တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​က...

By phyolay1991

136K 14.9K 135

💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ... More

တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105
chapter 106
chapter 107
chapter 108
chapter 109
chapter 110
chapter 111
chapter 112
chapter 113
chapter 114
chapter 115
chapter 116

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

934 107 1
By phyolay1991

Chapter 38
Imperial MeowJuly 20, 2023
Chapter 38

ယုန်တစ်​ကောင်​ပေးခြင်း



လီရှို့က ​ကျောက်ကျင်း​ကော တစ်​ယောက် ​ပျော်သွားပါ​​စေဟု ​မျှော်လင့်ကာ ထိုစကား လာ​ပြောခြင်း ဖြစ်​သော်လည်း အမှန်တွင် ​ကျောက်ကျင်း​​ကောက အ​တော်​လေး ​ပျော်​နေခြင်း မရှိ​​ပေ။

လီကျုးကျန်က ဘယ်လို ပုံမျိုးလဲ... သူ​​မေ့​တောင် ​မေ့​နေ​ပြီ... သူက အခု အဲ့လူရဲ့ ကိစ္စကို အာရုံထားဖို့ အချိန် ဘယ်ရှိပါ့မလဲ... သို့​သော်လည်း လီရှို့က သူမဘက်မှ တစ်ချိန်လုံး ​ပြော​နေ​လေရာ ကျန်းကျန့် လာမည်လား မလာမည်လားပင် မသိ​တော့​ပေ။

​ကျောက်ကျင်း​ကောက သာမန်ကာလျှံကာ နား​ထောင်​နေပြီး မျက်လုံးများကို ​ဝေ့ဝဲ၍ ကြည့်​နေခဲ့သည်။ ကျန်းကျန့်ကို မ​တွေ့ရသဖြင့် သူ့နှလုံးသားက ဗလာ ဖြစ်​နေပြီး လီရှို့ မြန်မြန် ထွက်သွားရန်ကိုသာ ​မျှော်လင့်နေမိ​တော့သည်။

ကံအားလျော်စွာဖြင့် လီရှို့က သူမ၏ သတင်းကို အဆုံးသတ်လိုက်ပြီး ​ပြောလာခဲ့သည်။

"ကျင်း​ကော အ​ဒေါ် မင်းအိမ်ကို သွားလိုက်ဦးမယ်... အလုပ်ဆက်လုပ်​တော့"

လီရှို့ အဆုံးတွင် ​ကျောက်ကျင်း​ကောကို သွားခွင့်ပြုလိုက်သည်။ ​ကျောက်ကျင်း​ကောက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ ​ခေါင်း​​ပေါ်မှ ​နေလုံးကြီးကို ကြည့်လိုက်ပြီး တူး​မြောင်း၏ အစွန်းမှ ​တောအုပ်​လေးဆီ ထွက်သွားလိုက်သည်။

ပုံမှန်အားဖြင့် ကျန်းကျန့် ထို​နေရာသို့​ ​ရောက်လာ​သောအခါ အရင်ဆုံး အပြင်ဘက်မှ သူ့ကို မျက်စိမှိတ်ပြ​ပေးမည် ဖြစ်​သော်လည်း ယ​နေ့တွင် သူက ​ရောက်မလာသဖြင့် ကျန်းကျန့် လာမလာကို မသိ​တော့​ပေ။

​သေချာ​ပေါက် ကျန်းကျန့် ​ရောက်လာပါ၏။ ​ကျောက်ကျင်း​ကော ​တောအုပ်​​လေးဆီသို့ ​လျှောက်သွားခါနီးတွင် သူက ​ကျောက်ကျင်း​ကောအား "ကျင်း​ကော"ဟု ​ခေါ်လိုက်သည်။

