတာ.. ဒါပေမယ့် မနေ့ညက 'လွမ်း' က ငိုနေတာ
ဘာတွေဖြစ်ကြတာလည်း ကျွန်တော့်ကိုပြောပြလို့ရမလား "

'သုတ' ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့ 'မြူငယ်' ၏မျက်နှာက သိသိသာသာကို ပျက်ယွင်းသွားသည်။ ညက 'မင်းကြောင့်'
လို့ပြောတာ ဘာကြောင့်လည်းဆိုတာ သူအခုမှသိသည်။ ငါတောင်းပန်ပါတယ် 'လွမ်း'....

" အစ်ကို 'ခမ်း' ကိုရွေးလိုက်ပြီဆိုတော့ သူ့ဆီကို တစ်ချက်သွားကြည့်ပေးပါလား "

" ရွေးတယ်ဆိုပေမယ့် အစ်ကိုစောင့်ကြည့်ဦးမှာ..
သူ့ကို ချစ်သူအဖြစ်လက်မခံသေးဘူး "

" ကျွန်တော်နားလည်ပါတယ် ဒါပေမယ့် ကျွန်တော်ပြောပြချင်တာရှိတယ် 'ခမ်း' ကအစ်ကို့ကို ဘယ်လောက်ထိချစ်လည်းဆိုတာပေါ့ ဒီကိစ္စတွေက 'လွမ်း' တောင်မသိဘူး "

" ဘာများလည်း.."

" အစ်ကို 'လွမ်း' ကိုအဖြေပေးလိုက်တဲ့နေ့က
'ခမ်း' ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တယ်ဆိုရင် အစ်ကိုယုံမှာလား "

'မြူငယ်' ပြောလိုက်တော့ 'သုတ' ကမျက်လုံးလေးပြူးကာ အံ့ဩသွားသည်။

" သူတကယ်လုပ်ခဲ့တာ အိပ်ဆေးတွေအများကြီးသောက်ပစ်လို့ ဆေးရုံပါရောက်သွားတာ ကျွန်တော်ဆိုရင် သူနေပြန်ကောင်းတော့ ထိုးပစ်တာ အဲ့လောက်ရူးရလားဆိုပြီးတော့ "

"...... "

" 'ခမ်း' ကအပ်ကြောက်တယ် ဆေးထိုးရမှာ
သူအသေကြောက်တာ ဆေးထိုးတိုင်း အပ်ကြောက်တဲ့အကျင့်ကြောင့် အခေါက်တိုင်းလိုလို
သတိလစ်တက်တယ်.. အဲ့လောက်ထိသူကြောက်တာ ဒါပေမယ့် သူ့ရင်ဘတ်ပေါ်မှာ အစ်ကို့နာမည်ကို သူတက်တူးထိုးထားတယ် သူအစ်ကို့ကို ပိုင်ဆိုင်ခွင့်မရှိပေမယ့် အစ်ကို့နာမည်လေးကိုတော့ တက်တူးထိုးခွင့်ရှိတယ်မလားတဲ့လေ ကျွန်တော် စဉ်းစားလို့မရဘူး ကမ္ဘာပေါ်မှာ
လူတွေအများကြီးရှိပါလျက် 'လွမ်း' နဲ့ 'ခမ်း' ကဘာလို့ အစ်ကိုတစ်ယောက်ထဲကိုမှ ချစ်မိကြလည်းဆိုတာ "

" ..... "

'သုတ' တစ်ယောက် 'မြူငယ်' ပြန်သွားသည်အထိပင် ဆွံ့အ နေမိသည်။ ထို့နောက် ချက်ချင်းပင် အိမ်ထဲပြန်ဝင်ကာ အဝတ်အစားလဲပြီးနောက် 'ခမ်း' ၏အိမ်ဘက်ကို ထွက်လာလိုက်သည်။

ခြံစောင့်ဦးလေးက အိမ်အဝင်ဝထိသာ လိုက်ပို့ပေးကာ ပြန်သွားသဖြင့် 'သုတ' အိမ်ထဲဝင်လာတော့ဧည့်ခန်းထဲရှိ နှစ်ယောက်ထိုင်ဆိုဖာတွင် ထိုင်ကာ သူ့ကိုလှမ်းကြည့်နေသူကြောင့် ထိုအနားကိုအမြန်သွားလိုက်သည်။ 'ခမ်း' ကကြက်သွေးရောင် လည်ဝိုင်းလက်ရှည်ကို ဒူးလောက်အထိသာရှိသည့် ချည်သားဘောင်းဘီအပွအနက်ရောင်နှင့် တွဲဝတ်ထားခြင်းဖြစ်ရာ 'သုတ' ကအနားရောက်သည်နှင့် 'ခမ်း' ကိုတွန်းလှဲပစ်ကာ
အပေါ်ကနေ တက်ခွလိုက်သည်။

'သုတ' က 'ခမ်း' ၏အင်္ကျီကိုအတင်းဆွဲလှန်နေသဖြင့် 'ခမ်း' အတင်းပြန်ဆွဲကျကာ ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံ ပြုလုပ်၍...

" အစ်ကို ဘာလုပ်တာလည်း ကျွန်တော်အော်လိုက်မှာနော် "

" ဘာကိစ္စအော်မှာလည်း "

" အစ်ကို ကျွန်တော့်ကို ဟွာပြုဖို့လုပ်နေတာလေ"

" ဘာ!! "

" ဟာ.. အစ်ကို့! "

'သုတ' 'ခမ်း' ၏လက်တွေကို ထုရိုက်ပစ်လိုက်သည်။

" ဖယ်စမ်း! မင်းလက်တွေ.. "

'သုတ' ပြောလိုက်တော့ 'ခမ်း' ကသူ့လက်တွေကို ဘေးဘက်မှာမြောက်ထားလိုက်သည်။ အင်္ကျီကိုဆွဲလှန်လိုက်တော့ ဘယ်ဘက်ရင်အုံပေါ်တွင်
Zann Thuta ဆိုသည့် တက်တူးလေးက
နေရာယူနေသည်။ 'သုတ' မျက်ရည်တို့ဝဲတက်လာကာ ထိုနေရာကို လက်သီးနှင့်ထိုးချပစ်လိုက်သည်။

" အာ့! အစ်ကို ဘာလို့ထိုးတာလည်း "

" မင်းရူးနေလား ဟမ်!! "

'သုတ' က ပြောရင်းဖြင့် မျက်ရည်တွေကျလာသဖြင့် 'ခမ်း' လှဲနေရာမှထကာ သူ့အပေါ်ခွထိုင်နေသူ၏ ခါးကိုဆွဲဖက်လိုက်သည်။ 'ခမ်း' 'သုတ' ၏ရင်ဘတ်တွင် မျက်နှာအပ်ကာ...

" ဟုတ်တယ်.. ကျွန်တော်ရူးနေတာ...အစ်ကို့ကို ချစ်လွန်းလို့ ရူးနေတာ "

'သုတ' ကဘာမှမပြောဘဲ ရှိုက်ငိုကာ 'ခမ်း' ၏ကျောပြင်ကိုသာ ထုရိုက်နေသည်။

" မငိုပါနဲ့ဗျာ.. ကျွန်တော်တောင်းပန်ပါတယ်နော် "

" အင့်! မနေ့ညက မင်းထင်သလိုမဟုတ်ဘူး "

" ကျွန်တော်သိတယ် 'မြူငယ်' ကျွန်တော့်ကို
ဖုန်းဆက်ပြောပြပြီးပြီ "

'ခမ်း' က 'သုတ' ၏မျက်နှာပေါ်မှ မျက်ရည်တို့အား လက်နှစ်ဖက်ဖြင့်သုတ်ပေးကာ...

