UNICODE
" နေဦး စဥ်းစားဦးမယ် မင်းကိုဘာနာမည်ပေးရမလဲ "
ထိုအမွေးစုတ်ဖွားနဲ့ရုပ်ဆိုးဆိုးကောင်အနားမှာ ပါပါးကကျကျနနထိုင်ချပြီး ပွတ်သပ်ကာပြောနေတာမလို့ အော်စကာလည်းပါပါးနားသွားလိုက်တယ် ။ ဒီကောင်က အမွေးတွေထူလဗျစ်နဲ့ အော်စကာ့ထက်တောင်အရပ်ရှည်ပြီး ထိုင်နေတာတောင် လျှာတထုတ်ထုတ်နဲ့ ပါပါးပွတ်သပ်ပေးတာငြိမ်ခံနေတာမလို့ အော်စကာကြည့်မရတော့ ။ ခုနကတည်းက ဒီကောင့်အနံ့ရသင့်တာကို ပါပါးချက်ထားတဲ့ပင်လယ်စာအနံ့တွေနဲ့ အော်စကာ့မှာကြိုတောင်မသိနိုင်ခဲ့ ။
အဲ့အတွက် ပါပါးအနားသွားပြီး ထိုကောင့်ကိုတစ်ပတ်ပတ်ပြီး အော်စကာလိုက်ကြည့်မိတယ် ။ ခြေလေးချောင်းရှိတာချင်းအတူတူ ဒီကောင်ကတော့အော်စကာ့ထက်အင်မတန်မှ ရုပ်ဆိုးလှပါသေးတယ် ။ နှုတ်သီးမဲမဲနဲ့ ပြုံးနေတဲ့ရုပ်ကြီးက အော်စကာကြည့်ဖူးတဲ့ကာတွန်ကားတွေထဲက အရမ်းဆိုးတဲ့ခွေးတွေအတိုင်း ချစ်မွှေးတစ်စက်မှမပါပါဘူး ။ အော်စကာသူ့ကိုပတ်ကြည့်နေမှန်းသိတော့ အဲ့ကောင်ကလည်း ခေါင်းလှည့်ပြီး အော်စကာ့ကိုပြန်ကြည့်နေတာမလို့ မာန်ဖီပြလိုက်တယ် ။ ဒီအိမ်မှာ အော်စကာကသာပါပါးတို့ရဲ့အချစ်တော်မလို့ နောက်မှရောက်တဲ့ကောင်ကို အော်စကာလုံးဝနေရာမပေးနိုင်ပါ ။
ဒီကောင့်အမွှေးတွေက ရှုပ်ပွနေတဲ့အပြင် အော်စကာ့လိုလည်း အနံ့အသက်မကောင်းတာမလို့ ခပ်ဝေးဝေးမှာသွားထိုင်ပြီး အော်စကာ့နှာခေါင်းပေါ် လက်တစ်ဖက်တင်ထားလိုက်တယ် ။ အဲ့အချိန်မှာပဲ သူ့အမွှေးတွေကြားကနေ ဖြတ်ခနဲ မြင်လိုက်ရတဲ့အရာကြောင့် အော်စကာ့မျက်လုံးလေးပိုဝိုင်းသွားရတယ် ။
* အထီးကြီးဟ *
အထီး အထီးချင်းမလို့ အော်စကာပိုလို့နေရာမပေးနိုင်ပါ ။ ဒါကြောင့်မလို့ ခုန်ပေါက်ရင်းပင် ပါပါးရဲ့အာရုံတွေ အော်စကာ့ဆီရောက်လာဖို့ ကြိုးစားလိုက်တယ် ။ ပါပါးရဲ့အချစ်ဆုံးလေးက ဒီမှာပါလို့ ။
" အော်စကာ ခုန်ပေါက်မနေနဲ့ လာဦး ဒီမှာ ကွတ်ကီးလေးနဲ့ လာမိတ်ဆက်လှည့် "
ကွတ်ကီး...ကွတ်ကီး...ကွတ်ကီးဆိုတဲ့နာမည်ကြောင့် အော်စကာပိုလို့စိတ်တိုရတယ် ။
* အခုပါပါးက ဒီကောင့်ကို ကွတ်ကီးလို့နာမည်ပေးလိုက်တာလား ဒီလောက်လှတဲ့နာမည်ကို ဘာလို့အဲ့ခွေးကောင်ကို ပေးရတာလဲ *
အော်စကာတွေးရင်းခုန်ပေါက်ရင်းပင် ပိုစိတ်တိုလာတာကြောင့် ဆိုဖာပေါ်ပါ ဟိုဘက်ဒီဘက်ပြေးလွှားနေမိတယ် ။ ပါပါးကလည်း ဘာလို့အဲ့ကောင်ကို အဲ့လောက်ကြီးပွတ်ပေးနေရတာလဲ ။ ဟိုကောင်ကလည်း ဘာလို့မျက်လုံးတောင်မှိတ်ပြီး ဇိမ်ခံနေတာလဲ ။
" အော်စကာ ! အခု ဒီကိုလာခဲ့ "
ခုန်ပေါက်ပြေးလွှားနေတဲ့အော်စကာ့ကို ရုတ်တရက်ဆိုသလိုပင် ပါပါးကအော်ပြီးခေါ်လာတာကြောင့် အော်စကာ့ကိုယ်လေးတုန်ခနဲ ။ တစ်ခါမှအော်စကာ့ကို အသံမာမာနဲ့မအော်ဖူးတဲ့ပါပါးက အခုတော့ ဟိုခွေးကောင်ကြောင့် အော်စကာ့ကိုအော်လိုက်တာမလို့ အော်စကာဝမ်းနည်းလာရတယ် ။ ဆိုဖာဘေးနားရပ်နေတဲ့ ဒယ်ဒီကလည်း ဘာမှဝင်မပြောပဲ ပါပါးကိုသာပြုံးပြုံးကြီးကြည့်နေတာမလို့ အော်စကာလည်းခေါင်းငိုက်စိုက်ကျလို့ ပါပါးနားတစ်လှမ်းချင်းလျှောက်သွားလိုက်တယ် ။
