မြူနှင်းဝေနေတဲ့မနက်တစ်ခုမှာ ဖိုးဥ နိုးလာခဲ့တယ်။ ၆ နာရီကျော်ကျော်သာရှိသေးပေမဲ့ ဘေးတွင်ဝေယံမရှိ။
မီးဖိုခန်းထဲရောက်နေလားတွေးရင်း ထွက်ခဲ့လိုက်တော့ ထင်တဲ့အတိုင်း မီးဖိုခန်းထဲမှာ မနက်စာပြင်ဆင်နေပြီ။
ဒီအိမ်ကိုရောက်ကတည်းက မနက်ဆိုရင် ဝေယံက သူ့အတွက်မနက်စာပြင်ပေးတက်တယ်။ ကျောင်းလွယ်အိတ်ကအစ အချိန်စာရင်းနဲ့ကိုက်ပြီး သူ့အတွက် မမေ့မလျော့ပြင်ဆင်ပေးသေးတာ။
မနက်စာစားပြီးတဲ့အခါ သူက ကျောင်း၊ ဝေယံက သင်တန်း အသီးသီးသွားကြပြီး သူအတန်းပြီးရင် ဝေယံက ကြိုဖို့အသင့်ရောက်နေတက်တယ်။
အရမ်းသဘောကျမိပေမဲ့ အရင်အပတ်က ကိစ္စအပြီးမှာ ဘာရယ်မသိ သူ့စိတ်ထဲလေးလံလာတယ်။ မြတ်နိုးနဲ့ဝေယံတို့နှစ်ဦးကြားထဲ ဘာမှမရှိတော့တာ သူမြင်နိုင်ပေမဲ့ သူ့စိတ်ထဲလေးနေတုန်းပဲ။
ထိုနေ့တုန်းကတော့ ဝေယံ့ကို သူစိတ်ဆိုးမိတယ်။ ဒါပေမဲ့ ထိုကိစ္စကလည်း အကြောင်းမတိုက်ဆိုင်လို့ မြတ်နိုးက ဝင်ပါခဲ့ရတာအပြင် ဝေယံကလည်း သူ့ကိုသေချာရှင်းပြထားပြီးသား။ သူကိုယ်တိုင်လည်း နားလည်ကြောင်းပြောခဲ့တာပဲ။
တကယ်တမ်းကျ သူ့စိတ်ထဲတနုံ့နုံ့နဲ့ အတွေးဆိုးတွေပဲဝင်လာနေတယ်။ ဝေယံသာ သူ့ကိုငြီးငွေ့သွားရင်၊ မဟုတ်လည်း နောက်တစ်ယောက်တွေ့သွားခဲ့ရင် သူ ဘယ်လိုများလုပ်ရပါ့မလဲလို့။
ဘယ်တုန်းကစပြီး ဝေယံ့အပေါ် အခုလောက်တွယ်တာသွားမှန်းမသိပေမဲ့ အနားမှာဝေယံမရှိတော့ရင်ဆိုတာမျိုးတွေးမိတဲ့အခါ ရင်ဘတ်အောင့်တယ်။
“နိုးပြီလား”
အပေါက်ဝမှာ ငူငိုင်ငိုင်ရပ်နေမိတဲ့သူ့ကို ဝေယံကမြင်သွားပြီးပြုံးပြတယ်။
သူလည်းခေါင်းညိတ်ရင်း အပြုံးဆောင်လိုက်တဲ့အခါ အနားရောက်လာတဲ့ဝေယံက သူ့ပါးအားတချက်နမ်းတယ်။
“ဗိုက်ဆာနေပြီလား ခဏပဲစောင့် ရတော့မှာ”
ပြင်ဆင်လက်စတွေကိုသူမြင်ပြီးသားမို့ ခေါင်းညိတ်လိုက်တယ်။
“ရေသွားချိုးလိုက်ဦးမယ်”
သူ့စကားကိုခေါင်းညိတ်ရင်းက ဝေယံကပြုံးတယ်။ ထိုအပြုံးမျက်နှာက အရင်ဆို သူ့အတွက် စိတ်ကြည်နူးစရာပေမဲ့ အခုတော့ အဲ့လိုမဟုတ်တော့ဘူး။
စိုးရိမ်စရာမျက်နှာမျိုးဖြစ်နေပြီ။ ဒီလောက်ချောတဲ့သူကို တပါးသူတွေမကြွေပဲနေနိုင်ကြပါ့မလား။ ဝိုင်းဝိုင်းလည်ကုန်ရင် ဝေယံက သူ့ကိုပဲရွေးချယ်မယ်ဆိုတာကော သေချာနိုင်ပါ့မလား။
ထိုအတွေးတွေက သူ့စိတ်ကိုညိုးငယ်စေခဲ့တယ်။
.....
လျော့ရဲရဲခြေလှမ်းတွေနဲ့ သန့်စင်ခန်းထဲဝင်သွားတဲ့ဖိုးဥကို ဝေယံကြည့်ရင်း သက်ပြင်းဖွဖွချရတယ်။
ဖိုးဥကသူ့ကို စိတ်ဆိုးနေတုန်းပဲလို့ သူတွေးနေတယ်။ သူရှင်းပြခဲ့ပြီးပေမဲ့ ဖိုးဥရဲ့အပြုအမူလေးတွေက သူနဲ့ခပ်ကင်းကင်းဖြစ်အောင် ရှောင်ကွင်းနေသလိုပဲ။
အကယ်၍လိုအပ်မယ်ဆိုရင် ဖိုးဥစိတ်ကျေနပ်တဲ့အထိ ဖြေရှင်းတောင်းပန်ဖို့သူစဉ်းစားထားပြီးသား။ အခုက အဲ့ကိစ္စကိုဘာသိဘာသာထားသလို ပုံမှန်အတိုင်းဖြစ်နေသလိုမျိုးဟန်ဆောင်နေလေတော့ သူ ဘယ်နေရာကစကားအစဆွဲပြီးပြောရတော့မလဲ။
အချိန်ပေးသင့်သလားသူစဉ်းစားပေမဲ့ ကြာလို့တော့မဖြစ်တာသူသိတယ်။ ဒီလိုဆို ဆက်ဆံရေးတွေက အဖုအထစ်တွေနဲ့ အေးစက်သွားနိုင်တယ်။
သက်ပြင်းတစ်ချက်ချလိုက်ပြီး မနက်စာပြင်ဆင်ဖို့ကိုပဲ အာရုံစိုက်လိုက်တော့တယ်။
မနက်စာစားပြီးတော့ ဖိုးဥကို သူကျောင်းလိုက်ပို့လိုက်တယ်။ နေ့လည်ခင်းအတန်းချိန်ရှိနေတာကြောင့် နေ့လည်စာအတူမစားတော့ဘူးလို့ သူ့ကိုပြောသွားတယ်။
ရှောင်ပြန်တာလားတွေးမိတော့ ရင်ထဲတင်းသွားတယ်။ နေ့လည်ဖက်ရောက်တော့ ရှောင်ချင်နေမှန်းသိသိကြီးနဲ့ သူကျောင်းကို လာလိုက်တယ်။
ဖိုးဥရဲ့အချိန်စာရင်းအားလုံးကိုလည်းသူသိထားပြီးသား။ မယုံလို့ထောက်လှမ်းထားတာမျိုးတော့မဟုတ်။ ခုနောက်ပိုင်း ဖိုးဥက စာလုပ်စရာတွေများပြီး မေ့လျော့တက်လာလို့ သူကိုယ်တိုင် အချိန်စာရင်းမှတ်ပေးထားတာမျိုးလုပ်ဖြစ်ခဲ့တာ။
