သခင့်ခြေတော်ရင်း [Completed]

Ennia_Yawn द्वारा

156K 5.8K 1.5K

Title - သခင့်ခြေတော်ရင်း (သခင့္ေျခေတာ္ရင္း) Type - Own Creation, Myanmar BL, Mpreg မင်းရဲ့ခန္ဓာကိုယ... अधिक

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Final
Extra (1)
Extra (2)

Chapter 10

4.1K 163 47
Ennia_Yawn द्वारा

တေဇ ထွက်ဝယ်ခိုင်း‌သော ကော်ဖီခွက်နှင့်အတူ ရိပ်တစ်ယောက် တေဇ၏ ရုံးခန်းရှေ့သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

ထိုစဉ် တေဇအခန်းကို လှမ်းကြည့်လိုက်မိသည့် သူ့မျက်ဝန်းများက စူးရဲသွားကာ ရိပ် သူ့လက်ထဲက ကော်ဖီခွက်ကို ဖြစ်ညှစ်လိုက်မိတာမို့ ကော်ဖီတချို့ပင် ဖိတ်စင်လုနီးနီးဖြစ်သွားခဲ့၏။

ရိပ် အတွင်းရေးမှူးကောင်လေးနား လျှောက်လာခဲ့ပြီး‌ သူ့ဒေါသသံကို မနည်းမျိုချရင်း မေးရသည်။

"အထဲက ဘယ်သူလဲ"

"ဆရာ့ရဲ့ ဧည့်သည်တဲ့၊ ကျွန်တော်လည်း မသိဘူး၊ ဆရာနဲ့ အရေးကြီးကိစ္စ‌ ဆွေးနွေးချင်လို့ပဲ ပြောတယ်"

"ဟက်၊ တော်တော်အရေးကြီးပုံပဲ၊ ဖက်ပြီးတောင် ဆွေးနွေးရတယ်ဆိုတော့"

အတွင်းရေးမှူးကောင်လေးခမျာ အခုမှသာ ရုံးခန်းကို နောက်ပြန်လှည့်ကြည့်လိုက်မိတာမို့ ပြုံးဖြဲဖြဲ ဖြစ်သွားချိန် ရိပ်ကတော့ ရုံးခန်းထဲသို့ တွန်းဝင်သွားပြီဖြစ်သည်။

နှောင်ကြိုးရိပ် သူ့လက်ထဲက ကော်ဖီခွက်ကို အချစ်ငှက်နှစ်ကောင် ဘေးရှိ စားပွဲပေါ် စောင့်တင်လိုက်သည်။

"ကော်ဖီရပြီ၊ မအေးခင် အရင်သောက်၊ ဖက်တာက ဘယ်အချိန်ဖက်ဖက် ရတယ်"

လူစိမ်းအသံကြားလိုက်ရချိန်၌ နေဆက်ပိုင် တေဇ ရင်ခွင်ထဲက ထွက်လိုက်ပြီး အလိုက်မသိသည့် လူစိမ်းကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

"ကိုကို အလုပ်များနေရင် လုပ်လေ၊ ကျွန်တော် ကိုကိုနဲ့ နေ့လယ်စာ တူတူစားဖို့ စောင့်နေမယ်"

တေဇ နာရီကို လှမ်းကြည့်လိုက်ချိန်၌ နေ့လယ်စာ စားဖို့အချိန်ပင် ရောက်ခါနီးပြီမို့ ထိုကောင်လေးကို သူ့အခန်းထဲမှာသာ ထိုင်စောင့်ဖို့ ပြောလိုက်ရင်း ရိပ်နား လျှောက်လာကာ ရိပ်လက်ထဲက ကော်ဖီခွက်ကို ဆွဲယူလိုက်သည်။

"ရပြီ၊ ထွက်တော့၊ ဒီနေ့ နေ့လယ်စာကို အခန်းထဲ လာမပို့ခိုင်းနဲ့တော့၊ ငါ သူနဲ့ပဲ အပြင်ထွက်စားလိုက်မယ်"

ရိပ် သူ့ဘေးရှိ နံရံမှာသာ လက်ပိုက်မှီရပ်နေရင်း သူ့မျက်နှာတစ်ခုလုံး မျက်နှာကြောတင်းလျက်ရှိသည်။ တေဇက အပြင်စာ စားလေ့မရှိပေ။ အခုတော့ ဘယ်ကမှန်း မသိတဲ့ လူနဲ့ ထွက်စားဖို့တောင် ပြင်နေသည်။

"လုပ်ချင်တာလုပ်၊ ငါ အခု အခန်းထဲမှာပဲ စောင့်နေမယ်၊ ငါ မသိတဲ့ လူစိမ်းနဲ့ မင်းကို ထားခဲ့လို့ မရဘူး၊ တစ်ခုခုဖြစ်ရင် ငါပဲ ပြဿနာတက်မှာ"

တေဇ အံကြိတ်ကာ အသံနှိမ့်ပြောလိုက်သည်။

"သူက ရန်သူ မဟုတ်ဘူး၊ အိုဗာလုပ်မနေနဲ့၊ မင်း ဘယ်တုန်းကများ ငါ့ကို သေချာ စောင့်ရှောက်ဖူးလို့လဲ၊ အခု. ."

ထိုကောင်လေးက သခင်ကို ရိုသေလိုက်တာများ သခင် စကားပြောလို့ပင် မပြီးသေးခင် ဆိုဖာပေါ်၌ သွားထိုင်လိုက်သေးသည်။ တေဇ ထောင်းခနဲ ‌ဒေါသထွက်သွားရသော်လည်း သူ့အား မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ လိုက်ကြည့်နေသည့် နေဆက်ပိုင် ရှိနေတာမို့ ပြန်မျိုချလိုက်ရကာ နေဆက်ပိုင်ကို ပြုံးပြလိုက်ရသည်။

"ကလေး ခဏထိုင်ဦးနော်၊ ဒီကော်ဖီ သောက်ရင်း စောင့်‌နေ၊ ကိုယ် အလုပ်လေးတွေ အမြန်လက်စသတ်လိုက်မယ်"

"ဟုတ် ကိုကို"

ရိပ် သူ့နားရွက်ကို လက်ဖြင့် ကလော်လိုက်မိပြီး သူ့လျှာနဲ့ ပါးစောင်ကို ထိုးလိုက်ရင်း ကလေးဆိုသည့် ကောင်လေးကို ဝါးစားမိတော့မတတ် ထိုင်ကြည့်နေမိသည်။

ထိုကောင်လေးက အရုပ်လေးလို လှပလွန်းကာ လက်နဲ့တွန်းလိုက်ရင်တောင် လွင့်သွားမလားမသိသည့် အလှလေးပါပင်။ ဒီကောင့်အကြိုက်က အမြဲလိုလို တသမတ်တည်း ဖြစ်နေသလား ထင်ရအောင် တေဇ ချိန်လိုက်လျှင် နူးနူးညံ့ညံ့လေးတွေချည်းပဲမို့ ရိပ် မျက်လုံးသာ လှန်လိုက်၏။

ဒီကောင်လေးက ဘယ်သူလဲတော့ မသိ၊ သူနဲ့တော့ အသက်မတိမ်းမယိမ်း ရှိလောက်မည်ဟု ရိပ် မှန်းမိတာကြောင့် အသက်ပဲ နှစ်ဆယ်ရှိနေပြီကို ကလေးလို့ ခေါ်တာ ပိုလွန်းသည်ဟု ထင်လိုက်မိတာမို့ သူ့နားကိုသာ အဆက်မပြတ် ထိုးကလော်နေမိတော့၏။

နေဆက်ပိုင် သူ့မျက်နှာချင်းဆိုင်၌ ထိုင်နေသည့် သူ့အား နဂါးလို အကြည့်မျိုးနဲ့ ကြည့်နေသော ရိပ်ကို မြင်နေရတာ စိတ်မသက်သာတာမို့ ကိုကို့နား ထသွားလိုက်ပြီး ကိုကို့ထိုင်ခုံလက်တန်းပေါ်မှာသာ တင်ပလွှဲ ဝင်ထိုင်လိုက်ရင်း ကိုယ်ကို ကိုင်းလိုက်ကာ ကိုကို့ပခုံးပေါ် မေးတင်လိုက်သည်။

"ကိုကို ကျွန်တော် ဗိုက်ဆာနေပြီ"

သူ့ပခုံးပေါ် ခေါင်းမှီထားသည့် ကောင်လေးကို တေဇ လှည့်ကြည့်လိုက်ရင်း ခေါင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်ကာ Laptop ကို ပိတ်လိုက်၏။

"ဒါဆို သွားရအောင်၊ ကလေး ဘာစားချင်လဲ"

"ကိုကို ကျွေးတာ ဘာမဆို"

တေဇ ထရပ်လိုက်ပြီး သူ့ကုတ်ကို ချွတ်ထားခဲ့လိုက်ကာ သူ့ရှပ်အဖြူကို တံတောင်ဆစ်ထိ ခေါက်တင်လိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။

သူတို့ အတူယှဉ်တွဲသွားကာ အောက်ဆင်းသွားရာနောက် ရိပ် ပါလာ၏။ ရိပ် သူ သွားရာနောက်ကို ခုလို လိုက်ရတာက တာဝန်ဖြစ်တာမို့ တေဇအတွက် အထူးတလည် စိတ်ရှုပ်ရခြင်း မဖြစ်သော်ငြား ရိပ် သူတို့ဝိုင်းထဲထိ ဝင်ထိုင်လာချိန်၌မူ တေဇ တကယ် စိတ်တိုသွားခဲ့သည်။

"မင်း တခြားဝိုင်း သွားထိုင်၊ ငါ့နားမှာ သက်တော်စောင့်ရှိတာ မကြိုက်ဘူး"

"မထိုင်ဘူး၊ ငါ တခြားဝိုင်းရောက်နေတုန်း မင်း လုပ်ကြံခံရရင် ငါ့တာဝန်ဖြစ်လိမ့်မယ်"

"မင်းတော့ ငါ လုပ်ရင် သေတော့မယ်"

"စားစရာရှိတာ စားစမ်းပါ၊ ငါ မရှိသလို နေပေးမယ်"

နေဆက်ပိုင် သူတို့မျက်နှာချင်းဆိုင်၌ လာဝင်ထိုင်‌နေသည့် ရိပ်ကို အလွန်ဒေါသထွက်လာသော်ငြား အပြုံးနဲ့သာ သည်းခံနေရသည်။

"ကိုကို့သက်တော်စောင့်က ကိုကို့ကို တော်တော် စိတ်ပူနေတာပဲ၊ အင်းပေါ့လေ၊ ကျွန်တော်တောင် ဒီကြားထဲ ကိုကို့ကို အမြဲစိတ်ပူနေခဲ့ရတာ။ ကိုကို အခုလို ကျန်းကျန်းမာမာ ကြီးပြင်းလာတာ မြင်ရမှပဲ စိတ်အေးတော့တယ်"

ငယ်ငယ်ကလိုပဲ စိတ်သဘောထားပြည့်ဝသည့် ကလေးကို တေဇ မေးထောက်ကြည့်လိုက်ရင်း-

"ဗိုက်ဆာနေပြီဆို မှာလိုက်ဦး၊ ဒီဆိုင်က ပုဂံမှာ အရသာ အကောင်းဆုံး ဆိုင်ပဲ"

ထိုကောင်လေး ခေါင်းညိတ်ပြပြီး မီနူးကြည့်နေချိန် နှစ်ကိုယ်ကြား ဘာမှပြောမရအောင် ကန့်လန့်လုပ်နေသော သူ့ရှေ့က ရိပ်ကို ပြန်ကြည့်လိုက်စဥ် ရိပ် သူ့ရှေ့ မီနူး ထိုးပြလာ၏။

"ငါ ဒါ စားချင်လို့၊ ဒါရော၊ ဒါရော၊ ဒါရောပဲ"

"ဟက်၊ စားချင် မှာပေါ့၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကြိုက်သလောက်မျို"

"ငါ မနက်ကထဲက မင်းနောက်ကို အမြန်လိုက်လာရတာ ပိုက်ဆံအိတ် မေ့ခဲ့လို့၊ ဒါဆို ခဏ စိုက်ထားပေး၊ ညကျမှ ပြန်ဆပ်မယ်"

"ကျစ်၊ မင်းက တကယ့်အာရုံပဲ"

