လီပါ့ထျန်တစ်ယောက် နေရာမှာပင် မလှုပ်နိုင်ဖြစ်သွားတော့သည်။ ကျင်းဖျင်၏ ချီစွမ်းအင်လှိုင်းလုံးများသည် ကြီးမားပြီးတောင်ကြီးတစ်ခုလို ဖြစ်လာသောကြောင့် စိတ်ထဲတွင်ေ အ်ာဟစ်နေသော်လည်း လက်တွေ့တွင် အာခေါင်များ ခြောက်သွေ့ကာ အသံပင်မထွက်နိုင်ချေ။
အေးစက်စက်ချွေးများက သူ့နဖူးပေါ်မှ စီးကျလာလေသည်။ ဤရိုးရှင်းသော ခူသည် ဤမျှကြောက်စရာကောင်းမည်မှန်း မသိခဲ့ပေ။ သူသည် အခြေနေနှင့် အချိန်အခါကို နားမလည်သူ မဟုတ်ပေ။
ဖူရှင်းမြို့တော်ကဲ့သို့ အခြေတည်အဆင့်ရှိသည့် များပြားလှသော အဆင့်မြင့်ကျင့်ကြံသူ အမြောက်အများကို တွေ့ဖူးသော်လည်း ကျန်းဖျင်၏ ချီစွမ်းအင်ကို ယှဉ်နိုင်မည့်သူ မတွေ့ဖူးပေ။ တစ်ခဏအတွင်းမှာပင် သူ့ကိုယ်သူ စိတ်ကူးပင်မယဉ်ဖူးသော အတွေးတစ်ခုတွေးမိလိုက်သည်။ ကျန်းဖျင်သည် အမတအဆင့် ကျင့်ကြံသူတစ်ဦးပေလော။
*မဟုတ်ဘူး.. အဲ့ဒါက ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး*
ဆောက်တည်ရာမရဖြစ်နေသော သူ့ပုံစံသည် နှလုံးသားအစုံလိုက် အဆုံးမရှိသော ချောက်ထဲသို့ ပြုတ်ကျသွားသည့်နှယ်။ ရှောင်းယွီကဲ့သို့ မြို့ငယ်လေးတွင် ဤကဲ့သို့ပါရမီရှင်တစ်ယောက် ပုန်းခိုနေထိုင်နေသည်မှာ မဖြစ်နိုင်ပေ။ သူထင်ယောင်ထင်မှားဖြစ်နေသည်မှာ သေချာပေသည်။ လီပါ့ထျန်ရုတ်တရက် အသက်ရှူမဝတော့သလို ခံစားလိုက်ရသည်။
သို့သော် ထိုအခိုက်အတန့်တွင် ကျင်းဖျင်သည် ပျောက်သွားပြီး ရုတ်တရက်လသူ့ရှေ့တွင် ပြန်ပေါ်လာခဲ့သည်။ လီပါ့ထျန်တစ်ယောက် မတုံ့ပြန်ခင်မှာပင် ကျန်းဖျင်၏ အေးစက်စက်ညာလက်သည် ဆန့်ထွက်လာကာ လီပါ့ထျန်လည်ပင်းအား ဖမ်းမြှောက်လိုက်တော့သည်။ ကျန်းဖျင်၏ အကြည့်များကြောင့် လီပါ့ထျန်ခမျာ ကျောရိုးတစ်လျှောက် အေးစိမ့်မှုကို ခံစားလိုက်ရသည်။ လီပါ့ထျန်ငည် ကြောက်ရွံ့မှုကြောင့် မျက်လုံးချင်းပင် စုံမကြည့်ရဲချေ။
လီပါ့ထျန်လည်း အသက်ရှုရခက်လာသောကြောင့် ကျန်းဖျင်၏ ချုပ်ကိုင်မှုမှ လွတ်မြောက်ရန် ငြင်းဆန်ရင်ပင် တဖြည်းဖြည်းအရုပ်ဆိုးလာတော့သည်။ နဖူးရှိ သွေးကြောများပင် ထင်းလာပြီး စကားပြောရန်ကြိုးစားသော်လည်း အသံပင်မထွက်နိုင်သောကြောင့် ရုန်းကန်ရန်သာတတ်နိုင်သည်။
ကျန်းဖျင်တစ်ယောက် သူ့ကို အေးစက်စက်ကြည့်ကာ သူ့လက်ကို လွှဲလိုက်ရင်း လီပါ့ထျန်အား ကြမ်းပြင် ပေါ်သို့ ပစ်ချလိုက်လေသည်။
"အဟွတ် အဟွတ်"
လီပါ့ထျန်ခမျာ မထိန်းနိုင်စွာတော့ဘဲ အသည်းအသန်ချောင်းဆိုးရင် မျက်ရည်များနှင့် နှာရည်များမှာ မျက်နှာတွင် ပေပွနေပြီး ကြမ်းပြင်ပေါ်တွင် ပုံလျက်သားလဲကျကာ ပြင်းပြင်းထန်ထန်နာကျင်နေပုံပေါ်ရသည်။ ထို့နောက် ကျန်းဖျင်က သူ့ရှေ့တွင်ထိုင်ချလိုက်သည်။
သူ့ရှေ့တည့်တည့်တွင် ကျန်းဖျင်ကို တွေ့လိုက်ရသောအခါ လီပါ့ထျန်တစ်ယောက် အထိန်းအကွပ်မရှိ တုန်လှုပ်လာတော့၏။
"ဒုန်း ဒုန်း ဒုန်း.."
