သခင့်ခြေတော်ရင်း [Completed]

By Ennia_Yawn

141K 5.4K 1.5K

Title - သခင့်ခြေတော်ရင်း (သခင့္ေျခေတာ္ရင္း) Type - Own Creation, Myanmar BL, Mpreg မင်းရဲ့ခန္ဓာကိုယ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Final
Extra (1)
Extra (2)

Chapter 7

3.5K 165 25
By Ennia_Yawn

တစ်နေ့လယ်ခင်းလုံး အဆက်အသွယ်မရ ဖြစ်နေခဲ့သော တေဇအား ရိပ် ပတ်ရှာနေရသည်။

တေဇ၌ နှလုံးရောဂါ ရှိခဲ့သည်။ နှလုံးအစားထိုးကုသမှု ခံယူထားတာလည်း ခြောက်လလောက်သာ ရှိသေးသည်။ ထို့အတွက် အရင်ကတည်းက တေဇအား ဦးမဟာနှင့် ဦးရာဇက အပြင်ကို တေဇတစ်ယောက်တည်း မလွှတ်တတ်ကြဘဲ သက်တော်စောင့်တစ်ယောက်ယောက်နှင့် အတူရှိနေစေခဲ့ကြတာပင်။ လုပ်ကြံမှုပါ ထပ်ကြုံရချိန်၌ သက်တော်စောင့်ကို အိပ်ဆောင်ထဲပါ ထည့်ထားရသည့်အထိ ဖြစ်လာကြသည်။

ရိပ် အစ်ကိုသက်ခွန်းယံဆီ ဆက်သွယ်ကြည့်မိတော့မှသာ တေဇ ဘယ်ရောက်နေလဲ သိရတော့၏။

တေဇရှိရာ ဘားထဲသို့ ရိပ် လိုက်လာခဲ့ရသည်။ ညတောင်မရောက်သေးဘဲ ဘားကောင်တာ၌ ထိုင်ပြီး အရက်သောက်နေသည့် တေဇနားသို့ အမြန်လျှောက်လာခဲ့သည်။

တေဇလက်ထဲက အရက်ခွက်ကို ရိပ် ဆွဲယူလိုက်ပြီး-

"ဘာလို့ဖုန်းကို စက်ပိတ်ထားတာလဲ၊ စောစောစီးစီး အရက်လာသောက်နေရလား၊ ထ၊ ပြန်မယ်"

တေဇ သူ့ဘေးရပ်နေသည့် ရိပ်အား လက်မောင်းမှ လှမ်းဆွဲလိုက်ကာ အံကြိတ်ပြောလိုက်သည်။

"မင်း ငါ့ကို ထိန်းချုပ်ဖို့ ကြိုးစားနေရင် လက်လျှော့လိုက်။ ငါ့ကို ဘယ်သူမှ ထိန်းချုပ်ခွင့်မရှိဘူး၊ အထူးသဖြင့် မင်းလိုလူက ပိုတောင်မရှိဘူး၊ ငါနဲ့ ဝေးဝေးနေ"

တေဇ ထိုကောင်လေးကို ပြန်တွန်းထုတ်လိုက်ပြီး အရက်ကိုသာ ပုလင်းလိုက် ဆွဲမော့တော့၏။

ရိပ် ထိုပုလင်းကို ဆွဲယူဖို့ လက်ထပ်လှမ်းလိုက်ချိန်၌ သူ့ပခုံးထက်သို့ လက်တစ်စုံရောက်ရှိလာတာကြောင့် လှည့်ကြည့်လိုက်သည်။

သက်ခွန်းယံ ရိပ်၏ပခုံးကို သိုင်းဖက်လိုက်ပြီး-

"ရိပ် ကိုယ့်သူငယ်ချင်းကို ထိန်းရတာ ပင်ပန်းတယ်မလား၊ ခဏလွှတ်ထားလိုက်၊ ဒီကောင် သောက်ချင်ရင် အဲ့လိုပဲ၊ တားလို့မရဘူး"

ရိပ် အစ်ကို့အား မော့ကြည့်လိုက်ပြီး ပြုံးလျက်ဖြင့် ခေါင်းညိတ်ပြလိုက်ကာ အစ်ကို သူ့ကို အခုလို သိုင်းဖက်ထားတာကို သ‌ဘောကျနေမိလျက်ရှိသည်။ ဒီအမျိုးသား၏ မျက်နှာသွင်ပြင်က ဘာလို့များ ကိုကိုနဲ့ တော်တော်လေး တူနေတာလဲ မသိ၊ သူတောင် ကိုကိုနဲ့ ထိုမျှလောက် ရုပ်မဆင်ပေ။

"ဒါဆို ကျွန်တော် ဟိုနားက ဝိုင်းမှာပဲ သွားထိုင်စောင့်နေတော့မယ်၊ အစ်ကိုတို့ အေးဆေးစကားပြောကြလေ"

ရိပ် အလိုက်သိစွာ ရှောင်ထွက်ပေးလိုက်ပြီး တေဇနဲ့လည်း ရန်ပြိုင်မဖြစ်ချင်တော့တာကြောင့် ဝိုင်းအလွတ်မှာသာ သွားထိုင်စောင့်ရင်း အစ်ကိုသက်ခွန်းယံကို မျက်တောင်မခတ် ငေးကြည့်နေမိသည်။

သက်ခွန်းယံ တေဇဘေး ဝင်ထိုင်လိုက်ပြီး-

"အဲ့လောက်သောက်မနေနဲ့၊ နေ့လယ်က ငါ အရမ်းစိတ်ဆိုးသွားမိလို့ မင်းပြောတာကို သေချာတောင် နားမ‌ထောင်ပေးလိုက်မိဘူး၊ မင်း အဲ့ကောင်ညီလေးကို ဘယ်လိုတွေ့လာတာလဲ၊ သူ မြန်မာပြည်ပြန်ရောက်နေတာလား"

သူတို့ဝိုင်းကို စိုက်ကြည့်နေပြီး သူ့ထံ၌မူ အကြည့်လုံးဝမရှိသည့် နှောင်ကြိုးရိပ်ကို တေဇ မျက်လုံးစိမ်းများဖြင့် လိုက်ကြည့်နေရင်း-

"အင်း၊ အဲ့ကောင်က ဒီမြေပေါ် ပြန်ရောက်နေရုံတင်မကဘူး၊ ငါတို့နားတောင် လာရဲသေးတယ်"

"ဟက်၊ အစ်ကို့လို သောက်ရှက်မရှိတာ တစ်ပုံစံထဲ ထင်တယ်၊ ဒီတစ်ခါ ငါနဲ့ပါ ပေးတွေ့၊ ငါ သူ့ကိုပါ လည်မျိုညှစ်သတ်ချင်လို့"

သက်ခွန်းယံ သူ့လက်သီးများကို တင်းနေအောင် ဆုပ်လိုက်မိသည်။

"ဦးနေရိပ်ကိုရော အဲ့ကောင်လေးကိုရော ငါ တစ်ခုခု ပြန်လုပ်ရမှကို ကျေနပ်နိုင်မယ်ထင်တယ်။ ဒီကောင်က လုပ်ချင်တာလုပ်ပြီး သေသွားတာ၊ ငါက အရှင်လတ်လတ် ငရဲခံနေရတာ"

ယံ နေ့လယ်ကလို ဒေါသကြီးလာတာကို မြင်လိုက်ရတာကြောင့် အဲ့ကောင်ရဲ့ညီလေးက အခု သူတို့ရှေ့မှာ ထိုင်နေကြောင်း လက်ညှိုးထိုးပြဖို့တောင် တေဇ တန့်သွားရသည်။

သူ ဆက်မပြောတော့ဘဲ ရိပ် ထိုင်နေသည့် ဝိုင်းဆီသို့ ဖျတ်ခနဲ အကြည့်ရောက်သွားချိန်၌ မျက်မှောင်ကြုတ်သွား၏။

"အလှလေးက တစ်ယောက်တည်းမလား၊ အစ်ကို မင်းကို ကြည့်နေတာ ကြာပြီ၊ မင်း ပျင်းနေတယ်ထင်တယ်၊ အဖော်လုပ်ပေးရမလား"

သူ့ဘေး ဇွတ်တရွတ်ဝင်ထိုင်လာသည့် မျက်နှာစိမ်းလူကို ရိပ် အကဲခတ်လိုက်ရင်း ခွက်ချင်းလှမ်းတိုက်လိုက်၏။ မြွေမြွေချင်း ခြေမြင်သကဲ့သို့ ဂေးဂေးချင်း တန်းသိလိုက်ကြသည်။ သူလည်း တကယ် ပျင်းနေတာမို့ ဒီလူနဲ့ စကားစမြည်ဆိုနေလိုက်သည်။

ထိုလူစိမ်း ရိပ်နားသို့ ပိုပိုတိုးကပ်လိုက်မိကာ ရိပ်၏ ပေါင်တံပေါ်သို့ သူ့လက်တစ်ဖက်တင်လိုက်ပြီး အသာပွတ်သပ်လိုက်ရင်း ရိပ်၏ နားရွက်ဖျားနားသို့ ကပ်ပြောလိုက်သည်။

"မင်း ကိုယ့်အခန်းမှာ လိုက်အိပ်မလား၊ ဒါမှမဟုတ် ကိုယ်တို့ဟိုတယ်သွားကြမလား"

