One Shot Fanfiction

By Anna-mochi

2K 296 48

Vmin short fanfiction More

Kim's
Dearest You (EP 1)
Dearest You ( Ep2)
Dearest You (ep 3)
Dearest You ( Ep 4)
Dearest You (Final)

MAZE

400 44 7
By Anna-mochi

ခမည်းတော်က အဲ့လူကို သိပ်ချစ်တယ် ..
ပြီးတော့ ပြောသေးတယ် ..

အဲ့လူက …
“ကမ္ဘာလောကကြီးအလယ်မှာ နှစ်ပေါင်းများစွာ
ပိတ်မိနေတဲ့ အလှဆုံးအကျဥ်းသား ”တဲ့ ..

                         Episode 1

သည်းထန်နေသောမိုးရေစက်များအကြား
ဒုန်းဆိုင်းပြေးနှင်နေသော မြင်းသည်တော်
များစွာကို အလုပ်သိမ်း၊လယ်သိမ်း ပြည်သူ
အများ အံ့သြထူးဆန်းလို့ ရပ်ကြည့်နေမိကြ
သည်။မြင်းသည်တော်တွေဟာ စစ်မက်ဖြစ်
ပွားရာ စစ်မြေပြင်ဆီ ချီတက်နေတာမဟုတ်။
သို့သော် အားကုန်မာန်ကုန်ရှိလွန်းလှသဖြင့်၊
စစ်ခင်းဖို့ထက် အရေးအကြီး ရှိသည့်နေရာ
ကို ချီတက်နေမှန်းသိသာလှသည်။ထိုနေရာ
က အဘယ်နည်း။အဘယ်ရပ်၌ တည်ရှိနေ
သနည်း။အဘယ်ကိစ္စကြောင့် မြင်းစစ်သည်
အများအပြား ပါသွားရသနည်း။

ထိုမြင်းစစ်သည်တွေကို ဦးဆောင်သူကလည်း
အခြားသူမဟုတ်။တိုင်းပြည်၏အရိုက်အရာ
ဆက်ခံမည့် တစ်ဦးတည်းသော အိမ်ရှေ့စံ
မင်းသားကိုယ်တော် တိုင်ဖြစ်သည်။အိမ်ရှေ့စံ
၏မျက်နှာတော်ကို မော်ဖူးရဖူးသူတိုင်း ဤသို့
နောက်ကွယ်မှာ မှတ်ချက်ပေးလေ့ရှိကြသည်။

ပျိုမျစ်နုရွယ်သလောက် ကြမ်းတမ်းခက်ထန်
ဟန်ရှိသည်။စကားပြော ပြတ်သားသည်။
မော်ဖူးသူနှင့် မျက်လုံးချင်းမဆုံတတ်။ဒေါသ
နှင့်မာန်မာနကို ရှေ့ထားတတ်သော အိမ်ရှေ့စံ
တစ်ယောက်ဖြစ်သည်။

မြင်းဇက်ကြိုးကို ကိုင်ထားတဲ့ အိမ်ရှေ့စံရဲ့
လက်ဖဝါးတော်က ချင်းချင်းနီနေသည်။
သာမန်ထက် ဒုန်းဆိုင်းနှင်နေသဖြင့် စီးတော်
မြင်းမှာလည်း မိုးသည်းသည်းထဲ အားစိုက်ကာ
ရှေ့ကို ဆက်ပြေးနေခဲ့ရသည်။နောက်လိုက်
ဗိုလ်ပါများမှာလည်း အိမ်ရှေ့စံထက် မနည်း
သော အရှိန်နှင့် ခရီးဆက်ခဲ့ရသည်။

တစ်ကိုယ်လုံးမိုးရေစိုရွှဲနေသော အိမ်ရှေ့စံဟာ
သူများထက်ပို၍ ဖျားနာလွယ်သည်။လေအေး
နုနုနဲ့တောင်မှ ဖျားလွယ်သောအိမ်ရှေ့စံက အခု
တော့ အကြောင်းတစ်ခုဖြင့် မိုးရေထဲခရီးနှင်နေ
ရသည်။မာကြောသော စိတ်ဓာတ်တို့က ပြိုပျက်
စ ပြုနေပြီ။ဒေါသမာန်အဟုန်ကြောင့် ချောမော
သော မျက်နှာတော်က ကြောက်မက်ဖွယ်ရှိလှ
သည်။ထိုမျက်နှာတော်ထက်တွင် အလုံးအရင်း
နှင့် စီးကျနေသော မျက်ရည်များစွာ တည်ရှိ
ခဲ့သည်။ထိုမျက်ရည်တွေကို မိုးရေစများနှင့်
ရောထွေးစွာ မြင်တွေ့ရသည်။အိမ်ရှေ့စံ ငို
နေသည်ကို မည်သူမျှမသိခဲ့ချေ။

တောင်ခြေတစ်ခုရောက်တဲ့အခါ မြင်းသည်
အားလုံး အရှိန်နှေးကွေးသွားသည်။ထိုနေရာ
မှာပဲ ရပ်ရန် အိမ်ရှေ့စံက အချက်ပြသဖြင့်
စစ်သည်အားလုံး ထိုနေရာမှာ ရပ်လိုက်ကြ
သည်။စိတ်လောနေတဲ့ အိမ်ရှေ့စံက မြင်းပေါ်
မှ သွက်လက်စွာ ခုန်ဆင်းသည်။တောအုပ်နှင့်
တစ်ဆက်တည်းရှိသည့် လူသွားလမ်းကြောင်း
ပေါ်ကို အပြေးသွားသည်။ထိုလမ်းရဲ့ ထိပ်ဝမှာ
အမှတ်အသားအနေနဲ့ “မည်သူမျှ မဝင်ရ”ဆိုတဲ့
ကျောက်တိုင်ကြီးတစ်ခုတည်ရှိသည်။

ထိုကျောက်တိုင်ရဲ့ဘေးမှာ သစ်သားတိုင်တစ်ခု
ရှိသည်။သစ်သားပြားပေါ်မှာ “နတ်နန်းအရှင်၏
အဆောင်”ဟု ရေးဆွဲထားပြီး၊သစ်သားတိုင်မှာ
မြင်သာထင်သာရှိအောင် ခပ်မြင့်မြင့် ချိတ်ဆွဲ
ထားခဲ့တာဖြစ်သည်။အိမ်ရှေ့စံသည် သူ၏
လက်ဆွဲတော်ဓားကို ခါးကြားမှ ထုတ်ယူ၍

ထို စာရေးထိုးထားသည့် သစ်သားပြားကိုမှ
ထက်ပိုင်းခုတ်ချပစ်လိုက်သည်။စစ်သည်
အားလုံးဟာ မျက်နှာကွက်ခနဲ ပျက်ယွင်း
သွားကြသည်။

“တစ်ယောက်မှ မလိုက်လာနဲ့ ..”

အိမ်ရှေ့စံသည် မာထန်လွန်းသည့် အသံဖြင့်
အမိန့်ပေးခဲ့သည်။လက်ဖဝါးထဲ ဓားကို ကျစ်
နေအောင် ဆုပ်ကိုင်ရင်း မြင်နေရတဲ့လမ်းလေး
အတိုင်း ကမှူးရှူးတိုး ဖြတ်ပြေးသွားခဲ့သည်။

“အိမ်ရှေ့စံကို တားမယ့်သူမရှိဘူးလား ..
တကယ် နတ်နန်းအရှင်ကို သတ်ပစ်ရင်
ဘယ်လိုလုပ်ကြမလဲ ..”

ဗိုလ်ပါအမြောက်အမြား ခေါင်းချင်းဆိုင်
ဆွေးနွေးသင့်သည့်အကြောင်းအရာကို
ရဲမက်ငယ်လေးတွေက ပူပန်ပေးနေ၏။

“နတ်နန်းအရှင်က မသေမျိုးလေ ..ဘယ်လို
နည်းနဲ့မှ သူ့ကို သတ်လို့မရဘူး ..”
“အိမ်ရှေ့စံက သွေးပူနေတာပါ ..အရှင်မင်းကြီး
ကို တအားချစ်တဲ့ သားတော်ဆိုတော့ .. ”

မိုးဒေဝါက အလိုက်သိစွာ သူ့အရှိန်ကိုလျှော့ချ
ပေးသည်။ယခုအခါမှ ပိန်းပိုက်အောင်မှောင်နေ
တဲ့ တောအုပ်ကို အနည်းငယ်မြင်တွေ့ရသည်။
ထိုတောအုပ်ရဲ့အဆုံး၊တောင်ထိပ်အပေါ်ဆုံးမှာ
အိမ်ရှေ့စံမင်းသား ရှာဖွေနေခဲ့တဲ့နန်းဆောင်ကြီး
တည်ရှိနေသည်။အားလုံးဟာ ထိုနန်းဆောင်ကြီး
ကို တွေဝေငေးလျက် မလှုပ်မယှက်ရပ်နေခဲ့ကြ
သည်။စိတ်ထဲမှာတော့ နတ်နန်းအရှင်အတွက်ပဲ
စိုးရိမ်ပူပန်နေခဲ့သည်။

တောလယ်ထဲ တစ်ယောက်တည်းဖြတ်ကျော်
လာခဲ့တဲ့အိမ်ရှေ့စံဟာ ပတ်ဝန်းကျင်ကို သတိ
ဝီရိယနှင့် အကဲခက်နေသည်။

အိမ်ရှေ့စံသည် နန်းဆောင်ကြီးကို နာကြည်းမှု
များစွာနဲ့ မော့ကြည့်လိုက်သည်။ရှည်လျားလွန်း
သော လှေကားထစ်တွေကို တက်ပြီးသွားလျှင်၊
ထိုနန်းဆောင်ကြီးထဲ သူ ခြေချရတော့မည်သာ
ဖြစ်သည်။သူ့ ဘဝတစ်လျှောက်လုံး တသသ
မုန်းတီးခဲ့သောသူနှင့် ပထမဆုံးအကြိမ် တွေ့
ဆုံရတော့မည်ဖြစ်သည်။

တံခါးချပ်တွေဟာ မဲနက်နေသည်။ ခမ်းဆီး
လိုက်ကာ ကတ္ထီပါသားကလည်း ထူပိန်း၍
နက်မှောင်လွန်းသည်။နန်းဆောင်အတွင်း၌
သံသယဖြစ်ဖွယ်ကောင်းအောင် တစ်ယောက်
တစ်လေမှ မရှိနေ။ မီးတုတ်တွေ ပတ်ပတ်လည်
မှာ ထွန်းညှိထားတဲ့အတွက် ကြမ်းခင်းပေါ်က
ကနုတ်ပန်းအချို့ကို ခပ်ရေးရေး အိမ်ရှေ့စံ လှမ်း
မြင်နေရသည်။

အိမ်ရှေ့စံသည် ရုတ်တရက် မိုက်ခနဲ မူးနောက်
သွားသည်။နှာခေါင်းထဲမှာ ဖယောင်းတိုင်၊အမွှေး
တိုင် ရနံ့တွေ ထွေပြားနေသည်။အချမ်းဓာတ်က
တစ်ကိုယ်လုံး ချုံ့ယူပစ်လိုက်သလို၊အိမ်ရှေ့စံရဲ့
ကိုယ်ခန္ဓာဟာ ရေခဲသဖွယ်အေးစက်လာသည်။

“ကျုပ်ကို မပြုစားနဲ့ ..ထွက်လာခဲ့!!”

အားပြင်းပြင်းနှင့်အော်ပစ်လိုက်တဲ့ အိမ်ရှေ့စံ
ရဲ့အသံဟာ နန်းဆောင်တစ်ခုလုံးကို တုန်လှုပ်
စေနိုင်သည်။

“ မင်း ..နေမကောင်းဖြစ်နေတာ ..။ ငါ..
ပြုစားနေတာမဟုတ်ဘူး ..”

နောက်ပါးဆီက ချိုအီအီထွက်ပေါ်လာတဲ့
အသံကြောင့် အိမ်ရှေ့စံ လက်ဆွဲတော်ဓား
ကို ဆက်ခနဲဆွဲထုတ်ပြီး နောက်လှည့်ပစ်
လိုက်သည်။ရင်ထဲမှ ပျို့တက်လာတဲ့ဒေါသ
တွေက အိမ်ရှေ့စံကို အဆိုးရွားဆုံးလှုံ့ဆော်
ပေးနေသည်။မျက်ရိုးတွေ ကိုက်ရသည်ထဲ၊
သူ မျက်ရည်ပါ ဝဲချင်လာပြန်သည်။

“ခမည်းတော် .. ပျောက်နေတယ် ..”

ထိန်းပြောပေမယ့် အသံနက်ထဲတွင် ပြိုလဲ
ကြေကွဲမှုများ ထင်ရှားနေသည်။အိမ်ရှေ့စံ
သည် သူ့ဓားကို တစ်ဖက်လူရဲ့လည်တိုင်ဆီ
ဖြည်းဖြည်းချင်း တေ့ထားလိုက်သည်။

တစ်ဖက်လူဟာ ပဝါပါးပါးလွှလွှ အနက်ရောင်
ကို မျက်နှာအရှေ့မှာ ကာကွယ်ထားသည်။
ခန္ဓာကိုယ်ငယ်လေးကလွဲ၍ ကျန်တာအကုန်
အကဲခက်ဖို့မလွယ်။ဝတ်ရုံတစ်ခုလုံးလည်း
အနက်ရောင်ပြေးနေသောကြောင့် ဖြစ်၏။

သတင်းတွေကြားဖူးပါရဲ့ ..။
နတ်နန်းသခင်ဟာ ယောက်ျားတန်မဲ့ သိပ်ကို
လှပသည်။ကာမဂုဏ်ခင်တွယ်တဲ့ယောက်ျား
ဆိုရင် နတ်နန်းသခင်ရဲ့အလှကိုမြင်လို့ ရူးသွပ်
သွားကြတယ်ဟုတောင်ပြောကြသည်။

နတ်နန်းသခင်၏ သက်တမ်းသည် နှစ်ပေါင်း
၁၈၀ ကျော်နေပြီဟု ဆိုသည်။တန်ခိုးရှင်ဟု
ဆိုကြသည်။နတ်ဘုရားဟု ဆိုကြသည်။
တစ်တိုင်းပြည်လုံးက ပြည်သူပြည်သားတွေ
သာမက၊ရှင်ဘုရင်၊ မိဖုရား၊ မှူးမတ်၊ ပညာရှိ၊
ရဲမက်ဆိုလျှင် တံခါးမှူးက အစ နတ်နန်းအရှင်
ကို ကိုးကွယ်ကြသည်။ဆုတောင်းတိုင်းဖြည့်
ပေးတတ်တဲ့ နတ်နန်းအရှင်ဟာ သိပ်လှတဲ့
သာမန်လူသားတစ်ယောက်လို့ ထင်ဖွယ်ရှိ
သည်။သို့သော် ။အသားအရည်ဟာ။ ဝင်းပ
ကြည်လင်အေးမြတဲ့ နတ်နန်းအရှင်၏အသား
ကို ထိဖူးသူတိုင်း ပူလောင်လွန်းတဲ့မီးခဲကို ကိုင်
ရသလို လက်ဖဝါးတစ်ခုလုံး ပူကျစ်သွားတတ်
သည်။နတ်နန်းအရှင်ကို မည်သူမျှ မထိနိုင်ကြ။
မည်သူမျှလည်း မသတ်နိုင်ကြ။

“ခမည်းတော်ကို ပြန်ရှာပေး!”

ချိုသာတဲ့အသံဟာ အဖျားစွက်မှာ တုန်ယင်
နေသည်။အိမ်ရှေ့စံသည် ဒေါသပုန်ထကာ
လက်ထဲက ဓားနဲ့ တစ်ဖက်လူရဲ့မျက်နှာရှေ့
က ပဝါပါးကို ရှပ်ခနဲဖြတ်ပစ်လိုက်သည်။

အရင်ဆုံး။ အရင်ဆုံးအနေနဲ့..။

ငုံ့ထားတဲ့ မျက်နှာနုနုကို ဖူးမြော်လိုက်ရသည်။
မျက်တောင်စတွေ။စိုစွတ်နေတဲ့မျက်တောင်
လှလှတွေက ကြောက်လန့်သွားတဲ့ မျက်ဝန်း
လေးကို ခေတ္တဖုံးကွယ်ထားခဲ့သည်။

“ခင်ဗျားကို ခမည်းတော်လောက် ကိုးကွယ်တဲ့
ဘုရင်ရှိဦးမလား ..ခင်ဗျားက အကုန်သိမြင်သူ
ပါဆို.. ဒါတောင် သူ အခုဘယ်မှာရှိလဲ ခင်ဗျား
မသိဘူးလား …”

စွပ်စွဲပြောဆိုတော့ မခံချင်တဲ့မျက်နှာလှလှက
ရဲသွေးမာန်ဖြာကျလာသည်။စူးရှစွာကြည့်
လာတဲ့ မျက်ဝန်းတွေကြောင့် အိမ်ရှေ့စံ၏
ဝဲဘက်ရင်အုံဟာ ကျဥ်ခနဲဖြစ်သွားသည်။

“ငါက အကုန်သိမြင်ရအောင် အကြားအမြင်
ရတဲ့ တန်ခိုးရှင်လည်း မဟုတ်ဘူး!ရှင်ဘုရင်
ကြီး ရုတ်တရက် မရှိတော့တာကို ငါ ကြိုမြင်
ဖူးထားတာလည်း မဟုတ်ဘူး!”

အိမ်ရှေ့စံလိုပဲ တစ်ဖက်လူမှာ မခံချင်တဲ့
စိတ်နေစိတ်ထားရှိသည်။မျက်နှာငယ်လေး
က တင်းမာခက်ထန်သွားသည်။

“ ခင်ဗျားဆီကို လာတဲ့လမ်းမှာ သူ ပျောက်သွား
တာ ..လမ်းမှားရအောင် ကလေးလည်း မဟုတ်၊
ကိုယ်ရံတော်တပ်မှူးသုံးယောက် ပါသေးတယ်။
သေချာပေါက် တစ်ယောက်ယောက်က သူ့ကို
ပြန်ပေးဆွဲထားတာ”

“အရှင်မင်းကြီးကို ပြန်ပေးဆွဲထားတာ ငါလို့
ထင်နေတာလား ..ဒါကြောင့် ငါ့ဆီရောက်လာ
ခဲ့တာလား ..”

မလျှော့သောလေသံနှင့်၊ အိမ်ရှေ့စံကဲ့သို့
ဆူပုတ်သော မျက်နှာထားဖြင့် တစ်ဖက်လူက
အိမ်ရှေ့စံကို ချေပ၏။

ဟင့်အင်း။အိမ်ရှေ့စံရောက်လာတဲ့ အကြောင်း
က အရှင်မင်းကြီး ဒီမှာရှိမယ် ထင်လို့ မဟုတ်ရ
ပါဘူး။ ဒီလူ ပြန်ပေးဆွဲတာလို့လည်း မထင်ခဲ့
ပါဘူး။ရောက်လာတဲ့အကြောင်းရင်းက တစ်ခု
တည်းပါ ။ အဲ့ တစ်ခုတည်း။

“ကျုပ် ခင်ဗျားကို တွေ့ဖူးချင်လို့လာခဲ့တာ ..”

တုန်လှုပ်သွားဟန်မရှိတဲ့မျက်လုံးတွေက သူ့ကို
သနားစရာကောင်းလိုက်တာဆိုတဲ့ ပုံစံမျိုးနှင့်
တည့်မက်စွာ လာစိုက်ကြည့်နေသည်။ကျစ်!!
ဒီလိုအရေးကြီးနေသည့်အချိန်မှ မည်သို့သော
အဓိပ္ပာယ်ရောက်နေမည့်စကားကို ဆိုမိသနည်း။

ရုတ်တရက် အိမ်ရှေ့စံ၏မျက်လုံးတွေ ပြာဝေ
သွားသည်။ခေါင်းကမိုက်ခနဲဖြစ်သွားတာကြော
င့် လက်ထဲက ဓားကိုလွှတ်ချလိုက်ပြီး ဦးခေါင်း
ကို လက်နှစ်ဖက်နှင့်ထိန်းကိုင်လိုက်ရသည်။

“ခင်ဗျား ကျုပ်ကိုတစ်ခုခုလုပ်နေတာလား!”
“ မတူဘူး!!ကျုပ်က ခင်ဗျားဆီမှာ ခစားမယ့်
ဘုရင်မဟုတ်ဘူး!!ခင်ဗျားကို ကျုပ် နန်းတက်
တာနဲ့ သတ်ပစ်မှာ!! ခင်ဗျားကို ..ခင်ဗျား…”

စကားမဆုံးခင် အိမ်ရှေ့စံ လဲကျသွားရှာသည်။
လေးလံနေတဲ့မျက်ခွံတွေကို မရမကဖွင့်ဖို့
ကြိုးစားနေပေမယ့်၊အိမ်ရှေ့စံမျက်လုံးတွေက
အတော်အသင့် မှိတ်ကျနေသည်။

ခြေမဖိုးဖြူဖြူလေးက မြင်ကွင်းထဲ ဝင်ရောက်
လာသည်။ခြေကျင်းဝတ်မှာ လှလှပပ ငွေရောင်
ကြိုးလေး လျှောကျနေသည်။ ဤလူသားဟာ
အဘယ့်ကြောင့် ခြေချောင်းလေးတွေကအစ
နူးညံ့လှပနေရပါသနည်း။

“ ငါ .. မင်းရဲမက်တွေကို သွားခေါ်ပေးမယ်..
ပြန်လိုက်တော့ ..မင်း ဖျားနေပြီ ..”