မည်သူ၏ ဖိအားပေးမှုမပါပဲ ကြမ်းပြင်နှင့် သူ့ခေါင်းသူဆောင့်ကာ အရူးအမူး အော်ဟစ်လိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော်ာအသက်ကို ချမ်းသာပေးပါ။ လူကြီးမင်းကျန်း"
လီပါ့ထျန်၏ မျက်နှာမှာ ကြောက်လန့်မှုအပြည့်နှင့် အသံမှာလည်း ဝမ်းနည်းမှုအပြည့်ဖြစ်နေသည်။
"ဒီအရူးက တုံးမိုက်လွန်းပြီး မျက်စိကန်းသွားလို့ စော်ကားမိတာပါ ။ကျနော့်ကို ကျေးဇူးပြုပြီး လေထဲကဖုန်လိုသာ သဘောထားပေးပါ"
ထိုလူ၏ အသည်းအသန်တောင်းပန်နေပုံကိုကြည့်ကာ ကျန်းဖျင် ခေါင်းမခါပဲ မနေနိုင်တော့။ ထို့နောက် သူ၏ချီစွမ်းအင်များကို ပြန်သိမ်းလိုက်သောကြောင့် လီပါ့ထျန် ကိုယ်ပေါ်တွင် ရှိနေသော ဖိအားမှာ သက်သာသွားတော့သည်။ သို့သော်လည်း သူ သက်ပြင်းမချရသေးခင်မှာပင် ကျန်းဖျင်၏ အေးဆေးသော စကားသံ ထပ်ထွက်လာပြန်သည်။
"ငါ မင်းကို စကားကောင်းကောင်းပြောပြီး အေးအေးချမ်းချမ်း ညှိနှိုင်းဖို့ ကြိုးစားသားပဲ။ ဒါပေမယ့် မင်းကလက်မခံဘူးလေ။ ပြီးတော့ ဝိန်အာ့ကိုပါ ဆွဲထည့်ပြီး သတ္တိရှိရှိ ခြိမ်းခြောက်လိုက်သေးတယ်။"
"မဟုတ်ဘူး.. မဟုတ်ပါဘူး"
ထိုစကားကြောင့် လီပါ့ထျန်မှာ ပိုပြီးကြောက်ရွံ့လာခဲ့သည်။
"အထင်လွဲတာပါ။ အဲဒီ့လို အဓိပ္ပါယ်နဲ့ပြောတာ လုံးဝမဟုတ်ပါဘူး"
"အဲ့တာဆို မင်းပြောကြည့် ဘာအဓိပ္ပါယ်ဖြစ်မလဲ"
"ကျွန်တော်..."
လီပါ့ထျန်၏ နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာတော့သည်။
*အဲဒီ့အဓိပ္ပါယ်နဲ့ မဟုတ်ဘူးဆိုရင် ဘာကိုပြောချင်တာလဲ*
*သေချာပေါက် ဟုတ်တယ်ပြောလိုက်ရင် အသက်နဲ့ကိုယ် အိုးစားကွဲသွားမှာပေါ့*
"မင်းဘာကိုဆိုလိုတာလဲဆိုတဲ့ ဖြေရှင်းချက်ကို စောင့်နေပါတယ် လူကြီးမင်းလီ"
ကျန်းဖျင်က သူ၏ဖြေရှင်းချက်ကို အမှန်တကယ် စောင့်နေသည့်ပုံမျိုးနှင့်ပြောလိုက်သည်။ ထိုစကားကိုကြားသောအခါ လီပါ့ထျန်တစ်ယောက် ပို၍ပင်တုန်လှုပ်လာသည်။ အခြားဆင်ခြင်မပေးရဲတော့သောကြောင့် ..