" အံ့ဘွယ် အော်စကာနဲ့ကွတ်ကီးမှာ အသက်ဘယ်သူပိုကြီးလဲ "
ပါပါးအနားရောက်တော့ ကြမ်းပြင်မှာဖြေးဖြေးချင်းဝပ်လိုက်ပေမယ့် ပါပါးကတော့အော်စကာ့ကိုမကြည့်ပဲ ဒယ်ဒီ့ကိုသာမေးခွန်းတွေမေးနေခဲ့တယ် ။
" ကွတ်ကီးကပိုကြီးတယ် မောင် ၊ ကွတ်ကီးက ၂နှစ်ခွဲရှိပြီ "
" ကြားလား အော်စကာ ကိုကိုကွတ်ကီးလို့မှတ်ထားနော် ကွတ်ကီးကအော်စကာ့ထက် ၃လလောက်ပိုကြီးတယ် "
ဒယ်ဒီ့စကားဆုံးတော့ ပါပါးကအော်စကာ့ဘက်လှည့်လာပြီး လက်ညှိုးလေးထောင်လို့သေချာမှာတယ် ။ အော်စကာကတော့ ပါပါးကိုမျက်လုံးလေးတစ်ချက်သာ ဝင့်ကြည့်ပြီးမျက်နှာလွှဲလိုက်တယ် ။
" အော်စကာ မတ်တပ်ရပ် ကွတ်ကီးကိုလက်ပေးလိုက် "
တစ်ချိန်တည်းပင်ပါပါးက အော်စကာ့ကိုအတင်းထခိုင်းပြီး ရုပ်ဆိုးကောင်နဲ့နှုတ်ဆက်ခိုင်းတယ် ။ အော်စကာလည်း မနှုတ်ဆက်ချင်ပေမယ့် ပါပါးလက်မလျှော့မှာသိနေတော့ ခပ်မြန်မြန်ပြီးသွားအောင် ကြည့်မရတဲ့ရုပ်ဆိုးကောင်ရှေ့သွားပြီး လက်လေးထုတ်လိုက်တယ် ။
" ကွတ်ကီးလေး ဒါလေးကအော်စကာလို့ခေါ်တယ် ကွတ်ကီးရဲ့ညီလေးပဲ "
ပါပါးစကားဆုံးတော့ အမွှေးထူရုပ်ဆိုးကောင်က သူ့လက်ကိုအော်စကာ့လက်ကိုလာတင်ပြီး မျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်နေတာကို အော်စကာမျက်လုံးထောင့်ကလှမ်းမြင်လိုက်ရတယ် ။ အော်စကာလည်း လှည့်မကြည့်ချင်ပေမယ့် ရုပ်ဆိုးကောင်ရဲ့အသက်ပါတဲ့အကြည့်တွေကြောင့် သူ့ဘက်လှည့်ပြီးအစွယ်တွေထုတ်ပြလိုက်တယ် ။
" ကျေးဇူးပါ အံ့ဘွယ် "
အော်စကာက အမွှေးထူကောင်ကိုမာန်ဖီနေတုန်းမှာပဲ ဒယ်ဒီကတော့ ပါပါးအနားအတင်းတိုးကပ်နေတာမလို့ အော်စကာလည်း နှစ်ယောက်ကြားသွားပြီး လက်နှစ်ဖက်ကိုသုံးလို့ဒယ်ဒီ့ကိုအဝေးတွန်းထုတ်နေမိတယ် ။ ဒယ်ဒီ့ကြောင့် ကွတ်ကီးဆိုတဲ့ကောင် ဒီကိုရောက်လာတာမလို့ ဒယ့်ဒီ့ကိုအော်စကာလုံးဝအမြင်မကြည့်ပါ ။
" အော်စကာ ဖယ်လိုက်အခု "
ဒယ်ဒီကတော့ ခါးထောက်လျက်ပင် အော်စကာ့ကိုအော်လိုက်တာမလို့ အော်စကာမာန်ဖီလိုက်တယ် ။ အော်စကာ့ကို အော်ရဲတယ်ပေါ့ ။
" အော်စကာ ပါပါးသားလေးကမဆိုးရဘူးလေ ဘေးမှာထိုင်ဦးနော် "
ပါပါးစကားကြောင့် အော်စကာလည်းမဖယ်ချင်ဖယ်ချင်နဲ့ ပါးပါးပေါ်ကဆင်းလို့ ကြမ်းခင်းမှာဝပ်နေလိုက်တယ် ။ အရေးထဲပင် ရုပ်ဆိုးကောင်ကအော်စကာ့ကိုလိုက်ကြည့်နေသေးတာမလို့ အစွယ်ဖွေးဖွေးတွေကိုလည်းထုတ်ပြရသေးတယ် ။ အဲ့တာတောင် အကြည့်မလွှဲသွားတဲ့အမွှေးထူကောင်ကြောင့် အော်စကာလည်းသူ့ဘက်ကိုဖင်ပေးထားလိုက်တယ် ။ ရုပ်ဆိုးကောင်နဲ့တော့ အော်စကာတို့က လုံးဝ(လုံးဝ) အကြည့်ချင်းမဆုံနိုင်ပါ ။
" မောင်သဘောကျတဲ့အရာတွေဆို ကိုယ်ကဖြည့်ဆည်းပေးမှာ အဓိကက မောင့်အပြုံးတွေမြင်ရဖို့ပဲ "