​ကျောက်ကျင်း​ကော၏ နှုတ်ခမ်း​ထောင့်​လေးများ ချက်ချင်း​ကော့တက်သွား​လေသည်။

ကျန်းကျန့်က ထို​နေရာ၌ ရှိ​နေသည်မှာ အချိန်အ​တော်ကြာ​လေပြီ။ တစ်စုံတစ်ယောက်က ​ကျောက်ကျင်း​ကောအား စကား​ပြောရန် ဆွဲ​ခေါ်သွားသည်ကို ​တွေ့လိုက်ရ​​သောအခါ သူပုန်း​နေလိုက်သည်။ ​ကျောက်ကျင်း​ကောအား စကား​ပြော​နေသူမှာ မည်သူ ဖြစ်သည်ကို မသိရ​သော်လည်း သူမက အတင်း​ပြော​နေခြင်း ဖြစ်မည်ဟု ​တွေးလိုက်မိသဖြင့် ​နောက်ထပ် ​မေးခွန်းများ ဆက်မ​မေး​တော့ဘဲ ​ကျောက်ကျင်း​ကော စားရန်အတွက် အစားအ​သောက်များ ထုတ်​ပေးလိုက်သည်။

ယ​နေ့ ​နေ့လည်၌ သူချက်ပြုတ်လာခဲ့သည်မှာ ဝက်ဆားနယ်​ခြောက် အတုံး​လေးများနှင့် ​ဂေါ်ဖီထုပ်​ကြော် ဖြစ်သည်။

၎င်းက ဝါးဘူးနှင့် စားရန် အဆင်မ​ပြေသဖြင့် သူက ထမင်းများ ထည့်ထား​သော ပန်းကန်လုံး​ပေါ်တွင် ​​ဂေါ်ဖီနှင့် အသား​ကြော်များ ဖုံးထားကာ ခြင်း​လေးဖြင့် သယ်​ပေးလာခြင်း ဖြစ်သည်။

မနက်ပိုင်းမှ ငါးစွပ်ပြုတ်နှင့် နှိုင်းယှဥ်ပါက ​ဂေါ်ဖီထုပ်နှင့် အသား​ကြော်မှာ အလွန် အရသာ ရှိသည်။ ​ကျောက်ကျင်း​ကောက ထမင်းတစ်ပန်းကန်လုံးကို အချိန်တိုအတွင်းမှာပင် အ​ပြောင်ရှင်းလ်ုက်ပြီး ​နောင်ထပ် နှစ်ပန်းကန်​လောက် ထပ်စားနိုင်​သေးသည်ဟု ​တွေးမိသွားသည်။

သို့​​​သော်လည်း အစားအ​သောက်ကို ​ချွေတာရ​ပေမည်။ ​ကျောက်ကျင်း​ကောက ​နေ့လည်ပိုင်းတွင် ထိုကဲ့သို့​သော ထမင်း အပိုတစ်ပန်းကန် စားရပါက အ​တော်​လေး ​ကောင်း​နေ​လေပြီဟု ​တွေးလိုက်သည်။

​ကျောက်ကျင်း​ကောက စားရန် ​​သောက်ရန် ​​တွေး​နေချိန်မှာပင် ယခု​လေးတင် ဖြစ်ပျက်ခဲ့သည့် ကိစ္စကို သတိရမိသွား​သော်လည်း သူနှင့်ဘာမှ မဆိုင်​တော့ဟု ​တွေးလိုက်သည်။သူက ကျန်းကျန့်​ရှေ့တွင် လီကျူးကျန်အ​ကြောင်း မ​ပြောချင်သဖြင့် ကျန်းကျန့်ကို ထိုအ​ကြောင်း မ​ပြောပြလိုက်​တော့​​ပေ။

​ကျောက်ကျန်း​ကောက လီကျူးကျန်ကို အ​လေးအနက် မမှတ်ယူထား​ပေ။ သို့​သော်လည်း လီမိသားစုက စု​ဝေးကာ သူ့အ​ကြောင်း ​တွေး​နေကြသည်ကို​တော့ သူမသိခဲ့​ပေ။

လီကျူးကျန်က ရှုအ​ကြောင်း ​တွေးမိ​နေဆဲ ဖြစ်​သော်လည်း မိန်းက​လေးရှုက ပြန်လာ​တော့မည် မဟုတ်​ပေ။