အပေါ်စီးမှ နားထဲဝင်လာတဲ့ အသံချိုချိုကြောင့်
အိမ်ရှေ့စံ၏နားရွက်ဖျားတွေ ပူနွေးသွားသည်။
ကြမ်းပြင်နှင့် ကပ်လုနီးနီးဖြစ်နေတဲ့ ရင်ခွင်ဆီမှ
နှလုံးခုန်သံကို အိမ်ရှေ့စံ နားထောင်နေရသည်။

“မသွားနဲ့ ..”

အိမ်ရှေ့စံ၏လက်ချောင်းများက တစ်ဖက်လူရဲ့
ခြေကျင်းဝတ်ငယ်ကို လှမ်းဖမ်းဆွဲထားသည်။
လွတ်ထွက်သွားမှာ စိုးရိမ်သည့်အလား သူ၏
လက်များကို အားပိုထည့်လိုက်သည်။

“ခင်ဗျားကို ကျုပ် မုန်း ... ”

ခင်ဗျားကို ကျုပ် မုန်းတယ် …။

စကားမဆုံးခင်ပဲ ၊အဖျားရှိန်တက်နေသော
အိမ်ရှေ့စံ၏မျက်ဝန်းများ ပိတ်ကျသွားသည်။
ခြေကျင်းဝတ်က လက်ကလေးဟာ ကြမ်းပေါ်
ဖြည်းညှင်းစွာ ပြန်လျှောကျသွားခဲ့သည်။

•••••••••••••

                            Episode 2

အိမ်ရှေ့စံဟာ သူ့အဆောင်သူ ပြန်ရောက်လာခဲ့
သည်။ဆိုးဆိုးဝါးဝါးဖျားနာသွားတာကြောင့်၊
နှစ်ရက်လောက် မလှုပ်မယှက် လဲလျောင်းခဲ့ရ
သည်။သူ သလွန်ထက် ထထိုင်လိုက်တဲ့အချိန်၌
ဘေးမှာ ဆေးတိုက်ဖို့ပြင်နေတဲ့ သမားတော်က
ဆေးရည်ထည့်ထားတဲ့ ပန်းကန်လုံးကိုကိုင်ကာ
အနားသို့ တိုးလာပြန်သည်။

“ထွက်သွား..ကိုယ်တော် နားချင်တယ်”
ဆေးသောက်ဖို့အထပ်ထပ်မှာကြားခဲ့ပြီးနောက်
သမားတော် ပြန်လည်ထွက်ခွာသွားရှာသည်။
အခန်းထဲ တိတ်ဆိတ်ကျန်နေပြီး၊အိမ်ရှေ့စံ၏
သက်ပြင်းချသံတိုးတိုးက ရှည်လျားခဲ့သည်။ 

အိုးး .. ခမည်းတော်ကို ရှာမတွေ့သေးဘူး ..။   

အိမ်ရှေ့စံသည် သူ၏အခန်းပတ်လည်မှာ သူ
ကိုယ်တိုင် ဟိုတစ်စုဒီတစ်စု ချထားခဲ့ဖူးသည့်
ကားချပ်လိပ်အချို့နှင့် စာလိပ်အချို့ကို အာရုံ
ရောက်သွားခဲ့သည်။အနီးစပ်ဆုံး ခြေရင်းနားမှာ
ရှိနေတဲ့ ကားချပ်လိပ်တစ်ခုကို ကုန်းကုန်းကွကွ
သူ လှမ်းယူလိုက်မိသည်။ထို့နောက် အသေချာ
ပြန်ထိုင်ရင်း ကားချပ်ကို ဖြည်ကြည့်လိုက်၏။
ရင်ထဲ နူးညံ့ပျော်ဝင်သွားတဲ့ ခံစားချက်မျိုးကို
ခမည်းတော်ဆွဲထားတဲ့ အဲ့လူရဲ့ ပန်းချီတိုင်းက
ပေးစွမ်းနိုင်သည်။

“ခမည်းတော်က ပန်းချီအရာမှာ ထူးချွန်လိုက် တာ ..”
ထိုသို့ခပ်တိုးတိုးရေရွတ်ရင်း ကားချပ်ပေါ်က
ပန်းချီကို လက်ချောင်းလေးတွေနဲ့ အိမ်ရှေ့စံ
ထိတွေ့နေမိသည်။ပန်းချီကားချပ်တိုင်းဟာ
ဒီလူရဲ့ပုံတွေချည်းပါပဲ။ ခမည်းတော်ဆွဲဖူးတဲ့
ဘယ်ကားချပ်ကိုမဆို ကောက်ယူပြီးကြည့်
ကြည့် ၊အမြဲတမ်း ဒီလူရဲ့ပုံတူပန်းချီတွေပဲ။

ခမည်းတော် ဆွဲထားတာ တစ်ချက်လေးမှ
မလွဲပါဘူး။အပြင်မှာ ပိုလှတာကလွဲရင် ဒီလူ
ဟာ ဒီရုပ်လေးအတိုင်းပါပဲ။

“အရှင်မင်းကြီးက သက်တော်၂၀အရွယ်မှာ
နတ်နန်းအရှင်ကို မြင်မြင်ချင်း ချစ်ကျွမ်းဝင်
သွားခဲ့တာ ..ဒါပေမယ့် ကဗျာစာတွေ၊ပန်းချီ
တွေကြောင့်ပဲ နတ်နန်းအရှင်ကို ချစ်ကြောင်း
သိခဲ့ရတာပါ ..အပြင်မှာဆို နတ်နန်းအရှင်ရဲ့
မျက်နှာကို သေချာတောင်စိုက်မကြည့်ဘူး”

ခမည်းတော် စာကြည့်ခန်းထဲက ရှိသမျှသော
ပန်းချီကားတွေ၊စာပေတွေကို ထုတ်ယူစေပြီး
ခမည်းတော်နဲ့အနီးဆုံးရှိခဲ့သည့် အထိန်းတော်
ကို သူ အလုံးစုံ စစ်ဆေးမေးမြန်းခဲ့သည်။

“နတ်နန်းအရှင်က ဗေဒင်ပညာကျွမ်းကျင်
လွန်းတယ် ..မအို၊မသေတဲ့ ကျိန်စာကြောင့်
သူ အသက်ရှင်နေတာ နှစ်ပေါင်း ၁၈၀ရှိပြီ။
မျက်နှာလေးက ဆယ်ကျော်သက်အရွယ်လေး
အတိုင်း ပန်းပွင့်လေးနှယ် တအားလှတယ် ..”

“ကိုယ်တော် မေးဦးမယ် ..”

“မှန်ပါ မင်းသားငယ် ..ကျွန်တော်မျိုးသိသမျှ
လျှောက်တင်ပေးပါ့မယ် ..”

“အဲ့လူရော ခမည်းတော်ကို ချစ်ခဲ့ဖူးလား ..”

“အရှင်မင်းကြီးကလည်း ထုတ်မပြောခဲ့သလို
နတ်နန်းအရှင်လည်း ဘာကိုမှ မသိခဲ့ပါဘူး ..
အရှင်မင်းကြီးရဲ့ သက်တော်က ယခုဆို ၅၀ နား
ကပ်နေပေမယ့် နတ်နန်းအရှင်ကို အခုချိန်ထိ
ချစ်မြတ်နိုးနေဆဲပါ .. ဒီကဗျာလေးတွေနဲ့ ဒီ
ပန်းချီလေးတွေက သက်သေပေါ့ မင်းသားငယ်”

ရောင်စုံပေလိပ်လေးတွေကို စုံစုံလင်လင် မြင်
တွေ့ရသည်။အပေါ်ဆုံးမှ ပေရွက်လိပ်ပန်းရောင်
လေးကို အိမ်ရှေ့စံ ရွေးချယ်ယူလိုက်သည်။

ခမည်းတော် ..ခင်ဗျားက ကျုပ်မိခင်ကို တစ်ခါ
လေးတောင် ချစ်မပြဘူး။နတ်နန်းအရှင်ကို ချစ်
သလိုမျိုးလေး ကျုပ်မိခင်ကို ချစ်ပြမယ်ဆို သူမ
ညတိုင်းငိုကြွေးရမှာမဟုတ်ဘူး။သူမ နန်းဆောင်
ထဲကို တစ်ခါဆိုတစ်ခါတည်း ခြေချဖူးတာတဲ့။
နတ်နန်းအရှင်ဆီကိုတော့ ခင်ဗျား အနှစ် ၃၀လုံး
အပြေးသွားခဲ့တယ်မလား။ခင်ဗျားက မယားကို
ရော၊သားကိုရော သိပ်အာရုံမလာတဲ့လူပါ။
တိုင်းပြည်ရေး၊စစ်ရေးနဲ့ နတ်နန်းအရှင်ကလွဲပြီး
ဘာကိုမှ စိတ်မဝင်စားခဲ့တဲ့ လူ။

“အပြင်မှာ လူရှိလား!!”

အိမ်ရှေ့စံသည် လက်ထဲက ကဗျာပေရွက်လေး
ကို ဆက်မဖတ်နိုင်တော့ဘဲ၊ဝေးဝေးကို လွှင့်ပစ်
ခဲ့လိုက်သည်။

“ခမည်းတော်ကို ရှာတုန်းပဲလား ”

“မှန်ပါ ..ကျွန်တော်မျိုးတို့ရဲမက်တွေအကုန်လုံး
တိတ်တဆိတ် ရှာဖွေနေတုန်းပါ ..”

“ဟုတ်ပြီ ..ကိုယ်တော် အခုသွားစရာရှိတယ်
မယ်မယ် လာတွေ့ရင် အိပ်နေတယ်လို့ လျှောက်
တင်ထားပေးပါ ..”

“အရှင့်သား တစ်ကိုယ်တည်းသွားမယ်ဆို
အန္တရာယ်ရှိနိုင်ပါတယ် ..အရှင်မင်းကြီးတောင်
အခုထိ ရှာမတွေ့သေးပါဘူး .အရှင့်သားတစ်ခုခု
ဖြစ်သွားရင် ..”

“ကိုယ်တော် နတ်နန်းအရှင်ဆီ သွားမှာ ..
အရှင်မင်းကြီးအစား တိုင်းပြည်အတွက်
ဆုတောင်းပေးရမယ်မဟုတ်လား ..ပြီးရင်
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကိစ္စအတွက်
သူ့ကို ကိုယ်တော် တောင်းပန်ရမှာပေါ့ ..”

ကိုယ်ရံတော်တပ်မှူးဟာ အိမ်ရှေ့စံ၏စကားကို
ယုံကြည်ဟန်မရှိတာကြောင့်။

“ဒီတစ်ခါတော့ နတ်နန်းအရှင်ကို သတ်မယ်လို့
စိတ်မကူးပါနဲ့တော့ ..အရှင့်သား ..”

“ဟက် ..ကိုယ်တော် သိပါပြီ ..”

••••••••••••••
စီးတော်မြင်းဆီက ခုန်ဆင်းလိုက်တာနဲ့ အိမ်ရှေ့
စံ၏ မျက်ဝန်းတွေ ပြုံးယောင်သမ်းလာခဲ့သည်။
ခရီးဝေးဒဏ်ကြောင့်လားမသိ၊အိမ်ရှေ့စံ၏ရင်
တွေ တလှပ်လှပ် ခုံမင်နေခဲ့သည်။မိုးပြာရင့်တဲ့
ဝတ်ရုံတော်ဟာ နေရောင်အောက်မှာ ထင်းလင်း
နေသည်။တစ်နေ့ ညနေကတော့ မိုးရေထဲကနေ
အပြေးအလွှားလာခဲ့တာကြောင့်၊သခင်လေးရုပ်
ပင် ပေါက်မည်မဟုတ်။ယနေ့မှာတော့ နတ်နန်း
အရှင်ဆီမလာခင် အိမ်ရှေ့စံမင်းသားငယ်ဟာ
ကြေးမုံရှေ့မှာ အကြာကြီးပြင်ဆင်ထားခဲ့သည်။

“နတ်နန်းအရှင် မရှိပါဘူး မင်းသားငယ် ..”

ဆံပင်တစ်ခေါင်းလုံးဖြူဖွေးစွတ်နေပြီး၊အရိုးအ
ရည် ရိတွဲကျနေပြီဖြစ်တဲ့ အဖိုးအိုကို အိမ်ရှေ့စံ
က တင်းမာစွာ စိုက်ကြည့်လိုက်သည်။

•••••••••••••••••••

အိမ်ရှေ့စံသည် ထူထပ်အုံ့မှိုင်းသော တောအုပ်
အလယ်မှာ လမ်းပျောက်သော ကလေးငယ်လို
စမ်းတဝါးဝါး ရှေ့ဆက်နေသည်။စိမ်းစိုမြသော
ဝါးရုံပင်အရှည်ကြီးအောက်မှာ လမ်းလျှောက်ရ
တဲ့အခါ လေတဖြူးဖြူး တိုက်ခက်လာခဲ့သည်။
တောတွင်းက ငှက်ကလေးတွေ အော်မြည်သံက
အိမ်ရှေ့စံကို အာရုံနောက်စေလေသည်။ကျစ်!
သူကရော ဘယ်မှာလဲ ..အဘိုးအိုပြောလိုက်တဲ့
စမ်းချောင်းငယ်ကရော ဘယ်မှာလဲ ..။

အိမ်ရှေ့စံ၏မျက်နှာထက်တွင် အလိုမကျမှုများ
ပေါ်လွင်နေခဲ့သည်။

ရုတ်တရက်ဆိုသလိုပဲ ..။ခပ်လှမ်းလှမ်းကနေ
ထွက်ပေါ်လာတဲ့ ရယ်သံလွင်လွင်ကြောင့်မို့
အိမ်ရှေ့စံမျက်ဝန်းတွေ ဝိုင်းစက်သွားသည်။
ပတ်ဝန်းကျင်ကို လျင်လျင်မြန်မြန် ဝေ့ဝဲကြည့်
လိုက်သည်။

သူ့အမြင်အာရုံရှေ့မှာ ရေစက်ကလေးတွေ
လေပေါ်သို့ ဖွားခနဲ ဖွားခနဲ ပေါ်လာသည်။
ရယ်သံလွင်လွင်ကို ကြားလိုက်ရတဲ့အရပ်
ဆီကို အိမ်ရှေ့စံ မျက်တောင်မခက် ရပ်ကြည့်
လိုက်မိသည်။နေပါဦး ..။ ဒီမြင်ကွင်းက ..။

လည်ချောင်းတစ်လျှောက် ပူလောင်သွားသည်။
ငယ်ထိပ်ကို မိုးကြိုးပစ်ချခံလိုက်ရသလို သူဟာ
ခေါင်းနပမ်းကြီးသွားခဲ့သည်။ဗလာနတ္ထိ ဖြစ်နေ
တဲ့ ကိုယ်ငယ်ဟာ မြင်ကွင်း၌ရှင်းရှင်းလင်းလင်း
တည်ရှိနေခဲ့သည်။စစချင်းမြင်တုန်းက အားလုံး
အနက်ရောင်တွေချည်း ဖုံးလွှမ်းထားတဲ့ ခန္ဓာကို
အပေါ်ယံသာ ကြည့်ရှုခဲ့ရသည်။အခုများတော့
ဝင်းဝါနုဖက်နေတဲ့ အသားအရည်ကို နေခြည်နုနု
အောက်မှာ ထင်ထင်ရှားရှားကြည့်ရှုနေရသည်။

ကိုယ်ပေါ်တွဲခိုနေတဲ့ ရေစက်ရေပေါက်လေးက
စိန်ပွင့်စိန်ပန်းတွေများလားလေ ..။
သူ ဤမြင်ကွင်းကို ဘယ်လိုဖွဲ့နွဲ့ရပါ့မလဲ ..။
ဤလူသားကို ဘယ်လိုစကားလှလှနဲ့တင်စား
ခိုင်းနှိုင်းပြရပါ့မလဲ ..။

ရေချိုးဆင်းလာတဲ့ ရွှေသမင်ငယ်လား ..။
နတ်သက်ကြွေလာတဲ့ နတ်သားလေးတစ်ပါး
ရေကစားနေတာလား ..။

ခမည်းတော် ။ခင်ဗျားလိုမျိုး အနုပညာသွေးတွေ
ကျုပ်ကိုယ်မှာ စီးဆင်းနေခဲ့ရင် အခုချိန်မှာ ကျုပ်
ကဗျာတွေ အများကြီးဖွဲ့နွဲ့ပြီးသွားပြီပေါ့..။
ခင်ဗျားသာ ဒီမြင်ကွင်းကို ကျုပ်လိုမျိုး မြင်ခွင့်
ရရင် ခင်ဗျား ပန်းချီကားအသစ်တွေ ဆေးခြယ်
ရတော့မှာထင်ပါရဲ့ ။

“အဟက် .. အနှစ် ၁၈၀ ရှိပြီဖြစ်တဲ့ လူသားက
ရေဆော့နေတဲ့ကလေးငယ်လေးတစ်ယောက်နဲ့
အမြင်မှားစရာဖြစ်နေပါရောလား ..”

မထိတထိလှောင်ပြောင်လိုက်သလို လေသံနှင့်၊
အိမ်ရှေ့စံက လက်ပိုက်လျက် စမ်းချောင်းငယ်
ရှိရာဆီ ဖြည်းဖြည်းချင်းလှမ်းလာသည်။ပုံစံက
ဘာကိုမှ စိတ်ဝင်စားဟန်မရှိပေမယ့် ၊အတွင်း
မှာ ကမ္ဘာပျက်ကာ ယောက်ယက်ခက်စ ပြုနေ
လေသည်။ အိမ်ရှေ့စံ၏ နားရွက်ဖျားလေးတွေ
နီမြန်းနေခဲ့သည်။ဤ ရွှေရောင်ကိုယ်လုံးငယ်
ကို ကြည့်ရမလား၊မကြည့်ရမလားဆိုတဲ့ ငြင်းခုံ
မှုက မသိစိတ်ထဲ လွန်ဆွဲနေလေသည်။

“မင်း ဘာလို့ရောက်လာပြန်ပြီလဲ ..”

ဖူးဖူးအုအု မျက်နှာလေး၌ နီရဲရဲပါးပြင်လေးက
ရှက်လို့လား၊ဒေါသကြောင့်လား မပြောတတ်။
ရင်ဘက်အရှေ့ကို သူ့လက်ကလေးနှစ်ဖက်နှင့်
ယှက်၍ ကာကွယ်ထားတာက အိမ်ရှေ့စံအမြင်
ထဲ ချစ်စရာကောင်းသည်ထက် ပိုလွန်နေခဲ့၏။
ဒီလူက အသက် ၁၈၀ ကျော်လား၊၁၈နှစ်လား။
ဒါမှမဟုတ် ၈နှစ်သားရော မဖြစ်နိုင်ဘူးလား။

“ဒီအထိ ရောက်လာတဲ့အကြောင်းအရင်းက
ဘာလဲ ..သာမန်ကိစ္စဆို နန်းတော်မှာ နတ်ဝင်
သည်တွေနဲ့ တိုင်ပင်လို့ရတယ်မလား ..”

“တိုင်းပြည်တစ်ပြည်လုံးရဲ့ ရှင်ဘုရင် ပျောက်နေ
တာက သာမန်ကိစ္စလား ..”

တစ်ဖက်လူရဲ့မျက်လုံးတွေ အရောင်ဖျော့သွား
သည်။ကျွန်တော့်ကို ကရုဏာသက်သွားသလို၊
အားနာသွားသလို ပြန်ကြည့်လာသည်။ခင်ဗျား
ရော ခမည်းတော်ကို စိတ်မပူဘူးလား ..။

“ကျုပ် ခင်ဗျားနဲ့ စကားပြောချင်တယ် ..အခု
ကုန်းပေါ်ကို တက်လာခဲ့ပါ ..ကျုပ် အချိန် သိပ်
မရဘူး .. ”

ဤလူသားက တစ်ချက်တွေဝေသွားသည်။
ကျွန်တော့်ရဲ့ခြေထောက်အနီးအနားမှာ ပုံလျက်
ရှိနေတဲ့ သူ့ဝတ်ရုံတော်ကို မှိုင်မှိုင်တွေတွေ လှမ်း
ငေးကြည့်လိုက်သည်။

“အိမ်ရှေ့စံ ..တစ်ဖက်ကို လှည့်ပေးပါ ..”

“ဟက်!လေသံကလည်း အမိန့်ဆန်လိုက်တာ ..
ခင်ဗျားက ကျုပ်တို့တော်ဝင်မျိုးနွယ်တွေကို
လေးစားရမယ်ဆိုတာမသိဘူးလား  ..”

ရေအလယ်က လူသားငယ်ရဲ့မျက်ခုံးတွေခမျာ
မကျေနပ်ကာ ကွေးညွှတ်သွားခဲ့သည်။မှေးတဲ့
မျက်လုံးတွေကို ပိုမှေးစင်းပစ်ပြီး စူးစိုက်စွာ
ကျွန်တော့်အား လာကြည့်နေသည်။

“ငါ့အသက်က မင်းတို့အားလုံးထက် ..”

