\\\\ • Htan • /////
Part ( 7 )
**
နံနက်ခင်းနေရောင်ခြည်သည် ပြတင်းပေါက်ကို ကျော်လွှားဖြတ်သန်းကာ ထင်ရှား၏ ပါးမို့မို့လေးပေါ်သို့ ထိုးကျနေသည်။နေရောင်၏အလင်းရှိန်ကြောင့် မျက်တောင်ကော့လေးကို ချက်ချင်းမဖွင့်ဟ,ပဲ ပင့်သက်ကိုအရင်ရှိုက်ကာ အသာလေး ပင့်တင်လိုက်သည်။
နိုးနိုးခြင်း အိပ်ယာထဲမှ ချက်ချင်းမထဖြစ်သည်က အကျင့်တစ်ခုလိုဖြစ်နေ၏။အိပ်ယာထဲ လုံးထွေးနေအောင် ရစ်ပတ်ပြီးကာမှ ခြေလက်များငြိမ်ကာကျသွားသည်။သို့မှသာ အိပ်ယာထဲမှ ထဟန်ပြင်သည်။
ခန္ဓာကိုယ်ပေါ်မှာ လုံးထွေးရစ်ပတ်နေသော ဂွမ်းစောင်အထူလေးကို ဖယ်လိုက်မိကာမှ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အဝတ်မျှ မရှိမှန်း သတိထားမိလာသည်။မဖြစ်နိုင်ဘူးမလား။မနေ့ညက စောစောအိပ်ပျော်သွားမှန်းသာ အသိစိတ်ထဲရှိနေသည်။
***
" ညက ဘယ်သူ့လက်ချက်လဲ ! ငါမေးနေတယ် ဖြေ ! "
" အာ့ .. ဟို ? "
ရှိုင်းထက်နှင့်သွန်းဆက်ချိုတို့ မွှေထားသည့် ကိစ္စမှန်း ခက်ထန်သိသည်။ပုံမှန်အားဖြင့် trouser ကိုမှ ဖောင်းဖောင်းလေးဝတ်တဲ့သူက အထူးအဆန်းတွေပြုလုပ်နေတယ်မလားလေ။
short pant ကြီးကို မဝတ်စဘူးဝတ်ထားသေးသည်။အမူအရာတွေကလည်း အကုန် ထူးဆန်းနေသည်မို့ မေကြီး၏ဆေးအရှိန်ကြောင့်ပင် ဖြစ်လိမ့်မည်။
ဆေးမြစ်တွေကိုမှမေကြီးကိုယ်တိုင်တူးပြီး ဖော်စပ်ထားသည်မို့ အန္တရာယ်မရှိမှန်းသိပေမယ့် အချိုးအစားများသွားရင် နှစ်ယောက်လုံးအတွက်ကောင်းမှာမဟုတ်။လိင်စိတ်အားတိုးဆေးကြောင့်ပင်။
အကယ်၍ ကိုယ်ဝန်လိုချင်လာတဲ့အခါ တစ်ဖက်လူက အဆင်သင့်မဖြစ်သေးသည့်အချိန်ဆိုလျှင် ဆေး၏အစွမ်းကြောင့် တစ်ညလုံး လိင်စိတ်ခံစားနိုင်သည်။
" ဒီတစ်ခါတော့ ရှိပါစေတော့ နောက်တစ်ခါဆို
နှစ်ယောက်လုံး မလွယ်ဘူး ! "
ခက်ထန်အရှေ့တွင် အပြစ်မဲ့သော ခွေးကလေး နှစ်ကောင် အသွင်နှင့် နှစ်ယောက်လုံး ငုတ်တုတ်ကလေး ထိုင်လျက်။
နှစ်ယောက်လုံးလုပ်ထားသည့်ကြောင့် မျက်နှာကို မော့မကြည့်ရဲ။
အသက်အားဖြင့် 20ကျော်နေပြီ။ကြည့်လိုက်လျှင်လည်း မခုတ်တက်သည့် ကြောင်အတိုင်းလုပ်နေသည်။
ခက်ထန် ဒေါသမထွက်နေလို့သာ နှစ်ယောက်လုံး ကံကောင်းစွာနှင့် နောက်ဆုတ် နောက်ဆုတ်၍ အခန်းထဲမှ ထွက်လာစဉ်...
