တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​က...

By phyolay1991

127K 14.2K 132

💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ... More

တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105
chapter 106
chapter 107
chapter 108
chapter 109
chapter 110
chapter 111
chapter 112
chapter 113

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

979 119 1
By phyolay1991

Chapter 39
Imperial MeowJuly 20, 2023
Chapter 39





သူက ​ငွေအလုံအ​လောက် မရှာနိုင်သည်ကို မဆိုထားနှင့် ရွာသားအများစုက သူကဲ့သို့​သော အပြင်လူများကို ငြင်းဆန်ခဲ့ကြသည်။ သူ​တွေးရဲသည့် တစ်ခုတည်း​​သော အရာမှာ သူ့​ကောသား​​လေးကို ကမ်း​​ပေါ်တွင် ​နေထိုင်ကြသည့် ​ယောက္ခမများအိမ်သို့ လက်ထပ်ပြီး ဝင်​ရောက်ခိုင်းရန်သာ ဖြစ်သည်။

ကျန်းကျန့်က သူ့အား ယာယီ​နေထိုင်ခွင့်သာ ​ပေးခြင်း ဖြစ်ပါ​သော်လည်း သူက အလွန်အမင်း ​ကျေးဇူးတင်မိ​နေဆဲ ဖြစ်သည်။

စန်း​ရှောင်ရှန်းက ဖျားနာ​နေပြီး လမ်းမ​လျှောက်နိုင်သဖြင့် ဝမ်ဟိုင်ရှန်းက ​ကျော​ပေါ်တွင် သယ်ပိုးလာခဲ့ရသည်။ သူတို့က ကျန်းကျန့်၏ အိမ်သို့ အုပ်စုလိုက် ​ရောက်သွားကြ​လေသည်။

လမ်းတ​လျှောက်တွင် သူတို့က ဟယ့်ရှီရွာထဲမှ ရွာသားအချို့နှင့် ​တွေ့ခဲ့ကြသည်။

ဝမ်ဟိုင်ရှန်းက ဤ​နေရာတွင် ​နေထိုင်ခဲ့သည်မှာ ကာလအ​တော်ကြာ​နေပြီ ဖြစ်၍ သူသည်လည်း ဤရွာထဲမှ လူအချို့နှင့် သိကျွမ်း​​သည်။ သို့​သော်လည်း ထိုသူများမှာ သူ့ဘဝထဲသို့ ခပ်မြန်မြန် ဝင်လာကြပြီး သူ့အတွက် အလွန် ခြားနားခြင်း မရှိ​ပေ။ ထိုအ​ကြောင်း​ကြောင့် သူက ကျန်းကျန့်​နောက်သို့ လိုက်သွားပြီး​နောက် တစ်​စုံတစ်​ယောက်က ကျန်းကျန့်အား သူတို့ကို နှင်ထုတ်လိုက်ရန်အတွက် ​ပြောမည်ကို စိုးရိမ်​နေခဲ့ရသည်။

ရလဒ်အ​နေဖြင့်...

ဝမ်ဟိုင်ရှန်းက ​ဘေးပတ်လည်ကို န​ဝေတိမ်​တောင်ဖြင့် လှည့်ကြည့်လိုက်ပြီး သူတို့ကို မြင်သည်နှင့် ရွာသားများက မည်သည့်အတွက်​ကြောင့် မြန်မြန် ထွက်​ပြေးသွားကြသည်ကို နားမလည်နိုင်ခဲ့​ပေ။

သူက အဲ့​လောက် ​ကြောက်စရာ ​ကောင်း​နေလို့လား...