“အိမ်း ..ဒီဝတ်ရုံတော်က ခင်ဗျားအတွက် အရေးမကြီးဘူးထင်တယ် ..”

အိမ်ရှေ့စံသည် ညှာတာမှုကင်းမဲ့သော မျက်နှာ
ပေးနှင့် နတ်နန်းအရှင်၏ဝတ်ရုံတော်ကို လက်
တစ်ဖက်တည်းနဲ့ ကောက်ယူလိုက်သည်။

“အဟမ်း ...”

မထင်မှတ်ဘဲ ကုန်းပေါ် ရဲရဲဝံ့ဝံ့ တက်လာရဲတဲ့
နတ်နန်းအရှင်ကြောင့် အိမ်ရှေ့စံလန့်ဖြန့်ကာ
ခေါင်းတွေအုံခနဲဖြစ်သွားသည်။

ကိုယ့်လက်ထဲက ဝတ်ရုံတော်ကို ဆက်ခနဲ ဆွဲယူ
လိုက်လည်း အခုထိ နတ်နန်းအရှင်ကို အိမ်ရှေ့စံ
ခမျာလှည့်မကြည့်ခဲ့ပါ ..။လှည့်လည်း မကြည့်ရဲ။

“အင်း ..ဒီခေတ်မင်းသားငယ်တွေက ရိုင်းစိုင်း
လိုက်တာ ..ကိုယ့်ထက် အကြီးကို ရိုသေရမှန်း
လည်း မသိ ..။ ရာရာစစ ဘယ်သူ့ကိုလာပြီး
စိန်ခေါ်နေတာပါလိမ့် ”

သိသိသာသာစောင်းမြောင်းပြောဆိုနေတဲ့ အသံ
စွာစွာကြောင့် အိမ်ရှေ့စံ၏ဒေါသမီးက လက်ခနဲ
ဖြစ်သွားသည်။ဝတ်ရုံတော် လဲဝတ်နေဆဲဖြစ်တဲ့
နတ်နန်းအရှင်ဘက်ကိုလှည့်ကာ လက်ကောက်
ဝတ်ကိုမှ မြဲမြံတင်းကြပ်စွာ ဖမ်းဆွဲယူခဲ့လိုက်တဲ့
အိမ်ရှေ့စံက ကြောက်မက်ဖွယ်ကောင်းအောင် 
မထီမဲ့မြင် ပြုံးလိုက်ပြန်သည်။

“အစတည်းက..ဘယ်လိုဖြစ်ပြီးငါ့ကို ထိလို့ရနေ
တာလဲ …. မင်း ..မပူဘူးလား ...”

နတ်နန်းအရှင်ဟာ တော်ရုံခြောက်ခြားနေတာ
မဟုတ်။ ထိတ်လန့်နေတဲ့ မျက်နှာငယ်လေးမှာ
အောက်နှုတ်ခမ်းဖူးက တဆက်ဆက်တုန်ယင်
နေခဲ့သည်။  ဒီတော့မှ တစ်ခုခုရိပ်မိသွားခဲ့တဲ့
အိမ်ရှေ့စံဟာ အနိုင်ရလိုက်သူတစ်ယောက်လို
ဝင်းဝင်းပပ ပြုံးသွားသည်။

“ဟက် ..ပူတာပေါ့ ..တအားကိုပူတာ ..”

တစ်ဖက်မှလည်း သူ့ လက်ကောက်ဝတ်ကို
ချုပ်ကိုင်ထားသည်။ကျန်လက်တစ်ဖက်က
လည်း သေးသွယ်ချပ်ရပ်နေသော ခါးအစုံ
ကို နီးကပ်အောင် ဆွဲယူထားခဲ့သည်။ပြုံးပြုံး
လေးကြည့်နေရင်းက အိမ်ရှေ့စံဟာ အရှင်နဲ့
မျက်နှာအချင်းချင်း ထိမိမတတ် ဖြည်းဖြည်း
ခေါင်းငုံ့လာခဲ့သည်။

နတ်နန်းအရှင်ဟာ မျက်လုံးများ အလျင်မှိတ်
ထားလိုက်သည်။သြရှအက်ကွဲနေတဲ့အသံဟာ
နားထဲသို့ တိုးဝေ့ဝင်လာရင်း နှလုံးသားအထိ
တုန်ခါသွားစေခဲ့သည်။

“ ကျုပ်ကို လေးလေးစားစားဆက်ဆံ  ..”

သတိပေးသလို၊ခြိမ်းခြောက်သလို စကားက
အမိန့်ဆန်လွန်းသည်။

ထိမိထားတဲ့ အိမ်ရှေ့စံ၏လက်ချောင်းဆီက
သူ့လက်ကောက်ဝတ်ကို ဖျစ်ညှစ်ထားတဲ့
နာကျင်မှုကြောင့် ထိုအားသန်သန်လက်တွေ
ကို နတ်နန်းအရှင် ရုန်းပစ်လိုက်သည်။

“ပထမဆုံးလား ..”

“ ဘာ ..”

လက်ကောက်ဝတ်ကို အထိအခိုက်ရှိမရှိ ပြန်
စစ်ဆေးနေတဲ့ နတ်နန်းအရှင်ဟာ မျက်ဝန်းပြူး
လေးဖြင့် အိမ်ရှေ့စံကို မော့ကြည့်သည်။

“ကျုပ်က ခင်ဗျားကို ပထမဆုံးထိခွင့်ရတဲ့လူ
ဟုတ်သလား ..”

နတ်နန်းအရှင်ဟာ ကလေးတစ်ယောက် မညာ
တတ်ဘဲ ညာနေတဲ့ပုံစံအတိုင်း ခေါင်းသာယမ်း
ပါသည်။အစက ခေါင်းညိမ့်တော့မလိုလို ဖြစ်ခဲ့
သေးသည်။သတင်းကြားဖူးပါရဲ့။နတ်နန်းအရှင်
ရဲ့အသားကို မည်သူတစ်ဦးတစ်ယောက်မျှ ထိ
ကိုင်ခွင့် မရှိဘူးဆိုတာကို သူ ကြားခဲ့ဖူးသည်။

ထိကိုင်ခွင့်မရတာထက် ၊ထိလို့မရတာ ။ဒီလို
ဖြူစင်ဝင်းမွတ်တဲ့အသားအရည်ဟာ ထိမိတိုင်း
မီးလို ပူပြင်းသတဲ့လေ ။

“ ငါ  ..ငါ့စွမ်းအင်က ပုံမှန် မဖြစ်သေးလို့ထင်ပါတယ် ..မနက် ..မနက်ဖြန်မှ ဒီကို ပြန်လာခဲ့”

စကားလမ်းကြောင်းလွှဲပြီး မျက်နှာချင်းမဆိုင်
ချင်တော့မှန်းသိသာနေတဲ့ နတ်နန်းအရှင်က သူ့
ဝတ်ရုံကို သေချာဝတ်ဆင်ပြီးတာနဲ့ အိမ်ရှေ့စံ
အရှေ့က ထွက်ပြေးဖို့ ကြံမိသည်။

“ကျုပ် ခင်ဗျားကို လာမတွေ့နိုင်ဘူး ..ဒီတော့
နန်းတော်ကို တစ်ခါတည်း လိုက်ခဲ့ပါ ..”

“ဟင့်အင်း ..ငါ လူတွေနဲ့ရှိရတာ မကြိုက် ..”

“ကျုပ် တောင်းဆိုနေတာမဟုတ်ဘူး ..ကျုပ်
အမိန့်ပေးနေတာ ..”

ခေတ္တ စကားသံတို့တိတ်ဆိတ်သွားခြင်းရဲ့
နောက်ကွယ်မှာ ခြေလှမ်းဖွဖွတို့ အစားထိုး
ဝင်ရောက်နေခဲ့သည်။အိမ်ရှေ့စံ ရှေ့ကို တိုး
လျှင် ၊နတ်နန်းအရှင်ဟာ ကြောက်လန့်ရင်း
အနောက်ကို ဆုတ်ခွာသည်။သစ်ပင်ကြီးထဲ
ခန္ဓာကိုယ်လေး ဝင်ပုန်းတော့မယ့်အတိုင်း၊
နောက်ကို ဆုတ်နေတဲ့ နတ်နန်းအရှင်ဟာ
ဆက်လှမ်းစရာမရှိတော့သည့်အချိန်ကျမှ ၊
သစ်ပင်မှာပဲ မှီကပ်ကာ ရပ်တန့်လိုက်ရတော့
သည်။

“ကျုပ်နောက် လိုက်ခဲ့ပါ …”

•••••••••••     Episode 3

စစ်ရေးညီလာခံ

ညီလာခံရဲ့ ထိပ်ဆုံးခုံနေရာက လစ်လပ်လျက်ရှိ
သည်။အယုံကြည်ရဆုံး စစ်သေနာပတ္တိတွေနှင့်
မှူးမတ်ချုပ်တွေကတော့ အစဥ်မလပ် မြဲမြံစွာ 
နေရာယူထားပြီးဖြစ်သည်။အိမ်ရှေ့စံသည်
သိပ်မကြာခင်အချိန်တွင်းမှာပဲ ညီလာခံကို
ရောက်ရှိလာသည်။ အိမ်ရှေ့စံရဲ့ မျက်နှာတော်
ဟာ ပင်ပန်းနွမ်းလျဟန် ရှိနေခဲ့သည် ။စစ်ရေး
ညီလာခံဆိုတာ အစီအစဥ်တွေ တိုင်ပင်ညှိနှိုင်း
ကြရင်း လှုပ်ရှားတက်ကြွနေရမည်ကို ယခု
လွန်စွာ ငြိမ်သက်ထိုင်းမှိုင်းနေခဲ့ပေသည် ။

“စလိုက်ကြရအောင် ..”

အရှင်မင်းကြီး၏ ခုံနေရာကိုကြည့်ရင်း၊တစ်ချို့
မှူးမတ်တွေ သက်ပြင်းချလျက်ရှိသည် ။တင်ပြ
လာတဲ့ အစီအမံအချို့ကလည်း အိမ်ရှေ့စံ ဖို့ရာ
ကျေနပ်နှစ်ထောင်းဖွယ် မရှိ ။

“ရန်သူတပ်ဘက်က စစ်အင်အား ၃သိန်းခန့်ရှိပါ
တယ် ..အရှင့်သား .. ပတ်ပတ်လည်မှာလည်း
တစ်ချို့စစ်တပ်တွေဟာ လာရောက်စခန်းချပြီး
မြို့တော်ကို စောင့်ကြည့်လျက် ရှိပါတယ် ..”

အိမ်ရှေ့စံ၏သောကမီးက ရင်တွင်း၌ ပူပြင်းစေ
လာခဲ့သည် ။သက်ပြင်းချရုံကလွဲ တစ်စုံတစ်ဦး
ဆီကမှ အကြံဉာဏ်တစ်ခုလေးမျှ မထွက်လာ။
စစ်အင်အား ၈ သောင်းမျှသာ ပိုင်ဆိုင်သည့် သူ့
တိုင်းပြည်ငယ်ဟာ ရန်သူတပ် ၃သိန်း၏ဒဏ်ကို
ခံနိုင်ရည်ရှိပါမလားလေ ။

ခမည်းတော် ..။ ခင်ဗျားဆို အခုအခြေအနေကို
ဘယ်လိုပါးပါးနပ်နပ် ကိုင်တွယ်မလဲ ..။
နှစ်ပေါင်း ၁၀၀ နီးပါးထိ စစ်ပွဲတိုင်း အနိုင်ချည်း
ရခဲ့တဲ့ တိုင်းပြည်လေးဟာ ကျုပ်လက်ထက်မှ
ရှုံးနိမ့်သွားရင်တော့ ခင်ဗျားအတွက် ကျုပ်က
ဂုဏ်ယူရမယ့်သားတော် ဖြစ်ပါတော့မလား ..။

••••••••••••••••••••••
ညအမှောင်ယံသို့ ကူးပြောင်းခဲ့ပြီးချိန်  .. သူ         
လက်ဆွဲတော်ဓားကို ပုံမပျက် ကိုင်ဆောင်လာခဲ့
သည်။ နတ်နန်းအရှင် ရှိနေမည့် အဆောင်ဆီကို
အိမ်ရှေ့စံ ဖြည်းဖြည်းချင်း ဝင်လာမိသည် ။
အမှောင်နံရံတွေ ။ မထိန်မလင်း ဖယောင်းတိုင်
မီးတွေ။ ငြိမ်သက်နေတဲ့ ခမ်းဆီးပိတ်သားတွေ ။
ဒီလူရှိတဲ့ အရပ်တိုင်းက ဒီလိုပဲ မှောင်မိုက်သည်။

အရောင်နုနုလေးတွေများ ၊ပန်းနုရောင်လေးပဲ
ဖြစ်ဖြစ် ၊အဖြူဖွေးဖွေး ပိုးထည်လေးပဲဖြစ်ဖြစ်
ဒီလူကို တစ်ခါလောက် ဆင်မြန်းပေးလိုက်ချင်
သည် ။ နှင်းဆီပွင့်တွေ ကျဲချထားတဲ့ လမ်းလေး
မှ ထိုခြေဗလာကို နင်းလျှောက်သွားစေချင်၏။
ဒီလူ သွားမည့်လမ်းတိုင်း ပန်းတွေပွင့်နေလျှင်
လည်း သိပ်ကိုကောင်းမည် ။

အစကထက် အိမ်ရှေ့စံ ခြေလှမ်းကို သတိထား
လှမ်းလိုက်သည် ။ ကြွေရုပ်လေးတစ်ရုပ်ကို
ပုံလျက် ချထားသလို သူက ငြိမ်ငြိမ်သက်သက်
တင်ပလ္လင်ခွေ ထိုင်နေသည် ။အော် ..သူ အာရုံ
စုစည်းနေသည် ။တရားထိုင်နေတာလည်း ဖြစ်
နိုင်လိမ့်မည် ။

ခပ်မှိန်မှိန် မီးအိမ်လေးကျေးဇူးကြောင့် ကျန်တာ
ထက် မျက်နှာလေးကိုတော့ အိမ်ရှေ့စံ သေချာ
မြင်လိုက်ရပါသည် ။ တည်ကြည်ငြိမ်းချမ်းတဲ့
မျက်နှာလေးက စေ့စေ့စပ်စပ် လှသည်။မှိတ်
ထားတဲ့ မျက်တောင်အဖျားလေးက မျက်ခမ်း
စပ်နဲ့ မထိတထိ ဖြစ်လာလိုက်၊ပုတ်ခက် ပုတ်
ခက် ဖြစ်လာလိုက်နှင့်မို့ အိမ်ရှေ့စံခမျာ ရင်အစုံ
လှုပ်ခက်သွားရ၏။

အိမ်ရှေ့စံသည် သိပ်မနီးမဝေးတဲ့နေရာလေး၌
ဖြည်းဖြည်းချင်း တင်ပလ္လင်ခွေ ဝင်ထိုင်လိုက်
သည် ။ငြိမ်သက်နေတဲ့ မျက်နှာတော်လေးကို
ငေးနေရတာကြောင့် သူ့ လှုပ်ရှားမှုတိုင်းပင်
ညှင်သာလို့နေသည်။လက်ဆွဲတော်ဓားကို
ဘေးမှာ အသာအယာချလိုက်သည် ။ထိုင်
လျက်ဖြစ်သောကြောင့် ၊ဝတ်ရုံတော် တွန့်ကြေ
မှာစိုးသဖြင့် ဖွဖွလေး ပြင်လိုက်သည်။ထို့နောက်
လက်တစ်ဖက်ပေါ် မေးထောက်ကာ၊ မြတ်နိုးရ
တဲ့ မျက်နှာလေးကို သူ တစိမ့်စိမ့် စောင့်ကြည့်ခဲ့
သည်။

“ဟင်းး ..”

အိမ်မက်ဆိုးမက်နေတဲ့ ကလေးငယ်လေးက
ကြောက်လန့်တကြား ယောင်ယမ်းသလိုမျိုး၊
ယခု ထိုင်နေသည့် နတ်နန်းအရှင်ဟာလည်း
မျက်လုံးတွေ မပွင့်လာသေးဘဲ အသံညှင်း
နှင့် ညည်းညူနေလေသည် ။ခေါင်းလေးကို
တယမ်းယမ်းခါနေချိန် မှိတ်ထားတဲ့မျက်လုံး
တွေကို ကျုံ့လိုက်ဖြည်လိုက် လုပ်ပြန်သည်။
အိုရ် ..ဘာတွေများမြင်ယောင်နေလို့ပါလဲ ။
ကြောက်စရာ နတ်ဘီလူးတွေများလား ..။

အိမ်ရှေ့စံသည် ထိုင်နေရမလို ၊ထလိုက်ရမလို
နဲ့ မျက်လုံးအဝိုင်းသား စောင့်ကြည့်နေသည်။
နောက်တော့လည်း ဆက်သည်းမခံနိုင် ..။

ထ၍ ကိုယ်ငယ်လေးဆီ အပြေးလှမ်းခဲ့လိုက်ပါ
သည် ။ ကျန်တာတွေ ခနထားပါဦး ။ဤလူသား
ကို အခုချိန်လေးမှာတော့ ဖက်ထားချင်မိသည် ။
အိမ်ရှေ့စံသည် ဒူးထောက်ထိုင်ချလိုက်ရင်း ၊
နတ်နန်းအရှင်၏ ဦးခေါင်းကို ဖွဖွထိန်းကိုင်ကာ
သူ့ ရင်ခွင်ဆီ မျက်နှာလေး အပ်ခိုင်းလိုက်သည်။

ဒုက္ခ ခံတွင်းပေါက်ဝမှ လွတ်မြောက်လာသလို၊
နတ်နန်းအရှင်ဟာ အခုမှ အပြင်လောကသို့ ပြန်
ရောက်လာခဲ့သည် ။နားထင်စမှာတောင် ချွေးစ
လေး စို့လို့ပါလား ။အမောတကော အသက်လု
ရှူနေပုံက အိမ်ရှေ့စံအတွက် စိတ်ပူစရာ ။

“ကျွန်တော် ရှိတယ် ..အခုအဆင်ပြေပြီ နော် ..”

နတ်နန်းအရှင်ဟာ ရင်ခွင်ထဲမှီထားရင်းကနေ
အထိတ်တလန့် ပြန်ထိုင်သည် ။ထိုအဖြစ်ကို
သွားညီညီစီစီလေးတွေ ပေါ်လာအောင်ပင်
အိမ်ရှေ့စံက ပြုံးပြလာပါသေးသည် ။သူ့ကို
ယုံကြည်အားကိုးလိုက်ပါ ဟူသောအပြုံးမျိုး။

“ကျွန်တော်ပါ ..ခင်ဗျားကို ထိလို့ရတဲ့လူက
ကျွန်တော်ပဲ ရှိတာကို ..ဘယ်သူလို့ထင်လိုက်
လို့လဲ ..”

နတ်နန်းအရှင်သည် မျက်နှာလေး နီမြန်းကာ
ခေါင်းငုံ့လိုက်မိသည် ။

“အိမ်ရှေ့စံမှန်း မသိလိုက်လို့ပါ ..”

“သိရင် ကျုပ်ကို ခင်ဗျား မတွန်းထုတ်ဘူးပေါ့”

အိမ်ရှေ့စံက အနိုင်ယူချင်လာတဲ့ပုံစံမျိုးလေး
နှင့်၊ နတ်နန်းအရှင်ကို ကလေးငယ်လေး
တစ်ယောက်လို စိုက်ကြည့်လိုက်ပေသည် ။
ဒီလူကို စိုက်ကြည့်တိုင်း သူ ဘာလို့အကြည့်
မလွှဲနိုင်ရတာလဲ အဖြေမထုတ်တတ်သေးပါ ။

“ခင်ဗျားမျက်နှာက ချောင်ကျသွားလိုက်တာ ..”

အချိန်အတော်ကြာ ယူထားရတာမို့ ပင်ပန်းနွမ်း
နယ်နေဟန် ရှိခဲ့သည့် နတ်နန်းအရှင်ကို အိမ်ရှေ့
စံက မေးဖျားလေးကနေ စ၍ ဖွဖွလှမ်းကိုင်မော့
စေလိုက်သည် ။ထို့နောက် မျက်နှာလေးတစ်ခု
လုံးကို မျက်ဝန်းနဲ့ပဲ ခြုံငုံစစ်ဆေးလိုက်သည် ။

“ ခင်ဗျား အနားယူသင့်နေပြီ .. အိပ်ဆောင်အထိ
ကျုပ် လိုက်ပို့ပေးမယ် .. ”

“အိုရ် .. မဟုတ်တာပါ ..”

