တစ်ကိုယ်ရည်လွမ်းဆွတ်မှု

By honniey1

1.3K 106 12

ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ပေါ် အခြေခံကာ ပြန်လည်ရေးသားထားခြင်းဖြစ်သည် ။ More

အပိုင်း ( ၂ )
အပိုင်း ( ၃ )
အပိုင်း ( ၄ )
အပိုင်း ( ၅ )
အပိုင်း ( ၆ )
အပိုင်း ( ၇ )
အပိုင်း ( ၈ )
အပိုင်း ( ၉ )
အပိုင်း ( ၁၀ ) The end
Behind story

အပိုင်း ( ၁ )

444 17 4
By honniey1

အညာဒေသလေးရဲ့
ဒီနေရာ
ဒီအိမ်လေးရှေ့မှာ
ရွေးချယ်ခဲ့ရတဲ့
လမ်းဆုံတွေကြောင့်
ကျွန်တော်တို့
မဆုံစည်းနိုင်ခဲ့တာလား
ဒါမှမဟုတ်
ကိုယ်စီ
သတ္တိမရှိခဲ့ကြတာလား ။

( ၁ )

ရန်ကုန်မိုးနဲ့အသားကျနေခဲ့တဲ့ ကျွန်တော့်အနေနဲ့ ဒီအညာမြို့လေးရဲ့ မိုးဥတုကို သိပ်ပြီး အထင်မကြီးခဲ့လို့ထင်ပါရဲ့ ရောက်ပြီးနောက်တစ်ရက်မှာပဲ အပြင်းဖျားပေတော့သည်

ကံကောင်းသည်မှာ ကိုယ့်မိဘအိမ်ကိုယ်ပြန်ရောက်နေပြီဖြစ်တော့ ရန်ကုန်တုန်းကလို ယိုင်နဲ့ပြီး တစ်ယောက်ထဲ ဆေးခန်းသွားပြရတဲ့အခြေအနေ မဟုတ်တော့ ၊ ဆေးခန်းပို့ပေးမယ့်သူတွေရှိသည်

အမေမောင်းတဲ့ဆိုင်ကယ်နောက် အတူမစီးရတာပင်
၃ နှစ်လောက်ရှိသွားပြီ တိုးတက်ပြောင်းလဲနေတဲ့ မြို့ငယ်လေးကို ငေးနေရင်းမှာကို ကျွန်တော့်အတွေးထဲ အတိတ်တွေက တစ တစ တိုးဝင်လာသည်

ဆရာနဲ့အတူရှိခဲ့ဖူးတဲ့အမှတ်တရတွေက နေရာတိုင်းမှာ လက်ညိုးထိုးမလွဲနိုင် ၊ မီးပွိုင့်အကျော်က ဝက်သားတုတ်ထိုးဆိုင် မြီးရှည်ဆိုင် ထမင်းဆိုင်တွေကနေ လမ်းအကွေ့က ကြံရည်ဆိုင် လမ်းထဲက ဆေးခန်းအထိ ဆရာ့အငွေ့အသက်တွေ ရှိနေသေးသည်

ဆေးခန်းလာပြတဲ့သူသိပ်မရှိသေးတဲ့အချိန် အမေရဲ့ ဦးဆောင်မှုနဲ့ အထဲက ထိုင်ခုံမှာ နေရာယူလိုက်ကြသည် သိပ်မကြာလိုက်ပါ အသက် ၅၀ ကျော်ဝန်းကျင် ဆရာဝန်အဒေါ်ကြီးရောက်လာပြီး စကားစလာသည်

" ဘာဖြစ်လို့လဲ မီမီ "

ရင်းနှီးတဲ့သူတော်တော်များများက အမေ့ရဲ့ အိမ်နာမည် မီမီ ကိုသာခေါ်တတ်ကြသည်

" အခုက ဇေယျာလင်း ဖျားလို့ "

" ဟယ် ဒါ ငါတို့ဇေဇေလား "

