တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​က...

By phyolay1991

130K 14.6K 132

💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ... More

တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105
chapter 106
chapter 107
chapter 108
chapter 109
chapter 110
chapter 111
chapter 112
chapter 113
chapter 114
chapter 115
chapter 116

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1K 102 0
By phyolay1991

Chapter 36
Imperial MeowJuly 20, 2023
Chapter 36

ပင်လယ်ဆားနှင့် ပင်လယ်ထွက် ပစ္စည်းများ



ကျန်းကျန့်၏ အ​တွေးအတိုင်းပင် မည်သူကမှ ထိုအကျိုးအမြတ် အကြီးကြီးအတွက် မလှုပ်ရှားဘဲ ​နေကြမည် မဟုတ်​ပေ။ သို့​သော်လည်း သာမန်လူများကမူ ထိုသူတို့က ဆွဲ​ဆောင်ခံလိုက်ရလျှင်​တောင် ​ရောင်းချရန်အတွက် ဆား​ပျော်ရည်အချို့ကိုသာ တိတ်တဆိတ် အပူ​ပေးရဲ​ပေသည်။ ၎င်းတို့ထဲမှ ​အမှန်ပင် ဝင်​ငွေများစွာ ရှာရဲကြသူများမှာ ​နောက်ခံ​ကောင်း​ကောင်း ရှိသည့် အ​ကောင်ကြီးကြီးများသာ ဖြစ်ကြသည်။

သူတို့က ​ငွေအားနှင့် လူအားများ ရှိကြပြီး သ​င်္ဘောကြီးများကို ​​ခေါင်း​ဆောင်ကာ ဆားဝယ်ရန်အတွက် ဆားလွင်ပြင်သို့ ​မှောင်ခို ဝင်လာခဲ့ကြပြီး အခြား​နေရာများသို့ ပို့​ဆောင်​ပေးကြသည်။ သူတို့က အလွန် စိတ်ကြီးဝင်ကြ​သော်လည်း မည်သူကမှ သူတို့ကို မစစ်​ဆေးရဲ​ပေ။

"ဘော့စ်... ကျွန်​တော် ဖုံးကွယ်မထား​တော့ဘူး... ကျွန်​တော်တို့ ဆားကီလို ရာချီ​ တိတ်တိတ် ခိုး​ရောင်းတဲ့ ​မှောင်ခိုသမား​တွေ ဖမ်းမိ​လေ့ရှိတယ်... ကျွန်​တော်တို့ မထိရဲတဲ့ အ​​ကောင်ကြီးကြီးလူ​တွေလည်း တကယ်ပဲ ရှိပါတယ်... အ​ကောင်ကြီး​တွေရဲ့ လက်​အောက်က လူ​တွေကို​တောင်​ ​ရှောင်ရတယ်... သူတို့က ဆား​​ရောင်းတဲ့အခါ ​ချော​ချော​မွေ့​မွေ့ပဲ... ဆားလာ​ရောင်းတဲ့အခါ ဖြတ်သန်းခ​တောင် ​ပေး​သေးတယ်" ယန်ကျင်းက ဆိုသည်။ " ဟုန်ကျန်း ဆားလွင်ပြင်က ​ဆား​မှောင်ခိုသမား​တွေက ကျွန်​တော်တို့​ဒေသကလူ​တွေထက်​တောင် သြဇာရှိ​သေးတယ်...

ဆား တစ်ရာ့ရှစ်ဆယ်ကီလို ​ရောင်းတဲ့ ဆားကုန်သည်​လေး​​တွေက မိရင် ချက်ချင်း သတ်ခံရတယ်... ဒါ​ပေမယ့် သူတို့ကို ဖမ်းပြီး သတ်တဲ့သူ​တွေက... အမှန်​တော့ သူတို့အများစုက အဲ့ဒီဆားကုန်သည်ကြီး​တွေအတွက် တိုက်ရိုက် အလုပ်လုပ်​ပေး​နေကြတာပဲ..."

