Zawgyi
ေလာ့က်န္းေပ့က ေလာ့ရွန္ဟြာကို ကားေနာက္ထဲကို ပစ္သြင္းလိုက္ၿပီး သူကေဘးကေနဝင္ထိုင္လိုက္ၿပီး ဒရိုင္ဘာကိုေမာင္းခိုင္းလိုက္သည္၊ေလာ့ရွန္ဟြာကလည္း ေလာ့က်န္းေပ့ေဒါသထြက္ေနတာသိေပမယ့္ ဘာေၾကာင့္မွန္းမသိသလို၊ သူလည္း အမွားမလုပ္မိတာေၾကာင့္ အနည္းငယ္ေတာ့ မေက်နပ္ျဖစ္ေနေတာ့သည္၊
ဒါေပမယ့္ ေဘးနားမွာ မ်က္ေမွာင္ၾကဳတ္ကာ အံႀကိတ္ထားတဲ့ေလာ့က်န္းေပေၾကာင့္ ေလာ့ရွန္ဟြာမွာ ၿငိမ္ၿငိမ္ေလးသာေနေနေတာ့သည္၊
"မင္းစာေလ့လာမယ္ဆိုတဲ့ကိစၥကို ဘာလို႔ ႀကိဳမေျပာတာလဲ"
ေလာ့က်န္းေပ့က ဆူပူသည္ေတာ့မဟုတ္ေပမယ့္ ေလသံကေတာ့ ေအးစက္စက္ပင္၊
"ရွန္ေလး ေမ့သြားလို႔ပါ ဒယ္ဒီ"ေလာ့ရွန္ဟြာက မ်က္ႏွာငယ္ေလးနဲ႕ေျပာလိုက္ခ်ိန္မွာ တကယ္လည္း ေျပာၿပီးၿပီလားမေျပာလိုက္ဘူးလား သူမမွတ္မိေပ၊သူ႕ေခါင္းထဲ ေလာ့က်န္းေပ့ရယ္အျခားအေၾကာင္းအရာေတြနဲ႕သာ ျပည့္သိပ္ေနတာေၾကာင့္ လီကုန္းေ႐ႊတို႔နဲ႕ စာအတူတူလုပ္မဲ့ကိစၥကို တကယ္သတိမရတာအမွန္ေပ၊
"ဒီကိုလာ"ေလာ့က်န္းေပ့က ေပါင္ကိုပုတ္လိုက္တာျမင္ေတာ့ ေလာ့ရွန္ဟြာလည္း အနီးတိုးသြားၿပီး ေလာ့က်န္းေပ့ေပါင္ေပၚမွာ တက္ထိုင္လိုက္သည္၊သူ႕ရဲ႕ခါးေတြကို ေပြ႕ဖက္လာတဲ့လက္တစ္ဖက္ေၾကာင့္ ေလာ့ရွန္ဟြာခါးေလးမတ္သြားေပမယ့္ ျပန္ၿပီးေတာ့ သက္ေသာင့္သက္သာျဖစ္ေအာင္ အေနအထားကိုလုပ္လိုက္ၿပီး ေလာ့က်န္းေပ့ရင္ခြင္ထဲမွီလိုက္သည္၊
"ရွန္ေလး ေတာင္းပန္ပါတယ္ေနာ္ ဒယ္ဒီ"
"မင္းအမွားကို မင္းသိေသးတယ္ေပါ့"
"ရွန္ေလး ဒယ္ဒီကို အရင္ေျပာသင့္တာကို..မေျပာမိတာက ရွန္ေလးအမွားပါ..." ေလာ့ရွန္ဟြာက ေလာ့က်န္းေပ့ကို မ်က္ႏွာငယ္ေလးနဲ႕ေတာင္းပန္လိုက္သည္၊
"ဒါပဲလား" ေလာ့က်န္းေပ့စကားေၾကာင့္ ေလာ့ရွန္ဟြာရႈပ္ေထြးသြားေတာ့သည္၊အျခားတစ္ခုရွိေသးလို႔လား၊
