ကိုယ် မင်းကို ဘယ်လိုဖွင့်ပြော...

By Azure5549

141K 15.5K 438

How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလ... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 2
3 - 4
5 - 6
7 - 8
9 - 10
11 - 12
13 - 14
15 - 16
17 - 18
19 - 20
21 - 22
23 - 24
25 - 26
27 - 28
29 - 30
31 - 32
33 - 34
35 - 36
37 - 38
39 - 40
41 - 42
43 - 44
45 - 46
47 - 48
49 - 50
51 - 52
53 - 54
55 - 56
57 - 58
59 - 60
61 - 62
63 - 64
65 - 66
67 - 68
69 - 70
71 - 72
73 - 74
75 - 76
77 - 78
79 - 80
81 - 82
83 - 84
85 - 86
87 - 88
89 - 90
91 - 92
93 - 94
95 - 96
97 - 98
paid အကြောင်း
99 - 100
101 - 102
103 - 104
105 - 106
IQ team က ဘာသာပြန်တဲ့ အသစ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါ
107 - 108
109 - 110
111 - 112
113 - 114
115 - 116
117 - 118
hello
119 - 120
😢
121 - 122
123 - 124
125 - 126
127 - 128
hello
129
Chapter 130
131
132
133
လက်ဆောင်
135 - 136
137
138
139
140
141
142
143 & 144
145 - 146
147🛑 - 148
149 & 150
151
152 & 153
154 & 155
156 - 158
159 - 160
161 - 162
163 & 164
165 & 166
167 & 168
169 & 170
171 - 172
173 - 175
176 - 177
178 - 180
181 - 185
186 - 190
191 - 193
194 - 195
196 - 197
198 - 199
200 - 202
203 - 205
206 - 208
209 - 211 (End )
Extra 1 & 2

134

1.3K 167 1
By Azure5549

Chapter 134
Sue Xing NwayApril 15, 2023
Chapter 134





ကျိမြန်က သူ့လက်ကိုသာ တင်းတင်းဆုပ်ကိုင်ထားလိုက်မိတော့သည်။ တရိပ်ရိပ်ထိုးတက်နေသော ခံစားချက်တို့မှာ နေရာအစုံကို ပျံ့နှံ့သွားဟန်ပင်။ ရှောင်ကျားရှု၏ ခံစားချက်ကို တုန့်ပြန်ရန် အလို့ငှာ သံသယအားလုံးကို ပစ်ချ၍ U.S သို့ လိုက်လာခဲ့သည့် ဆုံးဖြတ်ချက်သည် တစ်သက်တာအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေပေသည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူတို့၏ ဆက်ဆံရေးမှာ အချိန်တိုက်စားမှုကြောင့် ဖြစ်စေ၊ အချို့သော အကြောင်းပြချက်များ၏ နှောင့်ယှက်မှုကြောင့်ဖြစ်စေ အဆုံးသတ်ကောင်း သတ်ရနိုင်သည့်တိုင် ယခုအချိန်တွင် ခံစားရသည့် စစ်မှန်မှုနှင့် စိတ်အားထက်သန်မှုအတွက် လုံးဝ နောင်တရလိမ့်မည် မဟုတ်ချေ။

ရှောင်ကျားရှုကို ရင်ခွင်ထဲ ပွေ့ဖက်လျက်ပင် ဓာတ်လှေကားထဲမှ ထွက်လာကာ အခန်းရှိရာသို့ ရောက်သည်နှင့် တစ်ပြိုင်နက် တံခါးရွက်တွင်ကပ်ကာ အတင်းအကြပ် နမ်းရှိုက်လိုက်တော့သည်။ သူမည်မျှပင် အငမ်းမရ ဖြစ်နေပါစေ ရှောင်ကျားရှုက ခေါင်းကိုမော့ကာ နှုတ်ခမ်းနှစ်လွှာကို ဖွင့်ဟလျက် သူ အတတ်နိုင်ဆုံး ပြင်းရှစွာ ပြန်လည် တုန့်ပြန်ပေးနေလိုက်သည်။ အခြားအကြောင်းအရာကိုပင် မစဉ်းစားနိုင်။ သူ့စိတ်ထဲတွင် လှပကာ မျက်စိမလွှဲနိုင်လောက်စရာ မီးရှူးမီးပန်းတို့ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာသည်ကိုသာ တွေ့လိုက်ရတော့သည်။