" ကျွန်တော့်ကို အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးပါအစ်ကို... အစ်ကိုကျွန်တော့်ကို လက်ခံပေးနိုင်တဲ့အထိစောင့်ပါ့မယ် "

" အင်း... "

'သုတ' ကပြောရင်းဖြင့် ခေါင်းငြိမ့်ပြလာသဖြင့် 'ခမ်း' 'သုတ' ကိုဆွဲဖက်ကာ ရင်ခွင်ထဲတိုးဝင်လိုက်သည်။

>>>>>>>>>

'မြူငယ်' နှင့် 'ခမ်း' မှာ ဆေးဌာနဘက်ကို ချောင်းပေါက်မတက်သွားကာ 'ရှိုင်း' နှင့် 'သုတ' ကိုလိုက်ပိုးပန်းကြသည်။ 'မြူငယ်' က 'ရှိုင်း' အတွက် အမြဲလိုပင် စားစရာတွေ လုပ်သွားပေးလေ့ရှိကာ 'ရှိုင်း' ကလည်း မငြင်းပေ.. ကျောင်း၏ Page တွင်လည်းနေ့တိုင်းလိုပင် 'မြူငယ်' နှင့် 'ရှိုင်း' ...'သုတ' နှင့် 'ခမ်း' ၏သတင်းက Trend ဖြစ်နေသည်။

'ရှိုင်း' မနက်ကျောင်းရောက်သည်နှင့် ဆေးဌာနရှေ့တွင် ထမင်းဘူးလေးကိုင်ကာ ရပ်နေသည့် 'မြူငယ်' ကိုမြင်သဖြင့် ပြုံးမိသွားသည်။ 'မြူငယ်' က 'ရှိုင်း' ကိုမြင်တော့ အနားကို အပြေးရောက်လာကာ....

" ကိုကို မနက်စာစားပြီးပြီလား "

" မစားရသေးဘူး "

" ဟီး...ကိုကိုက ချစ်ဖို့ကောင်းလိုက်တာ..ဒီမှာ ဒီနေ့သီးစုံထမင်းကြော်ထားပေးတယ် "

'ရှိုင်း' ထမင်းဘူးကို ယူကာ 'မြူငယ်' ၏ဆံပင်တို့အား လက်ဖြင့်ထိုးဖွလိုက်သည်။ ထိုအခါ 'မြူငယ်' ကသဘောကျနေသည့်ဟန်ဖြင့် ရယ်ပြလာသည်။

" ဌာနကို ကိုယ်ပြန်လိုက်ပို့မယ် "

" ဗျာ! တစ်ကယ်လား "

" အင်း "

'မြူငယ်' ကဌာန၏ဝတ်စုံဖြစ်သည့် တီရှပ်လက်တိုအဖြူအပေါ်တွင်ကော်လံပါ လက်ဘေးစင်းအဖြူနှင့် ဇစ်ဆွဲ နီညိုရောင်အင်္ကျီကို ဇစ်ဖွင့်ဝတ်ကာဘောင်းဘီကလည်း နီညိုရောင်ဒဲ့ပွဖြစ်၍ ဘေးစင်းအဖြူနှင့်ဖြစ်သည်။ ကျောပိုးလွယ်အိတ်အဖြူရောင်လေးကိုလွယ်လျက် လက်တစ်ဖက်က စကိတ်ဘုတ်ကို ကိုင်ထားခြင်းဖြစ်သည်။ အညိုရောင်ဆံပင်တို့အား ခပ်အုပ်အုပ်လေးချထားကာ ဘေးမှာယှဉ်ရပ်နေသည့် 'ရှိုင်း'နှင့်စကားပြောကာ ပြုံးရယ်နေသည်။

'ရှိုင်း' က ရှပ်လက်ရှည်အဖြူကို စတိုင်ပန်နက်ပြာနှင့်တွဲဝတ်ထားကာ မီးခိုရောင်ကျောပိုးလွယ်အိတ်ကို တစ်ဖက်ထဲလွယ်၍ လက်တစ်ဖက်မှ ထမင်းဘူးလေးကို ကိုင်လျက် နောက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားခြင်းဖြစ်သည်။ အနက်ရောင်ဆံပင်တို့အား လှန်သိမ်းထားကာ တည်ကြည်ခန့်ငြားသည့် မျက်နှာက ပေါ်လွင်နေသည်။ 'မြူငယ်' နှင့် 'ရှိုင်း' လမ်းအတူလျှောက်လာသည်ကို ဘေးပက်ဝန်းကျင်မှ လူအများက လည်ပြန်ပင်လိုက်ကြည့်နေကြသည်အထိ....

ကျောင်းပြန်ဖွင့်သည်မှာ ယနေ့နှင့်ဆိုလျှင် လေးရက်ရှိပြီဖြစ်ကာ တဘက်ခါဆိုလျှင် စနေနေ့ရောက်ဖြစ်ပြီဖြစ်၍ ကျောင်းပိတ်ရက်ပင် ပြန်ရောက်လာတော့မည်ဖြစ်သည်။ ယခုချိန်ထိ ပြန်မလာသလို ဆက်သွယ်မလာသူက 'လွမ်း' ပင်... 'လွမ်း' မန္တလေးကိုသွားတာ ယနေ့နှင့်ဆိုလျှင် ခြောက်ရက်ရှိပြီဖြစ်ကာ 'လွမ်း' ၏အကြောင်းကို 'လွမ်း' ၏အစ်ကိုဖြစ်သူ ' နွေမှိုင်းနက္ခတ်' ဆီသာ အမြဲဖုန်းဆက်မေးရသည်။

'မြူငယ်' ကျောင်းကနေအိမ်ကိုတန်းပြန်လာကာ လက်ထဲက ဖုန်းကိုငုံ့ကြည့်ရင်း အိမ်ထဲကိုဝင်လာလိုက်သည်။ 'လွမ်း' ကိုအမှန်တကယ်ပင် လွမ်းနေပြီဖြစ်သည်။ 'လွမ်း' ကအခုထိသူ့ကို မဆက်သွယ်လာသဖြင့် မန္တလေးကိုလိုက်သွားရမလား တွေးနေတုန်းမှာပင် လူတစ်ယောက်၏ရင်ဘတ်ကို သူ့ခေါင်းဖြင့် တိုက်မိသဖြင့် မော့ကြည့်လိုက်မိသည်။

" 'လွမ်း'!! "

'မြူငယ်' ကချက်ချင်းပင် 'လွမ်း' အပေါ်ကိုခုန်တက်ကာ ခြေထောက်တို့အားခါးတွင်ခွလျက် လည်ပင်းကိုသိုင်းဖက်ထားလိုက်သည်။

" ငါမင်းကို အရမ်းလွမ်းနေတာ...မင်းကော ငါ့ကိုမလွမ်းဘူးလား "

" မလွမ်းဘူး "

" ဟင်! "

" ငါမရှိတဲ့ရက်တွေမှာ မင်းအဆင်ပြေနေတဲ့ပုံပဲ "

" ဟင့်အင်း.. မပြေဘူး ငါမင်းကိုအရမ်းလွမ်းတယ် နောက်တစ်ခါကျရင် ငါ့ကိုမထားခဲ့ပါနဲ့ကွာ နော်.. "

" ဆင်းတော့ "

" မဆင်းဘူး "

" 'မြူ' "

" မဆင်းချင်ဘူးလို့ ငါမင်းကိုအရမ်းလွမ်းနေတာပါဆို... "

'လွမ်း' ဘာမှဆက်မပြောတော့ဘဲ ထိုအတိုင်းသာ အပေါ်ထပ်ကို ပွေ့ချီသွားလိုက်သည်။ 'မြူငယ်' ၏အခန်းထဲဝင်ကာ ကုတင်ပေါ်ပစ်ချလိုက်ပြီးနောက် ပြန်ထွက်သွားတော့ ဆူပုတ်ပုတ်နှင့် ကျန်နေခဲ့သူက 'မြူငယ်' ပင်...'မြူငယ်' လွယ်အိတ်ကို ဆိုဖာပေါ်ပစ်တင်ကာ ရေချိုးခန်းထဲ ပြေးဝင်၍ ရေအမြန်ချိုးချလိုက်သည်။

T ရှပ်လက်တို အဖြူရောင်ဆိုဒ်ပွကို ပေါင်တိုအပွအဖြူနှင့် တွဲဝတ်ကာ 'လွမ်း' ၏အခန်းဘက်ကို ထွက်လာလိုက်သည်။ တံခါးခေါက်ကာ လော့မချထားသဖြင့် ဝင်သွားလိုက်တော့ 'လွမ်း' က ကုတင်ဘေးကြမ်းပြင်တွင် ကုတင်ကိုမှီလျက် ခြေဆင်းထိုင်နေကာ ကြမ်းပြင်ပေါ်မှာလည်း ဘီယာ‌ဘူးတွေအပြည့်.... လက်ထဲမှာလည်း တစ်ဘူးကို ဖောက်သောက်နေကာ...

