ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိ...

Por yyuzanawin

113K 12K 238

စစ်ဟွိုင်ရှီး သည် နောက်ဆုံးသောနေ့ရက်များတွင် ဖုတ်ကောင်များကို တိုက်ခိုက်ရန် ငြီးငွေ့နေသောကြောင့် သူဖတ်ရန် ဝတ္... Más

Description
1🍷
2🍷
3🍷
4🍷
5🍷
6🍷
7🍷
8🍷
9🍷
10🍷
11🍷
12🍷
13🍷
14🍷
15🍷
16🍷
17🍷
18🍷
19🍷
20🍷
21🍷
22🍷
23🍷
24🍷
25🍷
26🍷
27🍷
28🍷
Hello
29🍷
30🍷
31🍷
အဖြေမှန် 😍
32🍷
34🍷
35🍷
36🍷
37🍷
38🍷
39🍷
40🍷
41🍷
42🍷
43🍷
44🍷
45🍷
46🍷
47
48
49..
50
51
52
53
54
55
56
57
58
59
60

33🍷

1.6K 182 3
Por yyuzanawin

အလုပ်မသွားခင် စာချုပ်တစ်ခု လုပ်ဖို့ သူ့ကို တိုက်တွန်းနေတာလား.. ဖေးကျောက်ကျိုး က တစ်ခုခုမှားနေတယ် လို့ ခံစားမိပေမယ့် စစ်ဟွိုင်ရှီး ရဲ့ ထပ်ခါတလဲလဲ တိုက်တွန်းမှုအောက်မှာ သူက လက်ထောက်ကျန်းကိုဖုန်းဆက်ပြီး..

"လက်ထောက်ကျန်း အခြေအနေက နည်းနည်းအရေးကြီးနေလို့ စာချုပ်တစ်ခု ရေးဆွဲဖို့ မြန်မြန်လုပ်ပေးပါ.."

လက်ထောက်ကျန်း က

"ကောင်းပါပြီ ဥက္ကဌဖေး က ဘယ်လိုစာချုပ်မျိုးလိုချင်တာလဲ.. ငွေကြေး၊ ဝယ်ယူမှုပဲဖြစ်ဖြစ်..."

ဖေးကျောက်ကျိုး က ရှက်ရွံသွားကာ မျက်နှာကိုအုပ်ထားရင်း..

"ဒီအတိုင်း ၉လ အတူနေဖို့ စာချုပ်...."

"!!!..."

လက်ထောက်ကျန်းသည် အံသြမူကို ဖုံးကွယ်ထားရင်း...

"ဘယ်သူနဲ့ စာချုပ်ချုပ်မှာပါလဲ.."

ဟု အေးဆေးတည်ငြိမ်စွာနှင့် ပရော်ဖက်ရှင်နယ်ကျကျ မေးခဲ့သည်။ ဖေးကျောက်ကျိုး က သူ့မျက်နှာကိုထပ်မံ ဖုံးအုပ်လိုက်ပြီး ..

"စစ်ဟွိုင်ရှီး.. "

လက်ထောက်ကျန်း ၏ အတင်းအဖျင်းမျက်လုံးများ ကျဉ်းမြောင်းသွားပြီး မျှော်လင့်ထားသည့်အတိုင်း သူလျှို့ဝှက်စွာ ပြောလိုက်သည်။

"ဥက္ကဌဖေးရဲ့ အပေးအယူက ဘာပါလဲ.."

လက်ထောက်ကျန်း သည် ဥက္ကဌဖေးတွင် မရေတွက်နိုင်သော ပိုင်ဆိုင်မှုများဖြင့် ဘီလီယံရာနှင့်ချီသော သူဌေးဖြစ်တာသိတာကြောင့် ..ရှင်းရှင်းပဲမေးချလိုက်လေသည်။

ဖေးကျောက်ကျိုးက ခဏတုံ့ဆိုင်းသွားပြီးနောက် ​ပြုံးစစဖြင့် စောင့်ဆိုင်းနေသော စစ်ဟွိုင်ရှီးကို တစ်ချက်ကြည့်လိုက်ရင်း..