ကျောင်းသားမဟုတ်တော့သဖြင့် ပါကင်ထိုးတဲ့အခါ ခပ်ဝေးဝေးနေရာတွင်သာထိုးရတယ်။ သူကျောင်းရောက်တဲ့အကြောင်းပြောမလို့ ဖုန်းဆက်ကြည့်ပေမဲ့ ဖုန်းမကိုင်။ ဂျွန်ဟိန်းကိုမေးကြည့်တော့ သူ့ဆီမလာဘူးဆိုတယ်။ အတန်းချိန်မရှိတဲ့ဖိုးဥ သွားတက်တဲ့နေရာကသိပ်မရှိ။
ဌာနမှာသူအရင်ရှာကြည့်တယ်။ မတွေ့တော့ ကန်တင်းမှာရှာကြည့်တယ်။ မတွေ့ဘူးဆိုတော့ နောက်ဆုံးရှိနိုင်တာက စာကြည့်တိုက်ပဲ။
သူသွားလိုက်ပြီးမကြာလိုက်ဖိုးဥကိုတွေ့တယ်။ ပြတင်းပေါက်ဘေးကခုံမှာထိုင်ပြီး စာကြည့်နေတာ။
အာရုံစူးစိုက်နေတော့ မျက်ခုံးကြောလေးတွေကတောင် အနည်းငယ်တွန့်ရှုံ့လို့။
စာကြည့်လေတိုင်း ဘေးမှာစားဖို့ မုန့်တစ်ခုနှစ်ခု အမြဲယူထားနေကျဖြစ်တဲ့အတိုင်း အခုလည်း cheese cake ကိုအနားယူထားတယ်။
ဘောပင်လေးကိုအသာချ cake လေးဆွဲမပြီးတချက်ကိုက်တုန်းရှိသေး လေကဝှေ့တိုက်လာတော့ လိုက်ကာစက ဖိုးဥပါးစပ်ကို ဖြန်းခနဲသွားရိုက်တယ်။
အံကြိတ်လို့သက်ပြင်းတချက်ကိုချတယ်။ cake တစ်တုံးလုံး ပါးစပ်ထဲထိုးထည့်၊ ပေကျံသွားတာတွေကိုသုတ်ထုတ်ပြီးမှ လိုက်ကာကို ပိတ်ထိုးတော့တာပဲ။
စိတ်ဆိုးနေတာတောင် သူ့ကလေးက ချစ်စရာကောင်းရက်တာ။
အနားကိုသူသွားလိုက်တော့ လိုက်ကာကိုထိုးနေရာက လှည့်ကြည့်လာတယ်။ သူရောက်လာမှာကိုလည်း ထင်မှတ်မထားပုံနဲ့။
“ကိုယ်နဲ့ခဏလိုက်ခဲ့”
နှုတ်ခမ်းလေးတွေဖွင့်ဟလာပြီး တုံ့ဆိုင်းနေပုံက ဘယ်လိုအကြောင်းပြချက်ပေးပြီး သူ့အား ရှောင်ကွင်းရမလဲ မသိဖြစ်နေသလို။
“ကိုယ်တို့ကြားထဲ ရှင်းရှင်းလင်းလင်းဖြစ်သင့်တယ်လို့ထင်တယ်”
သူပြောလိုက်တော့ ဆုံးဖြတ်ချက်တစ်ခုချပြီးသလိုနဲ့ ထလာတယ်။ Library ထဲမပြောချင်တော့ ဖိုးဥကိုခေါ်ပြီး အပြင်ဖက်ကိုထွက်လာခဲ့တယ်။
ခပ်ကုပ်ကုပ်လိုက်လာတဲ့ဖိုးဥကို library အနောက်ဖက်အရောက်မှာ သူ မျက်နှာချင်းဆိုင်လိုက်တယ်။
“ကလေးစိတ်ထဲ ဘာတွေတွေးနေလဲ ကိုယ့်ကိုပြောပြမှဖြစ်မယ် အခုလိုရှောင်နေတာမျိုးထက် ကိုယ့်ကို ကလေးခံစားနေရတဲ့အတိုင်း အမှန်တိုင်းပြော အဲ့ကျမှကိုယ်လည်း ကလေးခံစားချက်ကို သိပြီးလိုက်နာပေးနိုင်မှာ”
လိုက်နာပေးနိုင်မှာဆိုတဲ့စကားကြောင့် ဖိုးဥ မျက်နှာလေးမဲ့သွားတယ်။
“ကျွန်တော်ဘာပြောပြောလိုက်နာမှာပေါ့”
သူမေးလိုက်တော့ ဝေယံက ခေါင်းတွေညိတ်တယ်။
“ငိုးမကိုကြီး အဲ့လိုပြောလို့ ကျွန်တော်ကလမ်းခွဲမယ်ပြောရင်လည်း ချက်ချင်းခွဲမှာမဟုတ်လား ဆွဲထားမယ်တော့မကြံဘူး ဝါးး”
အော်အော်ပြီးငိုလာတော့ ဝေယံ ခေါင်းနပန်းကြီးသွားတယ်။ ပြေလည်ဖို့ရည်ရွယ်ခဲ့တာကို ဖိုးဥက အတွေးမှားပြီး အော်ငိုနေပြီလေ။
“ဘာစကားတုန်းကလေးရာ ကိုယ်ကဘာလို့မင်းနဲ့လမ်းခွဲရမှာတုန်း”
ခန္ဓာကိုယ်လေးကို ပွေ့ဖက်ထားလိုက်တော့ ငိုလျက်က နှာရှုံ့ကာဆက်ပြောလာတယ်။
“အဲ့နေ့က အမှန်တိုင်းပြောရရင် ကျွန်တော်စိတ်ဆိုးတာအသေပဲ ဒါပေမဲ့ ကျွန်တော်အခုကျ စိတ်လည်းမဆိုးနိုင်ဘူး ရင်တွေပဲပူနေရတယ် အဲ့ဒါခင်ဗျားကြောင့် သိရဲ့လားကိုကြီး”
ထွေးပွေ့ထားတဲ့လက်မောင်းကို လက်သီးနဲ့ထိုးပြီး ခေါင်းဝှက်မေးနေတော့ သူ့မှာ ရယ်ရအခက် ငိုရအခက်နဲ့။
“ပြောပါဦး ကိုယ့်ကလေးက ဘာတွေကိုရင်ပူနေရတာလဲ”
“ကိုကြီးက ခုနောက်ပိုင်း အရမ်းချောလာတယ်”
နှာရှုံ့ပြီးပြောနေတာဆိုတော့ ဝေယံ မရယ်ရဲဘူး။
“ဟင်းချက်လည်းတော်လာတယ် အိမ်ပိုင်ကားပိုင်လည်းရှိတယ် သင်တန်းကလူတွေဆို ကိုကြီးကိုလိုက်ကြည့်နေကြတာချည်းပဲ ကျွန်တော်ကတော့ ဟင်းလည်းမချက်တက်ဘူး ပန်းကန်လည်းမဆေးတက်ဘူး ကိုကြီးအတွက် ဘာမှကိုအသုံးမဝင်တာ”
“ဘာစကားတွေလဲ ကိုယ်ကအခုလိုဖြစ်လာတာ ဘယ်သူ့ကြောင့်မို့လို့...”