မိသားစုက အိုမင်းပြီး ငယ်ရွယ်​လွန်း​သူများသာ ရှိသဖြင့် သူကသာ မိသားစု၏ ​ထောက်တိုင်ဟု သတ်မှတ်ရမည် ဖြစ်​သော်လည်း သူက ပိန်ပါးကာ ခွန်အားမရှိ​ပေ။ ရှုပို့​ပေး​သော ပိုက်ဆံဖြင့် သူတို့၏ ​အ​ကြွေး တစ်ပိုင်းကို ​ပေး​ချေထားပြီသား ဖြစ်​သော်လည်း သူတို့က ​နောင်တွင် ​ငွေပြား ခုနစ်ဆယ့်ရှစ်ပြား ​ပေး​ရန် လိုအပ်​နေဆဲ ဖြစ်သည်။

သူက တစ်နှစ် အလုပ်ကြိုးကြိုးစားစား လုပ်ခဲ့ပါ​သော်လည်း သူ့မိသားစုအတွက် အစားအ​သောက် အလုံအ​လောက်ပင် ရှာမ​ပေးနိုင်ခဲ့​ပေ။ ​နောင်တွင် သူက ​လယ်​မြေ သို့မဟုတ် အစားအ​သောက် ပို၍ ဝယ်ယူရန် လိုအပ်​နေဆဲ ဖြစ်သည်။

သူတို့က ပထမတစ်ခုကို ပို၍ အားသာကြပါ​သော်လည်း... ​မြေဝယ်ပြီးရင် ဘယ်သူက စိုက်​ပေးမှာတဲ့လဲ... သူ့က​လေး ​လေး​ယောက်ရဲ့ အဝတ်အစားနဲ့ အစားအ​သောက်​တွေကို ဘယ်သူက ဂရုစိုက်​ပေးမှာတဲ့လဲ...

"​ကျောက်ကျင်း​ကောက လက်မထပ်ရ​သေးဘူးလို့ ကြားထားတယ်... သူက ရုပ်ဆိုး​ပေမယ့် ခွန်အား ရှိတယ်"

"သူ့မိဘ​တွေကို သူနဲ့ ​​ခေါ်မလာသ​ရွေ့ မင်းသူနဲ့ လက်ထပ်ပြီးရင် ငါတို့ဘ​ဝတွေ ပိုလွယ်ကူလာလိမ့်မယ်"

..........

ထိုနေ့က မိုးမရွာခဲ့​ပေ။ ကျန်းကျန့်က ​ကျောက်ကျင်း​ကောအား ​​​ကျွေး​မွေးပြီး​နောက် လှည့်ပတ်ကြည့်ရှုရန် ထပ်ထွက်သွားသည်။ သူက ယုန်တစ်​ကောင် ​တွေ့လိုက်ရသည်အထိ ကံ​ကောင်း​နေခဲ့သည်။

မီးခိုး​ရောင်ယုန်က အလွန် သတိရှိသည်။ သူက ကျန်းကျန့်ကို ​တွေ့​သောအခါ မြန်မြန် ထွက်​ပြေးသွား​လေသည်။ ကျန်းကျန့်က ၎င်းကို ​တွေ့လိုက်​သောအခါ ​နောက်က ​ပြေးလိုက်သွားခဲ့​လေသည်။

​သေချာ​ပေါက် သူက ယုန်ကို အမှီမလိုက်နိုင်ခဲ့​သော်လည်း ယုန်၏ လမ်း​ကြောင်းကို လိုက်ကာ သူ့အသိုက်ကို ရှာ​တွေ့ရန် မခက်ခဲခဲ့​ပေ။

ရက်အနည်းငယ်ကြာ မိုးရွာ​နေခဲ့သည်ကို ​ကျေးဇူးတင်ရ​ပေမည်။ ​မြေကြီးက စိုစွတ်ကာ ​ပျော့​ပျောင်း​နေပြီး အလွယ်တကူ ​ခြေရာများ ချန်ထားခဲ့သည်။

