မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (...
By Zphoowai
375K 19.4K 2.4K
Redflag- Beauty M-preg More
Intro
Profile
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
🌱
အပိုင်း (၁၀)
Emergency foods
Ice CREAM
🍃
အပိုင်း (၁၁)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
😎
အပိုင်း (၁၂)
9.4K 560 91
By Zphoowai
{Unicode}
.... အင်း...
အဲ့လိုလူမျိုးတွေက ရူးချင်စရာ...
****
Disclaimer: ဒီအပိုင်းက Cringe ဖြစ်နိုင်ပါတယ်...။ တစ်ချို့ sceneကြောင့် ကျော်ဖတ်ဖို့လည်း ရပါတယ်။ ဖတ်ပြီးမှ ဘာဆိုတာချည်းလို့ ပြောတာ ကျွန်တော် မကြိုက်ပါဘူး....။
ကျုပ်က ခင်ဗျားမဟုတ်လို့ ခင်ဗျားအတွေးနဲ့လည်း ကျုပ်က တူမှာမဟုတ်ပါဘူး...။ ကျုပ်က တွေးချင်တာ တွေးပြီး ရေးချင်တာ ရေးတတ်သူပါ... ပိုပြီးတော့တောင် ခင်ဗျားအတွေးနဲ့ သွေဖယ်နိုင်ပါတယ်။
အထူးတလယ် လာမပြောနဲ့ ကျုပ်အရေးအသားမကောင်းတာ ကျုပ်သိတယ်...။
ကဲ လွန်တာရှိ ဝန္တာမိပါလို့ အဲ...။
ယခင် အပိုင်းမှ အဆက်...
"အစ်ကို..."
နူတ်မှ ဖွဖွလေး ရေရွတ်လိုက်မိသည်.... ။ အစ်ကိုကတော့ သူ့လက်သီးကို ကြပ်ကြပ်ဆုပ်ထားပြီး မိမိဆီ တရွေ့ရွေ့....။
ထိုအချိန်မှာတော့ နံဘေးက မမကေသီကို ကြည့်လိုက်စဥ်မှာ မမကေသီလည်း မျက်စိမျက်နှာပျက်လျက်ပင်....။
တဖြည်းဖြည်းနဲ့ အစ်ကိုက ကျွန်တော်နှင့် ကပ်လျက် ရောက်လာပြီးသည့် အချိန်မှာတော့ ကျွန်တော့်လက်ထဲမှ ပန်းဗန်းကို တစ်ခြားတစ်ယောက်ကို လွှဲပေးလေပြီ...။ ထို့နောက် ကျွန်တော့်လက်ကို ဆွဲကာ ကျောင်းဝန်းပြင်ပသို့....
ဘုန်းကြီးကျောင်းကနေ ပြန်လာသည့် လမ်းတစ်လျှောက်မှာတော့ အစ်ကိုက ကျွန်တော့်လက်ကို တင်းတင်းကြပ်ကြပ် ​ဆုပ်ကိုင်ထားပြီး ဘာစကားမှ မပြောလာသေး...။
အစ်ကိုက အိမ်ကို ပြန်ဖို့ လုပ်နေသည် ထင်သည်...။ အခုချိန် အိမ်မှာက ဘယ်သူမှ ရှိမှမဟုတ်သေး... အကုန်လုံးက ကထိန်ပွဲသို့ ရောက်နေလေပြီ...။ အိမ်မှာတော့ သေချာသည်က အစ်ကိုနှင့် ကျွန်တော် နှစ်ယောက်တည်း ရှိမှာပင်...။ တွေးရင်း တွေးရင်းပင် ကြောက်လန့်လာသည်မို့ ရှေ့မှ ခပ်မြန်မြန်လျှောက်နေသည့် အစ်ကို့မျက်နှာကို ကြည့်နေမိသည်....။
အစ်ကိုကတော့ မပြုံးမရယ်ဆိုတာထက် အံကို တင်းတင်းကြိတ်ထားပုံရသည်...။ ကျွန်တော်လည်း ဘာမှမပြောဘဲ အစ်ကိုခေါ်ရာ နောက်သို့သာ....။
မိနစ်အနည်းငယ် အကြာ...
ဘုန်းကြီးကျောင်းက ပြန်လာပြီးသည့်နောက် အစ်ကိုက ကျွန်တော်လက်ကို မလွှတ်လာသေးဘဲ မီးဖိုခန်းမှ သိမ်းဆည်းထားသည့် ဓားတစ်လက်ကို ယူလာသည်...။
ထိုဓားက မသုံးတာ ကြာသဖြင့် အရင်လို မြည့်နေတာမျိုး မဟုတ်တော့...။ အစ်ကိုက ထိုဓားကို ဆွဲထုတ်လာပြီး အိမ်ရှေ့က ရေချိုးသည့် နေရာက မြေကြီးထဲမှ နေရာချန်ကာ ထည့်ထားသည့် ဓားသွေးကျောက် ရှိရာသို့....။
"... ဒီကိုလာ..."