ကလေးကတည်းက ချူချာတတ်တဲ့ ကျွန်တော်ကအမြဲတမ်း နေမကောင်းဖြစ်ပြီဆိုတာနဲ့ ပြေးလာရတဲ့ဆေးခန်းမလို့ အကုန်လုံးနဲ့ တော်တော်ရင်းနှီးသည်

နောက်ဆုံးတွေ့ခဲ့တုန်းက ကျွန်တော်က ၁၆ နှစ်ကလေးမို့ ၁၉ နှစ်အရွယ် ပေါက်စက သူတို့အတွက် အံ့သြစရာဖြစ်နေပုံရသည်

ဟုတ်လည်းဟုတ်ပါသည် ဒီ ၃ နှစ်တာအတွင်း ကိုယ်တိုင် သတိထားမိသလောက် စိတ်အရမ်းငြိမ်လာသည် အရင်လို တဇွတ်ထိုးလုပ်တတ်တဲ့ ကလေးမျိုးမဟုတ်တော့ ၊ အရင်ကလို ပါးဖောင်းဖောင်းနဲ့ ဘယ်အရာမဆိုအားနာတတ်တဲ့ ပျော့ညံ့ညံ့ ကလေးမျိုးလည်းမဟုတ်တော့ပေ

အရွယ်ရောက်လာတာနဲ့အမျှ အသံတွေ ခန္ဓာကိုယ်တွေ မျက်လုံးပုံစံတွေကအစပြောင်းလဲသွားသည်

" ချောလာလိုက်တာ ကြည့်စမ်း လူကြီးကြီးကျနေတာပဲ "

ထိုဆေးခန်းတွင် ဆရာဝန် နှစ်ယောက်နဲ့ လက်ထောက် ဆရာမ တစ်ယောက်ရှိသည် ဇေဇေ ဆိုတဲ့နာမည်ကြားတာနဲ့တင် ကျန်တဲ့ နှစ်ယောက်မှာလည်း ကျွန်တော့်ကိုကြည့်ပြီး တအံ့တသြဖြစ်နေကြသည်

ဆေးခန်းလာပြတဲ့ဦးတည်ချက်မှာ ယာယီပျောက်ကွယ်သွားပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေတာနဲ့တင် နာရီဝက်လောက်ကြာသွားတော့သည် နောက် စကားပြတ်တော့မှပဲ ဆေးထိုးပေးပြီး သောက်ဆေးတစ်ချို့ ပေးလိုက်ပေသည်

မနေ့ကတော့ သတ္တိမွေးပြီး မနက်ဖြန်မှာတွေ့ရမယ့် သူနဲ့ရင်ဆိုင်နိုင်မယ့် ခံစားချက်မျိုး သိမ်းထားခဲ့ပေမယ့် ဒီလိုပုံစံအတိုင်းသာဆို မသွားနိုင်တော့ပါ

နဂိုကတည်းက ဆရာကလည်းချူချာတတ်တဲ့သူ
တစ်ခါဖျားပြီဆို နောက်ဆက်တွဲတွေပါ ပါနေကြမလို့ အရင်ကတည်းက ကျွန်တော်ဖျားတဲ့နေ့တွေဆို ဆရာ့ကိုကူးမှာစိုးတာနဲ့ သင်တန်းမသွားဖြစ်ခဲ့တဲ့ရက်တွေ များသည်

အပြန်လမ်းမှာတော့ အမေက လက်ဖက်ရည်ဆိုင်ရှေ့ ဆိုင်ကယ်ရပ်ပြီး ကျွန်တော့်ကိုစောင့်ခိုင်းရင်း သူကတော့ ဆိုင်ထဲဝင်သွားသည်

စကားဝိုင်းအသီးသီးနဲ့ဆူညံနေတဲ့ ဆိုင်လေးထဲငေးကြည့်ရင်း အရင်ကအမှတ်တရတစ်ခုကို တွေးမိပြုံးမိသွားသည်

ဆရာက လက်ဖက်ရည်အရမ်းကြိုက်သည်
အမြဲတမ်း သူ့အိမ်ရှေ့ကဆိုင်ကနေ သောက်ရင်သောက် မဟုတ်ရင် မြို့ထဲကဆိုင်တွေမှာ ပတ်ထိုင်သောက်တတ်တဲ့သူ