ကျန်းကျန့်က မကြာမီပင် လယ်ကွင်း၏ ​မြေကန်သင်း အနီး၌ တွင်း​လေး တစ်တွင်းကို ​တွေ့လိုက်ရသည်။ ပြီး​နောက် သူက အနီးအနားမှ ပိုးစာပင်အခင်း​​လေးထဲ၌ ​နောက်ထပ် တွင်း​​လေးတစ်တွင်းကို ​တွေ့လိုက်ရသည်။

ယုန်အသိုက်ထဲတွင် တွင်းသုံးတွင်း ရှိ​နေသည်။ ယုန်ရိုင်းများက တွင်းများစွာ တူး​လေ့ရှိကြသည်။ တွင်းတိုင်းကို ရှာ​တွေ့နိုင်သ​ရွေ့ သူတို့အား ဖမ်းမိရန် လွယ်ကူ​နေဆဲ ဖြစ်သည်။

ကျန်းကျန့်က မကြာမီပင် ပိတ်ထားသင့်သည့် ယုန်သိုက်၏ တွင်းများအားလုံးကို ပိတ်ဆို့ထားလိုက်သည်။ သူတို့ ထွက်​ပြေးရန်အတွက် တွင်းတစ်တွင်းသာ ချန်ထားခဲ့သည်။ သူက တွင်းများထဲမှ တစ်ခု၏ အနားတွင် မီး​မွှေးလိုက်​လေသည်။

မကြာမီမှာပင် အသိုက်ထဲမှ အခိုးမွှန်ကာ ထွက်လာကြသည့် ယုန်နှစ်​ကောင်ကို ဖမ်းမိသွားသည်။

သူက ခြင်းထဲမှ ​ကောက်ရိုးများကို ထုတ်ကာ ယုန်​ခြေ​ထောက်များကို ချည်ထားလိုက်သည်။ ကျန်းကျန့်က သူတို့ကို အိမ်သို့ ပြန်သယ်လာခဲ့ပါ​သော်လည်း တစ်ခဏအကြာတွင် ဦးတည်ချက် ​ပြောင်းကာ ​ကျောက်ကျင်း​ကောကို ​ပေးရန် ရည်ရွယ်လိုက်သည်။

သူက​ ​ကျောက်ကျင်း​ကောကို ​နေ့တိုင်းအသားများ ​ကျွေးခဲ့ပါ​သော်လည်း သူ့မိဘများက မသားမစားကြရသဖြင့် ​ကျောက်ကျင်း​ကောက အမြဲတမ်း အပြစ်ရှိစိတ် ဝင်​နေခဲ့သည်။ ဤတစ်ကြိမ်၌ သူက ယုန်နှစ်​ကောင် ဖမ်းမိထားခြင်း ဖြစ်၍ သူ့ ​ယောက္ခမ၊ ​ယောက္ခထီးတို့အတွက် မြည်းစမ်းခွင့် ရ​စေချင်ခဲ့သည်။

​ကျောက်ကျင်း​ကော အလုပ်လုပ်ရာ​နေရာသို့ ပြန်လာ​သောအခါ သူက ​ကျောက်ကျင်း​ကောကို မျက်စိမှိတ်ပြလိုက်သည်။

​သေချာ​ပေါက်ပင် ​ကျောက်ကျင်း​ကောက မဲ​မှောင်​​နေ​သော သူ့မျက်နှာထက်မှ ရှက်​သွေးဖြာခြင်းကို မခံစားရပါ​ပေ။ သူက ကျန်းကျန့် သူ့အား မျက်စိမှိတ်ပြတိုင်း ​တောထဲတွင် ​တွေ့ကြမည်ဟုသာ သိထားသည်။

​ကျောက်ကျင်း​ကောက သူ့အသိစိတ်အရ ဘယ်​​တော့မှ မလုပ်သင့်သည့်အရာကို ထပ်လုပ်လိုက်ပြီး ​တောထဲတွင် ချိန်း​တွေ့ရန် သွားလိုက်သည်။

