မနက်ခင်း အချိန် 7:00 နာရီ ထိုးတော့ ခွန်းသူရိန်လင်း
လန့်နိုးလာ၏ ။
နိုးနိုးချင်းပင် တေး၏ နှဖူးပြင်ကို စမ်းကြည့်တော့ ကိုယ်ပူ ကျသွားမှ စိတ်ဒုန်းဒုန်းချကာ တေးစားဖို့ တစ်ခုခု ပြင်ရန် အောက်ထပ်သို့
ဆင်းလာလိုက်၏
"သားခွန်း နိုးပြီလား"
"ဟုတ်ကဲ့ ကြီးမြ"
"ဒါနဲ့ ညက ဘာလို့ သားခွန်းနဲ့ တေး ညစာ ဆင်းမစားကြတာလည်းဟင် ။ ကြီးမြဖြင့် လာစားနိုးနိုးနဲ့ စောင့်နေတာ "
"ဟုတ်တယ် ကြီးမြရဲ့ ညက တေးအဖျားတက်နေတာလေ ။
ကျနော်လည်း သူ့စိတ်နဲ့ ဘယ်လို ထမင်းစားနိုင်မှာလည်းဗျာ။
အခုလည်း သူစားဖို့ တစ်ခုခုလုပ်ပေးချင်လို့ မီးဖိုချောင် ဝင်လာတာ"
ကြီးမြတစ်ယောက် မျက်လုံးပြူမိအောင် အံ့သြနေမိသည်
ခွန်းသူရိန်လင်း ဆိုသည်မှာ တစ်ခြားလူကို ဂရုစိုက်ဖို့ နေနေသာ
စိတ်ထဲတောင် မထည့်တတ်သည့်သူက ခုဆို တေးအတွက်
မီးဖိုချောင်ဝင်မယ်တဲ့လေ။ အော် အချစ်က တယ်လည်း စမ်းကြယ်ပါလား။
"သားခွန်း အလုပ်သွားဖို့ပဲ ပြင်ပါကွယ် ။ တေးစားဖို့ ကြီမြ
ကြက်စွတ်ပြုတ် လုပ်လိုက်မယ် "
"ကျနော် သူ့အတွက် လုပ်ပေးချင်လို့ပါ ။ ဒီလို လုပ်ပေးတယ်ဆိုတာ
တေးကို မသိပါစေနဲ့နော် ။ ကျနော် ဂရုစိုက်တယ်ဆိုတာ သူကို မသိစေချင်ဘူး ။ "
ခွန်းသူရိန်လင်း ပြောပြောဆိုဆိုနှင့်ပင် ရေခဲသေတ္တာထဲမှ ကြက်သားအား ယူကာ ကြက်စွတ်ပြုတ် လုပ်ရန် ပြင်ဆင်လိုက်၏
"ဒါနဲ့ သူရမောင် ကို မတွေ့မိဘူး ။ မဟုတ်လွှဲရော အပြင်မှာ
ပျော်နေလောက်ပြီထင်တယ်"
"မပျော်ပါဘူးကွယ် ။ အခုဆို သားငယ်က ရင့်ကျက်နေပါပြီ။
မနက်က အစောထပြီး ကုမ္ပဏီ သွားလေရဲ့ ။ ကြီးမြလည်း အံ့သြနေတာ သိလား။ အလုပ်ကို စိတ်မဝင်စားတဲ့ သူက ချက်ချင်းကြီး အလုပ်လုပ်မယ်တဲ့လေ ။ ဘာပဲ ဖြစ်ဖြစ် ကြီးမြတော့ သားငယ် ဒီလို တက်တက်ကြွကြွရှိတာကို သိပ်သဘောကျတာပဲ။"
ခွန်းသူရမောင် ပြောင်းလဲစ ပြုလာတာ ဘယ်သူ့ကြောင့်လည်းဆိုတာ ခွန်းသူရိန်လင်း သိတာပေါ့ ။ ဒါပေသည့် တည်ငြိမ်စွာပင် ပြုံးမိနေ၏။
တေးအတွက် မနက်စာကို ကျကျနန ပြင်ဆင်ပေးသည်နှင့် အလုပ်သွားရန် ပြင်နေလိုက်၏ ။ ရုတ်တရက် ဖုန်းဝင်လာသောကြောင့် ကြည့်လိုက်တော့ ဖုန်းစိမ်းပင်။
ဘာမှမတွေးဘဲ ခွန်းသူရိန်လင်း ဖုန်းကိုင်လိုက်၏
"ဟယ်လို....."
