Change For You( သူ့အတွက်သာလျှ...

By Sue_Hun_Ni

18.9K 1K 46

လူတစ်​ယောက်ကိုတစ်ကယ်ချစ်လာမိရင် အစကတော့ သူ့ကိုပိုင်ဆိုင်ချင်လိုက်မယ် ဒါပေမဲ့တဖြည်းဖြည်းနဲ့သိလာမှာက သူကို ပိုင... More

1
2
3
4
5
6
7
8
9
10
11
12
14
15
16
17
18
19
20
21
22
23
24
25
26🔞
27
28
29
30
31
32
33
34
35
36🔞
37
38
39
40
41
42
43(Final part)
Saying Goodbye

13

332 24 0
By Sue_Hun_Ni

Unicode

နှာခေါင်းထဲသို့လှိုင်ဝင်လာသော ပိုးသတ်ဆေးနံ့အပြင် လှည်းတွန်းသံ၊ငိုကြွေးသံနှင့် စက်သံများစသည့်ဆူညံသံများကြောင့် အသိစိတ်ပြန်ဝင်လာခဲ့သည်။

ဓာတ်လှေကားမီးပျက်သွားသည့်အချိန်မှစ ဘာဆိုဘာမှမမှတ်မိတော့သော အက္ခတစ်ယောက် ဘယ်လိုဖြစ်ပြီး ဆေးရုံကုတင်ပေါ်ရောက်နေမှန်းလည်းမသိပါ။

"နိုးလာပြီဘဲ "

ကုတင်ပေါ်မှာဘဲ ထိုင်ရင်းသားဖြင့် ဖြစ်ပျက်ခဲ့သည့်ကိစ္စများကိုပြန်လည် စဥ်းစားနေချိန်တွင် အနားသို့ရောက်လာသော သူနာပြုတစ်ယောက်က သွေးခုန်နူန်းတိုင်းရင်း စကားဆိုခဲ့၏။

"အလုံပိတ်ကြောက်တဲ့ရောဂါရှိတာလား "

သူနာပြု၏အမေးအပေါ် အက္ခမျက်ခုံးပင့်မိပေမဲ့ ဘာမှတော့ပြန်မဖြေခဲ့။အခုချိန်ကအက္ခအတွက် စကားပြောဖို့ခက်ခဲနေသေးသည်။

"ပုံမှန်မဟုတ်တဲ့အသက်ရူနူန်းကြောင့် နှလုံးက ရှော့ရပြီးခဏရပ်သွားတာ၊တော်ပါသေးတယ် ဒီကလူနာနဲ့အတူရှိနေတဲ့ကောင်လေးကအရေးပေါ်ကယ်ဆယ်နည်းနဲ့ ကူညီပေလို့သာပေါ့...မဟုတ်ရင်တော့ လူနာရဲ့အဖြစ်ကမတွေးရဲစရာဘဲ "

သူနာပြုပြောပြမှ အက္ခမသိလိုက်ချိန်တွင် ဘာဖြစ်ခဲ့သည်ကို အကြမ်းဖျင်းတော့သိလိုက်ရသည်။

ဓာတ်လှေကားထဲတွင် သူနှင့်အကောင်သေးနှစ်ယောက်တည်းသာရှိနေခဲ့ခြင်းဖြစ်တာကြောင့် သူ့ကိုကူညီသည့်သူကအခြားသူမဖြစ်နိုင် သေချာပေါက်အကောင်သေးသာလျှင်ဖြစ်ပေလိမ့်မည်။

ထိုအကောင်သေးတစ်ယောက် အက္ခရဲ့အသက်ကိုကယ်ခဲ့တာမယုံနိုင်​ဖြစ်နေမိ၏။
အက္ခသူ့ကို သေလောက်အောင်သတ်ဖို့ထိရည်ရွယ်ထားမှန်းသိရဲ့သားနဲ့ ကိုယ့်ကို သတ်မဲ့လူတစ်ယောက်ကိုကူညီပေးတာ တော်တော်မိုက်ရူးရဲဆန်တဲ့သူဘဲ။

"သူ "

အက္ခ တစ်လုံးသာဆိုလိုက်ပေမဲ့ သူနာပြုကတော်တော်အကင်းပါးသည်။အက္ခဘယ့်​သူ့ကိုဆိုလိုနေမှန်းတန်းသိကာ_

"ဓာတ်လှေကားရရချင်းဘဲ ပြန်သွားပါတယ် "

အက္ခဘာမှဆက်မမေးတော့ပါ။သူနာပြုလည်း အက္ခကိုစစ်ဆေးပြီး ထွက်သွားခဲ့သည်။

"ဟာ...လူကောင်းကလူနာကိုလာကြည့်မယ်မဟုတ်ဘူး လူနာကလူကောင်းကိုလာကြည့်နေရတဲ့အဖြစ်ပါလား "

သူနာပြုထွက်သွားပြီးလျှင်ပြီးချင်း အက္ခထံ့သို့ ဆေးရုံဝတ်စုံနှင့်လူနာတစ်ဦးရောက်လာခဲ့၏။ထိုသူမှာ အသက်၆၀ ကျော်လောက်ရှိနေပြီဖြစ်ပြီး ကျန်းမာရေးမကောင်းတာကြောင့် အရိုးပေါ်သည်အထိ ပိန်လှီကာ အသားအရည်များကလည်း ဖြူဖတ်နေလေသည်။

ထိုလူကိုမြင်သည်နှင့် တခါမှမပြုံးဖူးသော အက္ခသည် သွားစွယ်လေးများပေါ်သည်အထိ ပြုံးခဲ့ကာ...

"ဦးဆော ဘယ်လိုရောက်လာတာလဲ "

"ဒေါက်တာသက်ပိုင်က နှိုင်းလူနာဆောင်ထဲရောက်နေတယ်လို့သတိလာပေးလို့ ဦးမှာ စိုးရိမ်တကြီး ပြေးလာရခဲ့ရတာ၊ဘယ်ဟုတ်မှာလဲ ဦးရဲ့တူလေးက သူနာပြုချောချောလေးနဲ့ ဖွန်ကြောင်နေတာကို "

"ဟာ...ဦးဆောကလည်းဗျာ ပေါက်ကရတွေ ကျွန်တော်တို့ ရောဂါနဲ့ပတ်သတ်တဲ့အကြောင်းဘဲပြောနေတာပါ "

"ဟားဟား နှိုင်းအကြောင်း ဦးမသိတာမရှိပါဘူးကွာ၊အင်း...သူနာပြုလေးကလည်း မဆိုးပါဘူး "

"ဦးဆော မစနဲ့တော့ "

အက္ခ စိတ်ဆိုးသွားဟန် ခပ်တည်တည်အနေအထား​ဖြင့်တားတော့ ဦးဆောက ဆက်မစတော့ပေမဲ့လည်း အရယ်ကတော့မပျက်ခဲ့ပေ။

သေချာကြည့်ခါမှ အက္ခသည် ဆေးပုလင်းချိတ်ရင်းတန်းလန်းဖြစ်နေသော ဦးဆော၏အဖြစ်ကို သတိထားမိသွားကာ_

"ဦးဆောကလည်းဗျာ လာလို့အဆင်မပြေတာကိုသိနေရဲ့သားနဲ့ ဘာလို့ဆင်းလာရတာလဲ "

အက္ခစိတ်ဆိုးဆိုးဖြင့်မာန်တော့ ဦးဆောသည်သူ့လက်ထဲမှကြိုးတန်းလန်းဖြစ်နေသည့် ဆေးပုလင်းကို မြှောက်ပြရင်း ရယ်ပြလျက်_

"အေးဆေးပါကွာ "

"ဘာအေးဆေးလည်း....လာခဲ့ ကျွန်တော့်လက်ကိုကိုင်ထား အခန်းထဲပြန်သွားမယ် "

အပြောကြမ်းပေမဲ့လည်း ဦးဆောအပေါ် တကယ်စိတ်ပူနေမှန်းသိတာကြောင့် အက္ခရဲ့အပြောကြမ်းတွေအပေါ် ဦးဆောကတော့ ပြုံးပြုံးလေးပင် နာခံနေလေသည်။

လူနာဆောင်မှ အရေးပေါ်လူနာသီးသန့်ခန်းထဲသို့ရောက်လျှင် အက္ခသည် ဦးဆောအတွက် နေရာထိုင်ခင်းသေချာလုပ်ပေးပြီး ဦးဆောဘေးသို့ ဝင်ထိုင်လျက် အက္ခပုံစံအတိုင်း လက်ပိုက်ရင်း နောက်ခုံသို့မှီကာ ခြေထောက်ကိုလည်းတစ်ခုပေါ်တစ်ခုဆင့်ရင်း ထိုင်ခဲ့၏။သူများအမြင်မှာ ရိုင်းသလိုဖြစ်နေတာကြောင့် အက္ခပုံစံအပေါ်တီးတိုးတီးတိုးပြောခဲ့ကြပေမဲ့ အက္ခက သူများအမြင်ထက် ကိုယ်သက်တောင့်သက်သာဖြစ်ဖို့ကသာ အရေးကြီးတာကြောင့် လိုက်ပြီး ဂရုစိုက်မအားနေပါ။

"ဘယ်လိုဖြစ်တာလဲ ဦးကိုပြောပြပါအုံး "

"ဘာကိုလဲ "

"လူနာဆောင်ထဲရောက်နေတဲ့ အဖြစ်ကိုလေ "

"......ဓာတ်လှေကား ပိတ်မိလို့ "

"ဟေ...."

