Bitter Sweet Symphony

By Hyojoohyo

83 7 2

A short love story of two boys, entangled with bitter sweet symphony. More

2

1

67 4 2
By Hyojoohyo

Year 2023

"ဂျယ်ယွန်း ဒီ ကျောင်းပိတ်ရက် မင်း ဘာလုပ်မှာလဲ"

လွယ်အိတ်ထဲ စာအုပ်တွေ ထိုးထည့်နေတဲ့ ဂျယ်ယွန်း ကို ဂျုံဆောင်း က မေးရင်း ပြန်ဖြေလာမယ့်အဖြေကို စိတ်ဝင်တစား စောင့်စားနေတယ်။

"ခါတိုင်းလိုပါပဲ ဒီကနေ Rouen မှာရှိတဲ့ အမျိုးတွေဆီ အလည်သွားဖြစ်မယ်။ မင်းရော"

"ငါကတော့ ငါ့အဖေအလုပ်မှာ ဝင်ကူဖြစ်ဖို့များတယ်"

"ဪ ခရီးသွား agencyလား"

"ဟုတ်တယ်။ မင်း Rouenသွားဖို့ ticketမဝယ်ရသေးရင် ငါတို့ဆီကဝယ်လေ"

"အင်း ငါလည်းပြောမလို့ အတော်ပဲ။ မနက်ဖြန်ကြ ငါ မင်းအိမ်ခဏလာခဲ့ဦးမယ်"

"အေးအေး ရတယ် လာခဲ့"

University ကနေ အိမ်ပြန်လမ်းတစ်လျှောက် ဂျယ်ယွန်းတစ်ယောက်တည်း သီချင်းနားထောင်ရင်း အတွေးတွေများနေခဲ့တယ်။

*တကယ်က နောက်ထပ် semester တစ်ခုထပ်တက်ပြီးရင် ဘွဲ့ရပြီ။ University ကလည်း မဖြစ်မနေမို့သာ တက်လိုက်ရတာ။ အခုထိ ဘာကို ဝါသနာပါလို့ပါမှန်းသေချာမသိသေးဘူး။ အေးအေးလူလူ အပူအပင်ကင်းကင်း နေချင်တဲ့သူမို့ ကိုယ့်ဘာသာ ကော်ဖီဆိုင်လေးပဲ ဖွင့်စားရမလားလည်း စဉ်းစားမိသေးတာ။ ဖြစ်နိုင်ရင်တော့ Layla လိုပဲ အိပ်လိုက်၊စားလိုက်၊ဆော့လိုက် လုပ်ချင်မိတော့တာ တကယ်အတည်။
ဂျုံဆောင်းလို family business ထဲဝင်လုပ်ရအောင်လည်း ဘာလုပ်ငန်းမှရှိတာမဟုတ်ဘူး*

တဖြေးဖြေးနဲ့ ကျောင်းပြီးပြီး ဘွဲ့ရတော့မယ့်အချိန်ကို နီးလာတော့ ဂျယ်ယွန်းတစ်ယောက် သူ့အနာဂတ်ကို နည်းနည်းစိတ်ပူလာတယ်။ တကယ်က သူ့ကိုယ်သူ အခုထိ ဘာကို ဝါသနာပါမှန်းမသိသေးတာက ပြဿနာ။ မိသားစုက တင့်တောင်းတင့်တယ်ထားပေးနိုင်တယ်ဆိုပေမယ့် သားယောက်ျားလေးလည်းဖြစ် အငယ်ဆုံးကလည်းဖြစ်တော့ ကိုယ့်အားကိုယ်ကိုးချင်တဲ့ မာနကလေးကလည်း ရှိသေးတာ။

*အိမ်ကိုပြန်ရောက်တော့ ဖေဖေက အိမ်တံခါးဝကနေ စည်းကြိုပြီး စောင့်နေတယ်။ ဒီနေ့လည်း အပွားခံရဦးမယ်ထင်ပါတယ်*

ဂျယ်ယွန်း သူ့အဖေကို ကြည့်လိုက်တော့ ရုပ်က ခပ်မာမာတင်းတင်းနဲ့ သိပ်မကြည်တဲ့ရုပ်ဖြစ်နေတာနဲ့ ဘာမှမပြောဘဲ အိမ်ရှေ့မှာရပ်နေလိုက်တယ်။

"ရှင်းမ်ဂျယ်ယွန်း မင်း ဘယ်သူနဲ့လိုက်မယ်စိတ်ကူးလဲ"

