မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်...

Galing kay Moesattkha

138K 16K 262

ဟိုဘက် acc log ကျသွားလို့ဒီမှာပြန်တင်ပေးပါမယ်ရှင့် Higit pa

Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23) (Unicode)
Chapter (23) (Zawgyi)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chaptet (40)
Chapter (41.1)
Chapter (41.2)
Chapter (42.1)
Chapter (42.2) (Unicode)
Chapter (42.2) (Zawgyi)
Chapter (43) (Unicode)
Chapter (43) (Zawgyi )
Chapter (44) (Zawgyi)
Chapter (45.1)
Chapter (45.2)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chspter (59)
Chapter (60)
Chapter (61)
Chapter (62)

Chapter (44) (Unicode)

1.3K 209 2
Galing kay Moesattkha

(Unicode)


နောက်တစ်နေ့တွင် မုရှင်းယုနဲ့ရှောင်ဝမ်တို့သည် ကိုယ်ပိုင်လေယာဉ်ဖြင့် **သို့ပြန်လာခဲ့ကြသည်။ မုရှင်းယုက ကုယွမ်ကျိုးကို လာကြိုဖို့မပြောတော့ဘဲ ကုအိမ်သို့သာ တိုက်ရိုက်ပြန်လာခဲ့သည်။

ဘာလို့ဆို မနက်ဖြန်သူ လန်ဒန်ကိုသွားရမှာဖြစ်လို့ ပြန်လာတဲ့အခါ အဖွဲ့ကနေ ယူလာတဲ့ပစ္စည်းတွေကိုထုတ်ပိုးပြီး လန်ဒန်အတွက် နေ့စဥ်လိုအပ်တဲ့ ပစ္စည်းအားလုံးကို အန်တီချူးနှင့်အတူ ထုတ်ပိုးလိုက်တယ်။

သူက မနက်ဖြန်မနက်တွင် လန်ဒန်ကိုသွားရမှာဖြစ်ပြီး ထိုနေရာတွင် တစ်ရက်နှင့်တစ်ည တည်းခိုရနိုင်ဖွယ်ရှိတာကြောင့် အဖွဲ့ထံသို့ ပစ္စည်များစွာယူသွားခြင်းမရှိပေ။ အဝတ်တစ်စုံနှင့် အနီးကပ်အဝတ်စားမှလွဲ၍ ခရီးစဉ်အတွက် အဝတ်အစားအားလုံးကို W&W မှစာချုပ်ချုပ်ထားသောကြောင့် သူ မယူသွားတော့ပေ။

သူသည် ယခုပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး လှုပ်ရှားမှုတိုင်းတွင် ပြောရေး ဆိုခွင့်ရှိသူ၏ တာဝန်များကို ကျေပွန်ရမည်ဖြစ်သည်။

ထုပ်ပိုးပြီးတာနဲ့ အချိန်တွေကုန်သွားတယ်။

သူကရင်းနှီးသော ကားသံကို ကြား၍ အမြန်ပြတင်ပေါက်မှတဆင့် ကြည့်လိုက်တော့ ကုယွမ်ကျိုးရဲ့ပုံရိပ်ကိုမြင်လိုက်ရတယ်။

သူက ဧည့်ခန်ဆီ အမြန်ပြေးသွားပြီး ကုယွမ်ကျိုးဝှီးချဲလ်နှင့် ဝင်လာတာကိုတွေ့တော့ သူပြံးပြံးလေးနဲ့ပြောလိုက်တယ် " ယွမ်ကျိုး ခင်ဗျားပြန်လာပြီး! "

" အွန် " ကုယွမ်ကျိုးကလည်းပြုံပြတယ်။ သူကတစ်လခွဲကျော်ကြာအောင် မုရှင်းယုကို မတွေ့ခဲ့ရဘဲ ဗီဒီယိုကနေတစ်အဆင့်ဘဲ စကားပြောနိုင်ခဲ့သည်။ အခုမုရှင်းယုကိုတွေ့တော့ သူဘယ်လောက်ပျော်နေလဲဆိုတာမပြောပြတက်ဘူး။

" ခင်ဗျားကဘာလို့ ဝှီးချဲလ်ပေါ်ထိုင်နေတုန်လဲ " မုရှင်းယုကထူးဆန်နေမိတယ်။ တကယ်ဆို ကုယွမ်ကျိုးက ဖြေးညင်းစွာလမ်းလျောက်နေသင့်ပြီး မဟုတ်လာ။

" ဝှီချဲလ်ကိုမစွန့်လွှတ်ခင် အပြည့်အဝပြန်ကောင်လာတဲ့ထိစောင့်ချင်လို့ " ကုယွမ်ကျိုးကပြောတယ်။

မုရှင်းယုကမတွေးဘဲ မနေနိုင်ဘူး။

ကုယွမ်ကျိုးက လမ်လျှောက်နိုင်ပေမယ့် သူ့အ​ခြေအနေကမတည်ငြိမ်သေးဘူး။ သူရဲ့ စိတ်နေစိတ်ထားအရ သူသည် လက်အောက်ငယ်သားများရှေ့တွင် သူ့ရဲ့အားနည်းမှုကိုမပြချင်သောကြောင့် ဝှီချဲလ်ကိုအသုံးပြုနေဆဲဖစ်တယ်။ မုရှင်းယုက ကုယွမ်ကျိူးဆီသို့လာပြီး သူ့ရဲ့လက်ကိုဆုပ်ကိုင်ကာပြုံးလျက်ပြောလိုက်တယ်။

" အဲ့နေ့က မကြာခင်ရောက်လာတော့မယ်လို့ ကျတော်ယုံတယ် "

ညစာစားပြီးနောက် မုရှင်းယုက ဖိုးဖိုးကုထံသို့ ဝိညာဉ်အခိုးငွေ့များထည့်သွင်းပြီးနောက် ကုယွမ်ကျိုးကိုတွေ့ရန် စတုတ္ထထပ်သို့ပြန်လာခဲ့သည်။

" ခင်ဗျားရဲ့ လတ်တလောပြန်လည်ထူထောင်ရေးအခြေအနေကို ကြည့်ပါရစေ "

ကုယွမ်ကျိုးက သူ့လက်ကိုဝေ့ယမ်လိုက်ပြီးမုရှင်ယုကိုသူ့ဆီလာခိုင်ကာမေးလိုက်တယ်။

" မင်ဘယ်လိုထင်လဲ? "

ဒီမေးခွန်းက မုရှင်းယုကိုထိတ်လန်စေတယ်။ ဘယ်လိုထင်ရမှာလဲ? ခဏလောက်စဥ်းစားပြီး " ခင်ဗျားထပြီး ကျတော်နဲ့အတူလမ်လျှောက်ဖို့သွားမလာ? "

