5.Blind Date (Ongoing)

By karrot0801

6.7K 428 126

ရှက်ရှက်နဲ့ ခေါင်းမော့ကြည့်လိုက်တော့ သူက ကျွန်တော့်လက်တွေကို စိုက်ကြည်နေခဲ့တယ် ...... #PerthChimon ရွက္ရွက္န... More

Intro (U±Z)
Part-2(U±Z)
Part-3(U±Z)
Part-4(U±Z)
Part-5(U±Z)
Part-6(U±Z)
Part-7(U±Z)
Part-8.1(U±Z)
Part-8.2(U±Z)
Part-9(U±Z)

Part 1(U±Z)

793 60 18
By karrot0801

BLind Date 🖤💛
Part 1
Unicode

' ရှက်ရှက်နဲ့ ခေါင်းမော့ကြည့်လိုက်တာ
သူက ကျွန်တော့်လက်တွေကို စိုက်ကြည့်နေခဲ့တယ် '

-----------------------

^ သင့်အနားမှာ သင့်ကို နားလည်ပေးမယ့် ၊သင်နဲ့အတူ စကားပြောပေးမယ့် ၊ သင့်လက်ကို တွဲထားပေးမယ့် ပါတနာကောင်း တစ်ယောက်လိုအပ်ပါတယ် ၊ အဲ့တာကြောင့် သင်နဲ့ အဆင်ပြေနိုင်မဲ့ တွဲဖက်ကောင်းကို အကောင်းဆုံး ရှာဖွေပေးနိုင်မယ့် Cute Cupid ကို လှမ်းလာခဲ့လိုက်ပါ ။ စိတ်ပါဝင်စားရင် အောက်က messenger ထဲဝင်ပြီး Blind Date လို့ ရိုက်လိုက်တာနဲ့ သင့်သိလိုတဲ့အချက်လက်တွေ ကျလာပါလိမ့်မယ်နော် ၊ တကယ်လို့ သင်က LGBTတစ်ယောက်ဆိုလည်း အဲ့ဒီအတွက် ဝန်ဆောင်‌မှု့ကောင်းများစွာနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေပါသည်။ သင်ချစ်တဲ့သူက သင်နဲ့ဆန့်ကျင်ဘက်လိင်ဖြစ်ရမယ်လို့ ပညက်ချက်မရှိပါဘူး ။ သင်ချစ်နေဖို့နဲ့ သင့်ကို ချစ်တဲ့သူပဲ ဖြစ်ဖို့လိုပါတယ် ^

New feed ပေါ် ခဏခဏတက်လာတတ်တဲ့ ကြော်ငြာစာတစ်ခုကို မြင်တိုင်း အောင်ဆုံးက စာလေးမှာ Chi တစ်ယောက် ထူးဆန်းတဲ့အတွေးအချို့ အမြဲဝင်ဝင်လာတယ်။ အဲ့တာက

' ငါ ဒါကို Try ကြည့်ရမလား ' ဆိုတဲ့ အတွေးသာဖြစ်သည်။

ဒီရက်ပိုင်း ဘေးနားမှာ အတွဲတွေပဲမြင်ပြီး စိတ်တွေပဲဖောက်ပြားနေသလား ။ မိန်းကလေးတွေနဲ့ကလည်း အဆင်မပြေခဲ့တာ တွဲခဲ့တဲ့ (၁)ပတ် သက်တမ်းတွေက သက်သေ။ ကျောင်းတက်တုန်းက သူငယ်ချင်းတွေကြား နာမည်တွင်ခဲ့သေးသည် '1 week Rs' ဆိုပြီး။

အဲ့လိုဖြစ်ရတဲ့ ပြဿနာက နှစ်ခု ရှိသည်။ တစ်ခုက မိန်းကလေးတွေရစ်တာ မခံနိုင်တာ ။ နောက်တစ်ခုက လိမ်မိရင် နှာချေတတ်တဲ့အကျင့်ရှိတာ ။

ကိုယ့်အကြောင်းသိတဲ့ ကောင်မလေးတစ်ယောက်တုန်းက ချစ်လားမေးတာမှာ ချစ်တယ်ခေါင်းညိတ်လိုက်တာ နှာချေမိလို့ အဲ့နေ့တင် ပြတ်ခဲ့သည်။

ပြဿနာက မိန်းကလေးကြောင့်လား ၊ တကယ်ချစ်တဲ့သူပဲမတွေ့သေးတာကြောင့်လား ။

တစ်ဦးတည်းသော အကြောင်းသိ သူငယ်ချင်းကတော့ အကြံပေးတယ် ' မင်းယောကျာ်းလေး တွဲကြည့်ပါလား ' ဆိုပြီး
သူပြောတုန်းက ‌အကောင်ထည်မဖော်ဖူးပေမဲ့ ခု ဒီ Postတွေကြောင့် တွေးမိနေတယ် ။ ကိုယ်တိုင် ကြိုးစားကြည့်ရအောင်လည်း ဘယ်ယောကျာ်းလေးက ယောကျာ်းလေးစိတ်၀င်စားတယ်ဆိုတာ သိနိုင်မှာလဲ ။ ဒီနေရာမှာတော့ အဆင်ပြေနိုင်မလား ။ အဆင်မပြေလည်း မုန့်တစ်ခုခုစားပြီးပြန်ရုံပါပဲ ။ နောက်ထပ်တွေ့မှာမှ မဟုတ်တာ။

'ဟုတ်တယ်'
အတွေးတွေနဲ့ ဆုံးဖြတ်ချက်ကနောက် လက်ကတော့ messenger ထဲ 'BLIND DATE' လို့ရိုက်ထည့်ပြီးပြီဖြစ်သည်။

" အား ငါ့လက်တွေက မြန်လိုက်တာ "

ကျလာတဲ့ စာအချို့နဲ့ လျှောက်ထားရမဲ့ Form တစ်ခု ။

သူတို့ရဲ့ သတ်မှတ်ချက်စစချင်းမှာတော့ Blind Date ဖြစ်တာမို့ နာမည်နဲ့ ဖုန်းနံပတ် ၊တွေ့ဆုံမယ့် အချိန်နေရာပဲ သိရမည်ဖြစ်သည်။
' ကျန်တဲ့ ရုပ်ရည်ရူပကာကို မမြင်ရဖူး သဘောပေါ့ ။ ဘယ်လိုကြီးလဲ'

ဆက်ဖတ်ကြည့်တော့...

ပြန်ဆက်သွယ်မှာတော့ တစ်ပတ်အတွင်းဖြစ်ပြီး၊ ချိန်းဆိုပြီသားကို Cancel ပါက အကျိုးဆောင်ခ ပြန်မရနိုင်ပါ။

အကျိုးဆောင်ခကို ကြည့်လိုက်တော့ လစာတစ်ဝက်စာရှိ

" အမလေးး "

အသံကြောင့် ဘေးနာက စီနီယာအစ်မက လှည့်ကြည့်လာသည်။

" ဘာဖြစ်လို့လဲ စာရင်းအခက်ခဲရှိလို့လား "

" မရှိဘူး အစ်မ "

အလုပ်ထဲမှာ ဖုန်းခိုးသုံးနေတာမို့ အများကြီး မတွေးနိုင်ပဲ ကျန်ရှိတဲ့ အချို့ အချက်များလည်း မဖတ်နိုင်တော့ဘဲ အလျင်အမြန် Form တင်ဖြစ်လိုက်တော့သည်။

'ဒီတွေ့ဆုံမှု့ရဲ့ လေးနက်မှု့က ဘယ်လောက်အထိ သွားနိုင်မလဲ ၊တကယ်ချစ်တဲ့သူနဲ့ရော တွေ့လာနိုင်မလား ....'
.
.
.
.
တကယ်လည်း သူတို့ပြောထားသည့်အတိုင်း တစ်ပတ်အတွင်း အကြောင်းပြန်လာသည်။ နေရာရော အချိန်ရောက အဆင်ပြေတာမို့ Confirm လုပ်ခဲ့လိုက်သည်။ အဲ့အထိ ပြဿနာ မရှိခဲ့သေး။

တကယ်သွားရမဲ့ရက်ကျမှ မသွားချင်တော့သလို တွေဝေးနေတဲ့စိတ်တွေ ဝင်လာခဲ့သည်။ ယောကျာ်းလေးတစ်ယောက်ကို Dateဆိုပြီး သူဘယ်လို ထိုင်နေရမလဲ ။ အချိန်က နီးလာလေ ချွေးတွေက ပြန်လေ ။ လစာ တစ်ဝက်ကလည်း နည်းတဲ့ ပမာဏလား။ ပထမဆုံးအလုပ်ရဲ့ရမယ့် လစာကို အိမ်ကိုတောင် ဂျင်းလှမ်းထည့်ပြီး သုံးထားလိုက်တာ ။

" မဖြစ်ပါဘူးး Chi မင်း ယောကျာ်းမဟုတ်ဘူးလား "

ကိုယ့်ကိုယ်ကိုယ် အားတက်စေတဲ့ စကားပြောပြီးမှ

" မဟုတ်သေးဘူး ယောကျာ်းလေးက ယောကျာ်းလေးနဲ့ Dateမှာလေ အဲ့တော့ ယောကျာ်းမဟုတ်ဘူးပဲလား "

" ငါ ဘာ အရူး ထ ခဲ့တာလဲ "

" လုပ်ပါဦးး "