"ဘာကိုလဲ ဒယ္ဒီ" ေလာ့ရွန္ဟြာ ေတြးေတာမရတာေၾကာင့္ ေလာ့က်န္းေပ့ကို နားမလည္စြာေမးျမန္းလိုက္သည္၊
"ကေလး...မင္း ကိုယ့္ကို..." တကယ္ခ်စ္ရဲ႕လား၊ ဒါေပမယ့္ ေလာ့က်န္းေပ့မေမးလိုက္ေပ၊ဒါက သူ႕ရင္ထဲ အစိုင္အခဲလိုျဖစ္ေနတုန္းပင္၊ကေလးငယ္က သူ႕ကိုခ်စ္တယ္ေျပာေပမယ့္ ကေလးငယ္ရဲ႕ခ်စ္တယ္ဆိုတာ သူခ်စ္သလိုမဟုတ္ဘူးလို႔ အၿမဲတေစသံသယဝင္မိသည္၊
ကေလးငယ္ကေတာ့ သူ႕လိုမ်ိဳး သဝန္တိုတက္လား၊က်န္းအိမ္သားေတြ သူ႕နားကပ္ရင္ေတာ့ ကေလးငယ္ရဲ႕မ်က္ႏွာေပၚမွာ မေက်နပ္မႈေတြရွိေနတတ္ေပမယ့္ အဲ့တာက သူ႕ကိုခ်စ္လို႔ သဝန္တိုတာလား သူမေျပာနိုင္ေပ၊စမ္းသပ္ဖို႔လည္း သူတစ္ခါမွ မစဥ္းစားဖူးေပ၊
အခုလည္း အျခားေကာင္ေလးရင္ခြင္ထဲေရာက္သြားတဲ့ကေလးငယ္ကိုၾကည့္ရင္း သူေဒါသကထိန္းမနိုင္ေပ၊ကေလးငယ္ကို အျခားမိန္းမတစ္ေယာက္ျဖစ္ေစ၊ေယာက်္ားတစ္ေယာက္ျဖစ္ေစ ထိလိုက္တာကိုျမင္ရခ်ိန္မွာ သူ႕စိတ္ေတြက အဆင္မေျပသည္ကိုသတိထားမိလိုက္သည္၊သူက စိတ္ထိန္းျမန္သည္ဟု ကိုယ့္ကိုယ္ကိုယ္ေတြးခဲ့ေသာ္လည္း ထိုအခ်ိန္မွာ ထိုေကာင္ေလးရင္ခြင္ထဲက သူ႕ကေလးရဲ႕ကိုယ္ကို ဆြဲယူခ်င္စိတ္သာေပါက္ေနသည္၊
ပိုဆိုးတာက လီအိမ္သားက သူ႕ကေလးအေပၚခံစားခ်က္ရွိေနသေယာင္ပင္၊
"ကိုယ့္ကို ခ်စ္လား ကေလးငယ္" ေလာ့က်န္းေပ့တစ္ေယာက္ ေလာ့ရွန္ဟြာရဲ႕ခႏၶာကိုယ္ေလးကို ရင္ခြင္ထဲထည့္ကာတင္းၾကပ္စြာေပြ႕ဖက္ရင္း ေလာ့ရွန္ဟြာနားနားကပ္ကာေျပာလိုက္သည္၊
အေျပာစကားသာျဖစ္ၿပီး ကေလးငယ္ဆီက ျပန္မၾကားခ်င္ေပ၊ဒါေၾကာင့္ ေလာ့ရွန္ဟြာရဲ႕ေမးရိုးကို ကိုင္လိုက္ၿပီး ႏူးညံ့တဲ့ႏူတ္ခမ္းေလးကို ဖြဖြေလးနမ္းလိုက္သည္၊ထို႔ေနာက္မွာေတာ့ ႏူတ္ခမ္းဟၾကားထဲ သူ႕လွ်ာထည့္သြင္းရင္း တပ္မက္စြာနမ္းလိုက္သည္၊