ဝမ်ဟိုင်ရှန်းက ဖြစ်ပျက်​နေသည့် အရာများအား နားမလည်နိုင်ရသလို သူ့​ဘေးမှ က​လေး နှစ်​ယောက်မှာလည်း ရှုပ်​ထွေး​နေရသည်။ ရွာထဲမှ က​လေးများက သူတို့နှင့် ကစားရမည်ကို သ​ဘောမကျကြဘဲ ယခင်က ရံဖန်ရံခါ အနိုင်ကျင့်လေ့ ရှိ​ကြသည်။ သို့​သော်လည်း သူတို့(ရွာထဲမှ က​လေးများ)က သူတို့အား တစ်ခါမှ မ​ကြောက်ခဲ့ဖူးကြပါ​ပေ။

"ကျန်း... ကျန်းကျန့်... ဘာ​တွေ ဖြစ်​နေတာလဲ" ဝမ်ဟိုင်ရှန်းက ကျန်းကျန့်အား ပ​ဟေဠိ ဖြစ်​နေဟန်ဖြင့် ​​မေးလိုက်​လေသည်။

"ဘာမှ မဖြစ်ဘူး"ကျန်းကျန့်က ဆိုလိုက်သည်။

ကျန်းကျန့်က ဘာမှ မဖြစ်ဘူးဟု ​ပြောကာမှ ဝမ်ဟိုင်ရှန်းလည်း စိတ်​​အေးသွားခဲ့ရ​လေသည်။ သူ့​ဘေးပတ်လည်မှ လူများကို ထပ်ကြည့်လိုက်ပြန်​သောအခါ ထိုလူများက သူ့အား ကရုဏာသက်ဟန်ဖြင့် ကြည့်​နေကြသည်ကို ​ရုတ်တရက် ​​တွေ့ရှိလိုက်ရသည်။

ဒါက... ဘာ​တွေ ဖြစ်​နေတာလဲ... ဟယ့်ရှီရွာသားများမှာ ဝမ်ဟိုင်ရှန်းကို အမှန်ပင် သနား​နေကြ​လေသည်။ သူတို့က ကျန်းကျန့်မှာ ယခုတွင် သူရူးတစ်​ယောက် ဖြစ်သွား​လေပြီဟု ယုံကြည်ထားကြသည်။ဝမ်ဟိုင်ရှန်း ကျန်းကျန့်နှင့်အတူ တုန်တုန်ယင်ယင် ​လမ်း​လျှောက်လာ​သောအခါ ကျန်းကျန့်ထံမှ ချိန်း​ခြောက်ခံထားရခြင်း​ကြောင့် ဖြစ်မည်ဟု ​တွေး​နေကြပြီး သူသယ်လာ​သော စန်း​ရှောင်ရှန်းမှာ ကျန်းကျန့်ထံမှ အရိုက်ခံထားရခြင်း ဖြစ်မည်ဟုပင် ​တွေး​တော​နေကြ​လေသည်။

အဆုံးတွင် ထိုသူက ရမန် အရာရှိတစ်​ယောက်နှင့် တိုက်ခိုက်ရဲခဲ့သူဖြစ်သည်။

ကျန်းကျန့်က တန်ဖိုးရှိသော ပစ္စည်းများနှင့် အစားအ​သောက်များအားလုံးကို သူ့အိမ်မှာသာ ထားထားသည်။အခြားအိမ်က အလွတ်နီးပါး ဖြစ်​​နေ​လေပြီး ဝမ်ဟိုင်ရှန်း၏ မိသားစုကို ထိုအိမ်တွင် ​နေခိုင်းထားလိုက်သည်။ ထို့နောက် သူ​ပြောလိုက်သည်။

"အိမ်ကို မနေခင် အရင်ဆုံး ရှင်းဖို့ လိုတယ်... မင်းတို့ဘာသာ မီး​​မွှေးလိုက်ကြ... ငါ့အိမ်ဘက် မလာနဲ့"

"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ" ဝမ်ဟိုင်ရှန်းက ထပ်ခါ ထပ်ခါ ​ခေါင်းငြိမ့်ပြလိုက်ပြီး အလွန် ရိုးရှင်းလှ​သော ရွှံ့အိမ်​လေးကို ကြည့်လိုက်သည်။

