5.Blind Date (Ongoing)

By karrot0801

6.7K 428 126

ရှက်ရှက်နဲ့ ခေါင်းမော့ကြည့်လိုက်တော့ သူက ကျွန်တော့်လက်တွေကို စိုက်ကြည်နေခဲ့တယ် ...... #PerthChimon ရွက္ရွက္န... More

Intro (U±Z)
Part 1(U±Z)
Part-2(U±Z)
Part-4(U±Z)
Part-5(U±Z)
Part-6(U±Z)
Part-7(U±Z)
Part-8.1(U±Z)
Part-8.2(U±Z)
Part-9(U±Z)

Part-3(U±Z)

544 44 19
By karrot0801

Blind Date 🖤💛
Part 3

Unicode

Meeting စခါနီးမှ ဝင်လာတဲ့ ဖုန်း call တစ်ခုက ခုလို အားတဲ့အချိန်ကျ ထပ်ဝင်မလာတော့ ။ ကိုယ့်ဘက်ကပဲ ဆက်ရမလား တွေးပေမဲ့ အဲ့လို ဖုန်းဆက်ဖို့ဆို မိမိမှာ အမြဲ တွေဝေတတ်သူ ဖြစ်သည်။

" ၈ ကြိမ် , ၈ကြိမ် "

သူ တကယ် ဘာမှကို မသိ ၊ ဒီတိုင်း formတင်လိုက်တာကလွဲလို့ တကယ် ဘာမှ မသိ ။ တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားရှေ့မှာ သူ ငတုံး ဖြစ်နေပြီလား ။ တစ်နှစ်သာ ငယ်တာ တချက်ချက် သူက လူကြီးလို ။

" အော် ဒါနဲ့ သူမေးသလို ငါ ဘာလို့ ပြန်မမေးခဲ့တာလဲ "

ကိုယ့်ပေါင်ကိုယ်ရိုက်လိုက်ရင်း ကိုယ့်ကိုယ်ကိုယ် အားမလို ၊ အားမရဖြစ်မိသည် ။ သူမေးသလို ' ယောကျာ်းလေးတွဲဖူးလား ၊ မိန်းကလေးရော ' ဒီဟာတွေ ပြန်မေးသင့်တာ။

* တီ ... တီ..တီ *

၁၁နာရီ ကျော်နေပြီမို့ အတွေးတွေ ရပ် အိပ်တော့မလို့အလုပ် ဖုန်းဝင်လာလေသည် ။ သူရှိ ဆက်စရာက အလုပ်ထဲက အထက်က မန်နေဂျာအမကြီးရယ် ၊ Marc ရယ် ၊ ဟိုတစ်ယောက်ရယ် ။
သေချာတာတော့ ဟိုတစ်ယောက်ဖြစ်ဖို့များသည်။ ကျန်တဲ့နှစ်ယောက်က ဒီချိန် သူ အိပ်ပြီဆိုတာ သိသည်။

" ဟယ်လို "

" အိပ်နေပြီလား "

" အိပ်တော့ မလို့ "

" အာ့ဆိုလည်း ဒါပဲလေ "

ဒီတစ်ယောက် ဖုန်းဆက်တိုင်း လာ ဆော့နေတာလား

" ခဏ ....နေ့လယ်က ပြောစရာရှိတယ်ဆို ပြောလေ "

" ဟုတ်တယ် နေ့လယ်က ပြောစရာရှိနေတာ ဒါပေမဲ့ ခုကတော့ အဲ့အကြောင်းတရား မပြောဖြစ်တော့ဘူး "

ဘာလဲဆိုတာ သိချင်ပေမဲ့ တဖက်က မပြောဖြစ်တော့ဘူးဆိုတော့လည်း သူ မမေးဖြစ်တော့ပါ။

" မပြောဖြစ်တော့ဘူးဆို ဘာလို့ ဖုန်းဆက်နေသေးတာလဲ "

" ဟင် ... "

" မသိချင်ဘူးလား ပြောစရာရှိတယ်ဆိုပြီး ဖုန်းဆက်ထားတာကို ထပ်မဆက်တော့တဲ့အခါ ဘာပြောမလို့လဲ အရေးကြီးလား ဘာလဲဆိုတာ "

" ဟင့်အင်း မသိချင်ပါဘူး .. ဟက်ချိုး "

ချီး...

" အအေးမိထားတာလား "

" မဟုတ်ဘူး ..ဒီတိုင်းပဲ ... "

" အာ့ဆို အိပ်တော့လေ .. ကျွန်တော်က ဖုန်းစောင့်နေမှာစိုးလို့ ဆက်လိုက်တာ "

အဲ့လိုနဲ့ good Night ဘာညာပြောပြီး ဖုန်းချသွားသည် ။နေ့လယ်က သူပြောချင်နေတဲ့ အကြောင်းလည်း တကယ်မပြောသွားခဲ့။
သိတာသိပ်မကြားသေးလို့ပဲလား မသိ ၊ တစ်ဖက်က နားလည်ရခက်တယ်လို့ပဲ ပြောရမလား။ တစ်ခုခုကို ပြောချင်နေတယ်ထင်ရပြီးတော့ ခုကျ မပြောချင်တော့ဘူးလည်း ထင်ရပြန်တယ်။

' ကျောင်းသားတွေ ဘာတွေစိတ်ဖိစီးနေလဲ '

မအိပ်ခင် ကုတင်ပေါ်၌ အတွေးတွေက
' ယောကျာ်းလေးချင်းတွေ့တော့ရော ငါစိတ်တွေ ဘယ်လိုနေလဲ '
ဒါက ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးခွန်းထုတ်မိတဲ့ မေးခွန်းတစ်ခု ၊ ဒါကို သိချင်လို့ပဲ ဒီလမ်းကို ရွေးခဲ့မိတာမလား။

အဖြေကတော့ - ပထမဆုံး စိတ်ခံစားချက်အရ အတွဲအနေနဲ့ယောကျာ်းလေးချင်းလက်သင့် မခံနိုင်စရာ မရှိခဲ့ဘူး။ ဒါက တစ်ဖက်လူကြောင့်ပဲလား ...

သူ့မျက်ဝန်းတွေမှာ နားမလည်နိုင်တာ အချို့ရှိပေမဲ့လို့ သူပြုမူသွားတဲ့ အပြုမူအချို့ကတော့ ဦးဆောင်တတ်တယ် ၊ ဂရုစိုက်မှု့ရှိတယ် လို ထင်မိတယ် ( အသေအချာမဟုတ်ပေမဲ့လို့ )။ သူနဲ့ဆို အရှေ့နည်းနည်း ဆက်ကြည့်ချင်တဲ့ စိတ် ဖြစ်မိတာတော့ အမှန်တကယ်ပင် ။

တချို့ရေစက်တွေက သူတို့ soul အချင်းချင်းကိုက သိနေတာမျိုးလို့ ကြားဖူးတယ်

အဲ့တာတွေကြောင့်ပဲလား ကိုယ်ဟာ လူတွေနဲ့ရင်းနှီးမလွယ်ပေမဲ့ သူနဲ့တော့ အများကြီး မခက်ခဲနေခဲ့ ။
.
.
.
" နောက်ကျပြန်ပြီ "

အအိပ်မက်တတ်တဲ့ ကိုယ့်အဖြစ်က အလုပ်နောက်ကျရက်တွေ များခဲ့သည်။ အလုပ်ဝင်တာမှ နှစ်ပတ်မှာ ငါးရက်လောက်ရှိနေပြီထင်တယ် ။

တီ .. တီ.. တီ

" ဟယ်လို P'Nin လာနေပြီ ရောက်တော့မယ် "

အိမ်က ထွက်ခါနီးကို အလုပ်ထဲက ဆရာကြီး လုပ်တဲ့တစ်ယောက်က ဦးအောင် ဆရာလုပ် ဖုန်းဆက်လေပြီ ။

' ကျောင်းပဲ ပြန်တက်လိုက်ချင်တော့တယ် '

နောက်ကျပါတယ်ဆို ကိုယ်စီးတဲ့ bus က အလုပ်မရောက်ခင် တစ်မှတ်တိုင်မှာ ပျက်တယ် ။

လူတွေရဲ့ ပွစိပွစိကြားကနေ အမြန် တိုးဝှေ့ပြီး တစ်မှတ်တိုင်ကို ပြေးရပါတော့တယ် ။

" ဒီလောက်ဝေးတဲ့ တစ်မှတ်တိုင်မှာမှ ပျက်ရတယ်လို့ကွာ "

ဒီမှတ်တိုင်ကြားထဲမှာ ပုဂ္ဂလိက တက္ကသိုလ် တစ်ခုကလည်း ရှိနေပြန်တော့ လူက ကျောင်းတက်ကျောင်းဆင်းချိန်ဆို ရှုပ်

" နည်းနည်းလေး ဖယ်ပေးပါနော် "

ဒီနေကျမှ ဒီနားမှာ လူတွေ အုံနေတာလဲ ။ သူတို့ idoLတွေ ဘာတွေ ကျောင်းလာလို့လား။

သူတို့ကို ကျော်လွန်ပြီး အရှိန်နဲ့ ပြေးလိုက်စဉ်မှာပဲ

' ကျွီးး '

ကားတစ်စီးကွေ့လာတာနဲ့ ပြေးလာတဲ့ မိမိနဲ့ မိတ်ဆက်လေသည်။ တဖက်က အရှိန်လျော့ချလိုက်သောလည်း ရှောင်ချိန်တောင်မရတော့တဲ့ ကိုယ့်မှာတော့ ထိုအခိုက်တန့်အတွင်း မျက်လုံးများသာ မှိတ်ချလိုက်မိတော့သည်။

ဘေးက အသံတွေ ၊ ကားတံခါးဖွင့်လာတဲ့ အသံတွေ ၊ အဲ့ထဲတွင်

" အစ်ကို? "

" ဟေ့ မင်းနဲ့ သိတဲ့သူလား "
သူတို့ ပုခုံးကနေ မပြီး လာလှုပ်ကြတဲ့အခါ မျက်လုံးဖွင့်ကြည့်လိုက်မိတော့ မထင်မှတ်ထားတဲ့ သူ

" Perth ... "

" ဟုတ် ... ဘာဖြစ်သွားသေးလဲ ဘယ်နေရာ ထိသွားလဲ "

ကိုယ့်ဘာသာ ကြည့်လိုက်တော့ လက်ဖျံတွေ တံတောင်တွေ စုတ်ပြတ်သွား ၊ ရုတ်တရက် လန့်သွားတဲ့အရှိန်နဲ့ ရော ခေါင်းနည်းနည်း မူးသွားပေမဲ့

" ရတယ်... ချော်လဲကျတာနဲ့ ထိရုံ... "

" မဟုတ်ဘူး P'ကို တိုက်မိသွားတယ် " " ဟုတ်တယ်"

ဒီစကားကတော့ perthရှိက လာတာမဟုတ် သူ့ဘေးက တစ်ယောက်ရှိကဖြစ်သည်။ ခေါင်းနည်းနည်းမူးနေတဲ့အရှိန်နဲ့ ကြည့်လိုက်လို့လား မသိ ၊ မျက်နှာတွေက နည်းနည်းဝါးပြီး နှစ်ထပ် နှစ်ယောက် ဖြစ်နေသလို ....