ကျိမြန်၏ စိတ်ထဲရှိ မီးရှူးမီးပန်းတို့်မှာ သူ့ဘဝတစ်လျောက် မြင်ခဲ့ဖူးသမျှထဲတွင် အလှပဆုံးမြင်ကွင်းပင် ဖြစ်ပေသည်။

အနမ်းခံနေရသည့်‌ ရှောင်ကျားရှုမှာ အသက်ရှူ ရပ်တော့မတတ်ပင်။ လုံးဝဥဿုံ အောက်ဆီဂျင် ပြတ်မသွားခင် ကျိမြန်က လွှတ်ပေးလိုက်၍သာ တော်သေးသည်။ ထို့နောက် ကျိမြန်က သူ့ကို အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။

"ရှောင်ရှု မင်းရဲ့ နမ်းတဲ့အရည်အချင်းက‌ လေ့ကျင့်ဖို့ လိုနေသေးတယ် ..."

"ကျွန် ... ကျွန်တော်တို့က ဒီနားမှာ လေ့ကျင့်နေတာ မဟုတ်ဘူးလား ထပ်လုပ်ဦးမလို့လား ..."

ရှောင်ကျားရှုက သူ့နှုတ်ခမ်းကို မရပ်မနား လျာဖြင့် သပ်နေလိုက်သည်။

"အခုတော့ မဟုတ်သေးဘူး အရင်ဆုံး ဗိုက်ဖြည့်လိုက်ကြရအောင် ..."

ကျိမြန်က သူ၏ ပြားချပ်နေသောဗိုက်ကို ထိကာ ပြောလိုက်သည်။ အမျိုးမျိုးသော အကြောင်းကိစ္စများ ဖြစ်ပွားခဲ့သည့်အတွက် ရှောင်ကျားရှုလည်း ပေါင်ချိန်အများအပြား ကျဆင်းသွားခဲ့ကာ ယခုအချိန်တွင် သူ့ခါးမှာ လက်တစ်ဖက်ပွေ့စာမျှသာ ကျန်ရစ်ခဲ့တော့သည်။

ရှောင်ကျားရှုကမူ လုံးဝ ဗိုက်မဆာသေး။ ကျိကော၏ ခံတွင်းရည်ဖြင့်ပင် ဗိုက်ပြည့်နေပြီ ဖြစ်သော်လည်း ကျိကောကမူ ထိုသို့မဟုတ်နိုင်။ ထို့ကြောင့် ဟင်းလျာစာရင်းစာရွက်ကို ကောက်ယူကာ မည်သည့်ဟင်းလျာများ ရနိုင်ကြောင်း ကြည့်ရှုလိုက်တော့သည်။ ကုတ်အင်္ကျီချွတ်နေသော ကျိမြန်၏ လှုပ်ရှားမှုတို့ တစ်ခဏမျှ ဆိုင်းတွပြီးကာမှ ခေါင်းကိုခါယမ်းလျက် ရယ်မောလိုက်တော့သည်။

တံတွေးတွေနဲ့တင် ဗိုက်ပြည့်တယ် မင်းကိုယ်မင်း မှင်စာလို့များ ထင်နေသလားကွာ ...

