မင်းကို ချစ်စေခဲ့သော ကံကြမ္မာ...

By Edna_Htun

1.1K 79 15

Zeeဆိုတဲ့ ကောင်လေးတ ယောက်ကို တဖက်သတ်အနေနဲ့ 5နှစ် လောက်ကြိုက်လာတဲ့ Nunew ဆိုတဲ့ကောင်လေး တယောက် ယာဉ်မတော်တဆဖြစ်... More

မိတ်ဆက်
Chapter 1
Chapter 2
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8

Chapter 4

64 8 2
By Edna_Htun

Zee မှာ ထွက်လာ ခဲ့ပြီးမှ Tawan စကား 'Nunew ကို ကြည့်ပေးပါဦး' ဆိုသော ကတိမတည်နိုင်သဖြင့် အားနာမိလေသည် သို့သော် သူ သည် Nunewဆီ ပြန်သွား လိမ့်မည်မဟုတ် သို့သော် သူ သည် နီးရာအဝတ်ဆိုင်မှ သူ့အတွက်သင့်တော်မည့် အဝတ်အစားအချို့ဝယ်ပေး ကာ သူ့အတွက် ဟိုတယ် ဝန်ထမ်းအားပေးရန် ထားခဲ့ လေသည် (သူ၏ဖုန်းလည်း Nunewသုံးရန် ထားခဲ့လေ သည်)

Nunewမှာ ရေကူးကန်ထဲမှ မနည်းကုန်းရုန်းထွက်ခဲ့ရလေ သည် သူ့ပုံစံမှာလည်းကြွက်စုတ်ဖြစ်လေပြီ 'ဒီ ဟိုတယ်က ဘယ်လိုထွက်ရ မှာလဲ? ငါ့စွန်း‌ေနတဲ့အကျီကြီးနဲ့ ရေတွေလည်းစိုလို့အိ နေပြီ ဖုန်းကလည်းကောက် လို့မမှီဖူး ဘယ်သူကိုမှလည်း ခေါ်မရတော့ဖူး' Nunewမှာ ထိုင်ငိုပစ်လိုက်ချင်သည် 'အ့ တာအားလုံး Zee ကြောင့်ပဲ'

ထိုအချိန်၌ အမျိုးသား ဝန်ထမ်းတဦးဝင်လာကာ "ဧည့်သည်ခင်ဗျ အမျိုးသားတ ယောက်က ဧည့်သည်အတွက် ဒီပစ္စည်းထုပ်နဲ့ ဖုန်းပေးသွားပါတယ် ခင်ဗျ"

"ဘယ်သူကလဲမသိဖူးခင်ဗျ" Nunewမှာ သူ့အကျီအား လက်နှစ်ဖက်ဖြင့်ကာရင်း ပြန် မေးလိုက်လေသည်

"နာမည်မပြောသွားပါဖူးခင်ဗျ" ထိုဝန်ထမ်းကို သူ့ပုံစံအား အ ကြာကြီးလည်း မကြည့်ခိုင်းစေ ချင်လို အားလည်နာသဖြင့် Nunewမှာ အထုပ်နဲ့ဖုန်းအား ယူလိုက်ရင်း "ကျေးဇူးတင်ပါ တယ် "

"ဟုတ်ကဲ့ ပြီးတော့ သူကဧည့်သည်အတွက် အင်္ကျီလဲဖို့ ဆိုပြီး အခန်းတခန်းငှားပေး သွားပါတယ်ရှင်"

"ဗျာ အခန်း!!" Nunew မှာ လန့်သွားလေတော့သည်

"ဟုတ်ကဲ့ လိုက်ပြပေးပါမယ် " ဆိုကာ ထိုဝန်ထမ်းက လမ်းပြ ပေးလေသည်

Nunew pov:ဘယ်သူက ငါ ကိုငှားပေးသွားတာလဲ ဘယ် သူကလဲ ဘယ်သူကလဲ

ထိုသူငှားပေးလိုက်သော အခန်းမှာ ရေကူးကန် ၏အောက်တထပ် ပထမဆုံးမြင် ရသော အခန်းပင်ဖြစ်သည် 'သူဌေးသား' Nunewမှာ ချက်ချင်းတွေးမိသွားလေ သည်