အိပ်ဆောင်လို့ ပြောလို့ ဝေးဝေးလံလံသွားရမှာ
မဟုတ် ။ခြေလှမ်း ၁၀ လှမ်းလောက်ပဲ လှမ်းရ
မည့် အနီးနားက အခန်းငယ်လေး ဖြစ်သည် ။

နတ်နန်းအရှင်သည် မြန်မြန်ဆန်ဆန် မတ်တပ်
ထရပ်လိုက်သည် ။ညောင်းချိနေတဲ့ ခြေထောက်
တွေဟာ အိမ်ရှေ့စံ၏ အရှေ့မှာမှ ခွေယိုင်လဲကျ
သွားသည် ။ရှက်စိတ်ကြောင့် မျက်နှာလေး နီရဲ
လာသည် ။ လက်မောင်းကို အသာထိန်းပေးနေ
တဲ့ အိမ်ရှေ့စံကို မျက်နှာချင်းမဆိုင်ချင်၍ သူ
မျက်လွှာလေး အလျင်ချထားခဲ့လိုက်သည်။

“ကျုပ် လိုက်ပို့ပါမယ်ဆိုတာကို ..”

ဆူပူလိုက်သည့် အိမ်ရှေ့စံက လျင်လျင်မြန်မြန်
သူ့ကို လက်နှစ်ဖက်နဲ့ ပွေ့ချီမလိုက်သည် ။လေ
ထဲ ရောက်သွားတဲ့ ခြေအစုံဟာ အိမ်ရှေ့စံ ပွေ့ချီ
ထားလိုက်ကာမှ ချက်ချင်း ကျဥ်တက်လာကြ
သည် ။

နတ်နန်းအရှင်သည် နာကျင်မှုကို မေ့မေ့ပျောက်
ပျောက်ဖြစ်အောင် အိမ်ရှေ့စံ၏ မျက်နှာတော်
ကို ငေးခနဲ မော့ကြည့်လိုက်သည် ။

ဒါဟာ ပထမဆုံးပါပဲ ။လူတစ်ယောက်ရဲ့မျက်နှာ
အစိတ်အပိုင်းတစ်ခုချင်းစီကို အနီးကပ်ဆုံး
ငေးကြည့်ခွင့်ရတာကိုရော ။လူတစ်ယောက်
ရဲ့ နှလုံးခုန်သံကို အနီးကပ်ဆုံးနေရာကနေ
နားထောင်ခွင့်ရတာကိုရော ။
ပြီးတော့ …။
လူတစ်ယောက်ရဲ့ အထိအတွေ့ကြောင့် ပထမ
ဆုံးအနေနဲ့ ရင်ခုန်ခွင့်ရခဲ့တာကိုရော ..။

သိပ်မကြာမီအချိန်လေးအတွင်း အိပ်ယာထက်
နတ်နန်းအရှင် လဲလျောင်းလိုက်ရပြီဖြစ်သည် ။
အညှင်သာဆုံး ပွေ့ချီယူခဲ့ပြီး ၊အညှင်သာဆုံး
အောက်ကို ချပေးခဲ့လိုက်သည့် အိမ်ရှေ့စံဟာ
သူ့လုပ်ရပ်ကြောင့် သူ့ဘာသူ ပြုံးနေမိခဲ့သည် ။

ခမည်းတော် ..။ ခင်ဗျားသာမြင်ရင် ကျုပ်ကို
သိပ်အားကျမှာပဲ ..။ ဒီအရွယ်ကြီးထိ ခင်ဗျား
သူနဲ့ နီးစပ်တာ ဘာမှမရှိခဲ့ဘူးမလား ..။

“နန်းတော်မှာ ကျုပ်ကြောင့် ခင်ဗျားနေနေရတာ
ဆိုတော့ ..လိုအပ်တာရှိရင် ကျုပ်ကို ပြောပါ ..
ကျုပ်ရဲ့ စိတ်ချရတဲ့ ကိုယ်ရံတော် တစ်ညလုံး
ဒီအဆောင်ရှေ့  စောင့်ပေးနေပါလိမ့်မယ် ..”

အိမ်ရှေ့စံသည် အိပ်ဆောင်၏ မီးအိမ်လေးကို
ငြှိမ်းပေးခဲ့သည် ။တစ်ခုတည်းရှိတဲ့ ပြတင်းကို
စိတ်ချရအောင် စစ်ဆေးပေးခဲ့သည် ။သို့သော်
အိမ်ရှေ့စံ ထွက်သွားမည်အပြုမှာ နတ်နန်းအရှင်
ဟာ စကားလေးတစ်ခွန်း အလျင် ထုတ်ပြော
လိုက်သည် ။ဒါကြောင့် အိမ်ရှေ့စံက ကုတင်၌
ထိုင်လျက်ဖြစ်နေတဲ့ လူသားကို မီးရောင်မှိန်မှိန်
ကြားက လှမ်းကြည့်ခဲ့ရသည် ။

“ငါ့ကို ဘာလို့မုန်းတယ်လို့ပြောခဲ့တာလဲဟင် ..”

အိမ်ရှေ့စံသည် ကျောက်ရုပ်တစ်ရုပ်လိုပဲ
တည်ငြိမ်သွားခဲ့သည် ။

“အိပ်တော့ ..”

အိမ်ရှေ့စံက သြရှရှအသံနှင့် မိန့်ကြားခဲ့လိုက်ပြီး
အပြင်ကို လှည့်ကာ ထွက်သွားခဲ့သည်။

ခင်ဗျားသိလား ..။ အသက် ၁၂ နှစ်အရွယ်
ကလေးဘဝတုန်းက ခမည်းတော်ဆွဲထားတဲ့
ခင်ဗျားပုံတူပန်းချီကို ခိုးယူပြီး ကျုပ်က ညတိုင်း
ထုတ်ကြည့်ခဲ့တယ်ဆိုတာ ..။ခင်ဗျားကို အပြင်
မှာ သက်ရှိထင်ရှားရှိတယ်လို့ မတွေးလိုက်မိဘဲ
ခမည်းတော်ဆွဲထားတဲ့ ပန်းချီသက်သက်ပါပဲလို့
တွေးခဲ့တယ်ဆိုတာ ..။

ပြီးတော့ ..ခင်ဗျားရဲ့ အဲ့ပန်းချီကားကိုကြည့်ရင်း
ဘယ်လောက်သဘောကျခဲ့တယ်ဆိုတာ..။
ပြီးတော့ …။
ပန်းချီထဲက ခင်ဗျားမျက်နှာလေးကိုမှ ကျုပ်
အမြဲတမ်း ဖွဖွလေးနမ်းရှိုက်ခဲ့တယ်ဆိုတာ ..။

••••••••••••••••
                             Episode 4

  နောက်တစ်နေ့ မနက်ခင်း၌ ..။

ယနေ့ နံနက်စောစောမှာ အိမ်ရှေ့စံဟာ အားကုန်
သုံးထားတဲ့ ခြေလှမ်းကျဲတွေနှင့် အရှင်မင်းကြီး
၏ စာကြည့်ဆောင်သို့ အလျင် သွားနေခဲ့သည်။
အထိန်းတော်တွေခမျာလည်း ပြာယာခက်ကာ
အိမ်ရှေ့စံနောက် အမှီ လိုက်နေမိကြသည် ။
ဘာအကြောင်းကိစ္စရှိလို့ပါသနည်း ..။
ဒီနေ့ .. ခမည်းတော် ပြန်ရောက်လာခဲ့ပါပြီ ..။

“ခမည်းတော် !”

စိတ်ပူလွန်းအားကြီးတဲ့ သားတော်ဟာ ဖခင်ကို
မြင်လိုက်ရတာနဲ့ ခွန်အားတွေ လျော့ကျသွားခဲ့ရ
သည် ။သားတော် စိတ်ပူနေခဲ့တာပါ ။ဒါပေမယ့်
ခမည်းတော်က သူ့ပန်းချီနဲ့ ကဗျာစာလိပ်တွေကို
ပဲ ရှာဖွေနေပြီး သားတော်ကိုကျ တစ်ချက်မှ
လှည့်မကြည့်ခဲ့ပါလား။

“သားတော် ယူထားမိတာပါ ခမည်းတော် ..”

ခမည်းတော်ဟာ တရားခံတစ်ယောက်ကို သိ
သွားတဲ့အတိုင်း မျက်မှောင်ကြုံ့ကာ တန်းခနဲ
လာကြည့်သည် ။

“ဘာ ..”

“ပန်းချီတွေနဲ့ ကဗျာတွေအကုန် သားတော်ဆီမှာ
ရှိပါတယ် .. ခမည်းတော် ပျောက်နေချိန်တုန်းက
သားတော် ယူကြည့်မိခဲ့တာပါ ..”

ယူကြည့်မိရုံတင် မဟုတ်ပါဘူး။သားတော်
အကုန်သိသွားခဲ့တာပါ ။ခမည်းတော်ရဲ့အချစ်၊
ခမည်းတော် ဖုံးကွယ်ထားတဲ့ ခံစားချက်ကိုပါ
သားတော် သိသွားခဲ့တာပါ ။

“မင်းက အဲ့တာတွေကို ဘာလို့ယူ-”

“ နတ်နန်းအရှင်က အဲ့လောက် အရေးကြီးလို့
လား ခမည်းတော် ..”

အရှင်မင်းကြီးက တည်တင်းသောမျက်နှာထား
ဖြင့် အိမ်ရှေ့စံဆီက အကြည့်လွှဲလိုက်သည် ။

“ခမည်းတော် ဘယ်ကိုရောက်နေခဲ့တာပါလဲ
သားတော်တို့ စိတ်ပူ-”

“စိတ်ပူစရာမှမဟုတ်တာ ယောင်း ..သားက
ပျော့ညံ့ပြီး တုန်လှုပ်လွယ်လိုက်တာ ..”

မှန်ပါသည် ။ဒီလိုပြောလာမယ်ဆိုတာ အိမ်ရှေ့စံ
သိနေတာပဲ မလား ။

ခမည်းတော်ဟာ အခုမှပြန်ရောက်လာတဲ့လူလို့
မထင်ရအောင် သွက်လက်နေသည်။ပင်ပန်းနေ
ဟန် မရှိ။ ရှင်ဘုရင်တို့၏ ရာဇအိန္ဒြေဟာလည်း
ပြည့်ဝသည် ။အသက်ကြီးသူတို့၏ရင့်ကျက်မှု
မျိုးလည်း မြင်တွေ့နေရသည် ။

“နတ်နန်းအရှင်ဆီသွားမှာဆိုရင် ..အရှင်ဟာ ဒီ
နန်းတော်မှာပဲ ရှိပါတယ် ခမည်းတော် ..”
ထွက်သွားဖို့ပြင်ဆင်နေတဲ့ ခြေလှမ်းတွေ မှား
သွားခဲ့သည် ။အံ့အားသင့်လျက် သားတော်ကို
အရှင်မင်းကြီး ပြန်ငေးကြည့်လာသည် ။

“ဘယ်လို?နတ်နန်းအရှင်ရောက်နေတာလား”

“သားတော် ခေါ်လာခဲ့တာပါ ..”

ခမည်းတော် ပြာယာခက်သွားသည်။
ကျိန်းသေပေါက် လန့်ဖြန့်သွားခဲ့သည်။

“သူ မကြိုက်တာကို..။ သူ လူတွေနဲ့အတူရှိရတာ
မကြိုက်ဘူးလေ ယောင်း .. သူ ငြင်းမှာပါပဲ ..
မင်း ဘာလို့ အတင်းအကြပ် ခေါ်လာတာလဲ ..”

သားတော်ကို အပြစ်တင်ချင်ဟန်ရှိနေသည့်
အရှင်မင်းကြီးဟာ အိန္ဒြေမဲ့တဲ့ခြေလှမ်းတွေနဲ့
ဟိုလျှောက်ဒီလျှောက် လုပ်နေခဲ့သည် ။

ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကြောင့်မို့
တုန်တုန်ယင်ယင် ဘယ်တော့မှ မဖြစ်ခဲ့ဘူး
တူသည်။တစ်ခါတလေကျ သားတော်က
ခမည်းတော် တုန်လှုပ်သွားတာကို မြင်ဖူးချင်
မိသည် ..။

“လူတွေနဲ့ရှိရတာကို သူမကြိုက်ဘူးလား ..
ဒါပေမယ့်လေ ခမည်းတော် ..၊ သူ သားတော်နဲ့
အတူရှိရတာကို ကြိုက်တယ်ထင်ပါတယ် ..
သားတော်အမိန့်တိုင်း သူ လက်ခံတယ် ..”

တိုးတိုးသဲ့သဲ့ သားတော်ရဲ့လေသံလေးဟာ
နားစည်နဲ့ ရင်တစ်ခုလုံးကိုပါ ကွဲထွက်သွား
စေလောက်အောင် အရှင်မင်းကြီးအတွက်
ဆူညံလွန်းလှသည် ။
ဘယ်ပြန်ညာပြန် လှမ်းနေမိတဲ့ ခြေလှမ်းတွေ
တန့်သွားခဲ့သည် ။အတော်ကြာ မပူပန်ခဲ့ရတဲ့
ကိစ္စလေးကို တွေးမိလိုက်တာကြောင့် အရှင့်
ရင်တွင်းမှာ မွန်းကြပ်သွားခဲ့သည် ။

အော် ..သူမြတ်နိုးတဲ့ ပန်းလေးကို တစ်ယောက်
ပြီးတစ်ယောက် တွယ်တာနေလိုက်ကြတာ ။
တပ်မက်နေလိုက်ကြတာ ။လိုချင်နေလိုက်ကြ
တာ ။ သားတော်ရယ် ..လူဆိုတာ ကမ္ဘာပေါ်မှာ
အပေါများဆုံးသတ္တဝါ ပါ ..။

“သားတော် နတ်နန်းအရှင်ကို သဘောကျတယ်
ခမည်းတော် ..”

“ဟက် ..သူ့ကို လူတိုင်း သဘောကျတယ်လေ!
ဒါပေမယ့် သူ့ရဲ့ ဆံဖျားလေးတွေ ၊လက်ဖျား
လေးတွေကအစ ဘယ်တစ်ဦးတစ်ယောက်မှ
ထိလို့မရဘူး ယောင်း ..သဘောကျလည်း  ..”

“သားတော် ထိလို့ရတယ်!! ..သားတော် သူ့
လက်ကောက်ဝတ်လေး၊သူ့ခြေကျင်းဝတ်လေး၊
သူ့ခါးသိမ်သိမ်လေးအထိပါ ပွေ့ဖက်ဖူးတယ်!”

အရှင်မင်းကြီးဟာ လျှပ်တပြတ် တိုက်ခိုက်ခံ
လိုက်ရသလို ငေါက်ခနဲ ယိုင်နဲ့သွားသည် ။
ဒါတောင် အတော်အတန် ထိန်းချုပ်ထားတာ
ကို အိမ်ရှေ့စံမြင်နေရသည် ။ခမည်းတော်ဟာ
ဘယ်ကိစ္စမဆို ထိန်းချုပ်တတ်တာပဲမလား။
ထိန်းချုပ်ထားရင်းနဲ့မှ ပြိုလဲနေပုံကို မြင်လိုက်ရ
တော့ အိမ်ရှေ့စံဟာ ပြုံးစစဖြစ်သွားခဲ့သည် ။

“သားတော် နတ်နန်းအရှင်ဆီ လမ်းပြပေးနိုင်
ပါတယ်။ သားတော်ရဲ့ ကိုယ်ရံတော်တပ်မှူးနဲ့
ခမည်းတော် သူ့ဆီ သွားတော်မူပါ ..”
•••••••••••••••••••

သားတော်ယောင်းလေး၏ ကိုယ်ရံတော်တပ်မှူး
က နတ်နန်းအရှင်ရှိနေမည့် အဆောင်ကို သူ့အား
လမ်းပြပါသည် ။ တွေ့ရမည့်အချိန် ပြောချင်တဲ့
စကားလုံးများကို သူ ကြိုတင်တွေးနေလေ့ရှိ၏။
အခုလည်း လမ်းတစ်လျှောက်လုံး သူ အတွေး
တွေ ထွေပြားနေသည် ။ သားတော်နဲ့ တကယ်
ချစ်ကြိုက်သွားပြီလား ..သားတော်က မင်းကို
တကယ် ထိကိုင်လို့ရတာလား ..။သဝန်တိုစိတ်
ဟု ခေါင်းစဥ်တပ်ချင်ပေမယ့် အသက်အရွယ်
က ခွင့်မပြုတော့ သိချင်စိတ် ဟုသာ ပြောင်းလဲ
ဆင်ခြင်မိလိုက်သည်။

မထင်ထားပါဘဲ ကိုယ်ရံတော်လေးက ခြေလှမ်း
ရပ်သွားသည် ။အဆောင်ထဲက ညှင်ညှင်သာသာ
ထွက်လာတဲ့ မဟူရာ အနက်ရောင် လူသားငယ်
က ကိုယ်ရံတော်လေးနဲ့ သူ့ကို မြင်လိုက်တော့၊
အံ့သြမှင်သက်ကာ ရပ်ကြည့်လာသည်။

သုတ်သုတ်ပြာပြာပဲ သူ အနားကို ပြေးလာရှာ
ပါသည် ။ကလေးငယ်တစ်ယောက်လိုမျိုး သူ့
အပြုအမူလေးက လန်းဆန်းလှသည်။

အရိုအသေပြုဖို့တော့ သူ အမြဲမေ့တတ်ပါ၏။
အသက်အများကြီးငယ်တဲ့ ကိုယ်တော်ကပဲ
ခင်ဗျားလေးကို အရိုအသေပြုလိုက်တော့မည်။

“နတ်နန်းအရှင် ..”

ကိုယ်တော် ညှင်သာစွာ ခေါ်လိုက်တိုင်း အလိုလို
မင်းကို ဦးညွှတ်မိလျက်သား ဖြစ်သွားသည် ။
မင်းရဲ့ ခြေဖမိုးဖြူဖြူတစ်စွန်းတစ်စလေးကို၊
ကိုယ်တော့်မှာ မင်းရဲ့ ဝတ်ရုံအောက်ခြေနားကို
ကြည့်ရင်း စက္ကန့်ပိုင်းမျှ ရှာဖွေနေတတ်သည် ။

“အရှင်မင်းကြီး ..ပြန်ရောက်လာပါပြီလား ..
ဒါနဲ့ .. အိမ်ရှေ့စံနဲ့ရော တွေ့ပြီးပါပြီလား ..
အိမ်ရှေ့စံက စိတ်အပူဆုံးဖြစ်ခဲ့တာပါ ..”

မင်းရော ..။ မင်းရော လို့ မေးလိုက်ချင်ပေမယ့်
ပြုံးလျက်သာ အသာခေါင်းညိမ့်လိုက်မိပြီ ။
ကိုယ်တော်လည်း သူနဲ့တွေ့တိုင်း အပြုအမူ
တွေထိန်းချုပ်ခဲ့တာ နှစ်ချို့သွားပြီပဲလေ ။

“နန်းတော်ထဲမှာ နေလို့အဆင်ပြေပြေ ရှိရဲ့လား
..နတ်နန်းအရှင်”

“အိမ်ရှေ့စံကျေးဇူးနဲ့ ကျွန်တော်မျိုး နေထိုင်ရ
တာ အဆင်ပြေပြေရှိလှပါတယ် ..”

အရှင်မင်းကြီးဟာ တည်တည်ငြိမ်ငြိမ် ပြုံးတော်
မူနေခဲ့သည် ။ပြောစရာ စကားတွေလည်း ထပ်
မရှိတော့ပေ။ မျက်နှာလေးကို ငေးကြည့်ပြီးရင်း
ငေးကြည့်နေဖို့ပဲ ကျန်ရှိတော့သည်။

ဒီပျောက်သွားတဲ့ရက်တွေမှာ ကိုယ်တော် ဘယ်မှာ
ရှိနေခဲ့ပါသနည်း။

နတ်နန်းအရှင်ကို မသမာသူတွေက လူမသိ၊သူ
မသိနေရာမှာ ဖမ်းချုပ်ပိတ်လှောင်ထားမယ်ဆို ကိုယ်တော် ရူးသွားမှာမို့ ​ဖြစ်သည်။ဒါကြောင့်
ကိုယ်တော် ဘယ်သူနဲ့မှ မတိုင်ပင်ဘဲ၊ယုံကြည်
ရတဲ့ တပ်မှူးတွေနဲ့သာ အမဲလိုက်သွားခဲ့သည်။
ကိုယ်တော် ဖမ်းခေါ်လာပြီးပါပြီ။အဲ့လူတွေကို
ရှာဖွေဖမ်းဆီးချုပ်နှောင်ခဲ့ပြီးပြီ ။အခုကတော့
ကိုယ်တော် သူတို့ရဲ့ ကြိုးကိုင်သူနဲ့ သွားတွေ့ရုံ
ပဲကျန်ပါသည် ။ ..။
••••••••••••••••••••••

“အရှင်မင်းမြတ် ကြွချီလာပါပြီ ”

မိဖုရားနန်းဆောင်က အထိန်းတော်၏အော်သံ
အပြီးမှာ ရှင်ဘုရင်က ဆောင့်ကြွားဝင့်နေသည့်
ခြေလှမ်းများဖြင့် အဆောင်တွင်း ဖိနင်းလျှောက်
လာခဲ့သည် ။

“မယ်မယ် ..ခမည်းတော် လာတယ်တဲ့ ..
ကြည့်ရတာ မယ်မယ် နေမကောင်းလို့ စိတ်ပူပြီး
လာကြည့်တယ်နဲ့ တူပါတယ် ..”