" မဟုတ်ဘူး၊ ကိုယ်မှာပိုကောင်းတဲ့နည်းလမ်းရှိတယ် " ကုယွမ်ကျိုးက မတ်တပ်ထရပ်ကာ မုရှင်းယုကိုအခန်အလယ်ရှိနေရာကို ဆွဲခေါ်သွားပြီး ထိုအမျိုးသာက လက်ကိုဆန့်ထုတ်လိုက်ပြီး မုရှင်းယုကို ကဖို့ဖိတ်ခေါ်လိုက်တယ်။

မုရှင်းယုက အံ့သြသင့်ပြီးခဏလောက် တုံ့ပြန်နိုင်ခြင်းမရှိခဲ့ပေ။ သို့သော် ကုယွမ်ကျိုးသည်ရှေ့သို့တိုးကာ သူ့လက်ကိုကိုင်လိုက်ပြီး ဝေါ့ဇ် ကိုဖြည်ညှင်းစွာစတင်လိုက်တယ်။

သို့သော်သူက မူလတန်ကျောင်းကမှစ၍ ယောက်ကျားလေးသီးသန့်ကျောင်မှာသာတက်ခဲ့ရ၍ အဿခြင်းကို မကျွမ်းကျင်ဘဲ သူ့အက ကမြန်နေပြီး ကုယွမ်ကျိုးခြေထောက်ကိုတက်နင်းခဲ့မိသည်။

ကုယွမ်ကျိုးက ပြုံးကာပြောလိုက်တယ်။ " ရှင်းယု ကိုယ့်ခြေထောက်ကိုကြည့် "

" တောင်ပန်ပါတယ် " မုရှင်းယုက အမြန်ပြောလိုက်တယ်။ သူကအရှိန်ကိုပြောင်းလိုက်ပြီး ကုယွမ်ကျိုးရဲ့နှုန်းအတိုင်း လိုက်၍ကခဲ့တယ်။

" ရှင်းယု ကိုယ်ဒီနေ့ကိုဘယ်လောက်ထိစောင့်ခဲ့ရလဲသိလာ " ကုယွမ်ကျိုးက မုရှင်းယုရဲ့မျက်လုံးများကိုကြည့်ကာ ခေါင်းငုံ့ရင်းပြောတယ်။

" အွန်၊ သိတယ်။ ကံကောင်းထောက်မစွာနဲ့ဘဲ အဆင်ပြေသွားခဲ့ပြီး " မုရှင်းယုက ကုယွမ်ကျိုးသည် မတ်တပ်ရပ်ချင်ခဲ့ကြောင်းအမြဲသိခဲ့သည်။ ဒီလိုယုံကြည်ချက်ကြောင့် ကုယွမ်ကျိုးဟာပြန်လည်ထူထောင်ရေးကို ၁၀နှစ်ကျော်ကြာလုပ်ဆောင်ခဲ့တာ။

ကုယွမ်ကျိုးကို ပြုစုစောင့်ရှောက်ရန်အတွက် မုရှင်းယုသည် သူ၏လှုပ်ရှားမှုများကို နှေးကွေးစေရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း လမ်းတစ်ဝက်တွင် ကုယွမ်ကျိုးသည် အနည်းငယ်တုန်ရမ်းသွားပြီး မုရှင်းယုက သူ့ကို အမြန်ပြောလိုက်တယ်။

" အနားယူရအောင် "

" မလိုဘူး ကိုယ်ခဏလောက် ကချင်သေးတယ် " ကုယွမ်ကျိုးကပြောပြီးနောက် ပြန်စတင်လိုက်တယ်။

မုရှင်းယုသည် ကူကယ်ရာမဲ့စွာပြုံးလိုက်ပြီး ကုယွမ်ကျိုးနှင့် ဆက်လက်ကခဲ့တယ်။ ဤတစ်ကြိမ်မှာတော့ ကုယွမ်ကျိုးသည် နောက်ထပ်ပြဿနာရှိလာမှာစိုး၍ ရိုးရှင်းသော ဝေါ့ဇ် လှုပ်ရှားမှုကိုသာစတင်ခဲ့သည်။

တိတ်ဆိတ်သောအခန်းတွင် တိုးဖျော့သောခြေသံများသာရှိနေခဲ့တယ်။ ကုယွမ်ကျိုးနှင့် မုရှင်းယုတို့သည် တစ်ခါတစ်ရံအကြည့်စုံသွားပြီး သူတို့၏ရင်ခုန်သံများမှာ မြန်ဆန်လာခဲ့ကြတယ်။

ကပြီးနောက်မှာ မုရှင်းယုကပြုံးပြီး " မစ္စတာကု ခင်ဗျားရဲ့အက ကအရမ်းကောင်းတယ် "

" အဲ့တာမင်းနဲ့အတူရှိလို့ " ကုယွမ်ကျိုးက ပြုံးလိုက်သည်။

ကုယွမ်ကျိုး၏ မျက်လုံးများထဲမှ အချစ်ကိုကြည့်ရင်း မုရှင်းယုသည် သူ့တစ်ကိုယ်လုံးတွင် ပေါ့ပါးပြီး အစစ်အမှန်မဟုတ်သော ခံစားမှုကို ခံစားရသည်။

သူသတိပြန်ဝင်လာကာ ကုယွမ်ကျိုးကို ဝှီချဲလ်ပေါ်ပြန်ထိုင်ခိုင်းလိုက်ပြီး " ယွမ်ကျိုး မနက်ဖြန် လန်ဒန်ကိုသွားမှာ၊ ခင်ဗျာ ကျတော်နဲ့အတူ သွားလို့ရတယ်။ ဝင်ဆာမိသားစုရဲ့ ရဲတိုက်ဟောင်းကို သွားကြည့်ဖို့ ခေါ်သွားပေးပါ " လို့ ပြောခဲ့တယ်။

ကုယွမ်ကျိုး၏မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပျောက်ကွယ်သွားသည်ကို သူတွေ့လိုက်ရသည်၊ သူအလွန်အံ့သြသွားသည်၊ ကုယွမ်ကျိုးကို သူမည်ကဲ့သို့ နှိုးဆွမိမှန်းမသိလိုက်ပေ။

" မင်းဘဲသွားပါ ကိုယ်မင်းကိုအိမ်မှာစောင့်နေမယ် " ကုယွမ်ကျိုးပေါ့ပေါ့ပါးပါးပြောလိုက်သည်။

" ခင်ဗျား..." မုရှင်းယုက ဘာကြောင့်လဲလို့ မေးချင်ပေမယ့် ကုယွမ်ကျိုးကို ကြည့်ရတာ သိပ်စိတ်မချမ်းသာလို့ " ဒါဆို ခင်ဗျားအလုပ်ဆက်လုပ်ပါ။ ခင်ဗျားအခန်းကိုပြန်အနားယူဖို့ ကျတော်စောင့်နေမယ် " ထို့နောက် မုရှင်းယုက အခန်းထဲမှထွက်လာခဲ့သည်။

ကုယွမ်ကျိုးက အခန်းတံခါးအဖွင့်အပိတ်ဖြစ်သွားတာကို ကြည့်ပြီး သူ့စိတ်ထဲမှာ အရမ်းဝမ်းနည်းသွားသလို ခံစားလိုက်ရတယ်၊ သူနဲ့ မုရှင်းယုကြားက ဆက်ဆံရေး ပိုကောင်းလာအချိန်မှာ ဒီလို စိတ်ပျက်စရာစကား မပြောသင့်ပေမယ့်...