ဘုန်းကြီးကျောင်းက ပြန်လာပြီးသည့်နောက်မှာတော့ အစ်ကိုက ကျွန်တော့်ကို သူ့ရင်ခွင်ထဲက ပုဆိုးလုံကွင်းထဲ ထည့်ထားပြီး ဓားသွေးကျောက်ပေါ် ဓားကို မြည့်စေသည်...။ ဓားသွေးကျောက်ပေါ်မှာ လင်းခနဲ လက်ခနဲ ဖြစ်နေသည့် ဓားကတော့ အသေအချာကို မြည့်နေသည့် ပုံ....။
အစ်ကိုက သူ့စိတ်ကြိုက် ကျွန်တော့်ကို ရင်ခွင်ထဲ ထားကာ ဓားသွေးနေရင်းမှ တစ်ခဏ အကြာမှာတော့ အသွားမြည့်သည့် ဓားကို သူ့လက်မဖြင့် ဖိပွတ်သ ပြီးသည့်နောက်...
"... ဒီမျက်နှာကို လူအများကြီး ကြည့်နေစေခဲ့တာပေါ့...။ လူတွေအများကြီး မြင်မှာစိုးလို့... စိတ်ချလောက်တဲ့ နေရာမှာ မနေခဲ့တဲ့ အတွက်ရော..."
အစ်ကိုက ဘာမှဆက်မပြောသေးဘဲ ဖွဖွ ပြုံးသည်...။ ဒီအချိန်က အိမ်ကလူတွေ အကုန်လုံးက ကထိန်ပွဲကြောင့် ကျောင်းမှာ ရောက်နေသည်မို့ တစ်ယောက်မှ မရှိ...
ခဏအကြာမှာတော့ အစ်ကိုက သူ့လက်ထဲမှ မြည့်ပြီး ထက်ဟန်ရှိနေသည့် ဓားဦးစွန်းကို ​
သူ့ရင်ခွင်ထဲမှ အောက်သို့ ချထားသည့် ခြေထောက်မှ ခြေညှိုးနှင့် ခြေမ မကြား ရုတ်တရက် ထောက်ကာ စိုက်ချလာသည်....။
"Babe..."
သြရှနေသည့် အစ်ကို့အသံနှင့်အတူ...
အစ်ကို့အကြည့်...
အစ်ကို့အကြည့်များက... စူးရှကာ ရှိနေသည်....။
​ခြေညှိုးနှင့် ခြေမအကြားမှ သူ့ဓားဦးစွန်းကို လှည့်နေတော့ ဓားသွားများက လှည်ထွက်နေပြီး ကျွန်တော့်ခြေညှိုးနှင့် ခြေမအကြား အသည်းယားဖွယ်ရာပင်....။
"... မင်းကို လူတွေအများကြီး မြင်တာ မကြိုက်ဘူးလို့ ပြောထားတယ် မလား? ဘာလို့ ပန်းဗန်းကို ကိုင်ပြီး တစ်ပတ်လှည့်ပတ်ခဲ့တာလဲ?"
အစ်ကိုအကြည့်များက စူးစိုက်ကာ ရှိနေပြီး အစ်ကို့ ဓားသွားက မြည့်ကာ ရှိနေသည်...။ ကျွန်တော်လည်း ဘာမှမပြောနိုင်ဘဲ အစ်ကို့ကိုသာ ကြည့်နေမိသည်...။
"ပျိုးငယ်... ပျိုးငယ်က မမကေသီတို့နဲ့ နေမလို့ပါ...။ ဒါပေမယ့် အဲ့ဒီရွာက သူတွေက ပျိုးငယ်ကို ခေါ်ပြီး ပန်းဗန်းကို ကိုင်ခိုင်းတာပါ။ ပျိုးငယ်က ငြင်းမလို့ပါ အစ်ကိုရယ်...။ ပျိုးငယ်ကို ဘယ်သူ့မှလည်း ကြည့်မနေခဲ့ပါဘူး...။ ပျိုးငယ်မှာ အစ်ကိုပဲ ရှိတာပါ...။ အစ်ကိုနဲ့ပဲ ရှိနေချင်တာပါ...။ ဒါကြောင့် စိတ်ကို လျှော့ပါ အစ်ကို... ။ အစ်ကို့စိတ်ကို လျှော့ပေးပါနော်....။"
"......"