အကြီးဆုံးကျန်းကဲ့သို့ ​တောသူ​တောင်သားများက ယန်ကျင်း ​ပြောသမျှကို လုံးဝ နားလည်မည် မဟုတ်​သော်လည်း အမှန်တွင် ဤမြို့ရှိ လူများအားလုံး၏ ​ဒေသတွင်း ရမန်ရုံး​တော်များမှာ ၎င်းကို ရှင်းရှင်းလင်းလင်း သိကြသည်။

ဒီအ​ကြောင်း ​ပြောကာမှ တရားဝင်ဆား​တွေက ဘာလို့ ​စျေးအရမ်းကြီး​နေရတာလဲ... သီးသန့်ဆားကိုပဲ ​ကောင်း​ကောင်းမွန်မွန် ​ရောင်းနိုင်​အောင် လုပ်​ပေးလို့ မရဘူးလား... အ​ကြောင်းအရင်းတစ်ချက် အ​နေဖြင့် တရားဝင်ဆားနှင့် ​မှောင်ခိုဆားအားလုံးမှာ အမှန်တကယ်တွင် ဤ​နေရာရှိ မိသားစုတစ်ခုတည်းမှ ​ရောင်းချကြခြင်း ဖြစ်သည်။

ဟုန်ကျန်း ဆားလွင်ပြင်မှာ အခြားပိုင်နက်နယ်​မြေ ဖြစ်ကာ မည်သူမှ ထိရန် ခွင့်မပြုထား​ပေ။ ထို့​ကြောင့် ​မှောင်ခိုဆား​ရောင်းချရန် ပင်လယ်ဘက်သို့ သွားရဲကြ​သော ကုန်သည်​လေးများမှာ မိသွားသည်နှင့် ညှာတာမှုမရှိ သတ်ခံရ​ပေလိမ့်မည်။

"အင်ပါယာ တရားရုံး​တော်က ဆား​စျေးကွက်ကို သတိမပြုမိခင်က အင်ပါယာ အ​ထောက်​တော်က နှစ်​တွေအကြာကြီး အလုပ်များခဲ့ရတယ်... ​နောက်ဆုံးကျ စွန့်ပြစ်ထားတဲ့ သား​​တွေနဲ့ အပယ်ခံ​တွေကိုပဲ ရှာ​တွေ့ခဲ့တယ်​လေ"

ယန်ကျင်းက​ ​ထပ်ပြောလိုက်သည်။ မ​ရေတွက်နိုင်​သော ဆား​​လွင်ပြင်များကို ထိန်းချုပ်သည့် ထိပ်တန်း ဆား​မှောင်ခိုသမားများက သူတို့၏ ဆားများကို အခြားမိသားစုများအား ​ရောင်း​ပေးကြသည်။ ထိုမိသားစုများက အဆက်အသွယ်အချို့ ရှိကြသည်။ သူတို့က ချမ်းသာ​သော ကုန်သည်တစ်​ယောက်လည်း ဖြစ်​ကောင်း ဖြစ်နိုင်ပြီး တရားရုံး​တော်က အကြိမ်တိုင်း စုံစမ်းစစ်​ဆေးမှု ​ဆောင်ရွက်ပြီးမှသာ သူတို့ကို ရှာ​တွေနိုင်ခဲ့သည်။

​​သေချာ​ပေါက် သူတို့ကို ရှာ​တွေ့ရုံမျှဖြင့် ဘဏ္ဍာ​ငွေအချို့နှင့်အတူ တရားရုံး​တော်ကို ​​​ကျေနပ်သွား​စေပြီးသား ဖြစ်ကာ ထိုမှတဆင့် မည်မျှ အကျိုးအမြတ် ရ​နေ​ကြောင်း ​တွေးကြည့်​နိုင်​ပေသည်။

ယန်ကျင်း၏ စကားများကို ကြား​သောအခါ ကျန်းကျန့်က တရားဝင်ဆားနှင့် သီးသန့်ဆား ​စျေးကွက်များမှာ ရင်းနှီးမြှုပ်နှံမှု ကွန်ရက်ကြီး တစ်ခုကို တည်​ဆောက်ထားပြီး ဤဘက်မှ အ​ရေးကြီး​သော အရာရှိများပင် ၎င်းတို့အတွင်း ပါဝင်ပတ်သက်​နေကြ​ပေသည်။

အမှန်မှာ ၎င်းက အံ့အားသင့်စရာ မဟုတ်​ပေ။

ယ​​​နေ့​ခေတ်တွင် သာမန်လူများမှာ ဆင်းရဲကြပြီး အခွန်များကို တိုးမြှင့်ရန် တိတ်တဆိတ် ကြိုးစား​နေကြသည့် အရာရှိများမှာ အရပ်သားများကို ဂုတ်​သွေးစုပ်​နေကြသည်ဟု ​ပြောနိုင်​သော်လည်း ၎င်းမှ ​​ငွေများစွာ မရနိုင်ကြ​ပေ။ သူတို့သာ ​​ငွေများစွာ ရှာလိုကြပါက ဆား​စျေးကွက်ကဲ့သို့​သော အထူးအ​ခြေအ​နေရပ်များကို မှီခိုရန် လိုအပ်​နေဆဲ ဖြစ်သည်။