" အခန်းပြန်တော့ "

" မင်းကလည်း ငါလည်းသောက်မယ်လေ "

" မရဘူး "

" 'လွမ်း' ကလည်း ငါတစ်ခါမှမသောက်ဖူးဘူး
သောက်ကြည့်ချင်တယ် ကောင်းလား "

" မကောင်းဘူး "

" မကောင်းလည်း သောက်မယ်လေ "

'မြူငယ်' 'လွမ်း' ၏ဘေးတွင်ဝင်ထိုင်လိုက်ကာ
'လွမ်း' ၏လက်ထဲက ဘီယာဘူးကို လုယူလျက် မော့ချပစ်လိုက်သည်။ ထို့နောက်ချက်ချင်းပင် မျက်နှာကရှုံ့မဲ့သွားကာ...

" ဘာအရသာကြီးလည်း "

'လွမ်း' က ဘူးကိုပြန်လုယူလိုက်ကာ..

" မကောင်းဘူးလို့ပြောတယ်လေ ပြန်တော့ "

" မပြန်ဘူး မင်းကိုအဖော်သောက်ကူမယ် "

'မြူငယ်' ကပြောရင်းပင် ကြမ်းပြင်ပေါ်ကဘူးတစ်ဘူးကို ယူကာ ဖောက်လျက် တစ်ငုံထပ်မော့လိုက်သည်။ မျက်နှာက ရှုံ့မဲ့ထားရင်း...

" 'လွမ်း' မင်းနားမှာ ငါရှိတယ် သိလား ဘာမှမဖြစ်ဘူး "

" အင်း... "

" 'လွမ်း' မင်းဘယ်နှစ်ဘူးအထိသောက်နိုင်လည်း"

" မသိဘူး ငါလည်းအခုမှသောက်ဖူးတာ "

သောက်ရင်း သောက်ရင်းနှင့် တစ်ယောက်ကို
သုံးဘူးစီကုန်ကာ လေးဘူးမြောက်ရောက်သည့်အချိန်‌တွင်တော့ တော်တော်လေးကို မူးနေကြပြီဖြစ်သည်။ 'လွမ်း' ကတော့ ငြိမ်နေကာ 'မြူငယ်' ကတော့ အာလေးလျှာလေးနှင့် စကား‌တွေ
တတွတ်တွတ်ပြောနေသည်။

" 'လွမ်း'.. မင်း.. မင်းက Naruto လား ကိုယ်တွေခွဲထားတာလား ငါမင်းကိုအများကြီး မြင်နေရတယ် "

" အင်း "

" 'လွမ်း' မင်းသိလား တစ်ကယ်တော့လေ ငါက လူမဟုတ်ဘူး "

" အင်း "

" နတ်သားလေးလေ အရမ်း..အရမ်း ချောတဲ့
နတ်သားလေး "

" အင်း "

" 'လွမ်း' မင်းကရော ဘာလည်း "

" Naruto "

" တစ်ကယ်လား "

" အင်း "

" ဒါဆို ငါ့ကိုကိုယ်တွေအများကြီးခွဲပြ ဒီတစ်ခန်းလုံးအပြည့် "

" အင်း "

'လွမ်း' ကမတ်တပ်ထရပ်လိုက်ကာ မူးဝေနေသဖြင့် အရှိန်မထိန်းနိုင်ဘဲ အရှေ့ဘက်ကို သုံးလေးလှမ်းလောက်ပင် ယိုင်ထိုးသွားကာ ပစ်လှဲမကျအောင် မနည်းထိန်းလိုက်ရသည်။

Naruto ဇာတ်ကားထဲတွင် Naruto ကိုယ်ခွဲခါနီးလုပ်လေ့ရှိသည့် အမူအယာကို လုပ်ပြတော့ 'မြူငယ်' ကဗိုက်နှိပ်ကာ အော်ရယ်ရင်း ကြမ်းပြင်ကိုလည်းတဘုန်းဘုန်းနှင့် ထုရိုက်နေသည်။ ထို့နောက် ရယ်ရင်းနှင့် ပက်လက်လှန်ကျသွားကာ ပြန်မထဘဲ ထိုအတိုင်းအိပ်နေသည်။

'လွမ်း' ဒယိမ်းဒယိုင်ဖြင့် 'မြူငယ်' ၏အနားကို လျှောက်လာကာ...

" 'မြူ' ထ! ကြမ်းပြင်မှာမအိပ်နဲ့ "

အမူးသမားက နောက်ထပ်အမူးသမားကို
တွဲထူရင်း နှစ်ယောက်သား ယိုင်ထိုးကာ အိပ်ယာပေါ်ကို ထပ်လျက်ပစ်ကျတော့ 'လွမ်း' ကအောက်ကဖြစ်ကာ 'မြူငယ်' က အပေါ်မှအုပ်မိုးထားသည့် အနေအထားဖြစ်သွားသည်။

' မြူငယ်' က လက်တစ်ဖက်ဖြင့် 'လွမ်း' ၏ပါးကိုဆွဲကာ....

" 'လွမ်း'... မင်းကအရမ်းချစ်စရာကောင်းတယ် "

" အင်း "

'မြူငယ်' ၏အကြည့်တွေက 'လွမ်း'၏ နီရဲနေသည့် နှုတ်ခမ်းသားပေါ်ရောက်သွားတော့ လက်ဖြင့်ခပ်ဖွဖွတို့ထိကာ....

" ငါလေ ကိုကိုငါ့ကိုနမ်းတုန်းက ဘာမဆိုင်ဘာမဆိုင် မင်းကိုသွားသတိရတယ် သိလား "

" အင်း "

" 'လွမ်း'.. ငါတို့နှစ်ယောက်ရဲ့ ပထမဆုံးအနမ်းကို
မှတ်မိလား "

" အဲ့တာ အနမ်းမဟုတ်ဘူး "

" ဟင်! "

" မတော်တဆထိမိတာ "

" တူတူပဲလေ "

" မတူဘူး "

" ဟင်! "

" အဲ့တာကို အနမ်းလို့မခေါ်ဘူး "

" ဒါဆို ဘာကိုအနမ်းလို့ခေါ်တာလည်း "

" သိချင်လား "

" အင်း "

'မြူငယ်' ခေါင်းငြိမ့်ပြလိုက်သည်နှင့် 'လွမ်း' က 'မြူငယ်' ကိုဘေးသို့လှဲချလိုက်ကာ အပေါ်မှအုပ်မိုးလိုက်သည်။ ထို့နောက် 'မြူငယ်' ၏နှုတ်ခမ်းကိုငုံ့နမ်းလိုက်ကာ နှုတ်ခမ်းတို့အား အပေါ်တလှည့်အောက်တလှည့်စုပ်ယူနမ်းရှိုက်လိုက်သည်။ 'မြူငယ်'က 'လွမ်း' ၏လည်ပင်းအား သိုင်းဖက်လာကာ အနမ်းတို့အား တုံ့ပြန်လာသဖြင့် 'လွမ်း' လျှာဖျားဖြင့် ခံတွင်းထဲတိုးဝင် လိုက်သည်။ 'လွမ်း' ကခံတွင်းထဲမွှေနှောက်စုပ်ယူသလို 'မြူငယ်' ကလည်းအလုအယက်ပင် 'လွမ်း' ၏ခံတွင်းထဲတိုးဝင်လာကာ မွှေနှောက်စုပ်ယူလာသည်။ လျှာတို့အား လိမ်ယှက်စုပ်ယူကာ အလုအယက်ပင် နမ်းရှိုက်ကြသည်။

ပြွက်! ပြွက်!