အပြစ်တစ်ချက်ဆိုစရာမရှိလောက်အောင် လှပလွန်းလှပါသော ကောင်လေး၏ နုနုဖတ်ဖတ် ပါးပြင်ပေါ်သို့ ထိုလူ ခေါင်းငုံ့ရင်း ဖျတ်ခနဲ နှာခေါင်းဖြင့် ဖိကပ်နမ်းရှိုက်လိုက်သည်။

ထိုအချိန်ခဏလေး၌ သူ့နဖူးတည့်တည့်ကို ဘယ်ကမှန်းမသိသည့် ပုလင်းတစ်လုံး လာမှန်တာကြောင့် ထိုလူ အားခနဲ ထအော်လိုက်မိကာ သူ့နဖူးကို လက်ဖြင့်အုပ်ကိုင်ထားလိုက်မိသည်။

တေဇ ထိုဝိုင်းဆီသို့ ကမူးရှူးထိုး လျှောက်လာ၏။ သူ့မျက်လုံးများက မီးဝင်းဝင်းတောက်လျက်ရှိသည်။ သူ ရိပ်အား လက်မောင်းမှ ဆွဲမ,လိုက်ပြီး ထိုလူစိမ်းနှင့်မျက်နှာချင်းဆိုင်လိုက်ကာ တောက်ခေါက်လိုက်သည်။

"ဒီခွေးသူတောင်းစားက သေချင်နေပြီ"

တေဇ ထိုဝိုင်းပေါ်က ပုလင်းကို ဆွဲယူလိုက်ပြီး ထိုတဏှာရူး‌ကောင်ကို ထပ်ဆော်ဖို့ လက်မြှောက်လိုက်ချိန် ယံ သူ့အား လာပြေးဆွဲသည်။

"ဟေ့ကောင် တော်တော့၊ ဒေါသကို ပတ်မရမ်းနဲ့၊ မင်း ရန်ဖြစ်တာသိရင် မင်းအဖေက မင်းကို အပြင်ထွက်ခွင့်ပိတ်ဦးမယ်"

သက်ခွန်းယံ တေဇလက်ကို ဆွဲထားရင်းဖြင့်သာ ရိပ်ကိုလည်း လှည့်ပြောရသည်။

"ရိပ် ဘာရပ်ကြည့်နေတာတုန်း၊ တေဇကို ခေါ်သွားတော့၊ သူ ဒီနေ့ စိတ်မကြည်ဘူး၊ အိမ်ကို တန်းခေါ်သွားတော့၊ ငါ ဒါတွေရှင်းလိုက်မယ်"

ရိပ် ခေါင်းညိတ်လိုက်ပြီး တေဇကို ဆွဲခေါ်သွားရတော့သည်။

ဘားအပြင်ဖက်ရောက်ချိန်၌ တေဇ ထိုကောင်လေးကို အားဖြင့် ဆွဲယူလိုက်ပြီး ထိုကောင်လေး၏ ပါးပေါ်သို့ လက်ဖြင့် ပွတ်ဆွဲ၊ ဖိဆွဲကာ ဒေါသတကြီးဖြစ်နေဆဲပင်။

"မင်းက တွေ့ရာကောင်နမ်းတာ ခံတာပဲလား"

တေဇ ရိပ်၏ ပါးပေါ်သို့ သူ့လက်ဖြင့် ဆက်တိုက်ဆက်တိုက် ဖိပွတ်ပစ်နေကာ သူ့ကိုယ်သူ ထိန်းလို့မရအောင်ပင် ဒေါသထွက်နေမိသည်။

"မင်းလက်တွေကို ဖယ်စမ်း၊ ငါ့ပါးတွေ ပွန်းတော့မှာပဲ၊ ငါ့ဘာသာ ဘယ်သူနဲ့ နမ်းနမ်း ဘယ်သူနဲ့ အိပ်အိပ် မင်းဆီက ခွင့်ပြုချက်လိုသေးလို့လား"

ရိပ် ကားတံခါးကို ဆွဲဖွင့်လိုက်ပြီး တေဇကို ကားနောက်ခန်းထဲ တွန်းထည့်ပစ်လိုက်သည်။ သူ့အား မကြည်ကြည့် ကြည့်နေသေးသော တေဇကို ဂရုစိုက်မနေတော့ဘဲ ကားတံခါးကို ဂျိန်းခနဲ ပိတ်ချပစ်လိုက်ပြီး သူပါ ကားပေါ်တက်လိုက်ကာ မောင်းထွက်လာခဲ့သည်။

လမ်းတစ်ဝက်လောက်ထိ ငြိမ်နေသော တေဇဆီမှ အသံထွက်လာပြန်သည်။

"မင်း နိုင်ငံခြားမှာ ဘယ်လိုနေလာခဲ့လဲ ငါ တွေးကြည့်လို့တောင် မရဲတော့ဘူး၊ အလုပ်ရှင်ရှေ့မှာတောင် ဖြစ်ချင်သလိုဖြစ်ရဲတာ၊ တစ်ယောက်တည်းဆို အဲ့ကောင်တွေရဲ့ ကုတင်ပေါ်ကိုတောင် လိုက်သွားနေကျမလား"

တေဇ သူ စကားပြောလို့ပင် မပြီးသေးခင် ထိုကောင်က လမ်းအရှင်းကြီး၌ ကားဟွန်းကို ပိတ်တီးနေပြီး ကားကို ရမ်းခါနေအောင် မောင်းလာတာမို့ တေဇ ထိုင်ရက်ကနေပင် ဟန်ချက်ပျက်သွားရသေး၏။

နှောင်ကြိုးရိပ် တေဇကို စိတ်တိုလာသည်။ သူကိုယ်တိုင်ကျ ချုပ်ချယ်မခံချင်ဘဲ သူများကိုတော့ အာဏာသုံးပြီး လာချုပ်နေ၏။ စီးကရက်သောက်ခွင့်ပိတ်ခံရတာနဲ့တင် ကြည်နေတာမဟုတ်၊ မနက်စာ မျက်နှာကြောင့် သည်းခံထားခဲ့ရတာ။

"ငါ့ဘာသာ ဘယ်လိုနေနေ ဘာဖြစ်တုန်း၊ သိချင်နေရင် ပြောပြမယ်၊ ငါက သူတို့ ကုတင်ပေါ် လိုက်သွားစရာမလိုဘူး၊ ငါကပဲ လိုချင်တဲ့သူကို ကုတင်ပေါ် ဆွဲတင်နေကျ၊ ရှင်းလား"

တေဇ ပိုလို့ပင် စိတ်တိုလာသည်။ ဒီကောင်က အထက်ပုဂ္ဂိုလ်လို့လည်း မထင်ထားခဲ့မိ။

သူ ဆက်ပြောချင်သေးသော်ငြား တေဇ သူ့ကိုယ်သူ သတိကပ်သွားသည်။ သူ ဘာလို့ အခုလို ပြဿနာ ထရှာနေမိတာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ပင် နားမလည်ဖြစ်သွား၏။ ကြည့်ရတာ ဒီနှလုံးပိုင်ရှင် သောက်ခွေးရဲ့ ဝိဉာဉ်က သူ့ကိုယ်ထဲ စီးဝင်နေပုံပင်။

"ငါ့မှာ မင်းလို ပျက်စီးနေတဲ့ ညီမျိုး မရှိတာ ကျေးဇူးတင်တယ်"

"ဟက်၊ ငါလည်း မင်းလိုပုံစံမျိုး အစ်ကိုရှိရင် အိမ်မှာတောင် ကြာကြာနေနိုင်မှာ မဟုတ်ဘူး"

ရိပ် သူ့ကားကိုသာ အရှိန်မြှင့် ထပ်မောင်းနှင်သည်။ ဒီကောင်နဲ့ နှစ်ရက်လောက် နေကြည့်တာနဲ့တင် တေဇက သူ့အစ်ကိုနဲ့ တခြားစီဆိုတာ သိလိုက်ရသည်။ သူ့စကားဆို ခေါင်းတောင်မခါရဲသည့် ကိုကို့ကို သူ သတိရမိသည်။

အိမ်ရောက်ချိန်၌ သကောင့်သားက ကားပေါ်က ဇိုးဇိုးဇက်ဇက် ဆင်းသွားပြီး သူ့အဖိုးအိမ်ဝင်းဖက်သို့ တန်းထွက်သွားတာကြောင့် ရိပ် ဆက်မလိုက်တော့ဘဲ ကားကိုသာ ဂိုဒေါင်ထဲ သွားသိမ်းလိုက်တော့သည်။

တေဇ သူ့အဖိုးဧည့်ခန်းထဲ ဝင်လာချိန်၌ သူ့အဖေပါ ရှိနေတာကို တွေ့လိုက်ရသည်။

"မြေး အစောကြီး ပြန်လာလို့ပါလား၊ လာလေ"

တေဇ သူ့အဖိုးနား ဝင်ထိုင်လိုက်ပြီး-

"ကျွန်တော် လက်ထပ်ချင်တဲ့သူကို ရှာမတွေ့သေးပေမယ့် အခု မဖြစ်မနေ လက်ထပ်ရမယ်ဆို အဖိုးဟိုနေ့ကပြတဲ့ လင်းညှို့လား၊ အဲ့တစ်ယောက်နဲ့တော့ မယူချင်ဘူး၊ ကျွန်တော် ယူချင်တဲ့သူ သက်သက်ရှိတယ်၊ ဖိုး ကျွန်တော့်ကို သူနဲ့ သဘောတူရမယ်၊ သူ့ဖက်က လက်မထပ်ချင်ဘူးဆိုလည်း ဖိုး အာဏာသုံးပြီး လုပ်ပေး"