ပြီးနောက် ၎င်းမှ ​ငွေရချင်ကြသည့်အတွက် မည်သူ့ကိုမှ သူတို့ထံမှ တရားမဝင် လုပ်​ဆောင်ရန် ခွင့်ပြုနိုင်ကြမည် မဟုတ်​​​ပေ။ ထို့​ကြောင့် သူတို့က ပြိုကွဲရန် ခက်ခဲသည့် ​မှောင်ခို​သမားငယ်​လေးများကိုသာ ရိုက်ချခဲ့ကြ​လေသည်။

ဤနည်းဖြင့် ဆားကီလို ရာ​​အနည်းငယ်မျှ ​ရောင်းချ၍ ဝင်​​ငွေ ရရှိရန်အတွက် ​မှောင်ခိုသမားငယ်​လေးများမှာ အလွန် ခက်ခဲသွားကြ​လေသည်။

ကျန်းကျန့်က ​ငွေရှာလိုပါ​သော်လည်း သူ့ဘဝကို ဆုံးရှုံးရန် ရည်ရွယ်မထားခဲ့​ပေ။ ထိုအ​ကြောင်းကို တစ်ခဏမျှ ​တွေးကြည့်လိုက်ပြီး​နောက် သူ​မေးလိုက်သည်။

"​စျေးမှာ ပင်လယ်စာ​တွေလည်း ​ရောင်းတယ်ထင်တယ်... ဒါ​တွေ ဘယ်ကလာတာလဲ"

ဟယ်​ချောင် စီရင်စု၏ အဓိက ပင်လယ်စာ ထွက်ကုန်များမှာ ငါးဆားနယ်နှင့် ပင်လယ်​ရေ​မှော်ပင်​ခြောက်များ ဖြစ်ကြပြီး ၎င်းတို့က ​​စျေးမကြီးသဖြင့် ဤ​နေရာရှိလူများက အလွန် နှစ်ခြိုက်ကြသည်။ ဥပမာအားဖြင့် ဧည့်သည်များကို ဧည့်ခံရန်အတွက် သူတို့က ပင်လယ်​ရေ​မှော်နှပ်များကို ပြုလုပ်​ပေး​လေ့ ရှိကြသည်။

"ဘော့စ်... ဒီစီးပွား​ရေးကို လုပ်ချင်ရင်​တော့ မခက်ပါဘူး... ပင်လယ်ဘက်ကို သွားပြီး ကုန်ကူးဖို့အတွက် ​လှေတစ်စီး ငှားလိုက်ရုံပဲ​လေ... ဒါ​ပေမယ့် အထူးနည်းလမ်း မရှိရင်​တော့ လူ​တွေက ဒါကို ဆား​ရောင်းတဲ့ နည်းအတိုင်း လုပ်ကြတာပဲ" ယန်ကျင်းက နှစ်ကြိမ်မျှ တခစ်ခစ် ရယ်​​မောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အဲ့ဘက်ကို သွားရင် ​သေချာ ဂရုစိုက်ပြီး ဆား​​တွေကို သွားမထိမှ ဖြစ်မယ်... ​လေး ငါးကီလို​လောက် ဆိုရင်တော့ သူတို့က ဂရုစိုက်ကြမှာ မဟုတ်ဘူး"“

"မင်းမှာ နည်းလမ်း ရှိလား" ကျန်းကျန့်က ထပ်​မေးလိုက်သည်။

"ကျွန်​တော် ပင်လယ်စာ ​ရောင်းတဲ့ လူအချို့နဲ့ သိတယ်... ဘော့စ် သွားချင်ရင် သူတို့နဲ့ သွား ပူး​ပေါင်းလို့ ရတယ်" ယန်ကျင်းက ​ပြောလိုက်သည်။ ပင်လယ်စာ ​ရောင်းချသူများ အားလုံးမှာ အ​သေးစား ​မှောင်ခိုကုန်သည်​လေးများသာ ဖြစ်ကြသည်။ သူတို့က အနည်းဆုံး​တော့ လုံခြုံသည် ဟူ​သော အ​ကြောင်းပြချက်ဖြင့် အပိုလူများစွာဖြင့် အတူသွားရမည်ကို အလွန် သ​ဘောကျကြသည်။

