ထယ်ယောင်းအခုဆေးရုံကဆင်းဖို့ အထုတ်တွေပြင်နေခြင်း ဆေးရုံတတ်တဲ့၂လအတွင်း ဂျွန်ကတစ်ရက်လေးမှရောက်မလာခဲ့ဘူး ကျွန်တော်နောက်ဆုံးနှုတ်ဆက်ချင်သေးတာမို့ မျက်နှာလေးမြင်ချင်မိတယ်ဂျွန်ရယ်
"ထယ်ယောင်း အထုတ်တွေပြင်လို့ပြီးပြီးလား"
"ဟုတ် ပြီးပါပြီ အကိုဂျင်"
"အွန်းအဲ့ဆို အကိုတို့သွားကြမယ်လေ မသွားခင်အကိုတစ်နေရာဝင်စရာရှိလို့ ထယ်ယောင်းခနတော့လိုက်ခဲ့ပေးရမယ်နော်"
"ဟုတ်ကဲ့ပါ အဲ့ဆိုကျွန်တော်တို့သွားရအောင်လေ"
"အွန်း အကိုဒါတွေသယ်သွားလိုက်မယ်နော်"
Jinတစ်ယောက် ဂျောင်ဂုကိုစိတ်ထဲကနေအကြိမ်ကြိမ်တောင်းပန်နေမိတယ် ကတိမတည်ခဲ့လို့အကို့ကိုခွင့်လွှတ်ပါ
************************************
ထယ်ယောင်းလည်းအကိုဂျင်ဝင်စရာနေရာကိုအရင်လိုက်လာခဲ့တယ် အကိုဂျင်ကတော့လူနာသတင်းသွားမေးမလို့ဆို့လို့ ထယ်ယောင်းတို့အခုထိဆေးရုံမှာပဲရှိနေခြင်း
အခန်းရှေ့ရောက်တာနဲ့ သူ့ကိုအထဲဝင်ကြည့်ဖို့ပြောနေတဲ့အကိုဂျင် ထယ်ယောင်းတစ်ယောက်ကြောင်အအဖြစ်နေပင်မဲ့ ဒီအခန်းလေးကြည့်ရုံနဲ့ ရင်ထဲအောင့်သက်သက်နဲ့ ထယ်ယောင်းလည်း အခန်းထဲကိုဝင်လာလိုက်တော့ ဆေးကုတင်ပေါ်မှာ အပူအပင်ကင်းစွာအိပ်နေတဲ့ ဂျွန်ပါလေ ဂျွန် ဂျွန်ကဘာဖြစ်တာလည်း အရမ်းပိန်သွားတယ် ပြီးတော့ဂျွန်ရဲ့ဆံပင်တွေရော (A/N ကတုံးလုံးချွတ်ပြီးရေချိုးပြလို့ကျမဆွဲနှုတ်လိုက်တာ🤧)
"ဂျွန်~~~"
ဂျောင်ဂုသူမျက်လုံးကိုပင်သူမယုံချင်တော့ဘူး ထယ်ယောင်းကအခုသူအခြေအနေကိုသိသွားပြီဆိုတဲ့သဘောပေါ့
"ဒီကိုဘာလာလုပ်တာလည်း"
ဂျောင်ဂုအတတ်နိုင်ဆုံးမျက်နှာကိုခပ်တင်းတင်းထားပြီး လေသံကိုမာနေအောင်မနည်းကြိုးစားပြောနေရခြင်း
"ဂျွန်..ဂျွန် ဒါဘာလည်း"
"ဘာကိုဘာလည်း မင်းကဒီကိုဘာကိစ္စရှိလို့လာတာလည်း"
"တော်ပါတော့!!! ဂျွန်ဘာတွေဖြစ်နေတာလည်း ကျွန်တော့်ကိုအမှန်တိုင်းပြောလိုက်ပါတော့"
ထယ်ယောင်းရူးမတတ်အော်ဟစ်ပစ်လိုက်တယ်အခုဂျွန့်ရဲ့ပုံစံက လူကိုအစိတ်စိတ်အမွှာမွှာဖြစ်အောင်သတ်နေသလိုပဲ
"မင်းမြင်တဲ့အတိုင်းပဲ ငါနေမကောင်းလို့ ဒီမှာရှိနေတာ မင်းကိုမင်းရဲ့မိဘတွေလာခေါ်ခိုင်းလိုက်မယ် ဒါမှမဟုတ် အကိုဂျင်ကိုလိုက်ပို့ခိုင်းလိုက်မယ် မနက်ဖန်ငါအိမ်ပေါ်ကဆင်းပြီး မင်းမိဘတွေနဲ့ပြန်နေ"