အရင်က ကျွန်တော်က ကော်ဖီပဲသောက်သည်
အိမ်က လက်ဖက်ရည်စမ်းသောက်ကြည့်ဖို့ပြောလဲ လက်ဖျားနဲ့တောင်မတို့ခဲ့တဲ့သူ

ကျွန်တော့်လိုလူကို လက်ဖက်ရည်စွဲသွားအောင် ဆရာက လုပ်နိုင်ခဲ့သည် လူရှုပ်တဲ့နေရာတွေ သဘောမကျတဲ့ ကျွန်တော်က တစ်ချိန်ကတော့ ဆရာနဲ့အတူ လက်ဖက်ရည်ဆိုင်တွေပတ်ထိုင်ဖူးခဲ့သည်

မကြာလိုက်ပါ လက်ဖက်ရည်ထုပ်နှစ်ထုပ်နဲ့အတူ ပဲပလာတာထုပ်ကို ဆွဲပြီး ပြန်ထွက်လာသည်

အိမ်ပြန်လမ်းက အလာတုန်းကလို လမ်းမကြီးပေါ်က ပြန်ခြင်းမဟုတ် ကံတရားက ကျွန်တော့်ကို ဘယ်လောက်တောင် ဝမ်းနည်းစေချင်သလဲမသိ
တိုက်တိုက်ဆိုင်ဆိုင် စျေးလမ်းကနေ မောင်းလေသည်

ထိုစျေးထောင့်တွင် လက်ဖက်ရည်ဆိုင်ငယ်လေးရှိသည် မျက်နှာချင်းဆိုင်က ဆရာတို့အိမ်...

ဒီနေရာ ဒီလမ်းဆုံက ကျွန်တော့်အတွက် အိမ်မက်ဆိုးတစ်ခုလိုပင်

ဆရာ့မျက်ဝန်းတွေကိုမြင်ဖို့ သတ္တိမရှိသေးပေမယ့် နောက်ကျောလေးများ မြင်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လက်ဖက်ရည်ဆိုင်ထိမရောက်တဲ့ လမ်းအကွေ့မှာကို အဲ့ဒီအိမ်လေးရှေ့ ငေးကြည့်မိသေးသည်

ဘာမှတော့အရာမထင်ခဲ့ပါ
တဖြည်းဖြည်းဝေးသွားတဲ့အကွာအဝေးနဲ့အတူ ကျွန်တော့်အတွက် အတိတ်ကာလဟာလည်း အတွေးထဲ နေရာယူလာသည်

အညာဒေသလေးရဲ့ ဒီနေရာ ဒီအိမ်လေးရှေ့မှာရွေးချယ်ခဲ့ရတဲ့ လမ်းဆုံတွေကြောင့် ကျွန်တော်တို့ မဆုံစည်းနိုင်ခဲ့တာလား ဒါမှမဟုတ် ကိုယ်စီသတ္တိမရှိခဲ့ကြတာလား

တစ်ချိန်က ကျွန်တော့်ဘဝအတွက် အဖြေရှာပေးခဲ့တဲ့သူ ၊ အခု ဒီမေးခွန်းအတွက်ရော ဆရာ့မှာ အဖြေရှိနေမလား ဒါမှမဟုတ် ကျွန်တော့်လို ဆွံ့အနေမလား ။

________________________ Zaw gyi

အညာေဒသေလးရဲ႕
ဒီေနရာ
ဒီအိမ္ေလးေရွ႕မွာ
ေ႐ြးခ်ယ္ခဲ့ရတဲ့
လမ္းဆုံေတြေၾကာင့္
ကြၽန္ေတာ္တို႔
မဆုံစည္းႏိုင္ခဲ့တာလား
ဒါမွမဟုတ္
ကိုယ္စီ
သတၱိမရွိခဲ့ၾကတာလား ။

( ၁ )