ဦးဆော တကယ်အံ့သြသွားရသည်။နှိုင်းနှင့်သူ သိကျွမ်းလာသည်မှာ နှိုင်းတစ်သက်ပင်ရှိနေလေပြီဖြစ်၏။

နှိုင်းနှင့် သိကျွမ်းလာသည့်တစ်လျှောက်တွင် ဓာတ်လှေကားကြောက်တတ်သော နှိုင်းသည် အဆောက်အဦးမည်မျှပင်မြင့်ပါစေ၊သွားရမည့် နေရာကအဆောက်အဦး၏ထိပ်ဆုံး၌ပင်ရှိပါစေ လှေကားဖြင့်သာ မညောင်းမညာတက်ကျင့်ရှိပြီး ဓာတ်လှေကားဆို ဝေလာဝေးတခါမှမစီးဖူးသူဖြစ်သည်။ထိုကဲ့သို့​သောသူက ယနေ့မှ ထူးထူးရှားရှားဓာတ်လှေကားစီးသည်တဲ့လေ။ဒါတောင် လှေကား တစ်ဆင့်သာတက်ရသည့် နှစ်လွှာကို လာဖို့အတွက်နဲ့။

ဒီလို ကိစ္စကိုမှ ဦးဆောမအံ့သြလျှင် ဘယ်ကိစ္စအပေါ် အံသြရတော့မည်နည်း။

"ဘာလို့ ဓာတ်လှေကားစီးချင်သွားရတာလဲ၊ဓာတ်လှေကား စီးမှာ ကြောက်တယ်မဟုတ်လား "

"တခါတလေ စီးကြည့်ဖူးသည်ရှိအောင် စီးကြည့်တာပေါ့ဗျာ "

လိမ်ညာကာပြောဆိုခြင်းဖြစ်နေတာကြောင့် အက္ခအကြောင်းခရေတွင်းစေ့ကျသိနေသည့် ဦးဆောရိပ်မမိလေအောင်မျက်နှာလွဲထားရသည်။

အကောင်သေးကြောင့် အက္ခသည် တစ်သက်မှာ တခါမှမစီးဖူးသည့် ဓာတ်လှေကားကိုစီးခဲ့ရသည့်အပြင် ထိုစီးရသည့်အကြောင်းရင်းကလည်း အကောင်သေးနှင့် တမင်သက်သက်ထိပ်တိုက်တွေ့ချင်ခဲ့လို့ ဆိုသည့်အကြောင်းပြချက်က တကယ်ကို ကြားရသူအဖို့ ယုတ္တိမရှိလှ​သောရယ်စရာတစ်ခုဖြစ်နေပေလိမ့်မည်။ဒီအကြောင်းကိုသာ ဦးဆောအားပြောပြလျှင်သေချာပေါက် အက္ခ အလှောင်ခံရပေလိမ့်မည်ဖြစ်၏။အလှောင်ခံရမှာထပ်ဆိုင်ရင် လိမ်ညာပြီးဖြေလိုက်တာကပိုနေလို့ကောင်းအုံးမည်။

အက္ခလည်း အကောင်သေးနဲ့မျက်နှာချင်းဆိုင်မိချင်တဲ့စိတ်တစ်ခုထဲနဲ့ ဒီလောက်ထိသတ္တိရှိသွားခဲ့တဲ့ ကိုယ့်ကိုယ်ကိုတောင် မယုံနိုင်ဖြစ်ရသည်။

တစ်ဖက်သို့မျက်နှာလွှဲကာဖြေနေသော နှိုင်း၏ပုံစံကိုကြည့်ရင်း ဦးဆော တစ်ချက်ပြုံးမိသည်။

ဒီကောင်လေးက သူ့ကိုညာလို့ရမယ်ထင်နေတာကို။ဘာဘဲဖြစ်ဖြစ် မပြောပြချင်တဲ့ကိစ္စတစ်ခုဆိုတော့ နှိုင်းစိတ်ရူပ်အောင် ဦးဆောအတင်းမမေးချင်တာကြောင့် မသိသလိုသာ ဟန်ဆောင်ရင်း နှိုင်းရဲ့အလိမ်အညာကို မသိကျိုးကျွန်ပြုကာ...

"အင်း...နှိုင်းတောင် တခါမှမလုပ်ဖူးတဲ့အရာတွေစလုပ်ကြည့်တတ်နေပြီဆိုတော့...အရွယ်ရောက်လာပြီလို့ပြောရမှာပေါ့ "

"ဘာဆိုင်လို့လဲ ဓာတ်လှေးကားစီးတာများ ကလေးတောင်စီးတတ်တာကို "

"ဟားဟား...နှိုင်းကအခြားသူနဲ့မှမတူတာ"

လွှတ်ခနဲထွက်လိုက်မိသော စကားတစ်ခွန်းကြောင့် နှိုင်း၏ပုံစံကချက်ချင်းကိုပြောင်းလဲသွားသည်။

ဦးဆောလည်း အထိန်းမရှိလွှတ်ခနဲပြောထွက်မိသည့်ဒီပါးစပ်ကိုသာ အပ်ဖြင့်ချုပ်ပိတ်လိုက်ချင်ပါတော့သည်။

"ဟို...ဦးဆော ပြောချင်တာက "

"ဦးဆောပြောတာ မှန်နေတာဘဲလေ ဘာကိုစကားပြန်ပြင်ချင်နေတာလဲ၊ဦးဆော ပြောသလိုဘဲ ကျွန်တော်က သာမာန်လူတွေနဲ့ကွဲပြားနေမှန်းသိတယ် "

အက်ကွဲနေသော နှိုင်း၏စကားများက ကြောက်စရာကောင်းလွန်းသည်။ဦးဆောမှာ ဘာပြန်ပြောပေးရမှန်းမသိအောင် ငြိမ်သက်နေမိပါတော့၏။အခုလိုတိတ်ဆိတ်နေမှာထက်ဆိုင်လျှင် တစ်ခုခုပြောလိုက်တာက ပိုပြီးကောင်းမည်ထင်တာကြောင့် စကားတစ်ခုခုပြောရန် စဥ်းစားနေချိန် နှိုင်း ၏ကင်မရာကိုမြင်လိုက်တာကြောင့်
ပြောစရာစကားများရှာတွေ့သွားခဲ့သည်။

"အရင်လို ဓာတ်ပုံရိုက်တုန်းဘဲလား "

ရုတ်တရက်မေးလာသည့် ဦးဆော၏အမေးကြောင့် နှိုင်းလည်ပင်းမှာချိတ်ဆွဲထားသည့် ကင်မရာကို ​ငုံ့ကြည့်မိသည်။

"အင်း "

"ဒါနဲ့ နှိုင်း ဦးဆောကို ပုံတွေတခါမှမပြဖူးဘူးနော်...မပြချင်ဘူးလား "

အက္ခ ခေါင်းခါခဲ့သည်။

"ဒီကင်မရာထဲကပုံတွေအကုန်လုံးက ကျွန်တော်တစ်ယောက်တည်းကြည့်ဖို့အတွက်ဘဲ "

နှိုင်း၏ခပ်ပြတ်ပြတ်စကားကြောင့် ဦးဆော အသံထွက်ပင်ရယ်လိုက်မိသည်။နှိုင်းထံ့မှအခုလိုအဖြေမျိုးကြားရလိမ့်မည်ကို ဦးဆော ကြိုတင်ခန့်မှန်းမိပြီးသားပင်။အရင်အရင်တုန်းကလည်း ဦးဆော နှိုင်းဓာတ်ပုံအကြောင်းနဲ့ပတ်သတ်ပြီးပြကြည့်ဖို့ပြောဖူးသေးသည်။ထိုအချိန်တုန်းကလည်း နှိုင်းအခုလိုဘဲ ပြတ်ပြတ်ငြင်းခဲ့ဖူး၏။နှိုင်း အရင်တုန်းကအတိုင်း ဘာမှမပြောင်းလဲသေးတာကိုမြင်တော့ ဦးဆောရယ်လိုက်မိခြင်းဖြစ်၏။ထိုရယ်မောခြင်းက အဓိပ္ပါယ်မရှိမှန်းကိုယ်ကိုယ်တိုင်ကော နှိုင်းကော သိနေပါသည်။

ရောဂါအခြေအနေကြောင့် စကားအများကြီးမပြောနိုင်သည့် ဦးဆောသည် လှဲနေရင်းသာ ဘေးတွင်အဖော်ပြုထိုင်စောင့်ပေးနေသော နှိုင်းကို ပြုံးကြည့်ရင်းဖြင့် ငြိမ်သက်နေပါတော့၏။

နှိုင်းက ဘာစကားမှမပြောပေမဲ့ နှိုင်းအနားမှာရှိနေပေးတော့ ဦးဆော အထီးကျန်မူ့က တစ်ဝက်တော့သက်သာသလိုဖြစ်ပါသည်။

တစ်ချိန်က ဦးဆောအမြဲအဖော်ပြုကစားပေးခဲ့ရသော ကလေးသေးသေးလေးက အခုခါမှာတော့ ဦးဆောကိုပြန်ပြီးအဖော်ပြုပေးရအောင် အရွယ်ရောက်နေခဲ့လေပြီ။အကယ်၍ နှိုင်းရဲ့မိခင်အမာရာလေးသာရှိသေးလျှင် နှိုင်းအခုလို ငြိမ်သက်သည့်ကောင်လေးတစ်ယောက်မဟုတ်ဘဲ တက်ကြွပြီးအမြဲပြုံးပျော်နေသည့် ကောင်လေးတစ်ယောက်ဖြစ်လာပေလိမ့်မည်ဟု ဦးဆော အမြဲတွေးမိသည်။

နှိုင်းသာ ထိုနေ့ကအဖြစ်ဆိုးကိုမကြုံခဲ့ရလျှင် အခုချိန် ဘယ်လိုမျိုးကြီးပြင်းလာမည့်လူတစ်ယောက်ဖြစ်လာမည်ကို ဦးဆောအ​မြဲ​​မေးခွန်းထုတ်ကြည့်မိဖူးပါသည်။

"တစ်ခုခုပြောစရာရှိလို့လား ဦးဆော "

ကင်မရာအားငုံ့ကြည့်ရင်း ငြိမ်သက်နေသည့် နှိုင်းကိုငှေးကြည့်ရင်းဖြင့် ဦးဆောသည် လွန်ခဲ့သော အတိတ်ကကိစ္စများ ခေါင်းထဲပြန်တွေးနေမိကာ နှိုင်း အသံကြားမှ လက်ရှိသို့အသိစိတ်ပြန်ဝင်လာတော့သည်။

