လွမ်းနေခဲ့ပါတယ်
ဆိုတဲ့
စကားကိုရော
ကျွန်တော်
ဘယ်လို
ကွယ်ဝှက်ပြောရမလဲ
( ၂ )
မနက်ခင်းအစောကတည်းက အညာမိုးမှာ တဖွဲဖွဲရွာသွန်းလျက်ရှိသည်
စိုစွတ်နေတဲ့အိမ်ရှေ့လမ်းမကိုကြည့်ရင်း တွေးငေးနေတာမို့ ကျွန်တော့်ဘေးကိုရောက်လာတဲ့ အမေ့ကိုတော့ သတိမထားမိလိုက်ပါ
" မင်းဆရာဆီသွားမလို့ဆို... မသွားသေးဘူးလား "
ဆရာဆိုတဲ့နာမည်ကြားတာနဲ့ မှိုင်ကျသွားတတ်တဲ့
ကျွန်တော့်ပုံစံကို အမေတို့လည်းအနည်းနဲ့အများတော့ သတိထားမိမယ်ထင်ပါရဲ့
ကျွန်တော်တို့ကြားကပတ်သတ်မှုကို မသိရင်တောင် ကျွန်တော့်တစ်ကိုယ်ရည်ခံစားချက်တွေကတော့ သိသာနေတာမလို့ တော်တော်များများလည်း ရိပ်မိကြသည်
မရိပ်မိချင်မှအဆုံး ဆရာနဲ့ပတ်သတ်လာရင် ကျွန်တော်က မရင့်ကျက်တဲ့ ကလေးဖြစ်ခဲ့ဖူးသည်
ဆရာနဲ့တွေ့ရဖို့ သင်တန်းကို မရမက လိမ်ပြီးသွားခဲ့ဖူးသည်
ဆရာနာမည်ကြားရင် ဆရာနဲ့ပတ်သတ်တာများပြောရရင် တပ်မက်ရာမြင်တဲ့ ကလေးတစ်ယောက်လို တလက်လက်တောက်ပသွားခဲ့ဖူးတဲ့ မျက်ဝန်းတွေ ၊ ဆရာရဲ့ဝမ်းနည်းစရာ ပျော်စရာတွေကို ကူးစက်ခံစားဖူးတဲ့ မျက်ဝန်းတွေ ၊ ဆရာရဲ့ကျောပြင်တွေ မျက်ဝန်းတွေ အပြုံးတွေကို ငေးမောဖူးတဲ့ မျက်ဝန်းတွေက မရင့်ကျက်ခဲ့တော့ မြင်သမျှသူ ရိပ်မိနိုင်တဲ့ အချိန်တွေဖြစ်ခဲ့သည် ။
" အခုပဲသွားတော့မလို့... "
အတတ်နိုင်ဆုံး သတ္တိတွေမွေးပြီး ထီးက တစ်ဖက် လက်ဆောင်ပေးဖို့တစ်ဖက် ကိုင်ဆွဲရင်း အိမ်ရှေ့လမ်းမကြီးပေါ် ဖြတ်လျှောက်လိုက်သည်
တခဏလောက် ဆက်သွားပြီး ဘယ်ဘက်အကွေ့တွင် လူနေအိမ်သီးသန့် လမ်းကြားငယ်လေးတစ်ခုရှိသည် ထိုကနေတဆင့် ဆက်သွားပြီး ညာဘက်ကွေ့လိုက်ရင်ပင် စျေးရောက်သွားလေပြီ
မိုးရေထဲမှာကိုပင် အညာမြို့လေးရဲ့စျေးမှာ စည်ကားစဲ
စျေးဘက်ကိုလမ်းကူးပြီး ဘယ်ဘက်ဆက်သွားလျင် မနေ့ကလာခဲ့တဲ့ လက်ဖက်ရည်ဆိုင်ထောင့် လမ်းအကွေ့ကို ရောက်လာသည်
ကျွန်တော့်အတွက် ထိုလမ်းကိုမြင်ပြီး အိမ်မှာကတည်းက ထိန်းလာတဲ့ သတ္တိတို့ မိုးစက်တွေနဲ့အတူ မျောပါသွားလေပြန်ပြီ
ထိုလမ်းထောင့်မှာတင် ရပ်ငေးနေမိသည်မှာ ဘယ်လောက်ပင်ကြာသွားလဲမသိတော့ပါ
ရုတ်တရတ် ငေးမောနေရတဲ့ အိမ်တံခါးပေါက်ထဲက ထွက်ပေါ်လာတဲ့ အရိပ်ကြောင့် နှလုံးရောဂါသည်တစ်ယောက်လို ၊ tempo မြန်လာတဲ့ တေးသွားလို ရင်တွေပြန်ခုန်လာခဲ့သည်
သေချာပါသည် ဒါ ကျွန်တော် တစ်လျှောက်လုံး မက်ခဲ့ရတဲ့ အိမ်မက်ထဲက ဇာတ်လိုက် ၊ ကျွန်တော့်ရဲ့လမ်းဆုံက ရွေးချယ်သူ ။
စိတ်နဲ့လူနဲ့မကပ်တဲ့ ကျွန်တော့်ခမျာ အကာအကွယ်မပါပဲ အိမ်ထဲက ထွက်လာပြီး လမ်းတစ်ဖက်မှာ ရပ်နေခဲ့တဲ့သူကို ချက်ချင်းတော့ သတိမထားမိခဲ့လိုက်ပါ
" ဇေကြီး... "
ကျွန်တော့်ဘဝတစ်လျှောက်လုံးအတွက် အချိုသာဆုံး အသံ...