ဒယ်ဒီက ပါပါးရဲ့ပါးလေးကိုဖြစ်ညှစ်လို့ပြောနေတာမလို့ အော်စကာတောင် ဇနီးချောချောလေးတစ်ယောက်လိုချင်သွားရတယ် ။ အော်စကာသာ ကျုံးဘေးမှာမြင်နေကျ အမွှေးဖွားဖွားနဲ့ခွေးမလေးကိုသာရခဲ့ရင် နေ့တိုင်းအရိုးတွေရှာပေးမယ် စားချင်တာတွေရှာကျွေးမယ် နူးညံ့တဲ့အခင်းလေးပေါ်မှာပဲသူ့ကိုအိပ်ခိုင်းမယ် ချစ်ရတဲ့ခွေးမလေးနဲ့ ခရီးတွေထွက်ပစ်မယ် ။ သေချာတာကတော့ အော်စကာက ဒယ်ဒီ့လို ယောကျာ်းကောင်းတစ်ယောက်ဖြစ်ကိုဖြစ်ရမယ် ။
" လိမ္မာလိုက်တာ အံ့ဘွယ်လေးက "
ရှိုင်းမြင့်မြတ်မောင်က ချစ်ရတဲ့အံ့ဘွယ်ရဲ့ခါးကိုတင်းတင်းကြပ်ကြပ်ဖက်လို့ ပြောလိုက်တယ် ။ သူ့ဘဝရဲ့ အမှန်ဆုံးသောဆုံးဖြတ်ချက်တစ်ခုက အံ့ဘွယ်ထွဋ်ခေါင်ရဲ့လက်ကို ယုံယုံကြည်ကြည်ဆုပ်ကိုင်ခဲ့ခြင်းပါပဲ ။ မျိုးတူယောကျာ်းသားချင်းဖြစ်တာတောင် အံ့ဘွယ်ကသူ့အတွက် အစ်ကိုတစ်ယောက်လို အဖေတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို နောက်ဆုံးအိမ်ထောင်ဦးစီးတစ်ယောက်လိုပါ အဖက်ဖက်ကပြည့်ပြည့်စုံစုံထားပေးခဲ့တယ် ။ ဒါကြောင့်မလို့ သူ့ဘဝရဲ့နေ့ရက်တွေဟာ အံ့ဘွယ်ထွဋ်ခေါင်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ လုံလုံခြုံခြုံ စိတ်ချမ်းချမ်းသာသာတည်ရှိနေရတယ် ။
" ဒါဆို ကိုယ့်ကိုဒီညဆုချ မောင် "
ဆုချဆိုတဲ့စကားကြောင့် ရှိုင်းမြင့်မြတ်မောင် နှာခေါင်းရှုံ့လိုက်တယ် ။ သူနည်းနည်းလေးချစ်ကြောင်းမပြောလိုက်နဲ့ ၊ အံ့ဘွယ်ထွဋ်ခေါင်ဆိုတဲ့ကောင်က ဆုတစ်ခုခုအမြဲတောင်းတတ်တယ် ။ သူဆိုတဲ့ ရှိုင်းမြင့်မြတ်မောင်နဲ့ အံ့ဘွယ်ထွဋ်ခေါင်ဆိုတဲ့ သူ့ရဲ့အမျိုးသားတို့က အချင်းချင်း ကာမပိုင်အမျိုးသားတွေဖြစ်ကြပေမယ့် အခုထိ ပါးလေးနမ်းဖို့ကအစ မောင့်ပါးလေးနမ်းချင်လိုက်တာလို့ အရင်ပြောတတ်တဲ့ အံ့ဘွယ်ထွဋ်ခေါင်ကို သူသိပ်မြတ်နိုးရပါတယ် ။
" အံ့ဘွယ် ငါတို့က အိမ်ထောင်တစ်ခုတည်ဆောက်ထားတာမလို့ ငါကမင်းအပိုင်ဖြစ်သလို မင်းကလည်းငါ့အပိုင်နော် "
" ကိုယ်ကတော့ ကိုယ့်ယောကျာ်းလေးစိတ်သဘောမပါရင် ကိုယ့်ဆန္ဒကိုရှေ့တန်းတင်မယ့်အစား ချိုးနှိမ်လိုက်မယ် မောင် "
အံ့ဘွယ်ကသူ့ကိုတင်းတင်းကြပ်ကြပ်ပြန်ဖက်လို့ပြောတော့ သူ မသိမသာပြုံးလိုက်တယ် ။ သူငယ်ချင်းတစ်ဖြစ်လဲ အမျိုးသားတစ်ဖြစ်လဲ အံ့ဘွယ်ထွဋ်ခေါင်ဆိုတဲ့ကောင်က သူ့အတွက်တော့ ချစ်မွှေးကြီးပါပဲ ။
" ဒါဆို ညစာအရင်စားရအောင် ရေချိုးပြီးဆင်းခဲ့လိုက် ဟင်းတွေပြန်နွှေးထားလိုက်မယ် "
ပြောပြီးချက်ချင်းဆိုသလို အံ့ဘွယ်ရဲ့ရင်ခွင်ထဲကနေ ထွက်ခဲ့လိုက်တယ် ။ ထို့နောက်မှာတော့ သူချက်ထားတဲ့ပင်လယ်စာတွေကို အပူပြန်ပေးပြီး အော်စကာနဲ့ အိမ်သားအသစ်လေး ကွတ်ကီးအတွက်ပါ ညစာပြင်ပေးလိုက်တယ် ။
" မောင် ဝိုင်သောက်ဦးမလား "
ရေချိုးပြီးပြန်ဆင်းလာတဲ့ အံ့ဘွယ်က သူ့ခါးကိုအနောက်ကနေသိုင်းဖက်ပြီး သူ့နှုတ်ခမ်းကလည်းရှိုင်းမြင့်မြတ်မောင်ရဲ့ နားအနောက်ဘက်မှာ ရစ်သိုင်းနေတယ် ။ ဒီကောင်ကိုဘာကိုဓါတ်ကျနေလည်းမသိပေမယ့် သူ့နားရစ်သီရစ်သီနဲ့မထိတထိလုပ်ရတာကို သိပ်သဘောကျတာ ။
" မသောက်ဘူး မင်းကမူးရင်ထိုးအိပ်တော့တာ "
" မူးလည်း ကိုယ်ကလုပ်စရာရှိတာလုပ်ပြီးမှ အိပ်တတ်တာပါကွာ ၊ ကိုယ့်အလုပ်တွေမပြီးပဲ ဘယ်တုန်းကအိပ်ဖူးလို့လဲ ဟုတ်တယ်မလား ယောကျာ်းလေး "