" နှစ်ထပ်တွေ ဖြစ်နေတယ် "

နှစ်ထပ်ဖြစ်နေတဲ့ နေရာတွေကို လက်နှစ်ချောင်းခွပြီး ထိုးပြရင်းး

" မဟုတ်ဘူး P' ကျွန်တော်တို့က နှစ်ယောက် "

" ဟင် "

" သူတို့က အမြွှာတွေ .. ထ ... ဒီနားက ဆေးပေးခန်း ဖြစ်ဖြစ် သွားလိုက်တာ ကောင်းမယ် "

နည်းနည်းနာလာပြီ ဆိုပေမဲ့ သူ့မှာ အလုပ်ကနောက်ကျတာကို တွေးမိပြန်တယ်

" အားး ရတယ် ... အလုပ် ..အလုပ်နောက်ကျနေပြီ "

Perth မ,ထိန်းပေးထားတာကနေ ရုန်းပြီးထတော့

" အ "

ခုမှ တကယ်ထိတဲ့နေရာကို သိရပြီ ၊ ခြေထောက်က ထောက်မရတော့အောင် နာကျင်တာ ...

Perthက အလျင်အမြန် ကျွန်တော် style Pant ကို ဆွဲမလိုက်တော့ ငုံကြည့်လိုက်တော့ တိုက်မိထားလို့ ညိုမဲစွဲတာရော... ထောက်မရအောင် နာလာတာရောနဲ့

" ကျိုးသွားပြီလား "

အမြွှာနှစ်ယောက်ထဲက တစ်ယောက်က မေးလေသည်။

" မသိဘူး နာတယ် "

" ပြောပါတယ် လာ ဆေးရုံသွားကြမယ် "
ပြောလည်းပြော လက်တစ်ဖက်ကို ဆွဲယူ သူပုခုံးပေါ်တင် ကားရှိလျှောက်ဖို့ လုပ်လေသည်။ ပါးစပ်ကနေလည်း

" အငယ်ကောင် ဟိုဘက်က မ,လေ... AJ မင်း မောင်းလိုက်တော့ "

သူ့ဟာနဲ့သူ အစီစဉ်ချပြီး ကားနောက်ခန်းမှာ သူနဲ့ ကျွန်တော် ၊
အရှေ့မှာတော့ ဟို ညီအစ်ကို နှစ်ယောက် ။ ကားနဲ့ လာကြတာဆိုတော့ ဘောစိလေးတွေ ထင်တယ်။

JJ : Perth ဒီက P' နဲ့က ဘယ်လိုသိ "

Perth ဘာပြောမလဲတစ်ချက် ကြည့်လိုက်မိသည်။သူ ခုလို့ အေဂျင်စီနဲ့ Blind Dateလုပ်တာမျိုးကို သူ့သူငယ်ချင်းတွေသိပါ့မလား။

ဒီလို‌တက္ကသိုလ်ကျောင်းသား အပြင်မှာလည်းအေးဆေး gf,bf ရနိုင်တဲ့သူက ကုမ္ပဏီမှာပါ ဖောင်လာတင်ထားတာမျိုးဆိုတော့ သူလည်း ကိုယ့်လိုမျိုးလို့ တွေးမိတာကြောင့် တခြားထွေထွေထူးထူးတော့ ထပ်မတွေးမိခဲ့ဖူး‌လေ။ အဲ့တာကြောင့် သူ့သူငယ်ချင်းတွေကိုလည်း သူ့ ဖြစ်တည်မှု့ကို ဖုံးထားလောက်မလား။

" တနင်္ဂနွေနေ့က တွေ့ခဲ့တဲ့ အစ်ကို "

AJ : အာ့ဆို ဟို Blind Date က "
အံ့ဩတဲ့ လေသံနဲ့ ကားမောင်းရင်း အနောက်တစ်ချက် လှည့်ကြည့်လာတယ် ။ ဘေးခုံက ရုပ်တူ နောက်တစ်ယောက်ကိုကြည့်တော့ မျက်တောင် မခက်ကြည့်နေတယ်။ သူတို့ ကြည့်ပြီး ကိုယ်မှာ လူလေးကျုံ့သွားသလို ရှက်လာမိတော့သည်။

ထင်ထားသလို မဟုတ်ဘဲ သိနေကြတာဆိုတော့ ဘယ်လိုနေရတော့မလဲ ။

" အဟမ်းး JJ "

JJ : P' ကျွန်တော့် နာမည် JJ Chayacornပါ " လက်လေးတစ်ဖက်ပါ အရှေ့ထုတ်ပေးလာတော့ ယောင်းပြီး လက်ဆွဲနှုတ်ဆက်မိတော့မလိုဖြစ်ပေမဲ့ ကြားထဲကနေ Perthက JJဆိုတဲ့တစ်ယောက်လက်ကို ပုတ်ထုတ်လိုက်သည်။ ကားမောင်းတဲ့ တစ်ယောက်ကလည်း AJ Chayacorn ဆိုတာကို မိတ်ဆက်လေသည်။
သူတို့ ဘယ်လိုများ ကြားထား သိထားလဲ ။ ဘေးနားက Perthကို ကြည့်တော့ မလုံမလဲနဲ့ အကြည့်တွေလွှဲ ခေါင်းတွေငုတ် ။

" Perth"
တိုးတိုးလေးခေါ်လိုက်တော့ မျက်ခုံး ပင့်ပြတယ် ၊အဲ့တာနဲ့ အနားကို လက်ယှက်ခေါ်မိပြီး

" သူငယ်ချင်းတွေလည်း သိတာပဲလား ပြောပြထားတာလား "

" သူတို့က အကုန်သိတယ် ၊ အစ်ကို ရှက်လို့လား "

" မရှက်ပါဘူးး ... ဟက်ချိုး .. အား sorry "
" ချေပြန်ပြီ ... ရော့ တစ်သျှူးး "

AJ,JJ : အဟမ်း၊ အဟမ်း အဟွတ် အဟွတ် "

" မင်းတို့ ပါးစပ်ပေါက်တွေ ပိတ်လိုက် "

ဒါက သူ့သူငယ်ချင်းတွေနဲ့ နေတဲ့ ပေါ့ပေါ့ပါးပါး စတိုင်ဖြစ်လိမ့်မယ် ။ ကိုယ်နဲ့ဆို လူကြီးလိုလိုနေတတ်တာ ။

အဲ့လိုနဲ့ ဆေးရုံရောက်တော့ ဝှီးချဲနဲ့ ထိုင်ကာPerthက တွန်းပေးရင်း အရေးပေါ်ဌာနနေရာသို့ ။ ရုံးကိုတော့ ကားပေါ်မှာထဲက ပုံတွေပါ ရိုက်ပို့ ခွင့် တိုင်လိုက်‌ရတော့သည်။

ဒီခြေထောက်နဲ့ ဘယ်လိုများ ရှေ့ဆက်သွားရပါ့မလဲ ...

*****

အရေးကြီးတဲ့ အတန်းချိန် နောက်ကျလို့ အမြန်မောင်းချလာခဲ့မိတာ မထင်မှတ်ထားပဲ ကျောင်းပေါက်ဝ အရှေ့မှာ ဖြတ်ပြေးဝင်လာတဲ့တစ်ယောက်ကို ကားနှင့် တိုက်မိလေသည်။ ဆင်းကြည့်တော့ ပိုအံ့ဩစရာကောင်းအောင် ... သူရဲ့ Blind Date က ရေစက် P' Chimon Wachirawit

ထိသွားတဲ့ ပွန်းပဲ့ရာတွေက သူအသားရေ နုနလေးပေါ်မှာ ... ထိသွားတဲ့ ခြေထောက်ကလည်း မကျိုးသွားပေမဲ့ ဆေးစည်း နှစ်ပတ်လောက်က ဂျိုင့်ထောက်အကူနဲ့ ‌သွားလာရလိမ့်မယ် ။ ဆေးရုံစရိတ် ၊ တခြားဝယ်တာ အကုန်ရှင်းပေးတော့ အတင်းလိုက်တားနေလေရဲ့ ။ တိုက်ထားမိတာကိုလည်း အပြစ်မတင်... ဒီလူ ဘယ်လို လူလည်း အားနာရအောင်တွေ လုပ်နေတာ။ ခုလည်း

" လိုက်မပို့နဲ့တော့ အတန်းချိန်တွေ ရှိတယ်မလားး "