တေဇ စားပွဲထိုးကောင်လေးကို လှမ်းခေါ်လိုက်ပြီး ရိပ် စားချင်သည့် ဟင်းများကို အရင် မှာပေးလိုက်ရသည်။ ထို့နောက် ရိပ် စားတတ်လောက်မည်ထင်သည့် ဟင်းအမည်တချို့ကိုပါ ထပ်မှာပေးလိုက်သည်။

မီနူးစာအုပ်ကို အပြန်ပြန်အလှန်လှန်ကြည့်နေသည့် သူ့ဘေးက ကောင်လေးကတော့ ဘာဟင်းကိုများ ရှာနေသလဲ မသိ။ တော်တော်ကြာမှ သူ့လက်မောင်းကို ဆုပ်ကိုင်လာကာ-

"ဒီမှာ ကျွန်တော် စားချင်တာ မရှိဘူး၊ တခြားသွားရအောင် ကိုကို"

ရိပ်အတွက် မှာပေးထားသည့် ဟင်းပွဲတချို့က ရောက်လာပြီမို့ သူ့ရှေ့ရှိ ရိပ်က စားဖို့ပင် ပြင်နေပြီ။ ထို့ကြောင့် သူတို့ ဆိုင်ပြောင်းလျှင် ရိပ် ဆက်မစားဘဲ သူ့နောက် လိုက်ဦးမည်ကို သိနေတာကြောင့် တေဇ သူ့ဘေးက ကလေးကိုသာ ချော့မော့လိုက်မိသည်။

"ကြိုက်တာမရှိလည်း ဒါတွေထဲက တစ်ခုတော့ စားကြည့်ပါဦး၊ ဒီဆိုင်က အရသာ တကယ်ကောင်းတယ်၊ ကိုယ်တို့ ဆိုင်ထပ်ပြောင်းပြီး ရှာ‌နေရင် မင်း အဆာလွန်သွားလိမ့်မယ်"

ဇွန်းခက်ရင်းကို ချပြီး ထဖို့ ရယ်ဒီပြင်နေသည့် ရိပ်တစ်ယောက် ထရမလို ဆက်စားရမလို။ ဒီလောက်ကောင်းသည့် အစားအသောက်တွေကို ဂျီးများနေပြန်သည့် နောက်တစ်ယောက်ကို သူ စိတ်လေစွာ တစ်ချက်ကြည့်လိုက်ရင်း ဆိုင်မပြောင်းရသေးခင် လာချသမျှ ထမင်းနဲ့ ဟင်းတွေကို ရိပ် သူ့ပါးစပ်ထဲ အမြန်ထိုးထည့်နေမိသည်။

ခုနစ်ရက်လောက် ထမင်းမစားရသေးသလို စားနေသည့် ရိပ်ကို တေဇ ကြိမ်းရ၏။

"ဘယ်လိုစားနေတာလဲ၊ စားပိုးနင့် သေဦးမယ်၊ ဖြည်းဖြည်းချင်းစား၊ ဆိုင်မပြောင်းဘူး"

ဘေးနားက ကောင်လေးကို တေဇ အားနာသော်လည်း ဟင်းကောင်း ထမင်းကောင်းကိုမှ စားချင်သည့် ရိပ်ကို ဒီဆိုင်က အရသာကောင်းတွေ မြည်းစမ်း စားကြည့်စေချင်တာမို့ ဆိုင်မပြောင်းမိတော့။

နေဆက်ပိုင်နဲ့ သူ့အတွက်ကိုသာ တေဇ သူ ကိုယ်တိုင် ရွေးချယ်မှာယူပေးလိုက်ရင်း-

"နောက်ဆို မင်း အကြိုက်‌တွေကို ကိုယ် မှတ်ထားပေးမယ်၊ နောက်တစ်ခေါက် ထပ်တွေ့ရင် မင်းကြိုက်တဲ့ ဆိုင်ပဲ သွားပေးမယ်"

ကိုကို သူ့အား စိတ်မရှည်တာကို နေဆက်ပိုင် ခံစားလိုက်ရသည်။ ကလေးလို့တောင် မခေါ်တော့တာမို့ သူ အထွန့်မတက်တော့ဘဲ ငြိမ်ငြိမ်လေး ထိုင်စားရသည်။

"အ့၊ အဟွတ် အဟွတ်၊ ငါးရိုးစူးသွားပြီ"

တေဇတစ်ယောက် ဇွန်းလေး စကိုင်မိရုံရှိသေး ရိပ်ဆီမှ အသံထွက်လာကာ ရိပ်မျက်နှာတစ်ခုလုံး နီရဲနေတာကြောင့် သူ အမြန်ထရပ်လိုက်ရ၏။

နေဆက်ပိုင်ပင် သူ့ရှေ့က ထမင်းဖြူကို ရိပ်ရှေ့ တွန်းပေးလိုက်ပြီး-

"ကိုကို သူ့ကို ဒီထမင်းဖြူ ကျွေးလိုက်"

တေဇ ရိပ်ကို ထမင်းဖြူ အမြန်ခွံ့ကျွေးလိုက်သော်လည်း ထိုကောင်လေးက အဆင်မပြေ။

"အရိုးက ကန့်လန့်ကြီး စိုက်နေတာ"

ရိပ် တကယ် ခံရခက်နေတာမို့ သူ့လည်တိုင်ကို သူ ဆုပ်ကိုင်ထားရင်း မျက်ရည်များပင် ဝဲတက်လာသည်။

"အဲ့ဒါကြောင့် ဖြည်းဖြည်းစားပါလို့ ပြောသားပဲ၊ ထ၊ ဆေးခန်းသွားမယ်"

တေဇဓိရာဇ် ရိပ်ကို လက်မောင်းမှ ဆွဲထူလိုက်ပြီး နေဆက်ပိုင်ကို အားနာစွာ ဆိုလိုက်သည်။

"ကိုယ်တို့ နောက်မှ တွေ့တာ‌ပေါ့၊ ကိုယ် ဖုန်းဆက်လိုက်မယ်"

ခပ်လောလောဆိုပြီးနောက် ထွက်လာကြရကာ တေဇ ရိပ်ကို ကားပေါ်တင်လိုက်ပြီး သူကိုယ်တိုင်သာ မောင်းရတော့သည်။

သူ့ဘေး၌ သူ့လည်တိုင်ကို ဖြစ်ညှစ်နေသော ရိပ်အား-

"အရိုးစူးရုံနဲ့ မသေပါဘူးဟ၊ ရှေ့မှာ ဆေးခန်းရောက်ပြီ၊ အဲ့ဒါ ငါတို့ကြား ကန့်လန့်လုပ်နေလို့ ဝဋ်လည်တာ သိလား"

တေဇ ရိပ်ကို ဆေးခန်းထဲ ပို့ပေးလိုက်ပြီး စူးသွားသည့်အရိုးကို ဆရာနဲ့ပင် ထုတ်လိုက်ရသည်။ ဆေးခန်းက ပြန်ထွက်လာချိန်၌ ရိပ် သူ့နောက်က ခပ်ခွာခွာဖြင့် ငြိမ်ငြိမ်လေးသာ လိုက်လာတော့တာမို့ တေဇ လှည့်ကြည့် လှည့်ကြည့် လုပ်နေရသည်။

ထိုငါးဟင်းက တေဇ ထပ်မှာပေးလိုက်သည့် ဟင်းထဲက ဖြစ်သည်။ ဒီလိုကျတော့လည်း တေဇ စိတ်မကောင်းမိသလိုမို့ နောက်ဆို ရိပ်ကို ငါးဟင်း ထပ်မကျွေးတော့ဖို့ ဆုံးဖြတ်လိုက်မိ၏။ မဖြစ်မနေ စားခိုင်းရမည်ဆိုလျှင်လည်း သူပဲ နွှင်ကျွေးလိုက်ဖို့ တွေးလိုက်မိတော့သည်။

"မြန်မြန်လျှောက်ပါ သခင်လေးရယ်၊ ရုပ်က အခုပဲ သေတော့မလိုရုပ်နဲ့၊ ငါ မင်းကို ဘယ်နေရာမှာများ အားကိုးရမှာလဲ"

"ခုန တကယ် စားလို့ကောင်းနေတာကို"

ရိပ် သူ့ကားဘေး လာရပ်ပြီး မြေကြီးကို ဖိနပ်ဖြင့် ထိုးကလော်နေကာ ခေါင်းငုံ့ရင်း တိုးဖျော့ဖျော့ဆိုလာတာကို တေဇ သေချာကြားလိုက်ရချိန်၌ မရယ်ပဲ မနေနိုင်တော့။

"သူများမြင်ရင် မင်းအိမ်မှာ ဟင်းကောင်းနဲ့ မစားခဲ့ရလို့ ထင်နေဦးမယ်၊ တက်၊ ငါ အလုပ်ပြန်သွားရဦးမယ်"

ဆေးခန်းကအပြန်လည်း တေဇ သူသာ ကားမောင်းဖြစ်သည်။ အလုပ်ထဲ ပြန်ရောက်ချိန်၌မူ နေ့လယ်စာ မစားဖြစ်လိုက်သည့် သူ့အတွက် နေ့လယ်စာ မှာယူရင်း ရိပ်အတွက်ပါ ဟင်းကောင်းကောင်းများဖြင့် ထပ်မှာပေးလိုက်ရသည်။

-------------------

ညစာစားပြီးချိန်၌ တေဇ သူ့အဖိုးအိပ်ဆောင်သို့ လိုက်သွားကာ အဖိုး ပေါင်ပေါ် ခေါင်းအုံးအုံးအိပ်နေရင်း-

"ကျွန်တော် ရှာနေတဲ့သူ တွေ့ခဲ့ပြီ ဖိုး"

သူ့မြေး၏ ဆံနွယ်လေးတွေကို တယုတယ ပွတ်သပ်ပေးနေသည့် ဦးမဟာ အလွန်ဝမ်းသာသွားသည်။

"နောက်ဆုံးတော့ တွေ့ခဲ့ပြီပေါ့၊ မြေးရဲ့ အသက်သခင် ကျေးဇူးရှင်လေးကို ဖိုး တွေ့ချင်နေတာ။ တော်သေးတာပေါ့ မြေးလက်မထပ်ခင် ကွက်တိတွေ့ရလို့၊ ဘယ်လိုလဲ၊ မြေးကြိုက်တဲ့ပုံစံလေးပဲလား"

သူကသာ တတွတ်တွတ် ပြောရင်း မေးနေသော်လည်း သူ့မြေးလေးက သိပ်မပျော်သလိုပင်။ မြေးအတွက် အသက်သခင်ကျေးဇူးရှင်လို့ပင် ပြောလို့ရနိုင်သည့် ကလေးကို သူတို့တွေလည်း မြင်ဖူးချင်နေခဲ့ကြတာ ဖြစ်သည်။

"မြေး မပျော်ဘူးလား"

"မသိတော့ပါဘူးဗျာ၊ ကျွန်တော် သူ့ကို အဲ့တုန်းက လက်ထပ်မယ်လို့ ကတိပေးခဲ့တာ တကယ့်စိတ်ရင်းနဲ့ ပေးခဲ့တာ။ သူ့ကိုပဲလည်း ယူချင်တာမို့ တစ်ချိန်လုံး ရှာနေခဲ့တာ၊ အခုတွေ့တော့ကျ အဲ့လိုစိတ် ပေါ်မလာဘူး ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော် ရိပ်ကိုတော့ လက်ထပ်မှာပဲနော်"

"ရိပ်ကို လက်စားချေချင်ရင် တခြားနည်းနဲ့ ချေလို့ရော မရဘူးလား၊ လက်ထပ်ပြီး ချေမှပဲ ဖြစ်တာလား။ ရာဇက တပြိုင်ထဲ နှစ်ယောက်ယူရင်တော့ လက်ခံမှာ မဟုတ်ဘူးလေ။ မြေး တစ်ယောက်ကိုတော့ အရင်ရွေးရလိမ့်မယ်"

ဦးမဟာ သူ့မြေးစိတ်ကို နားမလည်နိုင်ဖြစ်ရသလို၊ သူ့မြေးလေးကိုလည်း မြူတစ်မှုန်တောင် စိတ်မဆင်းရဲစေချင်။ သို့ပေသိ သူ့အစ်ကိုနဲ့ ဖြစ်ခဲ့ကြသည့် ကိစ္စတွေပဲကို မဆိုင်သည့် ရိပ်ကို သူ့မြေးက အငြိုးထားနေတာကိုတော့ သူ ပိုလို့ပင် နားမလည်နိုင်ဖြစ်နေသည်။