ကိုယ်ကတမင်စပြီးပြောလိုက်ပေမယ့် အံ့ဘွယ်ထွဋ်ခေါင်ဆိုတဲ့ကောင်ကတော့ နားမရှက်အောင်ပြောနေတာမလို့ တံတောင်နဲ့တွန်းထုတ်လိုက်တယ် ။
" ယောကျာ်းလေးဆိုတော့ ယောကျာ်းကြီးရှိသေးတာလား "
" ရှိတယ်လေ ဒီမှာ ကိုယ့်ရှေ့က ရှိုင်းမြင့်မြတ်မောင်တဲ့ "
လက်နဲ့ပါဟန်အမူအရာပြပြီး ပြောနေတဲ့ကောင်ကို ရှိုင်းမြင့်မြတ်မောင်လည်း ပုခုံးနဲ့ယှဥ်တိုက်ပြီး ပန်းကန်ထဲခပ်ထည့်ထားတဲ့ဟင်းပွဲတွေကို စားပွဲပေါ်သွားချလိုက်တယ် ။
" အော်စကာ ကွတ်ကီးကိုခေါ်ပြီး ထမင်းလာစားမယ် "
ဟင်းပွဲတွေအကုန်ချပြီးတော့ အရှေ့ကသားနှစ်ယောက်ကိုပါခေါ်ပြီး သူတို့သုံးယောက်နဲ့ အနေစိမ်းနေသေးတဲ့ကွတ်ကီးကို အော်စကာရဲ့အစာခွက်နားလေးဆီ နေရာချထားပေးလိုက်တယ် ။ တစ်ဖက်မှာလည်း အော်စကာက မီးဖိုခန်းကပါပါးဆီကအော်သံကြားတာနဲ့ အနားကိုတန်းပြေးသွားလိုက်တယ် ။ အနောက်ကရုပ်ဆိုးကောင်ကတော့ အော်စကာ့နောက်ကနေ တစ်လှမ်းချင်းလှုပ်စိလှုပ်စိလိုက်လာတာမလို့ အဲ့ကောင်က သူ့ကိုယ်သူမင်းသားထင်နေလားတော့မသိပါ ။ အဲ့နောက်မှာတော့ အော်စကာက ကိုယ်ပိုင်အပြာရောင်အစာခွက်လေးဆီ တန်းတန်းမတ်မတ်သွားပြီးစားလိုက်တယ် ။ ဒါပေမယ့် အော်စကာ့အတွက်ညစာဟာ ပုံမှန်ထက်ပိုများနေတာကိုတော့ အော်စကာသတိထားလိုက်မိတယ် ။
" အော်စကာ ပါပါးကလေ ပန်းကန်အပိုမဝယ်ရသေးလို့ ဒီတစ်ညကွတ်ကီးလေးနဲ့အတူစားနော် "
ပါပါးချက်ပေးထားတဲ့ထမင်းရယ် ဖရုံသီးရယ် အသားတွေရယ်ကို အားရပါးရစားနေတုန်း ပါပါးဆီကစကားသံကြောင့် အော်စကာစားလက်စကြက်သားတုန်းလေးဟာ နှုတ်ခမ်းဝမှာတင် ဘုတ်ခနဲပြန်ပြုတ်ကျရတယ် ။ အခုပါပါးကအော်စကာ့ကို ဒီအမွှေးထူကောင်နဲ့ တစ်ပန်းကန်တည်းစားခိုင်းနေတာလား ။
" နော် ပါပါးရဲ့ချစ်သားလေး "
ပါပါးစကားကြောင့် အော်စကာ့နှလုံးသားလေးဟာ ဟိုးအမြင့်ကြီးကနေပြုတ်ကျသွားသလို ခံစားလိုက်ရတယ် ။
* ပါပါးကလူလိမ် ခုနကကျဒယ်ဒီ့ကိုချစ်နေပြီး အော်စကာ့ကိုညာခိုင်းချင်ရင်တော့ ချစ်သားလေးတဲ့ *
တွေးနေရင်းပင် အော်စကာလည်းထမင်းနည်းနည်းထပ်စားလိုက်ပြီး ပါပါးစကားအတိုင်း အော်စကာ့ရဲ့အစာခွက်လေးကို အမွှေးထူရှေ့တွန်းပို့ပေးလိုက်တယ် ။ အဲ့အချိန်မှ ပါပါးကလည်းအော်စကာ့ခေါင်းလေးကိုတစ်ချက်ပုတ်ကာ အလိမ္မာလေးလို့ပြောပြီး ဒယ်ဒီနဲ့အတူညစာစားကြတယ် ။ ရှေ့ကအမွှေးထူကောင်ကတော့ ပါပါးထသွားတာနဲ့ အော်စကာ့ကိုသူ့မျက်လုံးဝိုင်းကြီးတွေနဲ့ မကြည့်ရဲကြည့်ရဲတစ်ချက်လှမ်းကြည့်ပြီး အစာခွက်ထဲက ထမင်းတွေဟင်းတွေကို အားပါတရစားတော့တယ် ။ အော်စကာကတော့ သူ့ကိုထိုင်ကြည့်နေရင်း ကြက်သားတုံးတွေအားရပါးရစားနေတာမြင်တိုင်း ငါ့ကြက်သားတုံးတွေလို့တွေးပြီး နှမြောတသနဲ့ လျှာလေးသပ်နေရတယ် ။
သူ့ဘဝလေးဟာ အမွှေးထူကောင်ရောက်လာတာနဲ့ အရာရာကိုခွဲဝေပေးခဲ့ရပြီ ။ ကြက်သားတုံးကနေစလို့ ဘယ်အထိခွဲဝေပေးရမလဲမသိပေမယ့် သူပိုင်တာတွေကို တဖြေးဖြေးဝါးမြိုနေတဲ့အမွှေးထူကောင်ကွတ်ကီးကိုတော့ အော်စကာသိပ်မုန်းပါတယ် ။