"ဟယ်လို ကိုကို "
ထိုခေါ်သံကြောင့် ခွန်းသူရိန်လင်း အနည်းငယ်ပင် ကြောင်အ သွားမိ၏
"ဟမ်? ဘယ်လို ။ "
"ကိုကို အစုတ်ပလုတ်က မြင့်မိုရ်ကိုတောင် မေ့နေပြီးပေါ့
လာမချော့နဲ့ စိတ်ကောက်တယ်"
ခွန်းသူရိန်လင်း အသက်18 ကတည်းက ဒူဘိုင်းမှာပဲ ပညာသင်ခဲ့စဥ်ခဲ့တုန်းက မြင့်မိုရ် နဲ့ သိကျွမ်းခဲ့တာလေ။ မိဘချင်းလည်း ရင်းနှီးကျတော့ ညီမ တစ်ယောက်ထက်တော့ မပိုပေမဲ့ မြင့်မိုရ် ကတော့
ခွန်းသူရိန်လင်း ကို အကိုတစ်ယောက်ထက်ပင် ပိုနေခဲ့၏
"sorry ပါကွာ ။ ရုတ်တရက်ဆိုတော့ မြင့်မိုရ် အသံကို
မမှတ်မိလိုက်ဘူး ။ ကိုကို ဆီကို ဘာကိစ္စများလည်း ဟင် "
"ဘာရယ်မဟုတ်ပါဘူး ။ မြင့်မိုရ် ကိုကို ကိုယ် လွမ်းလို့ ။
အဲ့တာ ဒူဘိုင်း က နေ မြန်မာနိုင်ငံ လာရင် ကောင်းမလားလို့
တွေးနေတာ "
"ကိုကို လာခေါ်ရမလား ။ "
"မလိုတော့ဘူး ကိုကိုရဲ့ ။ မြင့်မိုရ် က မန္တလေး လေဆိပ်တောင်
ရောက်နေပြီး ။ ကိုကို လာကြိုရုံပဲ"
"ဟာ. ကြိုမပြောဘူးကွာ အန်တီနဲ့ အန်ကယ်ရော ပါလား"
"မပါဘူး မြင့်မိုရ် တစ်ယောက်တည်း လာတာ ။"
"ok ok ဒါဆို ကိုကို ခုထွက်လာလိုက်မယ် ။ စောင့်နေနော်"
"ဟုတ်"
ဖုန်းချပြီးသည်နှင့် ခွန်းသူရိန်လင်း တစ်ယောက်
ကားသော့ယူ ကာ အမြန်ထွက်သွားလေ၏
"ကြီးမြ ကျနော်အပြင်သွားမို့ ညနေလောက်မှ ပြန်လာမယ်။
တေးကို မနက်စာ သွားပို့ပေးနော် "
ထိုသို့ပြောပြီး ကပျာကယာပင် ကားမောင်း၍ ထွက်သွား၏
ကြီးမြလည်း ပြောသည့်အတိုင်း တေးရှိရာ အပေါ်ထပ်သို့
မနက်စာ နှင့်ဆေး ယူသွားလိုက်ပြီး ပွင့်နေသော တံခါးကို
အသာလေးဖွင့်ကာ ဝင်သွားလိုက်၏
"တေး တေး "
"ဟင် ကြီးမြ ။ "
"တေးနှဖူး မှန်းစမ်း ကြည့်မြ စမ်းကြည့် ကြည့်မယ်"
တေးရဲ့ ဆံပင် ဝဲဝဲ လေးအား သိမ်းကာ နှဖူးပြင်အား
စမ်းကြည့်တော့ အဖျားကျသွားလေပြီမို့ စိုးရိမ်စရာတော့မရှိတော့ပေ။
"ကြီးမြ မနက်စာ ပြင်လာတယ် ။ တေး မနက်သစ်ပြီးရင်
စားနော် ။ စားပြီးရင် ဒီဆေးကို သောက် ။ ဟုတ်ပြီလား"
"ဟုတ် ကဲ့ ကျေးဇူးပါ နော် ကြီးမြ ။ "
"ရပါတယ်ကွယ် ။ အစကဆို ဒီအိမ်ကြီးက တိတ်ဆိတ်နေတာ
ခုဆို တေးရောက်လာတော့ ထူးထူးဆန်းဆန်း အိမ်ကြီးက
စိုပြေလာလိုက်တာ တေးကိုတောင် ကျေးဇူးတင်ရမယ် ။ ဟို သားအဖသုံးယောက်ကလည်း အရင်ကနဲ့ မတူဘူး ။