ထိုဝန်ထမ်းမှာ အခန်းသော့ပေး ပြီး ထွက်သွားလေသည် Nunewမှာ အခန်းထဲရောက် သည့်အခါ ပါလာသောဖုန်းကို ခုံပေါ်တင်ကာ အဝတ်ထုပ်ကို သွန်လိုက်လေသည်။

'ဒါဘာတွေလဲ' Nunewမှာ အာမေဠိတ်ပြုလိုက်ခြင်း ဖြစ် လေသည် သူမြင်လိုက်ရသည်မှာ 'ဂျင်းဘောင်းဘီတ ထည်နှင့် အဖြူရောင်ရှပ်အ ကျီ အ့တာပင် မဟုတ်သရွေ့ သူအံ့ဩသွားခြင်းဖြစ်သည် 'Boxerကအစဝယ်ပေး ထားခြင်းဖြစ်သည်

Nunewမှာ ပါးနှစ်ဖက်မှာ တောင်နီနေလေပြီ 'Zee :)) ' သူ့မှာ မျက်နှာ ကိုလက်ဖြင့်အုပ်လိုက်ရင်း လွင့်သွားသော သူ့စိတ်ကို သူစုစည်းနေသည် ခဏ အကြာမှာတော့ သူဟာ အဝတ်အစားတွေကိုလဲပြီး နောက် Zeeဖုန်းကိုကိုင်လိုက်လေတော့သည်။

"လွင့်မြောသွားသော ပုံရိပ် တချို့အား ပြန်လည်ဖမ်း ဆုပ်၍မရ" Nunewက Zee wallpaper၌ရှိ သော စာသားကိုဖတ်လိုက်လေ သည် "ထူးဆန်းလိုက်တာ " Nunewကရေရွတ်လိုက်ရင်း ဖုန်းခေါ်ရန် collogကို နှိပ်လိုက် လေသည်။

(Zeeမှာ Nunew ကိုသုံးလျင် အဆင်ပြေ ရန် တမင်|ockအား ဖြုတ်ထား လိုက်ခြင်း ဖြစ်သည်)

Zee cdll log၌ မား မားနဲ့ Tawan အဲ့နှစ်ခုပဲ မြင် လေသည် သူcall logတခုလုံး အ့တာတွေ၌ ပြည့်နေလေသည် Nunewမှာ Tawan အား ဖုန်းခေါ်ရန်နှိပ်လိုက်လေသည်။

အခြားတဖက်၌ ဆေးရုံသို့ Zeeရောက်လာပြီး Tawan နဲ့ အပြင်ဖက်၌ စကားပြော နေလေသည်။

"Risaက အခု

စိတ်အခြေအနေမကောင်းဖူး "Tawan က ပြောလေသည်

"အင်း Tawan Nunew ကိုသွားခေါ်လိုက်ဦး " Zeeမှာ ဖြည်း"ချင်း ပြောနေလေသည်

"မင်း ပြန်မပို့ခဲ့ဖူးလား?" Tawan မှာ စိတ်ပူစွာဖြင့် မေးလိုက် လေသည်

"အင်း "Zeeမှာ ခေါင်း ငြိမ့်လိုက်ရင်း ပြန်ဖြေလေ သည် "ဘာလို့လဲ ?" Tawan မှာ မေးခွန်းသဘောဖြင့် ပြန် မေးလေသည် ထိုအချိန်မှာ ပင် သူဆီဖုန်းဝင်လာလေသည် "Zee" ဟု မှတ်ထားသော ဖုန်းနံပါတ်မှဖြစ်သည် သူမှာ စိတ်ရှုပ်စွာဖြင့် Zeeကိုကြည့်လိုက်ရင်း ဖုန်းကိုင်လိုက် လေသည်။

