"ဝလုံးလေး"

By YYHPCYBBH

5.8K 427 40

ဝလုံး ဝလုံး ဖိုးဝလုံး ချစ်စရာလေးဖိုးဝလုံး ချိုချိုပြုံးတဲ့ဝလုံးရယ် ထန်းရည်တစ်မြူပေးပါကွယ်~~ More

Dear~~
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆

အပိုင်း ၁၂

229 21 0
By YYHPCYBBH

‌ဒီဇင်ဘာရဲ့ဆောင်းမနက်ခင်းတစ်ခု... သစ်ပင်ဝါးပင်တို့နှင့် တောရပ်တောရွာမို့ပေလားမသိ.. မန္တလေးကထက်ပင်ပိုလို့ချမ်းသေးသည်...

ဘာလိုလိုနဲ့ သူတို့ဒီရွာလေးကိုရောက်တာ ၂လကျော်ရှိလာပြီ...သူတို့လည်း ဒီရွာနဲ့ခပ်မြန်မြန်အသားကျနေပြီဖြစ်သည်..

ဘယ်လောက်အေးအေး ၅နာရီအိပ်ယာကနေထတတ်တဲ့ ငြိမ်ဦးက ဝါးအိမ်လေးရဲ့ ပြတင်းပေါက်တွေကိုဖွင့်လိုက်တော့ ဆောင်းလေကစိမ့်ကနဲဝင်တိုးသည်...

ဝတ်ထားတဲ့အနွေးထည်ထူထူကို ဆွဲကိုင်၍တစ်ချက်တွန့်သွားရသည်...လှေကားနှစ်ထစ်ကိုနင်းပြီးအိမ်အောက်ကိုဆင်းလိုက်သည်...ဒီရွာလေးရဲ့ထူးခြားချက်က တစ်ရွာလုံးနီးပါး ဝါးအိမ်ကလေးတွေကို ထန်းရွက်တစ်ထပ်အပေါ်ကသွပ်တစ်ထပ်မိုးကာ ဝါးလှေကားနှစ်ထစ်သုံးထစ်နှင့် ခပ်မြင့်မြင့်လေးဆောက်ထားကြသည်ပင်...

နှင်းမှုန်မှုန်တွေကြားက ဝိုးတဝါးမြင်နေရတဲ့ ရွာဦးစေတီကိုမှန်းကာ မျက်လုံးမှိတ်လက်အုပ်ချီလို့ ဝတ်ပြုလိုက်သည်...

ငယ်စဉ်ကတည်းက ဘာသာတရားရိုသေကိုင်းရှိုင်းတဲ့ အဖိုးအဖွားဆုံးမသွန်သင်မှုအောက်မှာကြီးပြင်းလာရသူမို့ ငြိမ်ဦးကဘာသာရေးလိုက်စားသည်...

ဘုရားတရားက သူ့စိတ်ကိုတည်ငြိမ်အေးချမ်းစေသည်မလား...သူဘွဲ့ရကာစအချိန်အဖိုးနဲ့အဖွား မရှေ့မနှောင်းကွယ်လွန်သွားကတည်းက တစ်ချိန်တည်းမှာအမုန်းတွေ နာကျင်မှုတွေ ဝမ်းနည်းမှုတွေ သူ့အပေါ်စုပြုံကျလာခဲ့တာ သူ့မှာဘယ်လောက်တောင် တောင့်ခံခဲ့ရလဲ...

သူ့စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးထိထိုးကျနေချိန်မှာ
တစ်ခုတည်းသောအလင်းတန်းက ဗုဒ္ဓမြတ်စွာဘုရားပဲ... နာကျင်မှုတွေ ခံပြင်းမှုတွေ တောင့်မခံနိုင်တော့တဲ့အဆုံး သူသာသနာ့ဘောင်ကိုဝင်ခဲ့သည်...

သူ့စိတ်တွေ တည်ငြိမ်သွားတဲ့အချိန် အရာအားလုံးကို လက်ခံလာနိုင်တဲ့အချိန်ကိုရောက်ဖို့ နှစ်နှစ်ကျော်အချိန်ယူလိုက်ရသည်...

