Unicode ✅
-HOW TO DATE WITH SINGLE FATHER-
“ကိုးလ်”
ကမ်းပေးလာတဲ့ ကော်ဖီအား လှမ်းယူလိုက်တော့ ဖင်လ်က သူ့ဘေး၌ ဝင်ထိုင်လေသည်။ ဒီနေ့ တနေကုန် နှစ်ယောက်သား တနေရာပြီး တနေရာ ပတ်သွားကာ ညဘက်ရောက်လာသည်အထိ အိမ်မပြန်ဖြစ်ကြသေးပေ။
ဖင်လ်ကိုကြည့်ရတာလည်း အိမ်ပြန်ချင်သေးပုံမပေါ်သလို။ သူသည်လည်း အိမ်ပြန်ဖို့ ဆန္ဒမရှိသေးပေ။ အခုလို ယူကိုလေးမပါဘဲ နှစ်ယောက်တည်း သီးသန့်အချိန် ဖြတ်သန်းရသည်မှာ သူ့အတွက် ရဖို့ခဲယဉ်းသလို မည်သူမဆို ကိုယ်ချစ်ရသည့်သူနှင့် နှစ်ယောက်တည်း အချိန်ကုန်ဆုံးရသည်ကို ပြီးဆုံးသွားချင်တဲ့သူ ရှိပါ့မလား။ သူလည်း အချိန်တွေအား ဆွဲထားလို့ရရင် ဆွဲထားချင်၏။
“ကိုးလ်”
“ဟင် ခေါ်လိုက်တာလား ဖင်လ်”
“ကိုယ် တစ်ယောက်လုံး ဘေးမှာရှိနေတာတောင် ဘယ်သူ့အကြောင်းကို တွေးနေတာလဲ”
မေးလည်းမေး ဝတ်ထားသည့် ကုတ်အင်္ကျီအား ချွတ်လိုက်ကာ သူ့ကိုယ်ပေါ်၌ ခြုံပေးလာသည်။ သူ့ကိုယ်ပေါ်ထက် ရောက်လာသည့် ဖင်လ် အင်္ကျီ၌ ခပ်သင်းသင်းရနေသည့် ဖင်လ် အနံ့လေးဟာ သူ့စိတ်အစုံအား ကြည်နူးစေသလို သူ့နှလုံးသားလေးကိုလည်း လှုပ်ခတ်နိုင်စွမ်းရှိလေ၏။
“ထပ်ပြီး အတွေးများနေပြန်ပြီလား”
“ဖင်လ်အနံ့လေးက ကောင်းလို့ပါ”
သူခပ်တိုးတိုးပြန်ဖြေကာ လက်ထဲက ကော်ဖီအား တစ်ငုံသောက်လိုက်သည်။ သူပြန်ဖြေပြီးကတည်းက ဘာစကားမှ ထပ်မဆိုလာတဲ့ ဖင်လ်ကြောင့် သူဘေးအား လှည့်ကြည့်လိုက်တော့ သူ့အား မျက်ဝန်းဝိုင်းတွေနှင့် ကြည့်နေသည့် ဖင်လ်အား တွေ့လိုက်ရလေသည်။
“ဖင်လ် ဘာဖြစ်လို့လဲ”
“ကိုယ့်အနံ့က ကောင်းတာလား”
“ကောင်း..ဟင်..အဲ့ဒါက ဟို ဟို”
သတိလက်လွတ် ပြောလိုက်မိပြီးမှ ကိုယ်ပြောတဲ့စကားကို ဘယ်ကိုရောက်သွားသလဲ သူအခုမှသိ၏။ ရှက်စိတ်ကြောင့် အောက်နှုတ်ခမ်းအား ဖိကိုက်ကာ ဘာမှမတုံ့ပြန်သည့် သူ့အဖြစ်အား ဖင်လ် တစ်ယောက် လှောင်ရယ်နေမလားမသိ။
“ကိုယ်က ပုံမှန်ဆိုရင် ရေမွှေးနံ့ပြင်းတာတွေ သိပ်မသုံးဖြစ်ဘူး ကိုယ်ရနံ့ မင်းကြိုက်တယ်ဆိုတော့ အဲ့ဒါလည်း ကောင်းပါတယ်”
ဘာကောင်းတာလဲ။ ဖင်လ် ဘာတွေပြောနေတာလဲ။
“ကိုယ် မေးစရာရှိတယ်”
“ဟင် ဘာများလဲ ဖင်လ်”
“မင်းနောက်အိမ်ထောင်ပြုမှာလား”
စိတ်အခြေနေ ကောင်းနေတဲ့အချိန်မှာ သူစိတ်အနှောင့်ယှက် ဖြစ်စေမဲ့ ဒီမေးခွန်းကို ဖင်လ်က ဘာလို့ မေးရတာလဲ။ ဒါပေမဲ့ ဒါကလည်း တစ်ခုကောင်းပါတယ်။ သူအမြဲတမ်း ဒီကိစ္စကို ရှောင်ဖယ်နေလို့မှမရတာ။
“အခုတော့ မဟုတ်သေးပေမဲ့ နောက်ကျရင်တော့ လက်တွဲဖော်ရှာရမှာပေါ့”
“မင်းပြောတော့ နောက်အိမ်ထောင်မပြုပါဘူးဆို”
အလိုမကျသလို ထပ်မေးလာတဲ့ ဖင်လ်ကြောင့် သူမှာ ဘာပြန်ပြောရမလဲတောင်မသိ။
“ဖင်လ်ကရော အိမ်ထောင်မပြုတော့ဘူးလား”
“ကိုးလ်-”
“ဟားဟား လူတိုင်းက အချိန်တန် လက်တွဲဖော်ရှာတတ်ကြတာ သဘာဝပါပဲ အစကတော့ ကျွန်တော် နောက်အိမ်ထောင်ပြုဖို့ အစီစဉ်မရှိပေမဲ့ ကျွန်တော် မာမီဆန္ဒအရ တစ်ယောက်ယောက်ကိုတော့ ကျိန်းသေပေါက် ရွေးခြယ်ရမှာပဲလေ”
ကိုးလ် စကားကြောင့် ဖင်လ်ဟာ အတွေးများသွားသည်ထင်။ လက်ထဲက ကော်ဖီခွက်အား ခပ်တင်းတင်းကိုင်ထားကာ ဖြတ်သွားနေသည့် ကားတွေကိုသာ ခပ်ငေးငေး ကြည့်နေလေရဲ့။
“ကိုးလ် မင်းအိမ်ထောင်ပြုခဲ့ရင် ဘယ်လိုလူမျိုးကို ရွေးခြယ်မှာလဲ”
သူ့ဘက်လှည့်လာကာ မေးလာတဲ့ ဖင်လ် မျက်ဝန်းတွေကို ကိုးလ် အလေးနက်ထား စိုက်ကြည့်ကာ ။
“ကျွန်တော် ချစ်တဲ့သူကို”
ဖင်လ် မျက်ဝန်းတွေကို စိုက်ကြည့်ပြီး ဖြေလာသည့် ကိုးလ် စကားကြောင့် နှစ်ယောက်သာ အကြည့်ချင်းဆုံနေကာ အကြာကြီး ငေးကြည့်နေကြလေသည်။
တစ်ယောက် မျက်ဝန်း တစ်ယောက် စိုက်ကြည့်ကာ ဘာစကားမှ မဆိုကြတော့ တိတ်ဆိတ်နေသည့် သူတို့နှစ်ယောက်ဟာ ကိုယ်စီ အတွေးများနှင့်ပင်။
“အေးလာပြီ ပြန်ကြတော့မလား ဖင်လ်”
ကိုးလ် ဘက်ကစပြီး အကြည့်လွှဲလိုက်ကာ မေးခွန်းထုတ်လေတော့ ။
“ကိုယ်တို့မပြန်ခင် နည်းနည်းသောက်ကြမလား”
ဖင်လ် အမေးကြောင့် ကိုးလ်လည်း ဒီရောက်ကတည်းက မသောက်ဖြစ်တာမို့ အတူတူသောက်ဖို့ လက်ခံလိုက်လေရဲ့။ ဒီလိုနှင့် နှစ်ယောက်သား အိမ်မပြန်သေးဘဲ ဆိုင်အတူတူထိုင်ကြကာ အတူတူ သောက်ဖြစ်ကြလေ၏။
“ဖင်လ် ဒီနေ့ အများကြီး သောက်နေသလိုပဲ”
ကိုးလ် ပြောလည်း ပြောချင်စရာ။ ဖင်လ်က Alcohol သိပ်သောက်ဖြစ်တဲ့သူ မဟုတ်သလို အခုလို တစ်ခွက်ပြီး တစ်ခွက် သောက်နေသည်မှာ အနည်းငယ်တော့ ထူးဆန်းစရာပင်။
“ဘာလို့လဲ မင်းမာမီ ဆူမှာ ကြောက်လို့လား”
ပြုံးကာမေးလာတဲ့ ဖင်လ်ကြောင့် ကိုးလ်လည်းပြုံးကာ ခေါင်းခါရင်း ။
“ကျွန်တော်တို့သားအဖက မာမီကို မကြောက်ဘူး လုပ်ချင်တာလုပ်နေကြ”
“ဟားဟား မင်းတို့ သားအဖက လူဆိုးလေးတွေပဲ”
“Uh Hmm ကျွန်တော်တို့ အရင်တုန်းကဆို ပြင်သစ်ရောက်ရင်တောင် ရန်ဖြစ်နေကြ ဖင်လ်နဲ့ သိပြီးကတည်းက ရန်ပွဲတွေလည်း မပါတော့တာကြာပေါ့”
“ကိုယ်ကြောင့်လား”
“ဟားဟား ထင်ရတာပဲ”
နှစ်ယောက်သား သောက်လိုက် စားလိုက်နှင့် စကားပြောလာတာ အချိန်တွေ ကုန်မှန်းမသိ ကုန်လာလေရဲ့။ ဖင်လ်ကတော့ သောက်တာများနေပြီ ဖြစ်တာကြောင့် သူ့ Limit သူမထိန်းနိုင်တော့ဘဲ အသိဝင်တစ်ချက် မဝင်တစ်ချက်နှင့် မူးနေတော့၏။
“ဖင်လ် တော်ပြီ ပြန်ကြရအောင်”
“ဘာလို့လဲ ကိုယ်ဆက်သောက်ချင်သေးတယ်လေ”
သူ့သောက်တာ တားရကောင်းလားဆိုသည့် အကြည့်နှင့် မေးလာသည့် ဖင်လ်ပုံစံမှာ မြင်နေကြ ပုံစံနှင့်မတူပါဘဲ ချစ်စရာကောင်းနေလေ၏။
“ဟားဟား ဖင်လ် အခုမတော်ရင် အိမ်ပြန်ရောက်တဲ့အခါ ဖင်လ်ကို မာမီ ဆူလိမ့်မယ်နော်”
မာမီနဲ့ကိုင်ပေါက်လိုက်တော့ အမူးသမားကြီးက ခေါင်းကိုအလုပ်ပေးနေသည်ထင်။ ဘာစကားမှမဆိုဘဲ တွေးတောသလို မျက်လုံး ကလယ် ကလယ် လုပ်နေလေရဲ့။
“ကိုယ်တို့ အိမ်မပြန်တော့ဘူး”
“ဟင်”
“Hotel သွားမယ် အိမ်မပြန်တော့ဘူး”
ချက်ချင်း ထိုင်ရာကနေထကာ သွားဖို့ပြင်နေသည့် ဖင်လ်ကြောင့် ကိုးလ်မှာ ခေါင်းခဲလေပြီ။
“ဖင်လ် မရဘူးနော် အိမ်မပြန်ရင် ကျွန်တော်တို့ကို စိတ်ပူနေလိမ့်မယ် ပြီးတော့ ယူကိုလေး စိတ်ဆိုးသွားလိမ့်မယ်”