"ပျိုးငယ်က အစ်ကို့ရဲ့ လူ...။ အစ်ကို့အပိုင်ပါ... အစ်ကို့ဆီကနေလည်း ဘယ်သူမှ ပျိုးငယ်ကို လုမယူနိုင်ပါဘူး...။"
ထိုအချိန်မှာတော့ အစ်ကိုက ပျိုးငယ်ကို တစ်ချက်ကြည့်လာပြီး....
"... ဒါပေမယ့် မင်းကို ငါက လွဲပြီး ဘယ်သူမှ မြင်တာမျိုးကို မကြိုက်တာ...။ ဒီအလှတရားကို ငါပဲကြည့်မယ်လို့ ပြောထားတယ် မလား?ငါ တစ်နေကုန် ထိုင်ကြည့်မယ် ပျိုးငယ်...။ ဘယ်သူ့ကိုမှ မြင်ခွင့်မပြုနိုင်ဘူး ....။"
"... ဒါပေမယ့် အစ်ကို ပျိုးငယ်က ဘယ်သူ့ကိုမှ လိုက်မကြည့်နေသလို... မြင်လည်း မမြင်ခိုင်းပါဘူး...။ ပျိုးငယ်က ဒီအတိုင်း ရှိနေခဲ့ရုံလေးပါ...။"
"ပျိုးငယ်..
မင်းကိုလေ.... ငါက စ တွေ့ကတည်းက ဘယ်လောက်တောင် ရူးခဲ့လဲ သိလား? မင်း လူအများကြီးရှေ့မှာ ရှိနေရင်တောင် မင်းကို ကြည့်တဲ့ မျက်လုံးတွေ အကုန်လုံးကို ဖောက်ထုတ်ပစ်ချင်လောက်တဲ့အထိ....။ မင်းကို သတိရတဲ့ အတွေးနဲ့ ငါ အိပ်လို့မရဘူး...။"
"...အစ်ကို..."
"... မင်းကို ပိုင်ဆိုင်ချင်တယ်... ငါ အပိုင်ယူဖို့ပဲ တွေးနေခဲ့တာ...။ ဘယ်လောက်တောင် တွေးခဲ့သလဲဆိုရင် မင်းမှာ အသက်မရှိတော့ရင် ငါ တစ်ယောက်တည်းများ ဖွတ်ထားလို့ ရပြီလားပေါ့...။ မင်းကို အခန်းတစ်ခုထဲ တစ်သက်လုံး ပိတ်ထားချင်တာ...။"
"......."
"မင်း လူပျိုဘဝတုန်းက မင်းသွားခဲ့တဲ့ နေရာတွေ အကုန်လုံးကို ငါ ဘယ်လိုတားရမလဲပဲ စိတ်ထဲ ရှိခဲ့တာ...။ မင်းကို ငါ့မျက်စိရှေ့မှာပဲ ရှိစေချင်တာ...။ မင်း တစ်နာရီလောက် ပျောက်သွားရင်ကို ငါ အဆင်မပြေတော့တာ...။"
"အစ်ကို.... "
"ပျိုးငယ်... မင်းကို  တစ်နာရီမတွေ့ရရင် တစ်နာရီ ထိုင်ကြည့်နေတဲ့ ငါက... ဘယ်လောက်တောင် ငါ့ရဲ့စိတ်ကို ချုပ်တည်းနေခဲ့ရလဲ သိလား?"
"ပျိုးငယ်လေ... အခု အစ်ကို့အနားမှာ ရှိနေပါတယ်နော်...။ အစ်ကို့စိတ်ကို ထိန်းပါနော်..."
"Babe... မင်းကို ငါ ဘယ်လိုပြောထားလဲ? မင်း မျက်နှာက အရည်ခွံတွေ ဆွဲခွာပစ်မယ် ဆိုတာ... ငါ ပြောတဲ့ စကားတွေက တစ်ချိန်ချိန်မှာ မင်းကို ငါလုပ်ဖို့ ရည်ရွယ်ထားတဲ့ အရာတွေချည်းပဲ... ။"
"အစ်ကို... ပျိုးငယ်လေ... နောက်ထပ် အစ်ကိုမကြိုက်တာ မလုပ်တော့ဘူးနော်...။"
ပျိုးငယ် အစ်ကို့စိတ်ကို ထိန်းဖို့ ကြိုးစားပေမယ့် အစ်ကိုကတော့ ပိုပြီးတော့သာ ကျွန်တော့်ကို ဖက်ထားသည့် လက်များက တင်းကြပ်လာသည်...။
"ပျိုးငယ်... မင်း ပေါက်ကရတွေ မလုပ်နဲ့နော်...။ မင်းကို ငါ သတ်ချင်လာအောင် မလုပ်နဲ့...။"
အစ်ကို့လက်တစ်ဖက်က ကျွန်တော့်လည်တိုင်သို့... အနည်းငယ် ဖျစ်ညှစ်လာပြီးသည့်နောက်...