"ဟေ၊ ငါ့မြေးက ရှာတောင်တွေ့သွားပြီလား၊ မြေးသာ ယူချင်တယ်ဆို ဒီအဖိုးက ဖမ်းတောင်ခေါ်ပေးမှာ"

ဦးရာဇ ထိုမြေးအဖိုးအား ထုံးစံအတိုင်း ဒေါသထွက်ရပြန်သည်။ ဖိုးအေကလည်း မြေးကို ဆုံးမဖို့ တစ်ချက်မတွေး။ နှလုံးအလှူရှင် ရှာမရခဲ့သည့် တေဇကို သူတို့ အပြီးလက်လွှတ်ရလုနီးနီး ဖြစ်ခဲ့တာကြောင့် ခွဲစိတ်မှုပြီးသော အခုနောက်ပိုင်း၌ အဖေက သူ့မြေးကို ပိုလို့ပင် အချစ်ကြီးလာခဲ့သည်။ 

"အဖေ ကလေးကို မဆုံးမဘဲ မြှောက်ထိုးပင့်ကော် လုပ်ပြန်ပြီ၊ တစ်ဖက်လူက ဘယ်သူမှန်းလည်း မသိဘဲ အခုလို ဇွတ်သ‌ဘောတူလို့ဖြစ်မလား။ မင်း ဘယ်သူ့ကို ချိန်နေတာလဲ တေဇ"

"အဖေ မသိလည်း ဖြစ်တယ်"

"ငါ လုပ်လိုက်ရ"

တေဇ သူ့အဖိုး ပခုံးပေါ်ကိုသာ ခေါင်းမှီလိုက်ပြီး-

"ကျွန်တော် သူနဲ့ လက်ထပ်ပြီးလည်း ကျွန်တော် ရှာနေတဲ့သူတွေ့ရင် ထပ်လက်ထပ်မှာပဲနော်"

"ဖြစ်စေရမယ်၊ အဲ့ကောင်လေးက ဘယ်သူလည်း ပြောလေ၊ ဖိုး ဒါတွေ သူ့ကို ကြိုပြောထားပေးမယ်၊ နောက်မှ မြေးကို ချုပ်လားကိုင်လား အလုပ်တော့မခံနိုင်ဘူး"

ဦးရာဇ ထိုဝိုင်းက ချက်ချင်း ထထွက်သွားတော့သည်။ သူ ထပ်နားထောင်မိရင် သားရော အဖေရောကို တစ်ခုခုလုပ်မိတော့မည် ထင်၏။

တေဇ သူ့အဖိုးကို ခေါင်းညိတ်ပြပြီး ကြိတ်ပြုံးလိုက်မိသည်။

------------------

ပုပ္ပားတောင်ကလပ်ရှိရာ တောင်ခြေကနေ လမ်းလျှောက်သွားလျှင်ပင် ဆယ့်ငါးမိနစ်ခန့်သာ အချိန်ပေးရသော အကွာအဝေး၌ ဦးနေရိပ်ပိုင်ဆိုင်သည့် နှစ်ထပ်တိုက်လေးတစ်လုံးရှိသည်။ သူ့ထံ၌ ပိုင်ဆိုင်မှုဟူ၍ ဒီအိမ်ဝင်းလေးနှင့် အဖော်အဖြစ်လည်း သက်တော်စောင့်ငါးယောက်ခန့်သာ ကျန်ရှိသည်။

အထည်ကြီးပျက်ဟုဆိုနိုင်သည့် သူ့ထံ၌ သားနှင့်ချွေးမ မရှိတော့ကတည်းက ကြည့်ရှုစောင့်ရှောက်စရာဆိုလို့ မြေးလေးနှစ်ယောက်သာ ရှိခဲ့ရာမှ အခုတော့ သူ အလွန်မြတ်နိုးတန်ဖိုးထားရသည့် မြေးအကြီးလေးကတော့ မရှိတော့။ နောင်ရိုးရိပ်ဟူသည့်ကလေးက သူ့အတွက်တော့ တောင်ဝှေးတစ်ချောင်းကဲ့သို့ အားကိုးအားထားပြုခဲ့ရသူ ဖြစ်သည်။ ဆရာဝန်တစ်ယောက်ဖြစ်သည့် ထိုကောင်လေးက သူကိုယ်တိုင် ကြိုးစားရုံတင်မကဘဲ သူ့ညီလေးကိုပါ နိုင်ငံခြားမှာ ကျောင်းထားနိုင်အောင်ထိ ကြိုးစားပေးကာ အစ်ကိုကောင်းပီသခဲ့သူဖြစ်သည်။

မြေးအငယ်လေးကို ငယ်ငယ်ကတည်းက ဦးနေရိပ် သိပ်ဓာတ်မကျခဲ့သော်ငြား ထိုညီအစ်ကိုနှစ်ယောက်ကတော့ အလွန်ကိုမှ ပလူးပလဲနေတတ်ကြကာ အချင်းချင်းလည်း တော်တော်လေးကိုမှ ချစ်ကြသူတွေဖြစ်သည်။

မြေးအငယ်လေး၌ ထူးခြားမှုတစ်ခုရှိ၏။ သူ့အစ်ကို တစ်ခုခုဖြစ်နေလျှင် သူ့ခန္ဓာကိုယ်ကပါ ပြင်းပြင်းထန်ထန် လိုက်ပါနာကျင်တတ်ခြင်းပင်။ ဘာကြောင့်လဲ သူလည်း မသိ၊ ထိုကလေးနှစ်ယောက်လည်း မသိ။ ထိုကလေးရဲ့ မွေးရာပါ အားသာချက်လား၊ အားနည်းချက်လားပင် မပြောတတ်ပါပေ။

ဦးနေရိပ် ဧည့်ခန်းထဲ၌ စိတ်ပျက်လက်ပျက် မှီထိုင်နေရင်း သူ့မြေးငယ်ကို တေဇနားက ဘယ်လိုခေါ်ထုတ်ရမလဲ ခေါင်းပူမတတ် စဉ်းစားနေသည်။

"သခင်ကြီး သခင်ကြီး၊ တေဇဓိရာဇ် အပြင်မှာရောက်နေတယ်"

ဦးနေရိပ်၏ခါးရော ခေါင်းပါ မတ်ခနဲ။ သတင်းပေး၏ စကားပင်မဆုံးခင် တေဇ အိမ်ထဲဝင်လာပြီမို့ ဦးနေရိပ် ထရပ်လိုက်ရကာ ရို့ကျိုးစွာ ခန္ဓာကိုယ်ကို ကျုံ့ထားလိုက်မိသည်။

တေဇ သူ့စံအိမ်ထဲက သူ့အိပ်‌ဆောင်လောက်တောင် မကျယ်သည့် အိမ်‌ကို မျက်စိတစ်ချက်ဝေ့ကြည့်လိုက်ပြီး ဆိုဖာ၌ ဝင်ထိုင်လိုက်၏။ ရှူးဖိနပ်ကိုပင် မချွတ်ဘဲ ကောဇော်ပေါ်ကို နင်းလာခဲ့သော်လည်း ဘယ်သူမှ ဘာမှမဆိုရဲဘဲ ဦးနေရိပ် မျက်ရိပ်ပြလိုက်ချိန်၌ ဦးနေရိပ်နောက်က သက်တော်စောင့်က ချက်ချင်းလိုလို တေဇရှေ့ ဒူးတစ်ဖက်ထောက်ထိုင်ရင်း ရှူးဖိနပ်ကို တရိုတသေ ချွတ်ပေးလိုက်ရသည်။

ဦးနေရိပ် တေဇနား ခပ်ရွံ့ရွံ့တိုးကပ်သွားလိုက်ရင်း-

"သခင်လေး ဘာကိစ္စများရှိလို့ ဒီထိတောင် ရောက်လာရတာလဲ"

တေဇ သူ့ခြေထောက်ကို ဆိုဖာရှေ့က ကော်ဖီတင်စားပွဲပေါ် နှစ်ဖက်လုံး တင်လိုက်ကာ-

"နောက်ဆို ကျုပ်ဖိနပ်တွေကို ချွတ်ပေးဖို့ တာဝန်က ခင်ဗျားမြေးရဲ့တာဝန်ဖြစ်လာမှာ။ သူက ကျုပ်နားကို သတ္တိကောင်းကောင်းနဲ့ လာကပ်နေတာဆိုတော့"

ဦးနေရိပ် ထိတ်ခနဲ ဖြစ်သွား၏။ ရိပ်က သူ့မြေးမှန်း တေဇ သိသွားခဲ့ပြီမို့ သူ တေဇရှေ့ ဒူးပဲထောက်ရမလို၊ လက်အုပ်ပဲ ကောက်ချီရတော့မလိုပင် ဖြစ်သွားခဲ့ရသည်။