"Tawan ငါကိုလာခေါ်ပေးလို့ မရဖူးလား?" တဖက်မှ Nunew မှာ အားမရှိသည့်အသံဖြင့် ပြောလေသည်

"ငါလာခဲ့မယ် ဟိုတယ်မှာပဲ လား?" Tawan က ချက်ချင်း ဖြေလိုက်လေသည်

"ဟုတ်တယ် မြန်"လာပေးပါ" Nunew က ပြန်ဖြေလေသည်

"ခုထွက်လာပြီ ခဏပဲစောင့် ပါ"Tawan က ချက်ချင်းဖုန်းချကာ သွားမလိုလုပ်ရင်း Zeeက ဆေးရုံခန်းထဲဝင်မလို လုပ်နေသည်ကို မြင်ကာ Zeeဆီပြန်လျောက်လာကာ "ပြီး မှစကားပြောကြမယ်" ဟုဆို ကာ ထွက်သွားလေသည်

"အင်း" Zeeက ခေါင်းငြိမ့်ရင်း အခန်းထဲဝင် သွားလေတော့သည်။

အခန်းထဲ၌ Risaက အဝတ် တွေသိမ်းရင်း Zee ကို မြင်သဖြင့် ချက်ချင်းပြေး ဖက်လိုက်လေသည် " ငါနင်ကိုလွမ်းနေတာ ငါကိုထပ်ပြီးထားမသွားပါနဲ့တော့ နော် အချစ်" ဝမ်းနည်းသည့် လေသံဖြင့် ပြောနေလေသည်

Zeeက သူမလက်တွေကို အသာဖယ်လိုက်ရင်း "အိမ်ပြန် မှာမလား လိုက်ပို့ပေးမယ်"ဆို ကာ သူမအထုပ်ကို ဆွဲလိုက် လေသည် Risaမှာ Zee သူမလက်ကို ဖယ် လိုက်သည့်အခါမှ Zeeကို မော့ကြည့်မိလေ တော့သည် သူ့နှုတ်ခမ်းပေါက် နေလေသည်ကို မြင်သွားလေ သည်။

"Zee နှုတ်ခမ်းက ဘာဖြစ် တာလဲ?"ဆိုကာ Zeeပါးကို ကိုင်ရင်းကြည့်နေလေသည် ။

Zeeက ချက်ချင်း သူမလက်ကို ဖယ်ထုတ်လိုက် ရင်း"ဘာမှမဟုတ်ဖူး သွားကြ ရအောင် နောက်ကျတော့မယ်" ဆိုကာ သွားရန် ပြောလေသည်

"Nunew နင်ကို့အလိုလုပ် လိုက်တာလား?" နောက်မှ မေး လိုက်လေသည်

Zeeမှာ ပြန်လှည့် လာရင်း "သူနဲ့ဘာဆိုင်လို့လဲ?"မေးလေသည်

"သူနဲ့တအားဆိုင်တာပေါ့ သူကနင်ကို အထက်တန်း ကတည်းက တိတ်တခိုး ကြိုက်နေတာလေ ခုထိနင်ကို ကြိုက်နေတုန်းပဲ သူလုပ်သမျှ အကုန်လုံးက နင်ကိုရချင်လို့ပဲ Zwe" Risaမှာ စိတ်ဆိုး စွာဖြင့် ပြောလေသည်

"သက်သေရှိလား?" Zee မှာ ဘာအမူအရာမှ မဖော်ပြပဲ ပြန်မေးလိုက်လေ သည်

'သက်သေ' Risaမှာ 'သက်သေ'ပြရန် သူမမှာဘာ ရှိလဲဟု တွေးမိလေသည် နောက်ဆုံး၌ သူမမှာ Zeeကို ပြရန် Nunew နဲ့ ပြောတုန်းကဖမ်းထားသည့် အသံဖိုင်ရှိမှန်း သတိရသွား လေသည်

"သက်သေရှိတယ် ပြမယ်"ဆို ကာ Risaမှာ သူမဖုန်းကို ထုတ်လိုက်ရင်း အသံဖိုင်ကို ဖွင့်ပြလေသည်