တစ္ေအာင့္အၾကာမွာေတာ့ ေအာက္ႏူတ္ခမ္းေလးကို ဖြဖြေလးကိုက္လိုက္ၿပီး ႏွစ္ေယာက္လုံး အသက္ကိုခပ္ျပင္းျပင္းရႉသြင္းလိုက္ၿပီးေနာက္မွာ ေလာ့က်န္းေပ့က ေလာ့ရွန္ဟြာရဲ႕ႏူတ္ခမ္းေလးမ်ားကို ေနာက္တစ္ႀကိမ္က်ဴးေက်ာ္လာေတာ့သည္၊
ေလာ့ရွန္ဟြာ အသက္ရႉရတာေတာင္ မဝေသးခ်ိန္မွာ ေလာ့က်န္းေပ့က ေနာက္တစ္ႀကိမ္နမ္းလာျပန္ေတာ့သည္၊ဒါေၾကာင့္ ေလာ့က်န္းေပ့ရဲ႕ေကာ္လာအကၤ်ီနားကို ဆုပ္ကိုင္ရင္း သူလည္း အနမ္းမွာျပန္လည္ေပ်ာ္ဝင္သြားေတာ့သည္၊
တစ္မိနစ္ေက်ာ္ၾကာမွာေတာ့ ႏူတ္ခမ္းသားကေနခြာလိုက္ၿပီး ေလာ့က်န္းေပ့က ေလာ့ရွန္ဟြာရဲ႕ႏူတ္ခမ္းေထာင့္မွာ စီးက်ေနတဲ့သေရၾကည္မ်ားကို လက္နဲ႕သပ္ေပးလိုက္ၿပီး ရွက္ေသြးျဖာေနတဲ့မ်က္ႏွာေလးကို ျမတ္နိုးစြာစိုက္ၾကည့္ေနေတာ့သည္၊
"ဒယ္ဒီ..." ေလာ့က်န္းေပ့ရဲ႕အနမ္းမ်ားေရာ ရမၼက္ႂကြစြာၾကည့္ေနတဲ့အၾကည့္မ်ားေၾကာင့္ ေလာ့ရွန္ဟြာရဲ႕ေနာက္ပိုင္းက ထႂကြေနေတာ့သည္၊သူက ေပါင္ႏွစ္ေခ်ာင္းကို ပူးလိုက္ၿပီး လိုခ်င္တပ္မက္တဲ့အၾကည့္ေတြနဲ႕ေလာ့က်န္းေပ့ကို ေမာ့ၾကည့္လိုက္ေပမယ့္ တစ္ဖက္က ၿပဳံး႐ုံသာၿပဳံးၿပီး ၿငိမ္သက္ေနတာေၾကာင့္
"ဒယ္ဒီ... ရွန္ေလး ဒီနားက..." ေလာ့ရွန္ဟြာ သိသာတဲ့ျမဴဆြယ္မႈေတြကို မျပသေပမယ့္ ေလာ့က်န္းေပ့လိုလူမ်ိဳးကေတာ့ တန္းရိပ္မိမယ္ဆိုတာ နားလည္ေပမယ့္ တစ္ဖက္က သူ႕ေခါင္းကိုသာပုတ္လိုက္သည္၊
"ဒီေဘးမွာ ခဏထိုင္လိုက္ေနာ္ ကိုယ္ အလုပ္ရွိေသးတယ္" ေလာ့က်န္းေပ့က ေျပာလိုက္ၿပီး ေလာ့ရွန္ဟြာကို ေပါင္ေပၚကေန ဆင္းခိုင္းကာ Laptopကိုဖြင့္လိုက္သည္၊ထို႔ေနာက္မွာေတာ့ အလုပ္ကို စလုပ္ေတာ့သည္၊
ေလာ့ရွန္ဟြာရဲ႕မ်က္ႏွာေလးက မေက်နပ္ျဖစ္သြားေတာ့သည္၊သူ႕စိတ္ေတြ ထႂကြေနခ်ိန္မွာေတာ့ ဒယ္ဒီက ပစ္ထားၿပီး အလုပ္လုပ္ရဲတယ္ေပါ့!
သူ႕ကို စိတ္ႂကြေအာင္ လုပ္တဲ့သူ ဒယ္ဒီေလ!