ရန္ကုန္မိုးနဲ႔အသားက်ေနခဲ့တဲ့ ကြၽန္ေတာ့္အေနနဲ႔ ဒီအညာၿမိဳ႕ေလးရဲ႕ မိုးဥတုကို သိပ္ၿပီး အထင္မႀကီးခဲ့လို႔ထင္ပါရဲ႕ ေရာက္ၿပီးေနာက္တစ္ရက္မွာပဲ အျပင္းဖ်ားေပေတာ့သည္

ကံေကာင္းသည္မွာ ကိုယ့္မိဘအိမ္ကိုယ္ျပန္ေရာက္ေနၿပီျဖစ္ေတာ့ ရန္ကုန္တုန္းကလို ယိုင္နဲ႔ၿပီး တစ္ေယာက္ထဲ ေဆးခန္းသြားျပရတဲ့အေျခအေန မဟုတ္ေတာ့ ၊ ေဆးခန္းပို႔ေပးမယ့္သူေတြရွိသည္

အေမေမာင္းတဲ့ဆိုင္ကယ္ေနာက္ အတူမစီးရတာပင္
၃ ႏွစ္ေလာက္ရွိသြားၿပီ တိုးတက္ေျပာင္းလဲေနတဲ့ ၿမိဳ႕ငယ္ေလးကို ေငးေနရင္းမွာကို ကြၽန္ေတာ့္အေတြးထဲ အတိတ္ေတြက တစ တစ တိုးဝင္လာသည္

ဆရာနဲ႔အတူရွိခဲ့ဖူးတဲ့အမွတ္တရေတြက ေနရာတိုင္းမွာ လက္ညိဳးထိုးမလြဲႏိုင္ ၊ မီးပြိဳင့္အေက်ာ္က ဝက္သားတုတ္ထိုးဆိုင္ ၿမီးရွည္ဆိုင္ ထမင္းဆိုင္ေတြကေန လမ္းအေကြ႕က ႀကံရည္ဆိုင္ လမ္းထဲက ေဆးခန္းအထိ ဆရာ့အေငြ႕အသက္ေတြ ရွိေနေသးသည္

ေဆးခန္းလာျပတဲ့သူသိပ္မရွိေသးတဲ့အခ်ိန္ အေမရဲ႕ ဦးေဆာင္မႈနဲ႔ အထဲက ထိုင္ခုံမွာ ေနရာယူလိုက္ၾကသည္ သိပ္မၾကာလိုက္ပါ အသက္ ၅၀ ေက်ာ္ဝန္းက်င္ ဆရာဝန္အေဒၚႀကီးေရာက္လာၿပီး စကားစလာသည္

" ဘာျဖစ္လို႔လဲ မီမီ "

ရင္းႏွီးတဲ့သူေတာ္ေတာ္မ်ားမ်ားက အေမ့ရဲ႕ အိမ္နာမည္ မီမီ ကိုသာေခၚတတ္ၾကသည္

" အခုက ေဇယ်ာလင္း ဖ်ားလို႔ "

" ဟယ္ ဒါ ငါတို႔ေဇေဇလား "

ကေလးကတည္းက ခ်ဴခ်ာတတ္တဲ့ ကြၽန္ေတာ္ကအၿမဲတမ္း ေနမေကာင္းျဖစ္ၿပီဆိုတာနဲ႔ ေျပးလာရတဲ့ေဆးခန္းမလို႔ အကုန္လုံးနဲ႔ ေတာ္ေတာ္ရင္းႏွီးသည္

ေနာက္ဆုံးေတြ႕ခဲ့တုန္းက ကြၽန္ေတာ္က ၁၆ ႏွစ္ကေလးမို႔ ၁၉ ႏွစ္အ႐ြယ္ ေပါက္စက သူတို႔အတြက္ အံ့ၾသစရာျဖစ္ေနပုံရသည္