"သယံဇာတဂြိုဟ်တစ်ခုဆို လုံလောက်လား.."

သူလည်း အဲလို​လေးရချင်တယ်။ ဂြိုဟ်တစ်လုံးကို ပေးမယ်တဲ့ အံ့ဩစရာပင်။ဒါက အနည်းဆုံး တစ်သန်းကျော်လေသည်။

ဥက္ကဌဖေးက တကယ့် သူဌေးပဲ..

လက်ထောက်ကျန်းသည် သူ့စိတ်နှလုံး တုန်လှုပ်ခြောက်ခြားကာ ညည်းညူချင်နေပါစေ သူ့လေသံမှာ အလွန်တည်ငြိမ်အေးဆေးနေပေသည်-

"လုံလောက်ပါတယ် ဒါပေမယ့် သူ့လိုအပ်ချက်တွေကို သိနိုင်ဖို့ မစ္စတာစစ်ကို မေးအုံးမလားဗျ.."

ဖေးကျောက်ကျိုး က စစ်ဟွိုင်ရှီး ကိုကြည့်ပြီး...

"မင်း ဘာတွေထပ်ထည့်ချင်သေးလဲ..."

စစ်ဟွိုင်ရှီး က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း..

"ဂြိုဟ်က ဘာမှ အရေးမကြီးဘူး ဒါပေမယ့် စာချုပ်ကာလမှာ နှစ်ဖက်စလုံးက တခြားလူတွေကို မရှာရဘူး..နမ်းတာ၊ ပွေ့ဖက်တာ၊ လက်ဆွဲနှုတ်ဆက်တာတွေ အကန့်အသတ်မရှိပဲ မလုပ်ရဘူး တခြားသူတွေနဲ့ အရမ်းရင်းနှီးမနေဖို့ တောင်းဆိုချင်တယ် ဒီအပြုအမူတွေက စာချုပ်ပါ နှစ်ဖက်စလုံး အတွက်အကျုံးဝင်တယ် ပြီးတော့ စာချုပ်ကာလက ၉လဆိုတာက မကောင်းဘူး..ဘာလို့ ၁၀နှစ်မလုပ်တာလဲ..."

လက်ထောက်ကျန်းနှင့် ဖေးကျောက်ကျိုး တို့သည် တပြိုင်နက် တုန်လှုပ်သွားကြသည်။

"နောက်ဆုံး...နောက်ဆုံးရက်က ကိုးလပဲ"

စစ်ဟွိုင်ရှီး ဘယ်လောက်ပဲ ပြောနေပါစေ ဖေးကျောက်ကျိုးက ၉လ လို့ပဲ အခိုင်အမာ ပြောနေတုန်းပါပဲ။

ဖေးကျောက်ကျိုး သည် ချောင်းဆိုးပြီးအနည်းငယ်ဒေါသထွက်နေကာစစ်ဟွိုင်ရှီး ကို ကြည့်လိုက်ရင်း..ဒီစာချုပ်ကို ပဲသီးလေးအဖေဆီကနေ ဝှက်ထားရမယ်လို့ တွေးလိုက်သည်။

ဖေးကျောက်ကျိုးသည် စစ်ဟွိုင်ရှီးကိုလှည့်စားရတဲ့အတွက် စိတ်မသက်မသာဖြစ်ပြီး အပြစ်ရှိသလို ခံစားခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် သူက တစ်ဖက်က သူ့ကို လျော်ကြေးပေးချင်တာကြောင့် အမြတ်အစွန်းရတဲ့ စာချုပ်မှာ..

“သုံးလတိုင်း မျိုးစုံရှိုးတွေ စီစဉ်ပေးမယ်.."

"စာချုပ်ပါ နှစ်ဖက်စလုံးက သူတို့ရဲ့ ဘာပဲသွားသွား ဘာလုပ်လုပ် နေ့တိုင်း ပြောပြရမယ်.. စာချုပ်မှာ မပါတဲ့သူတွေနဲ့ ရင်းရင်းနှီးနှီးမနေရဘူး..."