ရင်ခွင်ထဲကမျက်နှာလေးကို သူဆွဲမော့လိုက်တယ်။
“ကလေးကြောင့်လေ ကိုယ်ကသာ ကလေးကြောင့် အခုလိုပြောင်းလဲလာရတာ ကလေးကိုယ့်အပေါ်စိတ်ခုပြီး ထားသွားမှာကိုစိုးလို့ ကိုယ့်မှာ ဟင်းချက်လည်းသင် အိမ်အလုပ်တွေလည်း နိုင်နင်းအောင်ကြိုးစားနေခဲ့တာ ဒါတွေအားလုံးက မင်းအတွက် မင်းကိုချစ်လို့ပေါ့ ကလေးရဲ့”
ပြောကာမှ အသံဆိုးကြီးနဲ့အော်ငိုလေတဲ့ဖိုးဥ။
“အီး....ကျွန်တော်ကတော့ဒါကိုတောင်မသိဘဲ ကိုကြီးကျွန်တော့်အပေါ်သစ္စာဖောက်မှာ နောက်တစ်ယောက်တွေ့မှာတွေတွေးနေခဲ့တာ”
ရင်ခွင်ထဲပြန်တိုးဝင်ကာ ခါးကိုအတင်းဖက်ထားတော့ ကျောလေးကိုဝေယံပုတ်ပေးလိုက်တယ်။
“အဲ့ဒါကြောင့်ကိုယ့်ကိုရှောင်နေတာလား မြတ်နိုးကြောင့်ကိုယ့်ကိုစိတ်ဆိုးတာမဟုတ်ဘဲနဲ့”
“အင်း”
“ဟား ကိုယ်မကောင်းတာ စောစောကတည်းက ကိုယ်သေချာမေးလိုက်သင့်တာ အခုတော့ ကိုယ့်ကလေးကို စိတ်ညစ်ရက်ရှည်အောင် ထားထားသလိုဖြစ်နေပြီ”
“မဟုတ်ပါဘူး ကျွန်တော်မကောင်းတာ”
ပြေလည်မှုကကြည့်လိုက်တော့လည်း သူတို့ကြားထဲက အဖုအထစ်က ဘာမှမဟုတ်လိုက်သလိုလေး။
“နှစ်ယောက်စလုံးကောင်းတယ် ငါတို့ပဲမကောင်းတာ!!!”
အမျိုးသမီးတစ်ယောက်ရဲ့အသံကြောင့် သူတို့နောက်လှည့်ကြည့်မိတော့ ပြုံးစိစိတွေလုပ်နေကြတဲ့ ကျောင်းရဲ့ဂီတ club ကလူတွေကိုတွေ့တယ်။
ပွဲရှိတာမို့ library အနောက်က မြက်ခင်းပြင်မှာ လေ့ကျင့်ရေးလာဆင်းနေကြတာ။
ဘယ်ကတည်းကရှိနေကြမှန်းမသိသလို အားလုံးကလည်းပြုံးစိစိနဲ့ သူတို့နှစ်ဦးကိုကြည့်နေကြတယ်။
အစကတည်းက လူရှိရင်လည်းရှိကြောင်း အသိလေးဘာလေးပေးပေါ့။ အခုကျ သူတို့နှစ်ဦးသားကိစ္စတွေကို အကုန်နားထောင်နေခဲ့တာ။ အဲ့လိုဆိုလည်း သူတို့ပြန်သွားတဲ့အထိ တိတ်တိတ်ကလေးဆက်နေကြပါလား။ ခုကျမှ သူတို့ရှိပါတယ်ဆိုပြီးအသိပေးတာ ဘာသဘောလဲ။
“ကလေးရေ ကိုယ်တို့တော့ အရှက်ကွဲပါပြီကွာ”
“ကိုကြီး ကျွန်တော့်ကို သူတို့မမြင်စေနဲ့”
ခါးကိုတင်းဖက်ပြီး သူ့ကိုယ်နဲ့တောင် ဖိုးဥက ကာလိုက်သေးတာ။ ဒါပေမဲ့ အဲ့တာက အချည်းနှီးပဲဆိုတာကို သူ ထုတ်မပြောတော့ပါဘူးလေ။
သူလည်း ဖိုးဥနဲ့မှ ကွဲလိုက်တဲ့အရှက်ဆိုတာ ပြောမနေပါနဲ့တော့။
.....
Screen ကိုကြည့်ကာ နှစ်ယောက်သား စိတ်လှုပ်ရှားနေကြတယ်။ ဖိုးဥဆို မျက်စိကိုလက်နဲ့ကာပြီးချောင်းကြည့်နေသေးတာ။
“ကိုယ်နှိပ်လိုက်မယ်နော်”
Mail စစ်တာလေးကို ဘာလို့ ဒီလောက်အထိ စိတ်လှုပ်ရှားနေရသလဲဆိုတော့ ဒီနေ့က ဖိုးဥကျောင်းဝင်ခွင့်အတွက် အဖြေသိရမဲ့နေ့။
Click တချက်နှိပ်ပြီး ဝေယံဖတ်ကြည့်လိုက်တယ်။
“ဘာတဲ့လဲ ဘာတဲ့လဲ”
မျက်စိကြီးအတင်းမှိတ်ပြီး ဖိုးဥကမေးတယ်။
“နောက်လ လူတွေ့တဲ့”
“ဟမ်”
သူ့အသံကြားမှ မျက်လုံးဖွင့်လာတယ်။
“ဟုတ်တယ် ကလေးရဲ့”
ပျော်ပြီး သူ ပွေ့ဖက်လိုက်တဲ့အခါ အတောင့်လိုက်ကလေးဖြစ်နေပြီးမှ ထခုန်ပါရဲ့။
“ကျွန်တော်ဝင်ခွင့်ရပြီ!!!”