မိုးရေစက်သံတွေကြားမှာကို ဆရာ့ရဲ့အသံကို ကျွန်တော်သေချာခံစားမိလိုက်သည်
အကာအကွယ်မပါတဲ့သူ ထီးတစ်ချောင်းနဲ့သူ
လမ်းငယ်ရဲ့တစ်ဖက် တစ်ချက်ဆီမှာ တိတ်ဆိတ်စွာ နေရာယူထားကြသည်
တခဏအကြာမှ သတိပြန်ဝင်လာတော့ ချက်ချင်းပင် လမ်းကူးကာ စိုရွှဲစပြုနေတဲ့ ဆံနွယ်တွေထက် ထီးကို အုပ်မိုးပေးမိသည်
" ဒီလိုနဲ့ ဖျားတော့မှာပဲ... "
အစောကအထိ ဘာသတ္တိ ရဲတင်းမှုမှမရှိခဲ့တဲ့ ကျွန်တော့်ဆီက ထွက်လာတဲ့စကားမှာ ဝမ်းနည်းမှုစွတ်နေပုံရသည်
အရွယ်ရောက်လာတဲ့ ကျွန်တော့်ကို ဆရာက သေချာငေးရင်း တဖြည်းဖြည်းနဲ့ ကွေးတက်သွားတဲ့နှုတ်ခမ်းပါး
အနည်းငယ် ထီးရိပ်လွတ်နေတဲ့ နောက်ကျောဘက် တီရှပ်အပါးပေါ်ကနေ စီးဆင်းသွားတဲ့ မိုးစက်တွေရဲ့ အေးစက်မှုကို ခံစားနေရသည်
ဒါပေမယ့် ကျွန်တော်တို့ကြားက မျက်ဝန်းတွေကတော့ လွန်ခဲ့တဲ့ ၃ နှစ်တုန်းကလို နွေးထွေးနေတုန်းပင်
တစ်ယောက်နဲ့တစ်ယောက်အကြား စကားတစ်လုံးမှ ဖွင့်ဟပြောဆိုခြင်းမရှိပေမယ့် အသံတိတ်ဘာသာစကားအနေနဲ့ အပြုံးတွေက ဝန်ခံနေပုံရသည်
" အထဲဝင်ရအောင် "
ထိုအချိန် ကျွန်တော့်လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်တဲ့ ဆရာရဲ့အထိအတွေ့က တစ်ချိန်က ဖြုတ်ချခဲ့ဖူးတဲ့ ခံစားချက်နဲ့မတူတော့ပေ
ရှေ့ကဦးဆောင်သွားတဲ့ နောက်ကျောပြင်ကိုငေးရင်း
အမှတ်တရတွေနဲ့ အိမ်လေးထဲပြန်ရောက်လာခဲ့ပြီ
အညာဒေသလေးကတော့ ပြောင်းလဲသွားခဲ့ပေမယ့် ဒီအိမ်လေးရဲ့ ဖွဲ့စည်းပုံအငွေ့အသက်တွေကတော့ အခုထက်ထိ အရင်အတိုင်း
ဂီတာတီးနေကျ စားပွဲခုံနဲ့ထိုင်ခုံ ၊ တစ်ကိုယ်ရည်အမှတ်တရတွေရှိခဲ့တဲ့ အသံသွင်းနေကျအခန်းလေး
" နောက်ကျောတွေစိုကုန်ပြီမလား
မင်းကလေ အမြဲတမ်း ကိုယ့်ကိုကိုယ်ဂရုမစိုက်ဘူး
အဲ့လိုကနေ ဖျားတော့မယ် ငါ့နှယ့် "
အမြဲတမ်း ဘာမဟုတ်တဲ့ကိစ္စလေးတွေကို ရေးကြီးခွင်ကျယ်လုပ်တတ်တဲ့ ဆရာ့ရဲ့ အမူအယာတွေက အခုထက်ထိမပြောင်းလဲသေးပါ
အခုလည်း ကမန်းကတန်း နောက်ထဲပြေးဝင်ဖို့အရေး တတွတ်တွတ်ပြောဆိုသွားပြန်သည်
ဒီလိုဆူဆဲနေကြအသံကို မကြားရတာ ဘယ်လောက်တောင်ကြာပြီလဲ
ဆရာ့အတွက်ရည်ရွယ်ပြီးဝယ်လာခဲ့တဲ့ လက်ဆောင်ထုပ်တွေက တော်သေးသည်မှာ ပလတ်စတစ်နဲ့ထုပ်လာလို့သာ ၊ နို့မို့သာဆို ပျက်ဆီးသွားလောက်ပြီ
အပေါ်ယံစိုရွှဲနေတဲ့ ပလတ်စတစ်အိတ်ထဲက လက်ဆောင်တွေကိုထုတ်ယူပြီး စားပွဲပေါ်တင်လိုက်သည် ၊ တစ်ဖက်လက်ထဲက အိတ်မှာလည်းဘာမှလုပ်မရတော့မည့်အတူတူတော့ အိမ်ရောက်မှ အမှိုက်အိတ်လုပ်တော့မယ်တွေးကာ ခေါက်သိမ်းပြီး ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်သည်
ထိုစဥ် တဘက်တစ်ထည်နဲ့ ပြန်ပြေးထွက်လာတဲ့ ဆရာဖြစ်သူကို အခုလိုပြန်မြင်ဖို့ဆိုတာ သတ္တိတွေအကြာကြီး မွေးခဲ့ရပြီးသား
" လာ ခြောက်အောင်အရင်သုတ်လိုက် "
ခေါင်းပေါ်ရောက်လာတဲ့ အဝတ်တစ်ခုကို ဖမ်းဆွဲတားလိုက်မိသည် ကျွန်တော့်ကြောင့် ဆရာရဲ့အိမ်ထောင်ရေးကို အနှောင့်အယှက်မဖြစ်စေချင်ပါ
" အဝတ် အရင်လဲလိုက်ပါ "
ကျွန်တော့်စကားကို အပြုံးတစ်ခုနဲ့သာတုန့်ပြန်ပြီး နောက်ထဲပြန်ဝင်သွားပြန်တဲ့ ကျောပြင်ကိုကြည့်နေရသည်မှာ လွန်ခဲ့တဲ့ ၃ နှစ်က အခိုက်အတန့်တွေကို အမှတ်ရစေမိသည်