ဘာပဲဖြစ်ဖြစ် အဲ့တာ တေးကြောင့်လို့ ကြီးမြ ထင်တယ်။
ကဲပါ ဆေးသောက်နော် ကြီးမြလည်း မီဖိုချောင်ထဲမှာ
ဟင်အိုးတယ်ထားလို့ သွားမယ်နော် "
"ဟုတ်"
ကြီးမြ ထွက်သွားသည်နှင့် တေး တွေးမိပါရဲ့။
အချစ်ကြောင့် ဒီသားအဖ သုံးယောက် သွေးကွဲသွားမှာရယ်
အချစ်ကြောင့်ပဲ မထားသင့်တဲ့ အမုန်းတွေ ပေါက်ဖွားလာမှာ
တေးတစ်ယောက် သိပ်စိုးရိပ်နေရှာမိ၏
အောက်ထပ်မှာတော့ ဦးခွန်ဥက္ကာ ပြင်သစ်က ပြန်လာသည်နှင် တူ၏ ကားသံကြားလို့ အိမ်အကူကောင်မလေး နှစ်ယောက်
အပြေးအလွှားပင်။
"ဘာလို့ အိမ်မှာ လူတစ်ယောက်မှ ရှိမနေတာလည်း "
"ဟုတ် အကိုလေး ခွန်းသူရမောင် က ကုမ္ပဏီ သွားပါတယ်။
အကိုလေး ခွန်းသူရိန်လင်း က ကားနဲ့ အပြင်ထွက်သွားပါတယ်ရှင့်"
သူမေးသော အဖြေက တေးမို့ စိတ်မကျေနပ်သော ဦးခွန်ဥက္ကာ
တစ်ယောက် စကားကို ခပ်မာမာ ပင် ဖြသ်သွားစေ၏
"ဒါဆို တေးရော ဘယ်မှာလည်း"
"ဟို... အကိုလေး တေး က သူအိပ်ခန့်ထဲမှာပါ ။ နေမကောင်းလို့
ခုနကတောင် ကြီးမြ မနက်စာသွားပို့ ပေးထားပါတယ်"
တေး နေမကောင်းဘူးလို့ ကြားရတော့ ဦးခွန်ဥက္ကာ ပျာယာခတ်သွား၏ ။ ထိုစိတ်ပူသော ခြေလှမ်းများနှင့် တေးရှိရာ အပေါ်ထပ်သို့
"တေးနေမကောင်းဘူးဆို ။ ဦးကို ဘာလို့ ချက်ချင်းဖုန်းမဆက်တာလည်း ။ ဦး ပြန်လာမှာပေါ့ "
"အခု သက်သာသွားပါပြီ ဦးရဲ့ ။ တေးကို စိတ်ပူနေတာလားဟင်"
"စိတ်ပူတာထက် တစ်ခုခု ဖြစ်သွားလိုက်မှာ စိုးရိမ်တာပါကွာ။
ဘာပဲဖြစ်ဖြစ် တေးကို ကျေးဇူးတင်တယ်နော်။ "
"ဘာလို့ ကျေးဇူးတင်တာလည်း ။ တကယ်ဆို တေးက ဦးကို
ကျေးဇူးတင်ရမှာပါ။ "
"ဦးလိုချင်တာ တေးရဲ့ ကျေးဇူးတင်စကား မဟုတ်ဘူး။
တေးရဲ့ ပါးစပ်ကနေ ဦးကို.... ချစ်ပါတယ် ဆိုတဲ့ စကားကို
ကြားချင်မိတယ် "
တေး ဦးကို အကြည့်လွှဲလိုက်ပြီး ဦးကို ငြင်းဆန်ဖို့လည်း
သနားမိပြန်၏။ ထိုကြောင့် အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်တဲ့
တိတ်ဆိတ်ခြင်းကို ရွေးချယ်လိုက်၏
တေးဘာမှ မပြောဘဲ တိတ်ဆိတ်နေတာကြောင့်
ဦးခွန်ဥက္ကာ တေးရဲ့ အရှေ့ ဒူးထောက်ပြီး တောင်းဆိုလိုက်၏
"တေး ဦး မုန်းရင် မုန်းလိုက်ပါကွာ ။
ဦးရင်ထဲမှာ သိမ်းထားတဲ့ စကားတွေကိုတော့ ဒီနေ့ပြောခွင့်ပေးပါနော်။ "
"ဦး ဟို..."