ေလာ့ရွန္ဟြာ ေတြးေလေလ မေက်နပ္ေလေလျဖစ္လာတာေၾကာင့္ ေနာက္ႏူတ္ခမ္းေလးကိုက္ကာဆူပုပ္ေနေတာ့သည္၊ေသခ်ာတာေပါ့ သူ႕ဒယ္ဒီကို မႏွောင့္ယွက္ရဲတာေၾကာင့္ ေဘးကေနပဲ မေက်နပ္စြာျဖစ္ေနရေတာ့သည္၊
"ကြၽန္ေတာ္ စာေမးပြဲမေျဖရမခ်င္း စီနီယာလီအိမ္ေတာ္မွာ စာလုပ္ဖို႔ အကူညီေတာင္းထားတယ္"
ေလာ့ရွန္ဟြာက ေလာ့က်န္းေပ့နားေထာင္ေနမွန္းသိတာေၾကာင့္ေျပာလိုက္သည္၊laptopမွာ ေျပးလႊားေနတဲ့ေလာ့က်န္းေပ့ရဲ႕လက္ေတြကရပ္တန့္သြားေတာ့သည္၊
"ကိုယ္ သင္ေပးမယ္"
"မရဘူး!" ေလာ့ရွန္ဟြာက ပိတ္ျငင္းလိုက္တာေၾကာင့္ ေလာ့က်န္းေပ့ရဲ႕မ်က္လုံးမ်ားက ေလာ့ရွန္ဟြာကို စိုက္ၾကည့္ကာ ေမးခြန္းထုတ္ေနေတာ့သည္၊
"ဒယ္ဒီနဲ႕ဆိုရင္ ဒယ္ဒီမ်က္ႏွာကိုပဲ ေငးေမာၾကည့္ေနရမွာေလ...ဘယ္လိုလုပ္ စာရေတာ့မွာလဲ"
"အိုး..." ေလာ့က်န္းေပ့က 'oh'တစ္ခ်က္သာေပးလိုက္ၿပီး ဘာမွဆက္မေျပာလာတာေၾကာင့္ ေလာ့ရွန္ဟြာတစ္ေယာက္ေနရခက္သြားေတာ့သည္၊သူ႕စိတ္မႂကြေအာင္ ဟိုေတြး၊ဒီေတြးရင္းနဲ႕ ေနာက္ဆုံးေတာ့ ေခါင္းငိုက္က်လာကာ ေလာ့က်န္းေပ့လက္ေမာင္းေပၚ အိပ္ေပ်ာ္သြားေတာ့သည္၊
ေလာ့က်န္းေပ့လည္း အလုပ္လုပ္စကို ရပ္တန့္လိုက္ၿပီး ေလာ့ရွန္ဟြာကို ရင္ခြင္ထဲထည့္သိပ္လိုက္သည္၊
တကယ္ေတာ့ ေလာ့က်န္းေပ့ သူကိုယ္တိုင္အတၱႀကီးေနမိမွန္း သတိထားမိလိုက္သည္၊
ဒါက လြန္ခဲ့တဲ့လက စခဲ့တာျဖစ္ၿပီး အိပ္မက္ထဲက ေကာင္ေလးတစ္ဦးက ရယ္ေမာၿပဳံး႐ႊင္ေနေပမယ့္ ပုံရိပ္ေတြေျပာင္းလဲသြားၿပီး အေခါင္းထဲမွာ ထိုလူငယ္ေလးရဲ႕အေလာင္းကိုျမင္ေတြ႕ရျပန္သည္၊ ေသဆုံးသြားသည့္တိုင္ေအာင္ ထိုလူငယ္ေလးက ၿပဳံး႐ႊင္ေနဆဲပင္၊
ထိုအိပ္မက္ကိုသာ အႀကိမ္ႀကိမ္မက္ေနခဲ့ၿပီးေနာက္မွာ ေခြၽးသံ႐ြဲ႐ြဲနဲ႕ အၿမဲနိုးထလာေပမယ့္ သူ႕မွတ္ဥာဏ္ေတြထဲ မၾကာခဏေပ်ာက္ေပ်ာက္သြားသလိုပင္၊တစ္စုံတစ္ေယာက္က သူ႕မွတ္ဥာဏ္ေတြကို အတင္းဝင္ႏွောက္ယွက္ေနသလိုပင္၊