" အကိုခက်ထန် အကိုခက်ထန် !! "
ခက်ထန် ကြည့်လိုက်တော့လည်း နှစ်ယောက်လုံးက ပြာသလဲ့။
" အကို့အိပ်ခန်းအထဲ ကျားဝင်နေတာလားမသိဘူး
ကျွန်တော်တို့ဖြတ်လျောက်သွားတာ ပစ္စည်းတွေ သောင်းကျန်းအသံရော အဝတ်တွေလည်း တစ်နေရာစီ ပြန့်ကျဲနေတယ် ကျွန်တော်တို့ ဝင်မကြည့်ရဲလို့ အကိုခက်ထန်ဆီ အမြန်ပြေးလာခဲ့တာ .. ! "
" ဟမ်း !! "
ခက်ထန်ချက်ချင်း မစဉ်းစားမိလိုက်ခဲ့။သူ့စိတ်ထဲ
ထင်ရှားတစ်ယောက် အခန်းမှာ ရှိနေမှာ။သို့ကြောင့် သူ ခြေလှမ်းကျဲများဖြင့် အမြန်ပြေးလာခဲ့သည်။
တွေ့နေ၊ မြင်နေရတာတွေက ဟိုကောင်တွေပြောသည့်အတိုင်း တကယ်စိတ်မချမ်းသာပါလား။ခက်ထန်၏ အဝတ်တွေ အကုန်ကျလိုကျ၊ပြတင်းမှ ပစ်ထုတ်လို ပစ်ထုတ်နှင့်။
" ဘာဖြစ်သွားသေးလဲ ! "
သူအခုထိ သတိမထားမိသေး။ကျားဝင်မွှေထားသည်ထင်၍ 'ထင်ရှား ထိခိုက်မိသွားလား' ဟု သူ့အတွေးထဲ အရင်ဝင်မိသည်။
ထင်ရှား၏ခန္ဓာကိုယ်အချိုးအစားသည် သူ့နဲ့ယှဉ်လျှင် 3ပုံ 2ပုံစွန်းစွန်းမျှသာရှိ၍ အလွယ်တကူ ဆွဲယူလို့ရသည်။အရှေ့၊အနောက် ဝဲဖက် ညာဖက်
အကုန်ကြည့်ပြီးသည့်အခါ ထိခိုက်ရာတစ်ခုမျှမရှ်ိ။
" တော်သေးတာပဲ ! "
" ခွက် !! "
ညာဖက်လက်ဖြင့် ဝိုက်သွားအောင် ခပ်ပြင်းပြင်းထိုးထည့်လိုက်သည်။
ထင်ရှား၏ထိုးချက်ကြောင့် ခက်ထန်နှုတ်ခမ်းထက် သွေးနည်းနည်းစို့သွား၏။
" ကိုယ့်ကို ဘာလို့ထိုးတာလဲ ! "
ထွက်လာသော သွေးစများကို လက်ဖြင့် ဆွဲသုတ်ရင်း သူ ထင်ရှား၏ ညာဖက်လက်ကို ဆွဲဖမ်းလိုက်သည်။
" နာတယ် !! "
ခက်ထန် ညှစ်ထားသော အရှိန်ကြောင့် ထင်ရှား နာလာသည်။
" နာရင်ဖြေ !! ကိုယ့်ကို ဘာလို့ ထိုးတာလဲ မင်းထင်ရှား !! "
သူ ထင်ရှားကိုကြည့်လိုက်သည့်အခါ အဝတ်ဗလာ။ သို့ပေမယ့် ကုတင်ဘေးတွင် သူချထားသော သူ့၏ အတွင်းခံကို ယူဝတ်ထားသည်။
အနည်းငယ်ချောင်နေ၍ ကျွတ်မသွားအောင်
ဘယ်ဘက်လက်က ဟန်ချက်ထိန်းထားရ၏။
" ကျွန်တော့်ကို မနေ့ညက ဘာလုပ်လိုက်သေးလဲ ! "
" မင်းကို ငါပြောထားပြီးသား မဟုတ်လား
မင်းဆန္ဒမပါရင် ငါဖီးလ်မတက်ဘူး တကယ်လို့
ငါစိတ်ပြင်းပြလာရင်တောင် တခြားကောင်တွေနဲ့ သွားစားလို့ရတယ် ! "
ခက်ထန်ပြောလိုက်သည့်စကားကြောင့် သူ့လက်ကို ခက်ထန်လက်ထဲမှ ခပ်ပြင်းပြင်းဆွဲထုတ်ယူရင်း..