ရှက်စရာကြီးး တစ်ဖက်က လူက LGBTပဲ ထားး မိမိကိုယ်တိုင်က ဘာမှန်း မသိ ၊ ကိုယ့်ကိုယ်ကိုယ်စမ်းသပ်ရင်းနဲ့ တစ်ဖက်ကို အသုံးချရာ ကျနေမလား ။ ပြီးတော့ တဖက်က ဘယ်လိုလူလာမှာလဲ .... ။ ဘယ်လိုပုံစံဖြစ်မလဲ ။ ကျောင်းတုန်းက ခင်ခဲ့ဖူးတဲ့ တချို့ရှိတယ် ၊ သူတို့နဲ့ဆို အရမ်းရယ်ရတာ ၊ အဲ့လိုပုံစံမျိုးလားး ။ နောက်ထပ် ချောချောလေးတွေ type တစ်မျိုး ရှိသေးတယ် ခပ်လှလှလေးတွေ ၊ အဲ့လိုမျိုးလားး ။

အတွေးများတဲ့ မိမိ ကိုယ့်အတွေးတွေနဲ့ကိုယ် တိုင်ပတ်နေသည်။

" သိချင်ရင် ကိုယ်တိုင်သာ အတည်ပြုလိုက်တော့ Chimon Wachirawit ရေ... အဆင်မပြေရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောပြီး တစ်ခုခု လုပ်လိုက်တော့ "

နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်အား ပေးစကားပြောပြီး ရေချိုးခန်းထဲသို့ ...
.
.
.
' တီတီ တီ '

ပြင်ဆင်လို့ ထွက်ခါနီး အချိန် ဖုန်းဝင်လာလေသည်။

" အရေးထဲကွာ "

" ဟယ်လို့ "

" Chimon Wachirawit လား မသိဘူး "

အသံ မပျော့မမာ တည်တည်ကြည်ကြည် ခပ်အေးအေးအသံနဲ့ သူ့နာမည်ကို မေးလာသည်။

" ဟုတ်ပါတယ် "

" ဟုတ်ကဲ့ ကျွန်တော် Perth Tanapon ပါ "

" ဘယ်သူ "

" Perth Tanapon "
နည်းနည်းပဲ တင်မာသွားသလားမသိ ထပ်ပြန်ဖြေပုံက နည်းနည်းအသံမာ‌ကြောသည်။ ဒါနဲ့ Perth Tanaponက ဘယ်သူလဲ အလုပ်က HRကတစ်ယောက်များလားး။

" ခင်ဗျား ဒီနေ့ ကိုယ်တွေ့ရမယ့်သူ နာမည်တော့ မသိတာ မဟုတ်ပါဘူးနော် "

" အားးး အဲ့တာကြောင့် ကြားဖူးနေသလိုပဲလို့ "

အနည်းငယ် ရောချလိုက်ရသည်။ မတွေ့ခင်မှာတင် Impression down လို့ မဖြစ် ။ ခုလို စကားပြောနေရတာတော့ အဆင်ပြေသလိုပဲ ။

" အဲ့တာ ကျွန်တော် ထွက်လာပြီ "

" အာ ဟုတ် ... ကျွန်တော်ရော‌ပဲ "

" ဟုတ်ပြီ ကျွန်တော် အင်္ကျီ အမဲ ဝတ်လာတယ် "
သူပြောလို့ ကိုယ့်ကိုယ်ကိုယ် ငုတ်ကြည့်လိုက်တာလည်း ကိုယ်တိုင်လည်း အမဲရောင်ပင်

" ကျွန်တော်ရောပဲ "

" အင်း အဲ့တာဆို See ya "

စကားပြောနေတာမှာ အဆင်ပြေသလို ဖြစ်နေပေမဲ့ နောက်ဆုံး See ya လို့ ပြောသွားတဲ့ စကားလုံးမှာတော့ စိတ်တွေ ပြန်ပူပန်လာ....
အသံကတော့ Gay လို့ မထင်ရလောက်အောင်ပဲ ။ ပြီးတော့ မိန်းကလေးတွေမပြောနဲ့ ယောကျာ်းလေးတစ်ယောက်နားထဲတောင် စွဲဆောင်မှု့ရှိနေသလို ။ ငယ်လား ကြီးလားး မသိရသေးပေမဲ့ ရင့်ကျက်တယ် ထင်ရသလိုလို ၊ သူ့ဘာသာ အစီစဉ်ချ ပြောသွားတာပဲကြည့် ... ကိုယ်ကို ပိုလွှမ်းမိုးနေတယ်လို့ ခံစားရစေတယ်။

သူက ဘာလို့ ဒီလို Dateမျိုး တွေ့တာဖြစ်မလဲ ... ။ အသံပဲ နားထောင်လို့ ကောင်းပြီး ရုပ်ရည်က မစွံလို့များလားး

" မသိတော့ဘူး အမြန်သွားလိုက်တာပဲ အေးပါတယ် "

တွေ့ဖို့ ချိန်းထားတဲ့ cafe ဆိုင်လေးထဲကို ဝင်လိုက်တော့ လူသူခပ်ရှင်းရှင်းပဲ။ စားပွဲဝိုင်း လေးငါးခုလောက်မှာ တစ်ယောက်စ နှစ်ယောက်စ ၊ အနက်ရောင်ဝတ်ထားတဲ့သူ ကြည့်ကြည့်တော့ နှစ်ယောက်တွေ့တယ် ။ တစ်ယောက်က အဖော်ပါလာပြီးသားဖြစ်ပြီး နောက်တစ်ယောက်ကတော့ ခပ်ဝဝ အသက်လတ်ပိုင်းလောက်ရှိသည် ။

" မဖြစ်နိုင်ပါဘူး ထင်တယ် "

'အရင်ဖုန်းကြိုဆက်ထားပြီး အခုကျ နောက်ကျနေတာပဲ '

မှာစရာရှိတာ မှာယူပြီး အပြင်ဘက်မြင်ကွင်းကောင်းကောင်းမြင်ရတဲ့ နေရာကို ရွေးထိုင်လိုက်သည်။ သူ့အကျင့်က ဆိုင်ထိုင်ရင် အပြင်ဘက်ကို ကောင်းစွာ မြင်ရတဲ့ နေရာတွေကို ကြိုက်သည် ။

၅ မိနစ်၊ ၁၀မိနစ် ။ ၁၅ မိနစ် ။

နဂိုထဲက စိတ်က မတင်မကျဖြစ်နေရတဲ့ကြားထဲ ခုလိုထိပါ စောင့်နေရဦးမှာလား ။

မိနစ် ၂၀ ။

မဟုတ်သေးဘူး ။ တစ်ခုခုက မှားနေပြီ ။
ဖုန်းဆက်ကြည့်တော့ ဖုန်းဝင်သွားတယ် စက္ကန့်တော်တော်ကြာမှ တစ်ဖက်က ဖုန်းကိုင်လိုက်ပြီး ဖြေသံတော့ ထွက်ကျမလာ။

" ဟယ်လို ဟယ်လို "

....

" ဟယ်လို Perth Tanapon ဘယ်နားရောက်နေပြီလဲဗျ "

" ရောက်နေတာ တော်တော်ကြာပြီ နာရီဝက်တောင်ကျော်ပြီ "

" ဟမ် " " အဲ့တာဆို ခု ဘယ်နားမှာလဲ "

" တစ်နေရာမှာ "

သူဖြေလိုက်တဲ့စကားကြောင့် ဆိုင်အတွင်း ဘေးဘီ တစ်ချက်ဝဲ ကြည့်လိုက်သည်။ စောစောကထပ်တောင် လူပိုရှင်းသေးး ။ ဟို အနက်ရောင်ဝတ်ထားတဲ့ လူကြီးကတော့ မထသေးဘူးပေါ့ ။ ပြီးတော့ အဲ့လူကြီးလည်း ဖုန်းပြောနေလေသည်။

သူလားး ၊

" တွေ့ပြီးထင်တယ် "
ပြောရင်း ဟိုလူကြီးနားကို ထသွားလိုက်သည်။

"ဟုတ်လား"
ဖုန်းထဲက အဲ့ဒီအမေးမေးခွန်းမှာ ရယ်သံလိုလိုများ ပါနေသလားး။

" ဒါပဲ "

ဖုန်းချပြီး ကိုယ်ထင်နေတဲ့ သူကို ...

" ဒီမှာ ခင်ဗျ "

" ဟုတ်ကဲ့ "

လှည်ကြည့်လာတဲ့သူရဲ့ မျက်နှာသည် မျက်လုံးပေါက်ပိတ်ပြီး နှာခေါင်း အနည်းငယ်တိုသည်။

' ထင်ပါတယ် အသံပဲကောင်းပြီး ရူပါ မစွံတာလို့ '
ဒါပေမဲ့လည်း ရောက်လာမှတော့

" ဟို Perth Tanapon လား မသိဘူး "
ဘာမှ ပြန်မဖြေဘဲ ... မှေးနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေသည်။

" ကြားလား အစ်ကိုက Perth Tanapon လား "

အ့

မေးနေတုန်း အနောက်ကနေ လက်မောင်းတစ်ဖက်ကို ရုတ်တရက် လှမ်းဆွဲလိုက်တာကြောင့် ခြေထောက် ယိုင်နဲ့ကာ ဆွဲလိုက်သည့် အမည်မသိသူပေါ်သို့ ခန္ဓာကိုယ်ပြိုလဲကျလေသည်။ သူက မသိမသာ ထိန်းထားလိုက်တာကြောင့် အခြေနေတော့ အရမ်း မဆိုး။ ဘယ်သူလဲလို့ မော့ကြည့်လိုက်တော့ မျက်တောင်မွေး ခပ်စိတ်စိတ်လေးတွေနဲ့ ညို့ဓါတ် တစ်ခုပါနေတဲ့ မျက်ဝန်းတစ်စုံကို အရင်ဆုံးတွေ့သည်။