တေဇ စိတ်ရှုပ်စွာ သူ့အဆောင်ဖက်သို့ ပြန်လာခဲ့သည်။ သူ့အိပ်ဆောင်တည်ရှိရာ ပန်းမျိုးစုံဖြင့် အလှဆင်ပေးထားသည့် ခြံဝင်းလေးကလည်း ညဖက်ဆို ပိုလှ၏။ ပိုတိတ်ဆိတ်ငြိမ်းချမ်း၏။

သူ့အဖေက သူ့အတွက် ခြံရှေ့၌မူ အစောင့်အကြပ်အနေဖြင့် သက်တော်စောင့်နှစ်ယောက် ထား‌ပေးထားပြီး အိပ်ဆောင်ထဲမှာတော့ ရိပ်ကို အချိန်ပြည့်ထားပေးထားသည်။

ခြံဝင်းကို ဖြတ်ပြီး အိပ်ဆောင်ထဲ ဝင်လာချိန် အိမ်ရှေ့ရှိ ခုံတန်းလျား၌ ရိပ် ခွေခေါက်ပြီး အိပ်နေတာကို တွေ့လိုက်ရတာကြောင့် တေဇ အံ့ဩသွား၏။ ဒီကောင်လေး ဘယ်လိုကြောင့်များ ညဖက်ဆို အခုလို အစောကြီး အိပ်နေလဲ မသိ။ ဒီကောင်လေးဆီက စီးကရက်နံ့ ထပ်မရတော့တာမို့ ရိပ် စီးကရက် မသောက်တော့ပုံရသော်ငြား တေဇ မျက်မှောင်ကြုတ်သွားသည်။ ဒီကောင်လေး ဆေးတွေများ ခိုးသုံးနေသလားဟု ထင်မိသွားသောကြောင့်ပင်။

ရိပ်ရှိရာသို့ တေဇ လျှောက်လာပြီး ရိပ်၏နဖူးပေါ် လက်အုပ်တင်လိုက်ကာ နှိုးလိုက်သည်။

"ဘယ်နေရာမှာ လာအိပ်နေပြန်တာလဲ၊ ဇက်နာမယ်လေ၊ အိပ်ချင်ရင်လည်း အခန်းထဲ ဝင်အိပ်တော့"

ထိုကောင်လေး၏ မျက်ဝန်းများ မှိတ်ချည်ဖွင့်ချည် ပြုလာပြီး နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေသေးပုံရသည်။

"ငါ မင်းကို ထွက်စောင့်နေတာ၊ ဝင်နှင့်တော့၊ ငါ တံခါးတွေ လိုက်ပိတ်လိုက်ဦးမယ်"

တေဇ သူ့ဘောင်းဘီအိတ်ကပ်ထဲသို့ လက်နှစ်ဖက်ထည့်လိုက်ပြီး ထွက်သွားတော့ကာ အိမ်ထဲဝင်ခါနီး ရိပ်ကို ပြန်လှည့်ကြည့်လိုက်ချိန် ထိုကောင်လေးက ပြန်အိပ်ပျော်သွားပုံပင်။

"ဟက်၊ တော်တော်လေးကို နိုးနိုးကြားကြား ရှိတဲ့ သက်တော်စောင့်ပဲ"

တေဇ ထိုခုံတန်းနားသို့ ပြန်လှည့်လာရင်း ရိပ်ကို ငုံ့မိုးကြည့်လိုက်ပြီး ရိပ် တကယ် ပြန်အိပ်နေတာ မြင်ရချိန်၌ သူ ရိပ်၏ ပခုံးအောက်နှင့် ဒူးအောက်ဆီ လက်လျှိုဝင်လိုက်ကာ ထိုကောင်လေးကို ပွေ့ယူလိုက်မိတော့သည်။

"အခန်းထဲ ဝင်အိပ်လိုက်တော့၊ ငါပဲ လိုက်ပိတ်ခဲ့လိုက်တော့မယ်"

"အွန်း"

ရိပ် သူ့လည်တိုင်ကို လက်နှစ်ဖက်ဖြင့် လှမ်းဖက်လာကာ ပခုံးပေါ် မျက်နှာမှောက်လာပြီး အွန်းဟု အိပ်ချင်မူးတူးဆိုသည်။

တေဇ ထိုကောင်လေးကို သူ့ကုတင်ကျယ်ဆီသို့သာ တန်းပွေ့ခေါ်လာခဲ့သည်။ အခုမှ ညဦးပိုင်းသာ ရှိသေးတာမို့ တေဇ မအိပ်ချင်သေးတာကြောင့် ရိပ်ကို သူ့ကုတင်ပေါ်မှာသာ ခဏ ပေးအိပ်ဖို့ လုပ်လိုက်တော့သည်။ ထိုကောင်လေး၏ ကုတင်ထက်စာလျှင် သူ့ကုတင်က ပိုကျယ်တာမို့ ရိပ် လှိမ့်ချင်သလောက် လှိမ့်နိုင်၏။

ကုတင်ပေါ် ချပေးလိုက်သည်နှင့်တပြိုင်နက် ထိုကောင်လေး တစ်ဖက်သို့ ချက်ချင်းစောင်းသွားကာ လှိမ့်သွားရင်း သူ့ဖက်လုံးတွေနဲ့ ခေါင်းအုံးတွေကို ခွပြီး ဆက်အိပ်သွားလေ၏။

တေဇ ကာလနဂါးလေးကို မိနစ်အနည်းငယ်ခန့် ကုတင်‌ဘေးမှ ရပ်ကြည့်နေရင်း ရိပ် ကုတင်ရှိရာသို့ သူ ခြေသံဖော့နင်းပြီး ထွက်သွားသည်။ ထို့နောက် သူ ရိပ်၏ အိတ်တွေထဲကို ဖွင့်ရှာသည်။ ဒီကောင်လေး ဘိန်းမှိန်း မှိန်းနေတာလား သိချင်သောကြောင့်ပင်။

ထိုကောင်လေးအိတ်ထဲ၌ မူးယစ်ဆေးတွေအစား သောက်လက်စဖြစ်ပုံရသည့် ဆေးကတ်များစွာကိုသာ တေဇ တွေ့လိုက်ရ၏။ ဘာဆေးတွေလဲ မသိတာမို့ တေဇ ဓာတ်ပုံရိုက်ယူထားလိုက်ကာ သူ့စားပွဲဆီသို့ လျှောက်လာခဲ့ပြီး ယံ့ဆီသို့ ပို့ကြည့်လိုက်သည်။

သက်ခွန်းယံ တေဇ ပို့လာသည့် ဆေးတွေကို ကြည့်လိုက်ရင်း reply ပြန်လိုက်၏။

"ဘယ်ကဆေးတွေလဲ"

"ငါ မေးတာသာ ဖြေစမ်းပါ"

"စိတ်ရောဂါဖြစ်နေတဲ့ လူနာတွေအတွက် တိုက်ရတဲ့ဆေးတွေ။ တချို့ဆေးတွေက သူတို့စိတ်ဖောက်လာရင် တိုက်ရတဲ့ဟာတွေ။ အဲ့ဒါ သောက်ပြီးရင် သူတို့ ငြိမ်ငြိမ်လေး အိပ်သွားမှာ။ ဘယ်သူ့ဆေးတွေလဲဆို"

တေဇ ပြန်မဖြေမိတော့ဘဲ သူ့ကုတင်ထက်က ကောင်လေးကိုသာ လှမ်းကြည့်လိုက်မိသည်။ ဦးနေရိပ် ပြောခဲ့သည့် ရိပ်က သူ့အစ်ကို မရှိတော့ဘူးဆိုတာကို လက်ခံဖို့ စိတ်ရောဂါကုဆရာဝန်နဲ့ပင် ပြသခဲ့ရသည်ဆိုတာကို သူ ပြန်သတိရလိုက်မိသလို၊ ရိပ် ပထမဆုံး အလုပ်ဝင်သည့်ရက်က သူ့အခန်းထဲက ပစ္စည်းတွေကို ဖျက်ဆီးပစ်ခွဲပြီး သောင်းကျန်းတာကလွဲလျှင် နောက်ညတွေ အခုလိုပဲ ငြိမ်ငြိမ်လေး အိပ်နေတာကို သူ သတိထားလိုက်မိတာမို့ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

ထိုအချိန်၌ ဖုန်းဝင်လာတာကြောင့် ယံ့ဆီကလား ကြည့်လိုက်ချိန် နံပါတ်စိမ်းဖုန်း ဖြစ်နေတာမို့ ကိုင်လိုက်စဉ် နေဆက်ပိုင်ဆီက ဖြစ်နေသည်။

"ကိုကို အခု ကျွန်တော်တည်းနေတဲ့ ဟိုတယ်ဆီ လာခဲ့မလား၊  ကျွန်တော်တို့ မနက်ကလည်း ဘာမှသေချာမပြောလိုက်ရသေးဘူးလေ၊ ကျွန်တော် ကိုကိုနဲ့ ငယ်ငယ်က အကြောင်း‌တွေ အေးဆေးပြောချင်လို့ပါဆို"

တေဇ လက်ပတ်နာရီကို ကြည့်လိုက်ပြီး ခုနစ်နာရီသာ ရှိသေးတာမို့ သူ အခု လာခဲ့မည့်အကြောင်း ပြောလိုက်သည်။

သူ အဝတ်အစားလဲဝတ်ပြီးချိန်ထိ ရိပ် မနိုးသေးတာကြောင့် သူ ခုံပေါ်က ကားသော့ကို ယူလိုက်ပြီး စာတိုရေးခဲ့လိုက်ရင်း သက်တော်စောင့်မပါဘဲ တစ်ယောက်တည်းထွက်ဖို့ ချောင်းနေတာ အောင်မြင်သွား၏။

"ကိုကို. .ကိုကို"

အခန်းတံခါးကို ဖွင့်ထွက်ခါနီးချိန်၌ ရိပ်ဆီက အသံထွက်လာတာကြောင့် တေဇ လှည့်ကြည့်လိုက်စဉ် ထိုကောင်လေးက ယောင်နေတာသာ ဖြစ်တာမို့ သူ ကျောပြန်ခိုင်းလိုက်သည်။

-------------------

နေဆက်ပိုင်တည်းနေသည့် ဟိုတယ်ခန်းထဲသို့ တေဇ ရောက်ရှိနေသည်။ မနက်က ဘာမှ သေချာမပြောလိုက်ရတာမို့ အခုမှပဲ နေဆက်ပိုင်နှင့် သူ သေချာ စကားထိုင်ပြောဖြစ်၏။

ဒီကောင်လေးက ယခုလက်ရှိ ရန်ကုန်မှာ နေထိုင်လျက်ရှိကာ ဒီကို ခဏပြန်လာခြင်းဖြစ်သည်။ ကျောင်းပြီးခါစမို့ အလုပ်ရှာနေဆဲဟုလည်း သိရသည်။

"ကိုကို သောက်၊ အရက်သောက်လို့တော့ ရတယ်မလား၊ ကိုကို့ရောဂါက အပြီးသက်သာသွားပြီလား"

တီရှပ်အဖြူပွပွကြီးကို ပေါင်လယ်လောက်သာရှိသော ဘောင်းဘီတိုလေးနဲ့ တွဲဖက်ဝတ်ဆင်ထားသည့် နေဆက်ပိုင်အား တေဇ တစ်ချက်ကြည့်လိုက်ပြီး အရက်ခွက်ကို ယူသောက်လျက်ရှိသည်။

"နှလုံးအစားထိုးလိုက်ကထဲက လူကောင်းနီးပါးလို ဖြစ်နေပြီ၊ အရင်ထက်တော့ နေလို့ကောင်းနေတယ်၊ ဒါပေမဲ့ အဲ့တုန်းက မင်း မကယ်ခဲ့ရင် ကိုယ် ဒီအချိန်ထိ အသက်ရှိချင်မှ ရှိမှာ"

"မဟုတ်တာ၊ ကျွန်တော် ဘာမှ လုပ်ပေးခဲ့ရတာလည်း မဟုတ်ပါဘူးဆို"

