Htan - ထန် ( ‌ရပ်တန့်ထားပါကြေ...

By Ar_ron10

5.8K 68 2

ပိုင်ရှင်ရှိနေပြီးသား လူတစ်ယောက်ဆိုလျှင် သဘောကျမိနေသည်ဖြစ်ဖြစ် ချစ်မိနေသည်ဖြစ်ဖြစ် ရှောင်ပေးရမယ် ဒါဟာလူ့ကျင့်... More

• The boy •
• I'm in love •
• hate him •
• Stay away from me •
Notice ,,,
• You and I •
• Together •
• Trust me •
• Actually bad guy •
• I Need You •
• Both •
• what's on your mind •
Author Note
• Lisianthus •
• The blue night •
Attention!!

• sleep with me •

317 3 0
By Ar_ron10

\\\\ • Htan • /////

Part ( 6 )

****
အခန်းထဲမှာ ထင်ရှားတစ်ယောက် ထရမလို,ထိုင်ရမလို၊ အခန်းထဲလည်း ဝင်လိုက်,ထွက်လိုက် ဂနာမငြိမ်ဖြစ်နေသည်။စိတ်ထဲလည်း အရမ်းပျော်နေသလို ဖြစ်နေ၍ ပီတိဖြစ်နေသည့်မျက်နှာပုံသဏ္ဍာန်။လက်ထဲတွင်လည်း အဝတ်စတစ်ခုရှိနေ၏။ထိုအဝတ်စဖြင့်
လည်ပင်းကို သုတ်လိုသုတ်၊ရင်ဘတ်ကြားထိုးသုတ်လိုက်နှင့် စိတ်ထဲအရမ်းပူနေသလို။

အရမ်းစိတ်ကြွနေသည်။ခရီးသွားရမဲ့ညအတိုင်းပင်။ အိပ်၍မပျော်၊စောင်ခြုံလျှင်ခြုံ၊ထ,ထိုင်လျှင်ထ၊အပြင်ကို ထွက်ချောင်းလို ထွက်ချောင်း။သည်အတိုင်း ထင်ရှားဖြစ်နေသည်။

သူသည်က တစ်ယောက်ယောက်ကိုစောင့်နေသည့်ပုံပေါ်သည်။

အားး !! ရှီး !!

အရမ်းမနေနိုင်တော့သလိုခံစားနေရ၍လည်ပင်းအောက်ကြယ်သီး 2လုံးကိုလည်း ဖြုတ်ထား၏။သည်နေ့ကျ ထူးထူးဆန်းဆန်းနှင့် pant ကိုဝတ်ထားသည်။သို့ကြောင့် ထင်ရှား၏ခြေတံသွယ်သွယ်လေးကို အထင်းသားမြင်တွေ့နေရသည်။

ခြေတံလေးတွေက ဖြူဖြူဖွေးဖွေးကြီးမဟုတ်ပဲ ပြေပြစ်ပြီးချောမွေ့သည့်အသားထဲပါသည်။ကြည့်ရုံနှင့်တင် ကိုင်ချင်စရာလေးဖြစ်နေမှာဧကန်။

ထင်ရှားတစ်ယောက် အခန်းပြတင်းပေါက်ကနေ ချောင်းလိုချောင်း၊အခန်းပြင်ထွက်လာလိုထွက်လာနှင့် လည်ပင်းရှည်နေသည်။

***
ဇောင်၏အမေသည် ဦးမင်းခက်ထန်၏ ငယ်ရည်းစား။ဦးမင်းခက်ထန် ဇောင်အမေကို လမ်းခွဲစဉ်က ဇောင် ကိုယ်ဝန်ကို လွယ်ထားမှန်းမသိခဲ့။တကယ်လို့ ကိုယ်ဝန်ရှိနေမှန်းသိနေခဲ့လျှင်တောင် ခက်ထန်၏အမေကိုပဲ ပိုဦးစားပေးမှာ။

ခက်ထန်၏အမေက မိဘပေးစားတဲ့သူဖြစ်ပေမယ့် မကြာခင် ခက်ထန်ကိုယ်ဝန်ရလာသည့်အခါ ‌ခက်ထန်အမေကို မချစ်သေးပေမယ့် ပိုပြီးမေတ္တာသက်ဝင်သွားခဲ့တာ။

သည်အရာတွေကြောင့်ပင် ဇောင်အမေကို သူထားခဲ့ရသည့်အကြောင်းအရင်း။အချစ်ဦးက
မြေးဦးရတာတောင် မမေ့မှန်းသိပေမယ့် ဇောင်
အမေအတွက် ဦးမင်းခက်ထန်ကို စိတ်ပျက်သွားစေခဲ့သည်။

