(A.n မွေးနေ့လက်ဆောင် ရေးပေးထားတာ ကြာပါပြီ။ အရေးအသားကြည့်ရုံနဲ့ ဘယ်လောက်ကြာပြီမှန်း ခန့်မှန်းမိကြမယ် ထင်ပါတယ်။ အခုမှ လက်စသတ်ပြီးလို့ မွေးနေ့ရှင်လေးကိုလည်း အားနာစွာ ချော့မော့လိုက်ပါတယ်ဗျ။ ဒီရက်ပိုင်း စိတ်အခြေအနေက စာ ဘယ်လိုမှ မရေးနိုင်ဘဲ ရှိနေလို့ စောင့်နေကြတဲ့သူလေးတွေကို အားနာရပါတယ်။ နောက်လထဲတော့ ကျနော်လည်း အေးဆေးဖြစ်လောက်ပြီမို့ updateတွေ ကြိုကြားကြိုကြား တွေ့ရဖို့ ရှိပါလိမ့်မယ်ဗျ။ ပျော်ရွှင်စရာ တန်ဆောင်တိုင်အခါသမယကို ပိုင်ဆိုင်ကြပါစေ🖤)
*သူဌေးကြီး ဦးမိုးဒေဝါ စားပြီ*
"စက်!! "
အိမ်ထဲ ဝင်လိုက်သည်နှင့် ထွက်လာသည့် ခေါ်သံကြောင့် စက် တောင့်ခနဲ။
"ဗျာ..Daddy"
"ဘယ်အချိန်ရှိပြီလဲ"
တောင့်တင်းသွားသည့် ကိုယ်လုံးလေးကို မသိသာစေရန် ထိန်းပြီး အချိန်မဆိုင်းဘဲ ပြန်ဖြေလိုက်တော့ ခပ်ဆတ်ဆတ်အမေးတစ်ခွန်း ပြန်ရသည်။
"၁၀နာရီပဲ ရှိသေးတာပါ Daddyရာ"
အသံကို ပေါ့ပေါ့ပါးပါးဖြစ်အောင် ကြိုးစားပြောလိုက်ပေမယ့် မပေါ့ပါးနိုင်တာ ကိုယ်တိုင်သာသိသည်။
မသိမသာလေး Daddy ထိုင်နေသည့်နံဘေး ကပ်ချွဲမည့် ရည်ရွယ်ချက်ဖြင့်ဝင်ထိုင်လိုက်သည်မှာ အရဲကိုးလိုက်ခြင်း။
"မင်းကို ဘယ်သူက ထိုင်ခိုင်းလဲ"
"ဗျာ ဟုတ် မထိုင်တော့ဘူးဗျ"
ထိုင်ထိုင်ချင်း ပိတ်ဟောက်ခံလိုက်ရသဖြင့် စက် ပါးစပ်ကလည်း လေပြေလေးနှင့် ပြန်ပြောကာ ထရပ်လိုက်ရသည်မှာ ချက်ချင်း။
သောက်လာသူက ဟောဒီက စက်ပါ။ဘာကြောင့် Daddyက လာ ရစ်နေရတာလဲ မသိ။
ရီဝေဝေ အမြင်အာရုံတွေကြား မရီဝေနေသည့် တစ်ခုတည်းသောအရာက ဒေါသမံထားသည့် Daddy ရုပ်တည်ကြီးပင်။
"မင်းကို ငါ ဘယ်နှနာရီ အလွန်ဆုံးလို့ ပြောထားလဲ မိုးစက်ဝေ!"
ပို၍ မာထန်သည့် အသံသည် ထပ်မံရိုက်ခတ်လာတော့ မျက်လုံးကို ယောင်၍ စေ့မှိတ်လိုက်မိသေးသည်။
"၉နာရီပါခင်ဗျ"
အခြေအနေနှင့် အချိန်အခါကို မသိသည့်သူများစာရင်းတွင် စက်ရဲ့ Daddyက တစ် ပြေးလိမ့်မည်။
အခုပဲကြည့်လေ။ သောက်လာတာကို ပုံစံကြည့်ရုံဖြင့် သိသာနေသည့် သားဖြစ်သူ၏ အနေအထားကို မြင်နေလျက်ဖြင့် အချိန်အခါမသိ မေးခွန်းတွေနှင့် တရားဟောတော့မည့်ပုံ။
"အေး သိရဲ့သားနဲ့ ဘာလဲ မင်းက ငါ့ကို မခန့်တာလား။ ငါ့အုပ်ထိန်းမှု မလိုတော့ဘူး အဲ့လိုလား။"
ပို၍ ခေါင်းကြီးစေမည့် အမေးတွေက စက်ကို ရှိန်းတိန်းဖိန်းတိန်းဖြစ်စေပြီ။
"ဟာ! Daddy! ကြီးသွားပြီ ပုဒ်မက
တစ်နာရီလောက် နောက်ကျမိတာပါ။အဲ့လောက် စွဲချက် မကြီးနဲ့လေဗျာ"
Daddyစိတ်ပြေလိုပြေငြား
ထိန်းပြောနေသည့် လေသံသည် ချက်ချင်း မထိန်းနိုင်တော့ဘဲ ပေါက်ကွဲထွက်လာသည်။
သွေးဆူလွယ်နေသည့်အချိန်တွင်မို့ စက် ပြန်ပြောသည့်စကားလုံးတို့ အချိုးမပြေတော့တာကို ကိုယ်တိုင်သိပေမယ့် မရပ်တန့်နိုင်။ အရည်က ဝင်ထားပြီးပြီကိုး။
"ေ-ာက်ခွက် ပြောင်နေတာ အခု ရပ်စမ်း! ဘယ်ကိုလာပြီး ဒီလေသံ၊ ဒီမျက်နှာပေးလဲ ပြင်ထား အဲ့အခွက်! အဲ့အချိုးကို!"