ရှက်ဝဲဝဲဖြင့် သူ့လည်ဂုတ်ကိုသူ ပွတ်သပ်နေသည့် ကောင်လေးက တကယ့်ချစ်စရာအတိ။ သို့ပေသိ တေဇ ထိုကောင်လေးကို ဘာကြောင့်မှန်းမသိ သဘောမကျဖြစ်လျက်ရှိသည်။ ထို့အတွက် စိတ်ရှုပ်စွာ သူ့ခွက်ထဲက အရက်ကိုသာ မော့သောက်လျက်ရှိသည်။

သုံးခွက်လောက်သောက်ပြီးချိန်၌ တေဇ နေလို့မကောင်းဖြစ်လာသည်။ သူ့ခန္ဓာကိုယ်က ပူလာပြီး တစ်စုံတစ်ခုကို လိုချင်လာတာမို့ သူ့လက်ထဲက ခွက်ကို အမြန်ချလိုက်၏။

"ကိုကို ကျွန်တော့်ကို ဘယ်တော့လက်ထပ်မှာလဲ"

"မင်း ကိုယ့်ကို ဘာတိုက်တာလဲ"

"ဒီအတိုင်း ပြန်တွေ့တဲ့ အထိမ်းအမှတ်နဲ့ အရက်. .အ့"

တေဇ ထိုကောင်လေးကို ဆတ်ခနဲ ဆွဲထူလိုက်ပြီး သူ အလွန်စိတ်တိုသွားလျက်ရှိ၏။ သူ့ကိုများ မနူးမနပ်လေးဟု ဒီကောင်လေး ထင်နေသလား မသိ။

တေဇဓိရာဇ်ကို အခုလို အပိုင်ကြံခွင့် မည်သူ့မှာမှ အခွင့်အရေး မရှိပေ။

"ကျွန်တော် ကိုကိုနဲ့ ထပ်မဝေးချင်တော့လို့ပါ"

"‌ကိုယ့်ကို ဒီလိုလုပ်တာ ကိုယ် မကြိုက်ဘူးဆိုတာ မှတ်ထား။ ကိုယ် ပြန်တော့မယ်"

တေဇ သူ့ကားသော့ကို ဆွဲယူလိုက်ပြီး အခန်းတံခါးကို ဒေါသတကြီး ဆွဲဖွင့်လိုက်ချိန် တံခါးခေါက်ဖို့ ပြင်နေသည့် ရိပ်နဲ့ တည့်တည့်တိုးသည်။

"မင်းကို အပြင်တစ်ယောက်ထဲ မထွက်ရဘူးလို့ မင်းဘိုးတော် မှာထားတာ မေ့နေတာလား"

ရိပ် နိုးနိုးချင်း ထလာခဲ့ရတာ ဖြစ်၏။ သူ ဆေးအရှိန်ကြောင့် ညဖက်ဆို မှိန်းနေသလို ဖြစ်သော်ငြား တတ်နိုင်သမျှ သတိနဲ့ အိပ်နိုင်အောင် ကြိုးစားရတာဖြစ်သည်။ ဒီကောင် သူ ဘယ်သွားလဲဆိုတာ စာတိုရေးခဲ့သော်ငြား သက်တော်စောင့်ကိုတော့ ထားခဲ့တာမို့ သူ ချက်ချင်း လိုက်လာရခြင်းဖြစ်၏။

"ကိုကို မပြန်ရဘူး"

တေဇ နေဆက်ပိုင်ကို တွန်းဖယ်လိုက်ကာ ထိုအခန်းထဲက တောက်ခေါက်ပြီး ထွက်သွားတာကြောင့် ရိပ် ငြိမ်လိုက်ရ၏။ အချစ်ငှက်နှစ်ကောင် ရန်ဖြစ်နေတာလား မသိတာမို့ သူ စကားဆက်မပြောတော့ဘဲ တေဇနောက်ကိုသာ လိုက်သွားရသည်။

ဟိုတယ်အောက်ရောက်ချိန်၌ တေဇ နံရံကို မှီလိုက်ပြီး သူ အလွန်အမင်း မသက်မသာ ဖြစ်လျက်ရှိသည်။

"မင်း ဘာဖြစ်တာလဲ၊ နေမကောင်းဘူးလား"

တေဇနားသို့ ရိပ် အမြန်ပြေးလာခဲ့ပြီး တေဇ တစ်ခုခုဖြစ်နေပုံရသော်ငြား ရိပ်တစ်‌ယောက် သူ့ခန္ဓာကိုယ်က ဘာမှမခံစားရတာမို့ တေဇ ဘာဖြစ်နေလဲ သူ မမှန်းတတ်ဖြစ်သွားသည်။ တေဇနဲ့ ကိုကိုက လူမတူတာမို့ တေဇ တစ်ခုခုဖြစ်လျှင် သူ အမြဲလိုက်မခံစားရတာလားတော့ မသိပေ။

"ငါ အိမ်မပြန်တော့ဘူး၊ ငါ့အတွက် ဒီဟိုတယ်မှာပဲ အခန်းတစ်ခန်း ဘိုကင်သွားယူလိုက်"

"မပြန်ရင် မင်းအဖေ. ."

"ငါ့အမိန့်ကို နားထောင်စမ်းကွ၊ မြန်မြန်သွား"

တေဇ၏ မျက်မှောင်တွေ ကြုတ်ထားကာ မေးကြောတွေပင် ထောင်နေတာမို့ ရိပ် စိတ်ပူသွားသည်။ ထို့အတွက် သူ ဟိုတယ်ထဲ ချက်ချင်း ပြန်ဝင်သွားပြီး အခန်းဘိုကင် အမြန်သွားတင်ရသည်။

"ရပြီ၊ မင်း ဘာဖြစ်နေတာလဲ၊ လမ်းလျှောက်နိုင်ရဲ့လား၊ လာ"

တေဇကို သူ လှမ်းတွဲလိုက်သော်လည်း ထိုအမျိုးသားက အလွန်‌ဒေါသကြီးနေကာ သူ့လက်ထဲက အခန်းသော့ကိုပဲ ဆွဲယူပြီး တက်သွားသည်။

ရိပ် ထိုအခန်းထဲသို့ အမြန်လိုက်လာခဲ့ရ၏။

သူ့နောက်ကို အရိပ်အကဲမသိ တကောက်ကောက် ထပ်ကြပ်မကွာ လိုက်နေသော ရိပ်ကို သူ ‌ဒေါသထွက်လာ၏။

"မင်းအခုချက်ချင်း အခန်းထဲက ထွက်တော့၊ မထွက်ရင် ငါ့အဆိုးမဆိုနဲ့"

"မထွက်ဘူး၊ မင်း ဒီမှာနေရင် ငါလည်း ဒီမှာပဲနေ. ."

ပြွတ်!

ရိပ်တစ်ယောက် သူ့နောက်က ကုတင်ပေါ်သို့ အတွန်းခံလိုက်ရပြီးချိန်၌ တေဇ သူ့အား တက်ဖိလာကာ ရုတ်တရက်ကြီး သူ့နှုတ်ခမ်းကို အကြမ်းပတမ်း ဖိကပ်နမ်းလာခဲ့သည်။

ရိပ် ထိတ်လန့်စွာ ရုန်းလိုက်‌သော်ငြား တေဇက သူ့လက်ကောက်ဝတ်နှစ်ဖက်လုံးကို အိပ်ရာပေါ် ဖိချလာကာ-

"ငါ မင်းကို ပြန်ထွက်ဖို့ အခွင့်အရေးပေးခဲ့တာကို မင်းက အကြောလာတင်းနေတယ်၊ အခုကစပြီး မင်း ငါ့လက်ထဲက ပြန်ထွက်ရဖို့ မစဉ်းစားနဲ့တော့"

တေဇ နှုတ်ခမ်းတွန့်ပြုံးပြုံးလိုက်၏။ သူ ဒီညတော့ ရိပ်ကို တကယ် လက်စားချေဖို့ ဆုံးဖြတ်ပြီးပြီဖြစ်၏။

နောင်ရိုးရိပ်က သူ့ညီမဝမ်းကွဲဖြစ်သည့် ပန်းအိမ်ကို မတရားဖျက်ဆီးခဲ့တာ ဖြစ်၏။ ထို့အတွက် ယံ့ဖက်မှ ပန်းအိမ်ကို အမြန်လက်ထပ်ယူခဲ့သော်လည်း ထိုအယုတ်တမာကောင်က သူ့ညီမကို ပွဲပျက်အောင်တင်မက သေဆုံးအောင်ထိပါ လုပ်ခဲ့သည်။ ထိုကောင့်လုပ်ရပ်က သူနဲ့ ယံ့အတွက် ဘယ်တော့မှ ခွင့်လွှတ်နိုင်စရာ မရှိပေ။

အတင်းရုန်းကန်နေသည့် လျင်ပြီး အားသန်သော ရိပ်ကို တေဇ ပြန်ဆွဲဖိချလိုက်ရင်း ထိုကောင်လေး၏ ဖိကိုက်ထားသည့် နှုတ်ခမ်းပါးကို တေဇ အကြမ်းပတမ်း နမ်းယူလိုက်၏။ သူ့ညီ အခုလို ပြန်ခံစားနေရတာကို နောင်ရိုးရိပ် မမြင်နိုင်လောက်သော်လည်း ထိုကောင့်နှလုံးကတော့ သေချာပေါက် နာကျင်ခံစားရမှာ သေချာသည်။

________________________

26.11.2023

[Zawgyi]

ေတဇ ထြက္ဝယ္ခိုင္း‌ေသာ ေကာ္ဖီခြက္ႏွင့္အတူ ရိပ္တစ္ေယာက္ ေတဇ၏ ႐ုံးခန္းေရွ႕သို႔ ျပန္လည္ေရာက္ရွိလာၿပီျဖစ္သည္။

ထိုစဥ္ ေတဇအခန္းကို လွမ္းၾကည့္လိုက္မိသည့္ သူ႕မ်က္ဝန္းမ်ားက စူးရဲသြားကာ ရိပ္ သူ႕လက္ထဲက ေကာ္ဖီခြက္ကို ျဖစ္ညွစ္လိုက္မိတာမို႔ ေကာ္ဖီတခ်ိဳ႕ပင္ ဖိတ္စင္လုနီးနီးျဖစ္သြားခဲ့၏။

ရိပ္ အတြင္းေရးမႉးေကာင္ေလးနား ေလွ်ာက္လာခဲ့ၿပီး‌ သူ႕ေဒါသသံကို မနည္းမ်ိဳခ်ရင္း ေမးရသည္။

"အထဲက ဘယ္သူလဲ"

"ဆရာ့ရဲ႕ ဧည့္သည္တဲ့၊ ကြၽန္ေတာ္လည္း မသိဘူး၊ ဆရာနဲ႕ အေရးႀကီးကိစၥ‌ ေဆြးေႏြးခ်င္လို႔ပဲ ေျပာတယ္"

"ဟက္၊ ေတာ္ေတာ္အေရးႀကီးပုံပဲ၊ ဖက္ၿပီးေတာင္ ေဆြးေႏြးရတယ္ဆိုေတာ့"

အတြင္းေရးမႉးေကာင္ေလးခမ်ာ အခုမွသာ ႐ုံးခန္းကို ေနာက္ျပန္လွည့္ၾကည့္လိုက္မိတာမို႔ ၿပဳံးၿဖဲၿဖဲ ျဖစ္သြားခ်ိန္ ရိပ္ကေတာ့ ႐ုံးခန္းထဲသို႔ တြန္းဝင္သြားၿပီျဖစ္သည္။

ေႏွာင္ႀကိဳးရိပ္ သူ႕လက္ထဲက ေကာ္ဖီခြက္ကို အခ်စ္ငွက္ႏွစ္ေကာင္ ေဘးရွိ စားပြဲေပၚ ေစာင့္တင္လိုက္သည္။

"ေကာ္ဖီရၿပီ၊ မေအးခင္ အရင္ေသာက္၊ ဖက္တာက ဘယ္အခ်ိန္ဖက္ဖက္ ရတယ္"

လူစိမ္းအသံၾကားလိုက္ရခ်ိန္၌ ေနဆက္ပိုင္ ေတဇ ရင္ခြင္ထဲက ထြက္လိုက္ၿပီး အလိုက္မသိသည့္ လူစိမ္းကို မ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္သည္။