"ယုန်​တွေကို သိမ်းထားပြီး အရသာစိမ်ထားလိုက်​လေ... ​နွေဦးပွဲ​တော်အတွက် ထားလိုက်ပါလား" ကျန်းကျန့်က သူ့အတွက် ယုန်တစ်​ကောင် ​ပေးချင်​နေသည်ကို ကြားလိုက်ရ​သောအခါ ​ကျောက်ကျင်း​ကောက ခပ်​လော​လောဖြင့် ငြင်းဆန်လိုက်သည်။

"ယူထားပြီး မကြာခင် ချက်စားလိုက်" ကျန်းကျန့်က ​ကျောက်ကျင်း​​ကောအား နင့်နင့်သီးသီး ကြည့်လိုက်သည်။

"​နွေဦးကျရင် ထယ်ထိုးရတာနဲ့ အလုပ်များ​နေမှာ​လေ... မင်း​ကောင်း​ကောင်းစားရမယ်... ငါတို့ရဲ့ အ​ဖေကိုလည်း ​ကောင်း​ကောင်း စားခိုင်းရမယ်​လေ... မဟုတ်ရင် သူ့အလုပ်​တွေ မလုပ်နိုင်ဘဲ ​နေမှာ​ပေါ့"

"ကျွန်​တော်က အမြဲတမ်း ခင်ဗျား ပစ္စည်း​တွေပဲ ယူ​နေရတာ" ​ကျောက်ကျင်း​ကောက လွန်စွာ ရှက်ရွံ့​နေခဲ့သည်။

"ပြီးရင်​တော့ မင်းက ကိုယ့်အပိုင် ဖြစ်လာမှာပဲ​လေ... ဘာ​တွေ စိုးရိမ်​နေရ​သေးတာလဲ" ကျန်းကျန့်က စလိုက်သည်။

​ကျောက်ကျင်း​ကောက ကြက်​သေ​​သေသွားပြီး ကျန်းကျန့်၏ စကားများကို စဥ်းစား​နေခဲ့​လေသည်။ ကျန်းကျန့် ​ပြော​နေတာက သူက ကျန်းကျန့်ရဲ့.... ဖြစ်လာလိမ့်မယ် ဆိုပြီး​တော့လား... ကျန်းကျန့် ​နောင်တစ်ချိန်မှာ သူ့ကို လက်ထပ်မယ်ဆိုပြီး ​မျှော်လင့်ချက်​တွေ ​ပေး​နေတာလား...

သူ ပထမဆုံး ကျန်းကျန့်နှင့် အဆက်အဆံ ပြုစဥ်က ​ကျောက်ကျင်း​ကောမှာ ကျန်းကျန့်အား သူ့အိမ်အတွင်းသို့ လက်ထပ်ပြီး ဝင်လာခိုင်းရန် အ​တွေးရှိခဲ့သည်။ အဆုံးတွင် ထိုအချိန်က ကျန်းကျန့်မှာ မည်သည်ကိုမှ မပိုင်ဆိုင်ထားဘဲ သူကလည်း ကျန်းကျန့်၏ အသက်ကို ကယ်​​ပေးခဲ့​သေး​သည်။ သို့​​သော်လည်း ဤရက်များတွင်...

ဤရက်များအတွင်း ကျန်းကျန့်က သူ့အတွက် ​နေ့တိုင်း အစားအ​သောက်များ ယူလာ​ပေးပြီး အသားများပင် ပါ​သေးသည်။ သူက ကျန်းကျန့် ကိုယ်ပိုင် စွမ်း​ဆောင်ရည်နှင့် ရရှိလာခဲ့သည်များကို အကျိုးအမြတ် ယူ​နေရပြီး သူ မူလက ​ပြောချင်သည့် စကားများကို မ​ပြောနိုင်​တော့​​​ပေ။

ထပ်ပြီး​တော့ သူ့မိဘများမှာ တစ်စုံတစ်​ယောက်၏ အိမ်သို့ လက်ထပ်ပြီး ဝင်​ရောက်ရန်အတွက် တစ်​​ယောက်​ယောက်ကို မရှိမဖြစ် ရှာ​​ဖွေ​နေခြင်း မဟုတ်​ပေ။

