👨‍👨‍👦ချစ်ရည်လွှမ်းသော ချစ်စ...

By HtetThiriWai2

152 3 2

ဒီတခါတော့ အခါးတွေမကျွေးတော့ပါဘူး အချိုလေးတွေပဲကျွေးပါတော့မယ် ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာ fic လေးတပုဒ်ဖြစ်မယ်လိ... More

Part 2

Part 1

138 3 2
By HtetThiriWai2

"Bright"

"Bunny "

Win ရဲ့ မနက်ခင်းအချိန်အခါတေးသံသာလေးဖြစ်သည် 🤣

"တစ်နေ့ တစ်နေ့ ဒီသားအဖနှစ်ယောက်ကို နှိုးရတာလဲအလုပ်တစ်လုပ် ဒင်းတို့သားအဖစားဖို့ မနက်စာပြင်ဆင်ရတာတမျိုး သူတို့ကိုနှိုးရတာတမျိုး ငါနော်"

တစ်ယောက်တည်း ပွစိပွစိ ရေရွက်နေတဲ့ Winရယ်ပါ

ဟိုသားအဖကတော့ တှုန်တှုန်တောင်မလှုပ် နှစ်ယောက်သား ဖင်ကုန်းပြီးတောင်အိပ်နေကြတာများ သူတို့ကိုလာရိုက်ပါ လာရိုက်ပါဆိုပြီး ခေါ်နေသယောင်🤣

"Bright!!! Bunny !!!"

"အိုးး ဟို"

"လူလိုနှိုးလို့မရဘူးပဲ"

Win လည်း ပြိုင်တူကုန်းနေတဲ့ သားအဖနှစ်ယောက်ရဲ့ ဖင်လေးတွေကို ဗုံတီးသလိုရိုက်ပေးလိုက်တော့ နှစ်သားသံပြိုင်အော်ပြီး ထလာကြလေရဲ့။ တကယ့်ကိုညီတဲ့သားအဖရယ်ပါ၊၊

"အာ့ Win"

"အာ့ ပါးပါး"

အခုထိသားဖနှစ်ယောက် မျက်လုံးကကောင်းမပွင့်သေး အိပ်မူးတူးရုပ်တွေနဲ့ စူပုတ်ပုတ်လုပ်ကာ ကြည့်နေကြသည်။

"ရုပ်တွေကို ပြင်လိုက်စမ်း။ ဘယ်ချိန်ရှိနေပြီလဲ ဟင်"

"အော် ဘယ်သိမလဲ Win ရယ်၊ သိချင် နာရီသွားကြည့်တာမဟုတ်ဘူး ကိုယ်တို့ကို တကူးတက နှိုးမေးနေရသေးလား"

Bright တစ်ယောက်အိပ်ချင်မူးတူးနဲ့ခေါင်းကုပ်ကာပြောနေလေသည်၊၊ Bunny တစ်ယောက်လည်း ဘာထူးလဲသူ့ဒယ်ဒီနဲ့တစ်ထပ်တည်း အိပ်ချင်မူးတူးရုပ်နဲ့ခေါင်းကုပ်နေသည် သူစိတ်ပျက်ပါတယ်ပေါ့"

"Bright Vachirawit !!!!"

"ဗျာ"

Win အသံကုန်အော်ပေးလိုက်မှ သားဖနှစ်ယောက် မျက်လုံးလေးများပြူးကျယ်သွားရတယ်

"အခုထ company သွားဖို့ပြင် ၊ Bunny ကိုပါ တခါတည်းရေချိုးပေးလိုက်တော့ မူကြိုသွားဖို့နောက်ကျနေပြီ"

"ဟုတ်ကဲ့ပါ အချစ်ကလေးခဗျ"

စပ်ဖြဲဖြဲလုပ်ခါ ခါးလေးကိုညွှတ်ပြပြောပြီး Bunny လေးကိုဆွဲကာရေချိုးခန်းထဲဝင်သွားကြလေရဲ့