ဒါေပမယ့္ ကေလးငယ္ကိုၾကည့္တဲ့အခ်ိန္မွာေတာ့ သူ႕ႏွလုံးသားက ထူးျခားေနသလိုခံစားရသည္၊လူတစ္ေယာက္အေပၚ ပိုင္ဆိုင္လိုစိတ္ျပင္းထန္တဲ့စိတ္ေတြနဲ႕ျပည့္သိပ္ေနခဲ့ၿပီး ေလာ့အိမ္ေတာ္ထဲမွာ ကေလးငယ္ကို ပိတ္ေလွာင္ထားဖို႔ ႐ူးမိုက္စြာေတြးမိေသးသည္၊
'သူ႕ကေလးငယ္က ေပ်ာ္႐ႊင္မႈနဲ႕ထိုက္တန္ပါတယ္...လြတ္လပ္ေပါ့ပါးတဲ့ငွက္ငယ္ေလးက ေကာင္းကင္မွာ ပ်ံဖို႔ထိုက္တန္တယ္"
------****------*****
Chapter -66ေမွ်ာ္
စာေရးဆရာေျပာစရာရွိသည္၊
စာေရးဆရာ: ကြန္ပလိျဖစ္မွ paidဝင္မဲ့သူေတြ ဝင္လို႔ရၿပီေနာ္၊ Daddyရဲ႕ကေလးေလးက ေနာက္ထပ္ငါးပိုင္းေက်ာ္ဆိုရင္ ကြန္ပလိပါၿပီဗ်၊
@YamasakiYuuto (Telegram acc)
Ph.no- 09796656750
-*-*-*-*-*-*-*
Unicode
လော့ကျန်းပေ့က လော့ရှန်ဟွာကို ကားနောက်ထဲကို ပစ်သွင်းလိုက်ပြီး သူကဘေးကနေဝင်ထိုင်လိုက်ပြီး ဒရိုင်ဘာကိုမောင်းခိုင်းလိုက်သည်၊လော့ရှန်ဟွာကလည်း လော့ကျန်းပေ့ဒေါသထွက်နေတာသိပေမယ့် ဘာကြောင့်မှန်းမသိသလို၊ သူလည်း အမှားမလုပ်မိတာကြောင့် အနည်းငယ်တော့ မကျေနပ်ဖြစ်နေတော့သည်၊
ဒါပေမယ့် ဘေးနားမှာ မျက်မှောင်ကြုတ်ကာ အံကြိတ်ထားတဲ့လော့ကျန်းပေကြောင့် လော့ရှန်ဟွာမှာ ငြိမ်ငြိမ်လေးသာနေနေတော့သည်၊
"မင်းစာလေ့လာမယ်ဆိုတဲ့ကိစ္စကို ဘာလို့ ကြိုမပြောတာလဲ"
လော့ကျန်းပေ့က ဆူပူသည်တော့မဟုတ်ပေမယ့် လေသံကတော့ အေးစက်စက်ပင်၊
"ရှန်လေး မေ့သွားလို့ပါ ဒယ်ဒီ"လော့ရှန်ဟွာက မျက်နှာငယ်လေးနဲ့ပြောလိုက်ချိန်မှာ တကယ်လည်း ပြောပြီးပြီလားမပြောလိုက်ဘူးလား သူမမှတ်မိပေ၊သူ့ခေါင်းထဲ လော့ကျန်းပေ့ရယ်အခြားအကြောင်းအရာတွေနဲ့သာ ပြည့်သိပ်နေတာကြောင့် လီကုန်းရွှေတို့နဲ့ စာအတူတူလုပ်မဲ့ကိစ္စကို တကယ်သတိမရတာအမှန်ပေ၊
"ဒီကိုလာ"လော့ကျန်းပေ့က ပေါင်ကိုပုတ်လိုက်တာမြင်တော့ လော့ရှန်ဟွာလည်း အနီးတိုးသွားပြီး လော့ကျန်းပေ့ပေါင်ပေါ်မှာ တက်ထိုင်လိုက်သည်၊သူ့ရဲ့ခါးတွေကို ပွေ့ဖက်လာတဲ့လက်တစ်ဖက်ကြောင့် လော့ရှန်ဟွာခါးလေးမတ်သွားပေမယ့် ပြန်ပြီးတော့ သက်သောင့်သက်သာဖြစ်အောင် အနေအထားကိုလုပ်လိုက်ပြီး လော့ကျန်းပေ့ရင်ခွင်ထဲမှီလိုက်သည်၊