" ရပါတယ် ၊ လိုက်ပို့တာ ငြိမ်နေပေးလိုက် "
စိတ်က သူ့ကြည့်ပြီး အားမရကဖြစ် ၊ ဒီလိုပုံစံနဲ့ ဒီလူလောကနဲ့တော့ ... ခက်နေပါပြီ ။

" ဟို ဟို "

" အစ်ကို "
အသံလေး နည်းနည်းဖိခေါ်လိုက်သည်။

" အင်းပါ "

" ဒီလို ဂျိုင်းထောက်နဲ့က အသားကျမှာ မဟုတ်ဘူး "

နောက်ဆုံးတော့ အသာတကြည်နဲ့ လိုက်ပို့ခံလေသည်။ အိမ်က တိုက်ခန်းကိုမှ ပထမထပ်မို့ တော်သေးသည်။ အရမ်းအကျယ်ကြီးရယ်တော့ မဟုတ် အိပ်ခန်းတစ်ခုသာ ပါဝင်သည် ။

JJ : P' တစ်ယောက်ထဲနေတာလားး "

" အင်း ဟုတ်တယ် မိဘတွေက ချင်းမိုင်မှာ
ထိုင်ကြဦး အခန်းက ရှုပ်ပွနေတယ် ၊ အလုပ်နောက်ကျနေတာရော "

AJ : P' တောင်းပန်တယ်နော် ဒီနေ့ကားက ကျွန်တော်မောင်းလာမိတာ "

Ajက လိမ်သည်။ အမှန်တကယ် မောင်းလာတာ ကျွန်တော်သာ။ ကိုယ့်ကို စိတ်ကွက်မှာစိုးလို့လား မသိ သူကဖုံးပေနေလေတော့သည်။

" ရပါတယ် ဒီနေ့မှ ကံ‌က မကောင်းဖြစ်နေတာ ဒါနဲ့ ကားပိုင်ရှင်ကရော ဘယ်သူလဲ ရဲနဲ့ စကားနည်းနည်းပြောရမယ်ထင် "

AJ ; အဲ့တာက ..."

" သူ့ညီ JJ ကား လေ "

AJ စကားကို လှမ်းပိတ်ရင် အမြန်ဝင်ပြောလိုက်သည်။

AJ : ဟုတ်တယ် သူ့ကား ၊ Perth နဲ့က မဝေးတော့ဝင်ခေါ်နေကျ "

" ညီအကို နှစ်ယောက်ကိုမှ သူ့ကား ကိုယ့်ကား ကွဲသေးတာလားး "

JJ : ကျွန်တော်တို့ တစ်ယောက်တစ်ကားရှိတယ် အလှည့်ကျ မောင်း တစ်ခါတလေ တစ်ယောက်တစ်စီး ထွက်ဖြစ်တယ် "

ဒါကတော့ လိမ်တာမဟုတ် ၊ ဒီနေ့ကားကတော့ ကိုယ့်ကားဆိုပေမဲ့ သူတို့နှစ်ယောက်မှာလည်း ကားရှိကြသည်။ ခိုခိုပြီး သူများကားလိုက်စီးတာလေးပဲ ဆိုးတာ ။

" Perth ကရော ကားထားခဲ့တာလား "

" ဟင့်အင်း ... ကျွန်တော့်မှာ ကားမရှိဘူး သူတို့နဲ့ ခိုခိုစီးတာ "
အမြွှာနှစ်ယောက်က ပြူးကြောင်ကြောင်နဲ့ပေါ့။

" ဒါပေမဲ့ ကျွမ်းကျွမ်းကျင်ကျင်တော့ မောင်းတတ်တယ်နော် ပြိုင်ကား ဘာညာ အကုန်ရတယ် "

အရာအားလုံးတော့ မလိမ်ချင်တာမို့ ပြောပြထားလိုက်သည်။ ဘာလို့ လိမ်မိလည်းတော့ ကိုယ့်ကိုယ်ကိုယ်လည်း သေချာ မရှင်းလင်း။ ဒါပေမဲ့ စိတ်ကရော ဦးနှောက်ကရော အဲ့ကို ညွှန်းပြနေတာနဲ့ အချို့အရာများကို ကွယ်ဝှက်လိုက်သည်။

" အအေးသောက်မလား မီးဖိုချောင်က ရေခဲသေတ္တာထဲမှာ... "

" အိမ်ရှင် ယူတိုက်... "

အဲ့စကားကြောင် အနာနဲ့ပတ်တီးစည်းထားတဲ့သူက ခဏလောက် ကြောင်တောင်တောင်လေးကြည့်ပြီးမှ .. ဂျိုင်းထောက်နဲ့ ထ မလို့ လုပ်လေသည်။

" ဟာ ... စတာ , စတာ ... အစ်ကို့ကို စရတာ ပျော်ဖို့လည်း မကောင်းဘူး "

သူက တကယ်ကို သည်းခံပေးထားနိုင်တယ် ၊ သည်းမခံနိုင်တော့ရင်လည်း ဒီလိုမဟုတ်တာကို မြင်ဖူးထားတော့ သူ ဘယ်လောက်ထိ သည်းခံနိုင်လည်း စိမ်းကြည့်မိတာ ။
စွာတာကြည့်ချင်မိတယ်ဆိုတာကတော့ Perthရဲ့ မသိစိတ်ထဲက နောက်တစ်ကြောင်းဖြစ်ပါလိမ့်မယ် ။

JJ : မင်းကလည်း ငါတို့တောင် တကယ်ထင်သွားတာ "

" ပြန်ရအောင် နောက်ဆုံးအတန်းချိန်တော့ တက်ရဦးမယ် ... ဒါနဲ့ Chi က တစ်ယောက်ထဲ ဖြစ်တယ်မလား "

" ဘယ်လို "
သူ့ကို အစ်ကိုလို့ခေါ်နေရာက Chi လို့ ပြောင်းခေါ်လိုက်လို့ အံ့ဩသွားတာဆို ပိုမှန်လိမ့်မည် ။ တစ်နှစ်ထဲ ကွာတာလေးကို အစ်ကိုကအသက်အရမ်းကြီးမလားလို့‌ စမ်းပြီးပြောင်းခေါ်ကြည့်မိတာ။

" ဟို တစ်ယောက်ထဲ အဆင်မပြေရင် ကျွန်တော်လာနေပေးရမလားး "

" ရပါတယ် .. ကိစ္စမရှိဘူး "

" ညကျရင် စားဖို့လာပို့.... "

" ဘာမှ မလုပ်ပေးပါနဲ့ မင်းတို့ ကားနဲ့တိုက်မိလို့လည်း အားမနာနဲ့ ကိုယ်တိုင်အမှားလည်း ပါတာကြောင့်ပါ ... ခုဝယ်ထားတာတွေနဲ့လည်း လုံလောက်တယ် ... အတန်းချိန် လွတ်မယ် ပြန်တော့ "

လူကိုယ်တိုင် ဂျိုင်းထောက်နဲ့အတူ ထ လျှောက်လာပြီး ပြောတော့ ကိုယ်တွေကြောင့် ရပ်နေရမှာ စိုးတာနဲ့ အမြန်ပြန်ဖို့ လက်တို့ တွန်းကြရင်းနဲ့ တံခါးပေါက် ရောက်တော့ လက်ကို ဖုန်းပုံစံလုပ် နားနားကပ်ကာ

" တစ်ခုခုဆို ဖုန်းဆက်လိုက်နော် "

ပါးစပ်က ပြန်မဖြေပေမဲ့ ခေါင်းတော့ ညိတ်ပြသည်။

" ဒါနဲ့ 8 ကြိမ်က 8 ကြိမ် ခုလိုတွေတာကတွေ့တာ သပ်သပ်နော် "
သူငယ်ချင်းတွေ ဘေးရှိလို့လားမသိ အင်းလည်း မလုပ် အယ်လည်း မလုပ်... ။အဲ့တာနဲ့ တာ့တာပဲပြ ၊ သူ့ ခြေထောက် ဒဏ်ရာကို တစ်ချက် ငုံ့ကြည့်မိပြီးမှ လှည့်ထွက်လာခဲ့တော့သည်။

ကားပေါ်ရောက်တော့ ...

AJ : မင်းက တကယ့် သူ့ bf ပုံစံကြီးလိုမျိုးပဲ "

JJ : ဟုတ်တယ် ၊ ဂရုစိုက်တတ်နေတာများ ၊ တကယ်ကြီးများး "

" အဲ့လိုလည်း မဟုတ်ပါဘူးး "

ကျွန်တော် လေပူ တစ်ချက်ကို မှုတ်ထုတ်ရင်းး ‌ပြန်ဖြေဖြစ်တယ် ...။ ကားထဲမှာ လေအေးပေးစက်နဲ့ အေးနေလည်း ချွေးတွေပြန်နေသလိုပါပဲ ။

AJ : မနေ့က ညနေတုန်းကကျ နောက်ထပ်တွေ့ဖို့ကို မလုပ်တော့ဘူး ဘာညာဆိုပြီး ဖုန်းထဲ ဂဂျီတိုက်နေတာ ဘယ်သူလဲ ခုကျ ဘာတဲ့ JJ "

AJက ကားမောင်းရင် JJကို လှမ်းပုတ်တယ်

JJ : တစ်ခုခုဆို ဖုန်းဆက်နော် ... ၈ကြိမ်က ၈ကြိမ်ပဲ "
အမူရာနဲ့ အသဲက ပျော့ပြောင်းပြီး ချွဲပစ်နေသလိုလို

" ဟျောင့်တွေ ငါ အဲ့အသံတော့ မဖြစ်ဘူး "

JJ : မဖြစ်လည်း ငါတို့နဲ့ဆက်ဆံသလိုတော့ မဟုတ်ဘူး ကွဲတယ် ဒီတိုင်း ကော်ဖီသောက်မုန့်စား ဆိုတာက ‌ပါလိုက်သေးတယ် ခုလိုမြင်မှပဲ "