ဒီတစ်ခါတော့ ကျွန်တော့်ဘက်က စည်းတားမှဖြစ်မည် ဆရာ့မှာလည်း ချစ်ရမယ့်အမျိုးသမီးနဲ့ သားရှိသလို ကျွန်တော့်မှာလည်း သက်ဆိုင်ရာ ချစ်သူရှိနေပြီ
ဒီအနှောင်အဖွဲ့တွေက ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်ခဲ့ကြတာတွေချည်းပင်
ဆရာချန်သွားခဲ့တဲ့ တဘက်နဲ့ ခေါင်းကိုပဲခြောက်အောင်သုတ်လိုက်ပြီး အရင်က ကျွန်တော်ထိုင်စောင့်နေကျနေရာလေးဖြစ်တဲ့ အိမ်တံခါးပေါက်နားက သစ်သားခုံလေးပေါ် ဝင်ထိုင်လိုက်သည် ။
တစ်ခဏကြာတော့ ရှပ်အကျီလက်ရှည်နက်ပြာရောင်နဲ့ပုဆိုးကို ဝတ်ဆင်ပြီးထွက်လာတဲ့ ဆရာ့ရဲ့ပုံက တစ်ချိန်က ရင်းနှီးခဲ့ဖူးတဲ့ ပုံစံအတိုင်း
လွန်ခဲ့တဲ့ ၃ နှစ်ကအတိုင်း ထိုင်ခုံတန်းပေါ်က ကောင်လေးတစ်ယောက်နဲ့ လူကြီးတစ်ယောက်ရဲ့ ဘေးတိုက်ထိုင်ပုံတွေကအစ ရင်းနှီးမြဲပင်
" မင်းတောင်လူကြီးဖြစ်လာပြီပဲ... "
တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်မကြည့်ကြသေးပဲ ဘေးတိုက်အနေအထားနဲ့သာ သတ္တိတွေမွေးပြီး စကားစမိသည်
" ဆရာကတော့ အရင်အတိုင်းပဲနော် "
" ဟုတ်လား ငါ့ကိုယ်ငါတော့ တော်တော်အိုစာသွားပြီထင်တာ "
ဆရာကသူ့စကားသူသဘောကျပြီး တစ်ချက်ရီလိုက်သည်
" အရင်အတိုင်းပါပဲ... "
ဆရာ့ဘေးတိုက်မျက်နှာကို သေချာကြည့်ရင်း ပြောလိုက်တဲ့ ကျွန်တော့်စကားကိုလည်း ဆရာက ဘာတွေသဘောကျသွားလဲမသိ ၊ ထပ်ရီပြန်သည်
အပြစ်ကင်းစင်တဲ့ကလေးတစ်ယောက်လို အပြုံးတွေကို မမြင်ရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ
လွမ်းနေခဲ့ပါတယ် ဆိုတဲ့ စကားကိုရော ကျွန်တော် ဘယ်လို ကွယ်ဝှက်ပြောရမလဲ
" မင်းတင်တဲ့ပုံတွေတွေ့တယ်...
ကောင်မလေးက တော်တော်ချောတာ မင်းနဲ့လိုက််တယ် "
စကားအဆုံးသတ်မှာ တိမ်ဝင်သွားတဲ့ ဆရာ့အသံကို ကျွန်တော်ဘယ်လိုရင်ဆိုင်သင့်ပြီလဲ
အခုလိုပြုံးနေတဲ့မျက်ဝန်းတွေမှာ ဘာလို့များ ဝမ်းနည်းမှုတွေ စွတ်ပျံ့နေသေးသလဲ
" မင်းနဲ့အတူအချစ်ကိုဦးစားပေးနိုင်တဲ့ မိန်းကလေးမျိုးဆိုတော့ ပျော်နေပြီလား... "
ဆရာ့မေးခွန်းအဆုံးသတ်မှာ အရင်ချိန်တွေကို ပြန်အမှတ်ရမိသည် ဟုတ်ပါရဲ့ တစ်ချိန်က ကျွန်တော်က အချစ်တစ်ခုထဲကလွဲ ဘာမှမသိတဲ့ ကောင်လေးမျိုးဖြစ်ခဲ့ဖူးတာပဲ
" ဆရာရော... အချစ်နဲ့ဘဝကို ယှဥ်တွဲနိုင်တဲ့ အမျိုးသမီးနဲ့ ပျော်နေရဲ့လား "
နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက်လှည့်ကြည့်ရင်း အကြောင်းသိတွေအချင်းချင်း ပြုံးမိသွားကြသည်
ထိုစဥ် အိမ်ထဲကို ထီးတစ်ချောင်းနဲ့အတူ ဝင်လာတဲ့ ကလေးပေါက်စတစ်ယောက်နဲ့ အမျိုးသမီးကိုကြည့်ရင်း အနည်းနဲ့အများတော့ ကျွန်တော် မနာလိုမိသည်မှာ အမှန်ပင်
" ဧည့်သည်ရောက်နေတာလား ကိုမင်း "
စိုရွှဲနေတဲ့ထီးကို ရေစစ်ဖို့ ဖွင့်လျက်သားအနေအထားနဲ့ အိမ်တံခါးပေါက်ဝဘေးတွင် ထောင်ချထားခဲ့သည်
ကလေးတစ်ဖက်နဲ့ အိမ်နောက်ထဲမဝင်ခင်မှာတင် မေးလိုက်တဲ့ ထိုအမျိုးသမီးရဲ့ မေးခွန်းက ဆရာ့အတွက် အခက်အခဲများဖြစ်နေသလား
" အင်း ငါ့တပည့်... ဟောင်း "
ကျွန်တော်နဲ့ပတ်သတ်ရင် မကြာခဏ တိမ်ဝင်သွားတဲ့ စကားသံတွေက ဘာလို့များ ဝမ်းနည်းစေရတာလဲ
" ဟုတ်လား ဘယ်သူလဲ "
" ကြာပြီ မင်းမသိလောက်ဘူး "
ထိုအမျိုးသမီးကိုကြည့်နေတဲ့ ဆရာ့မျက်ဝန်းတွေ
ထိုအမျိုးသမီးရဲ့ ရင်ခွင်ထဲက အိပ်မောကျနေတဲ့ ကလေးငယ်...