“အင်း ကလေးဝင်ခွင့်ရပြီ”
အပျော်လွန်နေတဲ့ကလေးနဲ့အပြိုင် သူကိုယ်တိုင်လည်း ရင်တွေခုန်လို့။ ကိုယ်တိုင်အတွက် ကျောင်းဝင်ခွင့်ဖြေတုန်းကတောင် အဲ့လောက် စိတ်မလှုပ်ရှားဖူးခဲ့ပါလေ။
.....
“ဂရုစိုက်နော်”
အသံတွေတုန်ရီနေတဲ့ဖိုးဥအမေက ညကတည်းက ငိုယိုနေတာကို အခုထိမရပ်သေးဘူး။ မျက်လုံးတွေကလည်း ကြည့်မကောင်းအောင်ဖောင်းအစ်နေပြီ။
ချစ်ချစ်ကတော့ ပြုံးစစပေမဲ့ ဖိုးဥအဖေကတော့ မျက်နှာတည်တည်လုပ်နေတယ်။
ဂျွန်ဟိန်းက ပြိုင်ပွဲရှိနေတာကြောင့် သူ့ကို လိုက်မပို့နိုင်သလို စစ်နိုင်ကလည်း သူ့ဘဲလေးကိုအားပေးဖို့ လိုက်သွားခဲ့တော့ လေဆိပ်ကို သူ့မိသားစုသာ လိုက်ပို့တာဖြစ်တယ်။
“သားဂရုစိုက်မှာပါ မေမေလည်း နေကောင်းအောင်နေဦး”
“အင်း”
ပြောပြီးမျက်ရည်တွေကကျလာပြန်ကော။ ဖိုးဥလည်း သူ့အမေကိုကြည့်ပြီး လိုက်ငိုလာတော့ ဖိုးဥအဖေက ဝင်ပြောလာတယ်။
“သွားပါစေတော့ကွာ သိပ်မကြာခင် ငါတို့လည်း လိုက်လည်ကြတာပေါ့”
ရုပ်တည်ချင်ယောင်ဆောင်နေပေမဲ့ သူ့အဖေလည်း စိတ်မကောင်းဘူးမှန်း ဖိုးဥသိတယ်။
ဆွဲဖက်လိုက်တော့ “ကောင်စုတ်လေး ကောင်းကောင်းနေ” တဲ့။
ကြပ်ကြပ်နေရင် ဖိုးဥလည်း မခွဲချင်တော့မှာဆိုတော့ လက်ပြပြီး ထွက်ခဲ့လိုက်တယ်။ မိသားစုနဲ့ခွဲရတာ ဒီတစ်ခါက အဝေးကြီးဆိုတော့ ဖိုးဥဝမ်းနည်းတယ်။
နှာရှုံ့မိတော့ ပခုံးကိုတင်းဖက်တဲ့ဝေယံ။ အပြုံးတွေနဲ့အားပေးနေတော့ ဖိုးဥမာန်တင်းလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူ့အနားမှာ ဝေယံရှိသေးတာပဲလေ။
“ကိုယ်မင်းကို စောင့်ရှောက်မှာပါ အခုကော နောင်ကော”
ကျောင်းပြီးမှလက်ထပ်ပေးမယ်ဆိုတဲ့ကတိနဲ့အပြိုင် ဖိုးဥကိုလည်း သူကတိပေးလိုက်တယ်။
သူ့စကားအကြားမှာ ပြုံးပြုံးလေးလုပ်လာတယ်။ ပါးတွေကမို့တက်နေတာပဲမို့ အူယားစွာ ငုံ့နမ်းမိတော့ ရယ်သံချိုလေးပေါ်ထွက်လာတယ်။
အချစ်က ငယ်ရွယ်ပေမဲ့ သူ့အတွက်တော့ အမှောင်ယံညမှာ ထွန်းလင်းတဲ့ကြယ်ပွင့်လေးနဲ့သိပ်တူတယ်။
သူ့ရဲ့မှောင်မိုက်နေတဲ့ညတွေကို လင်းလက်စေမယ့် ကြယ်ပွင့်ကလေးတစ်ပွင့်ပေါ့။
The end....
______
Note တတိယအကြိမ်မြောက်မှာ ပြောင်းလဲချင်တာတွေ ပြောင်းလဲလိုက်သလို အပိုတွေလို့ ခံစားရတဲ့အပိုင်းတွေလည်းထပ်ထည့်လိုက်တယ်။
လိုအပ်ချက်တွေသိပ်များပေမဲ့ လိုအပ်သလောက်တော့ ပျော်ရွှင်မှုလေးပေးနိုင်ခဲ့ရင် သိပ်ကောင်းမှာပဲ။
ဝေယံရဲ့ကလေးကိုမွေးပေးချင်လို့ဆိုပြီး ဖိုးဥ သူ့အင်္ကျီအောက်ထဲ ခေါင်းအုံးထည့်တဲ့အပိုင်းကတော့ စိတ်ကူးပေါက်လာရင်ရေးမယ် မပေါက်ရင်တော့ မရေးတော့ပါဘူး။
အမှတ်တရရှိပေးခဲ့မယ်ဆိုရင်လည်း တကယ့်ကိုကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။
အားလုံးပဲ ဒီဆောင်းမှာ ဂရုစိုက်ကြပါ။
ျမဴႏွင္းေဝေနတဲ့မနက္တစ္ခုမွာ ဖိုးဥ နိုးလာခဲ့တယ္။ ၆ နာရီေက်ာ္ေက်ာ္သာရွိေသးေပမဲ့ ေဘးတြင္ေဝယံမရွိ။
မီးဖိုခန္းထဲေရာက္ေနလားေတြးရင္း ထြက္ခဲ့လိုက္ေတာ့ ထင္တဲ့အတိုင္း မီးဖိုခန္းထဲမွာ မနက္စာျပင္ဆင္ေနၿပီ။
ဒီအိမ္ကိုေရာက္ကတည္းက မနက္ဆိုရင္ ေဝယံက သူ႕အတြက္မနက္စာျပင္ေပးတက္တယ္။ ေက်ာင္းလြယ္အိတ္ကအစ အခ်ိန္စာရင္းနဲ႕ကိုက္ၿပီး သူ႕အတြက္ မေမ့မေလ်ာ့ျပင္ဆင္ေပးေသးတာ။
မနက္စာစားၿပီးတဲ့အခါ သူက ေက်ာင္း၊ ေဝယံက သင္တန္း အသီးသီးသြားၾကၿပီး သူအတန္းၿပီးရင္ ေဝယံက ႀကိဳဖို႔အသင့္ေရာက္ေနတက္တယ္။
