Business Couple

Por april_Kandy

282 44 3

အခြေအနေရဟန်ဆောင်တွဲရသည့်နှစ်ယောက် Más

2
3

1

99 15 0
Por april_Kandy

"Hiiiii"
သူ့အသံကို ကြားတော့ ဖုန်းကိုင်ရာမှ မော့ကြည့်လာသည့် Jeno ။ မျက်နှာကလည်း သိသိသာသာကို ရှူံ့မဲ့နေသည်။
"ဒီနေ့လေးနားရပါတယ်ဆိုကွာ"
အမယ်နှုတ်သီးက ဆူထွက်လာသေး။
တစ်နိုင်ငံလုံးက ဖူးဖူးမှုတ်ထားသည့် Haung Renjun ကို သူမို့လုပ်ရဲတယ်။
"မင်းဘာသာ‌နားလေ။ ငါကဘာလုပ်တာကြလို့။ Jisung တို့ Jaemin တို့ဆီအလည်လာတာဟုတ်တာ"
Renjun လည်း Jeno ကို ပြန်ပြောခဲ့ပြီး မီးဖိုခန်းဘက်ထွက်လာခဲ့သည်။ ပြီးတော့ သူဝယ်လာသမျှ ပစ္စည်းတွေကို နေရာချသည်။ ဟင်းတချို့ချက်ပြီး ဝက်သားပြားကြော်ရန် ပြင်ဆင်သည်။
သူကတော့ စားစေချင်လို့ ပစ္စည်းပါဝယ်ခဲ့တာကို သူ့ချစ်သူကတော့ သူလာတာကို ပျော်ရွှင်မနေချေ။
အင်းလေ။ ဘယ်ပျော်ပါ့မလဲ။သူတို့နှစ်ယောက်က အခြေအနေအရမို့ လူသိရှင်ကြားအတွဲဖြစ်နေတာ။ တကယ်က ဟန်ပြရည်းစားရယ်။ Renjun က တကယ်သဘောကျခဲ့ပေမယ့် Jeno ဘက်က ဝတ္တရားအရမဟုတ်လား။
ပရိတ်သတ်တွေသဘောကျလို့ ကုမ္ပဏီက စီစဉ်ပေးခဲ့သည့် ဟန်ဆောင်ရည်းစား။ Jeno ကတော့ Business Couple တဲ့။
သူ သက်ပြင်းတစ်ချက်ချမိသည်။
Jeno နဲ့ သူက BL ဇာတ်လမ်းတွဲထဲမှာ တွဲပြီးသရုပ်ဆောင်ပြီးသိခဲ့ကြတာဖြစ်သည်။
တစ်ညနေမှာ ရေရေရာရာအကြောင်းမရှိဘဲ Jeno နှင့် အတူ ကော်ဖီ‌ေသာက်မိသည်။ အဲ့သည်နေ့က စပြီး ငါးပါးမှောက်တော့သည်။ သူသောက်ခဲ့သည့် ကော်ဖီထဲတွင် ဆေးခတ်ခံရသလို Lee Jeno ကို စွဲလမ်းသွားတော့သည်။
"အဟမ်း ဘာတွေလုပ်နေတာလဲ"
Jeno အသံကြောင့် Renjun တစ်ယောက် အတွေးထဲနစ်မျောနေရာမှ သတိဝင်လာသည်။
Lee Jeno က အဲ့သည်လိုပါပဲ။ မကြည်သလို ဘာလို လုပ်ပြပြီး အစားစားချိန်ဆိုရောက်လာတာမျိုး။ ဘာပဲဖြစ်ဖြစ် သူလုပ်ပေးတာလေးတွေကို ပျော်ပျော်ရွှင်ရွှင်စားတာမြင်ရင် သူကျေနပ်ပါသည်။
"ဝက်သားပြားကြော်နေတာ။ ပြီးတော့မှာ"
"ဪ"
"မြည်းကြည့်မလား"
"အင်း"
သူက ခွံ့ကျွေးတော့ မျက်လုံးကွေးကွေးလေးတွေနဲ့ သဘောကျနေတဲ့ပုံလေးဖြစ်နေပြန်ရော။

Seguir leyendo

También te gustarán

1.7M 168K 199
Bossဖြစ်သူမိန်းက​လေး အဝတ်အစား​ဝတ်နေတဲ့အချိန် သူ့ရဲ့ဝန်ထမ်းက မြင်သွားတဲ့အခါ ဘယ်လိုဖုံးကွယ်ဖို့ ကြိုးစားမလဲ သူတို့နှစ်​ယောက်ကြားမှာ အချစ်​တွေ ဘယ်လို​ပ...
808 136 12
다시 널 찾아가 into the unknown
329K 9.8K 105
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
1.2K 130 5
BinHao FanFic written in Burmese Based on Medical student life 🌱 By Zerocola JieJie🌷