ကုတ်အင်္ကျီကို ချွတ်ပြီးနောက် ရှောင်ကျားရှုကို ပွေ့ဖက်လျက် ဟင်းလျာစာရင်းကို အတူတူ ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦး အတူတူရှိသည့် ကာလမှာ များစွာ မကြာမြင့်လှသေးသည့်တိုင် တစ်ယောက်‌ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်း နားလည်ထားကြသဖြင့် နှစ်ယောက်လုံး ကြိုက်နှစ်သက်သည့် ဟင်းလျာများကိုသာ မှာယူလိုက်ကြသည်။

စားစရာ လာပို့မည်ကို စောင့်နေစဉ် ကျိမြန်က ရှောင်ကျားရှုကို နောက်ကျောဘက်မှ ပွေ့ဖက်လျက် နူးညံ့စွာ တီးတိုးပြောလိုက်သည်။

"အခုတလော စိတ်မ‌ကြည်စရာတွေ အများကြီး ဖြစ်ပျက်ခဲ့တာ အခုရော နည်းနည်း စိတ်အခြေအနေ ပိုကောင်းလာပြီလား ကိုယ် မင်းကို ပြောပြချင်ခဲ့တာ အဲဒီနေ့က ပြဿနာကို ကိုင်တွယ်ဖို့ နည်းလမ်းတွေ အများကြီးရှိတော့ နားလည်မှု လွဲသွားဖို့ရော တိုက်ခိုက်ခံရဖို့ရော လွယ်တယ်လို့ ကိုယ်က မင်းကို ပြောင်းလဲဖို့ ပြောတာ မဟုတ်ဘူး မင်းကို ဒုက္ခခံခိုင်းဖို့ မပြောနဲ့ နေ့တိုင်း ပျော်ရွှင်တဲ့ ‌ဘဝလေးထဲမှာပဲ နေစေချင်ခဲ့တာ ကိုယ်နဲ့သာဆိုရင် ဘာကိုမှ ပူနေဖို့ မလိုအပ်ဘူး ဟုတ်ပြီလား ..."

တစ်ခွန်းပြောပြီးလေတိုင်း ရှောင်ကျားရှု၏ နီရဲနေသော နားရွက်လေးကို တစ်ခါနမ်းရှိုက်လိုက်ကာ သူ၏ ကြင်နာမှုတို့ ပြည့်လျှံနေသည့် အကြည့်တို့မှာလည်း ရှောင်ကျားရှု၏ မျက်နှာနုနုထံတွင်သာ ကပ်ငြိနေပေသည်။

သူ့ရင်ခွင်ထဲ ပွေ့ဖက်ခံထားရသည့် ရှောင်ကျားရှုမှာလည်း ရေပူစမ်းထဲ စိမ်နေရသည့်နှယ် တစ်ကိုယ်လုံး ပူလောင်ကာ မလှုပ်ရှားနိုင်လောက်သည်အထိ အားနည်းပျော့ခွေသွားပြီး နှလုံးသားတစ်ခုလုံး ခံစားချက်တို့ ပြည့်လျှံသွားတော့သည်။ မျက်ဝန်းထောင့်တို့ အနည်းငယ် နီမြန်းလာကာ မငိုမိစေရန် အလို့ငှာ နှာခေါင်းကို ရှုံ့လျက် မသဲမကွဲ ရေရွတ်လိုက်သည်။

"ကျိကော အဲဒီ့နေ့က ကျွန်တော် ကောကို နားလည်မှု လွဲသွားခဲ့တာ တောင်းပန်ပါတယ် ကောက ကျွန်တော့်အပေါ် တကယ်ကိုကောင်းမှန်း သိပါတယ် ..."

ကျိကော၏ အချစ်တို့ကို မည်သို့မည်ပုံ ပြန်လည်ပေးဆပ်ရမည်မှန်းပင် မသိတော့။ ပေးရန်ဟူ၍ သူ့ခန္ဓာကိုယ်သာလျှင် ရှိသော်ငြား ထိုသို့ ပေးလိုက်လျှင်ပင် ကျိကော၏ ကြီးမြတ်မှုကို အခွင့်ကောင်းယူရာ ရောက်ပေလိမ့်မည်။

သေချာပေါက်ကို ကောင်းမွန်တဲ့ ဂေါ်ဖီထုပ်တွေက ဝက်တူးတာ ခံရမှာပဲ ...