သူ့မိသားစုကသာ ​ငွေများစွာ ရှိပါက သူ့မိဘများက သူတို့ မိသားစု ပိုင်ဆိုင်မှုများကို အခြားသူများထံ​ပေးရန် တွန့်ဆုတ်​နေကြမည် ဖြစ်​သော်လည်း ယခုတွင်မူ သူတို့က ဆင်းရဲလွန်းလှသည်။ သူသာ လက်ထပ်သွားပါက သူ့မိသားစုက ထိုသို့ လုပ်ရန် ​သေချာ​ပေါက် ဆန္ဒရှိကြမည်သာပင်။ သူလက်ထပ်လိုက်လျှင်​တောင် သူတို့အား ​ထောက်ပံ့​ပေးရန်အတွက် သူနှင့်အတူ ​ခေါ်သွားမည်သာ ဖြစ်သည်။

ကျန်းကျန့်က သူ့အ​ပေါ် အလွန်​ကောင်းသည်ကို ​တွေ့ပြီးသွား​သောအခါ သူက ငြိုငြင်စရာလူတစ်​​ယောက် မဖြစ်ချင်သဖြင့် ​ကျောက်ကျင်း​ကောက ပို၍ စိတ်သက်သာရာ ရသွား​လေ​တော့သည်။ ကျန်းကျန့်၏ ယုန်ကို လက်ခံလိုက်ပြီး ထိုအ​ကြောင်းနှင့် ပတ်သက်ပြီး တစ်ခုခုက ထူးဆန်း​နေ​ကြောင်းလည်း မခံစားလိုက်ရ​ပေ။

အနာဂါတ်တွင် သူက တင်​တောင်း​ငွေ လက်ခံမည် မဟုတ်သဖြင့် ကျန်းကျန့်လည်း အများကြီး ကုန်စရာ မလို​​လောက်​​ပေ။ ပြီး​နောက် သူက အလုပ်ကြိုးကြိုးစားစားဖြင့် မိဘများကို ​ထောက်ပံ့ပေးမည်။

ကျန်းကျန့်က ​ကျောက်ကျင်း​ကော သူ့ယုန်အား လက်ခံလိုက်သည်ကို အလွန်​ပျော်ရွှင်​နေခဲ့ပါ​သော်လည်း ​ကျောက်ကျင်း​ကောက ကိစ္စအများကြီး ​တွေး​တောလိုက်သည်ကို မသိခဲ့​ပေ။

အ​ကြောင်းအရင်းတစ်ချက်အ​နေဖြင့် သူက လက်ထပ်ရမရကို များစွာ မ​တွေးထား​ပေ။ ​ခေတ်သစ်တွင် သူက လက်ထပ်ရန်အတွက် ​ဆွေမျိုးများ သို့မဟုတ် အ​ကြောင်းအရင်း တစ်ခုမှ မရှိခဲ့​ပေ။ ဤ​နေရာတွင် သူက ကျန်းမိသားစုကို ​ဆွေမျိုးများအဖြစ် မသတ်မှတ်ထားသဖြင့် လက်ထပ်ခြင်းအ​ကြောင်းကို အာရုံမရှိ​​ပေ။

အ​ကြောင်းအရင်းတစ်ခုက သူ့လိုအပ်ချက်များမှာ အလွန် နိမ့်သည်။ သူ့အိပ်ရာကို ​​နွေး​ထွေး​စေသည့် တစ်စုံတစ်​ယောက် ရှိရုံ​ဖြင့် ​အ​တော်​လေး ကောင်း​မွန်နေပြီးသား ဖြစ်သည်။

ကျန်းကျန့်က ​ကျောက်ကျင်း​ကောအား ယုန်​ပေးလိုက်ပြီး​နောက် ကျန်​နေ​သေး​သော ယုန်ကို ပြန်ယူသွားခဲ့သည်။ ထို့​နောက် သူက အနီးအနားတွင် ရပ်ထားသည့် ဝမ်ဟိုင်ရှန်း၏ ​လှေကို ​တွေ့လိုက်ရသည်။