" ဟုတ်ပါပြီ ရှင်ကိုယ့်တပည့်ကို တစ်ခုခုတော့ ဧည့်ခံဦးလေ နောက်ထဲမှာ အသီးတွေရှိတာပဲကို "
" မဟုတ်တာ ရပါတယ် ကျွန်တော်အခုပဲပြန်တော့မလို့... "
စကားအဆုံး ကျွန်တော့်ကိုလှမ်းကြည့်တဲ့ ဆရာ့အကြည့်တွေက တားဆီးမယ့်ပုံမပေါ်သလို ပြန်စေချင်တဲ့စိတ်လည်းရှိပုံမရပါ
" ဒါနဲ့ ဒါဆရာ့အတွက်ဝယ်လာတာ... "
စားပွဲပေါ်မှာ နေရာယူထားတဲ့ လက်ဆောင်ပစ္စည်းတွေကို အာရုံရောက်လာချိန် အစောကအမျိုးသမီးမှာတော့ အိမ်နောက်ထဲ ရောက်သွားလေပြီ
" ဇေကြီး... "
" ခင်ဗျာ "
" ဂစ်တာတီးဖြစ်သေးလား... "
အဲဒီစကားရဲ့အဓိပ္ပါယ်ကို သေချာနားလည်နိုင်တော့
မျက်နှာလွှဲထားပေမယ့် ဝမ်းနည်းမှုစွတ်နေတဲ့ ဆရာ့အသံကို သေချာခံစားမိလိုက်ရသည်
ကျွန်တော်တို့ကြားမှာ အကြီးမားဆုံးဆက်သွယ်မှုက ဂစ်တာသံစဥ်တွေဖြစ်ခဲ့သည် တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ခဲ့တဲ့ ဘာသာစကားတွေက သီချင်းစာသားတွေဖြစ်ခဲ့ဖူးသည်
" မတီးဖြစ်ပါဘူး "
" ဟာ ဘာလို့လဲ "
တအံ့တသြလှည့်ကြည့်လိုက်တဲ့ ဆရာ့ရဲ့ပုံစံက ယခုထက်ထိ လွန်ခဲ့တဲ့ ၃ နှစ်ကအချိန်တွေနဲ့တစ်ပုံစံတည်းပင်
ပေးလိုက်တဲ့ လက်ကွက်သင်ခန်းစာတွေမကျင့်ခဲ့လျင် ဘာလို့လဲ မေးနေကျ အချိန်တွေ
" ထွက်လာမယ့် စကားသံတွေကို နားထောင်ဖို့ သတ္တိမရှိသေးဘူး... "
နှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်
ထိုရုတ်တရတ်မှာပဲ ကျွန်တော့်ခေါင်းကို လာပုတ်လိုက်တဲ့ ဆရာ့ရဲ့အပြုံးတွေက တကယ့်ကို စစတွေ့ချိန်တုန်းက သူစိမ်းအမျိုးသားတစ်ယောက်ကို ပုံဖော်မိသည်
" ဆင်ခြေတွေပေးနေပြန်ပြီ မင်း သေချင်လို့လား "
ဆရာက ဆူဆဲနေကျအချိန်တွေဆို အမြဲတမ်း ကလေးဗိုလ်ကြီးနဲ့တူသည်
နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း ရီမောလိုက်ကြသည် ဒီအခိုက်အတန့်ဟာ တစ်ခဏအတွက်ဆိုလျင်တောင် ၃ နှစ်စာ ဝေးခဲ့ရတဲ့ အချိန်တွေနဲ့ လဲလှယ်ဖို့ လုံလောက်နေပါပြီ
ဆရာ့ရဲ့မျက်ဝန်းတွေထဲက အဓိပ္ပါယ်တွေမြင်တွေ့နေရသေးသလို ကျွန်တော့်အတွေးထဲက ခံစားချက်တွေကိုလည်း ဝန်ခံနိုင်ပါသေးသည် ။
_____________________ Zaw Gyi
လြမ္းေနခဲ့ပါတယ္
ဆိုတဲ့
စကားကိုေရာ
ကြၽန္ေတာ္
ဘယ္လို
ကြယ္ဝွက္ေျပာရမလဲ
( ၂ )
မနက္ခင္းအေစာကတည္းက အညာမိုးမွာ တဖြဲဖြဲ႐ြာသြန္းလ်က္ရွိသည္
စိုစြတ္ေနတဲ့အိမ္ေရွ႕လမ္းမကိုၾကည့္ရင္း ေတြးေငးေနတာမို႔ ကြၽန္ေတာ့္ေဘးကိုေရာက္လာတဲ့ အေမ့ကိုေတာ့ သတိမထားမိလိုက္ပါ