"ရှန်လေး တောင်းပန်ပါတယ်နော် ဒယ်ဒီ"
"မင်းအမှားကို မင်းသိသေးတယ်ပေါ့"
"ရှန်လေး ဒယ်ဒီကို အရင်ပြောသင့်တာကို..မပြောမိတာက ရှန်လေးအမှားပါ..." လော့ရှန်ဟွာက လော့ကျန်းပေ့ကို မျက်နှာငယ်လေးနဲ့တောင်းပန်လိုက်သည်၊
"ဒါပဲလား" လော့ကျန်းပေ့စကားကြောင့် လော့ရှန်ဟွာရှုပ်ထွေးသွားတော့သည်၊အခြားတစ်ခုရှိသေးလို့လား၊
"ဘာကိုလဲ ဒယ်ဒီ" လော့ရှန်ဟွာ တွေးတောမရတာကြောင့် လော့ကျန်းပေ့ကို နားမလည်စွာမေးမြန်းလိုက်သည်၊
"ကလေး...မင်း ကိုယ့်ကို..." တကယ်ချစ်ရဲ့လား၊ ဒါပေမယ့် လော့ကျန်းပေ့မမေးလိုက်ပေ၊ဒါက သူ့ရင်ထဲ အစိုင်အခဲလိုဖြစ်နေတုန်းပင်၊ကလေးငယ်က သူ့ကိုချစ်တယ်ပြောပေမယ့် ကလေးငယ်ရဲ့ချစ်တယ်ဆိုတာ သူချစ်သလိုမဟုတ်ဘူးလို့ အမြဲတစေသံသယဝင်မိသည်၊
ကလေးငယ်ကတော့ သူ့လိုမျိုး သဝန်တိုတက်လား၊ကျန်းအိမ်သားတွေ သူ့နားကပ်ရင်တော့ ကလေးငယ်ရဲ့မျက်နှာပေါ်မှာ မကျေနပ်မှုတွေရှိနေတတ်ပေမယ့် အဲ့တာက သူ့ကိုချစ်လို့ သဝန်တိုတာလား သူမပြောနိုင်ပေ၊စမ်းသပ်ဖို့လည်း သူတစ်ခါမှ မစဥ်းစားဖူးပေ၊
အခုလည်း အခြားကောင်လေးရင်ခွင်ထဲရောက်သွားတဲ့ကလေးငယ်ကိုကြည့်ရင်း သူဒေါသကထိန်းမနိုင်ပေ၊ကလေးငယ်ကို အခြားမိန်းမတစ်ယောက်ဖြစ်စေ၊ယောကျ်ားတစ်ယောက်ဖြစ်စေ ထိလိုက်တာကိုမြင်ရချိန်မှာ သူ့စိတ်တွေက အဆင်မပြေသည်ကိုသတိထားမိလိုက်သည်၊သူက စိတ်ထိန်းမြန်သည်ဟု ကိုယ့်ကိုယ်ကိုယ်တွေးခဲ့သော်လည်း ထိုအချိန်မှာ ထိုကောင်လေးရင်ခွင်ထဲက သူ့ကလေးရဲ့ကိုယ်ကို ဆွဲယူချင်စိတ်သာပေါက်နေသည်၊
ပိုဆိုးတာက လီအိမ်သားက သူ့ကလေးအပေါ်ခံစားချက်ရှိနေသယောင်ပင်၊
"ကိုယ့်ကို ချစ်လား ကလေးငယ်" လော့ကျန်းပေ့တစ်ယောက် လော့ရှန်ဟွာရဲ့ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲထည့်ကာတင်းကြပ်စွာပွေ့ဖက်ရင်း လော့ရှန်ဟွာနားနားကပ်ကာပြောလိုက်သည်၊