အခန်းထဲပြန်ရောက်တော့ မုရှင်းယုက အံ့ဩနေမိတယ်။ ကုယွမ်ကျိုးက သူနဲ့အတူ အင်္ဂလန်ကို ဘာလို့ မလိုက်ရတာလဲ။

သူသည် အင်္ဂလန်ရှိ ကုယွမ်ကျိုးအတွေ့အကြုံနှင့် ဆက်စပ်နေနိုင်သည်ဟု ထင်ကာ အခန်းထဲတွင် အပြန်ပြန်အလှန်လှန် လမ်းလျောက်နေရင်း သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ ချာလီထံသို့ ဖုန်းခေါ်လိုက်သည်။

" မုရှောင် နောက်ဆုံး မင်းငါ့ကို သတိရပြီးပေါ့ " ဟု ဖုန်းခေါ်ဆိုပြီးနောက် Charlie က နောက်ပြောင်လိုက်သည်။

" ချာလီ ကျတော်တစ်ခုမေးချင်လို့ "

" ဘာကိစ္စရှိလို့လဲ? မင်းဒီနေ့မှ **ကိုပြန်ရောက်တယ်မဟုတ်လာ? ခုက **ဒေါ်လာတစ်ထောင်တန်တဲ့အခိုက်အတန့်လေးတွေလေ " ချာလီက သူလေ့လာထားတဲ့ idiom တွေကိုထုတ်သုံးလိုက်ပြီး " မင်းနဲ့အီသန်က ညကိုကောင်းကောင်း မဖြတ်သန်းကြဘူးလာ? ငါ့ကိုခေါ်တာဘာကိစ္စလဲ? မနက်ထိစောင့်လို့မရဘူးလာ? "

" ချာလီ ကျတော်အခုဟာသလုပ်ဖို့ စိတ်မ၀င်စားဘူး။ ကျတော် ခင်ဗျားကို မေးဖို့ အရေးကြီးတာ တစ်ခုရှိတယ် " မုရှင်းယုက အလျင်စလိုပြောလိုက်သည်။

မုရှင်းယု၏ လေးနက်သောလေသံကိုကြားတော့ ချာလီသည် အလွန်အံ့သြသွားပြီး လေးနက်သောအခြေအနေတွင် ချာလီက " မင်းဘာမေးချင်တာလဲ အီသန်မှာတစ်ခုခုမှားနေလို့လား? "

" သူအဆင်ပြေပါတယ် ကျတော်မေးချင်တာ... ဘာလို့ ယွမ်ကျိုးက လန်ဒန်ကိုမသွားချင်တာလဲ? "

" ဒါဆို မင်းက သူ့ကို လန်ဒန်ကိုသွားဖို့ပြောလိုက်တာလား? " ချာလီက စိတ်လှုပ်ရှားစွာ မေးသည်။

" ဟုတ်တယ် မနက်ဖြန် W&W ရဲ့ ဖက်ရှင်ရှိုးကို သွားတက်ရတော့မှာ၊ ပြီးတော့ သူက လန်ဒန်မှာ နေခဲ့ဖူးတယ်ထင်လို့ ဒါကြောင့် သူ့ကို ကျွန်တော်နဲ့ လိုက်ဖို့ ဖိတ်လိုက်တာ။ တစ်ခုခု မှားသွားလို့လား? " မုရှင်းယုက သတိထားပြီး မေးလိုက်တယ်။

ချာလီက " မဟုတ်ဘူး မင်းအပြစ်မဟုတ်ပါဘူး..." သူက ခဏတုံ့ဆိုင်းလိုက်ပြီး " မုရှောင် အီသန်က မင်းထင်ထားသလောက် မသန်မာဘူး၊ မင်းကို ငါမပြောပြရသေးတဲ့အရာတွေရှိတယ်.. ."

" ဒါဆို ကျတော့်ကို အခုပဲပြော! " မုရှင်းယုက အလျင်စလိုပြောသည်။

" ကောင်းပြီ၊ စိတ်မပူပါနဲ့၊ ငါ့စကားကို စိတ်အေးအေးထားပြီး နားထောင် " ချာလီက စကားကို စဉ်းစားပြီး လန်ဒန်ရှိကုယွမ်ကျိုးအကြောင်းနှင့် အချို့သော အကြောင်းအရာများကို မုရှင်းယုအား ပြောပြသည်။

ဖုန်းချပြီးနောက် မုရှင်းယုသည် စိတ်မတည်ငြိမ်နိုင်တော့ပေ။

ကုယွမ်ကျိုး၏ ခြေထောက်များသည် မသန်မစွမ်းဖြစ်နေသော်လည်း မုရှင်းယု၏ နှလုံးသားတွင် ကုယွမ်ကျိုးသည် အမြဲတမ်းခိုင်မာသောကျောထောက်နောက်ခံဖြစ်သည်။ သို့သော် အချို့သောအသေးစိတ်အချက်များသည် ကုယွမ်ကျိုးတွင် အမှန်တကယ် အားနည်းချက်ရှိကြောင်းကို နားလည်သွားစေသည်။

သို့သော် သူ၏ခြေထောက်မသန်စွမ်းမှုနှင့် သူ့မိဘများသေဆုံးမှုသည် ကုယွမ်ကျိုး၏နှလုံးသားတွင် ဤမျှနက်နဲသောအရိပ်ကို ထားခဲ့လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ကုယွမ်ကျိုး ဆယ်နှစ်သားအရွယ်တွင် သူ့မိဘများနှင့်စိတ်ဆိုး၍ အန်ဒရီနှင့် ဆော့ကစားရန်သွားခဲ့သော်လည်း မိုးရွာနေ၍ချော်ကာ တောင်ပေါ်မှ ပြုတ်ကျကာ ခြေထောက်များကို တိုက်ရိုက်ကျိုးသွားခဲ့တယ်။