"ဦး တေးကို စ စ တွေကတည်းက ချစ်ခဲ့ရတာပါ။
အဲ့နေက တေး မန္တလေး ကားလမ်းဘေးရဲ့ လူသွားလမ်းပေါ်မှာ
အပြစ်ကင်းတဲ့ ကလေးတစ်ယောက်လို့ ပြေးလွှားနေကတည်းက
တေးကို စချစ်မိခဲ့တာ ။ တေး ဝမ်နည်းစရာတွေ ဖြစ်မိမှာ
ဦးမလိုလားပေမဲ့ ဦးရဲ့ ခံစားချက်ကို တေးသိသွားရင်ပဲ ကျေနပ်ပါပြီ"
မျက်ရည်ဝိုင်းနေသော မျက်ဝန်းတစ်စုံနှင့် ဦးကို ဘယ်လို ခွန်းတုံ့ပြန်မိမလည်းဆိုတာ တေး မဆိုတတ်ပေ။
အချစ်မှာ ကျေးဇူးရှင်ဆိုတာ မရှိဘူးမလားဟင် ဆိုသော အမေးကို
မေးချင်ပေမဲ့ ဦးစိတ်ထိခိုက်သွားလည်း မလိုလား။
"ဦးသိနေတာပဲ တေးမှာ ပိုင်ရှင်ရှိနေပြီတာကိုလေ။ တေး က
လွယ်လွယ်နဲ့ သစ္စာဖောက်တတ်တဲ့သူ မဟုတ်တော့
စကားကို သွယ်ဝိုက်မပြောတတ်တာ ခွင့်လွတ်ပါနော်။
ဦးကို ကိုယ့် ကျေးဇူးရှင်ဆိုတဲ့ အသိနဲ့ပဲ သိကျွမ်းခွင့်ပေးနိုင်မလားဟင်"
"တေး...? "
"ဆက်မပြောပါနဲ့တော့ ဦးရယ် ။ တေး ဆေးရုံမှာ မေမေကို
သွားတွေ့မှာ မို့ ခွင့်ပြုပါဦးနော် ဦး "
တေးကို တားဖို့ ခွန်အား ဦးခွန်ဥက္ကာ မှာ ရှိမှာတဲ့လား။
တေးကို စိတ်ပူတာကနေ ရင်ဖွင့်မိတာ မှားများသွားသလား
တေးရယ်။ တေး အခန်းထဲမှ ထွက်ခွာသွားတာကို ငေးမောနေရုံကလွှဲရင် ဘာရှိဦးမှာလည်း
"ဦးလေ တစ်ခုတစ်လေ တွေးမိတယ် သိလား ။ တေးကို
အချစ်နဲ့ မသိမ်းပိုက်နိုင်ရင်တောင် အာဏာနဲ့ သိမ်းပိုက်
လိုက်ချင်မိတယ် ။ ခက်တာက ဦးက တေးရဲ့ အချစ်ကိုပဲ
လိုချင်တာ"
ဦးခွန်ဥက္ကာ က အရာရာ ကံကောင်းပေမဲ့ အချစ်ရေးမှာ
ကံမကောင်းတာများလားဆိုတာ မေးခွန်းထုတ်စရာပင်။