"သခင်ကြီးကျန်း ကျွန်တော် အမှားလုပ်မိတာပါ။ ခွင့်လွှတ်ပေးပါ!"
"ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ "
"မင်း သမီးဖြစ်သူအတွက်လည်း တောင်းပန်ပါတယ်"
ထိုစကားကိုပင် လီပါ့ထျန် ထပ်ခါထပ်ခါပြောနေသည်။
"မဟုတ်သေးဘူး မဟုတ်သေးဘူး"
ကျန်းဖျင်က ခေါင်းခါရင်းပြောလိုက်သောအခါ လီပါ့ထျန် နှလုံးသားမှာ ဟိုးအဆုံးထိနစ်မြုတ်သွားတော့သည်။
*သူ့ကို ခွင့်လွှတ်မပေးတာဖြစ်နိုင်လား။ ချစ်လှစွာသောသားရေ မင်းကြောင့် မင်းအဖေတော့ ဒုက္ခလှလှရောက်ပြီ။ မင်းဘယ်လိုများ ဒီကလေးမကို ရန်သွားရှာဝံ့ရတာလဲ။ သူ့အဖေမှာ ဒီလိုအစွမ်းစရှိမယ်ဆိုတာသိခဲ့ရင် ငါ့လည်း ဒီလိုပြောဆိုလှောင်ပြောင်ဖို့ သတ္တိတောင်ရှိမှာမဟုတ်ဘူး*
သူသည် အတွေးထဲ၌သာ နာကျင်နေသည်။
လီပါ့ထျန်သည် ကိုယ့်မျက်နှာကိုယ် ဖြတ်ရိုက်ပစ်ချင်စိတ်သာ ပေါက်လာသည်။ ကျန်းဖျင်က စကားကို သာမန်ကာလျှံကာပြောလိုက်၏။
"အရေးကြီးဆုံးကိစ္စကို မေ့တော့မလို့ "
"ဒီနေ့လာရတဲ့ အကြောင်းအရင်းက လူကြီးမင်းလီကို တောင်းပန်မလို့လေ။ လူကြီးမင်းလီက အခုထိ ကျွန်တော်တို့ တောင်းပန်တာလက်မခံရသေးဘူးနော်"
"ဘာလဲ ထပ်တောင်းပန်ချင်သေးတာလား"
လီပါ့ထျန်ခမျာ ဘာတွေဖြစ်နေမှန်းမသိဘဲ ကြောင်အသွားတော့သည်။ လီပါ့ထျန်က တုံ့ပြန်မှုမရှိသည်ကို မြင်သောအခါ ကျန်းဖျင်က မျက်မှောင်ကျုံ့ပြီး ပြောလိုက်သည်။
"ဘာလဲ တောင်းပန်တာကိုလက်မခံဘူးလား"
ကျန်းဖျင်၏ စိတ်မရှည်သော လေသံကိုကြားသောအခါ လီပါ့ထျန်တစ်ကိုယ်လုံးတုန်ဆင်းသွားကာ ကြောက်ကြောက်လန့်လန့်နှင့် ဖြေလိုက်၏။
"လက်ခံပါတယ် လက်ခံပါတယ်"
*သူဘယ်လိုလုပ်များ လက်မခံရဲဘဲ နေပါ့မလဲ။ သူသာလက်မခံရင် အသက်ရှင်နိုင်ဦးမယ်တောင် မထင်ဘူး*
"ဒါဆို အခု ချီစွမ်းအင်ထိန်းဆေးလုံးကိုရော လိုချင်သေးလား"
"မလိုချင်တော့ပါဘူး မလိုချင်တော့ပါဘူး"
သူသည် အလျင်အမြန် ခေါင်းပြတ်လုမတတ် ခေါင်းခါပြီး အလျင်အမြန် ငြင်းလေသည်။ ကျန်းဖျင်သည် ထိုပုံစံတွေ့သောအခါ မလှောင်ရယ်ပဲ မနေနိုင်တော့ပေ။ သူသည် လီပါ့ထျန် ဦးခေါင်းကို အနားဆွဲလိုက်ကာ တိုးတိုးလေးပြောလိုက်၏။
"ခုနတည်းက အခုလိုမျိုးပြောလိုက်ရင် ပိုအဆင်ပြေမသွားဘူးလား"
"ခုနကအထိ တောင်းနေတာမလား။ ကြည့်ရတာ စကားကောင်းကောင်းပြောတတ်ဖို့ နည်းနည်းတော့ သင်ခန်းစာပေးဖို့လိုတယ်ထင်တယ်"