🌹ကြေးမှုံ
ZAWGYI
" ေနဦး စဥ္းစားဦးမယ္ မင္းကိုဘာနာမည္ေပးရမလဲ "
ထိုအေမြးစုတ္ဖြားနဲ႔႐ုပ္ဆိုးဆိုးေကာင္အနားမွာ ပါပါးကက်က်နနထိုင္ခ်ၿပီး ပြတ္သပ္ကာေျပာေနတာမလို႔ ေအာ္စကာလည္းပါပါးနားသြားလိုက္တယ္ ။ ဒီေကာင္က အေမြးေတြထူလဗ်စ္နဲ႔ ေအာ္စကာ့ထက္ေတာင္အရပ္႐ွည္ၿပီး ထိုင္ေနတာေတာင္ လွ်ာတထုတ္ထုတ္နဲ႔ ပါပါးပြတ္သပ္ေပးတာၿငိမ္ခံေနတာမလို႔ ေအာ္စကာၾကည့္မရေတာ့ ။ ခုနကတည္းက ဒီေကာင့္အနံ႔ရသင့္တာကို ပါပါးခ်က္ထားတဲ့ပင္လယ္စာအနံ႔ေတြနဲ႔ ေအာ္စကာ့မွာႀကိဳေတာင္မသိႏိုင္ခဲ့ ။
အဲ့အတြက္ ပါပါးအနားသြားၿပီး ထိုေကာင့္ကိုတစ္ပတ္ပတ္ၿပီး ေအာ္စကာလိုက္ၾကည့္မိတယ္ ။ ေျခေလးေခ်ာင္း႐ွိတာခ်င္းအတူတူ ဒီေကာင္ကေတာ့ေအာ္စကာ့ထက္အင္မတန္မွ ႐ုပ္ဆိုးလွပါေသးတယ္ ။ ႏႈတ္သီးမဲမဲနဲ႔ ျပဳံးေနတဲ့႐ုပ္ႀကီးက ေအာ္စကာၾကည့္ဖူးတဲ့ကာတြန္ကားေတြထဲက အရမ္းဆိုးတဲ့ေခြးေတြအတိုင္း ခ်စ္ေမႊးတစ္စက္မွမပါပါဘူး ။ ေအာ္စကာသူ႕ကိုပတ္ၾကည့္ေနမွန္းသိေတာ့ အဲ့ေကာင္ကလည္း ေခါင္းလွည့္ၿပီး ေအာ္စကာ့ကိုျပန္ၾကည့္ေနတာမလို႔ မာန္ဖီျပလိုက္တယ္ ။ ဒီအိမ္မွာ ေအာ္စကာကသာပါပါးတို႔ရဲ႕အခ်စ္ေတာ္မလို႔ ေနာက္မွေရာက္တဲ့ေကာင္ကို ေအာ္စကာလုံးဝေနရာမေပးႏိုင္ပါ ။
ဒီေကာင့္အေမႊးေတြက ႐ႈပ္ပြေနတဲ့အျပင္ ေအာ္စကာ့လိုလည္း အနံ႔အသက္မေကာင္းတာမလို႔ ခပ္ေဝးေဝးမွာသြားထိုင္ၿပီး ေအာ္စကာ့ႏွာေခါင္းေပၚ လက္တစ္ဖက္တင္ထားလိုက္တယ္ ။ အဲ့အခ်ိန္မွာပဲ သူ႕အေမႊးေတြၾကားကေန ျဖတ္ခနဲ ျမင္လိုက္ရတဲ့အရာေၾကာင့္ ေအာ္စကာ့မ်က္လုံးေလးပိုဝိုင္းသြားရတယ္ ။
* အထီးႀကီးဟ *
အထီး အထီးခ်င္းမလို႔ ေအာ္စကာပိုလို႔ေနရာမေပးႏိုင္ပါ ။ ဒါေၾကာင့္မလို႔ ခုန္ေပါက္ရင္းပင္ ပါပါးရဲ႕အာ႐ုံေတြ ေအာ္စကာ့ဆီေရာက္လာဖို႔ ႀကိဳးစားလိုက္တယ္ ။ ပါပါးရဲ႕အခ်စ္ဆုံးေလးက ဒီမွာပါလို႔ ။
" ေအာ္စကာ ခုန္ေပါက္မေနနဲ႔ လာဦး ဒီမွာ ကြတ္ကီးေလးနဲ႔ လာမိတ္ဆက္လွည့္ "
ကြတ္ကီး...ကြတ္ကီး...ကြတ္ကီးဆိုတဲ့နာမည္ေၾကာင့္ ေအာ္စကာပိုလို႔စိတ္တိုရတယ္ ။
* အခုပါပါးက ဒီေကာင့္ကို ကြတ္ကီးလို႔နာမည္ေပးလိုက္တာလား ဒီေလာက္လွတဲ့နာမည္ကို ဘာလို႔အဲ့ေခြးေကာင္ကို ေပးရတာလဲ *
ေအာ္စကာေတြးရင္းခုန္ေပါက္ရင္းပင္ ပိုစိတ္တိုလာတာေၾကာင့္ ဆိုဖာေပၚပါ ဟိုဘက္ဒီဘက္ေျပးလႊားေနမိတယ္ ။ ပါပါးကလည္း ဘာလို႔အဲ့ေကာင္ကို အဲ့ေလာက္ႀကီးပြတ္ေပးေနရတာလဲ ။ ဟိုေကာင္ကလည္း ဘာလို႔မ်က္လုံးေတာင္မွိတ္ၿပီး ဇိမ္ခံေနတာလဲ ။
" ေအာ္စကာ ! အခု ဒီကိုလာခဲ့ "
ခုန္ေပါက္ေျပးလႊားေနတဲ့ေအာ္စကာ့ကို ႐ုတ္တရက္ဆိုသလိုပင္ ပါပါးကေအာ္ၿပီးေခၚလာတာေၾကာင့္ ေအာ္စကာ့ကိုယ္ေလးတုန္ခနဲ ။ တစ္ခါမွေအာ္စကာ့ကို အသံမာမာနဲ႔မေအာ္ဖူးတဲ့ပါပါးက အခုေတာ့ ဟိုေခြးေကာင္ေၾကာင့္ ေအာ္စကာ့ကိုေအာ္လိုက္တာမလို႔ ေအာ္စကာဝမ္းနည္းလာရတယ္ ။ ဆိုဖာေဘးနားရပ္ေနတဲ့ ဒယ္ဒီကလည္း ဘာမွဝင္မေျပာပဲ ပါပါးကိုသာျပဳံးျပဳံးႀကီးၾကည့္ေနတာမလို႔ ေအာ္စကာလည္းေခါင္းငိုက္စိုက္က်လို႔ ပါပါးနားတစ္လွမ္းခ်င္းေလွ်ာက္သြားလိုက္တယ္ ။