" Perth Tanapon ကိုရှာနေတာလား "

သူ့အမေးကို ခေါင်းညိတ်ပြရင်း ခန္ဓာကိုယ်ကို ပြန်မတ်ထူလိုက်သည်။ သေချာကြည့်လိုက်တော့ သူ့အင်္ကျီလည်း အနက်ပင်

" မင်းက ... "

" ဟုတ်ပါတယ် Perth Tanapon ပါ "
လို့မိတ်ဆက်ရင်း မဆိုစလောက်လေးပြုံးပြလေသည်။

အားး ရုပ်ဆိုးဆိုးကို မြင်ပြီးမှ ခုလိုမြင်လိုက်ရတာကြောင့်ပဲလားး။ သူ ချောတယ်ဆိုတာတော့ ဝန်ခံရပေမည်။ သူ့ရှိမှာ Attraction တစ်ခုလည်း ရှိနေပြန်သည် ။ ခဏကြည့်ပြီးမှ ကိုယ်နဲ့ Blind Date ရမဲ့သူဆိုတာ ခေါင်းထဲဝင်လာပြီး ရှက်သလိုလို စတင်ဖြစ်လာပြန်သည်။

" စောစောထဲက ကြည့်နေတာ ဒီတစ်ယောက်လား မသိဘူးလို့ "

" အင်း "

" ကျွန်တော့်ကို မမြင်ဘူးလား "

" မမြင်ဘူး "

" ဟုတ်မယ် ကျွန်တော်ထိုင်နေတဲ့ နေရာကို လူသိပ်မတွေ့တတ်ဘူး လာ အဲ့ သွားရအောင် "

" ခဏလေး ဟိုဟာ သွားယူလိုက်ဦးမယ် "
မိမိထိုင်နေတဲ့ ဝိုင်းက ကော်‌ဖီကို လက်ညိုးထိုးပြလိုက်သည်။ သူက ခေါင်းညိတ်ပြပြီးရက်စောင့် ကျန်ခဲ့သည်။
'သူ မမြင်တာဆိုတော့ ဘယ်နေရာမှာများထိုင်နေပါလိမ့်'
သူ ဦးဆောင်တဲ့နောက်ကို လိုက်ရင်း တွေးနေမိသည်။

သူဝင်သွားတဲ့ နေရာလေးက စားပွဲဝိုင်းရှိမှန်းတာင် မသိ ၊ Cafeရဲ့ အလယ် center လို ဖြစ်နေတဲ့ နေရာလေးမှာ သစ်ပင်တွေနဲ့ စိမ်းစိမ်းစိုစို ပြင်ဆင်းထားတဲ့ နေရာ ၊ အပင်တွေ အုံ့အုံ့ဆိုင်းဆိုင်း အထဲမှာ စားပွဲဝိုင်းတစ်ခုရှိနေသည် ။

" ထိုင် "

ဒီထဲကနေဆို အပြင်က သူတွေအားလုံးကို သေသေချာချာ မြင်နေရတာပဲ ။ အပြင်ကသူတွေကသာ မမြင်ရတာ ။ ဒီလိုနေရာကို ဘယ်လိုများရှာ ရွေးထားပါလိမ့် တွေးရင် သူကို ကြည့်တော့ ခပ်ငြိမ်ငြိမ်သက်သာပဲ။

ကိုယ်ကသာ ရှက်ကိုးရှက်ကန်းဖြစ်နေတာ သူက အေးဆေးပုံပင် ။ သူပုံကြည့်ရတာ ကိုယ်ထင်ထားသလိုမျိုးမဟုတ် ။ ယောကျာ်းလေးချင်း စိတ်ဝင်စားတဲ့သူဆိုတာ ခုလို Dateမျိုးလာလို့သာ ယုံရတာ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် Gayနေတယ် ကွေးနေတယ်လို့ မထင်ရတာ ။
' အဲ့လိုဆို ငါကရော '

ကိုယ်တိုင်လည်း ထို့နည်းတူပဲလေ .... ၊ ဘာတွေအများကြီးကောက်ချက်ချနေမိတာလဲ။ ပြီးတော့ သူက မစွံစရာ ကိစ္စလည်း မရှိပြန်ဘူး ။ ဒါနဲ့ သူကရော သူထင်ထားသလို မဟုတ်လို့ စိတ်ပျက်နေသလား ။ သူ့နောက်က လိုက်လာပြီးထဲက ခုချိန်ထိ ဘာစကားမှ မဟလာသေး။ ကိုယ်တိုင်ကလည်း မပြော။ သူက သူ့ရဲ့ ကော်ဖီထဲ သကြားခဲနှစ်ခဲလောက်ထည့်ပြီး သူ့အတွေးနဲ့ သူမွှေနေသည် ။ ဘေးနားမှာလည်း ခွက်လွတ်တွေ့တော့ ဒါ ဒုတိယမြောက်ခွက်ပဲ ။ တကယ်ကြီး သူရောက်နေတာ ကြာပြီပဲ။

" အရင်ရောက်နေတာကြာပြီဆိုလည်း ဖုန်းဆက်လိုက်တာ မဟုတ်ဘူး "

" စစချင်းတုန်းကလည်းခေါ်ရတယ် ၊ ဆိုင်ရောက်တော့လည်း ကျွန်တော်ပဲ ခေါ်ရမှာလား "

" အဲ့လိုမျိုးဖြစ်သွားတယ်နော် "
စကားမရှိလို့သာ စကားစလိုက်တာ သူ့အဖြေကြောင့် ဘာပြောရမလဲတောင် မသိ‌တော့ဘူး။ အဲ့လိုနဲ့ အေးစက်သွားပြန်တဲ့ စကားဝိုင်း။
အဲ့တာကို ဒီခါ ဖြိုခွဲသူကတော့ ကိုယ်ထပ်တောင် ငြိမ်နေတဲ့ Perthသာ ဖြစ်သည် ။ ဒါပေမဲ့ မေးခွန်းကြီးကတော့

" ဒီမတိုင်ခင် ကောင်လေး ထားဖူးလား "

" ဗျာ "

" Boyfriend ထားဖူးလား "

သူ့မေးခွန်းကို နားလည်သည်။ ဘာဖြေရမလဲ မသိတာ။ ဒီလို Dateကြီး လာပြီး မထားဖူးဘူး ဖြေလို့ကောင်းမလား ။ ထားဖူးပါတယ်ဆိုရင်လည်း နှာက ချေဦးမယ်။

" ဘာလို့မေးတာလဲ "

" ဖြေကြည့်ပါ အဖြေပေါ်မှာ ဆက်သွားရမယ်မလားး "

ဒီလို Dateလည်း မလုပ်ဖူးဘူး ၊ အထူးသဖြင့် ယောကျာ်းလေးနဲ့ ။ အဲ့တော့ ဒါတွေကို နားမလည် သူပြောသလိုပဲ ဖြေပြီး ရှေ့ဆက်ကြည့်တာပေါ့ ။
အကောင်းဆုံးက အရိုးသားဆုံးအဖြေပဲ။

" မထားဖူးပါဘူး "

" မိန်းကလေးနဲ့ရော "

ဘာဖြေသင့်လဲ ၊ သာမာန်တွေ့ဆုံတဲ့အရာ မဟုတ် ၊ Date လုပ်တဲ့သူ ၊ အတွဲဖြစ်လာမယ် မဖြစ်လာဘူးဆိုရင်တောင် ဒါကြီးက ...

" ဖြေကြည့်လေ "

" အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အရင် မိတ်ဆက်ရမှာ မဟုတ်ဘူးလား "

" ဒါ‌အရင် ဖြေပြီးရင်ပေါ့ "

" အင်း တွဲခဲ့ဖူးတယ် ၊ လုပ်ငန်းခွင် ဝင်တဲ့အရွယ်ထိမှ အမြှီးမပေါက်ခဲ့ဖူးရင်လည်း လူမဟုတ်တော့ဘူး "

အဲ့စကားပြောပြီး သူ့ကိုလည်း မကြည့်ဖြစ်ဘူး အရှေ့က ကော်ဖီခွက်ကို ယူပြီးသာ အနည်းငယ် မော့လိုက်သည်။

ဘာလို့လဲ မသိ မပြောပြချင်ဘူး ။ date လာတွေ့‌တာ ယောကျာ်းလေး ၊ တွဲခဲ့တာတွေက မိန်းကလေးတွေ ။ ဘယ်လိုပြောပြရမလဲ ဒါကြီးကို ၊ ရှက်စရာလိုဖြစ်နေလား ။ ဒီတစ်‌ယောက်ဘာတွေတွေးပြီး ငြိမ်သွားပြန်တာလဲ ၊ ထ ပဲ ပြန်လိုက်ရတော့မလား။

လက်နှစ်ဖက်ကို ပွတ်မိတဲ့ အထိပဲ ။ ရှက်လာတဲ့စိတ်ကြောင့် ငုံ့ထားမိတဲ့ ခေါင်းကို အားတင်းပြီး ပြန်မယ်ပြောဖို့ သူကိုမော့ကြည့်လိုက်တော့ ... သူ ကျွန်တော့်လက်တွေကို စိုက်ကြည့်နေလေသည်။

တကယ် ကျွန်တော့်အမြင်တွေ မမှားပါ ။

" ဟို "

" .... "

မျက်လုံးတွေ အကြည့်လွှဲသွားပေမဲ့ အသံတော့ ထွက်မလာ

" ပြန်တော့မယ် "