ထိုစကားကိုကြားသောအခါ လီပါ့ထျန်ခန္ဓာကိုယ်တစ်ခုလုံး အားမရှိသကဲ့သို့ ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။
နှလုံးသားထဲမှ ခါးသီးမှုများနှင့် ပြည့်လျှံနေကာ စိတ်မသက်မသာခံစားနေရသော်လည်း ငိုနိုင်သည့်အင်အား မရှိသေးချေ။ ယဉ်ကျေးသိမ်မွေ့ ၍ စကားပြောကောင်းသော ထိုကောင်လေးမှာ ဤမျှအင်အားကြီးမည်မှန်း မည်သူကထင်မည်နည်း။ အားနည်း၍ အနိုင်ကျင့်ရလွယ်မည့်ပုံ ပေါက်နေသော်လည်း လက်တွေ့တွင် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ထိုစကားများကို သူအပြင်ထုတ်ကာ မပြောနိုင်ပေ။
"ကောင်းပြီ ဒါဆိုမြန်မြန်ထပါ "
"ခဏနေ အပြင်ထွက်လို့ သမီးလေးနဲ့တွေ့တဲ့အခါ တစ်ခုခုမှားနေတာ မသိသာစေနဲ့။ ပြုံးပြီး ဘာမှမဖြစ်သလို နေဖို့လည်းမမေ့နဲ့"
ထိုစကားပြောနေသည့်အချိန်တွင် သူသည် တအားချစ်တတ်သော ဖခင်တစ်ယောက်ပုံစံ ပြန်ဖြစ်သွားလေသည်။ ထိုစကားကိုကြားသောအခါ လီပါ့ထျန်အလွန် အံ့သြသွားသည်။
*ငါပဲမှားနေတာလား.. သူပဲမှားနေတာလား.. သူက အင်အားဒီလောက်ကြီးတာ သူ့သမီးကို မသိစေချင်ဘူးလား*
ထိုအရာသည် သူ၏အတွေးပင်ဖြစ်သော်ငှား ထုတ်မပြောရဲသဖြင့် ခိုင်းသည့်အတိုင်းသာ လိုက်နာနိုင်သည်။ ထို့ကြောင့် သွေးထွက်သော နေရာကို သုတ္ကာ အနက်ရောက်ပိတ်စတစ်ခုနှင့် ပတ်လိုက်သည်။
....
နှစ်ယောက်သား နားနေဆောင်သို့ ပြုံးပြုံးရွှင်ရွှင်နှင့် ပြန်လျှောက်လာသည်။ ကျန်းဖျင်၏ အပြုံးမှာ တောက်တောက်ပပဖြစ်နေသော်ငှား လီပါ့ထျန်၏ အပြုံးမှာ မျက်ခုံးကျုံ့သည်ထပ် ပိုဆိုးနေသည်။ ကျန်းဖျင်ကို တွေ့တွေ့ချင်းပင် ကျန်းဝိန်အာတစ်ယောက် ဖခင်ဖြစ်သူလက်ကိုသွားတွဲကာ
"ဖေဖေ ဘယ်ရောက်နေတာလဲ"
ဝိန်အာ၏ ချစ်ဖို့ကောင်းသော အသံလေးကြောင့် ကျန်းဖျင်သည် ချက်ချင်းစိတ်ကြည်သွားလေသည်။ သူက ရယ်မောကာ
"မင်းရဲ့ဦးလေးလီကို တောင်းပန်ခဲ့ပြီးသွားပြီ။ မင်းရဲ့ဦးလေးလီကလည်း မင်းကိုခွင့်လွှတ်လိုက်ပြီ။ ဟုတ်တယ်မလား အစ်ကိုလီ"
ကျန်းဖျင်သည် အနောက်ကိုလှည့်ပြောသာအခါ ကျန်းဝိန်အာကပါ လိုက်ကြည့်လေသည်။ ထိုစကားသံကြားသောအခါ လီပါ့ထျန်တစ်ယောက် ခါးသီးစွာပြုံးကာ ရူးမတတ်ခေါင်းငြှိမ့်ပြရင်း ထောက်ခံလေသည်။
"ဟုတ်တယ် ခွင့်လွှတ်လိုက်ပါပြီ"
ပြောပြီးနောက် ကျန်းဖျင်ကို တိတ်တိတ်လေး ခိုးကြည့်လေသည်။ ကျန်းဝိန်အာကို ယုယုယယပွေ့ချီထားသည်ကိုမြင်မှာ သက်ပြင်းချမိသည်။
"ဟုတ်ပြီကွ!!!"