" အံ့ဘြယ္ ေအာ္စကာနဲ႔ကြတ္ကီးမွာ အသက္ဘယ္သူပိုႀကီးလဲ "
ပါပါးအနားေရာက္ေတာ့ ၾကမ္းျပင္မွာေျဖးေျဖးခ်င္းဝပ္လိုက္ေပမယ့္ ပါပါးကေတာ့ေအာ္စကာ့ကိုမၾကည့္ပဲ ဒယ္ဒီ့ကိုသာေမးခြန္းေတြေမးေနခဲ့တယ္ ။
" ကြတ္ကီးကပိုႀကီးတယ္ ေမာင္ ၊ ကြတ္ကီးက ၂ႏွစ္ခြဲ႐ွိၿပီ "
" ၾကားလား ေအာ္စကာ ကိုကိုကြတ္ကီးလို႔မွတ္ထားေနာ္ ကြတ္ကီးကေအာ္စကာ့ထက္ ၃လေလာက္ပိုႀကီးတယ္ "
ဒယ္ဒီ့စကားဆုံးေတာ့ ပါပါးကေအာ္စကာ့ဘက္လွည့္လာၿပီး လက္ညိႇဳးေလးေထာင္လို႔ေသခ်ာမွာတယ္ ။ ေအာ္စကာကေတာ့ ပါပါးကိုမ်က္လုံးေလးတစ္ခ်က္သာ ဝင့္ၾကည့္ၿပီးမ်က္ႏွာလႊဲလိုက္တယ္ ။
" ေအာ္စကာ မတ္တပ္ရပ္ ကြတ္ကီးကိုလက္ေပးလိုက္ "
တစ္ခ်ိန္တည္းပင္ပါပါးက ေအာ္စကာ့ကိုအတင္းထခိုင္းၿပီး ႐ုပ္ဆိုးေကာင္နဲ႔ႏႈတ္ဆက္ခိုင္းတယ္ ။ ေအာ္စကာလည္း မႏႈတ္ဆက္ခ်င္ေပမယ့္ ပါပါးလက္မေလွ်ာ့မွာသိေနေတာ့ ခပ္ျမန္ျမန္ၿပီးသြားေအာင္ ၾကည့္မရတဲ့႐ုပ္ဆိုးေကာင္ေ႐ွ႕သြားၿပီး လက္ေလးထုတ္လိုက္တယ္ ။
" ကြတ္ကီးေလး ဒါေလးကေအာ္စကာလို႔ေခၚတယ္ ကြတ္ကီးရဲ႕ညီေလးပဲ "
ပါပါးစကားဆုံးေတာ့ အေမႊးထူ႐ုပ္ဆိုးေကာင္က သူ႕လက္ကိုေအာ္စကာ့လက္ကိုလာတင္ၿပီး မ်က္လုံးဝိုင္းႀကီးေတြနဲ႔ ၾကည့္ေနတာကို ေအာ္စကာမ်က္လုံးေထာင့္ကလွမ္းျမင္လိုက္ရတယ္ ။ ေအာ္စကာလည္း လွည့္မၾကည့္ခ်င္ေပမယ့္ ႐ုပ္ဆိုးေကာင္ရဲ႕အသက္ပါတဲ့အၾကည့္ေတြေၾကာင့္ သူ႕ဘက္လွည့္ၿပီးအစြယ္ေတြထုတ္ျပလိုက္တယ္ ။
" ေက်းဇူးပါ အံ့ဘြယ္ "
ေအာ္စကာက အေမႊးထူေကာင္ကိုမာန္ဖီေနတုန္းမွာပဲ ဒယ္ဒီကေတာ့ ပါပါးအနားအတင္းတိုးကပ္ေနတာမလို႔ ေအာ္စကာလည္း ႏွစ္ေယာက္ၾကားသြားၿပီး လက္ႏွစ္ဖက္ကိုသုံးလို႔ဒယ္ဒီ့ကိုအေဝးတြန္းထုတ္ေနမိတယ္ ။ ဒယ္ဒီ့ေၾကာင့္ ကြတ္ကီးဆိုတဲ့ေကာင္ ဒီကိုေရာက္လာတာမလို႔ ဒယ့္ဒီ့ကိုေအာ္စကာလုံးဝအျမင္မၾကည့္ပါ ။
" ေအာ္စကာ ဖယ္လိုက္အခု "
ဒယ္ဒီကေတာ့ ခါးေထာက္လ်က္ပင္ ေအာ္စကာ့ကိုေအာ္လိုက္တာမလို႔ ေအာ္စကာမာန္ဖီလိုက္တယ္ ။ ေအာ္စကာ့ကို ေအာ္ရဲတယ္ေပါ့ ။
" ေအာ္စကာ ပါပါးသားေလးကမဆိုးရဘူးေလ ေဘးမွာထိုင္ဦးေနာ္ "
ပါပါးစကားေၾကာင့္ ေအာ္စကာလည္းမဖယ္ခ်င္ဖယ္ခ်င္နဲ႔ ပါးပါးေပၚကဆင္းလို႔ ၾကမ္းခင္းမွာဝပ္ေနလိုက္တယ္ ။ အေရးထဲပင္ ႐ုပ္ဆိုးေကာင္ကေအာ္စကာ့ကိုလိုက္ၾကည့္ေနေသးတာမလို႔ အစြယ္ေဖြးေဖြးေတြကိုလည္းထုတ္ျပရေသးတယ္ ။ အဲ့တာေတာင္ အၾကည့္မလႊဲသြားတဲ့အေမႊးထူေကာင္ေၾကာင့္ ေအာ္စကာလည္းသူ႕ဘက္ကိုဖင္ေပးထားလိုက္တယ္ ။ ႐ုပ္ဆိုးေကာင္နဲ႔ေတာ့ ေအာ္စကာတို႔က လုံးဝ(လုံးဝ) အၾကည့္ခ်င္းမဆုံႏိုင္ပါ ။
" ေမာင္သေဘာက်တဲ့အရာေတြဆို ကိုယ္ကျဖည့္ဆည္းေပးမွာ အဓိကက ေမာင့္အျပဳံးေတြျမင္ရဖို႔ပဲ "