အရမ္းသေဘာက်မိေပမဲ့ အရင္အပတ္က ကိစၥအၿပီးမွာ ဘာရယ္မသိ သူ႕စိတ္ထဲေလးလံလာတယ္။ ျမတ္နိုးနဲ႕ေဝယံတို႔ႏွစ္ဦးၾကားထဲ ဘာမွမရွိေတာ့တာ သူျမင္နိုင္ေပမဲ့ သူ႕စိတ္ထဲေလးေနတုန္းပဲ။
ထိုေန႕တုန္းကေတာ့ ေဝယံ့ကို သူစိတ္ဆိုးမိတယ္။ ဒါေပမဲ့ ထိုကိစၥကလည္း အေၾကာင္းမတိုက္ဆိုင္လို႔ ျမတ္နိုးက ဝင္ပါခဲ့ရတာအျပင္ ေဝယံကလည္း သူ႕ကိုေသခ်ာရွင္းျပထားၿပီးသား။ သူကိုယ္တိုင္လည္း နားလည္ေၾကာင္းေျပာခဲ့တာပဲ။
တကယ္တမ္းက် သူ႕စိတ္ထဲတႏုံ႕ႏုံ႕နဲ႕ အေတြးဆိုးေတြပဲဝင္လာေနတယ္။ ေဝယံသာ သူ႕ကိုၿငီးေငြ႕သြားရင္၊ မဟုတ္လည္း ေနာက္တစ္ေယာက္ေတြ႕သြားခဲ့ရင္ သူ ဘယ္လိုမ်ားလုပ္ရပါ့မလဲလို႔။
ဘယ္တုန္းကစၿပီး ေဝယံ့အေပၚ အခုေလာက္တြယ္တာသြားမွန္းမသိေပမဲ့ အနားမွာေဝယံမရွိေတာ့ရင္ဆိုတာမ်ိဳးေတြးမိတဲ့အခါ ရင္ဘတ္ေအာင့္တယ္။
“နိုးၿပီလား”
အေပါက္ဝမွာ ငူငိုင္ငိုင္ရပ္ေနမိတဲ့သူ႕ကို ေဝယံကျမင္သြားၿပီးၿပဳံးျပတယ္။
သူလည္းေခါင္းညိတ္ရင္း အၿပဳံးေဆာင္လိုက္တဲ့အခါ အနားေရာက္လာတဲ့ေဝယံက သူ႕ပါးအားတခ်က္နမ္းတယ္။
“ဗိုက္ဆာေနၿပီလား ခဏပဲေစာင့္ ရေတာ့မွာ”
ျပင္ဆင္လက္စေတြကိုသူျမင္ၿပီးသားမို႔ ေခါင္းညိတ္လိုက္တယ္။
“ေရသြားခ်ိဳးလိုက္ဦးမယ္”
သူ႕စကားကိုေခါင္းညိတ္ရင္းက ေဝယံကၿပဳံးတယ္။ ထိုအၿပဳံးမ်က္ႏွာက အရင္ဆို သူ႕အတြက္ စိတ္ၾကည္ႏူးစရာေပမဲ့ အခုေတာ့ အဲ့လိုမဟုတ္ေတာ့ဘူး။
စိုးရိမ္စရာမ်က္ႏွာမ်ိဳးျဖစ္ေနၿပီ။ ဒီေလာက္ေခ်ာတဲ့သူကို တပါးသူေတြမေႂကြပဲေနနိုင္ၾကပါ့မလား။ ဝိုင္းဝိုင္းလည္ကုန္ရင္ ေဝယံက သူ႕ကိုပဲေ႐ြးခ်ယ္မယ္ဆိုတာေကာ ေသခ်ာနိုင္ပါ့မလား။
ထိုအေတြးေတြက သူ႕စိတ္ကိုညိုးငယ္ေစခဲ့တယ္။
.....
ေလ်ာ့ရဲရဲေျခလွမ္းေတြနဲ႕ သန႔္စင္ခန္းထဲဝင္သြားတဲ့ဖိုးဥကို ေဝယံၾကည့္ရင္း သက္ျပင္းဖြဖြခ်ရတယ္။
ဖိုးဥကသူ႕ကို စိတ္ဆိုးေနတုန္းပဲလို႔ သူေတြးေနတယ္။ သူရွင္းျပခဲ့ၿပီးေပမဲ့ ဖိုးဥရဲ႕အျပဳအမူေလးေတြက သူနဲ႕ခပ္ကင္းကင္းျဖစ္ေအာင္ ေရွာင္ကြင္းေနသလိုပဲ။
အကယ္၍လိုအပ္မယ္ဆိုရင္ ဖိုးဥစိတ္ေက်နပ္တဲ့အထိ ေျဖရွင္းေတာင္းပန္ဖို႔သူစဥ္းစားထားၿပီးသား။ အခုက အဲ့ကိစၥကိုဘာသိဘာသာထားသလို ပုံမွန္အတိုင္းျဖစ္ေနသလိုမ်ိဳးဟန္ေဆာင္ေနေလေတာ့ သူ ဘယ္ေနရာကစကားအစဆြဲၿပီးေျပာရေတာ့မလဲ။
အခ်ိန္ေပးသင့္သလားသူစဥ္းစားေပမဲ့ ၾကာလို႔ေတာ့မျဖစ္တာသူသိတယ္။ ဒီလိုဆို ဆက္ဆံေရးေတြက အဖုအထစ္ေတြနဲ႕ ေအးစက္သြားနိုင္တယ္။
သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး မနက္စာျပင္ဆင္ဖို႔ကိုပဲ အာ႐ုံစိုက္လိုက္ေတာ့တယ္။
မနက္စာစားၿပီးေတာ့ ဖိုးဥကို သူေက်ာင္းလိုက္ပို႔လိုက္တယ္။ ေန႕လည္ခင္းအတန္းခ်ိန္ရွိေနတာေၾကာင့္ ေန႕လည္စာအတူမစားေတာ့ဘူးလို႔ သူ႕ကိုေျပာသြားတယ္။
ေရွာင္ျပန္တာလားေတြးမိေတာ့ ရင္ထဲတင္းသြားတယ္။ ေန႕လည္ဖက္ေရာက္ေတာ့ ေရွာင္ခ်င္ေနမွန္းသိသိႀကီးနဲ႕ သူေက်ာင္းကို လာလိုက္တယ္။
ဖိုးဥရဲ႕အခ်ိန္စာရင္းအားလုံးကိုလည္းသူသိထားၿပီးသား။ မယုံလို႔ေထာက္လွမ္းထားတာမ်ိဳးေတာ့မဟုတ္။ ခုေနာက္ပိုင္း ဖိုးဥက စာလုပ္စရာေတြမ်ားၿပီး ေမ့ေလ်ာ့တက္လာလို႔ သူကိုယ္တိုင္ အခ်ိန္စာရင္းမွတ္ေပးထားတာမ်ိဳးလုပ္ျဖစ္ခဲ့တာ။
ေက်ာင္းသားမဟုတ္ေတာ့သျဖင့္ ပါကင္ထိုးတဲ့အခါ ခပ္ေဝးေဝးေနရာတြင္သာထိုးရတယ္။ သူေက်ာင္းေရာက္တဲ့အေၾကာင္းေျပာမလို႔ ဖုန္းဆက္ၾကည့္ေပမဲ့ ဖုန္းမကိုင္။ ဂြၽန္ဟိန္းကိုေမးၾကည့္ေတာ့ သူ႕ဆီမလာဘူးဆိုတယ္။ အတန္းခ်ိန္မရွိတဲ့ဖိုးဥ သြားတက္တဲ့ေနရာကသိပ္မရွိ။