ကျန်ဝိန်အာ လီပါ့ထျန်း၏ အတည်ပြုစကား ကြားသောအခါ အလွန်ပျော်ရွှင်နေတော့သည်။ သူမ၏ သေးငယ်သော လက်ဖဝါးနှစ်ဖက်ကို လက်ခုပ်တီးပြီး ပြုံးရယ်မှုကြောင့် သူမ၏မျက်ဝန်းများမှာ လခြမ်းကွေးသဏ္ဍာန်အဖြစ်ပြောင်းသွားသည်။
"ဂွီ.."
ကျန်းဝိန်အာ၏ အစာအိမ်မှ အော်သံထွက်လာသည်။ ကျန်းဖျင်လည်း တစ်ခဏမျှ အံ့သြသွားကာ ရယ်မောပြီး ကျန်းဝိန်အာ၏ နှာခေါင်းလေးကို အသာလေးတို့ထိကာ မေးလိုက်သည်။
"ဗိုက်ဆာနေလား"
ကျန်းဝိန်အာ၏ မျက်နှာတစ်ခုလုံးနီရဲလာကာ
"ဖေဖေ မရီရဘူး"
ကျန်းဖျင်၏ပါးစပ်ကို လက်သေးသေးလေးနှင့် လိုက်ပိတ်လေသည်။
"ကောင်းပါပြီ။ မစတော့ဘူး ။အချိန်လည်းနောက်ကျနေပြီ.. ဗိုက်ဆာလာပြီ"
"အိမ်ပြန်ရအောင်။ သမီးအတွက် အရသာရှိတာချက်ကျွေးမယ်"
"ဟုတ်ပြီကွ!"
ထိုစကားကိုကြားသောအခါ ကျန်းဝိန်အာသည် ထောက်ခံကြောင်း အမူအရာနှင့်ပြသသည်။ ထို့နောက် ကျန်းဖျင်သည် ကျန်းဝိန်အာကိုချီကာ နောက်သို့လှည့်မကြည့်ပဲထွက်သွားလေသည်။
"ဝိန်အာ သမီးကို ရှေ့လျှောက်ဘယ်သူမှ အနိုင်မကျင့်စေရဘူး"
"ဦးလေးလီက စကားပြောရတာ မခက်ပါဘူး။ သမီးကို ခက်ခဲအောင်မလုပ်ပါဘူး။ နောက်တစ်ခါ..."
ထိုစကားကိုကြားသော လီပါ့ထျန်ခမျာ မေးရိုးပြုတ်ထွက်မတတ်ဖြစ်သွားသည်။
"ဖက်ထားတဲ့လက်ကို နည်းနည်းလျှော့ပေးပါဦး။ လည်ပင်းကိုဖက်ထားတာ စကားတောင်မပြောနိုင်တော့ဘူး"
သူ့အဖေ၏ ညည်းတွားသံကြောင့် ကျန်းဝိန်အာ ခေါင်းညိတ်သဘောတူရုံသာတတ်နိုင်တော့သည်။ သူမ၏မျက်ဝန်းနက်လေးတွေက ပျော်ရွှင်မှုကြောင့် တောက်ပနေလေသည်။ ချန်းကျုံးကတော့ တစ်ခုခုမူမမှန် မှန်းခံစားမိသည်။
"ငါတို့သခင်ကြီး စိတ်အခြေအနေကဘာကြောင့် ရုတ်တရက်ပြောင်းလဲသွားတာလဲ"