“ဖုန်းဆက်ပြောလိုက်”
“အဲ့ဒီလောက် မလွယ်ဘူးလေ”
ဒီကလေးကြီးကို သူဘာလုပ်ရမလဲ။
“ကိုယ်အိမ်မပြန်ချင်ဘူး ကိုယ့်ကို မင်းမာမီဆူလိမ့်မယ်”
အတည်ကြီး သူစတာကို ယုံသွားသည်ထင်။ သူ့မာမီဆူမှာ ကြောက်နေသည့် ဖင်လ်ပုံစံဟာ ချစ်စရာလည်း ကောင်းသလို ရယ်စရာလည်း ကောင်းလေသည်။
“ဖင်လ်ကို မာမီက မဆူပါဘူး အဲ့ဒါကြောင့် အိမ်ပြန်ရအောင်နော်”
“ကိုယ်မပြန်ဘူး မပြန်ချင်ဘူး မာမီဆူလိမ့်မယ် မပြန်ဘူး ကိုယ်မပြန်ဘူးနော် ကိုးလ်”
“ဒါပေမဲ့-”
“ကိုးလ်”
သူဆက်ပြောနေရင် ငိုချတော့မဲ့ ဝက်ဝံကြီးလို မျက်နှာကြီး ညှိုးငယ်လာတာမို့ သူ့မှာဆက်ပြောဖို့ အင်းအားမရှိတော့။ ဘယ်သူကများ ကိုယ်ချစ်တဲ့သူကို စိတ်ဆင်းရဲစေချင်မှာလဲ။ ဒီတော့ သူ့မှာ ဖင်လ်ဖြစ်ချင်တာကို လိုက်လုပ်ပေးရာကလွဲပြီး တခြားရွေးခြယ်စရာ မရှိတော့ဘူး။
“ကောင်းပြီ ဒါပေမဲ့ မနက်စောစော ပြန်ကြမယ် ပြီးတော့ ဖင်လ် ကိုယ်တိုင် မာမီနဲ့ ယူကိုလေးကို သေချာပြောပေးရမယ် ဟုတ်ပြီလား”
သူ့အပြောကို ခေါင်းတစ်ဆတ်ဆိတ် ညိတ်ပြတဲ့ ဖင်လ်အား အသာတွဲယူကာ ဆိုင်ထဲကနေ ခေါ်လိုက်လိုက်တော့သည်။ ကားကိုလည်း သူကိုယ်တိုင် တက်မောင်းကာ အနီးစပ်ဆုံး Hotel တစ်ခုဆီ မောင်းလိုက်တော့၏။
Hotel ရောက်တော့လည်း အမူးသမားကြီးအား တွဲခိုကာ အခန်းတစ်ခန်း ယူရတော့သည်။ တစ်ယောက် တစ်ခန်းဆီ ယူရင်လည်း ဖင်လ်ဟာ လက်ခံမည်မဟုတ်။ ဒါကြောင့် သူလည်း နှစ်ယောက်အိပ် တစ်ခန်းအား ယူလိုက်ကာ ဖင်လ်အား အခန်းထဲသို့ ခေါ်သွားလိုက်တော့သည်။
“ဖင်လ် ခဏထိုင်ဦး”
ဖင်လ်အား မွေ့ယာထက် ခဏထိုင်ခိုင်းလိုက်ကာ ဖင်လ် ဝတ်ထားသည့် ဖိနပ်နှင့် ခြေအိတ်အား အသာချွတ်ပေးလိုက်သည်။ ပြီးတာနှင့် ဝတ်ထားသည့် အင်္ကျီအား ကြယ်သီး နှစ်လုံးလောက် ဖြုတ်ပေးလိုက်တော့ အသက်ရှုချောင်သွားသည်ထင် မွေ့ယာထက် လှဲချပြစ်လိုက်လေ၏။
“ဖင်လ် ထဦး လန်းဆန်းသွားအောင် ရေချိုးလိုက် ပြီးမှ ပြန်အိပ် မဟုတ်ရင် မနက်ကျ ခေါင်းနောက်နေလိမ့်မယ်”
“မချိုးချင်ဘူး”
“ဖင်လ်! ထပါဆိုဗျာ”
ဖင်လ်က မူးနေတဲ့အချိန် စကားပြောရ သိပ်ခက်တာပဲ။ သူပြောသမျှ ဘာမှနားမထောင်။ ဂျစ်ကျနေလိုက်တာများ တကယ် ကလေးကြီးလိုပဲ။
“ဖင်လ်! ထလို့!”
ဘယ်လောက်ပြောပြော သူ့စကားအား အဖတ်မလုပ်တဲ့ ဖင်လ်ကြောင့် ကိုးလ် အကြံရသွားသလို ခပ်ထေးထေးပြုံးကာ ။
“ကောင်းပြီလေ ဖင်လ် မထဘူးဆိုရင် ဖင်လ် တစ်ယောက်တည်းပဲ နေခဲ့လိုက်တော့ ကျွန်တော် အိမ်ပြန်တော့မယ်”
ပြောပြီး ပြန်ဖို့ ပြင်နေတဲ့ ကိုးလ် ကြောင့် မူးနေသည့် အမူးသမားကြီး ဖင်လ်ဟာ ယိုင်တိုင်တိုင်နှင့် မွေ့ယာကနေ ကောက်ထပြီး ဖင်လ်အနားသို့ လှမ်းလာလေရဲ့။
“မပြန်ပါနဲ့ ရေချိုးပါ့မယ်”
ကိုးလ် လက်တွေအား ဆွဲယူကာ ငိုမဲ့မဲ့လေးနှင့် ဆိုလာသည့် ဖင်လ်ကြောင့် ကိုးလ် ခပ်ယေးယေးပြုံးတော့သည်။ ထို့နောက် ဖင်လ် ခေါင်းအား ခပ်ဖွဖွပုတ်ပေးကာ ရေချိုးဖို့ ထပ်ပြောတော့၏။
“ဒါဆို ရေသွားချိုးနော် ကျွန်တော် စောင့်နေမယ်”
“အင်း ကိုယ့်ကိုထားပြီး မပြန်သွားနဲ့နော်”
အသံသေးသေးလေးနဲ့ ဆိုသွားကာ ရေချိုးခန်းဆီ မရောက်မချင်း သူ့အား မကြာမကြာ လှည့်ကြည့်ကာ ရေချိုးခန်းထဲ ဝင်သွားသည့် ကလေးကြီးအား ကြည့်ပြီး သူခပ်ဟဟရယ်မိသည်။
သူပြန်သွားမှာကြောက်လို့ ဖြစ်နေတဲ့ပုံစံလေးက ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်သလဲ။ သူ့မှာ အသည်းယားလွန်းလို့ ရူးတော့မလိုပါပင်။
.
.
.
“အဒေး မင်းကလည်း ပျောက်ချက်သား ကောင်းကွာ”
ပျောက်ချက်သားကောင်းဆို သူဒီရက်တွေထဲ လုံးဝမအားတာ။ ကိုကို့ဆီသွားလိုက်။ ကိုကို့အမေဆီသွားလိုက်နဲ့ သူ့အချိန်တွေ အကုန်လုံးက ကိုကိုတို့ သားအမိနဲ့တင် ကုန်ဆုံးနေတာ။ ဒါကလည်း သူ့အတွက် အခွင့်အရေးလို့ဆိုရမလား။ ဒီရက်တွေထဲ ကိုကိုနဲ့ ဆက်ဆံရေးကလည်း နည်းနည်းလေး ပိုကောင်းလာသလို ကိုကို့မေမေကလည်း သူ့ကို ကြည်ကြည်ဖြူဖြူဆက်ဆံတယ်လေ။
“အဒေး မင်းဒီရက်တွေထဲ ဘာတွေလုပ်ဖြစ်နေလဲ”
“ဒီလိုပါပဲ အိမ်မှာပဲ နေဖြစ်နေတယ်”
သူကိုကိုနှင့် ဆက်ဆံရေးအား ဒီလူတွေအား မပြောပြချင်ပါပင်။ သူ့အပေါင်းအသင်းတွေဟာ ၁၀၀မှာ ၇၀လောက်က မကောင်းတဲ့သူတွေ များတာမို့ ဒီလူတွေအား ကိုကို့ဖြစ်တည်မှုကို မသိစေချင်သလို။ ပတ်လည်း မပတ်သတ်စေချင်ပါပင်။
“ဘာလဲ မင်းစပွန်ဆာအသစ် ရနေလို့လား”
“ငါအဲ့ဒါတွေ မလုပ်တော့ဘူး”
သူ့စကားကြောင့် သူ့ဘော်ဒါတွေဟာ အံ့ဩသလိုဖြစ်သွားပြီး သူ့အား စိုက်ကြည့်လာကာ မေးခွန်းတွေ ဆက်တိုက်မေးတော့သည်။
“ဒီအလုပ်က မင်းအတွက် အဆင်မပြေဖြစ်စေလို့လား”
“လူတွေအမြင်မှာ မကောင်းဘူးလို့ ထင်ရပေမဲ့ ငါတို့အလုပ်က ရိုးသားပါတယ်ကွာ သူဌေးကြီးတွေနဲ့ ပါတီတွေ အတူတူတက်ပေးပြီး သူတို့အမ်းတာယူရုံပဲလေ ဒါကို ဘာကများ မင်းကို ဒီအလုပ် ဆက်မလုပ်စေချင်တာလဲ”
“အင်း မင်းတို့နှစ်ယောက်မေးတာ သဘောဝကျပါတယ် ငါတို့တွေက အများမြင်မှာ မကောင်းတဲ့ကောင်တွေ ဖြစ်နေပေမဲ့လည်း ငါတို့ ခန္ဓာတွေ ဘယ်လောက်သန့်စင်လဲ ငါတို့အသိဆုံးမလား ဒါပေမဲ့ ငါလူတွေရဲ့အမြင်အောက် ငါ့ဘဝကြီး ရေစုန်မမျောလိုက်ချင်တော့ဘူး ငါဒီထက်ပိုကောင်းတဲ့သူတစ်ယောက် ဖြစ်ချင်တယ်”
အဲ့ဒါက ကိုကို့အတွက် အဖြည့်ဆည်းခံ ဖြစ်နေရုံကလွဲလို့ပေါ့။
“မင်းပြောတာ ငါနားလည်ပါတယ် ဒါပေမဲ့ ငါကတော့ လွယ်လွယ်နဲ့ ပိုက်ဆံရတဲ့ ဒီအလုပ်ကို မစွန့်လွှတ်နိုင်သေးဘူး”
“ငါရောပဲ အခု ငါတွဲနေတဲ့ဘဲက စောက်ရမ်းမိုက်တာ”
သူ့ဘော်ဒါတွေပြောသမျှ သူနားထောင်ရင်း သူခေါင်းသာခါနေမိသည်။ သူ သူ့ဘော်ဒါတွေကို အထင်းလည်း မကြီးသလို အထင်လည်း မသေးမိပါပင်။ ဘာကြောင့်လဲဆိုတော့ သူသာ ကိုကိုနှင့်မဆုံခဲ့ရင် သူသည်လည်း ဒီနွံထဲက ရုန်းထွက်နိုင်ဦးမည် မထင်ပင်။
အချိန်တွေကြာလာတော့ သူသည် သူ့ဘော်ဒါတွေ စကားဝိုင်းထဲ စိတ်အာရုံမရှိတော့ချေ။ ဖုန်းကလေးအား ဖွင့်ကြည့်လိုက်။ Message ထဲ ဝင်ကြည့်လိုက်နှင့် ကိုကိုများ Reply ပြန်ထားမလား စောင့်ရင်း သူစိတ်ကလေး မပျော်တော့ပေ။