ဌာနမွာသူအရင္ရွာၾကည့္တယ္။ မေတြ႕ေတာ့ ကန္တင္းမွာရွာၾကည့္တယ္။ မေတြ႕ဘူးဆိုေတာ့ ေနာက္ဆုံးရွိနိုင္တာက စာၾကည့္တိုက္ပဲ။
သူသြားလိုက္ၿပီးမၾကာလိုက္ဖိုးဥကိုေတြ႕တယ္။ ျပတင္းေပါက္ေဘးကခုံမွာထိုင္ၿပီး စာၾကည့္ေနတာ။
အာ႐ုံစူးစိုက္ေနေတာ့ မ်က္ခုံးေၾကာေလးေတြကေတာင္ အနည္းငယ္တြန႔္ရႈံ႕လို႔။
စာၾကည့္ေလတိုင္း ေဘးမွာစားဖို႔ မုန႔္တစ္ခုႏွစ္ခု အၿမဲယူထားေနက်ျဖစ္တဲ့အတိုင္း အခုလည္း cheese cake ကိုအနားယူထားတယ္။
ေဘာပင္ေလးကိုအသာခ် cake ေလးဆြဲမၿပီးတခ်က္ကိုက္တုန္းရွိေသး ေလကေဝွ႕တိုက္လာေတာ့ လိုက္ကာစက ဖိုးဥပါးစပ္ကို ျဖန္းခနဲသြားရိုက္တယ္။
အံႀကိတ္လို႔သက္ျပင္းတခ်က္ကိုခ်တယ္။ cake တစ္တုံးလုံး ပါးစပ္ထဲထိုးထည့္၊ ေပက်ံသြားတာေတြကိုသုတ္ထုတ္ၿပီးမွ လိုက္ကာကို ပိတ္ထိုးေတာ့တာပဲ။
စိတ္ဆိုးေနတာေတာင္ သူ႕ကေလးက ခ်စ္စရာေကာင္းရက္တာ။
အနားကိုသူသြားလိုက္ေတာ့ လိုက္ကာကိုထိုးေနရာက လွည့္ၾကည့္လာတယ္။ သူေရာက္လာမွာကိုလည္း ထင္မွတ္မထားပုံနဲ႕။
“ကိုယ္နဲ႕ခဏလိုက္ခဲ့”
ႏႈတ္ခမ္းေလးေတြဖြင့္ဟလာၿပီး တုံ႕ဆိုင္းေနပုံက ဘယ္လိုအေၾကာင္းျပခ်က္ေပးၿပီး သူ႕အား ေရွာင္ကြင္းရမလဲ မသိျဖစ္ေနသလို။
“ကိုယ္တို႔ၾကားထဲ ရွင္းရွင္းလင္းလင္းျဖစ္သင့္တယ္လို႔ထင္တယ္”
သူေျပာလိုက္ေတာ့ ဆုံးျဖတ္ခ်က္တစ္ခုခ်ၿပီးသလိုနဲ႕ ထလာတယ္။ Library ထဲမေျပာခ်င္ေတာ့ ဖိုးဥကိုေခၚၿပီး အျပင္ဖက္ကိုထြက္လာခဲ့တယ္။
ခပ္ကုပ္ကုပ္လိုက္လာတဲ့ဖိုးဥကို library အေနာက္ဖက္အေရာက္မွာ သူ မ်က္ႏွာခ်င္းဆိုင္လိုက္တယ္။
“ကေလးစိတ္ထဲ ဘာေတြေတြးေနလဲ ကိုယ့္ကိုေျပာျပမွျဖစ္မယ္ အခုလိုေရွာင္ေနတာမ်ိဳးထက္ ကိုယ့္ကို ကေလးခံစားေနရတဲ့အတိုင္း အမွန္တိုင္းေျပာ အဲ့က်မွကိုယ္လည္း ကေလးခံစားခ်က္ကို သိၿပီးလိုက္နာေပးနိုင္မွာ”
လိုက္နာေပးနိုင္မွာဆိုတဲ့စကားေၾကာင့္ ဖိုးဥ မ်က္ႏွာေလးမဲ့သြားတယ္။
“ကြၽန္ေတာ္ဘာေျပာေျပာလိုက္နာမွာေပါ့”
သူေမးလိုက္ေတာ့ ေဝယံက ေခါင္းေတြညိတ္တယ္။
“ငိုးမကိုႀကီး အဲ့လိုေျပာလို႔ ကြၽန္ေတာ္ကလမ္းခြဲမယ္ေျပာရင္လည္း ခ်က္ခ်င္းခြဲမွာမဟုတ္လား ဆြဲထားမယ္ေတာ့မႀကံဘူး ဝါးး”
ေအာ္ေအာ္ၿပီးငိုလာေတာ့ ေဝယံ ေခါင္းနပန္းႀကီးသြားတယ္။ ေျပလည္ဖို႔ရည္႐ြယ္ခဲ့တာကို ဖိုးဥက အေတြးမွားၿပီး ေအာ္ငိုေနၿပီေလ။
“ဘာစကားတုန္းကေလးရာ ကိုယ္ကဘာလို႔မင္းနဲ႕လမ္းခြဲရမွာတုန္း”
ခႏၶာကိုယ္ေလးကို ေပြ႕ဖက္ထားလိုက္ေတာ့ ငိုလ်က္က ႏွာရႈံ႕ကာဆက္ေျပာလာတယ္။
“အဲ့ေန႕က အမွန္တိုင္းေျပာရရင္ ကြၽန္ေတာ္စိတ္ဆိုးတာအေသပဲ ဒါေပမဲ့ ကြၽန္ေတာ္အခုက် စိတ္လည္းမဆိုးနိုင္ဘူး ရင္ေတြပဲပူေနရတယ္ အဲ့ဒါခင္ဗ်ားေၾကာင့္ သိရဲ႕လားကိုႀကီး”
ေထြးေပြ႕ထားတဲ့လက္ေမာင္းကို လက္သီးနဲ႕ထိုးၿပီး ေခါင္းဝွက္ေမးေနေတာ့ သူ႕မွာ ရယ္ရအခက္ ငိုရအခက္နဲ႕။
“ေျပာပါဦး ကိုယ့္ကေလးက ဘာေတြကိုရင္ပူေနရတာလဲ”
“ကိုႀကီးက ခုေနာက္ပိုင္း အရမ္းေခ်ာလာတယ္”
ႏွာရႈံ႕ၿပီးေျပာေနတာဆိုေတာ့ ေဝယံ မရယ္ရဲဘူး။
“ဟင္းခ်က္လည္းေတာ္လာတယ္ အိမ္ပိုင္ကားပိုင္လည္းရွိတယ္ သင္တန္းကလူေတြဆို ကိုႀကီးကိုလိုက္ၾကည့္ေနၾကတာခ်ည္းပဲ ကြၽန္ေတာ္ကေတာ့ ဟင္းလည္းမခ်က္တက္ဘူး ပန္းကန္လည္းမေဆးတက္ဘူး ကိုႀကီးအတြက္ ဘာမွကိုအသုံးမဝင္တာ”
“ဘာစကားေတြလဲ ကိုယ္ကအခုလိုျဖစ္လာတာ ဘယ္သူ႕ေၾကာင့္မို႔လို႔...”