"ဟုတ်....ကဲ့"
ဟိန်းထွက်လာသည့် အသံတွင် ဒေါသအများအပြား ခြံရံလာပြီမို့ စက် ခေါင်းငုံလိုက်ရတော့သည်။
Daddy ဒေါသကို သူ သိပ်ကြောက်ရသည်ပဲ။
"မင်း သောက်ချိုးကို မပြေဘူး"
"ဟုတ်"
"ဘာ!!!"
ဘာပြောပြော ဟုတ် လိုက်တော့မည်ဟု ရည်ရွယ်ထားသည်မို့ ယောင်ကာ ဟုတ်လိုက်မိတာ မဟာအမှား။
"အဲ..မဟုတ်.အား!!.မဟုတ်လို့ ပြောတာပါ စိတ်ကြီးပဲ နာလိုက်တာ ဟင့်"
ဘေးနားရှိတဲ့ ရေသန့်ဗူးနဲ့ ကောက်ပေါက်လိုက်သည်မှာ မျက်လုံးထဲ ရိပ်ခနဲသာ မြင်လိုက်ရသည်။
ရှောင်လိုက်လျှင် Daddyက ပိုဒေါသ ထွက်မှာ သေချာသည်မို့ မရှောင်ဘဲ ခံလိုက်တော့လက်မောင်းတစ်ဖက်ဆီ ပူခနဲ။
"Daddy ကလည်းဗျာ..."
နောက်ဆုံးလက်နက်သည် သူ့အရွယ်နှင့်မလိုက်မဖက် ချွဲရန်သာ ဖြစ်သည်။
သနားစဖွယ်အသံလေးဖြင့် မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ခေါ်လိုက်တော့ စိုက်ကြည့်နေသည်။
"စိတ်မဆိုးပါနဲ့ နောင်ကို နောက် မကျတော့ပါဘူး။ ဒီနေ့က ဟိုကောင်တွေ လေ Daddyသိတယ်မလား။ သီဟလေ သီဟ! အဲ့ကောင် ပြန်ရောက်နေလို့ ကြာနေတာ မတွေ့တာ ကြာပြီလေ"
အကြောင်းအရင်းကို အသံယဲ့ယဲ့လေးဖြင့် ရှင်းပြတော့ အနည်းငယ်တော့ ပျော့ပျောင်းလာပုံ ပေါ်သည်။
ခြေတစ်ဖက်ချိတ်တင်ထားသည်ကို အောက်ကို ချလိုက်ပြီး စကားပြန်လာသည်လေ။
"မင်းကောင်တွေ ငါ ကြည့်မရဘူးနော် စက်!! ကြပ်ကြပ်ပေါင်း! ရစရာမရှိအောင် ပျက်စီးမယ်။ အခုတောင် အကျင့်တွေ ပျက်နေတာ၊အနံ့အသက်က အစ"
နှာခေါင်းကို တစ်ချက်ရှုံ့ကာ Daddyက လေသံလျှော့လာပြီမို့ အကျင့်အတိုင်း စပ်ဖြဲဖြဲလေး စကားရောဖောရော လုပ်ရသည်။
"ဒီကောင်တွေက ခင်ဖို့ကောင်းပါတယ် Daddyရ"
နဂိုထဲက Daddyနှင့် နှစ်ယောက်ထဲရှိချိန်ဆို စပ်ဖြီးဖြီးရှိနေတတ်ကာ မျက်နှာပြောင်တတ်သည့် အကျင့်သည် ဒီအချိန်တွင် ကောင်းစွာ ဒုက္ခပေးချေပြီ။
"မင်း ပါးစပ်ကို ခဏ ပိတ်ထားပြီး မနေနိုင်ဘူးလား။ ငါ စိတ်မထိန်းနိုင်ရင်ဘာလုပ်မိမလဲ ငါကိုယ်တိုင်မသိဘူး"
နှဖူးကြောတွေ ထောင်တဲ့ အထိ တင်းမာလာတာကြောင့် မိုးစက် သိလိုက်ပြီ။ Daddyတကယ်ကို ဒေါသ ထွက်နေပီမှန်း။
ပြောင်နေဆဲ အခွက်လေးကို အမြန် ငယ် ချ ခေါင်းလေး ပိုငုံ့ကာ လက်နှစ်ဖက်ကို ကျောနောက် ပို့ထားလိုက်သည်။
Daddy ကြိုက်ရာ စီမံပါစေတော့။
" နောက်ကျမယ်ဆိုရင် အကျိုး အကြောင်း phလှမ်းဆက်လေ! ရောက်ချိန်တန် ရောက်မလာတော့ တစ်ခုခုများ ဖြစ်နေမလား။
ရဲစခန်းကနေပဲ ဖုန်းဝင်လာမလား။ဆေးရုံကပဲ လှမ်းဆက်မလား။ ငါ ဘယ်လောက် ပူပန်ရသလဲ!"
ဒေါသဖြစ်ရခြင်းတရားကို စနာရတော့မည်မို့ Brave yourself သားကြီးဟု စက် စိတ်ဝယ် အားပေးလိုက်ရသည်။
Daddyက အားကြီးပွား။
"မင်းက လုပ်ချင်ရာပဲ လုပ်တယ်။ ဒီဘိုးတော်ကြီး ပွမ်နေပြန်ပြီ။ ဒီအဘိုးကြီး နားကို ညည်းလွန်းတယ်လို့ မင်းကတော့ မှတ်နေမှာပေါ့"
လူကို ထေ့ငေါ့လာသည့် စကားသံတွင် စက်မျက်မှောင်တို့ စုကြုတ်လာရသည်။
တွေ့တယ်မဟုတ်လား။ ကျနော့် daddyက မဆိုင်တဲ့ ကိစ္စကို ဗြောင်ပဲ ဆွဲ ထည့်လာတတ်ပါတယ်ဆိုမှ။
"ဘိုးတော်လို့ ခေါ်ရလောက်အောင် Daddy က ကြီးနေ ပြီလား။ ကျနော်နဲ့ အတူ သွားရင်တောင် ညီအကို ထင်နေတာကိုများ ဘယ်သူမှ မပြောဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချပါနဲ့ Daddyရာ..ကျနော် မကြိုက်ဘူး"
စက်၏ ကြားဖြတ်စကားသံတွင် Daddyသည် ပါးစပ်လေး ဟလျက် ခဏမျှ တန့်သွားပြီးမှ ဆဲတော့သည်။
"ခွေးကောင်..!!"