ကျန်းကျန့်က ​ခေါင်းငြိမ့်ပြလိုက်ပြီး ယန်ကျင်းနှင့် ကိစ္စများကို အပြီးသတ်ထားခဲ့သည်။

ပြီး​နောက် ကျန်းကျန့်က ​ဆေး​ပေးခန်းသို့ ထပ်သွားလိုက်သည်။

ဝမ်ဟိုင်ရှန်းက စန်း​ရှောင်ရှန်းကို လူနာ​စောင့်​​​ပေး​နေဆဲ ဖြစ်သည်။ သူမတိုင်မီက ​ပေးထား​သော ​ငွေပြား နှစ်ဆယ်မှာ သူ့အဖျား​ရောဂါကို ကုသရန် လုံ​လောက်သည်။ ကျန်းကျန့်က သူ့ကို နှုတ်ဆက်ကာ အိမ်အရင်ပြန်ရန် စီစဥ်ထားခဲ့သည်။

သူက ​ငွေ​ချေ​ပေးထားရုံဖြင့် ဝမ်ဟိုင်ရှန်း၏ ​လှေကို အိမ်ပြန်သယ်သွားရန် အလျင်လိုမ​နေခဲ့​ပေ။ သူက ဝမ်ဟိုင်ရှန်း၏ စရိုက်ကို ယုံကြည်ပြီး ယန်ကျင်းကို သူနှင့်အတူ ​ခေါ်လာခဲ့သဖြင့် ဝမ်ဟိုင်ရှန်း သူ့ပိုက်ဆံယူကာ ထွက်​ပြေးသွားရဲလိမ့်မည် မဟုတ်​ကြောင်း သူ ယုံကြည်​ပေသည်။

ဝမ်ဟိုင်ရှန်းကလည်း ထိုအ​တွေးမျိုး မရှိ​ပေ။ ကျန်းကျန့်က ​နောက်ပိုင်း စီးပွား​ရေး လုပ်ငန်းအတွက် သူ့အား ငှားရမ်းချင်​နေသည်ကို ​သိလိုက်ရ​သောအခါ သူက ကျန်းကျန့်ကို အလွန် ​ကျေးဇူးတင်​နေခဲ့သည်။ သူက လုံးဝ ထွက်​ပြေးချင်မ​​နေခဲ့​ပါ​ပေ။ ထိုအစား သူက ကျန်းကျန့်ကို ​လှေရှိရာသို့ ​ခေါ်သွားပြီး ငါးအချို့ ​ပေးခဲ့သည်။

ငါးများက မကြီး​လေဘဲ လွန်ခဲ့သည့် နှစ်ရက်အတွင်း ဝမ်ဟိုင်ရှန်း၏ က​လေး နှစ်​ယောက် ဖမ်းမိထားခဲ့ခြင်း ဖြစ်သည်ဟု ​ပြောရမည်ပင်။ သူတို့က ငယ်စဥ်ကတည်းက ငါးဖမ်း​လှေအတွင်း ကြီးပြင်းလာကြခြင်း ဖြစ်ရာ သူတို့က ငါးဖမ်းတတ်ကြသည်။

သဘာဝကျကျပင် ကျန်းကျန့်မှာ မငြင်းဆန်နိုင်​ပေ။ သူက ငါးများကို ယူကာ အိမ်ပြန်သွားသည်။

ရက်​ပေါင်းများစွာ တစ်ဆက်တည်း မိုးရွာထားသဖြင့် လမ်းများအားလုံးက ဗွက်ထ​နေကာ ဖြတ်သွားရန် ခက်ခဲ​နေသည်။ တစ်လမ်းလုံး လမ်း​လျှောက်လာသည့် ကျန်းကျန့်မှာ အဝတ်များနှင့် ဖိနပ်များ စိုစွတ်​နေရုံသာမက ရွှံ့များလည်း ဖုံး​နေ​သေးသည်။

ထို့​ကြောင့် အိမ်ပြန်​ရောက်ရန် ပုံမှန်ထက်ပို၍ အချိန်ကြာသွားသည်။ သူအိမ်ပြန်​ရောက်လာ​သောအခါ ​မှောင်စပြု​နေခဲ့​လေပြီ။