"ကိုကို အလုပ္မ်ားေနရင္ လုပ္ေလ၊ ကြၽန္ေတာ္ ကိုကိုနဲ႕ ေန႕လယ္စာ တူတူစားဖို႔ ေစာင့္ေနမယ္"

ေတဇ နာရီကို လွမ္းၾကည့္လိုက္ခ်ိန္၌ ေန႕လယ္စာ စားဖို႔အခ်ိန္ပင္ ေရာက္ခါနီးၿပီမို႔ ထိုေကာင္ေလးကို သူ႕အခန္းထဲမွာသာ ထိုင္ေစာင့္ဖို႔ ေျပာလိုက္ရင္း ရိပ္နား ေလွ်ာက္လာကာ ရိပ္လက္ထဲက ေကာ္ဖီခြက္ကို ဆြဲယူလိုက္သည္။

"ရၿပီ၊ ထြက္ေတာ့၊ ဒီေန႕ ေန႕လယ္စာကို အခန္းထဲ လာမပို႔ခိုင္းနဲ႕ေတာ့၊ ငါ သူနဲ႕ပဲ အျပင္ထြက္စားလိုက္မယ္"

ရိပ္ သူ႕ေဘးရွိ နံရံမွာသာ လက္ပိုက္မွီရပ္ေနရင္း သူ႕မ်က္ႏွာတစ္ခုလုံး မ်က္ႏွာေၾကာတင္းလ်က္ရွိသည္။ ေတဇက အျပင္စာ စားေလ့မရွိေပ။ အခုေတာ့ ဘယ္ကမွန္း မသိတဲ့ လူနဲ႕ ထြက္စားဖို႔ေတာင္ ျပင္ေနသည္။

"လုပ္ခ်င္တာလုပ္၊ ငါ အခု အခန္းထဲမွာပဲ ေစာင့္ေနမယ္၊ ငါ မသိတဲ့ လူစိမ္းနဲ႕ မင္းကို ထားခဲ့လို႔ မရဘူး၊ တစ္ခုခုျဖစ္ရင္ ငါပဲ ျပႆနာတက္မွာ"

ေတဇ အံႀကိတ္ကာ အသံႏွိမ့္ေျပာလိုက္သည္။

"သူက ရန္သူ မဟုတ္ဘူး၊ အိုဗာလုပ္မေနနဲ႕၊ မင္း ဘယ္တုန္းကမ်ား ငါ့ကို ေသခ်ာ ေစာင့္ေရွာက္ဖူးလို႔လဲ၊ အခု. ."

ထိုေကာင္ေလးက သခင္ကို ရိုေသလိုက္တာမ်ား သခင္ စကားေျပာလို႔ပင္ မၿပီးေသးခင္ ဆိုဖာေပၚ၌ သြားထိုင္လိုက္ေသးသည္။ ေတဇ ေထာင္းခနဲ ‌ေဒါသထြက္သြားရေသာ္လည္း သူ႕အား မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႕ လိုက္ၾကည့္ေနသည့္ ေနဆက္ပိုင္ ရွိေနတာမို႔ ျပန္မ်ိဳခ်လိဳက္ရကာ ေနဆက္ပိုင္ကို ၿပဳံးျပလိုက္ရသည္။

"ကေလး ခဏထိုင္ဦးေနာ္၊ ဒီေကာ္ဖီ ေသာက္ရင္း ေစာင့္‌ေန၊ ကိုယ္ အလုပ္ေလးေတြ အျမန္လက္စသတ္လိုက္မယ္"

"ဟုတ္ ကိုကို"

ရိပ္ သူ႕နား႐ြက္ကို လက္ျဖင့္ ကေလာ္လိုက္မိၿပီး သူ႕လွ်ာနဲ႕ ပါးေစာင္ကို ထိုးလိုက္ရင္း ကေလးဆိုသည့္ ေကာင္ေလးကို ဝါးစားမိေတာ့မတတ္ ထိုင္ၾကည့္ေနမိသည္။

ထိုေကာင္ေလးက အ႐ုပ္ေလးလို လွပလြန္းကာ လက္နဲ႕တြန္းလိုက္ရင္ေတာင္ လြင့္သြားမလားမသိသည့္ အလွေလးပါပင္။ ဒီေကာင့္အႀကိဳက္က အၿမဲလိုလို တသမတ္တည္း ျဖစ္ေနသလား ထင္ရေအာင္ ေတဇ ခ်ိန္လိုက္လွ်င္ ႏူးႏူးညံ့ညံ့ေလးေတြခ်ည္းပဲမို႔ ရိပ္ မ်က္လုံးသာ လွန္လိုက္၏။

ဒီေကာင္ေလးက ဘယ္သူလဲေတာ့ မသိ၊ သူနဲ႕ေတာ့ အသက္မတိမ္းမယိမ္း ရွိေလာက္မည္ဟု ရိပ္ မွန္းမိတာေၾကာင့္ အသက္ပဲ ႏွစ္ဆယ္ရွိေနၿပီကို ကေလးလို႔ ေခၚတာ ပိုလြန္းသည္ဟု ထင္လိုက္မိတာမို႔ သူ႕နားကိုသာ အဆက္မျပတ္ ထိုးကေလာ္ေနမိေတာ့၏။

ေနဆက္ပိုင္ သူ႕မ်က္ႏွာခ်င္းဆိုင္၌ ထိုင္ေနသည့္ သူ႕အား နဂါးလို အၾကည့္မ်ိဳးနဲ႕ ၾကည့္ေနေသာ ရိပ္ကို ျမင္ေနရတာ စိတ္မသက္သာတာမို႔ ကိုကို႔နား ထသြားလိုက္ၿပီး ကိုကို႔ထိုင္ခုံလက္တန္းေပၚမွာသာ တင္ပလႊဲ ဝင္ထိုင္လိုက္ရင္း ကိုယ္ကို ကိုင္းလိုက္ကာ ကိုကို႔ပခုံးေပၚ ေမးတင္လိုက္သည္။

"ကိုကို ကြၽန္ေတာ္ ဗိုက္ဆာေနၿပီ"

သူ႕ပခုံးေပၚ ေခါင္းမွီထားသည့္ ေကာင္ေလးကို ေတဇ လွည့္ၾကည့္လိုက္ရင္း ေခါင္းကို ခပ္ဖြဖြ ပုတ္ေပးလိုက္ကာ Laptop ကို ပိတ္လိုက္၏။

"ဒါဆို သြားရေအာင္၊ ကေလး ဘာစားခ်င္လဲ"

"ကိုကို ေကြၽးတာ ဘာမဆို"

ေတဇ ထရပ္လိုက္ၿပီး သူ႕ကုတ္ကို ခြၽတ္ထားခဲ့လိုက္ကာ သူ႕ရွပ္အျဖဴကို တံေတာင္ဆစ္ထိ ေခါက္တင္လိုက္ရင္း ေခါင္းညိတ္ျပလိုက္သည္။

သူတို႔ အတူယွဥ္တြဲသြားကာ ေအာက္ဆင္းသြားရာေနာက္ ရိပ္ ပါလာ၏။ ရိပ္ သူ သြားရာေနာက္ကို ခုလို လိုက္ရတာက တာဝန္ျဖစ္တာမို႔ ေတဇအတြက္ အထူးတလည္ စိတ္ရႈပ္ရျခင္း မျဖစ္ေသာ္ျငား ရိပ္ သူတို႔ဝိုင္းထဲထိ ဝင္ထိုင္လာခ်ိန္၌မူ ေတဇ တကယ္ စိတ္တိုသြားခဲ့သည္။

"မင္း တျခားဝိုင္း သြားထိုင္၊ ငါ့နားမွာ သက္ေတာ္ေစာင့္ရွိတာ မႀကိဳက္ဘူး"

"မထိုင္ဘူး၊ ငါ တျခားဝိုင္းေရာက္ေနတုန္း မင္း လုပ္ႀကံခံရရင္ ငါ့တာဝန္ျဖစ္လိမ့္မယ္"

"မင္းေတာ့ ငါ လုပ္ရင္ ေသေတာ့မယ္"

"စားစရာရွိတာ စားစမ္းပါ၊ ငါ မရွိသလို ေနေပးမယ္"

ေနဆက္ပိုင္ သူတို႔မ်က္ႏွာခ်င္းဆိုင္၌ လာဝင္ထိုင္‌ေနသည့္ ရိပ္ကို အလြန္ေဒါသထြက္လာေသာ္ျငား အၿပဳံးနဲ႕သာ သည္းခံေနရသည္။

"ကိုကို႔သက္ေတာ္ေစာင့္က ကိုကို႔ကို ေတာ္ေတာ္ စိတ္ပူေနတာပဲ၊ အင္းေပါ့ေလ၊ ကြၽန္ေတာ္ေတာင္ ဒီၾကားထဲ ကိုကို႔ကို အၿမဲစိတ္ပူေနခဲ့ရတာ။ ကိုကို အခုလို က်န္းက်န္းမာမာ ႀကီးျပင္းလာတာ ျမင္ရမွပဲ စိတ္ေအးေတာ့တယ္"

ငယ္ငယ္ကလိုပဲ စိတ္သေဘာထားျပည့္ဝသည့္ ကေလးကို ေတဇ ေမးေထာက္ၾကည့္လိုက္ရင္း-

"ဗိုက္ဆာေနၿပီဆို မွာလိုက္ဦး၊ ဒီဆိုင္က ပုဂံမွာ အရသာ အေကာင္းဆုံး ဆိုင္ပဲ"

ထိုေကာင္ေလး ေခါင္းညိတ္ျပၿပီး မီႏူးၾကည့္ေနခ်ိန္ ႏွစ္ကိုယ္ၾကား ဘာမွေျပာမရေအာင္ ကန႔္လန႔္လုပ္ေနေသာ သူ႕ေရွ႕က ရိပ္ကို ျပန္ၾကည့္လိုက္စဥ္ ရိပ္ သူ႕ေရွ႕ မီႏူး ထိုးျပလာ၏။

"ငါ ဒါ စားခ်င္လို႔၊ ဒါေရာ၊ ဒါေရာ၊ ဒါေရာပဲ"

"ဟက္၊ စားခ်င္ မွာေပါ့၊ ကိုယ့္ပိုက္ဆံနဲ႕ကိုယ္ ႀကိဳက္သေလာက္မ်ိဳ"

"ငါ မနက္ကထဲက မင္းေနာက္ကို အျမန္လိုက္လာရတာ ပိုက္ဆံအိတ္ ေမ့ခဲ့လို႔၊ ဒါဆို ခဏ စိုက္ထားေပး၊ ညက်မွ ျပန္ဆပ္မယ္"

"က်စ္၊ မင္းက တကယ့္အာ႐ုံပဲ"

ေတဇ စားပြဲထိုးေကာင္ေလးကို လွမ္းေခၚလိုက္ၿပီး ရိပ္ စားခ်င္သည့္ ဟင္းမ်ားကို အရင္ မွာေပးလိုက္ရသည္။ ထို႔ေနာက္ ရိပ္ စားတတ္ေလာက္မည္ထင္သည့္ ဟင္းအမည္တခ်ိဳ႕ကိုပါ ထပ္မွာေပးလိုက္သည္။

မီႏူးစာအုပ္ကို အျပန္ျပန္အလွန္လွန္ၾကည့္ေနသည့္ သူ႕ေဘးက ေကာင္ေလးကေတာ့ ဘာဟင္းကိုမ်ား ရွာေနသလဲ မသိ။ ေတာ္ေတာ္ၾကာမွ သူ႕လက္ေမာင္းကို ဆုပ္ကိုင္လာကာ-

"ဒီမွာ ကြၽန္ေတာ္ စားခ်င္တာ မရွိဘူး၊ တျခားသြားရေအာင္ ကိုကို"

ရိပ္အတြက္ မွာေပးထားသည့္ ဟင္းပြဲတခ်ိဳ႕က ေရာက္လာၿပီမို႔ သူ႕ေရွ႕ရွိ ရိပ္က စားဖို႔ပင္ ျပင္ေနၿပီ။ ထို႔ေၾကာင့္ သူတို႔ ဆိုင္ေျပာင္းလွ်င္ ရိပ္ ဆက္မစားဘဲ သူ႕ေနာက္ လိုက္ဦးမည္ကို သိေနတာေၾကာင့္ ေတဇ သူ႕ေဘးက ကေလးကိုသာ ေခ်ာ့ေမာ့လိုက္မိသည္။