အသက်ရှုကြပ်လာသည့် အနေအထားရောက်နေသော်ငြား တစ်ယောက်မှ နှုတ်ခမ်းတို့အား အလွတ်မပေးချင်... 'မြူငယ်' က 'လွမ်း' ၏လက်မောင်းအား ခပ်ဖွဖွထုရိုက်လိုက်တော့မှ
'လွမ်း' ကလွတ်ပေးလာကာ 'မြူငယ်' ၏လည်ပင်းတွင် မျက်နှာအပ်၍ လည်ပင်းသားကို စုပ်ယူနမ်းရှိုက်လာသည်။ ထို့နောက် နှုတ်ခမ်းသားတို့အား ပြန်လည်ဦးတည်ကာ ဝါးစားမတတ်စုပ်ယူနမ်းရှိုက်လာသည်။

ပြွက်!

'လွမ်း' 'မြူငယ်' ၏အောက်နှုတ်ခမ်းကို တစ်ချက်စုပ်ယူပြီးမှ လွတ်ပေးလာကာ...

" အခုလိုနမ်းတာကိုမှ အနမ်းလို့ခေါ်တာ "

" အဲ့တာက...အရမ်းကောင်းတာပဲ "

'မြူငယ်' ကထိုသို့ဆိုကာ မျက်ဝန်းတို့မှိတ်လျက် အိပ်ပျော်သွားကာ 'လွမ်း' ကလည်း 'မြူငယ်' ကိုရင်ခွင်ထဲဆွဲထည့်ကာ ခဏလေးတွင်းပင် အိပ်ပျော်သွားသည်။

>>>>>>>>

'လွမ်း' မနက်အိပ်ယာနိုးလာတော့ ခေါင်းကတဆစ်ဆစ်ထိုးကိုက်နေသဖြင့် နားထင်တို့အား
လက်ဖြင့်ဖိနှိပ်လိုက်သည်။ 'မြူငယ်' ကသူ့ရင်ခွင်ထဲဝင်အိပ်နေကာ ခြေထောက်တို့ဖြင့်လည်း သူ့ကိုခွထားသေးသည်။ 'လွမ်း' ထထိုင်ကာ 'မြူငယ်' ၏ခြေထောက်ကို ဘေးသို့ချပေးလိုက်သည်။
နားထင်တို့အား ဖိနှိပ်လျက် ညကအကြောင်းအရာတို့က ခေါင်းထဲတရိပ်ရိပ်ပြန်မြင်လာသည်။
ကျစ်! ငါဘာတွေလုပ်မိတာလည်း....

>>>>>>>>>

Tulip_K ☘️

2.12.2023

Z~

'လြမ္း' အိပ္ယာႏိုးလာေတာ့ 'ျမဴငယ္'က သူ႔ရင္ဘတ္ေပၚတြင္ေခါင္းတင္အိပ္ေနကာ သူကေတာ့ပက္လက္လွန္အေနအထားႏွင့္ျဖစ္သည္။
လက္တစ္ဖက္က 'ျမဴငယ္'၏ ခါးကိုဖက္ထားကာေနာက္တစ္ဖက္ကို အေပၚေျမာက္ၾကည့္လိုက္ေတာ့ ပက္တီးျဖဴျဖဴတို႔က ေနရာယူေနသည္။
ညကသူအိပ္ေပ်ာ္သြားသည့္ အခ်ိန္တြင္ 'ျမဴငယ္' ေဆးထည့္ေပးထားတာျဖစ္မည္။

ညကသူ႔စိတ္ေတြအမွန္တစ္ကယ္ကို လြတ္ထြက္သြားတာျဖစ္သည္။ 'သုတ' ႏွင့္ကိစၥက 'ျမဴငယ္' ႏွင့္မဆိုင္မွန္းသိပါသည္။ ကာယကံရွင္ျဖစ္သည့္ ကိုယ္ႏွင့္သာဆိုင္မွန္းသိေနေသာ္ျငား ညက 'ျမဴငယ္' ကိုဘာေၾကာင့္စိတ္တိုမိမွန္း မသိ.... 'ျမဴငယ္' ကိုျဖည္းျဖည္းခ်င္းေဘးသို႔ေ႐ြ႕ကာ
သူ႔အခန္းကို ျပန္သြားလိုက္သည္။

' ျမဴငယ္' အိပ္ယာႏိုးလာေတာ့ ေန႔လည္ဆယ့္တစ္နာရီေတာင္ထိုးေနၿပီျဖစ္သည္။ 'လြမ္း' ထသြားတာကိုလည္း သူမသိလိုက္ေပ... ေက်ာင္းပိတ္ရက္ျဖစ္တာေၾကာင့္ သူ႔ကိုမႏိုးတာျဖစ္မည္ဟုေတြးကာ ေရဝင္ခ်ိဳးၿပီးေနာက္ 'လြမ္း' ၏အခန္းဘက္ကို သြားေတာ့ 'လြမ္း' ကမရွိ....

" ပါပါး!! "

ေအာက္ထပ္ကိုဆင္းလာေတာ့ ထမင္းစားခန္းဘက္မွထြက္လာသည့္ 'ကမာၻ' ေၾကာင့္ 'ျမဴငယ္' အေျပးသြားကာ ဖက္လိုက္သည္။

" ႏိုးၿပီေပါ့.. အိပ္ပုတ္ေလး "

" ပါပါး ဘယ္တုန္းကျပန္ေရာက္တာလည္း..
Daddy ေကာ.. "

" မနက္ကပဲျပန္ေရာက္တာ မင္း Daddy ကကားေမာင္းရတာ ပင္ပန္းလို႔တဲ့ အိပ္ေနတယ္.. "

" ဟုတ္.. ဒါနဲ႔ ပါပါး 'လြမ္း' ေကာ.. "

" ပါပါးလည္း သားကိုေမးမလို႔ ဒီကိုလာ... "

'ကမာၻ' က 'ျမဴငယ္' ၏လက္ကိုဆြဲကာ ဧည့္ခန္းထဲရွိႏွစ္ေယာက္ထိုင္ဆိုဖာတြင္ ဝင္ထိုင္လိုက္သည္။

" သား နဲ႔ 'လြမ္း' ရန္ျဖစ္ထားတာလား "

" 'လြမ္း' ကသားကိုစိတ္ဆိုးေနတာ..ဒါေပမယ့္ ဘာကိုစိတ္ဆိုးေနမွန္း သားမသိဘူး"

" 'လြမ္း' ကမနက္ကပဲ မႏၲေလးကိုသြားလိုက္တယ္ "

" ဗ်ာ!! "

" သူ႔အစ္ကိုဆီ အလည္သြားမလို႔တဲ့ "

" သားကို ခ်န္ခဲ့တာေပါ့ "

" ခ်န္ခဲ့႐ုံတင္မကဘူး ေနာက္ကလည္း လိုက္မလာပါနဲ႔တဲ့ ပါပါးကိုမွာခဲ့တယ္ "

" သား ဘာလုပ္ရမလဲဟင္! "

" 'လြမ္း' ကိုၾကည့္ရတာ စိတ္ရႈပ္ေနသလိုပဲ..
တစ္ေယာက္တည္း ေနခ်င္လို႔ျဖစ္မွာပါ.. ခဏေလာက္လြတ္ထားေပးလိုက္ "

" ဟုတ္...သား 'လြမ္း' ကိုဖုန္းေတာ့ဆက္ၾကည့္ဦးမယ္ ပါပါး ၿပီးေတာ့ သား 'ခမ္း' ဆီကိုသြားဦးမယ္ေနာ္ "

" အင္း... 'ခမ္း' ကိုဒီညအိမ္မွာ ညစာလာစားဖို႔
ေျပာလိုက္ "

" ဟုတ္ ပါပါး "

' ျမဴငယ္' 'ကမာၻ' ၏ပါးကိုအနမ္းေပးကာ အေပၚထပ္ကိုျပန္တက္လာလိုက္သည္။ 'လြမ္း' ကိုဖုန္းေခၚေတာ့ မကိုင္ေပ... စာတစ္ေစာင္သာ ပို႔လာသည္။ ထိုသည္က 'ငါ့ဘက္ကမဆက္သြယ္မခ်င္း မဆက္သြယ္နဲ႔' ဟူ၍သာ.... 'ျမဴငယ္' လည္းအစစအရာရာဂ႐ုစိုက္ဖို႔ကိုသာ စာျပန္ပို႔လိုက္သည္။