"သခင်လေး အထင်မလွဲပါနဲ့၊ အဲ့ကလေးက သခင်လေးအပေါ် မကောင်းတဲ့အကြံအစည်မျိုး မရှိပါဘူး။ အဲ့ကလေး သူ့အစ်ကိုအပေါ် အစွဲအလမ်းကြီးနေတုန်းမို့ သခင်လေးကို သူ့အစ်ကိုထင်ပြီး ကပ်တွယ်ဖို့ ကြိုးစားနေရုံပါ"

ဦးနေရိပ် ခေါင်းကို အနည်းငယ် ထပ်ငုံ့လိုက်ပြီး-

"ဦးလေး သူ့ကို မနက်ဖြန် ချက်ချင်း ပြန်ခေါ်သွားပါ့မယ်။ အဲ့ကလေးက သူ့အစ်ကို မရှိတော့ဘူးဆိုတာကို လက်ခံဖို့တောင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ကုခဲ့ရတာပါ"

"ဟက်၊ အဲ့ဒါကြောင့် အဲ့ကောင်စိတ်က ပုံမှန်မဟုတ်ဘူးလို့ ထင်သားပဲ။ ကျုပ် ခင်ဗျားတို့ကို သတိပေးခဲ့ပြီးသား၊ ခင်ဗျားတို့ဖက်က ကျုပ်စည်းကို လာကျော်ရင် ခင်ဗျားလို အဖိုးကြီးကိုတောင် ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောပြီးသား။ ခင်ဗျားမြေးက လုပ်ချင်တာလုပ်ပြီး လွယ်လွယ်လေး သေသွားတာ၊ တစ်ဖက်မိသားစုက ခင်ဗျားမြေးကြောင့် နစ်နာခဲ့ရတာ"

ဦးနေရိပ် ခေါင်းသာအငုံ့ကြီးငုံ့ထားမိတော့သည်။ သူ့မှာ ဖြေရှင်းစရာ အင်အားရော အခြေအနေပါ တကယ်မရှိတော့ပါပေ။

"လာရင်းကိစ္စက နှောင်ကြိုးရိပ်ကို ကျုပ်ရဲ့ ဒုတိယအိမ်ထောင်ဖက်နေရာမှာ ထားချင်တယ်၊ ဒါ လာကမ်းလှမ်းတာ မဟုတ်ဘူး၊ သူ့အုပ်ထိန်းသူကို အသိလာပေးတာ၊ သူ့ခြေထောက်နဲ့သူ ကျုပ်ဆီ ဝင်လာခဲ့တာအတွက် သူ့ဆန္ဒနဲ့သူ ပြန်ထွက်သွားခွင့်မရှိတော့ဘူး။ ခင်ဗျား ဒါကို လက်မခံဘူးဆိုရင် ခင်ဗျားတို့တစ်အိမ်လုံး ဘာဖြစ်သွားမလဲဆိုတာ ပြောစရာမလိုတော့ဘူးဟုတ်၊ ပြန်ဦးမယ်"

တေဇ ထရပ်လိုက်ပြီး အခုအခြေအနေကို ကြိတ်မနိုင်ခဲမရ ဖြစ်နေသည့် အဖိုးကြီးကို သရော်ပြုံးပြုံးကြည့်လိုက်သည်။ ထို့နောက် အိမ်ထဲမှ ပြန်ထွက်လာခဲ့သည်။

သူ့အား တာဝန်ကျေစွာ အပျောက်မခံသော ရိပ်ဆီက ဖုန်းတွေကလည်း တောက်လျှောက်မြည်နေဆဲပင်။ တေဇ ထိုအဝင်ဖုန်းတွေကို လျစ်လျူရှုထားလိုက်သည်။

ဒီညတော့ တေဇ ‌ယံ့ဆီလည်း မသွားတော့ဘဲ အိမ်သို့သာ တန်းပြန်လာခဲ့မိသည်။ သူ အခုတလော အိမ်ကိုပဲ စောစောပြန်ချင်နေတတ်လေသည်။

အိပ်ဆောင်ထဲဝင်လာချိန်၌ ကုတင်ပေါ် ကျောသာ လှဲချထားပြီး ခြေထောက်တွေ တွဲလောင်းချထားသည့် ရိပ်ကို တွေ့လိုက်ရသည်။ ထိုကောင်လေး သူ့ကို ဖုန်းခေါ်နေရင်း ရင်ဘတ်ပေါ် ဖုန်းတင်ပြီး အိပ်ပျော်နေတာ မြင်လိုက်ရ၏။

"ငါ ပျောက်သွားရင် ဖုန်းခေါ်တာအပြင် မလုပ်တတ်ဘူးလား"

တေဇ ကြိမ်းလိုက်သော်လည်း ထိုကောင်လေးက ကိုးလိုးကန့်လန့်ကြီး နေရင်း အိပ်ပျော်နေသည်။

တေဇ သူ့အပေါ်ကုတ်ကို ချွတ်လိုက်ရင်း ကြယ်သီးနှစ်လုံးကို ဆွဲချွတ်လိုက်ပြီး သက်ပြင်းသာ ချလိုက်မိ၏။ ထို့နောက် ရေချိုးခန်းဝင်ဖို့ လှည့်ထွက်သွားပြီးမှ ကုတင်ပေါ်က ကောင်လေးကို ကြည့်ရတာ စိတ်မသက်သာတာမို့ ကုတင်အောက်ကျနေသည့် ခြေထောက်နှစ်ချောင်းကို တင်ပေးဖို့ ပြန်လှည့်လာသည်။

ထိုကောင်လေး၏ ဒူးအောက်နှင့် ပခုံးအောက်မှ လက်လျှိုဝင်လိုက်ကာ ရိပ်ကို မ,ယူလိုက်ပြီး အိပ်ရာပေါ်သို့ ပွေ့တင်ပေးလိုက်သည်။

ထို့နောက် ရိပ် နဖူးပေါ် လက်အုပ်တင်လိုက်ပြီး-

/ မင်းက ငါ့ကို မင်းအစ်ကိုလို့ ထင်နေတာကိုး၊ ငါက မင်းအစ်ကိုလို မဟုတ်ဘူးဆိုတာကို သေချာပြပေးမယ် /

ရိပ် လန့်နိုးသွားကာ သူ့အား မိုးကြည့်နေသော တေဇကို မြင်လိုက်ချိန်၌ မျက်လုံးပြန်မှိတ်သွားပြီး ကျောခိုင်းသွားသည်။

"ပြန်ရောက်ရင် နားတော့၊ မင်းပြန်ရောက်ပြီဆို ငါလည်း အိပ်တော့မယ်။ အိပ်ရင် မီးအကုန်ပိတ်နော်၊ ငါ မီးလင်းနေရင် ကောင်းကောင်းအိပ်မပျော်ဘူး၊ တံခါးတွေ သေချာလိုက်စစ်ပြီး ပိတ်ပေးဦး"

ရိပ် မီးအလင်းရောင်ကြောင့် စောင်အောက်ထဲ ခေါင်းသွင်းထားလိုက်ပြီး ဆက်အိပ်၏။

တေဇတစ်ယောက် အခု ဘယ်သူက သခင်လဲ၊ ဘယ်သူက သက်တော်စောင့်လဲပင် မကွဲပြားတော့တာမို့ ဆွံ့အသွားရလျက်ရှိသည်။

"မင်းတော့ ငါ လုပ်ရင် သေတော့မယ်"

ထိုသို့ကြိမ်းရင်း တေဇ ရေချိုးခန်းထဲ တန်းဝင်သွားတော့သည်။

________________________

14.11.2023

[Zawgyi]

တစ္ေန႕လယ္ခင္းလုံး အဆက္အသြယ္မရ ျဖစ္ေနခဲ့ေသာ ေတဇအား ရိပ္ ပတ္ရွာေနရသည္။

ေတဇ၌ ႏွလုံးေရာဂါ ရွိခဲ့သည္။ ႏွလုံးအစားထိုးကုသမႈ ခံယူထားတာလည္း ေျခာက္လေလာက္သာ ရွိေသးသည္။ ထို႔အတြက္ အရင္ကတည္းက ေတဇအား ဦးမဟာႏွင့္ ဦးရာဇက အျပင္ကို ေတဇတစ္ေယာက္တည္း မလႊတ္တတ္ၾကဘဲ သက္ေတာ္ေစာင့္တစ္ေယာက္ေယာက္ႏွင့္ အတူရွိေနေစခဲ့ၾကတာပင္။ လုပ္ႀကံမႈပါ ထပ္ႀကဳံရခ်ိန္၌ သက္ေတာ္ေစာင့္ကို အိပ္ေဆာင္ထဲပါ ထည့္ထားရသည့္အထိ ျဖစ္လာၾကသည္။

ရိပ္ အစ္ကိုသက္ခြန္းယံဆီ ဆက္သြယ္ၾကည့္မိေတာ့မွသာ ေတဇ ဘယ္ေရာက္ေနလဲ သိရေတာ့၏။

ေတဇရွိရာ ဘားထဲသို႔ ရိပ္ လိုက္လာခဲ့ရသည္။ ညေတာင္မေရာက္ေသးဘဲ ဘားေကာင္တာ၌ ထိုင္ၿပီး အရက္ေသာက္ေနသည့္ ေတဇနားသို႔ အျမန္ေလွ်ာက္လာခဲ့သည္။

ေတဇလက္ထဲက အရက္ခြက္ကို ရိပ္ ဆြဲယူလိုက္ၿပီး-

"ဘာလို႔ဖုန္းကို စက္ပိတ္ထားတာလဲ၊ ေစာေစာစီးစီး အရက္လာေသာက္ေနရလား၊ ထ၊ ျပန္မယ္"