ဂျောင်ဂုကသိပ်ကိုဟန်ဆောင်ကောင်းလွန်းတယ် သူရင်ထဲမှာဗြောင်းဆန်အောင်နာကျင်နေပင်မဲ့ သူမျက်နှာမှာတော့ ဘာမှကိုမှစိတ်မဝင်စားတဲ့ခပ်အေးအေးပုံစံ
"ဂျွန်...ကျွန်တော်ကဂျွန့်ကိုတစ်ယောက်ထဲထားခဲ့မယ်ထင်နေတာလားဂျွန် ချစ်ရသူကအခုလိုပုံစံဖြစ်နေတာကိုထယ်ကဒီတိုင်းထားခဲ့ရမှာလားလို့"
"အကိုဂျင် သူ့ကိုပြန်လိုက်ပို့ပေးလိုက်ပါတော့ ကျွန်တော်အနားယူချင်ပြီ"
"ထယ်ပြန်မှာပါ ဒါမဲ့မနက်ဖန်ပြန်လာအုန်းမှာမို့အဲ့ကျရင်ထပ်တွေ့မယ်နော် ဂျွန်"
************************************
ထယ်ယောင်းဆေးရုံကပြန်ရောက်တာနဲ့ အဝတ်အစားတွေထည့်နေခြင်း ဘူဆန်ကိုပြန်ဖို့မဟုတ် မနက်ဖန်ဆေးရုံမှာဂျွန်ကိုစောင့်ရှောက်ပေးဖို့ ဂျွန်အနားမှာသူရှိနေရမယ်မှတ်လား အကြောင်းစုံမှန်သမျှအကိုဂျင်ပြောပုဖို့ ထယ်ယောင်းအကုန်သိပြီးတာမို့ ဂျွန်အပေါ်စိတ်မနာရက် ဘယ်တုန်းကမှဂျွန့်အပေါ်စိတ်နာခြင်းမရှိခဲ့ဘူး ချစ်ရသူကသူ့အတွက်တစ်လျှောက်လုံးအများကြီးစဥ်းစားပေးခဲ့တာမလား အခုတော့အဝတ်အစားတွေပြင်ပြီးးတာမို့ နောက်ကျနေပြီမို့ ထယ်ယောင်းလည်းအနားယူခြင်းစီသို့~~~~~~~~~~~~~
************************************
ထယ်ယောင်း ဆေးရုံသွားဖို့ အကိုဂျင်လာခေါ်မှာကိုစောင့်နေခြင်း ဖုန်းပြောတုန်းကလမ်းရောက်နေပြီဆိုတဲ့ အကိုဂျင်ကအခုထိပေါ်မလာသေးဘူး
"တီ...တီ"
ထယ်ယောင်းသိပ်မစဥ်းစားလိုက်ရဘူး အကိုဂျင်ကအရှေ့ရောက်နေပြီး တံခါးဖွင့်လိုက်တော့မျက်လုံးတွေပိတ်မတက်အောင်ငိုထားတဲ့အကိုဂျင်
"အကို ဘာဖြစ်လို့လည်း အကိုငိုထားတာတစ်ခုခုဖြစ်လို့လား"
"ထယ်ယောင်း ...."
သူ့ကိုသနားသလိုကြည့်ပြီးပိုငိုနေတဲ့အကိုဂျင်ကြောင့် ထယ်ယောင်းဆုတွေသာအကြိမ်ကြိမ်တောင်းနေမိတယ် ဒါမဲ့ထယ်ယောင်းရဲ့ဆုတောင်းတွေဟာမပြည့်ခဲ့ဘူး
"ထယ်ယောင်း ဂျောင်ဂုလေသူမရှိတော့ဘူးထယ်ယောင်းရဲ့ အခုဂျောင်ဂုကအကိုတို့ကိုထားခဲ့ပြီ"
"ဘာ!!!"
************************************
#TaeKook❣️
#Pim☘️💗
ပေါ့သွားတဲ့အတွက်အနူးညွှတ်တောင်းပန်ပါတယ် ဇာတ်လမ်းလေးမသိမ်းသေးတာမို့ အားပေးကြပါအုန်းရှင့်🥺💗