ဝမ်ဟိုင်ရှန်းက သူ့​​လှေ​ပေါ်တွင် အသုံးဝင်သည့် ပစ္စည်းအချို့ ရှိ​သော်လည်း အများကြီး မဟုတ်​ပေ။ အကြိမ်များစွာ သယ်လာပြီး​နောက် သူက အကုန်လုံးကို ယူလာနိုင်ခဲ့ပြီး မကြာမီပင် အ​ခြေကျသွားသည်။ ထိုအချိန်၌ ​မှောင်စပြု​နေခဲ့​​လေပြီ။

​ကျောက်ကျင်း​ကော အိမ်ပြန်လာရန် အချိန်​ရောက်လုနီးပါး ဖြစ်​နေသည်ကို ​တွေ့လိုက်ရ​သောအခါ ကျန်းကျန့်က ကိုယ့်ကိုယ်ကိုယ် သာမန်ကာလျှံကာ သန့်ရှင်း​ရေး လုပ်၍ လမ်းဆုံ​နေရာသို့ သွားထိုင်ပြီး ​ကျောက်ကျင်း​ကောကို ​စောင့်​နေခဲ့သည်။

ရလဒ်အ​နေဖြင့် အရင်ပြန်လာသူမှာ ​​ကျောက်ကျင်း​ကော၏ အ​ဖေ ​ကျောက်ဖူ​ကွေ့ ဖြစ်​နေခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မိုးဆက်တိုက်ရွာ​နေခဲ့သည်။ အပြင်ဘက်တွင် ​ရေတို အလုပ်သမား သွားလုပ်​နေခဲ့​သော ​ကျောက်ဖူ​ကွေ့က အိမ်ပြန်မလာခဲ့​ပေ။ ယ​​နေ့တွင် သူအိမ်ပြန်လာ​သောအခါ သူ့​​ခေါင်းကို ငုံ၍ ​လျှောက်​နေခဲ့ရာမှ လမ်းတစ်ဖက်တွင် ထိုင်​နေသည့် ကျန်းကျန့်ကို မြင်လိုက်ရချိန်တွင် သတိချပ်သွားပြီး ​ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။

ကျန်းကျန့်က နှာ​ခေါင်းကို ထိကာ ဆက်လက် ​စောင့်ဆိုင်း​နေခဲ့သည်။

​နောက်တွင် ​ကျောက်ကျင်း​ကော၏ အလှည့် ဖြစ်သည်။ သူက လက်ထဲတွင် ယုန်တစ်​ကောင် သယ်လာခဲ့​လေသည်။ ကျန်းကျန့်ကို ​​တွေ့လိုက်ရ​သောအခါ သူက ပထမတွင် ရပ်သွားပါ​သော်လည်း ကျန်းကျန့်၏ မျက်လုံးများကို ​ရှောင်ရန်အတွက် ​ခေါင်းကို ​ငုံ့ကာ သူ့အ​​ဖေလိုပင် ​ခြေလှမ်းများကို အရှိန်တင်ကာ သွား​လေသည်။

တစ်ခဏအကြာ ကျန်းကျန့်လည်း အိမ်ပြန်လာခဲ့သည်။

"ယုန်ကို ဘယ်က ရလာတာလဲ" ​ကျောက်လျူက ​ကျောက်ကျင်း​ကော၏ လက်ထဲမှ ယုန်ကို ​တွေ့လိုက်ရ​သောအခါ အံ့အားသင့်ဟန်ဖြင့် ​​မေးလိုက်သည်။

"လယ်ထဲက ဖမ်းမိတာ" ​

ကျောက်ကျင်း​ကောက ကသိက​​အောက် ဖြစ်​နေပုံဖြင့် ​ခေါင်းငုံ့ထားခဲ့သည်။ သူက လယ်ယာအလုပ်ကို ​ကောင်း​​ကောင်း လုပ်နိုင်ပါ​သော်လည်း အ​ကောင်ပ​လောင်များ ဖမ်းရာ၌ မကျွမ်းကျင်​ပေ။ အမှန်တွင် သူက ယုန်ကို လုံးဝဖမ်းနိုင်မည် မဟုတ်​ပေ။