အချစ်ကြီးရင် အမြတ်ကြီးတယ်ဆိုတာထက်
သူနဲ့ရထားတဲ့ကိုယ်ဝန်ကိုလွယ်ထားရသည်က
တစ်ကြောင်း၊ သူမကို အဆက်အသွယ်တောင်
မလုပ်ဘဲ ပစ်ထားခဲ့သည်က တစ်ကြောင်း
ကြောင့် သူမ ပိုပြီး စိတ်နာသွားခဲ့တာ။ဇောင်ကိုယ်ဝန်ကို လွယ်ထားပေမယ့် သူမ မဖျက်ချခဲ့ပဲ ခိုးကိုးရာမဲ့ဖြစ်ပြီး ဇောင်ကို,ရအောင်မွေးခဲ့သည်။

ဦးမင်းခက်ထန်တွင် သားနှစ်ယောက်ရှိမှန်းလည်း သိသည်။သို့ပေမယ့် ဇောင်ကိုတော့ ခက်ထန်ထက် ပိုသာအောင် သူမ ကြိုးစားပေးနေတော့၏။ခက်ထန်နဲ့ ဇောင် တစ်ခါ လက်ဝှေ့‌ပြိုင်ဖူးသည်။

သည်ပွဲမှာ ခက်ထန်ပဲ နိုင်ခဲ့တာ။သို့ကြောင့် ခက်ထန် မြတ်နိုးတဲ့အရာမှန်သမျှ သူ,ရအောင်
ပြန်လုယုမှာ။ထင်ရှားကို သဘောကျသွားခဲ့တာက ခက်ထန်ဆီက လုယူခြင်းမျိုးမဟုတ်ဘဲ တကယ်သဘောကျသွားခဲ့တယ်ဆိုတာ ဇောင် ကျိန်ပြောရဲသည်။

ထိုနေ့ကစပြီး ထင်ရှားကိုရအောင် သူနည်းမျိုးစုံနှင့် ကြိုးစားတော့မည်ဆိုတာ။အကယ်၍ ခက်ထန်သာ နည်းနည်းလွဲသွားတာနှင့် ထင်ရှားက ဇောင်အတွက်ဖြစ်သွားမည်။

သည်ပွဲမှာ သူမရှုံးဘူးဆိုတာ အာမခံရဲသည်အထိ။

***
" သွန်းဆက်ချို .. ထင်ရှားကို ထည့်ထားတဲ့ ဆေးက မှန်ပါတယ်နော် ! "

" မှန်ပါတယ်ဟဲ့ ! မေကြီးအခန်းထဲက သေချာရှာယူလာခဲ့တာ စိတ်ချ "

" ဒါပေမယ့် အခုထိ ဘာသံမှ မကြားသေးဘူး "

" ခုနထပ်စောင့်ပါအုံး "

" ထင်ရှား တစ်ခုခုဖြစ်သွားရင် နှစ်ယောက်လုံး အသတ်ခံရမှာနော် "

" သိတယ်လို့ ...ကြည့်! ကြည့် ! ဟို ! ဟိုမှာ ထွက်လာပြီ ! "

***
အားး !! ရှီး !!

" အကိုခက်ထန် .. ပြန်လာပြီးလား ! "

ခက်ထန်၏လက်မောင်းကို ထင်ရှားဖက်ထား သည်။

သည်ကောင် မလုပ်စဘူးတွေ လာလုပ်နေသည်။

" အွန်း !! "

" အကိုခက်ထန် ရေအရင်ချိုးတော့မလား ဒါမှမဟုတ် လုပ်တော့မလား ! "

ပြောပြီးသည်နှင့် ထင်ရှား၏လက်နှစ်ဖက်က ခက်ထန်၏ ရင်အုပ်ပေါ်မှာ။ ခက်ထန်အင်္ကျီ ကြယ်သီးများကို သူဖြုတ်တော့မည့်အတိုင်း ဟန်ပန်။

" အကိုခက်ထန် ! ကျွန်တော်မရတော့ဘူး ! "

" ဘာဖြစ်လို့လဲ "

အားး !! ရှီး !!