ဝမ်ဟိုင်ရှန်း၏ က​လေးနှစ်​ယောက်က ​လှေဦးထိပ်တွင် ထိုင်ကာ လှည့်ပတ်ကြည့်ရှု​နေကြသည်။ ကျန်းကျန့်ကို ​တွေ့​သောအခါ သူတို့က ​လှေအိမ်အတွင်းသို့ မြန်မြန် ​ပြေးသွားကြ​လေသည်။ တစ်ခဏအကြာ ဝမ်ဟိုင်ရှန်းသည်လည်း ထွက်လာခဲ့သည်။

"ကျန်း... အစ်ကိုကြီးကျန်း" သူက ကျန်းကျန့်အား မည်သို့ ​ခေါ်​ဝေါ်ရမည်ကို မသိသဖြင့် သူ့အမြင်ထဲတွင် အရို​​သေဆုံး ဖြစ်သည့် အမည်နာမကိုသာ​ ​ခေါ်ခဲ့​လေသည်။

"ကျန်းကျန့် လို့ပဲ ​ခေါ်ပါ" ကျန်းကျန့်က ​ပြောလိုက်သည်။

"မင်းပြန်လာပြီလား"

"ဟုတ်ပါတယ်... ကျွန်​တော် ပြန်လာပြီ... သမား​တော်က ​ဆေး​တွေယူသွားပြီး ကြိုတိုက်​ပေးဖို့ ​ပြောလိုက်တယ်" ဝမ်ဟိုင်ရှန်းက ​ပြောလိုက်သည်။

ထိုအ​ကြောင်းကို ကြားပြီးသွား​သောအခါ ဤ​ခေတ်ကာလ၌ ​ဆေးရုံတက်ရခြင်းကဲ့သို့​​သော အရာမျိုး မရှိ​ကြောင်း အမှတ်ရသွားခဲ့​လေသည်။ သမား​တော်က လူနာကို ​ဆေးခန်းတွင်သာ တစ်ချိန်လုံး ထားမည် မဟုတ်​​ပေ။ မတိုင်မီက စန်း​ရှောင်ရှန်း ​ဆေးခန်းတွင် တစ်ည​နေရခြင်းမှာ ယန်ကျင်း​ကြောင့်သာ ဖြစ်သည်။

ကျန်းကျန့်က မတိုင်မီက ကျန်းမိသားစုကို ရိုင်းပျခဲ့ပါ​သော်လည်း ​ယေဘုယျအားဖြင့် မည်သူကမှ သူ့ကို လာမထိသ​ရွေ့ ​ပေါင်းသင်းရန် အမှန်ပင် လွယ်ကူ​လေသည်။ သူက ​​မေးလိုက်သည်။

"အကုန်လုံး အဆင်​ပြေရဲ့လား"

"ဆရာက ​ဆေး​သောက်ပြီး ​သေချာ ဂရုစိုက်လိုက်ရင် သက်သာသွားမယ်လို့ ​ပြောခဲ့တယ်"

ဝမ်ဟိုင်ရှန်းက ​ပျော်ရွှင်​နေခဲ့သည်။ မ​နေ့က ​ဆေး​သောက်ပြီး​နောက် စန်း​ရှောင်ရှန်း အ​တော်​လေး ပို​ကောင်းလာပုံရပြီး ယ​ခုတွင်မူ သူ့ကိုပင် စကား​ပြောနိုင်​နေ​လေပြီ။

​သေ​တော့မည်ဟု ​တွေးထားခဲ့​​သော ဇနီးဖြစ်သူမှာ ယခုတွင် ​နေ​ကောင်း​နေခဲ့ပြီ။ သူက ​ပျော်ရလွန်း၍ မျက်နှာ​ပေါ်မှ အပြုံးများကိုပင် မဖုံးကွယ်နိုင်​တော့​ပေ။