သူ့မိဘတွေက Mနိုင်ငံမှာ အလုပ်ကိစ္စနဲ့ ခရီးထွက်နေကြပြီး မတော်တဆမှုသတင်းကြားတော့ လန်ဒန်ကို ချက်ချင်းပြန်လာခဲ့ကြတယ်။

အဲဒါကြောင့် လေယာဉ်ပျက်ကျပြီး နှစ်ယောက်စလုံး သေဆုံးသွားခဲ့တယ်။

ထိုအချိန်တွင် ကုယွမ်ကျိုးသည် ဆေးရုံတွင် လဲလျောင်းနေသေးပြီး အသုဘကိုဂရုစိုက်ရန် ဖိုးဖိုးကုက လန်ဒန်သို့ အမြန်သွားခဲ့ရသည်။ ကုယွမ်ကျိုးနိုးလာပြီး သူ့မိဘတွေရဲ့ သတင်းကြားတော့ သူ့မိဘတွေဆီ သွားလည်ရမှာ ရှက်ရွံကာ သူ့ကိုယ်သူသာ အပြစ်တင်နေတယ်။

ဆေးရုံမှဆင်းပြီးနောက် လန်ဒန်ရှိ ဝင်ဆာရဲတိုက်မှ ပြောင်းရွှေ့ကာ သူ့မိဘများ၏ အရိပ်မှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့သည်။ ချာလီ၊ ဖိုးဖိုးကုနှင့် အခြားသူများက ကုယွမ်ကျိုး၏ မိဘများသေဆုံးမှုသည် မတော်တဆမှုဖြစ်ပြီး သူနှင့်ဘာမှမသက်ဆိုင်ကြောင်း ဖျောင်းဖျခဲ့သော်လည်း ကုယွမ်ကျိုးသည် ထိုအရိပ်ဆိုးမှရုန်းမထွက်လာနိုင်ခဲ့ပေ။

ကုအုပ်စုကို သိမ်းပိုက်ပြီးနောက်၊ သူသည် ကောင်းကင်ဘုံရှိ မိဘနှစ်ပါးကို နှစ်သိမ့်ရန်အတွက် ကုအုပ်စုကိုသူလက်ထဲတွင် ပိုသန်မာလာမည်ဟု မျှော်လင့်ကာ ကိုယ့်ကိုယ်ကိုယ် ထုံကျင်စေရန် ပြင်းထန်သောအလုပ်လုပ်ခြင်းကို အသုံးပြုခဲ့သည်။

နောက်ပိုင်းတွင် ကုယွမ်ကျိုးသည် ကု၏ရုံးချုပ်ကို **သို့ပင်ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် ကုမ္ပဏီ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက်ဖြစ်ကြောင်းပြောခဲ့သော်လည်း ချာလီသည် ၎င်းတွင် ထိုအရိပ်ဆိုးမှ ရှောင်ရန်အချက်များရှိမည်ဟု ခံစားခဲ့ရသည်။

ကုယွမ်ကျိုးသည် သူ့မိဘများသေဆုံးခြင်းကို ရှောင်ရှားနေသည်ဟု မုရှင်းယုလည်း ခံစားမိသည်။ ကိုယ်ပိုင်လေယာဉ်ပေါ်ရှိ ဓာတ်ပုံနှင့် ပတ်သက်၍ ကုယွမ်ကျိုးသည် မကြာခဏ လေယာဥ်စီးလေ့မရှိသောကြောင့် ဓာတ်ပုံမှာကျန်ရစ်ခဲ့ခြင်းဖြစ်နိုင်သည်။

ဤအရာများကို သိပြီးနောက် ကုယွမ်ကျိုးအခန်းထဲ ပြန်ရောက်သောအခါ မုရှင်းယုက သူ့ကို လန်ဒန်သို့ သွားမည့်ကိစ္စကို မပြောတော့ပေ။

ညနေပိုင်းတွင် သူသည် ကုယွမ်ကျိုးထံသို့ ဝိညာဉ်မြူခိုးကို ဆက်လက်ထည့်သွင်းပေးခဲ့သည်။ ဝိညာဉ်လက်ကောက်၏ ကုသခြင်းဖြင့် ကုယွမ်ကျိူးသည် မကြာမီပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိကာ ဝှီးချဲလ်ကိုလုံးဝဖယ်ရှားပြီး ကုမ္ပဏီတွင်ပွင့်ပွင့်လင်းလင်း ပေါ်လာနိုင်မည်ဟု သူယုံကြည်သည်။

နောက်တစ်နေ့နံနက်စောစောတွင် မုရှင်းယုသည် အိပ်ရာထကာ ရေချိုးပြီး ထုံးစံအတိုင်း ကုယွမ်ကျိုးနှင့် မနက်စာစားခဲ့သည်။

ကုယွမ်ကျိုးကုမ္ပဏီကိုသွားတော့ သူက ကုယွမ်ကျိုးရဲ့ကားထဲကိုဝင်သွားပြီး " မစ္စတာကု ကျွန်တော့်ကိုလိုက်ခွင့်ပေးပါ "

တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် မုရှင်းယုသည် အိမ်မှမစတင်နိုင်တော့ဘဲ လန်ယင်နှင့် ဆွေးနွေးပြီးနောက် စတူဒီယိုမှ စတင်အသံသွင်းရန် ဆုံးဖြတ်ခဲ့သည်။ ထုပ်ပိုးထားသော ခရီးဆောင်အိတ်များအတွက်တော့ ယာဥ်မောင်းသူသည် စတူဒီယိုသို့ ဦးစွာယူသွားနိုင်ရန် စီစဉ်ပေးထားသည်။

" ဘယ်တော့ထွက်မှာလဲ " ကုယွမ်ကျိုးက လမ်းမှာမေးတယ်။

" ဆယ်နာရီထိုးခါနီး။ လန်ဒန်ကိုလေယာဉ်စီးဖို့က ကိုးနာရီလောက်ကြာမယ် အဲ့ကပြီးရင်လုပ်စရာရှိသေးတယ် "

" လေယာဉ်ပေါ်မှာ အနားယူဖို့ သတိရ တစ်ခုခုလိုအပ်ရင် ကိုယ့်ဆီကိုဖုန်းဆက် "

" ကျတော် လုပ်မယ် "

အခြားသူများ၏ သတိထားမှုကို ရှောင်ရှားရန်အတွက် မုရှင်းယုသည် ယာဉ်မောင်းအား ကုအဆောက်အအုံ၏ မြေအောက်ကားပါကင်သို့ တိုက်ရိုက်မောင်းနှင်ရန် တောင်းဆိုခဲ့သည်။