ေတဇ သူ႕ေဘးရပ္ေနသည့္ ရိပ္အား လက္ေမာင္းမွ လွမ္းဆြဲလိုက္ကာ အံႀကိတ္ေျပာလိုက္သည္။

"မင္း ငါ့ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနရင္ လက္ေလွ်ာ့လိုက္။ ငါ့ကို ဘယ္သူမွ ထိန္းခ်ဳပ္ခြင့္မရွိဘူး၊ အထူးသျဖင့္ မင္းလိုလူက ပိုေတာင္မရွိဘူး၊ ငါနဲ႕ ေဝးေဝးေန"

ေတဇ ထိုေကာင္ေလးကို ျပန္တြန္းထုတ္လိုက္ၿပီး အရက္ကိုသာ ပုလင္းလိုက္ ဆြဲေမာ့ေတာ့၏။

ရိပ္ ထိုပုလင္းကို ဆြဲယူဖို႔ လက္ထပ္လွမ္းလိုက္ခ်ိန္၌ သူ႕ပခုံးထက္သို႔ လက္တစ္စုံေရာက္ရွိလာတာေၾကာင့္ လွည့္ၾကည့္လိုက္သည္။

သက္ခြန္းယံ ရိပ္၏ပခုံးကို သိုင္းဖက္လိုက္ၿပီး-

"ရိပ္ ကိုယ့္သူငယ္ခ်င္းကို ထိန္းရတာ ပင္ပန္းတယ္မလား၊ ခဏလႊတ္ထားလိုက္၊ ဒီေကာင္ ေသာက္ခ်င္ရင္ အဲ့လိုပဲ၊ တားလို႔မရဘူး"

ရိပ္ အစ္ကို႔အား ေမာ့ၾကည့္လိုက္ၿပီး ၿပဳံးလ်က္ျဖင့္ ေခါင္းညိတ္ျပလိုက္ကာ အစ္ကို သူ႕ကို အခုလို သိုင္းဖက္ထားတာကို သ‌ေဘာက်ေနမိလ်က္ရွိသည္။ ဒီအမ်ိဳးသား၏ မ်က္ႏွာသြင္ျပင္က ဘာလို႔မ်ား ကိုကိုနဲ႕ ေတာ္ေတာ္ေလး တူေနတာလဲ မသိ၊ သူေတာင္ ကိုကိုနဲ႕ ထိုမွ်ေလာက္ ႐ုပ္မဆင္ေပ။

"ဒါဆို ကြၽန္ေတာ္ ဟိုနားက ဝိုင္းမွာပဲ သြားထိုင္ေစာင့္ေနေတာ့မယ္၊ အစ္ကိုတို႔ ေအးေဆးစကားေျပာၾကေလ"

ရိပ္ အလိုက္သိစြာ ေရွာင္ထြက္ေပးလိုက္ၿပီး ေတဇနဲ႕လည္း ရန္ၿပိဳင္မျဖစ္ခ်င္ေတာ့တာေၾကာင့္ ဝိုင္းအလြတ္မွာသာ သြားထိုင္ေစာင့္ရင္း အစ္ကိုသက္ခြန္းယံကို မ်က္ေတာင္မခတ္ ေငးၾကည့္ေနမိသည္။

သက္ခြန္းယံ ေတဇေဘး ဝင္ထိုင္လိုက္ၿပီး-

"အဲ့ေလာက္ေသာက္မေနနဲ႕၊ ေန႕လယ္က ငါ အရမ္းစိတ္ဆိုးသြားမိလို႔ မင္းေျပာတာကို ေသခ်ာေတာင္ နားမ‌ေထာင္ေပးလိုက္မိဘူး၊ မင္း အဲ့ေကာင္ညီေလးကို ဘယ္လိုေတြ႕လာတာလဲ၊ သူ ျမန္မာျပည္ျပန္ေရာက္ေနတာလား"

သူတို႔ဝိုင္းကို စိုက္ၾကည့္ေနၿပီး သူ႕ထံ၌မူ အၾကည့္လုံးဝမရွိသည့္ ေႏွာင္ႀကိဳးရိပ္ကို ေတဇ မ်က္လုံးစိမ္းမ်ားျဖင့္ လိုက္ၾကည့္ေနရင္း-

"အင္း၊ အဲ့ေကာင္က ဒီေျမေပၚ ျပန္ေရာက္ေန႐ုံတင္မကဘူး၊ ငါတို႔နားေတာင္ လာရဲေသးတယ္"

"ဟက္၊ အစ္ကို႔လို ေသာက္ရွက္မရွိတာ တစ္ပုံစံထဲ ထင္တယ္၊ ဒီတစ္ခါ ငါနဲ႕ပါ ေပးေတြ႕၊ ငါ သူ႕ကိုပါ လည္မ်ိဳညွစ္သတ္ခ်င္လို႔"

သက္ခြန္းယံ သူ႕လက္သီးမ်ားကို တင္းေနေအာင္ ဆုပ္လိုက္မိသည္။

"ဦးေနရိပ္ကိုေရာ အဲ့ေကာင္ေလးကိုေရာ ငါ တစ္ခုခု ျပန္လုပ္ရမွကို ေက်နပ္နိုင္မယ္ထင္တယ္။ ဒီေကာင္က လုပ္ခ်င္တာလုပ္ၿပီး ေသသြားတာ၊ ငါက အရွင္လတ္လတ္ ငရဲခံေနရတာ"

ယံ ေန႕လယ္ကလို ေဒါသႀကီးလာတာကို ျမင္လိုက္ရတာေၾကာင့္ အဲ့ေကာင္ရဲ႕ညီေလးက အခု သူတို႔ေရွ႕မွာ ထိုင္ေနေၾကာင္း လက္ညွိုးထိုးျပဖို႔ေတာင္ ေတဇ တန႔္သြားရသည္။

သူ ဆက္မေျပာေတာ့ဘဲ ရိပ္ ထိုင္ေနသည့္ ဝိုင္းဆီသို႔ ဖ်တ္ခနဲ အၾကည့္ေရာက္သြားခ်ိန္၌ မ်က္ေမွာင္ၾကဳတ္သြား၏။

"အလွေလးက တစ္ေယာက္တည္းမလား၊ အစ္ကို မင္းကို ၾကည့္ေနတာ ၾကာၿပီ၊ မင္း ပ်င္းေနတယ္ထင္တယ္၊ အေဖာ္လုပ္ေပးရမလား"

သူ႕ေဘး ဇြတ္တ႐ြတ္ဝင္ထိုင္လာသည့္ မ်က္ႏွာစိမ္းလူကို ရိပ္ အကဲခတ္လိုက္ရင္း ခြက္ခ်င္းလွမ္းတိုက္လိုက္၏။ ေႁမြေႁမြခ်င္း ေျချမင္သကဲ့သို႔ ေဂးေဂးခ်င္း တန္းသိလိုက္ၾကသည္။ သူလည္း တကယ္ ပ်င္းေနတာမို႔ ဒီလူနဲ႕ စကားစျမည္ဆိုေနလိုက္သည္။

ထိုလူစိမ္း ရိပ္နားသို႔ ပိုပိုတိုးကပ္လိုက္မိကာ ရိပ္၏ ေပါင္တံေပၚသို႔ သူ႕လက္တစ္ဖက္တင္လိုက္ၿပီး အသာပြတ္သပ္လိုက္ရင္း ရိပ္၏ နား႐ြက္ဖ်ားနားသို႔ ကပ္ေျပာလိုက္သည္။

"မင္း ကိုယ့္အခန္းမွာ လိုက္အိပ္မလား၊ ဒါမွမဟုတ္ ကိုယ္တို႔ဟိုတယ္သြားၾကမလား"

အျပစ္တစ္ခ်က္ဆိုစရာမရွိေလာက္ေအာင္ လွပလြန္းလွပါေသာ ေကာင္ေလး၏ ႏုႏုဖတ္ဖတ္ ပါးျပင္ေပၚသို႔ ထိုလူ ေခါင္းငုံ႕ရင္း ဖ်တ္ခနဲ ႏွာေခါင္းျဖင့္ ဖိကပ္နမ္းရွိုက္လိုက္သည္။

ထိုအခ်ိန္ခဏေလး၌ သူ႕နဖူးတည့္တည့္ကို ဘယ္ကမွန္းမသိသည့္ ပုလင္းတစ္လုံး လာမွန္တာေၾကာင့္ ထိုလူ အားခနဲ ထေအာ္လိုက္မိကာ သူ႕နဖူးကို လက္ျဖင့္အုပ္ကိုင္ထားလိုက္မိသည္။

ေတဇ ထိုဝိုင္းဆီသို႔ ကမူးရႉးထိုး ေလွ်ာက္လာ၏။ သူ႕မ်က္လုံးမ်ားက မီးဝင္းဝင္းေတာက္လ်က္ရွိသည္။ သူ ရိပ္အား လက္ေမာင္းမွ ဆြဲမ,လိုက္ၿပီး ထိုလူစိမ္းႏွင့္မ်က္ႏွာခ်င္းဆိုင္လိုက္ကာ ေတာက္ေခါက္လိုက္သည္။

"ဒီေခြးသူေတာင္းစားက ေသခ်င္ေနၿပီ"