နှစ်နှစ်ကျော် သုံးနှစ်နီးပါးဦးပဉ္ဇင်းဝတ်ပြီးတဲ့နောက် လူထွက်ကာ သူ့ဝါသနာနဲ့အိပ်မက်တစ်ထပ်တည်းကျတဲ့ ကျောင်းဆရာအလုပ်ကိုဆက်လုပ်ဖို့ပြင်ဆင်ရတော့သည်...

ထိုနှစ်တွေအတွင်း သူ့ကိုဖေးမခဲ့တဲ့မိုးသားကို တကယ်ကျေးဇူးတင်မိသလို အားလည်းနာရသည်...

ဘွဲ့ရပြီးတာကြာနေပြီဖြစ်တာကြောင့်ရော သူကပါမြို့ပြမှာနေထိုင်ချင်စိတ်မရှိတာကြောင့်ရော တောရွာဘက်ကိုအလုပ်လျှောက်တော့လည်း ဝင်ငွေကောင်းတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းကြီးက ကျောင်းဆရာအလုပ်ကိုစွန့်လွှတ်ကာ သူနဲ့အတူလိုက်လာခဲ့သည့်မိုးသားက တစ်ခါတစ်လေစကားများလွန်းပေမဲ့ သူငယ်ချင်းကောင်းပီသခဲ့သည်... 

ကျောင်းတက်ကတည်းက အဆောင်တူအခန်းတူ အတန်းပါတူခဲ့လို့ သူ့ကိုဆိုသိပ်ခင်တွယ်သည်...
မိဘမဲ့ဖြစ်သည့်မိုးသားက ခင်တွယ်စရာဆိုလို့ သူပဲရှိခဲ့သလို စကားနည်းလွန်းပြီးဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်ပဲ တစ်ယောက်တည်းနေတတ်တဲ့သူ့မှာလည်း ခင်တွယ်စရာမိုးသားပဲရှိခဲ့သည်ပဲ...

"အမေမလိုက်လာပါနဲ့ဆိုတာကို~~"

အတိတ်ကိုရွက်လွင့်နေတဲ့သူ့အတွေးတွေက အသံဆာဆာလေးကြောင့် လက်ရှိကိုပြန်ရောက်လာသည်...

အိမ်ဝိုင်းထဲကနေအသံလာရာ ခပ်မြန်မြန်လှမ်း‌ကြည့်တော့ ပုပုလုံးလုံးလေးက ချိုင့်တစ်ချိုင့်ဆွဲလို့ အမေဖြစ်သူကိုလက်တစ်ဖက်နဲ့တွဲခေါ်လာသည်...

"ကဲပါသားလုံးလေးရယ် ရောက်ပဲလာပြီကို.."

သူကြည့်နေတုန်း အိမ်ပေါက်ဝရောက်လာတဲ့သားအမိက ဝိုင်းထဲကသူ့ကိုခုမှမြင်ဟန်..

"ဟော ဆရာလေး ဝင်ခဲ့လို့ရမလားကွယ်..."

"ဟုတ်ကဲ့အဒေါ်ဝင်ပါဗျ ...အိမ်ပေါ်ထိုင်ပါအုံး.."

အနားရောက်လာတဲ့ကောင်လေးကိုသေချာမြင်ရမှ သူ့မျက်ခုံးတွေပင့်မိသွားရသည်...အဝါရောင်ဂွမ်းကပ်ကာတွန်းအနွေးထည်ဝမ်းဆက်နှင့်ကောင်လေးက အဝါရောင်နဲ့အနက်ရောင်စပ်ကြားခေါင်းစွပ်ဦးထုပ်လေးကိုလည်းဆောင်းထားသေးသည်...