ဟုတ္လည္းဟုတ္ပါသည္ ဒီ ၃ ႏွစ္တာအတြင္း ကိုယ္တိုင္ သတိထားမိသေလာက္ စိတ္အရမ္းၿငိမ္လာသည္ အရင္လို တဇြတ္ထိုးလုပ္တတ္တဲ့ ကေလးမ်ိဳးမဟုတ္ေတာ့ ၊ အရင္ကလို ပါးေဖာင္းေဖာင္းနဲ႔ ဘယ္အရာမဆိုအားနာတတ္တဲ့ ေပ်ာ့ညံ့ညံ့ ကေလးမ်ိဳးလည္းမဟုတ္ေတာ့ေပ

အ႐ြယ္ေရာက္လာတာနဲ႔အမွ် အသံေတြ ခႏၶာကိုယ္ေတြ မ်က္လုံးပုံစံေတြကအစေျပာင္းလဲသြားသည္

" ေခ်ာလာလိုက္တာ ၾကည့္စမ္း လူႀကီးႀကီးက်ေနတာပဲ "

ထိုေဆးခန္းတြင္ ဆရာဝန္ ႏွစ္ေယာက္နဲ႔ လက္ေထာက္ ဆရာမ တစ္ေယာက္ရွိသည္ ေဇေဇ ဆိုတဲ့နာမည္ၾကားတာနဲ႔တင္ က်န္တဲ့ ႏွစ္ေယာက္မွာလည္း ကြၽန္ေတာ့္ကိုၾကည့္ၿပီး တအံ့တၾသျဖစ္ေနၾကသည္

ေဆးခန္းလာျပတဲ့ဦးတည္ခ်က္မွာ ယာယီေပ်ာက္ကြယ္သြားၿပီး ေရွးေဟာင္းေႏွာင္းျဖစ္ေတြ ေျပာေနတာနဲ႔တင္ နာရီဝက္ေလာက္ၾကာသြားေတာ့သည္ ေနာက္ စကားျပတ္ေတာ့မွပဲ ေဆးထိုးေပးၿပီး ေသာက္ေဆးတစ္ခ်ိဳ႕ ေပးလိုက္ေပသည္

မေန႔ကေတာ့ သတၱိေမြးၿပီး မနက္ျဖန္မွာေတြ႕ရမယ့္ သူနဲ႔ရင္ဆိုင္ႏိုင္မယ့္ ခံစားခ်က္မ်ိဳး သိမ္းထားခဲ့ေပမယ့္ ဒီလိုပုံစံအတိုင္းသာဆို မသြားႏိုင္ေတာ့ပါ

နဂိုကတည္းက ဆရာကလည္းခ်ဴခ်ာတတ္တဲ့သူ
တစ္ခါဖ်ားၿပီဆို ေနာက္ဆက္တြဲေတြပါ ပါေနၾကမလို႔ အရင္ကတည္းက ကြၽန္ေတာ္ဖ်ားတဲ့ေန႔ေတြဆို ဆရာ့ကိုကူးမွာစိုးတာနဲ႔ သင္တန္းမသြားျဖစ္ခဲ့တဲ့ရက္ေတြ မ်ားသည္

အျပန္လမ္းမွာေတာ့ အေမက လက္ဖက္ရည္ဆိုင္ေရွ႕ ဆိုင္ကယ္ရပ္ၿပီး ကြၽန္ေတာ့္ကိုေစာင့္ခိုင္းရင္း သူကေတာ့ ဆိုင္ထဲဝင္သြားသည္

စကားဝိုင္းအသီးသီးနဲ႔ဆူညံေနတဲ့ ဆိုင္ေလးထဲေငးၾကည့္ရင္း အရင္ကအမွတ္တရတစ္ခုကို ေတြးမိၿပဳံးမိသြားသည္

ဆရာက လက္ဖက္ရည္အရမ္းႀကိဳက္သည္
အၿမဲတမ္း သူ႔အိမ္ေရွ႕ကဆိုင္ကေန ေသာက္ရင္ေသာက္ မဟုတ္ရင္ ၿမိဳ႕ထဲကဆိုင္ေတြမွာ ပတ္ထိုင္ေသာက္တတ္တဲ့သူ

အရင္က ကြၽန္ေတာ္က ေကာ္ဖီပဲေသာက္သည္
အိမ္က လက္ဖက္ရည္စမ္းေသာက္ၾကည့္ဖို႔ေျပာလဲ လက္ဖ်ားနဲ႔ေတာင္မတို႔ခဲ့တဲ့သူ