"နှစ်စဉ်နှစ်တိုင်း ဒါရိုက်တာကြီးတစ်ယောက်ဆီက ရုပ်ရှင်အရင်းအမြစ်တွေပေးမယ်.."

"တစ်ဖတ်လူက ညဘက်လေ့ကျင်းခန်းလုပ်ချင်ရင် လက်ခံပေးရမယ်.."

ဖေးကျောက်ကျိုး ၏ ပါးပြင်များသည် အနည်းငယ်နီနေပြီး ...

"နောက်သုံးလအတွင်းပဲ တောင်းဆိုလို့ရမယ်..အဲ့နောက်မရဘူး.."

စစ်ဟွိုင်ရှီး က အနည်းငယ် မကျေမနပ် ဖြစ်နေကာ..

"အဲ့ဒါက တဖတ်လူရဲ့ ရောဂါကြောင့်လေ ဆရာဝန်က ၃လပဲလုပ်ခိုင်းလို့လား..."

ဖေးကျောက်ကျိုးက စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး..

"ကောင်းပြီ... အဲ့ဒါဆရာဝန်ပြောတာပဲ"

ဟု ပြတ်ပြတ်သားသား လိမ်ညာခဲ့သည်။

စစ်ဟွိုင်ရှီး ၏ မျက်လုံးများက မဲမှောင်နေပြီး မနေ့ညက ကျန်ခဲ့သော မကျေနပ်မှု အရိပ်အယောင်ကို ဖော်ထုတ်ကာ မျက်မှောင်ကြုတ်လျှက်..

"ရပါတယ်.. နောက်မှ ဆွေးနွေးမယ်"

စာချုပ်တွေ အများကြီးဆွဲပြီးတဲ့ နောက်မှာတော့
နှစ်ဖက်စလုံးက နာမည်တွေ ရေးထိုးလိုက်ကြတယ်။

စစ်ဟွိုင်ရှီး သည်  စာချုပ်ကိုယူကာ စာချုပ်ချုပ်ပြီးနောက် စိတ်ရှုပ်နေသော ဖေးကျောက်ကျိုးအား ကြည့်လိုက်သည်။ သူ့ပါးစပ်ထောင့်က အနည်းငယ် လှုပ်သွားသော်လည်း ပြန်တည်ကာ..

"ဒါဆို ဖေးကော ငါအလုပ်ကို အရင်သွားလိုက်ဦးမယ်..မင်း ငါ့အိမ်မှာ နေချင်သလို နေလို့ရတယ်လေ.. ဟုတ်ပြီ..နောက်မှ အိမ်သော့တစ်ချောင်း ပေးလိုက်မယ်"

ဖေးကျောက်ကျိုးက ထုံထိုင်းစွာ ခေါင်းညိတ်လိုက်ပြီး စစ်ဟွိုင်ရှီး ထွက်ခွာသွားသည်ကို သတိမထားမိဘဲ သူ့လက်ထဲတွင် ကိုင်ဆောင်ထားသည့် လတ်လတ်ဆတ်ဆတ် စာချုပ်ကို တစ်ချက်ကြည့်လိုက်သည်။ စာချုပ်က နည်းနည်း ရှုပ်ပွနေပြီး တစ်ခုခု မှားနေတယ်လို့ ခံစားလိုက်ရတယ်..ရုပ်တရက်နောင်တရချင်လာသလိုပဲ...



Paid gp မှာ အပိုင်း ၁၂၀ ကျော်အထိတင်ပြီးသွားပါပြီ ဇာတ်သိမ်းဖို့ အပိုင်း၂ဝ ကျော် ပဲကျန်ပါတော့တယ်...