"ဘယ်လိုဟာလဲ"

Win တစ်ယောက် ခေါင်းကိုသာခါယမ်းနေမိတော့တယ်
ဒီသားအဖတွေနဲ့တော့ Metawin တို့အသက်တိုရချည်ရဲ့။
👨‍👨‍👦👨‍👨‍👦👨‍👨‍👦

"ပါးပါး"

Win မနက်စာတွေအား စားပွဲပေါ်နေရာချရင်းပြင်နေစဉ် မူကြိုဝတ်စုံလေးနဲ့ပြေးဆင်းလာသော Bunny လေးရယ်ပါ

"သား ဖြေးဖြေးလာလေ ချော်လဲအုံးမယ်၊၊ ဒါနဲ့ မင်းဒယ်ဒီရော အခုထိပြင်လို့ဆင်လို့မပြီးသေးဘူးလား၊ ဘာလို့ကလေးကိုတစ်ယောက်ထဲအရင်လွှတ်လိုက်တာလဲ"

"ပြီးပါပြီအချစ်ရယ် ကိုယ် Meeting အတွက် Dew ကိုဖုန်းဆက်ပြီးလှမ်းပြောတုန်း သားကပြေးဆင်းသွားတာလေ"

Dew က Bright ရဲ့ငယ်သူငယ်ချင်းဖြစ်သလို အခုလက်ရှိမှာတော့ Bright ASTRO company မှာ မန်နေဂျာရာထူးနဲ့ အလုပ်လုပ်နေသူပါ ရှယ်ယာလည်းပါတာပေါ့

ASTRO CEO ကြီး Bright ကတော့ company မှာ အရှိန်အဝါအပြည့်နဲ့သြဇာညောင်းသလောက် အိမ်မှာတော့ Win ကိုကြောက်ရသူရယ်ပါ (ပြောရရင်တော့ မိန်းမကြောက်ပေါ့🤣)
👨‍👨‍👦👨‍👨‍👦👨‍👨‍👦

"ပါးပါး သားသားမူကြိုသွားပြီနော် ရွှတ်"

Bunny ပြောရင်း Win ပါးလေးအားနမ်းလိုက်တော့ ဘေးက တစ်ယောက်ကလဲ အားကျမခံ

"ကိုယ်လည်း သွားပြီနော်အချစ်ကလေး ရွှတ်"

Win တစ်ယောက် မနိုင်ဘူးဆိုသောအကြည့်ဖြင့် ခေါင်းလေးကိုခါယမ်းရင်း

"ကားကို ဖြေးဖြေးမောင်းသွားကြအုံးနော်၊ ပြီးတော့ပြဿ နာလဲရှာမလာကြနဲ့အုံးနော်"

"စိတ်ချပါဗျာ တာတာ့"

"ပါးပါး တာတာ့"

Win လည်း နှစ်ခြိုက်ခြိုက်ပြုံးရင်း လက်လေးပြန်ပြကာကျန်နေခဲ့သည်။
ဒီလိုပါပဲ ကျွန်တော်တို့အိမ်လေးက အချစ်တွေနဲ့ပြည့်နှက်နေတဲ့အိမ်လေး။ တခါတခါ ဟိုသားအဖနှစ်ယောက်အချိုးမပြေလို့ ဆူငေါက်နေရတာကလွဲလို့ပေါ့။ ဟင်းး အခုလဲ ညနေပြန်လာရင် ဘာအသံတွေကြားရအုံးမလဲမသိဘူး
ဟူးး ဒီသားအဖတွေ ဘာပြဿ နာမှမရှာပဲ အချိုးပြေပြေပြန်ကြပါစေလို့ ဆုတောင်းရင်း........
👨‍👨‍👦👨‍👨‍👦👨‍👨‍👦

"ဒယ်ဒီ Bunny မူကြိုမသွားဝူး"

ကားလေးမှာ ခြံထဲကထွက်ရုံရှိသေး ပြောလိုက်တဲ့ Bunny စကားရယ်ပါ (Win ဆုတောင်းမပြည့်တော့ဘူး🤣)