" နာရီဝက်တောင် မရှိသေးတာကို "

" မင်းလည်း ဘာမှ မပြောပဲ အသက်ပဲရှူနေတာပဲလေ ဘာထိုင်လုပ်နေတော့မှာလဲ ၊ ပွင့်ပွင့်လင်းလင်းပဲ ပြောရအောင် မင်းလည်း မင်အကြိုက် မဖြစ်ဘူးမလား အဲ့တော့ ဒီလောက်နဲ့ပဲ ထ ခွင့် ပြုပါ "

စိတ်ကလည်း သီပ်မရှည်ခိင်တော့။ စောစောက ရှက်တာလည်း ပျောက် ၊ တရစပ်ပြောပြီး ထရပ်ထွက်ဖို့ ခြေလှမ်းပြင်တော့ ဒီတစ်ခါ လက်ကနေ လှမ်းဆွဲချပြန်ရော။

သူလက်ဆွဲတာ နှစ်ခါလုံးမှာ ရုတ်တရက်တွေပဲမို့ ဒီခါလည်း ယိုင်ကျရတာပဲ ။ ဒီတစ်ခေါက်မှာတော့ အားနဲ့ သူ ထိုင်နေတဲ့ဘက်ကို ဆွဲချလိုက်တာမို့ သူ့ပေါင်ပေါ်ဘက် တစ်ဝက် ဘေးဘက်တစ်ဝက်။

ခုံတန်းတွေကအရှည် ၊ သဘာဝ သစ်သားတွေနဲ့ လုပ်ထားတဲ့ အရှည်မို့ သုံးယောက်လောက်တောင် ထိုင်လို့ရသည် ။

ပြုတ်ကျလာမှာကို သိတာမို့ သူက လှမ်းထိန်းထားပြီးသား ။ပေါင်ပေါ်ထိုင်မိသလို ဖြစ်သွားလို့ ပူထူးနေတာရောနဲ့ ခါးကိုင်ထားတာတောင် နည်းနည်းကြာမှ သတိထားမိတယ်။ ဘာသဘောလဲဆိုတာ အကဲခက်နေရသေးတာမို့ အရင်ဆုံး

" ဖယ်ပေးလို့ရပြီ "

" ပြန်လို့မရသေးတဲ့ အကြောင်းတွေရှိသေးတယ် "

" အဲ့အကြောင်းကို ခဏထား လွှတ်ပေး
ဘာလဲ ယောကျာ်လေးချင်း Dateလာတွေတဲ့သူမို့ ဒီလို ... "
စိတ်က တို‌လို့သာ ပြောလိုက်ရတာ ကိုယ်ပြောပြီးမှ ကိုယ်တိုင် ဘာတွေ sensitive ဖြစ်နေတာလဲဆိုပြီး တွေးမိတယ် ။

" ဆက်ပြောလေ ဒီလို ဘာဖြစ်လဲ "

" ဘာမှ မဟုတ်တော့ဘူး "

" Skinship ခက်ခဲတဲ့ သူဖြစ်နေတာမျိုးလား "
သူက ဖယ်ပေးရင်းနဲ့ မေးလာတဲ့ စကားကို အဖြေတော့ ပြန်မကောက်နိုင်သေး

" မဟုတ်ဘူး ဒါပေမဲ့ ... "

" ရင်နှီးအောင်တော့ လုပ်ထားမှ နောက်ဆို တွေ့ရဦးမှာဆိုတော့ "

" ဟမ် "
ဒီလောက် အေးစက်နေတဲ့သူက ထပ်တွေ့ဖို့တောင် တွေးတယ်ပါ့

" ဖောင်မဖြည့်ခင်က အချက်လက်တွေ သေချာ မဖတ်ထားဖူးလား "
ဟာ ဟုတ်သား အပေါ်ဘက်က အချို့ပဲ ဖတ်ပြီးသေးတာ။ ဘာတွေလဲ ။ သူ ဘယ်လောက်တောင်ပေါ့လျော့ပါလိမ့် ။

" တစ်ခါတွေ့ရင် ၃နာရီ အနည်းဆုံးတွေ့ရတယ် ၊ အရေးအကြောင်းရှိလို့ တစ်ဖက်ပါတနာက နားလည်ပေးရင် ပြဿနာမရှိပေမဲ့ ၊ သူက သဘောမတူလို့ အေဂျင်စီ ကုမ္ပဏီကို complain တက်ပြီးနှုတ်ထွက်ရင်တော့ တဖက်က လူက အဲ့လူရဲ့ ဝန်ဆောင်ခကိုပါ ရှင်းရလိမ့်မယ် "

" ဟမ် "

" မယုံရင် သွားဖတ်ကြည့်လို့ရတယ် "

" ခု complain တက်မှာလား "
စွာမိတဲ့အသံထပ် လျော့တဲ့ အသံတစ်ခုဖြင့် မေးမိ ။
တစ်ဖက်က တောင်လျှောက် အရယ်အပြုံးကအစ ငြိမ်နေပြီး ခု ပထမဆုံး အကြိမ် ရယ်‌သံတစ်ချက်နဲ့ ထ ပြုံးလေသည် ။

' သူ ငါ့ကို ငပိန်းလို့များ ထင်ပြီလား '

" မပြန်ဖြစ်တာဆိုတော့ တက်လို့မရတော့ဘူးလေ တကယ်က လွှတ်ပေးပြီး ဝန်ဆောင်ခ သက်သာချင်ပေမဲ့ အလုပ်ဝင်နေတယ်ဆိုတော့ လစာ ပြောင်နေမှာစိုးလို့ပါ "

" ကျေးဇူး "
ရွဲ့သံလေးကမပါမဖြစ်ပေါ့ ။

" ဒါနဲ့ ထပ်တွေ့ရမယ် ဆိုတာက "

" စာထဲမှာပါတယ်လေ ...
Must meet 8 times "

" ၈ကြိမ် "

" ဟုတ်တယ် ဒီမှာကြည့် တစ်ပတ် တစ်‌ခါ‌တွေ့ပြီးရင် တစ်ခေါက် ဖြည့်သွားရလိမ့်မယ် "
သူပြတာမှာ ကိုယ်တွေနာမည်နဲ့ အကွက်ရှစ်ကွက် ရှိလေသည်။

မဖတ်လိုက်ရတဲ့ အချက်တွေသွားဖတ်ကြည့်တော့ ၈ ကြိမ်မှာ အနည်းဆုံး ၅ကြိမ်ထိ တွေ့ရမည်။ အဲ့တာပြီး Reportတစ်ခေါက်တင်ပြီး နောက်သုံးခေါက်ကို ^အနည်းဆုံး ၃နာရီ^ဆိုတဲ့ အချိန်မပါ ကိုယ်တွေ အဆင်ပြေသလိုတွေ့လို့ရသည်။ သူတို့ သတ်မှတ်သလို မဟုတ်ရင်‌တော့ လျော်ရမှာတွေက အဆင့်ဆင့်နဲ့ သွားတာ ။

" ဘယ်လိုလဲ ခု ပြန်မိတ်ဆက်ကြရင်း ပထမခေါက် အချိန် ၃နာရီကို ဖြုန်းကြမလား အစ်ကို "

' အစ်ကိုတဲ့လား '

Continue...

Note - Perthက အရမ်းလက်ရဲဇာတ်ရဲပါလားး 🌚
(Part 1 လေးမှာ Chi'POVလေးနဲ့ပဲ သွားထားပါတယ်)

ကဲ ဇာတ်လမ်းလေးတော့ စတင်လိုက်ပါပြီ ။ ဖတ်ကြည့်ပြီး လိုတာလေးတို့ ၊နားမလည်တာလေးတို့ ပြောပြ မေးမြန်းလို့ရပါတယ်

ဖတ်ပေးကြတဲ့တစ်ယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ် 🙆🏻‍♀️🖤💛

9:55 pm
20.11.2023(Mon)

×××

Zawgyi

' ရွက္ရွက္နဲ႕ ေခါင္းေမာ့ၾကည့္လိုက္တာ
သူက ကြၽန္ေတာ့္လက္ေတြကို စိုက္ၾကည့္ေနခဲ့တယ္ '

-----------------------

^ သင့္အနားမွာ သင့္ကို နားလည္ေပးမယ့္ ၊သင္နဲ႕အတူ စကားေျပာေပးမယ့္ ၊ သင့္လက္ကို တြဲထားေပးမယ့္ ပါတနာေကာင္း တစ္ေယာက္လိုအပ္ပါတယ္ ၊ အဲ့တာေၾကာင့္ သင္နဲ႕ အဆင္ေျပနိုင္မဲ့ တြဲဖက္ေကာင္းကို အေကာင္းဆုံး ရွာေဖြေပးနိုင္မယ့္ Cute Cupid ကို လွမ္းလာခဲ့လိုက္ပါ ။ စိတ္ပါဝင္စားရင္ ေအာက္က messenger ထဲဝင္ၿပီး Blind Date လို႔ ရိုက္လိုက္တာနဲ႕ သင့္သိလိုတဲ့အခ်က္လက္ေတြ က်လာပါလိမ့္မယ္ေနာ္ ၊ တကယ္လို႔ သင္က LGBTတစ္ေယာက္ဆိုလည္း အဲ့ဒီအတြက္ ဝန္ေဆာင္မႈ႕ေကာင္းမ်ားစြာနဲ႕ ခ်ိတ္ဆက္ေဆာင္႐ြက္ေပးေနပါသည္။ သင္ခ်စ္တဲ့သူက သင္နဲ႕ဆန႔္က်င္ဘက္လိင္ျဖစ္ရမယ္လို႔ ပညက္ခ်က္မရွိပါဘူး ။ သင္ခ်စ္ေနဖို႔နဲ႕ သင့္ကို ခ်စ္တဲ့သူပဲ ျဖစ္ဖို႔လိုပါတယ္ ^