"သူက နင်ကိုမချစ်ဖူး မဟုတ် ဖူး ချစ်လာမှာ မဟုတ်ဖူး ဘာလို့လဲဆိုတော့ သူက နင်လို တွယ်ကပ်တဲ့  ယောကျာ်းလေးမျိုး ကို မကြိုက်တာငါသိလို့ပဲ" -Risaအသံ

"မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ တောင် မသေချာတဲ့ လောက ကြီးမှာ သူငါ့ကို ချစ်လာမှာ မဟုတ်ဖူးဆိုတာ သေချာရဲ့ လား Risa"- Nunewအသံ

"ငါ သေ ချာတယ်" -Risa အသံ

"အလောင်းအစားလုပ်ရအောင် ငါနဲ့နင် Zeeက ဘယ်သူကိုချစ်လာမလဲဆိုတာ ကြည့်"ရအောင်-Nunew အသံ

Zeeမှာ အကုန် နားထောင်ပြီးနောက် 'Nunew မင်းငါကို့ အလောင်းအစား လုပ်ခဲ့တာပဲ' သူအားစိုက်ကြည့်နေသည့် Risaအား "ငါနားလည်ပြီ သူ ဘာကို တမင်ရည်ရွယ်နေလဲဆို တာကို အခုတော့ သွားကြ ရအောင်" Zeeက Risa လက်ကို့ ကိုင်ကာ ပြောလိုက် လေသည်

Risaက သူမအကြံအစည် တွေ အောင်မြင်သွားသူပုံ အပြုံးနဲပြုံးကာ Zeeကို ကြည့်လိုက်ရင်း "သွားကြမယ်"

တဖက်၌ Tawan မှာ Nunew ကို ခေါ်ကာ taxiဖြင့် ပြန် လိုက်ပို့လေသည် Nunew မှာ မျက်နှာလုံးဝမကောင်းပေ မျက်နှာမှာ သွေးမရှိတော့သည် ဟု ထင်ရလောက်အောင် ဖြူ စွတ်နေသည် 'အဆင်ပြေ လား'Tawanက မေး သော်လည်း အဆင်ပြေသည် ဟုသာ ဖြေလေသည်။

ကျောင်းပြန်ရောက်ကြပြီး အဆောင်ရောက်ရန် ကျောင်း ဝင်းကိုဖြတ်ကာ လမ်းလျောက် ရသောအခါ၌လည်းNunewမှာ တိတ်ဆိတ်နေလေသည် Tawan မှာ သူ့ပိုက်ဆံအိတ် သူ့ အဝတ်အိတ် ဖုန်းအကုန်ကိုင် ကာ နောက်ဖြည်း"လိုက်လာ လေသည် 'သူ့ကြည့်ရတာ နေ မကောင်းဖြစ်နေသည်ဟု ထင် ရသဖြင့် ပစ္စည်းတွေမသယ်စေ ချင်သောကြောင့် ကျွန်တော် အစားသယ်လာခဲ့ခြင်းဖြစ်လေ သည်

ထိုအချိန်တွင် Nunew မှာ
ရုတ်တရက် ထိုင်ချပြီး ငို လေတော့သည် Tawan မှာ ကြောင်သွားရင်း "ဘာလို့လဲ နေမကောင်းဖူးလား ဆေးရုံ သွားမလား ထ ငါချီမယ်"

Nunew မှာ တကယ်ကူရာမဲ့ နေသလို ခံစားနေရသည် 'လူ တယောက်ကို တဖက်သတ် ချစ်ရတာ က္ေလာက်တောင် ပင်ပန်းရလား ဒီလောက်ထိ ပင်ပန်းရလျင် သူမထိုလူကို မချစ်ချင် သို့သော် နှလုံးသားက လက်မခံချေ'