'ျမဴငယ္' 'သုတ' အိမ္ေရွ႕ေရာက္ေတာ့ ဖုန္းဆက္ေခၚကာ ေအာက္ဆင္းလာခိုင္းလိုက္သည္။ 'သုတ' ကၿခံေရွ႕တြင္ ရပ္ထားသည့္ 'ျမဴငယ္' ၏ကားထဲသို႔ဝင္ထိုင္လာသည္။

" ဘာေျပာမလို႔လည္း 'ျမဴငယ္'... 'လြမ္း' အေၾကာင္းလား "

" ကြၽန္ေတာ့္သူငယ္ခ်င္း ႏွစ္ေယာက္လုံးရဲ႕အေၾကာင္းပါ...ဒါက အစ္ကိုတို႔ရဲ႕ကိုယ္ေရးကိုယ္တာဆိုတာကြၽန္‌ေတာ္သိတယ္..ဝင္မပါသင့္မွန္းလည္းသိ‌တယ္...ဒါေပမယ့္ ဟိုႏွစ္ေကာင္က အလဲလဲအကြဲကြဲေတြျဖစ္ေနတာ ကြၽန္ေတာ္ဘာတစ္ခုမွ နားမလည္ေတာ့ဘူး "

" 'ခမ္း' ကဘာျဖစ္လို႔လည္း "

" မေန႔က ကြၽန္ေတာ္နဲ႔ 'ခမ္း' ညစာစားဖို႔
ထြက္လာေတာ့ အစ္ကိုနဲ႔ 'လြမ္း' နမ္းေနတာကို
ေတြ႕တယ္... 'ခမ္း' ကအရမ္းခံစားေနရတာ
အစ္ကိုက 'လြမ္း' ကိုေ႐ြးလိုက္ၿပီေနမွာဆိုၿပီးေတာ့ေလ "

" မဟုတ္တာ... "

" ကြၽန္ေတာ္လည္း 'လြမ္း' ကိုေ႐ြးလိုက္တယ္ထင္ေနတာ.. ဒါေပမယ့္ မေန႔ညက 'လြမ္း' က ငိုေနတာ
ဘာေတြျဖစ္ၾကတာလည္း ကြၽန္ေတာ့္ကိုေျပာျပလို႔ရမလား "

'သုတ' ျဖစ္ေၾကာင္းကုန္စင္ေျပာျပလိုက္ေတာ့ 'ျမဴငယ္' ၏မ်က္ႏွာက သိသိသာသာကို ပ်က္ယြင္းသြားသည္။ ညက 'မင္းေၾကာင့္'
လို႔ေျပာတာ ဘာေၾကာင့္လည္းဆိုတာ သူအခုမွသိသည္။ ငါေတာင္းပန္ပါတယ္ 'လြမ္း'....

" အစ္ကို 'ခမ္း' ကိုေ႐ြးလိုက္ၿပီဆိုေတာ့ သူ႔ဆီကို တစ္ခ်က္သြားၾကည့္ေပးပါလား "

" ေ႐ြးတယ္ဆိုေပမယ့္ အစ္ကိုေစာင့္ၾကည့္ဦးမွာ..
သူ႔ကို ခ်စ္သူအျဖစ္လက္မခံေသးဘူး "

" ကြၽန္ေတာ္နားလည္ပါတယ္ ဒါေပမယ့္ ကြၽန္ေတာ္ေျပာျပခ်င္တာရွိတယ္ 'ခမ္း' ကအစ္ကို႔ကို ဘယ္ေလာက္ထိခ်စ္လည္းဆိုတာေပါ့ ဒီကိစၥေတြက 'လြမ္း' ေတာင္မသိဘူး "

" ဘာမ်ားလည္း.."

" အစ္ကို 'လြမ္း' ကိုအေျဖေပးလိုက္တဲ့ေန႔က
'ခမ္း' ကိုယ့္ကိုယ္ကိုယ္သတ္ေသခဲ့တယ္ဆိုရင္ အစ္ကိုယုံမွာလား "

'ျမဴငယ္' ေျပာလိုက္ေတာ့ 'သုတ' ကမ်က္လုံးေလးျပဴးကာ အံ့ဩသြားသည္။

" သူတကယ္လုပ္ခဲ့တာ အိပ္ေဆးေတြအမ်ားႀကီးေသာက္ပစ္လို႔ ေဆး႐ုံပါေရာက္သြားတာ ကြၽန္ေတာ္ဆိုရင္ သူေနျပန္ေကာင္းေတာ့ ထိုးပစ္တာ အဲ့ေလာက္႐ူးရလားဆိုၿပီးေတာ့ "

"...... "

" 'ခမ္း' ကအပ္ေၾကာက္တယ္ ေဆးထိုးရမွာ
သူအေသေၾကာက္တာ ေဆးထိုးတိုင္း အပ္ေၾကာက္တဲ့အက်င့္ေၾကာင့္ အေခါက္တိုင္းလိုလို
သတိလစ္တက္တယ္.. အဲ့ေလာက္ထိသူေၾကာက္တာ ဒါေပမယ့္ သူ႔ရင္ဘတ္ေပၚမွာ အစ္ကို႔နာမည္ကို သူတက္တူးထိုးထားတယ္ သူအစ္ကို႔ကို ပိုင္ဆိုင္ခြင့္မရွိေပမယ့္ အစ္ကို႔နာမည္ေလးကိုေတာ့ တက္တူးထိုးခြင့္ရွိတယ္မလားတဲ့ေလ ကြၽန္ေတာ္ စဥ္းစားလို႔မရဘူး ကမာၻေပၚမွာ
လူေတြအမ်ားႀကီးရွိပါလ်က္ 'လြမ္း' နဲ႔ 'ခမ္း' ကဘာလို႔ အစ္ကိုတစ္ေယာက္ထဲကိုမွ ခ်စ္မိၾကလည္းဆိုတာ "

" ..... "

'သုတ' တစ္ေယာက္ 'ျမဴငယ္' ျပန္သြားသည္အထိပင္ ဆြံ႕အ ေနမိသည္။ ထို႔ေနာက္ ခ်က္ခ်င္းပင္ အိမ္ထဲျပန္ဝင္ကာ အဝတ္အစားလဲၿပီးေနာက္ 'ခမ္း' ၏အိမ္ဘက္ကို ထြက္လာလိုက္သည္။

ၿခံေစာင့္ဦးေလးက အိမ္အဝင္ဝထိသာ လိုက္ပို႔ေပးကာ ျပန္သြားသျဖင့္ 'သုတ' အိမ္ထဲဝင္လာေတာ့ဧည့္ခန္းထဲရွိ ႏွစ္ေယာက္ထိုင္ဆိုဖာတြင္ ထိုင္ကာ သူ႔ကိုလွမ္းၾကည့္ေနသူေၾကာင့္ ထိုအနားကိုအျမန္သြားလိုက္သည္။ 'ခမ္း' ကၾကက္ေသြးေရာင္ လည္ဝိုင္းလက္ရွည္ကို ဒူးေလာက္အထိသာရွိသည့္ ခ်ည္သားေဘာင္းဘီအပြအနက္ေရာင္ႏွင့္ တြဲဝတ္ထားျခင္းျဖစ္ရာ 'သုတ' ကအနားေရာက္သည္ႏွင့္ 'ခမ္း' ကိုတြန္းလွဲပစ္ကာ
အေပၚကေန တက္ခြလိုက္သည္။

'သုတ' က 'ခမ္း' ၏အက်ႌကိုအတင္းဆြဲလွန္ေနသျဖင့္ 'ခမ္း' အတင္းျပန္ဆြဲက်ကာ ရင္ဘတ္ေပၚတြင္ လက္ႏွစ္ဖက္ကို ၾကက္ေျခခတ္ပုံစံ ျပဳလုပ္၍...

