စိမ်း

By Wang511

9.5K 514 24

ခုလက်ရှိချိန်ရော နောက်လာမယ့်အနာဂတ်မှာရော လမင်းခန့်ကိုဆိုတဲ့ကျွန်တော် ချစ်တာ "စိမ်းနေရည်မင်း "ဆိုတဲ့အမျိုးသမီး... More

အပိုင်း ၁
အပိုင်း၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း 10
အပိုင်း၁၁
Hello 👋
အပိုင်း၁၃

အပိုင်း၁၂

590 37 2
By Wang511

ထို့နောက်အရေးရေးပေါ်ကားရောက်လာ‌ကာ ချက်ချင်းပင် CPRပေးပြီး ‌ကားပေါ်တင်တာ ဆေးရုံသို့ခေါ်သွားသည်။ဆေးရုံမရောက်ခင်လမ်းမှာတင် ခန့်ကို၏အခြေအနေသည်သိပ်မဟန်တော့။ ခန္ဓာကိုယ်တွင်းအရေးကြီးအစိတ်အပိုင်းကို ထိသွားသည်ဟုခန့်မှန်းရသည်။
ဆေးရုံသို့ရောက်သည်နှင့်  operation ခန်းထဲတန်း၀င်ရသည်။  ခွဲစိတ်ခန်းထဲတွင် လမင်းခန့်ကို တစ်ယောက်မှာ အသက်လုနေရသည်။ ခွဲစိတ်ခန်းအပြင်၌ စိမ်း မှာတော့ ခုံတွင်ထိုင်နေသော်လည်း မျက်ရည်များအဆက်မပြတ်ကျဆင်းနေသည်။ ခန့်ကို၏ ဖခင်ဖြစ်သူမှာတော့ သက်ဆိုင်ရာနှင့်စကားပြောနေသည်။လမင်းခန့်ကို တစ်ယောက်မှာ အသက်လုနေရသည်။ ခွဲစိတ်ခန်းအပြင်၌ စိမ်း မှာတော့ ခုံတွင်ထိုင်နေသော်လည်း မျက်ရည်များအဆက်မပြတ်ကျဆင်းနေသည်။ ခန့်ကို၏ ဖခင်ဖြစ်သူမှာတော့ သက်ဆိုင်ရာနှင့်စကားပြောနေသည်။
သက်ဆိုင်ရာတာ၀န်ရှိသူက "ဓားနဲ့ထိုးပြီးထွက်ပြေးသွားတဲ့လူကိုတော့ကျွန်တော်တို့ စခန်းမှာဖမ်းမိထားပါတယ်"
"ကျွန်တော်အထင်ဒီကိစ္စမှာနောက်ကွယ်က တစ်ယောက်ယောက်ရှ်ိနေလောက်မယ် ။သေချာစုံစမ်းပေးပါ။ လိုအပ်ရင် ကျွန်တော့်လူတွေယူသုံးပါ။ ကျွန်တော့်ရဲ့သားကိုဒီလိုဖြစ်အောင်လုပ်‌သွားတဲ့ကောင် ကို ဒီတိုင်းမထားဘူး "
တစ်ဖက်တွင် operation ခန်းထဲမှ nurse တစ်ယောက်ထွက်လာပြီး သွေးလိုအပ်ကြောင်း O- သွေးလိုနေကြောင်းပြောသည်။ ထက်ရွှေစင်လင်းတစ်ယောက် operation မှ အကူလိုအပ်သည်ဟုဆိုသောကြောင့် night duty ကျရာကအပြေးလာသည်။ ရောက်တော့ ခွဲစိတ်ခန်းထဲမှာအသက်လုနေရသူမှာ သူအချစ်ရဆုံးသူ ဆိုသောကြောင့်ရှောခ်ရသွားသည်။ ထို့နောက်သူ‌နှင့်သွေးတူသောကြောင့် သွေးဖောက်ပြီး operation ဆက်လုပ်သည်။