အိမ်ရှေ့စံသည် ခွန်အားနည်းနေတဲ့ မိခင်ဖြစ်သူ
ကို လက်မောင်းလေးကနေ ပွေ့ယူရင်း ညှင်ညှင်
သာသာ စကားဆိုသည် ။မိခင်ဟာ ခမည်းတော်
ရောက်လာသည်ကို ပျော်ဟန်မရှိဘဲ ၊ကြောက်ရွံ့
တုန်လှုပ်ဟန် ပေါ်လွင်နေသည် ။

“မင်း ဘာရည်ရွယ်ချက်နဲ့ အဲ့လိုလုပ်ရလဲ !ဟမ်
နတ်နန်းအရှင်ကို ဘာကိစ္စ မုန်းနေတာလဲ!”

ရှင်ဘုရင်ဟာ မည်မျှဒေါသကြီးနေလဲဆိုရင်
နေမကောင်းဖြစ်နေတဲ့ သူ့မိဖုရားကိုတောင်
လက်ဆွဲတော် ဓားနှင့် ဝေးဝေးကရွယ်ထား
ခဲ့သည်။ အိမ်ရှေ့စံ လန့်ဖြန့်သွားသည် ။

ရင်ခွင်ထဲက မိခင်ကို ငုံ့ကြည့်တော့ ဖြည်းဖြည်း
ချင်း ရှိုက်၍ ငိုကြွေးလာသည် ။ခနအကြာမှာ
မိမိလက်တွေထဲက မိခင်ဟာ သိသိသာသာကို
ကျယ်လောင်စွာ တဟီးဟီး ငိုကြွေးသည်။

“ခမည်းတော် စိတ်အေးအေးထားပါ ..မယ်မယ်
နေမကောင်းဘူး။မယ်မယ် အတော်လေး ဖျားနာ
နေတာ ခမည်းတော် ..”

“အပြင်မှာလူရှိလား ! ယောင်းကို ခေါ်ထုတ်သွား
ကြစမ်း !”

ရှင်ဘုရင်ဟာ သူ့သားအိမ်ရှေ့စံ၏မျက်နှာကိုပင်
မကြည့်။ နေမကောင်းပါဘူးဆိုတဲ့ မိဖုရားကိုမှ
စူးရဲစွာ ရန်သူတစ်ယောက်လို စိုက်ကြည့်နေခဲ့
သည် ။

“ ပြောစမ်း ငါ့ကို !! နတ်နန်းအရှင် မသေမျိုးမှန်း
သိရက်နဲ့ သူ့ကို ကြေးစားလူသတ်သမားတွေနဲ့
ဖမ်းချုပ်ခိုင်းပြီး မင်း ဘာလုပ်မလို့လဲ !ပြော!
မင်း နတ်နန်းအရှင်ကို ဘာလုပ်မလို့လဲ !!!”

မိခင်ဟာ ငိုကြွေးရင်း အလန့်တကြားခေါင်းမော့
လာသည် ။လက်အုပ်နှစ်ဖက်ကို ပွတ်တိုက်၍
ရှင်ဘုရင်ကို ဦးခိုက်မတတ် တောင်းပန်တော့
မည့်ပုံစံ ဖြစ်လာသည်။ အိမ်ရှေ့စံသည် နား
မလည်တဲ့ မျက်ဝန်းဖျောဖျောလေးနဲ့ မိဘနှစ်ပါး
ကို အကဲခက်ကာ ငြိမ်သက်နေခဲ့သည် ။

“ မင်းရဲ့ ဘက်တော်သား အဲ့လူမိုက်တွေအကုန်
ငါ ဖမ်းခေါ်လာပြီးပြီ ..မကြာခင် ကွပ်မျက်တော့
မှာ ..သူတို့ ဦးခေါင်းတွေကို မင်း နန်းဆောင်ရှေ့
ချိတ်ဆွဲထားပေးမယ် !!!”

မိခင်က သည်းသည်းလှိုက်လှိုက် ငိုကြွေးကာ
သလွန်ထက်က ဆင်း၍ အရုပ်ကျိုးပြတ် ထိုင်ချ
လိုက်ပြန်သည် ။အိမ်ရှေ့စံဟာ မိခင်၏ကိုယ်လုံး
ကိုပဲ မယိုင်သွားအောင် ထိန်းပေးလိုက်သည် ။

“ပြောစမ်း .. မင်း နတ်နန်းအရှင်ကို ဖမ်းပြီးရင် 
ဘာလုပ်မလို့လဲ ..ဟမ်..”

“ခမည်းတော် တော်ပါတော့ ..မယ်မယ် အဆင်
ပြေရဲ့လား! မယ်မယ်!”

အိမ်ရှေ့စံသည် မယ်တော်၏ ပခုံးကို အသိဝင်
အောင် ကိုင်လှုပ်လိုက်သည် ။သို့သော် …။

“ကျွန်တော်မျိုးမ နတ်နန်းအရှင်ကို သတ်ပစ်လို့
မရမှန်းသိပါတယ် ..သူ့ကို ထိလို့မရမှန်းလည်း
သိပါတယ် ဒါပေမယ့်လေ ..သူ့ကို ဖမ်းချုပ်ပြီး
မှောင်မဲနေတဲ့ မြေအောက်အကျဥ်းခန်းထဲမှာ၊
ဘယ်သူမှမသိအောင် ဖွက်ထားချင်တယ် ..”

“ မင်း ဘာတွေပြောနေတာလဲ !!”

အခြားတစ်ယောက်လိုမျိုး သို့မဟုတ် တစ္ဆေ
တစ်ကောင် ဝင်ပူးနေသလိုမျိုး မယ်တော်၏
မျက်လုံးတွေဟာ မျက်ရည်တွေကြားထဲမှာမှ
ကြောက်မက်ထိတ်လန့်ဖွယ် ရှိလွန်းလှသည် ။
မျက်ခမ်းစပ်တွေ နီရဲနေသည်။ဆံချည်မျှင်အချို့
ဟာ မျက်ရည်တွေ စိုရွဲနေတဲ့ ပါးပြင်မှာ ကပ်နေ
ကြသည် ။

“ကြိုးအထပ်ထပ် ရစ်ပတ်ပြီး ချည်နှောင်ထား
မယ် ..မသေလည်း မသေဘူး ..ဒါပေမယ့်
အသက်ရှင်နိုင်စွမ်းလည်းကုန်နေပြီ ..သူ့ကို
အဲ့လို ဖမ်းချုပ်ဖို့အတွက် ဟိုကြေးစားလူသတ်
သမားတွေကို ခိုင်းထားတာ ..ဟားးဟားး ..
ဖမ်းမိသွားရင်လေ .. အရှင် ရူးသွားမှာနော် ..
နတ်နန်းအရှင် ပျောက်သွားတယ်ဆိုရင် ..
အရှင် သွက်သွက်ခါ ရူးသွားမှာ ဟားးဟားး!!
ဒီတိုင်းပြည်ရဲ့ ရှင်ဘုရင်ဟာ ..ဟားးဟားးဟားး
ယောက်ျားတစ်ယောက်အတွက်နဲ့ ရူးသွားမှာ!!
ယောက်ျားတစ်ယောက်အတွက်နဲ့ !!! ”

မယ်တော်၏ရယ်သံတွေဟာ အဆောင်တွင်း၌
အဆက်မပြတ် ထွက်ပေါ်နေသည် ။သူမသည်
မျက်ရည်တွေကျနေရင်း ၊ လှိုက်လှိုက်လှဲလှဲ
အော်ဟစ်ကာ ရယ်ပစ်သည် ။အရှင်မင်းကြီးက
မျက်ရည်တွေဝဲရင်းသာ စိတ်ဆိုးမာန်ဆိုး ထ
ထွက်သွားတော့သည် ။

“နတ်နန်းအရှင်ကို အရှင်နဲ့ ဘယ်တော့မှ ပေး
မတွေ့စေချင်လို့ စီစဥ်ထားတာလေ !ဟားးဟား!
အရှင်က သူ့ကို ချစ်နေလို့လေ !!ယောက်ျားသား
ဖြစ်နေလျက် နတ်နန်းအရှင်ကိုမှ ချစ်နေလို့ !
ဟားးဟားး ဟားဟားးဟားး!! “

အရှင်မင်းကြီးထွက်သွားမှသာ မိဖုရား၏ရယ်သံ
တွေ ရပ်သွားတော့သည် ။

ခနအကြာမှ အရာအားလုံးကို နောင်တရသွား
သလို သူမ ထပ်ပြီးယူကျုံးမရ ငိုကြွေးသည် ။

အိမ်ရှေ့စံဟာ မိခင်ပုခုံးကို ပွေ့ပိုက်ကာ တိုးတိုး
လေး အားပေးနှစ်သိမ့်ပေးသည် ။ သူ့အမှားပါ။
မယ်တော်ရဲ့ အမုန်းတရားဟာ နတ်နန်းအရှင်
အပေါ်မှာ ကြီးမားကျယ်ပြန့်လွန်းနေမယ်လို့
သူ မထင်ခဲ့တာ။ သာမန် ဝန်တိုစိတ်ဖြစ်ရုံမှ
မဟုတ်ဘဲလေ ။မယ်တော်က နတ်နန်းအရှင်ကို
အတော်ဆို အတော်လေး မုန်းတီးနေခဲ့တာ ..။
ဒါဆို ခမည်းတော်က ပျောက်နေတဲ့သုံးရက်
အတွင်း အဲ့ ကြေးစားလူသတ်သမားတွေကို
ကိုယ်တိုင်ကိုယ်ကျ ဖမ်းဆီးပေးနေတာပေါ့။
သားတော်မှာတော့ ကမ္ဘာတွေပျက်မတတ်၊
စိတ်ပူလိုက်ရတာ ..။ ခမည်းတော်ရယ် ..
ခင်ဗျားက ပိုကိုပိုလွန်းတာပါ ။အမှုထမ်းတွေ
အများကြီးရှိနေတာကို မအားမလပ်တဲ့ကြား
ကနေ ကိုယ်တိုင် တရားခံသွားရှာနေတယ်တဲ့
လား ။

“နတ်နန်းအရှင်ကို ဖမ်းမယ့် လူသတ်သမားတွေ၊
ကံမကောင်းစွာနဲ့ပဲ အရှင်မင်းကြီးနဲ့ တွေ့သွားရ
တယ် ထင်ပါတယ် ..”

မိခင်ဟာ စိတ်မကောင်းသလို ဖြည်းဖြည်းချင်း
ရေရွတ်လာသည် ။မျက်ရည်တွေ သုတ်ပစ်ရင်း
သားတော်ကို အောက်ကျို့ကာ မော့ကြည့်လိုက်
သည် ။သားတော်ရဲ့ လက်အစုံကို ရင်၌မြန်မြန်
ထွေးပိုက်ခဲ့ပြန်သည် ။

“ အရှင်မင်းကြီးတော့ မယ်မယ့်ကိုတစ်သက်လုံး
မုန်းသွားပြီ..။ ယောင်းလေးရော ..ယောင်းလေး
လည်း မယ်မယ့်ကို မုန်းသွားလားဟင် ”

မိခင်၏ မျက်လုံးတွေကို ရင်ဆိုင်ရင်း အိမ်ရှေ့စံ
ဟာ လက်တွေကို ပိုမို ဆုပ်ကိုင်လိုက်မိသည်။

“သားတော်က အမြဲ မယ်မယ့်ဘက်ကပါ ။”

•••••••••••••••••••

နတ်နန်းအရှင်ဟာ နန်းတွင်းရဲ့အထင်ကရ ပန်းခြံ
အတွင်း လှည့်လည်ကာ ရှုခင်းတွေ ငေးမောနေ
လေသည် ။ငေးမောနေသည်ထက် တွေးတော
နေသည်ဆို မှန်ကန်လိမ့်မည် ။ယခု မကြာခင်
ဖြစ်ပွားနိုင်မည့် စစ်ပွဲက ကျိန်းသေပေါက် ဤ
တိုင်းပြည်ကို သွေးချောင်းစီးစေလိမ့်မည် ။
သူ့အာရုံထဲမှာအိမ်ရှေ့စံရော ၊အရှင်မင်းကြီးရော
ရက်ရက်စက်စက် ကွပ်မျက်ခံရတာကို ခနခန
မြင်ယောင်နေခဲ့သည် ။

အခုအချိန်ဆိုရင် ..အရှင်မင်းကြီးရော ၊အိမ်ရှေ့စံ
ရော စစ်ရေးညီလာခံမှာ ရှိနေလိမ့်မည် ။ဒီစစ်ပွဲ
မှာလည်း သူ့အကြံအစည်တွေ လိုအပ်ဦးမည်ကို
နတ်နန်းအရှင်တွေးလိုက်မိသည် ။

“နတ်နန်းအရှင် ဘယ်ကိုသွားမလို့ပါလဲ..”

နောက်ပါးမှ ထက်ကြပ်မကွာ လိုက်လာနေသည့်
ကိုယ်ရံတော်တပ်မှူး၏ အသံပြာပြာကြောင့် ၊
နတ်နန်းအရှင်ဟာ ကလေးလေးတစ်ယောက်လို
မျက်စောင်းထိုးရင်း လှည့်ကြည့်လိုက်သည်။
သူ့ဘာသူ ဘယ်သွားသွားပေါ့ ။

“ နန်းအပြင် ခိုးထွက်မလို့ ! လိုက်မလား ..”

“မဖြစ်ပါဘူး နတ်နန်းအရှင် ၊ အိမ်ရှေ့စံက ..”

“အိမ်ရှေ့စံက ငါလိုအပ်တာရှိရင် ဘာမဆို
မင်းကို ပြောလို့ရတယ်တဲ့ ..ငါ့ကို အရပ်သား
ဝတ်စုံတစ်ခု ရှာလာပေးစမ်းပါ ..မင်းလည်း
အရပ်သားလို ဝတ်လာခဲ့ ..ငါနဲ့ နန်းပြင်ကို သွား
ကြမယ် ..”

“ဒါပေမယ့် အိမ်ရှေ့စံက..”

“ကျစ် ! ဒီခေတ်ကလေးတွေက တအားကို
ခေါင်းမာတာပဲ ..သွား ..အရပ်ဝတ်စုံတစ်စုံ
ယူလာခဲ့ ..”

ဖိဟောက်လိုက်တော့ ကိုယ်ရံတော်လေးခမျာ
အိုစာသောမျက်နှာငယ်နှင့် ပြေးထွက်သွားခဲ့ရ
သည်။တိုင်ပင်စရာ အိမ်ရှေ့စံက ညီလာခံထဲမှာ။
နီးစပ်ရာဓားကို ကြောက်ရသည့်အတိုင်း၊ ခိုင်း
တာ လုပ်ရမည့် ကိုယ်ရံတော်လေးဟာ နတ်နန်း
အရှင်အတွက် ပိုးဖဲဝတ်စုံလေးတစ်စုံ ဆက်သ
ရသလို ၊သူကိုယ်တိုင်လည်း အရပ်သားအဝတ်
ကို ဆင်မြန်းလိုက်ရသည် ။

“ဟို ..နတ်နန်းအရှင် ဖြည်းဖြည်းလျှောက်တော်
မူပါ ..လူများပါတယ် ..”

ညဥ့်ရောက်လာပြီမို့ မီးတုတ်အလင်းတွေဟာ
မြို့တွင်း၌ ထိန်ထိန်ညီးနေသည်။ခန္ဓာကိုယ်
သေးသေးလေးနဲ့ နတ်နန်းအရှင်က ခရမ်းဖြူ
အဖျောဆုံးအရောင် ပိုးဝတ်ရုံလေး ဝတ်ဆင်
ထားကာ ၊ကြိမ်ဦးထုပ်ကြီးကြီးကို ငိုက်ငိုက်
ဆောင်းထားခဲ့သည် ။မျက်နှာလေးတစ်ခုလုံး
ဦးထုပ်နှင့် အရိပ်ကွယ်နေပြီး ၊နီဆွေးငုံနေတဲ့
နှုတ်ခမ်းဖူးသာ မြင်တွေ့ဖူးမြော်လို့ရခဲ့သည် ။

“ လာခဲ့ ..ဒီနား ..”

နတ်နန်းအရှင်က လှမ်းခေါ်လိုက်တာမို့ ကိုယ်ရံ
တော်လေးဟာ နတ်နန်းအရှင်ထံပါး တိုးကပ်ခဲ့
လိုက်သည် ။

နတ်နန်းအရှင်က ဝတ်ရုံလက်ထဲမှာ ထည့်ထား
တဲ့ ပဝါပါးဖြူဖြူလေးကို ဆွဲထုတ်ယူသည်။
ထိုပဝါစကို သူ့လက်ကောက်ဝတ်တစ်ဖက်မှာ
ချည်သည် ။ကိုယ်ရံတော်လေး၏ လက်ကောက်
ဝတ်တစ်ဖက်မှာ ကျန်တဲ့အစကို ချည်ပေးသည်။

“ဒီလိုဆို ငါ မင်းမျက်စိအောက်က မပျောက်
တော့ဘူးပေါ့ ..”

နတ်နန်းအရှင် ပေါ့ပေါ့ပါးပါးပြောလာတာမှန်ပေ
မယ့် ကိုယ်ရံတော်လေး၏ရင်ထဲ လေးလံသွားရ
သည် ။သူ ရင်ခုန်နေသည် ။တစ်ဆိတ် ..။သူဟာ
အခု နတ်နန်းအရှင်ကြောင့် ရင်ခုန်သွားသည်??

လက်နှစ်လုံးလောက်သာ ကွာဝေးစေတဲ့ ပဝါပါး
ကို ကိုယ်ရံတော်လေး ငုံ့ကြည့်မိသည် ။သူ့လက်
နဲ့ ထိမိသွားရင် မီးလိုပူပြင်းရမည်ဆိုသော အသိ
က ခေါင်းထဲ တိုးဝင်လာသည် ။အိုရ် ..ပူလည်း ပူ
ပါစေ။ နတ်နန်းအရှင်ရဲ့ လက်ဖဝါးလေးကို အပူ
ခံပြီး သူ ဆုပ်ကိုင်လိုက်ချင်မိသည် ။

ချွင် ..

တစ်စုံတစ်ဦး၏ ဓားအိမ်ထဲမှ ဓားဆွဲထုတ်သံကို
ကြားလိုက်ရတာကြောင့် ကိုယ်ရံတော်လေးဟာ
လျင်မြန်သော အရှိန်နှင့် တစ်ပတ်လှည့်ကာ
ခါးကြားထဲက ဓားကို ထုတ်ယူလိုက်သည်။

ဟင် ! အိမ်ရှေ့စံ ..။

အိမ်ရှေ့စံဟာ သူနှင့် နတ်နန်းအရှင်ကို ရစ်ပတ်
ပေးထားတဲ့ ပဝါစလေးကို အလယ်ကနေ ထက်
ပိုင်း ခုတ်ဖြတ်လိုက်သည် ။

“မင်းကို အလုပ်ဖြုတ်လိုက်ပြီ ..”

ဓားကိုသိမ်းရင်းအိမ်ရှေ့စံက စူးစူးရဲရဲကြည့်ကာ
သူ့ကိုပြောသည် ။ ကြံရာမရတဲ့အဆုံး၌ ဘေးက
နတ်နန်းအရှင်၏ မျက်နှာလေးကို နောက်ဆုံး
အမှတ်တရအနေနှင့် သူ မြန်မြန်လေး ငေးကြည့်
ခဲ့လိုက်သည်။ အိမ်ရှေ့စံကိုလည်း ဘာဆင်ခြင်မှ
မပေးချင်တော့ပေ ။
အလောသုံးဆယ်ရှိလှသည့် အိမ်ရှေ့စံဟာ သူတို့
ဘယ်တော့မှ ထိကိုင်ခွင့်မရမယ့် လက်ဖဝါးပြင်
လေးကို ဆုပ်ကိုင်ရင်းနဲ့၊ လာရာလမ်းကို မျက်နှာ
မူရင်း ပြေးထွက်သွားသည်၊နတ်နန်းအရှင်လည်း
ဘာမှအထွန့်တက်ချိန် မရဘဲ သူ့ ဝတ်ရုံလေး သူ
ထိန်းကိုင်ကာ အိမ်ရှေ့စံ၏ခြေလှမ်းတွေအတိုင်း
တစ်ထပ်တည်း ပြေးလိုက်ခဲ့ရသည် ။

“ဘာလို့အကြောက်အလန့်မရှိ အပြင်ထွက်သွား
တာလဲ !! ခင်ဗျားပျောက်သွားပြီထင်လို့ ကျုပ်
ဘယ်လောက် လန့်ဖြန့်သွားလဲသိလား!!”

“ငါ ..ငါက ..”

“ ခင်ဗျားကို မသမာသူ တစ်ယောက်ယောက်
ဖမ်းခေါ်သွားရင် ဘယ်လိုလုပ်မလဲ ! ဟမ်!
ခင်ဗျားကို မြေအောက်အကျဥ်းခန်းထဲထည့်၊
ကြိုးအထပ်ထပ်ချည်ပြီး ပိတ်လှောင်ထားလိုက်
ရင် ဘယ်လိုလုပ်မလဲ!!”

ကြောက်ဖို့ကောင်းလှသည့် အိမ်ရှေ့စံ၏မျက်နှာ
ကို မကြည့်ရဲ၍ နတ်နန်းအရှင် မျက်လွှာချထား
မိသည်။အပြစ်လုပ်ထားမိတဲ့ ကလေးငယ်လေး
တစ်ယောက်လိုမျိုး မရှုမလှ သူ အိမ်ရှေ့စံဆီမှာ
အဆူခံနေရသည် ။

“ဟို ..ငါ ..ငါ့ကို ဘယ်သူမှ ထိလို့မရပါဘူး ..”