"ငါ မကြိုက်တာ မလုပ်နဲ့... ပျိုးငယ်...။ မင်း အသားတွေ အကုန်လုံး အစိမ်းလိုက် ကိုက်ဖဲ့စားသောက်ရင်လည်း ငါက ကိစ္စမရှိဘူး...။ ငါ ဒီလောက် ပြောထားတာကို... မင်းက အဲ့လိုမျိုး ရှိနေချင်လို့လား? ပြောစမ်း... ပြော... အခုပြော..."
အစ်ကို့ပုံစံက အမှန်တကယ်ကို စိတ်ကြီးနေသည့် အသွင်မို့ ကျွန်တော့်လည်တိုင်မှာ အစ်ကို့လက် ရှိနေသည့်အကြားကပင် အစ်ကို့ကို ပွေ့ဖက်ဖို့ ကြိုးစားမိသည်....။
"ပျိုးငယ်က အစ်ကို့ကိုပဲ ချစ်တာပါ... အစ်ကို့အနားမှာပဲ တစ်သက်လုံး ရှိမှာပါ...။ အစ်ကို စိတ်ကိုလျှော့ပါ...။ ပျိုးငယ် တောင်းပန်ပါတယ်နော်..."
ထိုခဏမှာတော့ အစ်ကိုက သူ့ကို ကျွန်တော်ဖက်တွယ်ထားရင်းပင် သူက မတ်တပ်ရပ်ကာ အိပ်ပေါ်သို့ တရွေ့ရွေ့....။
"ပျိုးငယ်... မင်းကို ငါက ဘယ်လိုပဲသတ်သတ် သေတယ် သိလား?"
နာရီအနည်းငယ် အကြာ...
အစ်ကို့အမေ အရီးလေးတို့က ကထိန်ပွဲမှာ ပြန်လာကြလေပြီ...။ ညနေ သုံးနာရီ ရှိနေပြီမို့ ညနေစာအတွက် ကျွန်တော် ပြင်ဆင်နေမိသည်...။
"အငယ်လေး... ခဏ လာဦး...။ ဒီမှာ ချိုချဥ်နဲ့ မုန့်တွေ လာယူဦးလေ...။"
ပြောရင်းဆိုရင်းပင် ကျွန်တော် ရှိနေသည့် မီးဖိုခန်းထဲသို့ ဝင်လာသည့် အရီးလေး...။ ကျွန်တော့် အခြေအနေကို တစ်ချက်ကြည့်လာပြီး အိမ်ရှေ့မှာ အလုပ်လုပ်နေသည့် အစ်ကို့ကို တစ်ချက်ကြည့်လိုက်ရင်းက....
"ဘယ်လိုဖြစ်တာလဲ? အဆင်ရော ပြေရဲ့လား? တရားနာပြီးမှ ကေသီက ပြောလို့ သိတာ...။ အရီလေးတို့တော့ ပြောမသွားဘဲ အငယ်လေးရယ်...။ အခုရော ဘာဖြစ်သွားသေးလဲ?"
"ဘာမှမဖြစ်သွားပါဘူး... အရီးလေး...။ အစ်ကို​က ပျိုးငယ်ကို သူ ထားတဲ့နေရာမှာ ရှိမနေလို့ပါ...။"
"ဟုတ်လား? ဒါနဲ့ အငယ်လေးက သူထားတဲ့ နေရာမှာ မနေဘဲ ဘယ်မှာ သွားနေလို့လဲ?"
"ပန်းဗန်းကိုင်တဲ့အထဲ ရောက်သွားတာ...။ ဟိုဘက်ရွာက ဇွတ်ခေါ်တာနဲ့ ပါသွားလို့ပါ...။"
အရီးလေးကတော့ ကျွန်တော့်စကားကို ကြားချိန်မှာ သူမရင်ဘတ်ကို တစ်ချက် ကရုဏာ သက်သလို ဖိနှိပ်လိုက်ပြီး...
"အမလေး... ပန်းတန်းတဲ့လားအေ...။ တကယ့် လူမြင်တဲ့ နေရာကြီးပဲ...။ ငဦး... အဲ့ဒီကလေးရဲ့ သဝန်တိုစိတ်ကလည်း အတော်ကို လွန်တာပဲ...။ ငဦးက ငယ်ငယ်လေးက အဲ့လောက်ကြီးထိ စွဲလမ်းရူးသွပ်တာမျိုး မရှိခဲ့ဖူးဘူး...။ ဒါနဲ့ မီးဖိုခန်းက သူကိုင်နေကျ ဓားကရော ဘယ်ရောက်သွားတာလဲ?"