အပြောစကားသာဖြစ်ပြီး ကလေးငယ်ဆီက ပြန်မကြားချင်ပေ၊ဒါကြောင့် လော့ရှန်ဟွာရဲ့မေးရိုးကို ကိုင်လိုက်ပြီး နူးညံ့တဲ့နူတ်ခမ်းလေးကို ဖွဖွလေးနမ်းလိုက်သည်၊ထို့နောက်မှာတော့ နူတ်ခမ်းဟကြားထဲ သူ့လျှာထည့်သွင်းရင်း တပ်မက်စွာနမ်းလိုက်သည်၊
တစ်အောင့်အကြာမှာတော့ အောက်နူတ်ခမ်းလေးကို ဖွဖွလေးကိုက်လိုက်ပြီး နှစ်ယောက်လုံး အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက်မှာ လော့ကျန်းပေ့က လော့ရှန်ဟွာရဲ့နူတ်ခမ်းလေးများကို နောက်တစ်ကြိမ်ကျူးကျော်လာတော့သည်၊
လော့ရှန်ဟွာ အသက်ရှူရတာတောင် မဝသေးချိန်မှာ လော့ကျန်းပေ့က နောက်တစ်ကြိမ်နမ်းလာပြန်တော့သည်၊ဒါကြောင့် လော့ကျန်းပေ့ရဲ့ကော်လာအင်္ကျီနားကို ဆုပ်ကိုင်ရင်း သူလည်း အနမ်းမှာပြန်လည်ပျော်ဝင်သွားတော့သည်၊
တစ်မိနစ်ကျော်ကြာမှာတော့ နူတ်ခမ်းသားကနေခွာလိုက်ပြီး လော့ကျန်းပေ့က လော့ရှန်ဟွာရဲ့နူတ်ခမ်းထောင့်မှာ စီးကျနေတဲ့သရေကြည်များကို လက်နဲ့သပ်ပေးလိုက်ပြီး ရှက်သွေးဖြာနေတဲ့မျက်နှာလေးကို မြတ်နိုးစွာစိုက်ကြည့်နေတော့သည်၊
"ဒယ်ဒီ..." လော့ကျန်းပေ့ရဲ့အနမ်းများရော ရမ္မက်ကြွစွာကြည့်နေတဲ့အကြည့်များကြောင့် လော့ရှန်ဟွာရဲ့နောက်ပိုင်းက ထကြွနေတော့သည်၊သူက ပေါင်နှစ်ချောင်းကို ပူးလိုက်ပြီး လိုချင်တပ်မက်တဲ့အကြည့်တွေနဲ့လော့ကျန်းပေ့ကို မော့ကြည့်လိုက်ပေမယ့် တစ်ဖက်က ပြုံးရုံသာပြုံးပြီး ငြိမ်သက်နေတာကြောင့်
"ဒယ်ဒီ... ရှန်လေး ဒီနားက..." လော့ရှန်ဟွာ သိသာတဲ့မြူဆွယ်မှုတွေကို မပြသပေမယ့် လော့ကျန်းပေ့လိုလူမျိုးကတော့ တန်းရိပ်မိမယ်ဆိုတာ နားလည်ပေမယ့် တစ်ဖက်က သူ့ခေါင်းကိုသာပုတ်လိုက်သည်၊
"ဒီဘေးမှာ ခဏထိုင်လိုက်နော် ကိုယ် အလုပ်ရှိသေးတယ်" လော့ကျန်းပေ့က ပြောလိုက်ပြီး လော့ရှန်ဟွာကို ပေါင်ပေါ်ကနေ ဆင်းခိုင်းကာ Laptopကိုဖွင့်လိုက်သည်၊ထို့နောက်မှာတော့ အလုပ်ကို စလုပ်တော့သည်၊
လော့ရှန်ဟွာရဲ့မျက်နှာလေးက မကျေနပ်ဖြစ်သွားတော့သည်၊သူ့စိတ်တွေ ထကြွနေချိန်မှာတော့ ဒယ်ဒီက ပစ်ထားပြီး အလုပ်လုပ်ရဲတယ်ပေါ့!
သူ့ကို စိတ်ကြွအောင် လုပ်တဲ့သူ ဒယ်ဒီလေ!