" မင္းဆရာဆီသြားမလို႔ဆို... မသြားေသးဘူးလား "
ဆရာဆိုတဲ့နာမည္ၾကားတာနဲ႔ မႈိင္က်သြားတတ္တဲ့
ကြၽန္ေတာ့္ပုံစံကို အေမတို႔လည္းအနည္းနဲ႔အမ်ားေတာ့ သတိထားမိမယ္ထင္ပါရဲ႕
ကြၽန္ေတာ္တို႔ၾကားကပတ္သတ္မႈကို မသိရင္ေတာင္ ကြၽန္ေတာ့္တစ္ကိုယ္ရည္ခံစားခ်က္ေတြကေတာ့ သိသာေနတာမလို႔ ေတာ္ေတာ္မ်ားမ်ားလည္း ရိပ္မိၾကသည္
မရိပ္မိခ်င္မွအဆုံး ဆရာနဲ႔ပတ္သတ္လာရင္ ကြၽန္ေတာ္က မရင့္က်က္တဲ့ ကေလးျဖစ္ခဲ့ဖူးသည္
ဆရာနဲ႔ေတြ႕ရဖို႔ သင္တန္းကို မရမက လိမ္ၿပီးသြားခဲ့ဖူးသည္
ဆရာနာမည္ၾကားရင္ ဆရာနဲ႔ပတ္သတ္တာမ်ားေျပာရရင္ တပ္မက္ရာျမင္တဲ့ ကေလးတစ္ေယာက္လို တလက္လက္ေတာက္ပသြားခဲ့ဖူးတဲ့ မ်က္ဝန္းေတြ ၊ ဆရာရဲ႕ဝမ္းနည္းစရာ ေပ်ာ္စရာေတြကို ကူးစက္ခံစားဖူးတဲ့ မ်က္ဝန္းေတြ ၊ ဆရာရဲ႕ေက်ာျပင္ေတြ မ်က္ဝန္းေတြ အၿပဳံးေတြကို ေငးေမာဖူးတဲ့ မ်က္ဝန္းေတြက မရင့္က်က္ခဲ့ေတာ့ ျမင္သမွ်သူ ရိပ္မိႏိုင္တဲ့ အခ်ိန္ေတြျဖစ္ခဲ့သည္ ။
" အခုပဲသြားေတာ့မလို႔... "
အတတ္ႏိုင္ဆုံး သတၱိေတြေမြးၿပီး ထီးက တစ္ဖက္ လက္ေဆာင္ေပးဖို႔တစ္ဖက္ ကိုင္ဆြဲရင္း အိမ္ေရွ႕လမ္းမႀကီးေပၚ ျဖတ္ေလွ်ာက္လိုက္သည္
တခဏေလာက္ ဆက္သြားၿပီး ဘယ္ဘက္အေကြ႕တြင္ လူေနအိမ္သီးသန္႔ လမ္းၾကားငယ္ေလးတစ္ခုရွိသည္ ထိုကေနတဆင့္ ဆက္သြားၿပီး ညာဘက္ေကြ႕လိုက္ရင္ပင္ ေစ်းေရာက္သြားေလၿပီ
မိုးေရထဲမွာကိုပင္ အညာၿမိဳ႕ေလးရဲ႕ေစ်းမွာ စည္ကားစဲ
ေစ်းဘက္ကိုလမ္းကူးၿပီး ဘယ္ဘက္ဆက္သြားလ်င္ မေန႔ကလာခဲ့တဲ့ လက္ဖက္ရည္ဆိုင္ေထာင့္ လမ္းအေကြ႕ကို ေရာက္လာသည္
ကြၽန္ေတာ့္အတြက္ ထိုလမ္းကိုျမင္ၿပီး အိမ္မွာကတည္းက ထိန္းလာတဲ့ သတၱိတို႔ မိုးစက္ေတြနဲ႔အတူ ေမ်ာပါသြားေလျပန္ၿပီ
ထိုလမ္းေထာင့္မွာတင္ ရပ္ေငးေနမိသည္မွာ ဘယ္ေလာက္ပင္ၾကာသြားလဲမသိေတာ့ပါ
႐ုတ္တရတ္ ေငးေမာေနရတဲ့ အိမ္တံခါးေပါက္ထဲက ထြက္ေပၚလာတဲ့ အရိပ္ေၾကာင့္ ႏွလုံးေရာဂါသည္တစ္ေယာက္လို ၊ tempo ျမန္လာတဲ့ ေတးသြားလို ရင္ေတြျပန္ခုန္လာခဲ့သည္
ေသခ်ာပါသည္ ဒါ ကြၽန္ေတာ္ တစ္ေလွ်ာက္လုံး မက္ခဲ့ရတဲ့ အိမ္မက္ထဲက ဇာတ္လိုက္ ၊ ကြၽန္ေတာ့္ရဲ႕လမ္းဆုံက ေ႐ြးခ်ယ္သူ ။
စိတ္နဲ႔လူနဲ႔မကပ္တဲ့ ကြၽန္ေတာ့္ခမ်ာ အကာအကြယ္မပါပဲ အိမ္ထဲက ထြက္လာၿပီး လမ္းတစ္ဖက္မွာ ရပ္ေနခဲ့တဲ့သူကို ခ်က္ခ်င္းေတာ့ သတိမထားမိခဲ့လိုက္ပါ
" ေဇႀကီး... "
ကြၽန္ေတာ့္ဘဝတစ္ေလွ်ာက္လုံးအတြက္ အခ်ိဳသာဆုံး အသံ...