ဆက်ဆူရမလား၊ ရပ်လိုက်ရမလား။ မိုးဒေဝါ ကြောင်သွားရသည်။
သူ့ကို ဆူနေတာကို ကိုယ့်အကြောင်း လာမြှောက်နေတော့ လူက ဆက်ပဲ ဒေါသထွက်ရမလို၊ ကျေးဇူး ငါ့သား ရယ်လို့ပဲ ပုခုံးပုတ်ပီး ပြောရမလိုဖြင့် ဆန့်တငင်ငင်။
"ကျနော်က ခွေးဆိုရင်တောင် ဝံပုလွေလိုမျိုး အမွှေးဖွားဖွားကြီးနဲ့ အကောင်ကြီးဗျာ။ လမ်းဘေး က ခွေးဝဲစားတော့မဟုတ်ဘူး! Daddyသိဖို့"
"တော်စမ်း! ကြည့်နေ အကောင်းမှတ်နေလား မင်းပါးစပ် ပိတ်ထား!! မင်းဆိုတဲ့ ကောင်က...မနက်ကနေ မိုးချုပ်! "
"Daddy ကျနော် တကယ် အိပ်ချင်နေပြီ။ စီရင်ချက် ချမှာဖြင့် အမြန်ချပါတော့လား။ စွဲချက်တွေ မတင်ပါနဲ့တော့။ ကျနော် ဘာအပြစ်ခံရမှာလဲပဲ ပြောတော့"
အပြစ်လုပ်လာပြီး သူက တစ်ပြန် စိတ်မရှည်ဟန် မှုန်ကုတ်လာသည့်ကောင်ကို ဒေဝါ မြင်ပြင်းကပ်လှသည်။
"ဒီလောက်တောင် ဖြစ်နေတာ မင်း ဆိုင်ကယ်ကို ငါသိမ်းတယ်ကွာ"
ဒီကောင့် အားနည်းချက်က သူ့အချစ်တော်ဆိုင်ကယ်ပဲ။ ဆိုင်ကယ်သိမ်းလိုက်တာဟာ ဒီကောင့် ခြေထောက်ရိုက်ချိုးလိုက်သလိုပင်။ မှတ်ပြီလား ငါ့သား ဟမ်။ မိုးဒေဝါပါကွ။
" ဒါပဲလား Daddy ဒီမှာ သော့! သိမ်းချင်ရာမှာသိမ်း၊အချိန်တန်တော့လည်း ပြန်ခိုးရင် ပါလာတာပဲကို"
ပြောရင်း သော့ကို ဒေဝါ့လက်ထဲ ထည့်ကာ အပေါ်တက်သည့် လှေကားနားပင်ရောက်သွားသော သားဖြစ်သူကြောင့် တွေတွေလေး ဖြစ်သွားရသည်။
ဒီလို မဟုတ်ဘူးလေ။မှတ်လောက်အောင် အပြစ်ပေးချင်တာ။ ဆိုင်ကယ်သိမ်းရင် တွန့်တွန့်လူး ပေါက်ကွဲမယ် ထင်တာလေ။ ဒေဝါထင်သလို မဟုတ်ခဲ့ဘူးလား။ ဒီကောင်က ဘာအထာလဲ။
တွေးရင်းတွေးရင်း ဒေါသက ပိုထွက်လာရသည်။
သောက်ကလေး!မင်းကို လူမမယ်အရွယ်ထဲက ငါ မွေးထားတာပါကွ။ မင့်မှ မနိုင်ရင်..ငါ လူ မလုပ်ဘူး ဟေ့။
"ဒုန်း ဒုန်း!!"
မိုးစက်ရဲ့ အခန်းတံခါးကို ဒေဝါ သွားထု လိုက်သည်။
"Daddy ရာ..ကျနော် အိပ်နေပြီကို!!"
ဆူချိတ်နေသည့် မအီမသာမျက်နှာဖြင့် တံခါးလာဖွင့်သည့်ကောင်ကြောင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးမှ စိတ်ဆိုးဆိုးဖြင့် ဒေဝါ ပြောချပစ်လိုက်သည်။ လက်ညှိုးငေါက်ငေါက်ထိုးရင်းဖြင့်။
" မင်း မနက်ဖြန်က စပြီး တရားစခန်း ဝင်ရမယ်!"
"ဘာ!"
မပွင့်သော မျက်လုံးအစုံ ပြူးကျယ်လာသည်မှာ ပုရွတ်ဆိတ်အကောင်တစ်ရာလောက် စားလိုက်သည့်နှယ်။
ဒါပဲလေ။ မိုးဒေဝါ မြင်ချင်သည့် မိုးစက်ဝေသည် မထုံတတ်တေးနှင့်မဟုတ်။ အခုလို တုန်လှုပ်ပျက်ယွင်းလာမည့် မိုးစက်ဝေကို ဖြစ်သည်။
" 10ရက်ထဲ ဘဘုန်းဆီမှာ"
နှုတ်ခမ်းတစ်ဖက်ကော့တက်ရုံ ပြုံးလိုက်ပြီးမှ မိုးဒေဝါဆက်ပြောတော့ ပို၍ အထိတ်တလန့်ဖြစ်သွားသည့်ကောင်။
"ဘာ!! ဘ ဘုန်းဆီမှာ!!??"