New feed ေပၚ ခဏခဏတက္လာတတ္တဲ့ ေၾကာ္ျငာစာတစ္ခုကို ျမင္တိုင္း ေအာင္ဆုံးက စာေလးမွာ Chi တစ္ေယာက္ ထူးဆန္းတဲ့အေတြးအခ်ိဳ႕ အၿမဲဝင္ဝင္လာတယ္။ အဲ့တာက

' ငါ ဒါကို Try ၾကည့္ရမလား ' ဆိုတဲ့ အေတြးသာျဖစ္သည္။

ဒီရက္ပိုင္း ေဘးနားမွာ အတြဲေတြပဲျမင္ၿပီး စိတ္ေတြပဲေဖာက္ျပားေနသလား ။ မိန္းကေလးေတြနဲ႕ကလည္း အဆင္မေျပခဲ့တာ တြဲခဲ့တဲ့ (၁)ပတ္ သက္တမ္းေတြက သက္ေသ။ ေက်ာင္းတက္တုန္းက သူငယ္ခ်င္းေတြၾကား နာမည္တြင္ခဲ့ေသးသည္ '1 week Rs'ဆိုၿပီး။

အဲ့လိုျဖစ္ရတဲ့ ျပႆနာက ႏွစ္ခု ရွိသည္။ တစ္ခုက မိန္းကေလးေတြရစ္တာ မခံနိုင္တာ ။ ေနာက္တစ္ခုက လိမ္မိရင္ ႏွာေခ်တတ္တဲ့အက်င့္ရွိတာ ။

ကိုယ့္အေၾကာင္းသိတဲ့ ေကာင္မေလးတစ္ေယာက္တုန္းက ခ်စ္လားေမးတာမွာ ခ်စ္တယ္ေခါင္းညိတ္လိုက္တာ ႏွာေခ်မိလို႔ အဲ့ေန႕တင္ ျပတ္ခဲ့သည္။

ျပႆနာက မိန္းကေလးေၾကာင့္လား ၊ တကယ္ခ်စ္တဲ့သူပဲမေတြ႕ေသးတာေၾကာင့္လား ။

တစ္ဦးတည္းေသာ အေၾကာင္းသိ သူငယ္ခ်င္းကေတာ့ အႀကံေပးတယ္ ' မင္းေယာက်ာ္းေလး တြဲၾကည့္ပါလား ' ဆိုၿပီး
သူေျပာတုန္းက အေကာင္ထည္မေဖာ္ဖူးေပမဲ့ ခု ဒီ Postေတြေၾကာင့္ ေတြးမိေနတယ္ ။ ကိုယ္တိုင္ ႀကိဳးစားၾကည့္ရေအာင္လည္း ဘယ္ေယာက်ာ္းေလးက ေယာက်ာ္းေလးစိတ္၀င္စားတယ္ဆိုတာ သိနိုင္မွာလဲ ။ ဒီေနရာမွာေတာ့ အဆင္ေျပနိုင္မလား ။ အဆင္မေျပလည္း မုန႔္တစ္ခုခုစားၿပီးျပန္႐ုံပါပဲ ။ ေနာက္ထပ္ေတြ႕မွာမွ မဟုတ္တာ။

'ဟုတ္တယ္'
အေတြးေတြနဲ႕ ဆုံးျဖတ္ခ်က္ကေနာက္ လက္ကေတာ့ messenger ထဲ 'BLIND DATE' လို႔ရိုက္ထည့္ၿပီးၿပီျဖစ္သည္။

" အား ငါ့လက္ေတြက ျမန္လိုက္တာ "

က်လာတဲ့ စာအခ်ိဳ႕နဲ႕ ေလွ်ာက္ထားရမဲ့ Form တစ္ခု ။

သူတို႔ရဲ႕ သတ္မွတ္ခ်က္စစခ်င္းမွာေတာ့ Blind Date ျဖစ္တာမို႔ နာမည္နဲ႕ ဖုန္းနံပတ္ ၊ေတြ႕ဆုံမယ့္ အခ်ိန္ေနရာပဲ သိရမည္ျဖစ္သည္။
' က်န္တဲ့ ႐ုပ္ရည္႐ူပကာကို မျမင္ရဖူး သေဘာေပါ့ ။ ဘယ္လိုႀကီးလဲ'

ဆက္ဖတ္ၾကည့္ေတာ့...

ျပန္ဆက္သြယ္မွာေတာ့ တစ္ပတ္အတြင္းျဖစ္ၿပီး၊ ခ်ိန္းဆိုၿပီသားကို Cancel ပါက အက်ိဳးေဆာင္ခ ျပန္မရနိုင္ပါ။

အက်ိဳးေဆာင္ခကို ၾကည့္လိုက္ေတာ့ လစာတစ္ဝက္စာရွိ

" အမေလးး "

အသံေၾကာင့္ ေဘးနာက စီနီယာအစ္မက လွည့္ၾကည့္လာသည္။

" ဘာျဖစ္လို႔လဲ စာရင္းအခက္ခဲရွိလို႔လား "

" မရွိဘူး အစ္မ "

အလုပ္ထဲမွာ ဖုန္းခိုးသုံးေနတာမို႔ အမ်ားႀကီး မေတြးနိုင္ပဲ က်န္ရွိတဲ့ အခ်ိဳ႕ အခ်က္မ်ားလည္း မဖတ္နိုင္ေတာ့ဘဲ အလ်င္အျမန္ Form တင္ျဖစ္လိုက္ေတာ့သည္။

'ဒီေတြ႕ဆုံမႈ႕ရဲ႕ ေလးနက္မႈ႕က ဘယ္ေလာက္အထိ သြားနိုင္မလဲ ၊တကယ္ခ်စ္တဲ့သူနဲ႕ေရာ ေတြ႕လာနိုင္မလား ....'
.
.
.
.
တကယ္လည္း သူတို႔ေျပာထားသည့္အတိုင္း တစ္ပတ္အတြင္း အေၾကာင္းျပန္လာသည္။ ေနရာေရာ အခ်ိန္ေရာက အဆင္ေျပတာမို႔ Confirm လုပ္ခဲ့လိုက္သည္။ အဲ့အထိ ျပႆနာ မရွိခဲ့ေသး။

တကယ္သြားရမဲ့ရက္က်မွ မသြားခ်င္ေတာ့သလို ေတြေဝးေနတဲ့စိတ္ေတြ ဝင္လာခဲ့သည္။ ေယာက်ာ္းေလးတစ္ေယာက္ကို Dateဆိုၿပီး သူဘယ္လို ထိုင္ေနရမလဲ ။ အခ်ိန္က နီးလာေလ ေခြၽးေတြက ျပန္ေလ ။ လစာ တစ္ဝက္ကလည္း နည္းတဲ့ ပမာဏလား။ ပထမဆုံးအလုပ္ရဲ႕ရမယ့္ လစာကို အိမ္ကိုေတာင္ ဂ်င္းလွမ္းထည့္ၿပီး သုံးထားလိုက္တာ ။

" မျဖစ္ပါဘူးး Chi မင္း ေယာက်ာ္းမဟုတ္ဘူးလား "

ကိုယ့္ကိုယ္ကိုယ္ အားတက္ေစတဲ့ စကားေျပာၿပီးမွ

" မဟုတ္ေသးဘူး ေယာက်ာ္းေလးက ေယာက်ာ္းေလးနဲ႕ Dateမွာေလ အဲ့ေတာ့ ေယာက်ာ္းမဟုတ္ဘူးပဲလား "

" ငါ ဘာ အ႐ူး ထ ခဲ့တာလဲ "

" လုပ္ပါဦးး "

ရွက္စရာႀကီးး တစ္ဖက္က လူက LGBTပဲ ထားး မိမိကိုယ္တိုင္က ဘာမွန္း မသိ ၊ ကိုယ့္ကိုယ္ကိုယ္စမ္းသပ္ရင္းနဲ႕ တစ္ဖက္ကို အသုံးခ်ရာ က်ေနမလား ။ ၿပီးေတာ့ တဖက္က ဘယ္လိုလူလာမွာလဲ .... ။ ဘယ္လိုပုံစံျဖစ္မလဲ ။ ေက်ာင္းတုန္းက ခင္ခဲ့ဖူးတဲ့ တခ်ိဳ႕ရွိတယ္ ၊ သူတို႔နဲ႕ဆို အရမ္းရယ္ရတာ ၊ အဲ့လိုပုံစံမ်ိဳးလားး ။ ေနာက္ထပ္ ေခ်ာေခ်ာေလးေတြ type တစ္မ်ိဳး ရွိေသးတယ္ ခပ္လွလွေလးေတြ ၊ အဲ့လိုမ်ိဳးလားး ။

အေတြးမ်ားတဲ့ မိမိ ကိုယ့္အေတြးေတြနဲ႕ကိုယ္ တိုင္ပတ္ေနသည္။

" သိခ်င္ရင္ ကိုယ္တိုင္သာ အတည္ျပဳလိုက္ေတာ့ Chimon Wachirawit ေရ... အဆင္မေျပရင္လည္း ပြင့္ပြင့္လင္းလင္းသာ ေျပာၿပီး တစ္ခုခု လုပ္လိုက္ေတာ့ "

ေနာက္ဆုံး ကိုယ့္ကိုယ္ကိုယ္အား ေပးစကားေျပာၿပီး ေရခ်ိဳးခန္းထဲသို႔ ...
.
.
.
' တီတီ တီ '