ရင္ခြင္ထဲကမ်က္ႏွာေလးကို သူဆြဲေမာ့လိုက္တယ္။
“ကေလးေၾကာင့္ေလ ကိုယ္ကသာ ကေလးေၾကာင့္ အခုလိုေျပာင္းလဲလာရတာ ကေလးကိုယ့္အေပၚစိတ္ခုၿပီး ထားသြားမွာကိုစိုးလို႔ ကိုယ့္မွာ ဟင္းခ်က္လည္းသင္ အိမ္အလုပ္ေတြလည္း နိုင္နင္းေအာင္ႀကိဳးစားေနခဲ့တာ ဒါေတြအားလုံးက မင္းအတြက္ မင္းကိုခ်စ္လို႔ေပါ့ ကေလးရဲ႕”
ေျပာကာမွ အသံဆိုးႀကီးနဲ႕ေအာ္ငိုေလတဲ့ဖိုးဥ။
“အီး....ကြၽန္ေတာ္ကေတာ့ဒါကိုေတာင္မသိဘဲ ကိုႀကီးကြၽန္ေတာ့္အေပၚသစၥာေဖာက္မွာ ေနာက္တစ္ေယာက္ေတြ႕မွာေတြေတြးေနခဲ့တာ”
ရင္ခြင္ထဲျပန္တိုးဝင္ကာ ခါးကိုအတင္းဖက္ထားေတာ့ ေက်ာေလးကိုေဝယံပုတ္ေပးလိုက္တယ္။
“အဲ့ဒါေၾကာင့္ကိုယ့္ကိုေရွာင္ေနတာလား ျမတ္နိုးေၾကာင့္ကိုယ့္ကိုစိတ္ဆိုးတာမဟုတ္ဘဲနဲ႕”
“အင္း”
“ဟား ကိုယ္မေကာင္းတာ ေစာေစာကတည္းက ကိုယ္ေသခ်ာေမးလိုက္သင့္တာ အခုေတာ့ ကိုယ့္ကေလးကို စိတ္ညစ္ရက္ရွည္ေအာင္ ထားထားသလိုျဖစ္ေနၿပီ”
“မဟုတ္ပါဘူး ကြၽန္ေတာ္မေကာင္းတာ”
ေျပလည္မႈကၾကည့္လိုက္ေတာ့လည္း သူတို႔ၾကားထဲက အဖုအထစ္က ဘာမွမဟုတ္လိုက္သလိုေလး။
“ႏွစ္ေယာက္စလုံးေကာင္းတယ္ ငါတို႔ပဲမေကာင္းတာ!!!”
အမ်ိဳးသမီးတစ္ေယာက္ရဲ႕အသံေၾကာင့္ သူတို႔ေနာက္လွည့္ၾကည့္မိေတာ့ ၿပဳံးစိစိေတြလုပ္ေနၾကတဲ့ ေက်ာင္းရဲ႕ဂီတ club ကလူေတြကိုေတြ႕တယ္။
ပြဲရွိတာမို႔ library အေနာက္က ျမက္ခင္းျပင္မွာ ေလ့က်င့္ေရးလာဆင္းေနၾကတာ။
ဘယ္ကတည္းကရွိေနၾကမွန္းမသိသလို အားလုံးကလည္းၿပဳံးစိစိနဲ႕ သူတို႔ႏွစ္ဦးကိုၾကည့္ေနၾကတယ္။
အစကတည္းက လူရွိရင္လည္းရွိေၾကာင္း အသိေလးဘာေလးေပးေပါ့။ အခုက် သူတို႔ႏွစ္ဦးသားကိစၥေတြကို အကုန္နားေထာင္ေနခဲ့တာ။ အဲ့လိုဆိုလည္း သူတို႔ျပန္သြားတဲ့အထိ တိတ္တိတ္ကေလးဆက္ေနၾကပါလား။ ခုက်မွ သူတို႔ရွိပါတယ္ဆိုၿပီးအသိေပးတာ ဘာသေဘာလဲ။
“ကေလးေရ ကိုယ္တို႔ေတာ့ အရွက္ကြဲပါၿပီကြာ”
“ကိုႀကီး ကြၽန္ေတာ့္ကို သူတို႔မျမင္ေစနဲ႕”
ခါးကိုတင္းဖက္ၿပီး သူ႕ကိုယ္နဲ႕ေတာင္ ဖိုးဥက ကာလိုက္ေသးတာ။ ဒါေပမဲ့ အဲ့တာက အခ်ည္းႏွီးပဲဆိုတာကို သူ ထုတ္မေျပာေတာ့ပါဘူးေလ။
သူလည္း ဖိုးဥနဲ႕မွ ကြဲလိုက္တဲ့အရွက္ဆိုတာ ေျပာမေနပါနဲ႕ေတာ့။
.....