" အစ္ကို ဘာလုပ္တာလည္း ကြၽန္ေတာ္ေအာ္လိုက္မွာေနာ္ "

" ဘာကိစၥေအာ္မွာလည္း "

" အစ္ကို ကြၽန္ေတာ့္ကို ဟြာျပဳဖို႔လုပ္ေနတာေလ"

" ဘာ!! "

" ဟာ.. အစ္ကို႔! "

'သုတ' 'ခမ္း' ၏လက္ေတြကို ထု႐ိုက္ပစ္လိုက္သည္။

" ဖယ္စမ္း! မင္းလက္ေတြ.. "

'သုတ' ေျပာလိုက္ေတာ့ 'ခမ္း' ကသူ႔လက္ေတြကို ေဘးဘက္မွာေျမာက္ထားလိုက္သည္။ အက်ႌကိုဆြဲလွန္လိုက္ေတာ့ ဘယ္ဘက္ရင္အုံေပၚတြင္
Zann Thuta ဆိုသည့္ တက္တူးေလးက
ေနရာယူေနသည္။ 'သုတ' မ်က္ရည္တို႔ဝဲတက္လာကာ ထိုေနရာကို လက္သီးႏွင့္ထိုးခ်ပစ္လိုက္သည္။

" အာ့! အစ္ကို ဘာလို႔ထိုးတာလည္း "

" မင္း႐ူးေနလား ဟမ္!! "

'သုတ' က ေျပာရင္းျဖင့္ မ်က္ရည္ေတြက်လာသျဖင့္ 'ခမ္း' လွဲေနရာမွထကာ သူ႔အေပၚခြထိုင္ေနသူ၏ ခါးကိုဆြဲဖက္လိုက္သည္။ 'ခမ္း' 'သုတ' ၏ရင္ဘတ္တြင္ မ်က္ႏွာအပ္ကာ...

" ဟုတ္တယ္.. ကြၽန္ေတာ္႐ူးေနတာ...အစ္ကို႔ကို ခ်စ္လြန္းလို႔ ႐ူးေနတာ "

'သုတ' ကဘာမွမေျပာဘဲ ရႈိက္ငိုကာ 'ခမ္း' ၏ေက်ာျပင္ကိုသာ ထု႐ိုက္ေနသည္။

" မငိုပါနဲ႔ဗ်ာ.. ကြၽန္ေတာ္ေတာင္းပန္ပါတယ္ေနာ္ "

" အင့္! မေန႔ညက မင္းထင္သလိုမဟုတ္ဘူး "

" ကြၽန္ေတာ္သိတယ္ 'ျမဴငယ္' ကြၽန္ေတာ့္ကို
ဖုန္းဆက္ေျပာျပၿပီးၿပီ "

'ခမ္း' က 'သုတ' ၏မ်က္ႏွာေပၚမွ မ်က္ရည္တို႔အား လက္ႏွစ္ဖက္ျဖင့္သုတ္ေပးကာ...

" ကြၽန္ေတာ့္ကို အခြင့္အေရးေပးတဲ့အတြက္ ေက်းဇူးပါအစ္ကို... အစ္ကိုကြၽန္ေတာ့္ကို လက္ခံေပးႏိုင္တဲ့အထိေစာင့္ပါ့မယ္ "

" အင္း... "

'သုတ' ကေျပာရင္းျဖင့္ ေခါင္းၿငိမ့္ျပလာသျဖင့္ 'ခမ္း' 'သုတ' ကိုဆြဲဖက္ကာ ရင္ခြင္ထဲတိုးဝင္လိုက္သည္။

>>>>>>>>>

'ျမဴငယ္' ႏွင့္ 'ခမ္း' မွာ ေဆးဌာနဘက္ကို ေခ်ာင္းေပါက္မတက္သြားကာ 'ရႈိင္း' ႏွင့္ 'သုတ' ကိုလိုက္ပိုးပန္းၾကသည္။ 'ျမဴငယ္' က 'ရႈိင္း' အတြက္ အၿမဲလိုပင္ စားစရာေတြ လုပ္သြားေပးေလ့ရွိကာ 'ရႈိင္း' ကလည္း မျငင္းေပ.. ေက်ာင္း၏ Page တြင္လည္းေန႔တိုင္းလိုပင္ 'ျမဴငယ္' ႏွင့္ 'ရႈိင္း' ...'သုတ' ႏွင့္ 'ခမ္း' ၏သတင္းက Trend ျဖစ္ေနသည္။

'ရႈိင္း' မနက္ေက်ာင္းေရာက္သည္ႏွင့္ ေဆးဌာနေရွ႕တြင္ ထမင္းဘူးေလးကိုင္ကာ ရပ္ေနသည့္ 'ျမဴငယ္' ကိုျမင္သျဖင့္ ၿပဳံးမိသြားသည္။ 'ျမဴငယ္' က 'ရႈိင္း' ကိုျမင္ေတာ့ အနားကို အေျပးေရာက္လာကာ....

" ကိုကို မနက္စာစားၿပီးၿပီလား "

" မစားရေသးဘူး "

" ဟီး...ကိုကိုက ခ်စ္ဖို႔ေကာင္းလိုက္တာ..ဒီမွာ ဒီေန႔သီးစုံထမင္းေၾကာ္ထားေပးတယ္ "

'ရႈိင္း' ထမင္းဘူးကို ယူကာ 'ျမဴငယ္' ၏ဆံပင္တို႔အား လက္ျဖင့္ထိုးဖြလိုက္သည္။ ထိုအခါ 'ျမဴငယ္' ကသေဘာက်ေနသည့္ဟန္ျဖင့္ ရယ္ျပလာသည္။

" ဌာနကို ကိုယ္ျပန္လိုက္ပို႔မယ္ "

" ဗ်ာ! တစ္ကယ္လား "

" အင္း "

'ျမဴငယ္' ကဌာန၏ဝတ္စုံျဖစ္သည့္ တီရွပ္လက္တိုအျဖဴအေပၚတြင္ေကာ္လံပါ လက္ေဘးစင္းအျဖဴႏွင့္ ဇစ္ဆြဲ နီညိဳေရာင္အက်ႌကို ဇစ္ဖြင့္ဝတ္ကာေဘာင္းဘီကလည္း နီညိဳေရာင္ဒဲ့ပြျဖစ္၍ ေဘးစင္းအျဖဴႏွင့္ျဖစ္သည္။ ေက်ာပိုးလြယ္အိတ္အျဖဴေရာင္ေလးကိုလြယ္လ်က္ လက္တစ္ဖက္က စကိတ္ဘုတ္ကို ကိုင္ထားျခင္းျဖစ္သည္။ အညိဳေရာင္ဆံပင္တို႔အား ခပ္အုပ္အုပ္ေလးခ်ထားကာ ေဘးမွာယွဥ္ရပ္ေနသည့္ 'ရႈိင္း'ႏွင့္စကားေျပာကာ ၿပဳံးရယ္ေနသည္။

'ရႈိင္း' က ရွပ္လက္ရွည္အျဖဴကို စတိုင္ပန္နက္ျပာႏွင့္တြဲဝတ္ထားကာ မီးခိုေရာင္ေက်ာပိုးလြယ္အိတ္ကို တစ္ဖက္ထဲလြယ္၍ လက္တစ္ဖက္မွ ထမင္းဘူးေလးကို ကိုင္လ်က္ ေနာက္တစ္ဖက္ကို ေဘာင္းဘီအိတ္ကပ္ထဲ ထည့္ထားျခင္းျဖစ္သည္။ အနက္ေရာင္ဆံပင္တို႔အား လွန္သိမ္းထားကာ တည္ၾကည္ခန႔္ျငားသည့္ မ်က္ႏွာက ေပၚလြင္ေနသည္။ 'ျမဴငယ္' ႏွင့္ 'ရႈိင္း' လမ္းအတူေလွ်ာက္လာသည္ကို ေဘးပက္ဝန္းက်င္မွ လူအမ်ားက လည္ျပန္ပင္လိုက္ၾကည့္ေနၾကသည္အထိ....