"ဘာမှမဟုတ်ပါဘူး...နှိုင်းပြန်တော့လေ မှောင်တော့မယ် "

"မောင်းထုတ်နေတာလား "

"ဟာ...မဟုတ်ရပါဘူး...နှိုင်းအိမ်ပြန်ပြီး အေးဆေးနားစေချင်လို့ စေတနာနဲ့ ဦးဆောပြောတာပါ "

"ပြန်စရာအိမ်မှမရှိတာ ဒီနေ့တော့ ဒီမှာဘဲအိပ်မှာ "

"ဟင်...နှိုင်း မဟုတ်မှ အိမ်မပြန်တာ ဘယ်နှစ်ရက်ရှိပြီလဲ "

"အိမ်...ကျွန်တော့်အိမ်မှမဟုတ်တာ ကျွန်တော်ကဘာလို့ပြန်ရမလဲ "

ဦးဆော တစ်ခုခုပြန်ပြောရန်ပြင်လိုက်ပေမဲ့ သက်ပြင်းသာချရင်း ခေါင်းသာခါနေမိပါတော့သည်။နှိုင်းကိုကြည့်တော့လည်း ခုံကိုမှီရင်း မျက်လုံးမှိတ် အိပ်ဖို့တောင်ပြင်နေလေပြီ။

"အဲ့လိုမအိပ်နဲ့လေ ခါးနာမယ်...ဒီတိုင်း အိမ်ဘဲပြန်လိုက်ပါ "

ဘာမှပြန်မပြောသည့် နှိုင်းကြောင့် ဦးဆောသာအရူံးပေးလိုက်ရတော့သည်။ဦးဆောလည်း စကားနည်းနည်းများသွားလို့ မောနေပြီဖြစ်တာကြောင့် လှဲအိပ်ရင်းအနားယူရန်သာဆုံးဖြတ်လိုက်တော့သည်။

"အကယ်၍ ဦးဆောသာ မရှိတော့ဘူးဆိုရင် နှိုင်း အခုလိုအခြေအနေနဲ့ဆို ဘယ်လိုလုပ်မလဲ "

ဦးဆောအမေးကြောင့် နှိုင်းမျက်လုံးမှိတ်ထားရာမှ ဖြည်းဖြည်းချင်းပွင့်ရင်း ဦးဆောအားကြည့်လိုက်၏။

"ဘာသဘောလဲ ဦးဆောမရှိတော့ရင်ဆိုတာက "

"ဟားဟား...ကောင်လေးကတော့လေ အ,ချင်ဟန်ဆောင်နေပြန်ပြီ ဦးဆောကျန်းမာရေးအခြေအနေကို မြင်နေရဲ့သားနဲ့ အသက်ရှင်ဖို့ မနက်ဖြန်တောင်မသေချာတော့တာကို "

"ဦးဆော အဲ့လိုစကားတွေမပြောနဲ့ဗျာ ကျွန်တော်မကြိုက်ဘူး ဦးဆောက အသက်တစ်ရာထိအကြာကြီးနေရအုံးမှာ "

"အဲ့လိုလေးတွေးပေးလို့ကျေးဇူးတင်ပါတယ် ဒါပေမဲ့ နှိုင်းလည်း သိနေတယ်မလား ကိုယ့်ကိုယ်ကိုလိမ်မနေပါနဲ့တော့...ဦးဆောကိုကတိပေးခဲ့ နှိုင်း တစ်ယောက်တည်းဘဝကိုမဖြတ်သန်းပါဘူးလို့၊ဦးဆောဖြစ်စေချင်တာကကွာ နှိုင်းရဲ့အခုလက်ရှိမိသားစုနဲ့တသားတည်းကျအောင်ကြိုးစားသင့်_"

"ဟင့်အင်း...ကျွန်တော့်ဘဝမှာ အမေနဲ့ဦးဆောကလွဲပြီး ဘယ်သူနဲ့မှပတ်သတ်မှာမဟုတ်ဘူး "

"နှိုင်းရယ် ရင့်ကျက်သင့်နေပြီ "

"ကျစ်...ဒီနေ့ ဦးဆောဘာဖြစ်နေတာလဲ ဒါမှမဟုတ် ကျွန်တော့်စိတ်ဘဲ ဆက်ဆက်ထိမခံဖြစ်နေလို့လား "

တစ်ချိန်ကဆို နှိုင်းကို အခုလိုစိတ်အနှောင့်အယှက်ဖြစ်စေမည့်စကားများမပြောဖူးသည့် ဦးဆောတစ်ယောက် နှိုင်းရောက်လာတိုင်း နှိုင်းဘက်သို့သာငှဲ့ပြီး အားပေးစကားပြောတတ်သော ဦးဆောသည် ယခုအခါမှာတော့ စကားပြောတာတွေက နှိုင်းရဲ့စိတ်ကိုဆွနေသလိုပင်။

အက္ခ မပေါက်ကွဲအောင်ထိန်းချုပ်ထားရသည်မှာ ရင်ဘတ်များကပင် ဖုတ်သီဖတ်သီဖြင့်ပေါက်ကွဲလုနီးပါးဖြစ်နေလေပြီဖြစ်သည်။

"ကျွန်တော် အပြင်သွားတော့မယ် "

ဒီလိုပုံစံအတိုင်းထပ်ပြီးနေနေလျှင် စိတ်မထိန်းနိုင်ဘဲ ဦးဆောရှေ့၌ပေါက်ကွဲမိမည်စိုးတာကြောင့် စိတ်သက်သာရာရမည့်အချိန်ထိ အက္ခအပြင်ထွက်နေရန်သာ တွေးခဲ့တော့သည်။

အက္ခထွက်သွားခါမှ ဦးဆောတစ်ယောက် သူပြောခဲ့သည့်စကားများ အရမ်းတစ်ဖက်သက်ရောက်သွားမှန်း ဆင်ခြင်မိတော့၏။နှိုင်းအတွက်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ တစ်ဖက်သက်တွေးပေးခဲ့မိတာ နှိုင်းရဲ့ခံစားချက်တွေကို ထည့်မတွက်မိခဲ့။

ဘယ်သူက ကိုယ့်အမေကိုတမလွန်ရောက်​အောင်တွန်းပို့ခဲ့တဲ့ မိသားစုနဲ့အတူနေချင်ပါမည်နည်း။ဦးဆောသည် မဆင်မခြင်သာပြောနေမိတော့သည့် သူ့ပါးစပ်ကိုသူရိုက်နက်ရင်းသာအပြစ်ပေးနေမိပါတော့သည်။

ဆိုင်ကယ်ကိုစိတ်ရှိတိုင်း လျှောက်ပတ်မောင်းနေခဲ့တာ ဘယ်ရောက်လို့ရောက်လာမှန်းတောင် မသိတော့။မြင်နေရသည့် ရပ်ကွက်အနေအထားက ရင်းနီးသလိုတော့ရှိနေပါသည်။

"ဒီအိမ်က ရင်းနီးနေသလိုဘဲ "

မျက်နှာချင်းဆိုင်တွင်ရှိနေသော အဖြူရောင်တိုက်ပုအိမ်လေးကို အက္ခရင်းနီးသလိုရှိနေတာကြောင့် အသေအချာကြည့်နေမိ၏။

ညအချိန်မို့ ပတ်ဝန်းကျင်က မှောင်ရီသန်းနေသည်။ထိုအိမ်ကလူမရှိဟန် မီးပိတ်ထားတာကြောင့် မှောင်မိုက်နေပေမဲ့ အိမ်နီးချင်းအိမ်မှတစ်ဆင့်ဖြာကျနေသော မီးရောင်များဖြင့် အိမ်ပုံစံကိုတော့သေချာမြင်နေရပါ၏။ရိုးရှင်းသော အဖြူရောင်အိမ်လေးသည် မြင်ဖူးနေကြသာမာန်အိမ်များနှင့်မခြားဆိုပေမဲ့ ဒီအိမ်ကတော့ အက္ခအတွက်ထူးခြားစွာ သာမာန်ရင်းနှီးမူ့မျိုးဟုတ်မနေခဲ့ပါ။

"သိပြီ...ဒီအိမ်က ဟိုအကောင်သေးရဲ့အိမ်ဘဲ "

အိမ်ပုံစံကိုကြည့်ပြီး စဥ်းစားမရခဲ့ပေမဲ့ လမ်းထိပ်က ပျက်နေသည့်မီးတိုင်ကြောင့် အက္ခအမှတ်ရသွားခဲ့ခြင်းဖြစ်သည်။ဒါကြောင့် ဒီအိမ်ကို စိတ်ထဲမှာ ကြိတ်မှတ်ထားနေခဲ့တာကို အခွင့်ရရင် အကောင်သေး၏အိမ်ကိုမီးရှို့ဖို့။

"ထားလိုက်ပါတော့...မင်း ဒီနေ့ငါ့အသက်ကိုကယ်ခဲ့တာဆိုတော့ မင်းရဲ့အိမ်ကိုတော့ ချမ်းသာပေးလိုက်ပါမယ် "

လုပ်စရာမရှိတော့တာနဲ့ ဆိုင်ကယ်မောင်းထွက်ရန်ပြင်ချိန် အနားသို့ရောက်လာသည့် ကြောင်တစ်ကောင်က အက္ခအားမော့ကြည့်ရင်းရှိနေလေသည်။

"မြှောင်~ "

ကြောင်အော်သံ​ကြောင့် ငုံ့ကြည့်မိရာ ကြောင်သည် အက္ခခြေထောက်အနားသို့ ပွတ်သီးပွတ်သတ်ဖြင့် တွယ်ကပ်နေလေ၏။

"ဘယ်ကကောင်လဲဟ "

အမွှေးအမျှင်အဝါရောင်ရှိသောကြောင်လေးသည် အက္ခကိုမော့ကြည့်နေသော အစိမ်းရောင်မျက်ဝန်းများကဝိုင်းစက်စွာဖြင့်...