နူးညံ့လိုသည့် ကျိမြန်မှာလည်း ရယ်ချင်စိတ်ကို ထိန်းချုပ်ထား၍ မရတော့။ ရှောင်ကျားရှု၏ အလွန်အမင်း လှပလှသော မျက်ဝန်းတစ်စုံကို နမ်းရှိုက်ရင်း ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်သည်။

"ရှောင်ရှု အရမ်းကြီး ချစ်စရာ မကောင်းပါနဲ့လား ..."

ရှောင်ကျားရှုမှာ ထိုချီးကျူးမှုကို ပဟေဠိဖြစ်သွားရသည့်တိုင် အလျင်အမြန်ပင် လက်ခံလိုက်ပြီး ခေါင်းကိုလှည့်ကာ သူ့ကို အကြိမ်အနည်းငယ် ပြန်နမ်းပေးလိုက်သည်။

ကျိကောရဲ့ တံတွေးမှာ မူးယစ်‌ဆေးတွေ ပါနေတယ်ထင်တယ် အများကြီး သောက်လိုက်မိတာနဲ့ ပိုပိုပြီးကို စွဲလန်းလာမိနေပြီ ...

ကျိမြန်က ပြုံးလျက်နှင့် အိပ်ယာပေါ် လှဲချလိုက်တော့သည်။ ကြည်နူးပျော်ရွှင်မှုတို့ ပြည့်နှက်နေသည့်အတွက် သူ့ပုံစံမှာ ပျင်းရိနေဟန်ပင် ပေါ်သွားတော့သည်။ ဤကဲ့သို့ စိတ်အေးလက်အေး မဖြစ်တော့သည်မှာ ကြာမြင့်နေပြီဖြစ်ရာ ရှောင်ကျားရှုနံဘေးတွင် နေရခြင်းမှာ စိမ်းစိုလှသည့် ဖန်လုံအိမ်ထဲ လှဲနေရသည့်နှယ် လုံးဝ ရွေ့လျားလိုခြင်း အလျဉ်းမရှိတော့။ လုံခြုံနွေးထွေးကာ ချစ်ခြင်းမေတ္တာတို့ကလည်း ပန်းမိုးရွာချသည့်နှယ် အဆက်မပြတ် ကျဆင်းနေပြီး စိတ်နှလုံး ကြည်လင်မှုမှာလည်း အရာအားလုံးထက်ပင် သာလွန်နေတော့သည်။

ရှောင်ကျားရှုက နောက်ကျောကို ခုံးကာ ပြုံးလိုက်သည်။ ကျိမြန်ကို ဆိုဖာပေါ် ဖိချလျက် သူ့ဗိုက်ကို အားရကျေနပ်မှုအပြည့်ဖြင့် ပုတ်လိုက်တော့၏။

ဘာစားသင့်လဲ အာ အချစ်က သူ့ကို တကယ်ကြီး ဗိုက်ပြည့်စေတာပဲ ... ။

ထိုအကြောင်းကို တွေးလိုက်မိသည်နှင့်တစ်ပြိုင်နက် ချက်ခြင်း ထထိုင်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"ကျိကော ကောမှာ ရည်းစားတွေ ရှိခဲ့ဖူးရင်လည်း ကျွန်တော် စိတ်မရှိပါဘူး ဘာပဲဖြစ်ဖြစ် ကောကလည်း အရွယ်တစ်ခုကို ရောက်နေပြီပဲဟာ လင်းလဲ့ယန်အကြောင်းပဲ မေးချင်တာ ဘာလို့ သူက ကောရဲ့ ကောင်လေးပါဆိုပြီး ကျွန်တော့်ကို လိမ်ချင်ရတာလဲ ..."