" ဟ မင်းတို့ ပြောသလို သူရယ် ငါရယ် တွေ့ဆုံခဲ့တာက သူငယ်ချင်း မဟုတ်ဘူး မိတ်ဆွေ မဟုတ်ဘူး အတွဲကွ အတွဲ ... နှစ်ဦးနှစ်ဖက် တကယ့် LGBT သမားတွေဆို ဒီတွေ့ရမဲ့ ရှစ်ကြိမ်က ရည်းစားလို သွားကြည့်မှာ ပြီးမှ မြဲတာ မမြဲတာထား "

အသံက တိတ်သွားလို့

" ငါပြောတာ နားလည်လား ၊ ဒီရှစ်ကြိမ် တွေ့ဆုံမှု့မှာ သူရယ် ငါရယ်က အတွဲသဘောပဲ ... ပြီးသွားမှ တကယ် စိတ်ဝင်စားရင် အတည် ၊ မဟုတ်ရင် ဆက်ခင်မင် သို့မဟုတ် တစ်ယောက်တစ်လမ်းလျှောက် "

JJ : နားလည်တယ် နားမလည်တာက မနေ့က ညဘက်မတိုင်ခင် ညနေဘက်ကြီး ဖုန်းဆက်ပြောတုန်းက ရှေ့ဆက်မသွားဘူးပြောပြီး ဘာလို့ ခု အဲ့ အစ်ကိုရှေ့ကျ တစ်မျိုး ဖြစ်နေရတာလဲ "

" အဲ့လိုဖြစ်သွားရတဲ့ အကြောင်းရှိတယ် "

ဒီ အစ်ကိုနဲ့က ရေစက်တွေပဲလို့ ပြောရမလား ၊ ကိုယ်ရပ်တန့်လိုက်ဖို့ တွေးပြီး စီစဉ်ပြီးတာတောင် ရပ်လို့ မရတဲ့အကြောင်းအရာ တစ်ခုပေါ်လာတယ်။ အဲ့အကြောင်းအရာကို စိတ်ထဲ မဆုံးဖြတ်ရသေးခင်မှာပဲ ... ခုလို အပြင်မှာ ထပ်တွေ့ပြန်တယ်။ ဒါက ရေစက်ပဲမလား။

AJ : ဆက်ပြောလေ "

" ငါ့ ကားပြန်ရဖို့ ပြိုင်ပွဲရှိတယ်လေ "

JJ : အင်း အဲ့တာ ဘာပြိုင်ကြမှာလဲ ပွဲဘယ်နေ့လဲ ပြီးတော့ အဲ့တာနဲ့ ဘာဆိုင် "

" ပွဲက နေ့ရက်တိုင်းပဲ အဆုံးအဖြတ်ကတော့ တစ်စုံတစ်ဦးရဲ့ ဆုံးဖြတ်ချက်နဲ့ ဆိုင်လိမ့်မယ် "

" ဟမ် မင်းဟာက ဘယ်လိုကြီးလဲ "

" ဟုတ်တယ် ... ဘာသဘောမှန်းကို ငါလည်း နားမလည်ဘူး ၊ ဒီလိုကိစ္စမျိုးက ဘာမှမဆိုင်တဲ့ တခြားတစ်ယောက်ပါ ပါဝင် ပတ်သက်ရမယ်ဆိုတော့ "

တီ..တီ

AJ : အဲ့တာက ဘာလဲ ၊ မင်း ခုလို တွေဝေတာတွေ ခုလို စကားကိုပတ်နေတာတွေ အရင်က ရှိမှ မရှိတာ အဲ့တော့ ခုက ဘယ်လိုမျိုးပွဲလဲ "

AJက ကားအရှေ့ကို ဟွန်းတီးရင်း လှည့်မေးက စိတ်မရှည်တော့

" အဲ့တာက ခု ငါ တွေ့ခဲ့တဲ့ Blind Date ကတစ်ယောက်ကို ရအောင်လိုက်ရမှာတဲ့ ၊ ပြောရရင် ငါလိုက်လို့ အဲ့တစ်ယောက်က ငါကို သဘောကျတယ် ၊ ချစ်တယ်ဆိုရင် ဒီပွဲ ငါနိုင်ပြီ ။ အငြင်းခံရရင် ရှုံးပြီ ကားလည်း တကယ် ဆုံးပဲ "

" ဟမ် " "ဟမ် "

"တွေ့လား မင်းတို့လည်း အဓိပ္ပါယ် မရှိတာကြီးလို့ ထင်တယ်မလား"

JJ : နေဦး သူက မင်းကို နိုင်စေချင်နေတာလား၊ ရှုံးစေချင်တာလား ၊ ဒီလို ယောကျာ်းလေးချင်းတွေ့တဲ့ Blind Date က လူကို ရနိုင်ဖို့ဆိုတာ 80%ကတော့ သေချာတယ် မဟုတ်ဘူးလား "

" မဟုတ်ဘူး ... အစ်ကိုကတော့ မဟုတ်ဘူး "

AJ : အင်း သူပုံက သာမာန် ယောကျာ်းလေးပုံစံပဲဆိုပေမဲ့ မင်းကိုတော့ ကြည့်တာ တစ်မျိုးလေးပါ ၊ JJပြောတဲ့ 80%တော့ မဟုတ်ဘူး 50%တော့ ရနိုင်ပါတယ် "

" ငါ အစက တွေး‌ဝေနေပေမဲ့ ... ခုလို ထပ်တွေ့တော့ ဒီပြိုင်ပွဲထဲ ခုန်ဝင်ချလိုက်ဖို့ သေချာသွားသလိုပဲ ၊ မကြိုက်ဘဲနဲ့ လုပ်ရတာက တစ်ဖက်ကိုများး "

AJ : မင်း ကားက ပြန်မရရင် အမျိုးတွေအားလုံးက ရေ(ငွေ)ဖြတ်ပြီး စည်းကမ်းတင်ကြပ်မှာနော် ၊ အဲ့တာကျတော့ရော "

အဲ့တာကလည်း ဟုတ်တယ်။ ကားပြန်မရလို့က မရ ။

" အဲ့တာထား ငါက ယောကျာ်းလေးမှ မကြိုက်ဖူး မလိုက်ဖူးတာ "

JJ: ဟားးဟားး ဟားး "

" ဘာရယ်တာလဲ "

JJ : ခုပုံစံအတိုင်းတောင် အိုခေတယ် သူငယ်ချင်း မင်းသရုပ်ဆောင်တာ Perfectပဲ ဘာတဲ့ ကားခိုလိုက်စီးတာတဲ့ ဟားးဟားး သူ သူဌေးသားဆိုတာ သိရင် ဟို အစ်ကိုက လက်သင့်မခံမှာစိုးနေတာ ထင်တယ် "

တကယ်ပဲ အဲ့တာကြောင့်လား တကယ်ပဲလည်း ဖြစ်နိုင်တယ် ၊ အဲ့ အစ်ကိုပုံက အခြေနေမတူဘူးဆိုတာနဲ့ လက်သင့်မခံလောက်မဲ့ သူလို့ ခံစားမိတယ် ။ ပြီးတော့ တကယ်ပဲ ' သူ သရုပ်ဆောင် ကောင်းနေခဲ့တာလား '

Continue...

Note : ကွဲကွဲပြားပြားလေး ဖြစ်ချင်လို့ Chimon ကို perthခေါ်တဲ့ အခေါ်ဝေါ်က 'အစ်ကို' လို့ ရေးပြီး တခြားသူတွေအခေါ်ဝေါ်ကိုတော့ ထိုင်းကခေါ်သလို P' လို့ရေးထားပါတယ်နော် 🤍

Update ကြာလို့ ခေါ်ထို့ခ 🥺၊ မြန်အောင် ကြိုးစားပါ့မယ်။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းရဲ့လားဆိုတာ စာဖတ်သူတွေဘက်က ခံစားချက်လေးကို သိချင်မိပါတယ် ။

ဖတ်ပေးကြသူ အားလုံးကျေးဇူးတင်ပါတယ် 🙆🏻‍♀️🖤💛

2:09@m
Dec 1 ,2023 (Fri)

×××××
Zawgyi

Meeting စခါနီးမွ ဝင္လာတဲ့ ဖုန္း call တစ္ခုက ခုလို အားတဲ့အခ်ိန္က် ထပ္ဝင္မလာေတာ့ ။ ကိုယ့္ဘက္ကပဲ ဆက္ရမလား ေတြးေပမဲ့ အဲ့လို ဖုန္းဆက္ဖို႔ဆို မိမိမွာ အၿမဲ ေတြေဝတတ္သူ ျဖစ္သည္။

" ၈ ႀကိမ္ , ၈ႀကိမ္ "

သူ တကယ္ ဘာမွကို မသိ ၊ ဒီတိုင္း formတင္လိုက္တာကလြဲလို႔ တကယ္ ဘာမွ မသိ ။ တကၠသိုလ္ေနာက္ဆုံးႏွစ္ေက်ာင္းသားေရွ႕မွာ သူ ငတုံး ျဖစ္ေနၿပီလား ။ တစ္ႏွစ္သာ ငယ္တာ တခ်က္ခ်က္ သူက လူႀကီးလို ။

" ေအာ္ ဒါနဲ႕ သူေမးသလို ငါ ဘာလို႔ ျပန္မေမးခဲ့တာလဲ "

ကိုယ့္ေပါင္ကိုယ္ရိုက္လိုက္ရင္း ကိုယ့္ကိုယ္ကိုယ္ အားမလို ၊ အားမရျဖစ္မိသည္ ။ သူေမးသလို ' ေယာက်ာ္းေလးတြဲဖူးလား ၊ မိန္းကေလးေရာ ' ဒီဟာေတြ ျပန္ေမးသင့္တာ။