" ကျွန်တော်ယားနေပြီး ! "

ဟ !! တစ်ခုခုတော့မှားနေပြီးမလား။

" ဟမ် !! မင်းအရင်က ဒီလိုမဟုတ်ပါဘူး ! "

" မသိဘူး ! အခု ကျွန်တော်အရမ်းပူတယ် ! "

နောက်...ထင်ရှား သူ၏ကြယ်သီးများကို တဖြည်းဖြည်း တစ်လုံးချင်းဆီ ဖြုတ်နေသည်။
ခက်ထန်အရှေ့မှာ သူလုပ်နေတာတွေကို ဆေးအရှိန်ကြောင့် သူသတိမထားမိဘူးထင်၏။

ခက်ထန်သည်လည်း ထင်ရှားဖြုတ်နေသည့် ကြယ်သီးတစ်လုံးချင်းစီကို ကြည့်နေမိသည်။
တဖြည်းဖြည်း ထင်ရှား၏ ရင်အုပ်ကလေးက
ပေါ်ထွက်လာပြီ။

ပုံမှန်ဆိုလျှင် ထင်ရှားစိတ်မပါဘဲ သူလုပ်လိုက်သည့်အပြုအမူကြောင့် တွေ့နေ မြင်နေရတာသည်ထက် ထင်ရှားကိုယ်တိုင် ပြုလုပ်ပေးနေသည်က
သူ့အတွက် ထူးဆန်းပေမယ့် သူ့ကို အရမ်းဆွဲဆောင်လွန်းနေသည်။

သူဖြစ်စေချင်တာကို ထင်ရှားဖြည့်စည်းပေးနေသလိုမျိုး သူခံစားနေရသည်။သို့သော် ထင်ရှားသည် သူနမ်းလျှင်တောင် စိတ်မပါတာ အခု
သည်မြင်ကွင်းက ထင်ရှားကိုယ်တိုင် စိတ်ပါလက်ရောက် ဖြစ်နေသည်။

ထင်ရှား ကြယ်သီးများ တစ်လုံးမကျန် အကုန် ဖြုတ်ပြီးသည်နှင့် အင်္ကျီပါဆွဲချွတ်၍ ခက်ထန် ဘေးနားဝင်ထိုင်သည်။

" အကိုခက်ထန် ကျွန်တော်တို့ လုပ်ကြတော့မလား !! "

" ကိုယ် .. ရေ အရင်ချိုးလိုက်အုံးမယ် ! "

" ရတယ် ရတယ် !! ကျွန်တော် အိပ်ယာပေါ်မှာပဲ စောင့်နေမယ်နော် မြန်မြန်လာနော် မကြာစေနဲ့ ! "

မျက်နှာမှာဖြင့် စပ်ဖြဲဖြဲနှင့် ‌အင်္ကျီဆွဲချွတ်နေသော ခက်ထန်ကို လှမ်းပြောနေသည်။ခက်ထန် တစ်ခုခုလုပ်ရအုံးမည်။ထင်ရှား ပုံမှန် သည်ကို မဟုတ်တာမှန်းသိတာမို့ တစ်ယောက်ယောက် လက်ချက်မှန်း သူရိပ်မိသည်။

**
" ရှိုင်းစက် ! ငါတို့သွားချောင်းကြည့်ကြမလား ! "

" မလုပ်နဲ့လေ အသံကြားရရင်တော်ရောပေါ့
တော်ကြာ မိသွားမှ အကုန်ပေါ်နေမယ် ! "

" ငါကြည့်ချင်တာ အကိုခက်ထန်က ထင်ရှားကို ဘယ်လိုလုပ်မလဲဆိုတာကို .. "

" တစ်ယောက်ထဲ ဇွတ်တွေ မဲ မနေနဲ့အုံး အကိုခက်ထန်က အ့လောက်မပေါ့ဘူး သူသတိထားမိလောက်မယ်ဆိုတာ ငါသိပြီးသား ၊ ဘယ်သူ့လက်ချက်လဲဆိုတာ အကိုခက်ထန်မမေးခင် ဖြေနိုင်ဖို့ပဲ အရင်ကြိုးးစားထားအုံး "

" လုပ်ပါ ငါကြည့်ချင်လို့ ! နည်းနည်းလေးကြည့်ရရင် ငါဆူခံထိလည်း ခံပါမယ် "

" သွန်းဆက်ချို ...မျက်ကွင်းတော့ညိုနေပြီ ! "

" ပြန်ရအောင် !! "

ရှိုင်းစက် နှင့် သွန်းဆက်ချို စဉ့်အိုးအနောက်မှ
ထ,ထွက်ရန် လုပ်နေစဉ် ..