သို့​သော်လည်း ​ကျောက်လျူက သံသယ မဝင်​​ပေ။ သူမက သူမ၏ သားက အ​ကောင်းဆုံးဟု အမြဲ​​တွေးထားခဲ့​လေရာ ဤကိစ္စရပ်၌လည်း သူမ၏ သားက ယုန်တစ်​ကောင် ဖမ်းနိုင်ခဲ့သည်မှာ သာမန်သာ ဖြစ်သည်။

"ခုတ​လော အိမ်မှာ ကိစ္စ​​ကောင်း​တွေ အများကြီး ဖြစ်​နေတာပဲ... အ​မေ အရမ်း ​ပျော်တယ်" ​

ကျောက်လျူက အပြုံး​လေး တစ်ခုဖြင့် ​ပြောလိုက်ပြီး သူမ၏ ​​ခြေ​ထောက်နားမှ ဘဲ​ပေါက်​လေး ငါး​ကောင်နှင့် လက်ထဲမှ ယုန်တို့ကို ကြည့်လိုက်ပြီး​နောက်တွင် လီကျူးကျန်၏ မိသားစုအ​ကြောင်း ​ပြော​လေသည်။

"ဒီ​နေ့ ရှို့​ရောက်လာပြီး​တော့ လီမိသားစုအ​ကြောင်းလာ​ပြောတယ်​လေ... သူတို့မိသားစုက ​ကြောင်းလမ်းမှုကို ဖျက်ခဲ့လို့ ဝဋ်လည်​နေကြပြီ... ဘာဖြစ်သွားလဲသိလား... သူတို့ရဲ့ ​ချွေးမ ထွက်သွားပြီ​လေ"

​​ကျောက်လျူက မကြာမီ လီကျူးကျန်၏ မိသားစုအ​ကြောင်း ​ပြောပြခဲ့ပြီး သူတို့ကို ​ဝေဖန်​နေခဲ့သည်။

​ကျောက်ဖူ​ကွေ့က တိတ်တဆိတ် နား​ထောင်​နေပြီး သူ့ကိုယ်ပိုင်အမြင်ကို ​ပြောပြမလာပါ​သော်လည်း အချိန်နှင့်အမျှ ​ခေါင်းတဆတ်ဆတ် ငြိမ့်​နေခဲ့သည်။

​ကျောက်လျူက ထိုအ​ကြောင်း ​ပြော​နေချိန်၌ အလွန် စိတ်အားတက်ကြွ​နေပါ​သော်လည်း ​ပြောပြီးသွား​​သောအခါ စိတ်ဓါတ်ကျသွားပြန်သည်။

လီကျူးကျန်၏ ဇနီးက အခြားလူနှင့် ထွက်​ပြေးသွားခဲ့လျှင်​တောင် သူမက သား​လေး​ယောက်လည်း ရှိ​သေးသည်။ယခုလက်ရှိတွင် သူတို့က မည်မျှ ဆင်းရဲ​​နေပါ​စေ တစ်စုံတစ်​ယောက်က သူတို့ အသက်ကြီးလာချိန်၌ ​စောင့်​ရှောက်​ပေးလိမ့်မည်။ သူတို့မိသားစု ကျင်း​ကောအတွက်​ရော..

ယခုတွင် သူတို့နှစ်​ယောက် ရှိ​သေးသည်။ ကျင်း​ကောက အနည်းဆုံး အကူအညီ အချို့ ရနိုင်​နေ​သေး​သည်။ တစ်​နေ့ကျ သူတို့မရှိ​တော့တဲ့ အချိန်ကျရင်​ရော...

​ကျင်း​ကောက က​လေး တစ်​ယောက်မှ မရှိသဖြင့် သူ အိုမင်းလာချိန်တွင် မည်သူကမှ သူ့ကို ​စောင့်​ရှောက်​ပေးကြမည် မဟုတ်​ပေ။ ဒါက​တော့...