"ဟင် သားရယ် မင်းကမူကြိုမသွားလို့ ဘယ်သွားချင်တာလဲ မင်းပါးပါးသိရင် ဒယ်ဒီတို့ အိုးစားကွဲမှာနော်"

"သား ဒယ်ဒီ company ကိုလိုက်ခဲ့မယ်လေ ဦးဦး Dewကိုလည်းတွေ့ချင်တယ် ဟီး"

သားက Dew ကိုသိပ်သဘောကျတာ၊ Dew ကလည်း သားကိုသိပ်ချစ်ရှာပါတယ်၊ ဘယ်နေရာသွားသွား သားကိုခေါ်သွားလေ့ရှိတယ် အထူးသဖြင့် သူ့ကောင်လေး Nani ကိုသွားကြောင်တဲ့အခါပေါ့။ Dew က ရေခဲမုန့်ဆိုင်ပိုင်ရှင်လေး Nani ကိုကြိုက်နေလေတော့ သားကိုရေခဲမုန့်ဝယ်ကျွေးဖို့အကြောင်းရှာရင် သွားသွားဖွန်ကြောင်ရတာပေါ့ သားကလည်း ရေခဲမုန့်သိပ်ကြိုက်တာဆိုတော့ သူတို့နှစ်ယောက်ကအတွဲမိနေလေရဲ့

အခုလဲ Dew ကိုတွေ့ချင်တာ အဲ့အကြံမှန်း Bright သိပ်သိတာပေါ့ ဟင်းဟင်းး ငါ့သား ငါ့သား

"နော် ဒယ်ဒီ နော် နော် "

သားရဲ့အသံမပီတပီလေးကို ကြားလိုက်ရတော့မှ Bright အတွေးစတို့ရပ်တန့်သွားပြီး

"သား မင်းပါးပါးသိရင် ဒယ်ဒီတို့မလွယ်ဘူးနော် ဖြစ်ပါ့မလားသားရယ်"

"ဒယ်ဒီကလဲ ပါးပါးကမသိပါဘူး သားတို့က ပါးပါးမသိအောင်လုပ်မှာပဲဟာ"

နှုတ်ခမ်းလေးထော်ကာ ပြောလာနေသော Bunny လေးကြောင့်
Bright တစ်ယောက်လက်မြှောက်ရှုံးပေးကာ

"ဟုတ်ပြီကွာ လုပ်ကြတာပေါ့၊ မိတော့လည်း အတူတူခံကြတာပေါ့သားရေ "

"ယေးး ဒါမှတို့ဒယ်ဒီကွ"

လက်လေးမြှောက်ကာ ထခုန်နေသော သားသား

Bright တစ်ယောက်ကတော့ Win သိသွားရင် ဖြစ်လာမယ့်အရေးကိုတွေးကာ ခေါင်းကြိမ်းရင်း သက်ပြင်းတွေသာရှိုက်နေမိတော့သည်

"တောင်းပန်ပါတယ် ကိုယ့်အချစ်ရေ ဒီတခါထဲပါကွာ ဟီးဟီး"

Part 2>>>>>>

အစကတော့ 🖤အမုန်းနှောင်ကြိုး🖤 လေးပီးမှတင်မို့ပဲ စိတ်မြန်လက်မြန်ရှိတဲ့ ကိုယ်စိတ်ကြောင့် တင်ချပလိုက်ပီ 😁
အမုန်းနှောင်ကြိုး နဲ့တလှည့်စီ တင်ပေးသွားမယ်နော်
ဒီဟာလေးကတော့ He လေးပါ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာလေးပေါ့
ဝေဖန်ပေးအုံး

Continue Reading

You'll Also Like

186K 6.7K 95
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
262K 9.1K 104
She was a capitol elite. He was the youngest victor in history. Their friendship was frowned upon, but their love was forbidden. Extended Summary Ins...
601K 30.4K 59
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
443K 30.2K 45
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...