"မြှောင်...."

"မင်းမှာသခင်မရှိဘူးလား "

"မြှောင်~ "

"မင်း ဒီလောက်ဝတုတ်နေတာသခင်မရှိတာတော့မဖြစ်နိုင်ဘူး....ရှူး...ရှူး...ထွက်သွား "

"မြှောင်...."

အက္ခမောင်းထုတ်ပေမဲ့ တွယ်ကပ်နေသေးသည့် ကြောင်ကြီးကြောင့် အက္ခသက်ပြင်းချရသည်။

"မင်းသခင်လိုချင်နေတာလား "

အက္ခ၏အမေးအပေါ် ဝိုင်းစက်နေသောမျက်လုံးများဖြင့်ကြည့်နေခဲ့သည့်ကြောင်လေးအား အက္ခကဘဲ အရူံးပေးလိုက်ရပါတော့၏။ကြောင်ကိုသေချာပွေ့လိုက်ကာ အကျီအတွင်းပိုင်းသို့ထည့်လိုက်ကာကြောင်မျက်နှာဘဲဖော်စေရင်း ဇစ်ဆွဲပိတ်ပြီးသယ်လာခဲ့တော့သည်။ရုန်းကန်ခြင်းမရှိဘဲအေးဆေးလိုက်လာသည့်ကြောင်လေးက ဆိုင်ကယ်စီးရသည်ကိုနှစ်သက်နေသလိုပင် အတွင်းပိုင်းညည်းသံများကထွက်နေခဲ့၏။ကြောင်၏အနွေးဓာတ်ကြောင့် အက္ခ၏အရှေ့ရင်ဘတ်တစ်ခုလုံးက နွေးထွေးနေခဲ့သည်။
......... .......... ..........

အိမ်သို့ပြန်ရောက်ချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်တောင်မှောင်နေပြီဖြစ်သည်။

"မိုး...မနက်ဖြန်ကျောင်းစဆင်းတော့မှာလား "

"ဒါပေါ့ ငါခွင့်ယူတာတော်တော်များနေပြီ "

မင်းခန့်အိမ်ပြန်လိုက်ပို့ပေးပြီး မိုးကားပေါ်မှမဆင်းခင်စကားနည်းနည်းပါးပါးထပ်ပြောဖြစ်ကြသည်။

မနက်တုန်းက မိုးအား မင်းခန့်ဖုန်းအကောလ်ပေါင်းများစွာခေါ်ထားခဲ့သည်က ဘာအရေးကြီးကိစ္စမှရှိတာကြောင့်မဟုတ်ဘဲ သေနာက ထောင်မှတစ်ယောက်တည်းထွက်လာရမည်ဖြစ်၍ရှက်သောကြောင့် အဖော်ခေါ်သည်တဲ့လေ။ထိုအချိန်က မင်းခန့်ခေါင်းကို မိုး ဘုသီးထသည်အထိ ခပ်နာနာလေးတစ်ချက်လောက်ခေါက်ခဲ့သည်။

ဒီနေ့တစ်နေ့လုံးကို မိုး မင်းခန့်အားကတိပေးထားသည့်အတိုင်း မင်းခန့်အိမ်မှာ ဟင်းကောင်းကောင်းလေးချက်ကျွေးရင်း နှစ်ယောက်သားဟိုအောက်တန်းစားကောင်အကြောင်းအတင်းထိုင်တုတ်ခဲ့ကြသည်။ထပ်တိုးအနေဖြင့် မင်းခန့်ဆီမှ ရဲမေချောချောလေးကိုဘယ်လိုဖွန်ကြောင်ခဲ့​ကြောင်းပါ နားထောင်ခဲ့ရသေး၏။

မင်းခန့်က bisexual ဆိုတော့ မိုးရဲ့အဖြစ်ကိုလည်းနားလည်ပေးနိုင်သလို ကောင်မလေးတွေကိုဘယ်လိုကြူရမည်ကိုပါ ဆရာကြီးတစ်ဆူအလား သိနေလေသည်။

"ဒီအပတ်ပိတ်ရက်မှတွေ့မယ် "

"Ok ငါပြန်ပြီနော်မိုး "

"အေ...ပြဿနာတွေထပ်မရှာနဲ့အုံး "

"အင်းပါ "

ဟိုအောက်တန်းစားကောင်ကို မင်းခန့်ပြဿနာထပ်ရှာနေမည်စိုးတာကြောင့် မိုးမှာသတိပေးရသေးသည်။ဒီနေ့ မင်းခန့်နဲ့စကားအများကြီးပြောဖြစ်ပေမဲ့ ဓာတ်လှေကားထဲမှာပိတ်မိသွားတဲ့အ​ကြောင်းကိုတော့မပြောခဲ့ရပါ။မင်းခန့်ကမိုးအတွက်လိုက်ပြီးစိတ်ပူပေးနေရတာတော်တော်များနေပြီမို့ ကိစ္စသေးသေးလေးတစ်ခုအတွက်နဲ့ မင်းခန့်အပေါ်ထပ်ပြီးအပူမပေးချင်တော့ပါလေ။

"တုံတုံလေးရေ ဖေဖေအိမ်ပြန်ရောက်ပြီ "

အိမ်ပြန်ရောက်သည်နှင့် မိုးချစ်ရသော ကြောင်လေးကိုခေါ်လိုက်ပေမဲ့ အရင်လိုအပြေးထွက်လာပြီး ဆီးကြိုခြင်းမရှိတာကြောင့် မိုး တုံတုံအိပ်နေကြနေရာသို့သွားကြည့်ခဲ့သည်။

"တုံလေး....မီးမီး....တုံတုံရေ "

နေရာအနှံ့လိုက်ရှာပေမဲ့ တုံလေးကိုမတွေ့တာကြောင့် မိုးတစ်ကိုယ်လုံးပူထူသွားရ၏။

"ဖေဖေ့ကိုမစနဲ့တော့ တုံလေး ထွက်လာခဲ့တော့နော် "

တုံလေးအိမ်မှာမရှိနေမှန်းသေချာနေပြီဖြစ်တာကြောင့် မိုးအပြင်ထွက်ရင်းလည်း လိုက်ရှာခဲ့သေးသည်။ဒါပေမဲ့ တုံလေးရဲ့အရိပ်အယောင်သေးသေးလေးတောင်မတွေ့ခဲ့။ပုံမှန်ဒီအချိန်ဆိုလျှင် အိမ်ထဲမှာဘဲရှိနေတတ်သည့်တုံလေးက အခုမှာတော့ မိုး ခေါ်တာတောင်ထွက်မလာပုံထောက်လျှင်...မဟုတ်ဘူး...တုံလေးကဘာလို့ပျောက်ရမှာလဲ မနက်ကြရင်ပြန်လာလိမ့်မယ် စိတ်အေးအေးထားမိုး...စိတ်အေးအေးထား။

ကိုယ့်စိတ်အေးစေရန်အားပေးစကားသာပြောခဲ့ရပေမဲ့ မိုးထိုနေညကတစ်ညလုံးအိပ်မပျော်ခဲ့။မျက်လုံးမှိတ်ဖို့ကြိုးစားလိုက်တိုင်း တုံလေးတစ်ခုခုဖြစ်နေမည်ကိုဘဲ စိုးရိမ်နေမိသည်။မနက်ကြရင်ပြန်လာပါစေဟုသာ တစ်ညလုံးဆုတောင်းနေရင်း ဝမ်းနည်းစိတ်ဖြင့် လှဲလျောင်းနေခဲ့ရပါတော့သည်။

တုံလေးက မိုးရဲ့တစ်ဦးတည်းသောမိသားစုလေးမို့ ကျေးဇူးပြုပြီး မိုးဘဝထဲကဆွဲမထုတ်သွားပါစေရန် မိုးတောင်းဆိုနေမိပါတော့သည်။

Zawgyi

ႏွာေခါင္းထဲသို႔လွိုင္ဝင္လာေသာ ပိုးသတ္ေဆးနံ႕အျပင္ လွည္းတြန္းသံ၊ငိုေႂကြးသံႏွင့္ စက္သံမ်ားစသည့္ဆူညံသံမ်ားေၾကာင့္ အသိစိတ္ျပန္ဝင္လာခဲ့သည္။

ဓာတ္ေလွကားမီးပ်က္သြားသည့္အခ်ိန္မွစ ဘာဆိုဘာမွမမွတ္မိေတာ့ေသာ အကၡတစ္ေယာက္ ဘယ္လိုျဖစ္ၿပီး ေဆး႐ုံကုတင္ေပၚေရာက္ေနမွန္းလည္းမသိပါ။

"နိုးလာၿပီဘဲ "

ကုတင္ေပၚမွာဘဲ ထိုင္ရင္းသားျဖင့္ ျဖစ္ပ်က္ခဲ့သည့္ကိစၥမ်ားကိုျပန္လည္ စဥ္းစားေနခ်ိန္တြင္ အနားသို႔ေရာက္လာေသာ သူနာျပဳတစ္ေယာက္က ေသြးခုန္ႏူန္းတိုင္းရင္း စကားဆိုခဲ့၏။

"အလုံပိတ္ေၾကာက္တဲ့ေရာဂါရွိတာလား "

သူနာျပဳ၏အေမးအေပၚ အကၡမ်က္ခုံးပင့္မိေပမဲ့ ဘာမွေတာ့ျပန္မေျဖခဲ့။အခုခ်ိန္ကအကၡအတြက္ စကားေျပာဖို႔ခက္ခဲေနေသးသည္။

"ပုံမွန္မဟုတ္တဲ့အသက္႐ူႏူန္းေၾကာင့္ ႏွလုံးက ေရွာ့ရၿပီးခဏရပ္သြားတာ၊ေတာ္ပါေသးတယ္ ဒီကလူနာနဲ႕အတူရွိေနတဲ့ေကာင္ေလးကအေရးေပၚကယ္ဆယ္နည္းနဲ႕ ကူညီေပလို႔သာေပါ့...မဟုတ္ရင္ေတာ့ လူနာရဲ႕အျဖစ္ကမေတြးရဲစရာဘဲ "

