ခွေးကလေးတစ်ကောင်ကို ချစ်မိခြင...

By HninnUnDaung

95 0 0

ခပ်ဆန်းဆန်းကြယ်တစ်ပွင့် ဖြုတ်ခနဲကြွေကျသွား၏။ကျွနုပ်၏ဆုတောင်းသည် သူပျော်ပါစေ ဟူ၍ ဖြစ်လေသည်။ More

မင်းအတွက် ကိုယ့်မေတ္တာစာ
မောင့် အပြုံး
ရင်ထဲမှ ပန်းကလေး

မေတ္တာဖြင့်ပေးတဲ့ ပန်း‌ကဗျာ

39 0 0
By HninnUnDaung

           ကောင်းလေးရေ....

           မေတ္တာဖြင့်ပေးတဲ့ ပန်းတွေအကြောင်း မင်းကြားဖူးခဲ့သလား။

         အရောင်အဆင်းဟာ သိပ်နီသတဲ့။
         ရနံ့အသင်းဟာ သိပ်ကြိုင်လှသတဲ့။

         လူကြိုက်နည်းတဲ့ ပန်းရယ်လို့ မင်း မငြင်းလိုက်ပါနဲ့။

         ပုံပန်းမလှတဲ့ပန်းရယ်လို့လည်း မင်း‌ မညှိုညင်လိုက်ပါနဲ့။

          မေတ္တာတွေ တစ်လှေကြီးထည့်သိပ်လို့ ပေးလိုက်တဲ့ပန်းမို့ မင်းတစ်ဘဝလုံးမွှေးနေစေမှာကွယ့်။

          ကြည့်စမ်းပါအုန်း.....

          မင်းလက်ထဲက တန်ဖိုးနည်းတဲ့ ပန်းကလေး။သူမ ပြုံးနေလိုက်ပုံက မူးနေတဲ့ကမ္ဘာကြီးတောင် ရပ်ငေးနေရပြီ။

         ကောင်လေးရေ....

         တစ်ဖက်သတ်အချစ်ဆိုတာမျိုးကို မင်းကတော့ စိတ်ရှုပ်စရာလို့ မြင်နေမလားကွယ်။

         ဒါမှမဟုတ် သိပ်ပူလောင်နေရတဲ့ဒုက္ခလို့များ စိတ်ပေါက်ပေါက်နဲ့ အဓိပ္ပါယ်ဖွင့်ရင် ဖွင့်နေအုန်းမလား။

         ဒါမှမဟုတ် အစဉ်မပြတ်တဟုန်းဟုန်းတောက်လောင်နေတဲ့ လောဘမီးလို့များ ခနဲ့ပြီး‌တော့ မင်းပြောချင်ရင် ပြောအုန်းမလား။

         မဟုတ်ဘူးကွယ်.....မဟုတ်ရပါဘူးလို့ အသေအချာ ထပ်ပြောပါရ‌စေလားကွယ်။

         ကိုယ့်အတွက် တစ်ဖက်သတ်အချစ်ဆိုမျိုးဟာ မင်း အခြားတစ်ယောက်ကို ကြည့်ပြီးပျော်ရွှင်နေတာကို ငေးကြည့်ရင်း ကျေနပ်နေရတာမျိုးပါကွယ်။

         မင်းကို ချစ်မိကတည်းက ငါ့မှာ လောဘဆိုလို့ မင်းဘဝလေး အစဉ်အမြဲသာယာလှပလို့ ပိုမိုကောင်းမွန်နေပါစေဆိုတဲ့ ဆန္ဒတစ်ခုတည်းသာ ရှိပါတော့တယ်ကွယ်။

          တန်ဖိုးနည်းတဲ့ပန်းမို့ မင်းမျက်ဝန်းထဲ ငါ့ကို မမြင်နိုင်ခဲ့ရင်တောင် ငါပို့သတဲ့ မေတ္တာတွေကြောင့် မင်းဘဝတစ်‌လျှောက်လုံး ဘယ်သူနဲ့ပဲပေါင်းပေါင်း နွေးထွေးနေလိမ့်အုန်းမှာပါကွယ်.....

မင်းတစ်ယောက်

            ကျန်းမာပါစေ၊*
            ချမ်းသာပါစေ၊*
            အသက်ရှည်ပါစေ၊*
            ဘေဘယာတွေ ကင်းဝေးပါစေ၊*
            ငါ့မေတ္တာတွေကြောင့် မင်းဘဝတစ်လျောက်လုံး စိတ်ချမ်းသာခြင်းတို့နှင့် ဖူလုံနေပါစေ။   ။  

                                               နှင်းအံဒေါင်း   

Continue Reading

You'll Also Like

8.7K 326 34
Highest ranks #1 Poetry (Feb, May 2024) #1 sadpoems (Feb2024) #2 darkpoems (May2024) #2 sonnet (June2024) Welcome to my world~ You are about to dive...
92.8K 4.4K 36
Y/n- please don't beat me I will never try to run away i promise please Jimin- no no no why are you crying don't cry.this is your punishment take it...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
28.9M 916K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...