မိုးေရစက္သံေတြၾကားမွာကို ဆရာ့ရဲ႕အသံကို ကြၽန္ေတာ္ေသခ်ာခံစားမိလိုက္သည္
အကာအကြယ္မပါတဲ့သူ ထီးတစ္ေခ်ာင္းနဲ႔သူ
လမ္းငယ္ရဲ႕တစ္ဖက္ တစ္ခ်က္ဆီမွာ တိတ္ဆိတ္စြာ ေနရာယူထားၾကသည္
တခဏအၾကာမွ သတိျပန္ဝင္လာေတာ့ ခ်က္ခ်င္းပင္ လမ္းကူးကာ စို႐ႊဲစျပဳေနတဲ့ ဆံႏြယ္ေတြထက္ ထီးကို အုပ္မိုးေပးမိသည္
" ဒီလိုနဲ႔ ဖ်ားေတာ့မွာပဲ... "
အေစာကအထိ ဘာသတၱိ ရဲတင္းမႈမွမရွိခဲ့တဲ့ ကြၽန္ေတာ့္ဆီက ထြက္လာတဲ့စကားမွာ ဝမ္းနည္းမႈစြတ္ေနပုံရသည္
အ႐ြယ္ေရာက္လာတဲ့ ကြၽန္ေတာ့္ကို ဆရာက ေသခ်ာေငးရင္း တျဖည္းျဖည္းနဲ႔ ေကြးတက္သြားတဲ့ႏႈတ္ခမ္းပါး
အနည္းငယ္ ထီးရိပ္လြတ္ေနတဲ့ ေနာက္ေက်ာဘက္ တီရွပ္အပါးေပၚကေန စီးဆင္းသြားတဲ့ မိုးစက္ေတြရဲ႕ ေအးစက္မႈကို ခံစားေနရသည္
ဒါေပမယ့္ ကြၽန္ေတာ္တို႔ၾကားက မ်က္ဝန္းေတြကေတာ့ လြန္ခဲ့တဲ့ ၃ ႏွစ္တုန္းကလို ေႏြးေထြးေနတုန္းပင္
တစ္ေယာက္နဲ႔တစ္ေယာက္အၾကား စကားတစ္လုံးမွ ဖြင့္ဟေျပာဆိုျခင္းမရွိေပမယ့္ အသံတိတ္ဘာသာစကားအေနနဲ႔ အၿပဳံးေတြက ဝန္ခံေနပုံရသည္
" အထဲဝင္ရေအာင္ "
ထိုအခ်ိန္ ကြၽန္ေတာ့္လက္ေကာက္ဝတ္ကို လွမ္းဆြဲလိုက္တဲ့ ဆရာရဲ႕အထိအေတြ႕က တစ္ခ်ိန္က ျဖဳတ္ခ်ခဲ့ဖူးတဲ့ ခံစားခ်က္နဲ႔မတူေတာ့ေပ
ေရွ႕ကဦးေဆာင္သြားတဲ့ ေနာက္ေက်ာျပင္ကိုေငးရင္း
အမွတ္တရေတြနဲ႔ အိမ္ေလးထဲျပန္ေရာက္လာခဲ့ၿပီ
အညာေဒသေလးကေတာ့ ေျပာင္းလဲသြားခဲ့ေပမယ့္ ဒီအိမ္ေလးရဲ႕ ဖြဲ႕စည္းပုံအေငြ႕အသက္ေတြကေတာ့ အခုထက္ထိ အရင္အတိုင္း
ဂီတာတီးေနက် စားပြဲခုံနဲ႔ထိုင္ခုံ ၊ တစ္ကိုယ္ရည္အမွတ္တရေတြရွိခဲ့တဲ့ အသံသြင္းေနက်အခန္းေလး
" ေနာက္ေက်ာေတြစိုကုန္ၿပီမလား
မင္းကေလ အၿမဲတမ္း ကိုယ့္ကိုကိုယ္ဂ႐ုမစိုက္ဘူး
အဲ့လိုကေန ဖ်ားေတာ့မယ္ ငါ့ႏွယ့္ "
အၿမဲတမ္း ဘာမဟုတ္တဲ့ကိစၥေလးေတြကို ေရးႀကီးခြင္က်ယ္လုပ္တတ္တဲ့ ဆရာ့ရဲ႕ အမူအယာေတြက အခုထက္ထိမေျပာင္းလဲေသးပါ
အခုလည္း ကမန္းကတန္း ေနာက္ထဲေျပးဝင္ဖို႔အေရး တတြတ္တြတ္ေျပာဆိုသြားျပန္သည္
ဒီလိုဆူဆဲေနၾကအသံကို မၾကားရတာ ဘယ္ေလာက္ေတာင္ၾကာၿပီလဲ
ဆရာ့အတြက္ရည္႐ြယ္ၿပီးဝယ္လာခဲ့တဲ့ လက္ေဆာင္ထုပ္ေတြက ေတာ္ေသးသည္မွာ ပလတ္စတစ္နဲ႔ထုပ္လာလို႔သာ ၊ ႏို႔မို႔သာဆို ပ်က္ဆီးသြားေလာက္ၿပီ
အေပၚယံစို႐ႊဲေနတဲ့ ပလတ္စတစ္အိတ္ထဲက လက္ေဆာင္ေတြကိုထုတ္ယူၿပီး စားပြဲေပၚတင္လိုက္သည္ ၊ တစ္ဖက္လက္ထဲက အိတ္မွာလည္းဘာမွလုပ္မရေတာ့မည့္အတူတူေတာ့ အိမ္ေရာက္မွ အမႈိက္အိတ္လုပ္ေတာ့မယ္ေတြးကာ ေခါက္သိမ္းၿပီး ေဘာင္းဘီအိတ္ကပ္ထဲထည့္လိုက္သည္
ထိုစဥ္ တဘက္တစ္ထည္နဲ႔ ျပန္ေျပးထြက္လာတဲ့ ဆရာျဖစ္သူကို အခုလိုျပန္ျမင္ဖို႔ဆိုတာ သတၱိေတြအၾကာႀကီး ေမြးခဲ့ရၿပီးသား
" လာ ေျခာက္ေအာင္အရင္သုတ္လိုက္ "
ေခါင္းေပၚေရာက္လာတဲ့ အဝတ္တစ္ခုကို ဖမ္းဆြဲတားလိုက္မိသည္ ကြၽန္ေတာ့္ေၾကာင့္ ဆရာရဲ႕အိမ္ေထာင္ေရးကို အေႏွာင့္အယွက္မျဖစ္ေစခ်င္ပါ
" အဝတ္ အရင္လဲလိုက္ပါ "
ကြၽန္ေတာ့္စကားကို အၿပဳံးတစ္ခုနဲ႔သာတုန္႔ျပန္ၿပီး ေနာက္ထဲျပန္ဝင္သြားျပန္တဲ့ ေက်ာျပင္ကိုၾကည့္ေနရသည္မွာ လြန္ခဲ့တဲ့ ၃ ႏွစ္က အခိုက္အတန္႔ေတြကို အမွတ္ရေစမိသည္