ေက်ာင္းျပန္ဖြင့္သည္မွာ ယေန႔ႏွင့္ဆိုလွ်င္ ေလးရက္ရွိၿပီျဖစ္ကာ တဘက္ခါဆိုလွ်င္ စေနေန႔ေရာက္ျဖစ္ၿပီျဖစ္၍ ေက်ာင္းပိတ္ရက္ပင္ ျပန္ေရာက္လာေတာ့မည္ျဖစ္သည္။ ယခုခ်ိန္ထိ ျပန္မလာသလို ဆက္သြယ္မလာသူက 'လြမ္း' ပင္... 'လြမ္း' မႏၲေလးကိုသြားတာ ယေန႔ႏွင့္ဆိုလွ်င္ ေျခာက္ရက္ရွိၿပီျဖစ္ကာ 'လြမ္း' ၏အေၾကာင္းကို 'လြမ္း' ၏အစ္ကိုျဖစ္သူ ' ေႏြမႈိင္းနကၡတ္' ဆီသာ အၿမဲဖုန္းဆက္ေမးရသည္။

'ျမဴငယ္' ေက်ာင္းကေနအိမ္ကိုတန္းျပန္လာကာ လက္ထဲက ဖုန္းကိုငုံ႔ၾကည့္ရင္း အိမ္ထဲကိုဝင္လာလိုက္သည္။ 'လြမ္း' ကိုအမွန္တကယ္ပင္ လြမ္းေနၿပီျဖစ္သည္။ 'လြမ္း' ကအခုထိသူ႔ကို မဆက္သြယ္လာသျဖင့္ မႏၲေလးကိုလိုက္သြားရမလား ေတြးေနတုန္းမွာပင္ လူတစ္ေယာက္၏ရင္ဘတ္ကို သူ႔ေခါင္းျဖင့္ တိုက္မိသျဖင့္ ေမာ့ၾကည့္လိုက္မိသည္။

" 'လြမ္း'!! "

'ျမဴငယ္' ကခ်က္ခ်င္းပင္ 'လြမ္း' အေပၚကိုခုန္တက္ကာ ေျခေထာက္တို႔အားခါးတြင္ခြလ်က္ လည္ပင္းကိုသိုင္းဖက္ထားလိုက္သည္။

" ငါမင္းကို အရမ္းလြမ္းေနတာ...မင္းေကာ ငါ့ကိုမလြမ္းဘူးလား "

" မလြမ္းဘူး "

" ဟင္! "

" ငါမရွိတဲ့ရက္ေတြမွာ မင္းအဆင္ေျပေနတဲ့ပုံပဲ "

" ဟင့္အင္း.. မေျပဘူး ငါမင္းကိုအရမ္းလြမ္းတယ္ ေနာက္တစ္ခါက်ရင္ ငါ့ကိုမထားခဲ့ပါနဲ႔ကြာ ေနာ္.. "

" ဆင္းေတာ့ "

" မဆင္းဘူး "

" 'ျမဴ' "

" မဆင္းခ်င္ဘူးလို႔ ငါမင္းကိုအရမ္းလြမ္းေနတာပါဆို... "

'လြမ္း' ဘာမွဆက္မေျပာေတာ့ဘဲ ထိုအတိုင္းသာ အေပၚထပ္ကို ေပြ႕ခ်ီသြားလိုက္သည္။ 'ျမဴငယ္' ၏အခန္းထဲဝင္ကာ ကုတင္ေပၚပစ္ခ်လိုက္ၿပီးေနာက္ ျပန္ထြက္သြားေတာ့ ဆူပုတ္ပုတ္ႏွင့္ က်န္ေနခဲ့သူက 'ျမဴငယ္' ပင္...'ျမဴငယ္' လြယ္အိတ္ကို ဆိုဖာေပၚပစ္တင္ကာ ေရခ်ိဳးခန္းထဲ ေျပးဝင္၍ ေရအျမန္ခ်ိဳးခ်လိုက္သည္။

T ရွပ္လက္တို အျဖဴေရာင္ဆိုဒ္ပြကို ေပါင္တိုအပြအျဖဴႏွင့္ တြဲဝတ္ကာ 'လြမ္း' ၏အခန္းဘက္ကို ထြက္လာလိုက္သည္။ တံခါးေခါက္ကာ ေလာ့မခ်ထားသျဖင့္ ဝင္သြားလိုက္ေတာ့ 'လြမ္း' က ကုတင္ေဘးၾကမ္းျပင္တြင္ ကုတင္ကိုမွီလ်က္ ေျခဆင္းထိုင္ေနကာ ၾကမ္းျပင္ေပၚမွာလည္း ဘီယာ‌ဘူးေတြအျပည့္.... လက္ထဲမွာလည္း တစ္ဘူးကို ေဖာက္ေသာက္ေနကာ...

" အခန္းျပန္ေတာ့ "

" မင္းကလည္း ငါလည္းေသာက္မယ္ေလ "

" မရဘူး "

" 'လြမ္း' ကလည္း ငါတစ္ခါမွမေသာက္ဖူးဘူး
ေသာက္ၾကည့္ခ်င္တယ္ ေကာင္းလား "

" မေကာင္းဘူး "

" မေကာင္းလည္း ေသာက္မယ္ေလ "

'ျမဴငယ္' 'လြမ္း' ၏ေဘးတြင္ဝင္ထိုင္လိုက္ကာ
'လြမ္း' ၏လက္ထဲက ဘီယာဘူးကို လုယူလ်က္ ေမာ့ခ်ပစ္လိုက္သည္။ ထို႔ေနာက္ခ်က္ခ်င္းပင္ မ်က္ႏွာကရႈံ႕မဲ့သြားကာ...

" ဘာအရသာႀကီးလည္း "

'လြမ္း' က ဘူးကိုျပန္လုယူလိုက္ကာ..

" မေကာင္းဘူးလို႔ေျပာတယ္ေလ ျပန္ေတာ့ "

" မျပန္ဘူး မင္းကိုအေဖာ္ေသာက္ကူမယ္ "

'ျမဴငယ္' ကေျပာရင္းပင္ ၾကမ္းျပင္ေပၚကဘူးတစ္ဘူးကို ယူကာ ေဖာက္လ်က္ တစ္ငုံထပ္ေမာ့လိုက္သည္။ မ်က္ႏွာက ရႈံ႕မဲ့ထားရင္း...

" 'လြမ္း' မင္းနားမွာ ငါရွိတယ္ သိလား ဘာမွမျဖစ္ဘူး "

" အင္း... "

" 'လြမ္း' မင္းဘယ္ႏွစ္ဘူးအထိေသာက္ႏိုင္လည္း"

" မသိဘူး ငါလည္းအခုမွေသာက္ဖူးတာ "

ေသာက္ရင္း ေသာက္ရင္းႏွင့္ တစ္ေယာက္ကို
သုံးဘူးစီကုန္ကာ ေလးဘူးေျမာက္ေရာက္သည့္အခ်ိန္‌တြင္ေတာ့ ေတာ္ေတာ္ေလးကို မူးေနၾကၿပီျဖစ္သည္။ 'လြမ္း' ကေတာ့ ၿငိမ္ေနကာ 'ျမဴငယ္' ကေတာ့ အာေလးလွ်ာေလးႏွင့္ စကား‌ေတြ
တတြတ္တြတ္ေျပာေနသည္။

" 'လြမ္း'.. မင္း.. မင္းက Naruto လား ကိုယ္ေတြခြဲထားတာလား ငါမင္းကိုအမ်ားႀကီး ျမင္ေနရတယ္ "

" အင္း "

" 'လြမ္း' မင္းသိလား တစ္ကယ္ေတာ့ေလ ငါက လူမဟုတ္ဘူး "

" အင္း "

" နတ္သားေလးေလ အရမ္း..အရမ္း ေခ်ာတဲ့
နတ္သားေလး "

" အင္း "

" 'လြမ္း' မင္းကေရာ ဘာလည္း "

" Naruto "

" တစ္ကယ္လား "

" အင္း "

" ဒါဆို ငါ့ကိုကိုယ္ေတြအမ်ားႀကီးခြဲျပ ဒီတစ္ခန္းလုံးအျပည့္ "