"ႀကိဳက္တာမရွိလည္း ဒါေတြထဲက တစ္ခုေတာ့ စားၾကည့္ပါဦး၊ ဒီဆိုင္က အရသာ တကယ္ေကာင္းတယ္၊ ကိုယ္တို႔ ဆိုင္ထပ္ေျပာင္းၿပီး ရွာ‌ေနရင္ မင္း အဆာလြန္သြားလိမ့္မယ္"

ဇြန္းခက္ရင္းကို ခ်ၿပီး ထဖို႔ ရယ္ဒီျပင္ေနသည့္ ရိပ္တစ္ေယာက္ ထရမလို ဆက္စားရမလို။ ဒီေလာက္ေကာင္းသည့္ အစားအေသာက္ေတြကို ဂ်ီးမ်ားေနျပန္သည့္ ေနာက္တစ္ေယာက္ကို သူ စိတ္ေလစြာ တစ္ခ်က္ၾကည့္လိုက္ရင္း ဆိုင္မေျပာင္းရေသးခင္ လာခ်သမွ် ထမင္းနဲ႕ ဟင္းေတြကို ရိပ္ သူ႕ပါးစပ္ထဲ အျမန္ထိုးထည့္ေနမိသည္။

ခုနစ္ရက္ေလာက္ ထမင္းမစားရေသးသလို စားေနသည့္ ရိပ္ကို ေတဇ ႀကိမ္းရ၏။

"ဘယ္လိုစားေနတာလဲ၊ စားပိုးနင့္ ေသဦးမယ္၊ ျဖည္းျဖည္းခ်င္းစား၊ ဆိုင္မေျပာင္းဘူး"

ေဘးနားက ေကာင္ေလးကို ေတဇ အားနာေသာ္လည္း ဟင္းေကာင္း ထမင္းေကာင္းကိုမွ စားခ်င္သည့္ ရိပ္ကို ဒီဆိုင္က အရသာေကာင္းေတြ ျမည္းစမ္း စားၾကည့္ေစခ်င္တာမို႔ ဆိုင္မေျပာင္းမိေတာ့။

ေနဆက္ပိုင္နဲ႕ သူ႕အတြက္ကိုသာ ေတဇ သူ ကိုယ္တိုင္ ေ႐ြးခ်ယ္မွာယူေပးလိုက္ရင္း-

"ေနာက္ဆို မင္း အႀကိဳက္‌ေတြကို ကိုယ္ မွတ္ထားေပးမယ္၊ ေနာက္တစ္ေခါက္ ထပ္ေတြ႕ရင္ မင္းႀကိဳက္တဲ့ ဆိုင္ပဲ သြားေပးမယ္"

ကိုကို သူ႕အား စိတ္မရွည္တာကို ေနဆက္ပိုင္ ခံစားလိုက္ရသည္။ ကေလးလို႔ေတာင္ မေခၚေတာ့တာမို႔ သူ အထြန႔္မတက္ေတာ့ဘဲ ၿငိမ္ၿငိမ္ေလး ထိုင္စားရသည္။

"အ့၊ အဟြတ္ အဟြတ္၊ ငါးရိုးစူးသြားၿပီ"

ေတဇတစ္ေယာက္ ဇြန္းေလး စကိုင္မိ႐ုံရွိေသး ရိပ္ဆီမွ အသံထြက္လာကာ ရိပ္မ်က္ႏွာတစ္ခုလုံး နီရဲေနတာေၾကာင့္ သူ အျမန္ထရပ္လိုက္ရ၏။

ေနဆက္ပိုင္ပင္ သူ႕ေရွ႕က ထမင္းျဖဴကို ရိပ္ေရွ႕ တြန္းေပးလိုက္ၿပီး-

"ကိုကို သူ႕ကို ဒီထမင္းျဖဴ ေကြၽးလိုက္"

ေတဇ ရိပ္ကို ထမင္းျဖဴ အျမန္ခြံ႕ေကြၽးလိုက္ေသာ္လည္း ထိုေကာင္ေလးက အဆင္မေျပ။

"အရိုးက ကန႔္လန႔္ႀကီး စိုက္ေနတာ"

ရိပ္ တကယ္ ခံရခက္ေနတာမို႔ သူ႕လည္တိုင္ကို သူ ဆုပ္ကိုင္ထားရင္း မ်က္ရည္မ်ားပင္ ဝဲတက္လာသည္။

"အဲ့ဒါေၾကာင့္ ျဖည္းျဖည္းစားပါလို႔ ေျပာသားပဲ၊ ထ၊ ေဆးခန္းသြားမယ္"

ေတဇဓိရာဇ္ ရိပ္ကို လက္ေမာင္းမွ ဆြဲထူလိုက္ၿပီး ေနဆက္ပိုင္ကို အားနာစြာ ဆိုလိုက္သည္။

"ကိုယ္တို႔ ေနာက္မွ ေတြ႕တာ‌ေပါ့၊ ကိုယ္ ဖုန္းဆက္လိုက္မယ္"

ခပ္ေလာေလာဆိုၿပီးေနာက္ ထြက္လာၾကရကာ ေတဇ ရိပ္ကို ကားေပၚတင္လိုက္ၿပီး သူကိုယ္တိုင္သာ ေမာင္းရေတာ့သည္။

သူ႕ေဘး၌ သူ႕လည္တိုင္ကို ျဖစ္ညွစ္ေနေသာ ရိပ္အား-

"အရိုးစူး႐ုံနဲ႕ မေသပါဘူးဟ၊ ေရွ႕မွာ ေဆးခန္းေရာက္ၿပီ၊ အဲ့ဒါ ငါတို႔ၾကား ကန႔္လန႔္လုပ္ေနလို႔ ဝဋ္လည္တာ သိလား"

ေတဇ ရိပ္ကို ေဆးခန္းထဲ ပို႔ေပးလိုက္ၿပီး စူးသြားသည့္အရိုးကို ဆရာနဲ႕ပင္ ထုတ္လိုက္ရသည္။ ေဆးခန္းက ျပန္ထြက္လာခ်ိန္၌ ရိပ္ သူ႕ေနာက္က ခပ္ခြာခြာျဖင့္ ၿငိမ္ၿငိမ္ေလးသာ လိုက္လာေတာ့တာမို႔ ေတဇ လွည့္ၾကည့္ လွည့္ၾကည့္ လုပ္ေနရသည္။

ထိုငါးဟင္းက ေတဇ ထပ္မွာေပးလိုက္သည့္ ဟင္းထဲက ျဖစ္သည္။ ဒီလိုက်ေတာ့လည္း ေတဇ စိတ္မေကာင္းမိသလိုမို႔ ေနာက္ဆို ရိပ္ကို ငါးဟင္း ထပ္မေကြၽးေတာ့ဖို႔ ဆုံးျဖတ္လိုက္မိ၏။ မျဖစ္မေန စားခိုင္းရမည္ဆိုလွ်င္လည္း သူပဲ ႏႊင္ေကြၽးလိုက္ဖို႔ ေတြးလိုက္မိေတာ့သည္။

"ျမန္ျမန္ေလွ်ာက္ပါ သခင္ေလးရယ္၊ ႐ုပ္က အခုပဲ ေသေတာ့မလို႐ုပ္နဲ႕၊ ငါ မင္းကို ဘယ္ေနရာမွာမ်ား အားကိုးရမွာလဲ"

"ခုန တကယ္ စားလို႔ေကာင္းေနတာကို"

ရိပ္ သူ႕ကားေဘး လာရပ္ၿပီး ေျမႀကီးကို ဖိနပ္ျဖင့္ ထိုးကေလာ္ေနကာ ေခါင္းငုံ႕ရင္း တိုးေဖ်ာ့ေဖ်ာ့ဆိုလာတာကို ေတဇ ေသခ်ာၾကားလိုက္ရခ်ိန္၌ မရယ္ပဲ မေနနိုင္ေတာ့။

"သူမ်ားျမင္ရင္ မင္းအိမ္မွာ ဟင္းေကာင္းနဲ႕ မစားခဲ့ရလို႔ ထင္ေနဦးမယ္၊ တက္၊ ငါ အလုပ္ျပန္သြားရဦးမယ္"

ေဆးခန္းကအျပန္လည္း ေတဇ သူသာ ကားေမာင္းျဖစ္သည္။ အလုပ္ထဲ ျပန္ေရာက္ခ်ိန္၌မူ ေန႕လယ္စာ မစားျဖစ္လိုက္သည့္ သူ႕အတြက္ ေန႕လယ္စာ မွာယူရင္း ရိပ္အတြက္ပါ ဟင္းေကာင္းေကာင္းမ်ားျဖင့္ ထပ္မွာေပးလိုက္ရသည္။

-------------------

ညစာစားၿပီးခ်ိန္၌ ေတဇ သူ႕အဖိုးအိပ္ေဆာင္သို႔ လိုက္သြားကာ အဖိုး ေပါင္ေပၚ ေခါင္းအုံးအုံးအိပ္ေနရင္း-

"ကြၽန္ေတာ္ ရွာေနတဲ့သူ ေတြ႕ခဲ့ၿပီ ဖိုး"

သူ႕ေျမး၏ ဆံႏြယ္ေလးေတြကို တယုတယ ပြတ္သပ္ေပးေနသည့္ ဦးမဟာ အလြန္ဝမ္းသာသြားသည္။

"ေနာက္ဆုံးေတာ့ ေတြ႕ခဲ့ၿပီေပါ့၊ ေျမးရဲ႕ အသက္သခင္ ေက်းဇူးရွင္ေလးကို ဖိုး ေတြ႕ခ်င္ေနတာ။ ေတာ္ေသးတာေပါ့ ေျမးလက္မထပ္ခင္ ကြက္တိေတြ႕ရလို႔၊ ဘယ္လိုလဲ၊ ေျမးႀကိဳက္တဲ့ပုံစံေလးပဲလား"

သူကသာ တတြတ္တြတ္ ေျပာရင္း ေမးေနေသာ္လည္း သူ႕ေျမးေလးက သိပ္မေပ်ာ္သလိုပင္။ ေျမးအတြက္ အသက္သခင္ေက်းဇူးရွင္လို႔ပင္ ေျပာလို႔ရနိုင္သည့္ ကေလးကို သူတို႔ေတြလည္း ျမင္ဖူးခ်င္ေနခဲ့ၾကတာ ျဖစ္သည္။

"ေျမး မေပ်ာ္ဘူးလား"

"မသိေတာ့ပါဘူးဗ်ာ၊ ကြၽန္ေတာ္ သူ႕ကို အဲ့တုန္းက လက္ထပ္မယ္လို႔ ကတိေပးခဲ့တာ တကယ္ စိတ္ရင္းနဲ႕ ေပးခဲ့တာ။ သူ႕ကိုပဲလည္း ယူခ်င္တာမို႔ တစ္ခ်ိန္လုံး ရွာေနခဲ့တာ၊ အခုေတြ႕ေတာ့က် အဲ့လိုစိတ္ ေပၚမလာဘူး ျဖစ္ေနတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ ရိပ္ကိုေတာ့ လက္ထပ္မွာပဲေနာ္"

"ရိပ္ကို လက္စားေခ်ခ်င္ရင္ တျခားနည္းနဲ႕ ေခ်လိဳ႕ေရာ မရဘူးလား၊ လက္ထပ္ၿပီး ေခ်မွပဲ ျဖစ္တာလား။ ရာဇက တၿပိဳင္ထဲ ႏွစ္ေယာက္ယူရင္ေတာ့ လက္ခံမွာ မဟုတ္ဘူးေလ။ ေျမး တစ္ေယာက္ကိုေတာ့ အရင္ေ႐ြးရလိမ့္မယ္"

ဦးမဟာ သူ႕ေျမးစိတ္ကို နားမလည္နိုင္ျဖစ္ရသလို၊ သူ႕ေျမးေလးကိုလည္း ျမဴတစ္မႈန္ေတာင္ စိတ္မဆင္းရဲေစခ်င္။ သို႔ေပသိ သူ႕အစ္ကိုနဲ႕ ျဖစ္ခဲ့ၾကသည့္ ကိစၥေတြပဲကို မဆိုင္သည့္ ရိပ္ကို သူ႕ေျမးက အၿငိဳးထားေနတာကိုေတာ့ သူ ပိုလို႔ပင္ နားမလည္နိုင္ျဖစ္ေနသည္။