ဒီတစ္ခါေတာ့ ကြၽန္ေတာ့္ဘက္က စည္းတားမွျဖစ္မည္ ဆရာ့မွာလည္း ခ်စ္ရမယ့္အမ်ိဳးသမီးနဲ႔ သားရွိသလို ကြၽန္ေတာ့္မွာလည္း သက္ဆိုင္ရာ ခ်စ္သူရွိေနၿပီ
ဒီအေႏွာင္အဖြဲ႕ေတြက ကြၽန္ေတာ္တို႔ကိုယ္တိုင္ ေ႐ြးခ်ယ္ခဲ့ၾကတာေတြခ်ည္းပင္
ဆရာခ်န္သြားခဲ့တဲ့ တဘက္နဲ႔ ေခါင္းကိုပဲေျခာက္ေအာင္သုတ္လိုက္ၿပီး အရင္က ကြၽန္ေတာ္ထိုင္ေစာင့္ေနက်ေနရာေလးျဖစ္တဲ့ အိမ္တံခါးေပါက္နားက သစ္သားခုံေလးေပၚ ဝင္ထိုင္လိုက္သည္ ။
တစ္ခဏၾကာေတာ့ ရွပ္အက်ီလက္ရွည္နက္ျပာေရာင္နဲ႔ပုဆိုးကို ဝတ္ဆင္ၿပီးထြက္လာတဲ့ ဆရာ့ရဲ႕ပုံက တစ္ခ်ိန္က ရင္းႏွီးခဲ့ဖူးတဲ့ ပုံစံအတိုင္း
လြန္ခဲ့တဲ့ ၃ ႏွစ္ကအတိုင္း ထိုင္ခုံတန္းေပၚက ေကာင္ေလးတစ္ေယာက္နဲ႔ လူႀကီးတစ္ေယာက္ရဲ႕ ေဘးတိုက္ထိုင္ပုံေတြကအစ ရင္းႏွီးၿမဲပင္
" မင္းေတာင္လူႀကီးျဖစ္လာၿပီပဲ... "
တစ္ေယာက္နဲ႔တစ္ေယာက္မ်က္ႏွာခ်င္းဆိုင္မၾကည့္ၾကေသးပဲ ေဘးတိုက္အေနအထားနဲ႔သာ သတၱိေတြေမြးၿပီး စကားစမိသည္
" ဆရာကေတာ့ အရင္အတိုင္းပဲေနာ္ "
" ဟုတ္လား ငါ့ကိုယ္ငါေတာ့ ေတာ္ေတာ္အိုစာသြားၿပီထင္တာ "
ဆရာကသူ႔စကားသူသေဘာက်ၿပီး တစ္ခ်က္ရီလိုက္သည္
" အရင္အတိုင္းပါပဲ... "
ဆရာ့ေဘးတိုက္မ်က္ႏွာကို ေသခ်ာၾကည့္ရင္း ေျပာလိုက္တဲ့ ကြၽန္ေတာ့္စကားကိုလည္း ဆရာက ဘာေတြသေဘာက်သြားလဲမသိ ၊ ထပ္ရီျပန္သည္
အျပစ္ကင္းစင္တဲ့ကေလးတစ္ေယာက္လို အၿပဳံးေတြကို မျမင္ရတာ ဘယ္ေလာက္ေတာင္ၾကာခဲ့ၿပီလဲ
လြမ္းေနခဲ့ပါတယ္ ဆိုတဲ့ စကားကိုေရာ ကြၽန္ေတာ္ ဘယ္လို ကြယ္ဝွက္ေျပာရမလဲ
" မင္းတင္တဲ့ပုံေတြေတြ႕တယ္...
ေကာင္မေလးက ေတာ္ေတာ္ေခ်ာတာ မင္းနဲ႔လိုက္္တယ္ "
စကားအဆုံးသတ္မွာ တိမ္ဝင္သြားတဲ့ ဆရာ့အသံကို ကြၽန္ေတာ္ဘယ္လိုရင္ဆိုင္သင့္ၿပီလဲ
အခုလိုၿပဳံးေနတဲ့မ်က္ဝန္းေတြမွာ ဘာလို႔မ်ား ဝမ္းနည္းမႈေတြ စြတ္ပ်ံ႕ေနေသးသလဲ
" မင္းနဲ႔အတူအခ်စ္ကိုဦးစားေပးႏိုင္တဲ့ မိန္းကေလးမ်ိဳးဆိုေတာ့ ေပ်ာ္ေနၿပီလား... "
ဆရာ့ေမးခြန္းအဆုံးသတ္မွာ အရင္ခ်ိန္ေတြကို ျပန္အမွတ္ရမိသည္ ဟုတ္ပါရဲ႕ တစ္ခ်ိန္က ကြၽန္ေတာ္က အခ်စ္တစ္ခုထဲကလြဲ ဘာမွမသိတဲ့ ေကာင္ေလးမ်ိဳးျဖစ္ခဲ့ဖူးတာပဲ
" ဆရာေရာ... အခ်စ္နဲ႔ဘဝကို ယွဥ္တြဲႏိုင္တဲ့ အမ်ိဳးသမီးနဲ႔ ေပ်ာ္ေနရဲ႕လား "
ႏွစ္ေယာက္လုံး တစ္ေယာက္နဲ႔တစ္ေယာက္လွည့္ၾကည့္ရင္း အေၾကာင္းသိေတြအခ်င္းခ်င္း ၿပဳံးမိသြားၾကသည္
ထိုစဥ္ အိမ္ထဲကို ထီးတစ္ေခ်ာင္းနဲ႔အတူ ဝင္လာတဲ့ ကေလးေပါက္စတစ္ေယာက္နဲ႔ အမ်ိဳးသမီးကိုၾကည့္ရင္း အနည္းနဲ႔အမ်ားေတာ့ ကြၽန္ေတာ္ မနာလိုမိသည္မွာ အမွန္ပင္
" ဧည့္သည္ေရာက္ေနတာလား ကိုမင္း "
စို႐ႊဲေနတဲ့ထီးကို ေရစစ္ဖို႔ ဖြင့္လ်က္သားအေနအထားနဲ႔ အိမ္တံခါးေပါက္ဝေဘးတြင္ ေထာင္ခ်ထားခဲ့သည္
ကေလးတစ္ဖက္နဲ႔ အိမ္ေနာက္ထဲမဝင္ခင္မွာတင္ ေမးလိုက္တဲ့ ထိုအမ်ိဳးသမီးရဲ႕ ေမးခြန္းက ဆရာ့အတြက္ အခက္အခဲမ်ားျဖစ္ေနသလား
" အင္း ငါ့တပည့္... ေဟာင္း "
ကြၽန္ေတာ္နဲ႔ပတ္သတ္ရင္ မၾကာခဏ တိမ္ဝင္သြားတဲ့ စကားသံေတြက ဘာလို႔မ်ား ဝမ္းနည္းေစရတာလဲ
" ဟုတ္လား ဘယ္သူလဲ "
" ၾကာၿပီ မင္းမသိေလာက္ဘူး "
ထိုအမ်ိဳးသမီးကိုၾကည့္ေနတဲ့ ဆရာ့မ်က္ဝန္းေတြ
ထိုအမ်ိဳးသမီးရဲ႕ ရင္ခြင္ထဲက အိပ္ေမာက်ေနတဲ့ ကေလးငယ္...