" ကျွန်တော့်ကို ခင်များအိပ်နေတဲ့ကောင်တွေနဲ့ မနှိုင်းနဲ့ ! "
ထင်ရှား ဗီဒိုအရှေ့မှာ တွဲလောင်းကျနေသော ခက်ထန်အင်္ကျီရှည်အဖြူကိုဆွဲစွတ်ကာ ရှေ့မှ လှည့်ထွက်လာခဲ့သည်။ခက်ထန် အင်္ကျီမို့ အင်္ကျီအရှည်က သူ့၏ဖင်အထိ ဖုံးသည်။
ဝတ်ထားသည့် underwearကလည်း ခက်ထန်ဟာမို့ သူ့အတွက် short pant လို ဖြစ်နေသည်ကြောင့် ဘောင်းဘီဝတ်မလာခဲ့။
***
" ကျွန်တော်တို့ကို မခွဲပါနဲ့ !! "
ဦးမင်းခက်ထန်ရှေ့ဝယ် လိင်တူကောင်လေးနှစ်ယောက်။
" စည်းမျဉ်းက စည်းမျဉ်းပဲ ! "
" ကိုယ် .. နောက်ဆုံးအနေနဲ့ ကိုယ် မင်းကိုအရမ်းချစ်တယ်ဆိုတာ သိစေချင်တယ် ကိုယ် ဒီစကားကို မင်းအသက်ရှိနေသရွေ့ ပြောပြချင်ပေမယ့်
ကိုယ်တို့ ကံက ဒီလောက်ပဲ ပါတာမို့.. ကိုယ်တောင်းပန်ပါတယ် .. "
" မလုပ်ကြပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်ဗျာ "
ငိုသံများစွာဝန်းရံနေပါသော်လည်း ဦးမင်းခက်ထန်က ပြတ်သားတဲ့သူမို့ ခွင့်လွှတ်ပေးမည်မဟုတ်ဆိုတာ သေချာသည်။
ကြိုးတုပ်ချည်ခံထားရသော ကောင်လေးတစ်ယောက်၏အနားမှာ ကပ်လျက်ယှဉ်ကာ အတူတူထိုင်နေသည့် နောက်ထပ်ကောင်လေးတစ်ယောက်။
" ဘာဖြစ်လို့လဲ !! "
" အကိုခက်ထန် ညီတို့ကို ကယ်ပါအုံး !! "
" မင်းဖယ်.. ကိုယ့်ကိစ္စမဟုတ်ရင် ဝင်မပါစမ်းနဲ့ !! စည်းကမ်းချိုးဖောက်ရင် ခံရမယ်ဆိုတာ လူတိုင်းသိတယ် "
သိကြားမင်းဆင်းတားလျှင်တောင် ရပါ့အုံးမလား။ကောင်လေးနှစ်ယောက်ဝယ် ခွင့်လွှတ်ညှာတာလိုသော အကြည့်များစွာဖြင့် ဦးမင်းခက်ထန်ကို တောင်းဆိုနေကြ၏။
" ကို !! .. ကျွန်တော်လည်း ကိုယ့်ကိုအရမ်းချစ်ပါတယ် ! "
" မငိုနဲ့နော် ... !! ကိုယ် ဘယ်မှ မသွားဘူး .. ကိုယ် အခု ညီဘေးမှာရှိနေတယ်လေ "
မျက်ရည်များမကျအောင် အားတင်းထားသော်လည်း ကိုယ့်ချစ်သူ မျက်ရည်ကျနေသည့်အဖြစ်ကိုတော့ ရင်ထဲ ပိုခံစားရသည်။
" ကိုယ် အ့လို မပြောပါနဲ့လားဗျာ "
" ခွင့်လွှတ်ပေးပါ.. သက်ညှာပေးပါ ! "