သူနာျပဳေျပာျပမွ အကၡမသိလိုက္ခ်ိန္တြင္ ဘာျဖစ္ခဲ့သည္ကို အၾကမ္းဖ်င္းေတာ့သိလိုက္ရသည္။

ဓာတ္ေလွကားထဲတြင္ သူႏွင့္အေကာင္ေသးႏွစ္ေယာက္တည္းသာရွိေနခဲ့ျခင္းျဖစ္တာေၾကာင့္ သူ႕ကိုကူညီသည့္သူကအျခားသူမျဖစ္နိုင္ ေသခ်ာေပါက္အေကာင္ေသးသာလွ်င္ျဖစ္ေပလိမ့္မည္။

ထိုအေကာင္ေသးတစ္ေယာက္ အကၡရဲ႕အသက္ကိုကယ္ခဲ့တာမယုံနိုင္ျဖစ္ေနမိ၏။
အကၡသူ႕ကို ေသေလာက္ေအာင္သတ္ဖို႔ထိရည္႐ြယ္ထားမွန္းသိရဲ႕သားနဲ႕ ကိုယ့္ကို သတ္မဲ့လူတစ္ေယာက္ကိုကူညီေပးတာ ေတာ္ေတာ္မိုက္႐ူးရဲဆန္တဲ့သူဘဲ။

"သူ "

အကၡ တစ္လုံးသာဆိုလိုက္ေပမဲ့ သူနာျပဳကေတာ္ေတာ္အကင္းပါးသည္။အကၡဘယ့္သူ႕ကိုဆိုလိုေနမွန္းတန္းသိကာ_

"ဓာတ္ေလွကားရရခ်င္းဘဲ ျပန္သြားပါတယ္ "

အကၡဘာမွဆက္မေမးေတာ့ပါ။သူနာျပဳလည္း အကၡကိုစစ္ေဆးၿပီး ထြက္သြားခဲ့သည္။

"ဟာ...လူေကာင္းကလူနာကိုလာၾကည့္မယ္မဟုတ္ဘူး လူနာကလူေကာင္းကိုလာၾကည့္ေနရတဲ့အျဖစ္ပါလား "

သူနာျပဳထြက္သြားၿပီးလွ်င္ၿပီးခ်င္း အကၡထံ့သို႔ ေဆး႐ုံဝတ္စုံႏွင့္လူနာတစ္ဦးေရာက္လာခဲ့၏။ထိုသူမွာ အသက္၆၀ ေက်ာ္ေလာက္ရွိေနၿပီျဖစ္ၿပီး က်န္းမာေရးမေကာင္းတာေၾကာင့္ အရိုးေပၚသည္အထိ ပိန္လွီကာ အသားအရည္မ်ားကလည္း ျဖဴဖတ္ေနေလသည္။

ထိုလူကိုျမင္သည္ႏွင့္ တခါမွမၿပဳံးဖူးေသာ အကၡသည္ သြားစြယ္ေလးမ်ားေပၚသည္အထိ ၿပဳံးခဲ့ကာ...

"ဦးေဆာ ဘယ္လိုေရာက္လာတာလဲ "

"ေဒါက္တာသက္ပိုင္က ႏွိုင္းလူနာေဆာင္ထဲေရာက္ေနတယ္လို႔သတိလာေပးလို႔ ဦးမွာ စိုးရိမ္တႀကီး ေျပးလာရခဲ့ရတာ၊ဘယ္ဟုတ္မွာလဲ ဦးရဲ႕တူေလးက သူနာျပဳေခ်ာေခ်ာေလးနဲ႕ ဖြန္ေၾကာင္ေနတာကို "

"ဟာ...ဦးေဆာကလည္းဗ်ာ ေပါက္ကရေတြ ကြၽန္ေတာ္တို႔ ေရာဂါနဲ႕ပတ္သတ္တဲ့အေၾကာင္းဘဲေျပာေနတာပါ "

"ဟားဟား ႏွိုင္းအေၾကာင္း ဦးမသိတာမရွိပါဘူးကြာ၊အင္း...သူနာျပဳေလးကလည္း မဆိုးပါဘူး "

"ဦးေဆာ မစနဲ႕ေတာ့ "

အကၡ စိတ္ဆိုးသြားဟန္ ခပ္တည္တည္အေနအထားျဖင့္တားေတာ့ ဦးေဆာက ဆက္မစေတာ့ေပမဲ့လည္း အရယ္ကေတာ့မပ်က္ခဲ့ေပ။

ေသခ်ာၾကည့္ခါမွ အကၡသည္ ေဆးပုလင္းခ်ိတ္ရင္းတန္းလန္းျဖစ္ေနေသာ ဦးေဆာ၏အျဖစ္ကို သတိထားမိသြားကာ_

"ဦးေဆာကလည္းဗ်ာ လာလို႔အဆင္မေျပတာကိုသိေနရဲ႕သားနဲ႕ ဘာလို႔ဆင္းလာရတာလဲ "

အကၡစိတ္ဆိုးဆိုးျဖင့္မာန္ေတာ့ ဦးေဆာသည္သူ႕လက္ထဲမွႀကိဳးတန္းလန္းျဖစ္ေနသည့္ ေဆးပုလင္းကို ျမႇောက္ျပရင္း ရယ္ျပလ်က္_

"ေအးေဆးပါကြာ "

"ဘာေအးေဆးလည္း....လာခဲ့ ကြၽန္ေတာ့္လက္ကိုကိုင္ထား အခန္းထဲျပန္သြားမယ္ "

အေျပာၾကမ္းေပမဲ့လည္း ဦးေဆာအေပၚ တကယ္စိတ္ပူေနမွန္းသိတာေၾကာင့္ အကၡရဲ႕အေျပာၾကမ္းေတြအေပၚ ဦးေဆာကေတာ့ ၿပဳံးၿပဳံးေလးပင္ နာခံေနေလသည္။

လူနာေဆာင္မွ အေရးေပၚလူနာသီးသန့္ခန္းထဲသို႔ေရာက္လွ်င္ အကၡသည္ ဦးေဆာအတြက္ ေနရာထိုင္ခင္းေသခ်ာလုပ္ေပးၿပီး ဦးေဆာေဘးသို႔ ဝင္ထိုင္လ်က္ အကၡပုံစံအတိုင္း လက္ပိုက္ရင္း ေနာက္ခုံသို႔မွီကာ ေျခေထာက္ကိုလည္းတစ္ခုေပၚတစ္ခုဆင့္ရင္း ထိုင္ခဲ့၏။သူမ်ားအျမင္မွာ ရိုင္းသလိုျဖစ္ေနတာေၾကာင့္ အကၡပုံစံအေပၚတီးတိုးတီးတိုးေျပာခဲ့ၾကေပမဲ့ အကၡက သူမ်ားအျမင္ထက္ ကိုယ္သက္ေတာင့္သက္သာျဖစ္ဖို႔ကသာ အေရးႀကီးတာေၾကာင့္ လိုက္ၿပီး ဂ႐ုစိုက္မအားေနပါ။

"ဘယ္လိုျဖစ္တာလဲ ဦးကိုေျပာျပပါအုံး "

"ဘာကိုလဲ "

"လူနာေဆာင္ထဲေရာက္ေနတဲ့ အျဖစ္ကိုေလ "

"......ဓာတ္ေလွကား ပိတ္မိလို႔ "

"ေဟ...."

ဦးေဆာ တကယ္အံ့ၾသသြားရသည္။ႏွိုင္းႏွင့္သူ သိကြၽမ္းလာသည္မွာ ႏွိုင္းတစ္သက္ပင္ရွိေနေလၿပီျဖစ္၏။

ႏွိုင္းႏွင့္ သိကြၽမ္းလာသည့္တစ္ေလွ်ာက္တြင္ ဓာတ္ေလွကားေၾကာက္တတ္ေသာ ႏွိုင္းသည္ အေဆာက္အဦးမည္မွ်ပင္ျမင့္ပါေစ၊သြားရမည့္ ေနရာကအေဆာက္အဦး၏ထိပ္ဆုံး၌ပင္ရွိပါေစ ေလွကားျဖင့္သာ မေညာင္းမညာတက္က်င့္ရွိၿပီး ဓာတ္ေလွကားဆို ေဝလာေဝးတခါမွမစီးဖူးသူျဖစ္သည္။ထိုကဲ့သို႔ေသာသူက ယေန႕မွ ထူးထူးရွားရွားဓာတ္ေလွကားစီးသည္တဲ့ေလ။ဒါေတာင္ ေလွကား တစ္ဆင့္သာတက္ရသည့္ ႏွစ္လႊာကို လာဖို႔အတြက္နဲ႕။

ဒီလို ကိစၥကိုမွ ဦးေဆာမအံ့ၾသလွ်င္ ဘယ္ကိစၥအေပၚ အံၾသရေတာ့မည္နည္း။

"ဘာလို႔ ဓာတ္ေလွကားစီးခ်င္သြားရတာလဲ၊ဓာတ္ေလွကား စီးမွာ ေၾကာက္တယ္မဟုတ္လား "

"တခါတေလ စီးၾကည့္ဖူးသည္ရွိေအာင္ စီးၾကည့္တာေပါ့ဗ်ာ "

လိမ္ညာကာေျပာဆိုျခင္းျဖစ္ေနတာေၾကာင့္ အကၡအေၾကာင္းခေရတြင္းေစ့က်သိေနသည့္ ဦးေဆာရိပ္မမိေလေအာင္မ်က္ႏွာလြဲထားရသည္။