Zawgyi

အလုပ္မသြားခင္ စာခ်ဳပ္တစ္ခု လုပ္ဖို႔ သူ႕ကို တိုက္တြန္းေနတာလား.. ေဖးေက်ာက္က်ိဳး က တစ္ခုခုမွားေနတယ္ လို႔ ခံစားမိေပမယ့္ စစ္ဟြိုင္ရွီး ရဲ႕ ထပ္ခါတလဲလဲ တိုက္တြန္းမႈေအာက္မွာ သူက လက္ေထာက္က်န္းကိုဖုန္းဆက္ၿပီး..

"လက္ေထာက္က်န္း အေျခအေနက နည္းနည္းအေရးႀကီးေနလို႔ စာခ်ဳပ္တစ္ခု ေရးဆြဲဖို႔ ျမန္ျမန္လုပ္ေပးပါ.."

လက္ေထာက္က်န္း က

"ေကာင္းပါၿပီ ဥကၠဌေဖး က ဘယ္လိုစာခ်ဳပ္မ်ိဳးလိုခ်င္တာလဲ.. ေငြေၾကး၊ ဝယ္ယူမႈပဲျဖစ္ျဖစ္..."

ေဖးေက်ာက္က်ိဳး က ရွက္႐ြံသြားကာ မ်က္ႏွာကိုအုပ္ထားရင္း..

"ဒီအတိုင္း ၉လ အတူေနဖို႔ စာခ်ဳပ္...."

"!!!..."

လက္ေထာက္က်န္းသည္ အံၾသမူကို ဖုံးကြယ္ထားရင္း...

"ဘယ္သူနဲ႕ စာခ်ဳပ္ခ်ဳပ္မွာပါလဲ.."

ဟု ေအးေဆးတည္ၿငိမ္စြာႏွင့္ ပေရာ္ဖက္ရွင္နယ္က်က် ေမးခဲ့သည္။ ေဖးေက်ာက္က်ိဳး က သူ႕မ်က္ႏွာကိုထပ္မံ ဖုံးအုပ္လိုက္ၿပီး ..

"စစ္ဟြိုင္ရွီး.. "

လက္ေထာက္က်န္း ၏ အတင္းအဖ်င္းမ်က္လုံးမ်ား က်ဥ္းေျမာင္းသြားၿပီး ေမွ်ာ္လင့္ထားသည့္အတိုင္း သူလွ်ို႔ဝွက္စြာ ေျပာလိုက္သည္။

"ဥကၠဌေဖးရဲ႕ အေပးအယူက ဘာပါလဲ.."

လက္ေထာက္က်န္း သည္ ဥကၠဌေဖးတြင္ မေရတြက္နိုင္ေသာ ပိုင္ဆိုင္မႈမ်ားျဖင့္ ဘီလီယံရာႏွင့္ခ်ီေသာ သူေဌးျဖစ္တာသိတာေၾကာင့္ ..ရွင္းရွင္းပဲေမးခ်လိဳက္ေလသည္။

ေဖးေက်ာက္က်ိဳးက ခဏတုံ႕ဆိုင္းသြားၿပီးေနာက္ ၿပဳံးစစျဖင့္ ေစာင့္ဆိုင္းေနေသာ စစ္ဟြိုင္ရွီးကို တစ္ခ်က္ၾကည့္လိုက္ရင္း..

"သယံဇာတၿဂိဳဟ္တစ္ခုဆို လုံေလာက္လား.."

သူလည္း အဲလိုေလးရခ်င္တယ္။ ၿဂိဳဟ္တစ္လုံးကို ေပးမယ္တဲ့ အံ့ဩစရာပင္။ဒါက အနည္းဆုံး တစ္သန္းေက်ာ္ေလသည္။

ဥကၠဌေဖးက တကယ့္ သူေဌးပဲ..

လက္ေထာက္က်န္းသည္ သူ႕စိတ္ႏွလုံး တုန္လႈပ္ေျခာက္ျခားကာ ညည္းၫူခ်င္ေနပါေစ သူ႕ေလသံမွာ အလြန္တည္ၿငိမ္ေအးေဆးေနေပသည္-

"လုံေလာက္ပါတယ္ ဒါေပမယ့္ သူ႕လိုအပ္ခ်က္ေတြကို သိနိုင္ဖို႔ မစၥတာစစ္ကို ေမးအုံးမလားဗ်.."