"အစောနကမှ သူစိတ်ကြိုက် သွေးပြီး အိပ်ခန်းထဲမှာပါ အရီးလေး...။"
"ဟဲ့... အငယ်လေးတို့ အိပ်ခန်းလား?"
"ဟုတ်တယ် အရီးလေး..."
"အမလေး... ဓားကို အဲ့ဒီထဲမှာ ဓားရသလား? အပြင်ကို ပြန်ထား...။ ဒီထဲမှာပဲ ပြန်ထားလိုက်...။ တကယ်ပါပဲ... ငဦးက မင်းကို သတ်ဖို့က အတော်လေး ခဲယဥ်းပေမယ့် သူ့စိတ်သူ မနိုင်ရင်တော့ လက်လွန်ဖို့ ဝန်မလေးဘူး...။ ဒါကြောင့် အဲ့ဒီဓားကိုလည်း အောက််မှာ လာထားလိုက်ပါ အငယ်လေးရယ်...။ တော်ကြာ ကျော်မကောင်း ကြားမကောင်း... အဲ-".
အရီးလေးက ကျွန်တော့်ကို အပြင်မှ အစ်ကိုကတော့ ကျွန်တော်ရှိနေသည့် မီးဖိုခန်းထဲသို့ ဝင်လာလေပြီ။ ထို့နောက် မပြောမဆိုဖြင့်ပင် ကျွန်တော့်ဆီသို့ လာပြီး စွေ့ခနဲ ကောက်ပွေ့ကာ အပြင်သို့ ....
အရီးလေးကတော့ ကျွန်တော့်အခြေအနေကိုသာ တစ်ချက် စိတ်မကောင်းစွာ ကြည့်နေရင်းမှ ရင်တမမ​ဖြင့်...။
အစ်ကိုကတော့ ကျွန်တော့်ကို ပွေ့ချီပြီး အိမ်ရှေ့တောင်ဘက် ဆန်စက် ရှိနေသည့် တစ်ဖက်မှ ဆိတ်ဖလူးပင်အောက်သို့...။ အစ်ကိုကတော့ ထုံးစံအတိုင်း ကျွန်တော့်ကို သူ့ပုဆိုးကွင်းထဲသို့ ထည့်ထားသည်....။ ကျွန်တော့်လက်ထဲသို့ ကျွန်တော် ကြိုက်သည့် မုန့်များကို ထည့်ပေးလာသည်...။
သူကတော့ စီးကရက် တစ်လိပ်ကို သောက်ရင်းမှ ဘာစကားမှ မပြောလေတော့...
"ပျိုးငယ်... ညစာ ချက်ရဦးမယ် အစ်ကို...။"
ထိုအချိန်မှာတော့ တစ်ချိန်လုံး တိတ်နေသည့် အစ်ကိုက...
"ထားလိုက်... ဘာမှမဖြစ်ဘူး...။ မင်းသာ ငါ့အနားက ထွက်သွားဖို့ မလုပ်နဲ့..။"
"ဟုတ်ကဲ့...။"
ပျိုးငယ် ဘာမှမပြောဘဲ အစ်ကို့ရင်ခွင်ထဲမှာပဲ ရှိနေမိသည်...။ အကြောပြိုင်းပြိုင်းနဲ့ သန်မာလှသည့် အစ်ကို့လက်တစ်ဖက်က တင်းကြပ်စွာ ကျွန်တော့်ကို ပွေ့ဖက်ထားသည်....။
ခဏအကြာမှာတော့ အစ်ကိုက ကျွန်တော့်ကို ပွေ့ကာ အိမ်ပေါ်သို့...။
အခန်းထဲကို ပိတ်ပြီးသည့် နောက်မှာ... အစ်ကိုက ကျွန်တော့်ကို ကြည့်လာပြီးသည့်နောက်...
ကျွန်တော့်လက်နှစ်ဖက်လုံးကို အစ်ကိုက တစ်ချက် ဖိဆုပ်ကာ ချုပ်ထားသည်...။
ထို့နောက်...
ညပိုင်း...
ည ၈နာရီ..
ဒေါက်...
အိမ်ရှေ့မှ တံခါးခေါက်သံ တစ်ချက်ကြောင့် မိမိလည်း သေချာနားစွင့်ပြီး တံခါးရှိရာသို့။ ထို့နောက် သေချာပိတ်ပင်ထားသည့် တံခါးကို ဖွင့်လေတော့...
"ဆရာ ... ကလေးဖျားနေလို့ လိုက်ခဲ့ပေးပါ..."
တစ်စုံတစ်ယောက်..
အဲ့ဒီလူက မိမိ ရူးမတတ် သဘောကျရသည့် သူ...