ဒီနေ့ ကိုကိုနှင့် လုံးဝမတွေ့ရသေးသလို။ သူဖုန်းဆက်တော့လည်း သူ့အား အလုပ်များနေကြောင်းနှင့် ထပ်မဆက်ဖို့ သူ့အား အော်သွားသေးသည်။ ကိုကို အော်သွားသည်ကို သူစိတ်မကောင်း ဖြစ်မိပေမဲ့ အလုပ်တွေကြားထဲ ကိုကို့စိတ်ကလေးပင်ပန်းနေမှာကိုပင် သူစိုးရိမ်မိပါ၏။
“ဟိုဝိုင်းကဘဲကြီးက မိုက်လိုက်တာကွာ”
“အေးကွာ ဒီနေ့ ဆိုင်ထဲရှိသမျှ လူတွေထဲ အဲ့ဒီဘဲ ရုပ်အဖြောင့်ဆုံးပဲ ဒါပေမဲ့ သူ့ဘေးက မိန်းမကတော့ မလန်းဘူးကွ ဟားဟား”
နှစ်ယောက်သား သူများအကြောင်းပြောပြီး အရသာတွေ့နေသည့် ထိုနှစ်ကောင်အား သူဘာမှမပြောချင်တော့။
“အဒေး မင်းကြည့်စမ်း ငါတို့ပြောနေတဲ့ဘဲကြီး လန်းတယ်မလား”
မကြည့်ပြန်ရင်လည်း ဒီကောင်တွေ ပြီးမှာမဟုတ်။ ဒါကြောင့် ဒီကောင်တွေပြောတဲ့ ဝိုင်းအားကြည့်လိုက်တော့ မြင်လိုက်ရသည် သူ့မျက်လုံးအား သူမယုံချင်။ အဲ့ဒါက ဘာပါလိမ့်။ သူအမြင်တွေပဲမှားနေခဲ့တာလား။
“ဘယ်လိုလဲ လန်းတယ်မလား”
အဲ့ဒါကိုကိုလား။ မဟုတ်တာ။ ကိုကိုက ဒီအချိန် ကုမ္ပဏီမှာ ရှိနေရမှာလေ။
ချက်ချင်း သူ့ဖုန်းအား ကောက်ထုတ်ကာ ကိုကို့နံပါတ်လေးအား နှိပ်လိုက်ပြီး ခေါ်လိုက်တော့ တစ်ဖက်ဝိုင်းကလူမှာ ဖုန်းအားချပြစ်လိုက်သည့် မြင်ကွင်းအား သူမျက်စိနှင့် အရှင်းအလင်း မြင်လိုက်ရလေသည်။
ဟား ကိုကိုပဲ။ အဲ့ဒါ သူ့ကိုကိုပဲ။ ဘေးမှာလည်း လှလိုက်တဲ့ မိန်းကလေး။
“မင်းတို့ဒီမှာ ခဏနေဦး ငါပြန်လာခဲ့မယ်”
“Okay”
သူဘော်ဒါတွေအား ထားခဲ့လိုက်ကာ ဝတ်ထားသည့် ဟူဒီအင်္ကျီ၏ ခေါင်းစွပ်အားစောင်းလိုက်ပြီး သူဝိုင်းကနေ ထလာလိုက်သည်။ ထို့နောက် Bar ၏ ခုံတန်း၌ ဝင်ထိုင်လိုက်တော့ ကိုကို့တို့ဝိုင်းမှာ သူ့နောက်ကျော၌ ရှိနေလေ၏။
“CEO Griffin ဘယ်တော့လောက် ပြန်လာမှာလဲ”
“အင်း လောလောဆယ်တော့ မသိရသေးဘူး”
သူဒီကိုလာလိုက်တာ မှန်သွားတာပဲ။ ဒါကမကောင်းတဲ့ လုပ်ရက်ဆိုပေမဲ့ ကိုကိုတို့ပြောသမျှ သူအရှင်းအလင်း ကြားနေရတယ်လေ။
“ဒါနဲ့ တို့မင်းကိုမေးစရာရှိတယ်”
“မင်းသိချင်တာ ဘာမဆို ကိုယ်ပြောပြဖို့အဆင်သင့်ပဲ”
*ဒုန်း!*
ထိန်းမရတဲ့ စိတ်အစုံကြောင့် သူ့စာပွဲဝိုင်းထက် လက်အား ခပ်ပြင်းပြင်း ရိုက်ချမိလိုက်တယ်။ ချိုသာလိုက်တာ။ သူ့ကို တစ်ကြိမ်မှ မဆက်ဆံဖူးတဲ့ ပုံစံမျိုး ထိုမိန်းကလေးကို ဆက်ဆံနေတဲ့ ကိုကို့ပုံစံ ချိုသာနေလိုက်တာ။
“တို့လက်ထောက် ကောင်မလေးပြောတယ် မင်းအနားမှာ မကြာခဏဆိုသလို ကောင်လေး တစ်ယောက်ကို တွေ့တွေ့နေရတတ်တယ်တဲ့”
“အဲ့ဒါက မင်းအတွက် ဘာအများ အဆင်မပြေဖြစ်စေလို့လဲ သူကဒီအတိုင်း သာမန်ပါပဲ ကိုယ့်အတွက် ဘာမှအရေးမပါတဲ့ လူတစ်ယောက်သာသာမို့ သူ့ကြောင့် မင်းကို စိတ်အနှောင့်ယှက် မဖြစ်စေချင်ဘူး”
“မင်းကအပြောကောင်းတော့ တို့ဘာဆက်ပြောရမလဲတောင် မသိတော့ဘူး ဒါပေမဲ့ တို့နဲ့ပတ်သတ်မယ်ဆိုရင်တော့ မင်းဆီမှာ ဘာအရှုပ်မှ မရှိနေဖို့ တို့မျှော်လင့်တယ် တို့ဘာလို့ ဒီလိုပြောတာလဲ ဆိုတော့ အဲ့ဒီကောင်လေး ဘယ်လို အတန်းစားလဲ တို့သိထားလို့ပဲ”
ထိုမိန်းကလေး စကားကြောင့် ဒန်တီ မျက်နှာဟာ သူ့ကိုယ်သူ သတိမထားမိလိုက်ခင်မှာပင် အနည်းငယ် ပျက်ယွင်းလို့သွားလေသည်။ တစ်ဖက်မှာ သူတို့ပြောသမျှ အကုန်ကြားနေရသည့် အဒေးမှာလည်း လက်ထဲက ဖန်ခွက်အား ခပ်တင်းတင်း ကိုင်ထားကာ ပေါက်ကွဲထွက်တော့မည့် သူစိတ်ခံစားချက်အား အတက်နိုင်ဆုံး ထိန်းထားလေ၏။
“မင်းမကြိုက်ရင် ကိုယ်သူနဲ့ မပတ်သတ်တော့ဘူး ဒါဆို မင်းကိုယ့်အတွက် ဘာပြန်လုပ်ပေးနိုင်မလဲ”
“မင်းလိုချင်တာ တစ်ခုခုပေါ့”
အစကတော့ ဒေါသထွက်နေတာပါ။ ဒါပေမဲ့ ဒီကောင်က စောက်ရမ်း ပျော့ညံ့တဲ့ကောင်ဆိုတော့ နားထဲ ကြားနေရတဲ့ စကားသံတွေကြောင့် စိတ်တိုရမဲ့အစား ဝမ်းနည်းလာတဲ့ စိတ်ခံစားချက်က သူ့ကိုအနိုင်ယူသွားပုံပါပဲ။ အချိန်တန်တော့လည်း ယောင်္ကျားကြီးဖြစ်ပြီး ငိုရတာ ဒီကောင်ပါပဲ။
“ဟေး ကောင်လေး အဆင်ပြေရဲ့လား ဘာလို့ ငိုနေတာလဲ”
ကော့တေးဆပ်နေသည့် ကောင်လေး၏ အမေးကြောင့် ဒန်တီတို့ မျက်လုံးမှာ သူတို့အား နောက်ကျောပေးထားသည့် အဒေးကျောပြင်သို့ ရောက်သွားလေသည်။
“ဘာဖြစ်တာလဲ”
“လူငယ်တွေ အသည်းကွဲရင် ဒီလိုပါပဲ ကိုယ်တို့ ကိစ္စမှမဟုတ်တာ မင်းအာရုံစိုက်နေဖို့ မလိုဘူး”
ဒန်တီ စကားကြောင့် အဒေးသည် ထိုင်ရာကနေ ထလိုက်ပြီး မျက်နှာအား လုံးဝမမြင်ရအောင် ဖုံးထားရင်း ထိုနေရာကနေ ထွက်သွားလေ၏။ ထွက်သွားသည့် အဒေးအား ဒန်တီ သတိလက်လွတ်လိုက်ကြည့်မိလေသည်။ သူ့စိတ်ထဲ၌လည်း ဒီကျောပြင်ဟာ သူနှင့် ရင်းနှီးနေသလိုပါပင်။
.
.
.
သူမွေ့ယာထက် ဖုန်းထိုင်သုံးနေတုန်း ဖင်လ်တစ်ယောက် ရေချိုးခန်းထဲကနေ ထွက်လာလေသည်။ ကိုယ်ပေါ်၌လည်း ရေစက်တွေ မခြောက်သေးသလို ဝတ်ထားသည့် Bathrobe မှာလည်း ပုခုံးတစ်ဖက် လျှော်ကျနေပြီး သူ့အနားသို့ ယိုင်တိယိုင်တိုင်နှင့် လျှောက်လာလေ၏။
ကြည့်ရတာ အခုထိ အမူးမပြေသေးသည့်ပုံပင်။
“ဖင်လ် ဒီကိုလာ”
ကိုးလ် ခေါ်လိုက်တော့ ဖင်လ် တစ်ယောက် ကိုးလ် အရှေ့၌ မတ်တတ်လာရပ်လာလေရဲ့။
“ဘယ်လိုလဲ ရေချိုးလိုက်တာ နည်းနည်းလန်းသွားတယ်မလား”
“အင်း နည်းနည်း”
ပြန်ဖြေပုံမှာ နည်းနည်းတဲ့။ ဒီလူကြီးကို အမြဲမူးအောင် တိုက်ရမလိုဖြစ်နေပြီ။ ဘာလို့ အဲ့ဒီလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲ။
“ကဲ ဒါဆိုအိပ်ကြမယ် ဖင်လ် အိပ်ယာက ဟိုဘက်မှာ အခုသွားအိပ်တော့”
ဘေးဘက်က ကုတင်အား လက်ညှိုးပြတဲ့ ကိုးလ်အား ဖင်လ် မကျေနပ်သလို စိုက်ကြည့်ကာ ။
“ကိုယ်ကမင်းနဲ့အတူတူ အိပ်ချင်တာလေ”
ဖင်လ် စကားကြောင့် ကိုးလ်မှာ မျက်လုံးအဝိုင်းသား။
ဒီလူ။ မူးမူးနဲ့ သူ့စကား ဘယ်ရောက်နေလဲရော သိရဲ့လား။ ဒီအတိုင်း တစ်ခန်းတည်း အတူတူရှိနေတာတောင် သူ့ရင်တွေ အဆမတန် ခုန်ပေါက်နေတာ အတူတူသာအိပ်ရရင် သူရူးသွားမှာ။ ကိုယ်ကြိတ်ကြိုက်နေတဲ့သူနဲ့ Hotel အခန်းထဲမှာမှ တစ်ကုတင်တည်း မွေ့ယာတစ်ခုတည်းမှာသာ အိပ်ရရင် သူ့မနက် အသက်တောင်ရှိပါ့မလား။
“ဖင်လ် သွားအိပ်-အင့်!”