ကျိမြန်က သူ့ခါးကို ပွေ့ဖက်ကာ ရင်ခွင်ထဲ ပြန်ဆွဲသွင်းလျက် အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။

"မင်းက ကိုယ့်ကို အသက်ကြီးလို့ မကြိုက်ဘူးလား ..."

အသက်သုံးဆယ် အစောပိုင်းက အိုပြီလို့ ပြောလို့ ရလို့လား ဒါက နဂါးနဲ့ ကျားတွေ အသန်မာဆုံးအချိန်လို့တောင် ပြောလို့ရတာကို ...

(အိပ်ယာပေါ်မှာ အသန်မာဆုံးအချိန်လို့ ပြောချင်တာပါတဲ့)

ရှောင်ကျားရှု၏ အရှိန်အဝါတို့ ချက်ခြင်း ပျောက်ကွယ်ကာ ကျိမြန်၏ ဗိုက်ပေါ်မှ လှိမ့်ဆင်းလျက် လက်မောင်းထဲ ဝင်လှဲရင်း မပီမသ ရေရွတ်လိုက်သည်။

"ဒီလို ဆိုလိုချင်တာ မဟုတ်ပါဘူး ကျွန်တော်က ရင့်ကျက်တည်ငြိမ်တဲ့ ယောကျာ်းတွေကိုပဲ ကြိုက်တာ တကယ်ပြောနေတာနော် လင်းလဲ့ယန်ကြောင့်သာ မဟုတ်ရင် ကျွန်တော်လည်း "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ကို ရိုက်မိမှာ မဟုတ်ဘူး ချိုးတုနဲ့ ကျန်းပင်းကျဲက မကောင်းဆိုးဝါးတွေလို့ မိန်ရွှမ်ကျဲက ကျွန်တော့်ကို သတိပေးခဲ့ဖူးတယ် နားမထောင်ခဲ့လို့သာ ..."

ကျိမြန်မှာ အပြစ်မကင်းသည့်စိတ်တို့ ဖြစ်ပေါ်လာဟန်ပင်။ သူ့ဆံပင်ကို ပွတ်ပေးလျက် ခပ်တိုးတိုး ရှင်းပြလိုက်သည်။



"ကြည့်ရတာ သူက ကိုယ် မင်းအပေါ် ခံစားချက် ရှိနေမှန်း သတိထားမိသွားလို့ထင်တယ် အဲဒါကြောင့် လိမ်ခဲ့တာနေမှာ ရှောင်ရှု ကိုယ့်ကို ယုံလား ..."

"သေချာပေါက်ကို ယုံတာပေါ့ ..."

ရှောင်ကျားရှုက ချက်ခြင်းပင် စိတ်အေးသွားသော်ငြား စိတ်ဆိုးမာန်ဆိုးဖြင့် စောဒကတက်လိုက်ပြန်သည်။

"လင်းလဲ့ယန် ဒီကလေးကတော့ တကယ်ကို ဆိုးတာပဲ အိမ်ပြန်ရောက်ရင် သူ့ကို လက်သီးနဲ့ကို ထိုးပစ်ဦးမယ် ဘာလို့ ကောနဲ့ ကျွန်တော့်ကို အတူတူ မရှိစေချင်ရတာလဲ မရဘူး ဒီဒေါသကို ဘယ်လိုမှ ထိန်းထားလို့ မရတော့ဘူး အခုချက်ခြင်းကို လက်တုန့်ပြန်မှ ရမယ် ..."

ဒေါသတကြီး မတ်တပ်ထရပ်ကာ ဖုန်းကို ဖွင့်လိုက်သည်။

ကျိမြန်က အားရပါးရ ရယ်မောလိုက်၏။

"ဘယ်လိုမျိုး လက်တုန့်ပြန်ချင်တာလဲ ..."

"လာလေ ဓာတ်ပုံအတူတူ ရိုက်ကြရအောင် ..."