* တီ ... တီ..တီ *

၁၁နာရီ ေက်ာ္ေနၿပီမို႔ အေတြးေတြ ရပ္ အိပ္ေတာ့မလို႔အလုပ္ ဖုန္းဝင္လာေလသည္ ။ သူရွိ ဆက္စရာက အလုပ္ထဲက အထက္က မန္ေနဂ်ာအမႀကီးရယ္ ၊ Marc ရယ္ ၊ ဟိုတစ္ေယာက္ရယ္ ။
ေသခ်ာတာေတာ့ ဟိုတစ္ေယာက္ျဖစ္ဖို႔မ်ားသည္။ က်န္တဲ့ႏွစ္ေယာက္က ဒီခ်ိန္ သူ အိပ္ၿပီဆိုတာ သိသည္။

" ဟယ္လို "

" အိပ္ေနၿပီလား "

" အိပ္ေတာ့ မလို႔ "

" အာ့ဆိုလည္း ဒါပဲေလ "

ဒီတစ္ေယာက္ ဖုန္းဆက္တိုင္း လာ ေဆာ့ေနတာလား

" ခဏ ....ေန႕လယ္က ေျပာစရာရွိတယ္ဆို ေျပာေလ "

" ဟုတ္တယ္ ေန႕လယ္က ေျပာစရာရွိေနတာ ဒါေပမဲ့ ခုကေတာ့ အဲ့အေၾကာင္းတရား မေျပာျဖစ္ေတာ့ဘူး "

ဘာလဲဆိုတာ သိခ်င္ေပမဲ့ တဖက္က မေျပာျဖစ္ေတာ့ဘူးဆိုေတာ့လည္း သူ မေမးျဖစ္ေတာ့ပါ။

" မေျပာျဖစ္ေတာ့ဘူးဆို ဘာလို႔ ဖုန္းဆက္ေနေသးတာလဲ "

" ဟင္ ... "

" မသိခ်င္ဘူးလား ေျပာစရာရွိတယ္ဆိုၿပီး ဖုန္းဆက္ထားတာကို ထပ္မဆက္ေတာ့တဲ့အခါ ဘာေျပာမလို႔လဲ အေရးႀကီးလား ဘာလဲဆိုတာ "

" ဟင့္အင္း မသိခ်င္ပါဘူး .. ဟက္ခ်ိဳး "

ခ်ီး...

" အေအးမိထားတာလား "

" မဟုတ္ဘူး ..ဒီတိုင္းပဲ ... "

" အာ့ဆို အိပ္ေတာ့ေလ .. ကြၽန္ေတာ္က ဖုန္းေစာင့္ေနမွာစိုးလို႔ ဆက္လိုက္တာ "

အဲ့လိုနဲ႕ good Night ဘာညာေျပာၿပီး ဖုန္းခ်သြားသည္ ။ေန႕လယ္က သူေျပာခ်င္ေနတဲ့ အေၾကာင္းလည္း တကယ္မေျပာသြားခဲ့။
သိတာသိပ္မၾကားေသးလို႔ပဲလား မသိ ၊ တစ္ဖက္က နားလည္ရခက္တယ္လို႔ပဲ ေျပာရမလား။ တစ္ခုခုကို ေျပာခ်င္ေနတယ္ထင္ရၿပီးေတာ့ ခုက် မေျပာခ်င္ေတာ့ဘူးလည္း ထင္ရျပန္တယ္။

' ေက်ာင္းသားေတြ ဘာေတြစိတ္ဖိစီးေနလဲ '

မအိပ္ခင္ ကုတင္ေပၚ၌ အေတြးေတြက
' ေယာက်ာ္းေလးခ်င္းေတြ႕ေတာ့ေရာ ငါစိတ္ေတြ ဘယ္လိုေနလဲ '
ဒါက ကိုယ့္ကိုယ္ကိုယ္ ျပန္ၿပီး ေမးခြန္းထုတ္မိတဲ့ ေမးခြန္းတစ္ခု ၊ ဒါကို သိခ်င္လို႔ပဲ ဒီလမ္းကို ေ႐ြးခဲ့မိတာမလား။

အေျဖကေတာ့ - ပထမဆုံး စိတ္ခံစားခ်က္အရ အတြဲအေနနဲ႕ေယာက်ာ္းေလးခ်င္းလက္သင့္ မခံနိုင္စရာ မရွိခဲ့ဘူး။ ဒါက တစ္ဖက္လူေၾကာင့္ပဲလား ...

သူ႕မ်က္ဝန္းေတြမွာ နားမလည္နိုင္တာ အခ်ိဳ႕ရွိေပမဲ့လို႔ သူျပဳမူသြားတဲ့ အျပဳမူအခ်ိဳ႕ကေတာ့ ဦးေဆာင္တတ္တယ္ ၊ ဂ႐ုစိုက္မႈ႕ရွိတယ္ လို ထင္မိတယ္ ( အေသအခ်ာမဟုတ္ေပမဲ့လို႔ )။ သူနဲ႕ဆို အေရွ႕နည္းနည္း ဆက္ၾကည့္ခ်င္တဲ့ စိတ္ ျဖစ္မိတာေတာ့ အမွန္တကယ္ပင္ ။

တခ်ိဳ႕ေရစက္ေတြက သူတို႔ soul အခ်င္းခ်င္းကိုက သိေနတာမ်ိဳးလို႔ ၾကားဖူးတယ္

အဲ့တာေတြေၾကာင့္ပဲလား ကိုယ္ဟာ လူေတြနဲ႕ရင္းႏွီးမလြယ္ေပမဲ့ သူနဲ႕ေတာ့ အမ်ားႀကီး မခက္ခဲေနခဲ့ ။
.
.
.
" ေနာက္က်ျပန္ၿပီ "

အအိပ္မက္တတ္တဲ့ ကိုယ့္အျဖစ္က အလုပ္ေနာက္က်ရက္ေတြ မ်ားခဲ့သည္။ အလုပ္ဝင္တာမွ ႏွစ္ပတ္မွာ ငါးရက္ေလာက္ရွိေနၿပီထင္တယ္ ။

တီ .. တီ.. တီ

" ဟယ္လို P'Nin လာေနၿပီ ေရာက္ေတာ့မယ္ "

အိမ္က ထြက္ခါနီးကို အလုပ္ထဲက ဆရာႀကီး လုပ္တဲ့တစ္ေယာက္က ဦးေအာင္ ဆရာလုပ္ ဖုန္းဆက္ေလၿပီ ။

' ေက်ာင္းပဲ ျပန္တက္လိုက္ခ်င္ေတာ့တယ္ '

ေနာက္က်ပါတယ္ဆို ကိုယ္စီးတဲ့ bus က အလုပ္မေရာက္ခင္ တစ္မွတ္တိုင္မွာ ပ်က္တယ္ ။

လူေတြရဲ႕ ပြစိပြစိၾကားကေန အျမန္ တိုးေဝွ႕ၿပီး တစ္မွတ္တိုင္ကို ေျပးရပါေတာ့တယ္ ။

" ဒီေလာက္ေဝးတဲ့ တစ္မွတ္တိုင္မွာမွ ပ်က္ရတယ္လို႔ကြာ "

ဒီမွတ္တိုင္ၾကားထဲမွာ ပုဂၢလိက တကၠသိုလ္ တစ္ခုကလည္း ရွိေနျပန္ေတာ့ လူက ေက်ာင္းတက္ေက်ာင္းဆင္းခ်ိန္ဆို ရႈပ္

" နည္းနည္းေလး ဖယ္ေပးပါေနာ္ "

ဒီေနက်မွ ဒီနားမွာ လူေတြ အုံေနတာလဲ ။ သူတို႔ idoLေတြ ဘာေတြ ေက်ာင္းလာလို႔လား။

သူတို႔ကို ေက်ာ္လြန္ၿပီး အရွိန္နဲ႕ ေျပးလိုက္စဥ္မွာပဲ

' ကြၽီးး '

ကားတစ္စီးေကြ႕လာတာနဲ႕ ေျပးလာတဲ့ မိမိနဲ႕ မိတ္ဆက္ေလသည္။ တဖက္က အရွိန္ေလ်ာ့ခ်လိဳက္ေသာလည္း ေရွာင္ခ်ိန္ေတာင္မရေတာ့တဲ့ ကိုယ့္မွာေတာ့ ထိုအခိုက္တန႔္အတြင္း မ်က္လုံးမ်ားသာ မွိတ္ခ်လိဳက္မိေတာ့သည္။

ေဘးက အသံေတြ ၊ ကားတံခါးဖြင့္လာတဲ့ အသံေတြ ၊ အဲ့ထဲတြင္

" အစ္ကို? "

" ေဟ့ မင္းနဲ႕ သိတဲ့သူလား "
သူတို႔ ပုခုံးကေန မၿပီး လာလႈပ္ၾကတဲ့အခါ မ်က္လုံးဖြင့္ၾကည့္လိုက္မိေတာ့ မထင္မွတ္ထားတဲ့ သူ

" Perth ... "

" ဟုတ္ ... ဘာျဖစ္သြားေသးလဲ ဘယ္ေနရာ ထိသြားလဲ "

ကိုယ့္ဘာသာ ၾကည့္လိုက္ေတာ့ လက္ဖ်ံေတြ တံေတာင္ေတြ စုတ္ျပတ္သြား ၊ ႐ုတ္တရက္ လန႔္သြားတဲ့အရွိန္နဲ႕ ေရာ ေခါင္းနည္းနည္း မူးသြားေပမဲ့

" ရတယ္... ေခ်ာ္လဲက်တာနဲ႕ ထိ႐ုံ... "

" မဟုတ္ဘူး P'ကို တိုက္မိသြားတယ္ " " ဟုတ္တယ္"

ဒီစကားကေတာ့ perthရွိက လာတာမဟုတ္ သူ႕ေဘးက တစ္ေယာက္ရွိကျဖစ္သည္။ ေခါင္းနည္းနည္းမူးေနတဲ့အရွိန္နဲ႕ ၾကည့္လိုက္လို႔လား မသိ ၊ မ်က္ႏွာေတြက နည္းနည္းဝါးၿပီး ႏွစ္ထပ္ ႏွစ္ေယာက္ ျဖစ္ေနသလို ....