အရဲစွန့်၍ခံပြောကာမှ အိမ်ရှေ့စံက ပိုဒေါသကြီး
သွားပုံရသည်။

“သူတို့ မသိဘဲနေမလား!ခင်ဗျားက မသေမျိုး
ဆိုတာလည်း တစ်ပြည်လုံးသိတယ်!ခင်ဗျား
ကို ထိလို့မရဘူးဆိုတာလည်း လူတိုင်း အကုန်
သိကြတယ်!သိသိရက်နဲ့ သူတို့ ခင်ဗျားကိုမှ
ရအောင်ဖမ်းချုပ်သွားရင် !!”

ရလဒ်က ကျုပ် ရင်ကျိုးမှာပေါ့ ..။မယ်မယ်
ခမည်းတော်ကို စွပ်စွဲတဲ့ စကားအတိုင်းပဲ ၊
ခင်ဗျားပျောက်သွားရင် ကျုပ်လည်း ရူးသွားမှာ
ပေါ့လေ ..။

မကြည့်စမ်းပါနဲ့ ။ဒီလိုမျိုး မခံချင်တဲ့အကြည့်
လေးနဲ့ ကျုပ်ကို သွေးတိုးမစမ်းပါနဲ့ ။မကြာခင်
ခင်ဗျားတစ်ကိုယ်လုံး ခွေယိုင်ကျသွားတဲ့အထိ
ကျုပ် ရက်ရက်စက်စက် နမ်းမိတော့မှာပဲ ..။

“ငါ့ကို အဲ့လောက်ထိမုန်းတဲ့လူ ရှိလို့လား ..”

အော် .. ရှိတာပေါ့ ။သိပ်ရှိတာပေါ့ ခင်ဗျားရယ် ။

“ငါ့ကို မုန်းတာ မင်းပဲရှိတာလေ အိမ်ရှေ့စံ ..”

ဟင့်အင်း။ ခင်ဗျားကို ကျုပ် မမုန်းရပါဘူး။
အထင်လွဲရပြန်ပြီလား ခင်ဗျားရယ်။
ကျုပ်အချစ်က အမုန်းနဲ့ မှားစရာဖြစ်နေခဲ့လို့ပါ။
‘မုန်းတယ်’ ဆိုတဲ့ စကားလုံးက ‘ချစ်တယ်’ဆို
တဲ့ စကားလုံးနဲ့ အနက်အဓိပ္ပါယ် တူတူပဲ ဆိုတာ
ခင်ဗျား ဘာလို့နားမလည်ရတာလဲကွယ် ..။

••••••••••••••••••••••

                          
                           Episode 5

နောက်တစ်ရက် နံနက်ခင်း၌ ..။

သုံးကြိမ်မြောက် စစ်ရေးညီလာခံကို ကျင်းပဖို့၊
အရှင်မင်းကြီး ၊အိမ်ရှေ့စံအပြင် သက်ဆိုင်ရာ
စစ်သေနာပတ္တိမှူးကြီးတွေ စုဝေးရောက်ရှိလာ
ကြပြီဖြစ်သည် ။သို့သော် ဒီတစ်ခေါက်ကျင်းပ
မည့် ညီလာခံက တစ်ခုခုထူးခြားမည်ကို အနံ့ခံ
မိသဖြင့် အိမ်ရှေ့စံဟာ လူတိုင်းရဲ့မျက်နှာကို
လိုက်အကဲခက်နေမိသည် ။အထူးသဖြင့် သူ၏
ဖခမည်းတော်သည် ပို၍ စိတ်လှုပ်ရှားနေဟန်
ရှိကာ ထိုင်ခုံနေရာကို လွတ်လပ်ထားရင်း ၊လမ်း
ဖြည်းဖြည်းလျှောက်နေခဲ့ပေသည် ။

“နတ်နန်းအရှင် ရောက်လာပါပြီ ..”

အရှင်မင်းကြီးအပြင် အခြားသေနာပတ္တိကြီး
တွေကပါ မတ်တပ်ထရပ်ကာ ဦးညွှတ်ကြလေ
သည် ။နန်းဆောင်တံခါးနှစ်ခု ပွင့်လာပြီးသည်
နှင့် အထဲကို ဝင်လာသည့်နတ်နန်းအရှင်ဟာ
တည်တင်းမာထန်သော မျက်နှာတော်ကိုဆောင်
တော်မူနေသည် ။ဝတ်နေကျ အနက်ဝတ်ရုံထက်
ယခုအခါ နီညိုရောင်ဖောက်သော ဝတ်ရုံထည်
ကို ဝတ်ဆင်ထားသဖြင့် ကျက်သရေနှင့် ပြည့်စုံ
တင့်တယ်နေသည် ။ဆံနွယ်တွေကို နောက်မှာ
ပကတိ ဖားလျားချထားသည်ထက် ယခုအခါ
တိတိပပ ထုံးဖွဲ့ထားပုံက ကြည်လင်ရှင်းသန့်
သော မျက်နှာပေးကို ပိုပေါ်လွင်နေစေခဲ့သည် ။
ချွန်ထက်သွယ်မြသော မေးရိုးကို ထင်းလင်းနေ
စေခဲ့သည်။

ခမည်းတော်ဟာ သူ့နေရာမှာ နတ်နန်းအရှင်ကို
ရပ်ခိုင်းဖို့ တစ်ဖက်ကို ဖယ်ပေးလိုက်သည် ။
ဒီတော့ နတ်နန်းအရှင်ဟာ ညီလာခံတစ်ခုလုံး
ရဲ့ အချက်အချာနေရာမှာ တိတိကျကျ နေရာယူ
ဝင်ရပ်ခဲ့လိုက်သည် ။

“နတ်နန်းအရှင်ရဲ့ အကြံကို နားထောင်ကြည့်
စေလိုပါတယ် ..မှူးမတ်တို့ ..”

ခမည်းတော် မိန့်လိုက်သည်နှင့် နတ်နန်းအရှင်ကို
ယုံကြည်စိတ်ချဟန်ရှိသည့် မှူးမတ်တွေအားလုံး
အသိအမှတ်ပြုတဲ့သဘောနှင့် ဖြည်းဖြည်းချင်း
ခါးကို ညွှတ်ကိုင်းကာ အရိုအသေပေးကြပြန်
သည်။

နတ်နန်းအရှင်ဟာ အရှေ့မှာ ဖြန့်ခင်းထားတဲ့
မြေပုံကို လှလှပပမျက်ဝန်းတွေနှင့် စစ်ဆေး
သုံးသပ်နေသည် ။အိမ်ရှေ့စံသည် နတ်နန်း
အရှင်၏ လက်ချောင်းများသွားရာလမ်းကို
လိုက်လံ ကြည့်ရှုလိုက်သည် ။

လက်ညှိုးလေးက တစ်နေရာကို ထောက်ပြ
လိုက်တဲ့အခါ မှူးမတ်အချို့ တစ်ယောက်နှင့်
တစ်ယောက် ခေါင်းချင်းဆိုင်သွားမိသည်။

“စူရက်မြို့တော် အရှေ့ဘက် မိုင် ၃၀ ဝန်းကျင်
မှာ ရှိတဲ့ ‘အန်တိုဗာဝင်္ကပါ’ လို့ခေါ်ပါတယ် ..
သက်တမ်းက နှစ်ပေါင်း ၅၀၀ ခန့် ရှိနေပြီး
စူရက်မြို့ရဲ့ အထူးခြားဆုံးနေရာလည်း ဖြစ်ပါ
တယ် ..”

စူရက်မြို့တော် ။စူရက်ဘုရင် ။ဒီနှစ်မျိုးလုံးဟာ
သူတို့နှင့် စစ်ခင်းရမည့် ရန်သူတွေချည်း ။
“ ဧရိယာစတုရန်းမိုင် ၄၀၀၀၀ကျော် ကျယ်ဝန်း
တယ် ..ဝင်ပေါက် လေးခု တိတိ ရှိပေမယ့် ..
ထွက်ပေါက် တစ်ခုမျှသာ တည်ရှိတယ် ..”

ထားပါတော့ ။ဒီဝင်္ကပါက သူတို့စစ်ပွဲအတွက်
ဘာများ အသုံးဝင်မှာပါလဲ ..။

“လွတ်လမ်းမရှိတဲ့ ဝင်္ကပါထောင်ချောက်ကြီး
ဖြစ်တယ် .. စစ်မြေပြင်နဲ့ နီးတာကြောင့်မို့
ညဘက်ဆို ဝိညာဥ်တွေရဲ့ အော်သံတွေနဲ့ ပြည့်
နှက်နေတတ်တယ် ..”

“ ခင်ဗျား ပြောချင်တာ ဘာလဲ! ရန်သူ့ ပိုင်နက်
ထဲက ဝင်္ကပါက ဒီစစ်ပွဲနဲ့ ဘာဆိုင်မှာမို့လို့လဲ”

ဝင်ပြောရဲသည်က အိမ်ရှေ့စံပဲ ဖြစ်လေသည်။
မှူးမတ်တို့မှာ နှစ်ယောက်၏အရိပ်အခြည်ကို
အသံတိတ် စောင့်ကြည့်လျက် ရှိကြသည်။

ဒီက လူတွေနဲ့လုံးဝမတူဘဲ ၊နုဖက်ဝင်းပနေတဲ့
မျက်နှာငယ်လေးကို ကြည့်ရင်း အိမ်ရှေ့စံက
မကျေနပ်သလို မျက်မှောင်ကို ကြုံ့ထားသည် ။
တမင်သက်သက် ကြုံ့ထားတာဖြစ်လိမ့်မည်။
နတ်နန်းအရှင်ဟာလည်း မလျှော့သောအကြည့်
စူးစူးဖြင့် အိမ်ရှေ့စံကို လှမ်းကြည့်လာသည်။

“ဒီဝင်္ကပါက ဒီ တိုင်းပြည်ကို စစ်ဘေးကနေ
ကယ်တင်နိုင်မှာပါ  ..”

“ဘယ်လိုမျိုးလဲ ..”

“ဒီဝင်္ကပါကြီးထဲ အရှင်မင်းကြီးနဲ့စူရက်ဘုရင်
တို့ ယှဥ်ပြိုင်တိုက်ခိုက်ကြမှာပါ ..”

“ဘာ!”
လူတိုင်း မျက်လုံးတွေ အရောင်လက်ကာ၊အံ့သြ
ထူးဆန်းသွားကြရင်း ရှင်ဘုရင်နဲ့ နတ်နန်းအရှင်
ကို ပြိုင်တူ ငေးကြည့်လိုက်ကြသည် ။

အားလုံးထက် ဆိုးဆိုးရွားရွား အံ့အားသင့်သွား
သူက အိမ်ရှေ့စံတစ်ယောက်ပင် ။

“ခင်ဗျား ဘာတွေပြောနေတာလဲ !”

“သားတော် ..တိတ်တိတ်နေပေးပါ ”

ခမည်းတော်က သူ့လူကို ဆက်ဆက်ထိမခံဘဲ
သားတော်ကိုပဲ မာန်မဲသည်။

“စစ်အင်အား ၃သိန်းကို ရင်ဆိုင်စရာမလိုပါဘူး
ရှင်ဘုရင်ချင်း စီးချင်းထိုးသလိုမျိုး ဒီဝင်္ကပါထဲ
ယှဥ်ပြိုင်တိုက်ခိုက်ရင်း၊ စူရက်ဘုရင်ရဲ့ ဦးခေါင်း
ကို အရှင်မင်းကြီးက ဦးစွာဖြတ်ယူလာလိုက်ရင်
အလိုလို  အနိုင်ရသွားပါပြီ ..”

အားလုံးရဲ့မျက်နှာကို စေ့စေ့စပ်စပ်ကြည့်ရှုရင်း
နတ်နန်းအရှင်ဟာ လူတိုင်းရဲ့အတွေးကို လွှမ်းမိုး
လိုက်ပေသည် ။ထောက်ခံသူ တစ်ချို့ ခေါင်းငြိမ့်
လာကြသည် ။ထို့နောက် ရှင်ဘုရင်၏ မျက်နှာ
ကိုပဲ လှမ်းလှမ်းကြည့်လာကြသည် ။

“ခမည်းတော်အတွက် အန္တရာယ်များပါတယ်”

အိမ်ရှေ့စံသည် အမှန်ပင် စိုးရိမ်ပူပန်နေဟန်
ရှိလေသည် ။ထိုအခါ မှူးမတ်တစ်ယောက်က
အိမ်ရှေ့စံ၏ စကားကိုမှ ခုခံလျှောက်တင်လာ
ခဲ့သည် ။

“စူရက်ဘုရင်က ငယ်ရွယ်ပေမယ့် လက်ရုံးရည်
မကျွမ်းကျင်ပါဘူး ..အရှင့်သား ”

အရှင်မင်းကြီးနှင့် နတ်နန်းအရှင်တို့ဟာ မှူးမတ်
ကြီးရဲ့လျှောက်တင်ချက်ကို ထောက်ခံသလိုမျိုး
ပြိုင်တူ ခေါင်းငြိမ့်မိကြသည် ။

“ဒါပေမယ့် ဝင်္ကပါက ရန်သူ့ပိုင်နက်ထဲမှာပါ ..
စူရက်ဘုရင်က အဲ့ဝင်္ကပါလမ်းတွေကို အရှင့်
ထက် ကျွမ်းကျင်နေမယ်ဆိုရင် စိတ်ပူစရာရှိ
ပါတယ် ..သာမန်ပဲ စီချင်းထိုးတိုက်ခိုက်မယ်
ဆိုရင် ..”

အသက်အကြီးဆုံး သေနာပတ္တိကြီးက ဆင်ခြင်
တွေးတော၍ ခမည်းတော်ကို လျှောက်ထားခဲ့
ပြန်သည့်အခါ ခမည်းတော်ကလည်း ပြန်ပြီး
ပိုင်ပိုင်နိုင်နိုင် ချေပဖို့ပြင်ဆင်ထားပုံရသည် ။

“ဒီတိုက်ပွဲဟာ သာမန်မဟုတ်လို့ ..သာမန်စီးချင်း
ထိုးရုံနဲ့ အဆင်မပြေဘူး ။ကိုယ်တော် အနိုင်ရရင်
စူရက်ဘုရင်ရဲ့ တိုင်းပြည်သုံးခုလုံးကို အပ်နှင်းဖို့
တောင်းဆိုမှာပါ။ ဒါကြောင့် သာမန်စီးချင်းထိုး
လို့  မရပါဘူး မောင်မင်း ..”

စက္ကန့်ပိုင်း ၊မိနစ်ပိုင်းမျှ ကြာသည့်တိုင် မည်သူ
တစ်ဦးဆီကမှ အထွန့်တက်သံမကြားရသဖြင့်
ရှင်ဘုရင်ဟာ သြဇာညောင်းသော အသံနှင့်
တိတိကျကျ ရာဇသံကို မိန့်ကြားသည် ။

“တပ်သား သုံးယောက်နဲ့ အတူ ကိုယ်တော်က
အဲ့ဝင်္ကပါကြီးထဲ ဝင်ပါမယ် ..စူရက်ဘုရင်လည်း
သူ့တပ်သားသုံးယောက် ပါလာပါလိမ့်မယ် ..”

“ဒါဆို ကျွန်တော်မျိုးတို့ လိုက်ခဲ့ပါရစေ အရှင် ..”

ယုံကြည်စိတ်ချရသော စစ်သူကြီးသုံးယောက်
ဝင်လျှောက်သဖြင့် ရှင်ဘုရင်၏ မျက်နှာတော်
ဝင်းလက်သွားခဲ့သည် ။ယခု သူတို့ ဒီအစီအစဥ်
အောင်မြင်ပြီမဟုတ်ပါလား ..။အထူးသဖြင့်
ဒါက နတ်နန်းအရှင်ရဲ့ အစီအစဥ် ..။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က ဒီဝင်္ကပါ
ထဲက လွတ်မြောက်လာတဲ့ လေ့လာသူတစ်ဦး
ပြုစုထားတဲ့ ဝင်္ကပါမှတ်တမ်း ကျွန်တော်မျိုး
ဆီမှာ ရှိနေပါတယ် ..အရှင်မင်းကြီးနဲ့ စစ်သူကြီး
သုံးယောက်တို့ ကျိန်းသေပေါက်လိုအပ်မှာမို့
ကျွန်တော်မျိုး တစ်ခါတည်းပေးလိုက်ပါရစေ..”

နတ်နန်းအရှင်ဟာ သူ့ဝတ်ရုံထဲမှာ ထည့်ထားတဲ့
အဟောင်းနွမ်းဆုံး ၊ရှေးအကျဆုံး စာအုပ်ငယ်
ကို ထုတ်ယူလိုက်ပြီး၊သူ့ဘေးက အရှင်မင်းကြီး
အား လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ပေးအပ်လိုက် သည် ။

•••••••••••••••

ညီလာခံပြီးဆုံးသွားသည့်တိုင် နတ်နန်းအရှင်
ထွက်မလာသေးဘဲ ၊အရှင်မင်းကြီးနှင့် အတူ
ကျန်ရစ်ခဲ့လေသည် ။ဒါကြောင့် အိမ်ရှေ့စံဟာ
နတ်နန်းအရှင်၏ အဆောင်ရှေ့ လမ်းလျှောက်
ရင်း ၊နတ်နန်းအရှင် အလာကို မျှော်လင့်ရှုစား
နေခဲ့ရှာသည် ။

သိပ်တော့ မကြာ ။နတ်နန်းအရှင်ဟာ အနောက်
မှာ ကိုယ်ရံတော်အသစ်လေး တစ်ယောက်နဲ့
အတူတူ သူ့အဆောင်ဆီ ပြန်ရောက်လာသည်။

အရင်ဆုံးအနေနဲ့ ၊ညီလာခံမှာ စေ့စေ့စပ်စပ်
မငေးကြည့်ရသေးတဲ့ ဝတ်ရုံလှလှကို အိမ်ရှေ့စံ
အကဲခက်ကြည့်လိုက်သည် ။ဒီလို ပိုးထည်မျိုး
က ခမည်းတော် ဆင်မြန်းပေးတာ ဖြစ်နိုင်မည်။
ဆံထုံးကို ရစ်ပတ်ထားတဲ့ ရွှေအိုရောင် ဆံထိုး
လေးကလည်း ခမည်းတော် ဆက်သထားတာ
ဖြစ်နိုင်မည်။

“အိမ်ရှေ့စံက ဘာကိစ္စရှိလို့ပါလဲ ..”

နားမလည်တဲ့ အူတူတူမျက်နှာပေးလေးဟာ
ခုနက ညီလာခံထဲမှာ သွက်လက်ထက်မြက်
စွာ ဦးဆောင်ပြောဆိုခဲ့သည့် နတ်နန်းအရှင်
မဟုတ်သည့်အတိုင်း ။

“အဟမ်း ..”

အိမ်ရှေ့စံဟာ မနေတတ်သလို ချောင်းဟန့်၍
ခေါင်းငုံ့လိုက်ပြန်သည် ။နှုတ်ခမ်းကို လျှာနှင့်
မြန်မြန်သပ်ပြီးမှ သူ့ရှေ့က နတ်နန်းအရှင်ကို
အားတင်းကာ စိုက်ကြည့်လိုက်ပြန်သည် ။

“ခင်ဗျား အိပ်ရာပေါ်မှာ ကျုပ် လက်ဆောင်
ထားထားတယ် .. အဲ့တာ ..ယူ ..ယူလိုက် ..”

ထပ်မေးစရာရှိခဲ့ရင် မဖြေနိုင်တော့၍ အိမ်ရှေ့စံ၊
ဟန်ကိုယ့်ကာ အလျင်အမြန် နတ်နန်းအရှင်ရှေ့
က ထွက်ပြေးလာခဲ့သည် ။ လက်ဆောင် ..။
မနေ့ညက ခင်ဗျားကို ဆူမိလို့ ပြန်ချော့တဲ့အနေ
နဲ့ ကျုပ်က ပေးတဲ့ လက်ဆောင် ။

ဒီအတိုင်း လက်ခံပေးလိုက်ပါ ..။ ကျုပ် ခင်ဗျား
ကို စကားနုနုရွရွတွေ မပြောပြတတ်ဘူးဆိုတာ
ခင်ဗျားသိတယ်မလား ။

နတ်နန်းအရှင်ဟာ သူ့ရှေ့ကနေ၊ မျက်နှာ နီရဲပြီး
လှည့်ပြေးသွားတဲ့ အိမ်ရှေ့စံကို နားမလည်သလို
ငေးရင်း ရပ်ကျန်နေခဲ့သည် ။ နှုတ်ခမ်းဖူးလေး
ခပ်ဆူဆူဖြစ်သွားသည်က ၊ ရပ်ကြည့်နေလေတဲ့
ကိုယ်ရံတော်အသစ်လေး၏ မျက်လုံးထဲ၌ လုံးဝ
အသည်းယားစရာ။

နတ်နန်းအရှင်သည် အဆောင်ဆီ ကမန်းကတန်း
ပြန်ဝင်လာပြီး ၊သူ့အိပ်ဆောင်လေးဆီ ပြေးသွား
လိုက်သည် ။ဟင်!