ထို့နောက် သူသည် ထိုနေရာမှ မလှမ်းမကမ်းရှိ ကြယ်နှစ်ဆင့်အဆောက်အဦးဆီသို့ လမ်းလျှောက်သွားမည်ဖြစ်သည်။

ကားရပ်ပြီးနောက် မုရှင်းယုသည် မတ်စ်ကို ထုတ်ကာ အပြင်ထွက်ရန် စီစဉ်ခဲ့သည်။ ဒါပေမယ့် ကုယွမ်ကျိုးရဲ့ နက်နဲတဲ့ မျက်လုံးတွေကို ကြည့်လိုက်တော့ သူက ဝမ်းနည်းပူဆွေးမှုကို ခံစားရပြီး ခဏရပ်ပြီး သူ့ကို နှစ်သိမ့်ပေးတယ် " ကျတော် မကြာခင် ပြန်လာခဲ့မယ်၊ ပြီးတော့ ခင်ဗျာနဲ့အတူ ခင်ဗျားမွေးနေ့ကို ကျတော်ကျင်းပမယ် "

ကုယွမ်ကျိုး၏မျက်လုံးများတွင် အံ့သြဖွယ်အလင်းရောင်တစ်ခု လင်းလက်သွားသည် " ကိုယ့်မွေးနေ့ကို မင်းသိတာလား? "

" ဟုတ်တယ် ကျတော်သိတယ် " မုရှင်းယုက ပြုံးပြီး " ခင်ဗျာအတွက် ကျတော် အံ့သြစရာတစ်ခုရှိတယ် "

" ဘာအံ့သြစရာလဲ? " ကုယွမ်ကျိုးက မြန်မြန်မေးလိုက်တယ်။

" ခင်ဗျာကို အခုပြောရင် ဘယ်လိုအံ့သြစရာဖြစ်တော့မလဲ " မုရှင်းယုက ရယ်မောသော်လည်း ကုယွမ်ကျိုးဆီသို့ ထူးဆန်းသောပုံစံဖြင့် ကုယွမ်ကျိုး၏ နက်ပြာရောင်မျက်လုံးများကို ကြည့်ကာ သူ့မျက်ခုံးကြားကို ညင်သာစွာ အနမ်းပေးလိုက်သည်။

" ရှင်းယု မင်း..." ကုယွမ်ကျိုးက အရမ်းအံ့သြသွားပြီး သူ့စိတ်တွေ လွတ်သွားတယ်။

မုရှင်းယုက ပြုံးပြပြီး မက်စ်ကို ဝတ်ကာ ကားထဲက ထွက်လာခဲ့သည်။ ကြောင်အနေဆဲဖြစ်သော ကုယွမ်ကျိုးကိုပြန်ကြည့်ရင်း လက်ကို ဝှေ့ယမ်းကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ကားပါကင်မှ ထွက်လာခဲ့သည်။

ကားထဲတွင် ကုယွမ်ကျိုးသည် အချိန်အတော်ကြာ အာရုံပြန်မရနိုင်တော့ဘဲ ခဏကြာပြီးနောက် ချန်ဖန်၏ အသံကြောင့် ပုံမှန်အခြေအနေကို ပြန်ရောက်လာခဲ့တယ်။

သူ့မျက်ခုံးအလယ်ဗဟိုကိုထိဖို့ လက်ကိုဆန့်ထုတ်ပြီး ထိတွေ့လိုက်ရုံနဲ့ သူ့နှလုံးသား အရည်ပျော်သွားသလိုမျိုး ပေါ့ပါးပျော့ပြောင်းသွားတယ်။

...

မုရှင်းယုသည် အလွန်အရေးကြီးသော အရာတစ်ခုကို ပြီးမြောက်သွားသကဲ့သို့ ယခု အလွန်စိတ်လှုပ်ရှားနေသည်။

သူ ကုယွမ်ကျိုးကို နမ်းလိုက်သော်လည်း နောင်တ လုံးဝ မရခဲ့ပေ။ လမ်းလျှောက်ရင်း သူ့ခြေဖဝါးအောက်မှ လေများ တိုက်ခတ်လာသလို သူအလွန်ပျော်နေသည်။

ကုယွမ်ကျိုးကို ကြိုက်ကြောင်း သူသိပြီးကတည်းက သူ့ခံစားချက်ကို ဘယ်တော့မှ မပြခဲ့ပေ။ ယနေ့ သူသည် ရဲ့ရင့်စွာဝန်ခံခြင်း၏ ပထမခြေလှမ်းဖြစ်သည့် ကုယွမ်ကျိုးကို နမ်းရုံမှတပါး မကူညီနိုင်ခဲ့ပေ။

ကြယ်နှစ်ထပ်အဆောက်အအုံ၏ ဓာတ်လှေကားမှတစ်ဆင့် စတူဒီယိုသို့ တိုက်ရိုက်တက်ပြီးနောက် သူ၏စိတ်လှုပ်ရှားမှုသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

" အစ်ကိုရှင်းယု၊ မင်းဒီမှာဘဲ "

ရှောင်ဝမ်းက သူ့ကို နှုတ်ဆက်တယ်။ မုရှင်းယုက ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်သည့် ဝန်ထမ်းများသည် စတူဒီယိုတွင် စောင့်နေပြီဖြစ်သည်။

ရုံးခန်းသို့ ဦးစွာသွား၍ သူ့အတွက်ပြင်ဆင်ထားသည့် W&W အဝတ်အစားများကို ၀တ်ဆင်ကာ တိုက်ရိုက်ထုတ်လွှင့်မှုတာဝန်ခံဝန်ထမ်းများကို တွေ့ဆုံရန် အစည်းအဝေးခန်းသို့ သွားခဲ့သည်။

ဒီတစ်ခေါက်မှာတော့ ကင်မရာမန်းနဲ့ ဇာတ်ညွှန်းပြောသူသည် သူနဲ့အတူ fashion week အတွင်း သူ့ရဲ့အရေးကြီးတဲ့အတွေ့အကြုံတွေကို ရိုက်ကူးရန် သူ့နောက်မှလိုက်မှာဖြစ်တယ်။

ကင်မရာမန်းသည် ပိန်ပါးသော ဦးလေးဖြစ်ပြီး ဇာတ်ညွှန်းပြောသူမှာ ရှောင်ယအမည်ရှိ မိန်းကလေးဖြစ်သည်။

သူတို့မိတ်ဆက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို တရားဝင်စတင်ခဲ့သည်။

ဒီပွဲကို တိုက်ရိုက်ထုတ်လွှင့်ဖို့အတွက် Weibo က #မုရှင်းယုfashionweek# ခေါင်းစဉ်ကို အထူးဖန်တီးခဲ့ပြီး တိုက်ရိုက်ဗီဒီယိုကို ၉ နာရီမှာ စတင်ခဲ့ကြတယ်။