ေတဇ စိတ္ရႈပ္စြာ သူ႕အေဆာင္ဖက္သို႔ ျပန္လာခဲ့သည္။ သူ႕အိပ္ေဆာင္တည္ရွိရာ ပန္းမ်ိဳးစုံျဖင့္ အလွဆင္ေပးထားသည့္ ၿခံဝင္းေလးကလည္း ညဖက္ဆို ပိုလွ၏။ ပိုတိတ္ဆိတ္ၿငိမ္းခ်မ္း၏။

သူ႕အေဖက သူ႕အတြက္ ၿခံေရွ႕၌မူ အေစာင့္အၾကပ္အေနျဖင့္ သက္ေတာ္ေစာင့္ႏွစ္ေယာက္ ထား‌ေပးထားၿပီး အိပ္ေဆာင္ထဲမွာေတာ့ ရိပ္ကို အခ်ိန္ျပည့္ထားေပးထားသည္။

ၿခံဝင္းကို ျဖတ္ၿပီး အိပ္ေဆာင္ထဲ ဝင္လာခ်ိန္ အိမ္ေရွ႕ရွိ ခုံတန္းလ်ား၌ ရိပ္ ေခြေခါက္ၿပီး အိပ္ေနတာကို ေတြ႕လိုက္ရတာေၾကာင့္ ေတဇ အံ့ဩသြား၏။ ဒီေကာင္ေလး ဘယ္လိုေၾကာင့္မ်ား ညဖက္ဆို အခုလို အေစာႀကီး အိပ္ေနလဲ မသိ။ ဒီေကာင္ေလးဆီက စီးကရက္နံ႕ ထပ္မရေတာ့တာမို႔ ရိပ္ စီးကရက္ မေသာက္ေတာ့ပုံရေသာ္ျငား ေတဇ မ်က္ေမွာင္ၾကဳတ္သြားသည္။ ဒီေကာင္ေလး ေဆးေတြမ်ား ခိုးသုံးေနသလားဟု ထင္မိသြားေသာေၾကာင့္ပင္။

ရိပ္ရွိရာသို႔ ေတဇ ေလွ်ာက္လာၿပီး ရိပ္၏နဖူးေပၚ လက္အုပ္တင္လိုက္ကာ ႏွိုးလိုက္သည္။

"ဘယ္ေနရာမွာ လာအိပ္ေနျပန္တာလဲ၊ ဇက္နာမယ္ေလ၊ အိပ္ခ်င္ရင္လည္း အခန္းထဲ ဝင္အိပ္ေတာ့"

ထိုေကာင္ေလး၏ မ်က္ဝန္းမ်ား မွိတ္ခ်ည္ဖြင့္ခ်ည္ ျပဳလာၿပီး နိုးတစ္ဝက္အိပ္တစ္ဝက္ျဖစ္ေနေသးပုံရသည္။

"ငါ မင္းကို ထြက္ေစာင့္ေနတာ၊ ဝင္ႏွင့္ေတာ့၊ ငါ တံခါးေတြ လိုက္ပိတ္လိုက္ဦးမယ္"

ေတဇ သူ႕ေဘာင္းဘီအိတ္ကပ္ထဲသို႔ လက္ႏွစ္ဖက္ထည့္လိုက္ၿပီး ထြက္သြားေတာ့ကာ အိမ္ထဲဝင္ခါနီး ရိပ္ကို ျပန္လွည့္ၾကည့္လိုက္ခ်ိန္ ထိုေကာင္ေလးက ျပန္အိပ္ေပ်ာ္သြားပုံပင္။

"ဟက္၊ ေတာ္ေတာ္ေလးကို နိုးနိုးၾကားၾကား ရွိတဲ့ သက္ေတာ္ေစာင့္ပဲ"

ေတဇ ထိုခုံတန္းနားသို႔ ျပန္လွည့္လာရင္း ရိပ္ကို ငုံ႕မိုးၾကည့္လိုက္ၿပီး ရိပ္ တကယ္ ျပန္အိပ္ေနတာ ျမင္ရခ်ိန္၌ သူ ရိပ္၏ ပခုံးေအာက္ႏွင့္ ဒူးေအာက္ဆီ လက္လွ်ိုဝင္လိုက္ကာ ထိုေကာင္ေလးကို ေပြ႕ယူလိုက္မိေတာ့သည္။

"အခန္းထဲ ဝင္အိပ္လိုက္ေတာ့၊ ငါပဲ လိုက္ပိတ္ခဲ့လိုက္ေတာ့မယ္"

"အြန္း"

ရိပ္ သူ႕လည္တိုင္ကို လက္ႏွစ္ဖက္ျဖင့္ လွမ္းဖက္လာကာ ပခုံးေပၚ မ်က္ႏွာေမွာက္လာၿပီး အြန္းဟု အိပ္ခ်င္မူးတူးဆိုသည္။

ေတဇ ထိုေကာင္ေလးကို သူ႕ကုတင္က်ယ္ဆီသို႔သာ တန္းေပြ႕ေခၚလာခဲ့သည္။ အခုမွ ညဦးပိုင္းသာ ရွိေသးတာမို႔ ေတဇ မအိပ္ခ်င္ေသးတာေၾကာင့္ ရိပ္ကို သူ႕ကုတင္ေပၚမွာသာ ခဏ ေပးအိပ္ဖို႔ လုပ္လိုက္ေတာ့သည္။ ထိုေကာင္ေလး၏ ကုတင္ထက္စာလွ်င္ သူ႕ကုတင္က ပိုက်ယ္တာမို႔ ရိပ္ လွိမ့္ခ်င္သေလာက္ လွိမ့္နိုင္၏။

ကုတင္ေပၚ ခ်ေပးလိုက္သည္ႏွင့္တၿပိဳင္နက္ ထိုေကာင္ေလး တစ္ဖက္သို႔ ခ်က္ခ်င္းေစာင္းသြားကာ လွိမ့္သြားရင္း သူ႕ဖက္လုံးေတြနဲ႕ ေခါင္းအုံးေတြကို ခြၿပီး ဆက္အိပ္သြားေလ၏။

ေတဇ ကာလနဂါးေလးကို မိနစ္အနည္းငယ္ခန႔္ ကုတင္‌ေဘးမွ ရပ္ၾကည့္ေနရင္း ရိပ္ ကုတင္ရွိရာသို႔ သူ ေျခသံေဖာ့နင္းၿပီး ထြက္သြားသည္။ ထို႔ေနာက္ သူ ရိပ္၏ အိတ္ေတြထဲကို ဖြင့္ရွာသည္။ ဒီေကာင္ေလး ဘိန္းမွိန္း မွိန္းေနတာလား သိခ်င္ေသာေၾကာင့္ပင္။

ထိုေကာင္ေလးအိတ္ထဲ၌ မူးယစ္ေဆးေတြအစား ေသာက္လက္စျဖစ္ပုံရသည့္ ေဆးကတ္မ်ားစြာကိုသာ ေတဇ ေတြ႕လိုက္ရ၏။ ဘာေဆးေတြလဲ မသိတာမို႔ ေတဇ ဓာတ္ပုံရိုက္ယူထားလိုက္ကာ သူ႕စားပြဲဆီသို႔ ေလွ်ာက္လာခဲ့ၿပီး ယံ့ဆီသို႔ ပို႔ၾကည့္လိုက္သည္။

သက္ခြန္းယံ ေတဇ ပို႔လာသည့္ ေဆးေတြကို ၾကည့္လိုက္ရင္း reply ျပန္လိုက္၏။

"ဘယ္ကေဆးေတြလဲ"

"ငါ ေမးတာသာ ေျဖစမ္းပါ"

"စိတ္ေရာဂါျဖစ္ေနတဲ့ လူနာေတြအတြက္ တိုက္ရတဲ့ေဆးေတြ။ တခ်ိဳ႕ေဆးေတြက သူတို႔စိတ္ေဖာက္လာရင္ တိုက္ရတဲ့ဟာေတြ။ အဲ့ဒါ ေသာက္ၿပီးရင္ သူတို႔ ၿငိမ္ၿငိမ္ေလး အိပ္သြားမွာ။ ဘယ္သူ႕ေဆးေတြလဲဆို"

ေတဇ ျပန္မေျဖမိေတာ့ဘဲ သူ႕ကုတင္ထက္က ေကာင္ေလးကိုသာ လွမ္းၾကည့္လိုက္မိသည္။ ဦးေနရိပ္ ေျပာခဲ့သည့္ ရိပ္က သူ႕အစ္ကို မရွိေတာ့ဘူးဆိုတာကို လက္ခံဖို႔ စိတ္ေရာဂါကုဆရာဝန္နဲ႕ပင္ ျပသခဲ့ရသည္ဆိုတာကို သူ ျပန္သတိရလိုက္မိသလို၊ ရိပ္ ပထမဆုံး အလုပ္ဝင္သည့္ရက္က သူ႕အခန္းထဲက ပစၥည္းေတြကို ဖ်က္ဆီးပစ္ခြဲၿပီး ေသာင္းက်န္းတာကလြဲလွ်င္ ေနာက္ညေတြ အခုလိုပဲ ၿငိမ္ၿငိမ္ေလး အိပ္ေနတာကို သူ သတိထားလိုက္မိတာမို႔ သက္ျပင္းတစ္ခ်က္ခ်လိဳက္မိသည္။

ထိုအခ်ိန္၌ ဖုန္းဝင္လာတာေၾကာင့္ ယံ့ဆီကလား ၾကည့္လိုက္ခ်ိန္ နံပါတ္စိမ္းဖုန္း ျဖစ္ေနတာေၾကာင့္ ကိုင္လိုက္စဥ္ ေနဆက္ပိုင္ဆီက ျဖစ္ေနသည္။

"ကိုကို အခု ကြၽန္ေတာ္တည္းေနတဲ့ ဟိုတယ္ဆီ လာခဲ့မလား၊  ကြၽန္ေတာ္တို႔ မနက္ကလည္း ဘာမွေသခ်ာမေျပာလိုက္ရေသးဘူးေလ၊ ကြၽန္ေတာ္ ကိုကိုနဲ႕ ငယ္ငယ္က အေၾကာင္း‌ေတြ ေအးေဆးေျပာခ်င္လို႔ပါဆို"

ေတဇ လက္ပတ္နာရီကို ၾကည့္လိုက္ၿပီး ခုနစ္နာရီသာ ရွိေသးတာမို႔ သူ အခု လာခဲ့မည့္အေၾကာင္း ေျပာလိုက္သည္။

သူ အဝတ္အစားလဲဝတ္ၿပီးခ်ိန္ထိ ရိပ္ မနိုးေသးတာေၾကာင့္ သူ ခုံေပၚက ကားေသာ့ကို ယူလိုက္ၿပီး စာတိုေရးခဲ့လိုက္ရင္း သက္ေတာ္ေစာင့္မပါဘဲ တစ္ေယာက္တည္းထြက္ဖို႔ ေခ်ာင္းေနတာ ေအာင္ျမင္သြား၏။

"ကိုကို. .ကိုကို"

အခန္းတံခါးကို ဖြင့္ထြက္ခါနီးခ်ိန္၌ ရိပ္ဆီက အသံထြက္လာတာေၾကာင့္ ေတဇ လွည့္ၾကည့္လိုက္စဥ္ ထိုေကာင္ေလးက ေယာင္ေနတာသာ ျဖစ္တာမို႔ သူ ေက်ာျပန္ခိုင္းလိုက္သည္။

-------------------

ေနဆက္ပိုင္တည္းေနသည့္ ဟိုတယ္ခန္းထဲသို႔ ေတဇ ေရာက္ရွိေနသည္။ မနက္က ဘာမွ ေသခ်ာမေျပာလိုက္ရတာမို႔ အခုမွပဲ ေနဆက္ပိုင္ႏွင့္ သူ ေသခ်ာ စကားထိုင္ေျပာျဖစ္၏။

ဒီေကာင္ေလးက ယခုလက္ရွိ ရန္ကုန္မွာ ေနထိုင္လ်က္ရွိကာ ဒီကို ခဏျပန္လာျခင္းျဖစ္သည္။ ေက်ာင္းၿပီးခါစမို႔ အလုပ္ရွာေနဆဲဟုလည္း သိရသည္။

"ကိုကို ေသာက္၊ အရက္ေသာက္လို႔ေတာ့ ရတယ္မလား၊ ကိုကို႔ေရာဂါက အၿပီးသက္သာသြားၿပီလား"