ဒါပေမဲ့ တစ်ခုတရံ မထင်မှတ်ထားသည့် အရာတွေက
အလိုလို ဝင်လာတတ်တာမျိုးပင်။
မန္တလေး လေဆိပ်၌ ခွန်းသူရိန်လင်း တစ်ယောက်
မြင့်မိုရ် ဆိုသော မိန်းမချောလေးကို လာရောက်ကြိုနေခြင်းပင်။
"ဟိုင်း ကိုကို "
မြင့်မိုရ် က အသက် 18 နှစ်ပင် ရှိသေးတာမို့ ခွန်းသူရိန်လင်း ကို
ပြေးဖတ်၍ ချွဲနေမိ၏။
မိဘချင်းလည်း စီပွားဖက် မို့ ခွန်းသူရိန်လင်း ကတော့ သဘောရိုးပင် ရှိ၏
"ကိုကို ကိုယ် လွမ်းနေတာ သိလား ။ ဒူဘိုင်းမှာ ဘွဲ့ယူဖို့
တစ်လပဲ လိုတော့တာကို ဘာလို့ အလျင်လိုပြီး မြန်မာပြည်
ပြန်ချင်ရတာလည်း"
"မြင့်မိုရ် မင်းက ခုဆို ကလေးမဟုတ်တော့ဘူးလေ။
လူတွေ ကြည့်နေတယ် မရှက်ဘူးလား"
"ဘာကို ရှက်ရမှာလည်း ။ ကိုကိုက မြင့်မိုရ် အပိုင်ပဲ ဥစ္စာ"
"ဒီကလေးမကတော့ အတီးခံချင်လို့ ။ ကားပေါ်တက်
ဒီနေ့ တစ်နေ့လုံး မြင့်မိုရ် သွားချင်တဲ့နေရာ အကုန်လိုက်ပို့ပေးမယ်"
"တကယ်လား အာ့ကြောင့် ကိုကို ကိုယ် ချစ်တာ "
မြင့်မိုရ် က ခွန်းသူရိန်လင်း နဲ့ တေး ကြားက အတားအဆီး ဖြစ်လာခဲ့ရင် ခွန်းသူရိန်လင်း ဒီလို သဘောကောင်းနိုင်မှာ မဟုတ်ပေ။
ဆေးရုံ ခေါင်းမို့အထပ်၌ တေး စိတ်ပင်ပန်းမှုနှင့် မရွှင်လန်းသည့် ပုံစံကြောင့်
နက်ရှိုင်း Bubble tea တိုက်ရန် တေးအနား ရောက်လာ၏
"တေး အမေကို လာကြည့်တာလား "
"အင်း "
"တေး စိတ်ပင်ပန်းနေတယ်မလား ရော့ Bubble tea သောက်လိုက်"
နက်ရှိုင်း က တေးရဲ့ စိတ်ကိုပင် ဖတ်တတ်နေတာလား
"အင်း ကျေးဇူးပါနော် ။ ခုတလော နေရတာ အရမ်း ပင်ပန်းတာပဲ
တကယ် ပင်ပန်းနေပြီ ဟူး...."