သူက ဖုန်းကို မြှောက်ပြလိုက်သည်။

ကျိမြန်က ခပ်ပြုံးပြုံးဖြင့် မတ်တပ်ထရပ်ကာ ရှောင်ကျားရှုကို နောက်မှ ပွေ့ဖက်လျက် လက်တစ်ဖက်က ဆံပင်တို့ကို နူးနူးညံ့ညံ့ ပွတ်ပေးနေလိုက်သည်။ ကျန်လက်တစ်ဖက်ကမူ လည်ပင်းကို အသာအယာ သိုင်းဖက်ထားပြီး ရှောင်ကျားရှု၏‌ ဘေးတိုက်မျက်နှာကိုသာ စူးစူးနစ်နစ် စိုက်ကြည့်နေလိုက်၏။ ရှောင်ကျားရှုကလည်း တောက်ပသည့် အပြုံးတစ်ပွင့်ကို ဆင်မြန်းရင်း ခေါင်းစောင်းလျက် သူ့ကို ပြန်ကြည့်နေလိုက်သည်။ နှစ်ဦးလုံးအပေါ် ကျဆင်းနေသည့် ခပ်ဖျော့ဖျော့

အလင်းရောင်ကြောင့် လေထုတစ်ခုလုံး နွေးထွေးမှုတို့ ပြည့်နှက်နေသည်။

ထိုပုံမှာ သဘာဝကျကျပင် တရင်းတနှီး ဖြစ်နေကာ သူငယ်ချင်းနှယ်၊ ညီအစ်ကိုနှယ်၊ ချစ်သူရည်းစားနှယ် ဖြစ်နေပေသည်။ ရှောင်ကျားရှုက စိတ်လှုပ်ရှားစွာဖြင့် filter ထည့်ကာ မပြည့်စုံသည်များကို ပြင်ဆင်ပြီးကာမှ အနည်းငယ် တုန့်ဆိုင်းသွားမိတော့သည်။

"ဒီဓာတ်ပုံက နည်းနည်းလေး ဟိုလိုလို သည်လိုလို ဖြစ်နေသလိုပဲ ကောအတွက် ပြဿနာ ဖြစ်နိုင်လောက်လား ထားလိုက်ပါ တင်မနေတော့ဘူး ..."

"ကိုယ်တင်လိုက်မယ် ..."

ကျိမြန်က ထိုပုံကို စာလုံးငါးလုံးနှင့်အတူ ပူးတွဲကာ တင်လိုက်သည်။

"နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ"

ဓာတ်ပုံသီးသန့်ကပင်လျှင် အဓိပ္ပါယ်နှစ်ခွ ဖြစ်နေသည့်အပြင် caption မှာ ပို၍ပင် ထူးဆန်းနေသေးသည့်အတွက် ရှောင်ကျားရှုမှာ ပျာယာခတ်ကာ မသိမသာ စိတ်လှုပ်ရှားလာတော့သည်။ အပွင့်လင်းဆုံး ပြောရပါလျှင် ကျိကောနှင့် တွဲသည့်အခါ သူ့အသက်မွေးဝမ်းကျောင်း ပျက်စီးသွားလေမလားဟု လုံးဝ မတွေးခဲ့ဖူးချေ။ ကျိကောအပေါ် ထားရှိသည့် သူ့ခံစားချက်တို့မှာ တစ်ဘဝလုံး ပြောင်းလဲသွားလိမ့်မည် မဟုတ်။ လူတိုင်းက လက်ခံပေးနိုင်ပါလျှင် အကောင်းဆုံး ဖြစ်သော်ငြား လက်မခံနိုင်၍လည်း ကိစ္စမရှိပေ။ သူသည် ရုပ်ရှင်ရိုက်ကူးရသည်ကိုသာ သဘောကျသူဖြစ်ရာ ကျော်ကြားသည်ဖြစ်စေ၊ ငွေရှာနိုင်သည်ဖြစ်စေ၊ နာမည်ကြီးသည်ဖြစ်စေ ထိုရလဒ်များမှာ သူမျှော်မှန်းထားသည့် အရာများ မဟုတ်ချေ။