ေတဇ ထိုဝိုင္းေပၚက ပုလင္းကို ဆြဲယူလိုက္ၿပီး ထိုတဏွာ႐ူး‌ေကာင္ကို ထပ္ေဆာ္ဖို႔ လက္ျမႇောက္လိုက္ခ်ိန္ ယံ သူ႕အား လာေျပးဆြဲသည္။

"ေဟ့ေကာင္ ေတာ္ေတာ့၊ ေဒါသကို ပတ္မရမ္းနဲ႕၊ မင္း ရန္ျဖစ္တာသိရင္ မင္းအေဖက မင္းကို အျပင္ထြက္ခြင့္ပိတ္ဦးမယ္"

သက္ခြန္းယံ ေတဇလက္ကို ဆြဲထားရင္းျဖင့္သာ ရိပ္ကိုလည္း လွည့္ေျပာရသည္။

"ရိပ္ ဘာရပ္ၾကည့္ေနတာတုန္း၊ ေတဇကို ေခၚသြားေတာ့၊ သူ ဒီေန႕ စိတ္မၾကည္ဘူး၊ အိမ္ကို တန္းေခၚသြားေတာ့၊ ငါ ဒါေတြရွင္းလိုက္မယ္"

ရိပ္ ေခါင္းညိတ္လိုက္ၿပီး ေတဇကို ဆြဲေခၚသြားရေတာ့သည္။

ဘားအျပင္ဖက္ေရာက္ခ်ိန္၌ ေတဇ ထိုေကာင္ေလးကို အားျဖင့္ ဆြဲယူလိုက္ၿပီး ထိုေကာင္ေလး၏ ပါးေပၚသို႔ လက္ျဖင့္ ပြတ္ဆြဲ၊ ဖိဆြဲကာ ေဒါသတႀကီးျဖစ္ေနဆဲပင္။

"မင္းက ေတြ႕ရာေကာင္နမ္းတာ ခံတာပဲလား"

ေတဇ ရိပ္၏ ပါးေပၚသို႔ သူ႕လက္ျဖင့္ ဆက္တိုက္ဆက္တိုက္ ဖိပြတ္ပစ္ေနကာ သူ႕ကိုယ္သူ ထိန္းလို႔မရေအာင္ပင္ ေဒါသထြက္ေနမိသည္။

"မင္းလက္ေတြကို ဖယ္စမ္း၊ ငါ့ပါးေတြ ပြန္းေတာ့မွာပဲ၊ ငါ့ဘာသာ ဘယ္သူနဲ႕ နမ္းနမ္း ဘယ္သူနဲ႕ အိပ္အိပ္ မင္းဆီက ခြင့္ျပဳခ်က္လိုေသးလို႔လား"

ရိပ္ ကားတံခါးကို ဆြဲဖြင့္လိုက္ၿပီး ေတဇကို ကားေနာက္ခန္းထဲ တြန္းထည့္ပစ္လိုက္သည္။ သူ႕အား မၾကည္ၾကည့္ ၾကည့္ေနေသးေသာ ေတဇကို ဂ႐ုစိုက္မေနေတာ့ဘဲ ကားတံခါးကို ဂ်ိန္းခနဲ ပိတ္ခ်ပစ္လိုက္ၿပီး သူပါ ကားေပၚတက္လိုက္ကာ ေမာင္းထြက္လာခဲ့သည္။

လမ္းတစ္ဝက္ေလာက္ထိ ၿငိမ္ေနေသာ ေတဇဆီမွ အသံထြက္လာျပန္သည္။

"မင္း နိုင္ငံျခားမွာ ဘယ္လိုေနလာခဲ့လဲ ငါ ေတြးၾကည့္လို႔ေတာင္ မရဲေတာ့ဘူး၊ အလုပ္ရွင္ေရွ႕မွာေတာင္ ျဖစ္ခ်င္သလိုျဖစ္ရဲတာ၊ တစ္ေယာက္တည္းဆို အဲ့ေကာင္ေတြရဲ႕ ကုတင္ေပၚကိုေတာင္ လိုက္သြားေနက်မလား"

ေတဇ သူ စကားေျပာလို႔ပင္ မၿပီးေသးခင္ ထိုေကာင္က လမ္းအရွင္းႀကီး၌ ကားဟြန္းကို ပိတ္တီးေနၿပီး ကားကို ရမ္းခါေနေအာင္ ေမာင္းလာတာမို႔ ေတဇ ထိုင္ရက္ကေနပင္ ဟန္ခ်က္ပ်က္သြားရေသး၏။

ေႏွာင္ႀကိဳးရိပ္ ေတဇကို စိတ္တိုလာသည္။ သူကိုယ္တိုင္က် ခ်ဳပ္ခ်ယ္မခံခ်င္ဘဲ သူမ်ားကိုေတာ့ အာဏာသုံးၿပီး လာခ်ဳပ္ေန၏။ စီးကရက္ေသာက္ခြင့္ပိတ္ခံရတာနဲ႕တင္ ၾကည္ေနတာမဟုတ္၊ မနက္စာ မ်က္ႏွာေၾကာင့္ သည္းခံထားခဲ့ရတာ။

"ငါ့ဘာသာ ဘယ္လိုေနေန ဘာျဖစ္တုန္း၊ သိခ်င္ေနရင္ ေျပာျပမယ္၊ ငါက သူတို႔ ကုတင္ေပၚ လိုက္သြားစရာမလိုဘူး၊ ငါကပဲ လိုခ်င္တဲ့သူကို ကုတင္ေပၚ ဆြဲတင္ေနက်၊ ရွင္းလား"

ေတဇ ပိုလို႔ပင္ စိတ္တိုလာသည္။ ဒီေကာင္က အထက္ပုဂၢိဳလ္လို႔လည္း မထင္ထားခဲ့မိ။

သူ ဆက္ေျပာခ်င္ေသးေသာ္ျငား ေတဇ သူ႕ကိုယ္သူ သတိကပ္သြားသည္။ သူ ဘာလို႔ အခုလို ျပႆနာ ထရွာေနမိတာလဲဆိုတာ ကိုယ့္ကိုယ္ကိုယ္ပင္ နားမလည္ျဖစ္သြား၏။ ၾကည့္ရတာ ဒီႏွလုံးပိုင္ရွင္ ေသာက္ေခြးရဲ႕ ဝိဉာဥ္က သူ႕ကိုယ္ထဲ စီးဝင္ေနပုံပင္။

"ငါ့မွာ မင္းလို ပ်က္စီးေနတဲ့ ညီမ်ိဳး မရွိတာ ေက်းဇူးတင္တယ္"

"ဟက္၊ ငါလည္း မင္းလိုပုံစံမ်ိဳး အစ္ကိုရွိရင္ အိမ္မွာေတာင္ ၾကာၾကာေနနိုင္မွာ မဟုတ္ဘူး"

ရိပ္ သူ႕ကားကိုသာ အရွိန္ျမႇင့္ ထပ္ေမာင္းႏွင္သည္။ ဒီေကာင္နဲ႕ ႏွစ္ရက္ေလာက္ ေနၾကည့္တာနဲ႕တင္ ေတဇက သူ႕အစ္ကိုနဲ႕ တျခားစီဆိုတာ သိလိုက္ရသည္။ သူ႕စကားဆို ေခါင္းေတာင္မခါရဲသည့္ ကိုကို႔ကို သူ သတိရမိသည္။

အိမ္ေရာက္ခ်ိန္၌ သေကာင့္သားက ကားေပၚက ဇိုးဇိုးဇက္ဇက္ ဆင္းသြားၿပီး သူ႕အဖိုးအိမ္ဝင္းဖက္သို႔ တန္းထြက္သြားတာေၾကာင့္ ရိပ္ ဆက္မလိုက္ေတာ့ဘဲ ကားကိုသာ ဂိုေဒါင္ထဲ သြားသိမ္းလိုက္ေတာ့သည္။

ေတဇ သူ႕အဖိုးဧည့္ခန္းထဲ ဝင္လာခ်ိန္၌ သူ႕အေဖပါ ရွိေနတာကို ေတြ႕လိုက္ရသည္။

"ေျမး အေစာႀကီး ျပန္လာလို႔ပါလား၊ လာေလ"

ေတဇ သူ႕အဖိုးနား ဝင္ထိုင္လိုက္ၿပီး-

"ကြၽန္ေတာ္ လက္ထပ္ခ်င္တဲ့သူကို ရွာမေတြ႕ေသးေပမယ့္ အခု မျဖစ္မေန လက္ထပ္ရမယ္ဆို အဖိုးဟိုေန႕ကျပတဲ့ လင္းညွို႔လား၊ အဲ့တစ္ေယာက္နဲ႕ေတာ့ မယူခ်င္ဘူး၊ ကြၽန္ေတာ္ ယူခ်င္တဲ့သူ သက္သက္ရွိတယ္၊ ဖိုး ကြၽန္ေတာ့္ကို သူနဲ႕ သေဘာတူရမယ္၊ သူ႕ဖက္က လက္မထပ္ခ်င္ဘူးဆိုလည္း ဖိုး အာဏာသုံးၿပီး လုပ္ေပး"

"ေဟ၊ ငါ့ေျမးက ရွာေတာင္ေတြ႕သြားၿပီလား၊ ေျမးသာ ယူခ်င္တယ္ဆို ဒီအဖိုးက ဖမ္းေတာင္ေခၚေပးမွာ"