လော့ရှန်ဟွာ တွေးလေလေ မကျေနပ်လေလေဖြစ်လာတာကြောင့် နောက်နူတ်ခမ်းလေးကိုက်ကာဆူပုပ်နေတော့သည်၊သေချာတာပေါ့ သူ့ဒယ်ဒီကို မနှောင့်ယှက်ရဲတာကြောင့် ဘေးကနေပဲ မကျေနပ်စွာဖြစ်နေရတော့သည်၊
"ကျွန်တော် စာမေးပွဲမဖြေရမချင်း စီနီယာလီအိမ်တော်မှာ စာလုပ်ဖို့ အကူညီတောင်းထားတယ်"
လော့ရှန်ဟွာက လော့ကျန်းပေ့နားထောင်နေမှန်းသိတာကြောင့်ပြောလိုက်သည်၊laptopမှာ ပြေးလွှားနေတဲ့လော့ကျန်းပေ့ရဲ့လက်တွေကရပ်တန့်သွားတော့သည်၊
"ကိုယ် သင်ပေးမယ်"
"မရဘူး!" လော့ရှန်ဟွာက ပိတ်ငြင်းလိုက်တာကြောင့် လော့ကျန်းပေ့ရဲ့မျက်လုံးများက လော့ရှန်ဟွာကို စိုက်ကြည့်ကာ မေးခွန်းထုတ်နေတော့သည်၊
"ဒယ်ဒီနဲ့ဆိုရင် ဒယ်ဒီမျက်နှာကိုပဲ ငေးမောကြည့်နေရမှာလေ...ဘယ်လိုလုပ် စာရတော့မှာလဲ"
"အိုး..." လော့ကျန်းပေ့က 'oh'တစ်ချက်သာပေးလိုက်ပြီး ဘာမှဆက်မပြောလာတာကြောင့် လော့ရှန်ဟွာတစ်ယောက်နေရခက်သွားတော့သည်၊သူ့စိတ်မကြွအောင် ဟိုတွေး၊ဒီတွေးရင်းနဲ့ နောက်ဆုံးတော့ ခေါင်းငိုက်ကျလာကာ လော့ကျန်းပေ့လက်မောင်းပေါ် အိပ်ပျော်သွားတော့သည်၊
လော့ကျန်းပေ့လည်း အလုပ်လုပ်စကို ရပ်တန့်လိုက်ပြီး လော့ရှန်ဟွာကို ရင်ခွင်ထဲထည့်သိပ်လိုက်သည်၊
တကယ်တော့ လော့ကျန်းပေ့ သူကိုယ်တိုင်အတ္တကြီးနေမိမှန်း သတိထားမိလိုက်သည်၊
ဒါက လွန်ခဲ့တဲ့လက စခဲ့တာဖြစ်ပြီး အိပ်မက်ထဲက ကောင်လေးတစ်ဦးက ရယ်မောပြုံးရွှင်နေပေမယ့် ပုံရိပ်တွေပြောင်းလဲသွားပြီး အခေါင်းထဲမှာ ထိုလူငယ်လေးရဲ့အလောင်းကိုမြင်တွေ့ရပြန်သည်၊ သေဆုံးသွားသည့်တိုင်အောင် ထိုလူငယ်လေးက ပြုံးရွှင်နေဆဲပင်၊
ထိုအိပ်မက်ကိုသာ အကြိမ်ကြိမ်မက်နေခဲ့ပြီးနောက်မှာ ချွေးသံရွဲရွဲနဲ့ အမြဲနိုးထလာပေမယ့် သူ့မှတ်ဥာဏ်တွေထဲ မကြာခဏပျောက်ပျောက်သွားသလိုပင်၊တစ်စုံတစ်ယောက်က သူ့မှတ်ဥာဏ်တွေကို အတင်းဝင်နှောက်ယှက်နေသလိုပင်၊
ဒါပေမယ့် ကလေးငယ်ကိုကြည့်တဲ့အချိန်မှာတော့ သူ့နှလုံးသားက ထူးခြားနေသလိုခံစားရသည်၊လူတစ်ယောက်အပေါ် ပိုင်ဆိုင်လိုစိတ်ပြင်းထန်တဲ့စိတ်တွေနဲ့ပြည့်သိပ်နေခဲ့ပြီး လော့အိမ်တော်ထဲမှာ ကလေးငယ်ကို ပိတ်လှောင်ထားဖို့ ရူးမိုက်စွာတွေးမိသေးသည်၊
'သူ့ကလေးငယ်က ပျော်ရွှင်မှုနဲ့ထိုက်တန်ပါတယ်...လွတ်လပ်ပေါ့ပါးတဲ့ငှက်ငယ်လေးက ကောင်းကင်မှာ ပျံဖို့ထိုက်တန်တယ်"
------****------*****
Chapter -66မျှော်
စာရေးဆရာပြောစရာရှိသည်၊
စာရေးဆရာ: ကွန်ပလိဖြစ်မှ paidဝင်မဲ့သူတွေ ဝင်လို့ရပြီနော်၊ Daddyရဲ့ကလေးလေးက နောက်ထပ်ငါးပိုင်းကျော်ဆိုရင် ကွန်ပလိပါပြီဗျ၊
@YamasakiYuuto (Telegram acc)
Ph.no- 09796656750