ျပင္ဆင္လို႔ ထြက္ခါနီး အခ်ိန္ ဖုန္းဝင္လာေလသည္။

" အေရးထဲကြာ "

" ဟယ္လို႔ "

" Chimon Wachirawit လား မသိဘူး "

အသံ မေပ်ာ့မမာ တည္တည္ၾကည္ၾကည္ ခပ္ေအးေအးအသံနဲ႕ သူ႕နာမည္ကို ေမးလာသည္။

" ဟုတ္ပါတယ္ "

" ဟုတ္ကဲ့ ကြၽန္ေတာ္ Perth Tanapon ပါ "

" ဘယ္သူ "

" Perth Tanapon "
နည္းနည္းပဲ တင္မာသြားသလားမသိ ထပ္ျပန္ေျဖပုံက နည္းနည္းအသံမာေၾကာသည္။ ဒါနဲ႕ Perth Tanaponက ဘယ္သူလဲ အလုပ္က HRကတစ္ေယာက္မ်ားလားး။

" ခင္ဗ်ား ဒီေန႕ ကိုယ္ေတြ႕ရမယ့္သူ နာမည္ေတာ့ မသိတာ မဟုတ္ပါဘူးေနာ္ "

" အားးး အဲ့တာေၾကာင့္ ၾကားဖူးေနသလိုပဲလို႔ "

အနည္းငယ္ ေရာခ်လိဳက္ရသည္။ မေတြ႕ခင္မွာတင္ Impression down လို႔ မျဖစ္ ။ ခုလို စကားေျပာေနရတာေတာ့ အဆင္ေျပသလိုပဲ ။

" အဲ့တာ ကြၽန္ေတာ္ ထြက္လာၿပီ "

" အာ ဟုတ္ ... ကြၽန္ေတာ္ေရာပဲ "

" ဟုတ္ၿပီ ကြၽန္ေတာ္ အကၤ်ီ အမဲ ဝတ္လာတယ္ "
သူေျပာလို႔ ကိုယ့္ကိုယ္ကိုယ္ ငုတ္ၾကည့္လိုက္တာလည္း ကိုယ္တိုင္လည္း အမဲေရာင္ပင္

" ကြၽန္ေတာ္ေရာပဲ "

" အင္း အဲ့တာဆို See ya "

စကားေျပာေနတာမွာ အဆင္ေျပသလို ျဖစ္ေနေပမဲ့ ေနာက္ဆုံး See ya လို႔ ေျပာသြားတဲ့ စကားလုံးမွာေတာ့ စိတ္ေတြ ျပန္ပူပန္လာ....
အသံကေတာ့ Gay လို႔ မထင္ရေလာက္ေအာင္ပဲ ။ ၿပီးေတာ့ မိန္းကေလးေတြမေျပာနဲ႕ ေယာက်ာ္းေလးတစ္ေယာက္နားထဲေတာင္ စြဲေဆာင္မႈ႕ရွိေနသလို ။ ငယ္လား ႀကီးလားး မသိရေသးေပမဲ့ ရင့္က်က္တယ္ ထင္ရသလိုလို ၊ သူ႕ဘာသာ အစီစဥ္ခ် ေျပာသြားတာပဲၾကည့္ ... ကိုယ္ကို ပိုလႊမ္းမိုးေနတယ္လို႔ ခံစားရေစတယ္။

သူက ဘာလို႔ ဒီလို Dateမ်ိဳး ေတြ႕တာျဖစ္မလဲ ... ။ အသံပဲ နားေထာင္လို႔ ေကာင္းၿပီး ႐ုပ္ရည္က မစြံလို႔မ်ားလားး

" မသိေတာ့ဘူး အျမန္သြားလိုက္တာပဲ ေအးပါတယ္ "

ေတြ႕ဖို႔ ခ်ိန္းထားတဲ့ cafe ဆိုင္ေလးထဲကို ဝင္လိုက္ေတာ့ လူသူခပ္ရွင္းရွင္းပဲ။ စားပြဲဝိုင္း ေလးငါးခုေလာက္မွာ တစ္ေယာက္စ ႏွစ္ေယာက္စ ၊ အနက္ေရာင္ဝတ္ထားတဲ့သူ ၾကည့္ၾကည့္ေတာ့ ႏွစ္ေယာက္ေတြ႕တယ္ ။ တစ္ေယာက္က အေဖာ္ပါလာၿပီးသားျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့ ခပ္ဝဝ အသက္လတ္ပိုင္းေလာက္ရွိသည္ ။

" မျဖစ္နိုင္ပါဘူး ထင္တယ္ "

'အရင္ဖုန္းႀကိဳဆက္ထားၿပီး အခုက် ေနာက္က်ေနတာပဲ '

မွာစရာရွိတာ မွာယူၿပီး အျပင္ဘက္ျမင္ကြင္းေကာင္းေကာင္းျမင္ရတဲ့ ေနရာကို ေ႐ြးထိုင္လိုက္သည္။ သူ႕အက်င့္က ဆိုင္ထိုင္ရင္ အျပင္ဘက္ကို ေကာင္းစြာ ျမင္ရတဲ့ ေနရာေတြကို ႀကိဳက္သည္ ။

၅ မိနစ္၊ ၁၀မိနစ္ ။ ၁၅ မိနစ္ ။

နဂိုထဲက စိတ္က မတင္မက်ျဖစ္ေနရတဲ့ၾကားထဲ ခုလိုထိပါ ေစာင့္ေနရဦးမွာလား ။

မိနစ္ ၂၀ ။

မဟုတ္ေသးဘူး ။ တစ္ခုခုက မွားေနၿပီ ။
ဖုန္းဆက္ၾကည့္ေတာ့ ဖုန္းဝင္သြားတယ္ စကၠန႔္ေတာ္ေတာ္ၾကာမွ တစ္ဖက္က ဖုန္းကိုင္လိုက္ၿပီး ေျဖသံေတာ့ ထြက္က်မလာ။

" ဟယ္လို ဟယ္လို "

....

" ဟယ္လို Perth Tanapon ဘယ္နားေရာက္ေနၿပီလဲဗ် "

" ေရာက္ေနတာ ေတာ္ေတာ္ၾကာၿပီ နာရီဝက္ေတာင္ေက်ာ္ၿပီ "

" ဟမ္ " " အဲ့တာဆို ခု ဘယ္နားမွာလဲ "

" တစ္ေနရာမွာ "

သူေျဖလိုက္တဲ့စကားေၾကာင့္ ဆိုင္အတြင္း ေဘးဘီ တစ္ခ်က္ဝဲ ၾကည့္လိုက္သည္။ ေစာေစာကထပ္ေတာင္ လူပိုရွင္းေသးး ။ ဟို အနက္ေရာင္ဝတ္ထားတဲ့ လူႀကီးကေတာ့ မထေသးဘူးေပါ့ ။ ၿပီးေတာ့ အဲ့လူႀကီးလည္း ဖုန္းေျပာေနေလသည္။

သူလားး ၊

" ေတြ႕ၿပီးထင္တယ္ "
ေျပာရင္း ဟိုလူႀကီးနားကို ထသြားလိုက္သည္။

"ဟုတ္လား"
ဖုန္းထဲက အဲ့ဒီအေမးေမးခြန္းမွာ ရယ္သံလိုလိုမ်ား ပါေနသလားး။

" ဒါပဲ "

ဖုန္းခ်ၿပီး ကိုယ္ထင္ေနတဲ့ သူကို ...

" ဒီမွာ ခင္ဗ် "

" ဟုတ္ကဲ့ "

လွည္ၾကည့္လာတဲ့သူရဲ႕ မ်က္ႏွာသည္ မ်က္လုံးေပါက္ပိတ္ၿပီး ႏွာေခါင္း အနည္းငယ္တိုသည္။

' ထင္ပါတယ္ အသံပဲေကာင္းၿပီး ႐ူပါ မစြံတာလို႔ '
ဒါေပမဲ့လည္း ေရာက္လာမွေတာ့

" ဟို Perth Tanapon လား မသိဘူး "
ဘာမွ ျပန္မေျဖဘဲ ... ေမွးေနတဲ့ မ်က္လုံးေတြနဲ႕ စိုက္ၾကည့္ေနသည္။

" ၾကားလား အစ္ကိုက Perth Tanapon လား "

အ့

ေမးေနတုန္း အေနာက္ကေန လက္ေမာင္းတစ္ဖက္ကို ႐ုတ္တရက္ လွမ္းဆြဲလိုက္တာေၾကာင့္ ေျခေထာက္ ယိုင္နဲ႕ကာ ဆြဲလိုက္သည့္ အမည္မသိသူေပၚသို႔ ခႏၶာကိုယ္ၿပိဳလဲက်ေလသည္။ သူက မသိမသာ ထိန္းထားလိုက္တာေၾကာင့္ အေျခေနေတာ့ အရမ္း မဆိုး။ ဘယ္သူလဲလို႔ ေမာ့ၾကည့္လိုက္ေတာ့ မ်က္ေတာင္ေမြး ခပ္စိတ္စိတ္ေလးေတြနဲ႕ ညို႔ဓါတ္ တစ္ခုပါေနတဲ့ မ်က္ဝန္းတစ္စုံကို အရင္ဆုံးေတြ႕သည္။

" Perth Tanapon ကိုရွာေနတာလား "

သူ႕အေမးကို ေခါင္းညိတ္ျပရင္း ခႏၶာကိုယ္ကို ျပန္မတ္ထူလိုက္သည္။ ေသခ်ာၾကည့္လိုက္ေတာ့ သူ႕အကၤ်ီလည္း အနက္ပင္