ဦးရာဇ ထိုေျမးအဖိုးအား ထုံးစံအတိုင္း ေဒါသထြက္ရျပန္သည္။ ဖိုးေအကလည္း ေျမးကို ဆုံးမဖို႔ တစ္ခ်က္မေတြး။ ႏွလုံးအလႉရွင္ ရွာမရခဲ့သည့္ ေတဇကို သူတို႔ အၿပီးလက္လႊတ္ရလုနီးနီး ျဖစ္ခဲ့တာေၾကာင့္ ခြဲစိတ္မႈၿပီးေသာ အခုေနာက္ပိုင္း၌ အေဖက သူ႕ေျမးကို ပိုလို႔ပင္ အခ်စ္ႀကီးလာခဲ့သည္။ 

"အေဖ ကေလးကို မဆုံးမဘဲ ျမႇောက္ထိုးပင့္ေကာ္ လုပ္ျပန္ၿပီ၊ တစ္ဖက္လူက ဘယ္သူမွန္းလည္း မသိဘဲ အခုလို ဇြတ္သ‌ေဘာတူလို႔ျဖစ္မလား။ မင္း ဘယ္သူ႕ကို ခ်ိန္ေနတာလဲ ေတဇ"

"အေဖ မသိလည္း ျဖစ္တယ္"

"ငါ လုပ္လိုက္ရ"

ေတဇ သူ႕အဖိုး ပခုံးေပၚကိုသာ ေခါင္းမွီလိုက္ၿပီး-

"ကြၽန္ေတာ္ သူနဲ႕ လက္ထပ္ၿပီးလည္း ကြၽန္ေတာ္ ရွာေနတဲ့သူေတြ႕ရင္ ထပ္လက္ထပ္မွာပဲေနာ္"

"ျဖစ္ေစရမယ္၊ အဲ့ေကာင္ေလးက ဘယ္သူလည္း ေျပာေလ၊ ဖိုး ဒါေတြ သူ႕ကို ႀကိဳေျပာထားေပးမယ္၊ ေနာက္မွ ေျမးကို ခ်ဳပ္လားကိုင္လား အလုပ္ေတာ့မခံနိုင္ဘူး"

ဦးရာဇ ထိုဝိုင္းက ခ်က္ခ်င္း ထထြက္သြားေတာ့သည္။ သူ ထပ္နားေထာင္မိရင္ သားေရာ အေဖေရာကို တစ္ခုခုလုပ္မိေတာ့မည္ ထင္၏။

ေတဇ သူ႕အဖိုးကို ေခါင္းညိတ္ျပၿပီး ႀကိတ္ၿပဳံးလိုက္မိသည္။

------------------

ပုပၸားေတာင္ကလပ္ရွိရာ ေတာင္ေျခကေန လမ္းေလွ်ာက္သြားလွ်င္ပင္ ဆယ့္ငါးမိနစ္ခန႔္သာ အခ်ိန္ေပးရေသာ အကြာအေဝး၌ ဦးေနရိပ္ပိုင္ဆိုင္သည့္ ႏွစ္ထပ္တိုက္ေလးတစ္လုံးရွိသည္။ သူ႕ထံ၌ ပိုင္ဆိုင္မႈဟူ၍ ဒီအိမ္ဝင္းေလးႏွင့္ အေဖာ္အျဖစ္လည္း သက္ေတာ္ေစာင့္ငါးေယာက္ခန႔္သာ က်န္ရွိသည္။

အထည္ႀကီးပ်က္ဟုဆိုနိုင္သည့္ သူ႕ထံ၌ သားႏွင့္ေခြၽးမ မရွိေတာ့ကတည္းက ၾကည့္ရႈေစာင့္ေရွာက္စရာဆိုလို႔ ေျမးေလးႏွစ္ေယာက္သာ ရွိခဲ့ရာမွ အခုေတာ့ သူ အလြန္ျမတ္နိုးတန္ဖိုးထားရသည့္ ေျမးအႀကီးေလးကေတာ့ မရွိေတာ့။ ေနာင္ရိုးရိပ္ဟူသည့္ကေလးက သူ႕အတြက္ေတာ့ ေတာင္ေဝွးတစ္ေခ်ာင္းကဲ့သို႔ အားကိုးအားထားျပဳခဲ့ရသူ ျဖစ္သည္။ ဆရာဝန္တစ္ေယာက္ျဖစ္သည့္ ထိုေကာင္ေလးက သူကိုယ္တိုင္ ႀကိဳးစား႐ုံတင္မကဘဲ သူ႕ညီေလးကိုပါ နိုင္ငံျခားမွာ ေက်ာင္းထားနိုင္ေအာင္ထိ ႀကိဳးစားေပးကာ အစ္ကိုေကာင္းပီသခဲ့သူျဖစ္သည္။

ေျမးအငယ္ေလးကို ငယ္ငယ္ကတည္းက ဦးေနရိပ္ သိပ္ဓာတ္မက်ခဲ့ေသာ္ျငား ထိုညီအစ္ကိုႏွစ္ေယာက္ကေတာ့ အလြန္ကိုမွ ပလူးပလဲေနတတ္ၾကကာ အခ်င္းခ်င္းလည္း ေတာ္ေတာ္ေလးကိုမွ ခ်စ္ၾကသူေတြျဖစ္သည္။

ေျမးအငယ္ေလး၌ ထူးျခားမႈတစ္ခုရွိ၏။ သူ႕အစ္ကို တစ္ခုခုျဖစ္ေနလွ်င္ သူ႕ခႏၶာကိုယ္ကပါ ျပင္းျပင္းထန္ထန္ လိုက္ပါနာက်င္တတ္ျခင္းပင္။ ဘာေၾကာင့္လဲ သူလည္း မသိ၊ ထိုကေလးႏွစ္ေယာက္လည္း မသိ။ ထိုကေလးရဲ႕ ေမြးရာပါ အားသာခ်က္လား၊ အားနည္းခ်က္လားပင္ မေျပာတတ္ပါေပ။

ဦးေနရိပ္ ဧည့္ခန္းထဲ၌ စိတ္ပ်က္လက္ပ်က္ မွီထိုင္ေနရင္း သူ႕ေျမးငယ္ကို ေတဇနားက ဘယ္လိုေခၚထုတ္ရမလဲ ေခါင္းပူမတတ္ စဥ္းစားေနသည္။

"သခင္ႀကီး သခင္ႀကီး၊ ေတဇဓိရာဇ္ အျပင္မွာေရာက္ေနတယ္"

ဦးေနရိပ္၏ခါးေရာ ေခါင္းပါ မတ္ခနဲ။ သတင္းေပး၏ စကားပင္မဆုံးခင္ ေတဇ အိမ္ထဲဝင္လာၿပီမို႔ ဦးေနရိပ္ ထရပ္လိုက္ရကာ ရို႔က်ိဳးစြာ ခႏၶာကိုယ္ကို က်ဳံ႕ထားလိုက္မိသည္။

ေတဇ သူ႕စံအိမ္ထဲက သူ႕အိပ္‌ေဆာင္ေလာက္ေတာင္ မက်ယ္သည့္ အိမ္‌ကို မ်က္စိတစ္ခ်က္ေဝ့ၾကည့္လိုက္ၿပီး ဆိုဖာ၌ ဝင္ထိုင္လိုက္၏။ ရႉးဖိနပ္ကိုပင္ မခြၽတ္ဘဲ ေကာေဇာ္ေပၚကို နင္းလာခဲ့ေသာ္လည္း ဘယ္သူမွ ဘာမွမဆိုရဲဘဲ ဦးေနရိပ္ မ်က္ရိပ္ျပလိုက္ခ်ိန္၌ ဦးေနရိပ္ေနာက္က သက္ေတာ္ေစာင့္က ခ်က္ခ်င္းလိုလို ေတဇေရွ႕ ဒူးတစ္ဖက္ေထာက္ထိုင္ရင္း ရႉးဖိနပ္ကို တရိုတေသ ခြၽတ္ေပးလိုက္ရသည္။

ဦးေနရိပ္ ေတဇနား ခပ္႐ြံ႕႐ြံ႕တိုးကပ္သြားလိုက္ရင္း-

"သခင္ေလး ဘာကိစၥမ်ားရွိလို႔ ဒီထိေတာင္ ေရာက္လာရတာလဲ"

ေတဇ သူ႕ေျခေထာက္ကို ဆိုဖာေရွ႕က ေကာ္ဖီတင္စားပြဲေပၚ ႏွစ္ဖက္လုံး တင္လိုက္ကာ-

"ေနာက္ဆို က်ဳပ္ဖိနပ္ေတြကို ခြၽတ္ေပးဖို႔ တာဝန္က ခင္ဗ်ားေျမးရဲ႕တာဝန္ျဖစ္လာမွာ။ သူက က်ဳပ္နားကို သတၱိေကာင္းေကာင္းနဲ႕ လာကပ္ေနတာဆိုေတာ့"

ဦးေနရိပ္ ထိတ္ခနဲ ျဖစ္သြား၏။ ရိပ္က သူ႕ေျမးမွန္း ေတဇ သိသြားခဲ့ၿပီမို႔ သူ ေတဇေရွ႕ ဒူးပဲေထာက္ရမလို၊ လက္အုပ္ပဲ ေကာက္ခ်ီရေတာ့မလိုပင္ ျဖစ္သြားခဲ့ရသည္။