Screen ကိုၾကည့္ကာ ႏွစ္ေယာက္သား စိတ္လႈပ္ရွားေနၾကတယ္။ ဖိုးဥဆို မ်က္စိကိုလက္နဲ႕ကာၿပီးေခ်ာင္းၾကည့္ေနေသးတာ။
“ကိုယ္ႏွိပ္လိုက္မယ္ေနာ္”
Mail စစ္တာေလးကို ဘာလို႔ ဒီေလာက္အထိ စိတ္လႈပ္ရွားေနရသလဲဆိုေတာ့ ဒီေန႕က ဖိုးဥေက်ာင္းဝင္ခြင့္အတြက္ အေျဖသိရမဲ့ေန႕။
Click တခ်က္ႏွိပ္ၿပီး ေဝယံဖတ္ၾကည့္လိုက္တယ္။
“ဘာတဲ့လဲ ဘာတဲ့လဲ”
မ်က္စိႀကီးအတင္းမွိတ္ၿပီး ဖိုးဥကေမးတယ္။
“ေနာက္လ လူေတြ႕တဲ့”
“ဟမ္”
သူ႕အသံၾကားမွ မ်က္လုံးဖြင့္လာတယ္။
“ဟုတ္တယ္ ကေလးရဲ႕”
ေပ်ာ္ၿပီး သူ ေပြ႕ဖက္လိုက္တဲ့အခါ အေတာင့္လိုက္ကေလးျဖစ္ေနၿပီးမွ ထခုန္ပါရဲ႕။
“ကြၽန္ေတာ္ဝင္ခြင့္ရၿပီ!!!”
“အင္း ကေလးဝင္ခြင့္ရၿပီ”
အေပ်ာ္လြန္ေနတဲ့ကေလးနဲ႕အၿပိဳင္ သူကိုယ္တိုင္လည္း ရင္ေတြခုန္လို႔။ ကိုယ္တိုင္အတြက္ ေက်ာင္းဝင္ခြင့္ေျဖတုန္းကေတာင္ အဲ့ေလာက္ စိတ္မလႈပ္ရွားဖူးခဲ့ပါေလ။
.....
“ဂ႐ုစိုက္ေနာ္”
အသံေတြတုန္ရီေနတဲ့ဖိုးဥအေမက ညကတည္းက ငိုယိုေနတာကို အခုထိမရပ္ေသးဘူး။ မ်က္လုံးေတြကလည္း ၾကည့္မေကာင္းေအာင္ေဖာင္းအစ္ေနၿပီ။
ခ်စ္ခ်စ္ကေတာ့ ၿပဳံးစစေပမဲ့ ဖိုးဥအေဖကေတာ့ မ်က္ႏွာတည္တည္လုပ္ေနတယ္။
ဂြၽန္ဟိန္းက ၿပိဳင္ပြဲရွိေနတာေၾကာင့္ သူ႕ကို လိုက္မပို႔နိုင္သလို စစ္နိုင္ကလည္း သူ႕ဘဲေလးကိုအားေပးဖို႔ လိုက္သြားခဲ့ေတာ့ ေလဆိပ္ကို သူ႕မိသားစုသာ လိုက္ပို႔တာျဖစ္တယ္။
“သားဂ႐ုစိုက္မွာပါ ေမေမလည္း ေနေကာင္းေအာင္ေနဦး”
“အင္း”
ေျပာၿပီးမ်က္ရည္ေတြကက်လာျပန္ေကာ။ ဖိုးဥလည္း သူ႕အေမကိုၾကည့္ၿပီး လိုက္ငိုလာေတာ့ ဖိုးဥအေဖက ဝင္ေျပာလာတယ္။
“သြားပါေစေတာ့ကြာ သိပ္မၾကာခင္ ငါတို႔လည္း လိုက္လည္ၾကတာေပါ့”
႐ုပ္တည္ခ်င္ေယာင္ေဆာင္ေနေပမဲ့ သူ႕အေဖလည္း စိတ္မေကာင္းဘူးမွန္း ဖိုးဥသိတယ္။
ဆြဲဖက္လိုက္ေတာ့ “ေကာင္စုတ္ေလး ေကာင္းေကာင္းေန” တဲ့။
ၾကပ္ၾကပ္ေနရင္ ဖိုးဥလည္း မခြဲခ်င္ေတာ့မွာဆိုေတာ့ လက္ျပၿပီး ထြက္ခဲ့လိုက္တယ္။ မိသားစုနဲ႕ခြဲရတာ ဒီတစ္ခါက အေဝးႀကီးဆိုေတာ့ ဖိုးဥဝမ္းနည္းတယ္။
ႏွာရႈံ႕မိေတာ့ ပခုံးကိုတင္းဖက္တဲ့ေဝယံ။ အၿပဳံးေတြနဲ႕အားေပးေနေတာ့ ဖိုးဥမာန္တင္းလိုက္တယ္။ ဘာပဲျဖစ္ျဖစ္ သူ႕အနားမွာ ေဝယံရွိေသးတာပဲေလ။
“ကိုယ္မင္းကို ေစာင့္ေရွာက္မွာပါ အခုေကာ ေနာင္ေကာ”
ေက်ာင္းၿပီးမွလက္ထပ္ေပးမယ္ဆိုတဲ့ကတိနဲ႕အၿပိဳင္ ဖိုးဥကိုလည္း သူကတိေပးလိုက္တယ္။
သူ႕စကားအၾကားမွာ ၿပဳံးၿပဳံးေလးလုပ္လာတယ္။ ပါးေတြကမို႔တက္ေနတာပဲမို႔ အူယားစြာ ငုံ႕နမ္းမိေတာ့ ရယ္သံခ်ိဳေလးေပၚထြက္လာတယ္။
အခ်စ္က ငယ္႐ြယ္ေပမဲ့ သူ႕အတြက္ေတာ့ အေမွာင္ယံညမွာ ထြန္းလင္းတဲ့ၾကယ္ပြင့္ေလးနဲ႕သိပ္တူတယ္။
သူ႕ရဲ႕ေမွာင္မိုက္ေနတဲ့ညေတြကို လင္းလက္ေစမယ့္ ၾကယ္ပြင့္ကေလးတစ္ပြင့္ေပါ့။
The end....
______
Note တတိယအႀကိမ္ေျမာက္မွာ ေျပာင္းလဲခ်င္တာေတြ ေျပာင္းလဲလိုက္သလို အပိုေတြလို႔ ခံစားရတဲ့အပိုင္းေတြလည္းထပ္ထည့္လိုက္တယ္။
လိုအပ္ခ်က္ေတြသိပ္မ်ားေပမဲ့ လိုအပ္သေလာက္ေတာ့ ေပ်ာ္႐ႊင္မႈေလးေပးနိုင္ခဲ့ရင္ သိပ္ေကာင္းမွာပဲ။
ေဝယံရဲ႕ကေလးကိုေမြးေပးခ်င္လို႔ဆိုၿပီး ဖိုးဥ သူ႕အကၤ်ီေအာက္ထဲ ေခါင္းအုံးထည့္တဲ့အပိုင္းကေတာ့ စိတ္ကူးေပါက္လာရင္ေရးမယ္ မေပါက္ရင္ေတာ့ မေရးေတာ့ပါဘူး။
အမွတ္တရရွိေပးခဲ့မယ္ဆိုရင္လည္း တကယ့္ကိုေက်းဇူးတင္ပါတယ္လို႔ ေျပာပါရေစ။
အားလုံးပဲ ဒီေဆာင္းမွာ ဂ႐ုစိုက္ၾကပါ။