မုရှင်းယုမရောက်မီတွင် လန်ယင်သည် ရုပ်သံလွှင့်အဖွဲ့သားများကို စတူဒီယိုသို့ သွားရောက်လည်ပတ်ဖို့ခေါ်သွားခဲ့တယ်။

ရှောင်ယသည် မုရှင်းယု၏"Journey" ဇာတ်ဝင်ခန်းအကြောင်း၊ နောက်အစီအစဉ်ကဘာလဲ? လန်ဒန်ကိုရောက်ပြီးနောက် ဘာအစီအစဉ်ရှိလဲ? အစရှိတဲ့ မေးခွန်းအချို့နဲ့ ပတ်သက်ပြီး လန်ယင်ကို အင်တာဗျူးခဲ့တယ်။

လန်ယင်က တစ်ခုပြီးတစ်ခုပြန်ဖြေပေးတယ်။

မုရှင်းယုနဲ့ ရှောင်ယသိပြီးတဲ့နောက်မှာတော့ ရှောင်ယက ကင်မရာကိုလှည့်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့ အင်တာနက်သုံးစွဲသူတွေကို " အခု ရှင်းယုကိုတွေ့ဖို့ မစောင့်နိုင်ကြတော့ဘူးလို့ ယုံကြည်တယ်၊ အများကြီး မပြောတော့ဘူး ရှင်းယုရေ အားလုံးကို နှုတ်ဆက်လိုက်ပါဦး "

မုရှင်းယုက ကင်မရာကို ပြုံးပြပြီး သူ့လက်ကို ဝှေ့ယမ်းကာ " အားလုံးပဲမင်္ဂလာပါ ကျတော်က မုရှင်းယုပါ။ Fashion Week ကို တိုက်ရိုက်ထုတ်လွှင့်ဖို့ Weibo နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတာ အရမ်းဝမ်းသာပါတယ်..."

ဗီဒီယိုထဲမှာ မုရှင်းယုပေါ်လာတာကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအားလုံး စိတ်လှုပ်ရှားနေကြတယ်။

[ ဝိုးး! ရှင်းရှင်းက ဒီနေ့ အရမ်းလှတယ်]

[ ကြယ်လေးက အရမ်းနူးညံ့တယ်၊ သူက ငါ့စိတ်ထဲက စွဲမက်ဖွယ်ကောင်းတဲ့ မင်းသားလေးပဲ! ]

[ ငါ့ကြယ်လေးရဲ့ အသားအရေက အရမ်းကောင်းတာဘဲ ကင်မရာနဲ့နီးကပ်နေတာတောင် ဘာအပြစ်အနာအဆာမှမရှိဘူး ]

....

မုရှင်းယုသည် ပရိသတ်များနှင့် ရိုးရိုးရှင်းရှင်းပြောဆိုပြီးနောက် လန်ယင်သည် အချိန်နီးပြီဟု ပြောကာ မုရှင်းယုနှင့် တိုက်ရိုက်ထုတ်လွင့်မှုအဖွဲ့သားများသည် လေဆိပ်သို့ အတူတူသွားခဲ့ကြသည်။

ကားထဲမှာတော့ ပရိသတ်တွေက မုရှင်းယုရဲ့ကားကို အရမ်းသိချင်ကြပြီး ဓာတ်ပုံဆရာကို ကားအတွင်းပိုင်းကို ဓာတ်ပုံရိုက်ခိုင်းကြတယ်။

[ သေချာတယ် ဒီကားက အနည်းဆုံး ငါးသန်းရှိရမယ်! ]

[ ငါ့ရဲ့ ရှင်းရှင်းက တကယ်ကို ချောမောပြီးချမ်းသာတဲ့သူဘဲ! ဝိုး! ဝိုး! ရှင်းရှင်းနဲ့ထိုက်တန်တယ် ! ! ]

ကုယွမ်ကျိုးက သူစတူဒီယိုဖွင့်ရန် အကူအညီပေးသောအခါက ပေးထားသော စတူဒီယို၏ရုံးကားကို သူက ယူလာခဲ့သည်။ ကား၏ အရည်အသွေးသည်အလွန်ကောင်းမွန်သည်၊ အတွင်းတွင်နေရာတွေလည်းအများအပြားပါရှိသည်။ ဟုတ်တယ် စျေးနှုန်းကလည်းမသက်သာဘူး။

မုရှင်းယုရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေစဉ်မှာ ပရိသတ်တွေက သူ့ကို လေဆိပ်မှာ စောင့်ဆိုင်းနေပြီဖြစ်ကြောင်း ပြောကြားခဲ့တယ်။ သူက အနည်းငယ်စိုးရိမ်သွားပြီး " အချိန်မဖြုန်းကြနဲ့ ကျတော်က VIP လိုင်ကနေသွားမှာ " လို့ အမြန်ပြောခဲ့တယ်။

[ မဟုတ်ဘူး!!! ငါ ကြယ်လေးကို မြင်ချင်တယ်! ]

[ မနက်ခြောက်နာရီကတည်းက ဒီမှာစောင့်နေတာ! ]

[ ကြယ်လေး! ငါတို့ကို မစွန့်ပစ်နဲ့ ]

" လူများလွန်းရင် မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာမှာကို ကျွန်တော် စိတ်ပူလို့။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ တိုက်ရိုက် ထုတ်လွှင့်သွားမှာပါ။ ဗီဒီယိုထဲကနေ ကျတော့်ကို လူတိုင်းက သဘောကျမယ်မဟုတ်လား? " မုရှင်းယုက တမင်တကာ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

[ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကြယ်လေးက ချစ်စရာကောင်းတယ်! ]

[ ငါ ကြယ်လေးကို ကြိုက်တယ်၊ ဒါပေမယ့် တကယ့်လက်တွေ့မှာလည်း ကြယ်​လေးကို မြင်ချင်တယ်! ]

[ လူတိုင်း ဆူညံမနေပါနဲ့၊ ငါတို့က လိမ်မာယဉ်ကျေးတဲ့ ကြယ်မိုးမိုးတွေ ကြယ်လေးကို ဒုက္ခမပေးပါနဲ့ ]

[ မှန်တယ်၊ မှန်တယ်၊ ငါတို့ စနစ်တကျနဲ့ ထွက်သွားရအောင်၊ အနာဂတ်မှာ ကြယ်လေးကို မြင်နိုင်ခွင့်ရှိမှာ သေချာတယ်! ]

အချို့သော ပရိသတ်များ၏ စည်းရုံးမှုအောက်တွင် ကြယ်မိုးမိုးများသည် လေဆိပ်မှ တစ်နေရာသို့ ထွက်ခွာသွားကာ မုရှင်းယုသည်လည်း လေဆိပ်သို့ ရောက်ရှိကာ VIP လိုင်းသို့ ဝင်ရောက်ခဲ့သည်။