ဘယ်လိုဖြစ်လို့ သူ ဒီလောက်ရင်ခုန်မြန်နေရပါ
သနည်း ။

အနီရောင်ပိုးချည်နှင့် ထုပ်ပိုးထားတဲ့ အထုပ်
ငယ်လေးဟာ သူ့ကို စောင့်ဆိုင်းနေပုံရသည်။
ဖဲပြားသဏ္ဌာန် ချည်ထားတဲ့ အထုံးစကို သူ
ဖြည်းဖြည်းချင်း ဆွဲဖြည်ကြည့်လိုက်သည် ။

သိပ်လှတဲ့ ဝတ်ရုံလေးပါလား ..။သူ တစ်ခါမှ
မဝတ်ခဲ့ဖူးတဲ့ ပန်းရောင်နုနုအရောင်ပြေးလေး။
ပိုးသားလေးက အိစက်ညက်ညောလိုက်တာ။
ချုပ်ရိုးချုပ်သားလေးက အစ ပုံကျသေသပ်ပြီး
နှစ်လိုဖွယ် အတိ။

မဟုတ်မှလွဲရော ..အိမ်ရှေ့စံကိုယ်တိုင် ဒါကို
ရွေးချယ်ပေးတာများလား ..။သူ ဝတ်ဖို့လေ ။
ဒီလို အရောင်နုနုကို အိမ်ရှေ့စံ ရွေးချယ်ပေးခဲ့
တာ သူ ဝတ်ဖို့ပေါ့လေ ..။

“အိမ်ရှေ့စံ ..မင်းငါ့အပေါ် လွှမ်းမိုးနိုင်လိုက်တာ”

•••••••••••••••••••

                       FINAL EPISODE

ဤယနေ့သည် သိပ်ကို ထူးခြား၏။သိပ်ကို
အရေးကြီး၏။ နှစ်ဖက် တိုင်းသူပြည်သား
တွေ ရင်တထိတ်ထိတ် ခံစားနေရသလိုမျိုး
စစ်တိုက်မည့် ဘုရင်နှစ်ပါးဟာလည်း ည
အမှောင်ရိပ်သမ်းလေ ၊ရင်တုန်လာရလေ
ဖြစ်သည် ..။ စူရက်ဘုရင်ဟာ သူတို့ပြည်ရဲ့
ကမ်းလှမ်းချက်ကို အားရဝမ်းသာ လက်ခံ
ပေးခဲ့သည် ။လောင်းကြေးကတော့ ‘ဘုရင်ရဲ့
ဦးခေါင်းပြတ်နဲ့ တိုင်းပြည်’ ဆိုသည့် အတိုင်း
တစ်စက်မှ မပြောင်းလဲချေ။ထိုအချက်ကပင်
စူရက်ဘုရင်၏ မခံချင်စိတ်ကို လောင်မြှိုက်စေ
နိုင်ခဲ့တာ ဖြစ်ပါလိမ့်မည် ။

မီးတုတ်တွေမှ အခိုးအငွေ့တွေ ကောင်းကင်ယံ
ဆီ တလူလူ ပျံ့လွင့်နေကြသည် ။မီးရောင်ဝါဝါ
ထိန်ထိန်အောက်မှာ စစ်တိုက်မည့် ဘုရင်နှစ်ပါး
အပြင် သူတို့ ယုံကြည်စိတ်ချရဆုံးသော စစ်သူ
ကြီး ခြောက်ယောက်တို့ ချပ်ဝတ်တန်ဆာများ
အစုံအလင်နှင့် ဝင်္ကပါရှေ့ စောင့်ဆိုင်းနေလျက်
ရှိနေကြသည် ။ ထို့အပြင် နယ်စပ်ရဲ့တစ်ဖက်
ဆီမှ လာရောက်ကြည့်ရူနေကြသည့် တိုင်းသူ
ပြည်သားများ။ နှစ်ဖက်မှ ရဲမက်စစ်သားများ။
အတိုင်ပင်ခံ အမတ်ကြီးများ။ အဆုံးအဖြတ်ကို
မျှော်လင့်ဆုတောင်းပေးနေကြတဲ့ နတ်ဝင်သည်
များ။စသည် စသည်ဖြင့် လူပေါင်းများစွာဟာ
ဤပွဲကို ၊တိတ်ဆိတ်ငြိမ်သက်ရင်း လာရောက်
စောင့်ကြည့်နေခဲ့ကြသည် ။

ဝင်္ကပါကြီးရဲ့ ဝင်ပေါက် လေးပေါက်အရှေ့က
သက်ဆိုင်ရာ စစ်သူကြီးများဟာ လိုအပ်မည့်
မီးတုတ်တွေကို အသီးသီးဆောင်ယူလိုက်ကြ
သည် ။သူတို့ရဲ့ လက်နက်က လက်ဆွဲတော်ဓား
နှင့် သန်မာကျစ်လစ်သော စီးတော်မြင်းများပင်
ဖြစ်သည် ။အပိုလက်နက် မပါဝင် ။အပို လူများ
မပါဝင် ။

စည်းကမ်းချက်သည် တစ်ချက်တည်း ။

ဝင်္ကပါအတွင်းမှာပဲ ယှဥ်ပြိုင်တိုက်ခိုက်ကြရ
မည် ..။ ဝင်္ကပါ၏ အလယ်တွင် ဆုံမှတ်တစ်ခု
ရှိနေလိမ့်မည် ။ ထိုဆုံမှတ်သည် ရှင်ဘုရင်တို့၏
တိုက်ပွဲခေါ်ရာ စစ်တလင်းမြေပြင်ဖြစ်ရလိမ့်
မည် ။

ပွဲအပြီး နံနက် နေထွက်လာလျှင် ..။
အနိုင်ရသည့် ရှင်ဘုရင်က တစ်ဖက်က ရှုံးသူ
ရှင်ဘုရင်၏ ဦးခေါင်းကို ဖြတ်ကာ၊ ဝင်္ကပါမှ
အပြင်သို့ ကိုင်ဆောင်လာရင်း၊လူတွေအားလုံး
ရှေ့မှောက် ထွက်ပေါ်လာရမည် ။

စူရက်ဘုရင်ဟာ ဝင်္ကပါထဲမဝင်ခင် မြင်းပေါ်မှာ
ထိုင်လျက် ၊သေရည်သောက်သုံးနေသေးသည်။
မျက်နှာထက် မောက်မာထောင်လွှားမှုအပြည့်။
သူ့စစ်သူကြီးများနဲ့ပင် ပြောပြောဆိုဆို ရယ်မော
လှောင်ရယ်နိုင်သေးပေသည် ။

နေလုံးကြီး အနောက်ဖက်သို့ အသေချာ တိုးဝင်
ပျောက်ကွယ်သွားသည်နှင့် ခရာမှုတ်သံ၊ဗုံသံတို့
နားထဲမဆံ့အောင် ဆူညံစွာ ထွက်ပေါ်လာ၏။
တစ်ချို့စီးတော်မြင်းများ တဟီဟီမြည်သံပြုကာ
ဝင်္ကပါနား ကပ်မိလေ  ၊ကြောက်လန့်တကြား
နောက်ကို ဆုတ်ကြလေ ဖြစ်နေပြန်သည်။
အရှင်မင်းကြီးသည် မှောင်မဲနေတဲ့ဝင်္ကပါလမ်း
သွယ်ကိုကြည့်နေရင်းမှ ၊အနောက်ဘက်က
ပြည်သူလူထုဆီ တစ်ချက်ဝေ့ဝဲကြည့်ရှုလိုက်
သည် ။ သူ့ ပန်းနုရောင်လေး မရောက်လာပါ
လား ။ အိုးး.. သူ့ ပန်းနုရောင်လေးက ဒီစစ်ပွဲ
အတွက် ဆုတောင်းပေးရင်း နေ့မအိပ်၊ညမအိပ်
ပင်ပန်းခဲ့ရလို့ အိပ်ပျော်နေတာကို သူကိုယ်တိုင်
သွားကြည့်ခဲ့တယ်မဟုတ်လား ..။ညနေစောင်း
ကြီးမှာမှ အိပ်ပျော်နေရှာတဲ့ နတ်နန်းအရှင်ဟာ
ဝတ်လေ့မရှိတဲ့ ပန်းနုရောင်ပိုးထည်ဝတ်ရုံလေး
ကိုယ်မှာဆင်မြန်းထားခဲ့သည်ကို လျှပ်တပြတ်မျှ
သူ ငေးကြည့်ခဲ့ရတယ်မလား ။ဒီလိုနဲ့ သားတော်
‘ယောင်းလေး’ ကိုတောင်မှ သွားမနှုတ်ဆက်ခဲ့ရ
ဘူးလေ။

လွမ်းမောကြည်နူးဖွယ်အတွေးတို့ကို ခါထုတ်
လိုက်ပြီး မြင်းဇက်ကြိုးကို တင်းတင်းဆုပ်ကိုင်
ခဲ့လိုက်သည် ။သူတို့က ၄ခုမြောက်ဝင်ပေါက်
ကနေ ဝင်္ကပါကြီးထဲ ဝင်ကြမည်။ စူရက်ဘုရင်
တို့ကျ ပထမဆုံးဝင်ပေါက်ကနေ ဝင်္ကပါကြီးထဲ
ဝင်ကြမည် ။

နောက်ဆုံး တံပိုးခရာ တီးမှုတ်ပြီးလျှင်ပြီးချင်း
နက်နဲသော အတွေးကိုယ်စီနှင့် ရှင်ဘုရင်တို့က
စီးတော်မြင်းများကို နှင်ကာ ဝင်္ကပါလမ်းထဲသို့
ကိုယ်စီကိုယ်စီ ချီတက်သွားခဲ့တော့သည် ။
•••••••••••••••••••••••••

“မဖြစ်ဘူး!!”

ထိတ်ထိတ်ပြာပြာအသံငယ်ကို ကြားလိုက်ရ
သည်နှင့် အပြင်မှာစောင့်ကြည့်လျက်ရှိတဲ့
ကိုယ်ရံတော်အသစ်လေးဟာ နတ်နန်းအရှင်
၏ အိပ်ဆောင်ဆီကို ကမန်းကတန်းပြေးဝင်လာ
ခဲ့သည် ။

ဆံနွယ်ရှည်လေးတွေဟာ ဖရိုဖရဲကျဆင်းလို့။
ရင်ဘက်ကို လက်ကလေးနဲ့ဖိပြီး အမောဖြေ
ကာ အသက်ဖြည်းဖြည်းရှူနေသည့် ပုံစံက
ကိုယ်ရံတော်လေးအတွက် စိတ်ပူချင်စရာ။

“အရှင်မင်းကြီးတို့ ထွက်သွားကြပြီလား ..”

ကိုယ်ရံတော်လေး တိတိကျကျ ခေါင်းတစ်ချက်
ငြိမ့်ပြလိုက်တော့ ၊နတ်နန်းအရှင်ဟာ တစ်ခုခုကို
ဆုံးဖြတ်လိုက်ပုံနှင့် သလွန်ထက်က ဆင်းသည်။
ဆံနွယ်တွေကို အမြန်နှုန်းနဲ့ ချည်နှောင်ထုံးဖွဲ့ကာ
ရွှေရောင်ဆံထိုးလေးကို ဆင်မြန်းလိုက်၏။
အပေါ်မှလည်း ဝတ်ရုံခြုံလွှာတစ်ခုကို ကိုယ်ပေါ်
ရစ်သိုင်းလိုက်ပြီး လည်ပင်းနားက တစ်ခုတည်း
ရှိနေတဲ့ ကြယ်သီးလေးကို တပ်ခဲ့လိုက်သည်။

“ဝင်္ကပါဆီ လိုက်သွားကြရအောင် ..”

••••••••••••••••

နတ်နန်းအရှင်ဟာ မြင်းဖြူကြီးတစ်ကောင်ကို
စီးနင်းရင်း ဝင်္ကပါရှိမည့် စူရက်မြို့တော်၏
နယ်စပ်ကို ခရီးနှင်နေခဲ့လေသည် ။
ညအမှောင်သိပ်သည်းလာလေ ၊မြင်ကွင်းက
ဝေဝါးလာလေဖြစ်သောကြောင့် နတ်နန်းအရှင်
နှင့် ဘေးချင်းယှဥ်၍ မြင်းစီးလိုက်ပါလာသော
ကိုယ်ရံတော်လေးကပဲ နတ်နန်းအရှင်မြင်းကို
ကျန်လက်တစ်ဖက်နှင့် လှမ်းလှမ်းထိန်းသည်။
သူကပဲ  ဦးဆောင်၍ လမ်းပြခေါ်ပေးသည်။
သို့သော် နတ်နန်းအရှင်က သူ့ကို တားသည်။
မြင်းတွေကို ခနရပ်ခိုင်းဖို့ မိန့်ကြားသည် ။

“မင်း ငါ့ကို ဝင်္ကပါရဲ့ ထွက်ပေါက်ကို လမ်းပြနေ
တာလား ..ငါ အဲ့ကို သွားမှာမဟုတ်ဘူး ..”

ထွက်ပေါက် ရှေ့မှာ ယခုအချိန်ဆို လူအုပ်ကြီး
သောင်းသောင်းဖြဖြ ရှိနေကြလိမ့်မည်ဖြစ်၏။
နံနက်နေထွက်ချိန်ကို စောင့်ဆိုင်းရင်း သူတို့၏
ရှင်ဘုရင် အောင်နိုင်ရေးအတွက် နှလုံးသားထဲမှ
ဆုတောင်းပေးနေကြမည်ဖြစ်သည် ။

နတ်နန်းအရှင်ဟာ သူ့ကို အန်တိုဗာဝင်္ကပါကြီးရဲ့
ဝင်ပေါက် လေးခုရှိရာဆီကို လမ်းပြခိုင်းနေ၏။
အတွန့်တက်စရာရှိပေမယ့် စကားလေးတစ်ခွန်း
မှပြောမထွက်တာမို့ ၊အမိန့်တော်ကို လက်ခံရင်း
ဝင်ပေါက်တွေ ရှိရာဆီ နတ်နန်းအရှင်လေးအား
သူ ခေါ်ဆောင်လာလိုက်သည် ။
နတ်နန်းအရှင်သည် မြင်းဖြူပေါ်က ပေါ့ပါးလှပ
စွာ ခုန်ဆင်းလိုက်သည်။သူလည်း နတ်နန်းအရှင်
ကို နားမလည်သလိုငေးရင်း မြေပေါ်သို့ ခုန်ချမိ
ခဲ့လိုက်သည် ။

စိတ်မြန်လက်မြန်ရှိလှသော နတ်နန်းအရှင်ဟာ
ကျောက်တုံးအကြီးကြီးတွေနဲ့ ပိတ်ဆို့ထားခဲ့တဲ့
ဝင်ပေါက်လေးခုကို သွားရောက်စစ်ဆေးနေပြန်
သည် ။သူ့ပုံစံက အရေးတကြီးရှိလှသည် ။သေး
သွယ်တဲ့ ခန္ဓာကိုယ်လေးဟာ ကြံရာမရသလို
ယောက်ယက်ခက်နေသေးသည် ။

“ဒီကျောက်တုံးတစ်ခုလောက် ငါ့အတွက် ဖယ်
ပေးပါ ..ငါ ဝင်သွားမှ ဖြစ်မယ် ..”

ကလေးလေးတစ်ယောက် ပူဆာဂျီကျသလိုမျိုး၊
နတ်နန်းအရှင်ဟာ အပေါက်ဝမှာ ပိတ်ဆို့နေတဲ့
ကျောက်တုံးကြီးကို လက်ညှိုးညွှန်ရင်း အားကိုး
တကြီး သူ့ကို တောင်းဆိုလာခဲ့သည် ။

ဝင်သွားမယ်တဲ့လား ..။

အားသန်ကျစ်လစ်သော လက်မောင်းများကို
အားပြင်းပြင်းစိုက်ရုံနဲ့၊မည်မျှကြီးကြီးသေးသေး
ကျောက်တုံးတစ်တုံးလောက်ကတော့ အသာ
လေး ဖယ်ရှားပေးနိုင်စွမ်းသူ့မှာ ရှိပါသည် ။
ဖယ်ရလွယ်ကူသည့် တစ်ပွေ့စာကျောက်တုံး
ကြီးကို ဖယ်ပေးရင်း မြေပေါ် ပစ်ချလိုက်တဲ့
အခါ ဝင်္ကပါရဲ့စိမ်းရွှင်ရွှင်အနံ့တွေ အပြင်ဘက်
လေထုဆီ ဆိုးရွားစွာထွက်ပေါ်လာကြသည်။

“ကျေးဇူးပဲ ..ဒီလောက်ဆို ငါဝင်လို့ရပြီ”

နတ်နန်းအရှင်က ယုန်တွင်းမျှ ပေါ်လာတဲ့လမ်း
လေးကို ကြည့်ရင်း အားတက်သရော ဝင်သွား
မည် ပြုနေသည် ။ ကိုယ်ရံတော်လေးသည်
နတ်နန်းအရှင် ဝင်သွားမည်ကို စိုးရိမ်သဖြင့်
တွင်းဝရှေ့မှာ ကာဆီးရပ်တန့်ခဲ့လိုက်သည်။

“အထဲမှာ အန္တရာယ်များပါတယ် ..”

“ငါသိပါတယ် ..မင်း ဖယ်ပေးစမ်းပါ ..”

“ငါ မင်းကို တွန်းလိုက်ရင် ငါ့အသားကြောင့်
မင်း ပူလောင်သွားမှာ!ငါ မင်းကို မထိချင်ဘူး”

ကိုယ်ရံတော်လေးက နတ်နန်းအရှင်စကားကို
အလေးမထားဘဲ တည်တံ့မြဲမြံစွာ ရပ်တန့်နေ
သေးသည် ။

“ မင်း ငါ့ကိုယုံကြည်ရင် ဖယ်လိုက်ပါ ..”

ဒီစကားကိုတော့ နောက်ဆုံးလက်နက်အဖြစ်
နတ်နန်းအရှင် ထုတ်သုံးလိုက်ပုံရသည်။သူ
သိတာပေါ့လေ။ဒီကိုယ်ရံတော်လေးရဲ့မျက်လုံး
ထဲက စိုးရိမ်မှုတွေကို သူမြင်တာပေါ့ ။ဒီဝင်္ကပါ
ကြီးက သူ့ရဲ့ခေါင်းချရာမြေဖြစ်တော့မှာကိုကြို
သိများသိနေခဲ့ရင်....  ဒီကိုယ်ရံတော်လေးတော့
သူ့ကို ပိုစိတ်ပူသွားမှာမလား ။
••••••••••••••••••

ဝင်္ကပါထဲ ဝင်လာခဲ့ပြီးနောက် ..။

နတ်နန်းအရှင်သည် ပြုတ်ကျကျန်ခဲ့ပုံရသည့်
မီးတုတ်ကို လက်မှာကိုင်ဆောင်ရင်း ဝင်္ကပါထဲ
ပိုတိုးဝင်လာခဲ့သည် ။သစ်ပင်၊နွယ်ပင်တို့၏
ညစ်ထေးထေး အငွေ့အသက်တွေနဲ့ ဝင်္ကပါ
ကြီးက နှလုံးအောင့်ဖွယ်ရှိလွန်းလှသည် ။
မကောင်းဆိုးဝါးတွေရဲ့ အငွေ့အသက်များစွာ
ကြောင့် သူ များစွာသတိထားရမည်ကို နတ်နန်း
အရှင် တွေးတောမိလိုက်သည်။

‘အိမ်ရှေ့စံက ဝင်္ကပါထဲမှာ ရှိနေတယ်။သူ လမ်း
လည်း ကျွမ်းကျင်တာမဟုတ်ဘူး။စစ်သူကြီးလို
ဟန်ဆောင်ပြီးလိုက်သွားတာကို ငါ အာရုံထဲမှာ
မြင်တွေ့လိုက်ရတယ်။သံချပ်ကာ မျက်နှာဖုံးကို
ချွတ်ပြီး လွှင့်ပစ်လိုက်တဲ့သူက အိမ်ရှေ့စံမှ
အိမ်ရှေ့စံအစစ်ပဲ ..။’

သူ့ခေါင်းထဲက အတွေးတွေကို အပြင်ဘက်မှာမှ
ခပ်သဲ့သဲ့ကြားလိုက်ရသည်မို့ နတ်နန်းအရှင်
ရှေ့ဆက်ဖို့မေ့ပြီး နေရာ၌ ရပ်တန့်မိသွားသည်။
ထိတ်ခနဲ ရင်တုန်သွားရသည် ။

အော် ..ဝိညာဥ်တွေလာနှောင့်ယှက်နေပြီကို ..။

‘အိမ်ရှေ့စံက စူရက်ဘုရင်ကို သတ်မလို့တဲ့။
ဟားးဟားး သူချည်း ခံနေရတာ။ အရှင်မင်းကြီး
ကလည်း အခုထိ ယောင်ချာချာနဲ့။ စူရက်ဘုရင်
နဲ့ သူ့သားတော်တို့ ချကုန်ပြီဆိုတာ မသိရှာဘူး’

သူ့နားကို ကပ်ပြီး မကြားကြားအောင် လာပြော
နေတဲ့အသံတွေကြောင့် နတ်နန်းအရှင်ရဲ့ ပူပန်
စိတ်တွေဟာ အထွဋ်အထိပ်ဆီ ရောက်သွားရ
သည် ။အိုရ် ..အိမ်ရှေ့စံ ဒုက္ခတွေ့နေပြီလား?