ရုတ်တရက်ဆိုသလို ကိုးလ်အား မွေ့ယာထက် တွန်းချကာ အပေါ်ကနေ အုပ်မိုးလိုက်တဲ့ ဖင်လ်။
“ကိုယ်ပြောပြီးပြီလေ ကိုယ်မင်းနဲ့ပဲ အိပ်မှာလို့ ဘာလို့ ကိုယ့်ကို မောင်းထုတ်နေတာလဲ”
သူအသက်တောင် ဖြောင့်ဖြောင့် မရှူရဲတော့ဘူး။ ဒီအနေအထားကြီးက ဘယ်လိုကြီးလဲ။ ဖင်လ်က သူ့ကိုယ်ပေါ်မှာ။ ပြီးတော့ သူ့ကို ရီဝေဝေ စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေကိုလည်း သူရင်မဆိုင်ရဲဘူး။ သူဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ။
“ကိုးလ်”
ခပ်တိုးတိုးခေါ်သံနှင့်အတူ ကိုးလ် မျက်နှာအား ဆွဲယူကာ အကြည့်ချင်းဆုံခိုင်းသည့် ဖင်လ်ကြောင့် ကိုးလ် နှင့် ဖင်လ်တို့၏ မျက်လုံးတွေမှာ တစ်ယောက်ကို တစ်ယောက် အလေးနက်ထား စိုက်ကြည့်နေကြလေ၏။
“ကိုးလ် လှတယ်”
ကိုးလ်၏ ဆံနွယ်တွေအား နားရွက်ကြားထဲ ထည့်ပေးကာ ဖင်လ်ဟာ ပြုံးရင်း ခပ်တိုးတိုးဆိုသည်။
“ကိုယ်တွေးမိတယ် ကိုယ်ဘာလို့ မင်းအပေါ်မှာ ဒီလိုတွေ ဖြစ်နေရတာလဲဆိုတာ”
ဖင်လ် စကားသည် မရှင်း။ ဘာကိုဆိုလိုနေသလဲ မှန်းဆမရသလို ကိုးလ် မျက်နှာအား ငေးကြည့်နေသည့် ဖင်လ် အကြည့်တွေမှာလည်း တစ်ခုခုကို ဝေခွဲရခက်နေသည့်ပုံပင်။
“ကိုးလ် ထပ်ပြီး အိမ်ထောင်မပြုလိုက်ပါနဲ့”
ကိုးလ် လက်တွေအား သူ့ပါးပေါ် တင်လိုက်ကာ ခပ်တိုးတိုး တောင်းဆိုလာသည့် ဖင်လ် စကားအောက် ကိုးလ်ဟာ ဘာမှပြန်မဖြေ။ အောက်နှုတ်ခမ်းကိုသာ ဖိကိုက်ထားလေ၏။
“ကိုယ်ရှိနေပေးမယ်လေ မင်းအနားမှာရော ယူကိုလေး အနားမှာရော ကိုယ်ရှိနေပေးမယ် ဒါကြောင့် တခြား တစ်ယောက်ကို မရွေးခြယ်လိုက်ပါနဲ့”
“ဟား ခင်ဗျား စကားတွေရဲ့ အဓိပ္ပာယ်ကို ခင်ဗျား သိရဲ့လား ဖင်လ်”
“ကိုယ်မသိဘူး သိလည်းမသိချင်ဘူး သိဖို့လည်း မလိုအပ်ဘူး ကိုယ်သိတာ ကိုယ်မင်းအနားမှာ ရှိနေချင်တယ် မင်းအနားမှာလည်း ကိုယ်တစ်ယောက်တည်းပဲ ရှိနေစေချင်တယ်”
“ခင်ဗျား တကယ်ကို ဟား! ခင်ဗျား စကားတွေ ဒီထက်ပိုပြီး စည်းမကျော်လာရင် ကောင်းမယ် ခင်ဗျားစိတ် ဘယ်လိုရှိလဲ ခင်ဗျားတောင် မသိဘဲနဲ့ ကျွန်တော်ကို တောင်းဆိုချက်တွေ လာမလုပ်ပါနဲ့”
ကိုးလ် စိတ်ကလေး ရှုပ်ထွေးလေပြီ။ ဖင်လ်ဟာ သူနှုတ်ဖျားက ထွက်လာသည့် စကားတိုင်း၏ အဓိပ္ပာယ်ဟာ ဘာကိုဆိုလိုသလဲ ဘယ်ကိုရောက်နေပြီလဲ သူကိုယ်တိုင်မသိတာထက် သိဖို့မလိုအပ်ဘူးဟု ပြောလာသည်ကို ဖင်လ် ဝမ်းနည်းမိသည်။
ဘာလို့များ အရာအားလုံးက သူ့တစ်ယောက်တည်း တစ်ဖက်သတ်တည်း ဖြစ်နေရတာလဲ။
“ဒါဆို ကိုယ်သိအောင်လုပ်ရင်ရော”
ဖင်လ်စကားကြောင့် ကိုးလ် ဖင်လ်မျက်နှာအား စိုက်ကြည့်နေတုန်းမှာပဲ ဖင်လ်ဟာ ကိုးလ် ပါးနှစ်ဖက်အား လက်ဖြင့် အသာယာကိုင်လိုက်ပြီး ကိုးလ်နှုတ်ခမ်းတွေအား စတင်နမ်းရှိုက်လာသည်။
“ဖင်လ်! Omzz-”
ဖင်လ် လုပ်ရက်ကြောင့် ကိုးလ် အတော်လေး လန့်သွားသလို ဖင်လ်အား တွန့်ထုတ်ပေမဲ့ သူ့လက်တွေအား လက်တစ်ဖက်တည်းနှင့် ချုပ်ပြစ်လိုက်သည့် ဖင်လ်ကြောင့် ကိုးလ်ခင်မျာ ဘာမှလုပ်မရတော။
“Ommzz...Haa”
လက်တွေအား အချုပ်နှောင်ခံထားရပေမဲ့လည်း ဖင်လ် နှုတ်ခမ်းတွေအား ရှောင်ဖယ်နေသည့် ကိုးလ်ကြောင့် ဖင်လ်ဟာ စိတ်မကြည်တော့။
“ကိုးလ်! ကိုယ်နှုတ်ခမ်းကို မင်းအဲ့ဒီလောက်တောင် မုန်းတာလား”
“လွှတ်..လွှတ်ပေး”
“ဟား! တကယ်ပဲ မုန်းနေတာပဲ ဒါဆိုလည်း မုန်းလက်စနဲ့ ဆက်မုန်းလိုက် ကိုယ်ကတော့ ရပ်မှာမဟုတ်ဘူး”
“Omzz!”
ပြန်လည် ထိကပ်လာသည့် ဖင်လ် အနမ်းတွေဟာ စောနကလို နူးညံ့မနေတော့ဘဲ ကြမ်းရမ်းလာလေသည်။ ကိုးလ် လက်တွေကိုလည်း အကြမ်းပတမ်းချုပ်ထားသလို နှုတ်ခမ်းပါးတွေကိုလည်း အပေါ်အောက်ပင်မကျန် အကြမ်းပတမ်း နမ်းလိုက် ငုံခဲလိုက် ကိုက်ခဲလိုက်ဖြင့် သူ့စိတ်အကြိုက် ပြုမှုနေတော့သည်။
“Ommz!”
ကိုးလ်တက်နိုင်သလောက် ငြင်းဆန်နေသော်လည်း သူ့အား လှုပ်လို့ပင်မရအောင် ချုပ်ကိုင်ထားသည့်အပြင် နှုတ်ခမ်းပါးတွေ သွေးစို့သည့်အထိ ငုံခဲနေသည့် ဖင်လ်ကြောင့် ကိုးလ် တဖြေးဖြေး တုန်လှုပ်လာသည်။
ဖင်လ်ကတော့ ကိုးလ်ဘက်အားမကြည့်။ ကိုးလ် ခံစားချက်တွေအား နည်းနည်းလေးမှ ဂရုမစိုက်ဘဲ ကိုးလ် နှုတ်ခမ်းပါးကနေ တဆင့် ကိုးလ် လည်ပင်းထက် ထပ်မှန်ပြီး ငုံခဲလာလေ၏။
အရက်အရှိန်ကြောင့်ပဲလား။ ထိန်းချုပ်ထားသည့် စိတ်ခံစားချက်တွေကြောင့်ပဲလားမသိ။ ဖင်လ်ဟာ တခြားသူတစ်ယောက်လိုပင် ကိုးလ်၏ခန္ဓာအား သူစိတ်ကြိုက် ရယူနေတာကြောင့် ကိုးလ် နှုတ်ခမ်းတွေဟာ ပေါက်ပြဲနေသလို ကိုးလ် လည်ပင်းထက်၌ အနီကွက်တွေမှာလည်း မြင်မကောင်းအောင်ပင် ပွလန်ကျဲနေတော့သည်။
အစပိုင်းရုန်းကန်နေသည့် ကိုးလ်ဟာ နောက်ပိုင်း ရုန်းကန်ခြင်း မပြုတော့တာကြောင့် သတိထားမိလာတဲ့ ဖင်လ်ဟာ ကိုးလ် လည်ပင်းထက်က အနမ်းတွေအား ရပ်တန့်လိုက်ကာ ကိုးလ်မျက်နှာအား ကြည့်တော့သည်။
ထိုအချိန်၌ တစ်ဖက်သို့ အကြည့်လွှဲထားရင်း ငိုနေသည့် ကိုးလ်အား မြင်လိုက်ချိန်မှာ ဖင်လ်သည် အမြင့်တနေရာမှာ တွန်းချခံလိုက်ရသည့် လူတစ်ယောက်လို အသိစိတ်ပြန်ဝင်လာကာ ကိုးလ်မျက်နှာအား စိတ်ပူတကြီး ယူကြည့်တော့၏။
“ကိုယ့်ကို အဲ့ဒီလောက်တောင် မုန်းတာလား ကိုးလ်”
End....