*ဖေဖေ့မေးခွန်းက ကျွန်တော့်ကို နည်းနည်းတုန်လှုပ်သွားစေတယ်*

"ဘာကိုပြောတာလဲ ဖေဖေ"

"မင်းအမေနဲ့ ငါ ကွာရှင်းတော့မှာ။ မင်းအသက်ပြည့်ပြီးတာမှန်ပေမယ့် အလုပ်မရသေးခင်အထိ ဘယ်သူနဲ့လိုက်နေမှာလဲ"

"ကျွန်တော် နောက်နေ့မှ ဖြေလို့ရမလား ဖေဖေ။ စာမေးပွဲဖြေပြီး ခေါင်းနည်းနည်းကိုက်နေလို့"

"မနက်ဖြန် ည မတိုင်ခင်အထိ စောင့်ပေးမယ်"

"ဟုတ် ကျေးဇူးပါ ဖေဖေ"

*ကျွန်တော် အိမ်ထဲဝင်တော့ မေမေက ဝမ်းနည်းပက်လက်ငိုကြွေးထားတဲ့ရုပ်နဲ့ ကျွန်တော့်ကိုကြည့်တယ်။ ကျွန်တော်ကတော့ ဒီအခြေအနေကြီးကနေ ဖျောက်ဆိုပြီး ပျောက်ကွယ်သွားချင်တော့တာပဲ။ မေမေနဲ့ ဖေဖေတို့ ပြဿနာတွေဖြစ်လာတာ နှစ်ချီပြီးကြာနေပြီဆိုတော့ အနည်းနဲ့အများ ကွာရှင်းမယ်ဆိုတာကို သိထားပေမယ့် ဒီလိုရုတ်တရက်ကြီးဖြစ်မယ်လို့တော့ မထင်ထားမိဘူးပေါ့။ တကယ်တမ်း ကွာရှင်းမယ်ဆိုတော့လည်း ဘာမှမတတ်နိုင်ဘူးပေါ့။ လင်မယားကြားထဲ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ဝင်ရှုပ်လို့လည်း ဘာမှထူးမသွားဘူးလေ။ အစ်ကိုကတော့ ကျွန်တော့်ကို ကြိုသတိပေးရှာပါတယ်။ မင်း စာမေးပွဲပြီးရင် သူတို့ ကွာရှင်းကြလိမ့်မယ်ထင်တယ်တဲ့။ တကယ်လည်း အစ်ကိုပြောတဲ့အတိုင်းပဲဖြစ်လာခဲ့တာ။ ကျွန်တော်လည်း ညစာစားချင်စိတ်မရှိတော့တာနဲ့ ကိုယ့်အခန်းထဲကိုယ်ဝင်ပြီး အိပ်ပစ်လိုက်တော့တယ်*

*မနက်စာစားချိန်ရောက်တော့ ‌စားပွဲဝိုင်းမှာ ဖေဖေက ခပ်မာမာထန်ထန်ရုပ်နဲ့ မေမေကလည်း ဘာကိုမှ ဂရုမစိုက်တော့တဲ့ပုံနဲ့။ အစ်ကိုတစ်ယောက်တည်း breakfast အတွက်ပြင်ဆင်နေတာတွေ့လိုက်ရလို့ ကျွန်တော်လည်း ခပ်သွက်သွက်လေးအောက်ဆင်းပြီး အစ်ကို့ကို ကူလုပ်ပေးရတယ်*

မိသားစုစားပွဲဝိုင်းက အေးစက်တဲ့လေထုတွေနဲ့ ပြည့်နှက်နေတာမို့ ဂျယ်ယွန်းကပဲ စကားစလိုက်တယ်။

"ကျွန်တော် ဂျုံဆောင်းတို့အိမ်သွားပြီး Rouenသွားဖို့ ticket ဝယ်မလို့ ဘာမှာချင်ကြသေးလဲ"

ဂျယ်ယွန်းအဖေက ဂျယ်ယွန်းရဲ့အမေးစကားကို အမေးစကားနဲ့ ပြန်ဖြေတယ်။

"မင်း မနေ့က ငါပြောတာကိုရော စဉ်းစားပြီးပြီလား?"