အနွေးထည်အောက်ကအင်္ကျီဘယ်နှထပ်လောက်များဝတ်ထားလည်းမသိ ဖောင်းဖောင်းကားကားနှင့်ဘာလေးမှန်းမသိ... ခေါင်းစွပ်ဦးထုပ်အောက်က နှုတ်ခမ်းပါးလေးက အလိုမကျဟန်ခပ်စူစူ.. သူ့စိတ်ထင်ဦးထုပ်နဲ့ဖုံးနေတဲ့ မျက်ခုံးတန်းလေးတွေရော စုကျုံ့နေမလားလို့လေ...

"နေပါစေဆရာလေးရယ် ဆရာတော့ဆီဆွမ်းချိုင့်ပို့ရင်း ဆရာလေးတို့အတွက် အသုပ်ကလေးတွေလာပို့တာပါ..."

"ကျွန်တော်တို့အတွက် တကူးတကကြီးမလုပ်ပါနဲ့အဒေါ်ရယ်..ကျနော်တို့ဒါတွေမလိုပါဘူး.."

သူတကယ်ပင်အားနာသွားရသည်... ရွာနဲ့အသားကျမြန်ပေမဲ့ ရွာကလူတွေကသူတို့ကို တကူးတကြီးဆက်ဆံတိုင်းနေရခက်လှသည်... သူ့ကိုဒီအတိုင်း မေတ္တာတွေပဲပြန်ပေးစေချင်သည်...

"ယူထားလိုက်ပါ...တကူးတကကြီးမဟုတ်ပါဘူး ဒီနေ့က အဘဆုံးတာ၃နှစ်ပြည့်မို့ရွာထဲကလူတွေကိုပါ ဒီနေ့ဆိုင်မှာစတုဒီသာကျွေးတာပါ ခင်ဗျား အဲ ဆရာတို့ကိုကျ ဆိုင်ကိုဖိတ်ဖို့မသင့်တော်ဘူးမို့လားဗျ..."

အသံအေးအေးလေးနဲ့အတူ သူ့ရှေ့ရောက်လာတဲ့ သုံးဆင့်ချိုင့်လေး...

"ဒါဆိုကျေးဇူးတင်ပါတယ်.."

ချိုင့်ကိုလှမ်းယူလိုက်တဲ့အချိန်...လေပြေပဲတိုးလေသလား နှင်းမှုန်များပိုကျလေသလား အေးစက်စက်လက်ကလေးနဲ့ခပ်ဖွဖွထိတွေ့မိလိုက်လေသလား သူမဝေခွဲတတ်တော့...

"ဒါဆိုအဒေါ်တို့ပြန်မယ်နော်ဆရာလေး..."

"ဟုတ်ကဲ့...ထပ်ပြီးကျေးဇူးတင်ပါတယ် အဒေါ်..."

"ချိုင့်ကိုညနေမှ ကျနော်လာယူပါ့မယ်ဗျ သွားအုံးမယ်ဗျ အမေ‌ပြန်ရအောင်..."

ပတ်ဝန်းကျင်ကအသံတွေလည်းမကြားရ... လှည့်ထွက်သွားတဲ့အခါ လျှပ်တပြက်မြင်လိုက်ရတဲ့မျက်နှာ‌သေးသေးလေးက သူ့ကိုပြုံးပြသွားလေ သလား...

ပုံရိပ်နှစ်ခုသူ့မြင်ကွင်းက ပျောက်ကွယ်သွားမှ လက်ထဲကချိုင့်လေးကိုကြည့်လိုက်မိသည်...

လက်ချောင်းထိပ်မှာကျန်နေခဲ့တဲ့ ခံစားမှုသေးသေးလေး... စည်းချက်ကျကျငြိမ့်ငြိမ့်လေးလှုပ်ရှားနေတဲ့ ရင်ခုန်သံ...

သူတကယ်ပဲ နှောင်ကြိုးသေးသေးလေးကို ရှာတွေ့ခဲ့ပြီဖြစ်သည်....။

Continue Reading

You'll Also Like

1.2M 40K 59
Princess Nymeria is well aware that her kingdom is in decline. It has been for hundreds of years after all. Unlike her ancestors, she's willing to re...
53K 842 12
This story is based on village story with lots of smut...
143K 4K 27
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
266K 10.3K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