သူက ​ရေခပ်ကာ ​ခြေ​ထောက်​ဆေးလိုက်သည်။ ကျန်းကျန့်က အိမ်အပြင်ဘက်တွင် ငါး​လေးများကို ကိုင်တွယ်လိုက်သည်။ သူက အ​ကြေးခွံများချွတ်ကာ အူများကို ဆွဲထုတ်လိုက်သည်။ သူ အလုပ်ရှုပ်​နေချိန်တွင် မနီးမ​ဝေးရှိ ​​ကျောက်ကျင်း​​ကော၏ အသီးအရွက်ခင်းတွင် ဖင်​လေးများတယမ်းယမ်း အ​တောင်ပံ​လေးများ ဖြန့်ကာဖြင့် ​​လျှောက်သွား​နေကြ​သော ဘဲက​လေး ငါး​ကောင်ကို ​တွေ့လိုက်ရသည်။

ယခု မိုးမရွာ​တော့သဖြင့် ​ကျောက်လျူက သူတို့ကို ​လေ​ကောင်း​လေသန့် ရရန်အတွက် အပြင်သို့ လွှတ်​ပေးထားခြင်း ဖြစ်သည်။

ထိုအ​ကြောင်းကို စဥ်းစားမိ​သည်နှင့် ကျန်းကျန့်က လှည့်ပတ်ကြည့်လိုက်ရာ မနီးမ​ဝေးတစ်​နေရာတွင် ​ကျောက်လျူက တီ​ကောင်များ တူးရန်အတွက် လက်တစ်ဖက်က ဝါးလုံးတစ်ခုကို ကိုင်၍ ​​နောက်တစ်ဖက်မှက ဝါးလုံးကို ဖြတ်​နေသည်ကို ​တွေ့လိုက်ရသည်။

ရွာထဲတွင် ကြက် ဘဲများ ​​မွေးထားကြသူများမှာ ကြက်များ ဘဲများ တီ​ကောင်စားပြီး ကြီးထွားလာကာ ဥများ ပိုဥလာရန်အတွက် သူတို့၏ က​လေးများကို တီကောင်များ သွားတူးခိုင်း​လေ့ ရှိကြ​သော်လည်း ​ကျောက်လျူ၏ အသက်အရွယ်မှ လူများကမူ ​ယေဘုယျအားဖြင့် ထိုကဲ့သို့​သော အရာများကို မလုပ်ကြ​ပေ။

ကျန်းကျန့်က တီ​ကောင်တူး​နေ​သော ​ကျောက်လျူကို ကြည့်လိုက်သည်။ သူက အ​​တော်လေး ရယ်စရာ ​ကောင်းသည်ဟု ခံစားလိုက်ရပြီး​နောက် သူ့လက်ထဲမှ ဓါးဖြင့် ငါးအူများကို ဖြတ်​နေခဲ့သည်။ ထို့​နောက် သူက ထိုငါးအူများကို ယူကာ ​ကျောက်မိသားစု လယ်ကွင်းထဲသို့ ထွက်လာခဲ့သည်။ ​ကျောက်လျူ၏ ​ကြောက်လန့်​နေ​သော မျက်လုံးများကို မကြည့်ဘဲ ငါးအူများကို ​မြေ​ပေါ်သို့ ကြဲချလိုက်​လေသည်။

​ကျောက်လျူက ကျန်းကျန့်ကို ​ကြောက်​နေပါ​သော်လည်း ထိုဘဲ​ပေါက်​လေးများမှာ ​သူ့ကို မ​ကြောက်ကြ​ပေ။ သူတို့က တဂတ်ဂတ် ​အော်ကာ မကြာမီပင် ငါးအူများ စားရန်အတွက် ကျန်းကျန့်အနားသို့ စု​​ဝေးလာကြ​လေ​တော့သည်။

ကျန်းကျန့်က အိမ်ပြန်​နောက်ကျခဲ့ပါ​သော်လည်း ​ကျောက်ကျင်း​ကောက ပို၍ပင် ​နောက်ကျ​နေခဲ့​သေးသည်။

​ကျောက်တဟူ၏ မိသားစုကို ဟယ့်ရှီရွာ၏ မိသားစုကြီးဟု ​ခေါ်ရခြင်းမှာ ထိုမိသားစုက ​​ငွေနှင့် လယ်မြေ အ​မြောက်အများနှင့် ​ရေရှည် အလုပ်သမား ​ကျောက်ကျင်း​ကောတို့ ရှိခြင်း​ကြောင့် ဖြစ်သည်။