သူ့နူတ်မှ စကားလုံး တစ်လုံးချင်းစီကို သဘောကျစွာ နားထောင်နေမိသည်...။ သူ့မျက်နှာအစိတ်အပိုင်း တစ်ခုစီ ယစ်မူးနေမိသည်....။
သြော် ဒါနဲ့...
ကလေး...
ဟမ်...
သူ့မှာ ကလေးရှိတာလား? သူ ယူထားတာက ပျိုးပင်ငယ်ဆိုတဲ့ ယောကျ်ားသားမလား?
မတော်မရော်လို့တောင် ကိုယ်ဝန်မရနိုင်ဘူး မလား? မဖြစ်နိုင်တာချည်း ဆိုပေမယ့် ကျေးဇူးပြုပြီး မရောက်ပါနဲ့....
ကလေးမရပါစေနဲ့...
ကလေးရသွားရင် နွယ် လွန်ဆွဲရမှာက နှစ်ယောက်နဲ့ ဖြစ်သွားလိမ့်မယ်...
အဝေးကပင် ငေးကြည့်ခဲ့သည့် သူက အခုတော့ဖြင့် မိမိရှိရာသို့ ဆိုက်ဆိုက်မြိုက်မြိုက်....။ သူအကြည့်များက မိမိဆီ ကြာရှည်ရှိမနေတော့သည့် နောက်မှာတော့ ကျွန်တော်လည်း သတိပြန်ဝင်လာပြီးသည့်နောက်...
"ဟုတ်ကဲ့... ဘာဖြစ်တာလဲ မသိဘူးနော်..."
"ဒီအတိုင်း နည်းနည်း နေမကောင်း ဖြစ်နေလို့ပါ... လိုက်ခဲ့ပေးလို့... ရတယ်မလား..။"
သူ့အပြောနှင့်အတူ သူ၏ စိတ်လှုပ်ရှားမှုက မိမိကို ကူးစက်လာသလိုပင်....။
ထိုစိတ်ပူပန်မှုကို စိတ်ကူးယဥ်ကြည့်မိပြီးသည့် တစ်ခဏ လူက ငေးမောသလို ဖြစ်ကာ သတိပြန်ဝင်ပြီးသည့်နောက်....
"ဟုတ်ကဲ့... ဒါဆို လိုက်ခဲ့ပေးမယ်နော်...။ ဆေးအိတ် ယူလိုက်ဦးမှာမလို့ ခဏ...."
အိမ်ထဲသို့ တစ်ခါ ပြန်ဝင်လိုက်မိပြီး လိုအပ်သည့် ပစ္စည်းများကို ထည့်လိုက်မိသည်။ ထို့နောက် ခပ်သွက်သွက်ပင် အနွေးထည်ပါးပါးဝတ်ကာ သူ့အိမ်သို့....။
သူကတော့ ကျွန်တော်နှင့် ဆေးအိတ်ကို တစ်ချက်ကြည့်လာပြီး ရှေ့မှ ခပ်သွက်သွက် လျှောက်သွားသည်...။ ခြေလှမ်းကျဲကျဲများဖြင့် သူ့ကို မနည်းမီအောင် လိုက်နေရသည်....။
ခဏအကြာမှာတော့ သူ့အိမ် တံခါးဝမှာ ရပ်လိုက်ပြီး ကျွန်တော့်ကို ခဏစောင့်သည်...။ အိမ်တံခါးကို ဖွင့်လိုက်ပြီးသည့်နောက်မှာတော့ ကျွန်တော်လည်း အိမ်ထဲသို့ ဝင်လိုက်သည်...။ သူကတော့ တံခါးကို တစ်ချက်ပြန်စေ့ပိတ်နေဟန်ဖြင့်....။
ကျွန်တော်လည်း သူ့ကို ရပ်စောင့်နေရင်းမှ သူကတော့ ခြေလှမ်းတို့က ခပ်သွက်သွက်... ။ ခဏအကြာမှာတော့ သူက ကျွန်တော့်အနားမှ လှေကားခုံပေါ်သို့ ခုန်ပျံကျော်လွှားတက်သွားသည်...။ လှေကားထစ်များကို ခပ်မြန်မြန်တက်သွားပြီး...
"ဒီပေါ်ကို တက်ခဲ့ပါ..."
အပေါ် လှေကားထစ်ရောက်မှ မိမိအား ခေါ်လာလေတော့ ကျွန်တော်လည်း အပေါ်သို့...။ မကြာမီပင် သူ ခြေလှမ်းဆုံးသွားသည့် တစ်နေရာကို အခန်းတစ်ခု....။
အဲ့ဒီအခန်းက သူ့အိပ်ခန်း ဖြစ်ပုံရသည်...။ ထိုအိပ်ခန်းက သူ့အိပ်ခန်း ဖြစ်လိမ့်မည်ဟု အကြည့်များက ဝေ့ဝဲနေဆဲမှာပင် သူကတော့...