အလန့်တကြား မေးလာသည့်အသံကို ခေါင်းတစ်ချက်ညိတ်ကာ အသိပြုပေးလိုက်တော့ လုပ်ငိုသံသည် ခပ်စူးစူးထွက်လာတော့သည်။
"ရက်စက်တော့မှာလား..Daddyရာ။သနားပါဦး ဘဘုန်းဆီမှာဆို ကြိမ် စာ မိမှာပေါ့ဗျ ဟင့် အစတည်းက ကျနော့်မြင်ရင်ကို ကြိမ်လုံး ဆွဲပြီး ထ ထ လာတာကို"
ရှုံ့မဲ့ကျလာသည့် မျက်နှာသည် သနားချင်စဖွယ်ပေမယ့် ထွေထွေထူးထူး မသနားမိ။
မိုးစက်ဝေ ဆိုးနေတာ များပြီဖြစ်သည်။
" မိပါစေပေါ့ မင်းမှ ငါ့မကြောက်တာ၊
ကြောက်တဲ့ဆီ ပို့ရမှာပဲ အပိုးကျိုးမှာ ဒါမှ"
" Daddy~~ ဘ ဘုန်း ဆီ မသွားဘူးလေနော်"
ချက်ချင်း ဖျော့တော့လာသည့် အသံလေးကြောင့် ထူးပြီး သနားမနေတော့ပါ။ မိုးစက်ဝေကို မနိုင်နင်းလျှင် သူ ဒီကောင့် Daddyဆိုသည့် နေရာကနေ ဆင်းပေးလိုက်မည်။
"No!"
"Daddy~~~~"
ဘာသံထွက်လာလာ ခေါင်းကို တွင်တွင်ရမ်းထားသည့် မိုးဒေဝါသည် မျက်နှာပါ မော်ချီထားလိုက်သည်။
ဘာပြောပြော လုံးဝမလျှော့ဘူးဆိုသည့်အကြောင်း ကိုယ်အမူအရာဖြင့်ပါ ပြထားပေးတာဖြစ်သည်။
"မသွားရဖို့ ဘာလုပ်ရမလဲ ဟင် Daddy ကြိုက်သလို နေပါ့မယ်။ ဘ ဘုန်းဆီတော့ မသွားပါရစေနဲ့။"
စောင့်စားနေသည့် စကားထွက်လာပြီမို့ ဒေဝါ လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။
"ငါ ကြိုက်သလို နေမှာ သေချာသလား။"
"ဟုတ်..ဟုတ်..ကတိပေးတယ်"
"ဒီမှာ လက်မှတ်ထိုး"
အင်္ကျီ အောက်ကနေ စာရွက်နဲ့ ဘောပင် ထွက်လာကာလက်မှတ်ထိုးဆို၍ အထူးအဆန်းသဖွယ် ကြည့်နေသည့် မိုးစက်ဝေ။
*Daddy သဘောအတိုင်း နာခံပါ့မည် လို့ ကတိပေးပါသည် ။
မိုးစက်ဝေ....
မှတ်ချက်။ ။မနာခံပါက ဘဘုန်းဆီ နေရမည်။*
နာမည်ဘေးမှာ နေရာလွတ်လေး ချန်ထားပေးရုံမက မှတ်ချက်ပါ ထည့်ထားသည့် စာရွက်ကို ဖင်ပြန်ခေါင်းပြန်ကြည့်ရင်း မိုးစက်ဝေ အသားတွေပါ တဆတ်ဆတ်တုန်သည်။
"အား! ဒါက ကြိုတင် ကြံစည်မှုကြီးနော် Daddy!"
"ထိုး! မင်းက ကြပ်မတ်မှ ရတော့မှာ သားအဖလို ကြင်နာယုယလို့ မရဘူး။ မင်းက အလုပ်ရှင် အလုပ်သမားလို စာချုပ် စာတမ်းနဲ့ သေချာ ကြပ်မှ ရတော့မယ့်ကောင်။ မထိုးရင် ဘဘုန်း ဆီ သွားနေ ဒါပဲ"
ယတိပြတ်ပြောလိုက်သည်တွင်တော့ မိုးစက်ဝေ မျက်ရည်များပင် ဝေ့သည့် အကြည့်ဖြင့် မိုးဒေဝါကို လူယုတ်မာဇာတ်သွင်းတော့သည်။
"ဘ ဘုန်းဆီတော့ မသွားဘူး။ အီး ဟီး.ထိုးမယ် ထိုးမယ်။ Daddyက အနိုင်ကျင့်တာ"
တုန်တုန်ယင်ယင်ဖြင့် လက်မှတ်ထိုးပေးလာတော့ သေချာစစ်လိုက်သည် လက်မှတ်အစစ် ဟုတ်၊မဟုတ်။
လိုချင်သော လက်မှတ်ရသည်နှင့် အခန်းထဲကနေ မိုးဒေဝါ ပြန်ထွက်သွားကာ အပေါက်နားရောက်ခါမှ စက်ဘက် ပြန်လှည့်ကြည့်ရင်း..
"ဒီညတော့ ပျော်အောင်အိပ်လိုက်။နောက်နေ့က စပြီး မင်းနဲ့ ငါ တွေ့ပြီ စက်!! Good night My Son"
အမြင်ကပ်စရာကောင်းလောက်သည့် မျက်နှာထားဖြင့် အောင်နိုင်သူလို ပြုံးပြကာ ထွက်သွားတော့သည်။
"အား! Daddy လူညစ်ကြီး!"
~*~
နောက်တစ်နေ့ နံနက် (4:30)တွင် ဖြစ်သည်။
"စက်! ထ မယ်..ထ! ထ!"
"ဟာ..အိပ်ဦးမှာ"
"မိုးစက်!! ငါ နှိုးနေတုန်း ထ နော်!"
စောင်ကို ဇွတ် ဆွဲချနေသည်ကြောင့် မထချင်သော်လည်း မျက်လုံးတို့က ပွင့်လာရသည်။ အိပ်ကောင်းနေချိန် လာနှိုးခံရသည့်အခိုက်အတန့်သည် ဘဝတွင် စိတ်အဆိုးဆုံးနှင့် စိတ်အထိခိုက်ဆုံး အပိုင်းအခြားဖြစ်သည်။
"ဟာ! Daddyဗျာ။ အစောကြီး ဘာလို့လဲ။ အိပ်ချင်သေးတာကို"
နံရံကပ်နာရီဆီ အကြည့်ရောက်မှ ပို၍ မကြည်လင်တော့သည့် မိုးစက်ဝေသည် ပို၍ စောဒက တက်တော့သည်။
"မရဘူး!! ထဆို ထ လိုက်နော် မိုးစက်ဝေ!"