ထို့ကြောင့် သူနှင့် ကျိကော၏ ဆက်ဆံရေးက သူ့အတွက် မည်သည့်ပြဿနာကိုမှ ယူဆောင်မလာနိုင်ချေ။

လူတွေ လက်မခံကြရင်ရော ဘယ်လိုလုပ်မလဲ သူက ရာဇဝတ်မှု ကျူးလွန်နေတာမှ မဟုတ်တာ ဘယ်လိုလုပ် တားမြစ်ခံရမှာလဲ အလွန်ဆုံးမှ သူ့ရုပ်ရှင်တွေကို မကြည့်ကြရုံပဲပေါ့ ဒါက ဘာအရေးကြီးတာ မှတ်လို့ ကိုယ့်ဘာသာ ရင်းနှီးမြှုပ်နှံပြီး အပျော်တမ်း ရိုက်ကူးလို့ ရသားပဲ နာမည်ကြီး မိသားစုရဲ့ ဒုတိယမျိုးဆက် လူချမ်းသာသခင်လေးက အရမ်းကို အပူအပင် ကင်းတာ‌ပါနော် ...

ထိုသို့ တွေးလိုက်မိသည့်အတွက် ရှောင်ကျားရှုမှာ ပိုပို၍ပင် ယုံကြည်ချက် ပြည့်ဝလာကာ ခပ်တိုးတိုး ရယ်မောလိုက်မိတော့သည်။

ပို့စ်တင်နေသည့် ကျိမြန်၏ လက်ချောင်းတို့လည်း အနည်းငယ် တုန်ရီသွားတော့သည်။ ၎င်းမှာ စိုးရိမ်စိတ်ကြောင့်မဟုတ်။ ရယ်ချင်စိတ်ကို ထိန်းချုပ်ထားရ၍ ဖြစ်ပေသည်။ ဓာတ်ပုံကို တင်ပြီးသည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုကို ရင်ခွင်ထဲ ဆွဲသွင်းကာ မွတ်မွတ်သိပ်သိပ် နမ်းရှိုက်ရင်း မေးလိုက်သည်။

"တစ်နေ့နေ့ကျ ကိုယ်တို့‌အကြောင်း လူတွေသိသွားရင် ကြောက်မှာလား ..."

"မကြောက်ပါဘူး ..."

ရှောင်ကျားရှုက တွေးပင် တွေးမနေ။ ချက်ခြင်း ခေါင်းယမ်းပြလိုက်တော့သည်။

"အဲဒီ့အချိန်ကျ မင်းမှာ ရိုက်စရာ ဇာတ်လမ်းတွေ ရှိတော့မှာ မဟုတ်ဘူးနော် ..."

ကျိမြန်က ဆက်လက်၍ စနောက်လိုက်သည်။

"ကိုယ့်ဘာသာကိုယ် ရင်းနှီးမြှုပ်နှံမှာပေါ့ ..."

သူက တစ်ခဏမျှ ရပ်တန့်လိုက်ပြီးကာမှ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"ကောလည်း ရင်းနှီးမြှုပ်နှံလို့ ရတယ်လေ တကယ်လို့ ရုံဝင်ကြေးအပေါ် သက်ရောက်မှာကြောက်ရင် ကျွန်တော် မထင်ရှားတဲ့ အရန်ဇာတ်ကောင်နေရာမှာပဲ သရုပ်ဆောင်ပေးမယ် ကျွန်တော့်ကိုယ်ကျွန်တော် သရုပ်ဆောင်တစ်ယောက်လို့ တွေးထားတာ စတားတစ်ယောက်လို့ တွေးထားတာ မဟုတ်ဘူး စတားတစ်ယောက်က ချီးကျုးမှုကို လိုအပ်သလို လူတွေ ဝေဖန်တာကို ခံရမှာ အကြောက်ဆုံးပဲ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ရိုက်စရာဇာတ်လမ်း ရှိနေသရွေ့ တစ်ခြားသူတွေ ကြိုက်လား မကြိုက်ဘူးလားဆိုတာ သိပ်အရေးမကြီးဘူး ကြည့်ရှုသူတွေအတွက် ထိုက်တန်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့ပဲလိုတာ ဒါဆိုရင်ကို လုံလောက်ပြီ ..."