အေကာင္ေသးေၾကာင့္ အကၡသည္ တစ္သက္မွာ တခါမွမစီးဖူးသည့္ ဓာတ္ေလွကားကိုစီးခဲ့ရသည့္အျပင္ ထိုစီးရသည့္အေၾကာင္းရင္းကလည္း အေကာင္ေသးႏွင့္ တမင္သက္သက္ထိပ္တိုက္ေတြ႕ခ်င္ခဲ့လို႔ ဆိုသည့္အေၾကာင္းျပခ်က္က တကယ္ကို ၾကားရသူအဖို႔ ယုတၱိမရွိလွေသာရယ္စရာတစ္ခုျဖစ္ေနေပလိမ့္မည္။ဒီအေၾကာင္းကိုသာ ဦးေဆာအားေျပာျပလွ်င္ေသခ်ာေပါက္ အကၡ အေလွာင္ခံရေပလိမ့္မည္ျဖစ္၏။အေလွာင္ခံရမွာထပ္ဆိုင္ရင္ လိမ္ညာၿပီးေျဖလိုက္တာကပိုေနလို႔ေကာင္းအုံးမည္။

အကၡလည္း အေကာင္ေသးနဲ႕မ်က္ႏွာခ်င္းဆိုင္မိခ်င္တဲ့စိတ္တစ္ခုထဲနဲ႕ ဒီေလာက္ထိသတၱိရွိသြားခဲ့တဲ့ ကိုယ့္ကိုယ္ကိုေတာင္ မယုံနိုင္ျဖစ္ရသည္။

တစ္ဖက္သို႔မ်က္ႏွာလႊဲကာေျဖေနေသာ ႏွိုင္း၏ပုံစံကိုၾကည့္ရင္း ဦးေဆာ တစ္ခ်က္ၿပဳံးမိသည္။

ဒီေကာင္ေလးက သူ႕ကိုညာလို႔ရမယ္ထင္ေနတာကို။ဘာဘဲျဖစ္ျဖစ္ မေျပာျပခ်င္တဲ့ကိစၥတစ္ခုဆိုေတာ့ ႏွိုင္းစိတ္႐ူပ္ေအာင္ ဦးေဆာအတင္းမေမးခ်င္တာေၾကာင့္ မသိသလိုသာ ဟန္ေဆာင္ရင္း ႏွိုင္းရဲ႕အလိမ္အညာကို မသိက်ိဳးကြၽန္ျပဳကာ...

"အင္း...ႏွိုင္းေတာင္ တခါမွမလုပ္ဖူးတဲ့အရာေတြစလုပ္ၾကည့္တတ္ေနၿပီဆိုေတာ့...အ႐ြယ္ေရာက္လာၿပီလို႔ေျပာရမွာေပါ့ "

"ဘာဆိုင္လို႔လဲ ဓာတ္ေလွးကားစီးတာမ်ား ကေလးေတာင္စီးတတ္တာကို "

"ဟားဟား...ႏွိုင္းကအျခားသူနဲ႕မွမတူတာ"

လႊတ္ခနဲထြက္လိုက္မိေသာ စကားတစ္ခြန္းေၾကာင့္ ႏွိုင္း၏ပုံစံကခ်က္ခ်င္းကိုေျပာင္းလဲသြားသည္။

ဦးေဆာလည္း အထိန္းမရွိလႊတ္ခနဲေျပာထြက္မိသည့္ဒီပါးစပ္ကိုသာ အပ္ျဖင့္ခ်ဳပ္ပိတ္လိုက္ခ်င္ပါေတာ့သည္။

"ဟို...ဦးေဆာ ေျပာခ်င္တာက "

"ဦးေဆာေျပာတာ မွန္ေနတာဘဲေလ ဘာကိုစကားျပန္ျပင္ခ်င္ေနတာလဲ၊ဦးေဆာ ေျပာသလိုဘဲ ကြၽန္ေတာ္က သာမာန္လူေတြနဲ႕ကြဲျပားေနမွန္းသိတယ္ "

အက္ကြဲေနေသာ ႏွိုင္း၏စကားမ်ားက ေၾကာက္စရာေကာင္းလြန္းသည္။ဦးေဆာမွာ ဘာျပန္ေျပာေပးရမွန္းမသိေအာင္ ၿငိမ္သက္ေနမိပါေတာ့၏။အခုလိုတိတ္ဆိတ္ေနမွာထက္ဆိုင္လွ်င္ တစ္ခုခုေျပာလိုက္တာက ပိုၿပီးေကာင္းမည္ထင္တာေၾကာင့္ စကားတစ္ခုခုေျပာရန္ စဥ္းစားေနခ်ိန္ ႏွိုင္း ၏ကင္မရာကိုျမင္လိုက္တာေၾကာင့္
ေျပာစရာစကားမ်ားရွာေတြ႕သြားခဲ့သည္။

"အရင္လို ဓာတ္ပုံရိုက္တုန္းဘဲလား "

႐ုတ္တရက္ေမးလာသည့္ ဦးေဆာ၏အေမးေၾကာင့္ ႏွိုင္းလည္ပင္းမွာခ်ိတ္ဆြဲထားသည့္ ကင္မရာကို ငုံ႕ၾကည့္မိသည္။

"အင္း "

"ဒါနဲ႕ ႏွိုင္း ဦးေဆာကို ပုံေတြတခါမွမျပဖူးဘူးေနာ္...မျပခ်င္ဘူးလား "

အကၡ ေခါင္းခါခဲ့သည္။

"ဒီကင္မရာထဲကပုံေတြအကုန္လုံးက ကြၽန္ေတာ္တစ္ေယာက္တည္းၾကည့္ဖို႔အတြက္ဘဲ "

ႏွိုင္း၏ခပ္ျပတ္ျပတ္စကားေၾကာင့္ ဦးေဆာ အသံထြက္ပင္ရယ္လိုက္မိသည္။ႏွိုင္းထံ့မွအခုလိုအေျဖမ်ိဳးၾကားရလိမ့္မည္ကို ဦးေဆာ ႀကိဳတင္ခန့္မွန္းမိၿပီးသားပင္။အရင္အရင္တုန္းကလည္း ဦးေဆာ ႏွိုင္းဓာတ္ပုံအေၾကာင္းနဲ႕ပတ္သတ္ၿပီးျပၾကည့္ဖို႔ေျပာဖူးေသးသည္။ထိုအခ်ိန္တုန္းကလည္း ႏွိုင္းအခုလိုဘဲ ျပတ္ျပတ္ျငင္းခဲ့ဖူး၏။ႏွိုင္း အရင္တုန္းကအတိုင္း ဘာမွမေျပာင္းလဲေသးတာကိုျမင္ေတာ့ ဦးေဆာရယ္လိုက္မိျခင္းျဖစ္၏။ထိုရယ္ေမာျခင္းက အဓိပ္ပါယ်မရှိမှန်းကိုယ်ကိုယ်တိုင်ကော ႏွိုင္းေကာ သိေနပါသည္။

ေရာဂါအေျခအေနေၾကာင့္ စကားအမ်ားႀကီးမေျပာနိုင္သည့္ ဦးေဆာသည္ လွဲေနရင္းသာ ေဘးတြင္အေဖာ္ျပဳထိုင္ေစာင့္ေပးေနေသာ ႏွိုင္းကို ၿပဳံးၾကည့္ရင္းျဖင့္ ၿငိမ္သက္ေနပါေတာ့၏။

ႏွိုင္းက ဘာစကားမွမေျပာေပမဲ့ ႏွိုင္းအနားမွာရွိေနေပးေတာ့ ဦးေဆာ အထီးက်န္မူ႕က တစ္ဝက္ေတာ့သက္သာသလိုျဖစ္ပါသည္။

တစ္ခ်ိန္က ဦးေဆာအၿမဲအေဖာ္ျပဳကစားေပးခဲ့ရေသာ ကေလးေသးေသးေလးက အခုခါမွာေတာ့ ဦးေဆာကိုျပန္ၿပီးအေဖာ္ျပဳေပးရေအာင္ အ႐ြယ္ေရာက္ေနခဲ့ေလၿပီ။အကယ္၍ ႏွိုင္းရဲ႕မိခင္အမာရာေလးသာရွိေသးလွ်င္ ႏွိုင္းအခုလို ၿငိမ္သက္သည့္ေကာင္ေလးတစ္ေယာက္မဟုတ္ဘဲ တက္ႂကြၿပီးအၿမဲၿပဳံးေပ်ာ္ေနသည့္ ေကာင္ေလးတစ္ေယာက္ျဖစ္လာေပလိမ့္မည္ဟု ဦးေဆာ အၿမဲေတြးမိသည္။

ႏွိုင္းသာ ထိုေန႕ကအျဖစ္ဆိုးကိုမႀကဳံခဲ့ရလွ်င္ အခုခ်ိန္ ဘယ္လိုမ်ိဳးႀကီးျပင္းလာမည့္လူတစ္ေယာက္ျဖစ္လာမည္ကို ဦးေဆာအၿမဲေမးခြန္းထုတ္ၾကည့္မိဖူးပါသည္။

"တစ္ခုခုေျပာစရာရွိလို႔လား ဦးေဆာ "

ကင္မရာအားငုံ႕ၾကည့္ရင္း ၿငိမ္သက္ေနသည့္ ႏွိုင္းကိုေငွးၾကည့္ရင္းျဖင့္ ဦးေဆာသည္ လြန္ခဲ့ေသာ အတိတ္ကကိစၥမ်ား ေခါင္းထဲျပန္ေတြးေနမိကာ ႏွိုင္း အသံၾကားမွ လက္ရွိသို႔အသိစိတ္ျပန္ဝင္လာေတာ့သည္။

"ဘာမွမဟုတ္ပါဘူး...ႏွိုင္းျပန္ေတာ့ေလ ေမွာင္ေတာ့မယ္ "

"ေမာင္းထုတ္ေနတာလား "

"ဟာ...မဟုတ္ရပါဘူး...ႏွိုင္းအိမ္ျပန္ၿပီး ေအးေဆးနားေစခ်င္လို႔ ေစတနာနဲ႕ ဦးေဆာေျပာတာပါ "

"ျပန္စရာအိမ္မွမရွိတာ ဒီေန႕ေတာ့ ဒီမွာဘဲအိပ္မွာ "

"ဟင္...ႏွိုင္း မဟုတ္မွ အိမ္မျပန္တာ ဘယ္ႏွစ္ရက္ရွိၿပီလဲ "