ေဖးေက်ာက္က်ိဳး က စစ္ဟြိုင္ရွီး ကိုၾကည့္ၿပီး...

"မင္း ဘာေတြထပ္ထည့္ခ်င္ေသးလဲ..."

စစ္ဟြိုင္ရွီး က ေပါ့ေပါ့ပါးပါး ၿပဳံးလိုက္ရင္း..

"ၿဂိဳဟ္က ဘာမွ အေရးမႀကီးဘူး ဒါေပမယ့္ စာခ်ဳပ္ကာလမွာ ႏွစ္ဖက္စလုံးက တျခားလူေတြကို မရွာရဘူး..နမ္းတာ၊ ေပြ႕ဖက္တာ၊ လက္ဆြဲႏႈတ္ဆက္တာေတြ အကန႔္အသတ္မရွိပဲ မလုပ္ရဘူး တျခားသူေတြနဲ႕ အရမ္းရင္းႏွီးမေနဖို႔ ေတာင္းဆိုခ်င္တယ္ ဒီအျပဳအမူေတြက စာခ်ဳပ္ပါ ႏွစ္ဖက္စလုံး အတြက္အက်ဳံးဝင္တယ္ ၿပီးေတာ့ စာခ်ဳပ္ကာလက ၉လဆိုတာက မေကာင္းဘူး..ဘာလို႔ ၁၀ႏွစ္မလုပ္တာလဲ..."

လက္ေထာက္က်န္းႏွင့္ ေဖးေက်ာက္က်ိဳး တို႔သည္ တၿပိဳင္နက္ တုန္လႈပ္သြားၾကသည္။

"ေနာက္ဆုံး...ေနာက္ဆုံးရက္က ကိုးလပဲ"

စစ္ဟြိုင္ရွီး ဘယ္ေလာက္ပဲ ေျပာေနပါေစ ေဖးေက်ာက္က်ိဳးက ၉လ လို႔ပဲ အခိုင္အမာ ေျပာေနတုန္းပါပဲ။

ေဖးေက်ာက္က်ိဳး သည္ ေခ်ာင္းဆိုးၿပီးအနည္းငယ္ေဒါသထြက္ေနကာစစ္ဟြိုင္ရွီး ကို ၾကည့္လိုက္ရင္း..ဒီစာခ်ဳပ္ကို ပဲသီးေလးအေဖဆီကေန ဝွက္ထားရမယ္လို႔ ေတြးလိုက္သည္။

ေဖးေက်ာက္က်ိဳးသည္ စစ္ဟြိုင္ရွီးကိုလွည့္စားရတဲ့အတြက္ စိတ္မသက္မသာျဖစ္ၿပီး အျပစ္ရွိသလို ခံစားခဲ့ရသည္။ ဘာပဲျဖစ္ျဖစ္ သူက တစ္ဖက္က သူ႕ကို ေလ်ာ္ေၾကးေပးခ်င္တာေၾကာင့္ အျမတ္အစြန္းရတဲ့ စာခ်ဳပ္မွာ..

သုံးလတိုင္း မ်ိဳးစုံရွိုးေတြ စီစဥ္ေပးမယ္.."

"စာခ်ဳပ္ပါ ႏွစ္ဖက္စလုံးက သူတို႔ရဲ႕ ဘာပဲသြားသြား ဘာလုပ္လုပ္ ေန႕တိုင္း ေျပာျပရမယ္.. စာခ်ဳပ္မွာ မပါတဲ့သူေတြနဲ႕ ရင္းရင္းႏွီးႏွီးမေနရဘူး..."

"ႏွစ္စဥ္ႏွစ္တိုင္း ဒါရိုက္တာႀကီးတစ္ေယာက္ဆီက ႐ုပ္ရွင္အရင္းအျမစ္ေတြေပးမယ္.."