"... နည်းနည်းလောက် စစ်ပေးပါ ...။"
ကျွန်တော်လည်း ရနံ့တစ်ခုနှင့်အတူ ရှိနေသည့် သူ့အခန်းကို ကြည့်လိုက်မိပြီး သူ့ဆီက အသံကြားချိန်မှာ သူညွှန်ပြသည့် နေရာမှာကြည့်လေတော့ ....
တစ်စုံတစ်ယောက်က အိပ်ရာအပေါ်မှာ ခပ်ဖျော့ဖျော့...
ထင်သည်တော့ ဒီအကောင်အထည်က သူရဲ့... ယခုသက်ဆိုင်သည့်သူ...
ကျွန်တော့်ရဲ့ စိတ်ကူးယဥ် အိပ်မက်များကို realityဆိုသည့် အရာများနှင့် ပုတ်ချသွားသည့် တစ်စုံတစ်ယောက်....
ထိုတစ်ယောက်ကို တစ်ချက်ကြည့်မိပြီးသည့် နောက်မှာတော့ ထိုတစ်ယောက်ရှိနေသည့် ကုတင်ဘေးနားကို ထိုင်လိုက်သည်...။
ထိုကလေးကို အိပ်မောကျနေသည် ထင်ခဲ့ပေမယ့် တကယ်တော့ အလွန်အမင်း ပင်ပန်းထားသည့်အသွင်....
"နေမကောင်း ဖြစ်တာလား? ဘယ်နှစ်ရက်ရှိပြီလဲ? ဘယ်ကနေ စ ဖြစ်တာလဲ?"
သွေးခုန်နှုန်း သွေးပေါင်ချိန်များကို တိုင်းဖို့ ပြင်ဆင်ပြီး မေးလိုက်ချိန်မှာတော့...
"ဒီနေ့ပဲ... ကျောင်းက အပြန် "
ထိုအသံက နောက်ကျောဘက်မှာ ရပ်နေသည့် သူ့ဆီက အသံ ဖြစ်သည်...။
ကိုယ်ပူချိန်ကို တစ်ချက်တိုင်းတာ ကြည့်သော်လည်း ဘယ်လိုမှ မနေ...။
ရောဂါက ဘာဖြစ်တာလဲ?
"ကိုယ်လည်း မပူ... အဖျားသွေးတော့ မတွေ့ဘူး...။ လူနာက ဘယ်အပိုင်းဖြစ်တာလဲ?"
နားမလည်နိုင်စွာ မေးလိုက်မိသည်။ ကုတင်ပေါ်မှာ ရှိနေသည့် အကောင်အထည်က ဘာစကားမှ မပြောနိုင်တော့ဘူးလား မသိ....။
"နေမကောင်းတာက... ကိုယ်ပူတာ မဟုတ်ဘူး...။ ဒီအတိုင်း ပင်ပန်းသွားလို့ ဖြစ်သွားတာမျိုးပါ..."
နောက်ဘက်မှ ရပ်နေသည့် လူဆီက အသံထွက်လာသည်...။
"ဒါဆို သူ ဘယ်ကနေ စ ပြီး ပင်ပန်းသွားရလဲဆိုတဲ့ အရင်းအမြစ်လေး သိဖို့ လိုအပ်လို့ပါ...။ တစ်ခါတစ်လေ ပင်ပန်းတာမျိုးက အလှည့်မသင့်ရင် ဖျားတတ်တာမျိုး ရှိလို့ပါ...။"
ထိုအချိန်မှာတော့ နောက်ကျောဘက်က အသံက ခေတ္တမျှ တိတ်ဆိတ်သွားပြီးသည့်နောက်...
"ဘာအကြောင်းမှ မဟုတ်ဘူး... ဒီအတိုင်း လွန်သွားလို့...။"
အရင်းမရှိ အဖျားမရှိ ပြတ်တောက်စွာ ထွက်ပေါ်လာပြီးသည့် နောက်မှာတော့ ထိုအရာက ဘာကိုဆိုလိုမှန်းမသိ ဖြစ်နေမိသည်...။ ဒီအတိုင်း လွန်တယ်ဆိုတာ ဘာကို ပြောတာလဲ?
ကျွန်တော်​က အတွေးဖြင့် အတန်ကြာ ငိုင်နေသည်ကို သူက သတိထားမိသည် ထင်သည်။ ခဏအကြာမှာပင်... နောက်ထပ် ထပ်ပြောလာသည့် စကားလုံးများက...