"အိမ္...ကြၽန္ေတာ့္အိမ္မွမဟုတ္တာ ကြၽန္ေတာ္ကဘာလို႔ျပန္ရမလဲ "

ဦးေဆာ တစ္ခုခုျပန္ေျပာရန္ျပင္လိုက္ေပမဲ့ သက္ျပင္းသာခ်ရင္း ေခါင္းသာခါေနမိပါေတာ့သည္။ႏွိုင္းကိုၾကည့္ေတာ့လည္း ခုံကိုမွီရင္း မ်က္လုံးမွိတ္ အိပ္ဖို႔ေတာင္ျပင္ေနေလၿပီ။

"အဲ့လိုမအိပ္နဲ႕ေလ ခါးနာမယ္...ဒီတိုင္း အိမ္ဘဲျပန္လိုက္ပါ "

ဘာမွျပန္မေျပာသည့္ ႏွိုင္းေၾကာင့္ ဦးေဆာသာအ႐ူံးေပးလိုက္ရေတာ့သည္။ဦးေဆာလည္း စကားနည္းနည္းမ်ားသြားလို႔ ေမာေနၿပီျဖစ္တာေၾကာင့္ လွဲအိပ္ရင္းအနားယူရန္သာဆုံးျဖတ္လိုက္ေတာ့သည္။

"အကယ္၍ ဦးေဆာသာ မရွိေတာ့ဘူးဆိုရင္ ႏွိုင္း အခုလိုအေျခအေနနဲ႕ဆို ဘယ္လိုလုပ္မလဲ "

ဦးေဆာအေမးေၾကာင့္ ႏွိုင္းမ်က္လုံးမွိတ္ထားရာမွ ျဖည္းျဖည္းခ်င္းပြင့္ရင္း ဦးေဆာအားၾကည့္လိုက္၏။

"ဘာသေဘာလဲ ဦးေဆာမရွိေတာ့ရင္ဆိုတာက "

"ဟားဟား...ေကာင္ေလးကေတာ့ေလ အ,ခ်င္ဟန္ေဆာင္ေနျပန္ၿပီ ဦးေဆာက်န္းမာေရးအေျခအေနကို ျမင္ေနရဲ႕သားနဲ႕ အသက္ရွင္ဖို႔ မနက္ျဖန္ေတာင္မေသခ်ာေတာ့တာကို "

"ဦးေဆာ အဲ့လိုစကားေတြမေျပာနဲ႕ဗ်ာ ကြၽန္ေတာ္မႀကိဳက္ဘူး ဦးေဆာက အသက္တစ္ရာထိအၾကာႀကီးေနရအုံးမွာ "

"အဲ့လိုေလးေတြးေပးလို႔ေက်းဇူးတင္ပါတယ္ ဒါေပမဲ့ ႏွိုင္းလည္း သိေနတယ္မလား ကိုယ့္ကိုယ္ကိုလိမ္မေနပါနဲ႕ေတာ့...ဦးေဆာကိုကတိေပးခဲ့ ႏွိုင္း တစ္ေယာက္တည္းဘဝကိုမျဖတ္သန္းပါဘူးလို႔၊ဦးေဆာျဖစ္ေစခ်င္တာကကြာ ႏွိုင္းရဲ႕အခုလက္ရွိမိသားစုနဲ႕တသားတည္းက်ေအာင္ႀကိဳးစားသင့္_"

"ဟင့္အင္း...ကြၽန္ေတာ့္ဘဝမွာ အေမနဲ႕ဦးေဆာကလြဲၿပီး ဘယ္သူနဲ႕မွပတ္သတ္မွာမဟုတ္ဘူး "

"ႏွိုင္းရယ္ ရင့္က်က္သင့္ေနၿပီ "

"က်စ္...ဒီေန႕ ဦးေဆာဘာျဖစ္ေနတာလဲ ဒါမွမဟုတ္ ကြၽန္ေတာ့္စိတ္ဘဲ ဆက္ဆက္ထိမခံျဖစ္ေနလို႔လား "

တစ္ခ်ိန္ကဆို ႏွိုင္းကို အခုလိုစိတ္အႏွောင့္အယွက္ျဖစ္ေစမည့္စကားမ်ားမေျပာဖူးသည့္ ဦးေဆာတစ္ေယာက္ ႏွိုင္းေရာက္လာတိုင္း ႏွိုင္းဘက္သို႔သာငွဲ႕ၿပီး အားေပးစကားေျပာတတ္ေသာ ဦးေဆာသည္ ယခုအခါမွာေတာ့ စကားေျပာတာေတြက ႏွိုင္းရဲ႕စိတ္ကိုဆြေနသလိုပင္။

အကၡ မေပါက္ကြဲေအာင္ထိန္းခ်ဳပ္ထားရသည္မွာ ရင္ဘတ္မ်ားကပင္ ဖုတ္သီဖတ္သီျဖင့္ေပါက္ကြဲလုနီးပါးျဖစ္ေနေလၿပီျဖစ္သည္။

"ကြၽန္ေတာ္ အျပင္သြားေတာ့မယ္ "

ဒီလိုပုံစံအတိုင္းထပ္ၿပီးေနေနလွ်င္ စိတ္မထိန္းနိုင္ဘဲ ဦးေဆာေရွ႕၌ေပါက္ကြဲမိမည္စိုးတာေၾကာင့္ စိတ္သက္သာရာရမည့္အခ်ိန္ထိ အကၡအျပင္ထြက္ေနရန္သာ ေတြးခဲ့ေတာ့သည္။

အကၡထြက္သြားခါမွ ဦးေဆာတစ္ေယာက္ သူေျပာခဲ့သည့္စကားမ်ား အရမ္းတစ္ဖက္သက္ေရာက္သြားမွန္း ဆင္ျခင္မိေတာ့၏။ႏွိုင္းအတြက္ဆိုတဲ့စိတ္တစ္ခုတည္းနဲ႕ တစ္ဖက္သက္ေတြးေပးခဲ့မိတာ ႏွိုင္းရဲ႕ခံစားခ်က္ေတြကို ထည့္မတြက္မိခဲ့။

ဘယ္သူက ကိုယ့္အေမကိုတမလြန္ေရာက္ေအာင္တြန္းပို႔ခဲ့တဲ့ မိသားစုနဲ႕အတူေနခ်င္ပါမည္နည္း။ဦးေဆာသည္ မဆင္မျခင္သာေျပာေနမိေတာ့သည့္ သူ႕ပါးစပ္ကိုသူရိုက္နက္ရင္းသာအျပစ္ေပးေနမိပါေတာ့သည္။

ဆိုင္ကယ္ကိုစိတ္ရွိတိုင္း ေလွ်ာက္ပတ္ေမာင္းေနခဲ့တာ ဘယ္ေရာက္လို႔ေရာက္လာမွန္းေတာင္ မသိေတာ့။ျမင္ေနရသည့္ ရပ္ကြက္အေနအထားက ရင္းနီးသလိုေတာ့ရွိေနပါသည္။

"ဒီအိမ္က ရင္းနီးေနသလိုဘဲ "

မ်က္ႏွာခ်င္းဆိုင္တြင္ရွိေနေသာ အျဖဴေရာင္တိုက္ပုအိမ္ေလးကို အကၡရင္းနီးသလိုရွိေနတာေၾကာင့္ အေသအခ်ာၾကည့္ေနမိ၏။

ညအခ်ိန္မို႔ ပတ္ဝန္းက်င္က ေမွာင္ရီသန္းေနသည္။ထိုအိမ္ကလူမရွိဟန္ မီးပိတ္ထားတာေၾကာင့္ ေမွာင္မိုက္ေနေပမဲ့ အိမ္နီးခ်င္းအိမ္မွတစ္ဆင့္ျဖာက်ေနေသာ မီးေရာင္မ်ားျဖင့္ အိမ္ပုံစံကိုေတာ့ေသခ်ာျမင္ေနရပါ၏။ရိုးရွင္းေသာ အျဖဴေရာင္အိမ္ေလးသည္ ျမင္ဖူးေနၾကသာမာန္အိမ္မ်ားႏွင့္မျခားဆိုေပမဲ့ ဒီအိမ္ကေတာ့ အကၡအတြက္ထူးျခားစြာ သာမာန္ရင္းႏွီးမူ႕မ်ိဳးဟုတ္မေနခဲ့ပါ။

"သိၿပီ...ဒီအိမ္က ဟိုအေကာင္ေသးရဲ႕အိမ္ဘဲ "

အိမ္ပုံစံကိုၾကည့္ၿပီး စဥ္းစားမရခဲ့ေပမဲ့ လမ္းထိပ္က ပ်က္ေနသည့္မီးတိုင္ေၾကာင့္ အကၡအမွတ္ရသြားခဲ့ျခင္းျဖစ္သည္။ဒါေၾကာင့္ ဒီအိမ္ကို စိတ္ထဲမွာ ႀကိတ္မွတ္ထားေနခဲ့တာကို အခြင့္ရရင္ အေကာင္ေသး၏အိမ္ကိုမီးရွို႔ဖို႔။

"ထားလိုက္ပါေတာ့...မင္း ဒီေန႕ငါ့အသက္ကိုကယ္ခဲ့တာဆိုေတာ့ မင္းရဲ႕အိမ္ကိုေတာ့ ခ်မ္းသာေပးလိုက္ပါမယ္ "

လုပ္စရာမရွိေတာ့တာနဲ႕ ဆိုင္ကယ္ေမာင္းထြက္ရန္ျပင္ခ်ိန္ အနားသို႔ေရာက္လာသည့္ ေၾကာင္တစ္ေကာင္က အကၡအားေမာ့ၾကည့္ရင္းရွိေနေလသည္။

"ျမႇောင္~ "

ေၾကာင္ေအာ္သံေၾကာင့္ ငုံ႕ၾကည့္မိရာ ေၾကာင္သည္ အကၡေျခေထာက္အနားသို႔ ပြတ္သီးပြတ္သတ္ျဖင့္ တြယ္ကပ္ေနေလ၏။

"ဘယ္ကေကာင္လဲဟ "

အေမႊးအမွ်င္အဝါေရာင္ရွိေသာေၾကာင္ေလးသည္ အကၡကိုေမာ့ၾကည့္ေနေသာ အစိမ္းေရာင္မ်က္ဝန္းမ်ားကဝိုင္းစက္စြာျဖင့္...