နတ်နန်းအရှင်သည် တလှပ်လှပ်တုန်လှုပ်နေတဲ့
နှလုံးသားလေးကို ထိန်းထားရင်း မျက်စိရှေ့က
လမ်းလေးအတိုင်း ပြေးဝင်သွားလိုက်သည် ။

ဝင်္ကပါဆိုတဲ့အတိုင်း ကောက်ကွေ့ ၊ရှုပ်ထွေးနေ
သော လမ်းကြောင်းများစွာတည်ရှိနေသည် ။
လမ်းလယ်မှာ လူမပါတဲ့ စီးတော်မြင်း အချို့
ရပ်တန့်နေတာကိုလည်း တွေ့ရသည်။ပြုတ်ကျ
နေတဲ့ ဓားအချို့ရယ် ၊မီးတုတ်တွေရယ် ပြန့်ကျဲ
နေသည်ကို မြင်လိုက်ရသည်။

အတိုင်းအဆမဲ့ ပူလောင်နေတဲ့ စိတ်တွေကြောင့်
နတ်နန်းအရှင်သည် သတိကပ်နေရင်းကြားကမှ
မျက်ရည်စဝဲလာလေသည် ။ခြေလှမ်းတွေကို
ဘယ်လောက်ပဲ အားကုန်သုံးပါစေ၊နှေးကွေး
လွန်းနေသည်ဟု ထင်ကာ အားမလိုအားမရ
ဖြစ်လာခဲ့သည်။

“အိမ်ရှေ့စံ!!”

ဝင်္ကပါကြီးရဲ့ ဗဟိုအချက်အချာလို့ ဆိုလို့ရတဲ့
ဆုံမှတ်နေရာဆီ နတ်နန်းအရှင် နောက်ဆုံးမှာ
ရောက်လာခဲ့ပေသည်။

လူရိပ်နှစ်ခုလှုပ်ရှားနေတာကို ခပ်မှိန်မှိန်မြင်
တွေ့နေရသည်။ဒါကြောင့် ပူပန်စိတ်က အရင်
ကထက် တဟုန်ထိုးမြင့်တက်လာခဲ့သည်။
ရင်တွင်းမှ လှိုက်တက်လာသောအသံဟာ
“အိမ်ရှေ့စံ”ဟူ၍ ပီပီသသ ထွက်သွားသည်။

“မဖြစ်ဘူး!!!”

နတ်နန်းအရှင် ထိတ်လန့်စွာအော်လိုက်မိသည်။
စူရက်ဘုရင်သည် အိမ်ရှေ့စံ၏ဝမ်းဗိုက်ထဲကို
သူ့ ဓားနှင့် အားကုန်ထိုးသွင်းလိုက်တာကြောင့်
ဖြစ်သည်။ဒါပေမယ့် အိမ်ရှေ့စံက ထိုဓားကို
အမှီရှောင်တိမ်းလိုက်တာမို့ ဝမ်းဗိုက်နဲ့ခါးကြား
ရှပ်ထိရုံမျှ ဖြစ်သွားခဲ့သည်။

“မင်းကရော ဘာလဲ!!!”

ဦးတည်ချက်ပြောင်းသွားတဲ့ စူရက်ဘုရင်ဟာ
ထိတ်လန့်တုန်လှုပ်နေသည့် နတ်နန်းအရှင်ကို
လှည့်ကြည့်ရင်း ဓားနှင့်ခုတ်ဖို့ ရွယ်ကာ တိုးကပ်
သွားခဲ့ပြန်သည် ။နတ်နန်းအရှင်ကလည်း စူရက်
ဘုရင် သူ့ဆီပြေးဝင်လာသည်ကို မရှောင်ရှားဘဲ
ကျောက်ရုပ်လေးလို ရပ်တန့်နေခဲ့သည် ။

ဝမ်းဗိုက်ကို ထိန်းကိုင်လျက် ဒူးထောက်ကျနေပြီ
ဖြစ်တဲ့ အိမ်ရှေ့စံသည် နတ်နန်းအရှင်အတွက်
လွန်စွာပူပန်သွားကာ မတ်တပ်ရပ်နိုင်ဖို့ ဓားကို
မြေမှာစိုက်လိုက်ရင်း အားယူ၍ထဖို့ကြိုးစားနေ
ခဲ့သည်။အရာအားလုံးဟာ အဆင်မပြေ။

နတ်နန်းအရှင်အရှေ့ကို အရှိန်နဲ့ပြေးဝင်လာတဲ့
စူရက်ဘုရင်သည် လေဖိအားတစ်ခုတွန်းကန်ခံ
လိုက်ရသလို ရုပ်ပျက်ဆင်းပျက် အဝေးဆီကို
ခြေကားယားလက်ကားယား လွင့်ထွက်သွား
ခဲ့သည် ။

“မင်း …မင်းက ..ဘာ ..ဘာလဲ .. မင်းကို ငါက
ဘာလို့သတ်လို့မရတာလဲ …”

နတ်နန်းအရှင်ဟာ ရှေ့ကိုဖြည်းဖြည်းချင်း လှမ်း
လိုက်ကာ မြေပြင်ပေါ်လဲနေတဲ့ စူရက်ဘုရင်ကို
နာနာကြည်းကြည်း စိုက်ကြည့်ရင်း ရှေ့တိုးလာ
ခဲ့သည်။

“ငါက နတ်နန်းအရှင်ပဲ ..မင်းကံကြမ္မာကို အခု
တစ်ခါတည်းပြောပြပေးလိုက်ရမလား .. မင်း!
… မကြာခင် ဦးခေါင်းပြတ်တော့မှာ”

စူရက်ဘုရင်ဟာ သွေးပျက်မတတ် တုန်လှုပ်
သွားကာ မျက်နှာလုံးဝ ဖြူစုပ်သွားသည်။

“မဟုတ်ဘူး မင်းလျှောက်ပြောမနေနဲ့ !! “

နတ်နန်းအရှင်သည် စူရက်ဘုရင်ကို  ဘာမှ
ထပ်မပြောတော့ဘဲ၊မတ်တပ်ရပ်ဖို့ကြိုးစားနေ
သည့် အိမ်ရှေ့စံဆီ အသည်းအသန် ပြေးသွားခဲ့
လေသည်။

အနားရောက်လျှင် ရောက်ချင်း ထိန်းပေးမိတော့
အိမ်ရှေ့စံသည် သူ၏ပခုံးနှစ်ဖက်ကို အားယူရင်း
မတ်တပ်ငြိမ်ငြိမ်ရပ်ဖို့ အားတင်းနေပေသည်။

“ အရူးလေး.. ဘာလို့ဒီလောက်ရူးမိုက်ရတာလဲ
မင်း ထိခိုက်မယ်ဆိုတာ မသိဘူးလား ..”

နတ်နန်းအရှင်သည် မျက်ရည်တွေကြားမှ သူ့ကို
ခပ်စွာစွာလေး ဆူပူလာသည်။အမှန်တော့ သူ
ထိခိုက်မယ်ဆိုတာထက် ခမည်းတော် ထိခိုက်
သွားရင်ဆိုတဲ့ အသိကြောင့် ဤသို့ဆုံးဖြတ်ကာ
ဝင်္ကပါဆီ လိုက်လာခဲ့တာဖြစ်သည်။
အိမ်ရှေ့စံသည် နာကျင်နေရင်းမှ လှစ်ခနဲ ခိုးပြုံး
မိသည်။ နတ်နန်းအရှင်ရဲ့ ပခုံးသားလေးတွေကို
လက်နှစ်ဖက်နှင့် ဖျစ်ညှစ်လိုက်မိသည်။

အော် စစ်မြေပြင်အထိ ခင်ဗျားရဲ့အလှတရားကို
ခင်ဗျားကိုယ်တိုင် ဆောင်ယူလာခဲ့တာလား ..။

ကျုပ်ပေးထားတဲ့ ပန်းနုရောင်ဝတ်ရုံလေးနဲ့ ။
ပြီးတော့ ကျုပ် သိပ်သဘောကျရတဲ့ ၊ခင်ဗျား
ညီလာခံမှာတုန်းက ထုံးဖွဲ့လာခဲ့တဲ့  ဆံပင်ပုံစံ
လေးနဲ့ ။ကျုပ်မျက်စိထဲက ခင်ဗျားဟာ သိပ်ကို
အေးချမ်းနေတယ် ။ဝင်္ကပါပတ်ပတ်လည်မှာ
ပန်းပေါင်းစုံဖူးပွင့်လာသလိုပဲ ..။သွေးကွက်
တွေနဲ့ စစ်မြေပြင်လို့ မထင်နိုင်တော့ဘဲ အေးမြ
လန်းဆန်းတဲ့ ရေတံခွန်စမ်းချောင်းလေး လို့
ရုတ်တရက် ကျုပ် ထင်မိသွားတယ် ။

အမှန်တော့ ကျုပ် ခင်ဗျားကို တစ်ခါမှ မမုန်း
ခဲ့ဖူးဘူးဗျ ..ကျုပ် ခင်ဗျားကို ရက်ရက်စက်စက်
ချစ်နေမိတယ်ဆိုတာ အခုမှ ပိုခိုင်မာသွားသလို
ပဲ ။ဒဏ်ရာက မနာကျင်တော့ဘဲ ဒဏ်ရာအပေါ်
က နှလုံးသားနေရာက ခုန်တောင်ခုန်ပေါက်နိုင်
သေးတယ်။

နတ်နန်းအရှင်သည် အိမ်ရှေ့စံရဲ့ ပါးပြင်လေးကို
နူးညံ့ယုယစွာ ထိကိုင်လိုက်သည်။ ခြေဖျားလေး
ဖွဖွထောက်လိုက်သည် ။သိပ်လှတဲ့ မျက်ဝန်းကို
မှိတ်ထားမိလိုက်သည်။မကြာဘဲ သူတို့နှုတ်ခမ်း
တွေ အချင်းချင်း တွေ့ဆုံသွားအောင် ထိကပ်ခဲ့
လိုက်သည် ။

နှုတ်ခမ်းပါးက သူ့နှုတ်ခမ်းဖူးကို စုတ်ယူစားသုံး
နေသလို ခံစားရသည် ။ထိုအချိန်တွင် ခေါင်းထဲ
အသိတစ်ခု ဒိန်းခနဲ ဝင်ရောက်လာသည်။ပါးပြင်
ပေါ်မှာ မျက်ရည်ပေါက်ကြီးငယ်က သည်းထန်
ဆိုးရွားစွာ စတင်ကျဆင်းလာခဲ့ပေသည် ။

“မင်းက နတ်နန်းအရှင်ဆိုရင် မင်းကံကြမ္မာကို
မင်း ကြိုသိရမှာပေါ့ .. မင်း လူတစ်ယောက်နဲ့
နမ်းမိတာနဲ့ မင်း သေသွားရမှာလေ ..”

ဝိညာဥ်အချို့၏ တီးတိုးစကားသံများဟာ
နတ်နန်းအရှင်၏နားတွေထဲ ဆူညံနေအောင်
တိုးဝေ့ဝင်ရောက်လာသည်။
နတ်နန်းအရှင်သည် ကလေးငယ်လေးလိုမျိုး
တရှုံ့ရှုံ့နဲ့ ငိုလိုက်မိသည်။

နတ်နန်းအရှင်နှုတ်ခမ်းဖူးကနေ အဆက်မပြတ်
သွေးတွေ စီးကျလာသည်မို့ အိမ်ရှေ့စံ လုံးဝ
ထိတ်လန့်တုန်လှုပ်သွားခဲ့သည် ။

နတ်နန်းအရှင်ကို ကမန်းကတန်း အိမ်ရှေ့စံ
ဖယ်ခွာခိုင်းလိုက်မိသည်။

“ခင်ဗျား ဘာဖြစ်သွားတာလဲ ဟမ် ! ဖြေပါဦး
ကျုပ် ခင်ဗျားကို ဘာလုပ်မိလိုက်တာလဲ ..“

စကားမဆုံးခင် လက်ထဲက နတ်နန်းအရှင်ဟာ
သူ့ကိုယ်ပေါ် ယိုင်နဲ့ကာ ပြုတ်ကျလာခဲ့သည် ။

“ လောကမှာ ငါ့ကို သတ်နိုင်မယ့် လက်နက်
မရှိဘူးလို့ တွေးမိနေတာနဲ့ ..မင်း အနမ်းလေး
ကို ငါမေ့သွားခဲ့တယ်ထင်တယ် ..”

“အနမ်း? ဘာ ..ဘာလဲ ..ကျုပ်အနမ်းက ..ကျုပ်
နှုတ်ခမ်းက …မဟုတ်မှလွဲရော ခင်ဗျားကို !”

“ဟားးဟားးးဟားးးး!”

စူရက်ဘုရင်ဟာ ဝမ်းခေါင်းသံကြီးနှင့် စူးစူးရှရှ
ကျယ်ကျယ်လောင်လောင် အော်ရယ်နေသည်။

“ဟားးဟားးးဟားးး ဟားးး ပြောတော့ ငါ့ကို
သေမယ်တဲ့ .. သူ အရင်သေရပြီ ဟားးဟားးး
ဟားး ဟားးး အ!”

ရယ်သံမဆုံးခင်ပဲ စူရက်ဘုရင်ရဲ့ ဦးခေါင်းဟာ
လည်ပင်းကနေ ပြတ်ထွက်သွားသည်။
ခန္ဓာကိုယ်ကြီး ဘိုင်းခနဲ ရုပ်ပျက်ဆင်းပျက် လဲ
ကျသွားသည် ။ပြတ်သွားတဲ့ ဦးခေါင်းကလည်း
ခပ်ဝေးဝေးကို ဘောလုံးတစ်လုံးလို လွင့်ထွက်
သွားသည်။

“ခမည်းတော် ..”

နတ်နန်းအရှင်ကို ရင်မှာပွေ့ပိုက်ထားတဲ့အိမ်ရှေ့
စံ၏ တိုးတိုးညှင်းညှင်း ခေါ်သံလေးအပြီးမှာ၊
အရှင်မင်းကြီးဟာ တည်တည်ငြိမ်ငြိမ် သူ့ဆီကို
လှည့်ကြည့်ခဲ့သည် ။မျက်နှာပေါ်မှာ စူရက်ဘုရင်
ရဲ့ သွေးစက်တွေ ပေကျံနေခဲ့သည် ။စိုစွတ်ဟန်
ရှိတဲ့ မျက်လုံးတို့က အသက်မဲ့စွာ နတ်နန်းအရှင်
ကို လှမ်းငေးကြည့်လာခဲ့သည် ။

ခမည်းတော် ငိုတာ ဒီလိုမျိုးပါလား …။

အိမ်ရှေ့စံသည် လက်တွေထဲက နတ်နန်းအရှင်
ကို ကလေးလေးတစ်ယောက်နှယ် ထွေးပိုက်မိ
ပြန်သည် ။မျက်နှာနုနုလေးကို နီးနီးကပ်ကပ်
ငုံ့ကြည့်လိုက်ပြန်သည် ။ မှိတ်သွားတော့မယ့်
မျက်ဝန်းမှေးလေးက ရင်နာစရာကောင်းလှပြီ။
အိမ်ရှေ့စံရဲ့ မျက်ရည်တွေလည်း တာကျိုးသလို
အဆက်မပြတ် စီးဆင်းလာခဲ့သည် ။သားအဖ
နှစ်ယောက်လုံး အသံတိတ်ငိုကြွေးနေတုန်းမှာ
နတ်နန်းအရှင်ရဲ့ မျက်လုံးလေးတွေ မှိတ်ကျသွား
ခဲ့သည် ။အရှင်မင်းကြီးသည် မျက်ရည်တွေကို
လွတ်လပ်ခွင့်မပေးဘဲ အတင်းထိန်းချုပ်ကာ
ပြုံးဖို့ ကြိုးစားနေပြန်သည် ။

သူ့ချစ်ရသူလေးဟာ ကမ္ဘာလောကကြီးဆိုတဲ့
အကျဥ်းခန်းမှ နှစ်ပေါင်း ၁၈၀ ကြာပြီးနောက်
လွတ်မြောက်သွားခဲ့သည် ။

သူ့ရဲ့အကူအညီမယူပါဘဲ သားတော်လေးရဲ့
အကူအညီနဲ့ အကျဥ်းခန်းဆီက လွတ်မြောက်
သွားခဲ့ရှာသည် ။ သူ ထပ်တူ ပျော်ရွှင်မိသလို၊
မခံမရပ်နိုင်လည်း ဝမ်းနည်းမိပါသည်။
အရှင်မင်းကြီးဟာ စူရက်ဘုရင်၏ဦးခေါင်းကို
လက်နှစ်ဖက်နှင့် ယူလိုက်ပြီး၊ ဝင်္ကပါလမ်းကြီးရဲ့
ထွက်ပေါက်ရှိရာဆီ မှန်းဆကာ ဖြည်းဖြည်းချင်း
ထွက်သွားခဲ့သည်။ သားတော်လေးကို နတ်နန်း
အရှင်၏ရုပ်အလောင်းနှင့် ထွက်လာလိမ့်မည်
ဟု သူတွက်ဆကာ တစ်ချက်ပဲလှည့်ကြည့်ရင်း
ကျောခိုင်းခဲ့လိုက်မိသည် ။

ဒါပေမယ့် အိမ်ရှေ့စံဟာ ..

“ခင်ဗျားကလည်း ..ထတော့လေဗျာ ..”
“ကျွန်တော် ခင်ဗျားကို မမုန်းဘူးဆိုတာကို
ခင်ဗျား မသိသွားဘူးမလား ..”
“ကျွန်တော် ခင်ဗျားကို မုန်းရက်နဲ့ ချစ်ခဲ့တာ
ဆိုတာကို သေချာရှင်းပြပေးမယ်လေဗျာ”
“ကျွန်တော်နဲ့ နမ်းလို့ ခင်ဗျား ဒီလိုဖြစ်ရတာ
ဆိုရင် ကျုပ် ခင်ဗျားနှုတ်ခမ်းဖူးလေးကို ဘယ်
နမ်းမလဲဗျ ..ခင်ဗျားပန်းချီကားလေးတွေကိုပဲ
နမ်းရှိုက်ပြီး သည်းခံနေမှာကို ..”

အိမ်ရှေ့စံသည် နတ်နန်းအရှင်၏ကိုယ်လုံးလေး
ကို ရင်ခွင်၌ တင်းတင်းကြပ်ကြပ်ထည့်ဖက်ထား
ကာ စကားတွေအများကြီးပြောရင်း တစိမ့်စိမ့်
ငိုရှိုက်နေခဲ့သည် ။

“ချစ်တယ်” ဟု အိမ်ရှေ့စံ တိုးတိုးလေးရေရွတ်
လိုက်ပေသည်။ နဖူးပြင်လေးကိုရော၊ပါးပြင်
နုနုလေးကိုရော၊ နတ်နန်းအရှင်ရဲ့ နှုတ်ခမ်းဖူး
လေးကိုရော နောက်ဆုံးအနေနဲ့ အိမ်ရှေ့စံ
ညှင်ညှင်သာသာ အနမ်းပေးခဲ့လေသည်။

နံနက်နေထွက်လာတဲ့အခါ ..ဝင်္ကပါကြီးထဲက
မီးခိုးငွေ့တွေ ကောင်းကင်ယံဆီ တွန်းတိုက်ရင်း
ပျံ့လွင့်လာခဲ့ကြသည်။

ကြီးမားတဲ့ ‘အန်တိုဗာဝင်္ကပါကြီး’တစ်ခုလုံးကို 
ဒီမနက်ခင်းမှာ အိမ်ရှေ့စံ အေးအေးဆေးဆေး
မီးရှို့ဖျက်ဆီးနေခဲ့သည်။မီးတောက်တွေကြား၌
သူ ပြုံးရွှင်စွာ လမ်းလျှောက်နေခဲ့ပေသည်။
နတ်နန်းအရှင်၏အလောင်းကို ဝိုင်းရံနေခဲ့တဲ့
မီးတောက်တွေကြားမှာ အိမ်ရှေ့စံတစ်ယောက်
ငြိမ်သက်အေးဆေးစွာ လဲလျောင်းရင်းအိပ်စက်
ခဲ့လိုက်သည်။ ပြီးမှ ..
.
.
.
.

အေးစက်တောင့်တင်းနေတဲ့ ကိုယ်လုံးငယ်လေး
ကို … ယုယုယယ ဆွဲဖက်ထားလိုက်သည် ..။

••••••••••••••••••••••

Thanks for reading🖤

ကျေးဇူးတင်ပါသည် ..။

Continue Reading

You'll Also Like

18.3K 905 43
"aku sangat ingin membunuh mu, jalang!" Jungkook "aku jalang mu tuan, hanya kau yang menawarkan ku uang untuk melayani mu!" *** 🔞💦💦💦adult story...
684 46 11
°•A psyco who is craving for yn and yn hates him so he used his psychopathic way to win yn °•
2K 296 7
Vmin short fanfiction