ရွာသူရွာသားများ၏ အသံများလည်း ဆူညံနေသည်။ သည်မြင်ကွင်းအဖို့ ဦးမင်းခက်ထန်အတွက် ဘာမျှမခံစားရ။အပြစ်လုပ်ထားသည်မို့
အပြစ်ကို ယောင်္ကျားဆိုလျှင် ပြန်ခံရမည်ဆိုတာ။
ခက်ထန် တားသော်လည်း နားမထောင်။
အပြစ်တာဝန်ကို ခံယူရန် စဉ်မြင့်ထက်ဝယ် ဒူးထောက်လျက်ကလေး ရှိနေသော ကောင်လေးနှစ်ယောက်အပြင် ကြိုးချည်ပေးရန် ဦးမင်းခက်ထန်၏ လူယုံတစ်ယောက်။
မလှမ်းမကမ်းလေးတွင် ဦးမင်းခက်ထန် သူ၏
ပုလ္လင်ပေါ်မှ အမိန့်ချလျက်။
မကြာမီမှာ လူ့လောကထဲက ထွက်ခွာသွားရမည်ဖြစ်၍ နောက်ဆုံးဆန္ဒကို ခွင့်ပြုပေးမည်။
" လောကကြီးက တရားပါတယ်ဗျာ "
" ယောင်္ကျားလေးအချင်းချင်းဖြစ်စေ၊ ကျားမ
ဖြစ်စေ မိန်းကလေးအချင်းချင်းဖြစ်စေ တစ်ယောက်ကို တစ်ယောက် ချစ်ဖို့ပင် အရေးကြီးသည်မလားလေ၊ အမုန်းမပွားပဲ အချစ်ကို အချစ်ဟု မြင်ပေးစေလိုပါသည်။ "
" ကျွန်တော်တို့သည် တစ်ယောက်ကိုတစ်ယောက် မေတ္တာစစ် မေတ္တာမှန်ဖြင့်သာ ချစ်ခဲ့ကြပါသည်။
ဘယ်သူအပေါ်ကိုမျှ ထိခိုက်စေလိုခြင်း အကြောင်းတရားမရှိပါ၊ အသက်ရှင်သန်နေသ၍လည်း တစ်ယောက်ကို တစ်ယောက် ပါရမီ ဖြည့်ဖက်အတိုင်း ဖြည့်စည်းသွားပေးကြပါမည်။ "
" ကျွန်တော်တို့အချစ်ကို ဤမြေကြီးနှင့် တိုင်တည်ပါသည်။ "
" ခုန .. !! "
ထင်ရှား စဉ်မြင့်ပေါ်သို့ ပြေးတက်လာခဲ့သဖြင့်
ရွာသူရွာသားအကြား အုပ်အုပ်ကြွကြွဖြစ်သွား၏။
" မင်း .. ဘာလုပ်တာလဲ !! "
" ကျွန်တော် ပြောစရာရှိတယ် .. လူကြီးမင်း ဘာလို့ ဒီကောင်လေးနှစ်ယောက်မေတ္တာမျှတာကို အပြစ်ပေးရတာလဲ ! "
" မင်းပါ သေချင်လို့လား ?? "
ခက်ထန်ပြောသော်လည်း ထင်ရှား၏အကြည့်က
'ငါတို့်မကယ်ရင် အပြစ်မဲ့တဲ့ကောင်လေးနှစ်ယောက်ကို အသတ်ခံစေချင်တာလား'ဟုပင်။
ထင်ရှားပါသည်မို့ ခက်ထန် ဦးမင်းခက်ထန်ကို ရင်ဆိုင်နိုင်သည်။ထင်ရှားနှင့်အတူ အပြစ်မဲ့သော ကောင်လေးနှစ်ယောက်အကြား တူတူ ဝင်ထိုင်၏။
ထိုကောင်လေးနှစ်ယောက်၏အကြည့်များသည် ထင်ရှား သူ့ရင်ထဲ တကယ်မကောင်း။ထင်ရှား ဘေးနားမှာ ဓားကိုင်ကာ ရပ်နေသည့် လူလက်ထဲမှ ဓားကို ဆွဲယူကာ ခက်ထန်၏လည်ပင်းထက်သို့။