______________________________________________________
Zawgyi ✅
-HOW TO DATE WITH SINGLE FATHER-
“ကိုးလ္”
ကမ္းေပးလာတဲ့ ေကာ္ဖီအား လွမ္းယူလိုက္ေတာ့ ဖင္လ္က သူ႔ေဘး၌ ဝင္ထိုင္ေလသည္။ ဒီေန႔ တေနကုန္ ႏွစ္ေယာက္သား တေနရာၿပီး တေနရာ ပတ္သြားကာ ညဘက္ေရာက္လာသည္အထိ အိမ္မျပန္ျဖစ္ၾကေသးေပ။
ဖင္လ္ကိုၾကည့္ရတာလည္း အိမ္ျပန္ခ်င္ေသးပုံမေပၚသလို။ သူသည္လည္း အိမ္ျပန္ဖို႔ ဆႏၵမရွိေသးေပ။ အခုလို ယူကိုေလးမပါဘဲ ႏွစ္ေယာက္တည္း သီးသန႔္အခ်ိန္ ျဖတ္သန္းရသည္မွာ သူ႔အတြက္ ရဖို႔ခဲယဥ္းသလို မည္သူမဆို ကိုယ္ခ်စ္ရသည့္သူႏွင့္ ႏွစ္ေယာက္တည္း အခ်ိန္ကုန္ဆုံးရသည္ကို ၿပီးဆုံးသြားခ်င္တဲ့သူ ရွိပါ့မလား။ သူလည္း အခ်ိန္ေတြအား ဆြဲထားလို႔ရရင္ ဆြဲထားခ်င္၏။
“ကိုးလ္”
“ဟင္ ေခၚလိုက္တာလား ဖင္လ္”
“ကိုယ္ တစ္ေယာက္လုံး ေဘးမွာရွိေနတာေတာင္ ဘယ္သူ႔အေၾကာင္းကို ေတြးေနတာလဲ”
ေမးလည္းေမး ဝတ္ထားသည့္ ကုတ္အက်ႌအား ခြၽတ္လိုက္ကာ သူ႔ကိုယ္ေပၚ၌ ၿခဳံေပးလာသည္။ သူ႔ကိုယ္ေပၚထက္ ေရာက္လာသည့္ ဖင္လ္ အက်ႌ၌ ခပ္သင္းသင္းရေနသည့္ ဖင္လ္ အနံ႔ေလးဟာ သူ႔စိတ္အစုံအား ၾကည္ႏူးေစသလို သူ႔ႏွလုံးသားေလးကိုလည္း လႈပ္ခတ္ႏိုင္စြမ္းရွိေလ၏။
“ထပ္ၿပီး အေတြးမ်ားေနျပန္ၿပီလား”
“ဖင္လ္အနံ႔ေလးက ေကာင္းလို႔ပါ”
သူခပ္တိုးတိုးျပန္ေျဖကာ လက္ထဲက ေကာ္ဖီအား တစ္ငုံေသာက္လိုက္သည္။ သူျပန္ေျဖၿပီးကတည္းက ဘာစကားမွ ထပ္မဆိုလာတဲ့ ဖင္လ္ေၾကာင့္ သူေဘးအား လွည့္ၾကည့္လိုက္ေတာ့ သူ႔အား မ်က္ဝန္းဝိုင္းေတြႏွင့္ ၾကည့္ေနသည့္ ဖင္လ္အား ေတြ႕လိုက္ရေလသည္။
“ဖင္လ္ ဘာျဖစ္လို႔လဲ”
“ကိုယ့္အနံ႔က ေကာင္းတာလား”
“ေကာင္း..ဟင္..အဲ့ဒါက ဟို ဟို”
သတိလက္လြတ္ ေျပာလိုက္မိၿပီးမွ ကိုယ္ေျပာတဲ့စကားကို ဘယ္ကိုေရာက္သြားသလဲ သူအခုမွသိ၏။ ရွက္စိတ္ေၾကာင့္ ေအာက္ႏႈတ္ခမ္းအား ဖိကိုက္ကာ ဘာမွမတုံ႔ျပန္သည့္ သူ႔အျဖစ္အား ဖင္လ္ တစ္ေယာက္ ေလွာင္ရယ္ေနမလားမသိ။
“ကိုယ္က ပုံမွန္ဆိုရင္ ေရေမႊးနံ႔ျပင္းတာေတြ သိပ္မသုံးျဖစ္ဘူး ကိုယ္ရနံ႔ မင္းႀကိဳက္တယ္ဆိုေတာ့ အဲ့ဒါလည္း ေကာင္းပါတယ္”
ဘာေကာင္းတာလဲ။ ဖင္လ္ ဘာေတြေျပာေနတာလဲ။
“ကိုယ္ ေမးစရာရွိတယ္”
“ဟင္ ဘာမ်ားလဲ ဖင္လ္”
“မင္းေနာက္အိမ္ေထာင္ျပဳမွာလား”
စိတ္အေျခေန ေကာင္းေနတဲ့အခ်ိန္မွာ သူစိတ္အေႏွာင့္ယွက္ ျဖစ္ေစမဲ့ ဒီေမးခြန္းကို ဖင္လ္က ဘာလို႔ ေမးရတာလဲ။ ဒါေပမဲ့ ဒါကလည္း တစ္ခုေကာင္းပါတယ္။ သူအၿမဲတမ္း ဒီကိစၥကို ေရွာင္ဖယ္ေနလို႔မွမရတာ။
“အခုေတာ့ မဟုတ္ေသးေပမဲ့ ေနာက္က်ရင္ေတာ့ လက္တြဲေဖာ္ရွာရမွာေပါ့”
“မင္းေျပာေတာ့ ေနာက္အိမ္ေထာင္မျပဳပါဘူးဆို”
အလိုမက်သလို ထပ္ေမးလာတဲ့ ဖင္လ္ေၾကာင့္ သူမွာ ဘာျပန္ေျပာရမလဲေတာင္မသိ။
“ဖင္လ္ကေရာ အိမ္ေထာင္မျပဳေတာ့ဘူးလား”
“ကိုးလ္-”
“ဟားဟား လူတိုင္းက အခ်ိန္တန္ လက္တြဲေဖာ္ရွာတတ္ၾကတာ သဘာဝပါပဲ အစကေတာ့ ကြၽန္ေတာ္ ေနာက္အိမ္ေထာင္ျပဳဖို႔ အစီစဥ္မရွိေပမဲ့ ကြၽန္ေတာ္ မာမီဆႏၵအရ တစ္ေယာက္ေယာက္ကိုေတာ့ က်ိန္းေသေပါက္ ေ႐ြးျခယ္ရမွာပဲေလ”
ကိုးလ္ စကားေၾကာင့္ ဖင္လ္ဟာ အေတြးမ်ားသြားသည္ထင္။ လက္ထဲက ေကာ္ဖီခြက္အား ခပ္တင္းတင္းကိုင္ထားကာ ျဖတ္သြားေနသည့္ ကားေတြကိုသာ ခပ္ေငးေငး ၾကည့္ေနေလရဲ႕။
“ကိုးလ္ မင္းအိမ္ေထာင္ျပဳခဲ့ရင္ ဘယ္လိုလူမ်ိဳးကို ေ႐ြးျခယ္မွာလဲ”
သူ႔ဘက္လွည့္လာကာ ေမးလာတဲ့ ဖင္လ္ မ်က္ဝန္းေတြကို ကိုးလ္ အေလးနက္ထား စိုက္ၾကည့္ကာ ။
“ကြၽန္ေတာ္ ခ်စ္တဲ့သူကို”
ဖင္လ္ မ်က္ဝန္းေတြကို စိုက္ၾကည့္ၿပီး ေျဖလာသည့္ ကိုးလ္ စကားေၾကာင့္ ႏွစ္ေယာက္သာ အၾကည့္ခ်င္းဆုံေနကာ အၾကာႀကီး ေငးၾကည့္ေနၾကေလသည္။
တစ္ေယာက္ မ်က္ဝန္း တစ္ေယာက္ စိုက္ၾကည့္ကာ ဘာစကားမွ မဆိုၾကေတာ့ တိတ္ဆိတ္ေနသည့္ သူတို႔ႏွစ္ေယာက္ဟာ ကိုယ္စီ အေတြးမ်ားႏွင့္ပင္။
“ေအးလာၿပီ ျပန္ၾကေတာ့မလား ဖင္လ္”
ကိုးလ္ ဘက္ကစၿပီး အၾကည့္လႊဲလိုက္ကာ ေမးခြန္းထုတ္ေလေတာ့ ။
“ကိုယ္တို႔မျပန္ခင္ နည္းနည္းေသာက္ၾကမလား”
ဖင္လ္ အေမးေၾကာင့္ ကိုးလ္လည္း ဒီေရာက္ကတည္းက မေသာက္ျဖစ္တာမို႔ အတူတူေသာက္ဖို႔ လက္ခံလိုက္ေလရဲ႕။ ဒီလိုႏွင့္ ႏွစ္ေယာက္သား အိမ္မျပန္ေသးဘဲ ဆိုင္အတူတူထိုင္ၾကကာ အတူတူ ေသာက္ျဖစ္ၾကေလ၏။
“ဖင္လ္ ဒီေန႔ အမ်ားႀကီး ေသာက္ေနသလိုပဲ”
ကိုးလ္ ေျပာလည္း ေျပာခ်င္စရာ။ ဖင္လ္က Alcohol သိပ္ေသာက္ျဖစ္တဲ့သူ မဟုတ္သလို အခုလို တစ္ခြက္ၿပီး တစ္ခြက္ ေသာက္ေနသည္မွာ အနည္းငယ္ေတာ့ ထူးဆန္းစရာပင္။
“ဘာလို႔လဲ မင္းမာမီ ဆူမွာ ေၾကာက္လို႔လား”
ၿပဳံးကာေမးလာတဲ့ ဖင္လ္ေၾကာင့္ ကိုးလ္လည္းၿပဳံးကာ ေခါင္းခါရင္း ။
“ကြၽန္ေတာ္တို႔သားအဖက မာမီကို မေၾကာက္ဘူး လုပ္ခ်င္တာလုပ္ေနၾက”
“ဟားဟား မင္းတို႔ သားအဖက လူဆိုးေလးေတြပဲ”
“Uh Hmm ကြၽန္ေတာ္တို႔ အရင္တုန္းကဆို ျပင္သစ္ေရာက္ရင္ေတာင္ ရန္ျဖစ္ေနၾက ဖင္လ္နဲ႔ သိၿပီးကတည္းက ရန္ပြဲေတြလည္း မပါေတာ့တာၾကာေပါ့”
“ကိုယ္ေၾကာင့္လား”
“ဟားဟား ထင္ရတာပဲ”
ႏွစ္ေယာက္သား ေသာက္လိုက္ စားလိုက္ႏွင့္ စကားေျပာလာတာ အခ်ိန္ေတြ ကုန္မွန္းမသိ ကုန္လာေလရဲ႕။ ဖင္လ္ကေတာ့ ေသာက္တာမ်ားေနၿပီ ျဖစ္တာေၾကာင့္ သူ႔ Limit သူမထိန္းႏိုင္ေတာ့ဘဲ အသိဝင္တစ္ခ်က္ မဝင္တစ္ခ်က္ႏွင့္ မူးေနေတာ့၏။
“ဖင္လ္ ေတာ္ၿပီ ျပန္ၾကရေအာင္”
“ဘာလို႔လဲ ကိုယ္ဆက္ေသာက္ခ်င္ေသးတယ္ေလ”
သူ႔ေသာက္တာ တားရေကာင္းလားဆိုသည့္ အၾကည့္ႏွင့္ ေမးလာသည့္ ဖင္လ္ပုံစံမွာ ျမင္ေနၾက ပုံစံႏွင့္မတူပါဘဲ ခ်စ္စရာေကာင္းေနေလ၏။
“ဟားဟား ဖင္လ္ အခုမေတာ္ရင္ အိမ္ျပန္ေရာက္တဲ့အခါ ဖင္လ္ကို မာမီ ဆူလိမ့္မယ္ေနာ္”
မာမီနဲ႔ကိုင္ေပါက္လိုက္ေတာ့ အမူးသမားႀကီးက ေခါင္းကိုအလုပ္ေပးေနသည္ထင္။ ဘာစကားမွမဆိုဘဲ ေတြးေတာသလို မ်က္လုံး ကလယ္ ကလယ္ လုပ္ေနေလရဲ႕။
“ကိုယ္တို႔ အိမ္မျပန္ေတာ့ဘူး”
“ဟင္”
“Hotel သြားမယ္ အိမ္မျပန္ေတာ့ဘူး”
ခ်က္ခ်င္း ထိုင္ရာကေနထကာ သြားဖို႔ျပင္ေနသည့္ ဖင္လ္ေၾကာင့္ ကိုးလ္မွာ ေခါင္းခဲေလၿပီ။