နာရီပေါင်း 8နာ‌ရီကျော်‌9နာရီနီးပါး ခွဲစိတ်ကုသပြီးတော့ ဆရာ၀န်မှဦးစွာထွက်လာသည်။
စိမ်း မှ" ဒေါက်တာ လူနာအခြေ‌အနေဘယ်လိုလဲဟင် ဒေါက်တာ။ အဆင်ပြေတယ်မလားဟင် ဒေါက်တာ ''
ဆရာ၀န်မှ သက်ပြင်းတစ်ချက်ချကာ "စိတ်မကောင်းပါဘူး။ ကျွန်တော်တို့အကောင်း‌‌ဆုံးကြိုးစားခဲ့ပေမယ့်
လူနာက ၀မ်းဗိုက်က အရေးကြီးအစိတ်ပိုင်းတွေကိုထိသွားတဲ့အတွက် ခွဲစိတ်မှုမအောင်မြင်ဘဲ ကိုမာ(coma)၀င်သွားပါတယ်။ လောလောဆယ်တော့လူနာကိုအနီးကပ်တွေ့လို့မရသေးပါဘူး ။ ခွင့်ပြုပါဦး"ဟုဆိုကာ ထွက်သွားသည်။ စိမ်းမှာတော့ ဆရာ၀န်ပြောစကားကြောင့် အရုပ်ကြိုးပျက်ပင်ဖြစ်ကာ ငိုနေတော့သည်။ စိမ်း၏ဖခင်မှာလည်း ဒီကိစ္စက သူ့ကြောင့်ဖြစ်သည်ဟုဆိုကာ အားနာနေဟန်ပင်ဖြင့် " ကျွန်တော်တောင်းပန်ပါတယ်။ ဒါတွေကကျွန်တော့်ကြောင့်သာမဟုတ်ရင် ..." စကားပင်မဆုံးလိုက် ဦးခန်ကျော်ကို က "မဆိုင်တာ ကိုမင်းသက်ထင်ရာ နောက်ကွယ်ရရှိနေတဲ့ကောင်ကို ကျွန်တော်လုံး၀အလွတ်ပေးမှာမဟုတ်ဘူး "
ဦးခန့်ကျော်ကို ၏အသံမှာ လုံး၀ခက်ထန်နေသည်။ ထို့နောက် ဖုန်းနံပါတ်တစ်ခုအားဆက်လိုက်ကာ " ခင်ဗျားလိုချင်တဲ့ အရာကိုသာပြော အကုန်ဖြစ်စေရမယ် ခင်ဗျားပြန်လုပ်ပေးရမယ့်အရာက အခုဖမ်းထားတဲ့ကောင်ကို ကျုပ်လက်ထဲထည့်ဖို့ရယ် နောက်ဆက်တွဲဝင်မရှုပ်ဖို့ရယ်ပဲ "
"ဟုတ်ပြီ ဒါဆို သဘောတူပြီလို့သတ်မှတိလိုက်ပြီ ကျုပ်တပည့်တွေလွှတ်လိုက်မယ်အခု"
ဟုတ်ပါသည်။ အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တိုင်းမှာ နောက်ကွယ်မှာ ဂိုဏ်းတစ်ခုရှိတာ အထူးအဆန်းတော့မဟုတ်။ ဦးခန့်ကျော်ကို၌လည်းမိသားစုကိုကာကွယ် SATAN ဟုသောဂိုဏ်းတစ်ခုရှိလေသည်။
ဦးခန့်ကျော်ကိုလည်း တပည့်တွေကို ဖုန်းဆက်ပြီး ခိုင်းထားလိုက်သည်။ ခဏကြာတော့ ICU ထဲမှာ အောက်ဆီဂျင်ပိုက် ဆေးပိုက်တွေနဲ့ အသက်ဆက်ထရပြီး ကုတင်ထက်တွင် ရှိနေသော လမင်းခန့်ကို
ဦးခန့်ကျော်ကို တစ်ယောက် သူ့သမီးဖြစ်သူအား မျက်ရည်များဖြင့်ကြည့်ရင်း "ပါးပါး ကတိပေးတယ် လမင်းလေး ၊ပါးပါးရဲ့ လမင်းလေးကို ဒီလိုဖြစ်အောင် လုပ်တဲ့လူကို ပါးပါး တစ်ယောက်မှ အလွတ်မပေးဘူး " ဟုဆို ကာ သက်ဆိုင်ရာမှ လက်လွဲယူလိုက်ပြီး သူ့တပည့်များ သွားခေါ်ပြီး ချုပ်ထားတဲ့ ဂိုထောင်ကို အတွင်းရေးမှူးဖြစ်သူ ဉာဏ်သစ်နှင့်အတူထွက်သွားသည်။  ဆေးရုံ‌တွင်ကျန်ခဲ့သည့် စိမ်းမှာတော့ ခန့်ကို အားကြည့်ကာ "မမတို့ ပျော်စရာမိသားစုလေးတည်ဆောက်ကြမယ်လေ ခန့်ကိုရယ်။ မမကိုမထားခဲ့ရဘူးနော်" ဟုဆိုကာ ငိုကြွေးနေသည်။