"ထပြီ ထပြီ!အား မလုပ်နဲ့ နာတယ် Daddyရ။ ထ ပြီလို့"
ခါးတွေ ဗိုက်တွေ ကို လိမ်ဆွဲ နေတာမလို့ထ ရတော့သည်။ ကင်းလက်ဟု နာမည်ပြောင် ပေးထားသည့် Daddyဆီက ဆွဲအလိမ်ခံရလျှင် ကင်းထိုးလိုက်သည့်နှယ်ပင် ပူထူကာ နာလှသည်။
"မျက်နှာသွားသစ်သွား! ၁၀မိနစ်ပဲ"
"ဟာ Daddy ကျနော် အိမ်သာ တက်ဦးမှာကို 10 မိနစ်နဲ့ ဘယ်လို လုပ်ရမှာလဲ"
"အဲ့ဒါ မင်းကိစ္စ! အခု စပြီ၊၁၀စက္ကန့်ရှိပီနော်"
"ဟာ..ဗျာ"
တဗုန်းဗုန်းဖြင့် ရေချိုးခန်းထဲ အမြန်ဝင်ကာ လုပ်ရတော့သည်။
စောစောစီးစီး Daddyစိတ်တို တာမျိုး စက် မဖြစ်စေချင်ပါ။
"၁၀မိနစ်!!"
"ပြီးပြီ!!"
ကွက်တိ ထွက်လာတာမလို့ ဒေဝါ ကျေနပ်သွားရကာ ခေါင်းတစ်ချက် ညိတ်ရင်း အသိအမှတ်ပြုလိုက်သည်။
"ပုဆိုး လဲဝတ်ပြီး ဘုရားခန်းကို လာခဲ့!"
ဘုမသိ ဘမသိနဲ့ ခိုင်းသလို လုပ်ပြီး ဘုရားခန်းထဲ ဝင်တော့ ဆွမ်းကပ်နေသော Daddyကြောင့် ဘေးနား အသာ ဝင်ထိုင်နေလိုက်သည်။
"ရော့! "
Daddyကို ကြည့်နေတုန်း မျက်လုံးရှေ့ ပေါ်လာသော စာအုပ်ကြောင့် ကြည့်လိုက်တော့... ပဋ္ဌာန်း!
"What the!"
"ဖြောင်း!!"
"အား!!"
"ဘုရားခန်းမှာ..ဆဲဦး ဆဲချင်ဦး!"
ဇက်ပိုးပေါ် ကျလာသော Daddy လက်ဝါးနှင့် နှစ်ချက်ဆင့်ရိုက်ချက်ကြောင့် ဆဲမယ့်စကားလုံးတောင် အပြီးထိ မထွက်နိုင်လိုက်။
"မိုက်ရိုင်းနေတာ! နောက်တစ်ခါ ဆို သေမယ်မှတ် မိုးစက်ဝေ! ရွတ် ပဋ္ဌာန်း!"
"Daddy~~"
ဘုရားတရားလုပ်ခိုင်းသည်ကို သနားကမားမျက်နှာဖြင့် အတွန့်တက်နေသည့်ကောင်က ပိတ်ရိုက်ချင်စဖွယ်။
" မေတ္တာသုတ် အရင်ရွတ်!"
"မရဘူးလေ..~ "
"ဘာ!"
" အား!"
"ငယ်ငယ်ထဲက ငါ ကျက်ခိုင်းထားတာ ငါ့ကို လိမ်ချင်ဦး လိမ်ဦး!"
"အား Daddy နာတယ်!! ငယ်ငယ်က ကျက်တာ ရတယ်လေ အခု မေ့နေပီကို!!"
ဇက်ပိုးနှင့် လက်မောင်းတွေ အလျဉ်းသင့်သလို တဖြောင်းဖြောင်း အကျွေးခံနေရသည်ကြောင့် မိုးစက်ဝေ ပူထူနေပြီ။
"မလိုချင်ဘူး! အခု ဆို! လွဲရင် မင်းသေပြီပဲ!"
နားရွက်ကနေ ဆွဲကာ ဘုရားခန်းဝထိ ဆွဲ လာတာမလို့ တအားအားနဲ့ ပါသွားရသည်။
"Daddy..နာနေပြီ"
"နာပါစေ!! ဘုရား မရှိခိုးခိုင်းသေးဘူး။
အခု မေတ္တာသုတ် ရွတ်ပြစမ်း!!"
ဘုရားခန်းဝ ရောက်သည်နှင့် နားရွက်ကို လွှတ်မပေးသေးဘဲ စစ်မေးနေသည့် Daddyကြောင့် မိုးစက်ဝေ အကြပ်ရိုက်ရသည်။ သူ ဘုရား၊တရားနှင့် ဝေးနေတာ ကာလအတန်ကြာခဲ့ပြီ။ မှတ်မိသလောက်ဆို ဆယ်တန်းပြီးကတည်းက ဖြစ်သည်။
"အာ မေ့ နေပါပြီဆို အား!!! ရွတ်မယ် ရွတ်မယ်"
အတွန့်တက်မိတော့ ပို၍ အားများလာသည့် နားရွက်ဆီက လက်သည် အတော်လေး အီစိမ့်နေပြီ။
"သံဗုဒ္ဓေ..အား!"
"ငါ လုပ်လိုက်ရ သေတော့မယ်! ကျန်တာမှာ မျက်နှာပြောင်တာကို ငါ မပြောဘူး။ ဘုရားကိစ္စ၊တရားကိစ္စမှာ မျက်နှာလာမပြောင်နဲ့ မိုးစက်ဝေ Daddy လုံးဝမကြိုက်ဘူး"
တည်တင်းလာသည့်အသံကြောင့် စက် ငြိမ်လိုက်ရတော့သည်။
"ယသာ နုဘာဝသော......"
ရွတ်ခိုင်းတော့လည်း ရနေသည်ကို မိုးစက်ဝေက မိုးဒေဝါကိုဆို ကပ်သပ်သပ်လုပ်လွန်းသည်က အကျင့်လိုကို ဖြစ်နေလေသလား။
"အဲ့လို လိမ်တာကို မကြိုက်တာ!"