" ဟုတ္ပါၿပီ ရွင္ကိုယ့္တပည့္ကို တစ္ခုခုေတာ့ ဧည့္ခံဦးေလ ေနာက္ထဲမွာ အသီးေတြရွိတာပဲကို "
" မဟုတ္တာ ရပါတယ္ ကြၽန္ေတာ္အခုပဲျပန္ေတာ့မလို႔... "
စကားအဆုံး ကြၽန္ေတာ့္ကိုလွမ္းၾကည့္တဲ့ ဆရာ့အၾကည့္ေတြက တားဆီးမယ့္ပုံမေပၚသလို ျပန္ေစခ်င္တဲ့စိတ္လည္းရွိပုံမရပါ
" ဒါနဲ႔ ဒါဆရာ့အတြက္ဝယ္လာတာ... "
စားပြဲေပၚမွာ ေနရာယူထားတဲ့ လက္ေဆာင္ပစၥည္းေတြကို အာ႐ုံေရာက္လာခ်ိန္ အေစာကအမ်ိဳးသမီးမွာေတာ့ အိမ္ေနာက္ထဲ ေရာက္သြားေလၿပီ
" ေဇႀကီး... "
" ခင္ဗ်ာ "
" ဂစ္တာတီးျဖစ္ေသးလား... "
အဲဒီစကားရဲ႕အဓိပၸါယ္ကို ေသခ်ာနားလည္ႏိုင္ေတာ့
မ်က္ႏွာလႊဲထားေပမယ့္ ဝမ္းနည္းမႈစြတ္ေနတဲ့ ဆရာ့အသံကို ေသခ်ာခံစားမိလိုက္ရသည္
ကြၽန္ေတာ္တို႔ၾကားမွာ အႀကီးမားဆုံးဆက္သြယ္မႈက ဂစ္တာသံစဥ္ေတြျဖစ္ခဲ့သည္ တစ္ဦးနဲ႔တစ္ဦး ဆက္သြယ္ခဲ့တဲ့ ဘာသာစကားေတြက သီခ်င္းစာသားေတြျဖစ္ခဲ့ဖူးသည္
" မတီးျဖစ္ပါဘူး "
" ဟာ ဘာလို႔လဲ "
တအံ့တၾသလွည့္ၾကည့္လိုက္တဲ့ ဆရာ့ရဲ႕ပုံစံက ယခုထက္ထိ လြန္ခဲ့တဲ့ ၃ ႏွစ္ကအခ်ိန္ေတြနဲ႔တစ္ပုံစံတည္းပင္
ေပးလိုက္တဲ့ လက္ကြက္သင္ခန္းစာေတြမက်င့္ခဲ့လ်င္ ဘာလို႔လဲ ေမးေနက် အခ်ိန္ေတြ
" ထြက္လာမယ့္ စကားသံေတြကို နားေထာင္ဖို႔ သတၱိမရွိေသးဘူး... "
ႏွစ္ေယာက္လုံး တိတ္ဆိတ္သြားၾကသည္
ထို႐ုတ္တရတ္မွာပဲ ကြၽန္ေတာ့္ေခါင္းကို လာပုတ္လိုက္တဲ့ ဆရာ့ရဲ႕အၿပဳံးေတြက တကယ့္ကို စစေတြ႕ခ်ိန္တုန္းက သူစိမ္းအမ်ိဳးသားတစ္ေယာက္ကို ပုံေဖာ္မိသည္
" ဆင္ေျခေတြေပးေနျပန္ၿပီ မင္း ေသခ်င္လို႔လား "
ဆရာက ဆူဆဲေနက်အခ်ိန္ေတြဆို အၿမဲတမ္း ကေလးဗိုလ္ႀကီးနဲ႔တူသည္
ႏွစ္ေယာက္လုံး တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္ရင္း ရီေမာလိုက္ၾကသည္ ဒီအခိုက္အတန္႔ဟာ တစ္ခဏအတြက္ဆိုလ်င္ေတာင္ ၃ ႏွစ္စာ ေဝးခဲ့ရတဲ့ အခ်ိန္ေတြနဲ႔ လဲလွယ္ဖို႔ လုံေလာက္ေနပါၿပီ
ဆရာ့ရဲ႕မ်က္ဝန္းေတြထဲက အဓိပၸါယ္ေတြျမင္ေတြ႕ေနရေသးသလို ကြၽန္ေတာ့္အေတြးထဲက ခံစားခ်က္ေတြကိုလည္း ဝန္ခံႏိုင္ပါေသးသည္ ။