တစ်ဖက်တွင် ဂိုထောင်၌  လက်ပြန်ကြိုးတုတ်ခံထားရကာ မျက်နှာကိုထိုးခံထားရသည့် လူတစ်ယောက်မှာ သတိမေ့‌နေသည်။ ဦးခန့်ကျော်ကို၏တပည့်တွေအနည်းငယ်လက်လွန်သွားပုံပင်။ ဦးခန့်ကျော်ကိုရောက်တော့ သတိမရသေး၍ ရေနဲ့ပတ်နှ်ိုးလိုက်သည်။ ထို့နောက် သတိရ‌လာတော့ ဦးခန့်ကျော်ကို က"ဒီမှာ ကောင်လေး မင်းငါမေးတာအေးဆေးမဖြေရင် ဘာမှမလုပ်ဘူး မင်းအသက်ကိုလည်းတာ၀န်ယူပေးမယ်။ ဒီကိစ္စကို နောက်ကွယ်က ခိုင်းတာဘယ်သူတောင်းစားလဲ"
ထိုလူမှ "ခင်ဗျား ကျွန်တော့်ဆရာကို အဲ့လိုပြောစရာမလိုဘူး ။ ခင်ဗျားတို့လုပ်ချင်တာလုပ် မပြောနိုင်ဘူး "။
ထို့စကားကြားပြီးနောက် ဦးခန့်ကျော်ကိုတစ်‌ယောက် ရင်၀ကိုစောင့်ကန်လိုက်ကာ အပေါ်မှ တတ်စီးထိုးတော့သည်။ ဘေးနားမှ ဉာဏ်သစ်လည်း ဦးခန့်ကျော်ကို ကိုဆွဲကာတားထားရသည်။
''uncle စိတ်လျှော့ သူဘယ်သူလည်း သူ့ဆရာ ဘယ်သူလည်း ကျနောသိပြီထင်တယ်။ "
"ဟေ့ကောင် မင်းနမည် ၀သုဏ်နန္ဒ မလား။ စိုင်းမြတ်မင်းရဲ့ အတွင်းရေးမှူး ။လူယုံ "
"ခင်ဗျား။ ခင်ဗျား ဘယ်လိုသိတာလဲ ။ "
"ဟားဟား မင်းလက်ကတတ်တူးကြောင့် ။သိယုံတင်မဟုတ်ဘူး မင်း စိုင်းမြတ်မင်းအပေါ်ဘယ်လိုသဘောထားနေတယ်က အစသိတယ် ။ ငါတို့ MDကို ခုလိုလုပ်ရတဲ့အကျိုးဆက်ကိုမင်းဆရာကျိန်းသေပြန်ပေးဆပ်ရမယ် " ဟုပြောကာ  ဦးစွာအရင်ထွက်သွားသည်။ ဦးခန့်ကျော်ကိုလည်း ဉာဏ်သစ်နောက်ကိုအမှီလိုက်ကာ " ဉာဏ်သစ် မင်းသူ့ကိုဘယ်လိုသိတာလဲအန်ကယ့်ကိုရှင်းပြဦး။ "
"သိရုံတင်ဘယ်ဟုတ်ပါ့မလဲဆရာရယ် သူကတစ်ချိန်က ကျွန်တော့်အချစ်ကို အသုံးချပြီး စိုင်းမြတ်မင်းဆိုတဲ့ကောင် အတွက် ကျွန်တော့် project တွေခိုးပေးခဲ့တာလေ"
"ဟေ"
"ဟုတ်တယ် ဆရာ ။ ကျွန်တော်လည်း LGBT တစ်ယောက် Gayတစ်ယောက်ပါပဲဆရာ"
"ကျွ‌န်တော်တစ်ခုလောက်တောင်းဆိုချင်တာက သူ့ကိုမသတ်ပါနဲ့လားဆရာ။ သူ့ကိုခြေရာခံပြီး ကျွန်တော်တို့ စိုင်းမြတ်မင်းအကြောင်းစုံစမ်းပြီး အပြတ်ရှင်းကြတာပေါ့"
" ဒီကိစ္စကို လမင်းလေး သတိရလာမှဆက်ပြောမယ်။ အန်ကယ်သွားနှင့်မယ်။ မင်းနေချင်နေခဲ့ပေါ့။" ဟုဆိုကာ ဆေးရုံသို့ပြန်ထွက်သွားသည်။

___________________________________________

#Wang511
24.11.23
11:43PM

Fic လေးကို review လုပ်ပေးတဲ့ Little Star of the future မှ admin အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
Readerနှင့် voting ပေးတဲ့သူ တစ်ဦးတစ်ယောက်စီတိုင်းအား ကျေးဇူးတင်ပါခင်ဗျာ။🙏🙏🙏

Continue Reading

You'll Also Like

603K 49.7K 24
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
461K 27.2K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
759K 40K 21
This book is about the two daughters-in-law of Rajputs who have gotten married to the two Rajput siblings and are best friends as well even before be...