​ကျောက်လျူက စကား​ပြောရပ်သွားပြီး ​ကျောက်ဖူ​ကွေ့က ပို၍ပင် တိတ်ဆိတ်သွားသည်။ ပထမအစတွင် သူက ​ကျောက်ကျင်း​ကောအတွက် ခင်ပွန်းတစ်​ယောက် ရှာ​ပေးချင်​နေဆဲဖြစ်သော်လည်း ထိုအ​​တွေးကို လွန်ခဲ့သည့် နှစ်နှစ်က စွန့်လွှတ်ထားခဲ့ပြီးသား ဖြစ်သည်။ သူက ​ကျောက်ကျင်း​ကောအတွက် မိသားစု တစ်ခု ရရှိရန် ​ယောက္ခမတစ်​ယောက် ရှာ​​ပေးချင်ခဲ့ရုံသာ ဖြစ်သည်။

သို့​သော်လည်း သူတို့၏ မိသားစုက ဆင်းရဲလွန်းပြီး အိုမင်း​နေသည့် လူပိုနှစ်​ယောက်လည်း ရှိ​နေ​သေးသဖြင့် မည်သူကမှ ​ကျောက်ကျင်း​ကောကို လက်ထပ်ချင်ကြမည် မဟုတ်​​ပေ။

"ကျွန်​တော့အတွက် စိတ်မပူပါနဲ့ အ​​​ဖေနဲ့ အ​မေ" ​ကျောက်ကျင်း​ကောက ​ပြောလိုက်သည်။ သူက သူနှင့် ကျန်းကျန့်အ​ကြောင်း ​ပြောချင်ခဲ့ပါ​သော်လည်း သူ့စကားများက ထွက်မလာ​နိုင်ခဲ့​ပေ။

ကျန်းကျန့်က လူများစွာကို ဆန့်ကျင်ထားခဲ့သည်။ သူ့မိဘများသာ သူတို့အ​ကြောင်း သိသွားပါက ပို၍ပင် စိုးရိမ်ကြရ​ပေလိမ့်မည်။

​ကျောက်လျူက သူ့သား ဝမ်းနည်းသွားမည် စိုးသဖြင့် ထိုအ​ကြောင်းကို ဆက်မ​​​ပြော​တော့ဘဲ အခြားအ​ကြောင်းတစ်ခုကို ​ပြောလိုက်သည်။

"ငါ့ကျင်း​ကော​လေးလည်း အဆင်​ပြေသွားမှာပါ... စိုးရိမ်စရာ မလိုပါဘူး... ဒါ​ပေမယ့် ငါ​တော့ ကျန်းကျန့်ကို ကြည့်လိုက်တိုင်း ​ကြောက်​နေရတာပဲ... ဖူ​ကွေ့ ရှင်က​တော့ သိမှာ မဟုတ်ဘူး... သူက ကျွန်မတို့ အိမ်ဘက်ကို အမြဲတမ်း စိုက်ကြည့်​နေတာ... ကျွန်မ မ​​​နေ့ညက ညလယ်ကြီး ထတုန်းကလည်း သူ ကျွန်မတို့အိမ်နား ပတ်​နေတာကို ​​တွေ့ခဲ့တယ်"

"ဘာ" ​ကျောက်ဖူ​ကွေ့က အံ့အားသင့်သွား​လေသည်။ ​ကျောက်ကျင်း​ကော၏ နှလုံးသားသည်လည်း အခုန်မြန်သွား​ခဲ့လေသည်။

​ကျောက်ဖူ​ကွေ့၏ မျက်ခုံးများ တင်းတင်းကျပ်ကျပ် စုကျုံ့သွား​ခဲ့လေသည်။ "သူက ငါတို့အိမ်နား ပတ်​နေတာလား... သူ ငါတို့အိမ်ကို လုယက်ဖို့ စဥ်းစားနေတာ​တော့ မဟုတ်ဘူးမို့လား"

"လုယက်မှာ" ​ကျောက်လျူသည်လည်း ​ကြောက်လန့်သွား​လေသည်။

"ကျွန်မတို့ ဘာလုပ်ကြမလဲ... ကျွန်မတို့ ကျင်း​ကောက သူ့ကို ရိုက်နိုင်မှာ မဟုတ်ဘူး"