"အား! ကျနော့်နားရွက် ပြတ်တော့မယ် Daddyရာ။ တကယ် နာနေပြီ"
ညာဘက်နားရွက် တစ်ဖက်က ရဲတွတ်နေကာ ပါးတွေပါ နီနေတာမလို့မိုးဒေဝါ လွှတ်ပေးလိုက်ရင်း ဘုရားခန်းဆီ ပြန်ခေါ်လာလိုက်သည်။
"သွား!ပဋ္ဌာန်းသွားရွတ်! မင်း မနက်တိုင်း ၅နာရီဆိုတာနဲ့ ဘုရားခန်းထဲ ရောက်နေရမယ် ကြားလား"
စက်သည် မျက်နှာလေး ရှုံ့မဲ့ကာ ထိုင်ခင်းပေါ် ကျုံ့ကျုံ့ထိုင်ရင်း ပဋ္ဌာန်း စာအုပ် ကောက်ဖွင့်ကာ လက်အုပ်ချီနေပြီမလို့ ဘာမှ မပြောတော့ဘဲ နံဘေးနား ဒေဝါပါ ဘုရားရှိခိုးလိုက်သည်။
သူ့သားကလေးဟာ ဘုရားစာ တွေ အကုန် ရွတ်နိုင်နေရဲ့သားနဲ့။
ငယ်ငယ်က ဘဘုန်းဆီ ယဉ်ကျေးလိမ္မာ သွားသွားပို့ထားသည့် အကျိုးတွေပင်။
အဲဒီတုန်းကတည်းက ငမွှေထိုးကတခြား ကလေးတွေနှင့် မတူ။
ဘုန်းကြီးကျောင်းက အသီးပင်မှန်သမျှ မတက်ရဘူး စာချိတ်ထားလည်းလွယ်အိတ်တစ်လုံးနှင့် တက်သည်။ ခူးသည်။
ပြီးလျှင် သူ တစ်ကောင်တည်း စားတာမဟုတ်။ ကျောင်းက ကပ္ပိယကြီးကိုပါ သွားသွားပေးသည်။
ဘဘုန်း မိရင် ကပ္ပိယ ပါ အထောင်းခံရတော့တာ ဖြစ်သည်။
ဘဘုန်းကို စက် ကြောက်တာလည်း မပြောနဲ့ ။
ဟိုက တကယ်ချတာကိုး။
ကျောင်းက တိုင်လုံးတွေကို ဖက်ခိုင်း ကြိမ်နဲ့ နှက်၊ မိုးစက်ဝေတို့ အိမ်ပြန်လာရင် တရှုံ့ရှုံ့ဖြင့် ငိုလာပြီ။
ဉာဏ်က ကောင်းလျက်နဲ့ အပျော်အပါးမက်ပြီး ငမွှေထိုး ဖြစ်နေတာက ခက်နေတာ ဖြစ်သည်။
အခုလည်း ပဋ္ဌာန်းကို သေချာ ရွတ်နေသည်မှာ အသံနေအသံထားကအစ မှန်မှန်ကန်ကန်ဖြင့်။
ပဋ္ဌာန်း ရွတ်ပြီးသည်နှင့် အောင်နိုင်သူ အပြုံးကြီးဖြင့် ဘေးကို လှည့်ကြည့်လာသည့် သားဖြစ်သူကို ဒေဝါ ပြုံး၍ ကြည့်မိသည်။
ဒီကလေးတောင် အရွယ်ရောက်နေပြီ။ ဒီလို ပုဆိုးလေးနှင့် ဘုရားခန်းအတွင်း သားကို လိမ္မာရေးခြားပုံစံလေးဖြင့် မြင်ရသည်က ကြည်နူးစိတ်ကို ဖြစ်ပေါ်စေသည်။
"Daddy ကျနော် ပူဇော်ပြီးပြီ"
"အေး.အေး .သာဓု"
"တစ်ခွန်းတည်း?"
"တစ်ခွန်း ခေါ်တာတောင် ကျေးဇူးတင်လိုက်!"
သူ့စနောက် စကားတွင် စက်သည် ဆူပုတ်ပုတ်လေးဖြင့်။
"ထ! အောက်မှာ မနက်စာ သွားစားမယ်"
ပြောရင်း ကိုယ်တိုင် ဦးဆောင်ကာ ဘုရားခန်းက ထွက်တော့ နောက်က ကပ်ပါလာသည်။
"ကျနော် ပုဆိုး လဲဦးမယ် Daddy "
"မလဲနဲ့! ဒီအတိုင်းပဲနေ!"
"မရဘူး မလဲရရင် ချွတ်မှာ"
ပြောရင်းဆိုရင်းပင် ဘုရားခန်းက အထွက် သူ့အခန်း မရောက်ခင်မှာတင် ပုဆိုးကို ဆွဲ ချနေပြီမလို့ မိုးဒေဝါ ထအော်ရတော့သည်။
"ဟိုကောင် မထော်မနန်းတွေ! ပြန်ဝတ်ထားစမ်း!!"
"မရဘူး ချွတ်မှာပဲ!"
စကားနားထောင်လွန်းသည့် ဝမ်းမနာသားသည် ဇွတ် ဆွဲ ချလိုက်ပြီမလို့ တစ်ဖက်သို့ ဒေဝါ အမြန်လှည့်လိုက်ရသည်။
သားအဖ ဆိုပေမယ့်လည်း Privacyတော့ရှိသေးတယ်မလား။
"Daddy ရ လှည့်ပါဦး! "
ရယ်ရွှင်မြူးနေသည့် လေသံသည် ဒေဝါ့ကို လှောင်ပြောင်ချင်သည့် အသံ။
"ဟိုကောင် ငါ ဖြတ်ရိုက်မှာနော်!"
"အယ်ဗျာ! ဒီမှာ ဘောင်းဘီ ပါတာကို"
မယုံသလို ဒေဝါ လှည့်ကြည့်မိမှ သကောင့်သားက JJ ဘောင်းဘီ အရှည်နဲ့။
"အား!"