" ဝပ် !! အကိုခက်ထန် ! "

သည်အချိန်မှ အကိုခက်ထန်က ဘာလို့ရေချိုးရတာလဲ။ဖမ်းမိလို့ အလိမ်တွေအကုန်ပေါ်ကုန်တော့မှာပဲ။သွန်းဆက်ချိုရေ နင်တော့သေပြီ။

***
" ဖေကြီး ! "

" အင်း ... ပြောလေ သမီးမုဏ်း "

" သမီး ခက်ထန်နဲ့ထင်ရှားဆိုတဲ့ သူဘေးနားမှာရှိနေတဲ့ကောင်လေးနဲ့ အတူရှိနေတာကို သမီးသဘောမကျဘူး "

" ထင်ရှား.. ဟုတ်လား ဘယ်တစ်ယောက်လဲ
သမီး "

" ဖေကြီး မသိဘူးလား.. စေ့စပ်ပွဲနေ့က ခက်ထန်ကြည့်နေတဲ့ကောင်လေးတစ်ယောက်လေ ၊သမီး အ့နေ့ကတည်းက သမီးစိတ်ထဲ ထင့်နေတာ "

" ဖေကြီးတော့တွေ့တယ် ဒါမဲ့ အ့ကောင်လေးက ဘာလို့ ခက်ထန်နဲ့အတူရှိနေရတာလဲ ! "

" သမီးလည်းသေချာမသိဘူး၊ သေချာတာက ခက်ထန်အဆောင်မှာ အ့ကောင်လေးနဲ့သူနဲ့အတူရှိနေကြတာ ! "

" မဖြစ်နိုင်ဘူး ခက်ထန်က သူ့အဆောင်ထဲ ဘယ်ယောင်္ကျားလေးမှ ခေါ်ထည့်တာ ဖေကြီး မတွေ့ဖူးဘူး "

" ဖေကြီး မယုံရင် နက်ဖြန်မနက် ခပ်စောစော သူတို့ မနိုးခင် သွားဖမ်းကြည့်ပါလား ! "

ဦးမင်းခက်ထန် သတိထားရအုံးမည်။အကယ်၍ မုန်းပြောသည့်အတိုင်းသာ ဖြစ်နေရင် သူတို့နှစ်ယောက်ကို အတူထားဖို့မဖြစ်နိုင်ဘူး။အချိန်တွေ
မလွန်ခင် ဦးမင်းခက်ထန် မင်္ဂလာပွဲကိုအမြန်ဆုံးစီစဉ်မှရမည်။

တော်ဝင်ခက်ထန်သည် မုဏ်းနှင့်လက်ထပ်လိုက်ပါသော်လည်း သူတကယ်သဘောကျနေသူက ထိုကောင်လေးပဲဆိုတာ ဦးမင်းခက်ထန် ထည့်တွေးဖို့မေ့နေ၏။သို့ကြောင့် ဖေကြီးစကား
တစ်ခွန်းဆိုလျှင် ပြီးသည့်ခက်ထန်က အခုရော
ဖေကြီးရဲ့ စိတ်သဘောအတိုင်းပဲဖြစ်မလားလေ။

လသာဆောင်ထက်ဝယ် မုဏ်း ထင်ရှားနှင့်ခက်ထန်အတူရှိတာကို အလိုမကျသည်ဖြစ်၍ဦးမင်းခက်ထန်ဆီ လာခဲ့ခြင်းပင်။သို့မှသာ
သူ့အတွက် အ‌ဆင်ပြေမှာ။

ယောင်္ကျားလေးအချင်းချင်းအတူအိပ်တဲ့သူနဲ့ အတူအိပ်ရမှာကို သူ မဖြစ်ချင်ဘူး။ သူ့ကိုကြိုက်နေသည့် လူပျိုလူလွတ် အဖြောင့်တွေအများကြီး ရှိပါရဲ့နှင့် ဖေဖေတို့က ဘာလို့ ပေးစားရတာလဲဆိုတာ ကိုယ့်ဟာကိုယ်လည်း နားမလည်နိုင်တော့။

သူ့ ရာထူးအတွက်နှင့်ကြားထဲ ကိုယ့်ကို တန်ဆာခံ ပေးလုပ်နေခဲ့တာ။မွေးစားသမီးမို့ တန်ဖိုးမထားတာဖြစ်နိုင်ပါသည်။တစ်ခုခုဆိုလျှင် သိမ်ငယ်အားငယ်တတ်သည့် စိတ်က လူကို အမြဲခြောက်လန့်နေသည်။

သူမယူချင်ပေမယ့် ခက်ထန် ဘာပဲဖြစ်နေပါစေ သူ့၏ချောမောမှုအောက်မှာ ကျ,မရှုံးပဲ မနေနိုင်တာမို့ အချိန်တွေကြာလာလျှင် ခက်ထန်ကို သူပြင်ပေးနိုင်မည်ဆိုတာ သူယုံကြည်သည်။ငယ်ငယ်ကလေးကတည်းက ညီမလေးတစ်ယောက်လို စောင့်ရှောက်ပေးခဲ့တာတွေကို ထောက်ရင် ခက်ထန်၏ ခံစားချက်ကို သူကောင်းကောင်းနားလည်နေလောက်ပြီ။