ဒယ္ဒီက ပါပါးရဲ႕ပါးေလးကိုျဖစ္ညႇစ္လို႔ေျပာေနတာမလို႔ ေအာ္စကာေတာင္ ဇနီးေခ်ာေခ်ာေလးတစ္ေယာက္လိုခ်င္သြားရတယ္ ။ ေအာ္စကာသာ က်ံဳးေဘးမွာျမင္ေနက် အေမႊးဖြားဖြားနဲ႔ေခြးမေလးကိုသာရခဲ့ရင္ ေန႔တိုင္းအ႐ိုးေတြ႐ွာေပးမယ္ စားခ်င္တာေတြ႐ွာေကြၽးမယ္ ႏူးညံ့တဲ့အခင္းေလးေပၚမွာပဲသူ႕ကိုအိပ္ခိုင္းမယ္ ခ်စ္ရတဲ့ေခြးမေလးနဲ႔ ခရီးေတြထြက္ပစ္မယ္ ။ ေသခ်ာတာကေတာ့ ေအာ္စကာက ဒယ္ဒီ့လို ေယာက်ာ္းေကာင္းတစ္ေယာက္ျဖစ္ကိုျဖစ္ရမယ္ ။
" လိမၼာလိုက္တာ အံ့ဘြယ္ေလးက "
႐ိႈင္းျမင့္ျမတ္ေမာင္က ခ်စ္ရတဲ့အံ့ဘြယ္ရဲ႕ခါးကိုတင္းတင္းၾကပ္ၾကပ္ဖက္လို႔ ေျပာလိုက္တယ္ ။ သူ႕ဘဝရဲ႕ အမွန္ဆုံးေသာဆုံးျဖတ္ခ်က္တစ္ခုက အံ့ဘြယ္ထြဋ္ေခါင္ရဲ႕လက္ကို ယုံယုံၾကည္ၾကည္ဆုပ္ကိုင္ခဲ့ျခင္းပါပဲ ။ မ်ိဳးတူေယာက်ာ္းသားခ်င္းျဖစ္တာေတာင္ အံ့ဘြယ္ကသူ႕အတြက္ အစ္ကိုတစ္ေယာက္လို အေဖတစ္ေယာက္လို သူငယ္ခ်င္းတစ္ေယာက္လို ေနာက္ဆုံးအိမ္ေထာင္ဦးစီးတစ္ေယာက္လိုပါ အဖက္ဖက္ကျပည့္ျပည့္စုံစုံထားေပးခဲ့တယ္ ။ ဒါေၾကာင့္မလို႔ သူ႕ဘဝရဲ႕ေန႔ရက္ေတြဟာ အံ့ဘြယ္ထြဋ္ေခါင္ရဲ႕ခ်စ္ျခင္းေမတၱာေတြနဲ႔ လုံလုံျခဳံျခဳံ စိတ္ခ်မ္းခ်မ္းသာသာတည္႐ွိေနရတယ္ ။
" ဒါဆို ကိုယ့္ကိုဒီညဆုခ် ေမာင္ "
ဆုခ်ဆိုတဲ့စကားေၾကာင့္ ႐ိႈင္းျမင့္ျမတ္ေမာင္ ႏွာေခါင္း႐ႈံ႕လိုက္တယ္ ။ သူနည္းနည္းေလးခ်စ္ေၾကာင္းမေျပာလိုက္နဲ႔ ၊ အံ့ဘြယ္ထြဋ္ေခါင္ဆိုတဲ့ေကာင္က ဆုတစ္ခုခုအၿမဲေတာင္းတတ္တယ္ ။ သူဆိုတဲ့ ႐ိႈင္းျမင့္ျမတ္ေမာင္နဲ႔ အံ့ဘြယ္ထြဋ္ေခါင္ဆိုတဲ့ သူ႕ရဲ႕အမ်ိဳးသားတို႔က အခ်င္းခ်င္း ကာမပိုင္အမ်ိဳးသားေတြျဖစ္ၾကေပမယ့္ အခုထိ ပါးေလးနမ္းဖို႔ကအစ ေမာင့္ပါးေလးနမ္းခ်င္လိုက္တာလို႔ အရင္ေျပာတတ္တဲ့ အံ့ဘြယ္ထြဋ္ေခါင္ကို သူသိပ္ျမတ္ႏိုးရပါတယ္ ။
" အံ့ဘြယ္ ငါတို႔က အိမ္ေထာင္တစ္ခုတည္ေဆာက္ထားတာမလို႔ ငါကမင္းအပိုင္ျဖစ္သလို မင္းကလည္းငါ့အပိုင္ေနာ္ "
" ကိုယ္ကေတာ့ ကိုယ့္ေယာက်ာ္းေလးစိတ္သေဘာမပါရင္ ကိုယ့္ဆႏၵကိုေ႐ွ႕တန္းတင္မယ့္အစား ခ်ိဳးႏွိမ္လိုက္မယ္ ေမာင္ "
အံ့ဘြယ္ကသူ႕ကိုတင္းတင္းၾကပ္ၾကပ္ျပန္ဖက္လို႔ေျပာေတာ့ သူ မသိမသာျပဳံးလိုက္တယ္ ။ သူငယ္ခ်င္းတစ္ျဖစ္လဲ အမ်ိဳးသားတစ္ျဖစ္လဲ အံ့ဘြယ္ထြဋ္ေခါင္ဆိုတဲ့ေကာင္က သူ႕အတြက္ေတာ့ ခ်စ္ေမႊးႀကီးပါပဲ ။
" ဒါဆို ညစာအရင္စားရေအာင္ ေရခ်ိဳးၿပီးဆင္းခဲ့လိုက္ ဟင္းေတြျပန္ေႏႊးထားလိုက္မယ္ "
ေျပာၿပီးခ်က္ခ်င္းဆိုသလို အံ့ဘြယ္ရဲ႕ရင္ခြင္ထဲကေန ထြက္ခဲ့လိုက္တယ္ ။ ထို႔ေနာက္မွာေတာ့ သူခ်က္ထားတဲ့ပင္လယ္စာေတြကို အပူျပန္ေပးၿပီး ေအာ္စကာနဲ႔ အိမ္သားအသစ္ေလး ကြတ္ကီးအတြက္ပါ ညစာျပင္ေပးလိုက္တယ္ ။
" ေမာင္ ဝိုင္ေသာက္ဦးမလား "
ေရခ်ိဳးၿပီးျပန္ဆင္းလာတဲ့ အံ့ဘြယ္က သူ႕ခါးကိုအေနာက္ကေနသိုင္းဖက္ၿပီး သူ႕ႏႈတ္ခမ္းကလည္း႐ိႈင္းျမင့္ျမတ္ေမာင္ရဲ႕ နားအေနာက္ဘက္မွာ ရစ္သိုင္းေနတယ္ ။ ဒီေကာင္ကိုဘာကိုဓါတ္က်ေနလည္းမသိေပမယ့္ သူ႕နားရစ္သီရစ္သီနဲ႔မထိတထိလုပ္ရတာကို သိပ္သေဘာက်တာ ။
" မေသာက္ဘူး မင္းကမူးရင္ထိုးအိပ္ေတာ့တာ "
" မူးလည္း ကိုယ္ကလုပ္စရာ႐ွိတာလုပ္ၿပီးမွ အိပ္တတ္တာပါကြာ ၊ ကိုယ့္အလုပ္ေတြမၿပီးပဲ ဘယ္တုန္းကအိပ္ဖူးလို႔လဲ ဟုတ္တယ္မလား ေယာက်ာ္းေလး "