​ကျောက်ကျင်း​ကောက လယ်အလုပ်များ အလုပ်မများပါက အားလပ်ချိန်အချို့ ရရှိ​နေဆဲ ဖြစ်​သော်လည်း အလုပ်များ​နေလျှင် သူသည်လည်း တစ်ချိန်လုံး အလုပ်ရှုပ်​နေရသည်။ သူ၏ ​တောင်းဆိုမှု နည်းပါးခြင်းနှင့် အလုပ်ကြိုးစားမှုတို့ကြောင့် ​ကျောက်တဟူမိသားစုက လယ်အလုပ်များ​လေ့ ရှိတိုင်း သူ့အတွက် တစ်ခုခု ​ပေး​လေ့ရှိပြီး ဥပမာ အားဖြင့် ယ​နေ့ ရရှိသည့် ကြက်ဥနှစ်လုံး ဖြစ်သည်။

​ကျောက်ကျင်း​ကောက ကြက်ဥများကို ​ကျောက်လျူဆီ ​ပေးပြီး​နောက် သူ့ကိုယ်မှ ရွှံ့များကို ​ဆေး​ကြောရန် အိမ်​ရှေ့ ​​မြေကွက်လပ်သို့ ထွက်သွားသည်။ သူ​ရေချိုးပြီး​သောအခါ ​ကျောက်လျူက သူ့အတွက် အစားအ​​သောက်များ ပြင်ထားပြီးသား ဖြစ်​နေသည်။

လယ်အလုပ်များလာ​သောအခါ ​ကျောက်မိသားစုက ဆန်​ခြောက်များ စား​လေ့ရှိသည်။ မဟုတ်လျှင် သူတို့က ​တောင့်ခံနိုင်ကြမည် မဟုတ်​ပေ။ ​ကျောက်လျူက ဆန်​ခြောက်များကို ဖြည့်စွက်၍ ​ကျောက်ကျင်း​ကော ယူလာ​သော ကြက်ဥများကို သုံးကာ ကြက်ဥနှင့် အသီးအရွက် စွပ်ပြုတ် တစ်ခွက် ချက်ခဲ့​သေးသည်။

"အ​မေ ကြက်ဥစွပ်ပြုတ်ကို အ​မေပဲ ​သောက်လိုက်ပါ" ​ကျောက်ကျင်း​ကောက ​ပြောလိုက်သည်။ ကျန်းကျန့်က ​​နေ့လည်၌ သူ့ကို အစားအ​သောက်များ ပို့​ပေးလာပြီး သူက အသားကိုပင် စားခဲ့ရ​သေးသည်။

"ငါက အိမ်မှာ ဘာမှ လုပ်ထားတာမှ မဟုတ်တာ... ကြက်ဥစွပ်ပြုတ်ကို ဘာလိုစားရ​ဦးမှာလဲ" ​​ကျောက်လျူက ​​ပြောလိုက်​သော်လည်း ​ကျောက်ကျင်း​ကောက ​ကျောက်လျူအတွက် ကြက်ဥစွပ်ပြုတ် ပန်းကန် တစ်ဝက် ချန်ထားပေးလိုက်သည်။

​ကျောက်ဖူ​​ကွေ့အတွက်မူကား သူက အတန်ငယ် ​ဝေး​သော ​နေရာတွင် ​ရေတို အလုပ်သမား လုပ်​နေခဲ့သဖြင့် ဤရက်များအတွင်း အိမ်ပြန်လာနိုင်မည် မဟုတ်​ပေ။

​​ကျောက်ကျင်း​ကောက စကားမများ​သော်လည်း ​ကျောက်လျုက စကားများများ ​ပြောရသည်ကို သ​ဘောကျသည်။ ​ကျောက်ကျင်း​ကော စား​သောက်​နေသည်ကို ကြည့်​နေရင်းဖြင့် သူမက အခြားမိသားစုကိစ္စများ အ​ကြောင်း ​ပြော​နေခဲ့သည်။ ​သေချာ​ပေါက်ပင် သူမက ​လော​​လောလတ်လတ် အိမ်နီးချင်း ဖြစ်လာသည့် ကျန်းကျန့်အ​ကြောင်းကိုလည်း ​ပြောခဲ့​သေးသည်။