ရွာသူရွာသားပါမက ဦးမင်းခက်ထန်ပါ မတ်တပ်ရပ်လျက်။အကုန်လုံး ထိတ်လန့်သွားပုံရသည်။
" မင်း ကိုယ့်ကို သတ်မလို့လား ! "
" ငြိမ်ငြိမ်နေ .. မဟုတ်ရင် ဓားက လည်ပင်းကို လှီးပြီးသားဖြစ်သွားမယ် ! "
ထင်ရှား တီးတိုးပြောသော်လည်း ခက်ထန် မျက်စိပြူသွား၏။ထင်ရှားဖြစ်နေသည်မို့လည်း သူအကုန်လုံးကို ခွင့်ပြုပေးထားတာ။
သည်ပွဲမှာလည်း ထင်ရှားကို အနောက်ကနေ ကူညီပေးရုံပဲ။ထင်ရှားက ရဲရင့်သူမို့ ခက်ထန်ကို ပိုသဘောကျစေ၏။
တစ်ခုခုဆိုလျှင် ကိုယ့်ဘာပြန်ဖြစ်မလဲဆိုတာကို
မစဉ်းစားတတ်ဘဲ သူ့မျက်စိရှေ့မှာ မဟုတ်တာလုပ်နေရင် ငြိမ်ငြိမ်မခံတတ်တဲ့လူစားမျိုး။
တကယ်လို့ တစ်ခုခုသာလွဲချော်သွားလျှင် သူရော ခက်ထန်ရော ကြာပွတ်နှင့်အပြစ်ပေးခံရမည်ဆိုတာ မေ့နေသည်ပုံ။
••••
" မုဏ်း ! "
" ရှင် ?? "
" ကိုယ် ဒီည ဒီမှာ.. အိပ်မယ် အဆင်ပြေတယ်မ
လား "
" ဟောရှင်...ကျွန်မက ရှင်နဲ့စေ့စပ်ထားတာလေ ..
ခွင့်တောင်းစရာမလိုပါဘူး "
" ကိုယ် ခံစားချက် သိပ်မကောင်းနေလို့ !! "
" နှုတ်ခမ်းမှာလည်း ဒဏ်ရာကြီးနဲ့ ? "
ခက်ထန် ဘာဖြစ်လာသည်ဆိုတာ သူသေချာမသိပေမယ့် ခက်ထန်ကို ပြောင်းလဲသွားအောင် ပြင်ဆင်ပေးဖို့အတွက်တော့ သူ့မှာ တာဝန်ရှိတယ်လို့ သူခံယူထားတာမို့ အကောင်းဆုံးအနေနဲ့သူရှိနေပေးမည်။
ခက်ထန် ပင်ပန်းလာသည်ဖြစ်စေ၊ထိခိုက်လာသည်ဖြစ်စေ ဇနီးတစ်ယောက်အနေနှင့် သူ့မှာတာဝန်ရှိသည်။ခက်ထန် ဘာလုပ်လုပ် ကြည်ကြည်ဖြူဖြူနဲ့ သူလက်ခံပေးမှာမို့ တောင်းဆိုနေစရာမလိုပေ။
ခက်ထန်ကသာ သူ့အပေါ်ခံစားချက်နည်းနည်းရှိလျှင် သည်ပွဲမှာ သူလည်း အနိုင်ရသူတစ်ဦးဖြစ်လာမည်။
အရာရာဟာ အချိန်တိုအတွင်း အကုန်ပြောင်းလဲသွားနိုင်သည်။သူမနိုင်ခဲ့ရင်တောင် မရှုံးအောင်တော့ သူကြိုးစားအုံးမည်။
" မုဏ် !! "
ခက်ထန် မုဏ်း၏ ခန္ဓာကိုယ်အား ပင့်ချီကာ
ကုတင်ပေါ် လှဲချလိုက်သည်။
" ရှင် ?? "
ပြွတ်!!