"နာတယ်.Daddyရ"
လက်က ချက်ချင်း စက်လက်မောင်းဆီ ဖြောင်းခနဲ။ အခွက်ပြောင်လွန်းသည့် အကောင်။
"သောက်ခွက်ပြောင်နေတာ..မင်း မတော်နိုင်သေးဘူးလား။"
"သိမှ မသိဘဲ Daddy ရှက်သွားမယ်လို့"
စပ်ဖြီးဖြီးမျက်နှာက ဆွဲဖဲ့ချင်စရာမို့ ဒေဝါ ဘာမှ ပြန်ပြောမနေတော့ဘဲ အောက်ထပ်သာ ဆင်းလိုက်တော့သည်။
ရှေ့က နေ ဆင်းသွားသော Daddyကြောင့် ပုဆိုး ကို အခန်းထဲ ဝင်ထားပြီးမှ စက် ပြန်ထွက်လာလိုက်သည်။
ဒီနေ့ သူ အပြင်မထွက်ရဖို့ များသည်။
ဒီတော့ ပေါ့ပေါ့ပါပါး အိမ်နေရင်း JJဘောင်းဘီဖြင့်ပင် နေတော့မည်။
"မုန့်ဟင်းခါး!အား..အနံ့လေးကို မွှေးနေတာပဲ"
အစ်မအေး ထည့်ပေးတာကိုပင် မစောင့်နိုင်တော့ဘဲ လိုရာတွေ ကောက်ထည့်ရင်း စက် အပီဆွဲနေလိုက်သည်။
Daddyကတော့ အစ်မအေး ထည့်ပေးသည့် ဟင်းရည်ကို သူလိုသည့်ပမာဏအရောက် လက်ကာ တားရင်းကနေ..
စက်ဆီ စကား စလာသည်။
"မင်း အဝတ်အစားက မလဲဘူးလား"
"လဲတော့ဘူးလေ ဒီတိုင်းက ပေါ့ပေါ့ပါး လွတ်လပ်တယ်"
"အင်း"
စားကောင်းကောင်းဖြင့် နှစ်ပန်းကန်လောက်ထိ စားလိုက်သည်မို့ စက်က အခုထိ ထမင်းစားပွဲကနေ မထရသေး။
Daddyက အလုပ်သွားတော့မည့်ပုံစံဖြင့် အောက်ပြန်ဆင်းလာပြီ ဖြစ်သည်။
စတစ် အဖြူ လက်ရှည်ကို အောက်က ခရမ်းကွက် ပုဆိုးနဲ့ တွဲဝတ်ထားသည်။
သန့်ပြန့်ကာ တကယ်ကို ချောသည်။ Daddyက မြန်မာဆန်ဆန် ကျက်သရေ ရှိပြီးကို ချောတာ ဖြစ်သည်။
"Daddy အလုပ်သွားတော့မို့လား ကျနော် လိုက်ပို့မယ်လေ ကားနားထိ ပေး အဲ့အိတ်"
Daddyဆီက အိတ်ကို ယူရင်း ကားနားထိ လိုက်ကာ တံခါးဖွင့် ပေးရင်း စောင့်နေလိုက်တော့ Daddyက အထဲကို ဝင်ထိုင်သည်။
ကားစက်မနှိုးသေး၍ ဘာများ ကျန်လို့လဲ Daddyဆီ ကြည့်လိုက်တော့ မေးဆတ်ပြလာသည်။
"မင်းပါ လိုက်ခဲ့!!"
"ဗျာ!"
ကိုယ့်နားကိုယ်ပင် စက် မယုံချင်။ အခု Daddy ဘာပြောလိုက်တာလဲ။
"မဗျာနဲ့ ဒီနေ့ ငါ့အလုပ်ကို မင်းလိုက်ကူရမယ်"
"ဟာ..ကြိုလည်း မပြောဘူး၊အဝတ်အစား သွားလဲဦးမယ်"
"ငါအစောက မေးတော့ မလဲတော့ဘူးဆို မိုးစက်ဝေ။ အချိန်ကုန်တယ် ဒီအတိုင်းလိုက်ခဲ့!!"
တစ်ချက်လွှတ်အမိန့်ဖြင့် ဆော်ဩကာ
ဇွတ်ခေါ်လာသည်ကြောင့် စက်ပါလာရသည်။
Companyရောက်တော့ သပ်သပ်ရပ်ရပ်ဖြင့် ချောမော ရှင်းသန့်နေသည့် သူဌေး ဘေးနားကနေ ခေါင်းမွှေးဖွာဖွာ၊ တီရှပ် လက်ကျယ် ညဝတ်ကို အောက်က JJဘောင်းဘီ အနီရောင်ကာတွန်းရုပ်တွေနဲ့ ဝတ်ထားပြီး အိမ်နေရင်း ကွင်းထိုးဖိနပ်လေးဖြင့် ပါလာသော ကောင်လေး။
ဝိုင်းကြည့်နေသော မျက်လုံးတွေကြောင့် စက် ပြေးရန် ပြင်တော့Daddyက လက်ကို ဆွဲထားကာသူ့လက်မောင်းကြား ညှပ်ထားသည်က ရုန်းမရ။
"Daddy ကျနော့်ကို လွှတ်ပေး.လေ.."