"သခင္ေလး အထင္မလြဲပါနဲ႕၊ အဲ့ကေလးက သခင္ေလးအေပၚ မေကာင္းတဲ့အႀကံအစည္မ်ိဳး မရွိပါဘူး။ အဲ့ကေလး သူ႕အစ္ကိုအေပၚ အစြဲအလမ္းႀကီးေနတုန္းမို႔ သခင္ေလးကို သူ႕အစ္ကိုထင္ၿပီး ကပ္တြယ္ဖို႔ ႀကိဳးစားေန႐ုံပါ"

ဦးေနရိပ္ ေခါင္းကို အနည္းငယ္ ထပ္ငုံ႕လိုက္ၿပီး-

"ဦးေလး သူ႕ကို မနက္ျဖန္ ခ်က္ခ်င္း ျပန္ေခၚသြားပါ့မယ္။ အဲ့ကေလးက သူ႕အစ္ကို မရွိေတာ့ဘူးဆိုတာကို လက္ခံဖို႔ေတာင္ စိတ္က်န္းမာေရးဆရာဝန္နဲ႕ ကုခဲ့ရတာပါ"

"ဟက္၊ အဲ့ဒါေၾကာင့္ အဲ့ေကာင္စိတ္က ပုံမွန္မဟုတ္ဘူးလို႔ ထင္သားပဲ။ က်ဳပ္ ခင္ဗ်ားတို႔ကို သတိေပးခဲ့ၿပီးသား၊ ခင္ဗ်ားတို႔ဖက္က က်ဳပ္စည္းကို လာေက်ာ္ရင္ ခင္ဗ်ားလို အဖိုးႀကီးကိုေတာင္ ခြင့္လႊတ္မွာ မဟုတ္ဘူးလို႔ ေျပာၿပီးသား။ ခင္ဗ်ားေျမးက လုပ္ခ်င္တာလုပ္ၿပီး လြယ္လြယ္ေလး ေသသြားတာ၊ တစ္ဖက္မိသားစုက ခင္ဗ်ားေျမးေၾကာင့္ နစ္နာခဲ့ရတာ"

ဦးေနရိပ္ ေခါင္းသာအငုံ႕ႀကီးငုံ႕ထားမိေတာ့သည္။ သူ႕မွာ ေျဖရွင္းစရာ အင္အားေရာ အေျခအေနပါ တကယ္မရွိေတာ့ပါေပ။

"လာရင္းကိစၥက ေႏွာင္ႀကိဳးရိပ္ကို က်ဳပ္ရဲ႕ ဒုတိယအိမ္ေထာင္ဖက္ေနရာမွာ ထားခ်င္တယ္၊ ဒါ လာကမ္းလွမ္းတာ မဟုတ္ဘူး၊ သူ႕အုပ္ထိန္းသူကို အသိလာေပးတာ၊ သူ႕ေျခေထာက္နဲ႕သူ က်ဳပ္ဆီ ဝင္လာခဲ့တာအတြက္ သူ႕ဆႏၵနဲ႕သူ ျပန္ထြက္သြားခြင့္မရွိေတာ့ဘူး။ ခင္ဗ်ား ဒါကို လက္မခံဘူးဆိုရင္ ခင္ဗ်ားတို႔တစ္အိမ္လုံး ဘာျဖစ္သြားမလဲဆိုတာ ေျပာစရာမလိုေတာ့ဘူးဟုတ္၊ ျပန္ဦးမယ္"

ေတဇ ထရပ္လိုက္ၿပီး အခုအေျခအေနကို ႀကိတ္မနိုင္ခဲမရ ျဖစ္ေနသည့္ အဖိုးႀကီးကို သေရာ္ၿပဳံးၿပဳံးၾကည့္လိုက္သည္။ ထို႔ေနာက္ အိမ္ထဲမွ ျပန္ထြက္လာခဲ့သည္။

သူ႕အား တာဝန္ေက်စြာ အေပ်ာက္မခံေသာ ရိပ္ဆီက ဖုန္းေတြကလည္း ေတာက္ေလွ်ာက္ျမည္ေနဆဲပင္။ ေတဇ ထိုအဝင္ဖုန္းေတြကို လ်စ္လ်ဴရႈထားလိုက္သည္။

ဒီညေတာ့ ေတဇ ‌ယံ့ဆီလည္း မသြားေတာ့ဘဲ အိမ္သို႔သာ တန္းျပန္လာခဲ့မိသည္။ သူ အခုတေလာ အိမ္ကိုပဲ ေစာေစာျပန္ခ်င္ေနတတ္ေလသည္။

အိပ္ေဆာင္ထဲဝင္လာခ်ိန္၌ ကုတင္ေပၚ ေက်ာသာ လွဲခ်ထားၿပီး ေျခေထာက္ေတြ တြဲေလာင္းခ်ထားသည့္ ရိပ္ကို ေတြ႕လိုက္ရသည္။ ထိုေကာင္ေလး သူ႕ကို ဖုန္းေခၚေနရင္း ရင္ဘတ္ေပၚ ဖုန္းတင္ၿပီး အိပ္ေပ်ာ္ေနတာ ျမင္လိုက္ရ၏။

"ငါ ေပ်ာက္သြားရင္ ဖုန္းေခၚတာအျပင္ မလုပ္တတ္ဘူးလား"

ေတဇ ႀကိမ္းလိုက္ေသာ္လည္း ထိုေကာင္ေလးက ကိုးလိုးကန႔္လန႔္ႀကီး ေနရင္း အိပ္ေပ်ာ္ေနသည္။

ေတဇ သူ႕အေပၚကုတ္ကို ခြၽတ္လိုက္ရင္း ၾကယ္သီးႏွစ္လုံးကို ဆြဲခြၽတ္လိုက္ၿပီး သက္ျပင္းသာ ခ်လိဳက္မိ၏။ ထို႔ေနာက္ ေရခ်ိဳးခန္းဝင္ဖို႔ လွည့္ထြက္သြားၿပီးမွ ကုတင္ေပၚက ေကာင္ေလးကို ၾကည့္ရတာ စိတ္မသက္သာတာမို႔ ကုတင္ေအာက္က်ေနသည့္ ေျခေထာက္ႏွစ္ေခ်ာင္းကို တင္ေပးဖို႔ ျပန္လွည့္လာသည္။

ထိုေကာင္ေလး၏ ဒူးေအာက္ႏွင့္ ပခုံးေအာက္မွ လက္လွ်ိုဝင္လိုက္ကာ ရိပ္ကို မ,ယူလိုက္ၿပီး အိပ္ရာေပၚသို႔ ေပြ႕တင္ေပးလိုက္သည္။

ထို႔ေနာက္ ရိပ္ နဖူးေပၚ လက္အုပ္တင္လိုက္ၿပီး-

/ မင္းက ငါ့ကို မင္းအစ္ကိုလို႔ ထင္ေနတာကိုး၊ ငါက မင္းအစ္ကိုလို မဟုတ္ဘူးဆိုတာကို ေသခ်ာျပေပးမယ္ /

ရိပ္ လန႔္နိုးသြားကာ သူ႕အား မိုးၾကည့္ေနေသာ ေတဇကို ျမင္လိုက္ခ်ိန္၌ မ်က္လုံးျပန္မွိတ္သြားၿပီး ေက်ာခိုင္းသြားသည္။

"ျပန္ေရာက္ရင္ နားေတာ့၊ မင္းျပန္ေရာက္ၿပီဆို ငါလည္း အိပ္ေတာ့မယ္။ အိပ္ရင္ မီးအကုန္ပိတ္ေနာ္၊ ငါ မီးလင္းေနရင္ ေကာင္းေကာင္းအိပ္မေပ်ာ္ဘူး၊ တံခါးေတြ ေသခ်ာလိုက္စစ္ၿပီး ပိတ္ေပးဦး"

ရိပ္ မီးအလင္းေရာင္ေၾကာင့္ ေစာင္ေအာက္ထဲ ေခါင္းသြင္းထားလိုက္ၿပီး ဆက္အိပ္၏။

ေတဇတစ္ေယာက္ အခု ဘယ္သူက သခင္လဲ၊ ဘယ္သူက သက္ေတာ္ေစာင့္လဲပင္ မကြဲျပားေတာ့တာမို႔ ဆြံ႕အသြားရလ်က္ရွိသည္။

"မင္းေတာ့ ငါ လုပ္ရင္ ေသေတာ့မယ္"

ထိုသို႔ႀကိမ္းရင္း ေတဇ ေရခ်ိဳးခန္းထဲ တန္းဝင္သြားေတာ့သည္။

________________________

Continue Reading

You'll Also Like

159K 9.9K 45
Elizabeth has been ruling her kingdom for 3 years now. She's gone through countless advisors in those 3 years. When she's finally ready to give up on...
769K 37K 32
"taetae!!!i love you!!!",he said with a bunny smile on his face. "who are you,kid??Here have this candy and go to your school like a good boy",he sai...
17.2K 399 5
Hello there! I am a massive fan of Seopass' and Razen's comic, Weak Hero! I have searched the entire internet of good fanfics and have only found a s...
17K 169 25
Alina lost her parents when she was 18. Shes on the road to becom a successful singer when she runs into 5 boys on the streets of LA. Her idols and i...