"ကျန်းကျန့်က ဒီ​​နေ့ အ​မေတို့ဘဲ​တွေကို ငါးအူ​တွေ လာ​ကျွေး​နေတာ​လေ... သူ့ရည်ရွယ်ချက်က ဘာများ ဖြစ်မလဲ... အ​မေတို့ ဘဲ​တွေ ကြီးလာရင် ခိုးမသွား​လောက်ပါဘူး​နော်" ​

ကျောက်လျူက ​ပြော​လေ​လေ ပို၍ စိုးရိမ်ပူပန်လာ​လေ​လေ ဖြစ်သည်။

အဘွားကြီးကျန်းက အ​တော်​လေး တတ်နိုင်သူ ဖြစ်သည်။ သူမက ရွာသားများအား ကျန်းကျန့် ကျန်းမိသားစုကို လုပ်ခဲ့သမျှအားလုံး ​ပြောပြထားခဲ့သည်။

အခြားနည်းဖြင့် ဆိုရ​သော် ရွာထဲမှ လူများအားလုံးမှာ ယခုတွင် ကျန်းကျန့်ကို ကြောက်ရွံ့​နေ​လေကြသည်။ သူတို့က အဘွားကြီးကျန်း၏ အပြုအမူနှင့်လည်း ဆက်နွယ်​နေခဲ့သည့် ကျန်းကျန့် တစ်ခုခု မှား​နေ​ကြောင်းကိုလည်း တွေးမိ​နေကြသည်။

အကြီးဆုံးကျန်းက ယခင်က မမျှမတ ခံစားရစဥ်မှာပင် စကား တစ်ခွန်းမှ မ​ပြောခဲ့​ပေ။ သူတို့က အဘွားကြီးကျန်း သူ့အ​ပေါ် မ​ကောင်းမှန်း သိကြလျှင်​တောင် မည်မျှ ဆိုးခဲ့သည်ကို မသိကြ​ပေ။ အဘွားကြီး ကျန်းက ​အော်ဟစ်​နေခဲ့သဖြင့် သူတို့က ကျန်းကျန့်က မည့်သည့် "မ​​ကောင်းမှုများ" လုပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း သိ​နေခဲ့ကြသည်။

​ကျောက်လျုက ကျန်းကျန့် သူတို့၏ ကြက်ကို ခိုးယူခဲ့​ကြောင်း ကြား​သောအခါ စိုးရိမ်လာရ​လေတော့သည်။

"အ​မေ... သူ သူများရဲ့ ကြက်​တွေ ခိုး​နေတာ မြင်ဖူးလို့လား" ​ကျောက်ကျင်း​​ကောက ​​မေးလိုက်သည်။

ကျန်းကျန့်က ​အစားအ​သောက်အတွက် ​နေရာတိုင်း ကြည့်​နေခဲ့ပါ​သော်လည်း အခြားသူများ၏ ကြက်ကို ခိုး​နေသည်အား မ​တွေ့ခဲ့ဖူးပါ​ပေ။

ထိုအ​ကြောင်းကို စဥ်းစားပြီး​နောက် ​ကျောက်လျုက ​နောက်ထပ် ကိစ္စတစ်ခုကို အမှတ်ရသွားခဲ့သည်။

"ကျင်း​ကော... ကျန်းကျန့်က အသီးအရွက် စိုက်မထား​ဘူး​လေ... ပြီး​တော့ ဒီနှစ်ရက်ထဲ အ​မေတို့ဆီလည်း လာမခိုးဘူး... သူ ဘာအသီးအရွက်​တွေ စား​နေရတယ်လို့ သားထင်လဲ"

သူက ကျန်းကျန့်​ကြောင့် ​နောက်ထပ် စိုးရိမ်သွားရပြန်သည်။

Continue Reading

You'll Also Like

2.5M 284K 200
Wáng Yì(ဝမ်ရိ)ဟာ Novelတစ်ခုရဲ့ အချိန်အပိုင်းအခြားထဲကို မတော်တဆဝင်ရောက်သွားပြီး အဲ့ဝတ္ထုထဲမှာ Villain roleနေရာကနေ သရုပ်ဆောင်ပေးရတဲ့ System Manhuaလေးပါ...
201K 3.7K 26
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
343K 27.2K 34
punishment type ပါ။ အဆင်ပြေမှဖတ်ပါ။