" ႏွစ္ထပ္ေတြ ျဖစ္ေနတယ္ "

ႏွစ္ထပ္ျဖစ္ေနတဲ့ ေနရာေတြကို လက္ႏွစ္ေခ်ာင္းခြၿပီး ထိုးျပရင္းး

" မဟုတ္ဘူး P' ကြၽန္ေတာ္တို႔က ႏွစ္ေယာက္ "

" ဟင္ "

" သူတို႔က အႁမႊာေတြ .. ထ ... ဒီနားက ေဆးေပးခန္း ျဖစ္ျဖစ္ သြားလိုက္တာ ေကာင္းမယ္ "

နည္းနည္းနာလာၿပီ ဆိုေပမဲ့ သူ႕မွာ အလုပ္ကေနာက္က်တာကို ေတြးမိျပန္တယ္

" အားး ရတယ္ ... အလုပ္ ..အလုပ္ေနာက္က်ေနၿပီ "

Perth မ,ထိန္းေပးထားတာကေန ႐ုန္းၿပီးထေတာ့

" အ "

ခုမွ တကယ္ထိတဲ့ေနရာကို သိရၿပီ ၊ ေျခေထာက္က ေထာက္မရေတာ့ေအာင္ နာက်င္တာ ...

Perthက အလ်င္အျမန္ ကြၽန္ေတာ္ style Pant ကို ဆြဲမလိုက္ေတာ့ ငုံၾကည့္လိုက္ေတာ့ တိုက္မိထားလို႔ ညိုမဲစြဲတာေရာ... ေထာက္မရေအာင္ နာလာတာေရာနဲ႕

" က်ိဳးသြားၿပီလား "

အႁမႊာႏွစ္ေယာက္ထဲက တစ္ေယာက္က ေမးေလသည္။

" မသိဘူး နာတယ္ "

" ေျပာပါတယ္ လာ ေဆး႐ုံသြားၾကမယ္ "
ေျပာလည္းေျပာ လက္တစ္ဖက္ကို ဆြဲယူ သူပုခုံးေပၚတင္ ကားရွိေလွ်ာက္ဖို႔ လုပ္ေလသည္။ ပါးစပ္ကေနလည္း

" အငယ္ေကာင္ ဟိုဘက္က မ,ေလ... AJ မင္း ေမာင္းလိုက္ေတာ့ "

သူ႕ဟာနဲ႕သူ အစီစဥ္ခ်ၿပီး ကားေနာက္ခန္းမွာ သူနဲ႕ ကြၽန္ေတာ္ ၊
အေရွ႕မွာေတာ့ ဟို ညီအစ္ကို ႏွစ္ေယာက္ ။ ကားနဲ႕ လာၾကတာဆိုေတာ့ ေဘာစိေလးေတြ ထင္တယ္။

JJ : Perth ဒီက P' နဲ႕က ဘယ္လိုသိ "

Perth ဘာေျပာမလဲတစ္ခ်က္ ၾကည့္လိုက္မိသည္။သူ ခုလို႔ ေအဂ်င္စီနဲ႕ Blind Dateလုပ္တာမ်ိဳးကို သူ႕သူငယ္ခ်င္းေတြသိပါ့မလား။

ဒီလိုတကၠသိုလ္ေက်ာင္းသား အျပင္မွာလည္းေအးေဆး gf,bf ရနိုင္တဲ့သူက ကုမၸဏီမွာပါ ေဖာင္လာတင္ထားတာမ်ိဳးဆိုေတာ့ သူလည္း ကိုယ့္လိုမ်ိဳးလို႔ ေတြးမိတာေၾကာင့္ တျခားေထြေထြထူးထူးေတာ့ ထပ္မေတြးမိခဲ့ဖူးေလ။ အဲ့တာေၾကာင့္ သူ႕သူငယ္ခ်င္းေတြကိုလည္း သူ႕ ျဖစ္တည္မႈ႕ကို ဖုံးထားေလာက္မလား။

" တနဂၤႏြေေန႕က ေတြ႕ခဲ့တဲ့ အစ္ကို "

AJ : အာ့ဆို ဟို Blind Date က "
အံ့ဩတဲ့ ေလသံနဲ႕ ကားေမာင္းရင္း အေနာက္တစ္ခ်က္ လွည့္ၾကည့္လာတယ္ ။ ေဘးခုံက ႐ုပ္တူ ေနာက္တစ္ေယာက္ကိုၾကည့္ေတာ့ မ်က္ေတာင္ မခက္ၾကည့္ေနတယ္။ သူတို႔ ၾကည့္ၿပီး ကိုယ္မွာ လူေလးက်ဳံ႕သြားသလို ရွက္လာမိေတာ့သည္။

ထင္ထားသလို မဟုတ္ဘဲ သိေနၾကတာဆိုေတာ့ ဘယ္လိုေနရေတာ့မလဲ ။

" အဟမ္းး JJ "

JJ : P' ကြၽန္ေတာ့္ နာမည္ JJ Chayacornပါ " လက္ေလးတစ္ဖက္ပါ အေရွ႕ထုတ္ေပးလာေတာ့ ေယာင္းၿပီး လက္ဆြဲႏႈတ္ဆက္မိေတာ့မလိုျဖစ္ေပမဲ့ ၾကားထဲကေန Perthက JJဆိုတဲ့တစ္ေယာက္လက္ကို ပုတ္ထုတ္လိုက္သည္။ ကားေမာင္းတဲ့ တစ္ေယာက္ကလည္း AJ Chayacorn ဆိုတာကို မိတ္ဆက္ေလသည္။
သူတို႔ ဘယ္လိုမ်ား ၾကားထား သိထားလဲ ။ ေဘးနားက Perthကို ၾကည့္ေတာ့ မလုံမလဲနဲ႕ အၾကည့္ေတြလႊဲ ေခါင္းေတြငုတ္ ။

" Perth"
တိုးတိုးေလးေခၚလိုက္ေတာ့ မ်က္ခုံး ပင့္ျပတယ္ ၊အဲ့တာနဲ႕ အနားကို လက္ယွက္ေခၚမိၿပီး

" သူငယ္ခ်င္းေတြလည္း သိတာပဲလား ေျပာျပထားတာလား "

" သူတို႔က အကုန္သိတယ္ ၊ အစ္ကို ရွက္လို႔လား "

" မရွက္ပါဘူးး ... ဟက္ခ်ိဳး .. အား sorry "
" ေခ်ျပန္ၿပီ ... ေရာ့ တစ္သ်ႉးး "

AJ,JJ : အဟမ္း၊ အဟမ္း အဟြတ္ အဟြတ္ "

" မင္းတို႔ ပါးစပ္ေပါက္ေတြ ပိတ္လိုက္ "

ဒါက သူ႕သူငယ္ခ်င္းေတြနဲ႕ ေနတဲ့ ေပါ့ေပါ့ပါးပါး စတိုင္ျဖစ္လိမ့္မယ္ ။ ကိုယ္နဲ႕ဆို လူႀကီးလိုလိုေနတတ္တာ ။

အဲ့လိုနဲ႕ ေဆး႐ုံေရာက္ေတာ့ ဝွီးခ်ဲနဲ႕ ထိုင္ကာPerthက တြန္းေပးရင္း အေရးေပၚဌာနေနရာသို႔ ။ ႐ုံးကိုေတာ့ ကားေပၚမွာထဲက ပုံေတြပါ ရိုက္ပို႔ ခြင့္ တိုင္လိုက္ရေတာ့သည္။

ဒီေျခေထာက္နဲ႕ ဘယ္လိုမ်ား ေရွ႕ဆက္သြားရပါ့မလဲ ...

*****

အေရးႀကီးတဲ့ အတန္းခ်ိန္ ေနာက္က်လိဳ႕ အျမန္ေမာင္းခ်လာခဲ့မိတာ မထင္မွတ္ထားပဲ ေက်ာင္းေပါက္ဝ အေရွ႕မွာ ျဖတ္ေျပးဝင္လာတဲ့တစ္ေယာက္ကို ကားႏွင့္ တိုက္မိေလသည္။ ဆင္းၾကည့္ေတာ့ ပိုအံ့ဩစရာေကာင္းေအာင္ ... သူရဲ႕ Blind Date က ေရစက္ P' Chimon Wachirawit

ထိသြားတဲ့ ပြန္းပဲ့ရာေတြက သူအသားေရ ႏုနေလးေပၚမွာ ... ထိသြားတဲ့ ေျခေထာက္ကလည္း မက်ိဳးသြားေပမဲ့ ေဆးစည္း ႏွစ္ပတ္ေလာက္က ဂ်ိဳင့္ေထာက္အကူနဲ႕ သြားလာရလိမ့္မယ္ ။ ေဆး႐ုံစရိတ္ ၊ တျခားဝယ္တာ အကုန္ရွင္းေပးေတာ့ အတင္းလိုက္တားေနေလရဲ႕ ။ တိုက္ထားမိတာကိုလည္း အျပစ္မတင္... ဒီလူ ဘယ္လို လူလည္း အားနာရေအာင္ေတြ လုပ္ေနတာ။ ခုလည္း

" လိုက္မပို႔နဲ႕ေတာ့ အတန္းခ်ိန္ေတြ ရွိတယ္မလားး "

" ရပါတယ္ ၊ လိုက္ပို႔တာ ၿငိမ္ေနေပးလိုက္ "
စိတ္က သူ႕ၾကည့္ၿပီး အားမရကျဖစ္ ၊ ဒီလိုပုံစံနဲ႕ ဒီလူေလာကနဲ႕ေတာ့ ... ခက္ေနပါၿပီ ။