ကျန်းကျန့်က ညစ်ပတ်​နေ​သော ​လှေကို ကြည့်ကာ မျက်ခုံးကျုံ့မိသွားသည်။

"ငါ့မှာ အိမ်အလွတ် တစ်လုံး ရှိတယ်... မင်းဇနီး အားပြန်ပြည့်လာဖို့ ​ခေါ်လာခဲ့လိုက်... ​နေမ​ကောင်းတဲ့သူ​တွေက ​ဒီလှေ​ပေါ်မှာ ​ကောင်း​ကောင်း မ​နေနိုင်မှာ မဟုတ်ဘူး... သူတို့က ​နေရာသန့်သန့်မှာ ​နေဖို့လိုတယ်" မတိုင်မီက ကျန်းကျန့်မှာ ကျန်းမိသားစုအား အိမ်နှစ်လုံး ​ဆောက်​ပေးရန် ​ပြောခဲ့သည်။ သူက ထိုအထဲမှ တစ်ခုတွင် ​နေထိုင်​နေပြီး အခြားတစ်လုံးက လွတ်​​နေဆဲသာ ဖြစ်သည်။

အမှန်တွင် သူ့အိမ်၌ လူများ လာ​နေမည်ကို မကြိုက်လှ​ပေ။ သို့​သော်လည်း စန်း​ရှောင်ရှန်းသာ ​လှေ​ပေါ်တွင် ဆက်​နေပါက ပို​ကောင်းလာနိုင်မည် မဟုတ်​ပေ။

ပြီး​နောက် ​လှေကလည်း ပြန်လည် ပြင်ဆင်ရန် လိုအပ်နေသည်။

ဝမ်ဟိုင်ရှန်း၏ ​လှေက ရွာလူကြီး၏ မိသားစုက ရွာသားများ လက်ထပ်ရန် ငှား​ပေးသည့်​နေရာတွင် အသုံးပြု​လေ့ ရှိသည့် တစ်စီးထက် ပိုကြီးသည်။ သို့​သော်လည်း ၎င်းက အ​တော်​လေး အို​ဟောင်း​နေခဲ့သည်။ ဤရက်များအတွင်း ​မိုးရွာ​နေသည်​ကြောင့် ​လှေက မှိုနံ့ရ​နေပြီး ကျန်းကျန့်ကိုပင် အတန်ငယ် သည်းမခံနိုင်ဖွယ်ရာ ဖြစ်သွား​စေခဲ့သည်။

သူ​နောက်ပိုင်းတွင် မည်သည့် စီးပွား​ရေး လုပ်ပါ​စေ ပစ္စည်းများ သယ်ပို့ရန်အတွက် ထို​လှေကိုသာ အချိန်အ​တော်ကြာ အားထားရ​ပေလိမ့်မည်။ ထို့​ကြောင့် သူက ထို​လှေ​လေးအား အလွန် ပျက်စီးမ​နေ​စေချင်​ပေ။

ဝမ်ဟိုင်ရှန်းက ကျန်းကျန့်အား အံ့သြဝမ်းသာစွာဖြင့် ကြည့်လိုက်​လေသည်။

သူက အမြဲတမ်း ​လှေ​ပေါ်မှာပင် ​နေခဲ့ရ​သော်လည်း ကမ်း​ပေါ်တွင် ​နေထိုင်ရသည့်ဘဝကို မမက်​မောဟု မဆိုလို​ပေ။ အမှန်တကယ်တွင် သူက ကမ်း​​ပေါ်တွင် ​မြေဝယ်၍ အ​ခြေချရန်အတွက်​ ငွေရှာရန်ကို အမြဲတမ်း ​တွေးထားခဲ့သည်။

ဒါ​ပေမယ့်... ဒီ​လောက် အဆင်​ချော​ချော ဖြစ်သွားတာပဲလား...

Continue Reading

You'll Also Like

1.3M 63.4K 128
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
620K 50.3K 54
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
55K 5.5K 73
လူတွေကကြောက်ဖို့ကောင်းတဲ့ပုံပြင်တွေပြောတဲ့အခါ သရဲပုံပြင်တွေကိုပြောကြတယ်။ ဒါပေမယ့်သရဲတွေပုံပြောကြတဲ့အခါမှာတော့ ပိုပြီးကြောက်စရာကောင်းတဲ့ လူသားတွေရဲ့အက...
110K 12.3K 97
transition novel