“ဖင္လ္ မရဘူးေနာ္ အိမ္မျပန္ရင္ ကြၽန္ေတာ္တို႔ကို စိတ္ပူေနလိမ့္မယ္ ၿပီးေတာ့ ယူကိုေလး စိတ္ဆိုးသြားလိမ့္မယ္”
“ဖုန္းဆက္ေျပာလိုက္”
“အဲ့ဒီေလာက္ မလြယ္ဘူးေလ”
ဒီကေလးႀကီးကို သူဘာလုပ္ရမလဲ။
“ကိုယ္အိမ္မျပန္ခ်င္ဘူး ကိုယ့္ကို မင္းမာမီဆူလိမ့္မယ္”
အတည္ႀကီး သူစတာကို ယုံသြားသည္ထင္။ သူ႔မာမီဆူမွာ ေၾကာက္ေနသည့္ ဖင္လ္ပုံစံဟာ ခ်စ္စရာလည္း ေကာင္းသလို ရယ္စရာလည္း ေကာင္းေလသည္။
“ဖင္လ္ကို မာမီက မဆူပါဘူး အဲ့ဒါေၾကာင့္ အိမ္ျပန္ရေအာင္ေနာ္”
“ကိုယ္မျပန္ဘူး မျပန္ခ်င္ဘူး မာမီဆူလိမ့္မယ္ မျပန္ဘူး ကိုယ္မျပန္ဘူးေနာ္ ကိုးလ္”
“ဒါေပမဲ့-”
“ကိုးလ္”
သူဆက္ေျပာေနရင္ ငိုခ်ေတာ့မဲ့ ဝက္ဝံႀကီးလို မ်က္ႏွာႀကီး ညႇိဳးငယ္လာတာမို႔ သူ႔မွာဆက္ေျပာဖို႔ အင္းအားမရွိေတာ့။ ဘယ္သူကမ်ား ကိုယ္ခ်စ္တဲ့သူကို စိတ္ဆင္းရဲေစခ်င္မွာလဲ။ ဒီေတာ့ သူ႔မွာ ဖင္လ္ျဖစ္ခ်င္တာကို လိုက္လုပ္ေပးရာကလြဲၿပီး တျခားေ႐ြးျခယ္စရာ မရွိေတာ့ဘူး။
“ေကာင္းၿပီ ဒါေပမဲ့ မနက္ေစာေစာ ျပန္ၾကမယ္ ၿပီးေတာ့ ဖင္လ္ ကိုယ္တိုင္ မာမီနဲ႔ ယူကိုေလးကို ေသခ်ာေျပာေပးရမယ္ ဟုတ္ၿပီလား”
သူ႔အေျပာကို ေခါင္းတစ္ဆတ္ဆိတ္ ညိတ္ျပတဲ့ ဖင္လ္အား အသာတြဲယူကာ ဆိုင္ထဲကေန ေခၚလိုက္လိုက္ေတာ့သည္။ ကားကိုလည္း သူကိုယ္တိုင္ တက္ေမာင္းကာ အနီးစပ္ဆုံး Hotel တစ္ခုဆီ ေမာင္းလိုက္ေတာ့၏။
Hotel ေရာက္ေတာ့လည္း အမူးသမားႀကီးအား တြဲခိုကာ အခန္းတစ္ခန္း ယူရေတာ့သည္။ တစ္ေယာက္ တစ္ခန္းဆီ ယူရင္လည္း ဖင္လ္ဟာ လက္ခံမည္မဟုတ္။ ဒါေၾကာင့္ သူလည္း ႏွစ္ေယာက္အိပ္ တစ္ခန္းအား ယူလိုက္ကာ ဖင္လ္အား အခန္းထဲသို႔ ေခၚသြားလိုက္ေတာ့သည္။
“ဖင္လ္ ခဏထိုင္ဦး”
ဖင္လ္အား ေမြ႕ယာထက္ ခဏထိုင္ခိုင္းလိုက္ကာ ဖင္လ္ ဝတ္ထားသည့္ ဖိနပ္ႏွင့္ ေျခအိတ္အား အသာခြၽတ္ေပးလိုက္သည္။ ၿပီးတာႏွင့္ ဝတ္ထားသည့္ အက်ႌအား ၾကယ္သီး ႏွစ္လုံးေလာက္ ျဖဳတ္ေပးလိုက္ေတာ့ အသက္ရႈေခ်ာင္သြားသည္ထင္ ေမြ႕ယာထက္ လွဲခ်ျပစ္လိုက္ေလ၏။
“ဖင္လ္ ထဦး လန္းဆန္းသြားေအာင္ ေရခ်ိဳးလိုက္ ၿပီးမွ ျပန္အိပ္ မဟုတ္ရင္ မနက္က် ေခါင္းေနာက္ေနလိမ့္မယ္”
“မခ်ိဳးခ်င္ဘူး”
“ဖင္လ္! ထပါဆိုဗ်ာ”
ဖင္လ္က မူးေနတဲ့အခ်ိန္ စကားေျပာရ သိပ္ခက္တာပဲ။ သူေျပာသမွ် ဘာမွနားမေထာင္။ ဂ်စ္က်ေနလိုက္တာမ်ား တကယ္ ကေလးႀကီးလိုပဲ။
“ဖင္လ္! ထလို႔!”
ဘယ္ေလာက္ေျပာေျပာ သူ႔စကားအား အဖတ္မလုပ္တဲ့ ဖင္လ္ေၾကာင့္ ကိုးလ္ အႀကံရသြားသလို ခပ္ေထးေထးၿပဳံးကာ ။
“ေကာင္းၿပီေလ ဖင္လ္ မထဘူးဆိုရင္ ဖင္လ္ တစ္ေယာက္တည္းပဲ ေနခဲ့လိုက္ေတာ့ ကြၽန္ေတာ္ အိမ္ျပန္ေတာ့မယ္”
ေျပာၿပီး ျပန္ဖို႔ ျပင္ေနတဲ့ ကိုးလ္ ေၾကာင့္ မူးေနသည့္ အမူးသမားႀကီး ဖင္လ္ဟာ ယိုင္တိုင္တိုင္ႏွင့္ ေမြ႕ယာကေန ေကာက္ထၿပီး ဖင္လ္အနားသို႔ လွမ္းလာေလရဲ႕။
“မျပန္ပါနဲ႔ ေရခ်ိဳးပါ့မယ္”
ကိုးလ္ လက္ေတြအား ဆြဲယူကာ ငိုမဲ့မဲ့ေလးႏွင့္ ဆိုလာသည့္ ဖင္လ္ေၾကာင့္ ကိုးလ္ ခပ္ေယးေယးၿပဳံးေတာ့သည္။ ထို႔ေနာက္ ဖင္လ္ ေခါင္းအား ခပ္ဖြဖြပုတ္ေပးကာ ေရခ်ိဳးဖို႔ ထပ္ေျပာေတာ့၏။
“ဒါဆို ေရသြားခ်ိဳးေနာ္ ကြၽန္ေတာ္ ေစာင့္ေနမယ္”
“အင္း ကိုယ့္ကိုထားၿပီး မျပန္သြားနဲ႔ေနာ္”
အသံေသးေသးေလးနဲ႔ ဆိုသြားကာ ေရခ်ိဳးခန္းဆီ မေရာက္မခ်င္း သူ႔အား မၾကာမၾကာ လွည့္ၾကည့္ကာ ေရခ်ိဳးခန္းထဲ ဝင္သြားသည့္ ကေလးႀကီးအား ၾကည့္ၿပီး သူခပ္ဟဟရယ္မိသည္။
သူျပန္သြားမွာေၾကာက္လို႔ ျဖစ္ေနတဲ့ပုံစံေလးက ဘယ္ေလာက္ေတာင္ ခ်စ္စရာေကာင္းလိုက္သလဲ။ သူ႔မွာ အသည္းယားလြန္းလို႔ ႐ူးေတာ့မလိုပါပင္။
.
.
.
“အေဒး မင္းကလည္း ေပ်ာက္ခ်က္သား ေကာင္းကြာ”
ေပ်ာက္ခ်က္သားေကာင္းဆို သူဒီရက္ေတြထဲ လုံးဝမအားတာ။ ကိုကို႔ဆီသြားလိုက္။ ကိုကို႔အေမဆီသြားလိုက္နဲ႔ သူ႔အခ်ိန္ေတြ အကုန္လုံးက ကိုကိုတို႔ သားအမိနဲ႔တင္ ကုန္ဆုံးေနတာ။ ဒါကလည္း သူ႔အတြက္ အခြင့္အေရးလို႔ဆိုရမလား။ ဒီရက္ေတြထဲ ကိုကိုနဲ႔ ဆက္ဆံေရးကလည္း နည္းနည္းေလး ပိုေကာင္းလာသလို ကိုကို႔ေမေမကလည္း သူ႔ကို ၾကည္ၾကည္ျဖဴျဖဴဆက္ဆံတယ္ေလ။
“အေဒး မင္းဒီရက္ေတြထဲ ဘာေတြလုပ္ျဖစ္ေနလဲ”
“ဒီလိုပါပဲ အိမ္မွာပဲ ေနျဖစ္ေနတယ္”
သူကိုကိုႏွင့္ ဆက္ဆံေရးအား ဒီလူေတြအား မေျပာျပခ်င္ပါပင္။ သူ႔အေပါင္းအသင္းေတြဟာ ၁၀၀မွာ ၇၀ေလာက္က မေကာင္းတဲ့သူေတြ မ်ားတာမို႔ ဒီလူေတြအား ကိုကို႔ျဖစ္တည္မႈကို မသိေစခ်င္သလို။ ပတ္လည္း မပတ္သတ္ေစခ်င္ပါပင္။
“ဘာလဲ မင္းစပြန္ဆာအသစ္ ရေနလို႔လား”
“ငါအဲ့ဒါေတြ မလုပ္ေတာ့ဘူး”
သူ႔စကားေၾကာင့္ သူ႔ေဘာ္ဒါေတြဟာ အံ့ဩသလိုျဖစ္သြားၿပီး သူ႔အား စိုက္ၾကည့္လာကာ ေမးခြန္းေတြ ဆက္တိုက္ေမးေတာ့သည္။
“ဒီအလုပ္က မင္းအတြက္ အဆင္မေျပျဖစ္ေစလို႔လား”
“လူေတြအျမင္မွာ မေကာင္းဘူးလို႔ ထင္ရေပမဲ့ ငါတို႔အလုပ္က ႐ိုးသားပါတယ္ကြာ သူေဌးႀကီးေတြနဲ႔ ပါတီေတြ အတူတူတက္ေပးၿပီး သူတို႔အမ္းတာယူ႐ုံပဲေလ ဒါကို ဘာကမ်ား မင္းကို ဒီအလုပ္ ဆက္မလုပ္ေစခ်င္တာလဲ”
“အင္း မင္းတို႔ႏွစ္ေယာက္ေမးတာ သေဘာဝက်ပါတယ္ ငါတို႔ေတြက အမ်ားျမင္မွာ မေကာင္းတဲ့ေကာင္ေတြ ျဖစ္ေနေပမဲ့လည္း ငါတို႔ ခႏၶာေတြ ဘယ္ေလာက္သန႔္စင္လဲ ငါတို႔အသိဆုံးမလား ဒါေပမဲ့ ငါလူေတြရဲ႕အျမင္ေအာက္ ငါ့ဘဝႀကီး ေရစုန္မေမ်ာလိုက္ခ်င္ေတာ့ဘူး ငါဒီထက္ပိုေကာင္းတဲ့သူတစ္ေယာက္ ျဖစ္ခ်င္တယ္”
အဲ့ဒါက ကိုကို႔အတြက္ အျဖည့္ဆည္းခံ ျဖစ္ေန႐ုံကလြဲလို႔ေပါ့။
“မင္းေျပာတာ ငါနားလည္ပါတယ္ ဒါေပမဲ့ ငါကေတာ့ လြယ္လြယ္နဲ႔ ပိုက္ဆံရတဲ့ ဒီအလုပ္ကို မစြန႔္လႊတ္ႏိုင္ေသးဘူး”
“ငါေရာပဲ အခု ငါတြဲေနတဲ့ဘဲက ေစာက္ရမ္းမိုက္တာ”
သူ႔ေဘာ္ဒါေတြေျပာသမွ် သူနားေထာင္ရင္း သူေခါင္းသာခါေနမိသည္။ သူ သူ႔ေဘာ္ဒါေတြကို အထင္းလည္း မႀကီးသလို အထင္လည္း မေသးမိပါပင္။ ဘာေၾကာင့္လဲဆိုေတာ့ သူသာ ကိုကိုႏွင့္မဆုံခဲ့ရင္ သူသည္လည္း ဒီႏြံထဲက ႐ုန္းထြက္ႏိုင္ဦးမည္ မထင္ပင္။
အခ်ိန္ေတြၾကာလာေတာ့ သူသည္ သူ႔ေဘာ္ဒါေတြ စကားဝိုင္းထဲ စိတ္အာ႐ုံမရွိေတာ့ေခ်။ ဖုန္းကေလးအား ဖြင့္ၾကည့္လိုက္။ Message ထဲ ဝင္ၾကည့္လိုက္ႏွင့္ ကိုကိုမ်ား Reply ျပန္ထားမလား ေစာင့္ရင္း သူစိတ္ကေလး မေပ်ာ္ေတာ့ေပ။