" ဟို ဟို "

" အစ္ကို "
အသံေလး နည္းနည္းဖိေခၚလိုက္သည္။

" အင္းပါ "

" ဒီလို ဂ်ိဳင္းေထာက္နဲ႕က အသားက်မွာ မဟုတ္ဘူး "

ေနာက္ဆုံးေတာ့ အသာတၾကည္နဲ႕ လိုက္ပို႔ခံေလသည္။ အိမ္က တိုက္ခန္းကိုမွ ပထမထပ္မို႔ ေတာ္ေသးသည္။ အရမ္းအက်ယ္ႀကီးရယ္ေတာ့ မဟုတ္ အိပ္ခန္းတစ္ခုသာ ပါဝင္သည္ ။

JJ : P' တစ္ေယာက္ထဲေနတာလားး "

" အင္း ဟုတ္တယ္ မိဘေတြက ခ်င္းမိုင္မွာ
ထိုင္ၾကဦး အခန္းက ရႈပ္ပြေနတယ္ ၊ အလုပ္ေနာက္က်ေနတာေရာ "

AJ : P' ေတာင္းပန္တယ္ေနာ္ ဒီေန႕ကားက ကြၽန္ေတာ္ေမာင္းလာမိတာ "

Ajက လိမ္သည္။ အမွန္တကယ္ ေမာင္းလာတာ ကြၽန္ေတာ္သာ။ ကိုယ့္ကို စိတ္ကြက္မွာစိုးလို႔လား မသိ သူကဖုံးေပေနေလေတာ့သည္။

" ရပါတယ္ ဒီေန႕မွ ကံက မေကာင္းျဖစ္ေနတာ ဒါနဲ႕ ကားပိုင္ရွင္ကေရာ ဘယ္သူလဲ ရဲနဲ႕ စကားနည္းနည္းေျပာရမယ္ထင္ "

AJ ; အဲ့တာက ..."

" သူ႕ညီ JJ ကား ေလ "

AJ စကားကို လွမ္းပိတ္ရင္ အျမန္ဝင္ေျပာလိုက္သည္။

AJ : ဟုတ္တယ္ သူ႕ကား ၊ Perth နဲ႕က မေဝးေတာ့ဝင္ေခၚေနက် "

" ညီအကို ႏွစ္ေယာက္ကိုမွ သူ႕ကား ကိုယ့္ကား ကြဲေသးတာလားး "

JJ : ကြၽန္ေတာ္တို႔ တစ္ေယာက္တစ္ကားရွိတယ္ အလွည့္က် ေမာင္း တစ္ခါတေလ တစ္ေယာက္တစ္စီး ထြက္ျဖစ္တယ္ "

ဒါကေတာ့ လိမ္တာမဟုတ္ ၊ ဒီေန႕ကားကေတာ့ ကိုယ့္ကားဆိုေပမဲ့ သူတို႔ႏွစ္ေယာက္မွာလည္း ကားရွိၾကသည္။ ခိုခိုၿပီး သူမ်ားကားလိုက္စီးတာေလးပဲ ဆိုးတာ ။

" Perth ကေရာ ကားထားခဲ့တာလား "

" ဟင့္အင္း ... ကြၽန္ေတာ့္မွာ ကားမရွိဘူး သူတို႔နဲ႕ ခိုခိုစီးတာ "
အႁမႊာႏွစ္ေယာက္က ျပဴးေၾကာင္ေၾကာင္နဲ႕ေပါ့။

" ဒါေပမဲ့ ကြၽမ္းကြၽမ္းက်င္က်င္ေတာ့ ေမာင္းတတ္တယ္ေနာ္ ၿပိဳင္ကား ဘာညာ အကုန္ရတယ္ "

အရာအားလုံးေတာ့ မလိမ္ခ်င္တာမို႔ ေျပာျပထားလိုက္သည္။ ဘာလို႔ လိမ္မိလည္းေတာ့ ကိုယ့္ကိုယ္ကိုယ္လည္း ေသခ်ာ မရွင္းလင္း။ ဒါေပမဲ့ စိတ္ကေရာ ဦးႏွောက္ကေရာ အဲ့ကို ၫႊန္းျပေနတာနဲ႕ အခ်ိဳ႕အရာမ်ားကို ကြယ္ဝွက္လိုက္သည္။

" အေအးေသာက္မလား မီးဖိုေခ်ာင္က ေရခဲေသတၱာထဲမွာ... "

" အိမ္ရွင္ ယူတိုက္... "

အဲ့စကားေၾကာင္ အနာနဲ႕ပတ္တီးစည္းထားတဲ့သူက ခဏေလာက္ ေၾကာင္ေတာင္ေတာင္ေလးၾကည့္ၿပီးမွ .. ဂ်ိဳင္းေထာက္နဲ႕ ထ မလို႔ လုပ္ေလသည္။

" ဟာ ... စတာ , စတာ ... အစ္ကို႔ကို စရတာ ေပ်ာ္ဖို႔လည္း မေကာင္းဘူး "

သူက တကယ္ကို သည္းခံေပးထားနိုင္တယ္ ၊ သည္းမခံနိုင္ေတာ့ရင္လည္း ဒီလိုမဟုတ္တာကို ျမင္ဖူးထားေတာ့ သူ ဘယ္ေလာက္ထိ သည္းခံနိုင္လည္း စိမ္းၾကည့္မိတာ ။
စြာတာၾကည့္ခ်င္မိတယ္ဆိုတာကေတာ့ Perthရဲ႕ မသိစိတ္ထဲက ေနာက္တစ္ေၾကာင္းျဖစ္ပါလိမ့္မယ္ ။

JJ : မင္းကလည္း ငါတို႔ေတာင္ တကယ္ထင္သြားတာ "

" ျပန္ရေအာင္ ေနာက္ဆုံးအတန္းခ်ိန္ေတာ့ တက္ရဦးမယ္ ... ဒါနဲ႕ Chi က တစ္ေယာက္ထဲ ျဖစ္တယ္မလား "

" ဘယ္လို "
သူ႕ကို အစ္ကိုလို႔ေခၚေနရာက Chi လို႔ ေျပာင္းေခၚလိုက္လို႔ အံ့ဩသြားတာဆို ပိုမွန္လိမ့္မည္ ။ တစ္ႏွစ္ထဲ ကြာတာေလးကို အစ္ကိုကအသက္အရမ္းႀကီးမလားလို႔ စမ္းၿပီးေျပာင္းေခၚၾကည့္မိတာ။

" ဟို တစ္ေယာက္ထဲ အဆင္မေျပရင္ ကြၽန္ေတာ္လာေနေပးရမလားး "

" ရပါတယ္ .. ကိစၥမရွိဘူး "

" ညက်ရင္ စားဖို႔လာပို႔.... "

" ဘာမွ မလုပ္ေပးပါနဲ႕ မင္းတို႔ ကားနဲ႕တိုက္မိလို႔လည္း အားမနာနဲ႕ ကိုယ္တိုင္အမွားလည္း ပါတာေၾကာင့္ပါ ... ခုဝယ္ထားတာေတြနဲ႕လည္း လုံေလာက္တယ္ ... အတန္းခ်ိန္ လြတ္မယ္ ျပန္ေတာ့ "

လူကိုယ္တိုင္ ဂ်ိဳင္းေထာက္နဲ႕အတူ ထ ေလွ်ာက္လာၿပီး ေျပာေတာ့ ကိုယ္ေတြေၾကာင့္ ရပ္ေနရမွာ စိုးတာနဲ႕ အျမန္ျပန္ဖို႔ လက္တို႔ တြန္းၾကရင္းနဲ႕ တံခါးေပါက္ ေရာက္ေတာ့ လက္ကို ဖုန္းပုံစံလုပ္ နားနားကပ္ကာ

" တစ္ခုခုဆို ဖုန္းဆက္လိုက္ေနာ္ "

ပါးစပ္က ျပန္မေျဖေပမဲ့ ေခါင္းေတာ့ ညိတ္ျပသည္။

" ဒါနဲ႕ 8 ႀကိမ္က 8 ႀကိမ္ ခုလိုေတြတာကေတြ႕တာ သပ္သပ္ေနာ္ "
သူငယ္ခ်င္းေတြ ေဘးရွိလို႔လားမသိ အင္းလည္း မလုပ္ အယ္လည္း မလုပ္... ။အဲ့တာနဲ႕ တာ့တာပဲျပ ၊ သူ႕ ေျခေထာက္ ဒဏ္ရာကို တစ္ခ်က္ ငုံ႕ၾကည့္မိၿပီးမွ လွည့္ထြက္လာခဲ့ေတာ့သည္။

ကားေပၚေရာက္ေတာ့ ...