"အ​မေ... သူ မလုပ်​​လောက်ပါဘူး...ကျွန်​တော်က သူ့ဘဝကို ကယ်​ပေးထားတာပဲ​လေ... ကျွန်​တော်တို့ အိမ်မှာလည်း ဘာပစ္စည်းမှ တန်​ကြေးရှိတာမှ မဟုတ်တာ"

​ကျောက်ကျင်း​ကောက ​ပြောလိုက်ပြီး သူ့မျက်လုံးများက ယုန်ဆီသို့ အကြည့်​ရောက်သွား​လေသည်။ ကျန်းကျန့်က သူတို့အိမ်ကို လုယက်မည် မဟုတ်​ပေ။ ယုန်ကိုလည်း ကျန်းကျန့် ​ပေးထားခြင်းသာ ဖြစ်သည်။

ပြီး​တော့... မ​နေ့ညက ကျန်းကျန့် သူ့ကို လာ​တွေ့ခဲ့​သေးတာလား...

သူက အမှန်တွင် ၎င်းကို မသိဘဲနှင့် အိပ်​ပျော်သွားခဲ့ခြင်း ဖြစ်သည်။



​ကျောက်ကျင်းကောက ထိုည၌ နိုးလျက်သား ရှိ​နေရန် ဆုံးဖြတ်ထားသည်။ သူ့မိဘများထံမှ လှုပ်ရှားမှုများ မရှိ​တော့သည့်အချိန်တွင် သူက တိတ်တိတ်​လေး ထကာ ​ကျန်းကျန့်၏ ​နေရာသို့ သွားလိုက်​​လေသည်။

သူက ညပိုင်းတွင် ကျန်းကျန့်အိမ်သို့ အကြိမ်များစွာ သွား​ရောက်ခဲ့ပြီး သူနှင့် မစိမ်းသက်ပါ​​​​သော်လည်း ယ​​နေ့တွင် တဖြည်းဖြည်း နီးကပ်လာ​သောအခါ ကျန်းကျန့်နှင့် မဆိုင်သည့် အသံတစ်သံကို ကြားလိုက်ရသည်။

ကျန်းကျန့်အိမ်မှာ တစ်​ယောက်​ယောက် ရှိ​နေတာများလား...

​ယ​နေ့ ကျောက်ကျင်း​ကော အိမ်ပြန်လာ​သောအခါ သူ့မိဘများက အနီးအနားတွင် ရှိ​နေကြသဖြင့် ကျန်းကျန့်ကို ကြည့်ရန် ရှက်ရွံ့​နေခဲ့ရသည်။ သူက ဝမ်ဟိုင်ရှန်း၏ မိသားစု ကျန်းကျန့်အိမ်သို့ ​ပြောင်းလာကြသည်ကို မသိခဲ့​ပေ။ ထိုအခိုက်၌ သူက အနည်းငယ် ​​တွေ​ဝေသွားခဲ့သည်။ ထိုနေရာမှာ ကြက်​သေ​သေ​နေရင်းဖြင့် ဘာလုပ်ရမှန်းလည်း မသိ​တော့​ပေ။

ရွာထဲတွင် သူက အခြားသူများထံမှ အမြဲတမ်း ငြင်းပယ်ခံခဲ့ရသည်။ သူတို့တစ်ရွာလုံး၌ ပိုရုပ်ဆိုးသည့် ​ကော သို့မဟုတ် အမျိုးသမီး တစ်​ယောက်မှ မရှိ​တော့ပါ​ပေ။ ​ဆယ်​ကျော်သက် အရွယ်မှာပင် ကြောင်းလမ်းမှု ရုတ်သိမ်းခံလိုက်ရသဖြင့် အခြားသူများက သူ့ကို သနားစိတ်ပြည့်​နေ​သော မျက်လုံးများဖြင့် ကြည့်တတ်ကြသည်။

သူ့လိုလူမျိုးက ​ကြိုက်လောက်စရာ မရှိပါ​ပေ။ ကျန်းကျန့်က​ရော... သူ့ကို ငြီး​ငွေ့သွားပြီလား...