ဒီေန႔ ကိုကိုႏွင့္ လုံးဝမေတြ႕ရေသးသလို။ သူဖုန္းဆက္ေတာ့လည္း သူ႔အား အလုပ္မ်ားေနေၾကာင္းႏွင့္ ထပ္မဆက္ဖို႔ သူ႔အား ေအာ္သြားေသးသည္။ ကိုကို ေအာ္သြားသည္ကို သူစိတ္မေကာင္း ျဖစ္မိေပမဲ့ အလုပ္ေတြၾကားထဲ ကိုကို႔စိတ္ကေလးပင္ပန္းေနမွာကိုပင္ သူစိုးရိမ္မိပါ၏။
“ဟိုဝိုင္းကဘဲႀကီးက မိုက္လိုက္တာကြာ”
“ေအးကြာ ဒီေန႔ ဆိုင္ထဲရွိသမွ် လူေတြထဲ အဲ့ဒီဘဲ ႐ုပ္အေျဖာင့္ဆုံးပဲ ဒါေပမဲ့ သူ႔ေဘးက မိန္းမကေတာ့ မလန္းဘူးကြ ဟားဟား”
ႏွစ္ေယာက္သား သူမ်ားအေၾကာင္းေျပာၿပီး အရသာေတြ႕ေနသည့္ ထိုႏွစ္ေကာင္အား သူဘာမွမေျပာခ်င္ေတာ့။
“အေဒး မင္းၾကည့္စမ္း ငါတို႔ေျပာေနတဲ့ဘဲႀကီး လန္းတယ္မလား”
မၾကည့္ျပန္ရင္လည္း ဒီေကာင္ေတြ ၿပီးမွာမဟုတ္။ ဒါေၾကာင့္ ဒီေကာင္ေတြေျပာတဲ့ ဝိုင္းအားၾကည့္လိုက္ေတာ့ ျမင္လိုက္ရသည္ သူ႔မ်က္လုံးအား သူမယုံခ်င္။ အဲ့ဒါက ဘာပါလိမ့္။ သူအျမင္ေတြပဲမွားေနခဲ့တာလား။
“ဘယ္လိုလဲ လန္းတယ္မလား”
အဲ့ဒါကိုကိုလား။ မဟုတ္တာ။ ကိုကိုက ဒီအခ်ိန္ ကုမၸဏီမွာ ရွိေနရမွာေလ။
ခ်က္ခ်င္း သူ႔ဖုန္းအား ေကာက္ထုတ္ကာ ကိုကို႔နံပါတ္ေလးအား ႏွိပ္လိုက္ၿပီး ေခၚလိုက္ေတာ့ တစ္ဖက္ဝိုင္းကလူမွာ ဖုန္းအားခ်ျပစ္လိုက္သည့္ ျမင္ကြင္းအား သူမ်က္စိႏွင့္ အရွင္းအလင္း ျမင္လိုက္ရေလသည္။
ဟား ကိုကိုပဲ။ အဲ့ဒါ သူ႔ကိုကိုပဲ။ ေဘးမွာလည္း လွလိုက္တဲ့ မိန္းကေလး။
“မင္းတို႔ဒီမွာ ခဏေနဦး ငါျပန္လာခဲ့မယ္”
“Okay”
သူေဘာ္ဒါေတြအား ထားခဲ့လိုက္ကာ ဝတ္ထားသည့္ ဟူဒီအက်ႌ၏ ေခါင္းစြပ္အားေစာင္းလိုက္ၿပီး သူဝိုင္းကေန ထလာလိုက္သည္။ ထို႔ေနာက္ Bar ၏ ခုံတန္း၌ ဝင္ထိုင္လိုက္ေတာ့ ကိုကို႔တို႔ဝိုင္းမွာ သူ႔ေနာက္ေက်ာ၌ ရွိေနေလ၏။
“CEO Griffin ဘယ္ေတာ့ေလာက္ ျပန္လာမွာလဲ”
“အင္း ေလာေလာဆယ္ေတာ့ မသိရေသးဘူး”
သူဒီကိုလာလိုက္တာ မွန္သြားတာပဲ။ ဒါကမေကာင္းတဲ့ လုပ္ရက္ဆိုေပမဲ့ ကိုကိုတို႔ေျပာသမွ် သူအရွင္းအလင္း ၾကားေနရတယ္ေလ။
“ဒါနဲ႔ တို႔မင္းကိုေမးစရာရွိတယ္”
“မင္းသိခ်င္တာ ဘာမဆို ကိုယ္ေျပာျပဖို႔အဆင္သင့္ပဲ”
*ဒုန္း!*
ထိန္းမရတဲ့ စိတ္အစုံေၾကာင့္ သူ႔စာပြဲဝိုင္းထက္ လက္အား ခပ္ျပင္းျပင္း ႐ိုက္ခ်မိလိုက္တယ္။ ခ်ိဳသာလိုက္တာ။ သူ႔ကို တစ္ႀကိမ္မွ မဆက္ဆံဖူးတဲ့ ပုံစံမ်ိဳး ထိုမိန္းကေလးကို ဆက္ဆံေနတဲ့ ကိုကို႔ပုံစံ ခ်ိဳသာေနလိုက္တာ။
“တို႔လက္ေထာက္ ေကာင္မေလးေျပာတယ္ မင္းအနားမွာ မၾကာခဏဆိုသလို ေကာင္ေလး တစ္ေယာက္ကို ေတြ႕ေတြ႕ေနရတတ္တယ္တဲ့”
“အဲ့ဒါက မင္းအတြက္ ဘာအမ်ား အဆင္မေျပျဖစ္ေစလို႔လဲ သူကဒီအတိုင္း သာမန္ပါပဲ ကိုယ့္အတြက္ ဘာမွအေရးမပါတဲ့ လူတစ္ေယာက္သာသာမို႔ သူ႔ေၾကာင့္ မင္းကို စိတ္အေႏွာင့္ယွက္ မျဖစ္ေစခ်င္ဘူး”
“မင္းကအေျပာေကာင္းေတာ့ တို႔ဘာဆက္ေျပာရမလဲေတာင္ မသိေတာ့ဘူး ဒါေပမဲ့ တို႔နဲ႔ပတ္သတ္မယ္ဆိုရင္ေတာ့ မင္းဆီမွာ ဘာအရႈပ္မွ မရွိေနဖို႔ တို႔ေမွ်ာ္လင့္တယ္ တို႔ဘာလို႔ ဒီလိုေျပာတာလဲ ဆိုေတာ့ အဲ့ဒီေကာင္ေလး ဘယ္လို အတန္းစားလဲ တို႔သိထားလို႔ပဲ”
ထိုမိန္းကေလး စကားေၾကာင့္ ဒန္တီ မ်က္ႏွာဟာ သူ႔ကိုယ္သူ သတိမထားမိလိုက္ခင္မွာပင္ အနည္းငယ္ ပ်က္ယြင္းလို႔သြားေလသည္။ တစ္ဖက္မွာ သူတို႔ေျပာသမွ် အကုန္ၾကားေနရသည့္ အေဒးမွာလည္း လက္ထဲက ဖန္ခြက္အား ခပ္တင္းတင္း ကိုင္ထားကာ ေပါက္ကြဲထြက္ေတာ့မည့္ သူစိတ္ခံစားခ်က္အား အတက္ႏိုင္ဆုံး ထိန္းထားေလ၏။
“မင္းမႀကိဳက္ရင္ ကိုယ္သူနဲ႔ မပတ္သတ္ေတာ့ဘူး ဒါဆို မင္းကိုယ့္အတြက္ ဘာျပန္လုပ္ေပးႏိုင္မလဲ”
“မင္းလိုခ်င္တာ တစ္ခုခုေပါ့”
အစကေတာ့ ေဒါသထြက္ေနတာပါ။ ဒါေပမဲ့ ဒီေကာင္က ေစာက္ရမ္း ေပ်ာ့ညံ့တဲ့ေကာင္ဆိုေတာ့ နားထဲ ၾကားေနရတဲ့ စကားသံေတြေၾကာင့္ စိတ္တိုရမဲ့အစား ဝမ္းနည္းလာတဲ့ စိတ္ခံစားခ်က္က သူ႔ကိုအႏိုင္ယူသြားပုံပါပဲ။ အခ်ိန္တန္ေတာ့လည္း ေယာက်ၤားႀကီးျဖစ္ၿပီး ငိုရတာ ဒီေကာင္ပါပဲ။
“ေဟး ေကာင္ေလး အဆင္ေျပရဲ႕လား ဘာလို႔ ငိုေနတာလဲ”
ေကာ့ေတးဆပ္ေနသည့္ ေကာင္ေလး၏ အေမးေၾကာင့္ ဒန္တီတို႔ မ်က္လုံးမွာ သူတို႔အား ေနာက္ေက်ာေပးထားသည့္ အေဒးေက်ာျပင္သို႔ ေရာက္သြားေလသည္။
“ဘာျဖစ္တာလဲ”
“လူငယ္ေတြ အသည္းကြဲရင္ ဒီလိုပါပဲ ကိုယ္တို႔ ကိစၥမွမဟုတ္တာ မင္းအာ႐ုံစိုက္ေနဖို႔ မလိုဘူး”
ဒန္တီ စကားေၾကာင့္ အေဒးသည္ ထိုင္ရာကေန ထလိုက္ၿပီး မ်က္ႏွာအား လုံးဝမျမင္ရေအာင္ ဖုံးထားရင္း ထိုေနရာကေန ထြက္သြားေလ၏။ ထြက္သြားသည့္ အေဒးအား ဒန္တီ သတိလက္လြတ္လိုက္ၾကည့္မိေလသည္။ သူ႔စိတ္ထဲ၌လည္း ဒီေက်ာျပင္ဟာ သူႏွင့္ ရင္းႏွီးေနသလိုပါပင္။
.
.
.
သူေမြ႕ယာထက္ ဖုန္းထိုင္သုံးေနတုန္း ဖင္လ္တစ္ေယာက္ ေရခ်ိဳးခန္းထဲကေန ထြက္လာေလသည္။ ကိုယ္ေပၚ၌လည္း ေရစက္ေတြ မေျခာက္ေသးသလို ဝတ္ထားသည့္ Bathrobe မွာလည္း ပုခုံးတစ္ဖက္ ေလွ်ာ္က်ေနၿပီး သူ႔အနားသို႔ ယိုင္တိယိုင္တိုင္ႏွင့္ ေလွ်ာက္လာေလ၏။
ၾကည့္ရတာ အခုထိ အမူးမေျပေသးသည့္ပုံပင္။
“ဖင္လ္ ဒီကိုလာ”
ကိုးလ္ ေခၚလိုက္ေတာ့ ဖင္လ္ တစ္ေယာက္ ကိုးလ္ အေရွ႕၌ မတ္တတ္လာရပ္လာေလရဲ႕။
“ဘယ္လိုလဲ ေရခ်ိဳးလိုက္တာ နည္းနည္းလန္းသြားတယ္မလား”
“အင္း နည္းနည္း”
ျပန္ေျဖပုံမွာ နည္းနည္းတဲ့။ ဒီလူႀကီးကို အၿမဲမူးေအာင္ တိုက္ရမလိုျဖစ္ေနၿပီ။ ဘာလို႔ အဲ့ဒီေလာက္ေတာင္ ခ်စ္ဖို႔ေကာင္းေနရတာလဲ။
“ကဲ ဒါဆိုအိပ္ၾကမယ္ ဖင္လ္ အိပ္ယာက ဟိုဘက္မွာ အခုသြားအိပ္ေတာ့”
ေဘးဘက္က ကုတင္အား လက္ညႇိဳးျပတဲ့ ကိုးလ္အား ဖင္လ္ မေက်နပ္သလို စိုက္ၾကည့္ကာ ။
“ကိုယ္ကမင္းနဲ႔အတူတူ အိပ္ခ်င္တာေလ”
ဖင္လ္ စကားေၾကာင့္ ကိုးလ္မွာ မ်က္လုံးအဝိုင္းသား။
ဒီလူ။ မူးမူးနဲ႔ သူ႔စကား ဘယ္ေရာက္ေနလဲေရာ သိရဲ႕လား။ ဒီအတိုင္း တစ္ခန္းတည္း အတူတူရွိေနတာေတာင္ သူ႔ရင္ေတြ အဆမတန္ ခုန္ေပါက္ေနတာ အတူတူသာအိပ္ရရင္ သူ႐ူးသြားမွာ။ ကိုယ္ႀကိတ္ႀကိဳက္ေနတဲ့သူနဲ႔ Hotel အခန္းထဲမွာမွ တစ္ကုတင္တည္း ေမြ႕ယာတစ္ခုတည္းမွာသာ အိပ္ရရင္ သူ႔မနက္ အသက္ေတာင္ရွိပါ့မလား။
“ဖင္လ္ သြားအိပ္-အင့္!”