ကြားထဲ ဖေဖေ၏တောင်းဆိုချက်ကို သူဖြည့်စည်းပေးရအုံးမည်။ကလေးတစ်ယောက်ရဖို့ဆိုတာ လွယ်ကူသည့်ကိစ္စမဟုတ်တာမို့ ဖေဖေကိုနားလည်ပေးစေချင်သည်။

ကြားလျှင် သူလည်း သိပ်ပြီးအပင်ပန်းမခံချင်တော့။

***
" အကိုခက်ထန် မလာသေးဘူးလားဗျာ ! "

ခက်ထန် ထင်ရှား၏အပြုအမူတွေကြား ဆွိ့အ,သွားတာလားပဲ။ပြန်ပြောမည့် စကားတောင်
ရှာမတွေ့။

" အကို ခက်ထန် ကျွန်တော်အရမ်း.. မရတော့
ဘူး ! "

ထင်ရှား ဘောင်းဘီဆွဲချွတ်နေသည်ဖြစ်၍ ခက်ထန် သူ့လက်ကို အချိန်မလွန်ခင် ဆွဲဖမ်းလိုက်သည်။

" မလုပ်နဲ့ ! "

" အကိုခက်ထန် ခမျာ !! ကျွန်တော်တို့ လုပ်ရအောင် ! "

" ဟာ့ ... ဟက် ! "

သူခေါင်းကုတ်နေရပြီ။ရှေ့ဆက်တိုးရင် အကုန်လွန်တော့မည်။သည်ပုံစံမျိုးနှင့် သူ ထင်ရှားကို အသားယူချင်သည်မဟုတ်။ထင်ရှား တစ်ခုခုတော့ တစ်ခုခုလွဲနေပြီးဆိုတာလည်း သူသိတာမို့ ထင်ရှားကို အလိုလိုက်လို့လည်း မဖြစ်ဘူး။

ထင်ရှားမလွန်ခင် သူတစ်ခုခုလုပ်ရမည်။

" ဟင် ? အကိုခက်ထန်က ကြမ်းမှ ကြိုက်တာ
လား ! "

" အွန်း .. ဟုတ်တယ် ! "

" အကိုခက်ထန် ကြိုက်ရင် လုပ်ပါ ! "

အားး!! ရှီးး !!

" အကိုခက်ထန် ကျွန်တော်တို့ စ,ကြတော့မလား "

" ခုနပဲစောင့် ! "

" အကိုခက်ထန် ကျွန်တော်ဘောင်းဘီကိုချွတ်ပေးပါလား ကျွန်တော့်လက်ကို ချည်ထားတာ ကျွန်တော်ချွတ်လို့မရတော့ဘူး "

ခက်ထန် ထင်ရှား၏ လက်နှစ်ဖက်ကို ကြိုးဖြင့်ခပ်တုပ်တုပ် ချည်ထားသည်။လှုပ်၍မရမှသာ သူ့အတွက်ပိုအဆင်ပြေမှာ။နောက်မို့ဆိုလျှင် သူဘာမှမလုပ်ခင် ထင်ရှားက အကုန်ချွတ်တော့မှာ။သူ ထင်ရှားအပေါ်အသားမယူချင်တာကြောင့် သူဒီလို လုပ်ရခြင်းဖြစ်သည်။

NOV 17 - 2023
5:18 PM

Note // အာရွန် စနေနေ့ တနင်္ဂနွေ နှစ်ရက် ဝတ္ထုနားပါမည်ဗျ။ တနင်္လာနေ့စောစောပြန်တင်ပေးမှာပါ။ ကြားထဲ အာရွန် up ပေးနိုင်ရင်လည်း တင်ပေးမှာပါဗျ ..Tysm ပါဗျာ့

Zawgyi----

\\\\ • Htan • /////

Part ( 6 )

****







***








***






***























**










***

















***

















NOV 17 - 2023
5:18 PM


Continue Reading

You'll Also Like

566K 30.7K 49
𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐨𝐟 𝐈𝐬𝐡𝐪 𝐤𝐢 𝐝𝐚𝐬𝐭𝐚𝐧 advika: "uski nafrat mere pyaar se jeet gayi bhai meri mohabbat uski nafrat ke samne kamzor padh gay...
274K 16K 17
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
1.4M 34.6K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3M 95.8K 28
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...