" အင္း "

'လြမ္း' ကမတ္တပ္ထရပ္လိုက္ကာ မူးေဝေနသျဖင့္ အရွိန္မထိန္းႏိုင္ဘဲ အေရွ႕ဘက္ကို သုံးေလးလွမ္းေလာက္ပင္ ယိုင္ထိုးသြားကာ ပစ္လွဲမက်ေအာင္ မနည္းထိန္းလိုက္ရသည္။

Naruto ဇာတ္ကားထဲတြင္ Naruto ကိုယ္ခြဲခါနီးလုပ္ေလ့ရွိသည့္ အမူအယာကို လုပ္ျပေတာ့ 'ျမဴငယ္' ကဗိုက္ႏွိပ္ကာ ေအာ္ရယ္ရင္း ၾကမ္းျပင္ကိုလည္းတဘုန္းဘုန္းႏွင့္ ထု႐ိုက္ေနသည္။ ထို႔ေနာက္ ရယ္ရင္းႏွင့္ ပက္လက္လွန္က်သြားကာ ျပန္မထဘဲ ထိုအတိုင္းအိပ္ေနသည္။

'လြမ္း' ဒယိမ္းဒယိုင္ျဖင့္ 'ျမဴငယ္' ၏အနားကို ေလွ်ာက္လာကာ...

" 'ျမဴ' ထ! ၾကမ္းျပင္မွာမအိပ္နဲ႔ "

အမူးသမားက ေနာက္ထပ္အမူးသမားကို
တြဲထူရင္း ႏွစ္ေယာက္သား ယိုင္ထိုးကာ အိပ္ယာေပၚကို ထပ္လ်က္ပစ္က်ေတာ့ 'လြမ္း' ကေအာက္ကျဖစ္ကာ 'ျမဴငယ္' က အေပၚမွအုပ္မိုးထားသည့္ အေနအထားျဖစ္သြားသည္။

' ျမဴငယ္' က လက္တစ္ဖက္ျဖင့္ 'လြမ္း' ၏ပါးကိုဆြဲကာ....

" 'လြမ္း'... မင္းကအရမ္းခ်စ္စရာေကာင္းတယ္ "

" အင္း "

'ျမဴငယ္' ၏အၾကည့္ေတြက 'လြမ္း'၏ နီရဲေနသည့္ ႏႈတ္ခမ္းသားေပၚေရာက္သြားေတာ့ လက္ျဖင့္ခပ္ဖြဖြတို႔ထိကာ....

" ငါေလ ကိုကိုငါ့ကိုနမ္းတုန္းက ဘာမဆိုင္ဘာမဆိုင္ မင္းကိုသြားသတိရတယ္ သိလား "

" အင္း "

" 'လြမ္း'.. ငါတို႔ႏွစ္ေယာက္ရဲ႕ ပထမဆုံးအနမ္းကို
မွတ္မိလား "

" အဲ့တာ အနမ္းမဟုတ္ဘူး "

" ဟင္! "

" မေတာ္တဆထိမိတာ "

" တူတူပဲေလ "

" မတူဘူး "

" ဟင္! "

" အဲ့တာကို အနမ္းလို႔မေခၚဘူး "

" ဒါဆို ဘာကိုအနမ္းလို႔ေခၚတာလည္း "

" သိခ်င္လား "

" အင္း "

'ျမဴငယ္' ေခါင္းၿငိမ့္ျပလိုက္သည္ႏွင့္ 'လြမ္း' က 'ျမဴငယ္' ကိုေဘးသို႔လွဲခ်လိုက္ကာ အေပၚမွအုပ္မိုးလိုက္သည္။ ထို႔ေနာက္ 'ျမဴငယ္' ၏ႏႈတ္ခမ္းကိုငုံ႔နမ္းလိုက္ကာ ႏႈတ္ခမ္းတို႔အား အေပၚတလွည့္ေအာက္တလွည့္စုပ္ယူနမ္းရႈိက္လိုက္သည္။ 'ျမဴငယ္'က 'လြမ္း' ၏လည္ပင္းအား သိုင္းဖက္လာကာ အနမ္းတို႔အား တုံ႔ျပန္လာသျဖင့္ 'လြမ္း' လွ်ာဖ်ားျဖင့္ ခံတြင္းထဲတိုးဝင္ လိုက္သည္။ 'လြမ္း' ကခံတြင္းထဲေမႊေႏွာက္စုပ္ယူသလို 'ျမဴငယ္' ကလည္းအလုအယက္ပင္ 'လြမ္း' ၏ခံတြင္းထဲတိုးဝင္လာကာ ေမႊေႏွာက္စုပ္ယူလာသည္။ လွ်ာတို႔အား လိမ္ယွက္စုပ္ယူကာ အလုအယက္ပင္ နမ္းရႈိက္ၾကသည္။

ႁပြက္! ႁပြက္!

အသက္ရႈၾကပ္လာသည့္ အေနအထားေရာက္ေနေသာ္ျငား တစ္ေယာက္မွ ႏႈတ္ခမ္းတို႔အား အလြတ္မေပးခ်င္... 'ျမဴငယ္' က 'လြမ္း' ၏လက္ေမာင္းအား ခပ္ဖြဖြထု႐ိုက္လိုက္ေတာ့မွ
'လြမ္း' ကလြတ္ေပးလာကာ 'ျမဴငယ္' ၏လည္ပင္းတြင္ မ်က္ႏွာအပ္၍ လည္ပင္းသားကို စုပ္ယူနမ္းရႈိက္လာသည္။ ထို႔ေနာက္ ႏႈတ္ခမ္းသားတို႔အား ျပန္လည္ဦးတည္ကာ ဝါးစားမတတ္စုပ္ယူနမ္းရႈိက္လာသည္။

ႁပြက္!

'လြမ္း' 'ျမဴငယ္' ၏ေအာက္ႏႈတ္ခမ္းကို တစ္ခ်က္စုပ္ယူၿပီးမွ လြတ္ေပးလာကာ...

" အခုလိုနမ္းတာကိုမွ အနမ္းလို႔ေခၚတာ "

" အဲ့တာက...အရမ္းေကာင္းတာပဲ "

'ျမဴငယ္' ကထိုသို႔ဆိုကာ မ်က္ဝန္းတို႔မွိတ္လ်က္ အိပ္ေပ်ာ္သြားကာ 'လြမ္း' ကလည္း 'ျမဴငယ္' ကိုရင္ခြင္ထဲဆြဲထည့္ကာ ခဏေလးတြင္းပင္ အိပ္ေပ်ာ္သြားသည္။

>>>>>>>>

'လြမ္း' မနက္အိပ္ယာႏိုးလာေတာ့ ေခါင္းကတဆစ္ဆစ္ထိုးကိုက္ေနသျဖင့္ နားထင္တို႔အား
လက္ျဖင့္ဖိႏွိပ္လိုက္သည္။ 'ျမဴငယ္' ကသူ႔ရင္ခြင္ထဲဝင္အိပ္ေနကာ ေျခေထာက္တို႔ျဖင့္လည္း သူ႔ကိုခြထားေသးသည္။ 'လြမ္း' ထထိုင္ကာ 'ျမဴငယ္' ၏ေျခေထာက္ကို ေဘးသို႔ခ်ေပးလိုက္သည္။
နားထင္တို႔အား ဖိႏွိပ္လ်က္ ညကအေၾကာင္းအရာတို႔က ေခါင္းထဲတရိပ္ရိပ္ျပန္ျမင္လာသည္။
က်စ္! ငါဘာေတြလုပ္မိတာလည္း....

>>>>>>>>>

Tulip_K ☘️

2.12.2023

Continue Reading

You'll Also Like

4.2M 264K 101
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
23.7K 426 10
Hey guys! Shelby here! I'm so excited to publish this! I've shipped Creddie most of my childhood, so I'm sorry to the Seddie shippers. Hope you all s...
832K 69.5K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1.5K 128 16
"My past is something I regret and love the most." She said "but I don't want to continue living in it." What happens when world famous idol falls in...