"ျမႇောင္...."

"မင္းမွာသခင္မရွိဘူးလား "

"ျမႇောင္~ "

"မင္း ဒီေလာက္ဝတုတ္ေနတာသခင္မရွိတာေတာ့မျဖစ္နိုင္ဘူး....ရႉး...ရႉး...ထြက္သြား "

"ျမႇောင္...."

အကၡေမာင္းထုတ္ေပမဲ့ တြယ္ကပ္ေနေသးသည့္ ေၾကာင္ႀကီးေၾကာင့္ အကၡသက္ျပင္းခ်ရသည္။

"မင္းသခင္လိုခ်င္ေနတာလား "

အကၡ၏အေမးအေပၚ ဝိုင္းစက္ေနေသာမ်က္လုံးမ်ားျဖင့္ၾကည့္ေနခဲ့သည့္ေၾကာင္ေလးအား အကၡကဘဲ အ႐ူံးေပးလိုက္ရပါေတာ့၏။ေၾကာင္ကိုေသခ်ာေပြ႕လိုက္ကာ အက်ီအတြင္းပိုင္းသို႔ထည့္လိုက္ကာေၾကာင္မ်က္ႏွာဘဲေဖာ္ေစရင္း ဇစ္ဆြဲပိတ္ၿပီးသယ္လာခဲ့ေတာ့သည္။႐ုန္းကန္ျခင္းမရွိဘဲေအးေဆးလိုက္လာသည့္ေၾကာင္ေလးက ဆိုင္ကယ္စီးရသည္ကိုႏွစ္သက္ေနသလိုပင္ အတြင္းပိုင္းညည္းသံမ်ားကထြက္ေနခဲ့၏။ေၾကာင္၏အႏြေးဓာတ္ေၾကာင့္ အကၡ၏အေရွ႕ရင္ဘတ္တစ္ခုလုံးက ႏြေးေထြးေနခဲ့သည္။
......... .......... ..........

အိမ္သို႔ျပန္ေရာက္ခ်ိန္တြင္ ပတ္ဝန္းက်င္တစ္ခုလုံးက ေမွာင္ေတာင္ေမွာင္ေနၿပီျဖစ္သည္။

"မိုး...မနက္ျဖန္ေက်ာင္းစဆင္းေတာ့မွာလား "

"ဒါေပါ့ ငါခြင့္ယူတာေတာ္ေတာ္မ်ားေနၿပီ "

မင္းခန့္အိမ္ျပန္လိုက္ပို႔ေပးၿပီး မိုးကားေပၚမွမဆင္းခင္စကားနည္းနည္းပါးပါးထပ္ေျပာျဖစ္ၾကသည္။

မနက္တုန္းက မိုးအား မင္းခန့္ဖုန္းအေကာလ္ေပါင္းမ်ားစြာေခၚထားခဲ့သည္က ဘာအေရးႀကီးကိစၥမွရွိတာေၾကာင့္မဟုတ္ဘဲ ေသနာက ေထာင္မွတစ္ေယာက္တည္းထြက္လာရမည္ျဖစ္၍ရွက္ေသာေၾကာင့္ အေဖာ္ေခၚသည္တဲ့ေလ။ထိုအခ်ိန္က မင္းခန့္ေခါင္းကို မိုး ဘုသီးထသည္အထိ ခပ္နာနာေလးတစ္ခ်က္ေလာက္ေခါက္ခဲ့သည္။

ဒီေန႕တစ္ေန႕လုံးကို မိုး မင္းခန့္အားကတိေပးထားသည့္အတိုင္း မင္းခန့္အိမ္မွာ ဟင္းေကာင္းေကာင္းေလးခ်က္ေကြၽးရင္း ႏွစ္ေယာက္သားဟိုေအာက္တန္းစားေကာင္အေၾကာင္းအတင္းထိုင္တုတ္ခဲ့ၾကသည္။ထပ္တိုးအေနျဖင့္ မင္းခန့္ဆီမွ ရဲေမေခ်ာေခ်ာေလးကိုဘယ္လိုဖြန္ေၾကာင္ခဲ့ေၾကာင္းပါ နားေထာင္ခဲ့ရေသး၏။

မင္းခန့္က bisexual ဆိုေတာ့ မိုးရဲ႕အျဖစ္ကိုလည္းနားလည္ေပးနိုင္သလို ေကာင္မေလးေတြကိုဘယ္လိုၾကဴရမည္ကိုပါ ဆရာႀကီးတစ္ဆူအလား သိေနေလသည္။

"ဒီအပတ္ပိတ္ရက္မွေတြ႕မယ္ "

"Ok ငါျပန္ၿပီေနာ္မိုး "

"ေအ...ျပႆနာေတြထပ္မရွာနဲ႕အုံး "

"အင္းပါ "

ဟိုေအာက္တန္းစားေကာင္ကို မင္းခန့္ျပႆနာထပ္ရွာေနမည္စိုးတာေၾကာင့္ မိုးမွာသတိေပးရေသးသည္။ဒီေန႕ မင္းခန့္နဲ႕စကားအမ်ားႀကီးေျပာျဖစ္ေပမဲ့ ဓာတ္ေလွကားထဲမွာပိတ္မိသြားတဲ့အေၾကာင္းကိုေတာ့မေျပာခဲ့ရပါ။မင္းခန့္ကမိုးအတြက္လိုက္ၿပီးစိတ္ပူေပးေနရတာေတာ္ေတာ္မ်ားေနၿပီမို႔ ကိစၥေသးေသးေလးတစ္ခုအတြက္နဲ႕ မင္းခန့္အေပၚထပ္ၿပီးအပူမေပးခ်င္ေတာ့ပါေလ။

"တုံတုံေလးေရ ေဖေဖအိမ္ျပန္ေရာက္ၿပီ "

အိမ္ျပန္ေရာက္သည္ႏွင့္ မိုးခ်စ္ရေသာ ေၾကာင္ေလးကိုေခၚလိုက္ေပမဲ့ အရင္လိုအေျပးထြက္လာၿပီး ဆီးႀကိဳျခင္းမရွိတာေၾကာင့္ မိုး တုံတုံအိပ္ေနၾကေနရာသို႔သြားၾကည့္ခဲ့သည္။

"တုံေလး....မီးမီး....တုံတုံေရ "

ေနရာအႏွံ႕လိုက္ရွာေပမဲ့ တုံေလးကိုမေတြ႕တာေၾကာင့္ မိုးတစ္ကိုယ္လုံးပူထူသြားရ၏။

"ေဖေဖ့ကိုမစနဲ႕ေတာ့ တုံေလး ထြက္လာခဲ့ေတာ့ေနာ္ "

တုံေလးအိမ္မွာမရွိေနမွန္းေသခ်ာေနၿပီျဖစ္တာေၾကာင့္ မိုးအျပင္ထြက္ရင္းလည္း လိုက္ရွာခဲ့ေသးသည္။ဒါေပမဲ့ တုံေလးရဲ႕အရိပ္အေယာင္ေသးေသးေလးေတာင္မေတြ႕ခဲ့။ပုံမွန္ဒီအခ်ိန္ဆိုလွ်င္ အိမ္ထဲမွာဘဲရွိေနတတ္သည့္တုံေလးက အခုမွာေတာ့ မိုး ေခၚတာေတာင္ထြက္မလာပုံေထာက္လွ်င္...မဟုတ္ဘူး...တုံေလးကဘာလို႔ေပ်ာက္ရမွာလဲ မနက္ၾကရင္ျပန္လာလိမ့္မယ္ စိတ္ေအးေအးထားမိုး...စိတ္ေအးေအးထား။

ကိုယ့္စိတ္ေအးေစရန္အားေပးစကားသာေျပာခဲ့ရေပမဲ့ မိုးထိုေနညကတစ္ညလုံးအိပ္မေပ်ာ္ခဲ့။မ်က္လုံးမွိတ္ဖို႔ႀကိဳးစားလိုက္တိုင္း တုံေလးတစ္ခုခုျဖစ္ေနမည္ကိုဘဲ စိုးရိမ္ေနမိသည္။မနက္ၾကရင္ျပန္လာပါေစဟုသာ တစ္ညလုံးဆုေတာင္းေနရင္း ဝမ္းနည္းစိတ္ျဖင့္ လွဲေလ်ာင္းေနခဲ့ရပါေတာ့သည္။

တုံေလးက မိုးရဲ႕တစ္ဦးတည္းေသာမိသားစုေလးမို႔ ေက်းဇူးျပဳၿပီး မိုးဘဝထဲကဆြဲမထုတ္သြားပါေစရန္ မိုးေတာင္းဆိုေနမိပါေတာ့သည္။

Continue Reading

You'll Also Like

61.3K 1.4K 12
She didn't eat, because she thought he'll come back for her. Started: July 20, 2017 Ended: October 1, 2017 Book 1: Anorexia Book 2: Binge
4M 168K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
81.4K 1.9K 33
𝐰𝐢𝐭𝐡 𝐞𝐯𝐞𝐫𝐲 𝐩𝐮𝐥𝐬𝐞, 𝐰𝐢𝐭𝐡 𝐞𝐯𝐞𝐫𝐲 𝐛𝐫𝐞𝐚𝐭𝐡, 𝐦𝐲 𝐡𝐞𝐚𝐫𝐭 𝐨𝐧𝐥𝐲 𝐤𝐧𝐨𝐰𝐬 𝐡𝐞𝐫 𝐧𝐚𝐦𝐞. 𝐰𝐢𝐭𝐡 𝐞𝐯𝐞𝐫𝐲 𝐡𝐨𝐮𝐫 �...