လေသံလေးဖြင့် ကပ်ပြောလိုက်ပေမယ့် Daddyက မကြားဟန်ပြုပြီး နှုတ်ဆက်လာသည့် သူ့ဝန်ထမ်းတွေကိုသာ ပြုံးပြနေကာ စက်ဘက် လှည့်ပင်မကြည့်။
အကုန်လုံးက ရယ်ချင်ပက်ကျိမျက်နှာပေးကို ထိန်းထားကြကာ စက်ကိုသာ ခိုး၍ တစ်မျိုး၊ ကွယ်၍ တစ်မျိုး ၊ပေါ်တင်တစ်မျိုး ကြည့်နေကြသည်မို့ ရှက်လာရသည်။
Daddyသူ့ကို တမင်လုပ်တာဖြစ်မည်။ သူအဝတ်လဲခိုင်းချိန်က ငြင်းခဲ့သည်ကို နောင်တရအောင် လုပ်နေသည်လား မပြောတတ်ပေ။
ထိုနေ့က မိုးစက်ဝေကို တစ်နေကုန် ဖိုင်အထပ်လိုက်နှင့် သူ့အတွင်းရေးမှူးရှေ့ချထားခဲ့ကာ Daddy ရက်စက်ခဲ့သည်။
~*~
"ဘာစားချင်လဲ ဆိုင်ရွေးလိုက် တစ်ခါတည်း ဝင်စားရအောင်"
စကားပြန်ဖြေမလာဘဲ နှုတ်ခမ်းဆူကာ ကားပြတင်းကို ဘုကြည့်ကြည့်နေသည့် ကောင်လေးကြောင့် မိုးဒေဝါ စိတ်မရှည်။ မေးဖျားကနေ ဆွဲလှည့်ပစ်တော့ ပို၍ ဆူပုတ်ပြသည်။
"မေးနေရင် ဖြေလေ ဘာကို ကောက်ပြန်တာတုန်း အဲဒါက"
"Daddy အကျင့်မကောင်းဘူး!"
"အခုမှ သိလား"
"ဟွန့်! ကျနော့်ပုံစံကို ငဲ့ပါဦး Daddyက Gentleman typeနဲ့ သန့်ပြန့်နေပြီး ကျနော်က လမ်းဘေးက အမှိုက်ပုံတွေ လိုက်မွှေထားတဲ့ပုံစံနဲ့လေ ဒီပုံစံလေးကို Daddyတော်တော်လေး သဘောကျနေတာလား တနေကုန် အရှက်ခွဲထားပြီးရင် တော်ပြီပေါ့"
ပြောလိုက်မှ လူတစ်ကိုယ်လုံးကို သိမ်းကျုံးကြည့်ကာ မဲ့၍ ပြုံးသည်။
"မင်း ဘာသာ စကားနားမထောင်တာလေ တစ်ခွန်းပြောရင် နားထောင်လိုက်မယ်ဆိုတာမှ မရှိတာ ကဲ! ဘာစားချင်လဲပြော ပါဆယ်ပဲ ဝယ်ကြတာပေါ့"
"ကျနော် စားချင်တာ တကယ်ကျွေးမှာမလို့လား"
"ရှည်မနေဘဲ ပြောစမ်းပါ"
"ခဏ နောက်ခန်းသွားဦးမယ်"
စကားတစ်ခွန်းပြောဖို့ကို ရှေ့ခုံကနေ လွှားခနဲ ကားနောက်ခုံဆီ ကျော်သွားသူကို မိုးဒေဝါ မြင်ပြင်းကပ်လာသည်။
"ကျနော် စားချင်တာကလေ"
"ဆက်ဝေ့နေဦးမယ်ဆို မင်းတကယ် ငတ်ပြီပဲ မိုးစက်ဝေ ငါ သိပ်စိတ်ရှည်တဲ့ကောင် မဟုတ်ဘူး"
"Daddyကို"
"အေး ဆက်ပြောလေ! ကျစ် ဘာစားချင်တာမလို့ အဲ့လောက် စကားပလ္လင် ခံနေတာလဲ "
နောက်ကြည့်မှန်ကနေ စူးစိုက်ကြည့်ကာ ကြိမ်းတော့ ထိုင်ခုံထောင့်ကို ပိုကပ်သွားသည်။
"ကျနော် စားချင်တာ Daddyကိုလို့! အား!"
"ဘာ!"
ကားကို လမ်းဘေး ထိုးရပ်တော့ အော်သံက စူးခနဲ။
ဒီကောင် အခု ဘာပြောလိုက်တာ။
ဒီကောင် စားချင်တာက ဘာ။
ပြူးကြောင်ကြောင်နှင့် ကားထိုင်ခုံပေါ် ဒူးနှစ်လုံးပါ ထောင်ကာ ဆောင့်ကြောင့်ထိုင်နေသည့် ကောင်က ဘာ မှားပြောမိလဲဆိုသည့် ရုပ်။
"ဒီခွေးသား!!!"
"အား! Daddy! လွန်မယ် လွန်မယ် ကျနော် အတည်ပြောတာပါ အား! Daddy ကျနော် တကယ်ချစ်တာပါ ဘဘုန်းကျောင်းမှာ Daddyကို စတွေ့လိုက်ရကတည်းက ဒီလူသားက ကျနော့်အပိုင်လို့ တွေးခဲ့တာ"
"မင်း ပါးစပ်ကို ပိတ်ထား!"
"ဟင့်! "
ထိုညနေတွင် အိမ်အထိ ငို၍ မပြီးတော့သော စားချင်သူကြီးအား မိုးဒေဝါ ဆောင့်ကန်ချင်စိတ်ကို မနည်းထိန်းကာ ချုပ်တီးခဲ့ရသည်။
နောက်နှစ်များတွင်တော့ အောင်မြင်ကျော်ကြားသည့် သူဌေးဦးမိုးဒေဝါ၏ မင်္ဂလာသတင်းသည် မြို့အတွင်း ဟိုးလေးတကြော်ကြော် ပြန့်သွားခဲ့တော့သည်။
အများအမြင်တွင်တော့ ဦးမိုးဒေဝါက ချာတိတ်ကို မွေးပြီး စားသည်ဟု သတင်းပြန်ခဲ့ပေမယ့် နှစ်ယောက်သားကတော့ ဂရုမစိုက်ကြဘဲ အချစ်ငှက်ကလေးတွေအဖြစ် စုံတွဲပွဲထွက်လျက်ရှိပေသည်။
သတင်းတွေအတိုင်း ဦးမိုးဒေဝါ မွေးပြီး စားတာ တကယ် လားဆိုတာကိုတော့ စာရေးသူလည်း ကြေးစည်ထုကြည့်မိသည်။
စာဖတ်သူတို့ကော....?
#BlackDevil