ကျောက်ကျင်းကောက အစာအိမ်ထဲမှ လိပ်ပြာလေးများကို ခံစားလိုက်ရပြီး မ​ပျော်မရွှင် ဖြစ်​နေချိန်တွင် ထိုအခိုက်၌ ကျန်းကျန့်ကလည်း အမှန်ပင် စိတ်ညစ်​နေရသည်။

​ကျေးလက်မှ ရွှံ့နံရံများက ထူထဲကာ အသံလုံပါ​​သော်လည်း တံခါးနှင့် ပြတင်း​ပေါက်များမှာ အသံမလုံ​ပေ။ ထို့​​ကြောင့် ​ဘေးအခန်း၏ လှုပ်ရှားမှု ​သေး​သေး​လေးကိုပင် အားလုံးကြား​နေရသည်။

ဝမ်ဟိုင်ရှန်းက စန်း​ရှောင်ရှန်းကို ပြုစု​ပေး​နေချိန်တွင် သူ့အသံကို တိုးနိုင်သမျှတိုး​အောင် ကြိုးစား​ပေး​နေပါ​သော်လည်း သူ့နားက ​ကောင်းလွန်းလှသဖြင့် အကုန်လုံးကြား​နေရသည်။ အသံက တိုး​နေသည့်အတွက် အမှတ်တမဲ့နှင့် လိုက်နား​ထောင်မိသွားကာ ပို၍ပင် အိပ်​မ​ပျော်နိုင်​တော့​​ပေ။

ထို​နေရာ၌ တစ်​ယောက်​ယောက်က တီးတိုး​ပြော​​နေပြီး ပုစဥ်းရင်ကွဲများနှင့် ဖားများ၏ ​တောင်စဥ်​ရေမရ ​အော်သံများထက်ပို၍ စိတ်ဒုက္ခ​ပေးနိုင်သည်။

ကျန်းကျန့်က အခြားသူများကို သူ တတ်နိုင်သ​လောက် ကူညီ​ပေးချင်သည်။ ​ခေတ်သစ်တွင် သူရထားခဲ့​သော ပညာမှာ သူ့အတွက် ဗိုက်ဆာပြီး မ​သေနိုင်​လောက်​အောင် ခက်ခဲ​​စေသည်။ ထို့ကြောင့် ဤ​နေရာသို့ မကူး​ပြောင်းလာခဲ့စဥ်က အခြားသူများကို ကယ်တင်ရင်းဖြင့် ဘဝသစ်တစ်ခုကို မ​တော်တဆ ရရှိခဲ့သည်။ သို့​သော်လည်း ယခုလက်ရှိတွင် သူက ဆူညံလွန်းသည်​ကြောင့် အိပ်​ပျော်ရန် ခက်ခဲ​နေသဖြင့် မ​ပျော်မရွှင် ဖြစ်​နေ​ရ​ပေသည်။

မနက်ဖြန် မြန်မြန် ​ရောက်ပါ​​တော့... သူ ဝမ်ဟိုင်ရှန်းအတွက် အိမ်တစ်လုံး မြန်မြန် ​ဆောက်​ပေးပြီး ကန်ထုတ်ရမယ်...

ကျန်းကျန့်က အိပ်မ​ပျော်နိုင်သဖြင့် ​ကျောက်ကျင်း​ကောထံ သွားလိုက်သည်။ ​ကျောက်ကျင်း​ကောက ဒီအချိန်​လောက်ဆို အိပ်​ပျော်သွားတတ်​ပေမယ့် သူက​တော့ အခုထိ အိပ်မရ​သေးဘူး​လေ...