ကိုယ္ကတမင္စၿပီးေျပာလိုက္ေပမယ့္ အံ့ဘြယ္ထြဋ္ေခါင္ဆိုတဲ့ေကာင္ကေတာ့ နားမ႐ွက္ေအာင္ေျပာေနတာမလို႔ တံေတာင္နဲ႔တြန္းထုတ္လိုက္တယ္ ။
" ေယာက်ာ္းေလးဆိုေတာ့ ေယာက်ာ္းႀကီး႐ွိေသးတာလား "
" ႐ွိတယ္ေလ ဒီမွာ ကိုယ့္ေ႐ွ႕က ႐ိႈင္းျမင့္ျမတ္ေမာင္တဲ့ "
လက္နဲ႔ပါဟန္အမူအရာျပၿပီး ေျပာေနတဲ့ေကာင္ကို ႐ိႈင္းျမင့္ျမတ္ေမာင္လည္း ပုခုံးနဲ႔ယွဥ္တိုက္ၿပီး ပန္းကန္ထဲခပ္ထည့္ထားတဲ့ဟင္းပြဲေတြကို စားပြဲေပၚသြားခ်လိုက္တယ္ ။
" ေအာ္စကာ ကြတ္ကီးကိုေခၚၿပီး ထမင္းလာစားမယ္ "
ဟင္းပြဲေတြအကုန္ခ်ၿပီးေတာ့ အေ႐ွ႕ကသားႏွစ္ေယာက္ကိုပါေခၚၿပီး သူတို႔သုံးေယာက္နဲ႔ အေနစိမ္းေနေသးတဲ့ကြတ္ကီးကို ေအာ္စကာရဲ႕အစာခြက္နားေလးဆီ ေနရာခ်ထားေပးလိုက္တယ္ ။ တစ္ဖက္မွာလည္း ေအာ္စကာက မီးဖိုခန္းကပါပါးဆီကေအာ္သံၾကားတာနဲ႔ အနားကိုတန္းေျပးသြားလိုက္တယ္ ။ အေနာက္က႐ုပ္ဆိုးေကာင္ကေတာ့ ေအာ္စကာ့ေနာက္ကေန တစ္လွမ္းခ်င္းလႈပ္စိလႈပ္စိလိုက္လာတာမလို႔ အဲ့ေကာင္က သူ႕ကိုယ္သူမင္းသားထင္ေနလားေတာ့မသိပါ ။ အဲ့ေနာက္မွာေတာ့ ေအာ္စကာက ကိုယ္ပိုင္အျပာေရာင္အစာခြက္ေလးဆီ တန္းတန္းမတ္မတ္သြားၿပီးစားလိုက္တယ္ ။ ဒါေပမယ့္ ေအာ္စကာ့အတြက္ညစာဟာ ပုံမွန္ထက္ပိုမ်ားေနတာကိုေတာ့ ေအာ္စကာသတိထားလိုက္မိတယ္ ။
" ေအာ္စကာ ပါပါးကေလ ပန္းကန္အပိုမဝယ္ရေသးလို႔ ဒီတစ္ညကြတ္ကီးေလးနဲ႔အတူစားေနာ္ "
ပါပါးခ်က္ေပးထားတဲ့ထမင္းရယ္ ဖ႐ုံသီးရယ္ အသားေတြရယ္ကို အားရပါးရစားေနတုန္း ပါပါးဆီကစကားသံေၾကာင့္ ေအာ္စကာစားလက္စၾကက္သားတုန္းေလးဟာ ႏႈတ္ခမ္းဝမွာတင္ ဘုတ္ခနဲျပန္ျပဳတ္က်ရတယ္ ။ အခုပါပါးကေအာ္စကာ့ကို ဒီအေမႊးထူေကာင္နဲ႔ တစ္ပန္းကန္တည္းစားခိုင္းေနတာလား ။
" ေနာ္ ပါပါးရဲ႕ခ်စ္သားေလး "
ပါပါးစကားေၾကာင့္ ေအာ္စကာ့ႏွလုံးသားေလးဟာ ဟိုးအျမင့္ႀကီးကေနျပဳတ္က်သြားသလို ခံစားလိုက္ရတယ္ ။
* ပါပါးကလူလိမ္ ခုနကက်ဒယ္ဒီ့ကိုခ်စ္ေနၿပီး ေအာ္စကာ့ကိုညာခိုင္းခ်င္ရင္ေတာ့ ခ်စ္သားေလးတဲ့ *
ေတြးေနရင္းပင္ ေအာ္စကာလည္းထမင္းနည္းနည္းထပ္စားလိုက္ၿပီး ပါပါးစကားအတိုင္း ေအာ္စကာ့ရဲ႕အစာခြက္ေလးကို အေမႊးထူေ႐ွ႕တြန္းပို႔ေပးလိုက္တယ္ ။ အဲ့အခ်ိန္မွ ပါပါးကလည္းေအာ္စကာ့ေခါင္းေလးကိုတစ္ခ်က္ပုတ္ကာ အလိမၼာေလးလို႔ေျပာၿပီး ဒယ္ဒီနဲ႔အတူညစာစားၾကတယ္ ။ ေ႐ွ႕ကအေမႊးထူေကာင္ကေတာ့ ပါပါးထသြားတာနဲ႔ ေအာ္စကာ့ကိုသူ႕မ်က္လုံးဝိုင္းႀကီးေတြနဲ႔ မၾကည့္ရဲၾကည့္ရဲတစ္ခ်က္လွမ္းၾကည့္ၿပီး အစာခြက္ထဲက ထမင္းေတြဟင္းေတြကို အားပါတရစားေတာ့တယ္ ။ ေအာ္စကာကေတာ့ သူ႕ကိုထိုင္ၾကည့္ေနရင္း ၾကက္သားတုံးေတြအားရပါးရစားေနတာျမင္တိုင္း ငါ့ၾကက္သားတုံးေတြလို႔ေတြးၿပီး ႏွေျမာတသနဲ႔ လွ်ာေလးသပ္ေနရတယ္ ။
သူ႕ဘဝေလးဟာ အေမႊးထူေကာင္ေရာက္လာတာနဲ႔ အရာရာကိုခြဲေဝေပးခဲ့ရၿပီ ။ ၾကက္သားတုံးကေနစလို႔ ဘယ္အထိခြဲေဝေပးရမလဲမသိေပမယ့္ သူပိုင္တာေတြကို တေျဖးေျဖးဝါးၿမိဳေနတဲ့အေမႊးထူေကာင္ကြတ္ကီးကိုေတာ့ ေအာ္စကာသိပ္မုန္းပါတယ္ ။
🌹ေၾကးမႈံ