ကျိမြန်က သူ့ကို နက်နက်ရှိုင်း စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ရှောင်ရှု မင်း ဒီလိုမျိုး ပြောတာကို ကြားတိုင်းလေ ကိုယ် မင်းကို အရမ်းကို နမ်းလိုက်ချင်တာပဲ ..."

အလားတူ စကားမျိုးကို ရှောင်ကျားရှု၏ နှုတ်ဖျားမှဖြစ်စေ၊ စိတ်ထဲမှဖြစ်စေ ကြိမ်ဖန်များစွာ ကြားခဲ့ဖူးကာ ထိုသို့ ကြားလေတိုင်း သူ့နှလုံးသားတစ်ခုလုံး အမျိုးအမည်တပ်၍ မရသော ခံစားချက်တို့ လှိုက်တက်လာတော့သည်။ ထိုသို့ ခံစားရလေတိုင်း အလွန်အမင်း ပဟေဠိဖြစ်ကာ စိတ်ကို ထိန်းချုပ်ခဲ့ရသော်ငြား ယခု ပြန်စဉ်းစားကြည့်ပါလျှင် သူသည် ထိုအချိန်ကတည်းက ရှောင်ကျားရှုအပေါ် စိတ်ဝင်စားစ ပြုနေခဲ့ခြင်း ဖြစ်ပေသည်။

ရှောင်ကျားရှုမှာ ဟန်မဆောင်တတ်၊ ခေါင်းမာကာ အနည်းငယ် မိုက်ရူးရဲဆန်တတ်သော်လည်း ကျိမြန်၏ အမြင်တွင်မူ ၎င်းတို့မှာ ချို့ယွင်းချက်မဟုတ်၊ ချစ်စရာအကောင်းဆုံးနှင့် တန်ဖိုးအရှိဆုံး ကိုယ်ရည်ကိုယ်သွေးများပင် ဖြစ်ပေသည်။

"ဒါပေမယ့် အခုအထိ နမ်းလည်း မနမ်းသေးဘူး ..."

ရှောင်ကျားရှု၏ ပါးနှစ်ဖက် နီမြန်းလာကာ နှုတ်ခမ်းကို အနည်းငယ် စူပေးထားလိုက်သည်။

ကျိမြန်က ရယ်မောလျက် သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းကာ နမ်းရှိုက်လိုက်သည်။ လူးလှိမ့်ကာ ရှောင်ကျားရှုကို သူ့ခန္ဓာကိုယ်အောက် ဖိလျက် နူးညံ့လှသည့် လည်တိုင်မှ ညှပ်ရိုးအထိ တောက်လျောက် နမ်းရှိုက်လိုက်ကာ အသက်ရှူသံတို့မှာလည်း တစ်ဖြည်းဖြည်း လေးလံလာတော့သည်။ မဝံ့မရဲဖြင့် သူ့ခါးပတ်ကို ဖြုတ်လိုက်ကာ လက်တို့ကို နယ်မြေသစ်ဆီသို့ တစ်ဖြည်းဖြည်း လျောဆင်းစေလိုက်တော့သည်။



Xxxxxxx




Continue Reading

You'll Also Like

2.1M 162K 36
No descriptions here
41.6K 3.8K 25
Author : 神田洛 12 Chapters (completed) Original Publisher jjwxc English translation Novel updates Associated Names SCGL 配角生存指南 This is a fan translat...
648K 71.6K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...