ကြၽန္ေတာ့္လိုလူကို လက္ဖက္ရည္စြဲသြားေအာင္ ဆရာက လုပ္ႏိုင္ခဲ့သည္ လူရႈပ္တဲ့ေနရာေတြ သေဘာမက်တဲ့ ကြၽန္ေတာ္က တစ္ခ်ိန္ကေတာ့ ဆရာနဲ႔အတူ လက္ဖက္ရည္ဆိုင္ေတြပတ္ထိုင္ဖူးခဲ့သည္

မၾကာလိုက္ပါ လက္ဖက္ရည္ထုပ္ႏွစ္ထုပ္နဲ႔အတူ ပဲပလာတာထုပ္ကို ဆြဲၿပီး ျပန္ထြက္လာသည္

အိမ္ျပန္လမ္းက အလာတုန္းကလို လမ္းမႀကီးေပၚက ျပန္ျခင္းမဟုတ္ ကံတရားက ကြၽန္ေတာ့္ကို ဘယ္ေလာက္ေတာင္ ဝမ္းနည္းေစခ်င္သလဲမသိ
တိုက္တိုက္ဆိုင္ဆိုင္ ေစ်းလမ္းကေန ေမာင္းေလသည္

ထိုေစ်းေထာင့္တြင္ လက္ဖက္ရည္ဆိုင္ငယ္ေလးရွိသည္ မ်က္ႏွာခ်င္းဆိုင္က ဆရာတို႔အိမ္...

ဒီေနရာ ဒီလမ္းဆုံက ကြၽန္ေတာ့္အတြက္ အိမ္မက္ဆိုးတစ္ခုလိုပင္

ဆရာ့မ်က္ဝန္းေတြကိုျမင္ဖို႔ သတၱိမရွိေသးေပမယ့္ ေနာက္ေက်ာေလးမ်ား ျမင္ရမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ လက္ဖက္ရည္ဆိုင္ထိမေရာက္တဲ့ လမ္းအေကြ႕မွာကို အဲ့ဒီအိမ္ေလးေရွ႕ ေငးၾကည့္မိေသးသည္

ဘာမွေတာ့အရာမထင္ခဲ့ပါ
တျဖည္းျဖည္းေဝးသြားတဲ့အကြာအေဝးနဲ႔အတူ ကြၽန္ေတာ့္အတြက္ အတိတ္ကာလဟာလည္း အေတြးထဲ ေနရာယူလာသည္

အညာေဒသေလးရဲ႕ ဒီေနရာ ဒီအိမ္ေလးေရွ႕မွာေ႐ြးခ်ယ္ခဲ့ရတဲ့ လမ္းဆုံေတြေၾကာင့္ ကြၽန္ေတာ္တို႔ မဆုံစည္းႏိုင္ခဲ့တာလား ဒါမွမဟုတ္ ကိုယ္စီသတၱိမရွိခဲ့ၾကတာလား

တစ္ခ်ိန္က ကြၽန္ေတာ့္ဘဝအတြက္ အေျဖရွာေပးခဲ့တဲ့သူ ၊ အခု ဒီေမးခြန္းအတြက္ေရာ ဆရာ့မွာ အေျဖရွိေနမလား ဒါမွမဟုတ္ ကြၽန္ေတာ့္လို ဆြံ႕အေနမလား ။





Continue Reading

You'll Also Like

360K 5K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
10.2K 303 13
ကိုကို ကျွန်တော့်ကို ချစ်လား? One Shot 💚 24.11.2022
7.7K 337 13
နှလုံးသားကစည်းချက်မှန်မှန်သတိပေးနေတယ် အလိမ်မခံရ၊ မလှည့်စားရ ပြီးတော့ အရေးကြီးဆုံးက "မောင်မချစ်ရ" တဲ့ ညှို့တတ်တဲ့ အပြုံးတွေထဲမှာ သေဆေးတစ်ခွက်များကပ်ငြ...
1.1M 84.8K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...