ပရိသတ်တွေကို စိတ်မပျက်စေဖို့အတွက် မုရှင်းယုက " အနာဂတ်မှာ ကျွန်တော် Fan Meeting တစ်ခု စီစဉ်ပြီးရင် အားလုံးက ကျွန်တော့်ကို မြင်နိုင်မှာပါ " လို့ ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောကြားခဲ့ပါတယ်။

[ ကောင်းပြီ၊ မင်းပြောတာတွေက အများကြီးပဲ! ]

[ ငါတို့ လိုက်နာမယ် ]

မုရှင်းယုသည် ဖန်သားပြင်ပေါ်ရှိ မက်ဆေ့ချ်များကို ကြည့်ရင်း မရယ်ဘဲမနေနိုင်ပေ။

လေယာဉ်ပေါ်တက်ပြီးနောက်၊ တိုက်ရိုက်ထုတ်လွှင့်မှုက ပြီးဆုံးသွားတယ်။ လန်ဒန်အထိ စောင့်ဆိုင်းရန် သူက ပရိသတ်များကို ပြောကြားခဲ့ပြီး ရှောင်ယမှာလည်း " ကျတော်တို့မထွက်ခွာခင်တိုက်ရိုက်ထုတ်လွှင့်မှုကတော့ ဒီမှာဘဲပြီးဆုံးသွားပါပြီ။ အားလုံးပဲ ငါတို့လန်ဒန်ကို ရောက်ဖို့ စောင့်မျှော်ပေးကြပါဦး " ထို့နောက် သူသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။

ရှောင်ယနှင့် ဓာတ်ပုံဆရာသည် ပစ္စည်းများကို သိမ်းလိုက်ပြီးနောက် မုရှင်းယုနှင့် စကားစမြည်ပြောဆိုလိုက်သည်။

" ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှုအတွက် ငါနည်းနည်းစိတ်လှုပ်ရှားမိတယ် " မုရှင်းယုကရယ်ပြီးပြောတယ်။

" မဟုတ်ဘူး၊ မစ္စတာမု မင်းရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းနေပါပြီ " ရှောင်ယက လက်မထောင်ပြသည်။

ရှောင်ဝမ်ရောက်လာပြီး " အစ်ကိုရှင်းယု! ဒါမင်းရဲ့ ပထမဆုံး တိုက်ရိုက် ထုတ်လွှင့်မှုဖြစ်ပေမယ့် တုံ့ပြန်မှုက အရမ်းကောင်းတယ်၊ ပရိသတ်တွေက မင်းကို လက်ဆောင်တွေအများ​ကြီးပေးခဲ့တယ် "

" လက်ဆောင်? " တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း သကြားလုံးများ၊ ချောကလက်များနှင့် အခြားအရာများသည် လက်ဆောင်များဖြစ်လာကြောင်းကို မုရှင်းယုသဘောပေါက်သွားသည်။

ရှောင်ယသည်လည်း ဆုငွေမှတ်တမ်းများကို စစ်ဆေးရန် သူမ၏ တက်ဘလက်ကို အမြန်ထုတ်ကြည့်လိုက်ပြီးနောက် " ငါးသန်းကျော်ရှိနေပြီ " သူက အံ့အားသင့်ကာ မုရှင်းယုအား " ပထမလိုင်းကြယ်ပွင့်တောင် ဒီလိုဆုကြေးငွေမှတ်တမ်းမရှိဘူး! "

မုရှင်းယုသည် တက်ဘလက်ကို တစ်ချက်ကြည့်လိုက်ရာ ထိပ်တန်းပရိသတ်နှစ်ဦးက နှစ်သန်းအထိ ပေးကမ်းကြသည်ကို တွေ့ရှိခဲ့သည်။

ဆုကြေးငွေ ၅ သန်းအနက်မှ ထိုပရိတ်သတ်နှစ်ဦးသည် 80% ထိပါဝင်ခဲ့သည်။ မုရှင်းယုနဲ့ အရမ်းရင်းနှီးတဲ့ ဒီပရိသတ်နှစ်ယောက်အနက် တစ်ယောက်က သူ့အမေ "ကြယ်လေး၏အုပ်ထိန်သူ" ဖြစ်ပြီးနောက်တစ်ယောက်မှာ "ကြယ်​ကြွေတာမြင်ရဖို့မင်းနောက်လိုက်မယ်" ပရိတ်သတ်အသိုင်းအဝိုင်းက "ကြယ်နတ်ဘုရား"

" အစ်ကိုရှင်းယု မင်းအမေ မင်းရဲ့အမာခံပရိသတ်ပဲ! " မားမားမု၏ ID ကိုမြင်ပြီးနောက် ရှောင်ဝမ်းက ရယ်မောလိုက်သည်။

မုရှင်းယုလည်း ပြုံးပြီး အခြားဖန်တစ်ယောက်ကို အာရုံစိုက်ကာ " သူက ဘာလို့ ထပ်ဖြစ်ပြန်တာလဲ?" ဟု စိတ်ထဲတွင် ရေရွတ်လိုက်သည်။ ရှောင်ဝမ်းက " ဘုရားသခင်! သူကတကယ်ကို အံ့သြစရာကောင်းပြီးကြယ်လေးရဲ့ အဓိကဇာတ်ဆောင်ဘဲ "

လူတော်တော်များများ စကားစမြည်ပြောပြီး လေယာဉ်က အမြန်ပျံသန်းသွားတယ်။ ပျံသန်းရန်ကြာချိန်က ကိုးနာရီကျော်ရှိနေသောကြောင့် မုရှင်းယုဟာ လေယာဉ်ပေါ်မှာ အိပ်ပျော်သွားပြီး လန်ဒန်ကို ရောက်တဲ့အခါမှာတော့ တက်ကြွနေခဲ့တယ်။ ဤနေရာတွင် လေဆိပ်ကို လာကြိုသည့် ပရိသတ်များစွာ ရှိနေသေးသည်။

သို့သော် မုရှင်းယုသည် VIP လိုင်းကို ဖြတ်သန်းရန် ရွေးချယ်ဆဲဖြစ်သည်။အမှတ်တံဆိပ်ဖက်မှ မုရှင်းယုနှင့် သူ၏အဖွဲ့အား Meilin ဟိုတယ်သို့ ခေါ်ဆောင်ရန် အထူးကားတစ်စီး စီစဉ်ပြီးဖြစ်သည်။

ကိုယ်ပိုင်ကားလွှဲပြောင်းခြင်းဟုခေါ်သည့်အရာကို ပရိသတ်များက တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် မြင်တွေ့ခဲ့ရသည်။