တီရွပ္အျဖဴပြပြႀကီးကို ေပါင္လယ္ေလာက္သာရွိေသာ ေဘာင္းဘီတိုေလးနဲ႕ တြဲဖက္ဝတ္ဆင္ထားသည့္ ေနဆက္ပိုင္အား ေတဇ တစ္ခ်က္ၾကည့္လိုက္ၿပီး အရက္ခြက္ကို ယူေသာက္လ်က္ရွိသည္။

"ႏွလုံးအစားထိုးလိုက္ကထဲက လူေကာင္းနီးပါး လို ျဖစ္ေနၿပီ၊ အရင္ထက္ေတာ့ ေနလို႔ေကာင္းေနတယ္၊ ဒါေပမဲ့ အဲ့တုန္းက မင္း မကယ္ခဲ့ရင္ ကိုယ္ ဒီအခ်ိန္ထိ အသက္ရွိခ်င္မွ ရွိမွာ"

"မဟုတ္တာ၊ ကြၽန္ေတာ္ ဘာမွ လုပ္ေပးခဲ့ရတာလည္း မဟုတ္ပါဘူးဆို"

ရွက္ဝဲဝဲျဖင့္ သူ႕လည္ဂုတ္ကိုသူ ပြတ္သပ္ေနသည့္ ေကာင္ေလးက တကယ့္ခ်စ္စရာအတိ။ သို႔ေပသိ ေတဇ ထိုေကာင္ေလးကို ဘာေၾကာင့္မွန္းမသိ သေဘာမက်ျဖစ္လ်က္ရွိသည္။ ထို႔အတြက္ စိတ္ရႈပ္စြာ သူ႕ခြက္ထဲက အရက္ကိုသာ ေမာ့ေသာက္လ်က္ရွိသည္။

သုံးခြက္ေလာက္ေသာက္ၿပီးခ်ိန္၌ ေတဇ ေနလို႔မေကာင္းျဖစ္လာသည္။ သူ႕ခႏၶာကိုယ္က ပူလာၿပီး တစ္စုံတစ္ခုကို လိုခ်င္လာတာမို႔ သူ႕လက္ထဲက ခြက္ကို အျမန္ခ်လိဳက္၏။

"ကိုကို ကြၽန္ေတာ့္ကို ဘယ္ေတာ့လက္ထပ္မွာလဲ"

"မင္း ကိုယ့္ကို ဘာတိုက္တာလဲ"

"ဒီအတိုင္း ျပန္ေတြ႕တဲ့ အထိမ္းအမွတ္နဲ႕ အရက္. .အ့"

ေတဇ ထိုေကာင္ေလးကို ဆတ္ခနဲ ဆြဲထူလိုက္ၿပီး သူ အလြန္စိတ္တိုသြားလ်က္ရွိ၏။ သူ႕ကိုမ်ား မႏူးမနပ္ေလးဟု ဒီေကာင္ေလး ထင္ေနသလား မသိ။

ေတဇဓိရာဇ္ကို အခုလို အပိုင္ႀကံခြင့္ မည္သူ႕မွာမွ အခြင့္အေရး မရွိေပ။

"ကြၽန္ေတာ္ ကိုကိုနဲ႕ ထပ္မေဝးခ်င္ေတာ့လို႔ပါ"

"‌ကိုယ့္ကို ဒီလိုလုပ္တာ ကိုယ္ မႀကိဳက္ဘူးဆိုတာ မွတ္ထား။ ကိုယ္ ျပန္ေတာ့မယ္"

ေတဇ သူ႕ကားေသာ့ကို ဆြဲယူလိုက္ၿပီး အခန္းတံခါးကို ေဒါသတႀကီး ဆြဲဖြင့္လိုက္ခ်ိန္ တံခါးေခါက္ဖို႔ ျပင္ေနသည့္ ရိပ္နဲ႕ တည့္တည့္တိုးသည္။

"မင္းကို အျပင္တစ္ေယာက္ထဲ မထြက္ရဘူးလို႔ မင္းဘိုးေတာ္ မွာထားတာ ေမ့ေနတာလား"

ရိပ္ နိုးနိုးခ်င္း ထလာခဲ့ရတာ ျဖစ္၏။ သူ ေဆးအရွိန္ေၾကာင့္ ညဖက္ဆို မွိန္းေနသလို ျဖစ္ေသာ္ျငား တတ္နိုင္သမွ် သတိနဲ႕ အိပ္နိုင္ေအာင္ ႀကိဳးစားရတာျဖစ္သည္။ ဒီေကာင္ သူ ဘယ္သြားလဲဆိုတာ စာတိုေရးခဲ့ေသာ္ျငား သက္ေတာ္ေစာင့္ကိုေတာ့ ထားခဲ့တာမို႔ သူ ခ်က္ခ်င္း လိုက္လာရျခင္းျဖစ္၏။

"ကိုကို မျပန္ရဘူး"

ေတဇ ေနဆက္ပိုင္ကို တြန္းဖယ္လိုက္ကာ ထိုအခန္းထဲက ေတာက္ေခါက္ၿပီး ထြက္သြားတာေၾကာင့္ ရိပ္ ၿငိမ္လိုက္ရ၏။ အခ်စ္ငွက္ႏွစ္ေကာင္ ရန္ျဖစ္ေနတာလား မသိတာမို႔ သူ စကားဆက္မေျပာေတာ့ဘဲ ေတဇေနာက္ကိုသာ လိုက္သြားရသည္။

ဟိုတယ္ေအာက္ေရာက္ခ်ိန္၌ ေတဇ နံရံကို မွီလိုက္ၿပီး သူ အလြန္အမင္း မသက္မသာ ျဖစ္လ်က္ရွိသည္။

"မင္း ဘာျဖစ္တာလဲ၊ ေနမေကာင္းဘူးလား"

ေတဇနားသို႔ ရိပ္ အျမန္ေျပးလာခဲ့ၿပီး ေတဇ တစ္ခုခုျဖစ္ေနပုံရေသာ္ျငား ရိပ္တစ္‌ေယာက္ သူ႕ခႏၶာကိုယ္က ဘာမွမခံစားရတာမို႔ ေတဇ ဘာျဖစ္ေနလဲ သူ မမွန္းတတ္ျဖစ္သြားသည္။ ေတဇနဲ႕ ကိုကိုက လူမတူတာမို႔ ေတဇ တစ္ခုခုျဖစ္လွ်င္ သူ အၿမဲလိုက္မခံစားရတာလားေတာ့ မသိေပ။

"ငါ အိမ္မျပန္ေတာ့ဘူး၊ ငါ့အတြက္ ဒီဟိုတယ္မွာပဲ အခန္းတစ္ခန္း ဘိုကင္သြားယူလိုက္"

"မျပန္ရင္ မင္းအေဖ. ."

"ငါ့အမိန႔္ကို နားေထာင္စမ္းကြ၊ ျမန္ျမန္သြား"

ေတဇ၏ မ်က္ေမွာင္ေတြ ၾကဳတ္ထားကာ ေမးေၾကာေတြပင္ ေထာင္ေနတာမို႔ ရိပ္ စိတ္ပူသြားသည္။ ထို႔အတြက္ သူ ဟိုတယ္ထဲ ခ်က္ခ်င္း ျပန္ဝင္သြားၿပီး အခန္းဘိုကင္ အျမန္သြားတင္ရသည္။

"ရၿပီ၊ မင္း ဘာျဖစ္ေနတာလဲ၊ လမ္းေလွ်ာက္နိုင္ရဲ႕လား၊ လာ"

ေတဇကို သူ လွမ္းတြဲလိုက္ေသာ္လည္း ထိုအမ်ိဳးသားက အလြန္‌ေဒါသႀကီးေနကာ သူ႕လက္ထဲက အခန္းေသာ့ကိုပဲ ဆြဲယူၿပီး တက္သြားသည္။

ရိပ္ ထိုအခန္းထဲသို႔ အျမန္လိုက္လာခဲ့ရ၏။

သူ႕ေနာက္ကို အရိပ္အကဲမသိ တေကာက္ေကာက္ ထပ္ၾကပ္မကြာ လိုက္ေနေသာ ရိပ္ကို သူ ‌ေဒါသထြက္လာ၏။

"မင္းအခုခ်က္ခ်င္း အခန္းထဲက ထြက္ေတာ့၊ မထြက္ရင္ ငါ့အဆိုးမဆိုနဲ႕"

"မထြက္ဘူး၊ မင္း ဒီမွာေနရင္ ငါလည္း ဒီမွာပဲေန. ."

ႁပြတ္!

ရိပ္တစ္ေယာက္ သူ႕ေနာက္က ကုတင္ေပၚသို႔ အတြန္းခံလိုက္ရၿပီးခ်ိန္၌ ေတဇ သူ႕အား တက္ဖိလာကာ ႐ုတ္တရက္ႀကီး သူ႕ႏႈတ္ခမ္းကို အၾကမ္းပတမ္း ဖိကပ္နမ္းလာခဲ့သည္။

ရိပ္ ထိတ္လန႔္စြာ ႐ုန္းလိုက္‌ေသာ္ျငား ေတဇက သူ႕လက္ေကာက္ဝတ္ႏွစ္ဖက္လုံးကို အိပ္ရာေပၚ ဖိခ်လာကာ-

"ငါ မင္းကို ျပန္ထြက္ဖို႔ အခြင့္အေရးေပးခဲ့တာကို မင္းက အေၾကာလာတင္းေနတယ္၊ အခုကစၿပီး မင္း ငါ့လက္ထဲက ျပန္ထြက္ရဖို႔ မစဥ္းစားနဲ႕ေတာ့"

ေတဇ ႏႈတ္ခမ္းတြန႔္ၿပဳံးၿပဳံးလိုက္၏။ သူ ဒီညေတာ့ ရိပ္ကို တကယ္ လက္စားေခ်ဖိဳ႕ ဆုံးျဖတ္ၿပီးၿပီျဖစ္၏။

ေနာင္ရိုးရိပ္က သူ႕ညီမဝမ္းကြဲျဖစ္သည့္ ပန္းအိမ္ကို မတရားဖ်က္ဆီးခဲ့တာ ျဖစ္၏။ ထို႔အတြက္ ယံ့ဖက္မွ ပန္းအိမ္ကို အျမန္လက္ထပ္ယူခဲ့ေသာ္လည္း ထိုအယုတ္တမာေကာင္က သူ႕ညီမကို ပြဲပ်က္ေအာင္တင္မက ေသဆုံးေအာင္ထိပါ လုပ္ခဲ့သည္။ ထိုေကာင့္လုပ္ရပ္က သူနဲ႕ ယံ့အတြက္ ဘယ္ေတာ့မွ ခြင့္လႊတ္နိုင္စရာ မရွိေပ။

အတင္း႐ုန္းကန္ေနသည့္ လ်င္ၿပီး အားသန္ေသာ ရိပ္ကို ေတဇ ျပန္ဆြဲဖိခ်လိဳက္ရင္း ထိုေကာင္ေလး၏ ဖိကိုက္ထားသည့္ ႏႈတ္ခမ္းပါးကို ေတဇ အၾကမ္းပတမ္း နမ္းယူလိုက္၏။ သူ႕ညီ အခုလို ျပန္ခံစားေနရတာကို ေနာင္ရိုးရိပ္ မျမင္နိုင္ေလာက္ေသာ္လည္း ထိုေကာင့္ႏွလုံးကေတာ့ ေသခ်ာေပါက္ နာက်င္ခံစားရမွာ ေသခ်ာသည္။

________________________

26.11.2023

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

7.8K 120 52
Xia Huai Zhi had the appearance of a top-tier sweet girl, but at the age of 16, she unexpectedly presented as a top-tier Alpha. And to make matters w...
46.8K 1.4K 10
The unforgettable love story between 1 couple, leave each other with such painful memories. But can they be together again??
101K 2.9K 27
"𝐜𝐚𝐮𝐬𝐞 𝐢'𝐯𝐞 𝐡𝐚𝐝 𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠, 𝐛𝐮𝐭 𝐧𝐨 𝐨𝐧𝐞'𝐬 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐚𝐧𝐝...
66K 1.7K 49
Bucky X Daughter Cassidy Gray is an unlucky child. Her Mama is sick and a monster of a father is abusive. The father and her stay at a motel to de c...