"နည်းနည်း စိတ်လွတ်နေတဲ့ အချိန်... သူပြောတာကို မကြားဘဲ မရပ်ဘဲ လုပ်လိုက်မိတာ...။ ပြီးကတည်းက မထလာနိုင်တော့တာ... ဒီအတိုင်း တစ်ချို့နေရာတွေက ကျိုးသွားတယ် ထင်တယ်...။"
ဟင်...
ဒါက ဒါက သူဘာလုပ်တယ်လို့ ဆိုလိုတာလဲ?
ကျိုးတယ်... ကျိုးတယ်ဆိုတာကရော ဘယ်အပိုင်းလဲ?
စိတ်ထဲမှာ မြင်ယောင်လာခဲ့သည့် ကျွန်တော်တစ်ယောက်တည်းအတွက် ရှိနေသည့် မြင်ကွင်းတစ်ချို့က အမြဲတမ်း သူ့ရင်ခွင်ထဲမှာ ရှိနေသည့် ထိုတစ်ယောက်...
သူက အဲ့ဒီအရာလေးကို အမြဲတမ်း ရင်ခွင်ထဲမှာ ချော့ကာ သိပ်နေတာမျိုး...
သူ့လက်ဖဝါး ကြမ်းကြမ်းတွေကလေ... အဲ့ဒီအရာအတွက်ကျတော့... အမြဲတမ်း ကာကွယ်မှုအပြည့်ပင် ရှိနေခဲ့သည်....။
Possessive ဖြစ်လိုက်တာကလည်း အကြည့်နဲ့တောင် ထိလို့မရ...။ အမြဲတမ်း သတ်မယ်တကဲကဲ လုပ်နေသည့် သူ....
"ကျိုး... ကျိုးတယ် ဆိုတာက ဘယ်နေရာတွေကို စစ်ပေးရမှာလဲ?"
အသံ၏ တုန်ယင်မှုကို ထိန်းကား ပြောလိုက်လေတော့.... နောက်ဘက်မှာ ရှိနေသည့် သူက...
"ဒီအတိုင်း လက်ကောက်ဝတ်တွေရယ်... ခါးရိုးရယ်... ပြီးတော့ ပေါင်တံတွေရယ်..."
သူကတော့ အစိတ်အပိုင်းတစ်ခုချင်းစီကို စဥ်းစားဟန်ဖြင့် ပြောလာလေတော့ ကျွန်တော့်မှာ ပုံမှန်စီးဆင်းနေကျ သွေးများပင် ဇောက်ထိုးမိုးမျှော် ဖြစ်မတတ်...။
"တစ်ကိုယ်လုံး ထင်တယ်... စိတ်က လွတ်နေတော့ အကုန်လုံး ကိုင်ထားမိလိုက်တယ် ထင်တယ်...။ တစ်ချက်စစ်ပေးပါ... အဆင်မပြေရင် ဆေးရုံသွားမလို့...။"
သူကတော့ သူ့အပြစ်အတွက် နောင်တရသလို ကြောက်စရာကောင်းအောင် ပြောနေပေမယ့် ကျွန်တော့်မှာတော့.... ရင်အတွင်း တစ်စုံတစ်ရာ၏ လှိုက်တက်သော ခံစားမှု...။
အဲ့လောက် ကြီးတောင်...
အဲ့လောက် ကြီးတောင် အချစ်ကြမ်းတာလား?
ဒါပေမယ့်...
အင်း အဲ့လိုလူမျိုးတွေက ရူးချင်စရာ...
Friday:01:Dce:12:2023:21:23PM
{Zawgyi}
... အင်း...
****
ယခင် အပိုင်းမှ အဆက်...
"အစ်ကို..."
မိနစ်အနည်းငယ် အကြာ...
"... ဒီကိုလာ..."
"Babe..."
အစ်ကို့အကြည့်...
"......"
"ပျိုးငယ်..
"...အစ်ကို..."
"......."
"အစ်ကို.... "
နာရီအနည်းငယ် အကြာ...
"ဟုတ်တယ် အရီးလေး..."
"ဟုတ်ကဲ့...။"
ထို့နောက်...
ညပိုင်း...
ည ၈နာရီ..
ဒေါက်...
တစ်စုံတစ်ယောက်..
သြော် ဒါနဲ့...
ကလေး...
ဟမ်...
သူ့မှာ ကလေးရှိတာလား? သူ ယူထားတာက ပျိုးပင်ငယ်ဆိုတဲ့ ယောက်ျားသားမလား?
ကလေးမရပါစေနဲ့...
"ဒီပေါ်ကို တက်ခဲ့ပါ..."
ရောဂါက ဘာဖြစ်တာလဲ?
ဟင်...
အဲ့လောက် ကြီးတောင်...
ဒါပေမယ့်...
Continue Reading
You'll Also Like
247K 14.8K 40
My priority /property/privacy
654K 57.6K 51
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
404K 78.3K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
700K 37.7K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...