" မင္းက ... "

" ဟုတ္ပါတယ္ Perth Tanapon ပါ "
လို႔မိတ္ဆက္ရင္း မဆိုစေလာက္ေလးၿပဳံးျပေလသည္။

အားး ႐ုပ္ဆိုးဆိုးကို ျမင္ၿပီးမွ ခုလိုျမင္လိုက္ရတာေၾကာင့္ပဲလားး။ သူ ေခ်ာတယ္ဆိုတာေတာ့ ဝန္ခံရေပမည္။ သူ႕ရွိမွာ Attraction တစ္ခုလည္း ရွိေနျပန္သည္ ။ ခဏၾကည့္ၿပီးမွ ကိုယ္နဲ႕ Blind Date ရမဲ့သူဆိုတာ ေခါင္းထဲဝင္လာၿပီး ရွက္သလိုလို စတင္ျဖစ္လာျပန္သည္။

" ေစာေစာထဲက ၾကည့္ေနတာ ဒီတစ္ေယာက္လား မသိဘူးလို႔ "

" အင္း "

" ကြၽန္ေတာ့္ကို မျမင္ဘူးလား "

" မျမင္ဘူး "

" ဟုတ္မယ္ ကြၽန္ေတာ္ထိုင္ေနတဲ့ ေနရာကို လူသိပ္မေတြ႕တတ္ဘူး လာ အဲ့ သြားရေအာင္ "

" ခဏေလး ဟိုဟာ သြားယူလိုက္ဦးမယ္ "
မိမိထိုင္ေနတဲ့ ဝိုင္းက ေကာ္ဖီကို လက္ညိုးထိုးျပလိုက္သည္။ သူက ေခါင္းညိတ္ျပၿပီးရက္ေစာင့္ က်န္ခဲ့သည္။
'သူ မျမင္တာဆိုေတာ့ ဘယ္ေနရာမွာမ်ားထိုင္ေနပါလိမ့္'
သူ ဦးေဆာင္တဲ့ေနာက္ကို လိုက္ရင္း ေတြးေနမိသည္။

သူဝင္သြားတဲ့ ေနရာေလးက စားပြဲဝိုင္းရွိမွန္းတာင္ မသိ ၊ Cafeရဲ႕ အလယ္ center လို ျဖစ္ေနတဲ့ ေနရာေလးမွာ သစ္ပင္ေတြနဲ႕ စိမ္းစိမ္းစိုစို ျပင္ဆင္းထားတဲ့ ေနရာ ၊ အပင္ေတြ အုံ႕အုံ႕ဆိုင္းဆိုင္း အထဲမွာ စားပြဲဝိုင္းတစ္ခုရွိေနသည္ ။

" ထိုင္ "

ဒီထဲကေနဆို အျပင္က သူေတြအားလုံးကို ေသေသခ်ာခ်ာ ျမင္ေနရတာပဲ ။ အျပင္ကသူေတြကသာ မျမင္ရတာ ။ ဒီလိုေနရာကို ဘယ္လိုမ်ားရွာ ေ႐ြးထားပါလိမ့္ ေတြးရင္ သူကို ၾကည့္ေတာ့ ခပ္ၿငိမ္ၿငိမ္သက္သာပဲ။

ကိုယ္ကသာ ရွက္ကိုးရွက္ကန္းျဖစ္ေနတာ သူက ေအးေဆးပုံပင္ ။ သူပုံၾကည့္ရတာ ကိုယ္ထင္ထားသလိုမ်ိဳးမဟုတ္ ။ ေယာက်ာ္းေလးခ်င္း စိတ္ဝင္စားတဲ့သူဆိုတာ ခုလို Dateမ်ိဳးလာလို႔သာ ယုံရတာ ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ Gayေနတယ္ ေကြးေနတယ္လို႔ မထင္ရတာ ။
' အဲ့လိုဆို ငါကေရာ '

ကိုယ္တိုင္လည္း ထို႔နည္းတူပဲေလ .... ၊ ဘာေတြအမ်ားႀကီးေကာက္ခ်က္ခ်ေနမိတာလဲ။ ၿပီးေတာ့ သူက မစြံစရာ ကိစၥလည္း မရွိျပန္ဘူး ။ ဒါနဲ႕ သူကေရာ သူထင္ထားသလို မဟုတ္လို႔ စိတ္ပ်က္ေနသလား ။ သူ႕ေနာက္က လိုက္လာၿပီးထဲက ခုခ်ိန္ထိ ဘာစကားမွ မဟလာေသး။ ကိုယ္တိုင္ကလည္း မေျပာ။ သူက သူ႕ရဲ႕ ေကာ္ဖီထဲ သၾကားခဲႏွစ္ခဲေလာက္ထည့္ၿပီး သူ႕အေတြးနဲ႕ သူေမႊေနသည္ ။ ေဘးနားမွာလည္း ခြက္လြတ္ေတြ႕ေတာ့ ဒါ ဒုတိယေျမာက္ခြက္ပဲ ။ တကယ္ႀကီး သူေရာက္ေနတာ ၾကာၿပီပဲ။

" အရင္ေရာက္ေနတာၾကာၿပီဆိုလည္း ဖုန္းဆက္လိုက္တာ မဟုတ္ဘူး "

" စစခ်င္းတုန္းကလည္းေခၚရတယ္ ၊ ဆိုင္ေရာက္ေတာ့လည္း ကြၽန္ေတာ္ပဲ ေခၚရမွာလား "

" အဲ့လိုမ်ိဳးျဖစ္သြားတယ္ေနာ္ "
စကားမရွိလို႔သာ စကားစလိုက္တာ သူ႕အေျဖေၾကာင့္ ဘာေျပာရမလဲေတာင္ မသိေတာ့ဘူး။ အဲ့လိုနဲ႕ ေအးစက္သြားျပန္တဲ့ စကားဝိုင္း။
အဲ့တာကို ဒီခါ ၿဖိဳခြဲသူကေတာ့ ကိုယ္ထပ္ေတာင္ ၿငိမ္ေနတဲ့ Perthသာ ျဖစ္သည္ ။ ဒါေပမဲ့ ေမးခြန္းႀကီးကေတာ့

" ဒီမတိုင္ခင္ ေကာင္ေလး ထားဖူးလား "

" ဗ်ာ "

" Boyfriend ထားဖူးလား "

သူ႕ေမးခြန္းကို နားလည္သည္။ ဘာေျဖရမလဲ မသိတာ။ ဒီလို Dateႀကီး လာၿပီး မထားဖူးဘူး ေျဖလို႔ေကာင္းမလား ။ ထားဖူးပါတယ္ဆိုရင္လည္း ႏွာက ေခ်ဦးမယ္။

" ဘာလို႔ေမးတာလဲ "

" ေျဖၾကည့္ပါ အေျဖေပၚမွာ ဆက္သြားရမယ္မလားး "

ဒီလို Dateလည္း မလုပ္ဖူးဘူး ၊ အထူးသျဖင့္ ေယာက်ာ္းေလးနဲ႕ ။ အဲ့ေတာ့ ဒါေတြကို နားမလည္ သူေျပာသလိုပဲ ေျဖၿပီး ေရွ႕ဆက္ၾကည့္တာေပါ့ ။
အေကာင္းဆုံးက အရိုးသားဆုံးအေျဖပဲ။

" မထားဖူးပါဘူး "

" မိန္းကေလးနဲ႕ေရာ "

ဘာေျဖသင့္လဲ ၊ သာမာန္ေတြ႕ဆုံတဲ့အရာ မဟုတ္ ၊ Date လုပ္တဲ့သူ ၊ အတြဲျဖစ္လာမယ္ မျဖစ္လာဘူးဆိုရင္ေတာင္ ဒါႀကီးက ...

" ေျဖၾကည့္ေလ "

" အခ်င္းခ်င္း တစ္ေယာက္နဲ႕တစ္ေယာက္ အရင္ မိတ္ဆက္ရမွာ မဟုတ္ဘူးလား "

" ဒါအရင္ ေျဖၿပီးရင္ေပါ့ "

" အင္း တြဲခဲ့ဖူးတယ္ ၊ လုပ္ငန္းခြင္ ဝင္တဲ့အ႐ြယ္ထိမွ အျမႇီးမေပါက္ခဲ့ဖူးရင္လည္း လူမဟုတ္ေတာ့ဘူး "

အဲ့စကားေျပာၿပီး သူ႕ကိုလည္း မၾကည့္ျဖစ္ဘူး အေရွ႕က ေကာ္ဖီခြက္ကို ယူၿပီးသာ အနည္းငယ္ ေမာ့လိုက္သည္။

ဘာလို႔လဲ မသိ မေျပာျပခ်င္ဘူး ။ date လာေတြ႕တာ ေယာက်ာ္းေလး ၊ တြဲခဲ့တာေတြက မိန္းကေလးေတြ ။ ဘယ္လိုေျပာျပရမလဲ ဒါႀကီးကို ၊ ရွက္စရာလိုျဖစ္ေနလား ။ ဒီတစ္ေယာက္ဘာေတြေတြးၿပီး ၿငိမ္သြားျပန္တာလဲ ၊ ထ ပဲ ျပန္လိုက္ရေတာ့မလား။

လက္ႏွစ္ဖက္ကို ပြတ္မိတဲ့ အထိပဲ ။ ရွက္လာတဲ့စိတ္ေၾကာင့္ ငုံ႕ထားမိတဲ့ ေခါင္းကို အားတင္းၿပီး ျပန္မယ္ေျပာဖို႔ သူကိုေမာ့ၾကည့္လိုက္ေတာ့ ... သူ ကြၽန္ေတာ့္လက္ေတြကို စိုက္ၾကည့္ေနေလသည္။