"တေး ကျနော်ကို ရင်ဖွင့်လို့ ရတယ်နော် ။ ကျနော် က
တေးရဲ့ အခင်ဆုံး သက်မှတ်ထားရင် ကျနော့်ကို အားမနာနဲ့"
တေးက စိတ်ထားကောင်းသူမို့ တစ်ပါးသူတွေကို သဘောရိုးပင်
တွေးတတ်တာလေ။
"အချစ်က တကယ်ကြောက်ဖို့ ကောင်းတယ်သိလား ။
တစ်ယောက်တည်းကိုပဲ ချစ်လို့ရရင်လည်း ကောင်းသား။
တေးဘဝမှာ မေ့လို့မရနိုင်တဲ့ အမျိုးသား သုံးယောက်ရှိတယ်။
"တစ်ယောက်ကို တကယ် မြတ်မြတ်နိးနိုး ချစ်တယ်
နောက်တစ်ယောက်ကို မသိစိတ်က ချစ်မိနေတယ်
နောက်ဆုံး တစ်ယောက်ကို ကျတော့ သနားစိတ်က ချစ်မိပြန်ရော။
အဲ့သုံးယောက်ထဲက တစ်ယောက်ကိုသာ ရွေးပါဆိုရင် တေးရွေးနိုင်မယ် မထင်ဘူး"
နက်ရှိုင်း တစ်ယောက် တေးရဲ့ မျက်ဝန်းနဲ့
အကြည့်ချင်းစုံပြီး တေးရင်ဖွင့်တာတွေကို
သေချာလေး နားထောင်ပေးနေတယ်။
နက်ရှိုင်း က တေးရဲ့ ခံစားချက်တွေကို ပြုံးပြီး နားထောင်နေတာဟာ
ခံစားမှု တစ်ခုလား။
"ဒါဆို တေးက အဲ့သုံးယောက်ကို မတူညီတဲ့ ချစ်ခြင်းမျိုးနဲ့
ချစ်မိနေတာပေါ့ ။ အချစ်က ဆန်းကြယ်တယ်ဗျ
ဘယ်သူကို ချစ်ရမယ်ဆိုတာ ကြို မသိနိုင်တဲ့ အဖြစ်မျိုးလေ။
ဘာပဲ ဖြစ်ဖြစ် တေး အဆင်ပြေမှာပါ"
"ဟင်း ခုမှပဲ စိတ်ထဲက ခံစားချက်တွေ ပေါ့သွားတော့တယ်။
နက်ရှိုင်း ကို တကယ် ကျေးဇူးတင်ပါတယ်နော် ။
ဒါနဲ့ နက်ရှိုင်းမှာရော ချစ်သူရှိလား ။
"ကျနော် လိမ်ပြောရမလား အမှန်တိုင်းပြောရမလား"
"အမှန်တိုင်းပြောမှ ရမှာနော် ။ တေးက လိမ်ရင် မကြိုက်ဘူး."
"ချစ်သူ က ရှိခဲ့ဖူးတယ် ။ အခု သူက ကျနော့်အနားက
ထွက်သွားပြီလေ"
"ဟွန်..... နက်ရှိုင်း တကယ်ချစ်တယ်မလား ။စိတ်ကောက်နေရင်လည်း ပြန်ချော့မှပေါ့"
"ပြန်ချော့လို့ သူပြန်လာရင် ကောင်းတာပေါ့။ ဒါပေမဲ့
သူက အခုဆို တမလွန်ဆိုတဲ့ နေရာကို ကျနော် ခွင့်မပြုဘဲ
ထွက်သွားပြီလေ"
နက်ရှိုင်း ရဲ့ မျက်လုံးအတွင်း ၌ အရည်ကြည် မျက်ရည်များစများ ကျဆင်းလာသည်အထိ ပင် ။
"တေး တေး တောင်းပန်ပါတယ် ။ တေးမသိလို့ မေးမိတာပါ
တေးလည်း စိတ်မကောင်းပါဘူးနော်"
"ရပါတယ် ။ ကျနော်က တေးကို ကျေးဇူးတင်ရမှာပါ
ကျနော် ချစ်သူ ဆုံးပါးသွားကတည်းက ကျနော် ပြုံးရယ်ဖို့
ကိုတောင် မေ့နေခဲ့တာလေ။ တေးနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်း
ကျနော် ပျော်နေရတယ် ။ ဘာလို့လည်း မသိဘူး
ကျနော် ဘဝမှာ တေးလို သူစိမ်းတစ်ယောက်ကို ဒုတိယမြောက်
စွဲမိသွားတယ် ။ ညတိုင်း တေးရဲ့ အကြောင်းမတွေဘဲ
မအိပ်တတ်တော့တဲ့ အထိပဲ "
"ဟင် "
Part-10 မျှော်ရန်