"ငါ ပင်ပန်းတယ် " Nunew က တလုံးချင်းပြောကာ သူ မျက်ရည်တွေ တပေါက်ချင်း ကျလာလေသည် Tawan မှာ သူကျောကိုပုတ်ကာ နှစ်သိမ့် ပေးလေသည် "ငါရှိတယ် အဆင်ပြေသွားမှာပါ"

"ငါက သူရဲ့နောက်မှာရှိတဲ့ အရိပ်လိုပါပဲ" Nunew က ပြော ရင်း သူမျက်ရည်တွေကို သုတ်လိုက်တယ် (Nunew ပြော ချင်တဲ့သဘောက အရိပ်ဆို တာ ထိုလူရဲ့လှုပ်ရှားမှုမရှိပဲ ထို နေရာမှ မရွေ့နိုင် လွတ်လပ်ခွင့် မရနိုင် သူဟာ Zeeရဲ့ အရိပ်မျှသာဖြစ်သည်ဟုတင်စားပြောခြင်းဖြစ်သည်)

"မင်းရဲ့အရေးပါမှုကို မင်းမသိ လို့ပါ "Tawan က တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်

Nunew မှာ Tawan လည်း အားနာသဖြင့် ဆက်မငိုတော့ ပဲ ပြုံးပြလိုက်ရင်း "သွားမယ် အခုအဆင်ပြေပြီ"

Tawan pov:ဘယ်လိုလူ က Nunew လို ကောင်လေးကို နာကျင်အောင်လုပ်နိုင်တာလဲ?

Nunew ခင်မျာ သမစိတ်များကို စုစည်းကာ ဆုံးဖြတ်ချက်ချပြီးသူdiaryစာအုပ်အားလုံးအား အမှိုက်ပုံးထဲ လွင့်ပစ်လိုက်လေ တော့သည်

Zeeဝယ်ပေးသော အဝတ်အစားများကို အိတ်နဲ့ ပြန်ထည့်ပြီး ပေးရန် အတန်း ပြီးသည့်နောက် Zeeထွက်လာရန် စောင့်နေလေ သည်

Zeeမှာ သူရဲ့ အ ရင်ပုံစံအတိုင်းပဲ နောက်ဆုံးမှာ ထွက်လာလေသည် "Zee ဒါလေးပြန်ပေးချင်လို့ " Nunew မှာ စကားစကာ အိတ်အားလက်နှစ်ဖက်ဖြင့် ကိုင်ကာပေး နေလေသည်

"မလိုဖူး မလိုချင် ဟိုကအမှိုက် ပုံးထဲလွင့်ပစ်လိုက်" Zeeက အရေးမစိုက်သလို ပြောကာ ထွက်သွားလေသည်

Nunewက ဒေါသထွက်လာ ကာ အမှိုက်ပုံးထဲ ကောက် ထည့်လိုက်ရင်း "အစ ကတည်းက မဝယ်ပေးခဲ့နဲ့ လေ "ဟု အော်ပြောလေသည် Zeeမှာ ပြန်လှည့် လာကာ "သနားလို့ ဝယ်ပေး တာ မင်း ကိုအရေးစိုက်လို့ထင်နေတာလား?။

"သနားစရာကောင်းအောင် ငါ ကမင်းဆီကဘာတောင်းနေလို့ လဲ?" Nunew မှာ စိတ်ကိုထိန်း ကာ ပြောနေလေသည်

"အချစ် မင်းကငါဆီကအချစ် လိုချင်တာမလား ငါကို အလောင်းအစားအနေနဲ့ Risaနဲ့ ပြိုင်ခဲ့တယ်မလား?"

'ဘယ်လိုသိသွားတာလဲ သူက အခု ငါဘယ်လိုလုပ်ရမလဲ?