မုရှင်းယု၏အခန်းသည် ရွှေရောင်လက်ကိုင်များ၊ ဗြိတိန်စတိုင်ကော်ဇောများနှင့် အနုစိတ်သော ဥရောပပုံစံထွင်းထုထားသည့် Merlin Hotel ၏ VIP အိမ်တော်အခန်းဖြစ်သည်။

ဟော်တယ်ဝန်ထမ်းက ခရီးဆောင်အိတ်ကို ဖယ်လိုက်သည်နှင့် မုရှင်းယု၏ ဆဲလ်ဖုန်းမြည်လာ၍ ကောက်ကိုင်လိုက်တော့ ကုယွမ်ကျိုးဖြစ်သည်ကို တွေ့လိုက်ရသည်။

ပရိသတ်တွေရဲ့ ပြင်းပြတဲ့ တောင်းဆိုမှုအရ VIPအိမ်တော်ရဲ့ အသွင်အပြင်ကို ရှောင်ယက ထုတ်လွှင့်ပြသပြီးတဲ့နောက်မှာတော့ ဒီအပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ပြီးဆုံးသွားခဲ့တယ်။

ထို့နောက် လန်ယင်က သူမ၏ အလုပ်စာအုပ်ကို ထုတ်ကာ " ရှင်းယု မင်းအရင် အနားယူသင့်တယ်။ နေ့လည်သုံးနာရီမှာ W&W ဖက်ရှင်ရုံးချုပ်ကို သွားရမယ်။ ပြီးရင် ကြော်ငြာနဲ့ ဓာတ်ပုံတွေ ရိုက်မယ်။ ပြီးရင် မနက်​ဖြန်​ပွဲအတွက်​အဝတ်​အစား​တွေကို စမ်းဝတ်ကြည့်ရမယ် "

" ကောင်းပြီ၊ ကျတော်တို့ ဒီနေ့လည်တွေ့မယ် " လန်ယင်နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် ကုယွမ်ကျိုးမှ ထပ်မံခေါ်လာသောအခါတွင် မုရှင်းယုသည် သူ၏လက်ကိုင်ဖုန်းကို အမြန်ထုတ်ယူလိုက်သည်။ သူ အမြန်ဆက်သွယ်ပြီးနောက်၊ ဖုန်းထဲမှာ ကုယွမ်ကျိုးရဲ့ သံလိုက်ကဲ့သိုဆွဲငင်လွန်းတဲ့အသံကို ကြားလိုက်ရတယ် " မင်း လန်ဒန်ကို ရောက်ပြီလာ? "

" အခုမှရောက်တယ်၊ ဒီမှာ အပူချိန်က တရုတ်ပြည်ထက် နိမ့်တယ်၊ ရှုခင်းတွေက အရမ်းလှတယ် " မုရှင်းယုကပြတင်းပေါက်ဆီသို့လှမ်းကြည့်ရင်း ပြောလိုက်သည်။

" အင် " ကုယွမ်ကျိုးက ခေတ္တရပ်ပြီးနောက် " ရှင်းယု! ဒီနေ့ မင်းရဲ့အနမ်း... "

" မစ္စတာကု ခင်ဗျာဘာပြောချင်လဲ? ကျတော်ပြန်လာမှ ခင်ဗျားဒီအကြောင်းပြောလို့ရမလား? ကျတော်အိပ်ချင်နေပြီ ခဏလေးအိပ်ချင်တယ်! " မုရှင်းယုက ကုယွမ်ကျိုးကို နှောင့်ယှက်လိုက်ပြီး ဟန်ဆောင်ပြီး သမ်းဝေလိုက်သည်။

ကုယွမ်ကျိုးက မျက်မှောင်ကြုတ်လိုက်တယ်။ မုရှင်းယုထွက်သွားကတည်းက သူသည် မုရှင်းယု၏ အနမ်းကြောင့် ရုန်းကန်နေခဲ့ရတယ်။ မုရှင်းယုရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို တွေ့ပြီးနောက် လေယာဉ်ကို ပြန်စီးချင်ခဲ့တယ်။ သူက မုရှင်းယုကို မေးဖို့ အခွင့်မသာခဲ့ဘူး။

နောက်ဆုံးတွင် သူက မုရှင်းယုလန်ဒန်သို့ရောက်ရှိရန်စောင့်ဆိုင်းပြီးနောက် မုရှင်းယုကိုချက်ချင်းဖုန်းဆက်မေးသော်လည်း မုရှင်းယုက သူ့ကိုလုံးဝမဖြေချင်ပါ။

" ဒါဆို မင်းပြန်လာတာကို ကိုယ်စောင့်နေမယ် " ကုယွမ်ကျိုးက ပြောဖို့ကလွဲပြီး ရွေးစရာမရှိတော့ဘူး။

" ကောင်းပြီ၊ နာခံမှုအပြည့်နဲ့ ကျတော်ပြန်လာတာကို စောင့်နေနော်၊ ပြီးရင် အသေးစိတ်ပြောမယ် "

ဖုန်းချပြီးနောက် မုရှင်းယုသည် နှုတ်ခမ်းပေါ် အပြုံးဖြင့် ဖုန်းကိုကိုင်လိုက်သည်။ သူသည် ကုယွမ်ကျိုးမွေးနေ့ကျရင် ကုယွမ်ကျိုနဲ့ စကားကောင်းကောင်းပြောဖို့ စီစဉ်ထားတယ်။ စိတ်ကြိုက် စေ့စပ်လက်စွပ်ကို ကုယွမ်ကျိုးကို ပေးလိုက်ရင် ရင့်ကျက်တည်ငြိမ်တဲ့ ဥက္ကဋ္ဌကုက သေချာပေါက် အံ့သြထိတ်လန့်သွားလိမ့်မယ်လို့ သူယုံကြည်တယ်။

သူ့မွေးနေ့မှာ ကုယွမ်ကျိုး သူ့ကို ဝန်ခံခဲ့တာ ထူးဆန်းပေမယ့် အခုသူက ကုယွမ်ကျိုးရဲ့ မွေးနေ့မှာ ကုယွမ်ကျိုးကို ဝန်ခံတဲ့သူပဲ ဖြစ်တယ်။

ဒါက သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာလို့ မပြောလို့မရဘူး။

************************************* 

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

4.5K 352 4
Zaun and Piltover. Two cities on either side of the bridge that connects them. Caitlyn and Vi find themselves at a dead end with Jinx. The troubled g...
8.5K 302 21
I thought I'd had crushes before There was Carson, who smiled at me in bio There was Isabell, with the beautiful eyes But this girl God, it's like it...
133K 27.1K 80
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့