ကျန်းကျန့်က သူ့အိမ်ထဲမှ မြန်မြန် ထွက်လာခဲ့သည်။ သူ ​ခြေလှမ်းအနည်းငယ်မျှပင် လှမ်းရ​သေး​သော်လည်း ထို​နေရာ၌ မလှုပ်မယှက် ရပ်​နေသည့် ​ကျောက်ကျင်း​ကောကို ​တွေ့လိုက်ရသည်။

"ကျင်း​ကော" ကျန်းကျန့်က သူ့ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။

"မင်းကိုယ့်ဆီ လာတာလား"

​ကျောက်ကျင်း​ကောက ဝင်သွားကြည့်ရမလား မကြည့်ရဘူးလား တုံ့ဆိုင်း​နေရင်းဖြင့် ထို​နေရာတွင် ရပ်​နေစဥ်မှာပင် ကျန်းကျန့်ထွက်လာသည်ကို ​တွေ့လိုက်ရသည်။ သူ တစ်ခဏမျှ အ​ပျော်လွန်မိသွားသည်။

"ကျန်းကျန့်"

​ကျောက်ကျင်း​ကောက ကျန်းကျန့်၏ နာမည်ကို တိုက်ရိုက်​ခေါ်ခဲသဖြင့် ကျန်းကျန့်၏ နှလုံးသား​လေးကို ယားကျိကျိ ဖြစ်သွား​စေခဲ့​လေသည်။ သူက ​ရှေ့တိုးလာကာ ကျန်းကျန့်၏ မျက်နှာ​လေးကို တန်း၍ အနမ်း​ပေးလိုက်သည်။

"ဘာလို့ ​စော​စောမအိပ်ဘဲ ​နောက်ကျ​နေမှ ကိုယ့်ကို လာ​တွေ့ရတာလဲ"

​ကျောက်ကျင်း​ကောက အသက်ပြင်းပြင်းရှုကာ ကျန်းကျန့်ကို ​တွေ့လိုက်ရ၍ ​​ပျော်ရွှင်သွားသည့် နှလုံးသား​လေးကို တည်ငြိမ်သွား​အောင် လုပ်လိုက်ရသည်။ "ကျွန်​တော့အ​မေ ​​ပြောတာ... မ​နေ့ညက သူ ခင်ဗျားကို ​တွေ့လိုက်ရတယ်တဲ့... မ​နေ့ညက ကျွန်​တော့်ကို လာ​တွေ့​သေးလား... ကျွန်​တော် မသိခဲ့ဘူး" ​ပြောပြီး​နောက် သူက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

"မင်း မအိပ်​သေးဘူးလား... မင်းက ကိုယ့်လို မဟုတ်ဘဲ ​နေ့တိုင်း အလုပ်လုပ်​နေရတာ​လေ... မင်း ပိုအိပ်သင့်တယ်"

ကျန်းကျန့်က ​ပြောလိုက်သည်။ သူက ​ကျောက်ကျင်း​ကောလို လူများကို အထူးသ​ဘောကျသည်။ သူက အ​တော်​လေး ရှက်ရွံ့​​နေပါ​သော်လည်း သူလက်ခံရရှိ​သော ခံစားချက်များကို ပြန်လည် ပြသသင့်သည့်အခါမျိုးမှာလည်း ရှင်းရှင်းလင်းလင်း ​ဖော်ပြ​ပေလိမ့်မည်။

Continue Reading

You'll Also Like

44.6K 4.6K 72
သူမက ပြောလိုက်သည်..။ "ငါသေချာပေါက် နတ်ဘုရားဖြစ်လာရမယ်" သူက သူမကို ခြေဆုံးခေါင်းဆုံးကြည့်၍ အေးအေးစက်စက်ရယ်လိုက်သည်။ "ဖြစ်နိုင်ပါတယ် ပျင်းရိတဲ့နတ်" သူမ...
201K 3.4K 24
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
58.6K 2.9K 46
ស្នេហាកើតចេញពីការជំនួសមនុស្សម្នាក់ដែលគេស្រឡាញ់ព្រោះតែមានមុខមាត់ប្រហាក់ប្រហែលគ្នា មុនដំបូងគិតថាយកមកលេងសើចតែចៃដន្យអីជាប់ស្នេហ៍គេមែនទែនដកចិត្តមិនរួច និព...
5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...