"ငါမငကိုမကြိုက်ဖူး" ယူယန်မှာ အရဲစွန့်လိမ်လိုက်လေသည

"ငါကမင်းကိုမုန်းတယ်" Zee က ရက်စက်စွာပြောကာ ထွက် သွားလေသည်

Nunew ခေါင်း ရုတ်တရက် ကိုက်လာပြီး

တနေရာကို ရောက်သွားသလို ခံစားလိုက်ရတယ် ကောင် လေးတယောက်(၁၂နှစ် အရွယ်)နဲ့ ကျွန်တော် တစုံတ ယောက်ရဲ့ အိမ်ရှေ့မှာရပ်နေ ကြတယ်"ငါမင်းကိုမုန်းတယ်"

Nunew က ငိုကြွေးလိုက် ရင်း"မဟုတ်ဖူး ကိုကို ကိုကို့ပဲ
Nuကိုကြိုက်တယ်လို့ Nuနဲ့လက်ထပ်မှာလို့ ပြောခဲ့ တာမဟုတ်ဖူးလား ဘာလို့လဲ? "ထိုကောင်လေးလက်ကို ဆွဲနေ လေသည်

"အခု မုန်းပြီ ငါမင်းကိုတကယ် မုန်းတယ် "ထိုကောင်လေးက ပြောကာ အိမ်ထဲပြေးဝင်သွား လေသည်

"ကိုကို ကိုကို ကိုကို" ဟုအော် ခေါ်ပြီး ကျန်ခဲ့သော ကျွန်တော် ကို တစုံတယောက်က "သား အခုသွားကြရအောင်"ဆိုက အတင်းခေါ်သွားလေတော့သည်

လမ်းဘေးတနေရာကို မှတ်ဉာဏ်ထဲ၌ ပေါ်လာ ပြန်သည် သူ့အဒေါ်နဲ့ ယောကျ်ားတ ယောက်က သူတိုနဲ့ခပ်လှမ်း"မှာ စကားပြောနေခဲ့ကြတယ်

သူရယ် ထိုကောင်လေးရယ် က တယောက်နဲ့တယောက် စနေရင်း "ကိုကို ကိုကိုက လို့အခုတလော Nuကို လာမတွေ့ရတာလဲ ?" ဘာ

"ကိုကိုအဖေက အလုပ်များနေလို့ ကိုကိုက Nuကို ခဏခဏလာမတွေ့နိုင်တာ "ဟု ဆိုကာ ထိုကောင်လေးက သူ့ ခေါင်းကိုပုတ်နေလေသည်

"ကိုကို မသွားပါနဲ့ ကိုကိုအဖေ ကခေါ်နေပြီလေ မသွားပါ နဲ့ Nuနဲ့အတူနေပါ Nu နောက်ထပ် ချောကလက်တွေ လည်း ခိုးမစားတော့ပါဖူး စာ လည်းသေချာလုပ်ပါ့မယ် အဲ့ တာကြောင့် ကိုကိုက မသွား ပါနဲ့"ဆိုကာ စတင်ငိုကြွေးလေ တော့သည်

ထိုကောင်လေးက "မငိုပါနဲ့
ကိုကိုက Nuကိုကြီးလာရင် လက်ထပ်မှာ"ဟုဆိုကာ ပြုံးပြ လေသည်

Nuက အငိုတိတ်သွား လျက်"လက်ထပ်ရင် ကိုကို က ငါနဲ့အမြဲ အတူနေမှာပေါ့" က မျက်လုံးပုတ်ကလက် ပုတ် ကလက်ဖြင့် မေးနေလေသည်

"ဒါပေါ့ အရူးလေးရဲ့ "

"ဒါဆိုရင် Nuကိုကို့ကို လက်ထပ်မယ် ကတိ" ငါနဲ့ အဲ့ ကောင်လေး ကတိပေးခဲ့ကြ သည်

Nunew သတိရတော့ သူ့ မှာhallလမ်းမကြီး၌ တ ယောက်တည်းရပ်ကာ ကြောင် နေခြင်းဖြစ်လေသည်

"အဲ့ကောင်လေးက ဘယ်သူ လဲ?။

Please Vote & Comments 🫶❤️
Zawgyi Ver














































































Continue Reading

You'll Also Like

581K 8.9K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
164K 17.5K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
72.8K 1.7K 32
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...
938K 21.5K 49
In wich a one night stand turns out to be a lot more than that.