တကယ္ ကြၽန္ေတာ့္အျမင္ေတြ မမွားပါ ။

" ဟို "

" .... "

မ်က္လုံးေတြ အၾကည့္လႊဲသြားေပမဲ့ အသံေတာ့ ထြက္မလာ

" ျပန္ေတာ့မယ္ "

" နာရီဝက္ေတာင္ မရွိေသးတာကို "

" မင္းလည္း ဘာမွ မေျပာပဲ အသက္ပဲရႉေနတာပဲေလ ဘာထိုင္လုပ္ေနေတာ့မွာလဲ ၊ ပြင့္ပြင့္လင္းလင္းပဲ ေျပာရေအာင္ မင္းလည္း မင္အႀကိဳက္ မျဖစ္ဘူးမလား အဲ့ေတာ့ ဒီေလာက္နဲ႕ပဲ ထ ခြင့္ ျပဳပါ "

စိတ္ကလည္း သီပ္မရွည္ခိင္ေတာ့။ ေစာေစာက ရွက္တာလည္း ေပ်ာက္ ၊ တရစပ္ေျပာၿပီး ထရပ္ထြက္ဖို႔ ေျခလွမ္းျပင္ေတာ့ ဒီတစ္ခါ လက္ကေန လွမ္းဆြဲခ်ျပန္ေရာ။

သူလက္ဆြဲတာ ႏွစ္ခါလုံးမွာ ႐ုတ္တရက္ေတြပဲမို႔ ဒီခါလည္း ယိုင္က်ရတာပဲ ။ ဒီတစ္ေခါက္မွာေတာ့ အားနဲ႕ သူ ထိုင္ေနတဲ့ဘက္ကို ဆြဲခ်လိဳက္တာမို႔ သူ႕ေပါင္ေပၚဘက္ တစ္ဝက္ ေဘးဘက္တစ္ဝက္။

ခုံတန္းေတြကအရွည္ ၊ သဘာဝ သစ္သားေတြနဲ႕ လုပ္ထားတဲ့ အရွည္မို႔ သုံးေယာက္ေလာက္ေတာင္ ထိုင္လို႔ရသည္ ။

ျပဳတ္က်လာမွာကို သိတာမို႔ သူက လွမ္းထိန္းထားၿပီးသား ။ေပါင္ေပၚထိုင္မိသလို ျဖစ္သြားလို႔ ပူထူးေနတာေရာနဲ႕ ခါးကိုင္ထားတာေတာင္ နည္းနည္းၾကာမွ သတိထားမိတယ္။ ဘာသေဘာလဲဆိုတာ အကဲခက္ေနရေသးတာမို႔ အရင္ဆုံး

" ဖယ္ေပးလို႔ရၿပီ "

" ျပန္လို႔မရေသးတဲ့ အေၾကာင္းေတြရွိေသးတယ္ "

" အဲ့အေၾကာင္းကို ခဏထား လႊတ္ေပး
ဘာလဲ ေယာက်ာ္ေလးခ်င္း Dateလာေတြတဲ့သူမို႔ ဒီလို ... "
စိတ္က တိုလို႔သာ ေျပာလိုက္ရတာ ကိုယ္ေျပာၿပီးမွ ကိုယ္တိုင္ ဘာေတြ sensitive ျဖစ္ေနတာလဲဆိုၿပီး ေတြးမိတယ္ ။

" ဆက္ေျပာေလ ဒီလို ဘာျဖစ္လဲ "

" ဘာမွ မဟုတ္ေတာ့ဘူး "

" Skinship ခက္ခဲတဲ့ သူျဖစ္ေနတာမ်ိဳးလား "
သူက ဖယ္ေပးရင္းနဲ႕ ေမးလာတဲ့ စကားကို အေျဖေတာ့ ျပန္မေကာက္နိုင္ေသး

" မဟုတ္ဘူး ဒါေပမဲ့ ... "

" ရင္ႏွီးေအာင္ေတာ့ လုပ္ထားမွ ေနာက္ဆို ေတြ႕ရဦးမွာဆိုေတာ့ "

" ဟမ္ "
ဒီေလာက္ ေအးစက္ေနတဲ့သူက ထပ္ေတြ႕ဖို႔ေတာင္ ေတြးတယ္ပါ့

" ေဖာင္မျဖည့္ခင္က အခ်က္လက္ေတြ ေသခ်ာ မဖတ္ထားဖူးလား "
ဟာ ဟုတ္သား အေပၚဘက္က အခ်ိဳ႕ပဲ ဖတ္ၿပီးေသးတာ။ ဘာေတြလဲ ။ သူ ဘယ္ေလာက္ေတာင္ေပါ့ေလ်ာ့ပါလိမ့္ ။

" တစ္ခါေတြ႕ရင္ ၃နာရီ အနည္းဆုံးေတြ႕ရတယ္ ၊ အေရးအေၾကာင္းရွိလို႔ တစ္ဖက္ပါတနာက နားလည္ေပးရင္ ျပႆနာမရွိေပမဲ့ ၊ သူက သေဘာမတူလို႔ ေအဂ်င္စီ ကုမၸဏီကို complain တက္ၿပီးႏႈတ္ထြက္ရင္ေတာ့ တဖက္က လူက အဲ့လူရဲ႕ ဝန္ေဆာင္ခကိုပါ ရွင္းရလိမ့္မယ္ "

" ဟမ္ "

" မယုံရင္ သြားဖတ္ၾကည့္လို႔ရတယ္ "

" ခု complain တက္မွာလား "
စြာမိတဲ့အသံထပ္ ေလ်ာ့တဲ့ အသံတစ္ခုျဖင့္ ေမးမိ ။
တစ္ဖက္က ေတာင္ေလွ်ာက္ အရယ္အၿပဳံးကအစ ၿငိမ္ေနၿပီး ခု ပထမဆုံး အႀကိမ္ ရယ္သံတစ္ခ်က္နဲ႕ ထ ၿပဳံးေလသည္ ။

' သူ ငါ့ကို ငပိန္းလို႔မ်ား ထင္ၿပီလား '

" မျပန္ျဖစ္တာဆိုေတာ့ တက္လို႔မရေတာ့ဘူးေလ တကယ္က လႊတ္ေပးၿပီး ဝန္ေဆာင္ခ သက္သာခ်င္ေပမဲ့ အလုပ္ဝင္ေနတယ္ဆိုေတာ့ လစာ ေျပာင္ေနမွာစိုးလို႔ပါ "

" ေက်းဇူး "
႐ြဲ႕သံေလးကမပါမျဖစ္ေပါ့ ။

" ဒါနဲ႕ ထပ္ေတြ႕ရမယ္ ဆိုတာက "

" စာထဲမွာပါတယ္ေလ ...
Must meet 8 times "

" ၈ႀကိမ္ "

" ဟုတ္တယ္ ဒီမွာၾကည့္ တစ္ပတ္ တစ္ခါေတြ႕ၿပီးရင္ တစ္ေခါက္ ျဖည့္သြားရလိမ့္မယ္ "
သူျပတာမွာ ကိုယ္ေတြနာမည္နဲ႕ အကြက္ရွစ္ကြက္ ရွိေလသည္။

မဖတ္လိုက္ရတဲ့ အခ်က္ေတြသြားဖတ္ၾကည့္ေတာ့ ၈ ႀကိမ္မွာ အနည္းဆုံး ၅ႀကိမ္ထိ ေတြ႕ရမည္။ အဲ့တာၿပီး Reportတစ္ေခါက္တင္ၿပီး ေနာက္သုံးေခါက္ကို ^အနည္းဆုံး ၃နာရီ^ဆိုတဲ့ အခ်ိန္မပါ ကိုယ္ေတြ အဆင္ေျပသလိုေတြ႕လို႔ရသည္။ သူတို႔ သတ္မွတ္သလို မဟုတ္ရင္ေတာ့ ေလ်ာ္ရမွာေတြက အဆင့္ဆင့္နဲ႕ သြားတာ ။

" ဘယ္လိုလဲ ခု ျပန္မိတ္ဆက္ၾကရင္း ပထမေခါက္ အခ်ိန္ ၃နာရီကို ျဖဳန္းၾကမလား အစ္ကို "

' အစ္ကိုတဲ့လား '

Continue...

Note - Perthက အရမ္းလက္ရဲဇာတ္ရဲပါလားး
(Part 1 ေလးမွာ Chi'POVေလးနဲ႕ပဲ သြားထားပါတယ္)

ကဲ ဇာတ္လမ္းေလးေတာ့ စတင္လိုက္ပါၿပီ ။ ဖတ္ၾကည့္ၿပီး လိုတာေလးတို႔ ၊နားမလည္တာေလးတို႔ ေျပာျပ ေမးျမန္းလို႔ရပါတယ္

ဖတ္ေပးၾကတဲ့တစ္ေယာက္စီတိုင္းကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ 🙆🖤💛
9:55 pm
20.11.2023(Mon)










Continue Reading

You'll Also Like

920 164 5
မောင် ကိုယ့်အနားမှာ မရှိတဲ့ရက်တွေတိုင်းမိုးတွေအရမ်းရွာတယ် ‌မိုးရွာတဲ့အချိန်တိုင်း မောင့်ကိုလွမ်းတဲ့အလွမ်းကနှစ်ဆပိုတယ် 💟 12.8.2022(FRI)
2.2M 116K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
1.1M 44.8K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
646K 39.5K 104
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...