႐ုတ္တရက္ဆိုသလို ကိုးလ္အား ေမြ႕ယာထက္ တြန္းခ်ကာ အေပၚကေန အုပ္မိုးလိုက္တဲ့ ဖင္လ္။
“ကိုယ္ေျပာၿပီးၿပီေလ ကိုယ္မင္းနဲ႔ပဲ အိပ္မွာလို႔ ဘာလို႔ ကိုယ့္ကို ေမာင္းထုတ္ေနတာလဲ”
သူအသက္ေတာင္ ေျဖာင့္ေျဖာင့္ မရႉရဲေတာ့ဘူး။ ဒီအေနအထားႀကီးက ဘယ္လိုႀကီးလဲ။ ဖင္လ္က သူ႔ကိုယ္ေပၚမွာ။ ၿပီးေတာ့ သူ႔ကို ရီေဝေဝ စိုက္ၾကည့္ေနတဲ့ မ်က္ဝန္းေတြကိုလည္း သူရင္မဆိုင္ရဲဘူး။ သူဘာလုပ္ရမလဲ။ ဘာလုပ္ရမလဲ။
“ကိုးလ္”
ခပ္တိုးတိုးေခၚသံႏွင့္အတူ ကိုးလ္ မ်က္ႏွာအား ဆြဲယူကာ အၾကည့္ခ်င္းဆုံခိုင္းသည့္ ဖင္လ္ေၾကာင့္ ကိုးလ္ ႏွင့္ ဖင္လ္တို႔၏ မ်က္လုံးေတြမွာ တစ္ေယာက္ကို တစ္ေယာက္ အေလးနက္ထား စိုက္ၾကည့္ေနၾကေလ၏။
“ကိုးလ္ လွတယ္”
ကိုးလ္၏ ဆံႏြယ္ေတြအား နား႐ြက္ၾကားထဲ ထည့္ေပးကာ ဖင္လ္ဟာ ၿပဳံးရင္း ခပ္တိုးတိုးဆိုသည္။
“ကိုယ္ေတြးမိတယ္ ကိုယ္ဘာလို႔ မင္းအေပၚမွာ ဒီလိုေတြ ျဖစ္ေနရတာလဲဆိုတာ”
ဖင္လ္ စကားသည္ မရွင္း။ ဘာကိုဆိုလိုေနသလဲ မွန္းဆမရသလို ကိုးလ္ မ်က္ႏွာအား ေငးၾကည့္ေနသည့္ ဖင္လ္ အၾကည့္ေတြမွာလည္း တစ္ခုခုကို ေဝခြဲရခက္ေနသည့္ပုံပင္။
“ကိုးလ္ ထပ္ၿပီး အိမ္ေထာင္မျပဳလိုက္ပါနဲ႔”
ကိုးလ္ လက္ေတြအား သူ႔ပါးေပၚ တင္လိုက္ကာ ခပ္တိုးတိုး ေတာင္းဆိုလာသည့္ ဖင္လ္ စကားေအာက္ ကိုးလ္ဟာ ဘာမွျပန္မေျဖ။ ေအာက္ႏႈတ္ခမ္းကိုသာ ဖိကိုက္ထားေလ၏။
“ကိုယ္ရွိေနေပးမယ္ေလ မင္းအနားမွာေရာ ယူကိုေလး အနားမွာေရာ ကိုယ္ရွိေနေပးမယ္ ဒါေၾကာင့္ တျခား တစ္ေယာက္ကို မေ႐ြးျခယ္လိုက္ပါနဲ႔”
“ဟား ခင္ဗ်ား စကားေတြရဲ႕ အဓိပၸာယ္ကို ခင္ဗ်ား သိရဲ႕လား ဖင္လ္”
“ကိုယ္မသိဘူး သိလည္းမသိခ်င္ဘူး သိဖို႔လည္း မလိုအပ္ဘူး ကိုယ္သိတာ ကိုယ္မင္းအနားမွာ ရွိေနခ်င္တယ္ မင္းအနားမွာလည္း ကိုယ္တစ္ေယာက္တည္းပဲ ရွိေနေစခ်င္တယ္”
“ခင္ဗ်ား တကယ္ကို ဟား! ခင္ဗ်ား စကားေတြ ဒီထက္ပိုၿပီး စည္းမေက်ာ္လာရင္ ေကာင္းမယ္ ခင္ဗ်ားစိတ္ ဘယ္လိုရွိလဲ ခင္ဗ်ားေတာင္ မသိဘဲနဲ႔ ကြၽန္ေတာ္ကို ေတာင္းဆိုခ်က္ေတြ လာမလုပ္ပါနဲ႔”
ကိုးလ္ စိတ္ကေလး ရႈပ္ေထြးေလၿပီ။ ဖင္လ္ဟာ သူႏႈတ္ဖ်ားက ထြက္လာသည့္ စကားတိုင္း၏ အဓိပၸာယ္ဟာ ဘာကိုဆိုလိုသလဲ ဘယ္ကိုေရာက္ေနၿပီလဲ သူကိုယ္တိုင္မသိတာထက္ သိဖို႔မလိုအပ္ဘူးဟု ေျပာလာသည္ကို ဖင္လ္ ဝမ္းနည္းမိသည္။
ဘာလို႔မ်ား အရာအားလုံးက သူ႔တစ္ေယာက္တည္း တစ္ဖက္သတ္တည္း ျဖစ္ေနရတာလဲ။
“ဒါဆို ကိုယ္သိေအာင္လုပ္ရင္ေရာ”
ဖင္လ္စကားေၾကာင့္ ကိုးလ္ ဖင္လ္မ်က္ႏွာအား စိုက္ၾကည့္ေနတုန္းမွာပဲ ဖင္လ္ဟာ ကိုးလ္ ပါးႏွစ္ဖက္အား လက္ျဖင့္ အသာယာကိုင္လိုက္ၿပီး ကိုးလ္ႏႈတ္ခမ္းေတြအား စတင္နမ္းရႈိက္လာသည္။
“ဖင္လ္! Omzz-”
ဖင္လ္ လုပ္ရက္ေၾကာင့္ ကိုးလ္ အေတာ္ေလး လန႔္သြားသလို ဖင္လ္အား တြန႔္ထုတ္ေပမဲ့ သူ႔လက္ေတြအား လက္တစ္ဖက္တည္းႏွင့္ ခ်ဳပ္ျပစ္လိုက္သည့္ ဖင္လ္ေၾကာင့္ ကိုးလ္ခင္မ်ာ ဘာမွလုပ္မရေတာ။
“Ommzz...Haa”
လက္ေတြအား အခ်ဳပ္ေႏွာင္ခံထားရေပမဲ့လည္း ဖင္လ္ ႏႈတ္ခမ္းေတြအား ေရွာင္ဖယ္ေနသည့္ ကိုးလ္ေၾကာင့္ ဖင္လ္ဟာ စိတ္မၾကည္ေတာ့။
“ကိုးလ္! ကိုယ္ႏႈတ္ခမ္းကို မင္းအဲ့ဒီေလာက္ေတာင္ မုန္းတာလား”
“လႊတ္..လႊတ္ေပး”
“ဟား! တကယ္ပဲ မုန္းေနတာပဲ ဒါဆိုလည္း မုန္းလက္စနဲ႔ ဆက္မုန္းလိုက္ ကိုယ္ကေတာ့ ရပ္မွာမဟုတ္ဘူး”
“Omzz!”
ျပန္လည္ ထိကပ္လာသည့္ ဖင္လ္ အနမ္းေတြဟာ ေစာနကလို ႏူးညံ့မေနေတာ့ဘဲ ၾကမ္းရမ္းလာေလသည္။ ကိုးလ္ လက္ေတြကိုလည္း အၾကမ္းပတမ္းခ်ဳပ္ထားသလို ႏႈတ္ခမ္းပါးေတြကိုလည္း အေပၚေအာက္ပင္မက်န္ အၾကမ္းပတမ္း နမ္းလိုက္ ငုံခဲလိုက္ ကိုက္ခဲလိုက္ျဖင့္ သူ႔စိတ္အႀကိဳက္ ျပဳမႈေနေတာ့သည္။
“Ommz!”
ကိုးလ္တက္ႏိုင္သေလာက္ ျငင္းဆန္ေနေသာ္လည္း သူ႔အား လႈပ္လို႔ပင္မရေအာင္ ခ်ဳပ္ကိုင္ထားသည့္အျပင္ ႏႈတ္ခမ္းပါးေတြ ေသြးစို႔သည့္အထိ ငုံခဲေနသည့္ ဖင္လ္ေၾကာင့္ ကိုးလ္ တေျဖးေျဖး တုန္လႈပ္လာသည္။
ဖင္လ္ကေတာ့ ကိုးလ္ဘက္အားမၾကည့္။ ကိုးလ္ ခံစားခ်က္ေတြအား နည္းနည္းေလးမွ ဂ႐ုမစိုက္ဘဲ ကိုးလ္ ႏႈတ္ခမ္းပါးကေန တဆင့္ ကိုးလ္ လည္ပင္းထက္ ထပ္မွန္ၿပီး ငုံခဲလာေလ၏။
အရက္အရွိန္ေၾကာင့္ပဲလား။ ထိန္းခ်ဳပ္ထားသည့္ စိတ္ခံစားခ်က္ေတြေၾကာင့္ပဲလားမသိ။ ဖင္လ္ဟာ တျခားသူတစ္ေယာက္လိုပင္ ကိုးလ္၏ခႏၶာအား သူစိတ္ႀကိဳက္ ရယူေနတာေၾကာင့္ ကိုးလ္ ႏႈတ္ခမ္းေတြဟာ ေပါက္ၿပဲေနသလို ကိုးလ္ လည္ပင္းထက္၌ အနီကြက္ေတြမွာလည္း ျမင္မေကာင္းေအာင္ပင္ ပြလန္က်ဲေနေတာ့သည္။
အစပိုင္း႐ုန္းကန္ေနသည့္ ကိုးလ္ဟာ ေနာက္ပိုင္း ႐ုန္းကန္ျခင္း မျပဳေတာ့တာေၾကာင့္ သတိထားမိလာတဲ့ ဖင္လ္ဟာ ကိုးလ္ လည္ပင္းထက္က အနမ္းေတြအား ရပ္တန႔္လိုက္ကာ ကိုးလ္မ်က္ႏွာအား ၾကည့္ေတာ့သည္။
ထိုအခ်ိန္၌ တစ္ဖက္သို႔ အၾကည့္လႊဲထားရင္း ငိုေနသည့္ ကိုးလ္အား ျမင္လိုက္ခ်ိန္မွာ ဖင္လ္သည္ အျမင့္တေနရာမွာ တြန္းခ်ခံလိုက္ရသည့္ လူတစ္ေယာက္လို အသိစိတ္ျပန္ဝင္လာကာ ကိုးလ္မ်က္ႏွာအား စိတ္ပူတႀကီး ယူၾကည့္ေတာ့၏။
“ကိုယ့္ကို အဲ့ဒီေလာက္ေတာင္ မုန္းတာလား ကိုးလ္”
End....