AJ : မင္းက တကယ့္ သူ႕ bf ပုံစံႀကီးလိုမ်ိဳးပဲ "

JJ : ဟုတ္တယ္ ၊ ဂ႐ုစိုက္တတ္ေနတာမ်ား ၊ တကယ္ႀကီးမ်ားး "

" အဲ့လိုလည္း မဟုတ္ပါဘူးး "

ကြၽန္ေတာ္ ေလပူ တစ္ခ်က္ကို မႈတ္ထုတ္ရင္းး ျပန္ေျဖျဖစ္တယ္ ...။ ကားထဲမွာ ေလေအးေပးစက္နဲ႕ ေအးေနလည္း ေခြၽးေတြျပန္ေနသလိုပါပဲ ။

AJ : မေန႕က ညေနတုန္းကက် ေနာက္ထပ္ေတြ႕ဖို႔ကို မလုပ္ေတာ့ဘူး ဘာညာဆိုၿပီး ဖုန္းထဲ ဂဂ်ီတိုက္ေနတာ ဘယ္သူလဲ ခုက် ဘာတဲ့ JJ "

AJက ကားေမာင္းရင္ JJကို လွမ္းပုတ္တယ္

JJ : တစ္ခုခုဆို ဖုန္းဆက္ေနာ္ ... ၈ႀကိမ္က ၈ႀကိမ္ပဲ "
အမူရာနဲ႕ အသဲက ေပ်ာ့ေျပာင္းၿပီး ခြၽဲပစ္ေနသလိုလို

" ေဟ်ာင့္ေတြ ငါ အဲ့အသံေတာ့ မျဖစ္ဘူး "

JJ : မျဖစ္လည္း ငါတို႔နဲ႕ဆက္ဆံသလိုေတာ့ မဟုတ္ဘူး ကြဲတယ္ ဒီတိုင္း ေကာ္ဖီေသာက္မုန႔္စား ဆိုတာက ပါလိုက္ေသးတယ္ ခုလိုျမင္မွပဲ "

" ဟ မင္းတို႔ ေျပာသလို သူရယ္ ငါရယ္ ေတြ႕ဆုံခဲ့တာက သူငယ္ခ်င္း မဟုတ္ဘူး မိတ္ေဆြ မဟုတ္ဘူး အတြဲကြ အတြဲ ... ႏွစ္ဦးႏွစ္ဖက္ တကယ့္ LGBT သမားေတြဆို ဒီေတြ႕ရမဲ့ ရွစ္ႀကိမ္က ရည္းစားလို သြားၾကည့္မွာ ၿပီးမွ ၿမဲတာ မၿမဲတာထား "

အသံက တိတ္သြားလို႔

" ငါေျပာတာ နားလည္လား ၊ ဒီရွစ္ႀကိမ္ ေတြ႕ဆုံမႈ႕မွာ သူရယ္ ငါရယ္က အတြဲသေဘာပဲ ... ၿပီးသြားမွ တကယ္ စိတ္ဝင္စားရင္ အတည္ ၊ မဟုတ္ရင္ ဆက္ခင္မင္ သို႔မဟုတ္ တစ္ေယာက္တစ္လမ္းေလွ်ာက္ "

JJ : နားလည္တယ္ နားမလည္တာက မေန႕က ညဘက္မတိုင္ခင္ ညေနဘက္ႀကီး ဖုန္းဆက္ေျပာတုန္းက ေရွ႕ဆက္မသြားဘူးေျပာၿပီး ဘာလို႔ ခု အဲ့ အစ္ကိုေရွ႕က် တစ္မ်ိဳး ျဖစ္ေနရတာလဲ "

" အဲ့လိုျဖစ္သြားရတဲ့ အေၾကာင္းရွိတယ္ "

ဒီ အစ္ကိုနဲ႕က ေရစက္ေတြပဲလို႔ ေျပာရမလား ၊ ကိုယ္ရပ္တန႔္လိုက္ဖို႔ ေတြးၿပီး စီစဥ္ၿပီးတာေတာင္ ရပ္လို႔ မရတဲ့အေၾကာင္းအရာ တစ္ခုေပၚလာတယ္။ အဲ့အေၾကာင္းအရာကို စိတ္ထဲ မဆုံးျဖတ္ရေသးခင္မွာပဲ ... ခုလို အျပင္မွာ ထပ္ေတြ႕ျပန္တယ္။ ဒါက ေရစက္ပဲမလား။

AJ : ဆက္ေျပာေလ "

" ငါ့ ကားျပန္ရဖို႔ ၿပိဳင္ပြဲရွိတယ္ေလ "

JJ : အင္း အဲ့တာ ဘာၿပိဳင္ၾကမွာလဲ ပြဲဘယ္ေန႕လဲ ၿပီးေတာ့ အဲ့တာနဲ႕ ဘာဆိုင္ "

" ပြဲက ေန႕ရက္တိုင္းပဲ အဆုံးအျဖတ္ကေတာ့ တစ္စုံတစ္ဦးရဲ႕ ဆုံးျဖတ္ခ်က္နဲ႕ ဆိုင္လိမ့္မယ္ "

" ဟမ္ မင္းဟာက ဘယ္လိုႀကီးလဲ "

" ဟုတ္တယ္ ... ဘာသေဘာမွန္းကို ငါလည္း နားမလည္ဘူး ၊ ဒီလိုကိစၥမ်ိဳးက ဘာမွမဆိုင္တဲ့ တျခားတစ္ေယာက္ပါ ပါဝင္ ပတ္သက္ရမယ္ဆိုေတာ့ "

တီ..တီ

AJ : အဲ့တာက ဘာလဲ ၊ မင္း ခုလို ေတြေဝတာေတြ ခုလို စကားကိုပတ္ေနတာေတြ အရင္က ရွိမွ မရွိတာ အဲ့ေတာ့ ခုက ဘယ္လိုမ်ိဳးပြဲလဲ "

AJက ကားအေရွ႕ကို ဟြန္းတီးရင္း လွည့္ေမးက စိတ္မရွည္ေတာ့

" အဲ့တာက ခု ငါ ေတြ႕ခဲ့တဲ့ Blind Date ကတစ္ေယာက္ကို ရေအာင္လိုက္ရမွာတဲ့ ၊ ေျပာရရင္ ငါလိုက္လို႔ အဲ့တစ္ေယာက္က ငါကို သေဘာက်တယ္ ၊ ခ်စ္တယ္ဆိုရင္ ဒီပြဲ ငါနိုင္ၿပီ ။ အျငင္းခံရရင္ ရႈံးၿပီ ကားလည္း တကယ္ ဆုံးပဲ "

" ဟမ္ " "ဟမ္ "

"ေတြ႕လား မင္းတို႔လည္း အဓိပ္ပါယ် မရွိတာႀကီးလို႔ ထင္တယ္မလား"

JJ : ေနဦး သူက မင္းကို နိုင္ေစခ်င္ေနတာလား၊ ရႈံးေစခ်င္တာလား ၊ ဒီလို ေယာက်ာ္းေလးခ်င္းေတြ႕တဲ့ Blind Date က လူကို ရနိုင္ဖို႔ဆိုတာ 80%ကေတာ့ ေသခ်ာတယ္ မဟုတ္ဘူးလား "

" မဟုတ္ဘူး ... အစ္ကိုကေတာ့ မဟုတ္ဘူး "

AJ : အင္း သူပုံက သာမာန္ ေယာက်ာ္းေလးပုံစံပဲဆိုေပမဲ့ မင္းကိုေတာ့ ၾကည့္တာ တစ္မ်ိဳးေလးပါ ၊ JJေျပာတဲ့ 80%ေတာ့ မဟုတ္ဘူး 50%ေတာ့ ရနိုင္ပါတယ္ "

" ငါ အစက ေတြးေဝေနေပမဲ့ ... ခုလို ထပ္ေတြ႕ေတာ့ ဒီၿပိဳင္ပြဲထဲ ခုန္ဝင္ခ်လိဳက္ဖို႔ ေသခ်ာသြားသလိုပဲ ၊ မႀကိဳက္ဘဲနဲ႕ လုပ္ရတာက တစ္ဖက္ကိုမ်ားး "

AJ : မင္း ကားက ျပန္မရရင္ အမ်ိဳးေတြအားလုံးက ေရ(ေငြ)ျဖတ္ၿပီး စည္းကမ္းတင္ၾကပ္မွာေနာ္ ၊ အဲ့တာက်ေတာ့ေရာ "

အဲ့တာကလည္း ဟုတ္တယ္။ ကားျပန္မရလို႔က မရ ။

" အဲ့တာထား ငါက ေယာက်ာ္းေလးမွ မႀကိဳက္ဖူး မလိုက္ဖူးတာ "

JJ: ဟားးဟားး ဟားး "

" ဘာရယ္တာလဲ "

JJ : ခုပုံစံအတိုင္းေတာင္ အိုေခတယ္ သူငယ္ခ်င္း မင္းသ႐ုပ္ေဆာင္တာ Perfectပဲ ဘာတဲ့ ကားခိုလိုက္စီးတာတဲ့ ဟားးဟားး သူ သူေဌးသားဆိုတာ သိရင္ ဟို အစ္ကိုက လက္သင့္မခံမွာစိုးေနတာ ထင္တယ္ "

တကယ္ပဲ အဲ့တာေၾကာင့္လား တကယ္ပဲလည္း ျဖစ္နိုင္တယ္ ၊ အဲ့ အစ္ကိုပုံက အေျခေနမတူဘူးဆိုတာနဲ႕ လက္သင့္မခံေလာက္မဲ့ သူလို႔ ခံစားမိတယ္ ။ ၿပီးေတာ့ တကယ္ပဲ ' သူ သ႐ုပ္ေဆာင္ ေကာင္းေနခဲ့တာလား '

Continue...

Note : ကြဲကြဲျပားျပားေလး ျဖစ္ခ်င္လို႔ Chimon ကို perthေခၚတဲ့ အေခၚေဝၚက 'အစ္ကို' လို႔ ေရးၿပီး တျခားသူေတြအေခၚေဝၚကိုေတာ့ ထိုင္းကေခၚသလို P' လို႔ေရးထားပါတယ္ေနာ္

Update ၾကာလို႔ ေခၚထို႔ခ ၊ ျမန္ေအာင္ ႀကိဳးစားပါ့မယ္။ ဇာတ္လမ္းက စိတ္ဝင္စားဖို႔ ေကာင္းရဲ႕လားဆိုတာ စာဖတ္သူေတြဘက္က ခံစားခ်က္ေလးကို သိခ်င္မိပါတယ္ ။

ဖတ္ေပးၾကသူ အားလုံးေက်းဇူးတင္ပါတယ္ 🙆🖤💛

2:09@m
Dec 1 ,2023 (Fri)







Continue Reading

You'll Also Like

678K 33.5K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
1M 54.8K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
642K 39.3K 103
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
15.4K 1.3K 17
BounPrem &OhmFluke Fanfic