ဂျယ်ယွန်း ကော်ဖီသောက်နေရင်း သူ့အဖေစကားကြောင့် သီးသွားတယ်။ သူစဥ်းစားဖို့ လုံးဝမေ့သွားခဲ့တာ။

"ကျွန်တော် အစ်ကိုနဲ့ပဲလိုက်နေလို့မရဘူးလား ဖေဖေ"

တစ်အိမ်လုံးမှာ ဂျယ်ယွန်းအချစ်ဆုံးက သူ့အစ်ကို။ ဒါကို အဖေရော အမေရော နှစ်ယောက်စလုံးသိတယ်။ ဂျယ်ယွန်းစကားကိုကြားတော့ နှစ်ယောက်စလုံးက ထင်တဲ့အတိုင်းပဲ ဆိုတဲ့ ရုပ်နဲ့ တိတ်ဆိတ်နေကြတယ်။

"မင်းကိုတော့ ငါ တင်မကျွေးထားနိုင်ဘူး ဂျယ်ယွန်း။ ဘယ်လောက်ပဲ ငါ့ညီဖြစ်ဖြစ် ငါလည်း အလုပ်ရတာမကြာသေးတော့ လခက အများကြီးမရသေးလို့။ ငါအဆင်ပြေသွားရင်တော့ မင်း ငါနဲ့လာနေလို့ရတယ်။ ငါ လခမတိုးခင်ထိတော့ ဖေဖေဖြစ်ဖြစ် မေမေဖြစ်ဖြစ် တစ်ယောက်ယောက်နဲ့ မင်းလိုက်နေမှရမယ်။ ဒါ မင်းဆုံးဖြတ်ရမယ့်အပိုင်းဖြစ်သွားပြီ ဂျယ်ယွန်း"

"ဒါဆို ဒီအိမ်က ရောင်းပစ်ခဲ့မှာလား။ ကျွန်တော် ဒီအိမ်မှာပဲ ဆက်နေလို့မရဘူးလား"

"မရဘူး ဂျယ်ယွန်း။ ဒီအိမ်က ဒီလကုန်ရင် ဖယ်ပေးရတော့မှာ။ ဖေဖေတို့ရောင်းထားတာကြာပြီလေ။ မပြောင်းဖြစ်သေးလို့ ဝယ်ထားတဲ့ပိုင်ရှင်တွေက သဘောကောင်းပြီး ဆက်နေခွင့်ပေးထားလို့ နေလို့ရနေသေးတာ"

"ဒါဆို Laylaကရော ဘယ်သူနဲ့ ပါသွားမှာလဲ"

"Laylaကို ဂေဟာပို့တော့မှာ"

*ဖေဖေ့ရဲ့ စကားက ကျွန်တော့်ရင်ထဲ ဓားတစ်ချောင်းစိုက်သွင်းလိုက်သလိုပဲ။ Laylaကို ကျွန်တော် ၅နှစ်ပြည့်တုန်းက ဖေဖေမေမေတို့က ဝယ်ပေးထားတာ။ ကွာရှင်းတာနဲ့ ဂေဟာပို့ရရောလား။ ၁၈နှစ်လောက် သံယောဇဉ်တွေ ရစ်ပတ်ပြီးမှလေ?*

"ကျွန်တော် ဆက်မွေးလို့မရဘူးလား"

"မင်းကိုယ်တိုင်တောင် မထိန်းသိမ်းနိုင်သေးဘဲနဲ့ကို ဘယ်လိုဆက်မွေးမှာလဲ"

"ကျွန်တော် စားလို့ပြီးပြီ။ ဂျုံဆောင်းတို့အိမ်သွားတော့မယ်"

*အရမ်းကို ခေါင်းထဲရှုပ်လာလို့ ကျွန်တော် Rouenသွားဖို့ အထုပ်အမြန်ပြင်ပြီး အိမ်ပေါ်ကနေ ဆင်းချခဲ့တော့တာပဲ။ လက်ထဲမှာလည်း ticket ဖိုးနဲ့ ဟိုရောက်ရင် စားဖို့သောက်ဖို့အတွက်စုထားတဲ့ ပိုက်ဆံနည်းနည်းပဲပါလာတယ်။ မတတ်နိုင်ဘူး စိတ်တအားညစ်လာလို့ ဖြစ်ချင်ရာဖြစ်ဆိုပြီးပဲ ထွက်လာလိုက်တော့တယ်*

ဂျုံဆောင်းတို့အိမ်ကို ဂျယ်ယွန်းရောက်သွားတော့ အရမ်းအားငယ်သွားတယ်။ ဘာလို့လဲဆိုတော့ ဂျုံဆောင်းတို့ မိသားစုက အရမ်းကို ချစ်ချစ်ခင်ခင်နဲ့ စကားတွေပြောဆိုနေကြပြီး စားသောက်နေကြတာကို ဂျယ်ယွန်း ပြတင်းပေါက်ကနေ မြင်လိုက်ရတာမို့လို့။