"တစ္ဖတ္လူက ညဘက္ေလ့က်င္းခန္းလုပ္ခ်င္ရင္ လက္ခံေပးရမယ္.."

ေဖးေက်ာက္က်ိဳး ၏ ပါးျပင္မ်ားသည္ အနည္းငယ္နီေနၿပီး ...

"ေနာက္သုံးလအတြင္းပဲ ေတာင္းဆိုလို႔ရမယ္..အဲ့ေနာက္မရဘူး.."

စစ္ဟြိုင္ရွီး က အနည္းငယ္ မေက်မနပ္ ျဖစ္ေနကာ..

"အဲ့ဒါက တဖတ္လူရဲ႕ ေရာဂါေၾကာင့္ေလ ဆရာဝန္က ၃လပဲလုပ္ခိုင္းလို႔လား..."

ေဖးေက်ာက္က်ိဳးက စကၠန႔္အနည္းငယ္မွ် တိတ္ဆိတ္သြားၿပီး..

"ေကာင္းၿပီ... အဲ့ဒါဆရာဝန္ေျပာတာပဲ"

ဟု ျပတ္ျပတ္သားသား လိမ္ညာခဲ့သည္။

စစ္ဟြိုင္ရွီး ၏ မ်က္လုံးမ်ားက မဲေမွာင္ေနၿပီး မေန႕ညက က်န္ခဲ့ေသာ မေက်နပ္မႈ အရိပ္အေယာင္ကို ေဖာ္ထုတ္ကာ မ်က္ေမွာင္ၾကဳတ္လွ်က္..

"ရပါတယ္.. ေနာက္မွ ေဆြးႏြေးမယ္"

စာခ်ဳပ္ေတြ အမ်ားႀကီးဆြဲၿပီးတဲ့ ေနာက္မွာေတာ့
ႏွစ္ဖက္စလုံးက နာမည္ေတြ ေရးထိုးလိုက္ၾကတယ္။

စစ္ဟြိုင္ရွီး သည္  စာခ်ဳပ္ကိုယူကာ စာခ်ဳပ္ခ်ဳပ္ၿပီးေနာက္ စိတ္ရႈပ္ေနေသာ ေဖးေက်ာက္က်ိဳးအား ၾကည့္လိုက္သည္။ သူ႕ပါးစပ္ေထာင့္က အနည္းငယ္ လႈပ္သြားေသာ္လည္း ျပန္တည္ကာ..

"ဒါဆို ေဖးေကာ ငါအလုပ္ကို အရင္သြားလိုက္ဦးမယ္..မင္း ငါ့အိမ္မွာ ေနခ်င္သလို ေနလို႔ရတယ္ေလ.. ဟုတ္ၿပီ..ေနာက္မွ အိမ္ေသာ့တစ္ေခ်ာင္း ေပးလိုက္မယ္"

ေဖးေက်ာက္က်ိဳးက ထုံထိုင္းစြာ ေခါင္းညိတ္လိုက္ၿပီး စစ္ဟြိုင္ရွီး ထြက္ခြာသြားသည္ကို သတိမထားမိဘဲ သူ႕လက္ထဲတြင္ ကိုင္ေဆာင္ထားသည့္ လတ္လတ္ဆတ္ဆတ္ စာခ်ဳပ္ကို တစ္ခ်က္ၾကည့္လိုက္သည္။ စာခ်ဳပ္က နည္းနည္း ရႈပ္ပြေနၿပီး တစ္ခုခု မွားေနတယ္လို႔ ခံစားလိုက္ရတယ္..႐ုပ္တရက္ေနာင္တရခ်င္လာသလိုပဲ...



Paid gp မွာ အပိုင္း ၁၂၀ ေက်ာ္အထိတင္ၿပီးသြားပါၿပီ ဇာတ္သိမ္းဖို႔ အပိုင္း၂ဝ ေက်ာ္ ပဲက်န္ပါေတာ့တယ္...


Seguir leyendo

También te gustarán

12.4K 1.8K 25
သူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်
1.6M 98.4K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.2M 187K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
430K 23.9K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...