" ကိုယ်... ယားတယ် အ့နေရာ မနမ်းပါနဲ့ ! "
သည်နေ့ညဝယ် ခက်ထန် သူလုပ်နေတာတွေကို သူစိတ်ထဲ သတိထားမိရဲ့လားလေ။
ညအချိန်လွန်နေပြီဖြစ်သော်လည်း ခက်ထန် အခန်းပြန်မလာသေး။ထင်ရှား ခက်ထန်ကိုစောင့်နေသည်မဟုတ်သော်လည်း ပြန်လာနေကျမို့
အခုချိန်ထိမရောက်သေးတာကို သတိထားမိတာ။
ဦးမင်းခက်ထန်များ အပြစ်ပေးနေရောလားဆိုပြီး ဆုတောင်းပေးနေရသည် အမော။လမ်းမှာပင် တစ်ခုခု ဖြစ်နေပြီရဲ့လား။
ဒေါက် ဒေါက် ဒေါက်!!
အိမ်အမိုးပေါ်သို့ ခဲလုံးပစ်တင်သည့်အသံမျိုး။
သရဲကြောက်တတ်သည့်လူမဟုတ်ပေမယ့် သည်နေရာအတွက် ကိုယ်ကလူစိမ်းတစ်ယောက်လည်းဖြစ်သည်။
တစ်ယောက်ထဲရှိနေသည်မို့ အနည်းငယ် ကျက်သီးထရုံသာ။သူ မသေချာ၍ ပြတင်းပေါက်နီးရာသို့ ထွက်လာကြည့်သည့်အခါ..
ရုတ်တရက် ပေါ်ထွက်လာသော ဇောင်၏ ဦးခေါင်းကြောင့် ထင်ရှား အနောက်သို့ ဖင်ထိုင်လျက်ကလေး ကျသွားသည်။ဇောင်၏ ကိုယ်သင်းရနံ့ကိုသတိထားမိသည်။သို့ပေမယ့် စိတ်ခြောက်ခြားနေသည်ဖြစ်သည်ကြောင့် ဘာမှစဉ်းစားချိန်မရ။
သူကျသွားသည်ကို တွေ့တော့ ကိုယ်တော်လေးက တဟားဟားနှင့်ရယ်သည်။
အခန်းတံခါးရှိသော်လည်း သူ့ဖာသာသူ ပြတင်းကိုကျော်လွှားခုန်ပြီး တက်လာခဲ့သည်။
အခန်းတံခါးကို လက်ညိုးထိုးပြတော့ ထင်ရှားကို ခေါင်းခါပြရင်း ..
" လာခိုးတွေ့တာ အ့ဘက်ကနေတက်မှတော့
လူမိသွားမယ်လေ ? "
ထင်ရှားအတွက် အထူးအဆန်း။
" ဘယ်သူက အကြံပေးလိုက်တာလဲ ! "
" ဟအင်း ကိုယ် သတိရလို့ !! "
အပိုကောင်။လွန်ခဲ့သောတစ်ရက်နှစ်ရက်မှ မြင်ဖူးပြီး သတိရတယ်တဲ့လား။အတော်ခက်ပါရဲ့။
ထင်ရှားသည်လည်း ပိုင်ရှင်မရှိသေးသည်မို့ ပိုးချင်ရင် ပိုးခွင့်ရှိပါသည်လေ။သူတပ်ထားသော စိန်နားကပ် နှစ်ဖက်က မီးရောင်အောက် တလက်လက်။
တိုးဝှေ့တိုက်ခတ်နေသော လေပြေကြောင့် ပြတင်းရှေ့ရပ်နေသော ဇောင်၏ ကိုယ်သင်းရနံ့က သူ့နှာခေါင်းကို ကျီစယ်သွားကြသည်။
ခက်ထန်သည်ည ပြန်လာတော့မည်တော့ မဟုတ်။
NOV 23
8:55PM
Zawgyi--
\\\\ • Htan • /////
Part ( 7 )
**
***
***
ပုလ်လငျပေါျမှ အမိန့ျခလြကြျ။
" လောကကွီးက တရားပါတယျဗြာ "
" ယောငျ်ကြားလေးအခငြျးခငြျးဖွဈစေ၊ ကြားမ
••••
" မုဏျ !! "
ခကျထနျ မုဏျး၏ ခန်ဓာကိုယျအား ပင့ျခြီကာ
NOV 23
8:55PM