တံခါးခေါက်သံကြားလို့ ဂျုံဆောင်းက သွားဖွင့်တော့ ဂျယ်ယွန်းရဲ့ ကမ္ဘာပျက်တော့မလိုပြိုလဲနေတဲ့ ရုပ်ကို မြင်ပြီး အံ့အားသင့်သွားတယ်။

"ဂျယ်ယွန်း ဘာဖြစ်လာတာလဲ။ ဝင်ဝင် ငါ့အခန်းထဲသွားနှင့် ငါလာခဲ့မယ်"

ဂျုံဆောင်းတစ်ယောက် တံခါးကို ခပ်သွက်သွက်ပိတ်၊ ရေတစ်ခွက်အမြန်ခပ်ပြီး သူ့အခန်းထဲ အမြန်ဝင်သွားတယ်။

"ဂျယ်ယွန်း ရော့ ရေသောက်လိုက်ဦး"

"အင်း ကျေးဇူး"

"... မင်း ဘာဖြစ်လာလဲဆိုတာ ပြောပြချင်လား"

"ဟူး... ငါ့အမေနဲ့အဖေ ကွာရှင်းတော့မှာ။ ငါ ဘယ်သူနဲ့လိုက်နေရမယ်မသိသေးဘူး။ အိမ်ကလည်း ရောင်းထားပြီးတာကြာပြီ။ Laylaကိုလည်း ဂေဟာပို့ပစ်တော့မှာတဲ့"

ဂျယ်ယွန်းစကားကြားပြီး ဂျုံဆောင်း ဘာပြန်ပြောရမယ်မသိအောင် သနားသွားတယ်။ အရင်ကတည်းက ဂျယ်ယွန်း အမေနဲ့အဖေ အဆင်မပြေတာ သိပေမယ့် ဒီလောက်ကြီးထိ အခြေအနေဆိုးရွားမယ်လို့ ဂျုံဆောင်းမထင်ထားခဲ့မိတာ အမှန်။

"ဒါဆို Rouen သွားဖို့ကိစ္စကရော"

"ဒီနေ့ flight ရှိရင် ဒီနေ့ပဲ ချက်ချင်းသွားချင်တယ် ဂျုံဆောင်း"

"အင်း ဒီနေ့ 2နာရီ flight ရှိတယ်"

"အင်း ticket စီစဉ်ပေးပါဦး"

"အဆင်ပြေရဲ့လား ငါပါ လိုက်ခဲ့ပေးရမလား"

"ရတယ် ကျေးဇူးတင်ပေမယ့် ငါ တစ်ယောက်တည်းရှိချင်လို့"

"အင်း ဒါဆို ငါ သွားစီစဉ်လိုက်ဦးမယ်။ ဒီမှာနေနှင့်ဦး"

"ဂျုံဆောင်း... Thank you"

"ရတယ်"

ဂျယ်ယွန်း လေဆိပ်ရောက်တော့ London to Rouen ticket ကိုကိုင်ပြီး ငိုင်နေမိတယ်။ ဒီအချိန်မှာ သူ အိမ်ကနေ‌ ဝေးရာကို ထွက်ပြေးချင်တာပဲ သိတော့တယ်။ Rouen က အမျိုး‌တွေဆီလည်း သွားမလည်ချင်တော့ဘူး။ ဘာလုပ်ရမလဲ စဉ်းစားတဲ့အချိန်မှာ လေယာဉ်ထွက်ဖို့ announcement လုပ်တာကြောင့် ကောင်တာမှာ လက်မှတ်စစ်ဖို့ တန်းစီပြီး လေယာဉ်ပေါ်ကိုပဲ အခန့်သားတက်သွားတော့တယ်။

Continue Reading

You'll Also Like

378K 32.9K 93
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
381K 12K 88
"I have a secret, a well-kept secret for the last almost seven years. The real reason why I went into hiding." After years in a complicated relatio...
62.5K 1.7K 33
𝐈𝐍 𝐖𝐇𝐈𝐂𝐇, Victoria Perez goes to the love island villa to find love.
203K 12.4K 26
"i accidentally dropped four true love's arrows on earth which hit the mikaelson brothers. oops." IN WHICH Cupid accidentally shoots four arrows of t...